Chapter (106)_ အကိုကြီးဆီ အရောက်လာပြီ..

13.3K 2.3K 177
                                    

Chapter (106)_ အကိုကြီးဆီ အရောက်လာပြီ..

ဒါပေမယ့် ချင်ယွိကျိုးက ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထွက်သွားမှာတဲ့လဲ... ဒါက သူမ တစ်ဘဝလုံး ကြံစည်ထားခဲ့တာလေ။ ဒီရှုလုပ်ငန်းစုကြီးကို အပိုင်စီးနိုင်ဖို့ ဆိုတာ သူမ ဘဝရဲ့အိပ်မက်၊ သူမရဲ့တွန်းအားပဲ။ သူမသား ရှုယောင်းအတွက် သူမ ဒီနေရာကို ကုတ်ကပ်ထားနိုင်မှာဖြစ်မည်။

ကိုယ်ရံတော်များက ချင်ယွိကျိုးကို အတင်းဆွဲခေါ်ကြပေမယ့် သူမက ရှုချိန်၏ ခြေထောက်ကို တင်းတင်းဆုပ်ကာ အသံကုန်အော်ဟစ်ငိုကြွေးပြီး အသနားခံနေခဲ့သည်။ ဒါပေမယ့် ကိုယ်ရံတော်တွေက သူမကို အတင်းဆွဲခေါ်ရလို့ သူမရဲ့အဝတ်တွေစုတ်ပြဲကုန်ပေမယ့် သူမက ရှုချိန်၏ဘောင်းဘီစကို လုံးဝ လွတ်မပေးပေ။ နောက်ဆုံး ကိုယ်ရံတော်တွေက သူမရဲ့ခြေထောက်ကနေ တရွတ်တိုက်ဆွဲကာ အိမ်အပြင်ကို ထုတ်လိုက်ချိန် သူမက ကြမ်းခင်းကော်ဇောတွေကို လက်နှင့် အတင်းကုတ်ဆွဲထားရာ လက်သည်းတွေ ကျိုးပဲ့ပြီး သွေးထွက်ကုန်သည်အထိဖြစ်သည်။

သူမက သေမလို စူးစူးဝါးဝါးအော်ငိုရင်း အိမ်အပြင်ကို ထုတ်ခံလိုက်ရချိန် ရှုချိန်၏ မျက်လုံတွေ မှောင်မည်းလာပြီး သတိလစ်လဲကျသွားခဲ့တော့သည်။

ဒီအဖြစ်ပျက်မှာ ဘယ်သူမှ အနိုင်မရခဲ့ဘူး။ ရှုချိန် သတိလစ်သွားခဲ့သည်ကို ကြားတော့ ရှုဟိန်က ချက်ချင်း အိမ်ကို ပြန်လာခဲ့သည်။ ရှုချိန် သတိရလာချိန်မှာ နောက်တနေ့မနက်ပင်ဖြစ်နေလေပြီ။

ရှုဟိန်က သူ့အဖေကိုဂရုစိုက်ရင်း ကုမ္ပဏီလုပ်ငန်းအားလုံးကို အိမ်ကနေ အုပ်ချုပ် ကိုင်တွယ်ခဲ့သည်။ သူသည်ငယ်စဉ်က နူးညံ့လွန်းသည့် ရှုနင်ကို ပြုစုစောင့်ရှောက်ခဲ့ဖူးသည့်အတွေ့အကြုံကို ကျေးဇူးတင်ရမည်။ အခု အိပ်ယာထဲ လဲနေသည့် သူ့ဖခင်ကို ကောင်းကောင်းပြုစုပေးတတ်နေပြီ။ ရှုဟိန်က သူ့ပထွေးရဲ့အဖြစ်ကို စာနာနားလည်ပေးနိုင်ပါသည်။ သူတို့လက်ထပ်တာက မှားယွင်းမှုကြောင့်ဖြစ်ခဲ့တယ်ဆိုပေမယ့် ကလေးနှစ်ယောက်တောင် သူ့အတွက်မွေးပေးခဲ့သည့် မိန်းမအပေါ် သူ့ရဲ့တွယ်တာမှုက အတော်ကို နက်ရှိုင်းလောက်သည်။ ရှုချိန်က ဒီမိန်းမကြောင့် သူ့ဖာသာနာကျင်အောင် မလုပ်လောက်ဘူးလို့ မျှော်လင့်ရတာပဲလေ။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now