Chapter (5) - ႐ႈနင္၏ ေမြးမိခင္ရင္း ခ်င္ယြိက်ိဳး

24.9K 3.8K 41
                                    

Chapter (5) - ႐ႈနင္၏ ေမြးမိခင္ရင္း ခ်င္ယြိက်ိဳး

ထိုေန႔က ႐ႈနင္အတြက္ အေရးႀကီးေသာေန႔တစ္ေန႔ျဖစ္သည္။ ႐ႈနင္က အဂၤလိပ္စာခ်ိန္တြင္ ေအးေဆးစြာ စာလိုက္မွတ္ေနစဥ္ အခန္းတံခါးေခါက္ၿပီး အတန္းပိုင္ဆရာ ဝင္လာခဲ့သည္။ သူမက အဂၤလိပ္ဆရာကို တစ္စံုတစ္ခု တီးတိုးကပ္ေျပာကာ ႐ႈနင္ကို ေက်ာင္းအုပ္ႀကီး႐ံုးခန္းသို႔ ေခၚေဆာင္လာခဲ့သည္။ ဆရာမပံုစံက အရမ္းေပ်ာ္ေနပံုေပါက္သည္။

မိဘမဲ့ကေလးေတာ့ သူ႔ကိုေကၽြးေမြးထားသည့္ဖြားေအ ေသဆံုးလုိ႔ ဒုကၡေရာက္ၿပီဟု အားလံုးထင္ေနခ်ိန္ ကေလး၏မိခင္ရင္း ေပၚလာတာ ဝမ္းမသာမည့္သူမရွိေပ။ ေက်ာင္းအုပ္ႀကီး႐ံုးခန္းေရာက္ေတာ့ လွပေသာအမ်ိဳးသမီးတစ္ဦးက ႐ႈနင္ေက်ာင္းေျပာင္းဖို႔ကိစၥ လုပ္ၿပီးေနၿပီး ေက်ာင္းအုပ္ႀကီးႏွင့္ စကားေျပာေနတာေတြ႕ရသည္။ သူမက လွပထက္ျမက္ကာ ကုိယ္ဟန္အမူအယာ အထက္တန္းက်လွသည့္ ႐ႈနင္၏ေမြးမိခင္ရင္း ခ်င္ယြိက်ိဳးျဖစ္သည္။ သူမက ကိုယ္ႏႈတ္႐ိုင္းစိုင္းၾကမ္းတမ္းသည့္ သူမအစ္မေတြႏွင့္ လံုးဝမတူဘဲ အထက္တန္းလႊာက မိန္းကေလးဟုပင္ထင္ရသည္။ သူမက တကယ္ပဲ ႐ႈနင္၏ မိခင္ရင္းလား။

ဆရာမက ဒီလွပတဲ့အမ်ိဳးသမီးက ႐ႈနင္၏မိခင္ရင္းဆိုတာ ယံုၾကည္ရခက္ေနသည္။ သူမ ႐ႈနင္ကိုေမြးစြားခ်င္တာလား။ သူမက ၿမိဳ႕ေတာ္ႀကီးကလာခဲ့သူပီပီ ဝတ္စားဆင္ယင္မႈစတိုင္လ္က နယ္ၿမိဳ႕ကလူေတြႏွင့္ မတူကြဲထြက္ကာ အဆင့္ျမင့္ေနသည္။ ႐ႈနင္ကိုၾကည့္လိုက္ေတာ့ ႏြမ္းပါးဝါက်င္ေသာအဝတ္၊ ဆံပင္နီေၾကာင္ေၾကာင္၊ အာဟာရခ်ိဳ႕တဲ့လို႔ ဝါေနေသာအသားအေရႏွင့္ ပိန္ပါးလြန္းလွသည္။

႐ႈနင္က အတူပါလာေသာ ဦးေလးခ်င္ယြိဖူကို ႏႈတ္ဆက္လိုက္သည္။ ထိုအခါမွ ဆရာမက သတိထားမိသြားခဲ့သည္။ ေက်ာင္းအုပ္ႀကီး႐ံုးခန္းေထာင့္တြင္ အလုပ္ၾကမ္းသမားဝတ္စံု ဝတ္ထားၿပီး ေနေလာင္လို႔ညိဳေမွာင္ေနေသာ ဖိနပ္ရႊံ႕ကပ္ေနသည့္ အလုပ္သမားတစ္ဦး မတ္တပ္ရပ္ေနခဲ့သည္။ ႏႈတ္ဆက္ၿပီးခ်ိန္မွာ ခ်င္ယြိက်ိဳးက စာရြက္စာတမ္းကို ကိုင္ထားရင္း မ်က္ဝန္းထဲ မ်က္ရည္စတို႔ေဝ့ဝဲလာၿပီး လက္ကို ညင္သာစြာဆန္႔တန္းကာ သူမသားကို အသာဖက္ၿပီး တုန္ယင္စြာ ေျပာလိုက္သည္။

"ကေလး.. ငါက မင္းရဲ့အေမပါ.."

သူမအသံက တိုးညင္းေနၿပီး လူတိုင္းက သူမစိတ္လႈပ္ရွားေနလို႔ျဖစ္သည္ဟုသာ ထင္သည္။ ႐ႈနင္က မ်က္လံုးပင့္ကာ အေမရင္းကို ထူးမျခားနားျဖင့္ ၾကည့္လိုက္သည္။ ပံုမွန္မိခင္သာဆိုရင္ ကိုယ္က 10 ႏွစ္ေက်ာ္ပစ္ထားသည့္သားကို ခုလိုမ်က္ႏွာခ်င္းဆိုင္ခ်ိန္မွာ ရွက္ရြံ႕မိမည္ဆိုေပမယ့္ ခ်င္ယြိက်ိဳးက CEO ၏လက္ေထာက္အျဖစ္ ႏွစ္မ်ားစြာလုပ္ခဲ့ၿပီး အေတြ႕အႀကံဳဗဟုသုတ ရွိသည့္အျပင္ သူမက အရွက္ဆိုတာမရွိေပ။ ဒါေၾကာင့္ ႐ႈနင္ကို မ်က္ႏွာခ်င္းဆိုင္ဖို႔ မရွက္ေပ။ ခ်င္ယြိက်ိဳးက မူလက ဒီေလာက္မေတာ္ေပမယ့္ ႐ႈနင္ဖခင္၏ company ကိုဝင္လုပ္ခဲ့ၿပီး 15 ႏွစ္တိတိ ႀကိဳးစား႐ုန္းကန္ရင္း CEO လက္ေထာက္အဆင့္ထိ ရာထူးတိုးခံရေသာသူျဖစ္လို႔ ေတာၿမိဳ႕ကလူေတြနဲ႔ ႏိႈင္းယွဥ္လို႔မရေအာင္ အေျခအေနတစ္ခုကို ခ်က္ခ်င္းနားလည္ကာ ထိန္းခ်ဳပ္ႏိုင္ေလၿပီ။

႐ႈနင္က သူမဖက္သည္ကို ေရွာင္လိုက္ကာ သံသယႏွင့္ေမးလိုက္သည္။

"ကၽြန္ေတာ့္အေမက ေသၿပီမဟုတ္ဘူးလား.."

ဒီစကားကိုၾကားေတာ့ ခ်င္ယြိက်ိဳးက မ်က္ရည္က်ကာ ငိုယိုၿပီး အမိႈက္လိုအသံုးမက်သည့္ ေမာင္ျဖစ္သူကို အကူအညီေတာင္းဟန္ျဖင့္ ၾကည့္လိုက္သည္။ သူမက ႐ႈနင္၏အေမပါဆိုတာ သက္ေသျပဖို႔မလိုလွ်င္ ခုလို ဥာဏ္ရည္ထံုထိုင္းကာ စုတ္ျပတ္ေနသည့္ ေမာင္ျဖစ္သူကို ေက်ာင္းေခၚလာၿပီး သူမသိကၡာကို က်ေအာင္လုပ္မည္မဟုတ္ေပ။

ခ်င္ယြိဖူက ႐ႈနင္၏ပုခံုးကို ဖ်စ္ညစ္ကာ ေျပာလိုက္သည္။

"႐ႈနင္.. သူက မင္းရဲ့အေမ.. ငါ့တတိယအစ္မ ခ်င္ယြိက်ိဳးပါ.. သူမလည္း အမ်ားႀကီး ခက္ခဲခဲ့ရတယ္.. သူမ ၿမိဳ႕မွာအလုပ္လုပ္ရင္း အရက္မူးလို႔ ေယာက္်ားတစ္ေယာက္နဲ႔ အိပ္မိသြားတယ္.. ကိုယ္ဝန္ရလာေတာ့ သူမလည္း အရမ္းေၾကာက္သြားခဲ့တယ္.. သူမက လက္မထပ္ရေသးဘဲ ကေလးကိုေမြးဖို႔ မျဖစ္ႏိုင္ဘူးေလ.. ဒါေပမယ့္ သူမက မင္းအတြက္စဥ္းစားၿပီး မင္းကိုေမြးေပးခဲ့တယ္.. ႐ႈနင္.. သူမကို အျပစ္မတင္ပါနဲ႔.. မင္းမသိေသးတဲ့ လူႀကီးေတြရဲ့ျပႆနာ အမ်ားႀကီးရွိပါတယ္.. ဒါေၾကာင့္ ငါ့အစ္မကို နားလည္ေပးပါကြာ.."

႐ႈနင္၏ရင္ထဲ မဲ့ရြဲ႕လိုက္မိသည္။ ဦးေလးက ကၽြန္ေတာ့္ကို စြန္႔ပစ္ခဲ့တဲ့အေမကို ေက်းဇူးတင္ေစခ်င္ေနတာလား..။

ဒီလိုစကားကို ႐ံုးခန္းထဲက သူစိမ္းေတြေရွ႕မွာ ေျပာထြက္လိုက္သလား။ ေအာက္တန္းစားက ေအာက္တန္းစားပါပဲဆိုတဲ့စကားလိုပဲ။ အေစာက သူမက ေက်ာင္းအုပ္ႀကီးကို ေျပာျပခဲ့သမွ်က အလကားျဖစ္ကုန္ၿပီေပါ့။

ခ်င္ယြိက်ိဳးက ေမာင္ျဖစ္သူကိုေဒါသထြက္ကာ ႐ႈနင္၏လက္ကို အသာလွမ္းကိုင္လိုက္သည္။ ဒီတစ္ခါေတာ့ သူမသားက မေရွာင္ေလာက္ေတာ့ဘူးဟု ေမွ်ာ္လင့္ရတာပဲ။

"႐ႈနင္.. သား.. ဒီေန႔ အတန္းတက္ဦးမလား.."

ဆရာမက ေနရခက္သည့္အေျခအေနကို ဝင္ထိန္းကာ ေမးလိုက္သည္။

ခ်င္ယြိက်ိဳးက ဖ်စ္ညစ္ၿပံဳးကာ မ်က္ရည္ကိုသုတ္လိုက္ၿပီး ေျပာလိုက္သည္။

"ဟင့္အင္း.. ကၽြန္မ ႐ႈနင္ကို ေအးေအးေဆးေဆး ေဖ်ာင္းဖ်ဖို႔ ဆိုင္တစ္ဆိုင္ကို ခဏေခၚသြားပါရေစ.. ကေလးကိုခုခ်ိန္ေျပာမွ ေနာက္ပိုင္း အတူေနခ်ိန္မွာ အဆင္ေျပမွာပါ.."

ခ်င္ယြိက်ိဳးက ခြင့္ေတာင္းကာ ႐ႈနင္ႏွင့္ခ်င္ယြိဖူကိုေခၚကာ ေက်ာင္းကေန ေစ်းႀကီးသည့္ေကာ္ဖီဆိုင္ကို ထြက္လာခဲ့ၾကသည္။ ေကာ္ဖီဆိုင္မွာ မွာၿပီးေတာ့ ခ်င္ယြိဖူက ေကာက္ကာ ေမာ့ေသာက္လိုက္သည္။ ခါးတူးေနေသာေကာ္ဖီေၾကာင့္ ခ်က္ခ်င္း စားပြဲထိုးကို ေရယူလာေပးဖို႔ေျပာရေတာ့သည္။ ဆင္းရဲသားေတြမ်ား ရွက္ဖို႔ေကာင္းလိုက္တာဟုေတြးကာ ခ်င္ယြိက်ိဳးက ႐ႈနင္ဘက္လွည့္ကာ ခ်ိဳသာစြာေျပာလိုက္သည္။

"မင္းဦးေလးေျပာတာကို စိတ္ထဲမထားပါနဲ႔.. အေမက ခက္ခဲပင္ပန္းခဲ့တယ္ဆိုေပမယ့္ သားကိုစြန္႔ပစ္ခဲ့တာ မဟုတ္ပါဘူး.. သားကိုေမြးတဲ့အခ်ိန္ အေမ့မွာ အိမ္မရွိ၊ ေငြမရွိဆိုေတာ့ သားကို မိသားစုတစ္ခုထဲမွာ ႀကီးျပင္းေစခ်င္လို႔ အဖြားဆီပို႔ထားတာပါ.. အဲ့အခ်ိန္ကတည္းက အေမက သားအတြက္ အလုပ္ႀကိဳးစားခဲ့လို႔ အခု အတူေနဖို႔ လာျပန္ေခၚႏိုင္တာေပါ့.. အေမ ခက္ခဲတယ္ဆိုတာ သားနားလည္တယ္မလား.."

႐ႈနင္က မတုန္မလႈပ္ျဖင့္ မ်က္ေမွာင္ၾကဳတ္ေနသည္ကိုေတြ႕ေတာ့ ေရေသာက္ရင္း အလုပ္႐ႈပ္ေနေသာခ်င္ယြိဖူ၏ ေျခေထာက္ကို စားပြဲေအာက္ကေန လွမ္းကန္ကာ ကူေျပာခိုင္းလိုက္သည္။

ေကာ္ဖီက ခါးလြန္းလို႔ ေရေသာက္ေနရင္း အစ္မက ဘာေၾကာင့္ ေျခေထာက္နဲ႔ကန္သလဲဆိုတာ ခ်င္ယြိဖူ နားမလည္ေတာ့ေပ။ ကေန႔က ႐ႈနင္နဲ႔ ပထမဆံုးေတြ႕တာမဟုတ္လား။ သူ႔သားေရွ႕မွာ အဆိုးျမင္ေအာင္ မလုပ္သင့္ဘူးေလ။

ခ်င္ယြိဖူက ေခ်ာင္းဟန္႔ကာ ေျပာလိုက္သည္။

"႐ႈနင္.. မင္းအေမနဲ႔ လိုက္သြားသင့္တယ္.."

"သံကို ပူတုန္းထုမွ လိုရာပံုသြင္းလို႔ရမယ္"

ဒါေၾကာင့္ ခ်င္ယြိက်ိဳးက မ်က္ရည္က်ကာ သားျဖစ္သူကို ႏွဴးႏွပ္ေတာ့သည္။

"ေရွာင္နင္္.. အေမနဲ႔သားတို႔ ေနာက္ထပ္မခြဲဘဲ အတူေနၾကမယ္ေလ ေနာ္.."

႐ႈနင္ ျပန္မသြားခ်င္ရင္ေတာင္မွ သူ႔အေဖ႐ႈခ်ိန္က သူ႔သားအရင္းရွိေနတာ သိသြားေတာ့ အျပင္မွာႀကီးျပင္းလာတာကို ခြင့္ျပဳမည္မဟုတ္ေပ။ ခုလို အတူေနဖို႔ သေဘာတူလိုက္ရင္ အရင္ဘဝလိုပဲ မိုက္မဲသည့္လုပ္ရပ္ကို ထပ္လုပ္မိဦးမွာလား။ သူ႔ဘဝ ပ်က္စီးရာလမ္းေၾကာင္းေပၚ ေရာက္ဦးမွာလား.။

ခ်င္ယြိက်ိဳး၏မ်က္ဝန္းထဲ မ်က္ရည္မ်ားျပည့္လာၿပီး ေျပာခဲ့သည္။

"႐ႈနင္.. သား အေမ့ကို ခြင့္လႊတ္ေပးႏိုင္မလား.. သားရဲ့အေဖရင္းနဲ႔ အတူေနႏိုင္ဖို႔ အေမႀကိဳးစားခဲ့တယ္.. သားအတြက္ မိသားစုတစ္ခုရွိေနၿပီ.. ၿပီးေတာ့ အစ္ကိုႀကီးတစ္ေယာက္လည္း ရွိတယ္.."

ဒီစကားေၾကာင့္ ႐ႈနင္က ရင္ထဲကေန ေလွာင္ရယ္လိုက္သည္။ မိသားစု.. ဟုတ္လား..။ အစ္ကိုႀကီး.. ဟုတ္လား..။ အေဖ့ရဲ့သားႀကီးကို သတ္ပစ္ဖို႔၊ ပ်က္စီးေအာင္လုပ္ဖို႔က အေမ့ရဲ့ရည္မွန္းခ်က္ မဟုတ္ဘူးလား။ အေမက ႐ႈဟိန္လိုလူကို ဘယ္လုိယွဥ္ႏိုင္မွာလဲ။ အေမ့ရဲ့ေခါင္းထဲမွာ လူသားမဆန္တဲ့ ယုတ္မာတဲ့အေတြးေတြနဲ႔ပဲ ျပည့္ေနတာမဟုတ္လား။ တခါတေလ ႐ႈနင္က သူက တကယ့္ကို တန္ဖိုးမရွိတဲ့ အမိႈက္ေကာင္လားလို႔ေတြးၿပီး စိတ္ပ်က္လာမိသည္။

အခု ႐ႈနင္က ျပန္လည္ေမြးဖြားလာေပမယ့္ မေကာင္းဆုိးဝါးလိုလူက မေကာင္းဆိုးဝါးအျဖစ္ ရွိေနဆဲျဖစ္သည္။ သူတို႔ ဘာမွမေျပာင္းလဲၾကေသးေပ။

သူကေတာ့ ဒီလိုလူေတြနဲ႔ လံုးဝမတူေစရေပ။ အနာဂတ္နဲ႔ပတ္သက္ၿပီး ႀကိဳတင္သိထားတဲ့ အခ်က္အလက္နဲ႔ သူ႔အသိဥာဏ္ကိုသံုးၿပီး ကိုယ္ပိုင္ဓနဥစၥာကို ရွာေဖြမည္။ ကိုယ့္စည္းစိမ္ ကိုယ့္အင္ပါယာကို ထူေထာင္ၿပီး အစ္ကိုႀကီး႐ႈဟိန္ႏွင့္ယွဥ္ၿပီး အေဖ့ company ကို လံုးဝမလုေတာ့ဟု စိတ္ပိုင္းျဖတ္ထားလိုက္သည္။ ဒီဘဝမွာေတာ့ အစ္ကိုႀကီးက company ကို ေအးခ်မ္းစြာ စီမံအုပ္ခ်ဳပ္ပါေစေတာ့..။

"ေရွာင္နင္.. မင္း ဘာေတြေတြးေနတာလဲ.."

ခ်င္ယြိက်ိဳးက ငိုင္ေတြေနေသာသားကို ေမာင္ကဲ့သို႔ ငတံုးျဖစ္ေနမလားဟု စိုးရိမ္ကာ ေခၚလိုက္သည္။ ဒီကေလးက ငတံုးျဖစ္ေနရင္ သူမအစီအစဥ္ကို ေအာင္ျမင္ေအာင္ လုပ္ႏိုင္ပါေတာ့မလား။ သူမက ဝမ္းဗိုက္ကို မသိစိတ္က အသာအယာ လက္ႏွင့္အုပ္ကာ ပြတ္လိုက္မိသည္။ ဒီဝမ္းဗိုက္ထဲမွာ အသက္ေလးတစ္ေခ်ာင္းရွိေလၿပီ။ ဒီကေလးႀကီးျပင္းလာရင္ ဒီသားငတံုးေကာင္ကို ဆက္ၿပီး ပတ္သက္စရာမလိုေတာ့ဟု ေတြးေနသည္။

ခ်င္ယြိက်ိဳး၏အၾကည့္ေၾကာင့္ ခ်င္ယြိဖူ တံေတြးၿမိဳခ်လိုက္သည္။ ၿပီးေတာ့ ေဆာက္လုပ္ေရးဆိုဒ္မွာ အစ္မမွာၾကားသည့္စကားမ်ားကို ျပန္စဥ္းစားေနသည္။ ႐ႈနင္လို ဆယ္ေက်ာ္သက္ေလးအတြက္ အတူေနမိသားစုႏွင့္ မိဘေမတၱာလိုအပ္သည္။ ဒီစကားက အဓိပၸါယ္ရွိသည္ဟု သူယူဆသည္။ ထိုစဥ္က သူ႔တတိယအစ္မ၏ အေနအထားက သနားစရာေကာင္းလွသည္။ အိမ္ေထာင္သည္ႏွင့္ မွားယြင္းမိၿပီး ထိုလူ၏အိမ္ေထာင္ေရးကို မဖ်က္ဆီးခ်င္ေသာေၾကာင့္ ထိုလူကို ကေလးရွိေၾကာင္းပင္ မေျပာခဲ့ေပ။ ရြာကလူေတြက ႐ိုးသားေသာေၾကာင့္ ခ်င္ယြိက်ိဳး၏အျပဳအမူက မွန္ကန္သည္ဟုယူဆသည္။ ဒါေပမယ့္ အိမ္ေထာင္မရွိဘဲ ကေလးေမြးတာက သူမ၏အနာဂတ္ကို ဖ်က္ဆီးႏိုင္ေသာေၾကာင့္ သူတို႔ သေဘာမတူခဲ့ေပ။ တတိယအစ္မက ကေလးကို ရေအာင္ေမြးခဲ့တာ သိပ္သတၱိရွိသည္ဟု ခံစားရၿပီး မ်က္လံုးေတြရဲကာ ငိုခ်င္လာသည္။

"႐ႈနင္.. မင္းအေမလည္း မင္းအဖြားရဲ့ကိစၥကိုသိၿပီး အေတာ္ေလး စိတ္မေကာင္းျဖစ္ေနတာပါ.."

႐ႈနင္၏ရင္ထဲက အေမကို ေလွာင္ေျပာင္ရင္းေမးလိုက္သည္။

"ဒါဆို အဖြားရဲ့အုတ္ဂူကိုသြားၿပီး ကန္ေတာ့ၿပီးၿပီလား.."

႐ႈနင္၏စကားေၾကာင့္ ခ်င္ယြိက်ိဳး စိတ္မသက္မသာျဖစ္သြားသည္။ သူမက ေဒါက္ျမင့္ဖိနပ္စီးကာ ဂါဝန္တိုဝတ္လာခဲ့သည္။ သူမက ႐ႈနင္ကိုလာေခၚ႐ံုျဖစ္ၿပီး ရြာကသခ်ႋဳင္းထိသြားကာ အေမ့အုတ္ဂူကို ကန္ေတာ့ဖို႔ စိတ္ကူးမရွိေပ။ အခုေတာ့ သားျဖစ္သူေမးလိုက္သည့္စကားေၾကာင့္ သူမက ေက်ာက္တံုးေတြထူသည့္ ေတာင္ကုန္းေပၚတက္ကာ မိခင္အုတ္ဂူေရွ႕မွာ ဒူးေထာက္ၿပီး ကန္ေတာ့ရေတာ့မည္။ မဟုတ္လွ်င္ သူမကို သူ႔သားက ယံုၾကည္မည္မဟုတ္ေပ။

အေမျဖစ္သူက အဖြား၏အုတ္ဂူမွာ ကန္ေတာ့္ေနစဥ္ ႐ႈနင္က ေဘးမွ ဦးေလးျဖစ္သူ၏ နားခ်စကားကို နားဆင္ေနရသည္။ သူ႔အစ္မဘဝက မလြယ္ကူေၾကာင္း၊ ၿမိဳ႕မွာရုန္းကန္ေနရၿပီး ကေလးတစ္ေယာက္နဲ႔ အလုပ္လုပ္လို႔ မျဖစ္ေၾကာင္း၊ မလိုခ်င္လို႔ သူ႔ကိုစြန္႔ပစ္တာမဟုတ္ေၾကာင္း၊ ရႈနင္ ေနရဆင္းရဲမည္စိုးလို႔ ေငြေခ်းကာ အိမ္ေဆာက္ေပးခဲ့ေၾကာင္း စသျဖင့္ ေထာင့္ေစ့ေအာင္ေျပာေနသည္။ ဦးေလး၏ IQ အရ ဒီစကားေတြကို ေျပာတတ္မည္မဟုတ္မွန္း ရႈနင္သိသည္။

"ဒီစကားေတြေျပာဖို႔ သူမက ဦးေလးကို သင္ေပးခဲ့တာလား.."

"အစ္မက ရႈနင္နဲ႔ တူတူေနခ်င္လို႔ပါကြာ.. ငါ့တူႀကီးက လိမၼာပါတယ္.. အစ္မနဲ႔လိုက္သြားေပးလိုက္ပါကြာ.. ေနာ္.."

"သူမက ကြ်န္ေတာ့္ကိုတကယ္ခ်စ္ရင္ ဒီႏွစ္ေတြမွာ ဖုန္းတစ္ခ်က္မွ မဆက္ဘဲေနမလား.. တကယ္ေတာ့ သူမခ်စ္တယ္ဆိုတဲ့ကေလးကို အေစာႀကီးကတည္းက စြန္႔ပစ္ၿပီးေနပါၿပီ.."

ရႈနင္က ဦးေလးကန္႔ကြက္မည္ကိုသိလို႔ ဆက္ေျပာလိုက္သည္။

"သူမက ဦးေလးကိုေတာင္ တစ္ခါမွ မဆက္သြယ္ဘူးမဟုတ္လား.. ဒီေန႔မွ ၾကားကေဖ်ာင္းဖ်ေပးေစခ်င္လို႔ လာေတြ႕တာမဟုတ္လား.. တကယ္လို႔ သူမက အေဒၚႏွစ္ေယာက္ကို ခုလိုကူညီေပးဖို႔ေျပာရင္ ဟိုက ဘာျပန္ေတာင္းဆိုမယ္ထင္လဲ.. ဦးေလးက အရမ္းကိုရိုးသားၿပီး အေတြးက ရိုးစင္းလြန္းတယ္.. ဒါေၾကာင့္ သူမက ဦးေလးကိုလာေခၚၿပီး ဒါေတြေျပာခိုင္းတာပဲ.."

သခ်ႋဳင္းမွာကန္ေတာ့ၿပီး ရႈနင္က ခ်င္ယြိက်ိဳးႏွင့္အတူ လိုက္လာခဲ့သည္။ သူက ဘာမွယူမလာေပ။ ခ်င္ယြိက်ိဳးက သူ႔ကို အသစ္ဝယ္ေပးလိမ့္မည္။ ကားထဲမွာတိတ္ဆိတ္ေနသည့္ ရႈနင္ကို ခ်င္ယိြက်ိဳးက စကားစရွာကာ ေျပာေပးေနသည္။ သူမ၏သားကို ေအာင္ျမင္စြာေခၚလာၿပီးေနာက္ သူမသားေမးလာမည့္ "ဘာ့ေၾကာင့္ ဒီႏွစ္ေတြမွာ ကြ်န္ေတာ့္ကို မဆက္သြယ္သလဲ.." ဆိုသည့္ေမးခြန္းကို မေျဖႏိုင္လို႔ သူမ အျပည့္အဝ မေပ်ာ္ႏိုင္ခဲ့ေပ။

===================

Chapter (5) - ရှုနင်၏ မွေးမိခင်ရင်း ချင်ယွိကျိုး

ထိုနေ့က ရှုနင်အတွက် အရေးကြီးသောနေ့တစ်နေ့ဖြစ်သည်။ ရှုနင်က အင်္ဂလိပ်စာချိန်တွင် အေးဆေးစွာ စာလိုက်မှတ်နေစဉ် အခန်းတံခါးခေါက်ပြီး အတန်းပိုင်ဆရာ ဝင်လာခဲ့သည်။ သူမက အင်္ဂလိပ်ဆရာကို တစ်စုံတစ်ခု တီးတိုးကပ်ပြောကာ ရှုနင်ကို ကျောင်းအုပ်ကြီးရုံးခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ဆရာမပုံစံက အရမ်းပျော်နေပုံပေါက်သည်။

မိဘမဲ့ကလေးတော့ သူ့ကိုကျွေးမွေးထားသည့်ဖွားအေ သေဆုံးလို့ ဒုက္ခရောက်ပြီဟု အားလုံးထင်နေချိန် ကလေး၏မိခင်ရင်း ပေါ်လာတာ ဝမ်းမသာမည့်သူမရှိပေ။ ကျောင်းအုပ်ကြီးရုံးခန်းရောက်တော့ လှပသောအမျိုးသမီးတစ်ဦးက ရှုနင်ကျောင်းပြောင်းဖို့ကိစ္စ လုပ်ပြီးနေပြီး ကျောင်းအုပ်ကြီးနှင့် စကားပြောနေတာတွေ့ရသည်။ သူမက လှပထက်မြက်ကာ ကိုယ်ဟန်အမူအယာ အထက်တန်းကျလှသည့် ရှုနင်၏မွေးမိခင်ရင်း ချင်ယွိကျိုးဖြစ်သည်။ သူမက ကိုယ်နှုတ်ရိုင်းစိုင်းကြမ်းတမ်းသည့် သူမအစ်မတွေနှင့် လုံးဝမတူဘဲ အထက်တန်းလွှာက မိန်းကလေးဟုပင်ထင်ရသည်။ သူမက တကယ်ပဲ ရှုနင်၏ မိခင်ရင်းလား။

ဆရာမက ဒီလှပတဲ့အမျိုးသမီးက ရှုနင်၏မိခင်ရင်းဆိုတာ ယုံကြည်ရခက်နေသည်။ သူမ ရှုနင်ကိုမွေးစွားချင်တာလား။ သူမက မြို့တော်ကြီးကလာခဲ့သူပီပီ ဝတ်စားဆင်ယင်မှုစတိုင်လ်က နယ်မြို့ကလူတွေနှင့် မတူကွဲထွက်ကာ အဆင့်မြင့်နေသည်။ ရှုနင်ကိုကြည့်လိုက်တော့ နွမ်းပါးဝါကျင်သောအဝတ်၊ ဆံပင်နီကြောင်ကြောင်၊ အာဟာရချို့တဲ့လို့ ဝါနေသောအသားအရေနှင့် ပိန်ပါးလွန်းလှသည်။

ရှုနင်က အတူပါလာသော ဦးလေးချင်ယွိဖူကို နှုတ်ဆက်လိုက်သည်။ ထိုအခါမှ ဆရာမက သတိထားမိသွားခဲ့သည်။ ကျောင်းအုပ်ကြီးရုံးခန်းထောင့်တွင် အလုပ်ကြမ်းသမားဝတ်စုံ ဝတ်ထားပြီး နေလောင်လို့ညိုမှောင်နေသော ဖိနပ်ရွှံ့ကပ်နေသည့် အလုပ်သမားတစ်ဦး မတ်တပ်ရပ်နေခဲ့သည်။ နှုတ်ဆက်ပြီးချိန်မှာ ချင်ယွိကျိုးက စာရွက်စာတမ်းကို ကိုင်ထားရင်း မျက်ဝန်းထဲ မျက်ရည်စတို့ဝေ့ဝဲလာပြီး လက်ကို ညင်သာစွာဆန့်တန်းကာ သူမသားကို အသာဖက်ပြီး တုန်ယင်စွာ ပြောလိုက်သည်။

"ကလေး.. ငါက မင်းရဲ့အမေပါ.."

သူမအသံက တိုးညင်းနေပြီး လူတိုင်းက သူမစိတ်လှုပ်ရှားနေလို့ဖြစ်သည်ဟုသာ ထင်သည်။ ရှုနင်က မျက်လုံးပင့်ကာ အမေရင်းကို ထူးမခြားနားဖြင့် ကြည့်လိုက်သည်။ ပုံမှန်မိခင်သာဆိုရင် ကိုယ်က 10 နှစ်ကျော်ပစ်ထားသည့်သားကို ခုလိုမျက်နှာချင်းဆိုင်ချိန်မှာ ရှက်ရွံ့မိမည်ဆိုပေမယ့် ချင်ယွိကျိုးက CEO ၏လက်ထောက်အဖြစ် နှစ်များစွာလုပ်ခဲ့ပြီး အတွေ့အကြုံဗဟုသုတ ရှိသည့်အပြင် သူမက အရှက်ဆိုတာမရှိပေ။ ဒါကြောင့် ရှုနင်ကို မျက်နှာချင်းဆိုင်ဖို့ မရှက်ပေ။ ချင်ယွိကျိုးက မူလက ဒီလောက်မတော်ပေမယ့် ရှုနင်ဖခင်၏ company ကိုဝင်လုပ်ခဲ့ပြီး 15 နှစ်တိတိ ကြိုးစားရုန်းကန်ရင်း CEO လက်ထောက်အဆင့်ထိ ရာထူးတိုးခံရသောသူဖြစ်လို့ တောမြို့ကလူတွေနဲ့ နှိုင်းယှဉ်လို့မရအောင် အခြေအနေတစ်ခုကို ချက်ချင်းနားလည်ကာ ထိန်းချုပ်နိုင်လေပြီ။

ရှုနင်က သူမဖက်သည်ကို ရှောင်လိုက်ကာ သံသယနှင့်မေးလိုက်သည်။

"ကျွန်တော့်အမေက သေပြီမဟုတ်ဘူးလား.."

ဒီစကားကိုကြားတော့ ချင်ယွိကျိုးက မျက်ရည်ကျကာ ငိုယိုပြီး အမှိုက်လိုအသုံးမကျသည့် မောင်ဖြစ်သူကို အကူအညီတောင်းဟန်ဖြင့် ကြည့်လိုက်သည်။ သူမက ရှုနင်၏အမေပါဆိုတာ သက်သေပြဖို့မလိုလျှင် ခုလို ဉာဏ်ရည်ထုံထိုင်းကာ စုတ်ပြတ်နေသည့် မောင်ဖြစ်သူကို ကျောင်းခေါ်လာပြီး သူမသိက္ခာကို ကျအောင်လုပ်မည်မဟုတ်ပေ။

ချင်ယွိဖူက ရှုနင်၏ပုခုံးကို ဖျစ်ညစ်ကာ ပြောလိုက်သည်။

"ရှုနင်.. သူက မင်းရဲ့အမေ.. ငါ့တတိယအစ်မ ချင်ယွိကျိုးပါ.. သူမလည်း အများကြီး ခက်ခဲခဲ့ရတယ်.. သူမ မြို့မှာအလုပ်လုပ်ရင်း အရက်မူးလို့ ယောက်ျားတစ်ယောက်နဲ့ အိပ်မိသွားတယ်.. ကိုယ်ဝန်ရလာတော့ သူမလည်း အရမ်းကြောက်သွားခဲ့တယ်.. သူမက လက်မထပ်ရသေးဘဲ ကလေးကိုမွေးဖို့ မဖြစ်နိုင်ဘူးလေ.. ဒါပေမယ့် သူမက မင်းအတွက်စဉ်းစားပြီး မင်းကိုမွေးပေးခဲ့တယ်.. ရှုနင်.. သူမကို အပြစ်မတင်ပါနဲ့.. မင်းမသိသေးတဲ့ လူကြီးတွေရဲ့ပြဿနာ အများကြီးရှိပါတယ်.. ဒါကြောင့် ငါ့အစ်မကို နားလည်ပေးပါကွာ.."

ရှုနင်၏ရင်ထဲ မဲ့ရွဲ့လိုက်မိသည်။ ဦးလေးက ကျွန်တော့်ကို စွန့်ပစ်ခဲ့တဲ့အမေကို ကျေးဇူးတင်စေချင်နေတာလား..။

ဒီလိုစကားကို ရုံးခန်းထဲက သူစိမ်းတွေရှေ့မှာ ပြောထွက်လိုက်သလား။ အောက်တန်းစားက အောက်တန်းစားပါပဲဆိုတဲ့စကားလိုပဲ။ အစောက သူမက ကျောင်းအုပ်ကြီးကို ပြောပြခဲ့သမျှက အလကားဖြစ်ကုန်ပြီပေါ့။

ချင်ယွိကျိုးက မောင်ဖြစ်သူကိုဒေါသထွက်ကာ ရှုနင်၏လက်ကို အသာလှမ်းကိုင်လိုက်သည်။ ဒီတစ်ခါတော့ သူမသားက မရှောင်လောက်တော့ဘူးဟု မျှော်လင့်ရတာပဲ။

"ရှုနင်.. သား.. ဒီနေ့ အတန်းတက်ဦးမလား.."

ဆရာမက နေရခက်သည့်အခြေအနေကို ဝင်ထိန်းကာ မေးလိုက်သည်။

ချင်ယွိကျိုးက ဖျစ်ညစ်ပြုံးကာ မျက်ရည်ကိုသုတ်လိုက်ပြီး ပြောလိုက်သည်။

"ဟင့်အင်း.. ကျွန်မ ရှုနင်ကို အေးအေးဆေးဆေး ဖျောင်းဖျဖို့ ဆိုင်တစ်ဆိုင်ကို ခဏခေါ်သွားပါရစေ.. ကလေးကိုခုချိန်ပြောမှ နောက်ပိုင်း အတူနေချိန်မှာ အဆင်ပြေမှာပါ.."

ချင်ယွိကျိုးက ခွင့်တောင်းကာ ရှုနင်နှင့်ချင်ယွိဖူကိုခေါ်ကာ ကျောင်းကနေ ဈေးကြီးသည့်ကော်ဖီဆိုင်ကို ထွက်လာခဲ့ကြသည်။ ကော်ဖီဆိုင်မှာ မှာပြီးတော့ ချင်ယွိဖူက ကောက်ကာ မော့သောက်လိုက်သည်။ ခါးတူးနေသောကော်ဖီကြောင့် ချက်ချင်း စားပွဲထိုးကို ရေယူလာပေးဖို့ပြောရတော့သည်။ ဆင်းရဲသားတွေများ ရှက်ဖို့ကောင်းလိုက်တာဟုတွေးကာ ချင်ယွိကျိုးက ရှုနင်ဘက်လှည့်ကာ ချိုသာစွာပြောလိုက်သည်။

"မင်းဦးလေးပြောတာကို စိတ်ထဲမထားပါနဲ့.. အမေက ခက်ခဲပင်ပန်းခဲ့တယ်ဆိုပေမယ့် သားကိုစွန့်ပစ်ခဲ့တာ မဟုတ်ပါဘူး.. သားကိုမွေးတဲ့အချိန် အမေ့မှာ အိမ်မရှိ၊ ငွေမရှိဆိုတော့ သားကို မိသားစုတစ်ခုထဲမှာ ကြီးပြင်းစေချင်လို့ အဖွားဆီပို့ထားတာပါ.. အဲ့အချိန်ကတည်းက အမေက သားအတွက် အလုပ်ကြိုးစားခဲ့လို့ အခု အတူနေဖို့ လာပြန်ခေါ်နိုင်တာပေါ့.. အမေ ခက်ခဲတယ်ဆိုတာ သားနားလည်တယ်မလား.."

ရှုနင်က မတုန်မလှုပ်ဖြင့် မျက်မှောင်ကြုတ်နေသည်ကိုတွေ့တော့ ရေသောက်ရင်း အလုပ်ရှုပ်နေသောချင်ယွိဖူ၏ ခြေထောက်ကို စားပွဲအောက်ကနေ လှမ်းကန်ကာ ကူပြောခိုင်းလိုက်သည်။

ကော်ဖီက ခါးလွန်းလို့ ရေသောက်နေရင်း အစ်မက ဘာကြောင့် ခြေထောက်နဲ့ကန်သလဲဆိုတာ ချင်ယွိဖူ နားမလည်တော့ပေ။ ကနေ့က ရှုနင်နဲ့ ပထမဆုံးတွေ့တာမဟုတ်လား။ သူ့သားရှေ့မှာ အဆိုးမြင်အောင် မလုပ်သင့်ဘူးလေ။

ချင်ယွိဖူက ချောင်းဟန့်ကာ ပြောလိုက်သည်။

"ရှုနင်.. မင်းအမေနဲ့ လိုက်သွားသင့်တယ်.."

"သံကို ပူတုန်းထုမှ လိုရာပုံသွင်းလို့ရမယ်"

ဒါကြောင့် ချင်ယွိကျိုးက မျက်ရည်ကျကာ သားဖြစ်သူကို နှူးနှပ်တော့သည်။

"ရှောင်နင်.. အမေနဲ့သားတို့ နောက်ထပ်မခွဲဘဲ အတူနေကြမယ်လေ နော်.."

ရှုနင် ပြန်မသွားချင်ရင်တောင်မှ သူ့အဖေရှုချိန်က သူ့သားအရင်းရှိနေတာ သိသွားတော့ အပြင်မှာကြီးပြင်းလာတာကို ခွင့်ပြုမည်မဟုတ်ပေ။ ခုလို အတူနေဖို့ သဘောတူလိုက်ရင် အရင်ဘဝလိုပဲ မိုက်မဲသည့်လုပ်ရပ်ကို ထပ်လုပ်မိဦးမှာလား။ သူ့ဘဝ ပျက်စီးရာလမ်းကြောင်းပေါ် ရောက်ဦးမှာလား.။

ချင်ယွိကျိုး၏မျက်ဝန်းထဲ မျက်ရည်များပြည့်လာပြီး ပြောခဲ့သည်။

"ရှုနင်.. သား အမေ့ကို ခွင့်လွှတ်ပေးနိုင်မလား.. သားရဲ့အဖေရင်းနဲ့ အတူနေနိုင်ဖို့ အမေကြိုးစားခဲ့တယ်.. သားအတွက် မိသားစုတစ်ခုရှိနေပြီ.. ပြီးတော့ အစ်ကိုကြီးတစ်ယောက်လည်း ရှိတယ်.."

ဒီစကားကြောင့် ရှုနင်က ရင်ထဲကနေ လှောင်ရယ်လိုက်သည်။ မိသားစု.. ဟုတ်လား..။ အစ်ကိုကြီး.. ဟုတ်လား..။ အဖေ့ရဲ့သားကြီးကို သတ်ပစ်ဖို့၊ ပျက်စီးအောင်လုပ်ဖို့က အမေ့ရဲ့ရည်မှန်းချက် မဟုတ်ဘူးလား။ အမေက ရှုဟိန်လိုလူကို ဘယ်လိုယှဉ်နိုင်မှာလဲ။ အမေ့ရဲ့ခေါင်းထဲမှာ လူသားမဆန်တဲ့ ယုတ်မာတဲ့အတွေးတွေနဲ့ပဲ ပြည့်နေတာမဟုတ်လား။ တခါတလေ ရှုနင်က သူက တကယ့်ကို တန်ဖိုးမရှိတဲ့ အမှိုက်ကောင်လားလို့တွေးပြီး စိတ်ပျက်လာမိသည်။

အခု ရှုနင်က ပြန်လည်မွေးဖွားလာပေမယ့် မကောင်းဆိုးဝါးလိုလူက မကောင်းဆိုးဝါးအဖြစ် ရှိနေဆဲဖြစ်သည်။ သူတို့ ဘာမှမပြောင်းလဲကြသေးပေ။

သူကတော့ ဒီလိုလူတွေနဲ့ လုံးဝမတူစေရပေ။ အနာဂတ်နဲ့ပတ်သက်ပြီး ကြိုတင်သိထားတဲ့ အချက်အလက်နဲ့ သူ့အသိဉာဏ်ကိုသုံးပြီး ကိုယ်ပိုင်ဓနဥစ္စာကို ရှာဖွေမည်။ ကိုယ့်စည်းစိမ် ကိုယ့်အင်ပါယာကို ထူထောင်ပြီး အစ်ကိုကြီးရှုဟိန်နှင့်ယှဉ်ပြီး အဖေ့ company ကို လုံးဝမလုတော့ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။ ဒီဘဝမှာတော့ အစ်ကိုကြီးက company ကို အေးချမ်းစွာ စီမံအုပ်ချုပ်ပါစေတော့..။

"ရှောင်နင်.. မင်း ဘာတွေတွေးနေတာလဲ.."

ချင်ယွိကျိုးက ငိုင်တွေနေသောသားကို မောင်ကဲ့သို့ ငတုံးဖြစ်နေမလားဟု စိုးရိမ်ကာ ခေါ်လိုက်သည်။ ဒီကလေးက ငတုံးဖြစ်နေရင် သူမအစီအစဉ်ကို အောင်မြင်အောင် လုပ်နိုင်ပါတော့မလား။ သူမက ဝမ်းဗိုက်ကို မသိစိတ်က အသာအယာ လက်နှင့်အုပ်ကာ ပွတ်လိုက်မိသည်။ ဒီဝမ်းဗိုက်ထဲမှာ အသက်လေးတစ်ချောင်းရှိလေပြီ။ ဒီကလေးကြီးပြင်းလာရင် ဒီသားငတုံးကောင်ကို ဆက်ပြီး ပတ်သက်စရာမလိုတော့ဟု တွေးနေသည်။

ချင်ယွိကျိုး၏အကြည့်ကြောင့် ချင်ယွိဖူ တံတွေးမြိုချလိုက်သည်။ ပြီးတော့ ဆောက်လုပ်ရေးဆိုဒ်မှာ အစ်မမှာကြားသည့်စကားများကို ပြန်စဉ်းစားနေသည်။ ရှုနင်လို ဆယ်ကျော်သက်လေးအတွက် အတူနေမိသားစုနှင့် မိဘမေတ္တာလိုအပ်သည်။ ဒီစကားက အဓိပ္ပါယ်ရှိသည်ဟု သူယူဆသည်။ ထိုစဉ်က သူ့တတိယအစ်မ၏ အနေအထားက သနားစရာကောင်းလှသည်။ အိမ်ထောင်သည်နှင့် မှားယွင်းမိပြီး ထိုလူ၏အိမ်ထောင်ရေးကို မဖျက်ဆီးချင်သောကြောင့် ထိုလူကို ကလေးရှိကြောင်းပင် မပြောခဲ့ပေ။ ရွာကလူတွေက ရိုးသားသောကြောင့် ချင်ယွိကျိုး၏အပြုအမူက မှန်ကန်သည်ဟုယူဆသည်။ ဒါပေမယ့် အိမ်ထောင်မရှိဘဲ ကလေးမွေးတာက သူမ၏အနာဂတ်ကို ဖျက်ဆီးနိုင်သောကြောင့် သူတို့ သဘောမတူခဲ့ပေ။ တတိယအစ်မက ကလေးကို ရအောင်မွေးခဲ့တာ သိပ်သတ္တိရှိသည်ဟု ခံစားရပြီး မျက်လုံးတွေရဲကာ ငိုချင်လာသည်။

"ရှုနင်.. မင်းအမေလည်း မင်းအဖွားရဲ့ကိစ္စကိုသိပြီး အတော်လေး စိတ်မကောင်းဖြစ်နေတာပါ.."

ရှုနင်၏ရင်ထဲက အမေကို လှောင်ပြောင်ရင်းမေးလိုက်သည်။

"ဒါဆို အဖွားရဲ့အုတ်ဂူကိုသွားပြီး ကန်တော့ပြီးပြီလား.."

ရှုနင်၏စကားကြောင့် ချင်ယွိကျိုး စိတ်မသက်မသာဖြစ်သွားသည်။ သူမက ဒေါက်မြင့်ဖိနပ်စီးကာ ဂါဝန်တိုဝတ်လာခဲ့သည်။ သူမက ရှုနင်ကိုလာခေါ်ရုံဖြစ်ပြီး ရွာကသင်္ချိုင်းထိသွားကာ အမေ့အုတ်ဂူကို ကန်တော့ဖို့ စိတ်ကူးမရှိပေ။ အခုတော့ သားဖြစ်သူမေးလိုက်သည့်စကားကြောင့် သူမက ကျောက်တုံးတွေထူသည့် တောင်ကုန်းပေါ်တက်ကာ မိခင်အုတ်ဂူရှေ့မှာ ဒူးထောက်ပြီး ကန်တော့ရတော့မည်။ မဟုတ်လျှင် သူမကို သူ့သားက ယုံကြည်မည်မဟုတ်ပေ။

အမေဖြစ်သူက အဖွား၏အုတ်ဂူမှာ ကန်တော့်နေစဉ် ရှုနင်က ဘေးမှ ဦးလေးဖြစ်သူ၏ နားချစကားကို နားဆင်နေရသည်။ သူ့အစ်မဘဝက မလွယ်ကူကြောင်း၊ မြို့မှာရုန်းကန်နေရပြီး ကလေးတစ်ယောက်နဲ့ အလုပ်လုပ်လို့ မဖြစ်ကြောင်း၊ မလိုချင်လို့ သူ့ကိုစွန့်ပစ်တာမဟုတ်ကြောင်း၊ ရှုနင် နေရဆင်းရဲမည်စိုးလို့ ငွေချေးကာ အိမ်ဆောက်ပေးခဲ့ကြောင်း စသဖြင့် ထောင့်စေ့အောင်ပြောနေသည်။ ဦးလေး၏ IQ အရ ဒီစကားတွေကို ပြောတတ်မည်မဟုတ်မှန်း ရှုနင်သိသည်။

"ဒီစကားတွေပြောဖို့ သူမက ဦးလေးကို သင်ပေးခဲ့တာလား.."

"အစ်မက ရှုနင်နဲ့ တူတူနေချင်လို့ပါကွာ.. ငါ့တူကြီးက လိမ္မာပါတယ်.. အစ်မနဲ့လိုက်သွားပေးလိုက်ပါကွာ.. နော်.."

"သူမက ကျွန်တော့်ကိုတကယ်ချစ်ရင် ဒီနှစ်တွေမှာ ဖုန်းတစ်ချက်မှ မဆက်ဘဲနေမလား.. တကယ်တော့ သူမချစ်တယ်ဆိုတဲ့ကလေးကို အစောကြီးကတည်းက စွန့်ပစ်ပြီးနေပါပြီ.."

ရှုနင်က ဦးလေးကန့်ကွက်မည်ကိုသိလို့ ဆက်ပြောလိုက်သည်။

"သူမက ဦးလေးကိုတောင် တစ်ခါမှ မဆက်သွယ်ဘူးမဟုတ်လား.. ဒီနေ့မှ ကြားကဖျောင်းဖျပေးစေချင်လို့ လာတွေ့တာမဟုတ်လား.. တကယ်လို့ သူမက အဒေါ်နှစ်ယောက်ကို ခုလိုကူညီပေးဖို့ပြောရင် ဟိုက ဘာပြန်တောင်းဆိုမယ်ထင်လဲ.. ဦးလေးက အရမ်းကိုရိုးသားပြီး အတွေးက ရိုးစင်းလွန်းတယ်.. ဒါကြောင့် သူမက ဦးလေးကိုလာခေါ်ပြီး ဒါတွေပြောခိုင်းတာပဲ.."

သင်္ချိုင်းမှာကန်တော့ပြီး ရှုနင်က ချင်ယွိကျိုးနှင့်အတူ လိုက်လာခဲ့သည်။ သူက ဘာမှယူမလာပေ။ ချင်ယွိကျိုးက သူ့ကို အသစ်ဝယ်ပေးလိမ့်မည်။ ကားထဲမှာတိတ်ဆိတ်နေသည့် ရှုနင်ကို ချင်ယွိကျိုးက စကားစရှာကာ ပြောပေးနေသည်။ သူမ၏သားကို အောင်မြင်စွာခေါ်လာပြီးနောက် သူမသားမေးလာမည့် "ဘာ့ကြောင့် ဒီနှစ်တွေမှာ ကျွန်တော့်ကို မဆက်သွယ်သလဲ.." ဆိုသည့်မေးခွန်းကို မဖြေနိုင်လို့ သူမ အပြည့်အဝ မပျော်နိုင်ခဲ့ပေ။

===================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now