Chapter (38) - အကိုႀကီး ျပန္အလာကို ေစာင့္ေနေသာ ညီငယ္ေလး (Z+U)

21.7K 3.5K 32
                                    

Chapter (38) –  အကိုႀကီး ျပန္အလာကို ေစာင့္ေနေသာ ညီငယ္ေလး (Z+U)

"ဘယ္တုန္းက.. ဘာ.."

ခ်င္ယြိလန္က အတိတ္ကသူမ၏လုပ္ရပ္ကို သတိရကာ အျပစ္မကင္းစိတ္ ခံစားလိုက္ရေပမယ့္ ေျပာလိုက္သည္။

"ဒါေပမယ့္ ဒါေတြက အတိတ္ကျဖစ္ရပ္ေတြပါဟ.. နင္ငယ္ငယ္က ငါ့စကဒ္ကိုၿဖဲလိုက္တုန္းက ငါ ဘယ္ေလာက္ေတာင္ရင္နာရလဲ.."

"နင္ ေကာလာဟလေတြလႊင့္တုန္းက ငါ့ကို စဥ္းစားေပးဖူးလား.. ငါ့ဂုဏ္သိကၡာကို ဖ်က္ဆီးလိုက္ခ်ိန္က အစ္မတစ္ေယာက္အေနနဲ႔ နင္ ငါ့အတြက္ ဘာစဥ္းစားေပးဖူးလဲ.. ကိုယ္ဝန္လြယ္ထားတဲ့ညီမက ဘယ္သြားလို႔ဘယ္လာရမွန္း မသိခ်ိန္မွာ နင္က ခုလိုေတြလုပ္ၿပီး ငါ့ကို သတ္ေသခ်င္ေအာင္ တြန္းပို႔ခဲ့တယ္.. ဒါေတာင္ ခုခ်ိန္ ငါ့ဆီမွာပိုက္ဆံေတာင္းဖို႔ နင္ဘယ္လိုစဥ္းစားရဲတာလဲ.."

ထိုစကားကိုၾကားေတာ့ ခ်င္ယြိလန္က လန္႔ဖ်န္႔သြားကာ စားပြဲေအာက္ကေန လက္သီးကို တင္းေနေအာင္ဆုပ္ထားမိသည္။ ယြိက်ိဳးက သူမဘာသာသက္ေသေအာင္ ႀကိဳးစားခဲ့ဖူးတာလား။ သူမလန္႔သြားေပမယ့္ အားတင္းၿပံဳးကာ ေျပာလိုက္သည္။

"ယြိ.. ယြိက်ိဳး.. ဒါေတြက အထင္လြဲတာပါ.. နာမည္ဖ်က္တာ ငါ.. ငါ.. ဘာမွမလုပ္ပါဘူး.. ဒါေတြက အစ္မႀကီးပဲ လုပ္ခဲ့တာပါ.. ငါ.. ငါ.. ငယ္ငယ္က နင့္ကို ခ်ီပိုးထိန္းေက်ာင္းေပးခဲ့တယ္ေလ.."

"အစ္မႀကီးက စိတ္ပုပ္ေပမယ့္ သူလုပ္သမွ်ကို အမွန္အတိုင္းေျပာျပခဲ့တယ္.. ဘာေၾကာင့္လဲဆုိေတာ့ သူက နင့္ကို စိတ္မခ်လို႔ပဲ.. သူမကိုယ္ဝန္ရွိခ်ိန္ နင္လက္ထပ္ခါနီးမွာ သူမက နင္လုပ္သမွ်ကို အေမ့ကို အားလံုးေျပာျပခဲ့တယ္.. ဒါေပမယ့္ သူမက ေကာင္းေကာင္းမေျပာခဲ့လို႔ အေမက သူ႔ကိုဆူေငါက္လိုက္ေသးတယ္.. အဲ့ဒီကအျပန္မွာ အစ္မႀကီးက တစ္လမ္းလံုးငိုလာၿပီး နင္က အတြင္းပုပ္တယ္ဆိုတာ ေျပာျပခဲ့တာပဲ.."

"ဒါေပမယ့္ ဒါေတြက အရင္ကကိစၥေတြေလ.. အခု နင္ ေကာင္းေကာင္းေနရတာေတြ႕ရေတာ့ ငါတကယ္ဝမ္းသာတယ္.."

"........."

အရွက္မရွိလိုက္တာ..။ ခ်င္ယြိက်ိဳးက မ်က္လံုးကိုက်ဥ္းလိုက္ကာ ေမးလိုက္သည္။

"နင္ ပိုက္ဆံလိုခ်င္တာလား.."

"ယြိက်ိဳး.. ငါက ေနာက္ဆံုးေကာက္႐ိုးတစ္မွ်င္ကို ဆြဲေနရသူပါ.."

"နင္ ဘယ္ေလာက္ေခ်းခ်င္တာလဲ.."

"ဟမ္.."

"နင္ ဘယ္ေလာက္ေခ်းခ်င္တာလဲလို႔ ေမးတာ.. နင့္ေယာက္်ားခြဲစိတ္ဖို႔ ပိုက္ဆံဘယ္ေလာက္ေခ်းမလဲ.. ငါ နင့္ကို အတိုးမဲ့ေခ်းေပးပါ့မယ္.."

"ယြိက်ိဳး.. အစ္မမွာ ဘယ္ကပိုက္ဆံနဲ႔ ျပန္ဆပ္ႏိုင္မွာလဲ.."

"ဒါဆို ငါက နင့္ကို အလကားေပးရမွာလား.. ငါ့ကို ဒီေန႔ နင္က တမင္ဒုကၡလာေပးေနတာလား.. ႐ႈနင္ရဲ့ေခါင္းထဲကို မဟုတ္တာသြင္းေပးဖို႔လည္း မႀကိဳးစားနဲ႔.. ၿပီးေတာ့ ငါက ႐ႈအိမ္ေတာ္မွာ ဘာမွအာဏာရွိတာမဟုတ္ဘူး.. ငါ့ေယာကၡမကလည္း ငါ့ကို မ်က္စိေဒါက္ေထာက္ၾကည့္ေနတာ.. ဒီေလာက္ပိုက္ဆံ နင့္ကို ငါ မေပးႏိုင္ဘူး.."

"နင္ဘာေၾကာင့္ ဒီလိုေျပာရတာလဲ.. နင့္ေယာကၡမက နင့္ကို သေဘာမက်ဘူးဆုိတာ နင္တစ္ခုခု အမွားလုပ္မိလို႔ေနမွာေပါ့.. သူ႔ကို ေလးေလးစားစားဆက္ဆံရင္ နင့္ရဲ့ေကာင္းကြက္ကို ျမင္လာမွာပဲေလ.."

"သူက ငါ့ေယာကၡမပဲ ငါမ႐ိုေသဘဲ ဘယ္ေနမလဲ.. ငါ့မွာ အခ်ိန္မရွိေတာ့ဘူး.. နင္ျပန္ဆပ္ႏိုင္ရင္ ဖုန္းဆက္ဖို႔ ဖုန္းနံပါတ္တစ္ခုေပးလိုက္မယ္.. ငါတို႔ေငြးေခ်းထားေၾကာင္း စာခ်ဳပ္ေရးလိုက္ၾကတာေပါ့.. ဒါမွ ငါ ႐ႈအိမ္ေတာ္ကိုျပန္ေရာက္ရင္ ရွင္းျပလို႔ရမွာေလ.. တကယ္လို႔ နင္ စာခ်ဳပ္မခ်ဳပ္ႏိုင္ရင္ ငါ့ကို အတင္းအက်ပ္လာမလုပ္နဲ႔.."

"ယြိက်ိဳး.. ငါလုပ္ႏိုင္တာအကုန္ နင့္ကို ေျပာျပၿပီးသြားၿပီ.. ဒါေပမယ့္ နင္က ဘာေၾကာင့္ ငါ့ကိုေလွာင္ေနသလဲဆုိတာ ငါမသိဘူး.. ဒီေန႔ ငါ့အတြက္ ပိုက္ဆံမပါဘဲ ငါမျပန္ႏိုင္ဘူး..နင္ ငါ့ကို ပိုက္ဆံမကူညီႏိုင္ရင္ မတ္ေတာ္ေမာင္ကိုပဲ တုိက္႐ိုက္သြားေတြ႕လိုက္ေတာ့မယ္.. သူက ခ်င္ယြိဖူကိုေတာင္ villa တစ္လံုးဝယ္ေပးခဲ့တာဆုိေတာ့ သူက လူေကာင္းပဲ.. ငါ့ေယာက္်ားအတြက္ သူ႔ကို ငါ ဒူးေထာက္ေတာင္းပန္ဖုိ႔ ဝန္မေလးသလို ႏွလံုးသားမရွိတဲ့ ငါ့ညီမအေၾကာင္းကို ေျပာျပဖို႔လည္း ဝန္မေလးဘူး.. ငါလုပ္ႏုိင္တာအကုန္ လုပ္ရမွာပဲ.."

"နင္လုပ္ရဲတယ္ေပါ့.."

"ငါဘာေၾကာင့္ မလုပ္ရဲရမွာလဲ.. ငါ့ညီမက ခ်မ္းသာေပမယ့္ ငါ့ကို အဆံုးထိတြန္းပို႔ေနတယ္.. မတ္ေတာ္ေမာင္ရဲ့႐ံုးခန္းေရွ႕မွာ ငါ ေအာ္ငိုဖို႔ဝန္မေလးဘူး.. နင္က ငါ့ကို႐ိုင္းပ်လို႔ ငါနင့္ကို သိကၡာက်ေအာင္လုပ္ဖို႔လည္း ဝန္မေလးဘူး.. နင့္မွာ ပိုက္ဆံေကာ၊ အဆက္အသြယ္ေကာရွိေပမယ့္ ငါ့အတြက္ သန္းေခါင္ထက္ညဥ့္မနက္ေတာ့ဘူး.. သူေတာင္းစားတစ္ေယာက္က ေဒဝါလီမခံႏိုင္သလိုပဲ.. နင္ ငါ့ကိုသတ္ခ်င္လည္း ဒီေန႔ ဒီကိုလာခဲ့တယ္ဆုိတာ ရြာမွာ လူေတြကို ေျပာျပခဲ့ၿပီးသား.. နင္ ငါ့ကို ဘာလုပ္ခ်င္ေသးလဲ.."

"ခ်င္ယြိလန္.. နင္ ငါဂုဏ္သိကၡာက်ေအာင္ လုပ္မယ္လို႔ ေျပာရဲသလား.. ငါ့ေယာက္်ားကို သြားေႏွာင့္ယွက္ရဲရင္ ေႏွာင့္ယွက္ၾကည့္စမ္း.. ငါ့သားေလးေမြးၿပီးရင္ နင့္ကို ငါနဲ႔အတူ ပ်က္စီးေအာင္ ဆြဲခ်ပစ္လိုက္မယ္.."

ခ်င္ယြိလန္က ညီမျဖစ္သူ၏ ၿခိမ္းေျခာက္မႈေၾကာင့္ မ်က္ႏွာျဖဴေဖ်ာ့ေအာင္ ေၾကာက္ရြံ႕သြားေပမယ့္ အားတင္းကာ ဆက္ေျပာလိုက္ေသးသည္။

"ဘာပဲျဖစ္ျဖစ္ နင့္မွာ သားေယာက္်ားေလး ထပ္ေမြးဦးမွာဆိုေတာ့ ကံေကာင္းပါတယ္ဟာ.."

ခ်င္ယြိက်ိဳး၏မ်က္ႏွာက သူ႔သားငယ္ေလးအေၾကာင္းၾကားေတာ့ ခ်က္ခ်င္းႏူးညံ့လာၿပီး သူမဝမ္းဗိုက္ကို အသာထိလိုက္သည္။

ခ်င္ယြိလန္က သက္ျပင္း႐ိႈက္ကာ ဒူးေတြေပ်ာ့ေနေပမယ့္ လက္မလႊတ္ႏိုင္ေသးေပ။

"ေကာင္းၿပီေလ.. နင္က စာခ်ဳပ္ေရးခ်င္လည္း ေရးပါ.. ငါ့ကို ပိုက္ဆံတစ္သိန္းေလာက္ ေခ်းေပးရင္ နင့္ေယာက္်ားမိသားစုေရွ႕မွာ နင့္ကိုသိကၡာက်ေအာင္ မလုပ္ေတာ့ပါဘူး.."

သူမက ေငြေခ်းတယ္ေျပာေပမယ့္ ဒီပိုက္ဆံတစ္သိန္းရၿပီးလွ်င္ ျပန္ဆပ္ဖို႔စိတ္ကူးမရွိေပ။

ငတံုးမခ်င္ယြိက်ိဳး.. ျပန္မဆပ္ေတာ့ေရာ နင္ဘာလုပ္ႏိုင္မွာမို႔လဲ..။

"တကယ္လို႔ ငါ နင့္ကို ဒီေန႔ ပိုက္ဆံေခ်းေပးလိုက္ရင္ ငါ့ေယာကၡမႀကီးမ်က္စိထဲမွာ ပိုဆိုးသြားမွာျဖစ္ေပမယ့္ ခုလိုမ်ိဳး ငါ့ကိုစြပ္စြဲတာကို ငါမခံႏိုင္ဘူး.. ဒါေၾကာင့္ ေခ်းေပးလိုက္ပါမယ္.. ဒီဆိုင္ရဲ့ ဟိုဘက္လမ္းတစ္ဖက္မွာ ေရွ႕ေနအဖြဲ႕ရွိတယ္.. နင္ ငါ့ဆီမွာ ေငြေခ်းထားေၾကာင္း စာခ်ဳပ္သြားခ်ဳပ္ၾကတာေပါ့.."

"ယြိက်ိဳး.."

ခ်င္ယြိက်ိဳး.. ထရပ္လိုက္ေသာေၾကာင့္ ခ်င္ယြိလန္က စိတ္ဓာတ္က်စြာျဖင့္ ညီမ၏လက္ေမာင္းကို ဆုပ္ကိုင္လိုက္ေပမယ့္ ခ်င္ယြိက်ိဳးက ႐ုန္းကာ ထြက္သြားေလၿပီ။ ခ်င္ယြိလန္က သူမညီမကို လာေတြ႕မယ့္အစား မတ္ေတာ္ေမာင္သူေဌးႀကီးကို လာေတြ႕မိရင္အေကာင္းသားဟု ေတြးမိသည္။

မတ္ေတာ္ေမာင္က ခ်င္ယြိဖူကုိ အိမ္ဝယ္ေပးသလို သူမကို အိမ္တစ္လံုးဝယ္ေပးေလာက္သည္။

အခန္း 403 ကိုျဖတ္လာစဥ္ ခ်င္ယြိက်ိဳး၏မ်က္ဝန္းက တဖ်တ္ဖ်တ္လက္ေနသည္။ ဒီညီအစ္မေတြကို ကိုင္တြယ္ဖို႔ ခ်င္ယြိက်ိဳးက အစကတည္းက ေသခ်ာႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္သည္။ သူမကိုေက်ာ္ၿပီး ေယာက္်ားမိသားစုကို ၿခိမ္းေျခာက္ခ်င္သည္။ ခ်င္ယြိလန္အတြက္ ငရဲဆိုတာ ဘာလဲဆိုတာ လက္ေတြ႕ျပရေသးတာေပါ့။ ခဲအိုက တစ္လမွ 150 ရတယ္ ဟုတ္လား..။ ငါ့ကို ငတံုးမ်ားမွတ္ေနလား..။ အစိုးရက နယ္မွဝန္ထမ္းမ်ားကို ၿမိဳ႕ကဝန္ထမ္းေတြထက္ လစာျမင့္ျမင့္ေပးကာ အိမ္၊ အသက္အာမခံ စတဲ့အခြင့္အေရးေတြကိုလည္း ေပးကာ ေထာက္ပံ့ထားေသးသည္။ ၿမိဳ႕ကဆရာမေတြရဲ့ လစာေတာင္ တစ္လကို 450 ရွိတာ နယ္ကေက်ာင္းဆရာလစာက ေသခ်ာေပါက္ ဒီထက္ပိုမ်ားႏိုင္သည္။ ဥကၠ႒တစ္ေယာက္၏ အမႈေဆာင္လက္ေထာက္လုပ္ခဲ့ေသာ သူမကို လွည့္ဖ်ားခ်င္ေသးတာလား။ သူမ်ားကိုပဲ လိမ္လို႔ရမည္။

ဘာျဖစ္ျဖစ္ ခ်င္ယြိက်ိဳးအတြက္ ခုကိစၥက အျမတ္ေတာ့ထြက္သြားေလၿပီ။ သူမက စိတ္ထားေကာင္းၿပီး သနားစဖြယ္ ကုိယ္ဝန္ေဆာင္တစ္ဦးဆိုတာ သက္ေသျပႏိုင္ေလၿပီ။ ၿပီးေတာ့ ေယာက္်ားမိသားစုအတြက္ ဓားေတာင္ကိုေက်ာ္ၿပီး မီးပင္လယ္ျဖတ္ဖို႔ အသင့္ရွိေၾကာင္း ျပသႏိုင္ေလၿပီ။

႐ႈနင္က သူမကုိ ဒီကိစၥကိုေျပာလာကတည္းက သူမ ေသခ်ာအကြက္ခ်ထားခဲ့သည္။ ႐ႈေကာင္းႏွင့္ ႐ႈခ်ိန္တို႔က သူမႏွင့္ကေလးကို ကာကြယ္ဖို႔ ေသခ်ာေပါက္ ကိုယ္ရံေတာ္မ်ားလႊတ္ကာ ေစာင့္ေရွာက္ခိုင္းထားတာသိလို႔ ခုလို သူမအစ္မႏွင့္ drama ေလး ခင္းလိုက္ျခင္းျဖစ္သည္။ အခန္း 403 မွာ တိတ္တဆိတ္နားေထာင္ေနေသာ ကိုယ္ရံေတာ္မွတဆင့္ သူမအေၾကာင္းကို ႐ႈေကာင္းႏွင့္႐ႈခ်ိန္တို႔ သိသြားလွ်င္ သူမ ယေန႔ သ႐ုပ္ေဆာင္ရက်ိဳးနပ္ေလၿပီ။ ခ်င္ယြိလန္က ဘာမွမဟုတ္ေသာ ပမႊားတစ္ေယာက္ျဖစ္လို႔ ကလဲ့စားေခ်ဖို႔ေတာင္ သူမ ပ်င္းရိေနသည္။ ဒါေပမယ့္ သူမကိုယ္စား တစ္ေယာက္ေယာက္က ခ်င္ယြိလန္ကို ေသခ်ာေပါက္ပညာေပးလိုက္မည္ကို သိေနလို႔ သူမလက္ကို ညစ္ပတ္မခံေစေတာ့ေပ။ သူမထြက္လာၿပီး မၾကာခင္ အမ်ိဳးသမီးတစ္ဦးေရာက္လာၿပီး ခ်င္ယြိလန္ကို ေမာင္းထုတ္လိုက္ေသာေၾကာင့္ ခ်င္ယြိလန္က ခ်က္ခ်င္း အိမ္ကိုျပန္သြားရေတာ့သည္။ ဒါက တူေသာအက်ိဳးေပးတာပါပဲ..။

••••••••••••••••••••

ေန႔လည္စာစားခ်ိန္ေရာက္ေတာ့ ႐ႈဟိန္က ဖုန္းဆက္ကာ ႐ႈနင္စာေသခ်ာလုပ္၊ မလုပ္ ေမးခဲ့သည္။

ဒီလူငယ္ေလးက ငါ့ကို အနီးကပ္ကို ေစာင့္ၾကည့္ေနေတာ့တာပါပဲ.. (o(╯□╰)o)

႐ႈနင္က တမင္သက္သက္ ဖုန္းျမည္ေစၿပီးမွ ကိုင္လိုက္သည္။

"အစ္ကိုႀကီး.. ေကာင္းေသာေန႔လည္ခင္းပါ.."

"ဘယ္လုိလဲ.. ဆရာသင္တာအားလံုး နားလည္ရဲ့လား.."

"နားလည္ပါတယ္ အစ္ကိုႀကီး.."

"အခုေရာ.. ေမ့သြားၿပီလား.."

ဘုရားေရ.. ဘယ္လိုစကားေျပာရမယ္ဆိုတာ မင္း တကယ္သိရဲ့လား..။

"ေလာင္းမလား.. ကၽြန္ေတာ့္ကို ေမးခြန္းႀကိဳက္တာေမး.. ကၽြန္ေတာ္ အားလံုးမွန္ေအာင္ ေျဖႏိုင္ရင္ မနက္ျဖန္တစ္ရက္ နားခြင့္ေပးမလား.."

"ေကာင္းၿပီ.."

၂မိနစ္ၾကာေတာ့ ကံဆိုးၿပီး ႐ႈနင္ မေျဖႏိုင္ေတာ့ေပ။ ႐ႈဟိန္က မေျဖႏိုင္ရင္ အျပစ္ေပးမယ္မေျပာလို႔သာေပါ့..။

"မင္း အခု ေကာင္းေကာင္းမကၽြမ္းက်င္ေသးဘူး.. ဒါေပမယ့္ စာေကာင္းေကာင္းလုပ္ရင္ အစ္ကိုႀကီး မင္းကို ဆုခ်မယ္.."

"........."

"လိမ္လိမ္မာမာေနေနာ္.."

"အစ္ကိုႀကီး.. ဘယ္အခ်ိန္ျပန္လာမလဲ.. ကၽြန္ေတာ္ စေတာ္ဘယ္ရီကိတ္မုန္႔ စားခ်င္တယ္.."

"ေကာင္းၿပီ.."

"ကၽြန္ေတာ္က အစ္ကိုႀကီးကိုယ္တိုင္ ဝယ္ေပးလာတာကိုပဲ စားခ်င္တာ.."

"ေကာင္းၿပီ.."

ဖုန္းခ်လိုက္ၿပီးေတာ့ ႐ႈနင္က အိပ္ယာထက္မွာ အက်ယ္ႀကီးရယ္ေမာကာ လူးလိမ့္ေနလို႔ ခုတင္ေအာက္ျပဳတ္က်မလို ျဖစ္သြားသည္။ ေကာင္မေလးေတြခ်ည္းပဲ ဝိုင္းတိုးကာ ဝယ္ေနသည့္ cake counter ေရွ႕မွာ အစ္ကိုႀကီး၏မ်က္ႏွာ ႐ႈတည္တည္ႀကီးႏွင့္ ရပ္ေနမည္ကိုေတြးကာ အူျမဴးလို႔ေနသည္။ အြန္လိုင္းကေန စားစရာမွာလို႔မရေသးေတာ့ ေသခ်ာေပါက္ အစ္ကိုႀကီး၏မ်က္ႏွာထက္မွာ (囧) လိုပံုျဖစ္ေနမွာကို ျမင္ေယာင္ၾကည့္ၿပီး playboy မဂၢဇင္းကို စုေဆာင္းရတာထက္ေတာင္ ပိုေပ်ာ္မိေသးသည္။ အစ္ကိုႀကီးကို စေနာက္ရတာ သူ႔အတြက္ ေက်နပ္စရာအေကာင္းဆံုးပင္ျဖစ္သည္။

ေကာင္းၿပီ.. ေန႔လည္မွာ အဂၤလိပ္စာေလ့လာရမည္။ ဒီေႏြပိတ္ရက္သင္တန္းကို သူ ေသခ်ာေလးလုပ္လိုက္ရင္ အေျခခံရွိၿပီးသားသူ႔အတြက္ ႐ႈဟိန္ေက်နပ္သည့္အဆင့္ကို အလြယ္တကူရႏိုင္သည္။ ဒါေၾကာင့္ သူက စာကိုေသခ်ာေလ့လာေတာ့ ႏိုင္ငံျခားသားဆရာက သူ႔လို ေလးနက္စြာေလ့လာသည့္ကေလးမ်ိဳး မႀကံဳဖူးေသးဟုဆိုကာ ခ်ီးက်ဴးခဲ့ေသးသည္။

႐ႈနင္က ထုိခ်ီးမြမ္းစကားကိုၾကားေတာ့ ရွက္သြားသည္။

ငါက အသက္ ၃၀ ရွိၿပီး မင္းထက္ေတာင္ အသက္ႀကီးတယ္.. သိရဲ့လား..( →_→)

အစက အဂၤလိပ္စာခ်ိန္က ေန႔လည္ ၃နာရီမွာ ၿပီးမယ္ထင္ထားေပမယ့္ ႐ႈနင္က ေသခ်ာလုပ္တာျမင္ေတာ့ ၄ နာရီေလာက္မွ ၿပီးသြားသည္။ ႐ႈနင္က ႀကိဳးစားျပလိုက္မိသည္ကို ေနာင္တရသြားသည္။ ထိုဆရာမ်ားက ႐ႈဟိန္က ေစ်းႀကီးေပးငွားထားေသာ တကယ့္ကၽြမ္းက်င္သူမ်ားျဖစ္ကာ ႐ႈနင္တစ္ေယာက္တည္းကို အထူးဂ႐ုစိုက္ သင္ေပးရသူမ်ားျဖစ္သည္။ သူတို႔က အခု ႐ႈနင္၏အားသာခ်က္မ်ားကို သိသြားေတာ့ ႐ႈနင္အတြက္ အထူးသင္ၾကားေရး အစီအစဥ္မ်ားကိုဆြဲကာ ညတိုင္း ႐ႈဟိန္ကို အစီရင္ခံရသည္။ ညေနေစာင္းေတာ့ ၿခံထဲကို ဇိမ္ခံ Limousine ကားနက္ႀကီးဆိုက္ေရာက္လာၿပီး ႐ႈဟိန္ အိမ္ျပန္ေရာက္ခဲ့ေလၿပီ။

႐ႈနင္က ျပတင္းေပါက္မွာ ေမးေထာက္ထိုင္ေနၿပီး ကားထဲကထြက္လာေသာ အနက္ေရာင္အေနာက္တိုင္းဝတ္စံု ဝတ္ထားသည့္ ေခ်ာေမာခန္႔ညားေသာ ႐ႈဟိန္ကိုေငးၾကည့္ကာ ဧကရာဇ္မင္းျမတ္ေတြေတာင္ သူ႔ေလာက္မခန္႔ညားႏိုင္ေလာက္ဟု ေတြးေနသည္။

ေသစမ္း.. သူက ဘာေၾကာင့္ ဒီေလာက္ၾကည့္ေကာင္းေခ်ာေမာေနရတာလဲ..။

႐ႈနင္မွာ ႐ႈဟိန္၏႐ုပ္ဆင္းသြင္ျပင္ေၾကာင့္ ခဏ စိတ္ကေယာက္ကယက္ ျဖစ္သြားရွာသည္။ ၿပီးမွ ၿပံဳးလိုက္ၿပီး လက္ေဝွ႔ယမ္းကာ ႏႈတ္ဆက္လိုက္သည္။

႐ႈဟိန္၏မ်က္ဝန္းက မည္းနက္သြားကာ က်ဥ္းေျမာင္းသြားသည္။ သူ႔ညီေလးက ခ်ိဳသာသည့္အၿပံဳးႏွင့္ ျဖဴလြလြသြားေတြရွိတာပဲ။ ညီေလးက သူျပန္လာတာေတြ႕လို႔ အရမ္းကိုဝမ္းသာေနတာလား။ ႐ႈနင္၏ မေမွ်ာ္လင့္ေသာအျပဳအမူက ႐ႈဟိန္ကို အရမ္းေပ်ာ္သြားေစၿပီး ရႈနင္လုပ္ခဲ့သည့္အတိုင္း လက္ျပန္ယမ္းကာ ႏႈတ္ဆက္ၿပီး ဧည့္ခန္းထဲဝင္လာခဲ့သည္။

႐ႈဟိန္က ႐ႈေကာင္းကို အရင္သြားႏႈတ္ဆက္ကာ သူတေန႔တာလုပ္ခဲ့သည္ကို ေျပာျပၿပီးေနာက္ တစ္နာရီေလာက္ စစ္တုရင္ကစားၾကသည္။ ႐ႈနင္က သူတို႔ေဘးနားကိုေရာက္လာၿပီး အစ္ကိုႀကီးက ေတာ္လိုက္တာ..၊ ငါနဲ႔ကစားေတာ့ ငါ ခဏေလးနဲ႔႐ံႈးသြားတာ အံ့ၾသစရာမရွိေတာ့ပါဘူး။

႐ႈေကာင္းက တစ္ကြက္ေရႊ႕လိုက္စဥ္ ႐ႈဟိန္က 'ကၽြန္ေတာ္႐ံႈးၿပီ' ဟု ေျပာလိုက္သည္။

ႀကီးျမတ္လွေသာ နတ္ဘုရားႀကီး ႐ံႈးနိမ့္သြားသည့္ျမင္ကြင္းကို ႐ႈနင္ ပီတိျဖစ္စြာၾကည့္ေနမိသည္။

"မင္းက အကြက္ခ်တာကို ေကာင္းေကာင္းသင္ယူႏိုင္ခဲ့တာ မဆိုးဘူး.. ဒါေပမယ့္ မင္းက ခံစစ္ထက္ တိုက္စစ္ကို ပိုအားသာလို႔ ႐ံႈးသြားတာပဲ.. လာ.. ထပ္ေဆာ့ၾကမယ္.."

ေနာက္ထပ္ေဆာ့လည္း မၾကာခင္ အဖိုးက ထပ္ႏိုင္သြားျပန္သည္။ ႐ႈနင္က စိတ္ထဲကေန က်ိတ္ၿပီးေပ်ာ္ေနစဥ္ အဖိုးက သူ႔ကိုညႊန္ျပကာ ေျပာလိုက္သျဖင့္ ငိုခ်င္သြားမိသည္။

"လာ.. မင္းအလွည့္.. မင္းကို အဖိုးက ျမင္းတစ္ေကာင္၊ ရထားတစ္စင္းနဲ႔ အေျမႇာက္တစ္လက္ေပးမယ္.."

==================
Chapter (38) –  အကိုကြီး ပြန်အလာကို စောင့်နေသော ညီငယ်လေး (Z+U)

"ဘယ်တုန်းက.. ဘာ.."

ချင်ယွိလန်က အတိတ်ကသူမ၏လုပ်ရပ်ကို သတိရကာ အပြစ်မကင်းစိတ် ခံစားလိုက်ရပေမယ့် ပြောလိုက်သည်။

"ဒါပေမယ့် ဒါတွေက အတိတ်ကဖြစ်ရပ်တွေပါဟ.. နင်ငယ်ငယ်က ငါ့စကဒ်ကိုဖြဲလိုက်တုန်းက ငါ ဘယ်လောက်တောင်ရင်နာရလဲ.."

"နင် ကောလာဟလတွေလွှင့်တုန်းက ငါ့ကို စဉ်းစားပေးဖူးလား.. ငါ့ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ချိန်က အစ်မတစ်ယောက်အနေနဲ့ နင် ငါ့အတွက် ဘာစဉ်းစားပေးဖူးလဲ.. ကိုယ်ဝန်လွယ်ထားတဲ့ညီမက ဘယ်သွားလို့ဘယ်လာရမှန်း မသိချိန်မှာ နင်က ခုလိုတွေလုပ်ပြီး ငါ့ကို သတ်သေချင်အောင် တွန်းပို့ခဲ့တယ်.. ဒါတောင် ခုချိန် ငါ့ဆီမှာပိုက်ဆံတောင်းဖို့ နင်ဘယ်လိုစဉ်းစားရဲတာလဲ.."

ထိုစကားကိုကြားတော့ ချင်ယွိလန်က လန့်ဖျန့်သွားကာ စားပွဲအောက်ကနေ လက်သီးကို တင်းနေအောင်ဆုပ်ထားမိသည်။ ယွိကျိုးက သူမဘာသာသက်သေအောင် ကြိုးစားခဲ့ဖူးတာလား။ သူမလန့်သွားပေမယ့် အားတင်းပြုံးကာ ပြောလိုက်သည်။

"ယွိ.. ယွိကျိုး.. ဒါတွေက အထင်လွဲတာပါ.. နာမည်ဖျက်တာ ငါ.. ငါ.. ဘာမှမလုပ်ပါဘူး.. ဒါတွေက အစ်မကြီးပဲ လုပ်ခဲ့တာပါ.. ငါ.. ငါ.. ငယ်ငယ်က နင့်ကို ချီပိုးထိန်းကျောင်းပေးခဲ့တယ်လေ.."

"အစ်မကြီးက စိတ်ပုပ်ပေမယ့် သူလုပ်သမျှကို အမှန်အတိုင်းပြောပြခဲ့တယ်.. ဘာကြောင့်လဲဆိုတော့ သူက နင့်ကို စိတ်မချလို့ပဲ.. သူမကိုယ်ဝန်ရှိချိန် နင်လက်ထပ်ခါနီးမှာ သူမက နင်လုပ်သမျှကို အမေ့ကို အားလုံးပြောပြခဲ့တယ်.. ဒါပေမယ့် သူမက ကောင်းကောင်းမပြောခဲ့လို့ အမေက သူ့ကိုဆူငေါက်လိုက်သေးတယ်.. အဲ့ဒီကအပြန်မှာ အစ်မကြီးက တစ်လမ်းလုံးငိုလာပြီး နင်က အတွင်းပုပ်တယ်ဆိုတာ ပြောပြခဲ့တာပဲ.."

"ဒါပေမယ့် ဒါတွေက အရင်ကကိစ္စတွေလေ.. အခု နင် ကောင်းကောင်းနေရတာတွေ့ရတော့ ငါတကယ်ဝမ်းသာတယ်.."

"........."

အရှက်မရှိလိုက်တာ..။ ချင်ယွိကျိုးက မျက်လုံးကိုကျဉ်းလိုက်ကာ မေးလိုက်သည်။

"နင် ပိုက်ဆံလိုချင်တာလား.."

"ယွိကျိုး.. ငါက နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဆွဲနေရသူပါ.."

"နင် ဘယ်လောက်ချေးချင်တာလဲ.."

"ဟမ်.."

"နင် ဘယ်လောက်ချေးချင်တာလဲလို့ မေးတာ.. နင့်ယောက်ျားခွဲစိတ်ဖို့ ပိုက်ဆံဘယ်လောက်ချေးမလဲ.. ငါ နင့်ကို အတိုးမဲ့ချေးပေးပါ့မယ်.."

"ယွိကျိုး.. အစ်မမှာ ဘယ်ကပိုက်ဆံနဲ့ ပြန်ဆပ်နိုင်မှာလဲ.."

"ဒါဆို ငါက နင့်ကို အလကားပေးရမှာလား.. ငါ့ကို ဒီနေ့ နင်က တမင်ဒုက္ခလာပေးနေတာလား.. ရှုနင်ရဲ့ခေါင်းထဲကို မဟုတ်တာသွင်းပေးဖို့လည်း မကြိုးစားနဲ့.. ပြီးတော့ ငါက ရှုအိမ်တော်မှာ ဘာမှအာဏာရှိတာမဟုတ်ဘူး.. ငါ့ယောက္ခမကလည်း ငါ့ကို မျက်စိဒေါက်ထောက်ကြည့်နေတာ.. ဒီလောက်ပိုက်ဆံ နင့်ကို ငါ မပေးနိုင်ဘူး.."

"နင်ဘာကြောင့် ဒီလိုပြောရတာလဲ.. နင့်ယောက္ခမက နင့်ကို သဘောမကျဘူးဆိုတာ နင်တစ်ခုခု အမှားလုပ်မိလို့နေမှာပေါ့.. သူ့ကို လေးလေးစားစားဆက်ဆံရင် နင့်ရဲ့ကောင်းကွက်ကို မြင်လာမှာပဲလေ.."

"သူက ငါ့ယောက္ခမပဲ ငါမရိုသေဘဲ ဘယ်နေမလဲ.. ငါ့မှာ အချိန်မရှိတော့ဘူး.. နင်ပြန်ဆပ်နိုင်ရင် ဖုန်းဆက်ဖို့ ဖုန်းနံပါတ်တစ်ခုပေးလိုက်မယ်.. ငါတို့ငွေးချေးထားကြောင်း စာချုပ်ရေးလိုက်ကြတာပေါ့.. ဒါမှ ငါ ရှုအိမ်တော်ကိုပြန်ရောက်ရင် ရှင်းပြလို့ရမှာလေ.. တကယ်လို့ နင် စာချုပ်မချုပ်နိုင်ရင် ငါ့ကို အတင်းအကျပ်လာမလုပ်နဲ့.."

"ယွိကျိုး.. ငါလုပ်နိုင်တာအကုန် နင့်ကို ပြောပြပြီးသွားပြီ.. ဒါပေမယ့် နင်က ဘာကြောင့် ငါ့ကိုလှောင်နေသလဲဆိုတာ ငါမသိဘူး.. ဒီနေ့ ငါ့အတွက် ပိုက်ဆံမပါဘဲ ငါမပြန်နိုင်ဘူး..နင် ငါ့ကို ပိုက်ဆံမကူညီနိုင်ရင် မတ်တော်မောင်ကိုပဲ တိုက်ရိုက်သွားတွေ့လိုက်တော့မယ်.. သူက ချင်ယွိဖူကိုတောင် villa တစ်လုံးဝယ်ပေးခဲ့တာဆိုတော့ သူက လူကောင်းပဲ.. ငါ့ယောက်ျားအတွက် သူ့ကို ငါ ဒူးထောက်တောင်းပန်ဖို့ ဝန်မလေးသလို နှလုံးသားမရှိတဲ့ ငါ့ညီမအကြောင်းကို ပြောပြဖို့လည်း ဝန်မလေးဘူး.. ငါလုပ်နိုင်တာအကုန် လုပ်ရမှာပဲ.."

"နင်လုပ်ရဲတယ်ပေါ့.."

"ငါဘာကြောင့် မလုပ်ရဲရမှာလဲ.. ငါ့ညီမက ချမ်းသာပေမယ့် ငါ့ကို အဆုံးထိတွန်းပို့နေတယ်.. မတ်တော်မောင်ရဲ့ရုံးခန်းရှေ့မှာ ငါ အော်ငိုဖို့ဝန်မလေးဘူး.. နင်က ငါ့ကိုရိုင်းပျလို့ ငါနင့်ကို သိက္ခာကျအောင်လုပ်ဖို့လည်း ဝန်မလေးဘူး.. နင့်မှာ ပိုက်ဆံကော၊ အဆက်အသွယ်ကောရှိပေမယ့် ငါ့အတွက် သန်းခေါင်ထက်ညဉ့်မနက်တော့ဘူး.. သူတောင်းစားတစ်ယောက်က ဒေဝါလီမခံနိုင်သလိုပဲ.. နင် ငါ့ကိုသတ်ချင်လည်း ဒီနေ့ ဒီကိုလာခဲ့တယ်ဆိုတာ ရွာမှာ လူတွေကို ပြောပြခဲ့ပြီးသား.. နင် ငါ့ကို ဘာလုပ်ချင်သေးလဲ.."

"ချင်ယွိလန်.. နင် ငါဂုဏ်သိက္ခာကျအောင် လုပ်မယ်လို့ ပြောရဲသလား.. ငါ့ယောက်ျားကို သွားနှောင့်ယှက်ရဲရင် နှောင့်ယှက်ကြည့်စမ်း.. ငါ့သားလေးမွေးပြီးရင် နင့်ကို ငါနဲ့အတူ ပျက်စီးအောင် ဆွဲချပစ်လိုက်မယ်.."

ချင်ယွိလန်က ညီမဖြစ်သူ၏ ခြိမ်းခြောက်မှုကြောင့် မျက်နှာဖြူဖျော့အောင် ကြောက်ရွံ့သွားပေမယ့် အားတင်းကာ ဆက်ပြောလိုက်သေးသည်။

"ဘာပဲဖြစ်ဖြစ် နင့်မှာ သားယောက်ျားလေး ထပ်မွေးဦးမှာဆိုတော့ ကံကောင်းပါတယ်ဟာ.."

ချင်ယွိကျိုး၏မျက်နှာက သူ့သားငယ်လေးအကြောင်းကြားတော့ ချက်ချင်းနူးညံ့လာပြီး သူမဝမ်းဗိုက်ကို အသာထိလိုက်သည်။

ချင်ယွိလန်က သက်ပြင်းရှိုက်ကာ ဒူးတွေပျော့နေပေမယ့် လက်မလွှတ်နိုင်သေးပေ။

"ကောင်းပြီလေ.. နင်က စာချုပ်ရေးချင်လည်း ရေးပါ.. ငါ့ကို ပိုက်ဆံတစ်သိန်းလောက် ချေးပေးရင် နင့်ယောက်ျားမိသားစုရှေ့မှာ နင့်ကိုသိက္ခာကျအောင် မလုပ်တော့ပါဘူး.."

သူမက ငွေချေးတယ်ပြောပေမယ့် ဒီပိုက်ဆံတစ်သိန်းရပြီးလျှင် ပြန်ဆပ်ဖို့စိတ်ကူးမရှိပေ။

ငတုံးမချင်ယွိကျိုး.. ပြန်မဆပ်တော့ရော နင်ဘာလုပ်နိုင်မှာမို့လဲ..။

"တကယ်လို့ ငါ နင့်ကို ဒီနေ့ ပိုက်ဆံချေးပေးလိုက်ရင် ငါ့ယောက္ခမကြီးမျက်စိထဲမှာ ပိုဆိုးသွားမှာဖြစ်ပေမယ့် ခုလိုမျိုး ငါ့ကိုစွပ်စွဲတာကို ငါမခံနိုင်ဘူး.. ဒါကြောင့် ချေးပေးလိုက်ပါမယ်.. ဒီဆိုင်ရဲ့ ဟိုဘက်လမ်းတစ်ဖက်မှာ ရှေ့နေအဖွဲ့ရှိတယ်.. နင် ငါ့ဆီမှာ ငွေချေးထားကြောင်း စာချုပ်သွားချုပ်ကြတာပေါ့.."

"ယွိကျိုး.."

ချင်ယွိကျိုး.. ထရပ်လိုက်သောကြောင့် ချင်ယွိလန်က စိတ်ဓာတ်ကျစွာဖြင့် ညီမ၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပေမယ့် ချင်ယွိကျိုးက ရုန်းကာ ထွက်သွားလေပြီ။ ချင်ယွိလန်က သူမညီမကို လာတွေ့မယ့်အစား မတ်တော်မောင်သူဌေးကြီးကို လာတွေ့မိရင်အကောင်းသားဟု တွေးမိသည်။

မတ်တော်မောင်က ချင်ယွိဖူကို အိမ်ဝယ်ပေးသလို သူမကို အိမ်တစ်လုံးဝယ်ပေးလောက်သည်။

အခန်း 403 ကိုဖြတ်လာစဉ် ချင်ယွိကျိုး၏မျက်ဝန်းက တဖျတ်ဖျတ်လက်နေသည်။ ဒီညီအစ်မတွေကို ကိုင်တွယ်ဖို့ ချင်ယွိကျိုးက အစကတည်းက သေချာကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူမကိုကျော်ပြီး ယောက်ျားမိသားစုကို ခြိမ်းခြောက်ချင်သည်။ ချင်ယွိလန်အတွက် ငရဲဆိုတာ ဘာလဲဆိုတာ လက်တွေ့ပြရသေးတာပေါ့။ ခဲအိုက တစ်လမှ 150 ရတယ် ဟုတ်လား..။ ငါ့ကို ငတုံးများမှတ်နေလား..။ အစိုးရက နယ်မှဝန်ထမ်းများကို မြို့ကဝန်ထမ်းတွေထက် လစာမြင့်မြင့်ပေးကာ အိမ်၊ အသက်အာမခံ စတဲ့အခွင့်အရေးတွေကိုလည်း ပေးကာ ထောက်ပံ့ထားသေးသည်။ မြို့ကဆရာမတွေရဲ့ လစာတောင် တစ်လကို 450 ရှိတာ နယ်ကကျောင်းဆရာလစာက သေချာပေါက် ဒီထက်ပိုများနိုင်သည်။ ဥက္ကဋ္ဌတစ်ယောက်၏ အမှုဆောင်လက်ထောက်လုပ်ခဲ့သော သူမကို လှည့်ဖျားချင်သေးတာလား။ သူများကိုပဲ လိမ်လို့ရမည်။

ဘာဖြစ်ဖြစ် ချင်ယွိကျိုးအတွက် ခုကိစ္စက အမြတ်တော့ထွက်သွားလေပြီ။ သူမက စိတ်ထားကောင်းပြီး သနားစဖွယ် ကိုယ်ဝန်ဆောင်တစ်ဦးဆိုတာ သက်သေပြနိုင်လေပြီ။ ပြီးတော့ ယောက်ျားမိသားစုအတွက် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်ဖို့ အသင့်ရှိကြောင်း ပြသနိုင်လေပြီ။

ရှုနင်က သူမကို ဒီကိစ္စကိုပြောလာကတည်းက သူမ သေချာအကွက်ချထားခဲ့သည်။ ရှုကောင်းနှင့် ရှုချိန်တို့က သူမနှင့်ကလေးကို ကာကွယ်ဖို့ သေချာပေါက် ကိုယ်ရံတော်များလွှတ်ကာ စောင့်ရှောက်ခိုင်းထားတာသိလို့ ခုလို သူမအစ်မနှင့် drama လေး ခင်းလိုက်ခြင်းဖြစ်သည်။ အခန်း 403 မှာ တိတ်တဆိတ်နားထောင်နေသော ကိုယ်ရံတော်မှတဆင့် သူမအကြောင်းကို ရှုကောင်းနှင့်ရှုချိန်တို့ သိသွားလျှင် သူမ ယနေ့ သရုပ်ဆောင်ရကျိုးနပ်လေပြီ။ ချင်ယွိလန်က ဘာမှမဟုတ်သော ပမွှားတစ်ယောက်ဖြစ်လို့ ကလဲ့စားချေဖို့တောင် သူမ ပျင်းရိနေသည်။ ဒါပေမယ့် သူမကိုယ်စား တစ်ယောက်ယောက်က ချင်ယွိလန်ကို သေချာပေါက်ပညာပေးလိုက်မည်ကို သိနေလို့ သူမလက်ကို ညစ်ပတ်မခံစေတော့ပေ။ သူမထွက်လာပြီး မကြာခင် အမျိုးသမီးတစ်ဦးရောက်လာပြီး ချင်ယွိလန်ကို မောင်းထုတ်လိုက်သောကြောင့် ချင်ယွိလန်က ချက်ချင်း အိမ်ကိုပြန်သွားရတော့သည်။ ဒါက တူသောအကျိုးပေးတာပါပဲ..။

••••••••••••••••••••

နေ့လည်စာစားချိန်ရောက်တော့ ရှုဟိန်က ဖုန်းဆက်ကာ ရှုနင်စာသေချာလုပ်၊ မလုပ် မေးခဲ့သည်။

ဒီလူငယ်လေးက ငါ့ကို အနီးကပ်ကို စောင့်ကြည့်နေတော့တာပါပဲ.. (o(╯□╰)o)

ရှုနင်က တမင်သက်သက် ဖုန်းမြည်စေပြီးမှ ကိုင်လိုက်သည်။

"အစ်ကိုကြီး.. ကောင်းသောနေ့လည်ခင်းပါ.."

"ဘယ်လိုလဲ.. ဆရာသင်တာအားလုံး နားလည်ရဲ့လား.."

"နားလည်ပါတယ် အစ်ကိုကြီး.."

"အခုရော.. မေ့သွားပြီလား.."

ဘုရားရေ.. ဘယ်လိုစကားပြောရမယ်ဆိုတာ မင်း တကယ်သိရဲ့လား..။

"လောင်းမလား.. ကျွန်တော့်ကို မေးခွန်းကြိုက်တာမေး.. ကျွန်တော် အားလုံးမှန်အောင် ဖြေနိုင်ရင် မနက်ဖြန်တစ်ရက် နားခွင့်ပေးမလား.."

"ကောင်းပြီ.."

၂မိနစ်ကြာတော့ ကံဆိုးပြီး ရှုနင် မဖြေနိုင်တော့ပေ။ ရှုဟိန်က မဖြေနိုင်ရင် အပြစ်ပေးမယ်မပြောလို့သာပေါ့..။

"မင်း အခု ကောင်းကောင်းမကျွမ်းကျင်သေးဘူး.. ဒါပေမယ့် စာကောင်းကောင်းလုပ်ရင် အစ်ကိုကြီး မင်းကို ဆုချမယ်.."

"........."

"လိမ်လိမ်မာမာနေနော်.."

"အစ်ကိုကြီး.. ဘယ်အချိန်ပြန်လာမလဲ.. ကျွန်တော် စတော်ဘယ်ရီကိတ်မုန့် စားချင်တယ်.."

"ကောင်းပြီ.."

"ကျွန်တော်က အစ်ကိုကြီးကိုယ်တိုင် ဝယ်ပေးလာတာကိုပဲ စားချင်တာ.."

"ကောင်းပြီ.."

ဖုန်းချလိုက်ပြီးတော့ ရှုနင်က အိပ်ယာထက်မှာ အကျယ်ကြီးရယ်မောကာ လူးလိမ့်နေလို့ ခုတင်အောက်ပြုတ်ကျမလို ဖြစ်သွားသည်။ ကောင်မလေးတွေချည်းပဲ ဝိုင်းတိုးကာ ဝယ်နေသည့် cake counter ရှေ့မှာ အစ်ကိုကြီး၏မျက်နှာ ရှုတည်တည်ကြီးနှင့် ရပ်နေမည်ကိုတွေးကာ အူမြူးလို့နေသည်။ အွန်လိုင်းကနေ စားစရာမှာလို့မရသေးတော့ သေချာပေါက် အစ်ကိုကြီး၏မျက်နှာထက်မှာ (囧) လိုပုံဖြစ်နေမှာကို မြင်ယောင်ကြည့်ပြီး playboy မဂ္ဂဇင်းကို စုဆောင်းရတာထက်တောင် ပိုပျော်မိသေးသည်။ အစ်ကိုကြီးကို စနောက်ရတာ သူ့အတွက် ကျေနပ်စရာအကောင်းဆုံးပင်ဖြစ်သည်။

ကောင်းပြီ.. နေ့လည်မှာ အင်္ဂလိပ်စာလေ့လာရမည်။ ဒီနွေပိတ်ရက်သင်တန်းကို သူ သေချာလေးလုပ်လိုက်ရင် အခြေခံရှိပြီးသားသူ့အတွက် ရှုဟိန်ကျေနပ်သည့်အဆင့်ကို အလွယ်တကူရနိုင်သည်။ ဒါကြောင့် သူက စာကိုသေချာလေ့လာတော့ နိုင်ငံခြားသားဆရာက သူ့လို လေးနက်စွာလေ့လာသည့်ကလေးမျိုး မကြုံဖူးသေးဟုဆိုကာ ချီးကျူးခဲ့သေးသည်။

ရှုနင်က ထိုချီးမွမ်းစကားကိုကြားတော့ ရှက်သွားသည်။

ငါက အသက် ၃၀ ရှိပြီး မင်းထက်တောင် အသက်ကြီးတယ်.. သိရဲ့လား..( →_→)

အစက အင်္ဂလိပ်စာချိန်က နေ့လည် ၃နာရီမှာ ပြီးမယ်ထင်ထားပေမယ့် ရှုနင်က သေချာလုပ်တာမြင်တော့ ၄ နာရီလောက်မှ ပြီးသွားသည်။ ရှုနင်က ကြိုးစားပြလိုက်မိသည်ကို နောင်တရသွားသည်။ ထိုဆရာများက ရှုဟိန်က ဈေးကြီးပေးငှားထားသော တကယ့်ကျွမ်းကျင်သူများဖြစ်ကာ ရှုနင်တစ်ယောက်တည်းကို အထူးဂရုစိုက် သင်ပေးရသူများဖြစ်သည်။ သူတို့က အခု ရှုနင်၏အားသာချက်များကို သိသွားတော့ ရှုနင်အတွက် အထူးသင်ကြားရေး အစီအစဉ်များကိုဆွဲကာ ညတိုင်း ရှုဟိန်ကို အစီရင်ခံရသည်။ ညနေစောင်းတော့ ခြံထဲကို ဇိမ်ခံ Limousine ကားနက်ကြီးဆိုက်ရောက်လာပြီး ရှုဟိန် အိမ်ပြန်ရောက်ခဲ့လေပြီ။

ရှုနင်က ပြတင်းပေါက်မှာ မေးထောက်ထိုင်နေပြီး ကားထဲကထွက်လာသော အနက်ရောင်အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့် ချောမောခန့်ညားသော ရှုဟိန်ကိုငေးကြည့်ကာ ဧကရာဇ်မင်းမြတ်တွေတောင် သူ့လောက်မခန့်ညားနိုင်လောက်ဟု တွေးနေသည်။

သေစမ်း.. သူက ဘာကြောင့် ဒီလောက်ကြည့်ကောင်းချောမောနေရတာလဲ..။

ရှုနင်မှာ ရှုဟိန်၏ရုပ်ဆင်းသွင်ပြင်ကြောင့် ခဏ စိတ်ကယောက်ကယက် ဖြစ်သွားရှာသည်။ ပြီးမှ ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

ရှုဟိန်၏မျက်ဝန်းက မည်းနက်သွားကာ ကျဉ်းမြောင်းသွားသည်။ သူ့ညီလေးက ချိုသာသည့်အပြုံးနှင့် ဖြူလွလွသွားတွေရှိတာပဲ။ ညီလေးက သူပြန်လာတာတွေ့လို့ အရမ်းကိုဝမ်းသာနေတာလား။ ရှုနင်၏ မမျှော်လင့်သောအပြုအမူက ရှုဟိန်ကို အရမ်းပျော်သွားစေပြီး ရှုနင်လုပ်ခဲ့သည့်အတိုင်း လက်ပြန်ယမ်းကာ နှုတ်ဆက်ပြီး ဧည့်ခန်းထဲဝင်လာခဲ့သည်။

ရှုဟိန်က ရှုကောင်းကို အရင်သွားနှုတ်ဆက်ကာ သူတနေ့တာလုပ်ခဲ့သည်ကို ပြောပြပြီးနောက် တစ်နာရီလောက် စစ်တုရင်ကစားကြသည်။ ရှုနင်က သူတို့ဘေးနားကိုရောက်လာပြီး အစ်ကိုကြီးက တော်လိုက်တာ..၊ ငါနဲ့ကစားတော့ ငါ ခဏလေးနဲ့ရှုံးသွားတာ အံ့သြစရာမရှိတော့ပါဘူး။

ရှုကောင်းက တစ်ကွက်ရွှေ့လိုက်စဉ် ရှုဟိန်က 'ကျွန်တော်ရှုံးပြီ' ဟု ပြောလိုက်သည်။

ကြီးမြတ်လှသော နတ်ဘုရားကြီး ရှုံးနိမ့်သွားသည့်မြင်ကွင်းကို ရှုနင် ပီတိဖြစ်စွာကြည့်နေမိသည်။

"မင်းက အကွက်ချတာကို ကောင်းကောင်းသင်ယူနိုင်ခဲ့တာ မဆိုးဘူး.. ဒါပေမယ့် မင်းက ခံစစ်ထက် တိုက်စစ်ကို ပိုအားသာလို့ ရှုံးသွားတာပဲ.. လာ.. ထပ်ဆော့ကြမယ်.."

နောက်ထပ်ဆော့လည်း မကြာခင် အဖိုးက ထပ်နိုင်သွားပြန်သည်။ ရှုနင်က စိတ်ထဲကနေ ကျိတ်ပြီးပျော်နေစဉ် အဖိုးက သူ့ကိုညွှန်ပြကာ ပြောလိုက်သဖြင့် ငိုချင်သွားမိသည်။

"လာ.. မင်းအလှည့်.. မင်းကို အဖိုးက မြင်းတစ်ကောင်၊ ရထားတစ်စင်းနဲ့ အမြှောက်တစ်လက်ပေးမယ်.."

==================



ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now