Chapter (104)_ အစ်မကို ချကျွေးပြီး ထောင်ချောက်ဆင်တဲ့ ချင်ယွိကျိုး

13.3K 2.1K 45
                                    

ဇော်ဂျီသမားများ အောက်ကို ဆွဲချပေးပါ။


Chapter (104)_ အစ်မကို ချကျွေးပြီး ထောင်ချောက်ဆင်တဲ့ ချင်ယွိကျိုး



ချင်ယွိဖူက တစ်ခုခုပဲဆိုတာ ခံစားမိလိုက်လို့ သူ့ဇနီးသည်လက်ထဲက စာအိတ်နီကို ဖွင့်ကြည့်လိုက်တော့ ယွမ် ၁ သန်းဟု ရေးထားသည့် ချက်ခ်လက်မှတ်ဖြစ်နေသည်ကိုတွေ့တော့ မျက်နှာအမူယာပြောင်းသွားပြီး စာအိတ်ကို ရှုနင်ရဲ့လက်မောင်းထဲ  ပြန်တွန်းပေးကာ ပြောလိုက်သည်။

"ဒါက သိပ်များလွန်းတယ်။ ငါ လက်မခံနိုင်ဘူး"

"...... " ရှုနင် သည်တခဏမျှအံ့အားသင့်သွားပြီး သူ၏ ဦး လေးက လုံးဝပြောင်းလဲခြင်း မရှိသေးပါလားဟုတွေးကာ ချက်ချင်းပဲ သူက အေးဆေးသောအပြုံးဖြင့် စာအိတ်နီကို ပြန်တွန်းပေးကာ ပြောလိုက်သည်။

  "ဒါက ကျွန်တော့် အဖေဆီက လက်ဖွဲ့ငွေပါ။ ကျွန်တော့်ဆီက မဟုတ်ပါဘူး"

"ဒါဆို ဒါကို ငါငြင်းဖို့နောက်ထပ် ခိုင်လုံတဲ့ အကြောင်းပြချက်ပဲ"

"...... " ရှုနင် ကသူ၏ ဦး လေးနှင့်တွန်းအားပေးလိုက်သည်

 "ဦးလေးက ကျွန်တော့်ကို အပင်ပန်းခံပြီး ပြုစုခဲ့လို့ ဒီဟာနဲ့ထိုက်တန်တယ်လို့ အမေက ပြောခဲ့တယ်။ ဒါကြောင့် ဦးလေး ဒါကို လက်ခံပြီး ပျော်ရွှင်တဲ့နေ့ရက်ကို ဖြတ်သန်းသင့်ပါတယ်"

" မင်းရဲ့ကြင်နာတဲ့ ရည်ရွယ်ချက်ကို ငါနားလည်ပါတယ်။ ထိုင်ပြီး ကောင်းကောင်းသာစားစမ်းပါ....ဒီငွေကို မင်းရဲ့ကျောင်းတက်တဲ့နေရာမှာ သုံးလိုက်။"

ချင်ယွိဖူက ရှုနင်ကို အတင်းပုခုံးက ဖိကာ စားပွဲဝိုင်းမှာ ထိုင်စေလိုက်သည်။ ရှုနင်ပြောတာတွေက အကြောင်းပြချက်တွေဆိုတာ သူ သိသည်။ သူ့အငယ်ဆီက ဒီလောက်များတဲ့ ငွေကို လက်ခံလို့ ဘယ်လိုမှမဖြစ်နိုင်ပေ။ အခုတောင် နင်နင်က သူ့အတွက် လုပ်ပေးထားတာ များလှပြီ။ ဒါဆို သူ့အတွက် လုံလောက်ပြီ။ တကယ်လို့ သူ အရေးပေါ် ငွေလိုတယ်ဆိုလည်း နင်နင်က သူ့ကို ပေးမှာပဲလေ။

 ရှုနင်က ဦးလေးကို တိုက်တွန်းလို့ မရသည့်အတွက် ချက်ခ်လက်မှတ်ပါသည့် စာအိတ်ကို ပြန်ယူပြီး စားပွဲတွင် ထိုင်စားလိုက်သည်။ သူ့ကိုယ်ရံတော်တွေက သူ့အနောက်မှာ မတ်တပ်ရပ်ပြီး စောင့်ရှောက်ပေးနေသည်။ ဒါကို ပွဲတက်လာသည့် ဧည့်သည်များက စပ်စုစွာ ကြည့်နေပေမယ့် တည့်တိုးတော့ မကြည့်ရဲကြပေ။ ရှုနင်က လူတွေရဲ့ အမြင်ကို အာရုံမစိုက်ပဲ အေးဆေးစွာ စားစရာရှိတာစားနေသည်။

ဦးလေးနောက်ကို လိုက်သွားသည့် သတို့သမီး၏မျက်နှာက ဦးလေး၏စကားတွေကြောင့် မျက်စိမျက်နှာပျက်ကာ ဦးလေးနောက်ကို လိုက်ကာ ပရိတ်သတ်ကို ဧည့်ခံစကားပြောစဉ် ခြေလမ်းတွေပင် မှားကာ ဒေါသထွက်နေဟန်တူသည်။ ကြည့်ရတာ ဒီနေ့ သူ ကောင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်လိုက်ပေမယ့် ဦးလေးအတွက် မကောင်းသည့်အရာဖြစ်သွားပုံပေါ်သည်။

သို့သော် နင်နင်က အလွန်န်အမင်းတွေးတောခြင်းမရှိပေ။ ဒါကို သူ၏ ဦး လေးက ဂရုစိုက်လိမ့်မည်။ စုံတွဲတစ်တွဲသည်တစ် ဦး နှင့်တစ် ဦး အပြန်အလှန် နားလည်မှုမရှိလျှင် သူတို့ ရှေ့ဆက်နိုင်မည်မဟုတ်ပေ။ ဒါဆိုရင် ဆံပင်ဖြူ သွားကြိုးသည်အထိ အချစ်တွေနှင့် အတူအဖော်ပြုပေးနိုင်မှာ မဟုတ်တာ သေချာသည်။
 
ဖန်ချန်းသည် ရှုနင် ဘေးတွင်ထိုင်နေသည်။ သူတို့စားပွဲတွင် Company မှ အဆင့်မြင့ ်အမှုဆောင်အရာရှိများလည်း ထိုစားပွဲ၌ထိုင်ကြသည်။ ထိုဝိုင်းက လူတွေက မကြာခဏ အရက်ခွက်ချင်း တိုက်ကာ Cheer လုပ်ကြပေမယ့် သူတို့ရဲ့ တကယ့် ဘော့စ်က အသက်မပြည့်သေးလို့ လိမ်မော်ရည်ကိုသာ သောက်နေရသည်။ တကယ်ဆိုရင် သူတို့သူဌေးက 16 နှစ်ပဲရှိသေးသဖြင့် သူတို့တွေ  အသက် 16 နှစ်တုန်းက ဘာလုပ်နေကြတာလဲဆိုတာ စဉ်းစားနေကြသည်။ အတန်းထဲက ဘယ်မိန်းကလေးကပိုပြီးလှသလဲ ဆိုတာတွေးနေခဲ့ကြသလို   lamp-light (အပျော်ဂေဟာ) မှာ လုပ်နေတဲ့ ဘယ်မိန်းကလေးကတော့ လှသည်ဆိုတာနဲ့ပဲ ပြည့်နေခဲ့သည်။

တစ်နေ့တာ ပွဲတက်ပြီး ရှုနင်အိမ်ကိုပြန်ရောက်ချိန်မှာ သူ အတော်လေးကို ပန်းနေလေပြီ။ အကိုကြီးသာ မြို့တော်မှာရှိရင် ဒီလိုဟာတွေကို သူ လုပ်စရာလိုမည်မဟုတ်ပေ။ အခုတော့ ပင်ပန်းလွန်းလို့ ရှုနင်က ရေချိုးပြီး အိပ်ယာထဲ တိုးဝင်ကာ စောင်အောက်မှာ မျက်လုံးကို ပွတ်နေစဉ် ရှုဟိန်ဆီက ဖုန်းဝင်လာခဲ့သည်။
ရှုနင်က ဖုန်းခေါ်ဆိုခြင်းကိုပျော်ရွှင်စွာ လက်ခံပြီးစကားပြောနေပေမယ့် ပြောမပြီးခင် သူ အိပ်ပျော်သွားသည်။ ရှုဟိန်သည် နင်နင်၏အသက်ရှူရှိုက်သံကိုကြားရသောအခါ စိတ်ထဲ ငြိမ်သက်အေးချမ်းမှု နှင့် ရှုနင်သည်အနားဘေးတွင်အနားယူနေသကဲ့သို့ ခံစားလိုက်ရလို့ ရှုဟိန်၏ခန္ဓာကိုယ် တစ်ခုလုံး အနွေးဓါတ်က ပြန့်နှံ့သွားခဲ့သည်။

ရှုဟိန်သည် နင်နင် အိပ်ပျော်သွားသည်ကို အတည်ပြုပြီးမှ သူ့ကိုယ်ရံတော်ကို ဖုန်းဆက်ကာ နင်နင်လက်ထဲက ဖုန်းကို ဘေးချခိုင်းပြီး စောင်သေချာခြုံခိုင်းလိုက်သည်။

 
ရက်အနည်းငယ်အကြာတွင် ရှုနင်သည် ကျောက်တုန်းနှင့် အတူထိုင်ကာ စားသောက်နေစဉ် ကင်တင်းက အခြားဝိုင်းတွင် ထိုင်ပြီး သူတို့ကို မသိမသာ ချောင်းကြည့်နေသည့် ဝမ်ချုံး၊ ကျန်းချီနှင့် တျန်းကျားဟွေ့ တို့က အားကျနေကြသည်။ ကျောက်တုန်းလို မြို့တော်က ဒိတ်ဒိတ်ကျဲမိသားစုက သားနှင့် အတူ တဝိုင်းတည်း ထိုင်စားနိုင်ဖို့ဆိုတာ သူတို့ရဲ့ အိပ်မက်ဆိုပေမယ့် ဒီအရာက လက်တွေ့မဖြစ်နိုင်တော့ပေ။ တျန်းကျားဟွေ့အမူယာက ပုံမှန်ဖြစ်နေသေးပေမယ့် ကျန်းချီက လည်ပင်းကို ဆန့်ကာ ရှုနင်ကို မျှော်ငေးကြည့်နေစဉ် ခေါင်းငုံ့ကာ ထိုင်နေသည့် ဝမ်ချုံး၏ နှလုံးသားထဲတွင် အမျက်ဒေါသကို ဖိနှိပ်အောင့်အီးနေရသည်။

ရှုနင်သည် ထိပ်တန်း သခင်လေးတစ်ယောက်ဖြစ်လို့ ကျောက်တုန်းလို  အားကောင်းသောမိသားစုများမှ  သခင်လေးနှင့် တူညီသည့် အဆင့်အတန်းရှိကာ အတူထိုင်နေနိုင်တာဖြစ်သည်။

 ကျန်းချီက တျန်းကျားဟွေ့ကို တချက်ပုတ်ကာ ပြောလိုက်သည်။
 " ကြည့်စမ်း..စီနီယာကျောက်က ရှုနင်ကို အတော်ကောင်းကောင်းဆက်ဆံတယ်ကွ။ ငါတို့လည်း ဘယ်အချိန်မှ စီနီယာအုပ်စုထဲ ပါနိုင်မှာလဲ"

  "မင်းမှာ ဒေါ်လာဘီလီယံချီ ချမ်းသာတဲ့ အဖေတစ်ယောက်ရှိဖို့တော့ လိုတယ်  "

ထျန်းကျားဟွေ့က ထူးဆန်းသောအသံဖြင့ ဖြေရင်း သူ၏မျက်လုံးများက ထိုဘက်သို့လှည့်ကြည့်ရန် မလှုပ်ရှားတော့ပေ။  တကယ်တော့ သူလည်း ရှက်ရွံ့သလို ခံစားနေရတယ်၊ သူဟာ အသုံးမကျဘူး၊ စီနီယာကျောက်တို့နဲ့စားပွဲတစ်ခုတည်းမှာ ထိုင်လို့မရဘူးဆိုတာ သိလိုက်ရတယ်။ ဒါကြောင့်သူက ရှုနင်နဲ့သူငယ်ချင်းကောင်းဖြစ်ဖို့ဆုံးဖြတ်လိုက်တယ်။ အနာဂတ်၌ ရှုနင်လို  ငယ်ရွယ်တဲ့သခင်လေးတွေရဲ့ အကူအညီနဲ့ တိုးတက်အောင်မြင်အောင် လုပ်ဖို့ ရည်ရွယ်ထားတယ်။ အဲ့ဒီသခင်လေးတွေရဲ့ အစိတ်အပိုင်းလည်း ဖြစ်ချင်သည်။

 ဒေါ်လာဘီလီယံတချို့တဲ့လား? ဝမ်ချုံး၏ရင်ဘတ်ကို လက်ကြီးနှင့် တင်းတင်းဆုပ်ကိုင်ခံထားရသလို ခံစားလိုက်ရပြီး သူ့မျက်လုံးတွေထဲက မှောင်မိုက်ခြင်းက ပိုလာခဲ့သည်။ သူ့လက်ထဲက တူကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးတုန်နေလို့ အစားစာပင် ကောင်းကောင်း မညှပ်ယူနိုင်တော့ပေ။

 

သို့သော် ကျန်းချီက ဝမ်ချုံး၏ ရင်ဘတ်ကို ဓါးတချောင်းနဲ့ ထပ်စိုက်လိုက်ပြန်သည်။

  " ဘီလီယံတချို့ဟုတ်လား။ ဒီလောက်လေး ပိုင်ရံုံနဲ့ မင်းက စီနီယာကျောက်တုန်းက  ရှုနင်ကို စကားပြောသလို မင်းကို ပြောမယ်ထင်နေရင် ရူးနေတာပဲ။ ရှုနင်က မြို့တော် C ရဲ့စီးပွားရေးကို လွှမ်းမိုးထားတဲ့ ရှုအိမ်တော်က သားဖြစ်တဲ့အပြင် သူ့အမေက ဥက္ကဌကြီးရဲ့ ဇနီးဖြစ်တယ်ကွ။ ပြီးတော့ ရှုနင်ရဲ့အကိုကြီးက အရမ်းတော်ပြီး နိုင်ငံခြားမှာတောင် ကိုယ်ပိုင်လုပ်ငန်းတွေကို ထူထောင်ထားတယ်။ နောင်မှာ အလားအလာ အများကြီးရှိတယ်။ ရှုနင်အတွက် ဆယ်ဘီလီယံဆိုတာတောင် စကားထဲ ထည့်ပြောဖို့မတန်ဘူး။  "

ရှုနင်က ဒီလိုချမ်းသာတဲ့မိသားစုကလာတယ်ဆိုရုံနဲ့ သူများကို နှိမ့်ချစော်ကားခွင့်ရှိလို့လား။

ဝမ်ချုံးက နှင်းလိုဖြူဖွေးတဲ့အသားအရေကို ပိုင်ဆို်င်ထားတဲ့ လှပသောအသွင်ပြင်နှင့် သိမ်မွေ့သော ကောင်လေးကို အကဲခတ်လိုက်သည်။ သူဟာ ထူးကဲသောစိတ်ထားဖြင့် အလွန်နူးညံ့သိမ်မွေ့သူတစ် ဦး ဖြစ်သည်။ သူသည်လမ်းလျှောက်နေစဉ်၊  ထိုင်နေစဉ်ပင် ရှုနင်သည်ကျယ်လောင်စွာရယ်မောခြင်းကို ဘယ်တော့မှ မလုပ်တတ်ပေ။ သူ၏လှုပ်ရှားမှုတိုင်းသည်လျှို့ဝှက်ဆန်းကျယ်သော မြင့်မြတ်သော ခံစားမှုနှင့် ပြည့်နှက်နေသည်၊ ရှုနင်က ကျောက်တုန်းကို နှစ်သက်နေတာလား။

ကျောက်တုန်း သည်ဂုဏ်သိက္ခာကြီးမားပြီးထင်ရှားကျော်ကြားသူတစ် ဦး ဖြစ်သည်။ သူသည ် ရှုနင်နှင့် ဆက်ဆံရေးကို အတင်းဖိအားပေး လုပ်ခိုင်းလို့ ရနိုင်မည် မဟုတ်ပေ။

 ရှုနင်မှာ ပိန်းပါးသော ခန္ဓာကိုယ်ရှိပြီး ယခုသူကြီးပြင်းလာသောအခါ သူသည် ၁၇၀ စင်တီမီတာခန့်ရှိနေသည်။ သူ၏ဖြူဖွေးသည့် အရေပြားပေါ်တွင် အမွှေးအမျှင် သိပ်မရှိလို့ ယောကျာ်းလေး ဟန်ဆောင်နေသည့် မိန်းကလေးနှင့်ပင်တူနေသည်။

ရှုနင်က ဂေးဆိုမှတော့ ကျောက်တုန်းဖြစ်ဖြစ်၊ သူဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် အောက်ကို ဆွဲဖိပြီး သာယာမှုပေးလိုက်ရင် ငြိမ်ကျသွားမှာပဲ မဟုတ်လား။ ဒါပေမယ့် ရှုနင်က နောက်ခံအသိုင်းဝိုင်းတောင့်တဲ့ ချစ်သူကို ရွေးလိုက်တာပေါ့...

 ဝမ်ချုံးက ရှုနင်ကို တိတ်တခိုးကြည့်ကာ အထင်မြင်သေးစွာဖြင့် မဖွယ်မရာတွေးနေသည်။ သူ့အဖေကလည်း လိင်တူချစ်သူ Top တစ်ယောက်ဖြစ်ပြီး သူ့အဖေရဲ့ချစ်သူ လှပသော ဦးလေးက ရှုနင်ရဲ့ လက်ချောင်းလေးတစ်ချောင်းကို မယှဉ်နိုင်ပေ။ အရင်တခေါက်က ဟုန်ရှင်းမင်းသားရဲ့အောက်ကို ရောက်ခဲ့ရပြီး တညလုံး အသုံးတော်ခံလိုက်ရတာက ရှုနင်ရဲ့ အမှားကြောင့်ဖြစ်သည်။ သူ့ရဲ့ အရှက်ကို ခွဲခဲ့လို့  ရှုနင်က သူ့ကိုယ်လုံးနဲ့ ပြန်ပေးဆပ်သင့်တယ်ဟု ဝမ်ချုံးကတွေးနေသည်။

ဒီအလုပ်ကို ရှုနင်က တိုက်တွန်းတာမဟုတ်ပဲ သူ့ဖာသာ အမေ့အတွက် ခွဲစိတ်ခရဖို့ အလွယ်လမ်းလိုက်ကာ ယောကျာ်းတစ်ယောက်ကို တစ်ညတာ ဖြော်ဖြေပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ရှုနင်က သူ့ကို ငွေမချေးပေးလို့ သူ့မှာ ဒီလို အောက်ကျပြီးရှက်စရာအလုပ်ကို လုပ်လိုက်ရတယ်ဆိုပြီး ရှုနင်ကို အငြိုးထားနေခဲ့သည်။

 သူ့အောက်မှာ ရှုနင်ကို ဖိထားပြီး ဟုန်ရှင်းမင်းသားလုပ်သလို ဒီကောင်လေးကို သူပိုင်တဲ့ အပျက်မလို့ ထားရှိတာ ရက်စက်စွာ လုပ်ပြီး အရှက်ကို နင်းချေချင်စိတ်က ဝမ်ချုံးရင်ထဲ စွဲနေသည်။

ထိုအချိန်တွင် ရှုနင်က ကျောက်တုန်းတို့၏သူငယ်ချင်းတွေကြားမှာ ပြုံးရယ်ကာ စကားပြောနေပြီး ဝမ်ချုံး၏ သူ့အပေါ်ထားသည့် အကောင်းသည့် အရိပ်အငွေ့ကို မရခဲ့ပေ။ သူက စကားတပြောပြောနဲ့ ဆန်ကိတ်မုန့်(nian gao) ကိုစားနေသည်။ တစ်ယောက်က သူ့အတွက် ရေဌဲ့ပေးနေသည်။

 မတ်လ ၁၇ ရက်မကြာမီရောက်လာတော့မည်ဖြစ်သောကြောင့် သူသည်အလွန်စိတ်ဓာတ်ပြင်းထန်သဖြင့် မိုးပေါ်ကို ပျံသန်းလုနီးပါးဖြစ်နေသည်။ ဇွန်လကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ရှုနင် သည်ဘာမှ  ဂရုမစိုက်သကဲ့သို့ပြုမူနေသဖြင့် ကျောက်တုန်းကို အရမ်းစိတ်ပူနေစေသည်။

သို့သော် ရှုနင်သည်မည်သည့်ရည်ရွယ်ချက်မှ မရှိပဲ အပင်အကြောင်းလေ့လာသည့် မေဂျာကို တက်ချင်နေသည်။ ကျောက်တုန်းရဲ့ရည်ရွယ်ကတော့ ရှင်းသည်။ သူက ငွေကြေးစီမံခန့်ခွဲမှုကို တက်ပြီး မြေယာလုပ်ငန်းထဲ ဝင်ရောက်လုပ်ကိုင်ချင်သည်။ အချိန်က သူ့အတွက် ရွှေဖြစ်သည်။ သူလည်း မိသားစုထဲမှာ သားအလတ်ဖြစ်သောကြောင့် အနာဂါတ်အောင်မြင်ဖို့ အချိန်ကို နည်းနည်းမှ မဖြုန်းလိုပေ။

ကျောက်တုန်းက သူ့အကိုကြီးမဟုတ်ပေမယ့် သူ့အနာဂါတ်အတွက် ပူပန်ပြီး သူ့ကို စိတ်ပြောင်းစေဖို့ ကြိုးစားပမ်းစား နားချနေသည်က မိတ်ဆွေကောင်းဆိုတာကို ပြသနေသည်။ ဒီခံစားချက်က ရှုနင်ကို အရမ်းပျော်စေသည်။ ကျောက်တုန်းက ဘယ်လောက်တိုက်တွန်းပါစေ ရှုနင်က တုတ်တုတ်မှ မလှုပ်ပေ။ ကျောင်းတက်ခေါင်းလောင်းထိုးချိန်မှာ ရှုနင်က ပျော်ရွှင်စွာ နူတ်ဆက်ကာ လစ်ပြေးလာခဲ့သည်။

အကိုကြီးလိုလူတွေက တကယ့်ကို မလွယ်ကြောပဲ... ╮(╯▽╰)╭
သို့သော် ရှုနင် ကသူသည်အဘယ်ကြောင့် မြေယာစီမံခန့်ခွဲခြင်း ဘာသာရပ်ကို မရွေးချယ်ရသည့် အကြောင်းပြောပြခဲ့သော်လည်း သူတို့က ဒါကိုလက်မခံချင်ကြပေ။ သူတို့မှာ ရည်ရွယ်ချက်ကောင်းတွေရှိတယ်၊ သူတို့ထင်တာက မှန်ပါတယ်။ ဒါပေမယ့် ရှုနင် မှာသူ့ကိုယ်ပိုင်ပြသနာတွေရှိတယ်။ သူက ထိုအိမ်တွင်းရေး အကြောင်းကို ပွင့်လင်းစွာ မပြောနိုင်တဲ့အတွက်သူရဲ့စိတ်ရင်းမှန်တဲ့ သူငယ်ချင်းတွေကို စိတ်ထဲကနေပဲ တောင်းပန်နေရတောသည်။  အနာဂတ်က ရှုနင်က သူတို့ကိုကောင်းကောင်းဆက်ဆံရမည်ဟု တေးထားလိုက်သည်။

ကျောက်တုန်းနှင့် သူငယ်ချင်းအုပ်စုတွေ ပြန်သွားချိန်တွင် ရှုနင်က ဘယ်မေဂျာကို ယူမည်ဆိုတာကို  ရှုနင်ရဲ့အဖေ ရှုချိန်နှင့် သူတို့ တိုင်ပင်ဆွေးနွေးသင့်ပြီဟု ကျောက်တုန်းက ယူဆသည်။ မည်သည့်ရလဒ်ပင်ဖြစ်ပါစေ သူတို့အကောင်းဆုံးကြိုးစားခဲ့ကြပြီး နောင်အနာဂတ်တွင် ရှုနင် မေဂျာ အရွေးမှားသည့် အပေါ် နောင်တမရနိုင်တော့ပေ။ ကျောက်တုန်းသည်ခေါင်းဆောင်တစ် ဦး အနေနှင့် တာဝန်ကို သူ၏တာ ၀ န်ကဲ့သို့ လက်ခံခဲ့သည်။ ထိုညနေတွင်  မျိုးဆက်သစ်များအဖြစ် ကျောက်တုန်းကအခြားမိသားစုမှ အကြီးကဲဆီသို့ သူတို့အမည်များကိုလက်မှတ်ရေးထိုးပေးပို့ခဲ့ပြီး ရှုချိန်နှင့်အောင်မြင်စွာဆက်သွယ်နိုင်ခဲ့သည်  

ကောင်းသောကောင်းသောမိသားစုများမှ မျိုးဆက်လူငယ်တွေက မြေယာစီမံခန့်ခွဲခြင်းဘာသာကို လေ့လာကြသည်က ထုံးစံလိုဖြစ်နေသည်။ မြေယာမှာ ရင်းနှီးမြှုပ်နှံခြင်းက အလွယ်တကူ ချမ်းသာစေသည်။ ကျောက်တုန်းက ရှုချိန်နှင့် ကောင်းမွန်စွာ ဆွေးနွေးကာ ရှုနင်အကြောင်းကို ပြေပြစ်စွာပြောဆိုခဲ့သည်။ ရှုချိန်က ရှုနင်ကို တိုးတက်စေချင်လို့ မြို့တော်ကို ပို့ထားတာဖြစ်ပြီး သူက ရှုနင်ကို ညီလေးတစ်ယောက်လို စောင့်ရှောက်ကာ တကယ့်ကို စေတနာထားနေသူဖြစ်သည်။ သူက ရှုချိန်ကို ရှုနင် မေဂျာယူတာ မမှားစေဖို့ ဖိအားပေး တိုက်တွန်းစေချင်သည်။

ရှုချိန်က ဖုန်းချပြီးနောက် သူ့သားကြောင်းကို အလေးနက်ထားကာ စဉ်းစားနေသည်။ သူ့သားကို စေတနာထားသည့် သူငယ်ချင်းကောင်းကို သူလည်း တန်ဖိုးထားသည်။ နာရီဝက်ကြာဖုန်းခေါ်ဆိုမှုအဆုံးသတ်ပြီးနောက် ချင်ယွိကျိုးက ဒီအကြောင်းကို ရှုချိန်ဆီက ကြားရပြီးနောက် စိတ်ပူသွားခဲ့သည်။

ရှုနင်က တကယ်ဆိုရင် ငွေကြေးစီမံခန့်ခွဲမှု ဘာသာရပ်ကို လေ့လာသင်ယူပြီး သူ့အဖေရဲ့လုပ်ငန်းထဲကို ဝင်ရ မ ယ် မဟုတ်လား။ အခု ငတုံးကောင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူက အလွန်မိုက်မဲလွန်းသူဖြစ်သည်။   သူက ရှုဟိန်ကို ထိပ်တိုက်မတွေ့ဖို့ ရှောင်ရှားဖို့ကြိုးစားနေတာလား။ ဒီလိုလုပ်ရုံနဲ့ သူ ဆက်အသက်ရှင်နိုင်မယ် ထင်နေတာလား။ ဘာလုပ်ငန်းမှ ခြေကုတ်မယူထားနိုင်ရင် အမှိုက်လိုပဲ ဆိုတာ ဒီငတုံးကောင်က နားမလည်တာလား။
  မင်းရဲ့ဘဝတစ်လျှောက်လုံးမှာ အောင်မြင်မှုရအောင် တွန်းတိုက်မယူဘူးဆိုရင် ဆက်လက်မရပ်တည်နိုင်ဘူးဆိုတဲ့ စည်းမျဉ်းကို ဒီသားမိုက်ကာ မသိခဲ့ဘူးပဲ။

 ချင်ယွိကျိုးက လက်ရှိအနေထားကြောင့် ရှုချိန်ကို ရှုနင်ကို သွားဖိအားပေးဖို့ အတင်းဆွဲဆောင်သိမ်းသွင်းနေ သည်။ ရှုနင်က စာမေးပွဲဖြေဆိုချိန်မှာ အနီးကပ် စောင့်ရှောက်ပေးဖို့ သူမ အစ်မကို ပို့ပေးဖို့ ပူဆာနေသည်။ သူမက အခု Company ကို ပြန်ဝင်နေပြိး အရာရာကို သိုသိုသိပ်သိပ် ဂရုတစိုက်လုပ်နေရလို့ ခြေလှမ်းမှားလို့မဖြစ်ပေ။ ရှုချိန်က ချင်ယွိကျိုးပြောသည်ကို နားထောင်ပြီး သူမကို ဘာမှမပြောပဲ အရင်ပြန်နားခိုင်းလို်က်သည်။ ပြီးတော့ သေချာစဉ်းစားကာ သူ့သားကြီးဆီကို ဖုန်းဆက်လိုက်သည်။ ရှုဟိန်က သူ့အဖေဆီက ပြောသမျှကို အေးဆေးတည်ငြိမ်စွာ နားထောင်ပြီး တခွန်းတည်းပြောလိုက်သည်။

ရှုချိန်က ထိုစကားကို ကြားလိုက်တော့ ငြိမ်သက်သွားခဲ့သည်။ သူ့သားပြောလိုက်သည့် Company နာမည်ကို ရင်းနှီးသလို ခံစားလိုက်ရလို့ စုံစမ်းခိုင်းလိုက်ချိ်န်မှာ တကယ့်ကို အံ့အားသင့်မှုကြီးကို ရင်ဆိုင်လိုက်ရသည်။ တကယ်ပဲ သူ့သားအလတ်လေးက မြေယာလုပ်ငန်းကို ပိုင်ဆိုင်ထားပြီး အရှိန်အဟုန်နှင့် company  က တိုးတက်လို့နေလေပြီ။

ဒါက တကယ့် သူ့ဥက ပေါက်တဲ့ သူ့သားအစစ်ပဲ။ သူ့လိုမျိုး အိမ်ခြံမြေလုပ်ငန်းဖြစ်ပြီး ကိုယ်ပိုင်အရည်ချင်းရှိတဲ့ အပြင် အသက် 16 နှစ်နဲ့ ကိုယ်ပိုင်လုပ်ငန်းကို ပိုင်ဆိုင်လည်ပတ်နိုင်လေပြီ။ ရှုနင်၏  အိမ်ခြံမြေလုပ်ငန်းနှင့် သူ၏စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မားလာသည်နှင့်အမျှ သူသည်အတော်အတန်မျှတစွာ အမြတ်စွန်း ရရှိခဲ့သည်၊  

ထို့ကြောင့ ်ထိုအချိန်မှစပြီး ရှုချိန်က ရှုနင်ကို အတင်း စီမံခန့်ခွဲရန်မကြိုးစားခဲ့ပါ၊ သူသည်ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ်ပြသနာတစ်ခုခုကြုံတွေ့ရပါက သူ၏အဖေကို လိုအပ်နေသည့်အချိန်တွင်ပေါ်လာလိမ့်မည်။ သူ လိုအပ်ပါတယ်ဆိုမှ ထောက်ခံပေးလိုက်မယ်။ အခုကစပြိး သူ့သားကို အနီအိတ်နဲ့မုန့်ဖိုးပိုပေးရတော့မည်။

နင်နင်က သူပေးခဲ့တဲ့ မုန့်ဖိုးတိုင်းကို မသုံးပဲ  လည်ပတ်ငွေအရင်းအနှီးအဖြစ်အသုံးပြုသဖြင့် ခုကစပြိး နှစ်ဆတိုးပေးရမည်။ ရှုချိန်သည် သူ့သားဆီက ကြားလိုက်ရသည့် ဝမ်းသာစရာသတင်းကြောင့် စိတ်လက်ပေါ့ပါးကာ ထပြီး အပင်တပင်ကို ကိုယ်တိုင်စိုက်လိုက်ပြီး ချွေးတွေစို့လာခဲ့သည်။ နောက်နေ့မှာ သူက နှာခေါင်းမပိတ်တော့ပဲ အဖျားလည်း ကျသွားသည်ကို တွေ့လိုက်ရသည်။ နင်နင်က တကယ်ကို အပင်စိုက်ခြင်းရဲ့အကျိုးကျေးဇူးကိုသိတာပဲ။ အပင်စိုက်တယ်ဆိုတာ တကယ်တော့ပျော်စရာကောင်း တဲ့အလုပ်ပါ။ အခုတောင် သူ နေလို့ ပိုကောင်းလာခဲ့တယ်မဟုတ်လား။

 ချင်ယွိကျိုးက စိတ်ဓာတ်ကျခဲ့တယ်၊ သူမ ယောကျာ်းက ရှုနင်ကို ဖုန်းခေါ်ပြီးဆူပူတာ မလုပ်သေးပါလား။ ရှုချိန်က ရှုဟိန်နဲ့ ဖုန်းပြောစဉ် သူမကို အနားမှာနေခွင့်မပေးခဲ့လို့ ရှုဟိန်များ ရှုချိန်စိတ်ပြောင်း အောင် တခုခုပြောခဲ့တာများလားဟု တွေးနေသည်။

  ကျွန်မရဲ့ကလေးကို အတူတူဖိအားပေးပါရန် ပြောပေမယ့် ယောကျာ်းက မလုပ်ခဲ့ပေ။ ရှုချိန်က ရှုယောင်းကို ဂရုစိုက်လို့သာပေါ့။ မဟုတ်ရင် သူမ စိတ်ပူလို့ ရူးသွားလောက်သည်။ ချင်ယွိကျိုးက ရှုနင်ရဲ့အခြေနေကို မေးမြန်းစုံစမ်းရန် ရှုနင်နှင့် အချိန်အကြာကြီးကတည်းက အဆက်သွယ်ရှိခဲ့သည့် သူမရဲ့ လူယုံတော်ကျန်းဖုန်းကနေ တဆင့်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ထိုနေ့ညတွင် ချင်ယွိလန်က သူမညီမထံမှ အလုပ်တာဝန်တခုပေးအပ်ခံလိုက်ရသည်။

နောက်တနေ့တွင် ချင်ယွိလန်သည် အထက်တန်းကျသည့် တန်ဖိုးကြီးဝတ်စုံကို ဝတ်ကာ သူမညီမနဲ့အတူ ပြင်သစ်စားသောက်ဆိုင်တစ်ဆိုင်မှာရောက်နေသည်။ သူမက တန်ဖိုးကြီးအဝတ်ကို ဘယ်လောက်ဝတ်ထား ပေမယ့် သူမရဲ့ ခြေလက်တွေကို ဘယ်နားထားရမှန်းမသိပဲ ကြောင်တောင်တောင်ဖြစ်ကာ မျက်နှာထက်က အပြုံးက တောင့်တင်းလို့နေသည်။ချင်ယွိကျိုးကတော့ ဒီလို ထည်ဝါခမ်းနားသည့် စားသောက်ဆိုင်မှာ နှစ်ပေါင်းများစွာ သွားလာကျင်လည်ခဲ့ဖူးလို့ သူမပုံက တကယ့် အထက်တန်းလွှာသခင်မလို ပေါ့ပါးကာ ကျက်သရေရှိလို့နေသည်။ ညီအစ်မနှစ်ယောက်က တူညီစွာဝတ်ထားရင်တောင်မှ လူတိုင်းရဲ့မျက်လုံးထဲ ဘယ်သူက တကယ့် သခင်မအစစ်ဆိုတာ အလွယ်တကူခွဲသိနိုင်သည်။ တောင့်တင်းတဲ့အပြုံးနဲ့ ချင်ယွိလန်က  ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ သူမရဲ့ကြော့ရှင်းတဲ့ပုံစံကို ပြသဖို့ ခက်ခဲနေသည်။
 

ချင်ယွိကျိုးက ဒါကို ဂရုမစိုက်ခဲ့ဘူး၊ ပစ်မှတ်ပေါ်လာပြီ။ ထိုလူက ကုမ္ပဏီ၏ဘဏ်ဏ္ဍာရေးဌာနရဲ့ မန်နေဂျာဖြစ် သည်။ ချင်ယွိကျိုးကို သူတွေ့သောအခါ ထိုသူသည် လူမှုရေးအရ   နူတ်ခွန်းဆက်သရန်ရောက်လာခဲ့သည်။ ချင်ယွိကျိုးက ချင်ယွိလန်နှင့် ထိုလူကို မိတ်ဆက်ပေးခဲ့ပြီး  မန်နေဂျာလည်း ခေါင်းတညိတ်ညိတ်ဖြင့်ပြောဆို နေခဲ့သည်။

ချင်ယွိလန် ကတော့ သူတို့အကြောင်းအများကြီး မစဉ်းစားခဲ့ဘူး။ နှစ်ယောက်စလုံး ထမင်းစားပြီးတာနဲ့ ညီအစ်မ နှစ်ယောက်က ဘားကို တန်းလာခဲ့သည်။ သူတို့က လူမြင်သူမြင် နေရာထက ်ချောင်လေးမှာ ထိုင်နေကြသည်။ ချင်ယွိကျိုးက ချင်ယွိလန်ကို ဘယ်လိုပြုမှုနေထိုင်ရမည်ကို ပြောပြနေသည်။ ချင်ယွိလန်က ဟိုဟိုသည်သည် စိတ်လှုပ်ရှားစွာကြည့်ကာ သူမကိုယ်သူမ သက်တောင့်သက်သာရှိရန် တဖွဖွပြောနေသည်။

   

"ဟေ့ ညီမလေး ငါ  အိမ်သာခဏသွားလိုက်ဦးမယ်   "

"သွားလေ။ ကိုယ်ရံတော် ခေါ်သွားလိုက်၊ နင် လမ်းမပျောက်စေနဲ့ဦး"

ချင်ယွိလန်က မျက်လုံးပေကလတ် ပေကလတ်ဖြစ်သွားသည်။  သူမက အသက်ကြီးနေပြီ။. ဘယ်က လမ်းပျောက်နိုင်မှာလဲ။ မင်းငါ့ကို အထင်သေးတယ်ဆိုရင် ဒီလိုနေရာကို ဘာကြောင့်ခေါ်လာသေးလဲဟု စိတ်ထဲကတွေးလိုက်သည်။

ချင်ယွိကျိုးက ရှုနင်ကို မွေးပြီး ငယ်ကတည်းက စွန့်ပစ်ခဲ့သလို သူမတို့နဲ့လည်း မနီးစပ်ခဲ့ပေ။

 အိမ်သာထဲမှာ ဘယ်သူမှ မရှိပေ။ ချင်ယွိလန်က အိမ်သာခန်းထဲ သော့ပိတ်ကာ သူမ ယောက်ျားနှင့် ကလေးတွေကို ဖုန်းခေါ်ကာ အချိန် မိနစ် 20 လောက် စကားပြောနေသည်။ လူတွေက အိမ်သာထဲ လာပြီး မိတ်ကပ်ပြန်ဖို့ကြတယ်မဟုတ်လား။ သူမ ညီမစောင့်နေရမည်ကို သူမ မစိုးရိမ်ပေ။ စောင့်ပါစေပေါ့....

သူက အိမ်သာခန်းထဲက ထွက်လာစဉ် အရက်မူးကာ မျက်လုံးနီရဲနေသည့်လူတစ်ယောက် အထဲကို ဝင်လာသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွိလန်လန့်သွားခဲ့သည်။  

 ချင်ယွိလန်၏စိတ်နှလုံးသည်ခုန်ပေါက်သွားခဲ့သည်။ သူမထိတ်လန့်တုန်လှုပ်နေသော်လည်း အေးဆေးတည်ငြိမ်စွာဟန်ဆောင်နေပြီး ထွက်ခွာလိုပေမယ့်  ထိုလူက အရက်မူးနေသည့်အပြင် ဆေးခတ်ခံထားရသဖြင့် ခေါင်းအရမ်းကိုက်နေကာ ချင်ယွိလန်ကို ဖမ်းဆွဲလိုက်သည်။

**-***

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now