Chapter (123)_ 🔞ရုံးခန်း နံရံကို ကျောမှီပါလို့ အကိုကြီးနဲ့ မတ်တပ် ချစ်ကြမယ်....

19.7K 2K 81
                                    

Chapter (123)_ 🔞ရုံးခန်း နံရံကို ကျောမှီပါလို့ အကိုကြီးနဲ့ မတ်တပ် ချစ်ကြမယ်....

ကျိနသည် ကျိမျိုးနွယ်စု၏မင်းသမီးလေးဖြစ်သည်။

ဟော်နဲ့ ရှန်းမျိုးနွယ်စုနှစ်ခုလုံးနောက်မှ လိုက်သည့်မိသားစုမှာဂျီမျိုးနွယ်ဖြစ်သည်။ အိမ်ထောင် ဦးစီး လူအိုကြီးက နောက်မျိုးဆက်တွေကို လုပ်ပိုင်ခွင့်လွှဲပေးထားပြီး ရှုမိသားစုနှင့် အမျိုးစပ်နိုင်ရန် တောက်လျှောက်ကြိုးစားနေခဲ့သည်။ အခု ကျိ မြေးယောကျာ်းလေးက အစွမ်းစရှိသလို ကျိမြေးမလေးကလည်း ချောမောလှပကာ   မြိုတော် C က မိန်းကလေးများထဲမှအထင်ရှားဆုံးဖြစ်သည်။

သူမ ဒီမှာဘာလုပ်နေတာလဲ

ရှုနင်သည်သူ၏အတိတ်ဘဝ၌ ကျိနတို့နှင့် ဆက်ဆံမှုအချို့ရှိခဲ့ပြီးသူမသည် ရှုဟိန် ကိုချစ်မြတ်နိုးကြောင်း၊ သူ အသက်ကြီးလာသည်အထိ စောင့်ဆိုင်းနေဆဲဖြစ်ပြီး သူမကို ရှုဟိန်က စိမ်းနေသေးဆဲဖြစ်သည်ကိုသိခဲ့သည်။ →_→

ယင်ကောင်တစ်ကောင်သည် ကြက်ဥကို စားချင်ပေမယ့် အခွံကို ကွဲအောင် မလုပ်နိုင်သလိုပင် ကျိနလည်း ရှုဟိန်ကို ချစ်ကာ ချဉ်းကပ်ချင်ပေမယ့် ရှုဟိန်က မလှုပ်လို့ သူမအတွက် အခြေနေ အရမ်းဆိုးခဲ့သည်။

သူမက လှည့်ကွက်ဟောင်းများကို ထပ်မံဆွဲထုတ်လိမ့်မည်ဟု ထင်ရသည်။ တကယ်လို့   သူတို့မိသားစု၏ ကိုယ်ပိုင်အီလက်ထရွန်နစ်ကုမ္ပဏီကို ကောင်းစွာ မစီမံနိုင်တော့လို့လား။ သူတို့က အခု ရှုမိသားစုလုပ်ငန်းထဲ ဝင်ရောက်လုပ်ကိုင်ချင်နေတာက ရှုဟိန်ကို နီးစပ်ချင်လို့ဆိုတာ ထင်ရှားနေတာပဲ။

သူမက အကျင့်စရိုက်ကောင်းလျှင်တော်သေးသည်။ ဒါပေမယ့် သူမက ဒုတိယ ချင်ယွိကျိုး မဖြစ်နိုင်ဘူးလို့ ပြောလို့မရပေ။

 ချင်ယွိကျိုးက မြင့်မားတဲ့ရာထူးကိုရဖို့အတွက် သူမဟာနည်းဗျူဟာတွေကို အားကိုးကာ တွယ်တက်ခဲ့ရတယ်၊ ပုံမှန်အတွင်းရေးမှူးတစ်ယောက်ရဲ့ ရာထူးကနေ သူဌေးကတော်ဖြစ်အောင် တွယ်တက်ခဲ့တယ်။ မင်းက ဒီဇိုင်းဌာန၏ကြီးကြပ်ရေးမှူးဖြစ်ရရင်တောင် မင်းက ရှုဟိန်နဲ့ အတော်ဝေးနေရအုံးမှာပဲ။ မင်းကိုယ်ကို မရင်းပဲနဲ့ ရှုဟိန်နားကို ဘယ်လိုမှ ကပ်ဖို့မလွယ်ပေ။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးDonde viven las historias. Descúbrelo ahora