Chapter (90-2)_ နင်နင်ရဲ့ ဝမ်းနည်းပမ်းနည်း ငိုကြွေးခန်း
16.6K 2.6K 73
Chapter (90-2)_ နင်နင်ရဲ့ ဝမ်းနည်းပမ်းနည်း ငိုကြွေးခန်း
ရှုဟိန်က စောစောထတဲ့အလေ့အကျင့်ရှိပြီး ရှုနင်မှာနောက်ကျမှ အိပ်ယာထတဲ့ အလေ့အထရှိတယ်။ ကောင်းကင်၌နေမြင့်နေပေမယ့် ရှုနင်က အိပ်ယာမှ
မနိုးသေးပါ။ ရှုဟိန်၏နူတ်ခမ်းက ပြုံးလိုက်ပြီး လက်ချောင်းဖြင့်သူ့ညီငယ်လေး၏မျက်နှာပေါ်ကို အသာယာ တို့ထိကြည့်နေမိသည်။
ရှုဟိန်၏လက်များက သူ့နှာခေါင်းထိပ်ကို ရောက်လာချိန်မှာ ရှုနင်က အိပ်ယာက နိုးလာခဲ့သည်။
ရှုဟိန်က အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ရှုနင်က သူ့လက်ကို ဆန့်ကာ ဆုပ်ကိုင်လိုက်တော့ ခိုင်မာသော လက်တစ်ဖက်ကို ဆုပ်ကိုင်မိလိုက်လို့ မျက်လုံးကို အမြန်ဖွင့်ကြည့်လိုက်သည်။
အိုင်း... ...... (⊙ o ⊙) ဒါက တကယ် အကိုကြီးပဲ....။
ရှုနင် ကမျက်စိကိုမြန်မြန်ဖွင့်လိုက်ပြီး အိပ်ချင်နေတဲ့ စိတ်လေးတွေအားလုံး အငွေ့ပျံသွားတယ်။ သူ အရမ်းထိတ်လန့်သွားတယ်။
အစ်ကိုကြီးက အိပ်ယာထဲ ရှိနေတုန်းပဲ၊ တကယ်တော့ သူ နိုးပြီ မဟုတ်ဘူးလား။ အိပ်ယာစောစောထတာက သူ့အကျင့်ပဲ ဟုတ်တယ်မဟုတ်လား ...
ထိုအချက်ကိုအတည်ပြုပြီးသောအခါ အကိုကြီး အိပ်ပျော်နေသည်ကို အခွင့်ကောင်းယူပြီး ရှုနင်က အကိုကြီးကို စတင်ညှဉ်းဆဲခဲ့သည်။ ပထမ ဦး ဆုံး သူသည် အကိုကြီး၏ နှခေါင်းကိုညှစ်သည်။ ပြီးတော့ အကိုကြီးရဲ့ ခေါင်းကိုလှမ်းထိတော့ အကိုကြီး၏ မျက်ခုံးများက ကြုတ်လာသည်။ ဒါပေမယ့် နင်နင် သူ့ခေါင်းကို ဖွနေသည်ကို အငြင်းတာက  အံ့သြစရာ ကောင်းတာပဲ။ ရှုနင် က ဒီအခွင့်အလမ်းကို ယူပြီး သူ့ကို စိတ်တိုင်းကျ ကစားနေသည်။ ခေါင်းက ဆံပင်ကို ဖွပြီး အကိုကြီးရဲ့ မျက်နှာကို ပွတ်သပ်နေ သည်။
 ဒါဆိုရင် အကိုကြီး ဘယ်လို ဆက်အိပ်ပျော်နေမလဲဆိုတာကို ကြည့်ရအောင်! ဟမ် ~
တောင်းပန်လို့ရမယ် ထင်နေလား....
 ဒါပေမယ့် ရှုနင်ရဲ့ ပါးစပ်ထောင့်များက တွန့်သွားပြီး တွေးလိုက်သည်။
 " မလုပ်နိုင်ဘူး၊ အစ်ကိုကြီးက ငါ့ကို ထိမိတယ်ဆိုတာ ပုံမှန်ပဲလေ... ဒါကြောင့် ဒီနေ့ ငါ့ရဲ့အဖိုးတန်အချိန် လေးကို ဖြုန်းတီးလို့မဖြစ်ဘူး...   "
ရှုနင်က ဒီလိုတွေးပြီး ရှုဟိန်ကို နိုးလိုက်သည်။
"ကောင်းပြီ၊ ငါ  အရင် ဖုန်းဆက်လိုက်ဦးမယ် "
"အိုကေ!"
ရှုနင် ခုတင်ပေါ်က ဆင်းမည်အပြု ရှုဟိန်ဆီကို ဖုန်းဝင်လာခဲ့သည်။
ဖုန်းကတုန်ခါနေပြီး ရှုဟိန်က ဖုန်းကိုကောက်ယူ ကြည့်လိုက်တော့ အဲ့ဒါက ရှုကောင်းဆီက ဖြစ်နေသည်။   
"မင်္ဂလာမနက်ခင်းပါ အဖိုး"
အဖိုးဆီက ဖုန်းမှန်းသိတော့ ရှုနင်က အကိုကြီးလက်ထဲက ဖုန်းကို လှမ်းယူကာ အဖိုးနှင့်ပြောချင်နေသည်။ ဒါပေမယ့် ရှုဟိန်ရဲ့ ရှည်လျားသောလက်မောင်းများက ဆန့်လာပြီး သူ့လက်ကြီးဖြင့် ရှုနင်ကို သူ့အောက်ကို ဖိထားကာ ဆံပင်ကို ပွတ်သပ်ရင်း ကစားနေသည်။
ရှုနင်က သူ့လက်များကို ယမ်းကာ ကာကွယ်ပေမယ့် အကိုကြီး၏လက်ဝါးအောက်မှ မလွတ်မြောက်နိုင်ပေ။
 သူက အဘိုးနဲ့ တကယ်ပြောချင်နေတယ်၊
လက်တိုတိုလေးက ဖုန်းကိုရအောင် မဆန့်နိုင်ဘူး။
ရှုဟိန်က စိတ်တိုင်းကျ စနောက်ပြီး ပြောလိုက်သည်။
 "ကောင်းပြီ! ခဏနေရင် မင်းကို ဖုန်းပေးပါ့မယ်"
ဖုန်းတဖက်က ရှုကောင်းက ဖုန်းထဲက ကြားရသည့် မြေးအလတ်ရဲ့အသံကြောင့် ပြုံးပြီးမေးလိုက်သည်။
"  ဘာသံတွေလဲ။ နင်နင် ဝုန်းဒိုင်းကြဲနေတာလား။"
"မဟုတ်ဘူး၊ ကျွန်တော် သူ့ကိုအနိုင်ကျင့်နေတာ "  
ရှုဟိန်က ပြောင်ပြောင်တင်းတင်းပြောလိုက်သည်။ ရှုနင်က လေကို မှုတ်ထုတ်လိုက်သည်။
  ကောင်းပြီ...မင်းလက်ထဲက ဖုန်းကို ငါ မလုနိုင်ရင် လက်ပစ်ဗုန်းနဲ့  ကစားမယ်။ ဟိုတယ်မှာခေါင်းအုံးတွေ အများကြီးရှိတယ်။ ငါ ပစ်တော့မယ်။ ပစ်တော့မယ်။
အာ...အလုပ် မဖြစ်ဘူး။ အကိုကြီးရဲ့လက်တံရှည်တွေက အလွယ်တကူ ဖယ်ပစ်နိုင်တယ်။ ငါ စောင်နဲ့ ဖုံးအုပ် လိုက်မယ်...
 သူက အရာအားလုံးကို စောင်ဖြင့် ဖုံးအုပ်ရန်ကြံပြီး ကျေနပ်နေသည်။
အဲ့လိုဆိုရင် စောင်အောက်ကို ရောက်သွားရင် ရှုဟိန် ဘယ်လို ဖြစ်သွားနေတယ်ဆိုတာကြည့်ရအောင်!
ရှုနင်ကစဉ်းစားလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအရာကိုပြုလုပ် ခဲ့သည်။ အကယ်၍ ကလေးဖြစ်ခဲ့ရင် ငါဟာ ၁၅ နှစ်ပြည့်ပြီး 16 နှစ်ထဲ ဝင်ကာစ ကလေးပဲ ရှိသေးတယ်။ ငါ ဘယ်သူ့ကိုကြောက်ရမလဲ။
ရှုဟိန်ရဲ့ကိုယ်ပေါ် စောင်ဖြင့် ဖုံးအုပ်ခံလိုက်ရပေမယ့် သူ့လက်ထဲမှာ ဖုန်းကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ ဖုန်းပြောမပျက်ပေ။
ရှုကောင်းက တဖက်က ဝုန်းဒိုင်းကြဲနေတဲ့အသံတွေကို ကြားပြီးကတည်းက အလွန်သိချင်စိတ်ပြင်းပြစွာဖြင့် မေးနေသောကြောင့် ရှုနင် ဘယ်လို မွှေနေသည်ကို ရှုဟိန်က အဖိုးကို အသေးစိတ်ပြောပြခဲ့သည်
ရှုနင် ၏လုပ်ရပ်များအားလုံးကို အဖိုးက တန်းသိနေသည်ကို သတိမထားမိပဲ ဆက်လက်ပြီး အကိုကြီးကို စနောက်ရ်န ကြိုးစားနေသည်။
ဒါကြောင့် သူတို့ အိမ်ကို ပြန်ရောက်တော့ အိမ်က လူတွေအားလုံးက သူကို သဘောကျကာ  ရယ်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖန်တီးစေခဲ့တယ်။
မင်းဘာရယ်နေတာလဲ ...... နတ်ဘုရားကြီး မင်း ငါ့ကို ရှင်းပြလို့ရမလား  ̄ へ  ̄
ရှုနင်က သူ့နဖူးကိုတွန့်လိုက်ပြီး နတ်ဘုရားကြီး ၃ ပါးက ဘာကြောင့် ရယ်နေသလဲဆိုတာ  စဉ်းစားလိုက်မိသည်။ ထိုအမူရာလေးက အဖိုး၊ အဖေနဲ့အကိုကြီးကို ပိုမိုရယ်မောစေပြီး အတူတူ ပျော်ရွှင်စွာမနက်စာ စားလိုက်ကြသည်။
ဘယ်လောက်ကောင်းလိုက်လဲ....
သို့သော်သဟဇာတ ဖြစ်နေသည့်အချိန် မရောက်သင့်သောအရာတစ်ခု ရောက်လာခဲ့သည်။
 သေးငယ်သော ခြေထောက်လေးနေတွေနှင့် ကလေးတစ်ယောက်က ဧည့်ခန်းကို ဖြတ်ပြီး ထမင်းစားခန်းကို ရောက်လာခဲ့သည်။ သူ့လက်တွေက သဲတွေပေနေပြီး ပန်းတချို့ကို ဆုပ်ကိုင်ထာပြီး ပါးစပ်ကနေ့ချိုမြိန်စွာအော်ပြောလိုက်တယ်
"   အဖိုး၊ ဖေဖေ ~"
သူ့ကိုတာဝန်ယူထားတဲ့ ကလေးထိန်းနာနီအကုန်က သူကဘေးကနေ ဝန်ရံပြီးလိုက်လာကြသည်။ သူတို့က ကလေးလေး လဲကျပြီး ဒဏ်ရာရမှာကို ကြောက်ပေမယ့် ကလေးလေးကို မထိကိုင်ရဲကြပေ။ ထိုကလေး စိတ်မပျော်ပြီးအော်ငိုမည်ကို ပိုကြောက်နေသည့်ပုံပေါ်သည်။
 ရှုနင်က ဒီကလေးကို ထိန်းဖို့ ဘိုးဘွားပိုင်အိမ်ကြီးထဲမှာ နောက်ထပ် နာနီတွေ အသစ်ထပ်တိုးလိုက်ရသည်ကို ကြားမိခဲ့သည်။
ထိုကလေးလေးက နောက်ဆုံးတွင် ထမင်းစားပွဲသို့ ရောက်လာခဲ့သည်။
သူစိမ်းတွေရောက်နေတာလား။
ရှုယောင်းရဲ့မျက်လုံးလေးတွေက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ပြီးမေးလိုက်သည်။
  "မင်းက ဆရာအသစ်တွေလား။ ငါနဲ့အတူ လာ ကစား ပါ။ "
ရှုချိန်က တုတ်တုတ်မှ မလှုပ်ခဲ့သလို ရှုကောင်းကလည်း ခါတိုင်းလို ကလေးလေးကို ပြေးမကြိုခဲ့ဘူး။ ရှုဟိန်ကလည်း သူ့ထမင်းကို သူ့ဖာသာ အေးဆေး ချောမွေ့စွာစားနေသည်။ ရှုနင်ကက ရေခွက်ကို လက်တဖက်က ကိုင်ထားပြီး ကျန်လက်တဖက်က တူကို ကိုင်ထားပေမယ့် ဘာမှမလုပ်ပဲ ကျောက်ရုပ်တုလို ငြိမ်သက်သွားခဲ့ပြီး စိုက်ကြည့်နေခဲ့သည်။
ရှုချိန်နှင့် ရှုကောင်းတို့သည် သူတို့တူတွေကို တပြိုင်တည်း ဆန့်ကာ ရှုနင် အကြိုက်ဆုံး ခရမ်းသီးဟင်းကို ညှပ်ပြီး ရှုနင်ရဲ့ပန်းကန်ထဲကို ထည့်ပေးလိုက်ကြသည်။ ရှုနင်က ထိုအခါမှ အသက်ဝင်လာပြီးခေါင်းငုံ့ကာ ဟန်မပျက် အစားစားလိုက်ပေမယ့် အစောပိုင်းကဲ့သို့  အသက်မပါတော့ပေ။ ရှုကောင်းက ရှုနင်ကို စကားပြောနေဆဲဖြစ်ပြီး ရှုချိန်က ရှုယောင်းကို ဘိုးဘွားပိုင် အိမ်ဟောင်းဘက်ကို ခေါ်ပြီးရက်တချို့ထားရန် အမိန့်ပေးလိုက်သည်။
ရှုယောင်းက မသွားချင်လို့ အော်ဟစ်ငိုကြွေးကာ ဆူညံနေခဲ့သည်။ ဒီရှုယောင်းက ကြီးလာတာနဲ့ ထိန်းရတာ တကယ်ကို မလွယ်တော့ဘူး။
သုံးနှစ်အရွယ်ကလေးငယ်သည် စားပွဲပတ်လည်တွင် ပတ်ပြေးကာ သူ့အမြင်ကို ကျယ်လောင်စွာ အော်ပြောနေသည်။.
 " ငါ မသွားဘူး၊ ငါ မသွားချင်ဘူး၊ သူတို့နှစ်ယောက်ပြန်လာရင် ဘာလို့ ငါ သွားရတာလဲ"  
ရှုနင်: "...... " ဒီကလေးက နတ်ဆိုးလေးပဲ...
ရှုဟိန်သည် ဆက်လက်စားသောက်နေခဲ့ပြီး တုန့်ပြန်မှုမရှိခဲ့ပါ။ ရှုယောင်းသည် စားပွဲပေါ်ရှိ ပန်းကန်လုံးတစ်လုံးကို ယူပြီး ရှုနင်ဆီသို့ လွှင့်ပစ်သည်နှင့် ရှုဟိန်က သူ၏လက်မောင်းများထဲသို့ ရှုနင်ကို ဖက်ကာ  ကာကွယ်ပေးခဲ့သည်။ အမှန်အတိုင်းပြောရရင် ဒီပန်းကန်နဲ့ထုခံရတာ ဘာမှ မနာကျင်ပေ။ ဒါပေမယ့် ရှုနင်ဆိုတာ တစ်ဘဝလုံး ရှုဟိန်ရဲ့ကာကွယ်မှုအောက်မှာ ရှိနေမယ့်လူ မဟုတ်လား။
ရှုနင်၏မျက်နှာပေါ်က အရိပ်ယောင်က ပြောင်းလဲသွားခဲ့သည်။ ဒါကိုမြင်တော့ ရှုချိန်က ရှုယောင်းကို အရမ်းစိတ်ပျက်သွားခဲ့သည်။
 "ရှောင်ယောင်းယောင်း...မင်းက ဘယ်လိုဖြစ်ပြီးအရမ်းလွန်လာရတာလဲ။ မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ။ သူ့ကို အခုချက်ချင်း ခေါ်သွားစမ်း...အခု ခပ်ဝေးဝေးကို ခေါ်သွားလိုက်.....  "
ထိုအချိန်မှ အိမ်စေတွေနဲ့ နာနီတွေက အပြေးအလွားဖြင့်  ငိုနေသောငယ်ရွယ်သောသခင်လေးကိုသယ်ဆောင်သွား ကြသည်။
ရှုယောင်းက အရမ်းဒေါသထွက်နေတဲ့အတွက် သူ့မျက်နှာက နီရဲလာသည်အထိ ငိုကြွေးပြီး ပြောလိုက်သည်။
 "ဖေဖေ မကောင်းဘူး၊ အဖိုးက ဆိုးတယ်၊ ငါ မေမေ့ကို လိုချင်တယ်၊ ငါ့ မေမေကို လိုချင်တယ်၊ ဟင့်...ဟင့်..ဟင့်.... "
အာ...........
ကလေးလေးရဲ့ အသံက ရှုချိန်ရဲ့နှလုံးသားကို ချက်ချင်းထိုးဖောက်နိုင်ခဲ့သည်။ ချင်ယွိကျိုးက သူတို့ပိုင်သည့် ကျွန်းတွင် ကောင်းစွာနေထိုင်ခဲ့ရင် ပြန်ခေါ်ရမယ့် အချိန် ရောက်သင်ပြီ မဟုတ်လား။ ရှုချိန်က ရှုကောင်းကို ကြည့်လိုက်ပေမယ့် ရှုကောင်းက သူ့သားကို လုံးဝမကြည့်ပေ။ ဒါက ချွေးမကို ပြန်ခေါ်ရန် သဘောမတူကြောင်း ပြနေသည်။
 → _ →
နတ်ဆိုးလေး အတွက် နတ်ဆိုးမတစ်ကောင်ကို ဒီကို ခေါ်ဆောင်လာရမှာလား...
လူတိုင်းသိကြသည့်အတိုင်း ရှုကောင်း သည် ချင်ယွိကျိုး ကို အထင်သေးသည်။ သူတို့ကွဲသွားတဲ့ အချိန်မှာ သူ့ဘဝက အထီးကျန်ဆန်လွန်းလှသည်။ သူ၏ ပထမဇနီးဆုံးသွားသည့်အခါက သူ့ဘဝက ကံဆိုးမိုးမှောင်ကျသလို ခံစားခဲ့သည်၊ ထိုအချိန်က ရှုချိန်သည်တစ်ယောက်တည်း အထီးကျန်သွားခဲ့ပြီး ရင်ထဲက လစ်ဟာမှုကို ဖြည့်တင်းရန်  မည်သူမဆိုနှင့် အိပ်နိုင်ခဲ့သည်။ သို့သော် အခု သူ၌ဇနီးရှိပြီ၊ ထို့ကြောင့်သူ သည် အပြင်ဘက်တွင် ရှုပ်ထွေးမှု လုပ်ချင်သောကြောင့် ရှုချိန်က ထိန်းသိမ်းနေခဲ့သည်။ ကျန်းမာသန်စွမ်းသော ယောကျာ်းတစ်ယောက်က ထိုစိတ်ကို ထိန်းထားလေလေ ထိုအရာနဲ့ပတ်သတ်သည့် ကောင်းသည့်အချက်ကို  ပိုသတိရလေလေဖြစ်သည်။
ချင်ယွိကျိုးက သူ့အနီးအနားမှာရှိနေတဲ့အချိန်မှာ သူမက သူ့ကိုတတ်နိုင်သလောက်ဂ ရုစိုက်ခဲ့တယ်။ ထိုအချိန်က သူသည်ကလေးငယ်ကြောင့် သူမနဲ့ လက်ထပ်ခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်တွင်  ရှုချိန်သည် သူမကိုကြိုက်နှစ်သက်ပြီး စိတ်ရင်းမှန်ဖြင့်ပြုမှုဆက်ဆံခဲ့သည်။ တကယ်တော့ ရှုနင်က သူ့အမေကို ပြန်ခေါ်ချင်ကြောင်း ပြောခဲ့ရင် သူ့အတွက် ဘာ ပြသနာမှ မရှိပဲ အလွယ်လေး ပြန်ခေါ်နိုင်မည် ဖြစ်သည်။
ရှုချိန်သည် အစာစားပြီးနောက် ရှုဟိန်ကို ဖယ်ထုတ် ခဲ့သည်။ ရှုဟိန်၏စိတ်နှလုံးထဲတွင် အလွန်နာကြည်းပြီး နှလုံးသားတစ်ခုလုံး စိတ်ပျက်လက်ပျက်ဖြင့် အလွန်မှောင်မိုက်နေသည်။
ဒုတိယသားလေး၏အခန်းသည် အလွန်နွေးထွေးသော အရိပ်အငွေ့နှင့် ပြည့်စုံနေသည်။ အရောင်များ အားလုံးသည်နွေးထွေးသောကြောင့် ကြည့်ရတာ အဆင်ပြေသည်။ ရှုချိန် ၏အကြည့်က ရှုနင်ထံသို့ရောက် ခဲ့သည်။
"မြို့တော်မှာ နေရတာ ဘယ်လိုနေလဲ..."
"အားလုံးကောင်းပါတယ်။ "
"ဘယ်လောက်ပဲကောင်းနေပါစေ၊ မင်း ချစ်ရတဲ့လူတွေနဲ့ အတူတူရှိတာနဲ့ ယှဉ်လို့တော့ မရဘူး  !"
ရှုချိန်က ရှုနင်ရဲ့ပခုံးကိုဖက်လိုက်ပြီး အသာပုတ်ကာ ပြောလိုက်သည်။
ရှုနင်က  နားလည်ခဲ့ပေမယ့် သူ သဘောမတူခဲ့ပေ။
"ဖေဖေ၊ ကျွန်တော်အရွယ်ရောက်လာပြီ၊ အပြင်မှာ လေ့ကျင့်ရတာကို ကြိုက်တယ်၊ အခုဆိုရင် သူငယ်ချင်းတွေ ပိုများနေပြီ။ ကမ္ဘာကြီးကို ကျွန်တော့် မျက်လုံးတွေနဲ့ ကြည့်နေနိုင်ပြီ။ ဒါကြောင့် အဲဒီမှာ တစ်ယောက်ယောက်က ကျွန်တော့်ကို လာရှာပြီး စောင့်ရှောက်ပေးမယ်ဆိုရင် ကျွန်တော်က အသုံးမကျ တာ့ဘူး။ အဖေ့ရဲ့သားက ကြီးပြင်းလာပြီ ဆိုရင် အဖေက  လွတ်ပေးရတော့မယ်။ အဖေ ကျွန်တော် မကြာခဏ အိမ်ကို အလည်ပြန်လာမှာပါ၊ အနည်းဆုံး တက္ကသိုလ်ဘွဲ့ မရခင်အထိ ကျွန်တော့်ကို လွှတ်ထားပေးလိုက်ပါ!"
"ကောင်းပြီ၊ နင်နင် မင်း... ကြီးပြင်းလာပြီ၊ မင်းမှာလည်း ကိုယ်ပိုင်အမြင်တွေရှိလာတယ်"
"အဖေ, နောက်ထပ် ဘာမှ မရှိတော့ဘူး မလား"
ရှုနင်သည်ပထမဆုံးအကြိမ်အဖြစ် ရှုချိန်ကို ထားရစ်ကာ ထွက်ပြေးခဲ့သည်။ ရှုချိန် သည် ပညာရှိတစ် ဦး ဖြစ်ပြီး မည်သည့်နေရာတွင် သူမှားသွားခဲ့သည်ကို သူ့ဖာသာ နားမလည်ခဲ့ပေ။ သူ့သားထွက်သွားတဲ့နောက် အခန်းက အရမ်းကို ဆိတ်ညံနေပုံပေါက်သွားခဲ့သည်။ အပြင်ဘက် တံခါးနားမှာ သူ့ သားကြီး ပေါ်လာတော့ ရှုချိန်က သူ့သားကို လှမ်းမေးလိုက်သည်။
 " ဟိန်ဟိန်...နင်နင်က ဘာကြောင့် ရှုယောင်းနဲ့သူ့အမေကို မုန်းတီးရတာလဲ?"
တစ်နေ့တည်းနဲ့ သုံးပေလောက်ထူးတဲ့နှင်းထုဆိုတာ မဖြစ်ပေါ်လာနိုင်ဘူး၊ လူ့ရဲ့စိတ်နှလုံးဟာ ရှုပ်ထွေးတယ်။ ရှုဟိန် ကတော့ ရှုနင်ကို အနည်းငယ်ကိုသာ နားလည်နိုင်တယ်၊
"သူမက သူ့ကိုမွေးဖွားခဲ့ပြီး ဂရုမစိုက်ပဲ ပစ်ထားခဲ့တယ်။ ဒါ့အပြင် ကြီးလာချိန်မှာ သူ့ကို နာကျင်မှုတွေပဲ ပေးခဲ့တယ်။ အခု ရှုယောင်းက မွေးကတည်းက လူတိုင်းရဲ့အချစ်ကိုရခဲ့တာက နင်နင်ကို နည်းနည်းခါးသီးစေတယ် "
သားကြီးကကောင်းတာကိုပြောနေတာပဲ။ အခုစဉ်းစားလိုက်ရင် သူက ဒုတိယညီကို တကယ်ကာကွယ်ပေးနေတယ်။ ရှုယောင်းလည်းပဲ ဟိန်ဟိန်ရဲ့ ညီလေးပဲ မဟုတ်လား။
ရှုဟိန်က သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည်။  ရှုဟိန်က အခန်းထဲကို ဝင်လာပြီး တံခါးကိုပိတ်လိုက်သည်။ သူ့အဖေနဲ့ သူ ဆွေးနွေးစရာတချို့ရှိနေသည်။
ရှုချန်သည်စတုတ္ထထပ်သို့ တွေးတောနေရင်း တက်လာခဲ့သည်။ ရှုကောင်းက သူ့သားကို ဂရုမစိုက်ပဲ ဆွန်းလင်းနဲ့စစ်တုရင် ကစားနေခဲ့သည်။
ရှုချိန်က သူ့ဘေးမှာ အကြာကြိးစောင့်နေခဲ့ပြီး ရှုကောင်းက စိတ်ထဲကနေ တွေးနေသည်။
ဘာတွေကများ သူ့ကို ခုလို ဘေးမှာ လာရပ်နေစေတာလဲ။ ချင်ယွိကျိုးကြောင်းလား...
ရှုကောင်းက သူ့သားကို သိပ်စိတ်မပူစေချင်ခဲ့ဘူး၊ တကယ်လို့ ချင်ယွိကျိုးကို ပြန်ခေါ်လာခဲ့ရင် ရှုယောင်းက သူမရဲ့ ပဲ့ကိုင်မှုအောက်မှာ ကြီးပြင်းလာပြီး ရှုနင်ကတော့ အိမ်ကိုမပြန်လာချင်တော့ဘူး။ ဒါဆို အဲ့လိုဖြစ်လာမှာပဲ။
"အာချိန်... သူမကို နှစ်သစ်ကူးမှာ အိမ်ပြန်လာခိုင်းပြီး သူမရဲ့သားတွေကို ကြည့်ခိုင်းလိုက်.... "
ရှုချိန်သည်အလွန်အံ့အားသင့်သွားပြီးမတ်တတ်ထရပ်ကာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်အဖေ"
"မင်း ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့လာရပြီးမှ အတွေ့အကြုံကောင်းဆိုတာ မင်း သိလာလိမ့်မယ်။ ငါက အမြဲတမ်း မင်းဘေးမှာ နေပြီး တစ်သက်လုံး အကြံဉာဏ်တွေ မပေးနိုင်ဘူး။ ငါ့သား...မင်း ဖာသာ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးမှာ ဘယ်ရာကို နွေးထွေးရမယ်။ ဘယ်အရာကို အေးစက်ရမယ်ဆိုတာ မင်းဖာသာ သိလာလိမ့်မယ်။  ဒီလိုပဲ ငါ့မြေးတွေလည်း ကြီးပြင်းလာပြီး အရွယ်ရောက်လာလိမ့်မယ် "
"အဖေ ဆိုလိုတာက......"
"မင်း နားလည်မယ်ဆိုရင် သူမကို ပြန်ခေါ်ဖို့  စီစဉ်လိုက်တော့။ ငါ ပြောတာကို မမေ့လိုက်နဲ့။ မင်း သူမကို ခေါ်လာရင် အရင်ဆုံးကွာရှင်းရမယ်။ နောက် ၅ နှစ်အတွင်း သူမ ဘာမှ မလုပ်ဘူးဆိုမှ မင်းတို့ ပြန်လက်ထပ်လို့ရတယ်။ အဖေလျှောက်ခဲ့တဲ့ လမ်းက မင်းထက် ပိုများတယ် ငါ့သား။  အဖေက မင်းကို ဘယ်တော့မှ  မထိခိုက်စေချင်ဘူး၊ ရှုမျိုးနွယ်စု နောက်မျိုးဆက်အတွက် အားလုံး အဆင်ပြေအောင် လုပ်ဖို့ဆိုတာ မလွယ်ကူဘူး၊ ရှုဟိန်ရဲ့  ကိစ္စရပ်တွေကို သိတာက မင်းနဲ့ငါပဲရှိတယ်။ သူမက မသိဘူး။ တကယ်လို့ သူမက ဒီဟာကို သိခဲ့ပြီး တခုခုလုပ်ခဲ့မယ်ဆိုရင် အဖေ လုပ်မယ့်အရာအတွက် အဖေ့ကို အပြစ်မတင်နဲ့ "
"အဖေ ...... ဒါ အရမ်း မလောလွန်းဘူးလား....  "
အားချန်က အမြဲတမ်းချစ်ခြင်းမေတ္တာမှာ ကျရှုံးနေ့ကျဖြစ်သည်။ ထိုအဖြစ်ကြောင့်သူ့သားကို ရှုကောင်း အပြစ်တင်ဖို့ ပျင်းရိနေပြီဖြစ်သည်။
 "မင်း သူမကိုကွာရှင်းပြတ်စဲခြင်း မလုပ်ချင်ဘူးဆိုရင် သူမကို ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်ကြောင်း စာချုပ်မှာ လက်မှတ်ထိုးပါစေ။ မင်းက လူတွေကို အကဲဖြတ်တဲ့နေရာမှာ အမြဲတမ်းညံ့ဖျင်းခဲ့တယ်။ သူမက ဒီ ပိုင်ဆိုင်မှု စွန့်လွှတ်ကြောင်း စာချုပ်မှာ လက်မှတ်ထိုးမယ်ဆိုရင် ငါက ဒီတိုက်မြင့်ပေါ်က ခုန်ချရဲတယ်....  "
" အဖေ!"
ဆွန်းလင်းလည်း သခင်ကြီးအတွက် စိတ်ပူကာပြောလိုက်သည်။
 "အကိုကြီး ပြောတာက များနေပြီ။ အကိုကြီးက ဒီထက် တင်းကြပ်ရင် ကလေးတွေနဲ့ကြားက ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်....  "
"ဟမ်....ကောင်းပြီ။ ငါ့ဖာသာပဲ ငါ့အပင်တွေကို ဂရုစိုက်နေတော့မယ်။ သူတို့ဖာသာ လုပ်ချင်တာ လုပ်ပါစေတော့.."
ရှုကောင်း ကစိတ်ဆိုးနေတယ်။  
"အား... အမှိုက်တွေကိုဆေးကြောသန့်စင် ရဦးမယ်...."
ဆွန်းလင်းက သူ့သခင်ကြီးက ကြာလေ ကလေးလိုဖြစ်နေသောကြောင့် ခေါင်းသာ ယမ်းလိုက်ပြီး ရှုချိန်ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ရှုချိန်က ခေါင်းငြိမ့်ကာ အောက်ထပ်ကို ဆင်းသွားခဲ့သည်.။
ဒုတိယထပ်တွင်လည်း အခြေနေက သိပ်မကောင်းပေ။ ရှုချိန် အခန်းထဲက ထွက်သွားတာနဲ့ ရှုဟိန်က ရှုနင်ကို သူ့လက်မောင်းတွေကြားဆွဲသွင်းကာ နှစ်သိမ့်ပေးနေသည်။
ရှုနင်က ရှုဟိန်ကို ဖက်ထားရင်း ရင်ထဲမှာ လေးလံနေသည်။ ချင်ယွိကျိုးပြန်လာတော့မှာလား။ သူမက ရှုဟိန်ကို ဆန့်ကျင်ပြိးတိုက်ခိုက်တော့မှာပဲ... ဟင့်အင်း.. ဒီဘဝတော့ မဖြစ်စေရဘူး။ ငါ ဒီမှာ ရှိနေတယ်။
ရှုနင်က ချင်ယွိကျိုးရဲ့ သူတော်ကောင်းမ ဟန်ဆောင်ပြီး နောက်ကျောကို ဓါးနဲ့ထိုးတတ်တဲ့ အကျင့်စရိုက်ကို သဘောပေါက်သည်။ တကယ်လို့ ရှုနင်က သူမအတွက် တောင်းပန်ပေးရင် သူမက စောစောပြန်လာနိုင်မယ်လို့  သူမ မျှော်လင့်နေသည်။
နောက်ဆုံးတွင် ရှုယောင်းသည်ငယ်လွန်းသဖြင့် သူမ စိတ်တိုင်းကျဖြစ်အောင် ဒီကလေးကို လွှမ်းမိုးနိုင်သည်။ ရှုယောင်းကလည်း အလွန်ပညာမဲ့သူ မဟုတ်လား။
" မင်း ဒီပန်းပွင့်လေးကိုကြိုက်လား?"
ရှုနင် လှမ်းကြည့်လိုက်တော့ လသာဆောင်ပေါ်မှာ ပန်းပွင့်ပန်းရောင်သေးသေးလေးတွေ ပွင့်နေတဲ့ ဘွန်ဆိုင်းပင် တချို့ရှိနေတာကိုတွေ့လိုက်ရသည်။ ထိုပန်းတွေက ချင်ယွိကျိုး၏မျက်နှာထက်က ရှိနေသ့် ဟန်ဆောင် နူးညံ့သော အပြုံးနဲ့ တူနေသည်။
 " မကြိုက်ဘူးလား?"
"ဟင့်အင်း..မကြိုက်ဘူး"
ရှုဟိန်က အဓိပ္ပါယ်မရှိတဲ့ စကားကို မပြောတတ်ပေ။ သူက ဘာကို ပြောချင်နေတာလဲ...။
 "မင်း မကြိုက်ဘူးဆိုရင် ငါ အဲ့ဒါကို ဖျက်ဆီးပစ်နိုင်တယ်၊ ဒီအပင်ကို ငါလည်း မကြိုက်ဘူး၊ အရမ်း ဆန်းပြားလွန်းနေပြီး မျက်စိနောက်စရာကောင်းတယ်။ ဒီအပင်မရှိတော့ရင် အကုန်  အဆင်ပြေသွားမှာပါ။ "
"ဒီနေရာမှာထားခဲ့တာ အကောင်းဆုံးပါပဲ။ ဒါကို သဘောကျတဲ့လူတွေ  ကြည့်နိုင်ပါတယ်။ အဲဒီမှာ သူ့ဖာသာ  ညှိုးနွမ်းပျက်စီးသွားမယ့် အချိန်ဆိုတာ  ရှိနေမှာပါ"
ရှုဟိန်  နားလည်လိုက်တာကတော့ ချင်ယွိကျိုးက သူ့အမေဖြစ်လို့ နင်နင်က ဘာမှ လုပ်လို့မရဘူးပေါ့။
ဒါပေမယ့် ရှုနင်က ချင်ယွိကျိုးကို ခုလို  ကိုတစ်သက်တာလုံးထိန်းသိမ်းထားစေချင်တယ်။ သူမ ဘယ်တော့မှမရနိုင်တဲ့အရာတွေကို သူရနေတာကို အဝေးကနေ မျှော်ကြည့်နောကို  သူ မြင်ချင်နေခဲ့တယ်။ ရှုယောင်းနဲ့အတူ သူမက သူ့ရဲ့အောင်မြင်မှုကို ကြည့်ပြီးအတူတူ ခါးသီးသော ရက်များဖြင့် အသက်ရှင် နေထိုင်စေချင်သည်။ ဒါက သူ့ဘက်က  အကြီးမားဆုံးကလဲ့စားချေခြင်းဖြစ်တယ်။ သူမကို အလွယ်တကူ သေစေတာက သူမကို အသက်သာဆုံး ခွင့်လွှတ်လိုက်ခြင်းပဲဖြစ်တယ်။  ဒါဆိုရင် ရှုနင်က စိတ်မကောင်းဖြစ်နေရမှာပေါ့....
" မင်း ဘာတွေစဉ်းစားနေတာလဲ"
ရှုဟိန်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော အသွင်ဖြင့် ရှိနေသော ကလေးငယ်၏မေးစေ့ကို ပင့်မကာ အကြည့်ချင်းဆုံပြီးမေးလိုက်သည်။
"တကယ်လို့မင်းကို ငါနမ်းရင် မင်း စိတ်ကြည် သွားမလား"
"ဟုတ်တယ်!"
ရှုဟိန်၏ပါးစပ်ထောင့်များအထက်ကို ကော့တက်သွား သောအခါ သူက အရမ်း ပြုံးလိုက် မိသည်။ ရှုဟိန်က အရမ်းကို ချောမောခန့်ညားလှသောကြောင့် အခုလို သူ ပြုံးလိုက်ချိန်မှာ ရှုနင်ခမျာ လိပ်ပြာလွင့်သွားအောင် ဆွဲငင်ခံလိုက်ရတော့သည်။
ရှုဟိန်က လိုက်ကာများကို အကုန်ပိတ်လိုက်ကာ ရှုနင်ကို ပွေ့ပြီးအိပ်ယာထက်ကို တင်လိုက်သည်။ သူက စေ့စပ်သေချာသောလူ ဖြစ်သောကြောင့် လစ်ဟာကွက် တစ်ခုတောင် မဖြစ်စေချင်ပေ။
ရှုနင်က အိပ်ယာထက်မှာ အကိုကြီးရဲ့ သန်မာတဲ့ ရင်ခွင်အောက်မှ ဖိခံလိုက်ရပြီး ဘာမှ မလုပ်ရသေးခင် ပြင်းပြသော အနမ်းကို လက်ခံရရှိလိုက်သည်။
ရှုဟိန်က ဂျယ်လီလေးလို အိစက်ကာ အရသာရှိလှသည့် နင်နင်ရဲ့နူတ်ခမ်းလေးကိုစုပ်ယူကာ နမ်းရှိုက်ရင်း ခပ်ဖွဖွကိုက်လိုက်သည်။ ပြီးတော့ သူ့လျှာဖြင့် နင်နင်ရဲ့ အာခံတွင်းထဲကို ကျူးကျော်ထိုးဖောက်ဝင်ရောက်ကာ သူပိုင်ဆိုင်သည့် နယ်မြေအကုန်ကို စစ်ဆေးတော့သည်။
နင်နင်လည်း ချိုမြိန်လွန်းလှသည့် အကိုကြီးရဲ့အနမ်းကို  လက်ခံရလိုက်ပြီးနောက် လျှာချင်းရစ်ပတ်ကာ စုပ်ယူလိုက်သည်။
 ဤအနမ်းသည် ပျားရည်ကဲ့သို့ချိုမြိန်လွန်းလှကာ အနမ်းက ကြရှည်လျားလွန်းသဖြင့် သူ၏တံတွေးများပင် နူတ်ခမ်းထောင်မှ ယိုစိမ့်ကျလာသည်။ ရှုဟိန်က ထိုလမ်းကြောင်းအတိုင်း လိုက်နမ်းကာ နင်နင်၏  လည်ပင်းသို့တိုင် အနမ်းတို့က လိုက်လာပြီး အလွန်လောဘကြီးစွာဖြင် သိမ်းပိုက်နေခဲ့ သည်။
လည်တိုင်းကို ဖိအပ်ကာ နမ်းလိုက်သည့် အကိုကြီးရဲ့အနမ်းကြောင့် ရှုနင်က သာယာလွန်းလို့ ညည်းသံလေးက ပါးစပ်က ထွက်ကျလာခဲ့သည်။ ဒါပေမယ့်သူက ချက်ချင်း သတိဝင်လာပြီး သူ့ကိုယ်လေးက တောင့်တင်းသွားခဲ့သည်။
အကိုကြီးက ငါ့ကို လိုချင်နေတာလား....
ထိုအတွေးကြောင့် မျက်ရည်စက်များက ကြည်လင်နေသော ရှုနင်၏ပါးပြင်ပေါ်သို့ ပုလဲကြိုးတစ်ချောင်း ပြတ်ကျလာသလို ဆက်တိုက် စီးကျလာခဲ့သည်။
အကိုကြီးကို သူ အရမ်းချစ်တယ်။ အကိုကြီးဖြစ်ချင်တာ၊ လိုချင်တာကို အကုန်ပေးအပ်လိုက်ချင်တယ်။
ဒါပေမယ့်အကိုကြီးက သူ့အကိုရင်းဖြစ်တယ်။ သူ့အပေါ်ကို အကိုကြီး ချစ်တယ်ဆိုတာ သိပေမယ့် အကိုကြိးရဲ့ အနာဂါတ်ကို လမ်းလွဲအောင် သူက သိသိကြီးနဲ့ မလုပ်သင့်ဘူး မဟုတ်လား။
ချစ်ပေမယ့် စည်းမကျော်နိုင်တဲ့ဘဝ...ချစ်ပေမယ့် ကိုယ့်ချစ်သူကို အကုန်မပေးအပ်နိုင်တဲ့ဘဝက အရမ်းကို ခါးသီးလွန်းလှတယ်.....
ရှုဟိန်က နင်နင်က ဘယ်လိုတွေးနေသည်ကို မသိပေမယ့် ရုတ်တရက် ငိုကျွေးလိုက်သဖြင့် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ထပ်မလှုပ်ရှားနိုင် တော့ပဲ သူ့ညီလေးရဲ့အ ၀ တ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည် ပြုပြင်ပေးလိုက်သည်။
သူက စည်းကျော်ဖို့ မလုပ်ခဲ့ဘူးလေ။ သူ့ညီလေးရဲ့ ဘောင်းဘီကို ထိတောင် မထိခဲ့ဘူး။ ဘာကြောင့် ညီလေးက ဝမ်းနည်းပမ်းနည်း ငိုနေရတာလဲ...
  သူ့ညီလေး ဘာဖြစ်သွားတာလဲ ...
ရှုဟိန်က နင်နင်ကို ပွေ့ချီကာ  ပါးပြင်ပေါ်က မျက်ရည်များကို လက်ဖြင့်သုတ်ပေးခဲ့သည်။
ရှုနင်က ရှုဟိန်ရဲ့ ရင်ခွင်ထဲမှာ ခေါင်းမှီပြီး မျက်လုံးကိုဖွင့်ရန် မ ၀ ံ့မရဲရဲဖြစ်နေသည်။
သူက ယခင်က ရှုဟိန်ကို ညီဖြစ်သူကို နမ်းရင် ဂေးလ်သွားမည်ဟု ပြောခဲ့ပေမယ့် အခု သူက အကိုကြီးကို လိုချင်နေမိသည်။ သူက မကောင်းတဲ့ ညီလေးပဲ...အကိုဖြစ်သူကို မရိုးသားတဲ့ချစ်ခြင်းနဲ့ ချစ်မိနေတဲ့အတွက် မိုးကြိုးပစ်ချခံရသင့်တယ်...
 သူ့အကိုကြီးက သူ့ကို ချစ်နေတယ် မဟုတ်လား... သူချစ်နေသလို မရိုးသားတဲ့ ချစ်ခြင်းနဲ့ သူ့ကို ချစ်နေတယ်မဟုတ်လား ...
အရင်ဘဝက သူ့ကို တလျှောက်လုံး စောင့်ရှောက်ပေးခဲ့တာတွေ... ဆေးရုံမှာ သူ့ နောက်ဆုံး အချိန် သူ့ကို အကုန်ဖွင့်ဟ ဝန်ခံခဲ့တာတွေ.....
အရင်ဘဝကတည်းက အကိုကြီးက သူ့ကို ချစ်နေခဲ့တာလား.....
ရှုနင်က အတွေးတွေ များလွန်းလို့ ခေါင်းကိုက်လာခဲ့သည်။
ငါ အတွေးခေါင်တာ ဖြစ်မှာပါ....
ရှုနင်က သူ့နားထင်ကို ပွတ်သပ်ရင်း ရှုဟိန်က ငါ့ဆီမှာ ဘယ်လို ကြွေဆင်းသွားနိုင်မှာလဲဟု တွေးနေမိသည်။
 မင်းက တကယ့်အရူးပဲ... ရှုဟိန်က ငါ့ကို ပျော်အောင် ငါ့အိပ်ခန်းထဲမှာ အရုပ်လို သဘောထားပြီး ငါဖက်ချင်တိုင်း ဖက်လို့ရအောင် လုပ်ပေးခဲ့ရုံပဲလေ။
 ငါ အကိုကြီးကို ဖက်ပြီး ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့သလို မနက်နိုးတော့လည်း အကိုကြီကို ဖက်ပြီး နိုးထလာခဲ့တယ်။
 ဒီဟာက ငါ့ကို သနားလို့ သူ လုပ်ပေးခဲ့တာလား။  ဒါမှမဟုတ် သူလည်းပဲပျော်လို့ အခုလို ဖက်အိပ်နေတာလား။ ချစ်စရာကောင်းပြီး အရမ်းဆွဲဆောင်မှုရှိတဲ့ အကိုကြီးက   "ငါ မင်းကို ကြိုက်တယ်"လို့ အမြဲပြောခဲ့ပေမယ့် ကြိုက်တယ်ဆိုတာ  ချစ်ခြင်းမေတ္တာနဲ့မတူဘူး
ဒီအတွေးကြောင့် ရင်ဘတ်ထဲ နာကျင်လာပြိး ရှုနင်၏မျက်တောင်များသည်စိုစွတ်လာပြန်ကာ မျက်ရည်များစီးကျလာပြန်သည်။
ရှုဟိန်ကစိုးရိမ်ပူပန်နေပြီး သူတို့ကိုနှုတ်ခမ်းဖြင့် သုတ်ပေးချင်ပေမယ့်  မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ရဲ။ သူ၏လက်မဖြင့် ပါးပေါ်က မျက်ရည်ကို ဖြည်းဖြည်းချင်းပဲ သုတ်ပေးခဲ့သည်။
 ညီငယ်၏မျက်ရည်များသည်ပြည့်လျှံနေသောရေကာတာတစ်ခုနှင့် တူသည်။ ဒီမျက်ရည်တွေက သူ၏နှလုံးကိုနာကျင်စေပြီး စိတ်ပူစွာ တဖွဖွမေးလိုက်မိသည်။
" ဘာအမှားပါလို့လဲ...ဘာဖြစ်လို့လဲ..."  
ရှုနင်က သူ့ကြောင့် အစ်ကိုကြီးရဲ့အသံက အရမ်းကိုထိတ်လန့်တုန်လှုပ်လာသည်ကို သိလိုက်သည်။
အကိုကြီးက ငါ နေမကောင်းဖြစ်မှာကို စိုးရိမ်နေရတယ်။ သူ ငါ့ကို လုပ်ဖို့ တစ်လှမ်းတည်းပဲလိုတော့တယ်.... ငါက မကျော်သင့်တဲ့ စည်းကို အကိုကြီး ကျော်လာအောင် လုပ်နေမိတယ်...ငါက တကယ့်မကောင်းဆိုးဝါးပဲ...ငါက အရမ်းဆိုးသွမ်းတဲ့သူပဲ...
ရှုနင်က ဒီလိုတွေးပြီး သူ၏မျက်နှာကို အုပ်မိုးကာ သည်းထန်စွာ ဝမ်းနည်းပမ်းနည်း ငိုကြွေးလိုက်ပြန်သည်။
ရှုဟိန်သည် နင်နင်ရဲ့ မျက်ရည်ကြောင့် သူကိုယ်တိုင် မည်သို့ခံစားခဲ့ရသည်ကိုပင် မသိနိုင်လောက်အောင် စိတ်ဆင်းရဲခဲ့ရသည်။
 သူတို့နှစ်ယောက်ဟာအခန်းထဲမှာ အတူတကွ ရှိနေကြပြီး တစ်နေ့လုံး ရှုနင်က ငိုရလွန်းလို့  အားနည်းနေတယ်။ သူ့မျက်လုံးများက တဖက်ကို လှည့်သွားပြီး ရံဖန်ရံခါ သူသည် ရှုဟိန်ကို တိတ်တဆိတ် ခိုးကြည့်ကာ ဒီချောမောလှပတဲ့ နတ်ဘုရားကြီးက သူ့အိပ်မက်တွေကို အမြဲတမ်းခိုးယူလေ့ရှိသည်ဟု တွေးနေသည်။
ရှုဟိန်က နင်နင်ကိုလှည့်ကြည့်တိုင်း နင်နင်သည်ကြောက်ရွံ့နေသည့် ယုန်ကလေးကဲ့သို့ သူ၏ ဦး ခေါင်းကို ချက်ချင်း တဖက်ကိုလှည့်ကာ ဝှက်လိုက် သည်။ နင်နင်က လိမ့်မည်။  အလွန်စိတ် လှုပ်ရှားနေပြီး သူ၏အသားအရေသည်ဖြူဖွေးနေပြီး သူ့စိတ်မှာ ရှုပ်ထွေးနေသည်။
ရှုဟိန်က ရှုနင် ၏ဘေးတွင်ထိုင်လိုက်သည်နှင့် ချက်ချင်းပင် ရှုနင်၏ခန္ဓာကိုယ်က တောင့်တင်းလာသည်။
ရှုဟိန်က အရမ်းအကင်းပါးသူဖြစ်လို့ သူက နင်နင်ရဲ့ဘေးကို လုံးဝ ကပ်မလာတော့ပေ။
**-**
"အိုကေ!"
"   အဖိုး၊ ဖေဖေ ~"
  "မင်းက ဆရာအသစ်တွေလား။ ငါနဲ့အတူ လာ ကစား ပါ။ "
အာ...........
 → _ →
"အားလုံးကောင်းပါတယ်။ "
" ကျေးဇူးတင်ပါတယ်အဖေ"
"အဖေ ဆိုလိုတာက......"
" အဖေ!"
 " မကြိုက်ဘူးလား?"
"ဟင့်အင်း..မကြိုက်ဘူး"
"ဟုတ်တယ်!"