(U) Chapter (134)_ XXOO လုပ်နေတဲ့ လင်လင်ကို အဖေနဲ့ မှားတဲ့ နင်နင်

13.1K 1.7K 84
                                    

Chapter (134)_ XXOO လုပ်နေတဲ့ လင်လင်ကို အဖေနဲ့ မှားတဲ့ နင်နင် 


တံခါးဖွင့်လိုက်သောအခါ အသံတစ်ခုထွက်လာသည်။ မင်းသာ နားမပင်းနေရင် ဒီအသံကိုကြားလိုက်ရမှာပဲ။

 သွားပြီ..ငါတို့တော့ သေပြီ။ အဖေတော့ ငါတို့ကို မိသွားပြီ။ အကုန် ပြီးပါပြီ

ရှုနင်၏ရင်ထဲက အော်လိုက်မိသည်။

  တံခါးဖွင့်ဝံ့တဲ့သူက ရှုချိန်ကလွဲပြီး ဘယ်သူမှမရှိနိုင်ဘူး။ ရှုယောင်းက အိမ်ဟောင်း၌ရှိနေသောကြောင့် သူ မဖြစ်နိုင်ပေ၊  အိမ်ဖော်များနှင့်သက်တော်စောင့်များအတွက်သီးခြားရေချိုးခန်းတစ်ခုရှိသည်။ မနက်တိုင်း မိုးမလင်းခင် အိမ်ဖော်တွေက ရေချိုးခန်း အိမ်သာတွေကိုသေချာသန့်ရှင်းရေးသေချာလုပ်ပြီးမှအဲဒီ့နောက် လုံးဝ  ၀ င်လာမှာမဟုတ်ဘူး။

ဘာလုပ်ကြမလဲ?

ရှုဟိန် ...... အဲဒါအားလုံး မင်းကြောင့်ချည်းပဲ...

ရှုနင်က ဒီဟာကို ရှုဟိန်   ဖြေရှင်းနိုင်လိမ့်မယ်လို  စိတ်ထက်သန်စွာမျှော်လင့်ခဲ့တယ်၊ သူ ကြောက်နေလို့ လှုပ်ပင် မလှုပ်ရဲပေ။

ရှုဟိန်က ဘာတွေတွေးနေတာလဲ...

 ရှုနင် နူတ်ခမ်းကိုက်လိုက်စဉ် ရှုဟိန်က သူ့နဖူးကို လေနှင့်မှုတ်ကာ နှင်းလိုဖြူသော နဖူးပြင်လေးကို အားနှင့်ဖိကာ လက်နှင့်ပွတ်ပေးလိုက်သည်။


  ရှုနင်က မသိမသာမျက်မှောင်ကြုတ်လိုက်ပြီး တွေးနေစဉ် ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့ ရှုချိန်က ရှုနင်ရဲ့နဖူးတိုက်မိကာ   ဒဏ်ရာရသွားတာဖြစ်နိုင်တယ်လို့ တွေးကာ ချက်ချင်းဆိုသလို သူ့ဆီကိုအရေးတကြီးပြေးလာပြီးမေးလိုက်သည်။

 ရှုဟိန်က ရှုချိန်က နင်နင်နဖူးကိုတွေ့နိုင်ရန် ဘေးကို ကပ်ပေးလိုက်သည်။ ရှုချိန်ကြည့်လိုက်တော့ ရှုနင်ရဲ့နူဖူးက နည်းနည်းနီရဲနေသည်။

"ဒီမှာကြီးကြီးမားမားတစ်ခုခုဖြစ်နေလို့ မင်းတို့ထွက်မလာဘူးဆိုတာ အဖေ သိနေတယ်၊  ဒါကြောင့် လိုက်လာခဲ့တာ။ မင်းလက်ကိုဆေးလိုက်တော့ .. မနက်စာ  စားရအောင်"

ရှုဟိန်က ကပ်ကာသီကာ လွတ်သွားလို့ ခေါင်းမူးသွားသည်။ ရှုနင်က သူ့နဖူးကိုဆုပ်ကိုင်ရင်း သဘောပေါက်သွားပြီး ရှုဟိန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ ရှုချိန် က သူ့လက်တွေကိုဆေးပြီးတဲ့နောက် သူကသူ့ရဲ့အကောင်းဆုံးသားနှစ်ယောက်ကို မနက်စာစားဖို့တွန်းမထုတ်ခင် နင်နင်ရဲ့နဖူးလေးကို ပွတ်သပ်ပေးလိုက်တယ်။ စူးရှတဲ့မျက်လုံးတွေကြောင့် ရှုချိန်က နင်နင်က သူ့သားကြီးကို မျက်စောင်းထိုးလိုက်တာကိုတွေ့လိုက်သည်။

ရှုဟိန်က နင်နင်ကို တိုက်မိလို့ နင်နင်က သူ့အကိုကြီးကို ဒေါသထွက်ကာ မျက်စောင်းထိုးသည်ဟုသာ ထင်လိုက်သည်။
 
သူတို့ရဲ့စားသောက်ပုံက  roller coaster  စီးတာနဲ့တူတယ်၊ အဲဒါက စိတ်လှုပ်ရှားဖို့ကောင်းတယ်။ သူ၏အပြစ်ကိုသိသော ရှုနင်က အပြစ်ရှိစိတ်ကိုဖုံးကွယ်ရန်  သူပြောသည့်အတိုင်းပုံမှန်လုပ်ရန်လိုသည်ဟု တွေးနေသည်။ ရှုနင်က အဖေ သူတို့ကို သံသယမဝင်စေဖို့ ပုံမှန်နေချင်ပေမယ့် အကိုကြီးက ကဲကိုကဲလွန်းသည်။
ဒါပေမယ့် အဖေက သူတို့ကို သံသယ မဝင်လို့ သူ့မှာ အမှတ်တွေအပြည့်ရတယ်လို့ခံစားရတယ်။ ထက်မြက်သောလူသည်တစ်စုံတစ်ခုကိုမြင်လျှင် အခု မတွေးမိပေမယ့်  ထိုအကြောင်းကိုနောက်မှ စဉ်းစားမိလိမ့်မည်၊ ရှုချိန် သည်ထိုမြင်ကွင်းအတွက်ကျိုးကြောင်းဆီလျော်သောရှင်းပြချက်တစ်ခုကို စဉ်းစားထားပြီးဖြစ်ကောင်းဖြစ်နိုင်သည်၊ သူက သူ့သားတွေရဲ့ချစ်ခင်ရင်းနှီးမှုအပေါ်နှင့် ဆွေမျိုးသားချင်းများအပေါ်သံသယ ၀ င်ခြင်းလုံးဝမရှိပေ။

သက်ပြင်းချရင်း ရှုနင် ကစားပွဲအောက်ရှိ ရှုဟိန်ခြေထောက်ကိုလှမ်းကြည့်လိုက်သည်။ သူသည် ထိုက်တောင်တန်းကြီးလို တည်ငြိမ်သော စိတ်ထားရှိသော်လည်း ရှုနင်က   သေလုနီးပါးကြောက်ရွံ့နေခဲ့သည်။ တကယ်တော့ ရှုဟိန်သည်စိတ်နှလုံး အရမ်းလည်းမကောင်းဘူးပဲ၊ သူ့ကြောင့် ရှုနင်မှာ အမြဲအရမ်းစိတ်ပူပန်ပြီး သောကရောက်စရာ အများကြီးရှိခဲ့တယ် .....

သူက အရာအားလုံးကိုစင်ကြယ်စေချင်တယ်။ ရှုနင် နှင့် ဆက်ဆံရေးကို ရှုဟိန်၏လက်အောက်ငယ်သားအားလုံး သိနေသည်။ ဒီလိုသိနေမှတော့ သူတို့က ဖြူစင်ယောင်ဆောင်နေလည်း အလကားပဲပေါ့။   မင်းကိုယ်မင်းလှည့်စားရာမှာ ဘာအကျိုးရှိမှာမို့လဲ။

ဒါပေမယ့် ရှုဟိန်ကရှုနင် ရဲ့ခံစားချက်တွေကိုလေးစားတယ်၊ ဒါက သူလုပ်ချင်တဲ့အတိုင်းလုပ်ရင် ရှုနင်က လိုက်လျောမယ်ဆိုတာ သိပေမယ့် အချစ်ဆိုတာ လူနှစ်ယောက်နဲ့သက်ဆိုင်တယ်၊ သူ့ဆန္ဒနဲ့သူ သွားလို့မရဘူး။ ရှုဟိန်က သူ့ခြေထောက်ကို  ရှုနင်ရဲ့ခြေထောက်တွေဆီကို တို့ထိလိုက်တော့ ရှုနင်က သူ့ကို စားပွဲအောက်ကနေ ခြေထောက်တွေကို ပြန်ကန်ခဲ့သည်။ သူ့   မျက်လုံးတွေမှေးစင်းသွားပြီး သူက တကယ်ပဲ တန်ပြန်တိုက်ခိုက်တာ ခံရတယ်ပေါ့....။

ရှုနင်က ရှုဟိန်ကို မကောင်းတဲ့အကြည့်တစ်ချက်နဲ့ တစ်ချက် ကြည့်လိုက်တယ်၊

မင်း ခဏစောင့်ပါ။ ပြီးမှ သိမယ်.....

ရှုချိန်ကသူတို့နှစ်ယောက်ကိုကြည့်ပြီး သူ့ကလေးတွေတစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးပြီး အပြန်အလှန်ဆက်ဆံရေး ကောင်းတယ်လို့ခံစားရတယ်။ ကံမကောင်းစွာနဲ့ ရှုယောင်း က အသက်ငယ်လွန်းတဲ့အတွက် သူ့အကိုနှစ်ယောက်ကြား ပါဝင်ချင်ရင်တောင်မဖြစ်နိုင်ဘူး။ ချင်ယွိကျိုး ရဲ့မလိုမုန်းထားမှုကြောင့် ရှုနင်က ရှုယောင်းကို မုန်းခဲ့တာမဟုတ်ဘူး။ ရှုယောင်းရဲ့တည်ရှိမှုက သူတို့နှစ်ယောက်ကြား လက်ခံဖို့ နေရာလုံးဝမရှိသောကြောင့်ဖြစ်သည်။

အရွယ်လည်းကွာလွန်းတာက ထိုကလေးကို ဘေးရောက်သွားစေသည်။ ပြီးတော့ ဒီကလေးရဲ့စရိုက်က ဆိုးသွမ်းလွန်းလှသည်။ ရှုနင်မပြောနဲ့.. သူတောင် အဖေဖြစ်လို့ သူ့သားငယ်လေးဆိုးတာကို သည်းခံနိုင်တာဖြစ်သည်။ ဒီလိုဆိုးသွမ်းမှတော့ ရှုဟိန်က လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။

    ရှုကောင်းပြောခဲ့သလိုပဲ အဖေက မင်းနဲ့အတူ အမြဲနေနိုင်မှာမဟုတ်ဘူး ရှုယောင်းရေ... မင်းက လိမ်မာမှ မင်းအကိုနှစ်ယောက်က မင်းကို ချစ်လိမ့်မယ်။

ရှုချိန်က အရင်က ဒါမျိုး တစ်ခါမှမတွေးခဲ့ဖူးပေမဲ့ အခုတော့ အတူတူခံစားခဲ့ရတယ်၊ သူက သူတို့နဲ့တစ်ချိန်လုံး အတူနေနိုင်မှာမဟုတ်ဘူးလို့ခံစားခဲ့ရတယ်။ သူ့ရှေ့မှ လိုက်ဖက်ညီသော သားနှစ်ယောက်ရဲ့ ရင်းနှီးသောမြင်ကွင်းသည်သူ့ထံမှ တဖြည်းဖြည်းပိုဝေးသွားပုံရသည်၊ သူလည်း ပါ ၀ င်ချင်သည်၊ ဒါပေမယ့် သူ ပါးစပ်မှဖွင့်နိုင်ခြင်းမရှိတာကို သူတွေ့လိုက်ရလို့ သက်ပြင်းချလိုက်မိသည်။

သူ အလုပ်ကို ကားနှင့် မထွက်သွားခင် အိမ်တော်ထိန်းကို တိတ်တိတ်လေးမှာလိုက်သည်။ ရှုယောင်းကို ရှုနင်ရှေ့တွင် မသိမသာ ပို့လိုက်ပြီး သဲလွန်စ မရှိအောင် လုပ်ဖို့ မှာထားလိုက်သည်။ သူ့သားငယ်လေးကို နောင်အနာဂါတ်မှာ အားကိုးရစေဖို့ အကိုတွေနဲ့ရင်းနှီးအောင် ဖန်တီးပေးရမည်။


အိမ်တော်ထိန်းက ရှုဟိန် ၏လူများထဲမှတစ် ဦး ဖြစ်သောကြောင့် သူ က သဘောတူရန်ဟန်ဆောင်ခဲ့ပြီး ဒီဟာကို အကောင်ထည်ဖော်ရန် မည်သည့်အစီစဉ်မှမလုပ်ခဲ့ပေ။

ရှုချိန်သည် ရှုဟိန်ကို တစ်သက်လုံးယောက်ျားကောင်းတစ်ယောက်ဖြစ်လာအောင်ဆိုတဲ့ အချက်ကြောင့်မဟုတ်ရင် ရှုဟိန် ကို သူ ဘယ်တုန်းကမှသံသယမ ၀ င်ခဲ့ဘူး၊ သူက ဒီလိုအဖေအချစ်မျိုးကို ဘယ်တော့မှရခဲ့မှာ မဟုတ်ဘူး။ သူ့မျက်လုံးများတွင်ကုမ္ပဏီ၏အမွေခံသည် ရှုဟိန်သာ အမြဲဖြစ်နေပြီး ရှုနင်က ဆက်ခံရန် မဖြစ်နိုင်ပေ။ ရှုချိန်က ရှုနင် တွင်မိသားစုအပြင်ဘက်မှာ ကိုယ်ပိုင်စီးပွားရေးများရှိနေသောကြောင့် သူ့ကိုထောက်ခံလိမ့်မည်။ အကယ်၍ ရှုနင်သည်ကုမ္ပဏီအားလုယူရန်စိတ် ၀ င်စားလျှင် ရှုချိန် မည်သို့တုံ့ပြန်မည်နည်း။

ဒါဟာ အလွန်သိသာထင်ရှားပါတယ်။

ရှုမိသားစုကြီးကဲ့သို့မိသားစုကြီးတစ်ခုအတွက် နေ့စဉ်လုပ်ရမည့်အရာများစွာရှိခဲ့ပြီး ၎င်းတို့အားလုံးကို ယုံကြည်ချက်ကောင်းကောင်းဖြင့် ပြီးမြောက်ရန်မဖြစ်နိုင်ပေ။ တဖြည်းဖြည်း၊ တနေ့ပြီးတနေ့၊ တနှစ်ပြီးတနှစ်၊ သူ့နှလုံးသားဟာ နောက်ဆုံးမှာ အနက်ရောင်ဖြစ်သွားတယ်။ တရုတ်ပြည်၏တစ်ဦးတည်းသော ဘုရင်မ ဝူမိန့်နျဉ်ကိုကြည့်လိုက်လေ။ သူမက သူမရဲ့   ကလေးများကို မည်သို့ဆက်ဆံသည်ကိုကြည့်ခြင်းဖြင့် မင်း သိလာလိမ့်မယ်။

  အဲဒီမှာ ချင်ယွိကျိုးသာဆိုရင် ရှုယောင်းတစ်ယောက်သာ သူမရဲ့သားဖြစ်ပြီး  ရှုနင်ကို သားအဖြစ် သူမ မျက်လုံးထဲ လုံးဝမမြင်ခဲ့ပေ။  သူမက စည်းစိမ်ချမ်းသာကို ပိုင်ဆိုင်ချင်ဇောနဲ့ မျက်စိရှေ့က တန်ဖိုးရှိတဲ့အရာကို လွဲချော်ခဲ့တယ်။

ရှုနင်က ရှုချိန်ရဲ့ သည်းခံနိုင်တဲ့ ကန့်သတ်ချက်တွေ ဘယ်မှာရှိတယ်ဆိုတာသိတာကြောင့ ်အဲဒါကိုရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ အသက်သုံးဆယ်မှာ ၀ ိညာဉ်ဘဝကိြ ရောက်ခဲ့တဲံ သားတစ်ယောက်က သူ့အဖေရဲ့မေတ္တာကိုမလိုအပ်ဘူးလို့ မပြောနိုင်ဘူး၊ သူ့အဖေက လူကောင်းဖြစ်လို့ ဒီလောက်စောစော မသေစေချင်သေးလို့ ရှုနင်က စိတ်ညစ်နေသည်။

  ဒါကြောင့်ဒီတသက်တာမှာ ဒီလောက်ဂရုစိုက်မှုတွေနဲ့ အဖေ့ကို လုပ်ပေးနေခဲ့ရတယ်။ သူက အဖေ့ကိုအများကြီး ဂရုမစိုက်သလိုပဲထင်ရပေမယ့် သူက အရာအားလုံးကို တကယ်လိုချင်ခဲ့တယ်။ အဖေ့အချစ်ကော၊ အကိုကြီး အချစ်ကိုကော လိုချင်ခဲ့သည်။

ခုချိန်မှာ မင်း သူ့ရဲ့မရွှေ့မပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုအားလုံးကို ထည့်မတွက်ဘူးဆိုရင်တောင် ရှုနင်ရဲ့    ချမ်းသာမှုကက ဂဏန်းကိုးလုံးအထိရောက်သွားပြီဖြစ်တယ်။ သူက သူ့အဖေကိုချစ်မြတ်နိုးပြီး ရှု မျိုးရိုး၏ဘိုးဘွားပိုင်အိမ်ကြီးကို သာယာအောင် ထိန်းသိမ်းနိုင်တဲ့အ အဓိက အသက်သွေးကြောလေးဖြစ်နေသည်။

ရှုချိန်သည်ခဏအကြာတွင် ရှုဟိန် ရောက်လာသည်ကိုမြင်သည်နှင့ ်သူပြုံးလိုက်သည်။ သူ့သားက အရမ်းထူးချွန်တဲ့အတွက် သူ အရမ်းပျော်တယ်။

ရှုနင်သည်ဧည့်ခန်းသို့မသွားမီ ကားသုံးစီးကိုကြည့်နေသည်။ သူဌေးကြီးက အလုပ်ကို ထွက်သွားပြီးနောက် အိမ်တော်ထိန်းက ရှုနင်နောက်က လိုက်သွားပြီး ရှုချိန် ရဲ့စိတ်ကူးကို ရှုနင်ကို တီးတိုးပြောလိုက်ပါတယ်။ ရှုနင် ကပြုံးလိုက်ပြီး ပြောလိုက်သည်။

"အဲ့လိုဆိုရင်လည်း အဖေ စိတ်ချမ်းသာအောင် ပြောသလို လိုက်လုပ်လိုက်ပါ။ ရှုယောင်းရဲ့ ကျူရှင်ဆရာက အလုပ်အရမ်းကြိုးစားတယ်မဟုတ်လား။ မဟုတ်ရင် သူ့ကိုပြောင်းပေးလိုက်ပါ။ "  

"ပုံမှန်ဆိုရင် ကျွန်တော်တို့ ဌားသမျှ ဆရာတိုင်းက အကောင်းဆုံးတွေထဲက တစ်ယောက်ပါ"

"ဒါဆိုရင် ရှုယောင်း ခေါင်းမမာပဲ ဆရာတွေပြောသလို လိုက်လုပ်သင့်ပြီပေါ့ မဟုတ်ဘူးလား...  "

"ပုံမှန်ဆိုရင်တော့ သခင်လေးတွေက မွေးကတည်းက အလိုလိုက်ခံခဲ့ရတော့ ဆိုးကြတာပဲ။ ဒါပေမယ့် သခင်ငယ်လေးက အခု ၆ နှစ်ထဲ ဝင်လာပြီဆိုတော့ သူက စဉ်းစားဉာဏ်ရှိပြီး သေချာ သင်ယူသင့်နေပြီ။ ဒါပေမယ့် အခုထိ အပြုမူတွေက ဆတ်ဆတ်ထိမခံဖြစ်နေတုန်းပဲ  "

"မှန်တယ်၊ သူကြီးလာရင်ကောင်းသွားလိမ့်မယ်။ "

ရှုနင်က မျက်ခုံးကိုပင့်လိုက်ပြီးအိမ်တော်ထိန်းကို ကြည့်လိုက်တယ်။

"ဘယ်အချိန်ဆိုရင် ယောကျာ်းလေးတွေက ပုံမှန်အပြုမှုမျိုးဖြစ်လာသင့်သလဲ"

"အဲဒါ က လူတစ် ဦး နဲ့တစ် ဦး မတူပါဘူး၊ မိန်းကလေးတွေက ငယ်ရွယ်စဉ်က ဆိုးတတ်ပေမယ့် ကြီးလာရင် လိမ်မာလာတယ်။ ကျွန်တော့် ဦးလေးမှာ သားတစ်ယောက်ရှိတယ်။ သူ့အသက် 5 နှစ်အရွယ်မှာ သူ့အမေရဲ့  အလှကုန်ပစ္စည်းကို မထိဖို့တောင်းဆိုတဲ့အခါ ကလေးက အရမ်းကို ဆိုးသွမ်းပြီး ပိုလို့ ထိခဲ့တယ်။ ဒါပေမယ့် ကလေးက အသက် ၆ နှစ်ကိုရောက်တဲ့အခါ မထိနဲ့ ဆိုရင် မထိတော့ဘူး။ စကားနားထောင်ပြီး လိမ်မာလာတယ် ။ အခု သူကအရမ်းတော်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေပြီ။ "

ရှုနင် သည်အရာများကိုစဉ်းစားရင်းမျက်မှောင်ကြုတ်လိုက်သည်။ ရှုယောင်းသည် အသက်ခုနစ်နှစ်သို့ေ ရောက်သည်အထိ ထိုသို့ ဆိုးသွမ်းကာ ထင်ရာစိုင်းသလို ပြုမူပုံရသည်။ ဆယ်နှစ်တွင်သူသည်နတ်သမီးတစ်ပါးကဲ့သို့ ပို၍ ပင်နာခံမှု ရှိပုံရသည်။ ရှုနင် ကပြုံးလိုက်ပေမယ့ ်သူ့မျက်လုံးတွေကနက်ရှိုင်းလာတယ်၊

"အဲဒါမှန်တယ်၊ မင်းကကလေးဆိုးတစ်ယောက်နဲ့ဆက်ဆံတဲ့အခါ မင်း တပ်မှူးတစ်ယောက်ခေါ်လာရင်တောင် အသုံးမဝင်ဘူး"

အိမ်တော်ထိန်းက ရယ်ရယ်မောမောနှင့်ခေါင်းငြိမ့်လိုက်ပြီး ရှုနင်ကို ထိုနေရာတွင် ထားကာ လုပ်စရာရှိတာ သွားလုပ်တော့သည်။

ရှုနင် ၏မျက်လုံးထဲတွင်ဆိုးဝါးသည့် အရိပ်အယောင်တစ်ခုပေါ်ထွက်လာသည်။

ရှုယောင်း...မင်း ဘယ်လောက်ကံဆိုးလိုက်လဲ၊ မင်း အမူအကျင့်တွေကို စတင် သင်ယူတဲ့အခါ မင်း အဖေဆုံးသွားပြီ၊ တကယ်သနားစရာကောင်းလိုက်တာ...


အကြောင်းရာများစွာ၏လမ်းကြောင်းများပြောင်းသွားပြီး ရှုနင်က ရှုချိန်က  ဘာဖြစ်သွားမည်ကို   သိနေသည်။ အတတ်နိုင်ဆုံးသူက သူ့အဖေကို ချစ်ခြင်း မေတ္တာနဲ့ဂရုစိုက်မှုပြပြီး အဖေ အသက်ရှည်ရှည်နေနိုင်မယ်လို့မျှော်လင့်နေမိတယ်။

ရှုချိန် မသေဆုံးမီတစ်ရက်သို့ရောက်သောအခါ ရှုနင်က အတော်လေး စိတ်မသက်မသာဖြစ်နေသည်။ ညဘက်တွင် ရှုဟိန်နှင့် သူက အကြိမ်ကြိမ် ချစ်တင်းနှောပြီးပေမယ့် ရှုနင်က ရှုဟိန်ကို တင်းတင်းဖက်ထားကာ ငိုရလွန်းလို့ မျက်လုံးများယောင်လို့နေသည်။

  ရှုဟိန်က ရှုနင် တခုခုဖြစ်နေသည်ကို သိပေမယ့် မေးသော်လည်း ရှုနင်က လုံးဝမပြောသဖြင့် အခက်တွေ့နေသည်။ ထိုအရာများပြန်စဉ်းစားတော့ ရှုနင် စိတ်ပူနေတာ ရက်အတော်ကြာနေပြီဖြစ်သည်။ သို့သော်သူသည် ယခုကဲ့သို့စိတ်မသက်မသာဖြစ်နေချိန်တွင်သူက ဒီအတိုင်း ကြည့်မနေနိုင်တော့ပေ။
 "မင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေတာ တစ်ခုခုရှိနေလား...  "  

"ဘာမှ မဖြစ်ပါဘူး။ "

"ကောင်းပြီ"

ရှုဟိန်ကသူ့ခေါင်းထိပ်ကိုနမ်းလိုက်တယ်၊ သူ အရမ်းစိတ်ပူနေတယ်၊

"အိပ်တော့၊ ငါ မင်းဘေးမှာလုံခြုံအောင် စောင့်ပေးမယ်"

"အမ်း "

သူ သဘောတူပေမယ့် သူ့မျက်လုံးတွေကဘယ်တော့မှ မပိတ်ဘူး။ ရှုဟိန်က သက်ပြင်းချပြီးရေချိုးထဲ ဝင်ကာ ချိုးရေကို ပြင်ဆင်ရန်ထလိုက်ပြီး ရှုနင်ကိုရေချိုးဖို့ခေါ်လိုက်သည်။ ရှုနင် ၏မျက်လုံးများကိုကြည့်လိုက်သောအခါ သူ၏စိုးရိမ်ပူပန်မှုများကြောင့် မျက်ကွင်းများ မည်းနေသည်ကို တွေ့လိုက်ရသည်။

ရင်ထဲက နာကျင်မှုကြောင့် ရှုဟိန်က ရှုနင်ကို ခေါ်လိုက်သည်။ ပြီးတော့ ရေချိုးခန်းထဲမှာ ရှုနင် လုံးဝ ခြေကုန်လက်ပမ်းကျစေအောင် ချစ်ခရီးကို ဆက်ပေးလိုက်သည်။ ဒါမှ သူ မောပြီး အိပ်ပျော်သွားလိမ့်မည်။

 နောက်ထပ်တစ်ခေါက် ထပ်ချစ်ပြီးနောက် ရှုနင်က အရမ်းကို မောပန်းကာ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။

 ဤနည်းအားဖြင့် သူက အတော်လေးကို ကောင်းမွန်စွာ အိပ်ပျော်သွားလို့ သူ့ဖာသာ အံ့သြနေမိသည်။

 နောက်တစ်နေ့တွင်နှိုးစက်သည်ကျယ်လောင်စွာမြည်လာသည်။ ရှုနင်သည်ထိတ်လန့်စွာထိုင်လိုက်လို့ ရှုဟိန်က အလန့်တကြား အိပ်ယာထက်က ခုန်ထလိုက်သည်။ ရှုနင်က အကိုကြီးက သူ့မျက်ဝန်းထဲက ခံစားချက်ကိုမမြင်အောင် ဖုံးကွယ်ခဲ့သည်။

 ရှုဟိန်က ရှုနင်ကို ပိုပြီးအနားယူစေဖို့ဆန္ဒရှိတာကြောင့ ်သူက သူ့ဖုန်းက နှိုးစက်ကိုပိတ်ပစ်လိုက်တယ်။ ရှုဟိန်သည် ရှုနင် ၏အကျင့်စရိုက်များကိုနားလည်သောကြောင့် သူက အများကြီးစဉ်းစား မနေခဲ့သလို ရှုနင်သည်လည်း သူဘာကြောင့် လုပ်သည်ကို နားလည်ခဲ့သည်။ ဒီနေ့က အရေးကြီးတဲ့နေ့ဆိုတာ သူတို့သိတယ်၊ ဒါကြောင့် သူတို့ပုံမှန်လုပ်မယ့်အရာတွေကို ဆန့်ကျင်ပြီး လုပ်ဖို့ ကြိုးစားခဲ့တယ်။
 
"မင်း ...... "

"ကျွန်တော် အကိုကြီးနဲ့ အလုပ်ကို လိုက်ခဲ့မယ်...  "

ရှုနင်က အိပ်ရာမှအမြန်ထလိုက်သည်၊ သူ ရုတ်တရက်အရမ်းလှုပ်ရှားသွားသောကြောင့် သူအနည်းငယ်မူးဝေလာကာ လဲကျသွားခဲ့သည်။ ရှုနင်က မျက်လုံးဖွင့်လိုက်သောအခါ ရှုဟိန်ရဲ့ လက်မောင်းကြားထဲ ရောက်နေပြီ။

"ဒီလောက်ခေါင်းမာ မနေပါနဲ့။ "

"အင်း"

ရှုနင်က ဒါပဲပြန်ပြောနိုင်သည်၊ သူက တည်ငြိမ်ဖို့ဟန်ဆောင်ရန် ဘယ်လောက်ပဲကြိုးစားကြိုးစား၊ သူ မလုပ်နိုင်ခဲ့ဘူး၊ ရှုဟိန်က သေချာပေါက်သတိထားမိတဲ့အတိုင်း ရှုနင်ကို ချော့လိုက်သည်။
ရှုနင်က သူ့ကိုဘာလုပ်သင့်တယ်ပြောပေမယ့် ဂရုမစိုက်ပဲ သူ့ခင်ပွန်းကို မျက်နှာသစ်ရန် ဆွဲထူလိုက်သည်။
 ရှုချိန်က ညနက်တဲ့အထိ အိပ်မပျော်ခဲ့ဘူး။ ရှုနင်က ရှုယောင်းကို ဘာကြောင့် ဒီလောက်မုန်းတယ်ဆိုတာ တွေးနေမိသည်။ ရှုနင်က ရှုယောင်းကို ၂ ရက်တိတိ သွားမကြည့်ခဲ့ဘူး။ ဒါကြောင့် ရှုချိန်က သူ့သားငယ်လေးနေတဲ့ အိမ်ဟောင်းကို ထွက်လာခဲ့တော့ ရှုယောင်းက နှစ်ခြိုက်စွာအိပ်မောကျနေသည်။ ရှုယောင်းက ရှုနင်နှင့် 20% တူပြီး သူနှင့် 50% တူသည်။

နေထွက်လာတဲ့အချိန်မှ ရှုချိန်က ဘိုးဘွှားပိုင် အိမ်ကြီးဆီကို ပြန်လာခဲ့သည်။

  သူက ရှုနင် ပုံမှန်သောက်မယ့်နို့တစ်ခွက်ကို သွားယူကာ စပ်စုစွာသောက်ကြည့်လိုက်သည်.

သြ နွားနို့ထဲ သကြားပါပြီး  အရသာကမဆိုးပါဘူး။

ထိုအချိန် ရှုနင်နှင့် ရှုဟိန်တို့က အောက်ထပ်ကိုရောက်နှင့်နေလေပြီ။ ရှုနင်က နွားနို့ကိုသောက်နေပြီး သူ့သားနှစ်ယောက် အတူ ချစ်ခင်ရင်းနှီးစွာရှိနေသည်ကိုမြင်ပြီး ဒီမြင်ကွင်းက သူ မြင်ဖူးနေသလို ထင်ယောင်ထင်မှားဖြစ်နေမိသည်။  ယနေ့သည်နေသာသောနေ့၊ ကောင်းသောနေ့ဖြစ်သည်။  

ရှုနင် ကပြုံးချိုစွာဖြင့်ပြောလိုက်သည်။

 "ဖေဖေ၊ ကျွန်တော် ဒီနေ့ အဖေတို့နဲ့အတူ ရုံးကို လိုက်လာမယ်"

"တကယ်လား..ကောင်းတာပေါ့...!"

ရှုနင်က ဒီနေ့ ရှုချိန်ပြောတာကို အထူးနာခံနေသည် ။ သူတို့ကုမ္ပဏီကိုရောက်တဲ့အခါ သူကဥက္ကဌရဲ့ရုံးခန်းထဲကို လိုက်သွားပြီး ရှုချိန် နောက်ကို တချိန်လုံးလိုက်နေသည်။ ရှုချိန်နှင့် ခပ်ဝေးဝေးမနေပေ။

ရှုဟိန်က နေ့လယ်စာစားရန်ရောက်လာသောအခါ ရှုနင် အခုလို ပြုမူနေသည်ကို အနည်းငယ်စိတ်ပူနေပုံရသည်။ ဒါပေမယ့် ရှုချိန် ကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို သတိထားမိခဲ့တာ မဟုတ်ဘူး။

အချိန်များသည်တစ်မိနစ်ပြီးတစ်မိနစ်ကုန်ဆုံးသွားပြီး ရှုနင် ၏အာရုံကြောခံစားချက်သည် နောက်ဆုံးတွင်သက်သာသွားသည်။ ရှုချိန် နေကောင်းနေတယ်၊ သူတို့ပြန်လာပြီးတာတောင် ကောင်းနေသေးတယ်၊ ညဘက်မအိပ်ခင်မှာလည်း သူ နေကောင်းပါတယ်။

ရှုနင် က ညဘက်လည်း အဖေနဲ့သွားအိပ်သည်။ အိပ်ချင်ယောင်ဆောင်နေပြီး သူ့အဖေ အိပ်ပျော်သွားတော့ တညလုံး မအိပ်နိုင်ပဲ အဖေ အသက်ရှုနေသည်ကို ထိုင်ကြည့်နေမိသည်။

  ထို့နောက်နေထွက်လာပြီးတောက်ပသောနေရောင်ခြည်သည်က အခန်းထဲ ဝင်လာခဲ့သည်။ ဒီနေ့လည်း နေသာတယ်။ နေလို့ကောင်းတဲ့နေ့လေးတနေ့ပဲ။
 

ရှုချိန် ၏မျက်လုံးများလှုပ်သွားပြီး သူနိုးလာသည်။ ရှုနင် သည်အလျင်အမြန်လှဲချလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေခဲ့သည်။

ရှုချိန် မသေဘူး။

ရှုနင်က နောက်ဆုံးတော့စိတ်သက်သာရာရသွားသည်။  မွန်းလွဲပိုင်းအထိ သူ အိပ်ပျော်သွားသည်။ ရုတ်တရက်ထထိုင်လိုက်ပြီး ရှုနင်က ချက်ချင်း ရှုချိန် ကိုဖုန်းခေါ်လိုက်သည်။ ခေါ်ဆိုမှုပြီးသွားသောအခါ သူက ဘာ့ကြောင့ ်သူ့ကိုမနှိုးဘဲ ထွက်သွားသလဲဆိုပြီး ချစ်စရာကောင်းသည့်ကလေးလို အဖေကို မေးလိုက်သည်။


 ရှုချန်က သားလတ်လေးနှင့် ဖုန်းပြောပြီး မချခင်မှာ စနောက်လိုက်သည်။

 "မင်းက ငါ့ရဲ့ဇနီးလေးနဲ့တူတယ်..."

အဖေက ဒီလိုပြောလိုက်တော့ ရှုနင်ရဲ့ ပါးပြင်တွေနီရဲလာတယ်။

ရှုဟိန်က သူ့အနားမှာရှိနေပြီး အဖေ့စကားကိုကြားတော့ သူ့နဖူးပေါ်ကအာရုံကြောတွေ ထောင်ထလာခဲ့သည်။

 အဖေ! ကျွန်တော့်မိန်းမနဲ့အိပ်ရင်လုံလောက်ပြီလေ၊ အဖေက ကျွန်တော့် မိန်းမ နင်နင်ကို ဘာကြောင့်   ဇနီးလေးလို့ ခေါ်ရတာလဲ...

 ရှုနင်က ဖိအားများစွာဖြင့် ရှုဟိန်ကို တပတ်တိတိ အလေးထားစောင့်ကြည့်လိုက်သည်။ ရှုချိန်က အလုပ်ကောင်းကောင်းလုပ်သလို ကျန်းမာရေးကောင်းကာ ပုံမှန်စားသည်ကို သိလိုက်ရမှ စိတ်အေးသွားခဲ့သည်။


ရှုနင်က ရှုချိန် ဘေးတွင်ညဘက်အိပ်ပျော်သွားစဉ် အဖေ့ အိပ်ခန်း တံခါးပွင့်လာသည်။ ရှုဟိန် ရောက်လာသည်ကိုမြင်သောအခါ ရှုချိန် က သူနှင့်အတူတူအိပ်ချင်သည်ဟု ထင်ခဲ့သော်လည်းနောက်ဆုံးတွင် ရှုဟိန်က ရှုချိန်ကို နူတ်ခမ်းပေါ် လက်တင်ကာ တိုးတိုးနေရန် အချက်ပြပြီး အိပ်မောကျနေသည့် ရှုနင်ကို ပွေ့ချီကာ ထွက်သွားခဲ့သည်။

ရှုချိန် သည်အံ့သွားပြီးရုတ်တရက်ထထိုင်လိုက်သည်။ သူ ပါးစပ်ကိုဟကာ မေးလိုက်သည်။ ထိုအမေးကို ကြားတော့ ရှုဟိန်၏မျက်နှာ မည်းမှောင်သွားပေမယ့် ကံကောင်းပြီး အခန်းမီးပိတ်ထားလို့ သူ့အဖေက မမြင်လိုက်ပေ။

ရှုချိန်မေးလိုက်သည့် မေးခွးန်ကလည်းကြည့်ပါဦး။
 

သူ့အဖေက တကယ်မေးခဲ့တယ်၊ မင်း ငါ့မိန်းမကို ဘယ်ကိုခေါ်သွားမလို့လဲ...တဲ့။

သူ သည်းမခံနိုင်တော့ဘူး! ရှုနင် က သူ့ခင်ပွန်းအပေါ်သစ္စာမဲ့တဲ့အတွက် ရှုဟိန် က ခင်ပွန်းအဖြစ်သူ့အခွင့်အရေးကို အရယူကာ ကျင့်သုံးခဲ့တယ်။ ပြီးတော့ ~ နောက်တစ်ခုက ဘာဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်မယ်။

ရှုနင်ကို သူ့အိပ်ခန်းထဲကို ခေါ်လာကာ ခုတင်ပေါ်တင်လိုက်သည်။ ပြီးတော့ ရှုနင်ကိုယ်ထဲကို ညင်သာစွာဖြင့် သူ့အသားချောင်းကို ထိုးသွင်းလိုက်သည်။ ဘယ်လောက်ငြင်သာပါစေ..စံချိန်လွန်အသားချောင်းဝင်သွားလို့ ရှုနင်က နာကျင်မှုဖြင့် နိုးလာခဲ့သည်။

  သူဘယ်လောက်ပဲ သတိထားနေပါစေ၊ အထဲကို ၀ င်လိုက်တာ နည်းနည်းနာကျင်နေလိမ့်မယ်။

ရှုနင်က အိပ်ယာနိုးစဖြစ်လို့ မှုန်ဝါးဝါးမျက်လုံးများဖြင့်သူ့အထက်ရှိလူအား အံ့သြကာ မေးလိုက်သည်။
 "အဖေလား?"  

(ရှုဟိန် ဂွမ်းတာပဲ..ဟား..ဟား..ဟား... မယားလေးက XXOO လုပ်နေတဲ့သူ့ကို သူ့ကို အဖေနဲ့မှားတယ်တဲ့...)

**-**















ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now