Chapter (52) -ဥာဏ္မ်ားေသာ နင္နင္နွင့္ ေဒါကန္ေနေသာ အကိုႀကီး (Z+U)

18.8K 3.2K 24
                                    

Chapter (52) –ဥာဏ္မ်ားေသာ နင္နင္နွင့္ ေဒါကန္ေနေသာ အကိုႀကီး (Z+U)

ေဟာ္ရန္က အရမ္းေပၚလြင္ထင္ရွားေနၿပီး ဘိလိယက္႐ံုတစ္ခုလံုးက လူေတြက သူ႔ကို မနာလိုစြာျဖင့္ ဝိုင္းၾကည့္ေနၾကသည္။ ဒါေပမယ့္ ကိုယ္ရံေတာ္ ၈ဦးက လင္းယုန္လို ထက္ျမက္ေသာမ်က္ဝန္းေတြျဖင့္ ေဟာ္ရန္တို႔ေဘးမွာ ဝန္းရံထားကာ တိုက္ခိုက္ရန္အသင့္ပံုစံရွိေနေသာေၾကာင့္ ဘယ္သူမွရန္မစဝံ့ၾကေပ။

ဒီေနရာက အထက္တန္းလႊာေတြ လာတတ္ေသာေနရာျဖစ္ေသာေၾကာင့္ လူေတြက ေဟာ္ရန္၏အဆင့္အတန္းကို တစ္ခ်က္ျမင္တာနဲ႔ သေဘာေပါက္သြားၾကသည္။ မိန္းမငယ္ေလးေတြက ေဟာ္ရန္ကို အရွင္လတ္လတ္ ဝါးစားခ်င္သလို ေတာက္ေျပာင္ေသာမ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနၾကသည္။ ထိုအခ်ိန္တြင္ အလွနတ္သမီးေလးထြက္လာၿပီး ေဟာ္ရန္႔ဆီကိုပဲ ဦးတည္သြားတာေတြ႕ရေတာ့ ေယာက္်ားအားလံုးက မတတ္သာဘဲ ေဒါသတႀကီးႏွင့္သာ ၾကည့္ေနရသည္။

ထိုမိန္းမလွေလးက ပန္းေရာင္ဝတ္စံုႏွင့္ ေဒါက္ျမင့္ဖိနပ္အျဖဴကို ဝတ္ဆင္ထားၿပီး ေတြ႕ရခဲသည့္အေခ်ာအလွေလးျဖစ္သည္။ သူမက သူတို႔ဘိလိယက္ခံုေဘးကအျဖတ္မွာ မထင္မွတ္ဘဲ ေဟာ္ရန္က သူမကို တစ္ဖက္ကိုတြန္းလႊတ္လိုက္သည္။ သူမက ဟန္ခ်က္မထိန္းႏိုင္ဘဲ ၿပိဳလဲသြားစဥ္ ႐ႈနင္၏လက္ေမာင္းကို လွမ္းဆြဲလိုက္မိသည္။

႐ႈနင္သည္ သူ႔ဘက္ကို တစ္စံုတစ္ေယာက္လဲက်လာသည္ကို သတိျပဳလိုက္မိသည္။ ႐ႈနင္က မိန္းမလွေလးက သူ႔လက္ေမာင္းကိုဆုပ္ကိုင္ကာ ဟန္ခ်က္ထိန္းလိုက္သည္ကို သိေပမယ့္ သူက ထိုမိန္းကေလးကို ေျမျပင္ေပၚလဲက်မသြားေအာင္ လက္ႏွင့္လွမ္းထိန္းေပးကာ လက္လႊတ္လိုက္သည္။ သူက ငယ္ရြယ္ေပမယ့္ တကယ့္လူႀကီးလူေကာင္းအမူအရာတို႔ရွိေၾကာင္း မိန္းကေလးက သတိျပဳမိလိုက္သည္။ သူမက တည္တည္ၿငိမ္ၿငိမ္ရပ္ႏိုင္ေသာအခါ မ်က္ေမွာင္ၾကဳတ္ကာ သူမကို အသားလြတ္တြန္းလႊတ္လိုက္ေသာ ေဟာ္ရန္ကို ေဒါသထြက္ေနေပမယ့္ လန္႔သြားရလို႔ နဖူးမွာေခၽြးစို႔ေနသည္။
႐ႈနင္က ခပ္ေဖ်ာ့ေဖ်ာ့ၿပံဳးကာ အသာအယာေျပာလိုက္သည္။

"အခု အဆင္ေျပသြားပါၿပီ.. ေနာက္တစ္ခါဆိုရင္ ဒီေလာက္ျမင့္တဲ့ဖိနပ္ကို မစီးနဲ႔ေတာ့.."

မိန္းမလွေလးက ထိုအခါမွ သူမေဘးကေကာင္ေလးကို ေကာင္းေကာင္းၾကည့္လိုက္မိသည္။ သူတို႔ႏွစ္ေယာက္က အေတာ္ေလးနီးကပ္ေနၿပီး ေကာင္ေလးကိုယ္က ခပ္သင္းသင္းရနံ႔ေလးကိုေတာင္ ရလိုက္သည္။ သူမက ေနာက္ကိုတစ္လွမ္းဆုတ္ကာ ေလးေလးစားစား ေက်းဇူးတင္စကားဆိုလိုက္သည္။

"ေက်း.. ေက်းဇူးပါပဲ.."

ေဟာ္ရန္က ဘိလိယက္ခံုကိုမွီၿပီး သေဘာက်စြာရယ္ေမာေနသည္။

အလွေလးက ဒီလိုအရွက္တကြဲျဖစ္သြားၿပီးေနာက္ ဒီမွာဆက္မေနႏုိင္ေတာ့ဘဲ ႐ႈနင္ကို အၿပံဳးတစ္ပြင့္ေပးကာ ဘိလိယက္႐ံုထဲကေန ဘုရင္မတစ္ပါး၏ဟန္ပန္မ်ိဳးျဖင့္ ေက်ာ့ေမာ့စြာလွည့္ထြက္သြားခဲ့သည္။ ႐ႈနင္က ထိုမိန္းကေလး၏မ်က္ႏွာကို ရင္းႏွီးေနသလိုထင္ၿပီ မ်က္ဝန္းကိုက်ဥ္းာ စဥ္းစားလိုက္ေတာ့မွ ထိုမိန္းကေလးက ေနာင္တစ္ခ်ိန္မွာ လွ်မ္းလွ်မ္းေတာက္နာမည္ႀကီးလာမယ့္ ေကာင္းကင္ဘံု၏ဘုရင္မဟု တင္စားရမယ့္ ရႊမ္းဝမ့္အယ္ဆိုတာ သိလိုက္သည္။ ေနာက္ပိုင္းတြင္ သူမက ရႊမ္းယြဲ႕ဆိုၿပီး အမည္ေျပာင္းလိုက္မည္ျဖစ္သည္။

"သူမက မင္းရဲ့စိတ္ဝင္စားမႈကို ယူသြားၿပီေပါ့ေလ.. မပူနဲ႔.. ငါက ဒီမွာအဖြဲ႕ဝင္ထားတဲ့လူအားလံုးရဲ့ အခ်က္အလက္ကို ေတာင္းလို႔ရတယ္.. သူမရဲ့ဖုန္းနံပါတ္ကို လိုခ်င္လား.."

ေဟာ္ရန္က ႐ႈနင္၏ပုခံုးကို သိုင္းဖက္ကာ ေျပာလိုက္သည္။ ႐ႈနင္က ေဟာ္ရန္ကို နတ္ဆိုးအၿပံဳးမ်ိဳးၿပံဳးကာ ေဟာ္ရန္၏ေက်ာကို လက္ဝါးျဖင့္႐ိုက္လိုက္သည္။

ဘယ္သူကမ်ား ေဟာ္ရန္ကို ႐ိုက္ရဲတာလဲ..။ ေဟာ္ရန္ကို ကိုယ္ထိလက္ေရာက္႐ိုက္ရဲသူက ေဟာ္ရန္၏အစ္ကိုႏွစ္ေယာက္ပဲရွိသည္။ ႐ႈနင္က ဘယ္သူမို႔ ေဟာ္ရန္ကို႐ိုက္ရဲတာလဲ..။

ကိုယ္ရံေတာ္ ၃ေယာက္က ေရွ႕တိုးလာခဲ့စဥ္ တျခားကိုယ္ရံေတာ္ ၄ဦးက ခ်က္ခ်င္းေရာက္လာၿပီး ထို၃ေယာက္ကို တားဆီးလိုက္သည္။ အေျခအေနက ႐ုတ္တရက္ တင္းမာသြားၿပီး တစ္ခုခုျဖစ္ေတာ့မည့္အရိပ္အေယာင္ ေပၚလာခဲ့သည္။

"မင္း ႐ူးေနလား.. မင္း ငါ့ကို ကစားရဲတယ္ေပါ့.."

႐ႈနင္၏မ်က္ႏွာက မည္းေမွာင္ကာ ေဟာ္ရန္ကို မ်က္ႏွာသာမေပးဘဲ ေမးလိုက္သည္။

"မဟုတ္ဘူး.. ငါမလုပ္ပါဘူး.. ငါ.. ငါက.. ရယ္စရာလုပ္႐ံုပါ.."

ေဟာ္ရန္က စိတ္႐ႈပ္ေထြးစြာ ေျပာလိုက္သည္။

"ဘာေသာက္ရယ္စရာလဲ.. မင္းက ငါ့ညီမဝမ္းကြဲကို လက္ထပ္ခ်င္တယ္ ဟုတ္လား.. ေခြးတစ္ေကာင္နဲ႔ပဲ သြားလက္ထပ္လိုက္.."

ေဟာ္ရန္က မ်က္ေတာင္ခတ္ကာ ႐ႈနင္ကို ကပ်ာကယာတားလိုက္သည္။

"အာ.. မင္းစိတ္ဆိုးသြားတာပဲ.. ဒါေတြက ငါ့အမွားေၾကာင့္ပါ.. ငါ ဒါမ်ိဳး ထပ္မလုပ္ေတာ့ဘူး.. မသြားပါနဲ႔.. ခုမွလူေတြစေရာက္တာ.. ငါတို႔ ဆက္ကစားရေအာင္ပါ.. ဟုတ္ၿပီလား.. ႐ႈနင္.. စိတ္မဆိုးပါနဲ႔ေတာ့ကြာ.. အားလံုး ငါ့အမွားေတြပါ.."

ေဟာ္ရန္၏ေတာင္းပန္စကားေၾကာင့္ ေဟာ္မိသားစုမွ ကိုယ္ရံေတာ္မ်ား အံ့အားသင့္သြားၾကသည္။ ဒီဘာမဟုတ္သည့္ေကာင္ေလးက ေဟာ္ရန္ကို လန္႔ေအာင္ တကယ္လုပ္ႏိုင္တာပဲ..။ ကလပ္ထဲကလူတခ်ိဳ႕က စိတ္႐ႈပ္ေထြးစြာၾကည့္ေနၿပီး တခ်ိဳ႕က စပ္စုစြာစိုက္ၾကည့္ေနၾကေပမယ့္ ကိုယ္ရံေတာ္မ်ားက သူတို႔ကိုစိုက္ၾကည့္လာေသာအခါ မ်က္လံုးလႊဲသြားၾကသည္။

႐ႈနင္က ေဟာ္ရန္၏ကားႏွင့္ လိုက္ပါသြားေတာ့ ေဟာ္ရန္က ႐ႈနင္ကို ေရတစ္ခြက္ ကိုယ္တိုင္ငွဲ႔ေပးကာ ကမ္းေပးရင္း ေျပာလိုက္သည္။

"စိတ္ေအးေအးထားပါကြာ.."

ဒါက တကယ့္ကို အံ့ၾသစရာပဲ.. ေဟာ္ရန္၏ဘဝတြင္ ေတြ႕သမွ်သခင္ေလးတိုင္းကပဲ သူ႔ကိုဖားကာ မ်က္ႏွာလိုအားရ လုပ္ၾကေပမယ့္ သူက ႐ႈနင္ကို ေအာက္က်ိဳ႕ကာ ဆက္ဆံေနသည္။ ႐ႈနင္က သူ႔ကို သူမ်ားကဲ့သို႔မဖားဘဲ ေဒါသထြက္ရဲကာ သူသြားမယ္လို႔ေျပာရင္ တကယ္ကို ထြက္သြားမွာျဖစ္သည္။ ေဟာ္ရန္က ႐ႈနင္ကို တစ္ခ်က္ခိုးၾကည့္ေတာ့ ႐ႈနင္ တကယ္စိတ္ဆိုးမေျပေသးသည္ကို သိလိုက္သည္။ ဒီမာနႀကီးတဲ့ ႐ႈနင္က တကယ့္ကို စိတ္ဝင္စားစရာပဲ..။ ငါ့ေဘးက တျခားငေပ်ာ့ေကာင္ေတြနဲ႔ မတူဘူးဟုေတြးလိုက္မိသည္။ သူေတြ႕ခဲ့သမွ်လူငယ္မ်ားက သူ႔ရဲ့အာဏာပါဝါ၊ ေငြေတြေၾကာင့္ သူတို႔ကိုယ္က်ိဳးေၾကာင့္ သူ႔ကိုေပါင္းေနေပမယ့္ ႐ႈနင္က သူတို႔နဲ႔မတူေပ။ ႐ႈနင္က သူ႔စိတ္ရင္းအတိုင္း ဆက္ဆံေသာ တစ္ဦးတည္းေသာသူငယ္ခ်င္းျဖစ္သည္။ ဒီအေတြးေၾကာင့္ ေဟာ္ရန္ေပ်ာ္ေနသည္။

တကယ္လို႔ ႐ႈနင္သာ ေဟာ္ရန္၏အေတြးကို သိသြားရင္ ေဟာ္ရန္က တကယ္ကို အေလးအနက္ထားတယ္လို႔ ထင္သြားႏိုင္သည္။ သူတုိ႔ကားေလးက ဟိုတယ္ေျမေအာက္ကားပါကင္ကို ေရာက္လာၾကသည္။ ေဟာ္ရန္က ႐ႈက်ီေဟြ႕ဆီကို ဖုန္းလွမ္းဆက္ကာ ေခၚထားၿပီးျဖစ္သည္။

ေကာင္မေလးက ပထမ ျငင္းေနသည္။ လက္မထပ္ရေသးခင္ ေယာက္်ားေလးနဲ႔ မိန္းကေလး မေတြ႕သင့္ဘူးဟု ေျပာဆိုေနေပမယ့္ ႐ႈနင္လည္းရွိေနသည္ဟု ေျပာလိုက္ေတာ့ သူမလာခဲ့ဖို႔ သေဘာတူလိုက္သည္။ ႐ႈနင္ဆီကို သူမသြားလည္တာ ႐ႈနင္ႏွင့္မေတြ႕လိုက္ေသာေၾကာင့္ ခုလိုကိစၥျဖစ္သြားရတယ္ဆိုေတာ့ သူတို႔ေတြ႕ၾကရင္ သူမကို ေတာင္းပန္သင့္တယ္မလား။
႐ႈက်ီေဟြ႕၏မ်က္ဝန္းက ေလာဘျဖင့္ ေတာက္ေျပာင္လာခဲ့သည္။

႐ႈက်ီေဟြ႕က အဝတ္အစားေရြးရင္း ၿပံဳးကာ ေရရြတ္လိုက္သည္။

"ဒီ ႐ႈနင္က တကယ္အံ့ၾသစရာေကာင္းတယ္.. ငါ နင့္ရဲ့ခင္မင္မႈကို ရေအာင္ယူမယ္.. ငါ နင့္ဆီက ေကာင္းက်ိဳးေတြရေအာင္ ယူမယ္.. ဒီအတြက္ နင္ ငါ့ကိုေတာင္ ေက်းဇူးတင္ရဦးမယ္.. ခစ္.. ခစ္.."

႐ႈနင္က လူငယ္ေတြျပည့္ေနေသာ ဟိုတယ္ခန္းမႀကီးထဲကို တည္ၿငိမ္စြာေလွ်ာက္ဝင္လာခဲ့သည္။ အရင္ဘဝတြင္ သူက လူစည္ကားသည့္ပြဲမ်ိဳးကို တက္ဖူးေသာေၾကာင့္ မေၾကာက္ေပ။ ႐ႈနင္က ေအးစက္သည္လည္းမမည္၊ ေႏြးေထြးသည္လည္းမဟုတ္ေသာ ပံုမွန္မ်က္ႏွာျဖင့္ လူအားလံုး ဝိုင္းၾကည့္သည့္အၾကည့္ေအာက္ ေလွ်ာက္ဝင္လာၿပီး ေဟာ္ရန္ႏွင့္ တစ္စားပြဲတည္းထိုင္ခ်လိုက္သည္။ ေဟာ္ရန္က စားပြဲေပၚကသစ္သီးပြဲတစ္ခုကို ႐ႈနင္ေရွ႕ကိုခ်ေပးကာ ေလာကြတ္ျပဳလိုက္သည္။

"ဒါကိုအရင္စားထားဦး.."

႐ႈနင္က ခ်က္ခ်င္းဖရဲသီးတစ္စိတ္ကို ေကာက္ယူလိုက္သည္။

ဒီပြဲကိုလာသည့္လူအားလံုးက အၾကည့္တစ္ခ်က္နဲ႔ လူတစ္ေယာက္က ၾကက္လား၊ ဖီးနစ္ငွက္လားဆိုတာ ခြဲျခားႏိုင္ၾကသည္။ ပရိသတ္ႀကီးက အင္မတန္ကို ၾသဇာအာဏာႀကီးေသာ ေဟာ္ရန္ကိုယ္တိုင္ ခုလိုဧည့္ဝတ္ျပဳရေသာ ႐ႈနင္၏ေနာက္ခံကို စိတ္ဝင္စားကာ ရင္ထိတ္သြားၾကသည္။ ဒီေကာင္ေလး၏အမူအယာ၊ လႈပ္ရွားပံုက ဟန္ေဆာင္ထားတာမဟုတ္ဘဲ ပကတိေက်ာ့ရွင္းေသာအရွိန္အဝါကို လႊင့္ထုတ္ေနသည္။ သခင္ေလးအုပ္စုက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ႐ုတ္တရက္ ေဟာ္ရန္၏မ်က္ႏွာသာေပးျခင္းကို ခံရေသာ ႐ႈနင္ကို မေက်မနပ္ျဖစ္လာၾကသည္။

႐ႈနင္က သူတုိ႔အၾကည့္ကို လ်စ္လွ်ဴ႐ႈကာ တည္ၿငိမ္စြာေနေနသည္။ ဒီလိုေနရာမွာ အားနည္းပံုကိုျပလိုက္ရင္ အမဲတြဲေခြးဆြဲသလို ဝိုင္းၿပီး တစ္စစီလုပ္ၾကမည္ကို သိေနသည္။

အဓိကဟင္းပြဲမ်ား ခ်သည္အထိ ႐ႈက်ီေဟြ႕ေရာက္မလာေသးေပ။ ေဟာ္ရန္က အရမ္းေပ်ာ္ကာ ႐ႈနင္၏ပုခံုးေပၚ လက္တင္လိုက္သည္။ ႐ႈနင္က ခ်က္ခ်င္း ေဟာ္ရန္၏လက္ကို ဖယ္ခ်လိုက္ေသာေၾကာင့္ ေဟာ္ရန္က ခါးသီးစြာၿပံဳးကာ ႐ႈနင္၏ထိုင္ခံုေနာက္မွီေပၚပဲ လက္ကို ေျပာင္းတင္လိုက္ရသည္။ ထိုဝိုင္းတြင္ တျခားသခင္ေလး ၆ဦးလည္း ထိုင္ေနၾကေသာေၾကာင့္ ဒီျမင္ကြင္းကိုေတြ႕ၿပီးေတာ့ လူတိုင္းက စိတ္႐ႈပ္ေထြးသြားၾကကာ ဘယ္သူမွ ႐ႈနင္ကို မထီမဲ့ျမင္မၾကည့္ရဲၾကေတာ့ေပ။

သူတို႔စားၿပီးခ်ိန္မွာ ႐ႈက်ီေဟြ႕က ကိုယ္ရံေတာ္ႏွစ္ဦးေခၚကာ ေရာက္လာခဲ့သည္။ မိန္းကေလးဆိုလို႔ သူမတစ္ေယာက္တည္းျဖစ္ေနေသာေၾကာင့္ သူမ မ်က္ႏွာမထားတတ္ေအာင္ျဖစ္ေနစဥ္ ေဟာ္ရန္က လက္ယမ္းကာ လွမ္းေခၚလိုက္သည္။

"လာ.. ဒီမွာထိုင္.. မင္းအစ္ကိုက ဒီမွာရွိတယ္.."

တျခားသခင္ေလးေတြနဲ႔ ကိုယ္ရံေတာ္ေတြက အခန္းျပင္မွာေစာင့္ေနၾကသည္။ ႐ႈက်ီေဟြ႕က သဘာဝက်က်ပဲ အိမ္ရွင္၏ေဘးတြင္ ထပ္တိုးလိုက္ေသာခံုတြင္ ဝင္ထိုင္လိုက္သည္။ ေဟာ္ရန္က ဖုန္းျဖင့္ စာပို႔လိုက္စဥ္ မိန္းမလွေလး ၈ေယာက္ေလာက္ ခန္းမထဲဝင္လာခဲ့သည္။

႐ႈက်ီေဟြ႕က ေခါင္းငံု႔ကာ ႐ႈနင္၏နားနားကပ္ကာ တီးတိုးစကားေျပာေနစဥ္ ဝင္လာေသာမိန္းမလွအုပ္စုေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ေနသည္။ ကံေကာင္းၿပီး ေဟာ္ရန္တို႔ဝိုင္းကို ဝင္မထိုင္ၾကေပ။

ခန္းမႀကီးထဲ မီးပန္းဆိုင္းေတြကို ပိတ္လိုက္ၿပီး ခပ္မွိန္မွိန္မီးပြင့္မ်ားသာ ထြန္းလိုက္သည္။ ခပ္မွိန္မွိန္မီးေရာင္ေအာက္ လူငယ္မ်ားက ပိုရဲရင့္လာၾကၿပီး ေသာက္ၾကစားၾက၊ နမ္း႐ႈပ္ၾကႏွင့္ တခ်ိဳ႕က သီခ်င္းေတြေတာင္ဆိုေနၿပီး ဖက္ေနၾကသည္။ ႐ႈက်ီေဟြ႕က ပထမ ဒီေနရာႏွင့္စိမ္းေနေပမယ့္ မီးမွိန္သြားေသာေၾကာင့္ သက္ေတာင့္သက္သာျဖစ္လာသည္။

ဆူညံေနေသာပတ္ဝန္းက်င္ထဲတြင္ ႐ႈနင္က ဝိုင္နီတစ္ခြက္ကိုကိုင္ကာ ေအးေဆးစြာ တစ္ငံုခ်င္းေသာက္ေနသည္။ ျဖဴေဖြးေသာသူ႔ပံုစံေလးက ဖ႐ိုဖရဲဆူညံေနေသာ ပတ္ဝန္းက်င္တြင္ တည္ၿငိမ္စြာထင္းထြက္ေနသည္။ တခ်ိဳ႕သူေတြက 'Truth or Dare' ဂိမ္းကစားဖို႔ ေျပာလာေတာ့ ႐ႈနင္၏ႏႈတ္ခမ္းေတြ ေကာ့ညြတ္စြာၿပံဳးလိုက္သည္။

"႐ိုး႐ိုးဆိုရင္ စိတ္ဝင္စားစရာ မေကာင္းဘူး.. ပိုခက္ေအာင္လုပ္ၾကမလား.."

႐ႈနင္က ပထမဆံုးေျပာလိုက္တာၾကားေတာ့ အားလံုး အံ့အားသင့္သြားၾကသည္။ စိတ္ဝင္စားစရာမေကာင္းဘူး ဟုတ္လား။ ခက္ေအာင္လုပ္မယ္ ဟုတ္လား..။

ဒီကစားနည္းက ၿမိဳ႕ေတာ္ႀကီးကလူေတြေတာင္ ကစားၾကတာေလ..။ ဘာမဆိုလုပ္ခိုင္းလို႔ရတဲ့ဟာ မဟုတ္ဘူးလား..။

႐ႈနင္ကို သေဘာမက်ေသာ ရႊီေလ်ာင့္ဆိုေသာသခင္ေလးက ဝုိင္ပုလင္းကိုပိုက္ကာ ထရပ္ရင္း ေမးလိုက္သည္။

"ဒါဆို မင္းက ဘာလုပ္ဖုိ႔ ရည္ရြယ္ထားတာလဲ.."

"ဝိုင္ျဖဴနဲ႔ လဲလိုက္.."

သခင္ေလးမ်ား : "......"

မိန္းမလွေလးမ်ား : "......"

"......"

ေဟာ္ရန္က ေၾကာင္ၾကည့္ေနၿပီး မသက္မသာနဲ႔ ေျပာလိုက္သည္။

"ခ်စ္ဖ.. ငါတို႔က ကစား႐ံုပဲေလ.. တကယ္လို႔ ဝိုင္ျဖဴေသာက္ရင္ အိမ္ကိုရွင္းျပဖို႔လိုမယ္.."

"ဘာလဲ.. ေၾကာက္တာလား.. တကယ္လို႔ မင္းေၾကာက္တယ္ဆိုရင္ ငါ ဘာမွမေျပာခဲ့ဘူးလို႔ သေဘာထားလိုက္.."

႐ႈနင္က ဝိုင္နီခြက္ကိုေသာက္ရင္း မ်က္လံုးေထာင့္မွ ေဟာ္ရန္ကိုၾကည့္ကာ ေျပာလုိက္သည္။

ဒီအရြယ္က ေဒါသဆြေပးရတာ အရမ္းလြယ္တာပဲ..။ မင္း သူမလုပ္ႏိုင္ဘူးလို႔သာ ေျပာလုိက္.. သူက ခ်က္ခ်င္းလုပ္ျပလိမ့္မယ္..။

လူတိုင္းက သူတို႔ေဘးမွာ စက္ဝိုင္းလိုဝိုင္းဖြဲ႕လာၾကၿပီး ဂိမ္းကစားဖို႔ လုပ္ၾကသည္။ ဝန္ထမ္းတစ္ေယာက္ကို ဝိုင္ပုလင္းလြတ္ယူလာေစၿပီး ႐ႈနင္က ပုလင္းကို စလွည့္လိုက္သည္။ ပုလင္းဝက ရႊီေလ်ာင္ကို ညႊန္ျပေနသည္။

"ခိုင္းတလုပ္မလား၊ ေသာက္မလား.."

ရႊီေလ်ာင္က ခိုင္းတာလုပ္မယ္ဆိုတာ ေရြးလိုက္ေတာ့ ေဟာ္ရန္က လက္ခုပ္တီးကာ 'ေဘးကတစ္ေယာက္ကို နမ္းပါ' ဟုေျပာလိုက္သည္။

ရႊီေလ်ာင္က သူ႔ေဘးကေကာင္မေလးကို ဆုပ္ကိုင္လိုက္စဥ္ ႐ႈနင္က တားကာ ေျပာလိုက္သည္။

"မင္းတို႔ေကာင္ေတြက ဒီေလာက္အဆင့္ေလးပဲ ကစားတာလား.."

"မင္းက ဘာျဖစ္ခ်င္တာလဲ.."

"အျပင္ကိုထြက္ၿပီး ပထမဆံုးေတြ႕တဲ့ ေယာက္်ားတစ္ေယာက္ကို ျပင္သစ္လိုနမ္းပါ.."

ရႊီေလ်ာင္က ေယာက္်ားတစ္ေယာက္ကို ျပင္သစ္လိုနမ္းရမယ္ၾကားေတာ့ ႏႈတ္ခမ္းက တြန္႔လိမ္ရြဲ႕ေစာင္းသြားသည္။ ေယာက္်ားတစ္ေယာက္ကို နမ္းရမယ္ ဟုတ္လား.. ထြီ..

ရႊီေလ်ာင္က ဝိုင္ျဖဴတစ္ခြက္ကိုေကာက္ကာ ကုန္ေအာင္ေမာ့ခ်လိုက္သည္။ Fuck...

ငါေတာ့ ေသၿပီ။ ဝိုင္ျဖဴက ဗိုက္ထဲေရာက္တာနဲ႔ ပူေလာင္လာခဲ့သည္။ ရႊီေလ်ာင္က ခံုမွာထိုင္ခ်ကာ သူ႔ကိုဒုကၡေပးသည့္ ႐ႈနင္ကို မမွိတ္မသုန္စိုက္ၾကည့္ေနသည္။

ဒုတိယပုလင္းလွည့္ေတာ့ အရပ္ပုပုနဲ႔သခင္ေလးဘက္ကို ဦးတည္ကာ ရပ္သြားသည္။ ထိုလူငယ္က ႐ႈနင္ကို သတိႏွင့္ၾကည့္ေနသည္။

"မင္းရဲ့ဘယ္ဘက္က ၅ဦးေျမာက္ ဆန္႔က်င္ဘက္လိင္ကို နမ္းပါ.."

အိုး.. ဒီလိုဆို ေကာင္းတာေပါ့..။

လူငယ္မ်ားက ေပ်ာ္ရႊင္စြာျဖင့္ ထိုမိန္းကေလးကိုၾကည့္လိုက္ေတာ့ ႐ႈက်ီေဟြ႕ျဖစ္ေနေသာေၾကာင့္ မနမ္းရဲေတာ့ဘဲ ဝိုင္ကိုေသာက္လိုက္ရေတာ့သည္။ ဝိုင္ျဖဴထည့္သည့္ခြက္က 7cm ရွည္ေသာေၾကာင့္ ပါဝင္မႈက မနည္းေပ။ ဒီလူငယ္ေတြက ေနာင္တစ္ခ်ိန္ ဒီလိုဝိုင္ျဖဴခြက္ေပါင္းမ်ားစြာ မမူးတမ္းေသာက္ႏိုင္ၾကမွာျဖစ္ေပမယ့္ အခုခ်ိန္ေတာ့ ခြက္တစ္ဝက္ေလာက္ေသာက္လိုက္မိတာနဲ႔ မ်က္ႏွာႀကီးရဲကာ အိမ္သာဘက္ေျပးထြက္သြားရေတာ့သည္။

ငါးလွည့္ေျမာက္ေရာက္ေတာ့ ေဟာ္ရန္အလွည့္က်လာသည္။

ဒီတစ္ခါလည္း လူေတြကို နမ္းရမွာပဲလား။ ႐ႈက်ီေဟြ႕က ႐ႈနင္ကို မေက်မနပ္ျဖင့္ စိုက္ၾကည့္လိုက္ေတာ့ ႐ႈနင္က သူမကိုအရွက္ခြဲဖို႔ တည္ၿငိမ္စြာေျပာလိုက္သည္။

"ေနာက္တစ္လွည့္အထိ သူမကို ဖက္ၿပီးနမ္းပါ.."

႐ႈနင္က ပုလင္းလွည့္ကစားသည့္ဂိမ္းမွာ အေတာ္ကိုဆရာက်ၿပီး သူက်ေစခ်င္သည္ကို တိုက္႐ိုက္က်ေအာင္လုပ္ႏိုင္သည္။ ဒီဂိမ္းကို ႐ႈနင္ ေပ်ာ္ရႊင္စြာကစားေနစဥ္ သူ၏နတ္ဘုရားအစ္ကိုႀကီးက ညာဘက္တံခါးဝတြင္ ေအးခဲေသာအရိပ္အေငြ႕တို႔ထုတ္လႊတ္ကာ ရပ္ေနသည္ကို မသိခဲ့ေပ။

=====================




Chapter (52) –ဉာဏ်များသော နင်နင်နှင့် ဒေါကန်နေသော အကိုကြီး (Z+U)

ဟော်ရန်က အရမ်းပေါ်လွင်ထင်ရှားနေပြီး ဘိလိယက်ရုံတစ်ခုလုံးက လူတွေက သူ့ကို မနာလိုစွာဖြင့် ဝိုင်းကြည့်နေကြသည်။ ဒါပေမယ့် ကိုယ်ရံတော် ၈ဦးက လင်းယုန်လို ထက်မြက်သောမျက်ဝန်းတွေဖြင့် ဟော်ရန်တို့ဘေးမှာ ဝန်းရံထားကာ တိုက်ခိုက်ရန်အသင့်ပုံစံရှိနေသောကြောင့် ဘယ်သူမှရန်မစဝံ့ကြပေ။

ဒီနေရာက အထက်တန်းလွှာတွေ လာတတ်သောနေရာဖြစ်သောကြောင့် လူတွေက ဟော်ရန်၏အဆင့်အတန်းကို တစ်ချက်မြင်တာနဲ့ သဘောပေါက်သွားကြသည်။ မိန်းမငယ်လေးတွေက ဟော်ရန်ကို အရှင်လတ်လတ် ဝါးစားချင်သလို တောက်ပြောင်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။ ထိုအချိန်တွင် အလှနတ်သမီးလေးထွက်လာပြီး ဟော်ရန့်ဆီကိုပဲ ဦးတည်သွားတာတွေ့ရတော့ ယောက်ျားအားလုံးက မတတ်သာဘဲ ဒေါသတကြီးနှင့်သာ ကြည့်နေရသည်။

ထိုမိန်းမလှလေးက ပန်းရောင်ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ်အဖြူကို ဝတ်ဆင်ထားပြီး တွေ့ရခဲသည့်အချောအလှလေးဖြစ်သည်။ သူမက သူတို့ဘိလိယက်ခုံဘေးကအဖြတ်မှာ မထင်မှတ်ဘဲ ဟော်ရန်က သူမကို တစ်ဖက်ကိုတွန်းလွှတ်လိုက်သည်။ သူမက ဟန်ချက်မထိန်းနိုင်ဘဲ ပြိုလဲသွားစဉ် ရှုနင်၏လက်မောင်းကို လှမ်းဆွဲလိုက်မိသည်။

ရှုနင်သည် သူ့ဘက်ကို တစ်စုံတစ်ယောက်လဲကျလာသည်ကို သတိပြုလိုက်မိသည်။ ရှုနင်က မိန်းမလှလေးက သူ့လက်မောင်းကိုဆုပ်ကိုင်ကာ ဟန်ချက်ထိန်းလိုက်သည်ကို သိပေမယ့် သူက ထိုမိန်းကလေးကို မြေပြင်ပေါ်လဲကျမသွားအောင် လက်နှင့်လှမ်းထိန်းပေးကာ လက်လွှတ်လိုက်သည်။ သူက ငယ်ရွယ်ပေမယ့် တကယ့်လူကြီးလူကောင်းအမူအရာတို့ရှိကြောင်း မိန်းကလေးက သတိပြုမိလိုက်သည်။ သူမက တည်တည်ငြိမ်ငြိမ်ရပ်နိုင်သောအခါ မျက်မှောင်ကြုတ်ကာ သူမကို အသားလွတ်တွန်းလွှတ်လိုက်သော ဟော်ရန်ကို ဒေါသထွက်နေပေမယ့် လန့်သွားရလို့ နဖူးမှာချွေးစို့နေသည်။
ရှုနင်က ခပ်ဖျော့ဖျော့ပြုံးကာ အသာအယာပြောလိုက်သည်။

"အခု အဆင်ပြေသွားပါပြီ.. နောက်တစ်ခါဆိုရင် ဒီလောက်မြင့်တဲ့ဖိနပ်ကို မစီးနဲ့တော့.."

မိန်းမလှလေးက ထိုအခါမှ သူမဘေးကကောင်လေးကို ကောင်းကောင်းကြည့်လိုက်မိသည်။ သူတို့နှစ်ယောက်က အတော်လေးနီးကပ်နေပြီး ကောင်လေးကိုယ်က ခပ်သင်းသင်းရနံ့လေးကိုတောင် ရလိုက်သည်။ သူမက နောက်ကိုတစ်လှမ်းဆုတ်ကာ လေးလေးစားစား ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေး.. ကျေးဇူးပါပဲ.."

ဟော်ရန်က ဘိလိယက်ခုံကိုမှီပြီး သဘောကျစွာရယ်မောနေသည်။

အလှလေးက ဒီလိုအရှက်တကွဲဖြစ်သွားပြီးနောက် ဒီမှာဆက်မနေနိုင်တော့ဘဲ ရှုနင်ကို အပြုံးတစ်ပွင့်ပေးကာ ဘိလိယက်ရုံထဲကနေ ဘုရင်မတစ်ပါး၏ဟန်ပန်မျိုးဖြင့် ကျော့မော့စွာလှည့်ထွက်သွားခဲ့သည်။ ရှုနင်က ထိုမိန်းကလေး၏မျက်နှာကို ရင်းနှီးနေသလိုထင်ပြီ မျက်ဝန်းကိုကျဉ်းာ စဉ်းစားလိုက်တော့မှ ထိုမိန်းကလေးက နောင်တစ်ချိန်မှာ လျှမ်းလျှမ်းတောက်နာမည်ကြီးလာမယ့် ကောင်းကင်ဘုံ၏ဘုရင်မဟု တင်စားရမယ့် ရွှမ်းဝမ့်အယ်ဆိုတာ သိလိုက်သည်။ နောက်ပိုင်းတွင် သူမက ရွှမ်းယွဲ့ဆိုပြီး အမည်ပြောင်းလိုက်မည်ဖြစ်သည်။

"သူမက မင်းရဲ့စိတ်ဝင်စားမှုကို ယူသွားပြီပေါ့လေ.. မပူနဲ့.. ငါက ဒီမှာအဖွဲ့ဝင်ထားတဲ့လူအားလုံးရဲ့ အချက်အလက်ကို တောင်းလို့ရတယ်.. သူမရဲ့ဖုန်းနံပါတ်ကို လိုချင်လား.."

ဟော်ရန်က ရှုနင်၏ပုခုံးကို သိုင်းဖက်ကာ ပြောလိုက်သည်။ ရှုနင်က ဟော်ရန်ကို နတ်ဆိုးအပြုံးမျိုးပြုံးကာ ဟော်ရန်၏ကျောကို လက်ဝါးဖြင့်ရိုက်လိုက်သည်။

ဘယ်သူကများ ဟော်ရန်ကို ရိုက်ရဲတာလဲ..။ ဟော်ရန်ကို ကိုယ်ထိလက်ရောက်ရိုက်ရဲသူက ဟော်ရန်၏အစ်ကိုနှစ်ယောက်ပဲရှိသည်။ ရှုနင်က ဘယ်သူမို့ ဟော်ရန်ကိုရိုက်ရဲတာလဲ..။

ကိုယ်ရံတော် ၃ယောက်က ရှေ့တိုးလာခဲ့စဉ် တခြားကိုယ်ရံတော် ၄ဦးက ချက်ချင်းရောက်လာပြီး ထို၃ယောက်ကို တားဆီးလိုက်သည်။ အခြေအနေက ရုတ်တရက် တင်းမာသွားပြီး တစ်ခုခုဖြစ်တော့မည့်အရိပ်အယောင် ပေါ်လာခဲ့သည်။

"မင်း ရူးနေလား.. မင်း ငါ့ကို ကစားရဲတယ်ပေါ့.."

ရှုနင်၏မျက်နှာက မည်းမှောင်ကာ ဟော်ရန်ကို မျက်နှာသာမပေးဘဲ မေးလိုက်သည်။

"မဟုတ်ဘူး.. ငါမလုပ်ပါဘူး.. ငါ.. ငါက.. ရယ်စရာလုပ်ရုံပါ.."

ဟော်ရန်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

"ဘာသောက်ရယ်စရာလဲ.. မင်းက ငါ့ညီမဝမ်းကွဲကို လက်ထပ်ချင်တယ် ဟုတ်လား.. ခွေးတစ်ကောင်နဲ့ပဲ သွားလက်ထပ်လိုက်.."

ဟော်ရန်က မျက်တောင်ခတ်ကာ ရှုနင်ကို ကပျာကယာတားလိုက်သည်။

"အာ.. မင်းစိတ်ဆိုးသွားတာပဲ.. ဒါတွေက ငါ့အမှားကြောင့်ပါ.. ငါ ဒါမျိုး ထပ်မလုပ်တော့ဘူး.. မသွားပါနဲ့.. ခုမှလူတွေစရောက်တာ.. ငါတို့ ဆက်ကစားရအောင်ပါ.. ဟုတ်ပြီလား.. ရှုနင်.. စိတ်မဆိုးပါနဲ့တော့ကွာ.. အားလုံး ငါ့အမှားတွေပါ.."

ဟော်ရန်၏တောင်းပန်စကားကြောင့် ဟော်မိသားစုမှ ကိုယ်ရံတော်များ အံ့အားသင့်သွားကြသည်။ ဒီဘာမဟုတ်သည့်ကောင်လေးက ဟော်ရန်ကို လန့်အောင် တကယ်လုပ်နိုင်တာပဲ..။ ကလပ်ထဲကလူတချို့က စိတ်ရှုပ်ထွေးစွာကြည့်နေပြီး တချို့က စပ်စုစွာစိုက်ကြည့်နေကြပေမယ့် ကိုယ်ရံတော်များက သူတို့ကိုစိုက်ကြည့်လာသောအခါ မျက်လုံးလွှဲသွားကြသည်။

ရှုနင်က ဟော်ရန်၏ကားနှင့် လိုက်ပါသွားတော့ ဟော်ရန်က ရှုနင်ကို ရေတစ်ခွက် ကိုယ်တိုင်ငှဲ့ပေးကာ ကမ်းပေးရင်း ပြောလိုက်သည်။

"စိတ်အေးအေးထားပါကွာ.."

ဒါက တကယ့်ကို အံ့သြစရာပဲ.. ဟော်ရန်၏ဘဝတွင် တွေ့သမျှသခင်လေးတိုင်းကပဲ သူ့ကိုဖားကာ မျက်နှာလိုအားရ လုပ်ကြပေမယ့် သူက ရှုနင်ကို အောက်ကျို့ကာ ဆက်ဆံနေသည်။ ရှုနင်က သူ့ကို သူများကဲ့သို့မဖားဘဲ ဒေါသထွက်ရဲကာ သူသွားမယ်လို့ပြောရင် တကယ်ကို ထွက်သွားမှာဖြစ်သည်။ ဟော်ရန်က ရှုနင်ကို တစ်ချက်ခိုးကြည့်တော့ ရှုနင် တကယ်စိတ်ဆိုးမပြေသေးသည်ကို သိလိုက်သည်။ ဒီမာနကြီးတဲ့ ရှုနင်က တကယ့်ကို စိတ်ဝင်စားစရာပဲ..။ ငါ့ဘေးက တခြားငပျော့ကောင်တွေနဲ့ မတူဘူးဟုတွေးလိုက်မိသည်။ သူတွေ့ခဲ့သမျှလူငယ်များက သူ့ရဲ့အာဏာပါဝါ၊ ငွေတွေကြောင့် သူတို့ကိုယ်ကျိုးကြောင့် သူ့ကိုပေါင်းနေပေမယ့် ရှုနင်က သူတို့နဲ့မတူပေ။ ရှုနင်က သူ့စိတ်ရင်းအတိုင်း ဆက်ဆံသော တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သည်။ ဒီအတွေးကြောင့် ဟော်ရန်ပျော်နေသည်။

တကယ်လို့ ရှုနင်သာ ဟော်ရန်၏အတွေးကို သိသွားရင် ဟော်ရန်က တကယ်ကို အလေးအနက်ထားတယ်လို့ ထင်သွားနိုင်သည်။ သူတို့ကားလေးက ဟိုတယ်မြေအောက်ကားပါကင်ကို ရောက်လာကြသည်။ ဟော်ရန်က ရှုကျီဟွေ့ဆီကို ဖုန်းလှမ်းဆက်ကာ ခေါ်ထားပြီးဖြစ်သည်။

ကောင်မလေးက ပထမ ငြင်းနေသည်။ လက်မထပ်ရသေးခင် ယောက်ျားလေးနဲ့ မိန်းကလေး မတွေ့သင့်ဘူးဟု ပြောဆိုနေပေမယ့် ရှုနင်လည်းရှိနေသည်ဟု ပြောလိုက်တော့ သူမလာခဲ့ဖို့ သဘောတူလိုက်သည်။ ရှုနင်ဆီကို သူမသွားလည်တာ ရှုနင်နှင့်မတွေ့လိုက်သောကြောင့် ခုလိုကိစ္စဖြစ်သွားရတယ်ဆိုတော့ သူတို့တွေ့ကြရင် သူမကို တောင်းပန်သင့်တယ်မလား။
ရှုကျီဟွေ့၏မျက်ဝန်းက လောဘဖြင့် တောက်ပြောင်လာခဲ့သည်။

ရှုကျီဟွေ့က အဝတ်အစားရွေးရင်း ပြုံးကာ ရေရွတ်လိုက်သည်။

"ဒီ ရှုနင်က တကယ်အံ့သြစရာကောင်းတယ်.. ငါ နင့်ရဲ့ခင်မင်မှုကို ရအောင်ယူမယ်.. ငါ နင့်ဆီက ကောင်းကျိုးတွေရအောင် ယူမယ်.. ဒီအတွက် နင် ငါ့ကိုတောင် ကျေးဇူးတင်ရဦးမယ်.. ခစ်.. ခစ်.."

ရှုနင်က လူငယ်တွေပြည့်နေသော ဟိုတယ်ခန်းမကြီးထဲကို တည်ငြိမ်စွာလျှောက်ဝင်လာခဲ့သည်။ အရင်ဘဝတွင် သူက လူစည်ကားသည့်ပွဲမျိုးကို တက်ဖူးသောကြောင့် မကြောက်ပေ။ ရှုနင်က အေးစက်သည်လည်းမမည်၊ နွေးထွေးသည်လည်းမဟုတ်သော ပုံမှန်မျက်နှာဖြင့် လူအားလုံး ဝိုင်းကြည့်သည့်အကြည့်အောက် လျှောက်ဝင်လာပြီး ဟော်ရန်နှင့် တစ်စားပွဲတည်းထိုင်ချလိုက်သည်။ ဟော်ရန်က စားပွဲပေါ်ကသစ်သီးပွဲတစ်ခုကို ရှုနင်ရှေ့ကိုချပေးကာ လောကွတ်ပြုလိုက်သည်။

"ဒါကိုအရင်စားထားဦး.."

ရှုနင်က ချက်ချင်းဖရဲသီးတစ်စိတ်ကို ကောက်ယူလိုက်သည်။

ဒီပွဲကိုလာသည့်လူအားလုံးက အကြည့်တစ်ချက်နဲ့ လူတစ်ယောက်က ကြက်လား၊ ဖီးနစ်ငှက်လားဆိုတာ ခွဲခြားနိုင်ကြသည်။ ပရိသတ်ကြီးက အင်မတန်ကို သြဇာအာဏာကြီးသော ဟော်ရန်ကိုယ်တိုင် ခုလိုဧည့်ဝတ်ပြုရသော ရှုနင်၏နောက်ခံကို စိတ်ဝင်စားကာ ရင်ထိတ်သွားကြသည်။ ဒီကောင်လေး၏အမူအယာ၊ လှုပ်ရှားပုံက ဟန်ဆောင်ထားတာမဟုတ်ဘဲ ပကတိကျော့ရှင်းသောအရှိန်အဝါကို လွှင့်ထုတ်နေသည်။ သခင်လေးအုပ်စုက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရုတ်တရက် ဟော်ရန်၏မျက်နှာသာပေးခြင်းကို ခံရသော ရှုနင်ကို မကျေမနပ်ဖြစ်လာကြသည်။

ရှုနင်က သူတို့အကြည့်ကို လျစ်လျှူရှုကာ တည်ငြိမ်စွာနေနေသည်။ ဒီလိုနေရာမှာ အားနည်းပုံကိုပြလိုက်ရင် အမဲတွဲခွေးဆွဲသလို ဝိုင်းပြီး တစ်စစီလုပ်ကြမည်ကို သိနေသည်။

အဓိကဟင်းပွဲများ ချသည်အထိ ရှုကျီဟွေ့ရောက်မလာသေးပေ။ ဟော်ရန်က အရမ်းပျော်ကာ ရှုနင်၏ပုခုံးပေါ် လက်တင်လိုက်သည်။ ရှုနင်က ချက်ချင်း ဟော်ရန်၏လက်ကို ဖယ်ချလိုက်သောကြောင့် ဟော်ရန်က ခါးသီးစွာပြုံးကာ ရှုနင်၏ထိုင်ခုံနောက်မှီပေါ်ပဲ လက်ကို ပြောင်းတင်လိုက်ရသည်။ ထိုဝိုင်းတွင် တခြားသခင်လေး ၆ဦးလည်း ထိုင်နေကြသောကြောင့် ဒီမြင်ကွင်းကိုတွေ့ပြီးတော့ လူတိုင်းက စိတ်ရှုပ်ထွေးသွားကြကာ ဘယ်သူမှ ရှုနင်ကို မထီမဲ့မြင်မကြည့်ရဲကြတော့ပေ။

သူတို့စားပြီးချိန်မှာ ရှုကျီဟွေ့က ကိုယ်ရံတော်နှစ်ဦးခေါ်ကာ ရောက်လာခဲ့သည်။ မိန်းကလေးဆိုလို့ သူမတစ်ယောက်တည်းဖြစ်နေသောကြောင့် သူမ မျက်နှာမထားတတ်အောင်ဖြစ်နေစဉ် ဟော်ရန်က လက်ယမ်းကာ လှမ်းခေါ်လိုက်သည်။

"လာ.. ဒီမှာထိုင်.. မင်းအစ်ကိုက ဒီမှာရှိတယ်.."

တခြားသခင်လေးတွေနဲ့ ကိုယ်ရံတော်တွေက အခန်းပြင်မှာစောင့်နေကြသည်။ ရှုကျီဟွေ့က သဘာဝကျကျပဲ အိမ်ရှင်၏ဘေးတွင် ထပ်တိုးလိုက်သောခုံတွင် ဝင်ထိုင်လိုက်သည်။ ဟော်ရန်က ဖုန်းဖြင့် စာပို့လိုက်စဉ် မိန်းမလှလေး ၈ယောက်လောက် ခန်းမထဲဝင်လာခဲ့သည်။

ရှုကျီဟွေ့က ခေါင်းငုံ့ကာ ရှုနင်၏နားနားကပ်ကာ တီးတိုးစကားပြောနေစဉ် ဝင်လာသောမိန်းမလှအုပ်စုကြောင့် မပျော်မရွှင်ဖြစ်နေသည်။ ကံကောင်းပြီး ဟော်ရန်တို့ဝိုင်းကို ဝင်မထိုင်ကြပေ။

ခန်းမကြီးထဲ မီးပန်းဆိုင်းတွေကို ပိတ်လိုက်ပြီး ခပ်မှိန်မှိန်မီးပွင့်များသာ ထွန်းလိုက်သည်။ ခပ်မှိန်မှိန်မီးရောင်အောက် လူငယ်များက ပိုရဲရင့်လာကြပြီး သောက်ကြစားကြ၊ နမ်းရှုပ်ကြနှင့် တချို့က သီချင်းတွေတောင်ဆိုနေပြီး ဖက်နေကြသည်။ ရှုကျီဟွေ့က ပထမ ဒီနေရာနှင့်စိမ်းနေပေမယ့် မီးမှိန်သွားသောကြောင့် သက်တောင့်သက်သာဖြစ်လာသည်။

ဆူညံနေသောပတ်ဝန်းကျင်ထဲတွင် ရှုနင်က ဝိုင်နီတစ်ခွက်ကိုကိုင်ကာ အေးဆေးစွာ တစ်ငုံချင်းသောက်နေသည်။ ဖြူဖွေးသောသူ့ပုံစံလေးက ဖရိုဖရဲဆူညံနေသော ပတ်ဝန်းကျင်တွင် တည်ငြိမ်စွာထင်းထွက်နေသည်။ တချို့သူတွေက 'Truth or Dare' ဂိမ်းကစားဖို့ ပြောလာတော့ ရှုနင်၏နှုတ်ခမ်းတွေ ကော့ညွတ်စွာပြုံးလိုက်သည်။

"ရိုးရိုးဆိုရင် စိတ်ဝင်စားစရာ မကောင်းဘူး.. ပိုခက်အောင်လုပ်ကြမလား.."

ရှုနင်က ပထမဆုံးပြောလိုက်တာကြားတော့ အားလုံး အံ့အားသင့်သွားကြသည်။ စိတ်ဝင်စားစရာမကောင်းဘူး ဟုတ်လား။ ခက်အောင်လုပ်မယ် ဟုတ်လား..။

ဒီကစားနည်းက မြို့တော်ကြီးကလူတွေတောင် ကစားကြတာလေ..။ ဘာမဆိုလုပ်ခိုင်းလို့ရတဲ့ဟာ မဟုတ်ဘူးလား..။

ရှုနင်ကို သဘောမကျသော ရွှီလျောင့်ဆိုသောသခင်လေးက ဝိုင်ပုလင်းကိုပိုက်ကာ ထရပ်ရင်း မေးလိုက်သည်။

"ဒါဆို မင်းက ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ.."

"ဝိုင်ဖြူနဲ့ လဲလိုက်.."

သခင်လေးများ : "......"

မိန်းမလှလေးများ : "......"

"......"

ဟော်ရန်က ကြောင်ကြည့်နေပြီး မသက်မသာနဲ့ ပြောလိုက်သည်။

"ချစ်ဖ.. ငါတို့က ကစားရုံပဲလေ.. တကယ်လို့ ဝိုင်ဖြူသောက်ရင် အိမ်ကိုရှင်းပြဖို့လိုမယ်.."

"ဘာလဲ.. ကြောက်တာလား.. တကယ်လို့ မင်းကြောက်တယ်ဆိုရင် ငါ ဘာမှမပြောခဲ့ဘူးလို့ သဘောထားလိုက်.."

ရှုနင်က ဝိုင်နီခွက်ကိုသောက်ရင်း မျက်လုံးထောင့်မှ ဟော်ရန်ကိုကြည့်ကာ ပြောလိုက်သည်။

ဒီအရွယ်က ဒေါသဆွပေးရတာ အရမ်းလွယ်တာပဲ..။ မင်း သူမလုပ်နိုင်ဘူးလို့သာ ပြောလိုက်.. သူက ချက်ချင်းလုပ်ပြလိမ့်မယ်..။

လူတိုင်းက သူတို့ဘေးမှာ စက်ဝိုင်းလိုဝိုင်းဖွဲ့လာကြပြီး ဂိမ်းကစားဖို့ လုပ်ကြသည်။ ဝန်ထမ်းတစ်ယောက်ကို ဝိုင်ပုလင်းလွတ်ယူလာစေပြီး ရှုနင်က ပုလင်းကို စလှည့်လိုက်သည်။ ပုလင်းဝက ရွှီလျောင်ကို ညွှန်ပြနေသည်။

"ခိုင်းတလုပ်မလား၊ သောက်မလား.."

ရွှီလျောင်က ခိုင်းတာလုပ်မယ်ဆိုတာ ရွေးလိုက်တော့ ဟော်ရန်က လက်ခုပ်တီးကာ 'ဘေးကတစ်ယောက်ကို နမ်းပါ' ဟုပြောလိုက်သည်။

ရွှီလျောင်က သူ့ဘေးကကောင်မလေးကို ဆုပ်ကိုင်လိုက်စဉ် ရှုနင်က တားကာ ပြောလိုက်သည်။

"မင်းတို့ကောင်တွေက ဒီလောက်အဆင့်လေးပဲ ကစားတာလား.."

"မင်းက ဘာဖြစ်ချင်တာလဲ.."

"အပြင်ကိုထွက်ပြီး ပထမဆုံးတွေ့တဲ့ ယောက်ျားတစ်ယောက်ကို ပြင်သစ်လိုနမ်းပါ.."

ရွှီလျောင်က ယောက်ျားတစ်ယောက်ကို ပြင်သစ်လိုနမ်းရမယ်ကြားတော့ နှုတ်ခမ်းက တွန့်လိမ်ရွဲ့စောင်းသွားသည်။ ယောက်ျားတစ်ယောက်ကို နမ်းရမယ် ဟုတ်လား.. ထွီ..

ရွှီလျောင်က ဝိုင်ဖြူတစ်ခွက်ကိုကောက်ကာ ကုန်အောင်မော့ချလိုက်သည်။ Fuck...

ငါတော့ သေပြီ။ ဝိုင်ဖြူက ဗိုက်ထဲရောက်တာနဲ့ ပူလောင်လာခဲ့သည်။ ရွှီလျောင်က ခုံမှာထိုင်ချကာ သူ့ကိုဒုက္ခပေးသည့် ရှုနင်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်။

ဒုတိယပုလင်းလှည့်တော့ အရပ်ပုပုနဲ့သခင်လေးဘက်ကို ဦးတည်ကာ ရပ်သွားသည်။ ထိုလူငယ်က ရှုနင်ကို သတိနှင့်ကြည့်နေသည်။

"မင်းရဲ့ဘယ်ဘက်က ၅ဦးမြောက် ဆန့်ကျင်ဘက်လိင်ကို နမ်းပါ.."

အိုး.. ဒီလိုဆို ကောင်းတာပေါ့..။

လူငယ်များက ပျော်ရွှင်စွာဖြင့် ထိုမိန်းကလေးကိုကြည့်လိုက်တော့ ရှုကျီဟွေ့ဖြစ်နေသောကြောင့် မနမ်းရဲတော့ဘဲ ဝိုင်ကိုသောက်လိုက်ရတော့သည်။ ဝိုင်ဖြူထည့်သည့်ခွက်က 7cm ရှည်သောကြောင့် ပါဝင်မှုက မနည်းပေ။ ဒီလူငယ်တွေက နောင်တစ်ချိန် ဒီလိုဝိုင်ဖြူခွက်ပေါင်းများစွာ မမူးတမ်းသောက်နိုင်ကြမှာဖြစ်ပေမယ့် အခုချိန်တော့ ခွက်တစ်ဝက်လောက်သောက်လိုက်မိတာနဲ့ မျက်နှာကြီးရဲကာ အိမ်သာဘက်ပြေးထွက်သွားရတော့သည်။

ငါးလှည့်မြောက်ရောက်တော့ ဟော်ရန်အလှည့်ကျလာသည်။

ဒီတစ်ခါလည်း လူတွေကို နမ်းရမှာပဲလား။ ရှုကျီဟွေ့က ရှုနင်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်တော့ ရှုနင်က သူမကိုအရှက်ခွဲဖို့ တည်ငြိမ်စွာပြောလိုက်သည်။

"နောက်တစ်လှည့်အထိ သူမကို ဖက်ပြီးနမ်းပါ.."

ရှုနင်က ပုလင်းလှည့်ကစားသည့်ဂိမ်းမှာ အတော်ကိုဆရာကျပြီး သူကျစေချင်သည်ကို တိုက်ရိုက်ကျအောင်လုပ်နိုင်သည်။ ဒီဂိမ်းကို ရှုနင် ပျော်ရွှင်စွာကစားနေစဉ် သူ၏နတ်ဘုရားအစ်ကိုကြီးက ညာဘက်တံခါးဝတွင် အေးခဲသောအရိပ်အငွေ့တို့ထုတ်လွှတ်ကာ ရပ်နေသည်ကို မသိခဲ့ပေ။

=====================





ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now