Chapter (131)_ သားသမီး မရနိုင်ရင်တောင် သားအဖြစ် လက်ခံဖို့ဆန္ဒရှိလား

12.2K 1.9K 29
                                    

Chapter (131)_ သားသမီး မရနိုင်ရင်တောင် ခင်ဗျားက ကျွန်တော့်ကို သားအဖြစ် လက်ခံဖို့ဆန္ဒရှိလား

ထက်သန်ပြင်းပြသည့် နှီးနှောမှု အပြီးတွင် ရှုနင်က ခံစားချက်ကို မထိန်းနိုင်တော့ပဲ ကောင်းလွန်းလို့ ရှုဟိန်ရဲ့လက်မောင်းကြားထဲတွင် သတိလစ်မေ့မျောသွားခဲ့သည်။ အကိုကြီး၏ pa pa pa skill က တနေ့ထက် တနေ့ ပိုကောင်းကာ ပိုကြမ်းလွန်းလာသည်။ ဒါက သူ့အတွက် ကောင်းချီးတစ်ခုပဲ မဟုတ်လား။ သူ့လောင်ကုန်းက သူ့ကို ချစ်မဝနိုင်ဖြစ်နေတာ သူ့အတွက် ဘုရားပေးသည့် ဆုလာဘ်တစ်ခုဖြစ်သည်။
 
မျက်စိတစ်မှိတ်အတွင်းနှစ်လကြာသွားပြီး ရှုနင် သည် L City သို့ဘယ်တော့မှပြန်မလာတော့ပါ။ သူသည်သူ၏သူငယ်ချင်းများနှင့်တွေ့ဆုံရန်မြို့တော်သို့သွားခဲ့သည်၊ သို့သော် အချိန်အများစုကို သူက အဖေနှင့်အကိုကြီးတို့ဖြင့် ကုန်လွန်နေခဲ့သည်မှာသေချာသည်။ နေ့ခင်းမှာ အဖေက သူ့ကို အပိုင်စိးထားပြီး ညမှာ ရှုဟိန်၏ အလှည့်ဖြစ်သည်။ ဒီလိုသာ ခွဲဝေမပေးထားရင် အဖေ့ကို ရှုဟိန်က သေချာပေါက် ပုန်ကန်လိမ့်မည်။

အပြင်မှာနှင်းတွေကျနေတယ်။

ရှုနင်သည်ကြမ်းပြင်မှမျက်နှာကျက်ထိ တဆက်တည်း ပြုလုပ်ထားသည့် မှန်ပြတင်းပေါက်နားမှာရပ်ပြီး အတော်လေးစိတ်မသက်မသာခံစားခဲ့ရသည်၊ သူ့အဖေ၏ နောက်ဆုံးနေ့ရက်က ပိုပိုနီးလာလေပြီ။
 ရှုချိန် အခန်းထဲဝင်လာသည့်အခါ ရှုနင်က လှည့်မကြည့်ပဲ အဖေကို မြင်နိုင်သည်။ သူ့အဖေနှင့် အတူတူ ရှိနေသည့် အချိန်လေးက အရမ်းကို နွေးထွေးကာ ဒီလေထုကို သူ မဖျက်ဆီးချင်ပေ။ အဖေက အဖိုးဆုံးပြီး တနှစ်အကြာတွင် သေဆုံးခဲ့ရသည်ကို အရင်ဘဝက အတွေ့ကြုံအရ ရှုနင် သိနေသည်။ ဒါကြောင့် ရုပ်ရှင်ရိုက်ကူးရေးကို သွားမကြီးကြပ်ပဲ ချင်းမင်နှင့်လွှဲအပ်ထားကာ အဖေ့နားကို ကပ်ကာ အဖေ့နောက်ဆုံး အချိန်ကို အဖော်ပြုပေးနေတာဖြစ်သည်။

 "အေးအေးဆေးဆေး အဖေနဲ့ခြံထဲ  လမ်းလျှောက်ချင်လား။ "

"အင်း၊ အဖေ အစည်းအဝေးသွားစရာမလိုဘူးလား၊ ဖေဖေပြန်လာတဲ့အထိ ကျွန်တော် စောင့်နေမယ်။ "

"ကောင်းပြီ"

 ရှုချိန်သည်သူ၏စာရွက်စာတမ်းများကို မယူခင် ရှုနင်၏ပါးပြင်ကို ဖွဖွနမ်းလိုက်သည်။ ရှုနင်က ရှုချိန်၏အပေါ်ထပ်ကို ယူကာ ထပ်ပေးလိုက်သည်။
 
အဖေက အစည်းဝေးခန်းမဆီကို ထွက်ခွါသွားသောအခါ ရှုချိန်က သူ့သား၏ပုခုံးကို တချက်ပုတ်ပေး သွားခဲ့သည်။ သူ့သားအလတ်လေးရဲ့ ကြင်နာမှုက သူ့နှလုံးသားကို နွေးထွေးစေသည်။
  သူက သမီးလေး မရခဲ့တာ သူ့အတွက်တစ်ခုတည်းသော နောင်တရစရာလို့ အမြဲပြောခဲ့တယ်။ ဒါပေမယ့် ရှုနင် က သမီးထက်ပိုပြီး သူ့ကို ဂရုစိုက်တဲ့သူဆိုတော့ သူ့ဆေးတွေကို သေချာ စစ်ဆေးကာ အချိန်မှန် ဆေးသောက်အောင် လာတိုက်ပေးသည်။ ရှုနင်က နေ့တိုင်းမပျက်မကွက် ဆေးတိုက်ကာ ဘေးမှ အမြဲ အဖော်ပြုပေးနေသဖြင့် အခုထက်ပိုဂရုစိုက်နိုင်မယ့်နည်းလမ်းမရှိနိုင်တော့ဘူး။

သူ့သားနှစ်ယောက်ဖြစ်တဲ့ ရှုဟိန်နှင့် ရှုနင်တို့ရှိတာနဲ့ သူ့အတွက်လုံလောက်ပါပြီ။ ရှုယောင်း နှင့် ပတ်သက်၍ ရှုချိန်က သားအငယ်ဆုံးကို သင်ကြားပေးတာ လစ်ဟင်းနေသည်ဟု ခံစားနေရသည်။ သားအငယ်ဆုံးက သူ အသက်ကြီးမှ ရလာလို့ သေချာ မသွန်သင်နိုင်လို့ ဆိုးသွမ်းနေသည်ဟု ခံစားခဲ့ရသည်။
 
သိပ်မကြာမီ မွန်းတည့်ချိန်ရောက်လာသည်။ ရှုနင် က သူကိုယ်တိုင်ယာဂုဝယ်ဖို့  အောက်ထပ်ကိုဆင်းလာခဲ့ပြီး သူက လမ်းမှာ အကျွမ်းတ ၀ င်ရှိတဲ့ လူတစ်ယောက်နဲ့တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တယ်။ ထိုလုူက သူ့ရဲ့စစ်ရေးလေ့ကျင့်ရေးက တပ်ခွဲမှူးဖြစ်သည်၊ သူသည် စစ်ထူထုံးပဲဖြစ်သည်။

ရှုနင်က ချင်းမင်ကို ထိုကိစ္စကို သေချာ စုံစမ်းဖို့ မမှာခဲ့ပေမယ့် စစ်ထူထုံး၏ နာမည်က အရမ်းကို ပေါ်လွင်ထင်ရှားသဖြင့် ချင်းမင်က အလွယ်တကူ သိရှိကာ လန့်ဖြန့်သွားခဲ့သည်။ သူ့ သူဌေးက ဒီလို အဆင့်မြင့်သည့် လူနှင့် ဆက်စပ်နေမည်ဟု သူ လုံးဝ မတွေးခဲ့မိပေ။ ထိုလူ၏ အဆင့်အတန်းကို သိလိုက်ရသည့်အျက်ကြောင့် ချင်းမင်က အရမ်းကို စိုးထိတ်နေသည်။

ဒီလူက အကိုကြီးရဲ့ အဖေရင်းဖြစ်ရင်တောင်မှ အကိုကြီးက ဘယ်နည်းနဲ့မှ ပြန်ပါမသွားနိုင်ဘူး။ အကိုကြီးက အရမ်း အံ့သြစရာလူဖြစ်လို့ ရှုနင်က တကယ်ကို ဂုဏ်ယူမိသည်။ ဒါပေမယ့် သူ့အကိုကြီးက ချင်ယွိကျိုးက သူ့ကို တခုခုလုပ်တိုင်း အမြန်ပြေးလာပေးခဲ့တယ်။ ဒါက သူ့ကို အလေးထားတယ်ဆိုတာ ဖော်ပြနေလို့ ရှုနင် ကျေနပ်နေမိသည်။

အကိုကြီးဆီမှာ အရမ်းကို အင်အားကြီးတဲ့ တပ်မှုးဟောင်းကြီးရှိသေးတယ်လို့ကြားတယ်။ အကိုကြီးရဲ့ အဖေရင်းရဲ့အိမိတော်က ဘာကြောင့် ဒီလောက်သြဇာအာဏာကြ၊ီးနေရတာလဲ။ သူတကယ်ပဲ ဒီလောက်ထိ အစွမ်းထက်ဖို့လိုနေသေးလား။

စစ်ထူထုံးက ရှုနင်ကို လှည့်ကြည့်လိုက်ပြီးသူ့မျက်လုံးတွေကတောက်ပလာသည်။

"အိုး...တိုက်ဆိုင်လိုက်တာ.... မင်းနဲ့ထပ်ဆုံပြန်ပြီ "

တိုက်ဆိုင်တယ် ဟုတ်လား။ တကယ်ကြိးလား။ ခင်ဗျားက ရည်ရွယ်ချက်ရှိရှိ ဒီမှာ ဆုံအောင် လုပ်ထားတယ်ဆိုတာ ကျွန်တော်လောင်းရဲတယ်။
 
 ဒါပေမယ့် ရှုနင်က မာန်မာနမတက်ရဲဘူး။ ငြိမ်းချမ်းသောစိတ်နှင့်သူက  ပြန်ဖြေလိုက်သည်။

" ကျွန်တော်က ယာဂု ၀ ယ်ဖို့ထွက်လာခဲ့တာ၊ ဘာလို့တပ်ခွဲမှူးက ဒီကိုရောက်နေတာလဲ။ "

"ငါစောစောက သူငယ်ချင်းဟောင်းတစ်ယောက်ကိုတွေ့ပြီး အပြန် ဗိုက်ဆာလာလို့ ဒီကိုထွက်လာတာ၊ ငါ မင်းနဲ့ အတူ သွားလို့ရမလား "

"ရပါတယ် ခင်ဗျာ "

သူတို့နှစ်ယောက် ဘေးချင်းယှဉ်လျှောက်သွားကြသည်။ ရှုနင်က အရပ် 1.76 မီတာ မြင့်နေပေမယ့်     သူ၏အသွင်အပြင်မှာနူးညံ့သိမ်မွေ့ပြီး  လှပသောအသားအရည်နှင့်မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။

  လှပသောနှင်းများနှင့်အတူ ရှုနင် ၏ထူးခြားသောအလှ က သဟဇာတဖြစ်လို့နေသည်။ စစ်ထူထုံး   သည်မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။ ရှုဟိန်နှင့်ရှုနင် တို့ကြားဆက်ဆံရေးသည် အလွန်ထူးဆန်းနေသည်ဟု ခံစားမိသော်လည်း သူ ဘာကိုမှန်းဆလို့ မရခဲ့ပေ။

"ဒီနေ့အရမ်းအေးတယ်၊ တပ်ခွဲမှူးဘာလို့ ဒီလောက်ပါးပါးလေး ၀ တ်ထားရတာလဲ"

"အိုး ငါ အနွေးထည်ကို ငါ့ကားထဲမှာထားခဲ့တာ"

"အိုး....ဟုတ်လား။ ကျွန်တော်တို့ ရောက်ပြီ။း ဒီ ယာဂုဆိုင်က အရမ်းနာမည်ကြီးတယ်။ ကျွန်တော်တို့ ဒီထက်နောက်ကျပြီးမှ လာရင် မရတော့ဘူး"

ရှုနင်က တပ်ခွဲမှုကို အေးဆေးစွာ အကဲဖြတ်ဟန်ကြည့်ပြီး ပုံမှန်အတိုင်းပြောလိုက်သည်။

"အင်း ဒါဆို ငါသေချာ စမ်းကြည့်ရမယ်"

သူတို့နှစ်ယောက်က ဆိုင်ထဲကို ဝင်လာပြီးနှစ်ယောက်စလုံးက သူတို့လိုချင်တဲ့ယာဂုကိုအော်ဒါမှာပြီး ထိုင်ခုံမှာ ထိုင်စောင့်နေကြသည်။ ရှုနင်က စစ်ထူထုံးနှင့် အကြည့်ချင်းဆုံသွားပြီး ပြုံးပြလိုက်သည်။

စစ်ထူထုံး၏သွင်ပြင်က ဆိုင်အတွင်းသို့အခြားဖောက်သည်များ၏ အမြင်အာရုံကိုဆွဲဆောင်နိုင်လောက်အောင် ပေါ်လွင် ထင်ရှား လွန်းနေသည်။

"ရှုဟိန်က နေကောင်းရဲ့လား။ ခုတလော ငါ သူူ့ကို  မတွေ့တာကြာပြီ"

ရှုနင်ကသူ့ကိုတိတ်တဆိတ်စောင့်ကြည့်သည်။

"အိုး၊ အကိုကြီးက  နေကောင်းပါတယ်။ သူက အရမ်းတော်တယ်။ သူက မနက်မှာ အလုပ်လုပ်တယ်၊ ညဘက်မှာ စာကျက်တယ်၊ အဖေက သူ အရမ်းပင်ပန်းလွန်းမှာစိုးလို့ သူ့ကို ညတိုင်းည ၁၀ နာရီမှာ မီးပိတ်ပြီး အိပ်ခိုင်းရတယ်"

ရှုနင်က အလွန်ချိုမြိန်စွာရယ်ကာ ပြောပြလိုက်သည်။

စစ်ထူထုံးက ထိုစကားကိုကြားတော့ ခေါင်းကိုငုံ့လိုက်ပြီးစားပွဲပေါ်တွင်လက်ညှိုးကို အသာတောက်ကာ မေးလိုက်သည်။

"အရမ်းချစ်တတ်တဲ့ အဖေနဲ့ ရိုသေတဲ့ သား။ အရမ်းလိုက်ဖက်တာပဲ။ မင်းရော..မင်းက   L City မှာ စာမသင်ဘူးလား။ အတန်းက ပြီးပြီလား? "

"ကျွန်တော်က ရုပ်ရှင်အဖွဲ့သားတစ် ဦး ဖြစ်ပြီး ရုပ်ရှင် အတွက်ရင်းနှီးမြှုပ်နှံခဲ့တယ်၊ ဒါကြောင့် ခွင့်ရက်ရှည်ယူပြီး နားထားခဲ့တယ်။ "

"ဒါ သိပ်မကောင်းသေးဘူး မဟုတ်လား။ ကျောင်းသားတစ်ယောက်အနေနဲ့ မင်းက ပညာရေးကို အာရုံစိုက်သင့်တယ်၊ ရင်းနှီးမြှုပ်နှံမှုတွေက တော်တော်အန္တရာယ်များတယ်။ မင်းက ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် လူမှုရေးအတွေ့အကြုံပိုရဖို့ပို လုံခြုံတဲ့ လမ်းကနေ သွားသင့်တယ်။  ပြီးတော့ မင်းမိသားစုက အိမ်ခြံမြေလုပ်ငန်းတစ်ခု လုပ်တယ် မဟုတ်လား။ အဲ့လုပ်ငန်းက စီးပွားရေးဖြစ်တာကြောင့် သူတို့ရဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို ကြိုတင်ပြင်ဆင်သင့်တယ်၊ မင်း ဘယ်လိုထင်လဲ။ "

ခင်ဗျားက ဒါကိုဘယ်လိုအခြေအနေမျိုးနဲ့အကြံပြုတာလဲ။

ရှုနင်က တော်တော်ရယ်စရာကောင်းတယ်လို့ခံစားခဲ့ရပေမယ့ သူ မရယ်နိုင်ခဲ့ဘူး။

"အဲဒါ အမှန်ပဲ၊ ဒါပေမယ့် ကျွန်တော့် အကိုကြီးက အရမ်းထူးချွန်နေပြီ၊ ကျွန်တော့်မှာ ညီလေး တစ်ယောက်လည်း ရှိသေးတယ်။ ကမ္ဘာကြီးက ကြီးပါတယ်၊ ကျွန်တော် ခွဲထွက်ပြီး လုပ်စရာ လုပ်ငန်းတွေ ပေါပါတယ်။ မိသားစုလုပ်ငန်းထဲ ဝင်လုပ်ပြီး ညီအကိုတွေနဲ့ တိုက်ခိုက်စရာ မလိုဘူး မဟုတ်လား ? "


စစ်ထူထုံးက ရှုနင်၏ အဖြေကြောင့် ရယ်ရယ်မောမောနှင့်သူ့မျက်လုံးများသည် ပို၍ နူးညံ့သိမ်မွေ့လာခဲ့သည်၊ ဂှုဟိန်သည်စိတ်နှလုံးတခုလုံး ပုံအပ်ကာ ပြုစုပျိုးထောင်ခဲ့သော ကလေးက မျှော်လင့်ထားသည့်အတိုင်း၊  လိမ္မာသည်၊ အမြင်အာရုံကောင်းသည်။ ယောက်ျားတွေက အပြင်ထွက်ပြီးကိုယ်ပိုင်အလုပ်အကိုင်ဖန်တီး သင့်တယ်၊ မွေးကတည်းက မင်းမှာ ကိုယ်ပိုင် အရည်ချင်းပါ လာပြီးသားဖြစ်လို့ ဘာကိုမှမှီခိုစရာမလိုဘူး။ စစ်ထူထုံးသည် ရှုနင်၏စီးပွားရေးလုပ်ငန်းများကို သတိပြုမိပြီးဖြစ်သည်၊ ဤလူငယ်လေးသည်အ လွန်အံ့သြဖို့ကောင်းသည်၊ သူသည် ရှုဟိန်ထက် နည်းနည်းလေးမှ မလျော့ပေ။

 မကြာခင် သူတို့ယာဂုရောက်လာပြီး ရှုနင်က သက်ပြင်းခိုးချကာ နူတ်ဆက်လိုက်သည်။

  "ဦး လေး၊ကျွန်တော် အရင်သွား ဦး မယ်၊ ဦးလေး ယာဂုကို အေးအေးဆေးဆေး သုံးဆောင်ပါ ခင်ဗျာ "

"ဟေ့၊ ဒါက ငါ့ဖုန်းနံပါတ်၊ မင်း တစ်ခုခု လိုအပ်ရင်ငါ့ကို ဖုန်းဆက်ပါ"

စစ်ထူထုံး က မတ်တပ်ရပ်ပြီး ရှုနင်ရဲ့အိတ်ကပ်ထဲမှာနာမည်ကတ်ပြားတစ်ခုထည့်ပြီး သူရှင်းပြခဲ့သည်။
  "L City က C City နဲ့ မတူဘူး။ မင်းအဖေက အဲ့မြို့နဲ့ အလှန်းဝေးတယ်။ မင်းလိုအပ်တဲ့အခါကူညီဖို အလှမ်း မမှီလောက်ဘူး။  မင်းမှာ မိတ်ဆွေတွေရှိထားတာ ကောင်းတာပေါ့။  ဒါကြောင့်မင်းမှာ အရေးတကြီးအကူအညီ လိုအပ်တဲ့ အခါ မင်းကို ငါ ကူညီပေးလို့ ရတယ်   "

"ကျေးဇူးတင်ပါတယ် ဦး လေး"

"လမ်းတွေကချော်နေတယ်၊ ပြန်ရင်သတိထားပါ။ "

"ကောင်းပါပြီ နူတ်ဆက်ပါတယ် ဦး လေး"

ရှုနင် ထွက်လာခဲ့သည်။ သူ့အမူယာက ပုံမှန်ဖြစ်ပေမယ့် နှလုံးသားက အရမ်းကို ခုန်နေသည်။ သူက ရှုဟိန်နှင့် ယှဉ်ပြီး အမွေမလုပေမယ့်   ရှုဟိန်ကို အပိုင်စီးပြီး ဖွင့်ပြောလို့မရတဲ့အ ရာတွေကို ညတိုင်းလုပ်နေတယ် ╮(╯▽╰)╭

ဒီအကြောင်းကို ပကိုကြီးရဲ့ အဖေရင်းသိသွားမည်ကို ကြောက်နေမိသည်။

 စစ်ထူထုံးသည် ရှုနင် အဝေးကြီးရောက်သွားသည်အထိ ငေးကြည့်ကာ ထိုင်ခုံမှာ ထိုင်ပြီး စဉ်စားနေစဉ် တယောက်ယောက်က သူ့ကို လာကွယ်သလို အလင်းရောင် မှိန်သွားခဲ့သည်။

ဘယ်သူက သူ့အလင်းကို လာကွယ်ရဲတာလဲ။ သူ့ကိုယ်ရံေတော်တွေက မတားဘူးဆိုတော့ အဲ့ဒါ သူ့သား ရှုဟိန်ပဲဖြစ်ရမယ်

ရှုဟိန်ကသူ့မျက်လုံးထဲမှာ မလိုလားသည့် အကြည့်နဲ့ ရှေ့တည့်တည့်မှ ဝင်ထိုင်နေတယ်၊

"ခင်ဗျား သူနဲ့အဆက်အသွယ် မလုပ်သင့်ဘူး"

"မင်း ဒီဟာတော့များသွားပြီ "

စစ်ထူထုံးက အေးဆေးစွာပြောလိုက်ပြီး ယာဂုကို တဇွန်းခပ်သောက်လိုက်သည်။ အရသာက တကယ်ကောင်းတာပဲ ။

ဒါကြောင့်ရှုနင်က သူ့အဖေအတွက် တကူးတက လာဝယ်ပေးခဲ့တာ။ ဘယ်လောက်တောင် တာဝန်ကျေတတ်တဲ့ သားလဲ။

သူလည်း ဘယ်တော့မှ ရှုဟိန်ကိုယ်တိုင်ဝယ်ပေးတဲ့ အစားစာကို စားရမှာပါလိမ့်။ အဲ့လိုသာဆိုရင် သူလည်း သေပျော်ပါပြီ။

မင်းလိုချင်တဲ့အရာကိုမရယူနိုင်ခြင်းရဲ့ အရသာကနာကျင်လွန်းတယ်၊

 "ငါက မင်းအဖေပါ ငါက မင်းပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ ဒုက္ခပေးမှာမဟုတ်ဘူး။ "

သူတို့က သားအဖနှစ်ယောက်ဆိုတာ ရှင်းပါတယ်၊ ဒါပေမယ့် ရှုဟိန် က ဒီကတိကို လွယ်လွယ်နဲ့မယုံဘူး။

 "ခင်ဗျားပြောခဲ့တာကို မှတ်ထားပါ။ "

"အမ်း၊ မင်းဒီမှာ ရောက်နေပြီပဲ။ ငါနဲ့ ထမင်း အတူစားရင်ကော။ "

စစ်ထူထုံးရဲ့မျက်လုံးတွေကမျှော်လင့်ချက်တွေနဲ့ပြည့်နေတယ်။

"သူက သုံးယောက်စာ ၀ ယ်သွားခဲ့တယ်။

ရှုဟိန်ကသွေးအေးတယ်၊ သူက ရက်စက်တယ်၊  သူက မင်းကိုခွင့်လွှတ်ဖို့ဆန္ဒမရှိဘူးဆိုရင်အဲဒါက အဆုံးသတ် ဆုံးဖြတ်ချက်ပဲ။ စစ်ထူထုံးက သားဖြစ်သူ လှည့်ထွက်သွားခဲ့သည်ကို ကြည့်နေရင်း သူလည်းကူကယ်ရာမဲ့လွန်းသဖြင့် သူ့ခန္ဓာကိုယ်ရှိ သွေးများကအေးခဲလာသလို ခံစားလိုက်ရကာ ရုတ်တရက်မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်သည်။

"ငါ ဘာလုပ်ရမလဲ။ "

"...... " ရှုဟိန် ရပ်တန့်သွားသည်။

သူသာ မထားခဲ့လျှင် အဖေအဖြစ် အသိမှတ်ပြုနိုင်ဖို့ မျှော်လင့်ချက်ရှိသည်ဟုဆို လိုသည်။ စစ်ထူထုံး က ဂရုတစိုက်ပြောနေစဉ်တုန်တုန်ယင်ယင်နဲ့ ထပ်မေးလိုက်သည်။

 "ဟိန်, မင်း...ငါ့ကို အဖေအဖြစ်လက်ခံလာဖို့ င ါဘာလုပ်ပေးရမလဲ...  "

"ကျွန်တော် ဘာမဆို တောင်းဆိုလို့ရသလား "

"အင်း "

"သေချာလား?"

"အင်း။ "

"ကျွန်တော့်ဆီမှာ သားသမီး မရနိုင်ရင်တောင် ခင်ဗျားက ကျွန်တော့်ကို သားအဖြစ် တသက်လုံး လက်ခံဖို့  ဆန္ဒရှိလား။ "

"...... "

"ခင်ဗျား သေချာစဉ်းစားပြီးတဲ့အခါ ကျွန်တော့်ကိုလာတွေ့ပါ။ "

ရှုဟိန်သည် ရှုနင်က သူ၏ချစ်သူဖြစ်သည်ဟူသောအချက်ကို မပြောဘဲထွက်ခွာသွားသည်။ သူသည် စစ်ထူထုံးက နောက်ပိုင်းမှာ ဒါကို သိသွားရင် ဒီလူက  သားရဲကဲ့သို့စိတ်ပျက်စရာကောင်းသည့်အစီအမံများနှင့် ရှုနင် ကိုနာကျင်စေလိမ့်မည်။ ရှုဟိန်သည်သန်မာသော်လည်း မည်မျှပင်သန်မာစေကာမူ စစ်ထူထုံး ၏လက်ချောင်းတစ်ချောင်းတည်းနှင့် သူတို့ကို ချေမွပစ်မည်ကို မကာကွယ်နိုင်ပေ။

  ထိုလူသည်ကြင်နာတတ်ပြီး နူးညံ့ပုံ ပေါ်ပေမယ့် သူ့မျက်လုံးထဲမှာ လူတွေက အားလုံးအတူတူပဲဖြစ်သည်။ သူ မလိုလားရင် အလွယ်တကူ ချေမွပစ်လိမ့်မည်။  သူ လုံးဝသေချာမပြောနိုင်သေးခင် ရှုဟိန်က ရှုနင်ကို ဘယ်တော့မှပြောမှာမဟုတ်ဘူး။

ကုမ္ပဏီသို့ပြန်လာပြီးနောက် ရှုနင်က ရှုဟိန်ကို ရယ်ကျဲကျဲကြည့်လိုက်ပြီး ပြောလိုက်သည်။

 "အကိုကြီး ထမင်းစားချိန်ရောက်ပြီ "  

**-***












Chapter (131)_ သားသမီး မရႏိုင္ရင္ေတာင္ ခင္ဗ်ားက ကြၽန္ေတာ့္ကို သားအျဖစ္ လက္ခံဖို႔ဆႏၵရွိလား

ထက္သန္ျပင္းျပသည့္ ႏွီးေႏွာမႈ အၿပီးတြင္ ရႈနင္က ခံစားခ်က္ကို မထိန္းႏိုင္ေတာ့ပဲ ေကာင္းလြန္းလို႔ ရႈဟိန္ရဲ႕လက္ေမာင္းၾကားထဲတြင္ သတိလစ္ေမ့ေမ်ာသြားခဲ့သည္။ အကိုႀကီး၏ pa pa pa skill က တေန႔ထက္ တေန႔ ပိုေကာင္းကာ ပိုၾကမ္းလြန္းလာသည္။ ဒါက သူ႔အတြက္ ေကာင္းခ်ီးတစ္ခုပဲ မဟုတ္လား။ သူ႔ေလာင္ကုန္းက သူ႔ကို ခ်စ္မဝႏိုင္ျဖစ္ေနတာ သူ႔အတြက္ ဘုရားေပးသည့္ ဆုလာဘ္တစ္ခုျဖစ္သည္။
 
မ်က္စိတစ္မွိတ္အတြင္းႏွစ္လၾကာသြားၿပီး ရႈနင္ သည္ L City သို႔ဘယ္ေတာ့မွျပန္မလာေတာ့ပါ။ သူသည္သူ၏သူငယ္ခ်င္းမ်ားႏွင့္ေတြ႕ဆုံရန္ၿမိဳ႕ေတာ္သို႔သြားခဲ့သည္၊ သို႔ေသာ္ အခ်ိန္အမ်ားစုကို သူက အေဖႏွင့္အကိုႀကီးတို႔ျဖင့္ ကုန္လြန္ေနခဲ့သည္မွာေသခ်ာသည္။ ေန႔ခင္းမွာ အေဖက သူ႔ကို အပိုင္စိးထားၿပီး ညမွာ ရႈဟိန္၏ အလွည့္ျဖစ္သည္။ ဒီလိုသာ ခြဲေဝမေပးထားရင္ အေဖ့ကို ရႈဟိန္က ေသခ်ာေပါက္ ပုန္ကန္လိမ့္မည္။

အျပင္မွာႏွင္းေတြက်ေနတယ္။

ရႈနင္သည္ၾကမ္းျပင္မွမ်က္ႏွာက်က္ထိ တဆက္တည္း ျပဳလုပ္ထားသည့္ မွန္ျပတင္းေပါက္နားမွာရပ္ၿပီး အေတာ္ေလးစိတ္မသက္မသာခံစားခဲ့ရသည္၊ သူ႔အေဖ၏ ေနာက္ဆုံးေန႔ရက္က ပိုပိုနီးလာေလၿပီ။
 ရႈခ်ိန္ အခန္းထဲဝင္လာသည့္အခါ ရႈနင္က လွည့္မၾကည့္ပဲ အေဖကို ျမင္ႏိုင္သည္။ သူ႔အေဖႏွင့္ အတူတူ ရွိေနသည့္ အခ်ိန္ေလးက အရမ္းကို ေႏြးေထြးကာ ဒီေလထုကို သူ မဖ်က္ဆီးခ်င္ေပ။ အေဖက အဖိုးဆုံးၿပီး တႏွစ္အၾကာတြင္ ေသဆုံးခဲ့ရသည္ကို အရင္ဘဝက အေတြ႕ႀကဳံအရ ရႈနင္ သိေနသည္။ ဒါေၾကာင့္ ႐ုပ္ရွင္႐ိုက္ကူးေရးကို သြားမႀကီးၾကပ္ပဲ ခ်င္းမင္ႏွင့္လႊဲအပ္ထားကာ အေဖ့နားကို ကပ္ကာ အေဖ့ေနာက္ဆုံး အခ်ိန္ကို အေဖာ္ျပဳေပးေနတာျဖစ္သည္။

 "ေအးေအးေဆးေဆး အေဖနဲ႔ၿခံထဲ  လမ္းေလွ်ာက္ခ်င္လား။ "

"အင္း၊ အေဖ အစည္းအေဝးသြားစရာမလိုဘူးလား၊ ေဖေဖျပန္လာတဲ့အထိ ကြၽန္ေတာ္ ေစာင့္ေနမယ္။ "

"ေကာင္းၿပီ"

 ရႈခ်ိန္သည္သူ၏စာ႐ြက္စာတမ္းမ်ားကို မယူခင္ ရႈနင္၏ပါးျပင္ကို ဖြဖြနမ္းလိုက္သည္။ ရႈနင္က ရႈခ်ိန္၏အေပၚထပ္ကို ယူကာ ထပ္ေပးလိုက္သည္။
 
အေဖက အစည္းေဝးခန္းမဆီကို ထြက္ခြါသြားေသာအခါ ရႈခ်ိန္က သူ႔သား၏ပုခုံးကို တခ်က္ပုတ္ေပး သြားခဲ့သည္။ သူ႔သားအလတ္ေလးရဲ႕ ၾကင္နာမႈက သူ႔ႏွလုံးသားကို ေႏြးေထြးေစသည္။
  သူက သမီးေလး မရခဲ့တာ သူ႔အတြက္တစ္ခုတည္းေသာ ေနာင္တရစရာလို႔ အၿမဲေျပာခဲ့တယ္။ ဒါေပမယ့္ ရႈနင္ က သမီးထက္ပိုၿပီး သူ႔ကို ဂ႐ုစိုက္တဲ့သူဆိုေတာ့ သူ႔ေဆးေတြကို ေသခ်ာ စစ္ေဆးကာ အခ်ိန္မွန္ ေဆးေသာက္ေအာင္ လာတိုက္ေပးသည္။ ရႈနင္က ေန႔တိုင္းမပ်က္မကြက္ ေဆးတိုက္ကာ ေဘးမွ အၿမဲ အေဖာ္ျပဳေပးေနသျဖင့္ အခုထက္ပိုဂ႐ုစိုက္ႏိုင္မယ့္နည္းလမ္းမရွိႏိုင္ေတာ့ဘူး။

သူ႔သားႏွစ္ေယာက္ျဖစ္တဲ့ ရႈဟိန္ႏွင့္ ရႈနင္တို႔ရွိတာနဲ႔ သူ႔အတြက္လုံေလာက္ပါၿပီ။ ရႈေယာင္း ႏွင့္ ပတ္သက္၍ ရႈခ်ိန္က သားအငယ္ဆုံးကို သင္ၾကားေပးတာ လစ္ဟင္းေနသည္ဟု ခံစားေနရသည္။ သားအငယ္ဆုံးက သူ အသက္ႀကီးမွ ရလာလို႔ ေသခ်ာ မသြန္သင္ႏိုင္လို႔ ဆိုးသြမ္းေနသည္ဟု ခံစားခဲ့ရသည္။
 
သိပ္မၾကာမီ မြန္းတည့္ခ်ိန္ေရာက္လာသည္။ ရႈနင္ က သူကိုယ္တိုင္ယာဂုဝယ္ဖို႔  ေအာက္ထပ္ကိုဆင္းလာခဲ့ၿပီး သူက လမ္းမွာ အကြၽမ္းတ ၀ င္ရွိတဲ့ လူတစ္ေယာက္နဲ႔တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ခဲ့တယ္။ ထိုလုူက သူ႔ရဲ႕စစ္ေရးေလ့က်င့္ေရးက တပ္ခြဲမႉးျဖစ္သည္၊ သူသည္ စစ္ထူထုံးပဲျဖစ္သည္။

ရႈနင္က ခ်င္းမင္ကို ထိုကိစၥကို ေသခ်ာ စုံစမ္းဖို႔ မမွာခဲ့ေပမယ့္ စစ္ထူထုံး၏ နာမည္က အရမ္းကို ေပၚလြင္ထင္ရွားသျဖင့္ ခ်င္းမင္က အလြယ္တကူ သိရွိကာ လန႔္ျဖန႔္သြားခဲ့သည္။ သူ႔ သူေဌးက ဒီလို အဆင့္ျမင့္သည့္ လူႏွင့္ ဆက္စပ္ေနမည္ဟု သူ လုံးဝ မေတြးခဲ့မိေပ။ ထိုလူ၏ အဆင့္အတန္းကို သိလိုက္ရသည့္အ်က္ေၾကာင့္ ခ်င္းမင္က အရမ္းကို စိုးထိတ္ေနသည္။

ဒီလူက အကိုႀကီးရဲ႕ အေဖရင္းျဖစ္ရင္ေတာင္မွ အကိုႀကီးက ဘယ္နည္းနဲ႔မွ ျပန္ပါမသြားႏိုင္ဘူး။ အကိုႀကီးက အရမ္း အံ့ၾသစရာလူျဖစ္လို႔ ရႈနင္က တကယ္ကို ဂုဏ္ယူမိသည္။ ဒါေပမယ့္ သူ႔အကိုႀကီးက ခ်င္ယြိက်ိဳးက သူ႔ကို တခုခုလုပ္တိုင္း အျမန္ေျပးလာေပးခဲ့တယ္။ ဒါက သူ႔ကို အေလးထားတယ္ဆိုတာ ေဖာ္ျပေနလို႔ ရႈနင္ ေက်နပ္ေနမိသည္။

အကိုႀကီးဆီမွာ အရမ္းကို အင္အားႀကီးတဲ့ တပ္မႈးေဟာင္းႀကီးရွိေသးတယ္လို႔ၾကားတယ္။ အကိုႀကီးရဲ႕ အေဖရင္းရဲ႕အိမိေတာ္က ဘာေၾကာင့္ ဒီေလာက္ၾသဇာအာဏာၾက၊ီးေနရတာလဲ။ သူတကယ္ပဲ ဒီေလာက္ထိ အစြမ္းထက္ဖို႔လိုေနေသးလား။

စစ္ထူထုံးက ရႈနင္ကို လွည့္ၾကည့္လိုက္ၿပီးသူ႔မ်က္လုံးေတြကေတာက္ပလာသည္။

"အိုး...တိုက္ဆိုင္လိုက္တာ.... မင္းနဲ႔ထပ္ဆုံျပန္ၿပီ "

တိုက္ဆိုင္တယ္ ဟုတ္လား။ တကယ္ႀကိးလား။ ခင္ဗ်ားက ရည္႐ြယ္ခ်က္ရွိရွိ ဒီမွာ ဆုံေအာင္ လုပ္ထားတယ္ဆိုတာ ကြၽန္ေတာ္ေလာင္းရဲတယ္။
 
 ဒါေပမယ့္ ရႈနင္က မာန္မာနမတက္ရဲဘူး။ ၿငိမ္းခ်မ္းေသာစိတ္ႏွင့္သူက  ျပန္ေျဖလိုက္သည္။

" ကြၽန္ေတာ္က ယာဂု ၀ ယ္ဖို႔ထြက္လာခဲ့တာ၊ ဘာလို႔တပ္ခြဲမႉးက ဒီကိုေရာက္ေနတာလဲ။ "

"ငါေစာေစာက သူငယ္ခ်င္းေဟာင္းတစ္ေယာက္ကိုေတြ႕ၿပီး အျပန္ ဗိုက္ဆာလာလို႔ ဒီကိုထြက္လာတာ၊ ငါ မင္းနဲ႔ အတူ သြားလို႔ရမလား "

"ရပါတယ္ ခင္ဗ်ာ "

သူတို႔ႏွစ္ေယာက္ ေဘးခ်င္းယွဥ္ေလွ်ာက္သြားၾကသည္။ ရႈနင္က အရပ္ 1.76 မီတာ ျမင့္ေနေပမယ့္     သူ၏အသြင္အျပင္မွာႏူးညံ့သိမ္ေမြ႕ၿပီး  လွပေသာအသားအရည္ႏွင့္မ်က္ႏွာေလးကို ပိုင္ဆိုင္ထားသည္။

  လွပေသာႏွင္းမ်ားႏွင့္အတူ ရႈနင္ ၏ထူးျခားေသာအလွ က သဟဇာတျဖစ္လို႔ေနသည္။ စစ္ထူထုံး   သည္မ်က္လုံးမ်ားကိုက်ဥ္းေျမာင္းလိုက္သည္။ ရႈဟိန္ႏွင့္ရႈနင္ တို႔ၾကားဆက္ဆံေရးသည္ အလြန္ထူးဆန္းေနသည္ဟု ခံစားမိေသာ္လည္း သူ ဘာကိုမွန္းဆလို႔ မရခဲ့ေပ။

"ဒီေန႔အရမ္းေအးတယ္၊ တပ္ခြဲမႉးဘာလို႔ ဒီေလာက္ပါးပါးေလး ၀ တ္ထားရတာလဲ"

"အိုး ငါ အေႏြးထည္ကို ငါ့ကားထဲမွာထားခဲ့တာ"

"အိုး....ဟုတ္လား။ ကြၽန္ေတာ္တို႔ ေရာက္ၿပီ။း ဒီ ယာဂုဆိုင္က အရမ္းနာမည္ႀကီးတယ္။ ကြၽန္ေတာ္တို႔ ဒီထက္ေနာက္က်ၿပီးမွ လာရင္ မရေတာ့ဘူး"

ရႈနင္က တပ္ခြဲမႈကို ေအးေဆးစြာ အကဲျဖတ္ဟန္ၾကည့္ၿပီး ပုံမွန္အတိုင္းေျပာလိုက္သည္။

"အင္း ဒါဆို ငါေသခ်ာ စမ္းၾကည့္ရမယ္"

သူတို႔ႏွစ္ေယာက္က ဆိုင္ထဲကို ဝင္လာၿပီးႏွစ္ေယာက္စလုံးက သူတို႔လိုခ်င္တဲ့ယာဂုကိုေအာ္ဒါမွာၿပီး ထိုင္ခုံမွာ ထိုင္ေစာင့္ေနၾကသည္။ ရႈနင္က စစ္ထူထုံးႏွင့္ အၾကည့္ခ်င္းဆုံသြားၿပီး ၿပဳံးျပလိုက္သည္။

စစ္ထူထုံး၏သြင္ျပင္က ဆိုင္အတြင္းသို႔အျခားေဖာက္သည္မ်ား၏ အျမင္အာ႐ုံကိုဆြဲေဆာင္ႏိုင္ေလာက္ေအာင္ ေပၚလြင္ ထင္ရွား လြန္းေနသည္။

"ရႈဟိန္က ေနေကာင္းရဲ႕လား။ ခုတေလာ ငါ သူူ႔ကို  မေတြ႕တာၾကာၿပီ"

ရႈနင္ကသူ႔ကိုတိတ္တဆိတ္ေစာင့္ၾကည့္သည္။

"အိုး၊ အကိုႀကီးက  ေနေကာင္းပါတယ္။ သူက အရမ္းေတာ္တယ္။ သူက မနက္မွာ အလုပ္လုပ္တယ္၊ ညဘက္မွာ စာက်က္တယ္၊ အေဖက သူ အရမ္းပင္ပန္းလြန္းမွာစိုးလို႔ သူ႔ကို ညတိုင္းည ၁၀ နာရီမွာ မီးပိတ္ၿပီး အိပ္ခိုင္းရတယ္"

ရႈနင္က အလြန္ခ်ိဳၿမိန္စြာရယ္ကာ ေျပာျပလိုက္သည္။

စစ္ထူထုံးက ထိုစကားကိုၾကားေတာ့ ေခါင္းကိုငုံ႔လိုက္ၿပီးစားပြဲေပၚတြင္လက္ညႇိဳးကို အသာေတာက္ကာ ေမးလိုက္သည္။

"အရမ္းခ်စ္တတ္တဲ့ အေဖနဲ႔ ႐ိုေသတဲ့ သား။ အရမ္းလိုက္ဖက္တာပဲ။ မင္းေရာ..မင္းက   L City မွာ စာမသင္ဘူးလား။ အတန္းက ၿပီးၿပီလား? "

"ကြၽန္ေတာ္က ႐ုပ္ရွင္အဖြဲ႕သားတစ္ ဦး ျဖစ္ၿပီး ႐ုပ္ရွင္ အတြက္ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္၊ ဒါေၾကာင့္ ခြင့္ရက္ရွည္ယူၿပီး နားထားခဲ့တယ္။ "

"ဒါ သိပ္မေကာင္းေသးဘူး မဟုတ္လား။ ေက်ာင္းသားတစ္ေယာက္အေနနဲ႔ မင္းက ပညာေရးကို အာ႐ုံစိုက္သင့္တယ္၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ေတာ္ေတာ္အႏၲရာယ္မ်ားတယ္။ မင္းက ရင္းႏွီးျမႇဳပ္ႏွံမႈမလုပ္ခင္ လူမႈေရးအေတြ႕အႀကဳံပိုရဖို႔ပို လုံၿခဳံတဲ့ လမ္းကေန သြားသင့္တယ္။  ၿပီးေတာ့ မင္းမိသားစုက အိမ္ၿခံေျမလုပ္ငန္းတစ္ခု လုပ္တယ္ မဟုတ္လား။ အဲ့လုပ္ငန္းက စီးပြားေရးျဖစ္တာေၾကာင့္ သူတို႔ရဲ႕သက္ဆိုင္တဲ့အေၾကာင္းအရာေတြကို ႀကိဳတင္ျပင္ဆင္သင့္တယ္၊ မင္း ဘယ္လိုထင္လဲ။ "

ခင္ဗ်ားက ဒါကိုဘယ္လိုအေျခအေနမ်ိဳးနဲ႔အႀကံျပဳတာလဲ။

ရႈနင္က ေတာ္ေတာ္ရယ္စရာေကာင္းတယ္လို႔ခံစားခဲ့ရေပမယ့ သူ မရယ္ႏိုင္ခဲ့ဘူး။

"အဲဒါ အမွန္ပဲ၊ ဒါေပမယ့္ ကြၽန္ေတာ့္ အကိုႀကီးက အရမ္းထူးခြၽန္ေနၿပီ၊ ကြၽန္ေတာ့္မွာ ညီေလး တစ္ေယာက္လည္း ရွိေသးတယ္။ ကမာၻႀကီးက ႀကီးပါတယ္၊ ကြၽန္ေတာ္ ခြဲထြက္ၿပီး လုပ္စရာ လုပ္ငန္းေတြ ေပါပါတယ္။ မိသားစုလုပ္ငန္းထဲ ဝင္လုပ္ၿပီး ညီအကိုေတြနဲ႔ တိုက္ခိုက္စရာ မလိုဘူး မဟုတ္လား ? "


စစ္ထူထုံးက ရႈနင္၏ အေျဖေၾကာင့္ ရယ္ရယ္ေမာေမာႏွင့္သူ႔မ်က္လုံးမ်ားသည္ ပို၍ ႏူးညံ့သိမ္ေမြ႕လာခဲ့သည္၊ ဂႈဟိန္သည္စိတ္ႏွလုံးတခုလုံး ပုံအပ္ကာ ျပဳစုပ်ိဳးေထာင္ခဲ့ေသာ ကေလးက ေမွ်ာ္လင့္ထားသည့္အတိုင္း၊  လိမၼာသည္၊ အျမင္အာ႐ုံေကာင္းသည္။ ေယာက္်ားေတြက အျပင္ထြက္ၿပီးကိုယ္ပိုင္အလုပ္အကိုင္ဖန္တီး သင့္တယ္၊ ေမြးကတည္းက မင္းမွာ ကိုယ္ပိုင္ အရည္ခ်င္းပါ လာၿပီးသားျဖစ္လို႔ ဘာကိုမွမွီခိုစရာမလိုဘူး။ စစ္ထူထုံးသည္ ရႈနင္၏စီးပြားေရးလုပ္ငန္းမ်ားကို သတိျပဳမိၿပီးျဖစ္သည္၊ ဤလူငယ္ေလးသည္အ လြန္အံ့ၾသဖို႔ေကာင္းသည္၊ သူသည္ ရႈဟိန္ထက္ နည္းနည္းေလးမွ မေလ်ာ့ေပ။

 မၾကာခင္ သူတို႔ယာဂုေရာက္လာၿပီး ရႈနင္က သက္ျပင္းခိုးခ်ကာ ႏူတ္ဆက္လိုက္သည္။

  "ဦး ေလး၊ကြၽန္ေတာ္ အရင္သြား ဦး မယ္၊ ဦးေလး ယာဂုကို ေအးေအးေဆးေဆး သုံးေဆာင္ပါ ခင္ဗ်ာ "

"ေဟ့၊ ဒါက ငါ့ဖုန္းနံပါတ္၊ မင္း တစ္ခုခု လိုအပ္ရင္ငါ့ကို ဖုန္းဆက္ပါ"

စစ္ထူထုံး က မတ္တပ္ရပ္ၿပီး ရႈနင္ရဲ႕အိတ္ကပ္ထဲမွာနာမည္ကတ္ျပားတစ္ခုထည့္ၿပီး သူရွင္းျပခဲ့သည္။
  "L City က C City နဲ႔ မတူဘူး။ မင္းအေဖက အဲ့ၿမိဳ႕နဲ႔ အလွန္းေဝးတယ္။ မင္းလိုအပ္တဲ့အခါကူညီဖို အလွမ္း မမွီေလာက္ဘူး။  မင္းမွာ မိတ္ေဆြေတြရွိထားတာ ေကာင္းတာေပါ့။  ဒါေၾကာင့္မင္းမွာ အေရးတႀကီးအကူအညီ လိုအပ္တဲ့ အခါ မင္းကို ငါ ကူညီေပးလို႔ ရတယ္   "

"ေက်းဇူးတင္ပါတယ္ ဦး ေလး"

"လမ္းေတြကေခ်ာ္ေနတယ္၊ ျပန္ရင္သတိထားပါ။ "

"ေကာင္းပါၿပီ ႏူတ္ဆက္ပါတယ္ ဦး ေလး"

ရႈနင္ ထြက္လာခဲ့သည္။ သူ႔အမူယာက ပုံမွန္ျဖစ္ေပမယ့္ ႏွလုံးသားက အရမ္းကို ခုန္ေနသည္။ သူက ရႈဟိန္ႏွင့္ ယွဥ္ၿပီး အေမြမလုေပမယ့္   ရႈဟိန္ကို အပိုင္စီးၿပီး ဖြင့္ေျပာလို႔မရတဲ့အ ရာေတြကို ညတိုင္းလုပ္ေနတယ္ ╮(╯▽╰)╭

ဒီအေၾကာင္းကို ပကိုႀကီးရဲ႕ အေဖရင္းသိသြားမည္ကို ေၾကာက္ေနမိသည္။

 စစ္ထူထုံးသည္ ရႈနင္ အေဝးႀကီးေရာက္သြားသည္အထိ ေငးၾကည့္ကာ ထိုင္ခုံမွာ ထိုင္ၿပီး စဥ္စားေနစဥ္ တေယာက္ေယာက္က သူ႔ကို လာကြယ္သလို အလင္းေရာင္ မွိန္သြားခဲ့သည္။

ဘယ္သူက သူ႔အလင္းကို လာကြယ္ရဲတာလဲ။ သူ႔ကိုယ္ရံေေတာ္ေတြက မတားဘူးဆိုေတာ့ အဲ့ဒါ သူ႔သား ရႈဟိန္ပဲျဖစ္ရမယ္

ရႈဟိန္ကသူ႔မ်က္လုံးထဲမွာ မလိုလားသည့္ အၾကည့္နဲ႔ ေရွ႕တည့္တည့္မွ ဝင္ထိုင္ေနတယ္၊

"ခင္ဗ်ား သူနဲ႔အဆက္အသြယ္ မလုပ္သင့္ဘူး"

"မင္း ဒီဟာေတာ့မ်ားသြားၿပီ "

စစ္ထူထုံးက ေအးေဆးစြာေျပာလိုက္ၿပီး ယာဂုကို တဇြန္းခပ္ေသာက္လိုက္သည္။ အရသာက တကယ္ေကာင္းတာပဲ ။

ဒါေၾကာင့္ရႈနင္က သူ႔အေဖအတြက္ တကူးတက လာဝယ္ေပးခဲ့တာ။ ဘယ္ေလာက္ေတာင္ တာဝန္ေက်တတ္တဲ့ သားလဲ။

သူလည္း ဘယ္ေတာ့မွ ရႈဟိန္ကိုယ္တိုင္ဝယ္ေပးတဲ့ အစားစာကို စားရမွာပါလိမ့္။ အဲ့လိုသာဆိုရင္ သူလည္း ေသေပ်ာ္ပါၿပီ။

မင္းလိုခ်င္တဲ့အရာကိုမရယူႏိုင္ျခင္းရဲ႕ အရသာကနာက်င္လြန္းတယ္၊

 "ငါက မင္းအေဖပါ ငါက မင္းပတ္ဝန္းက်င္က ဘယ္သူ႔ကိုမွ ဒုကၡေပးမွာမဟုတ္ဘူး။ "

သူတို႔က သားအဖႏွစ္ေယာက္ဆိုတာ ရွင္းပါတယ္၊ ဒါေပမယ့္ ရႈဟိန္ က ဒီကတိကို လြယ္လြယ္နဲ႔မယုံဘူး။

 "ခင္ဗ်ားေျပာခဲ့တာကို မွတ္ထားပါ။ "

"အမ္း၊ မင္းဒီမွာ ေရာက္ေနၿပီပဲ။ ငါနဲ႔ ထမင္း အတူစားရင္ေကာ။ "

စစ္ထူထုံးရဲ႕မ်က္လုံးေတြကေမွ်ာ္လင့္ခ်က္ေတြနဲ႔ျပည့္ေနတယ္။

"သူက သုံးေယာက္စာ ၀ ယ္သြားခဲ့တယ္။

ရႈဟိန္ကေသြးေအးတယ္၊ သူက ရက္စက္တယ္၊  သူက မင္းကိုခြင့္လႊတ္ဖို႔ဆႏၵမရွိဘူးဆိုရင္အဲဒါက အဆုံးသတ္ ဆုံးျဖတ္ခ်က္ပဲ။ စစ္ထူထုံးက သားျဖစ္သူ လွည့္ထြက္သြားခဲ့သည္ကို ၾကည့္ေနရင္း သူလည္းကူကယ္ရာမဲ့လြန္းသျဖင့္ သူ႔ခႏၶာကိုယ္ရွိ ေသြးမ်ားကေအးခဲလာသလို ခံစားလိုက္ရကာ ႐ုတ္တရက္မတ္တတ္ထရပ္လိုက္ၿပီး ေျပာလိုက္သည္။

"ငါ ဘာလုပ္ရမလဲ။ "

"...... " ရႈဟိန္ ရပ္တန႔္သြားသည္။

သူသာ မထားခဲ့လွ်င္ အေဖအျဖစ္ အသိမွတ္ျပဳႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိသည္ဟုဆို လိုသည္။ စစ္ထူထုံး က ဂ႐ုတစိုက္ေျပာေနစဥ္တုန္တုန္ယင္ယင္နဲ႔ ထပ္ေမးလိုက္သည္။

 "ဟိန္, မင္း...ငါ့ကို အေဖအျဖစ္လက္ခံလာဖို႔ င ါဘာလုပ္ေပးရမလဲ...  "

"ကြၽန္ေတာ္ ဘာမဆို ေတာင္းဆိုလို႔ရသလား "

"အင္း "

"ေသခ်ာလား?"

"အင္း။ "

"ကြၽန္ေတာ့္ဆီမွာ သားသမီး မရႏိုင္ရင္ေတာင္ ခင္ဗ်ားက ကြၽန္ေတာ့္ကို သားအျဖစ္ တသက္လုံး လက္ခံဖို႔  ဆႏၵရွိလား။ "

"...... "

"ခင္ဗ်ား ေသခ်ာစဥ္းစားၿပီးတဲ့အခါ ကြၽန္ေတာ့္ကိုလာေတြ႕ပါ။ "

ရႈဟိန္သည္ ရႈနင္က သူ၏ခ်စ္သူျဖစ္သည္ဟူေသာအခ်က္ကို မေျပာဘဲထြက္ခြာသြားသည္။ သူသည္ စစ္ထူထုံးက ေနာက္ပိုင္းမွာ ဒါကို သိသြားရင္ ဒီလူက  သားရဲကဲ့သို႔စိတ္ပ်က္စရာေကာင္းသည့္အစီအမံမ်ားႏွင့္ ရႈနင္ ကိုနာက်င္ေစလိမ့္မည္။ ရႈဟိန္သည္သန္မာေသာ္လည္း မည္မွ်ပင္သန္မာေစကာမူ စစ္ထူထုံး ၏လက္ေခ်ာင္းတစ္ေခ်ာင္းတည္းႏွင့္ သူတို႔ကို ေခ်မြပစ္မည္ကို မကာကြယ္ႏိုင္ေပ။

  ထိုလူသည္ၾကင္နာတတ္ၿပီး ႏူးညံ့ပုံ ေပၚေပမယ့္ သူ႔မ်က္လုံးထဲမွာ လူေတြက အားလုံးအတူတူပဲျဖစ္သည္။ သူ မလိုလားရင္ အလြယ္တကူ ေခ်မြပစ္လိမ့္မည္။  သူ လုံးဝေသခ်ာမေျပာႏိုင္ေသးခင္ ရႈဟိန္က ရႈနင္ကို ဘယ္ေတာ့မွေျပာမွာမဟုတ္ဘူး။

ကုမၸဏီသို႔ျပန္လာၿပီးေနာက္ ရႈနင္က ရႈဟိန္ကို ရယ္က်ဲက်ဲၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

 "အကိုႀကီး ထမင္းစားခ်ိန္ေရာက္ၿပီ "  

**-***



















ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now