Chapter (148-1) - ကလေးအမွှာ၂စုံယူဖို့ စီစဉ်ခြင်း

8.5K 1.4K 34
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)

Chapter (148-1) - ကလေးအမွှာ၂စုံယူဖို့ စီစဉ်ခြင်း


ရှုနင်က ဘယ်တုန်းကမှ လူကြီးတွေရှေ့မှာ ရိုင်းပျခြင်းမရှိခဲ့ပေ။ ဒါကြောင့် စစ်ထူထုံးက သူ့အိမ်တံခါးဝရှေ့ကို ရောက်လာတော့ မဆန့်ကျင်ဝံ့တာ သဘာဝကျပါသည်။ သူ့ကို တစ်ခုခုလုပ်မှာစိုးတာထက် ဆန့်ကျင်မိရင် အစ်ကိုကြီးကိုအခက်တွေ့အောင် လုပ်ခဲ့မည်ကို စိုးရိမ်နေခဲ့သည်။

ရှုဟိန် ဘယ်တော့မှာ ဖွင့်မပြောပြခဲ့သည့်အချက်တစ်ခုက စစ်ထူမိသားစုက ရှုဟိန်အပေါ် တာဝန်မကျေခဲ့သည်ကို အပြစ်စွဲစိတ်ခံစားခဲ့ရသောကြောင့် ရှုနင်ကို သူတို့က လက်ခံခဲ့တဲ့အချက်ဖြစ်သည်။ ရှုနင်ကို အိမ်ဖော်တွေ သတင်းသွားပို့နေစဉ် စစ်ထူထုံးက အေးဆေးစွာစောင့်ဆိုင်းနေသည်။ ဖန်ပြွန်သန္ဓေသားကိစ္စ သီးခြားပြောစရာမရှိရင် သူက ရှုဟိန်၏စကားကို ဆန့်ကျင်မည်မဟုတ်ပေ။

ရှုနင်က အိမ်ဖော်ဆီက သတင်းပို့ချက်ရသည်နှင့် စစ်ထူထုံးကို ချက်ချင်း အိမ်ထဲဖိတ်ခေါ်စေလိုက်ပြီး သူက ဧည့်ခန်းကိုဆင်းလာခဲ့သည်။

"ရှောင်နင်.. မတွေ့တာကြာပြီနော်.."

သူတို့က လွန်ခဲ့တဲ့လဝက်ကမှ တွေ့ခဲ့တာမဟုတ်ဘူးလား..

သူက မငြင်းချင်သောကြောင့် ခရီးဦးကြိုကာ နှုတ်ဆက်လိုက်သည်။

"အဖေ.. ကျေးဇူးပြုပြီး ထိုင်ပါဦး.. အန်တီရွှီ.. လက်ဖက်ရည်ပြင်ပေးပါ.."

"မင်း ဒီနေ့ အားရဲ့လား.. အဖိုးက မင်းကိုသတိရလို့ ငါ့ကိုလာကြည့်ခိုင်းနေတာ.. ငါလည်း ဒီနားကို အလုပ်ကိစ္စနဲ့လာရင်း တလက်စတည်းဝင်ခဲ့တာဆိုတော့ ဖုန်းကြိုမဆက်လိုက်ရဘူး.. ရှောင်ဟိန်ကောရှိလား.."

သူသိလျက်နဲ့များ မေးနေသေးတယ်.. ရှုနင်က ပြုံးကာဖြေလိုက်သည်။

"သူ အလုပ်ကိစ္စနဲ့ အပြင်သွားတယ် အဖေ.. ကျွန်တော်က အားပါတယ်.."

"ဒါဆို ကောင်းတာပေါ့.. အဖေနဲ့ အပြင်သွားကြစို့.. မင်း အခုတလော ဘာတွေလုပ်နေသေးလဲ.."

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now