14.5K 2.2K 22
Chapter (77-2)_အကိုကြီးဆီက ဖုန်းကို တိတ်တခိုးမျှော်နေသော နင်နင်လေး (Z+U)
(ရှေ့တပိုင်းမှာ ကူယာ့က သူ့ယောကျား ရှုလင်းယွင်နဲ့တွေ့ချိန်မှာ ခေါ်သွားတဲ့ ကလေးက သူမရဲ့သားအရင်း ရှုကျီရွှမ်းမဟုတ်ပါဘူး။ သူမ ယောကျာ်းက အခြားမိန်းမနဲ့ရခဲ့တဲ့ ရှုကျီရွှင့် ဖြစ်ပါတယ်။ နာမည် အမှတ်မှားပြီး မှားရေးလိုက်မိတာပါ။ အခု ပြန်ပြင်ထားလိုက်ပါပြီ။ ဆောရီးပါ)
ဒီခွေးခွေးစုံတွဲကတော့.... နင်တို့ ရှေ့ဆက် နှစ်ယောကတည်း တစ်ဘဝသာ ထူထောင်လိုက်ကြတော့...။ ဘယ့်နှယ်...ကိုယ်မွေးထားတဲ့ ကလေးတွေကို ဘယ်လိုလုပ်မလဲ။ နင့်ရဲ့မိသားစုကို ဒီလိုလျစ်လျူရှုထားမှာလား။ နင့်ရဲ့မိန်းမကို နင် ဘယ်လို တာဝန်ယူမလဲ။ မိသားစု စီးပွားရေးကို ဘယ်လို လုပ်မလဲ။ ဒီ မိန်းမပေါင်ကြားထဲ ခေါင်းစိုက်ပြီး ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းသွားပေတော့...
ရှုလင်းယွင်သည် သူ့အဖေ ရှုယွီကို ချက်ချင်းဖုန်းဆက်ကာ အကျိုးကြောင်းပြောလိုက်သည်။ ဒါပေမယ့် ရှုယွီက သူ့စကားသံကို ကြားသည်နှင့် ဖုန်းချပစ်ကာ သူ့ချွေးမကို ဖုန်းဆက်ကာ လာတွေ့ရန် ပြောလိုက်သည်။ ကူယာ့က ယောက်ခထီးကို လာတွေ့ချိန်တွင် မထင်မှတ်ထားပဲ ရှုယွီက သူ ပိုင်ဆိုင်ထားသည့် ရှုမိသားစုရဲ့ရှယ်ယာ အနည်းငယ်ကို ထုတ်ပေးခဲ့သဖြင့် သူမ အံ့အားသင့်သွားရသည်။
တကယ့်တော့ ရှုယွီက ငယ်စဉ်ကတည်းက ထက်မြက်သူ မဟုတ်ပေမယ့် သူ့အကိုဝမ်းကွဲ ရှုကောင်းက ကာကွယ်ပေးထားလို့ သူ့လက်ထဲက ရှယ်ယာကို ဘယ်သူမှ မျက်စောင်း မထိုးနိုင်တာ ဖြစ်သည်။
 "အနာဂတ်မှာ မင်းကပဲ ဒုတိယ အိမ်တော်ကို ဦးဆောင်ရလိမ့်မယ်။ ဒါကြောင့် ဒီရှယ်ယာတွေကို ယူထားပြီး   ရှုကျီရွှမ်းနဲ့ရှုကျီရွှင့်ကို သေချာ ထိန်းသိမ်းတတ်ဖို့သင်ပြပေးပါ။ ဒါမှ ငါလည်း စိတ်ချ လက်ချ နေနိုင်လိမ့်မယ်  "
သူက ရှုကျီဟွေ့ အကြောင်းကို တခွန်းမှ မပြောခဲ့ပါဘူး။ ရှုမျိုးရိုးမဟုတ်ပဲ ရှုမိသားစုပိုင် လုပ်ငန်းတွေရဲ့ရှယ်ယာကို လက်ခံရရှိသည့်အတွက် ကူယာ့တစ်ယောက် အရမ်းကို  စိတ်လှုပ်ရှားသွားသည်။
တကယ်တော့ ရှုယွီဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး အကူအညီမဲ့နေတယ်။ သူမှာ ချစ်စရာကောင်းတဲ့ချွေးမရှိပြီး မိသားစုကိုကြည့်ရှုစောင့်ရှောက်ပေးနေတယ်။ သူဟာ သူမကို သူ့သမီးလိုပဲဆက်ဆံခဲ့ပေမယ့် သူ့သားကတော့.....
ပြုပြင်ဆုံးမဖို့ အချိန်လွန်နေပြီဖြစ်တဲ့ သားမိုက်ကို သေပြီလို့ပဲ သူ စိတ်ထဲ နှလုံးသွင်းဖို့ပဲ ကျန်တော့သည်။
ဟော်မိသားစုက ဝမ်မိသားစုနှင့်အတူ ပူးပေါင်းပြီးနောက် အင်အားကြီးထွားလာချိန်မှာ သေချာပေါက် ရှုမိသားစုကို ကလဲ့စားချေဖို့ လာလိမ့်မယ်။  ရှုမိသားစုသည် ယခုအချိန်တွင် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိူင်သောကြောင့် သူတို့သည် အခြားသူများအား သတိပေးကာ တတ်နိုင်သလောက် အပြောင်း အရွှေ့တချို့ကို လုပ်ထားရသည်။  ရှုရဲ့ပင်မအိမ်တော်က အင်အားအတော်ကြိးပြီး ဟော်မိသားစုရဲ့ လုပ်ရပ်ကို မျက်စိထဲ မထည့်ထားပေမယ့် သူတို့ ရှုဒုတိယ အိမ်တော်ခွဲကတော့ ကံဆိုးစွာဖြင့် အတော်လေးကို အင်အားနည်းသောကြောင့် အလွယ်တကူ ပျက်စီးနိုင်သည်။   
ဟော်ရန်က စည်းလွတ်ဝါးလွတ်လုပ်တတ်သူဖြစ်ပြီး သူက ရှုကျီဟွေ့ကို  ကြိုက်နှစ်သက်သောအချိန်တွင် သူမကို ဟိုး မိုးကောင်းကင်ထိ ရောက်အောင် ဖူးဖူးမှုတ်ထားမည် ဖြစ်ပေမယ့် အခု သူမကို စိတ်မဝင်စားတော့သည့်အခါ အလွယ်တကူ စွန့်ပစ်လိုက်သည်။ စေ့စပ်ထားသည်ဆိုပေမယ့် ဟော်မိသားစုက ဟော်ရန်ရဲ့ သဘောထားတစ်ခုတည်းဖြင့် ရှုကျီဟွေ့ကို ခုလို မဖက်မတန်သလို မောင်းထုတ်ခဲ့ကြသည်။
 ဘယ်လို စေ့စပ်ညှိနှိုင်းချင်ပေမယ့် ဟော်ရန်က သူတို့ သမီးကို သဘောမကျတော့သဖြင့် ရှုမိသားစုရဲ့ ဒုတိယအိမ်တော်ခွဲကို မကြာခင် ဖြိုခွင်းပစ်တော့မလား။
 အချစ်ခံရခြင်းနှင့် အချစ်မခံရခြင်းကြားက အဆိုပါကွာဟမှုက ကေိုကောင်းကင်နှင့်ငရဲထက် ပိုဆိုးခဲ့ပါတယ်။
အခုတော့ အွန်လိုင်းပေါ်မှာ ရှုကျီဟွေ့နှင့် ဟော်ရန်တို့ နေရာစုံမှာ ပူးကပ်ကာ ဖက်နမ်းနေသည့် ပုံများက ပြန့်နှံ့ကာ ရှုကျီဟွေ့ရဲ့  ဖြူစင်သော မမလေး ဆိုသည့် ပုံရိပ်ကိုအကြီးအကျယ် ပျက်စီးစေခဲ့သည်။ ရှုကျီဟွေ့ သည်  အတိတ်ဘဝတွင် ရှုနင်ကိုမှားယွင်းစွာ ပြုမှု ဆက်ဆံခဲ့သော်လည်း သူမသည် ဟော်ရန် ကို ဘယ်သောအခါမှ ထိခိုက်နာကျင်စေခြင်းမရှိခဲ့ပေ။ သူမ အိမ်တွင် ဆက်တိုက်ငိုကြွေးနေခဲ့သည်။ သူမသည် အပြင်သို့ မထွက်ဝံ့တော့ပေ။ ထို ညစ်ညမ်းသော  ဓါတ်ပုံများသည် အလွန်များလွန်းပြီး   ရိုက်ချက်များသည် အလွန်ရှင်းလင်းသည်။ ပုံအားလုံးသည် ဟော်ရန်နှင့်သာမက အခြားယောက်ျားလေးများနှင့် အတူရှိနေသော ရှုကျီဟွေ့ရဲ့ ပုံတွေချည်းပဲ ဖြစ်သည်၊ အချို့ပုံများက ထုတ်ဖော်ပြောပြဖို့ပင် မသင့်တော်ပေမယ့် ပုံထဲတွင် ပါဝင်သည့်  မည်သည့်ယောက်ျားကမျှ မျက်နှာကို ထင်ထင်းရှားရှား မပေါ်ခဲ့ပေ။ ရှုကျီဟွေ့ရဲ့ပုံသာ ထင်ရှားပြတ်သားစွာ ပေါ်နေသည်။
ကူယာ့သည် ပုံတွေနဲ့ပတ်သတ်ပြီး ထိုကောင်လေးတွေက ဘယ်သူတွေလဲလို့ သူမ သမီးကို မေးမြန်းသောအခါ ရှုကျီဟွေ့ ကိုယ်တိုင်ပင် သေချာ မသိသော်လည်း  ဟော်ရန်က သူမကို အပြင်းထန်ဆုံ ရိုက်ချလိုက်တာ ဖြစ်သည်။ ဟော်ရန်က သြဇာရှိကာ ချမ်းသာကြွယ်ဝသည့် အိမ်တော်က သားဖြစ်သောကြောင့် အမြဲတမ်း သူတို့ရဲ့ဇိမ်ခံသီးသန့်စံအိမ်ကြီးတွေထဲမှာ အမြဲ ပါတီပေးကာ ရွယ်တူ ကောင်လေးတွေနဲ့သောက်စားမူးယစ် နေတတ်သည်။ ရှုကျီဟွေ့က အမြဲ ထိုပွဲတွေမှာပါဝင်ပြီး သူမလည်း သောက်စားကာ မူးပြီး အိပ်ပျော်သွားခဲ့သည်။ သူမဘေးတွင် ဘယ်သူတွေ လာအိပ်သွားသည်ကို လုံးဝ မသိခဲ့ပေ။ မနက် သူမ နိုးလာချိန်တွင် ယောက်ျားလေးတွေ အကုန် ပြန်ကုန်ပြီဖြစ်သည်။ ထိုအိပ်ခန်းက ပင်မအိပ်ခန်းကြီးဖြစ်လို့ ဟော်ရန်ပဲ သူမနှင့် လာအိပ်သည်ဟုသာ သူမ ထင်ခဲ့သည်။
 အသက် တစ်ဆယ့်လေးနှစ်အရွယ်မိန်းကလေးတစ် ဦး အား ဒီနည်းကို သုံးပြီး ပြန်လည်လက်တုံ့ပြန်တာတဲ့လား?
ဒီဖြစ်ရပ်ကြောင့် ဟော်မိသားစုနှင့် ရှု မိသားစုသည် တစ် ဦး နှင့်တစ် ဦး အပြင်းအထန် မတိုက်ခိုက်လို့ မဖြစ်တော့ပေ။
ကူယာ့သည် ရှုနင်နှင့် ဟော်ယွီတို့ကြားက ပြသနာကို မသိခဲ့ပေ။
ဟော်ယွီက ပြင်းထန်စွာဒဏ်ရာရရှိပြီးနောက် ပြည်ပသို့ ထွက်ခွာခြင်းမှာ ရှုပင်မ မိသားစုနှင့်  သက်ဆိုင်ကြောင်း၊ မည်သည့် အသံမှ ထွက်ပေါ်လာခြင်းမရှိသောကြောင့် သူမကိုယ်တိုင် စုံစမ်းစစ်ဆေးရန် မဝံ့ပေ။ သူမက ရှုကျီဟွေ့နှင့် ဟော်ရန်တို့အကြား စေ့စပ်ညှိနှိုင်းပေးရန် ရှုချိန်ကို သွားတွေ့ပေမယ့် ဘိုးဘွားပိုင် အိမ်ကြီးက တံခါး အမြဲ ပိတ်ထားပြီး ကူယာ့က ခေါင်းမပါသည့် ယင်ကောင်ပမာ ယောက်ယတ်ခတ်ကာ ဘာလုပ်ရမှန်း မသိတေ့ပေ။
ယခုတော့ ဒီလို အဖြစ်အပျက်တွေ ဖြစ်ပျက်လာပြီဆိုတော့ သူမ ဘာလုပ်နိုင်ဦးမှာလဲ...
ရုတ်တရက် ညတစ်ည ကြိုးပမ်းအားထုတ်မှုအပြီးတွင် ဓာတ်ပုံများက လုံးဝ ပျောက်ကွယ်သွားပြီး အင်တာနက်ပေါ်မှတင်ထားသောအရာများသည် တစ်ခါမျှမတည်ရှိဖူးသေးသကဲ့သို့ ပယ်ဖျက်ခံခဲ့ရသည်။
ရှုကောင်းက ဒီလိုလုပ်ဖို့ ရှုချိန်ကို အမိန့်ပေးခဲ့တာ ဖြစ်သည်။ ရှုကျီဟွေ့က ရှု မိသားစုမှအမျိုးသမီးတစ် ဦး ဖြစ်လို့ တကယ်လို့   သူမရဲ့ဂုဏ်သတင်းဟာ တရုတ်ပြည်ထဲမှာ ပျက်စီးသွားရင်၊ သူမကိုပြည်ပမှာပဲ ပို့ကာ နေခိုင်းရုံပဲ ရှိတော့သည်ဟု ပြောခဲ့သည်။
ကူယာ့သည် ကျေးဇူးတင်စကားပြောရန် ဘိုးဘွားပိုင်အိမ်သို့ လာရောက်ခဲ့ရာ သူမက ရှုကောင်း ကိုမတွေ့ခဲ့ရပဲ ရှုကျီဟွေ့ကို ရှုကောင်းရဲ့ ပုံတူ ပုံကြီးရှေ့တွင်သာ တွေ့ခဲ့သည်။  ထိုနည်းဖြင့် ရှုကျီဟွေ့သည်   ယခင်က သူမ ဂုဏ်ယူစွာနေထိုင်ခဲ့ဖူးသော အိမ်တော်ကနေ အခုလိုမျိုး အဖြစ်ပျက်နှင့် ထွက်ခွာရလိမ့်မည်ဟု မထင်ခဲ့မိပေ။ ဒီမှာ စာဆက်သင်ရန်  အဆင်မပြေသောကြောင့် သူမ နိုင်ငံရပ်ခြားသို့ ထွက်ခွာခဲ့ရသည်။
ရှုနင် က ဒီကိစ္စမှာ လုံးဝ မပါ ၀ င်ခဲ့ဘူး၊ ကျောင်းက လူတွေ၊ အထူးသဖြင့် စူးလန့်တို့ဆီကနေ ဒီအကြောင်းကိုကြားလိုက်ရ သည်။ စူးလန့်က  အမြဲတမ်း သူ့ကို တိုက်ခိုက် လှောင်ပြောင်ရန် အခွင့်အလမ်းရှာဖို့အမြဲတမ်းကြိုးစားခဲ့တယ်။
"ဟေး......ဟေး... မင်းသိရဲ့လား။ မင်းမှာ ဒီလို ညီမမျိုးရှိတာလား။ မင်း ညီမက တစ်ခုခုဖြစ်ခဲ့တာပဲ"
သူမကိုယ်တိုင် တကယ်ဂရုစိုက်လျှင်  ထိုကဲ့သို့သော အဖြစ်ဆိုးကို ဘယ်တော့မှ လိမ့်မည်မဟုတ်ပေ။ အခု ဖြစ်ပျက်သမျှ  သူမမ ည်သူ့ပေါ်မှ  အပြစ်တင်လို့မရဘူး။ ဒါကြောင့် သူက ဖြစ်ပျက်သမျှ အားလုံး ရှုကျီဟွေ့ ရဲ့ကိုယ်ပိုင်အမှားကြောင့်ပဲလို့ သတ်မှတ်ထားသည်။ ဟော်ရန်ကို အကွက်ချ မဖမ်းလိုက်ရင် သမူ ဒီလို ကံဆိုးမည် မဟုတ်ပေ။  ပြီးတော့ သူမရဲ့ ကိုယ်ရံတော်တွေဆိုတာ အလှဆင် အနေနဲ့ထားုပေးထားတာမှ မဟုတ်ပဲလေ !
လူအများစုသည် စပ်စုပြီးစောင့်ကြည့်ခြင်း ခံရသည်။ စိတ်လှုပ်ရှားစရာ အသံတွေထွက်လာပေမယ့် ရှုနင်က  ဂရုမစိုက်ပါ။ သူ ဖုန်းခေါ်လိုက်တဲ့အခါ စူးလန့်ကမြင်ပြီး ရှုနင်က အကူအညီတောင်းဖို့ကြိုးစားနေတာလားလို့ စဉ်းစားနေမိသည်။
ဟီး..ဟီး...ဟီး.. အလကားပဲ။ အသုံးမဝင်ဘူး။ ငါ မင်းရဲ့  ဂုဏ်သတင်းကို အောက်ဆုံးရောက်အောင် နင်းချေပြမယ်...
ရှုကျီဟွေ့နဲ့ဟော်ရန်တို့တက်နေသည့် အလယ်တန်းကျောင်းက သူတို့ကျောင်းအနားမှာပဲ ရှိပြီး ဟော်ရန်က ရှုကျီဟွေ့ရဲ့ရင်ဘတ်ကို ဖျစ်ညစ်လိုက်တာကိုတောင် မြင်ဖူးတဲ့သူတွေရှိကြသည်။ သူတို့က ရှုကျီဟွေ့နောက်ကွယ်မှာ ထိုအကြောင်းကို အတင်းပြော လေ့ရှိကြသည်။
 ရှုနင်ရဲ့တည်ရှိမှုက အဆင့်မြင့်သောကြောင့် တော်ရုံလူတွေက သူ့ကို မထိဝံ့ကြပေ။ ဒါပေမယ့် ရှုနင်ရဲ့ ညီမဝမ်းကွဲက ဒီလိုဖြစ်သွားတော့ ဒါကို အကြောင်းပြပြီး ရှုနင်ကို သူတို့က  ဟာသလုပ်ရန်စောင့်ဆိုင်းနေကြသည်။
သို့သော်ကံမကောင်းစွာဖြင့် စူးလန့်သည် မိမိကိုယ်ကို ဂုဏ်ယူစွာဖြင့် ဘာမှ မလုပ်နိုင်ခင်  စာသင်ခန်းအတွင်း ရဲများရောက်လာခဲ့ကြသည်။
တရုတ်ပြည်တွင် ညစ်ညမ်းရုပ်ပုံများကိုပြန့်ပွားခြင်းသည် တရားမ ၀ င်ပါ။ ထိုသို့သော ပုံများစွာကို  သူ့ဖုန်းတွင်တွေ့ရှိပါက သူသည် ထောင်ချခြင်း ခံရလိမ့်မည်။
ရှုနင်က  မှာအသက် (၁၅) နှစ်သာရှိသေးသော်လည်း စူးလန့်က အသက် (၁၇) နှစ်အရွယ် ရှိပြီဆိုပေမယ့် သူက အသက်မပြည့်သေးပေ။
ရဲစခန်းသို့သူတို့ရောက်သောအခါ စူးလန့်သည်အလွန် ကြောက်လန့်ပြီး  အော်ငိုခဲ့သည်၊ သူ အလွန်ကြောက်နေခဲ့သည်။ ရဲများက သူ၏ဖုန်းထဲတွင် ဝတ်လစ်စလစ် မိန်းကလေးပုံ အမြောက်အများကိုတွေ့ရှိခဲ့ပြီး သူ၏အိတ်ထဲတွင် ခိုးကူးခွေ အပြာကား များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။နောက်ဆုံး စူးလန့်က အကြောက်လွန်ကာ အတန်းထဲက ကောင်လေး အများစုကိုပါ ဖော်ကောင်လုပ်ကာ ဖွင့်ပြောလိုက်သည်။ ဒီအရွယ် လူငယ်တွေအားလုံးက ဒီလို  ဘာသာရပ်များနှင့်စပ်လျဉ်း။ သိလိုခြင်းမှာ ပုံမှန်ဖြစ်သည်။
တစ်ခေါက်တွင် ကလေးရှစ်ယောက် သို့မဟုတ် ကိုးယောက်တို့သည် သူတို့နေ့လည်စာစားပြီး ချိန်တွင် ရဲတွေက လာရောက်ဖမ်းဆီးကာ စခန်းကို ခေါ်သွားခြင်း ခံလိုက်ရသည်။
သူတို့တစ် ဦး ချင်းစီ အိမ်ပြန်ရောက်ပြီးနောက် စူးမိသားစုရဲ့ အကြီးကဲများက စူးလန့်ကို ပါးရိုက်လိုက်ပေမယ့် ဒီလို အသေးအဖွဲဖြစ်ရပ်တွင် သူတို့ ကလေး ပါဝင်ခဲ့လျှင်  အလွန်ဆုံး ပညာပေးပြောကြားခြင်းကို နားထောင်ရရုံ သို့မဟုတ်   ဒဏ်ငွေ ဆောင်ရရုံသာဖြစ်လို့ သိပ် စိတ်မပူကြပေ။ မြို့တော်မှာ စူးမိသားစုရဲ့အနေထားနှင့်ဆိုရင် စူးလန့်ကို ရဲစခန်းကနေ အလွယ်တကူ ထုတ်နိုင်ပေမယ့် ဝမ်မိသားစုပါဝင်လာရင်တော့ အခြေနေတွေက ပြောင်းလဲကုန်သည်။
အဘယ်ကြောင့် ဝမ် မိသားစုပေါ်လာခဲ့တာလဲ...
ဟော်ကျုံရဲ့ လက်ချက်ကြောင့်ဖြစ်သည်။
ဟော်ရန်က ရှုကျီဟွေ့ကို လှည့်စားခြင်းမပြုခင်ကတည်းက ဝမ်မိသားစုက အကွက်ရွှေ့ပြီးသားဖြစ်သည်။ ဒါပေမယ့် ဘယ်သူမှ မသိတဲ့အချက်က ရှုနင်ရဲ့နောက်မှာ ဘယ်သူမှ ထိလို့မရသည့် အင်အားကြီးတစ်ရပ်ရှိနေသောကြောင့် ရှုနင် ဖြတ်သန်းသွားလာသည့် နေရာတိုင်းတွင် ဘာသတင်းမှ မထွက်ပဲ လူတွေက နူတ်ဆိတ်နေကြတာဖြစ်သည်။
********-************