Chapter (142-1)_ မြေးချွေးမကို လက်စွပ်အပ်နှင်းခြင်း

8.1K 1.5K 14
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)

Chapter (142-1)_ မြေးချွေးမကို လက်စွပ်အပ်နှင်းခြင်း



ဒါက တပ်မှူးဟောင်းကြီးရဲ့ဇနီးသည်က ချန်ထားရစ်တဲ့ လက်စွပ်ဖြစ်နိုင်တယ်မလား။ ဒီလိုတွေးမိပြီး ရှုနင်က ချွေးပြန်လာပြီး  သူ့အင်္ကျီနောက်ကျောကို စိုစွတ်လာစေသည်။

"ဒီလက်စွပ်က ရှိနေတာကြာပြီ၊ ငါ့ အဖွားရဲ့လက်ထက်ကတည်းက လက်ဆင့်ကမ်းခဲ့တာ ငါ့တို့လက်ထပ်တဲ့ အမျိုးသမီးတွေကိုပဲ ပေးရမယ့် လက်စွပ်ဖြစ်တယ်။ "

  ဒီလက်စွပ်က ခင်ပွန်းယောင်္ကျားတွေက သူတို့ရဲ့ဇနီးတွေဆီကို ပေးရတယ်။ ယခုအချိန်တွင်သူ့တွင်သွေးသားရင်းချာ ဆိုလို့ သူ့ မြေး ရှုဟိန်သာ ကျန်ရစ်ခဲ့ပြီး ရှုဟိန် ချစ်သောသူမှာ ရှုနင်သာဖြစ်သည့်အတွက် ဒီလက်စွပ်လေးက ရှုနင်အတွက်သာ ဖြစ်သည်။

 တပ်မှူးက လက်စွပ်လေးကို ကြည့်ကာ ရှုနင်ကို နူးညံ့သောလေသံဖြင့်ပြောခဲ့သည်

"သိမ်း ထားလိုက်ပါ။ ဒါကို နောင်တချိန်မှာ ရှောင်ဟိန်ရဲ့ချွေးမကိုပေးနိုင်တာပေါ့... "

ဒါက အာလူးပူပူတစ်လုံးပဲ! လက်စွပ်သည် ပေါ့ပါးသော အရာတစ်ခု သာဖြစ်သော်လည်း ယခုအခါ အဲ့ဒါက တောင်တစ်ခုထက် ပိုလေးလံနေ သည်၊  ပုံမှန် သူ ရင်ဆိုင်ရမည့် ဖိအား အမျိုးအစား မဟုတ်ပေ။

သို့သော် ရှုနင်က ဒါကို လက်ခံပြီးတပ်မှုးဟောင်း အဖိုးကို လေးနက်စွာကျေးဇူးတင်ခဲ့သည်။ ရှုဟိန်ကို သူကလွဲလို့ ဘယ်သူမှ ပေးနိုင်မည်မဟုတ်ပေ။
 ဤအရာသည် သူ့အဆင့်အတန်း၏ လက္ခဏာဖြစ်သောကြောင့် ရှုနင်က ဒါကို လက်လျှော့လိမ့်မည်မဟုတ်ချေ။

တပ်မှူးဟောင်းကြီးကကျေနပ်စွာ ခေါင်းညိတ်လိုက် သည်။ ဒီလူငယ်လေးက ငယ်သေးပေမယ့် သူက တာဝန်ယူတတ်တယ်၊ အနာဂတ်မှာ သူ ဘာလိုချင်လည်း ဆိုတာကိုလည်း သေချာ သိတယ်။ ရှုနင်၏သတင်းအချက်အလင် များစွာကို စစ်ထူထုံး၏အခန်းထဲတွင် စုပုံထားပြီး တပ်မှုးဟောင်းကြီးက ဒီအချက်လက်ကို  ဂရုတစိုက်ကြည့်ရှုခဲ့သည်၊ မှတ်စုတစ်ခုတောင်မှ ချန်မထားခဲ့ပေ။

 ရှုနင်သည် တွေ့ရခဲသော  အလွန်ကောင်းသော ကလေး တစ်ယောက်ဖြစ်သည်ကို သူ သိသည်။ ရှေးကျသော ရှု မိသားစုသည် ရှုဟိန်အားထူးချွန်သူ ဖြစ်လာစေရန်ပြုစု ပျိုးထောင်ပေးခဲ့ပြီး သူသည် သူတို့၏သားကိုပင် အရယူခဲ့သဖြင့် အခု စစ်ထူမိသားစုက ရှုမိသားစုအပေါ် အကြွေးအများကြီး တင်ခဲ့လေပြီ။

 
သို့သော် ရှုချိန်သည်မည်သည့်လျော်ကြေးမျိုးကိုမျှ မတောင်းခဲ့ပေ၊ ထို့ကြောင့် ရှုချိန်က  ပြုစုပေးခဲ့သော  ရှုဟိန်အတွက် မောဝ်မိသားစုက  ရှုမိသားစုအား လျော်ကြေးငွေကို များစွာပေးခဲ့သည်၊  ဒါက အားလုံးအတွက်ပျော်ရွှင်စရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။

"နင်နင်.....မင်း နောင်အနာဂတ်မှာ ငါ့ကို အဘိုးလို့ခေါ်နိုင်မလား"

"အဘိုး ~"

"လိမ်မာတဲ့ ကလေးလေး ~"

တပ်မှူးအိုကြီးသည်တည်ငြိမ်အေးဆေးသောသူ ဖြစ်သော်လည်း စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ပေ။

 ဒီကလေးလေးကို သူ့မှာရှိသမျှ အကုန်ပေးလိုက်ချင် ပေမယ့် နင်နင်ကို လန့်အောင် လုပ်မိမည်စိုးလို့ သူ့စိတ်ကို မနည်းထိန်းလိုက်ရသည်။

 "အခုက ပြန်ဖို့ မိုးချုပ်နေပြီ။ အားထုံးက မင်းနဲ့ ရှောင်ဟိန်နေဖို့  အခန်းတစ်ခန်း စီစဉ်ပေးနေပြီ၊ ဒီည ဒီမှာပဲ အိပ်သွားလိုက်တော့"

 
အပြင်မှာ လင်းနေသေးပေမယ့် ရှုနင်က သက်ကြီးရွယ်အိုတွေကို စိတ်မပျက်စေချင်ပေ။ ပြီးတော့ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် အင်အားကြီးမားလှသည့် သမိုင်းထဲက သူရဲကောင်းကြီးကို မျက်နှာချင်းဆိုင်တွေ့ရရင် ဘယ်သူမဆို စိတ်လှုပ်ရှားမိမှာပဲ။ သူက အဖိုးကို စိတ်မပျက်စေချင်လို့ လက်ခံလိုက်သည်။ ဒီလို သူ့တစ်ယောက်တည်း သဘောနဲ့ ညအိပ်လက်ခံလိုက်တာကို ရှုဟိန်က သူ့ကို ဒေါသထွက်နေမလား။ ဒါမှမဟုတ် အခွင့်ကောင်းယူပြီး သူ့ကို တညလုံး လုပ် နေမလားပဲ။ ဒါဆိုရင် သူ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။


 
ညနေခင်းတွင် စစ်ထူအိမ်တော်ကြီးက တိတ်ဆိတ်နေပြီး အပ်ကျရင်တောင် ကြားရမလား ထင်ရသည်။ တကယ်တော့ ဒီအိမ်တော်ကြီးထဲမှာ အိမ်သူအိမ်သားများစွာရှိပေမယ့် အခု ရှုဟိန်နှင့် ရှုနင်တို့ ရောက်နေသဖြင့် သူတို့နှစ်ယောက်ကို အနှောက်ယှက်မဖြစ်စေရန် အားလုံးက အလိုက်တသိ ငြိမ်နေတာ ဖြစ်သည်။

ညနေစာကို စစ်ထူထုံးနှင့် စစ်ထူချန်မင်တို့ သားအဖ နှစ်ယောက်ကိုယ်တိုင် မီးဖိုချောင်ဝင်ကာ ချက်ပြုတ်ပြီးစားပွဲနှင့် အပြည့် ဟင်းများ တည်ခင်းပေး ခဲ့သည်။

 
မည်သူမျှသတိမထားမိတာကို အခွင့်ကောင်းယူကာ ရှုနင်သည် သူ၏ဖုန်းကို ထုတ်ကာ ခမ်းနားထည်ဝါ လှသော အိမ်တော်ကြီးကို  အကြီးအကဲကိုယ်တိုင် ပြင်ဆင်ပေးသည့် ညနေစာကို ဓါတ်ပုံရိုက် ယူထား လိုက်သည်။ ဒီလို အကြီးကဲကိုယ်တိုင် ချက်ပြုတ် ထားတာကို စားရတာ ကောင်းချီး တခုပါပဲ...


ရှုဟိန် သည် အလွန်ပေါ့ပေါ့ပါးပါး ရှိနေကာ ရှုနင်သည်လည်း  စိတ်အခြေအနေကောင်းနေ သောကြောင့် စစ်ထူထုံး၏မေးခွန်းများကို ဂရုတစိုက်တုံ့ပြန်ရန်ဆန္ဒရှိ နေခဲ့သည်၊ သူတို့၏နီးစပ်မှုက တိုးတက်မှု ရှိလာပြီး ဒါက  ကြီးမားတဲ့ အပြောင်းလဲကြီး တစ်ခု ဖြစ်ခဲ့သည်။

သူတို့ အစာစားပြီးနောက် ရှုနင်သည်ပန်းကန်များကို ဆေးချင်သော်လည်း ရှုဟိန်ကလည်း နင်နင် ဘာလုပ်လုပ် ကူဖို့ အသင့်ဖြစ်နေသည်။  သူတို့ကြားက လေထုသည်ပျားရည်ကဲ့သို့ချိုမြိန်ပြီး ပန်းရောင်ပူဖောင်းများဖြင့် ဝန်းရံထားသလို ခံစားရသည်။


စစ်ထူထုံးနှင့် တပ်မှုးဟောင်း အဖိုးက မြေးလေးနှင့် သူ့အချစ်ကလေးကို ကြည့်ကာ အားကျ မနာလိုဖြစ်လို့နေသည်။  

မိန်းမရှိတာ ကောင်းလိုက်တာ....

တပ်မှူးဟောင်းကြီးက သူ့သားကို စလိုက်သည်။

 
"မင်းနောက်တစ်ယောက် ရှာချင်သေးလား။ "

သူ့မိန်းမက သူ့သား သေဆုံးပြီးကတည်းက  သူမဆံပင်ကိုရိတ်ပြီး ဗုဒ္ဓဘာသာဘုရားကျောင်း တစ်ခုမှာ သီလရှင် တစ်ပါး အဖြစ် ဝင်ရောက်သွားခဲ့သည်။

 
သူတို့က့လက်ထပ်ခဲ့တယ်ဆိုတာ အချစ် မပါဝင်ဘူး၊ ဒါက သူတို့မိသားစု အကျိုးအတွက် လုပ်ခဲ့တာဖြစ်တယ်။

စစ်ထူထုံးသည် သူမအားတတ်နိုင်သမျှ ကောင်းကောင်းဆက်ဆံပေးခဲ့သည်။ အပြန်လှန်လေးစားပြီး  ဆက်ဆံခြင်းက သူတို့အတွက် အကောင်းဆုံးဖြစ်မည်ဟု ထင်ခဲ့ပေမယ့် သူမဘက်က  မိသားစုက အိမ်ထောင်ရေးကို မတည်မငြိမ်ဖြစ်ရန် လှုံ့ဆော်ပေးခဲ့သည်။

 အဆုံးတွင် သူပြောနိုင်သည့် တစ်ခုတည်းသော အရာမှာ သူတို့အတူနေရန် ကံမပါခဲ့ပေ၊ သူမသည် စိတ်ခံစားချက်ကို မထိန်းနိုင်ပဲ သူမ သဘောဖြင့် အိမ်ကို စွန့်ခွာသွားခဲ့သည်။ သူတို့နှစ်ယောက်ကတည်း တစ်ယောက်ကိုတစ်ယောက် ချုပ်နှောင်မထားတော့ဖို့ စဉ်းစားခဲ့ကြသည်။

စစ်ထူထုံးက သူ့အဖေ၏စကားကိုကြားတော့ ခေါင်းယမ်းလိုက်သည်။


"အခ ကျွန်တော် လုပ်ချင်တဲ့တစ်ခုတည်းသော အရာက  ရှုဟိန်နဲ့ ရှုနင်တို့ ပျော်ပျော်ရွှင်ရွှင်နေတာကို  စောင့်ကြည့်ဖို့ပဲ။ "

"ဒါက အားလုံး ငါ့အပြစ်တွေဘဲ"

တပ်မှူးဟောင်းကြီးက သက်ပြင်းချလိုက်သည်။ ဒါဟာ အတိတ်က သူ့ကြိုးစားမှုကြောင့် မဟုတ်ရင်  သူ့သားက ဒီလိုကံဆိုးမိုးမှောင်ကျမှာ မဟုတ်ဘူး။

"မဟုတ်ဘူး၊ ဒါတွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုတွေရဲ့ ဆိုးကျိုးတွေပဲ"

သူ့ချစ်သူသည် သူ့ရဲ့ ကလေးကို ကိုယ်ဝန်လွယ်ထားပေမယ့် သူ မသိအောင် ိုဖုံးကွယ်ထားကာ ရှုချိန်ကို လက်ထပ်လိုက်သည်။ စစ်ထူထုံးလည်း ဒီဖြစ်ရပ်မှာ သားကောင်ဖြစ်ခဲ့ သော်လည်း သူ ဘာလုပ်ရမလဲ၊ သူ့အာဏာကို အသုံးချ၍ နှစ်ယောက်စလုံးကို ကွာရှင်းခိုင်းရမှာလား။

 
ရှုဟိန်ရဲ့အမေဟာ အရင်တုန်းက ဒီလောက် မာနမကြီးခဲ့ရင်၊ အရမ်းရက်စက်မရက်စက်ခဲ့ရင် သူတို့နှစ်ယောက် ထွက်ပြေးပြီး အတူနေဖို့ နည်းလမ်းကို ရှာလို့ရတယ်။ ဒါဆိုရင် သူတို့ နှစ်ယောက်တည်း ဘဝကို ထူထောင်နိုင်လိမ့်မယ်။

ဒီလိုမျိုး နောင်တ တရားကို သူတို့၏နှလုံးသားထဲမှာ တစ်သက်တာလုံး သိမ်းထားဖို့ မလိုတော့ဘူး မဟုတ်လား။

စစ်ထူအိမ်တော်က မောဝ်အိမ်တော်က သမီးဖြစ်သည့် ရှုဟိန်၏ အမေနှင့် ချစ်ကြိုက်နေသည်ကို သဘောမတူပဲ သူတို့ စစ်ထူမိသားစုကဲ့သို့ အခြား စစ်ဘက်သြဇာအာဏာကြီးမားသည့် အိမ်တော်က သမီးတစ်ယောက်နှင့် သဘောတူကာ စေ့စပ်ပေးခဲ့သည်။

ဒါကိုသိတော့ အင်မတန် မာနကြီးလှသည့် မောဝ်မိသားစုက မမလေးက စစ်ထူထုံးကို သူ့ကလေးလွယ်ထားသည့်အကြောင်းမပြောပဲ ထွက်လာခဲ့ပြီး သူမကို တဖက်သတ် ချစ်နေသည့် သူငယ်ချင်းဖြစ်သူ ရှုချိန်နှင့် လက်ထပ်ခဲ့သည်။

ဒါပေမယ့် ရှုဟိန် ၏အမေသည် သူမ တစ်သက်လုံးတွင် စစ်ထူထုံးကိုသာ ချစ်ခဲ့သည်။ ရှုချိန်နှင့် သေသည့်အချိန်ထိ ပေါင်းသင်းခဲ့ပေမယ့် သူမ ရင်ထဲမှာစစ်ထူထုံးပဲ ရှိခဲ့သည်။

ရှုချိန်ကတော့ သူမကို အမြဲ လေးစားကာ ချစ်ခဲ့သည်။ ဒါကြောင့် သူ့သွေးသားမဟုတ်သည့် ရှုဟိန်ကို သူ့သားအရင်းလို သဘောထားကာ ပျိုးထောင်ပေးခဲ့သည်။

ဒါပေမယ့် အလုပ်ခွင်ထဲမှာ ရှုနင်ရဲ့ အမေဖြစ်သူ အတွင်းရေးမှု ချင်ယွိကျိုးက ရှုချိန် က စီးပွားရေးပါတီပွဲကို တက်ရပြီး အရက်မူးနေချိန်မှာ အခွင့်ရေးယူကာ အတူအိပ်ခဲ့သည်။ ရှုနင်ကို ကိုယ်ဝန်လွယ်ခဲ့ရပေမယ့် ရှုချိန်က သူမကို အသိမှတ်မပြုသောကြောင့် ရှုနင်ကို တောမှာ တိတ်တိတ်လေး မွေးပြီး ထားရစ်ကာ ရှုချိန် သူမကို လက်ခံလာသည်အထိ အနားတွင် တွယ်ကပ်ကာ အတွင်းရေးမှုး ဆက်လုပ်လာခဲ့တာဖြစ်သည်။



 

 
နောင်တွင် ရှုချိန်ဆီမှာ သားအရင်းဖြစ်သူ ရှုနင်နဲ့ ရှုယောင်းတို့ရှိလာပေမယ့် ရှုဟိန်အပေါ် အချစ်လုံးဝမ လျော့ခဲ့ပေ။

ရှုချန်က ရှုဟိန်ရဲ့အမေအပေါ် ထားသည့် မေတ္တာထုက ဘယ်လောက်ကြီးသည်ကို မျက်ဝါးထင်ထင်မြင်နိုင် သည်။ ချင်ယွိကျိုး ကို လက်ထပ်ခဲ့တယ်ဆို တာကလည်း ရှုဟိန်ရဲ့ မိခင် ကင်ဆာနဲ့ကွယ်လွန် သွားပြီး ရှုယောင်းကို ကိုယ်ဝန်ရှိနေတာကို သိခဲ့လို့ဖြစ်သည်။

ရှုနင်နဲ့ ရှုယောင်းတို့ ရှိလာပေမယ့် ရှုချိန်က သူမအပေါ် ရှုဟိန်ရဲ့အမေကို ချစ်သလောက် မချစ်ပေ။ ဒါကြောင့် သူတို့ကြားက  ချစ်ခြင်းမေတ္တာသည် မခိုင်မြဲခဲ့ပေ။ ဒါကြောင့် ချင်ယွိကျိုးက ကောက်ကျစ်သည့် လုပ်ရပ်ကို လုပ်လာတော့ သူက  အရမ်းဝမ်းနည်းကာ သူမကို ပြတ်သားစွာ ရှင်းပစ်လိုက်တာဖြစ်သည်။

 
မွေးစားအဖေ ရှုချိန်နှင့် ရှုဟိန်ကြားက ဆက်ဆံရေးက ပြောစရာမလိုအောင် နွေးထွေးကာ ယုံကြည်လေးနက်သလောက် အဖေရင်း စစ်ထူထုံး နှင့် ရှုဟိန်ကြားက ဆက်ဆံရေးက အေးစက်ကာ
 အနည်းငယ်လေးလံနေသည်။

ရှုနင်နှင့် ရှုဟိန် တို့ပန်းကန်ဆေးပြီးလို့ အတူတကွထွက် လာသောအခါ ရှုဟိန် သည် ရှုနင်  ၏လက်ကို ပုဝါဖြင့်ခြောက်အောင် ကူညီ သုတ်ပေး နေခဲ့သည်။

စစ်ထူထုံးတို့သားအဖ အတွက်၊ ဒီမြင်ကွင်းက ပန်းချီကားတစ်ချပ်လိုပါပဲ၊ ရှုနင်ကယောက်ျားလေး တစ်ယောက်ဆိုရင်တောင် သူတို့က ဒီအတိုင်း ဆက်သွားနေနိုင်ရင် ကောင်းတာပေါ့။

**********-*************

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now