Chapter (77)_ စိတ္ကို ခ်ဳပ္တည္းထားရေသာ ညီငယ္ေလး.... (z+u)

15K 2.1K 28
                                    

Chapter (77)_ စိတ္ကို ခ်ဳပ္တည္းထားရေသာ ညီငယ္ေလး.... (z+u)




စေတာ္ဘယ္ရီအရသာလား?

ရႈနင္သည္အျခားအရာတစ္ခုကိုအရိပ္အႁမြက္ျပေနသည္ဟု ရႈဟိန္ သိေနသည္၊ သူသည္ သြားတိုက္ေဆးအေၾကာင္း တကယ္ေျပာေနျခင္းမဟုတ္ေပ။ လတ္ဆတ္ေသာစေတာ္ဘယ္ရီလို နီျမနး္ေသာ နူတ္ခမ္းပါးေလးက ဆြဲေဆာင္နုိင္စြမ္း ျမင့္သလို အိေထြးကာ အရသာရွိမယ္ဆုိတာ ေသခ်ာသည္။

သူ၏ညီငယ္ေလးသည္ သူ႕မ်က္နွာနွင့္ အလြန္နီးကပ္လာသျဖင့္ သူ၏မ်က္ေတာင္ေလးမ်ား တုန္ခါေနျပီး မ်က္ဝန္းေတြထဲမွာ ေဝဝါးေနသည့္ အလႊာေလးတစ္ခု ဆုိင္းေနကာ သူ႕ကို ယူငင္လွည့္ပါဟု ေျပာေနသလို ခံစားလုိက္ရျပီး ရႈဟိန္ရဲ႕ ရင္ဘတ္မ်ားတုန္ခါေသာအခါသူ၏မ်က္ႏွာေပၚတြင္ခံစားမိႏိုင္ၿပီး ရင္ဘတ္ႀကီးထဲက နွလံုးသားက ခုန္ရလြန္းလို႕ မ်ားကိုရင္ဘတ္ေအာင့္ေစႏိုင္သည္။ ရင္ထဲမွာ ယားယံလာသလို ျဖစ္ျပီး နင္နင္ေပ်ာ္သေရြ႕ သူ႕တကိုယ္လံုးကို လုပ္ခ်င္တာလုပ္ ခြင့္ျပဳလိုက္ခ်င္သည္။

ရႈဟိန္ရဲ႕ စိတ္ႏွလုံးက ျမင္းအုပ္ႀကီး ကဆုန္ေပါက္လာသလို အခုျမန္လာသည္။ စားေသာက္ဆုိင္မွာတုန္းက သူ႕ညီေလးကို နက္နက္ရိႈ္င္းရိႈ္င္းနမ္းနုိင္ဖို႕ သူက ဝိုင္တပုလင္းလံုး ကုန္ေအာင္ေသာက္ကာ ရဲေဆးတင္လိုက္ရသည္။ အဲ့ဒီအခ်ိန္ သူနမ္းတုန္းက နင္နင္က သူ႕ကိုေႀကာက္ေနျပီး သူ႕ျဖဴစင္မႈကို သက္ေသျပခ်င္တာကလြဲျပီး စိတ္ဝင္စားမႈ မရွိခဲ့ေပ။ အခုက ဘာေႀကာင့္ သူ႕ဘက္က စေျပာလာရတာလဲ။ ငါ့ကို သူ စမ္းသပ္ေနတာလား ဆုိျပီး ရႈဟိန္ သံသယဝင္လာမိသည္။


သူဟာ အခုမွ အသက္ ဆယ့္ငါးနွစ္ပဲရွိပါေသးတယ္၊ ဒီကိစၥနဲ႔ပတ္သက္ၿပီး တကယ္ကို သူ လက္ခံႏိုင္ပါ့မလား...

သူသည္ သူ႔ကိုအလြန္ခ်စ္ျမတ္ႏိုးၿပီး သူ၏ႏွလုံးသားကို နားလည္သည္ဆိုတာ ရႈနင္သိသည္။ ဒါေပမယ့္ ရႈဟိန္က ဘာေႀကာင့္ သူ႕ကို နမ္းဖို႕ ခါတိုင္းလို တက္ႀကြမေနပဲ ေႏွးေႏွးေကြးေကြးေကြးျဖစ္ေနသည္ကို သတိမထားမိခဲ့ေပ။

ဒီေတာ့ ...... သူ၏ႏွာေခါင္းထိပ္သည္ ကေလးေလး၏ႏႈတ္ခမ္းမ်ားႏွင့္နီးကပ္ လာခ်ိန္တြင္ သူက အိစက္ေသာ နူတ္ခမ္းေလးကို အသာယာ နမ္းလိုက္ျပီး ခ်က္ခ်င္း ဖယ္ခြာလိုက္သည္။ မထိသင့္သည့္ မေက်ာ္သင့္သည့္ စည္းကို သူ လံုးဝ မေက်ာ္လိုက္ေပ။ သူ႕ပံုစံက ဟိုတေန႕ အရက္မူးျပီး နမ္းစဥ္ကလို စိတ္အားထက္သန္ျခင္းမရွိပဲ နူတ္ခမ္းေလးကို နမ္းရံုေလးသာ နမ္းလိုက္တာ ျဖစ္သည္။

ဒါေပမယ့္ ရႈဟိန္ရဲ႕မ်က္ဝန္းေတြက တြင္းေအာက္ေျခကို မျမင္ရသလို နက္ရိႈင္းလို႕ေနသည္။ ဒီေအာက္ေျခမွာ ေခ်ာ္ရည္ေတြလို ပြက္ပြက္ဆူေနသည့္ ခ်စ္စိတ္ေတြ ျပည့္ေနသည္ကို ရႈနင္ လံုးဝမသိခဲ့ေပ။

"ငါ အနံ႔ကိုမရလိုက္ဘူး။ ဒီစေတာ္ဘယ္ရီနံ႕ကို ႀကိဳက္တယ္ဆုိရင္ ေနာင္လည္း ဆက္သံုးေလ ဘယ္လိုလဲ။ "

အ႐ူးလား။ ငါ့ကို အရူးလို ကစားေနတာလား။

အခုအခ်ိန္မွာ သူ႔အစ္ကိုႀကီးႀကီးကႏူးညံ့သိမ္ေမြ႕တဲ့အတြက္ ရႈနင္က သူ ဘာလုပ္သင့္လဲဆိုတာေတာင္ မသိေတာ့ဘူး။

ထိုေန႔၏လွပေသာျမင္ကြင္းသည္အ လြန္ေကာင္းမြန္ေသာအိပ္မက္တခုသာသည္ဟု ထင္ရသည္၊ သူက အရမ္းကို အရက္မူးေနခဲ့ရသည္။ ထို႔အျပင္သူသည္ထိုအခ်ိန္က သူ၏ေခါင္းကို ငုံ႕ခ်လိုက္ျပီး နင္နင္ရဲ႕ နူတ္ခမ္းကို မြတ္သိပ္ျပင္းျပသည့္ အနမ္းျဖင့္ ပိတ္ထားသည့္အျပင္ အာခံတြင္းတစ္ခုလံုး လွ်ာျဖင့္ ျခယ္လွယ္ေနခဲ့သည္။ ဒါက အကိုႀကီး အရက္မူးျပီး လုပ္ခဲ့မိရံုသက္သက္ပဲလား။ သူ႕အျပဳမူကို ငါ အထင္လြဲခဲ့မိတာလား။ သူ အမူးေျပျပီးေနာက္ အားလံုးကို ေမ့သြားခဲ့ျပီလား။

ေကာင္းျပီေလ။ ဒါဆိုလည္း သူ႕ ရင္ထဲက ခံစားခ်က္ကို ျမိဳသိပ္ျပီး သူတို႕က ညီအစ္ကိုေကာင္းေတြလိုပဲ ဆက္ေနသြားရံုပဲေပါ့.....

ရႈနင္က ရႈဟိ္န္ရဲ႕ပုခံုးကို ေခါင္းတင္ကာ စိတ္ပ်က္လက္ပ်က္ေလး လွဲေနမိသည္။ တကယ္လို႕ သူသာ ရႈဟိန္ရဲ႕ရင္ဘတ္ကို ေခါင္းတင္ထားလိုက္မယ္ဆိုရင္ ခုန္ေပါက္ေနတဲ့ နွလံုးခုန္သံေတြကေန ရႈဟိန္ရဲ႕ ခံစားခ်က္ကို သူ ေသခ်ာေပါက္သိသြားနုိင္သည္။ အခုေတာ့....

ရႈဟိန္သည္ထိုင္လ်က္ အေနထားကေန မေရႊ႕ဝ့ံပဲ ကေလးေလး အိပ္ေပ်ာ္သြားသည္အထိ တိတ္ဆိတ္စြာ ေစာင့္ေပးေနခဲ့သည္။ ကေလးေလးအိပ္သြားေတာ့မွ သူ႕ရင္ခြင္ထဲမွာ သိုင္းဖက္ကာ အတူအိပ္စက္ခဲ့သည္။

ေနာက္တစ္ေန႔မနက္တြင္ ရႈဟိန္ သည္နံနက္စာစားၿပီး M တိုင္းျပည္သို႔ထြက္ခြာ သြားခဲ့သည္။

ရႈနင္လည္း ပုံမွန္အတိုင္းပဲ သူ႕အကိုႀကီးကို မတားပဲ ႀကည့္ေနခဲ့သည္။ ရႈခ်ိန္နွင့္ရႈေကာင္းက နင္နင္ရဲ႕မ်က္နွာေပၚက အျပံဳးေလးေပၚလာေတာ့မွ စိတ္သက္သာရာရသြားခဲ့သည္။ ရႈနင္က သူ႕ဦးေလးဆီ ျပန္သြားျပီး ၅ ရက္ေလာက္ အတူေနခဲ့ျပီး ျမိဳ႕ေတာ္ကို ျပန္လာခဲ့သည္။ ေလယာဥ္ႀကီးက ႀကီးလြန္းကာ လူေတြက ေယာက္ယတ္ခတ္ေအာင္ ဟိုသည္ သြားလာေနသည္။ ေဆာင္းရာသီေက်ာင္းပိတ္ရက္ျပီးေတာ့ ပံုမွန္အတိုင္း ရႈနင္က ေက်ာင္းဆက္တက္ခဲ့သည္။ ေဟာ္ရန္က ေဟာ္ယြီ အရိုက္ခံလိုက္ရသည့္ေနာက္ပိုင္း ရႈနင္ကို တခါမွ မဆက္သြယ္ေတာ့ေပ။ အျပင္ပိိုင္းမွာ ညီအကိုေတြလို ဆက္ဆံေနေပမယ့္ သူ႕အကိုရင္းကို ထိေတာ့ သူလည္း မခံနုိင္ေတာ့ေပ။ ေဟာ္ယြီက ရႈနင္ကို အရမ္းမုန္းေနမည္ကို ေဟာ္ရန္သိသည္။ ေနာက္ဆံုးေတာ့ မိသားစုေလာက္ ဘယ္ သူငယ္ခ်င္းမွ ပိုမေကာင္းေပ....

စာသင္ခ်ိန္အသစ္စတင္ခါစ၌ေက်ာင္းတေက်ာင္းလံုး အလြန္အားရေက်နပ္စရာေကာင္းေနသည္။ မ်က္ႏွာအသစ္မ်ားလည္း ေက်ာင္းထဲမွာ အမ်ားႀကီးေတြ႕ရသည္။ ရႈနင္က အင္တာနက္ကေဖး စီးပြားေရးလုပ္ငန္းမ်ားကို စတင္လုပ္ကိုင္ခဲ့ၿပီးျဖစ္သည္။ သူသည္ ထိုလုပ္ငန္းကို ႀကိးႀကပ္ရန္ အႀကိမ္မ်ားစြာသြားခဲ့ရသည္၊ အေဆာက္အဦး၏ ပထမႏွင့္ဒုတိယထပ္ကို သာမာန္ပတ္ဝန္းက်င္တြင္ ရွိတတ္သည့္ သာမန္အင္တာနက္ကေဖးမ်ား အျဖစ္ တည္ေဆာက္ခဲ့သည္။ အဲဒီမွာ ေဆးလိပ္ေသာက္တဲ့ေနရာေတြ၊ ေရခဲမုန႔္ေရာင္းတဲ့ေနရာေတြရွိေနသည္။ ဒါေၾကာင့္ အမ်ိဳးသမီးတကၠသိုလ္ေက်ာင္းသူေတြၾကားမွာလည္း ဒီ အင္တာနက္ကေဖးက ေရပန္းစားလာသည္။ အဲဒီမွာ အလွအပေလးေတြအမ်ားႀကီးရွိလို႕ သဘာဝက်က်ပဲ ေယာက္်ားေလးေတြအမ်ားႀကီးလည္း ေရာက္လာႀကသည္။

တတိယထပ္တြင္ ေစ်းႏႈန္းျမင့္ေသာ VIP အခန္းမ်ားျဖစ္သည္။သူတို႔မူလ စီစဥ္ထားေသာ အေဆာက္အဦးေဘးက ေလွ်ာက္လမ္း မၿပီးစီးေသးေပမယ့္ ဖန္ခ်န္း သည္အလြန္ႀကီးမားေသာ အလုပ္ကို ေအာင္ျမင္ေအာင္ လုပ္ကိုင္ေနၿပီးျပီ ျဖစ္သည္။ ဒီအေဆာက္အဦးက သူ႕အတြက္ ႀကီးမားေသာ လုပ္ငန္းကို ဦးေဆာင္ကာ ပထမဆံုး အေကာင္အထည္ေဖာ္ရတာျဖစ္ျပီး ရႈနင္ရဲ႕လိုအပ္ခ်က္၊ ေတာင္းဆိုခ်က္ေတြက အရမ္းျမင့္မားတဲ့အတြက္ အရည္အေသြးႏွင့္အေရအတြက္ကို ထိန္းသိမ္းရန္လိုအပ္သည္၊ စတိုးဆိုင္အားလုံးတြင္ မွန္တံခါးခ်ပ္ႀကီးမ်ား တပ္ဆင္ထားၿပီး၊ ေက်ာက္ျပားခင္းထားသည့္ အေရွ႕လမ္းမ်ားသည္လည္း အလြန္လွပသည္၊ ဟာလာဟင္းလင္း အေပၚထပ္ ေခါင္မိုးမ်ားေပၚကေန ဧည့္သည္ေတြက ပတ္ဝန္းက်င္အလွကို မိုးရာသီတြင္ပင္ၾကည့္ရႈႏိုင္သည္။

ရလဒ္အေနႏွင့္ကုန္က်စရိတ္သည္လည္းျမင့္မားခဲ့သည္။ ရႈနင္ သည္သူ ၏အစ္ကိုထံမွ သူ၏ေငြအားလုံးႏွင့္ သူ႔အားေပးေသာေငြအားလုံးကို ရင္းႏွီးျမႇပ္ႏွံထားၿပီးျဖစ္သည္။ အနာဂတ္အတြက္ နည္းပညာနွင့္ စားသံုးသူေတြရဲ႕ အႀကိဳက္က မည္သည့္လမ္းေၾကာင္းသို႔သြားမည္ကို ႀကိဳတင္သိျခင္း၏အက်ိဳးေက်းဇူးေႀကာင့္ သူသည္ မည္သည့္ေငြေၾကးဆုံးရႈံးမႈကိုမွ် မေၾကာက္ပဲ ရဲရင့္စြာ ရင္းနွီးျမွဳပ္နွံခဲ့တာ ျဖစ္သည္။

ေႏြရာသီ ပန္းေတြပြင့္္သည့္အခ်ိန္တြင္ ဖန္ခ်င္းသည္ ရႈနင္ကို စားေသာက္ဆိုင္တစ္ခုတြင္ေတြ႕ဆုံရန္ဖိတ္ေခၚခဲ့သည္။ လုပ္ငန္းအေႀကာင္းကို ေဆြးေႏြးၾကစဥ္ အတူ ေပ်ာ္ရြင္စြာ စားေသာက္ေနၾကသည္၊ ထို႔ေနာက္စီမံကိန္းတစ္ခုက မႀကာခင္ အေကာင္ထည္ေဖာ္ခဲ့ႀကသည္။

ရႈနင္ က သူ႔မွာကိုယ္ပိုင္႐ုံးခန္းရွိကတည္းက ပါရမီရွင္ေတြကို ရဖို႕ ဖန္ခ်င္းကို ေျပာခဲ့သည္။ ဖန္ခ်င္းက ရႈနင္ကို အရမ္းေလးစားေနခဲ့သည္။

ရႈနင္ကိုေဖ်ာ္ရည္တစ္ခြက္ ဌဲ႕ေပးကာ ကမ္းေပးလိုက္သည္။ အသက္ ၁၅ ႏွစ္အ႐ြယ္ေကာင္ေလးဟာ စိတ္ေအးေအးရွိကာ ေျပာဆိုေနပံုက ပိုၿပီးဆြဲေဆာင္မႈရွိေနျပီး ပန္းခ်ီကားထဲက ခုန္ထြက္လာတဲ့ မင္းသားေလးလို က်က္သေရနွင့္ျပည့္စံုလို႕ ေနသည္။ သူက ေမာက္မာသည့္ သခင္ေလးေတြရဲ႕အရိပ္အေယာင္လံုးဝမေတြ႕ရပဲ စင္ႀကယ္လွသည့္ သတၱဳေလးလိုျဖင့္ အျပံုးက ျဖဴစင္လြန္းလွသည္။ ဒါေႀကာင့္ ဖန္ခ်င္းက ရႈနင္ကို ေလးစားအထင္ႀကီးခဲ့တာျဖစ္သည္။

ဖန္ခ်င္း ၏ ႀကိဳးစားမႈေႀကာင့္ သူ႕လုပ္ငန္း တန္ဖိုးျမင့္မားစြာျမင့္တက္လာခဲ့သည့္အတြက္ ရႈနင္က ေနာက္စီမံကိန္းၿပီးဆုံးၿပီးေနာက္ သူသည္ၿမိဳ႕ေတာ္တြင္အိမ္တစ္လုံးဝယ္ၿပီး ဖန္ခ်င္း၏ဇနီး၊ ကေလးမ်ား၊ မိဘမ်ားႏွင့္ေယာကၡမမ်ားကိုသူႏွင့္အတူေနရန္ ေခၚေဆာင္ေပးသြားမည္ဟု ကတိေပးခဲ့သည္။ ဒါဆိုရင္ ဖန္ခ်င္းက နယ္မွာက်န္ခဲ့သည့္ မိသားစုကို စိတ္ပူရတာမ်ိဳးမရွိေတာ့ပဲ သူ႕အလုပ္ကိုပိုျပီး အာရံုစိုက္ေပးနုိင္လိမ့္မည္။

ဖန္ခ်င္းသည္ သူ၏ေတာက္ပေသာအနာဂတ္ကိုစဥ္းစားရင္း ရႈနင္အတြက္ အခြံမာသည့္ ဂဏာန္းကို ခ်ိဳးဖဲ့ေပးကာ အသားထြင္ေပးျပီး ထည့္ေပးရင္း ေလးစားစြာ ေျပာလိုက္သည္။

" ဂဏာန္းအသားေတြကို စားပါဦး!"

ရႈနင္က ဂဏာန္းကို လံုးဝ မထိထားတာက အခြံကို သူ မဖဲ႕နုိင္ေသာေႀကာင့္ျဖစ္သည္။ ဖန္ခ်င္းက အားသန္ေသာေႀကာင့္ အခြံ႕ကို အလြယ္တကူဖဲ့ကာ အထဲက အသားေတြကို ထြင္ေပးလိုက္သည္။

ဖန္ခ်င္း ကအရမ္းေပ်ာ္ေနၿပီး ရႈနင္အတြက္ ပုစြန္အေကာင္ႀကီး အနည္းငယ္ကို မွာယူေပးခဲ့သည္။

ရႈနင္က ထိုအသားေတြကို တခ်က္ေငးႀကည့္ေနရင္း သူ႕အကိုႀကီးက သူမ်ားက ပါးစပ္ထဲ ခြံ႕ေပးသည့္ ဟင္းကို မစားရဘူးလို႕ ထားျမစ္ထားတာကို သတိရလိုက္သည္။ ပန္းကန္ထဲ ထည့္ေပးသည္ကို ယူစားတာ ဘာမွမျဖစ္ေလာက္ပါဘူးေနာ္။

အကိုႀကီးနဲ႕ သူ ကြဲကြာေနတာ 3 လရွိခဲ့ေလျပီ။ အကိုႀကီးက သူ႕ကို ဖုန္းဆက္ေပမယ့္ သူက သိပ္မေျပာေပ။ တခါတရံအိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္ျပီး ဖုန္းမကိုင္ေပ။ ဒီလိုလုပ္တာ ရိုင္းတယ္ဆိုေပမယ့္ မျဖစ္နုိင္သည့္ေနာက္ သူ႕ရင္ထဲ႕မွာ စြဲေနသည့္ အကိုႀကီးရဲ႕မ်က္နွာနွင့္ အျပံုးကို ေမ့သြားတာ ပိုေကာင္းမည္ထင္သည္။ ဒါေပမယ.့္ သူ ဒီလိုလုပ္ေလေလ အကိုႀကီး မ်က္နွာကို မေမ့နုိင္သည့္အျပင္ အေျခအေနက သူ ထင္ထားတာထက္ပိုဆိုးလာတယ္။ သူ႕အကိုႀကီးအေႀကာင္း စဥ္းစားတာကို လံုးဝ မရပ္နုိင္သည့္အျပင္ ညညဆိုရင္ ေဆးမေသာက္ပဲ အိပ္မေပ်ာ္ေတာ့ေပ။ ဒါေႀကာင့္ ေနာက္တေန႕မွာ သူက နႈန္းေနျပီး ဘာမွ မလုပ္နုိင္ေတာ့ေပ။ ေနာက္ဆံုး သူက အေျပးေလ့က်င့္ကာ ေမာဟိုက္ျပီး အိပ္ေပ်ာ္ေအာင္ လုပ္ခဲ့၇ေတာ့သည္။

ညစာစားၿပီးေနာက္ ဖန္ခ်င္းသည္ ရႈနင္ေနသည့္ အိမ္သို႕ ကားျဖင့္ ေမာင္းပို႕ေပးခဲ့သည္။ ရႈနင္ အိမ္ျပန္ေရာက္ေတာ့ 9 နာရီထုိးေနျပီ။ သူ႕အေဖဆိီက ဖုနး္ဝင္လာလို႕ ခဏစကားေျပာေနႀကသည္။ ဖုန္းခ်လိုက္စဥ္ ေနာက္ထပ္ ဖုန္းတေကာ ဝင္လာျပန္သည္။

ဒါက ရႈဟိန္ဆီက ဖုန္းပဲ။ သူက ေန႕တုိင္း တရက္မွ မပ်က္ကြက္ပဲ ဖုန္းဆက္ခဲ့သည္။

ဒီလို ဂရုစိုက္တတ္တဲ့လူကို သူ႕ခ်စ္သူအျဖစ္ရနုိင္မလား...

ဟင့္အင္း...မျဖစ္နုိင္ဘူး။ ဒီအေႀကာင္းကိုသာ သိသြားရင္ နွလံုးေရာဂါရွိတဲ့ အဖိုးက ေစာေစာ အသက္ထြက္သြားလိမ့္မယ္။ အရင္ဘဝတုန္းက အဖိုးက အေႀကာင္းရင္းမည္မည္ရရမရွိ၊ နွလံုးေရာဂါ အေျခေနမဆိုးပဲ အိပ္ေနရင္း ကြယ္လြန္သြားခဲ့သည္။ အဖိုးက သူ႕က်န္းမာေရးကို ဂရုစိုက္ျပီးအစားအေသာက္ကိုလည္းဆင္ျခင္သည္။ မသိရင္ သူ႕ကို နွလံုးေရာဂါရွိသည္ဟုပင္ အိမ္က လူေတြေမ့ကုန္သည္အထိ က်န္းမာပံုျပေပမယ့္ ရုတ္တရက္ အိပ္ေနရင္းကြယ္လြန္သြားသည့္ျဖစ္ရပ္ေႀကာင့္ ရႈနင္က အဖိုးကို ဒီတစ္ခါ အိမ္ျပန္သြားရင္ ေလ့က်င့္ခန္းပံုမွန္လုပ္ဖို႕ တိုက္တြန္းရမည္ဟု ေတးထားလိုက္သည္။

ရႈေယာင္းနဲ႕ပတ္သတ္ျပီး ရႈနင္က မေမးသလုိ အဖိုးနဲ႕ အေဖက မေျပာေပ။ ရႈဟိန္ရဲ႕ေမြးေန႕က မတ္လ 17 ျဖစ္ျပီး ရႈနင္ရဲ႕ ေမြးေန႕က မတ္လ 9 ရက္ေန႕ျဖစ္သည္။ ရႈနင္ရဲ႕ေမြးေန႕ကို ရႈအိမ္ကို ပထမဆံုးေရာက္လာသည့္အခ်ိန္က သူ႕အေဖက ကိုယ္တိုင္ေမြးေန႕ကိတ္ ဖုတ္ေပးခဲ့သည္။ ဒုတိယနွစ္တြင္ ရႈဟိန္က ႏိုင္ငံမွထြက္ခြာသြားၿပီျဖစ္သည္။ ရႈနင္က ျမိဳ႕ေတာ္၌ပညာသင္ၾကားျခင္းႏွင့္ အလုပ္ရႈပ္ေနၿပီးျပန္လာရ န္ဆႏၵမရွိျခင္းေၾကာင့္ ေမြးေန႕ပြဲနွင့္ ထပ္မံလြဲေခ်ာ္ခဲ့သည္။ တတိယအႀကိမ္လည္း အတူတူပဲ၊ ဘယ္သူမွ ေမြးေန႕ပြဲကို မက်င္းပႏိုင္ခဲ့ၾကဘူး၊ သခင္ေလး အႀကီး ၂ ေယာက္က ေမြးေန႕ပြဲကို မက်င္းပသည့္အတြက္ ဘာဝက်က်ပဲ ရႈေယာင္းက ေမြးေန႕ပြဲကို တခါမွ မက်င္းပရေပ။ အေဖနဲ႕အဖိုးက ဒီအစဥ္လာကို ထိန္းသိမ္းေပးခဲ့သည္။ တကယ္လို႕ သူတို႕ ပြဲက်င္းပေပးေနစဥ္ ရႈနင္ျပန္လာခ်ိန္နဲ႕တိုးရင္ ဘယ္လိုလုပ္မလဲ။ နင္နင္ စိတ္မခ်မ္းသာေအာင္လည္း သူတုိ႕ မလုပ္ရက္ႀကေပ။

လူတိုင္းက အႀကီးေတြရဲ႕ဆႏၵကိုေလးစားရမယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ အသက္ႀကီးသူေတြဟာ ပညာရွိတဲ့သူျဖစ္တယ္။ သူ႔ကိုယ္ပိုင္ညီေလးေတာင္မွပဲ သင့္ေတာ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာရမယ္။ ရႈနင္က ဧည့္သည္မ်ားကို ဖိတ္ကာ ေမြးေန႕ကို တခါမွ မက်င္းပရင္ ရႈေယာင္းလည္း က်င္းပခြင့္မရွိေပ။

ရႈေကာင္း ၏ေမြးေန႔ကိုပင္ အိမ္တြင္စားေသာက္ပြဲတစ္ခုက်င္းပကာ ေအာင္ပြဲခံရံုပဲ လုပ္ခဲ့သည္။ ရႈခ်ိန္က သူ႕အေဖနဲ႕အတူ အရက္အခ်ိဳ႕ကိုေသာက္သုံးေပးေနသည္။ ရႈနင္ ကို သူ ႔ေဘးတြင္ထားကာ ရႈေကာင္းက ေက်နပ္ေနသည္။ o (╯□╰) o

ေဟာ္ယြီ သည္ တရုတ္ႏိုင္ငံမွ ထြက္ခြာခဲ့ရသည္။ ရႈက်ီရႊမ္းသည္ ထို အျဖစ္အပ်က္ေနာက္ပိုင္းမွာ ေပၚထြက္လာျခင္း မရွိေသးေပ။ ရႈက်ီေဟြ႕သည္မ်က္ရည္မ်ားႏွင့္ျပည့္ႏွက္ေနျပီး ရႈနင္ကို ဆက္တိုက္လာရွာျပီး ေဟာ္ရန္က သူမကို မလိုခ်င္ေတာ့ဘူးဟု ေျပာခဲ့ေႀကာင္းကို ေျပာျပကာ သူမအတြက္ ကူေျပာေပးရန္ အကူညီေတာင္းခံခ်င္ေနသည္။

ဒါေပမယ့္ ရႈနင္ကသူမကို အသိမွတ္ျပဳမယ္တဲ့လား။ သူမ သြားတိုင္း ရႈနင္ေဘးကို မကပ္ရေသးခင္ ကိုယ္ရံေတာ္ေတြရဲ႕ တားဆီးဖယ္ရွားျခင္းကိုပဲ ခံခဲ့ရသည္။ အက်ိဳးလိုလို႕ ေပါင္းသင္းခဲ့သည့္ သူမရဲ႕သူငယ္ခ်င္းေတြက အခု ရွာလို႕ပင္ မရေတာ့ေပ။

အခု ရႈက်ီေဟြ႕ ကအရမ္းစိတ္ဆင္းရဲ ေနခဲ့ရတယ္။ သူမ အရင္က ေဟာ္ရန္ကို မလိုခ်င္တဲ့အခ်ိန္မွာ သူမ ဟာအေတာ္ေလးေပ်ာ္ခဲ့ရတယ္။ ေဟာ္မိသားစုကအေကာင္းဆုံးအေျခအေနမွာ မရွိေတာ့ေပမယ့္ ရႈက်ီေဟြ႕ကို ေခါင္းကိုက္ေအာင္ လုပ္နုိင္ေသးသည္။ ေဟာ္မိသားစု တစ္စုလံုးက အမုန္းတရားမ်ားကို သူမေခါင္းေပၚ ေဖာက္ခြဲပစ္ကာ ေနစရာမရွိေအာင္ သူမကို ေျပာဆိုခဲ့ႀကသည္။ အျပင္ေလာကတြင္ ေဟာ္ရန္က ရႈက်ီေဟြ႕ကို ကစားျပီး စြန္႕ပစ္ကာ အျခားမိန္းကေလးမ်ားနွင့္ တြဲေနသည္ဟု သတင္းထြက္ေနသည္။

ေဟာ္မိသားစုသည္အ ခက္အခဲမ်ားစြာႏွင့္ျပည့္ႏွက္ေနၿပီး၊ သူတို႔သည္အေတာ္အတန္ မ်ားျပားလွေသာ ေငြပမာဏကို ဆုံးရႈံးခဲ့ရေသာေၾကာင့္ ရႈ မိသားစု၏ဒုတိယအိမ္ကို မွားယြင္းစြာ ေစာ္ကားတိုက္ခိုက္ရန္မလိုလားခဲ့ၾကေသာ္လည္း သူတုိ႕သားနဲ႕ ရႈက်ီေဟြ႕တို႕ ကြဲသြားတာ အေကာင္းဆံုးျဖစ္လိမ့္မည္။ သိပ္မၾကာခင္မွာပဲ ျမိဳ႕ေတာ္က စီးပြားေရးေလာကထဲမွာ ေလျပင္းမုန္တိုင္းထန္လာေတာ့မည့္ အရိပ္ေတြ ေပၚလာသည္။

ေဟာ္မိသားစု၏အႀကီးဆုံးသားသည္ ဝမ္မိသားစု၏သမီးအႀကီးဆုံးနွင့္ လက္ထပ္ေတာ့မည္ ျဖစ္သည္။ သူမသည္ က်ပ္မျပည့္သည့္ အ႐ူးျဖစ္ေသာ္လည္း လွပေသာ ရုပ္ဆင္း အသြင္အျပင္ႏွင့္ အျပစ္ကင္းစင္မႈရွိသည္။ ဒါ့အျပင္ သူမထံတြင္ သူမကို အရိပ္တႀကည့္ႀကည့္ ခ်စ္ကာ အလို္လိုက္သည့္ အကိုမ်ားရွိသည္။

ယခု ေဟာ္မိသားစုတြင္ေက်ာေထာက္ေနာက္ခံျပဳစရာ အင္အား အသစ္တစ္ခုရွိလာသည္။ သူတို႔၏ ယခင္က ေက်ာေထာက္ေနာက္ခံထက္ ပို၍ အံ့ၾသဖြယ္ေကာင္းၿပီး ပိုမိုအင္အားႀကီးမားသည့္ ဝမ္အိမ္ေတာ္၏ အကူညီကိုသာ ရလွ်င္ ေဟာ္မိသားစုက တဖန္ ဦးေမာ့လာနုိင္သည္။ ဝမ္မိသားစုသည္ ရွည္လ်ားေသာသမိုင္းေၾကာင္းရွိခဲ့ၿပီး ၿမိဳ႕ေတာ္တြင္ နက္နက္ရႈိင္းရႈိင္ းအျမစ္တြယ္ခဲ့ၾကၿပီး အဓိကမိသားစုမ်ားထဲမွ တစ္ခု အျဖစ္အသိအမွတ္ျပဳခံခဲ့ရသည္။

ရႈမ်ိဳးႏြယ္၏ ဒုတိယ အိမ္ေတာ္မွ အိမ္သူအိမ္သားမ်ားသည္ ယခုမွ ေနာင္တရၿပီး အဓိကမိသားစုကို ရွာရန္သြားေနၾကသည္။ ရႈခ်ိန္က ကူယာ့ကိုလုံးဝဂ႐ုမစိုက္ေပ။ ကူယာ့က သူမ အလုပ္ကို ေကာင္းေကာင္းမလုပ္ခဲ့ေပ။ သူမ ေမ့ေလ်ာ့ထားခဲ့သည့္ အမည္ခံ ခင္ပြန္းကို လိုက္ရွာျပီး အဓိက အိမ္ေတာ္က အကိုဝမ္းကြဲကို လိုက္ျပီး အကူညီေတာင္းေပးဖို႕ ေျပာလိုက္သည္။ ဘာပဲေျပာေျပာ ရႈက်ီေဟြ႕က ရႈလင္းယြင္ရဲ႕ သမီးပဲ မဟုတ္လား။

ရႈလင္းယြင္ သည္ေသျခင္းႏွင့္ရင္ဆိုင္ရမယ္ဆိုရင္ေတာင္ ကူယာ့ရဲ႕ ေမွ်ာ္လင့္ခ်က္မ်ား အတိုင္း လုပ္မေပးခ်င္ေပ။

"ဒါ ရွင့္ရဲ႕သမီးပဲ"

ရႈလင္းယြင္သည္ သူ၏ ေခ်ာေမာလွပေသာ မ်က္နွာကို ေအးေဆးစြာထားကာ တိတ္ဆိတ္ေနသည္။ သူနွင့္ မလွမ္းမကမ္းတြင္ သူ႕ခ်စ္သူ မိန္းကေလးက ေအးေအးေဆးေဆးအနားယူေနသည္။ သူမက အျဖဴေရာင္ရွပ္အက်ႌ တစ္ထည္တည္းကိုသာ ဝတ္ထားသည္။ သူမက အသက္ ၄၀ ေက်ာ္ရွိၿပီျဖစ္ေသာ္လည္း သူမသည္အ မ်ိဳးသမီးငယ္တစ္ ဦး ႏွင့္တူသည္ သူမမ်က္ႏွာသည္ျဖဴေဖြးကာ နုဖတ္ေနျပီး ဘာအေရးေႀကာင္းကိုမွ မေတြ႕ရေပ။ ဒီေနရာနားမွာ ရန္ပြဲတစ္ခု စတင္ခဲ့ရင္ေတာင္သူ မစိတ္အေႏွာင့္အယွက္မျဖစ္သည့္ပံုပဲ။

"ရွင့္ကို က်ြန္မ ဘယ္တုန္းကမွ အကူညီမေတာင္းခဲ့ဘူး။ အခု ရွင့္သမီးကိုေတာင္ ရွင္ ကူညီဖို႕တြန္႕ဆုတ္ေနတာလား "

"ကူကူ.... ဒါက မင္းကို ငါ မကူညီခ်င္တာ မဟုတ္ပါဘူး၊ ဒါေပမယ့ ္မင္း ဒီမွာ ငါ ဘယ္လိုလုပ္ေနတယ္ဆိုတာ မင္းသိမွာပါ။ တကယ္လို႕ ငါ့မ်က္နွာျပလိုက္မွ အေျခေနေတြ ပိုဆုိးကုန္ရင္ ဘယ္လိုလုပ္မလဲ"

"ရွင့္မ်က္နွာကို ျပလိုက္ရံုနဲ႕ ရွင္က အသတ္ခံရမွာမို႕လား။ ရွင္က ရွင့္ရဲ႕ သာယာေနတဲ့ဘဝေလးကို စြန္႕ရမွာေႀကာက္ ေနတာမဟုတ္လား။ ရွင့္အကိုက ရွင့္ကို ဘာလုပ္ေနသလဲဆိုတာ စဥ္းစားမယ္ထင္လား။ ရွင္က ဖုန္းေလးတစ္ခ်က္ ဆက္လိုက္တာနဲ႕ရွင့္အကို စိတ္ေျပာင္းျပီး က်ီေဟြ႕ကို ကူညီေပးဖုိ႕ စိတ္ေျပာင္းမလာနုိင္ဘူူးလား...."

"ကူယာ့.... ငါ့ကို အတင္းတြန္းအားမေပးပါနဲ႕.. "

"ဘာ... ကြ်န္မက ရွင့္ကို တြန္းအားေပးတယ္ ဟုတ္လား။ ရႈခ်ိန္က မ်က္နွာသြားျပလိုက္ရင္ ေဟာ္မိသားစုက က်ီေဟြ႕ကို ပစ္ပစ္ခါခါလုပ္မွာမဟုတ္ဘူး။ ကြ်န္မတို႕ သမီးေလးက ငယ္ေသးတယ္။ သူမက အထက္တန္းေတာင္ မျပီးေသးဘူး။ သူမ အနာဂါတ္က ဒီအျဖစ္ပ်က္ေႀကာင့္ အခက္ခဲ အမ်ားႀကီးျဖစ္နုိင္တယ္။ တကယ္ေတာ့ ေဟာ္ရန္က သူမကို ေျပာလိုက္ျပီးသား.... ရွင္က သမိးေလးရဲ႕အေဖပဲ... သူမအတြက္ ဖုန္းေလးတေကာလ္ေတာင္ မဆက္ေပးနိုင္ဘူးလား.... "

" ငါ သူ႔ကို ေနာက္ဆုံးအႀကိမ္ ေတာင္းပန္ၿပီးၿပီ၊ အခုေတာ့ ...... "

ဒီလူကဘယ္ေလာက္ ေျပာရခက္ေနသလဲဆုိတာ ႀကည့္ျပီးေတာ့ ကူယာ့က ျပံုးကာ ေျပာလိုက္သည္။

- "ရႈလင္းယြင္.... ရွင္က ရွင့္အကိုအေပၚကို အေႂကြးတင္မွာကိုေၾကာက္ေနတယ္လား။ ကြ်န္မ အရင္က မ်က္စိကန္းလို႕ ရွင့္ကို လက္ထပ္ခဲ့မိတယ္။ အခု ကြ်န္မ မေသခင္မွာ မကြာရွင္းဖို႕ ဆံုးျဖတ္ခဲ့ေပမယ့္ ရွင့္လို လူအတြက္ ရွင္ခ်စ္တဲ့ လူနဲ႕ တရားဝင္ လက္ထပ္လို႕မရေအာင္ ကြ်န္မ ေသတဲ့အထိ မုဆိုးဘဝနဲ႕ေနရုံပဲရွိေတာ့တယ္။"

ကြာရွင္းမယ္? ပန္းခ်ီဆြဲခံေနသည့္အမ်ိဳးသမီးသည္ ခဏတာ အံ့အားသင့္သြားၿပီး အမူယာ ပ်က္သြားသည္။ သို႔ေသာ္သူမစိတ္ထဲထင္ထားသည့္အတိုင္း သူမမ်က္ႏွာျပင္ေပၚ၌ တည္ျငိမ္မႈ မရွိနို္င္ေတာ့ေပ။

ရႈလင္းယြင္သည္ ေဒါသတႀကီးျဖင့္ လက္ကိုတင္းတင္းဆုပ္ကိုင္ထားလိုက္သည္။

"ထြက္သြား.. မိန္းမ တစ္ေယာက္ကို ငါ မရိုက္ခ်င္ဘူး"

ကူယာ့က သူ႔ကိုေျပာင္ေလွာင္ေနေေသာ္လည္း သူမထြက္ခြာသြားေသာအခါ သူမမ်က္လုံးေတြ နီလာသည္။ သို႔ေသာ္ သူမမ်က္ရည္မ်ားက်မိျခင္း မရွိဘဲ စိတ္ကို တင္းထားလိုက္သည္။ သူမတံခါးေပါက္သို႔ ေရာက္ေသာအခါ သူမ ခဏတာ ရပ္တန႔္လိုက္သည္။

ရႈက်ီရႊင့္သည္နာခံမႈရွိစြာရပ္ေနသည္။ သူ႕ အသက္ ၂၁ ႏွစ္ရွိၿပီျဖစ္ျပီး ရႈလင္းယြင္  ကဲ့သို႔ပင္ အရပ္ပိုျမင့္ကာပိုေခ်ာေမာခဲ့သည္။ ကူယာ့က သူ႔ကိုအျပင္မွာေစာင့္ခိုင္းခဲ့တာျဖစ္သည္။ ဘာလို႔လဲဆိုေတာ့ သူမက ဒီကိစၥနဲ႔ပတ္သက္ၿပီး ခင္ပြန္းနဲ႔အတူ ေဆြးေႏြးခ်င္ေနသည္။ အေမရင္းကိုယ္တိုင္ သမီးျဖစ္သူ အေႀကာင္းကို အေဖရင္းျဖစ္သူနွင့္ ေဆြးေႏြးကာ သူ႕ကို စဥ္းစားဖုိ႕ အခ်ိန္တခုေပးခ်င္သည္။ ဒီလိုဆံုးျဖတ္လိုက္တာ ကံေကာင္းသြားသည္။ မဟုတ္ရင္ သူ႕သားေလး စိတ္မေကာင္းျဖစ္ရလိ္မ့္မည္။

"မင္းကို အေမ ကားထဲမွာ ေစာင့္ေနမယ္။ အထဲဝင္ျပီး သား အေဖကို တခ်က္သြားေတြ႕လိုက္ဥိး "

"အေမ၊ အေမ အဆင္ေျပရဲ႕လား?"

ကူယာ့က ခါးသီးစြာျပံဳးလိုက္ေပမယ့္ မိသားစုႀကီးထဲမွာ ႀကီးလာသူပီပီ သူမ ခံစားခ်က္ကို ျမိဳသိပ္ကာ ျပံုးျပီးေျပာလိုက္သည္။

"အေမ... ဘာမွ မျဖစ္ဘူး။ အေမ မင္းကို ကားထဲကေန ေစာင့္ေနမယ္။ အခ်ိန္ ဘယ္ေလာက္ႀကာႀကာ ဘာမွ မျဖစ္ဘူး.. သြား..သြား... "

အတြင္းက လူႏွစ္ေယာက္က သူတို႔ထြက္သြားၿပီလို႔ထင္ၿပီး စကားေျပာေနႀကသည္။ ရႈလင္းယြင္က သူ႕အေျမွာင္မယားေလးကို နွစ္သိ္မ့္သည့္ ကယုကယင္စကားမ်ားက အျပင္ကပင္ အတုိင္းသားႀကားေနရသည္။

"ငါက ေသြးေအးတာလား။ ဆင္ျခင္တံုတရားမရွိတာလား။ ငါ့ကို အတင္း ဖိအားေပးလက္ထပ္ ခုိင္းခဲ့ျပီး အခုေတာ့ ကြာရွင္းတာညကို ေရြးခ်ယ္တာ အေကာင္းဆံုးနည္းလမ္းပဲ မဟုတ္လား..."

ရႈလင္းယြင္က သူ႕ ခ်စ္သူေလးကို ထိုင္ခိုင္းျပီး နွစ္သိမ့္စကားဆိုေနသည္ကို ႀကားေတာ့ ကူယာ့က သူမသားသာ အနားမွာ မရွိရင္ ေျပးဝင္သြားျပီး အထဲက နွစ္ေယာက္ကို သူမ အေႀကာင္းသိေအာင္ ဆြဲလုပ္လိုက္ခ်င္သည္။

ဒါေပမယ့္ သူမရဲ႕သား ရႈက်ီရႊင့္က အထဲကို တန္းတန္းမတ္မတ္ဝင္သြားေလျပီ။ ကူယာ့က ရွက္စရာစကားေတြကို ဆက္မႀကားခ်င္လို႕ ေရွာင္ထြက္ဖို႕ျပင္ေပးမယ့္ ရႈက်ီရႊင့္က ရႈလင္းယြင္နဲ႕ ရန္ျဖစ္မည္ဟု မထင္ထားမိေပ။


ကူယာ့ သည္အလြန္အံ့အားသင့္သြားၿပီး ခ်က္ခ်င္းပင္တံခါးဘက္သို႔ျမန္ျမန္ဆန္ဆန္ေျခလွမ္း အနည္းငယ္လွမ္းလိုက္ကာ ဝင္သြားေတာ့ သူမ အလြန္အံ့အားသင့္သြားသည္။

ရႈက်ီရႊင့္ကို ကူယာ့က ႀကီးျပင္းေအာင္ ပ်ဳိးေထာင္လာရတာ ျဖစ္သည္။ ရႈလင္းယြင္ရဲ႕ခ်စ္သူက ရႈက်ီရႊင့္ကို ေမြးျပိးျပီးခ်င္း ေဆးရံုေပၚမွာ ပစ္ထားခဲ့ျပီး ကူယာ့မွ မလြဲသာပဲ ကေလးကို ေကြ်းေမြးပ်ိဳးေထာင္ခဲ့ရေသာေႀကာင့္ မိသားစုထဲမွာ ဟာသ ျဖစ္လုိ႕ေနသည္။ ဘာျဖစ္ျဖစ္ ဒီကေလးက သူမ ေယာက်ာ္းရဲ႕ေသြးသားျဖစ္လုိ႕ သူမပဲ ႀကည့္ရႈေပးခဲ့သည္။ ဒီကေလးကို သူမ သားသမီးအရင္းလို အလိုမလိုက္ေပမယ့္ သခင္ေလးတစ္ေယာက္ ရွိသင့္ရွိထိုက္သည့္ ပညာကို သင္ႀကားေပးခဲ့သည္။ ေနာင္တခ်ိန္မွာ ရႈက်ီရႊင့္က ရႈဒုတိယ အိမ္ေတာ္ခြဲအတြက္ အလုပ္လုပ္ေပးရမည္ ျဖစ္သည္။ ဒုတိယအိ္မ္ေတာ္ကိုေတာ့ သူမရဲ႕သားအရင္ ရႈက်ီရႊမ္းက ေသခ်ာေပါက္ ဆက္ခံရမွာေပါ့။

ရႈက်ီရႊင့္က သူ ႀကီးလာေတာ့ ကူယာ့က သူ႕အေမရင္းမဟုတ္ဘူးဆိုတာ သိရျပီး သူ႕အေမရင္းက ဘယ္ေရာက္ေနမွန္းမသိေပ။ သူ႕အေဖရင္းကလည္း တခ်က္ေတာင္ လွည့္မႀကည့္ပဲ အျပင္မွာ ေပြရႈပ္ေနသည္။ ဒီအျဖစ္ေႀကာင့္ သူက ေက်ာင္းျပီးခ်ိန္ စစ္ထဲ ဝင္သြားဖုိ႕ေတာင္ စဥ္းစားခဲ့ဖူးသည္။ ဒိီအခ်က္က ကူယာ့ကို အေတာ္ေလးစိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့သည္။

ရႈလင္းယြင္က ေတြေဝေနျပီး သူ႕အေပ်ာ္မယားေလး လက္ရွိ ခ်စ္သူ ေပါင္းမိန္လင္းက မ်က္ရည္က်လ်က္ သူမေႀကာင့္ ခုလို ျဖစ္ရသည္ဟု ေျပာကာ ငိုယုိေနသည္။

ရႈက်ီရႊင့္က ဒီစကားေတြကိုႀကားေတာ့ ညည္းတြားလိုက္မိသည္။

"အေဖက ပန္းခ်ီျပခန္းတစ္ခုကို ဖြင့္ဖို႕ အခ်ိ္န္ရွိရင္ ဘာေႀကာင့္ ကိုယ့္သားသမီးေတြကို အခ်ိန္မေပးနုိ္္င္ရတာလဲ။ အေဖ တကိုယ္ေကာင္းဆန္လြန္းသြားျပီ။ ညီမေလးက အခု ျပသနာေပၚေနတဲ့အခ်ိန္မွာ လံုးဝကို ေခါင္းေရွာင္ေနတာက ရက္စက္လြန္းရာမ က်ဘူးလား။ အေဖက အေဖရင္းတစ္ေယာက္ေကာ ဟုတ္ရဲ႕လား။ တနွစ္ပတ္လံုးခရီးေတြသြားျပီး အေမရွာတဲ့ပိုက္ဆံကိုပဲ ေတာင္းျပီးျဖဳန္းေနတယ္။ အေမ ပင္ပင္ပန္းပန္းရွာထားတဲ့ေငြေတြနဲ႕ မယားငယ္ေတြကို ေျမေတာင္ ေျမွာက္ေပးေနတယ္။ အေမက ခုလို လုပ္ေပးရေအာင္ အေဖ့ကို ဘာအေႀကြးမွ တင္ေနတာ မဟုတ္ဘူး။ အေဖသာ အရွက္ရွိရင္ အဖိုးဆီကို ပိုက္ဆံလွမး္ေတာင္းလိုက္ပါလား။ အေမ့ကို မခ်စ္ေတာဘူးဆိုရင္လည္း အရွက္မရွိ အေမ့ပိုက္ဆံကို ထပ္မသံုးနဲ႕ေတာ့"

ရႈလင္းယြင္က ရႈက်ီရႊင့္ကို ပါးလွမ္းရိုက္လိုက္ေပမယ့္ ရႈက်ီရႊင့္က မေႀကာက္သလို မေရွာင္လိုက္ေပ။

ကူယာ့က အခန္းထဲ ေျပးဝင္လာျပီး ရႈလင္းယြင္ကို ပါးရိုက္ကာ ေျပာလိုက္သည္။.

"ရွင္က သူတို႕အေဖမျဖစ္ထိုက္ေတာ့ဘူး။ ေနာင္မွာ ကေလး ေတြနဲ႕ ပတ္သတ္စရာမလိုေတာ့ဘူး။ အခုကစျပီး ဒီကေလး ၃ ေယာက္က ကြ်န္မ ကူယာ့ရဲ႕ကေလးေတြပဲ။ ကြ်န္မ ရွင္သံုးေနတဲ့ ကဒ္ေတြအကုန္ကို တားလိုက္ေတာ့မယ္။ ရွင့္ ခ်စ္သူေတြကို ရွင့္ကိုယ္ပိုင္အစြမ္းအစနဲ႕ပဲ ေထာက္ပံ့ေပေတာ့"

ကူယာ့က သူမသားကို ေခၚကာ ပန္းခ်ီျပခန္းထဲက ထြက္လာေတာ့ ရႈလင္းယြင္က သူတုိ႕ေနာက္ကို လိုက္ခ်င္ေပမယ့္ ေပါင္းမိန္လင္းက ႀကမ္းျပင္ေပၚ ျပိဳလဲက်ကာ မ်က္ရည္က်လ်က္ငိုေႀကြးေနသျဖင့္ ရႈလင္းယြင္က ထုိင္ေခ်ာ့ေနရသည္။

ေပါင္းမိန္လင္းက သူမကို ေရြးခ်ယ္လိုက္သည့္အတြက္ ေပ်ာ္ေနသည္။ သူမက ျပံဳးကာ ရႈလင္းယြင္ကို နွစ္သိမ့္လိုက္သည္။

"ဒီမိန္းမက အရမး္ကို လႊမ္းမိုးခ်င္တဲ့မိန္းမ။ ငါ သူ႕ကို တခါမွ မခ်စ္ခဲ့ဖူးဘူး။ ေရွာင္ရႊင့္က ဒီမိန္းမရဲ႕ စကာကို နားေယာင္သြားမိရံုပါ။ အားလံုး အဲ့မိန္းမရဲ႕ အမွားပဲ။ ဝမ္းမနည္းပါနဲ႔၊ သူႀကီးျပင္းလာေသာအခါ ငါတို႕ဆီကို ျပန္လာပါလိမ့္မယ္ "

"အကိုယြင္ သူမက ရွင့္ကဒ္အကုန္ကို တားလိုက္ေတာ့မယ္ဆုိေတာ့ ရွင္.... ကြ်န္မက ဆင္းရဲတဲ့ မိသားစုက လာလို႕ ဘာမွမျဖစ္ပါဘူး။ ရွင္နဲ႕သာ အတူေနရမယ္ဆိုရင္ ဘာျဖစ္ျဖစ္ ဂရုမစိုက္ဘူး။ ရွင့္ကိုပဲ အခက္မေတြ႕ေစခ်င္ဘူး။ ဒါေႀကာင့္..ရွင္...သူတို႕ဆီ ျပန္သြားတာ ပိုေကာင္းမယ္ထင္တယ္..."

ေပါင္းမိန္လင္းက ရႈလင္းယြင္ကို နာက်င္စြာေပြ႕ဖက္ကာေျပာလိုက္သည္။

"ရွင္နဲ႕ နဲ႔အတူရွိေနတာၾကာၿပီဆိုေတာ့ ကြ်န္မအတြက္ လုံေလာက္ၿပီေလ၊ ကြ်န္မဘဝမွာ ရွင္နဲ႕ ဆံုခဲ့တာ ကြ်န္မအတြက္ အႀကီးမားဆုံးေပ်ာ္႐ႊင္မႈရၿပီးသြားပါျပီ"

ရႈလင္းယြင္ ကသူမကို ခ်စ္ခင္စြာျဖင့္ ေတာင္းပန္ခဲ့သည္ -

" အဓိပၸါယ္မဲ့တဲ့ကို မေျပာနဲ႕... ငါတို႔ဟာ ရွင္ရွင္၊ ေသေသ အတူတူ ဆက္ေနႀကမယ္။ ငါတို႔ ဘ ၀ တစ္ေလွ်ာက္လံုး စံုတြဲတစ္တြဲ အျဖစ္ ေနသြားမယ္လို႕ ကတိေပးခဲ့တယ္ေလ၊ ငါ့ကတ္ေတြကို ပိ္တ္မလို႕တဲ့လား...? သူမ အိပ္မက္မက္ေနတာ ထင္တယ္။ ရႈမိသားစု အႀကီးအကဲေတြရွိေနေသးတယ္ေလ။ ငါ သူတို႕ကို ဖုန္းတခ်က္ ဆက္လိုက္တာနဲ႕ ေအးေဆးပဲ။ ဒါဆို သူတို႕ ကူမိသားစု ဘာမွ မတတ္နို္င္ေတာ့ဘူး။ စိတ္မပူပါနဲ႕ ၊ ငါ့ အေဖကို ဖုန္းဆက္လိုက္မယ္။ "

"အြန္း..အကိုယြင္...ရွင္က အေကာင္းဆုံး၊ အေကာင္းဆုံးပဲ၊ ရွင္နဲ ႔ေတြ႕ဆုံခဲ့တာက ကြ်န္မ ဘဝမွာေတြ႕ႀကဳံခဲ့ရတဲ့ ကံေကာင္းတဲ့ျဖစ္ရပ္ပဲ "

"ငါလည္း အတူူတူပဲ.... "

......********.................










Chapter (77)_ စိတ်ကို ချုပ်တည်းထားရသော ညီငယ်လေး.... (z+u)




စတော်ဘယ်ရီအရသာလား?

ရှုနင်သည်အခြားအရာတစ်ခုကိုအရိပ်အမြွက်ပြနေသည်ဟု ရှုဟိန် သိနေသည်၊ သူသည် သွားတိုက်ဆေးအကြောင်း တကယ်ပြောနေခြင်းမဟုတ်ပေ။ လတ်ဆတ်သောစတော်ဘယ်ရီလို နီမြန်းသော နူတ်ခမ်းပါးလေးက ဆွဲဆောင်နိုင်စွမ်း မြင့်သလို အိထွေးကာ အရသာရှိမယ်ဆိုတာ သေချာသည်။

သူ၏ညီငယ်လေးသည် သူ့မျက်နှာနှင့် အလွန်နီးကပ်လာသဖြင့် သူ၏မျက်တောင်လေးများ တုန်ခါနေပြီး မျက်ဝန်းတွေထဲမှာ ဝေဝါးနေသည့် အလွှာလေးတစ်ခု ဆိုင်းနေကာ သူ့ကို ယူငင်လှည့်ပါဟု ပြောနေသလို ခံစားလိုက်ရပြီး ရှုဟိန်ရဲ့ ရင်ဘတ်များတုန်ခါသောအခါသူ၏မျက်နှာပေါ်တွင်ခံစားမိနိုင်ပြီး ရင်ဘတ်ကြီးထဲက နှလုံးသားက ခုန်ရလွန်းလို့ များကိုရင်ဘတ်အောင့်စေနိုင်သည်။ ရင်ထဲမှာ ယားယံလာသလို ဖြစ်ပြီး နင်နင်ပျော်သရွေ့ သူ့တကိုယ်လုံးကို လုပ်ချင်တာလုပ် ခွင့်ပြုလိုက်ချင်သည်။

ရှုဟိန်ရဲ့ စိတ်နှလုံးက မြင်းအုပ်ကြီး ကဆုန်ပေါက်လာသလို အခုမြန်လာသည်။ စားသောက်ဆိုင်မှာတုန်းက သူ့ညီလေးကို နက်နက်ရှိုင်းရှိုင်းနမ်းနိုင်ဖို့ သူက ဝိုင်တပုလင်းလုံး ကုန်အောင်သောက်ကာ ရဲဆေးတင်လိုက်ရသည်။ အဲ့ဒီအချိန် သူနမ်းတုန်းက နင်နင်က သူ့ကိုကြောက်နေပြီး သူ့ဖြူစင်မှုကို သက်သေပြချင်တာကလွဲပြီး စိတ်ဝင်စားမှု မရှိခဲ့ပေ။ အခုက ဘာကြောင့် သူ့ဘက်က စပြောလာရတာလဲ။ ငါ့ကို သူ စမ်းသပ်နေတာလား ဆိုပြီး ရှုဟိန် သံသယဝင်လာမိသည်။


သူဟာ အခုမှ အသက် ဆယ့်ငါးနှစ်ပဲရှိပါသေးတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်ကို သူ လက်ခံနိုင်ပါ့မလား...

သူသည် သူ့ကိုအလွန်ချစ်မြတ်နိုးပြီး သူ၏နှလုံးသားကို နားလည်သည်ဆိုတာ ရှုနင်သိသည်။ ဒါပေမယ့် ရှုဟိန်က ဘာကြောင့် သူ့ကို နမ်းဖို့ ခါတိုင်းလို တက်ကြွမနေပဲ နှေးနှေးကွေးကွေးကွေးဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။

ဒီတော့ ...... သူ၏နှာခေါင်းထိပ်သည် ကလေးလေး၏နှုတ်ခမ်းများနှင့်နီးကပ် လာချိန်တွင် သူက အိစက်သော နူတ်ခမ်းလေးကို အသာယာ နမ်းလိုက်ပြီး ချက်ချင်း ဖယ်ခွာလိုက်သည်။ မထိသင့်သည့် မကျော်သင့်သည့် စည်းကို သူ လုံးဝ မကျော်လိုက်ပေ။ သူ့ပုံစံက ဟိုတနေ့ အရက်မူးပြီး နမ်းစဉ်ကလို စိတ်အားထက်သန်ခြင်းမရှိပဲ နူတ်ခမ်းလေးကို နမ်းရုံလေးသာ နမ်းလိုက်တာ ဖြစ်သည်။

ဒါပေမယ့် ရှုဟိန်ရဲ့မျက်ဝန်းတွေက တွင်းအောက်ခြေကို မမြင်ရသလို နက်ရှိုင်းလို့နေသည်။ ဒီအောက်ခြေမှာ ချော်ရည်တွေလို ပွက်ပွက်ဆူနေသည့် ချစ်စိတ်တွေ ပြည့်နေသည်ကို ရှုနင် လုံးဝမသိခဲ့ပေ။

"ငါ အနံ့ကိုမရလိုက်ဘူး။ ဒီစတော်ဘယ်ရီနံ့ကို ကြိုက်တယ်ဆိုရင် နောင်လည်း ဆက်သုံးလေ ဘယ်လိုလဲ။ "

အရူးလား။ ငါ့ကို အရူးလို ကစားနေတာလား။

အခုအချိန်မှာ သူ့အစ်ကိုကြီးကြီးကနူးညံ့သိမ်မွေ့တဲ့အတွက် ရှုနင်က သူ ဘာလုပ်သင့်လဲဆိုတာတောင် မသိတော့ဘူး။

ထိုနေ့၏လှပသောမြင်ကွင်းသည်အ လွန်ကောင်းမွန်သောအိပ်မက်တခုသာသည်ဟု ထင်ရသည်၊ သူက အရမ်းကို အရက်မူးနေခဲ့ရသည်။ ထို့အပြင်သူသည်ထိုအချိန်က သူ၏ခေါင်းကို ငုံ့ချလိုက်ပြီး နင်နင်ရဲ့ နူတ်ခမ်းကို မွတ်သိပ်ပြင်းပြသည့် အနမ်းဖြင့် ပိတ်ထားသည့်အပြင် အာခံတွင်းတစ်ခုလုံး လျှာဖြင့် ခြယ်လှယ်နေခဲ့သည်။ ဒါက အကိုကြီး အရက်မူးပြီး လုပ်ခဲ့မိရုံသက်သက်ပဲလား။ သူ့အပြုမူကို ငါ အထင်လွဲခဲ့မိတာလား။ သူ အမူးပြေပြီးနောက် အားလုံးကို မေ့သွားခဲ့ပြီလား။

ကောင်းပြီလေ။ ဒါဆိုလည်း သူ့ ရင်ထဲက ခံစားချက်ကို မြိုသိပ်ပြီး သူတို့က ညီအစ်ကိုကောင်းတွေလိုပဲ ဆက်နေသွားရုံပဲပေါ့.....

ရှုနင်က ရှုဟိန်ရဲ့ပုခုံးကို ခေါင်းတင်ကာ စိတ်ပျက်လက်ပျက်လေး လှဲနေမိသည်။ တကယ်လို့ သူသာ ရှုဟိန်ရဲ့ရင်ဘတ်ကို ခေါင်းတင်ထားလိုက်မယ်ဆိုရင် ခုန်ပေါက်နေတဲ့ နှလုံးခုန်သံတွေကနေ ရှုဟိန်ရဲ့ ခံစားချက်ကို သူ သေချာပေါက်သိသွားနိုင်သည်။ အခုတော့....

ရှုဟိန်သည်ထိုင်လျက် အနေထားကနေ မရွှေ့ဝံ့ပဲ ကလေးလေး အိပ်ပျော်သွားသည်အထိ တိတ်ဆိတ်စွာ စောင့်ပေးနေခဲ့သည်။ ကလေးလေးအိပ်သွားတော့မှ သူ့ရင်ခွင်ထဲမှာ သိုင်းဖက်ကာ အတူအိပ်စက်ခဲ့သည်။

နောက်တစ်နေ့မနက်တွင် ရှုဟိန် သည်နံနက်စာစားပြီး M တိုင်းပြည်သို့ထွက်ခွာ သွားခဲ့သည်။

ရှုနင်လည်း ပုံမှန်အတိုင်းပဲ သူ့အကိုကြီးကို မတားပဲ ကြည့်နေခဲ့သည်။ ရှုချိန်နှင့်ရှုကောင်းက နင်နင်ရဲ့မျက်နှာပေါ်က အပြုံးလေးပေါ်လာတော့မှ စိတ်သက်သာရာရသွားခဲ့သည်။ ရှုနင်က သူ့ဦးလေးဆီ ပြန်သွားပြီး ၅ ရက်လောက် အတူနေခဲ့ပြီး မြို့တော်ကို ပြန်လာခဲ့သည်။ လေယာဉ်ကြီးက ကြီးလွန်းကာ လူတွေက ယောက်ယတ်ခတ်အောင် ဟိုသည် သွားလာနေသည်။ ဆောင်းရာသီကျောင်းပိတ်ရက်ပြီးတော့ ပုံမှန်အတိုင်း ရှုနင်က ကျောင်းဆက်တက်ခဲ့သည်။ ဟော်ရန်က ဟော်ယွီ အရိုက်ခံလိုက်ရသည့်နောက်ပိုင်း ရှုနင်ကို တခါမှ မဆက်သွယ်တော့ပေ။ အပြင်ပိုင်းမှာ ညီအကိုတွေလို ဆက်ဆံနေပေမယ့် သူ့အကိုရင်းကို ထိတော့ သူလည်း မခံနိုင်တော့ပေ။ ဟော်ယွီက ရှုနင်ကို အရမ်းမုန်းနေမည်ကို ဟော်ရန်သိသည်။ နောက်ဆုံးတော့ မိသားစုလောက် ဘယ် သူငယ်ချင်းမှ ပိုမကောင်းပေ....

စာသင်ချိန်အသစ်စတင်ခါစ၌ကျောင်းတကျောင်းလုံး အလွန်အားရကျေနပ်စရာကောင်းနေသည်။ မျက်နှာအသစ်များလည်း ကျောင်းထဲမှာ အများကြီးတွေ့ရသည်။ ရှုနင်က အင်တာနက်ကဖေး စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပြီးဖြစ်သည်။ သူသည် ထိုလုပ်ငန်းကို ကြိးကြပ်ရန် အကြိမ်များစွာသွားခဲ့ရသည်၊ အဆောက်အဦး၏ ပထမနှင့်ဒုတိယထပ်ကို သာမာန်ပတ်ဝန်းကျင်တွင် ရှိတတ်သည့် သာမန်အင်တာနက်ကဖေးများ အဖြစ် တည်ဆောက်ခဲ့သည်။ အဲဒီမှာ ဆေးလိပ်သောက်တဲ့နေရာတွေ၊ ရေခဲမုန့်ရောင်းတဲ့နေရာတွေရှိနေသည်။ ဒါကြောင့် အမျိုးသမီးတက္ကသိုလ်ကျောင်းသူတွေကြားမှာလည်း ဒီ အင်တာနက်ကဖေးက ရေပန်းစားလာသည်။ အဲဒီမှာ အလှအပလေးတွေအများကြီးရှိလို့ သဘာဝကျကျပဲ ယောက်ျားလေးတွေအများကြီးလည်း ရောက်လာကြသည်။

တတိယထပ်တွင် ဈေးနှုန်းမြင့်သော VIP အခန်းများဖြစ်သည်။သူတို့မူလ စီစဉ်ထားသော အဆောက်အဦးဘေးက လျှောက်လမ်း မပြီးစီးသေးပေမယ့် ဖန်ချန်း သည်အလွန်ကြီးမားသော အလုပ်ကို အောင်မြင်အောင် လုပ်ကိုင်နေပြီးပြီ ဖြစ်သည်။ ဒီအဆောက်အဦးက သူ့အတွက် ကြီးမားသော လုပ်ငန်းကို ဦးဆောင်ကာ ပထမဆုံး အကောင်အထည်ဖော်ရတာဖြစ်ပြီး ရှုနင်ရဲ့လိုအပ်ချက်၊ တောင်းဆိုချက်တွေက အရမ်းမြင့်မားတဲ့အတွက် အရည်အသွေးနှင့်အရေအတွက်ကို ထိန်းသိမ်းရန်လိုအပ်သည်၊ စတိုးဆိုင်အားလုံးတွင် မှန်တံခါးချပ်ကြီးများ တပ်ဆင်ထားပြီး၊ ကျောက်ပြားခင်းထားသည့် အရှေ့လမ်းများသည်လည်း အလွန်လှပသည်၊ ဟာလာဟင်းလင်း အပေါ်ထပ် ခေါင်မိုးများပေါ်ကနေ ဧည့်သည်တွေက ပတ်ဝန်းကျင်အလှကို မိုးရာသီတွင်ပင်ကြည့်ရှုနိုင်သည်။

ရလဒ်အနေနှင့်ကုန်ကျစရိတ်သည်လည်းမြင့်မားခဲ့သည်။ ရှုနင် သည်သူ ၏အစ်ကိုထံမှ သူ၏ငွေအားလုံးနှင့် သူ့အားပေးသောငွေအားလုံးကို ရင်းနှီးမြှပ်နှံထားပြီးဖြစ်သည်။ အနာဂတ်အတွက် နည်းပညာနှင့် စားသုံးသူတွေရဲ့ အကြိုက်က မည်သည့်လမ်းကြောင်းသို့သွားမည်ကို ကြိုတင်သိခြင်း၏အကျိုးကျေးဇူးကြောင့် သူသည် မည်သည့်ငွေကြေးဆုံးရှုံးမှုကိုမျှ မကြောက်ပဲ ရဲရင့်စွာ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်သည်။

နွေရာသီ ပန်းတွေပွင့်သည့်အချိန်တွင် ဖန်ချင်းသည် ရှုနင်ကို စားသောက်ဆိုင်တစ်ခုတွင်တွေ့ဆုံရန်ဖိတ်ခေါ်ခဲ့သည်။ လုပ်ငန်းအကြောင်းကို ဆွေးနွေးကြစဉ် အတူ ပျော်ရွင်စွာ စားသောက်နေကြသည်၊ ထို့နောက်စီမံကိန်းတစ်ခုက မကြာခင် အကောင်ထည်ဖော်ခဲ့ကြသည်။

ရှုနင် က သူ့မှာကိုယ်ပိုင်ရုံးခန်းရှိကတည်းက ပါရမီရှင်တွေကို ရဖို့ ဖန်ချင်းကို ပြောခဲ့သည်။ ဖန်ချင်းက ရှုနင်ကို အရမ်းလေးစားနေခဲ့သည်။

ရှုနင်ကိုဖျော်ရည်တစ်ခွက် ဌဲ့ပေးကာ ကမ်းပေးလိုက်သည်။ အသက် ၁၅ နှစ်အရွယ်ကောင်လေးဟာ စိတ်အေးအေးရှိကာ ပြောဆိုနေပုံက ပိုပြီးဆွဲဆောင်မှုရှိနေပြီး ပန်းချီကားထဲက ခုန်ထွက်လာတဲ့ မင်းသားလေးလို ကျက်သရေနှင့်ပြည့်စုံလို့ နေသည်။ သူက မောက်မာသည့် သခင်လေးတွေရဲ့အရိပ်အယောင်လုံးဝမတွေ့ရပဲ စင်ကြယ်လှသည့် သတ္တုလေးလိုဖြင့် အပြုံးက ဖြူစင်လွန်းလှသည်။ ဒါကြောင့် ဖန်ချင်းက ရှုနင်ကို လေးစားအထင်ကြီးခဲ့တာဖြစ်သည်။

ဖန်ချင်း ၏ ကြိုးစားမှုကြောင့် သူ့လုပ်ငန်း တန်ဖိုးမြင့်မားစွာမြင့်တက်လာခဲ့သည့်အတွက် ရှုနင်က နောက်စီမံကိန်းပြီးဆုံးပြီးနောက် သူသည်မြို့တော်တွင်အိမ်တစ်လုံးဝယ်ပြီး ဖန်ချင်း၏ဇနီး၊ ကလေးများ၊ မိဘများနှင့်ယောက္ခမများကိုသူနှင့်အတူနေရန် ခေါ်ဆောင်ပေးသွားမည်ဟု ကတိပေးခဲ့သည်။ ဒါဆိုရင် ဖန်ချင်းက နယ်မှာကျန်ခဲ့သည့် မိသားစုကို စိတ်ပူရတာမျိုးမရှိတော့ပဲ သူ့အလုပ်ကိုပိုပြီး အာရုံစိုက်ပေးနိုင်လိမ့်မည်။

ဖန်ချင်းသည် သူ၏တောက်ပသောအနာဂတ်ကိုစဉ်းစားရင်း ရှုနင်အတွက် အခွံမာသည့် ဂဏာန်းကို ချိုးဖဲ့ပေးကာ အသားထွင်ပေးပြီး ထည့်ပေးရင်း လေးစားစွာ ပြောလိုက်သည်။

" ဂဏာန်းအသားတွေကို စားပါဦး!"

ရှုနင်က ဂဏာန်းကို လုံးဝ မထိထားတာက အခွံကို သူ မဖဲ့နိုင်သောကြောင့်ဖြစ်သည်။ ဖန်ချင်းက အားသန်သောကြောင့် အခွံ့ကို အလွယ်တကူဖဲ့ကာ အထဲက အသားတွေကို ထွင်ပေးလိုက်သည်။

ဖန်ချင်း ကအရမ်းပျော်နေပြီး ရှုနင်အတွက် ပုစွန်အကောင်ကြီး အနည်းငယ်ကို မှာယူပေးခဲ့သည်။

ရှုနင်က ထိုအသားတွေကို တချက်ငေးကြည့်နေရင်း သူ့အကိုကြီးက သူများက ပါးစပ်ထဲ ခွံ့ပေးသည့် ဟင်းကို မစားရဘူးလို့ ထားမြစ်ထားတာကို သတိရလိုက်သည်။ ပန်းကန်ထဲ ထည့်ပေးသည်ကို ယူစားတာ ဘာမှမဖြစ်လောက်ပါဘူးနော်။

အကိုကြီးနဲ့ သူ ကွဲကွာနေတာ 3 လရှိခဲ့လေပြီ။ အကိုကြီးက သူ့ကို ဖုန်းဆက်ပေမယ့် သူက သိပ်မပြောပေ။ တခါတရံအိပ်ပျော်ချင်ယောင်ဆောင်ပြီး ဖုန်းမကိုင်ပေ။ ဒီလိုလုပ်တာ ရိုင်းတယ်ဆိုပေမယ့် မဖြစ်နိုင်သည့်နောက် သူ့ရင်ထဲ့မှာ စွဲနေသည့် အကိုကြီးရဲ့မျက်နှာနှင့် အပြုံးကို မေ့သွားတာ ပိုကောင်းမည်ထင်သည်။ ဒါပေမယ.့် သူ ဒီလိုလုပ်လေလေ အကိုကြီး မျက်နှာကို မမေ့နိုင်သည့်အပြင် အခြေအနေက သူ ထင်ထားတာထက်ပိုဆိုးလာတယ်။ သူ့အကိုကြီးအကြောင်း စဉ်းစားတာကို လုံးဝ မရပ်နိုင်သည့်အပြင် ညညဆိုရင် ဆေးမသောက်ပဲ အိပ်မပျော်တော့ပေ။ ဒါကြောင့် နောက်တနေ့မှာ သူက နှုန်းနေပြီး ဘာမှ မလုပ်နိုင်တော့ပေ။ နောက်ဆုံး သူက အပြေးလေ့ကျင့်ကာ မောဟိုက်ပြီး အိပ်ပျော်အောင် လုပ်ခဲ့၇တော့သည်။

ညစာစားပြီးနောက် ဖန်ချင်းသည် ရှုနင်နေသည့် အိမ်သို့ ကားဖြင့် မောင်းပို့ပေးခဲ့သည်။ ရှုနင် အိမ်ပြန်ရောက်တော့ 9 နာရီထိုးနေပြီ။ သူ့အဖေဆီက ဖုန်းဝင်လာလို့ ခဏစကားပြောနေကြသည်။ ဖုန်းချလိုက်စဉ် နောက်ထပ် ဖုန်းတကော ဝင်လာပြန်သည်။

ဒါက ရှုဟိန်ဆီက ဖုန်းပဲ။ သူက နေ့တိုင်း တရက်မှ မပျက်ကွက်ပဲ ဖုန်းဆက်ခဲ့သည်။

ဒီလို ဂရုစိုက်တတ်တဲ့လူကို သူ့ချစ်သူအဖြစ်ရနိုင်မလား...

ဟင့်အင်း...မဖြစ်နိုင်ဘူး။ ဒီအကြောင်းကိုသာ သိသွားရင် နှလုံးရောဂါရှိတဲ့ အဖိုးက စောစော အသက်ထွက်သွားလိမ့်မယ်။ အရင်ဘဝတုန်းက အဖိုးက အကြောင်းရင်းမည်မည်ရရမရှိ၊ နှလုံးရောဂါ အခြေနေမဆိုးပဲ အိပ်နေရင်း ကွယ်လွန်သွားခဲ့သည်။ အဖိုးက သူ့ကျန်းမာရေးကို ဂရုစိုက်ပြီးအစားအသောက်ကိုလည်းဆင်ခြင်သည်။ မသိရင် သူ့ကို နှလုံးရောဂါရှိသည်ဟုပင် အိမ်က လူတွေမေ့ကုန်သည်အထိ ကျန်းမာပုံပြပေမယ့် ရုတ်တရက် အိပ်နေရင်းကွယ်လွန်သွားသည့်ဖြစ်ရပ်ကြောင့် ရှုနင်က အဖိုးကို ဒီတစ်ခါ အိမ်ပြန်သွားရင် လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ တိုက်တွန်းရမည်ဟု တေးထားလိုက်သည်။

ရှုယောင်းနဲ့ပတ်သတ်ပြီး ရှုနင်က မမေးသလို အဖိုးနဲ့ အဖေက မပြောပေ။ ရှုဟိန်ရဲ့မွေးနေ့က မတ်လ 17 ဖြစ်ပြီး ရှုနင်ရဲ့ မွေးနေ့က မတ်လ 9 ရက်နေ့ဖြစ်သည်။ ရှုနင်ရဲ့မွေးနေ့ကို ရှုအိမ်ကို ပထမဆုံးရောက်လာသည့်အချိန်က သူ့အဖေက ကိုယ်တိုင်မွေးနေ့ကိတ် ဖုတ်ပေးခဲ့သည်။ ဒုတိယနှစ်တွင် ရှုဟိန်က နိုင်ငံမှထွက်ခွာသွားပြီဖြစ်သည်။ ရှုနင်က မြို့တော်၌ပညာသင်ကြားခြင်းနှင့် အလုပ်ရှုပ်နေပြီးပြန်လာရ န်ဆန္ဒမရှိခြင်းကြောင့် မွေးနေ့ပွဲနှင့် ထပ်မံလွဲချော်ခဲ့သည်။ တတိယအကြိမ်လည်း အတူတူပဲ၊ ဘယ်သူမှ မွေးနေ့ပွဲကို မကျင်းပနိုင်ခဲ့ကြဘူး၊ သခင်လေး အကြီး ၂ ယောက်က မွေးနေ့ပွဲကို မကျင်းပသည့်အတွက် ဘာဝကျကျပဲ ရှုယောင်းက မွေးနေ့ပွဲကို တခါမှ မကျင်းပရပေ။ အဖေနဲ့အဖိုးက ဒီအစဉ်လာကို ထိန်းသိမ်းပေးခဲ့သည်။ တကယ်လို့ သူတို့ ပွဲကျင်းပပေးနေစဉ် ရှုနင်ပြန်လာချိန်နဲ့တိုးရင် ဘယ်လိုလုပ်မလဲ။ နင်နင် စိတ်မချမ်းသာအောင်လည်း သူတို့ မလုပ်ရက်ကြပေ။

လူတိုင်းက အကြီးတွေရဲ့ဆန္ဒကိုလေးစားရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အသက်ကြီးသူတွေဟာ ပညာရှိတဲ့သူဖြစ်တယ်။ သူ့ကိုယ်ပိုင်ညီလေးတောင်မှပဲ သင့်တော်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်။ ရှုနင်က ဧည့်သည်များကို ဖိတ်ကာ မွေးနေ့ကို တခါမှ မကျင်းပရင် ရှုယောင်းလည်း ကျင်းပခွင့်မရှိပေ။

ရှုကောင်း ၏မွေးနေ့ကိုပင် အိမ်တွင်စားသောက်ပွဲတစ်ခုကျင်းပကာ အောင်ပွဲခံရုံပဲ လုပ်ခဲ့သည်။ ရှုချိန်က သူ့အဖေနဲ့အတူ အရက်အချို့ကိုသောက်သုံးပေးနေသည်။ ရှုနင် ကို သူ့ဘေးတွင်ထားကာ ရှုကောင်းက ကျေနပ်နေသည်။ o (╯□╰) o

ဟော်ယွီ သည် တရုတ်နိုင်ငံမှ ထွက်ခွာခဲ့ရသည်။ ရှုကျီရွှမ်းသည် ထို အဖြစ်အပျက်နောက်ပိုင်းမှာ ပေါ်ထွက်လာခြင်း မရှိသေးပေ။ ရှုကျီဟွေ့သည်မျက်ရည်များနှင့်ပြည့်နှက်နေပြီး ရှုနင်ကို ဆက်တိုက်လာရှာပြီး ဟော်ရန်က သူမကို မလိုချင်တော့ဘူးဟု ပြောခဲ့ကြောင်းကို ပြောပြကာ သူမအတွက် ကူပြောပေးရန် အကူညီတောင်းခံချင်နေသည်။

ဒါပေမယ့် ရှုနင်ကသူမကို အသိမှတ်ပြုမယ်တဲ့လား။ သူမ သွားတိုင်း ရှုနင်ဘေးကို မကပ်ရသေးခင် ကိုယ်ရံတော်တွေရဲ့ တားဆီးဖယ်ရှားခြင်းကိုပဲ ခံခဲ့ရသည်။ အကျိုးလိုလို့ ပေါင်းသင်းခဲ့သည့် သူမရဲ့သူငယ်ချင်းတွေက အခု ရှာလို့ပင် မရတော့ပေ။

အခု ရှုကျီဟွေ့ ကအရမ်းစိတ်ဆင်းရဲ နေခဲ့ရတယ်။ သူမ အရင်က ဟော်ရန်ကို မလိုချင်တဲ့အချိန်မှာ သူမ ဟာအတော်လေးပျော်ခဲ့ရတယ်။ ဟော်မိသားစုကအကောင်းဆုံးအခြေအနေမှာ မရှိတော့ပေမယ့် ရှုကျီဟွေ့ကို ခေါင်းကိုက်အောင် လုပ်နိုင်သေးသည်။ ဟော်မိသားစု တစ်စုလုံးက အမုန်းတရားများကို သူမခေါင်းပေါ် ဖောက်ခွဲပစ်ကာ နေစရာမရှိအောင် သူမကို ပြောဆိုခဲ့ကြသည်။ အပြင်လောကတွင် ဟော်ရန်က ရှုကျီဟွေ့ကို ကစားပြီး စွန့်ပစ်ကာ အခြားမိန်းကလေးများနှင့် တွဲနေသည်ဟု သတင်းထွက်နေသည်။

ဟော်မိသားစုသည်အ ခက်အခဲများစွာနှင့်ပြည့်နှက်နေပြီး၊ သူတို့သည်အတော်အတန် များပြားလှသော ငွေပမာဏကို ဆုံးရှုံးခဲ့ရသောကြောင့် ရှု မိသားစု၏ဒုတိယအိမ်ကို မှားယွင်းစွာ စော်ကားတိုက်ခိုက်ရန်မလိုလားခဲ့ကြသော်လည်း သူတို့သားနဲ့ ရှုကျီဟွေ့တို့ ကွဲသွားတာ အကောင်းဆုံးဖြစ်လိမ့်မည်။ သိပ်မကြာခင်မှာပဲ မြို့တော်က စီးပွားရေးလောကထဲမှာ လေပြင်းမုန်တိုင်းထန်လာတော့မည့် အရိပ်တွေ ပေါ်လာသည်။

ဟော်မိသားစု၏အကြီးဆုံးသားသည် ဝမ်မိသားစု၏သမီးအကြီးဆုံးနှင့် လက်ထပ်တော့မည် ဖြစ်သည်။ သူမသည် ကျပ်မပြည့်သည့် အရူးဖြစ်သော်လည်း လှပသော ရုပ်ဆင်း အသွင်အပြင်နှင့် အပြစ်ကင်းစင်မှုရှိသည်။ ဒါ့အပြင် သူမထံတွင် သူမကို အရိပ်တကြည့်ကြည့် ချစ်ကာ အလိုလိုက်သည့် အကိုများရှိသည်။

ယခု ဟော်မိသားစုတွင်ကျောထောက်နောက်ခံပြုစရာ အင်အား အသစ်တစ်ခုရှိလာသည်။ သူတို့၏ ယခင်က ကျောထောက်နောက်ခံထက် ပို၍ အံ့သြဖွယ်ကောင်းပြီး ပိုမိုအင်အားကြီးမားသည့် ဝမ်အိမ်တော်၏ အကူညီကိုသာ ရလျှင် ဟော်မိသားစုက တဖန် ဦးမော့လာနိုင်သည်။ ဝမ်မိသားစုသည် ရှည်လျားသောသမိုင်းကြောင်းရှိခဲ့ပြီး မြို့တော်တွင် နက်နက်ရှိုင်းရှိုင် းအမြစ်တွယ်ခဲ့ကြပြီး အဓိကမိသားစုများထဲမှ တစ်ခု အဖြစ်အသိအမှတ်ပြုခံခဲ့ရသည်။

ရှုမျိုးနွယ်၏ ဒုတိယ အိမ်တော်မှ အိမ်သူအိမ်သားများသည် ယခုမှ နောင်တရပြီး အဓိကမိသားစုကို ရှာရန်သွားနေကြသည်။ ရှုချိန်က ကူယာ့ကိုလုံးဝဂရုမစိုက်ပေ။ ကူယာ့က သူမ အလုပ်ကို ကောင်းကောင်းမလုပ်ခဲ့ပေ။ သူမ မေ့လျော့ထားခဲ့သည့် အမည်ခံ ခင်ပွန်းကို လိုက်ရှာပြီး အဓိက အိမ်တော်က အကိုဝမ်းကွဲကို လိုက်ပြီး အကူညီတောင်းပေးဖို့ ပြောလိုက်သည်။ ဘာပဲပြောပြော ရှုကျီဟွေ့က ရှုလင်းယွင်ရဲ့ သမီးပဲ မဟုတ်လား။

ရှုလင်းယွင် သည်သေခြင်းနှင့်ရင်ဆိုင်ရမယ်ဆိုရင်တောင် ကူယာ့ရဲ့ မျှော်လင့်ချက်များ အတိုင်း လုပ်မပေးချင်ပေ။

"ဒါ ရှင့်ရဲ့သမီးပဲ"

ရှုလင်းယွင်သည် သူ၏ ချောမောလှပသော မျက်နှာကို အေးဆေးစွာထားကာ တိတ်ဆိတ်နေသည်။ သူနှင့် မလှမ်းမကမ်းတွင် သူ့ချစ်သူ မိန်းကလေးက အေးအေးဆေးဆေးအနားယူနေသည်။ သူမက အဖြူရောင်ရှပ်အင်္ကျီ တစ်ထည်တည်းကိုသာ ဝတ်ထားသည်။ သူမက အသက် ၄၀ ကျော်ရှိပြီဖြစ်သော်လည်း သူမသည်အ မျိုးသမီးငယ်တစ် ဦး နှင့်တူသည် သူမမျက်နှာသည်ဖြူဖွေးကာ နုဖတ်နေပြီး ဘာအရေးကြောင်းကိုမှ မတွေ့ရပေ။ ဒီနေရာနားမှာ ရန်ပွဲတစ်ခု စတင်ခဲ့ရင်တောင်သူ မစိတ်အနှောင့်အယှက်မဖြစ်သည့်ပုံပဲ။

"ရှင့်ကို ကျွန်မ ဘယ်တုန်းကမှ အကူညီမတောင်းခဲ့ဘူး။ အခု ရှင့်သမီးကိုတောင် ရှင် ကူညီဖို့တွန့်ဆုတ်နေတာလား "

"ကူကူ.... ဒါက မင်းကို ငါ မကူညီချင်တာ မဟုတ်ပါဘူး၊ ဒါပေမယ့ ်မင်း ဒီမှာ ငါ ဘယ်လိုလုပ်နေတယ်ဆိုတာ မင်းသိမှာပါ။ တကယ်လို့ ငါ့မျက်နှာပြလိုက်မှ အခြေနေတွေ ပိုဆိုးကုန်ရင် ဘယ်လိုလုပ်မလဲ"

"ရှင့်မျက်နှာကို ပြလိုက်ရုံနဲ့ ရှင်က အသတ်ခံရမှာမို့လား။ ရှင်က ရှင့်ရဲ့ သာယာနေတဲ့ဘဝလေးကို စွန့်ရမှာကြောက် နေတာမဟုတ်လား။ ရှင့်အကိုက ရှင့်ကို ဘာလုပ်နေသလဲဆိုတာ စဉ်းစားမယ်ထင်လား။ ရှင်က ဖုန်းလေးတစ်ချက် ဆက်လိုက်တာနဲ့ရှင့်အကို စိတ်ပြောင်းပြီး ကျီဟွေ့ကို ကူညီပေးဖို့ စိတ်ပြောင်းမလာနိုင်ဘူူးလား...."

"ကူယာ့.... ငါ့ကို အတင်းတွန်းအားမပေးပါနဲ့.. "

"ဘာ... ကျွန်မက ရှင့်ကို တွန်းအားပေးတယ် ဟုတ်လား။ ရှုချိန်က မျက်နှာသွားပြလိုက်ရင် ဟော်မိသားစုက ကျီဟွေ့ကို ပစ်ပစ်ခါခါလုပ်မှာမဟုတ်ဘူး။ ကျွန်မတို့ သမီးလေးက ငယ်သေးတယ်။ သူမက အထက်တန်းတောင် မပြီးသေးဘူး။ သူမ အနာဂါတ်က ဒီအဖြစ်ပျက်ကြောင့် အခက်ခဲ အများကြီးဖြစ်နိုင်တယ်။ တကယ်တော့ ဟော်ရန်က သူမကို ပြောလိုက်ပြီးသား.... ရှင်က သမိးလေးရဲ့အဖေပဲ... သူမအတွက် ဖုန်းလေးတကောလ်တောင် မဆက်ပေးနိုင်ဘူးလား.... "

" ငါ သူ့ကို နောက်ဆုံးအကြိမ် တောင်းပန်ပြီးပြီ၊ အခုတော့ ...... "

ဒီလူကဘယ်လောက် ပြောရခက်နေသလဲဆိုတာ ကြည့်ပြီးတော့ ကူယာ့က ပြုံးကာ ပြောလိုက်သည်။

- "ရှုလင်းယွင်.... ရှင်က ရှင့်အကိုအပေါ်ကို အကြွေးတင်မှာကိုကြောက်နေတယ်လား။ ကျွန်မ အရင်က မျက်စိကန်းလို့ ရှင့်ကို လက်ထပ်ခဲ့မိတယ်။ အခု ကျွန်မ မသေခင်မှာ မကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ရှင့်လို လူအတွက် ရှင်ချစ်တဲ့ လူနဲ့ တရားဝင် လက်ထပ်လို့မရအောင် ကျွန်မ သေတဲ့အထိ မုဆိုးဘဝနဲ့နေရုံပဲရှိတော့တယ်။"

ကွာရှင်းမယ်? ပန်းချီဆွဲခံနေသည့်အမျိုးသမီးသည် ခဏတာ အံ့အားသင့်သွားပြီး အမူယာ ပျက်သွားသည်။ သို့သော်သူမစိတ်ထဲထင်ထားသည့်အတိုင်း သူမမျက်နှာပြင်ပေါ်၌ တည်ငြိမ်မှု မရှိနိုင်တော့ပေ။

ရှုလင်းယွင်သည် ဒေါသတကြီးဖြင့် လက်ကိုတင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

"ထွက်သွား.. မိန်းမ တစ်ယောက်ကို ငါ မရိုက်ချင်ဘူး"

ကူယာ့က သူ့ကိုပြောင်လှောင်နေေသော်လည်း သူမထွက်ခွာသွားသောအခါ သူမမျက်လုံးတွေ နီလာသည်။ သို့သော် သူမမျက်ရည်များကျမိခြင်း မရှိဘဲ စိတ်ကို တင်းထားလိုက်သည်။ သူမတံခါးပေါက်သို့ ရောက်သောအခါ သူမ ခဏတာ ရပ်တန့်လိုက်သည်။

ရှုကျီရွှင့်သည်နာခံမှုရှိစွာရပ်နေသည်။ သူ့ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး ရှုလင်းယွင်  ကဲ့သို့ပင် အရပ်ပိုမြင့်ကာပိုချောမောခဲ့သည်။ ကူယာ့က သူ့ကိုအပြင်မှာစောင့်ခိုင်းခဲ့တာဖြစ်သည်။ ဘာလို့လဲဆိုတော့ သူမက ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းနဲ့အတူ ဆွေးနွေးချင်နေသည်။ အမေရင်းကိုယ်တိုင် သမီးဖြစ်သူ အကြောင်းကို အဖေရင်းဖြစ်သူနှင့် ဆွေးနွေးကာ သူ့ကို စဉ်းစားဖို့ အချိန်တခုပေးချင်သည်။ ဒီလိုဆုံးဖြတ်လိုက်တာ ကံကောင်းသွားသည်။ မဟုတ်ရင် သူ့သားလေး စိတ်မကောင်းဖြစ်ရလိမ့်မည်။

"မင်းကို အမေ ကားထဲမှာ စောင့်နေမယ်။ အထဲဝင်ပြီး သား အဖေကို တချက်သွားတွေ့လိုက်ဥိး "

"အမေ၊ အမေ အဆင်ပြေရဲ့လား?"

ကူယာ့က ခါးသီးစွာပြုံးလိုက်ပေမယ့် မိသားစုကြီးထဲမှာ ကြီးလာသူပီပီ သူမ ခံစားချက်ကို မြိုသိပ်ကာ ပြုံးပြီးပြောလိုက်သည်။

"အမေ... ဘာမှ မဖြစ်ဘူး။ အမေ မင်းကို ကားထဲကနေ စောင့်နေမယ်။ အချိန် ဘယ်လောက်ကြာကြာ ဘာမှ မဖြစ်ဘူး.. သွား..သွား... "

အတွင်းက လူနှစ်ယောက်က သူတို့ထွက်သွားပြီလို့ထင်ပြီး စကားပြောနေကြသည်။ ရှုလင်းယွင်က သူ့အမြှောင်မယားလေးကို နှစ်သိမ့်သည့် ကယုကယင်စကားများက အပြင်ကပင် အတိုင်းသားကြားနေရသည်။

"ငါက သွေးအေးတာလား။ ဆင်ခြင်တုံတရားမရှိတာလား။ ငါ့ကို အတင်း ဖိအားပေးလက်ထပ် ခိုင်းခဲ့ပြီး အခုတော့ ကွာရှင်းတာညကို ရွေးချယ်တာ အကောင်းဆုံးနည်းလမ်းပဲ မဟုတ်လား..."

ရှုလင်းယွင်က သူ့ ချစ်သူလေးကို ထိုင်ခိုင်းပြီး နှစ်သိမ့်စကားဆိုနေသည်ကို ကြားတော့ ကူယာ့က သူမသားသာ အနားမှာ မရှိရင် ပြေးဝင်သွားပြီး အထဲက နှစ်ယောက်ကို သူမ အကြောင်းသိအောင် ဆွဲလုပ်လိုက်ချင်သည်။

ဒါပေမယ့် သူမရဲ့သား ရှုကျီရွှင့်က အထဲကို တန်းတန်းမတ်မတ်ဝင်သွားလေပြီ။ ကူယာ့က ရှက်စရာစကားတွေကို ဆက်မကြားချင်လို့ ရှောင်ထွက်ဖို့ပြင်ပေးမယ့် ရှုကျီရွှင့်က ရှုလင်းယွင်နဲ့ ရန်ဖြစ်မည်ဟု မထင်ထားမိပေ။


ကူယာ့ သည်အလွန်အံ့အားသင့်သွားပြီး ချက်ချင်းပင်တံခါးဘက်သို့မြန်မြန်ဆန်ဆန်ခြေလှမ်း အနည်းငယ်လှမ်းလိုက်ကာ ဝင်သွားတော့ သူမ အလွန်အံ့အားသင့်သွားသည်။

ရှုကျီရွှင့်ကို ကူယာ့က ကြီးပြင်းအောင် ပျိုးထောင်လာရတာ ဖြစ်သည်။ ရှုလင်းယွင်ရဲ့ချစ်သူက ရှုကျီရွှင့်ကို မွေးပြိးပြီးချင်း ဆေးရုံပေါ်မှာ ပစ်ထားခဲ့ပြီး ကူယာ့မှ မလွဲသာပဲ ကလေးကို ကျွေးမွေးပျိုးထောင်ခဲ့ရသောကြောင့် မိသားစုထဲမှာ ဟာသ ဖြစ်လို့နေသည်။ ဘာဖြစ်ဖြစ် ဒီကလေးက သူမ ယောကျာ်းရဲ့သွေးသားဖြစ်လို့ သူမပဲ ကြည့်ရှုပေးခဲ့သည်။ ဒီကလေးကို သူမ သားသမီးအရင်းလို အလိုမလိုက်ပေမယ့် သခင်လေးတစ်ယောက် ရှိသင့်ရှိထိုက်သည့် ပညာကို သင်ကြားပေးခဲ့သည်။ နောင်တချိန်မှာ ရှုကျီရွှင့်က ရှုဒုတိယ အိမ်တော်ခွဲအတွက် အလုပ်လုပ်ပေးရမည် ဖြစ်သည်။ ဒုတိယအိမ်တော်ကိုတော့ သူမရဲ့သားအရင် ရှုကျီရွှမ်းက သေချာပေါက် ဆက်ခံရမှာပေါ့။

ရှုကျီရွှင့်က သူ ကြီးလာတော့ ကူယာ့က သူ့အမေရင်းမဟုတ်ဘူးဆိုတာ သိရပြီး သူ့အမေရင်းက ဘယ်ရောက်နေမှန်းမသိပေ။ သူ့အဖေရင်းကလည်း တချက်တောင် လှည့်မကြည့်ပဲ အပြင်မှာ ပွေရှုပ်နေသည်။ ဒီအဖြစ်ကြောင့် သူက ကျောင်းပြီးချိန် စစ်ထဲ ဝင်သွားဖို့တောင် စဉ်းစားခဲ့ဖူးသည်။ ဒီအချက်က ကူယာ့ကို အတော်လေးစိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ရှုလင်းယွင်က တွေဝေနေပြီး သူ့အပျော်မယားလေး လက်ရှိ ချစ်သူ ပေါင်းမိန်လင်းက မျက်ရည်ကျလျက် သူမကြောင့် ခုလို ဖြစ်ရသည်ဟု ပြောကာ ငိုယိုနေသည်။

ရှုကျီရွှင့်က ဒီစကားတွေကိုကြားတော့ ညည်းတွားလိုက်မိသည်။

"အဖေက ပန်းချီပြခန်းတစ်ခုကို ဖွင့်ဖို့ အချိန်ရှိရင် ဘာကြောင့် ကိုယ့်သားသမီးတွေကို အချိန်မပေးနို်င်ရတာလဲ။ အဖေ တကိုယ်ကောင်းဆန်လွန်းသွားပြီ။ ညီမလေးက အခု ပြသနာပေါ်နေတဲ့အချိန်မှာ လုံးဝကို ခေါင်းရှောင်နေတာက ရက်စက်လွန်းရာမ ကျဘူးလား။ အဖေက အဖေရင်းတစ်ယောက်ကော ဟုတ်ရဲ့လား။ တနှစ်ပတ်လုံးခရီးတွေသွားပြီး အမေရှာတဲ့ပိုက်ဆံကိုပဲ တောင်းပြီးဖြုန်းနေတယ်။ အမေ ပင်ပင်ပန်းပန်းရှာထားတဲ့ငွေတွေနဲ့ မယားငယ်တွေကို မြေတောင် မြှောက်ပေးနေတယ်။ အမေက ခုလို လုပ်ပေးရအောင် အဖေ့ကို ဘာအကြွေးမှ တင်နေတာ မဟုတ်ဘူး။ အဖေသာ အရှက်ရှိရင် အဖိုးဆီကို ပိုက်ဆံလှမ်းတောင်းလိုက်ပါလား။ အမေ့ကို မချစ်တောဘူးဆိုရင်လည်း အရှက်မရှိ အမေ့ပိုက်ဆံကို ထပ်မသုံးနဲ့တော့"

ရှုလင်းယွင်က ရှုကျီရွှင့်ကို ပါးလှမ်းရိုက်လိုက်ပေမယ့် ရှုကျီရွှင့်က မကြောက်သလို မရှောင်လိုက်ပေ။

ကူယာ့က အခန်းထဲ ပြေးဝင်လာပြီး ရှုလင်းယွင်ကို ပါးရိုက်ကာ ပြောလိုက်သည်။.

"ရှင်က သူတို့အဖေမဖြစ်ထိုက်တော့ဘူး။ နောင်မှာ ကလေး တွေနဲ့ ပတ်သတ်စရာမလိုတော့ဘူး။ အခုကစပြီး ဒီကလေး ၃ ယောက်က ကျွန်မ ကူယာ့ရဲ့ကလေးတွေပဲ။ ကျွန်မ ရှင်သုံးနေတဲ့ ကဒ်တွေအကုန်ကို တားလိုက်တော့မယ်။ ရှင့် ချစ်သူတွေကို ရှင့်ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ထောက်ပံ့ပေတော့"

ကူယာ့က သူမသားကို ခေါ်ကာ ပန်းချီပြခန်းထဲက ထွက်လာတော့ ရှုလင်းယွင်က သူတို့နောက်ကို လိုက်ချင်ပေမယ့် ပေါင်းမိန်လင်းက ကြမ်းပြင်ပေါ် ပြိုလဲကျကာ မျက်ရည်ကျလျက်ငိုကြွေးနေသဖြင့် ရှုလင်းယွင်က ထိုင်ချော့နေရသည်။

ပေါင်းမိန်လင်းက သူမကို ရွေးချယ်လိုက်သည့်အတွက် ပျော်နေသည်။ သူမက ပြုံးကာ ရှုလင်းယွင်ကို နှစ်သိမ့်လိုက်သည်။

"ဒီမိန်းမက အရမ်းကို လွှမ်းမိုးချင်တဲ့မိန်းမ။ ငါ သူ့ကို တခါမှ မချစ်ခဲ့ဖူးဘူး။ ရှောင်ရွှင့်က ဒီမိန်းမရဲ့ စကာကို နားယောင်သွားမိရုံပါ။ အားလုံး အဲ့မိန်းမရဲ့ အမှားပဲ။ ဝမ်းမနည်းပါနဲ့၊ သူကြီးပြင်းလာသောအခါ ငါတို့ဆီကို ပြန်လာပါလိမ့်မယ် "

"အကိုယွင် သူမက ရှင့်ကဒ်အကုန်ကို တားလိုက်တော့မယ်ဆိုတော့ ရှင်.... ကျွန်မက ဆင်းရဲတဲ့ မိသားစုက လာလို့ ဘာမှမဖြစ်ပါဘူး။ ရှင်နဲ့သာ အတူနေရမယ်ဆိုရင် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ရှင့်ကိုပဲ အခက်မတွေ့စေချင်ဘူး။ ဒါကြောင့်..ရှင်...သူတို့ဆီ ပြန်သွားတာ ပိုကောင်းမယ်ထင်တယ်..."

ပေါင်းမိန်လင်းက ရှုလင်းယွင်ကို နာကျင်စွာပွေ့ဖက်ကာပြောလိုက်သည်။

"ရှင်နဲ့ နဲ့အတူရှိနေတာကြာပြီဆိုတော့ ကျွန်မအတွက် လုံလောက်ပြီလေ၊ ကျွန်မဘဝမှာ ရှင်နဲ့ ဆုံခဲ့တာ ကျွန်မအတွက် အကြီးမားဆုံးပျော်ရွှင်မှုရပြီးသွားပါပြီ"

ရှုလင်းယွင် ကသူမကို ချစ်ခင်စွာဖြင့် တောင်းပန်ခဲ့သည် -

" အဓိပ္ပါယ်မဲ့တဲ့ကို မပြောနဲ့... ငါတို့ဟာ ရှင်ရှင်၊ သေသေ အတူတူ ဆက်နေကြမယ်။ ငါတို့ ဘ ၀ တစ်လျှောက်လုံး စုံတွဲတစ်တွဲ အဖြစ် နေသွားမယ်လို့ ကတိပေးခဲ့တယ်လေ၊ ငါ့ကတ်တွေကို ပိတ်မလို့တဲ့လား...? သူမ အိပ်မက်မက်နေတာ ထင်တယ်။ ရှုမိသားစု အကြီးအကဲတွေရှိနေသေးတယ်လေ။ ငါ သူတို့ကို ဖုန်းတချက် ဆက်လိုက်တာနဲ့ အေးဆေးပဲ။ ဒါဆို သူတို့ ကူမိသားစု ဘာမှ မတတ်နိုင်တော့ဘူး။ စိတ်မပူပါနဲ့ ၊ ငါ့ အဖေကို ဖုန်းဆက်လိုက်မယ်။ "

"အွန်း..အကိုယွင်...ရှင်က အကောင်းဆုံး၊ အကောင်းဆုံးပဲ၊ ရှင်နဲ့တွေ့ဆုံခဲ့တာက ကျွန်မ ဘဝမှာတွေ့ကြုံခဲ့ရတဲ့ ကံကောင်းတဲ့ဖြစ်ရပ်ပဲ "

"ငါလည်း အတူူတူပဲ.... "

......********.................













ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now