Chapter (114) - အဖေရင်း စစ်ထူထုံးကို လျစ်လျူရှုကာ ထွက်ခဲ့သည့် ရှုဟိန်

12.5K 2K 42
                                    


(ဆောရီးပါ။ မနေ့က အပိုင်းမှာ ရှုဟိန် သွားလည်ခဲ့တာက သူ့အမေဘက်က အဖိုးအိမ်တော်မဟုတ်ပဲ အဖေရင်းဘက်က စစ်ထူအိမ်တော်ဖြစ်ပါတယ်။ ကျွန်တော်က တပိုင်းချင်းပဲ ဖတ်ပြီး ဘာသာပြန်တာဖြစ်လို့ အရှေ့ပိုင်းမှာ ဘယ်အိမ်တော်လို့ သေချာမဖော်ပြထားလို့ သူ့အမေဘက်က မောဝ်မျိုးရိုးဆီ သွားတယ်လို့ထင်ပြီး မှားပြန်လိုက်ပါတယ်။ အခု ပြန်ပြင်ပြီး တချို့ကို ဖြည့်ပေးထားပါတယ်။ )


Chapter (114) – အဖေရင်း စစ်ထူထုံးကို လျစ်လျူရှုကာ ထွက်ခဲ့သည့် ရှုဟိန်



ယဉ်ကျေးမှုရှိတဲ့ ဘယ်သူမဆို တခြားလူကို အနှောင့်အယှက်မပေးမိအောင် ကိုယ့်ဖုန်းကို vibration (တုန်ခါမှု)အဖြစ်ပဲ ပြောင်းထားကြလိမ့်မယ်။ ဒါပေမယ့် ရှုဟိန်လို တသီးတသန့်နေတတ်ပြီး တည်ငြိမ်တဲ့လူက ဒီကျင့်ဝတ်ပိုင်းမှာ ပြဿနာမရှိလောက်ဘူးထင်ထားခဲ့တယ်။ ဒါပေမယ့် သူ့ဖုန်းက အခု အသံမြည်နေတယ်။

လူတိုင်းက သံသယနှင့် စောင့်ကြည့်နေကြပြီး ဖုန်းဆက်လာသူက သူ့အဖေပဲဖြစ်မယ်လို့ တွေးနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ရှုဟိန်ဆီမှာ လက်တွဲဖော်မရှိသေးလို့ပဲ။ အဖေဖြစ်ရင်တောင် အဖိုးနဲ့လာတွေ့ချိန် ဖုန်းမခေါ်သင့်ဘူးမဟုတ်လား။ ကြည့်ရတာ သူ့အဖိုးက သူ့သားကို သိမ်းသွင်းခေါ်ဆောင်သွားမှာစိုးလို့ ခုလို ဝင်ရောက်နှောင့်ယှက်ပုံရတယ်။ လူတွေက ပြပွဲကောင်းကောင်းကြည့်ဖို့ ပြင်နေကြသည်။ အဖိုးနဲ့အဖေ ဘယ်သူနိုင်မလဲ။

ဟိုးအရင်က တပ်မှူးဟောင်းကြီးရဲ့သားက မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ချမိလို့ ဖအေဖြစ်သူက ဒေါသထွက်ပြီး သူ့သားကို စွန့်ပစ်ခဲ့သေးတယ်။ အခုတော့ ပွဲက ကြည့်ကောင်းနေပြီ..။

တပ်မှူးဟောင်းကြီးက သူ့မြေးဖုန်းကိုင်ရင် ဘယ်လိုတုံ့ပြန်မလဲ..?

ရှုဟိန်က သူတို့မျက်လုံးထဲက ထင်ဟပ်နေတဲ့အရိပ်အယောင်တွေကို လျစ်လျူရှုပြီး ဖုန်းကိုယူကာ ခပ်လှမ်းလှမ်းမှာ သွားပြောလိုက်တော့ လူတွေရဲ့မျက်လုံးထဲ စိတ်ပျက်သည့်အရိပ်တွေ ပေါ်သွားပြီး စားပွဲဝိုင်းမှာ ထိုင်နေသည့် မိန်းမတွေထဲက တစ်ယောက်က တီးတိုးအပြစ်တင် ရေရွတ်လာကြသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now