Chapter (12) - အျမင့္ဆံုးကိုတက္ခ်င္တာလား.. ရတယ္ ငရဲျပည္ထိ ဆြဲခ်ေပးမယ္ (Z+U)

25.4K 3.9K 22
                                    

Chapter (12) - အျမင့္ဆံုးကိုတက္ခ်င္တာလား.. ရတယ္ ငရဲျပည္ထိ ဆြဲခ်ေပးမယ္..

႐ႈနင္က မ်က္ရည္မက်ဘဲ ငိုမိေတာ့သည္။ ဘုရားေရ.. ျပန္လာၿပီး ကၽြန္ေတာ့္ကို ကယ္ေပးပါဦး..။ ကံေကာင္းလို႔ သူ႔အစ္ကိုက သူ႔ေျခလက္မ်ားကို ဖက္ထားျခင္းမရွိေပ။ ႐ႈနင္က အသက္ေအာင့္ၿပီး သူ႔အစ္ကိုကိုဖက္ထားသည့္ ေျခလက္ကို အသာေလးမကာ ဖယ္လိုက္သည္။ ၿပီးမွ သက္ျပင္း႐ိႈက္လိုက္သည္။ အရင္တစ္ေခါက္ကေတာ့ သူလႈပ္လိုက္မိသည္ႏွင့္ သူ႔အစ္ကုိကို ႏိႈးလိုက္မိသည္ကို ျပန္သတိရကာ မ်က္ခံုးပင့္ၿပီး ႐ႈဟိန္ကို ေသခ်ာအကဲခတ္လိုက္သည္။

႐ႈဟိန္က အိပ္ယာကမႏိုးေပမယ့္ သူ႔နားရြက္ေတြကနီေနသည္ကို သတိျပဳလိုက္မိသည္။

ဘာေၾကာင့္ ခုလိုျဖစ္ရတာလဲ ကၽြန္ေတာ့္ကိုေျပာၾကပါဦး..။

အစ္ကိုက အစကတည္းက သူ႔ေျခလက္ေတြနဲ႔ ဖက္တြယ္ထားမိတာကို သိေနတာလား။ ဒီအေတြးသာမွန္ရင္ တကယ္ဆိုးတာပဲ။ သူ႔ေဘးမွာအိပ္ေနတာ အစ္ကိုအတုႀကီးပဲ။

႐ႈနင္က ျဖဴေရာ္သြားၿပီး အလန္႔တၾကားႏွင့္ ခုတင္ေအာက္ကို အသာေလးေလွ်ာဆင္းကာ သူ႔အိပ္ခန္းဆီကို သုတ္ေျခတင္ေျပးကာ မ်က္ႏွာသစ္၊ အဝတ္အစားလဲလိုက္ေတာ့သည္။ သူ႔အခန္းထဲေရာက္မွ စိတ္ေအးေအးႏွင့္ ျပန္ေတြးလိုက္ေတာ့သည္။

အစ္ကိုႀကီးက သူဖက္အိပ္ထားမိလို႔ ကိုယ္အပူရွိန္ျမင့္လာၿပီး နားရြက္နီတာပါကြာ.. ငါက နားလည္မႈလြဲသြားတာပါ.. ဒါက အထင္မွားတာသက္သက္ပါ.. _(:зゝ∠)_

႐ႈနင္က စိတ္ေအးသြားေတာ့မွ သူ႔ေခါင္းအံုးေလးကိုယူလာဖို႔ ေမ့သြားတာကို သတိရေသာေၾကာင့္ အစ္ကို႔အိပ္ခန္းကို တိတ္တိတ္ဖြင့္ကာ ေျခႏွစ္လွမ္းဝင္လာမိၿပီးမွ လန္႔သြားသည္။ တကယ္ဆိုရင္ သူ မဝင္ခင္ အခန္းဝကေန အကဲခတ္သင့္တယ္မလား။

ကံေကာင္းစြာႏွင့္ အစ္က္ုိႀကီးက သူ႔ပံုစံမပ်က္ အိပ္ေမာက်ေနေသာေၾကာင့္ ႐ႈနင္က ၾကြက္ကေလးလို အိပ္ယာေဘးကပ္သြားကာ ေခါင္းအံုးကို အသာေလးဆြဲယူကာ ထြက္ေျပးလာခဲ့ျပန္သည္။

"ေရွာင္နင္.. ေအာက္ထပ္ကိုေစာေစာဆင္းခဲ့.. အႀကီးေတြ ေစာင့္ရေအာင္မလုပ္နဲ႔.."

"ေကာင္းပါၿပီ.."

ခ်င္ယြိက်ိဳးက ႐ႈနင္ဆင္းလာေတာ့ မ်က္ေမွာင္ကုတ္ၾကည့္ကာ စည္းကမ္းတင္းက်ပ္လိုက္သည္။ ထိုစဥ္႐ႈဟိန္က ေလွကားမွဆင္းလာသည္ကို ေတြ႕လိုက္ရသည္။ ဒီေခြးေကာင္ေလးက ဘယ္အခ်ိန္ၾကည့္ၾကည့္ သပ္ရပ္ေက်ာ့ေမာ့ကာ ဆယ္ေက်ာ္သက္တစ္ဦးထက္ လူႀကီးတစ္ေယာက္လို တည္ၿငိမ္ေသာအရွိန္အဝါေတြ ထြက္ေနသည္ကို ခါးသီးစြာ ေတြ႕လိုက္ရသည္။ ဒီေကာင္ေလးက သူ႔ေယာက္်ား ႐ႈခ်ိန္ႏွင့္ယွဥ္လို႔ရေလာက္ေအာင္ ေခ်ာေမာခန္႔ညားေနေလၿပီ။ သူ႔ရဲ့ေအးစက္စက္ႏွင့္ အရွိန္အဝါႀကီးပံုက တမင္လုပ္မထားဘဲ ထြက္ေနျခင္းျဖစ္သည္။ ႐ႈဟိန္က ခ်င္ယြိက်ိဳးကို တစ္ခ်က္မွေစာင္းမၾကည့္ဘဲ ႏႈတ္မဆက္ဘဲ အျပင္ကိုထြက္သြားသည္။

ခ်င္ယြိက်ိဳးက ေဒါသတႀကီးႏွင့္ လိုက္ၾကည့္ကာ ေခါင္းငံု႔ၿပီးစားေသာက္ေနသည့္ ႐ႈနင္ကိုၾကည့္ကာ ဆံုးမလိုက္သည္။

"မင္း ဒီထက္တိုးတက္ေအာင္ ႀကိဳးစားရမယ္ေနာ္ သားေလး.. ဒီေကာင္ထက္သာေအာင္ ႀကိဳးစားစမ္းပါ.. မဟုတ္ရင္ သားရဲ့ညီေလးကို ဘယ္သူက လာကာကြယ္ေပးမွာလဲ.."

"အြန္း.."

သူမက ေျပာစရာေတြအမ်ားႀကီးျဖင့္ ရင္ထဲျပည့္ၾကပ္ေနေပမယ့္ ႐ႈနင္က ဂ႐ုမစိုက္ဘဲ ေခါင္းငံု႔ကာ အစားကိုသာ အာ႐ံုစိုက္ေနေသာေၾကာင့္ စိတ္ပ်က္သြားသည္။ သူ႔သားက ငတံုးေလးပဲ။ မေအျဖစ္သူ မထီမဲ့ျမင္လုပ္တာခံလိုက္ရသည္ကို မျမင္သလို၊ မနာတတ္ေပ။ ႐ႈဟိန္က ေမာက္မာ႐ိုင္းစိုင္းတယ္ဆုိေပမယ့္ သူက ခုလိုေမာက္မာႏိုင္ေအာင္ ထက္ျမက္ကာ ေနာက္ခံလည္းေကာင္းသည္။ ႐ႈနင္က ဘယ္ေလာက္ႀကိဳးစားပါေစ၊ ႐ႈဟိန္၏လက္တစ္ေခ်ာင္းကိုပင္ ယွဥ္ႏိုင္မည္မဟုတ္ေပ။ သူ ဘာဆက္လုပ္ရမလဲ..။ ခ်င္ယြိက်ိဳးက အႀကံရသြားၿပီး မ်က္ဝန္းက ေတာက္ပသြားသည္။

"မင္း စာမ်ားမ်ားဖတ္.. ဗဟုသုတ တိုးေအာင္လုပ္.. နားမလည္တာရွိရင္ သူ႔ကိုသြားေမး.. သူနဲ႔ စကားသြားေျပာၿပီး ရင္းႏွီးေအာင္လုပ္ ဟုတ္ၿပီလား.."

"ဟုတ္ကဲ့.. ကၽြန္ေတာ္ဝၿပီ အေမ.."

႐ႈနင္က အစားကိုလက္စသတ္ကာ လြယ္အိတ္ကိုယူၿပီး ကားရွိရာကို ထြက္လာခဲ့သည္။

ခ်င္ယြိက်ိဳးက သူ႔သား၏ ထံုေပေပအျပဳအမူေၾကာင့္ ေဒါသထြက္ကာ ဝမ္းနည္းသြားသည္။ ဘယ္ေလာက္ေတာင္ အသံုးမက်တဲ့သားလဲ..။

ဒီအမ်ိဳးသမီးက အိမ္တြင္းကိစၥကို ႐ႈပ္ေအာင္ဘယ္ေလာက္ေသြးထိုးေပမယ့္ သူဂ႐ုစိုက္ေနမည္မဟုတ္ေပ။ သူမနဲ႔စကားေျပာ၊ ထိေတြ႕ခ်ိန္ကို အတတ္ႏိုင္ဆံုးေလွ်ာ့ခ်ကာ ေရွာင္ေနရမည္။ သူ႔အစ္ကိုဘြဲ႕ရလွ်င္ ဘယ္သူမွတိုက္ခိုက္လို႔မရသည့္ သံမဏိတံတိုင္းႀကီး ျဖစ္လာလိမ့္မည္။ အဲ့ဒီအခ်ိန္မွာ သူ႔အေမက ဘယ္လိုမွ အစ္ကို႔ကို တိုက္ခိုက္လို႔မရေလာက္ေတာ့ေပ။ သူျပန္လည္ေမြးဖြားလာၿပီးေနာက္ သူ႔အမွားကိုျပဳျပင္ဖို႔ လုပ္ရမည္။ အရင္ဘဝကသိလာသည့္ အသိပညာဗဟုသုတတို႔ႏွင့္ သူ႔ဘဝကို တိုးတက္ေအာင္ႀကိဳးစားရမည္။ ဒါေပမယ့္ သူ႔အေမ၏စကားက ထူးဆန္းကာ သူမ တစ္ခုခုႀကံစည္ေနသည္ဟု ႐ႈနင္ ခံစားေနရသည္။

ထင္သည့္အတိုင္း ထိုညေန ႐ႈနင္က သူ႔အစ္ကိုေပးသည့္ႏို႔ကို ေသာက္လိုက္ၿပီးခ်ိန္ ေသေအာင္ဗိုက္နာၿပီး ေဆး႐ံုေရာက္သြားေတာ့သည္။

အစာအဆိပ္သင့္သည္တဲ့...။

ခ်င္ယြိက်ိဳးက ဒီစကားကိုၾကားေတာ့ ထိတ္လန္႔တၾကား ပါးစပ္ကိုလက္ႏွင့္အုပ္ကာ ႐ႈဟိန္ကို စိုက္ၾကည့္လိုက္သည္။

႐ႈဟိန္က ေဆး႐ံုဥကၠ႒ႏွင့္ ေဆြးေႏြးေနစဥ္ ႐ႈေကာင္းေရာက္လာၿပီး ေမးလိုက္သည္။

"ငါ့ရဲ့နင္နင္ ဘာျဖစ္သြားတာလဲ.."

႐ႈေကာင္းသည္ ခုတင္ေပၚမွာ ပိုက္ေတြတပ္ထားၿပီး ေဆးပုလင္းႀကီးခ်ိတ္ထားရသည့္ ႐ႈနင္ကိုၾကည့္ကာ ရင္ဘတ္ထဲက နာက်င္လာသည္။

"မင္း ကေလးကို ဘယ္လိုေစာင့္ေရွာက္တာလဲ.."

ဒါ မျဖစ္သင့္ဘူး.. တကယ္ဆိုရင္ အဖိုးႀကီးက႐ႈဟိန္ကို ဒီစကားေျပာသင့္တာမဟုတ္ဘူးလား..။ ဘာေၾကာင့္ သူမကို လာေျပာေနရတာလဲ..။

ခ်င္ယြိက်ိဳးက အံ့အားသင့္ၿပီး ငိုခ်လိုက္ေတာ့သည္။

"ငိုေနလည္း အလကားပဲ.. ျဖစ္သမွ်ကို ေျပာစမ္း.."

ေဆး႐ံုဥကၠ႒၊ ဆရာဝန္ႏွင့္ သူနာျပဳမ်ားေရွ႕တြင္ ႐ႈေကာင္းက ခ်င္ယြိက်ိဳးကို မ်က္ႏွာသာမေပးဘဲ ခပ္တင္းတင္းေျပာလိုက္သည္။

ခ်င္ယြိက်ိဳးက အဖိုးႀကီးကို မုန္းလြန္းလို႔ အသည္းေတြေတာင္ ေပါက္ေတာ့မည္။ ဒါေပမယ့္ သူက ေခါင္းငံု႔ကာ မ်က္ဝန္းထဲကအမုန္းရိပ္ကို ကြယ္ဝွက္ကာ ထစ္အစြာေျပာလိုက္သည္။

"႐ႈနင္.. သူ.. ႏို႔ကိုေသာက္လိုက္ၿပီး.."

"မင္း ဘာေၾကာင့္ စကားကို တစ္ဝက္တစ္ပ်က္ရပ္ထားရတာလဲ.. တမင္လုပ္တာလား.. ျပႆနာရွာတာရပ္ၿပီး ဘာျဖစ္သလဲဆိုတာပဲ ေျပာစမ္း.. တကယ္လို႔ မင္လိမ္ေနတယ္ဆိုရင္ မင္းကို ခ်က္ခ်င္းကြာရွင္းဖို႔ ႐ႈခ်ိန္ကို ငါေျပာလိုက္မယ္.. ကေလးတစ္ေယာက္ေမြးေပး႐ံုနဲ႔ မင္းကိုယ္မင္း ရႈမိသားစုကလို႔ ထင္ေနတာလား.. မင္းရဲ႕သားက ႐ႈအိမ္မွာေနလို႔ရေပမယ့္ မင္းကေတာ့ ေနဖို႔ အရည္အခ်င္းမရွိဘူး.."

သူမနဲ႔႐ႈခ်ိန္က တရားဝင္လက္ထပ္ထားၾကတာ မဟုတ္ဘူးလား။ လူတိုင္းေရွ႕မွာ အဖိုးႀကီးက သူမကို မ်က္ႏွာသာေတာ့ေပးသင့္ပါတယ္။

"ကၽြန္မေတြ႕လိုက္တဲ့အခ်ိန္မွာ ႐ႈဟိန္က ႐ႈနင္ကိုေပြ႕ခ်ီၿပီး ကားနဲ႔ ေဆး႐ံုကို ထြက္လာခဲ့ၿပီ.. အေျခေအေနကိုေတာ့ ကၽြန္မ ေသခ်ာမသိပါဘူး.. ဒါေၾကာင့္ အေဖ ဆရာဝန္ကို ေမးၾကည့္သင့္ပါတယ္.. ကၽြန္မၾကားတာကေတာ့ သူ.. သူ.. အဆိပ္မိတာပဲ.."

သူမက ပါးစပ္ကို လက္ႏွင့္အုပ္ကာ တိတ္တဆိတ္ငိုေၾကြးေနလိုက္သည္။

ဘယ္သူမဆုိ ခ်င္ယြိက်ိဳး၏ပံုစံကိုၾကည့္ရင္ သနားစဖြယ္ျဖစ္လို႔ေနသည္။

႐ႈေကာင္းက သူမကို ဆက္မၾကည့္ေတာ့ဘဲ ေဆး႐ံုဥကၠ႒ကိုၾကည့္လိုက္ေတာ့ ဥကၠ႒မွာ ေခၽြးျပန္လာခဲ့သည္။

"သခင္ေလးက အဆိပ္မိတာပါ.. ႏြားႏို႔ထဲမွာေရာထားတဲ့ ေဆးဝါးကို ဓာတ္ခြဲစမ္းသပ္ထားပါၿပီ.. အခုက ေဆး႐ံုကို အခ်ိန္မွီပို႔ေပးႏိုင္လို႔ သခင္ေလးအေျခအေနက စိုးရိမ္စရာမရွိေတာ့ပါဘူး.. ဒီည ဘာမွထပ္မျဖစ္ရင္ မနက္ျဖန္ ေဆး႐ံုဆင္းလို႔ရပါၿပီ.."

"အင္း.. အားလံုး ေကာင္းေကာင္းႀကိဳးစားေပးခဲ့ၾကပါတယ္.."

႐ႈေကာင္းက စိတ္သက္သာရာရသြားၿပီး ေဆး႐ံုဝန္ထမ္းမ်ားကို ေျပာလိုက္သည္။

"မင္းက ဘာေၾကာင့္ အိမ္မျပန္ေသးဘဲ ခုထိရွိေနေသးတာလဲ.."

႐ႈေကာင္းက ခ်င္ယြိက်ိဳးဘက္လွည့္ကာ ေငါက္လိုက္သည္။

"ကၽြန္မ နင္နင့္ကို ၾကည့္ခ်င္လုိ႔ပါ.."

"ႏွစ္ေပါင္းမ်ားစြာ စြန္႔ပစ္ခဲ့တဲ့ကေလးကို ၾကည့္ခ်င္ေသးတာလား.."

႐ႈေကာင္းက ဒီအခ်က္ကုိ အေတာ့္ကိုမုန္းသည္။ ကိုယ့္ေသြးသားရင္းကို ႏွစ္ေပါင္းမ်ားစြာပစ္ထားၿပီး အလယ္တန္းေရာက္မွ အခ်စ္ႀကီးတဲ့အေမလို လာၿပီးေပြ႕ဖက္ျပခ်င္ေနေသးသည္။ သူက ေဒါသထြက္ေပမယ့္ ၿမိဳသိပ္ၿပီး ေအးစက္စြာေျပာလိုက္သည္။

"မင္းဗိုက္ထဲကကေလးကိုပဲ ေကာင္းေကာင္းဂ႐ုစိုက္ပါ.. အိမ္ျပန္ၿပီးနားေတာ့.. မင္းရဲ့အက်ိဳးအျမတ္အတြက္ မဟုတ္တာလုပ္ဖုိ႔ မႀကိဳးစားနဲ႔.. ထပ္လုပ္တာရွိရင္ ငါ့ကို အဆိုးမဆိုနဲ႔.."

ဒီစကားက သူမကို ေသြးေရာင္လို မ်က္ႏွာရဲသြားေစသည္။ သူမထြက္သြားခ်င္ေပမယ့္ ဒီလိုလုပ္ရင္ ပိုရွက္စရာေကာင္းေသာေၾကာင့္ ဘာလုပ္ရမွန္းမသိ ျဖစ္ေနစဥ္ ေဆး႐ံုဥကၠ႒က သူမ၏ကားဆီ လိုက္ပို႔ေပးျခင္းျဖင့္ ထြက္ေပါက္ရေအာင္လုပ္ေပးလိုက္သည္။

ခ်င္ယြိက်ိဳးက ကားေပၚေရာက္ေတာ့ cellphone ကိုထုတ္ကာ ႐ႈခ်ိန္ဆီ ဖုန္းဆက္
တိုင္ခ်င္စိတ္ကို ထိန္းမရေတာ့ေပ။

ရွင္လုပ္ခဲ့တဲ့အတြက္ ကၽြန္မကို အျပစ္မတင္နဲ႔..

႐ႈခ်ိန္က ႏိုင္ငံျခားမွာရွိစဥ္ ႐ႈနင္၏သတင္းကိုၾကားေတာ့ မနက္အေစာေလယာဥ္ျဖင့္ ျပန္လာၿပီး ေဆး႐ံုကုိတန္းလာခဲ့သည္။ ေဆး႐ံုခုတင္ထက္တြင္ ႐ႈနင္၏အသားအေရက ပံုမွန္ျပန္ျဖစ္ကာ အသက္ပံုမွန္႐ွဴၿပီး အိပ္ေပ်ာ္ေနသည္ကိုေတြ႕မွ ႐ႈခ်ိန္ စိတ္ေအးသြားခဲ့သည္။

"သူ ဘယ္လိုအဆိပ္သင့္တာလဲ.."

႐ႈခ်ိန္က သားႀကီး၏ပုခံုးကိုပုတ္ကာ ေမးလိုက္သည္။

"ဒါက မသိႏိုင္ေသးဘူး.."

႐ႈခ်ိန္က မ်က္ေမွာင္ၾကဳတ္သြားသည္။ သူ၏အိမ္ေတာ္မွာ လံုၿခံဳေရးအျပည့္ခ်ထားၿပီး ဝင္ေပါက္ထြက္ေပါက္တြင္ အေစာင့္ရွိသည္။ ႐ႈအိမ္ေတာ္ဝင္းထဲက အလုပ္သမားအားလံုးက စိတ္ခ်ရသည့္လူမ်ားကိုသာ ေရြးခန္႔ထားျခင္းျဖစ္သည္။ ဒါေၾကာင့္ ႐ႈဟိန္ကိုေမးၾကည့္ၿပီးေနာက္ ႐ႈနင္ကိုအဆိပ္သင့္ေစေသာ ပစၥည္းက ႏို႔ထဲမွာရွိသည္ကို သိသြားသည္။ ဒီအခ်က္က တစ္စံုတစ္ခုကို ညႊန္ျပေနသလိုပင္။

"ေရွာင္ဟိန္.. မင္း ေက်ာင္းသြားသင့္တယ္.."

"အင္း.."

႐ႈဟိန္က အေဖ၏စကားေၾကာင့္ ေက်ာင္းကိုထြက္လာခဲ့သည္။

႐ႈဟိန္ထြက္သြားသည္ႏွင့္ driver က ေျပာလိုက္သည္။

"ဥကၠ႒.. ႏို႔ကို ေရခဲေသတၱာထဲပဲ ထည့္ထားၿပီး ဒီႏို႔ဘူးကုိကိုင္တဲ့သူက သခင္ေလး႐ႈဟိန္နဲ႔ သခင္မတို႔ပဲျဖစ္ပါတယ္.. ၿပီးခဲ့တဲ့ညက အျဖစ္အပ်က္ကို ေသခ်ာစစ္ေဆးၾကည့္ၿပီးပါၿပီ.."

ခ်င္ယြိက်ိဳးလား..။ သူမက ကိုယ္ဝန္ရွိတာေၾကာင့္ အားရွိေအာင္ ႏြားႏို႔ေသာက္ရသည္။ အျဖစ္အပ်က္က တစ္စံုတစ္ေယာက္ကို ညႊန္ျပေနေပမယ့္ ႐ႈခ်ိန္က သားႀကီး႐ႈဟိန္ကို ေသခ်ာသိသည္။ ႐ႈဟိန္ကို သူယံုၾကည္သည္။

ထိုအခ်ိန္ ခ်င္ယြိက်ိဳးက ေဆး႐ံုသီးသန္႔ခန္းထဲဝင္လာၿပီး မ်က္ဝန္းမ်ားက နီျမန္းကာ ေမးလိုက္သည္။

"ေယာက္်ား.. ရွင္ျပန္လာၿပီလား.."

"ေရွာင္နင္ တစ္ခုခုျဖစ္ေနတာ ငါျပန္မလာလို႔ရမလားကြယ္.."

ခ်င္ယြိက်ိဳးက ေယာက္်ား၏လက္ကို ဆုပ္ကိုင္ကာ ဝမ္းနည္းစြာေျပာလိုက္သည္။

"ေရွာင္နင္.. သူ ေတာမွာႀကီးျပင္းလာခဲ့ေပမယ့္ ဘာတစ္ခုမွမျဖစ္ခဲ့ဘူး.. သူက စားေကာင္းတာမွန္သမွ် ပါးစပ္ထဲထည့္တတ္ေတာ့.. ဒါေၾကာင့္ အစာအဆိပ္သင့္တာျဖစ္မွာပါ.. အျပင္စာေတြက စိတ္မခ်ရဘူးေလ.. ဒါေပမယ့္ ေရွာင္ဟိန္တိုက္တဲ့ ႏို႔ေသာက္ၿပီးမွ ခုလိုျဖစ္သြားတာ.. ကၽြန္မသာ နင္နင္ကို ခုထက္ပိုဂ႐ုစိုက္ရင္.. ဒီလိုျဖစ္မွာမဟုတ္ဘူး.. ဒါေတြက ကၽြန္မအမွားေၾကာင့္ပါ.."

"မငိုနဲ႔.. ကေလးအတြက္မေကာင္းဘူး.."

"ေရွာင္ဟိန္က တကယ္ေတာ္တဲ့ ကေလးပါ.. သူက နင္နင္ကို ေဆး႐ံုကို အခ်ိန္မွီပို႔ေပးၿပီး တစ္ညလံုးေစာင့္ၾကည့္ေပးခဲ့တယ္.. အိုး.. အခု သူဘယ္ေရာက္သြားၿပီလဲ.."

"ေက်ာင္းသြားၿပီ.."

ခ်င္ယြိက်ိဳးက ႐ႈခ်ိန္ကို မေက်နပ္ဟန္ျဖင့္ ေျပာလိုက္သည္။

"ရွင္က သူ႔အေပၚကို အရမ္းေမွ်ာ္လင့္ထားတယ္ဆိုတာ ကၽြန္မသိပါတယ္.. ဒါေပမယ့္ သူက ကေလးပဲရွိပါေသးတယ္.. ရွင့္ကိုယ္ကိုယ္လည္း ဂ႐ုစိုက္ပါဦး.. စိတ္ညစ္မခံပါနဲ႔.. ခႏၶာကုိယ္ရဲ့က်န္းမာေရးကို ထိခိုက္လိမ့္မယ္.."

"သူက 18 ႏွစ္ရွိၿပီ.. ကေလးမဟုတ္ေတာ့ဘူး.. မင္း ဒီေန႔ အလုပ္ကိုမလာနဲ႔ေတာ့.. အိမ္ျပန္နားလိုက္ဦး.."

"ဘယ္လုိနားႏိုင္မွာလဲ.. ေဟာ္စူးဖြံ႕ၿဖိဳးေရးကိစၥက ပိုအေရးႀကီးပါတယ္.. ကၽြန္မက အဆံုးထိ တာဝန္ယူခ်င္တယ္.."

လူႀကီးႏွစ္ေယာက္စကားေျပာရင္း အျပင္ထြက္သြားေတာ့မွ ႐ႈနင္က မ်က္လံုးဖြင့္လိုက္သည္။ အခန္းထဲ သူ႔အေမစြတ္ထားသည့္ ေရေမႊးနံ႔က အရမ္းစူးကာ သူ႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစသည္။ ဒီအနံ႔ေၾကာင့္ အရင္ဘဝက သူ႔အေမ သူ႔အေပၚလုပ္ခဲ့သည့္ ယုတ္မာမႈမ်ားကို သတိရလာသည္။ အရင္ဘဝကလည္း ခုလိုပဲ သူအဆိပ္မိခဲ့သည္။ သူက သူ႔အေမေျပာသည့္စကားကို ယံုကာ ႐ႈဟိန္၏အမိန္႔ျဖင့္ အလုပ္သမားမ်ား အဆိပ္ခတ္ခဲ့သည္ဟုယံုကာ ႐ႈဟိန္ကို အ႐ိုးထိေအာင္မုန္းခဲ့သည္။

ဒါေပမယ့္ ခုဘဝေတာ့ ႐ႈနင္ 'မအ' ေတာ့ပါ။ ဒီလုပ္ရပ္က ႐ႈဟိန္အေပၚ အျပစ္ပံုခ်ခ်င္လုိ႔ အေမရင္းကိုယ္တိုင္က သူ႔ကိုအဆိပ္ခတ္သည့္ကိစၥက ရွင္းရွင္းပင္ေပၚေနေလၿပီ။

ဒီကိစၥကို ႐ႈနင္ လ်စ္လွ်ဴမ႐ႈႏိုင္ပါ။ အစကေတာ့ သူ႔အေမ၏ေသြးထိုးမႈကို လ်စ္လွ်ဴ႐ႈထားေပးဖို႔ ဆံုးျဖတ္ထားေပမယ့္ သူ႔ကိုခ်နင္းလာၿပီဆိုေတာ့ သူ႔အေမကို တူညီေသာအျဖစ္ ျပန္ခံစားရေစမည္။ အေမက မေမြးေသးေသာသားအတြက္ သိပ္ကိုေလာဘတက္ၿပီး အျမင့္ဆံုးကို ကုတ္တက္ခ်င္တာလား..။ ရတယ္ေလ.. ဟိုးငရဲျပည္အထိ ဆြဲခ်ေပးပါ့မယ္..။

႐ႈနင္သည္ သူ႔အေမ ငမ္းငမ္းတက္ေအာင္ျမင္ခ်င္ေနသည့္ ေဟာ္စူးဖြံ႕ၿဖိဳးေရးဇံုအေၾကာင္းကို သူ႔မွတ္ဥာဏ္ထဲကေန ျပန္လည္ရွာေဖြလိုက္သည္။ ဒါေၾကာင့္ သူ႔ႏႈတ္ခမ္းက တြန္႔ေကြးကာ ေက်နပ္စြာျဖင့္ ၿပံဳးလိုက္သည္။

========================

Chapter (12) - အမြင့်ဆုံးကိုတက်ချင်တာလား.. ရတယ် ငရဲပြည်ထိ ဆွဲချပေးမယ်..

ရှုနင်က မျက်ရည်မကျဘဲ ငိုမိတော့သည်။ ဘုရားရေ.. ပြန်လာပြီး ကျွန်တော့်ကို ကယ်ပေးပါဦး..။ ကံကောင်းလို့ သူ့အစ်ကိုက သူ့ခြေလက်များကို ဖက်ထားခြင်းမရှိပေ။ ရှုနင်က အသက်အောင့်ပြီး သူ့အစ်ကိုကိုဖက်ထားသည့် ခြေလက်ကို အသာလေးမကာ ဖယ်လိုက်သည်။ ပြီးမှ သက်ပြင်းရှိုက်လိုက်သည်။ အရင်တစ်ခေါက်ကတော့ သူလှုပ်လိုက်မိသည်နှင့် သူ့အစ်ကိုကို နှိုးလိုက်မိသည်ကို ပြန်သတိရကာ မျက်ခုံးပင့်ပြီး ရှုဟိန်ကို သေချာအကဲခတ်လိုက်သည်။

ရှုဟိန်က အိပ်ယာကမနိုးပေမယ့် သူ့နားရွက်တွေကနီနေသည်ကို သတိပြုလိုက်မိသည်။

ဘာကြောင့် ခုလိုဖြစ်ရတာလဲ ကျွန်တော့်ကိုပြောကြပါဦး..။

အစ်ကိုက အစကတည်းက သူ့ခြေလက်တွေနဲ့ ဖက်တွယ်ထားမိတာကို သိနေတာလား။ ဒီအတွေးသာမှန်ရင် တကယ်ဆိုးတာပဲ။ သူ့ဘေးမှာအိပ်နေတာ အစ်ကိုအတုကြီးပဲ။

ရှုနင်က ဖြူရော်သွားပြီး အလန့်တကြားနှင့် ခုတင်အောက်ကို အသာလေးလျှောဆင်းကာ သူ့အိပ်ခန်းဆီကို သုတ်ခြေတင်ပြေးကာ မျက်နှာသစ်၊ အဝတ်အစားလဲလိုက်တော့သည်။ သူ့အခန်းထဲရောက်မှ စိတ်အေးအေးနှင့် ပြန်တွေးလိုက်တော့သည်။

အစ်ကိုကြီးက သူဖက်အိပ်ထားမိလို့ ကိုယ်အပူရှိန်မြင့်လာပြီး နားရွက်နီတာပါကွာ.. ငါက နားလည်မှုလွဲသွားတာပါ.. ဒါက အထင်မှားတာသက်သက်ပါ.. _(:зゝ∠)_

ရှုနင်က စိတ်အေးသွားတော့မှ သူ့ခေါင်းအုံးလေးကိုယူလာဖို့ မေ့သွားတာကို သတိရသောကြောင့် အစ်ကို့အိပ်ခန်းကို တိတ်တိတ်ဖွင့်ကာ ခြေနှစ်လှမ်းဝင်လာမိပြီးမှ လန့်သွားသည်။ တကယ်ဆိုရင် သူ မဝင်ခင် အခန်းဝကနေ အကဲခတ်သင့်တယ်မလား။

ကံကောင်းစွာနှင့် အစ်ကိုကြီးက သူ့ပုံစံမပျက် အိပ်မောကျနေသောကြောင့် ရှုနင်က ကြွက်ကလေးလို အိပ်ယာဘေးကပ်သွားကာ ခေါင်းအုံးကို အသာလေးဆွဲယူကာ ထွက်ပြေးလာခဲ့ပြန်သည်။

"ရှောင်နင်.. အောက်ထပ်ကိုစောစောဆင်းခဲ့.. အကြီးတွေ စောင့်ရအောင်မလုပ်နဲ့.."

"ကောင်းပါပြီ.."

ချင်ယွိကျိုးက ရှုနင်ဆင်းလာတော့ မျက်မှောင်ကုတ်ကြည့်ကာ စည်းကမ်းတင်းကျပ်လိုက်သည်။ ထိုစဉ်ရှုဟိန်က လှေကားမှဆင်းလာသည်ကို တွေ့လိုက်ရသည်။ ဒီခွေးကောင်လေးက ဘယ်အချိန်ကြည့်ကြည့် သပ်ရပ်ကျော့မော့ကာ ဆယ်ကျော်သက်တစ်ဦးထက် လူကြီးတစ်ယောက်လို တည်ငြိမ်သောအရှိန်အဝါတွေ ထွက်နေသည်ကို ခါးသီးစွာ တွေ့လိုက်ရသည်။ ဒီကောင်လေးက သူ့ယောက်ျား ရှုချိန်နှင့်ယှဉ်လို့ရလောက်အောင် ချောမောခန့်ညားနေလေပြီ။ သူ့ရဲ့အေးစက်စက်နှင့် အရှိန်အဝါကြီးပုံက တမင်လုပ်မထားဘဲ ထွက်နေခြင်းဖြစ်သည်။ ရှုဟိန်က ချင်ယွိကျိုးကို တစ်ချက်မှစောင်းမကြည့်ဘဲ နှုတ်မဆက်ဘဲ အပြင်ကိုထွက်သွားသည်။

ချင်ယွိကျိုးက ဒေါသတကြီးနှင့် လိုက်ကြည့်ကာ ခေါင်းငုံ့ပြီးစားသောက်နေသည့် ရှုနင်ကိုကြည့်ကာ ဆုံးမလိုက်သည်။

"မင်း ဒီထက်တိုးတက်အောင် ကြိုးစားရမယ်နော် သားလေး.. ဒီကောင်ထက်သာအောင် ကြိုးစားစမ်းပါ.. မဟုတ်ရင် သားရဲ့ညီလေးကို ဘယ်သူက လာကာကွယ်ပေးမှာလဲ.."

"အွန်း.."

သူမက ပြောစရာတွေအများကြီးဖြင့် ရင်ထဲပြည့်ကြပ်နေပေမယ့် ရှုနင်က ဂရုမစိုက်ဘဲ ခေါင်းငုံ့ကာ အစားကိုသာ အာရုံစိုက်နေသောကြောင့် စိတ်ပျက်သွားသည်။ သူ့သားက ငတုံးလေးပဲ။ မအေဖြစ်သူ မထီမဲ့မြင်လုပ်တာခံလိုက်ရသည်ကို မမြင်သလို၊ မနာတတ်ပေ။ ရှုဟိန်က မောက်မာရိုင်းစိုင်းတယ်ဆိုပေမယ့် သူက ခုလိုမောက်မာနိုင်အောင် ထက်မြက်ကာ နောက်ခံလည်းကောင်းသည်။ ရှုနင်က ဘယ်လောက်ကြိုးစားပါစေ၊ ရှုဟိန်၏လက်တစ်ချောင်းကိုပင် ယှဉ်နိုင်မည်မဟုတ်ပေ။ သူ ဘာဆက်လုပ်ရမလဲ..။ ချင်ယွိကျိုးက အကြံရသွားပြီး မျက်ဝန်းက တောက်ပသွားသည်။

"မင်း စာများများဖတ်.. ဗဟုသုတ တိုးအောင်လုပ်.. နားမလည်တာရှိရင် သူ့ကိုသွားမေး.. သူနဲ့ စကားသွားပြောပြီး ရင်းနှီးအောင်လုပ် ဟုတ်ပြီလား.."

"ဟုတ်ကဲ့.. ကျွန်တော်ဝပြီ အမေ.."

ရှုနင်က အစားကိုလက်စသတ်ကာ လွယ်အိတ်ကိုယူပြီး ကားရှိရာကို ထွက်လာခဲ့သည်။

ချင်ယွိကျိုးက သူ့သား၏ ထုံပေပေအပြုအမူကြောင့် ဒေါသထွက်ကာ ဝမ်းနည်းသွားသည်။ ဘယ်လောက်တောင် အသုံးမကျတဲ့သားလဲ..။

ဒီအမျိုးသမီးက အိမ်တွင်းကိစ္စကို ရှုပ်အောင်ဘယ်လောက်သွေးထိုးပေမယ့် သူဂရုစိုက်နေမည်မဟုတ်ပေ။ သူမနဲ့စကားပြော၊ ထိတွေ့ချိန်ကို အတတ်နိုင်ဆုံးလျှော့ချကာ ရှောင်နေရမည်။ သူ့အစ်ကိုဘွဲ့ရလျှင် ဘယ်သူမှတိုက်ခိုက်လို့မရသည့် သံမဏိတံတိုင်းကြီး ဖြစ်လာလိမ့်မည်။ အဲ့ဒီအချိန်မှာ သူ့အမေက ဘယ်လိုမှ အစ်ကို့ကို တိုက်ခိုက်လို့မရလောက်တော့ပေ။ သူပြန်လည်မွေးဖွားလာပြီးနောက် သူ့အမှားကိုပြုပြင်ဖို့ လုပ်ရမည်။ အရင်ဘဝကသိလာသည့် အသိပညာဗဟုသုတတို့နှင့် သူ့ဘဝကို တိုးတက်အောင်ကြိုးစားရမည်။ ဒါပေမယ့် သူ့အမေ၏စကားက ထူးဆန်းကာ သူမ တစ်ခုခုကြံစည်နေသည်ဟု ရှုနင် ခံစားနေရသည်။

ထင်သည့်အတိုင်း ထိုညနေ ရှုနင်က သူ့အစ်ကိုပေးသည့်နို့ကို သောက်လိုက်ပြီးချိန် သေအောင်ဗိုက်နာပြီး ဆေးရုံရောက်သွားတော့သည်။

အစာအဆိပ်သင့်သည်တဲ့...။

ချင်ယွိကျိုးက ဒီစကားကိုကြားတော့ ထိတ်လန့်တကြား ပါးစပ်ကိုလက်နှင့်အုပ်ကာ ရှုဟိန်ကို စိုက်ကြည့်လိုက်သည်။

ရှုဟိန်က ဆေးရုံဥက္ကဋ္ဌနှင့် ဆွေးနွေးနေစဉ် ရှုကောင်းရောက်လာပြီး မေးလိုက်သည်။

"ငါ့ရဲ့နင်နင် ဘာဖြစ်သွားတာလဲ.."

ရှုကောင်းသည် ခုတင်ပေါ်မှာ ပိုက်တွေတပ်ထားပြီး ဆေးပုလင်းကြီးချိတ်ထားရသည့် ရှုနင်ကိုကြည့်ကာ ရင်ဘတ်ထဲက နာကျင်လာသည်။

"မင်း ကလေးကို ဘယ်လိုစောင့်ရှောက်တာလဲ.."

ဒါ မဖြစ်သင့်ဘူး.. တကယ်ဆိုရင် အဖိုးကြီးကရှုဟိန်ကို ဒီစကားပြောသင့်တာမဟုတ်ဘူးလား..။ ဘာကြောင့် သူမကို လာပြောနေရတာလဲ..။

ချင်ယွိကျိုးက အံ့အားသင့်ပြီး ငိုချလိုက်တော့သည်။

"ငိုနေလည်း အလကားပဲ.. ဖြစ်သမျှကို ပြောစမ်း.."

ဆေးရုံဥက္ကဋ္ဌ၊ ဆရာဝန်နှင့် သူနာပြုများရှေ့တွင် ရှုကောင်းက ချင်ယွိကျိုးကို မျက်နှာသာမပေးဘဲ ခပ်တင်းတင်းပြောလိုက်သည်။

ချင်ယွိကျိုးက အဖိုးကြီးကို မုန်းလွန်းလို့ အသည်းတွေတောင် ပေါက်တော့မည်။ ဒါပေမယ့် သူက ခေါင်းငုံ့ကာ မျက်ဝန်းထဲကအမုန်းရိပ်ကို ကွယ်ဝှက်ကာ ထစ်အစွာပြောလိုက်သည်။

"ရှုနင်.. သူ.. နို့ကိုသောက်လိုက်ပြီး.."

"မင်း ဘာကြောင့် စကားကို တစ်ဝက်တစ်ပျက်ရပ်ထားရတာလဲ.. တမင်လုပ်တာလား.. ပြဿနာရှာတာရပ်ပြီး ဘာဖြစ်သလဲဆိုတာပဲ ပြောစမ်း.. တကယ်လို့ မင်လိမ်နေတယ်ဆိုရင် မင်းကို ချက်ချင်းကွာရှင်းဖို့ ရှုချိန်ကို ငါပြောလိုက်မယ်.. ကလေးတစ်ယောက်မွေးပေးရုံနဲ့ မင်းကိုယ်မင်း ရှုမိသားစုကလို့ ထင်နေတာလား.. မင်းရဲ့သားက ရှုအိမ်မှာနေလို့ရပေမယ့် မင်းကတော့ နေဖို့ အရည်အချင်းမရှိဘူး.."

သူမနဲ့ရှုချိန်က တရားဝင်လက်ထပ်ထားကြတာ မဟုတ်ဘူးလား။ လူတိုင်းရှေ့မှာ အဖိုးကြီးက သူမကို မျက်နှာသာတော့ပေးသင့်ပါတယ်။

"ကျွန်မတွေ့လိုက်တဲ့အချိန်မှာ ရှုဟိန်က ရှုနင်ကိုပွေ့ချီပြီး ကားနဲ့ ဆေးရုံကို ထွက်လာခဲ့ပြီ.. အခြေအေနေကိုတော့ ကျွန်မ သေချာမသိပါဘူး.. ဒါကြောင့် အဖေ ဆရာဝန်ကို မေးကြည့်သင့်ပါတယ်.. ကျွန်မကြားတာကတော့ သူ.. သူ.. အဆိပ်မိတာပဲ.."

သူမက ပါးစပ်ကို လက်နှင့်အုပ်ကာ တိတ်တဆိတ်ငိုကြွေးနေလိုက်သည်။

ဘယ်သူမဆို ချင်ယွိကျိုး၏ပုံစံကိုကြည့်ရင် သနားစဖွယ်ဖြစ်လို့နေသည်။

ရှုကောင်းက သူမကို ဆက်မကြည့်တော့ဘဲ ဆေးရုံဥက္ကဋ္ဌကိုကြည့်လိုက်တော့ ဥက္ကဋ္ဌမှာ ချွေးပြန်လာခဲ့သည်။

"သခင်လေးက အဆိပ်မိတာပါ.. နွားနို့ထဲမှာရောထားတဲ့ ဆေးဝါးကို ဓာတ်ခွဲစမ်းသပ်ထားပါပြီ.. အခုက ဆေးရုံကို အချိန်မှီပို့ပေးနိုင်လို့ သခင်လေးအခြေအနေက စိုးရိမ်စရာမရှိတော့ပါဘူး.. ဒီည ဘာမှထပ်မဖြစ်ရင် မနက်ဖြန် ဆေးရုံဆင်းလို့ရပါပြီ.."

"အင်း.. အားလုံး ကောင်းကောင်းကြိုးစားပေးခဲ့ကြပါတယ်.."

ရှုကောင်းက စိတ်သက်သာရာရသွားပြီး ဆေးရုံဝန်ထမ်းများကို ပြောလိုက်သည်။

"မင်းက ဘာကြောင့် အိမ်မပြန်သေးဘဲ ခုထိရှိနေသေးတာလဲ.."

ရှုကောင်းက ချင်ယွိကျိုးဘက်လှည့်ကာ ငေါက်လိုက်သည်။

"ကျွန်မ နင်နင့်ကို ကြည့်ချင်လို့ပါ.."

"နှစ်ပေါင်းများစွာ စွန့်ပစ်ခဲ့တဲ့ကလေးကို ကြည့်ချင်သေးတာလား.."

ရှုကောင်းက ဒီအချက်ကို အတော့်ကိုမုန်းသည်။ ကိုယ့်သွေးသားရင်းကို နှစ်ပေါင်းများစွာပစ်ထားပြီး အလယ်တန်းရောက်မှ အချစ်ကြီးတဲ့အမေလို လာပြီးပွေ့ဖက်ပြချင်နေသေးသည်။ သူက ဒေါသထွက်ပေမယ့် မြိုသိပ်ပြီး အေးစက်စွာပြောလိုက်သည်။

"မင်းဗိုက်ထဲကကလေးကိုပဲ ကောင်းကောင်းဂရုစိုက်ပါ.. အိမ်ပြန်ပြီးနားတော့.. မင်းရဲ့အကျိုးအမြတ်အတွက် မဟုတ်တာလုပ်ဖို့ မကြိုးစားနဲ့.. ထပ်လုပ်တာရှိရင် ငါ့ကို အဆိုးမဆိုနဲ့.."

ဒီစကားက သူမကို သွေးရောင်လို မျက်နှာရဲသွားစေသည်။ သူမထွက်သွားချင်ပေမယ့် ဒီလိုလုပ်ရင် ပိုရှက်စရာကောင်းသောကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် ဆေးရုံဥက္ကဋ္ဌက သူမ၏ကားဆီ လိုက်ပို့ပေးခြင်းဖြင့် ထွက်ပေါက်ရအောင်လုပ်ပေးလိုက်သည်။

ချင်ယွိကျိုးက ကားပေါ်ရောက်တော့ cellphone ကိုထုတ်ကာ ရှုချိန်ဆီ ဖုန်းဆက်
တိုင်ချင်စိတ်ကို ထိန်းမရတော့ပေ။

ရှင်လုပ်ခဲ့တဲ့အတွက် ကျွန်မကို အပြစ်မတင်နဲ့..

ရှုချိန်က နိုင်ငံခြားမှာရှိစဉ် ရှုနင်၏သတင်းကိုကြားတော့ မနက်အစောလေယာဉ်ဖြင့် ပြန်လာပြီး ဆေးရုံကိုတန်းလာခဲ့သည်။ ဆေးရုံခုတင်ထက်တွင် ရှုနင်၏အသားအရေက ပုံမှန်ပြန်ဖြစ်ကာ အသက်ပုံမှန်ရှူပြီး အိပ်ပျော်နေသည်ကိုတွေ့မှ ရှုချိန် စိတ်အေးသွားခဲ့သည်။

"သူ ဘယ်လိုအဆိပ်သင့်တာလဲ.."

ရှုချိန်က သားကြီး၏ပုခုံးကိုပုတ်ကာ မေးလိုက်သည်။

"ဒါက မသိနိုင်သေးဘူး.."

ရှုချိန်က မျက်မှောင်ကြုတ်သွားသည်။ သူ၏အိမ်တော်မှာ လုံခြုံရေးအပြည့်ချထားပြီး ဝင်ပေါက်ထွက်ပေါက်တွင် အစောင့်ရှိသည်။ ရှုအိမ်တော်ဝင်းထဲက အလုပ်သမားအားလုံးက စိတ်ချရသည့်လူများကိုသာ ရွေးခန့်ထားခြင်းဖြစ်သည်။ ဒါကြောင့် ရှုဟိန်ကိုမေးကြည့်ပြီးနောက် ရှုနင်ကိုအဆိပ်သင့်စေသော ပစ္စည်းက နို့ထဲမှာရှိသည်ကို သိသွားသည်။ ဒီအချက်က တစ်စုံတစ်ခုကို ညွှန်ပြနေသလိုပင်။

"ရှောင်ဟိန်.. မင်း ကျောင်းသွားသင့်တယ်.."

"အင်း.."

ရှုဟိန်က အဖေ၏စကားကြောင့် ကျောင်းကိုထွက်လာခဲ့သည်။

ရှုဟိန်ထွက်သွားသည်နှင့် driver က ပြောလိုက်သည်။

"ဥက္ကဋ္ဌ.. နို့ကို ရေခဲသေတ္တာထဲပဲ ထည့်ထားပြီး ဒီနို့ဘူးကိုကိုင်တဲ့သူက သခင်လေးရှုဟိန်နဲ့ သခင်မတို့ပဲဖြစ်ပါတယ်.. ပြီးခဲ့တဲ့ညက အဖြစ်အပျက်ကို သေချာစစ်ဆေးကြည့်ပြီးပါပြီ.."

ချင်ယွိကျိုးလား..။ သူမက ကိုယ်ဝန်ရှိတာကြောင့် အားရှိအောင် နွားနို့သောက်ရသည်။ အဖြစ်အပျက်က တစ်စုံတစ်ယောက်ကို ညွှန်ပြနေပေမယ့် ရှုချိန်က သားကြီးရှုဟိန်ကို သေချာသိသည်။ ရှုဟိန်ကို သူယုံကြည်သည်။

ထိုအချိန် ချင်ယွိကျိုးက ဆေးရုံသီးသန့်ခန်းထဲဝင်လာပြီး မျက်ဝန်းများက နီမြန်းကာ မေးလိုက်သည်။

"ယောက်ျား.. ရှင်ပြန်လာပြီလား.."

"ရှောင်နင် တစ်ခုခုဖြစ်နေတာ ငါပြန်မလာလို့ရမလားကွယ်.."

ချင်ယွိကျိုးက ယောက်ျား၏လက်ကို ဆုပ်ကိုင်ကာ ဝမ်းနည်းစွာပြောလိုက်သည်။

"ရှောင်နင်.. သူ တောမှာကြီးပြင်းလာခဲ့ပေမယ့် ဘာတစ်ခုမှမဖြစ်ခဲ့ဘူး.. သူက စားကောင်းတာမှန်သမျှ ပါးစပ်ထဲထည့်တတ်တော့.. ဒါကြောင့် အစာအဆိပ်သင့်တာဖြစ်မှာပါ.. အပြင်စာတွေက စိတ်မချရဘူးလေ.. ဒါပေမယ့် ရှောင်ဟိန်တိုက်တဲ့ နို့သောက်ပြီးမှ ခုလိုဖြစ်သွားတာ.. ကျွန်မသာ နင်နင်ကို ခုထက်ပိုဂရုစိုက်ရင်.. ဒီလိုဖြစ်မှာမဟုတ်ဘူး.. ဒါတွေက ကျွန်မအမှားကြောင့်ပါ.."

"မငိုနဲ့.. ကလေးအတွက်မကောင်းဘူး.."

"ရှောင်ဟိန်က တကယ်တော်တဲ့ ကလေးပါ.. သူက နင်နင်ကို ဆေးရုံကို အချိန်မှီပို့ပေးပြီး တစ်ညလုံးစောင့်ကြည့်ပေးခဲ့တယ်.. အိုး.. အခု သူဘယ်ရောက်သွားပြီလဲ.."

"ကျောင်းသွားပြီ.."

ချင်ယွိကျိုးက ရှုချိန်ကို မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။

"ရှင်က သူ့အပေါ်ကို အရမ်းမျှော်လင့်ထားတယ်ဆိုတာ ကျွန်မသိပါတယ်.. ဒါပေမယ့် သူက ကလေးပဲရှိပါသေးတယ်.. ရှင့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါဦး.. စိတ်ညစ်မခံပါနဲ့.. ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကို ထိခိုက်လိမ့်မယ်.."

"သူက 18 နှစ်ရှိပြီ.. ကလေးမဟုတ်တော့ဘူး.. မင်း ဒီနေ့ အလုပ်ကိုမလာနဲ့တော့.. အိမ်ပြန်နားလိုက်ဦး.."

"ဘယ်လိုနားနိုင်မှာလဲ.. ဟော်စူးဖွံ့ဖြိုးရေးကိစ္စက ပိုအရေးကြီးပါတယ်.. ကျွန်မက အဆုံးထိ တာဝန်ယူချင်တယ်.."

လူကြီးနှစ်ယောက်စကားပြောရင်း အပြင်ထွက်သွားတော့မှ ရှုနင်က မျက်လုံးဖွင့်လိုက်သည်။ အခန်းထဲ သူ့အမေစွတ်ထားသည့် ရေမွှေးနံ့က အရမ်းစူးကာ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ဒီအနံ့ကြောင့် အရင်ဘဝက သူ့အမေ သူ့အပေါ်လုပ်ခဲ့သည့် ယုတ်မာမှုများကို သတိရလာသည်။ အရင်ဘဝကလည်း ခုလိုပဲ သူအဆိပ်မိခဲ့သည်။ သူက သူ့အမေပြောသည့်စကားကို ယုံကာ ရှုဟိန်၏အမိန့်ဖြင့် အလုပ်သမားများ အဆိပ်ခတ်ခဲ့သည်ဟုယုံကာ ရှုဟိန်ကို အရိုးထိအောင်မုန်းခဲ့သည်။

ဒါပေမယ့် ခုဘဝတော့ ရှုနင် 'မအ' တော့ပါ။ ဒီလုပ်ရပ်က ရှုဟိန်အပေါ် အပြစ်ပုံချချင်လို့ အမေရင်းကိုယ်တိုင်က သူ့ကိုအဆိပ်ခတ်သည့်ကိစ္စက ရှင်းရှင်းပင်ပေါ်နေလေပြီ။

ဒီကိစ္စကို ရှုနင် လျစ်လျှူမရှုနိုင်ပါ။ အစကတော့ သူ့အမေ၏သွေးထိုးမှုကို လျစ်လျှူရှုထားပေးဖို့ ဆုံးဖြတ်ထားပေမယ့် သူ့ကိုချနင်းလာပြီဆိုတော့ သူ့အမေကို တူညီသောအဖြစ် ပြန်ခံစားရစေမည်။ အမေက မမွေးသေးသောသားအတွက် သိပ်ကိုလောဘတက်ပြီး အမြင့်ဆုံးကို ကုတ်တက်ချင်တာလား..။ ရတယ်လေ.. ဟိုးငရဲပြည်အထိ ဆွဲချပေးပါ့မယ်..။

ရှုနင်သည် သူ့အမေ ငမ်းငမ်းတက်အောင်မြင်ချင်နေသည့် ဟော်စူးဖွံ့ဖြိုးရေးဇုံအကြောင်းကို သူ့မှတ်ဉာဏ်ထဲကနေ ပြန်လည်ရှာဖွေလိုက်သည်။ ဒါကြောင့် သူ့နှုတ်ခမ်းက တွန့်ကွေးကာ ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။

========================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now