Chapter (86)_ အောက်ခြေလွတ် ဘဝင်မြင့်သော ဝမ်ချုံး

15K 2.3K 59
                                    

Chapter (86)_  အောက်ခြေလွတ် ဘဝင်မြင့်သော  ဝမ်ချုံး

ရှုနင်က ဖန်ချန်းနှင့် အများကြီးတိုင်ပင်ခဲ့ကြသည်။ အကင်တွေစားပြီးနောက်  လက်ဖက်ရည်သောက်ရန်လက်ဖက်ရည်ဆိုင်သို့ သွားကြသည်။ မည်သည့်အရာမျှဆုံးရှုံးနိုင်ခြင်းမရှိစေရန် သူတို့သည်အသေးစိတ်အချက်အလက်များကို စနစ်တကျစီစဉ်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းတနင်္လာနေ့ တွင် ဝမ်ချုံး၏မျက်လုံးက ရဲနေပြီး စိတ်မချမ်းမသာဖြစ်နေဟန် ပေါ်နေသည်။ ဝမ်ချုံးရဲ့ဖခင်က Top ဖြစ်ပြီး သူနဲ့ 9 နှစ်တာ တွဲခဲ့တဲ့ ပါတနာရှိသည်။ ထိုပါတနာက ပတ်ဝန်းကျင်ရဲ့ဖိအားဒဏ်ကို မခံနိုင်တော့လို့ သူ့အဖေကို လမ်းခွဲကာ ထွက်သွားခဲ့သည်။ ဝမ်ချုံးရဲ့အဖေက အသည်းကွဲကာ သူတို့ပိုင်ဆိုင်သမျှ အကုန် ရောင်းချပြီး တံတားပေါ်ကနေ မြစ်ထဲကို ခုန်ချခဲ့သည်။ ကံကောင်းထောက်မပြီး မိန်းကလေးတစ်ယောက်က သူ့ကို ကယ်တင်ပေးခဲ့သည်။ ထိုမိန်းကလေးက သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို အထင်မသေးပဲ သူ့ခံစားချက်ကို ဂရုတစိုက် နားထောင်ပေးပြီး စာနာပေးခဲ့သည်။ ထိုလူက သူ့ဘဝမှ ခုလို အလေးအနက် သူ့ကို ကောင်းပေးသည့် မိန်းကလေးကို တွေ့တော့ ထိုမိန်းကလေးနှင့် လက်ထပ်ပြီး ဘဝကို ထူထောင်ခဲ့တဲ့နောက် ဝမ်ချုံးကို မွေးလာခဲ့သည်။

ဝမ်ချုံး တို့မိသားစုလေးက ပျော်ရွှင်စွာနေလာခဲ့ရင်း ဝမ်ချုံး အသက် 10 နှစ်သားအရွယ်တွင် သူတို့အိမ်ရှေ့မှာ တန်ဖိုးကြီး Audi ကားပေါ်က ဆင်းလာသည့် အထက်တန်းကျကျဝတ်ထားသော ဦးလေးတစ်ယောက်ကို တွေ့ရချိန်မှာ မိသားစုပျော်ရွှင်မှုလေး အဆုံးသတ်သွားခဲ့သည်။ ထိုဦးလေးက မိန်းကလေးလို ချောမောတဲ့ မျက်နှာ၊ သိမ်မွေ့တဲ့ကိုယ်ဟန်အမူယာကို ပိုင်ဆိုင်ထားပြီး မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နဲ့ သူ့အဖေကို ငေးကြည့်နေခဲ့သည်။ ဒီနတ်သားလေးလို ချောမောတဲ့ ဦးလေးက သူတို့မိသားစုကို ဖျက်ဆီးလိမ့်မယ်လို့ ဝမ်ချုံး လုံးဝမထင်ထားခဲ့ပေ။

အချစ်ဟောင်းနှင့်ပြန်ဆုံပြီးနောက်ပိုင်း သူ့အဖေရဲ့စိတ်က သူတို့သားအမိဆီမှာ မရှိတော့ပေ။ သူ့အမေက မျက်လုံးနီရဲစွာဖြင့် နေ့စဉ် သူ့အဖေ မူပျက်သည်ကို စောင့်ကြည့်နေပြီး နောက်ဆုံးမှာ သူ့အဖေက ပိုင်ဆိုင်သမျှ အကုန်ထားရစ်ခဲ့ကာ သူတို့သားအမိကို စွန့်လွှတ်သွားခဲ့သည်။ ဒီအတိုင်းကြည့်ရင် သူ့အဖေက ထောက်ထားညှာတာတတ်သလိုနှင့် သွေးအေးရက်စက်သောလူဖြစ်သည်။ ထိုစဉ်ကတည်းက ဝမ်ချုံး၏ ရင်ထဲမှာ အထက်တန်းလွှာထဲက သခင်လေးတွေကို အထင်သေးမုန်းတီးခဲ့တာ ဖြစ်သည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now