Chapter (80)_ဖွတ်မရ ဓါးမဆုံးသည့် ဟော်မိသားစု (U+Z)

15.9K 2.3K 39
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)

Chapter (80)_ဖွတ်မရ ဓါးမဆုံးသည့် ဟော်မိသားစု  (U+Z)

ရှုဟိန်ရဲ့လက်ဖဝါးထဲက လက်ကလေးက နူးညံ့ကာ သေးငယ်ပြီး ဖြူနုနေသည်ကို သတင်းထောက်အားလုံး သေချာတွေ့လိုက်ရသည်။

ဒီမိန်းမပျိုက... ဘယ်သူလဲ။ ဘယ်အိမ်တော်ကြီးက မမလေးလဲ....

ဒါမမှန်သေးဘူး ...... အင်္ကျီလက်တွေ မှားနေတယ်။ (⊙ o ⊙)  ကောင်လေးလား? ဒါဟာ တကယ်ပဲ ယောက်ျားလေးလား ? ယောက်ျားလေးတစ်ယောက် ကားထဲက ထွက်ဖို့ ကူညီမယ့်သူ လိုအပ်လို့လား။

သတင်းထောက်များ အားလုံး ခဏတာ အံ့အားသင့် သွားပြီးနောက်တွင် ဓါတ်ပုံများကို တဖြတ်ဖြတ် ဆက်လက်ရိုက်ကူးနေဆဲမှာပင် ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ နှင်းကလေးလို ဖြူဖွေးသော လက်လေး၏ပိုင်ရှင်က သူ၏မျက်နှာကိုဖော်ပြခဲ့သည်။

ရှုနင် ပဲ။

ရှုနင်သည် တစ်ခါတစ်ရံတွင်  ချမ်းသာသော အိမ်ထောင်စုများကလုပ်သည့် ပါတီပွဲများတွင် မျက်နှာပြ တတ်သဖြင့် လူတွေက သူ့ကို နည်းနည်းတော့ သိနေသည်။

 သူပါလာရင် အာရုံစိုက်ရမည့် သတင်းကောင်းတခုခု ပေါ်လာစမြဲဖြစ်လို့ သတင်းထောက်အားလုံးက  အစောပိုင်းက ယောကျာ်းလေးတစ်ယောက်လက်ကို မိန်းကလေးနှင့် အထင်မှားခဲ့မိသည့် သူတို့မျက်လုံးကို သူတို့ဖာသာလှောင်ရယ်ကာ  ဤသမိုင်းဝင်မြင်ကွင်းကို ရိုက်ကူးရန် ကင်မရာရှပ်တာ ခလုတ်ကိုသာ ဆက်တိုက်နှပ်နေခဲ့ကြသည်။

ရှုနင်ကဒီကိစ္စနဲ့ပတ်သက်ပြီး မျက်နှာက တော်တော်လေးမှောင်မဲနေကာ အလိုမကျဖြစ်နေသည်။
အကိုကြီးက ခုလို သည်းသည်းလှုပ်နေသည်ကို သူက လျစ်လျူရှုလိုက်ပါက ပြင်ပကမ္ဘာကလူတွေက ဘယ်လို ထင်သွားကြမလဲ။

 အရွယ်ရောက်လာတဲ့ ညီအစ်ကိုတွက တစ် ဦး နှင့်တစ် ဦး ခုလို လက်ချင်းဆုပ်ကိုင်ထားသည်အထိ မရင်းနှီးကြပါ၊ မိသားစုပိုင်ဆိုင်မှုသည် မည်သူ့ လက်ထဲသို့ ရောက်သွားတော့မလဲ ဆိုပြီး ညီအစ်ကို အရင်းတွေတောင် အရွယ်ရောက်လာရင် ရန်သူလို ရန်စောင်နေကြသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now