Chapter (81-1)_ အကိုကြီးက နောင်အနာဂါတ်မှာ ကျွန်တော့်ကို စားမှာမို့လား... (U+Z)

16.9K 2.3K 33
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကုိ ဆြဲခ်ေပးပါ)

Chapter (81-1)_ အကိုကြီးက နောင်အနာဂါတ်မှာ ကျွန်တော့်ကို စားမှာမို့လား... (U+Z)

ဟော်မိသားစုဧည့်ခံပွဲကို တက်ရောက်သည့် ဧည့်သည်များသည် လူတန်းစားအမျိုးမျိုးမှ ထင်ရှားသောပုဂ္ဂိုလ်များဖြစ်ပြီး ရှုနင်အပေါ် အမျိုးမျိုး အကဲဖြတ်နေခဲ့ကြသည်။

အခုဒီအချိန်မှာ  ရုတ်တရက် စူးရှသည့် အော်သံတစ်သံ ကို လူတိုင်း ကြားလိုက်ရသည်။

ဘာဖြစ်နေတာလဲ?

အဘယ်ကြောင့် ဒီနေ့မှာ ဒီလောက် မတော်တဆမှု ရှိနေခဲ့သလဲ?

ဒါက ဟော်မျိုးနွယ်က လုပ်တဲ့ ဧည့်ခံပွဲမှာမှ ဖြစ်ရတာလား?  ဟော်မျိုးနွယ်စုက သန်မာတယ် မဟုတ်လား? ဘယ်လိုဖြစ်ပြီး ကံဆိုးခြင်းတွေက သူတို့ရဲမင်္ဂလာရှိတဲ့ ပွဲမှာ ဆက်တိုက်ပေါ်လာရတာလဲ...။

အော်သံအရဆိုရင် ကောင်လေးတစ်ယောက် ဖြစ်ဟန် တူသည်။ သူ့အသံအရ အတော့်ကို ဆိုးဝါးတဲ့ အဖြစ်ကို ရင်ဆိုင်နေရပုံပေါ်ပြီး အော်ဟစ်သံကို ကြားရသူတိုင်း စိတ်ဆင်းရဲစရာဖြစ်နေကာ  လူတို့၏နှလုံးသားကို နာကျင်စေသည်။ လူကြီးလူကောင်းအားလုံးက ထိုအသံကို ကြားပေမယ့် တည်ငြိမ်အေးဆေးစွာ နေနိုင်ခဲ့ကြရပြီး သူတို့အားလုံးဟာမြင်ကွင်းကြီးကို  စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည်။ အခုဖြစ်တဲ့ ဖြစ်ရပ်က ဟော်မိသားစုက ဖြစ်စေ ၊ရှုမိသားစုက ဖြစ်စေ သူတို့ဂရုမစိုက်ပေ။ ထိုမိသားစုနှစ်စုက အထက်တန်းလွှာအသိုင်းဝိုင်းကို လွှမ်းမိုးနေသည့် အုပ်စု တွေဖြစ်လို့  ဖြစ်ရပ်တချို့ သူတို့တွေမှာ ဖြစ်သွားတာကို မြင်ရလည်း ကောင်းပါသည်။  သန်မာသူတွေက မကျရှုံးပဲ အမြဲသန်မာနေရင် ဒီကမ္ဘာပေါ်မှာ အခြားလူတွေက ဘယ်လိုရှင်သန်နိုင်ကြတော့မလဲ။ တဖွဲ့ဖွဲ့က ကံဆိုးမိုးမှောင်ကျပြီး အောက်ကို ထိုးကျအုံးမှပေါ့....။

ပွဲတက်လာတဲ့ အမျိုးသမီးများသည် လှပကြော့ရှင်း စွာဖြင့် ပုလဲနှင့်စိန်များ ဝတ်ဆင်ထားကာ   သူတို့၏ ဝတ်စုံများနှင့်လိုက်ဖက်ကာ ကျက်သရေရှိလို့နေသည်။

ထိုကဲ့သို့သောသဟဇာတဖြစ်သည့် ပန်းချီကား တစ်ချပ်ကဲ့သို့ လှပထည်ဝါသည့် ဧည့်ပရိတ်သတ်ဖြင့် ပြည့်နေသည့် ခန်းမကြီးထဲတွင် အဝတ်ဗလာ ကိုယ်လုံးတီးနှင့် ကောင်လေးတစ်ယောက် ရုတ်တရက်ပေါ်ထွက်လာသည်။ ထိုကောင်လေး၏ အောက်ပိုင်းမှ သွေးများမှစီးကျလို့နေသည်။

ဟော်ယွီသည် နိုင်ငံခြားတွင် သူ့မျက်နှာခွဲစိတ်ပြုပြင်မှု ကို လုပ်ခဲ့ပြီးနောက် နဂိုမူလ ချောမောသော ပင်ကိုယ် မျက်နှာနှင့် အတော်ကြီးကို တူညီခဲ့ပြီး ဖြစ်သည်။  

လူတိုင်းရဲ့ အကြည့်က ဝတ်လစ်စလစ်နှင့်ကောင်လေးဆီ ကိုရောက်ကာ အတွေးတို့ နက်ရှိုင်းလို့နေသည်။

သူတို့ လူမှားမြင်လိုက်တာလား?
 ဟော်ယွီက နိုင်ငံခြားကို မသွားကြဘူးလား?
 သူ ဘယ်အချိန်က ပြန်လာခဲ့တာလဲ?

သူ့ရုပ်ရည်က အရင်တုန်းကထက်ပိုကြည့်ကောင်းလာ တယ်၊ သူ့အသားအရောင်က ပိုကျန်းလာလာပုံရတယ်။ ဒါက အဓိက အချက်မဟုတ်ဘူး။

 အဲ့ဒါက..ဘာဖြစ်နေတာလဲ?

လှေကားကနေ ပြေးဆင်းလာတဲ့ ဟော်ယွီက အရမ်းကို ေြကြာက်လန့်ပြီး စိတ်ရှုပ်ထွေးလို့နေတယ်။  သူ့မျက်နှာက စာရွက်တစ်ရွက်လို ဖြူဖျော့နေပြီး အရမ်းထိတ်လန့်တုန်လှုပ်နေလို့ သူ ဘယ်ကို ရောက်နေတယ် ဆိုတာ သေချာ သတိမထားမိ ဖြစ်နေသည်။

 ရုတ်တရက် ဧည့်သည်မိန်းမတစ်ယောက်သည် အံ့အားသင့်စွာအော်ဟစ်လိုက်သည်။ လူတိုင်းက သူကြည့်နေသော နေရာဆီသို့လှမ်းကြည့်လိုက်သည်။ ဟော်ယွီရဲ့ အနောက်ပေါက်ကနေ   အဖြူရောင်အရည် ထွက်လာတယ်!  စီးကျလာတဲ့ ဖြူဖြူအရည်တွေက ဘာတွေလဲ...

အရွယ်ရောက်သူအားလုံးသည် ထိုအရာကိုသိကြပြီး ဖြစ်သလို အရွယ်မရောက်သေးသူများကလည်း နားလည်ကြသည်။ ရှုဟိန်က ရှုနင်၏မျက်လုံးများကို လက်ဝါးကြီးဖြင့် ဖုံးအုပ်လိုက်လို့ ရှုနင်က သေချာ ကြည့်ခွင့်မရလိုက်ပေ။

တကယ်တော့ ရှုနင်က အရမ်းကို စိတ်ဓါတ်ကျ သွားခဲ့သည်။ ဟေး...  ငါက အသက် ၃၀ ရှိနေပြီကွ။ ငါ တကယ် ဒီမြင်ကွင်းကို ကြည့်ချင်တယ်! ဘုရားမလို့ အခု ကံဆိုးမိုးမှောင်ကနေတာ ဟော်ယွီလေ... ဘယ်သူက ငါ့ထက် ပိုပြီး ပျော်ရဦးမှာလဲ.. သူ့ရဲ့  ကံမကောင်းအကြောင်းမလှတဲ့ ဖြစ်ရပ်ကို ငါ ကြည့်ချင်ပါတယ်ကွ....

(အတွေးများဖြင့် မှောင်နေသော အသက်30 အရွယ် ဦးလေးကြီး.... >o<)

အစ်ကိုကြီးကြီးက ဘာပဲဖြစ်ဖြစ် ဒီနေရာကို လာတယ်။  ငါ့ကိုတောင် ခေါ်ဆောင်လာခဲ့ပြီး အခု အားရစရာမြင်ကွင်းကိုတော့ ငါ့ကို မကြည့်စေချင်ဘူး...

ဒီလိုတွေးရင်း ရှုနင်က အကိုကြီးရဲ့မျက်နှာထားက ဒီမြင်ကွင်းကြောင့် ဘယ်လိုဖြစ်သွားမလဲဆိုတာကို ကြည့်ချင်စိတ်ပေါက်လာမိသည်။ ဒါပေမယ့် သူက အကိုကြီးဖုံးထားတဲ့လက်ကို အတင်းဖယ်ပြီး အကိုကြီးကို မော့ကြည့်လိုက်တာကို ပတ်ဝန်းကျင်က လူတွေမြင်ရင် အကိုကြီးကို သံသယဝင်သွားလိမ့်မယ်...

 ရှုနင်က စိတ်နှလုံးမငြိမ်မသက်ဖြစ်နေပြီး သူ မခံနိုင်တော့လို့ တုန်ယင်စွာဖြင့် ရှုဟိန်ရဲ့ ခါးကို ဖက်ကာ ရင်ဘတ်ထဲ မျက်နှာဝှက်ထားလိုက်သည်။
 တကယ်တော့ သူက အပျော်လွန်ပြီး တုန်နေတာဖြစ်တယ်။

ညီလေးက ဒီကိစ္စကို သိနေတာလား။

ငါ မင်းကိုယ်စား ဟော်ယွီကို ကလဲ့စားချေပေးလိုက်တာ မင်း ပျော်ရဲ့လား...

ရှုဟိန်က လူတစ် ဦး ၏ ရှက်ဖွယ်ကောင်းသော မြင်ကွင်းကို မကြည့်ခဲ့ပါ၊ လူတစ် ဦး ၏ဘဝကို ဖျက်ဆီးခြင်းသည် ကလေးကစားသလိုကို လွယ်ကူ လွန်းလှသည်။ သူက ရှုနင်ကို  လက်မောင်းထဲသို့ ပွေ့ချီကာ ပြန်လည် ခါ်ဆောင် လာခဲ့သည်။ ယခု အချိန်က အရမ်း နောက်ကျလွန်းနေပြီ၊ သူ့ညီလေးအတွက် အိပ်ချိန်ရောက်နေပြီ။

 
ဝမ်ရှီး၏မျက်နှာပေါ်တွင်နူးညံ့သိမ်မွေ့သည့် အပြုံး ပြုံးထားလိုက်  သူ၏ဘေးတွင်  သူ့ကိုလက်နှင့် ကိုင်ထားပေးသည့် သူ့ အကြီးဆုံးသား ဝမ်ပိုင်သည်လည်း ရှုဟိန်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြကာ ရှုဟိန် ၏ ရှေ့တွင် လမ်းကို ပိတ်ရပ်ခဲ့သည်။

ရှုဟိန်သည်ပညာရှိသူဖြစ်ပြီး သူတို့လမ်းကို ပိတ်ဆို့ရန် တမင်တကာလာခဲ့ခြင်းဖြစ်ကြောင်း သူ သိသည်။

"မင်းမှာအလုပ်ကိစ္စဆွေးနွေးစရာရှိရင် နောက်တခေါက်မှ တွေးကြမယ်။ အခု ငါ့ညီလေး အိပ်ချင်နေပြီ  "

သာမန်လူတစ်ယောက်ဖြစ်ခဲ့ရင် ရှုဟိန်ပြောတာကို သူတို့နားလည်မှာမဟုတ်ဘူး၊  ရှုဟိန်က အရမ်းကို အေးစက်လွန်းပြီး ယဉ်ကျေးမှု နားမလည်သူလို့ ထင်နိုင်သည်။ ဒါပေမယ့် ဝမ်မိသားစုက သူတို့ရဲ့ ဉာဏ်ရည်မမှီတဲ့ သမီးကို ပိုင်ဆိုင်ကာ ငယ်စဉ်ကတည်းက ပိုးမွေးသလို မွေးခဲ့ရသည် မိသားစုဖြစ်သည်။ အထူးသဖြင့် သားအကြီး ဝမ်ပိုင်က သူ့ညီမလေးကို သူကိုယ်တိုင် ထိန်းကျောင်းခဲ့လို့ အခု ရှုဟိန်ရဲ့ ခံစားချက်ကို သေချာနားလည်သည်။

ဒီနေ့ပါတီပွဲမှာ ရှုဟိန်ရဲ့ညီငယ်လေးက မမြင်သင့် မမြင်အပ်သည့် ရုန့်ရင်းရိုင်းစိုင်းတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်...

 ဝမ်မိသားစုသည် တစ်စုံတစ် ဦး ကိုကြည့်ရှု စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ ဘာကို လုပ်သင့်တယ်ဆိုတာကို အကောင်းဆုံးနားလည်သည်၊ ရှုဟိန်ကို သူတို့  စာနာနားလည်မှုရှိကြောင်း ပြသချင်သည်။ ကလေးငယ်လေးတစ် ဦး သည် သူ့အစ်ကိုကြီး၏ လက်ထဲတွင် ကြောက်လန့်ကာ ပုန်းနေရရှာသည်။ သူမြင်တွေ့ခဲ့သော စက်ဆုပ်ရွံရှာဖွယ်ကောင်းသောမြင်ကွင်းများကို သူ ကြောက်ခဲ့သည် မဟုတ်လော။ ဝမ်ရှီ၏ အကြည့်မှာ ချစ်ခြင်းမေတ္တာနှင့်ပြည့်နေပြီး ချက်ချင်းပင် ရှုဟိန်ကို လမ်းဖွင့်ပေးခဲ့သည်၊ ဝမ်ပိုင်လည်း အကိုချင်း ကိုယ်ချင်းစာကာ လမ်းဖယ်ပေးလိုက်သည်။

ဒီမြင်ကွင်းကို ယနေ့မြင်တွေ့ခဲ့သူများသည် အခုအဖြစ်ပျက်ကို ကြည့်ကာ ရှုဟိန်က  ရိုးရှင်းသော လူသားမဟုတ်ဘူးဆိုတာ သေချာသိလိုက်သည်။

လင်ကွန်းကားထဲကို ရောက်ပြီး ဟော်မိသားစု စံအိမ်ထဲကနေ ပြန်ထွက်လာသောအခါ ရှုနင်က သူ့အကိုကြီးကို မေးလိုက်သည်။

 " အစ်ကိုကြီး...~ တကယ်တမ်း...ဘာဖြစ်ခဲ့တာလဲ။ အကိုကြီး ဟော်ယွီကို ဘယ်လိုလုပ်ခဲ့တာလဲ။

"မင်း မကြောက်ဘူးလား"

ကျွန်တော် ဘာကြောင့်ကြောက်ရမှာလဲ...


ရှုဟိန် ၏အကြည့်က နက်ရှိုင်းလာပြီး ရှုနင်ကို သူ့လက်မောင်းကြားထဲ ထည့်ကာ ပွေ့ဖက်လိုက်သည်။ ထို့နောက် နင်နင်၏မေးစေ့ကို လက်ချောင်းဖြင့် ပွတ်သပ် ကစားနေသည် -

" အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို ကြောက်ဖို့ကို ငါ ခွင့်မပြုဘူး!"

"...... "
ရှုနင်က သူ၏ကြီးမားသော မျက်လုံးတောက်တောက် များဖြင့် အကိုကြီး၏မျက်နှာကို မော့ကာ စိုက်ကြည့် လိုက်သည်။ သူက အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည် -

"အစ်ကိုကြီးကို ကျွန်တော်က ဘာကြောင့် ကြောက် ရမှာလဲ။ အစ်ကိုကြီးက နောင်အနာဂါတ်မှာ ကျွန်တော့်ကို ကိုက်စားမှာမို့လား"  

(အမှန်တွေကို ဒဲ့မေးနေသော ဝံပုလွေပေါက်လေး နင်နင်)

"ဖြစ်ကောင်းဖြစ်နိုင်တယ်!"

(ဒဲ့ဖြေလိုက်တာ ရေခဲတုံးအကိုကြီး ဟိန်ဟိန်)

ရှုနင်ကရယ်မောလိုက်ပြီး " ကျွန်တော် စောင့်နေမယ်" ဟုတုံ့ပြန်လိုက်သည်။

သူ့ပုံကို ကြည့်ရတာ အံ့သြနေပြီး ရှုဟိန်ပြောလိုက်သည့် စကားကို ယုံပုံမရပေ။

ရှုဟိန် သည် သက်ပြင်းချကာ နင်နင်ကို ဆက်ပြီး ပွေ့ဖက်လိုက်သည်။ သူ၏နှုတ်ခမ်းများမှ မည်သည့်စကားလုံးမျှ မပေါ်ထွက်လာပေ။

 ဒီကနေ့ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားရင် ရှုဟိန်က သူလုပ်လိုက်တဲ့ နည်းလမ်းက ကြမ်းနေသလားလို့ တွေးနေသည်။ ဟော်မိသားစုကို သူတို့ဖော်သည့်ဆေးကို ပြန်သောက်ခိုင်းလိုက်ဖို့ သူ့ကိုယ်ပိုင်နည်းဖြင့် ခပ်ကြမ်းကြမ်း တုန့်ပြန်လိုက်တာ ဖြစ်သည်။

မင်း ငါ့မျက်နှာကို ဖြတ်ရိုက်ချင်နေလား..မင်း မျက်နှာကို ငါ အရိုက်ဖြတ်ရိုက်ပြလိုက်မယ်...မင်းဆန္ဒရှိတဲ့ အချိန်မှာ ငါ့ကို ဆန့်ကျင်လို့ရမယ် ထင်နေတလား။ ငါ လုပ်ချင်တဲ့ ဘယ်ကိစ္စကို မဆို ဘယ်လိုပြီးမြောက် အောင်မြင်အောင် လုပ်ခဲ့တယ်ဆိုတာ မင်းတို့ပြမယ်။

တကယ်တော့ သူက ဒါကိုလုပ်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုက နောင် အနာဂတ်မှာဖြစ်မယ့် အရာတွေကို ရှုနင်ကို သိအောင် လုပ်ပေးတာ ဖြစ်သည်။

 ပထမအချက်က ယောကျာ်းနှစ်ယောက်က အဲ့ဒါကို လုပ်လို့ရတယ်၊ ဒုတိယအနေနဲ့ အကယ်၍ သူက အနာဂတ်မှာ တစ်ခုခုကိုသိလာခဲ့ရင် သူ့အစ်ကိုကြီးက သူထင်သလို လူကောင်းမဟုတ်ဘူးဆိုတာ သိစေချင်တာ ဖြစ်သည်။ ဒါမှ နောင်မှာနင်နင်က သူ့ကို မကြောက်မှာ ဖြစ်သည်။


(အဲ့ဒါ = အဟွာပြုခြင်း = sex)

ရှုဟိန်က သူ့စတိုင်နဲ့ ခုလို ခပ်ကြမ်းကြမ်း လုပ်လိုက် တာက သူ့ ဟော်မိသားစုကို ရန်သူအဖြစ်မြင် လိုက်ပြီဆိုတာကို ပြသလိုက်တာ ဖြစ်သည်။  သူက သင့်ကိုရန်သူအဖြစ်မြင်သည်နှင့် သူ ဘယ်သောအခါမျှ အလွယ်တကူ လက်လျှော့မည် မဟုတ်ချေ။

သူမွေးစားဖခင်၏စွမ်းအားမှာ အကန့်အသတ်ရှိနေသည်။ မြို့တော်မှ အဖေရင်းရဲ့အိမ်တော်က သူ့ကို သူတို့ အိမ်ကို ပြန်ခေါ်ရန်  စိတ်အားထက်သန်နေပြီး ထပ် ပြီး သည်းမခံနိုင်တော့ပေ။ ဒါကြောင့် ရှုဟိန်က ဟော်မိသားစုကို သုံးပြီး သူ့ရဲ့ စိတ်ရင်းကို အရိုးသားဆုံး ပြသလိုက်တာ ဖြစ်သည်။

ရှုဟိန်က ဖခင်ရင်း၏မိသားစုနှင့် နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်ခဲ့ပြီးဖြစ်သည်။ မြို့တော်ရှိလူများ၏ စိတ်ရှည်သည်းခံခြင်းများလည်း အကန့်အသတ်ကို ရောက်ရှိခဲ့သည်။ ရှုမိသားစုကို သူတို့စိတ်ပျက်လက်ပျက်ဖြစ်ခြင်းကြောင့် ထိခိုက်အောင်လုပ်ခဲ့မည်ကို စိုးသောကြောင့် ရှုမိသားစုကို သူ ဘယ်လောက် တန်ဖိုးထားသည်ကို တမင်သက်သက် ပြသလိုက်တာ ဖြစ်သည်။ သူ့ဖခင်ရင်းရဲ့အိမ်တော်က သူ တန်ဖိုးထားသည့် နင်နင်ရဲ့ ရှုမိသားစုကို လာမထိစေရန် ကြိုတင် သတိပေးလိုက်တာ ဖြစ်သည်။

 ရှုနင်ကို ထိရန်ကြိုးစားသည့် ဟော်ယွီကို သူ တဆုံး လက်တုန့်ပြန်လိုက်တာက သူ့ဖခင်ရင်းမိသားစုက ရန်လုပ်မည်ကို ကြိုတင် ကာကွယ်လိုက်ခြင်းဖြစ်သည်။  
ဒါကြောင့် သူ့ဖခင်ရင်းမိသားစုက သူနှင့် မျက်နှာမပျက်ချင်ရင် နင်နင်ကို လာမထိရဲတော့မည်မှာ သေချာသည်။


ရှုဟိန်သည် သူ့လက်ဖြင့် နင်နင်၏ဆံပင်ကို ပွတ်သပ်ကာ အရသာ ခံစားနေသည်။ ရှုနင်သည် ညကောင်းကင်ယံကဲ့သို့ နက်မှောင်သော အရောင်တို့ တလက်လက်တောက်နေပေမယ့်  မျက်လုံးကျဉ်းကာ ဇိမ်ခံနေသလိုဖြင့်  အမှန်တကယ်တွင် သူသည် သူ၏အစ်ကိုကြီးကို ကြည့်ကာ စဉ်းစားနေသည်။ အကိုကြီး၏အနားတွင်ရှိနေခြင်းသည် သူ့ဘဝတွင် အကောင်းဆုံးအရာများအနက်မှ တစ်ခုဖြစ်သည်။ သူ ဘာကိုမှ စိတ်ပူစရာမလိုတော့ပေ။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now