Chapter (19) - ညီလေး စိတ်မပျော်ဘူးလား (Z+U)

26.7K 3.8K 37
                                    


Chapter (19) - ညီလေး စိတ်မပျော်ဘူးလား (Z+U)

ထိုပန်းရောင်စာအိတ်အပေါ်က ချယ်ရီပွင့်လေးများပါရှိပြီး အထဲမှာ ဘာပါမည်ဆိုတာ ရှင်းနေသည်။

လုပ်လိုက်တော့ ကောင်လေး ရှုဟန်ရေ....

မင်းက အသက် 18 နှစ်ရှိပြီ။ လူပျိုဖြစ်နေပြီလေ။ ကောင်မလေးနဲ့ သွားချိန်းတွေ့ပေတော့။ ရှုနင်က ဒီရက်ပိုင်း စာကို အသည်းအသန်လုပ်နေရ သောကြောင့် ရှုဟိန်က ကောင်မလေး တစ်ယောက် ဆီက ရည်းစားစာရလိုက်တာကို သတိမထားလိုက်မိပေ။ ဒါက အရင်ဘဝက အဖြစ်ပျက်နဲ့ လုံးဝမတူပေ။ ဒီစာကို ပေးလိုက်သည့် မိန်းကလေးက မလွယ်ဘူးပဲ။ နတ်ဘုရား အကိုကြီးကို ရည်းစားစာ ပေးဝံ့တယ်ဆိုတာ တော်ရုံရဲရင့်မှုနဲ့ မရနိုင်ဘူးလေ။

" သူမက သူ့ရဲ့ အချစ်ဦး ဖြစ်နိုင်မလား "

သေစမ်း။
ရှုဟိန်က ချိန်းတွေ့နိုင်သည့် အရွယ်ရောက်ချိန်မှာ သူကတော့ နိ့သောက်နေရဆဲ အဲ...မဟုတ်သေးဘူး။ တိုင်းရင်းဆေး သောက်နေရဆဲဖြစ်သည်။ လောကကြီးက မတရားပါလား ဟမ်...။

ဒါပေမယ့် သူက လိင်တူကြိုက်ဆိုတာ သူ့ အကိုကြီး သိလို့ မဖြစ်ပေ။ ဒါက ရှုမိသားစုက သားအကြီးဆုံးပေါ် တခုခုလွှမ်းမိုးမှုဖြစ်နိုင်သည်။ ပြီးတော့ ရှုအိမ်တော်အတွက် မျိုးဆက်ချန်ဖို့လည်းလိုတယ်ဆိုတော့ သူ့ အကိုက ဒီတာဝန်ကို အဓိက ထမ်းသင့်တယ် မဟုတ်လား။

ရှုနင်က မေးစေ့ကို လက်နှင့်ပွတ်ကာ ရည်းစားစာ ရသည့်အကြောင်းကို အကိုကြီးကို မြှောက်ပင့်ပြောဆိုချင်ပေမယ့် လောလောဆည် သူက အကိုကြီးနား ကို အဖော်ပြုပေးချိန် သူ ပြောလိုက်တာကြောင့် ရှုဟိန် စိတ်အနှောက်ယှက်ဖြစ်သွားမလားဆိုတာကို စဉ်းစားပြီး ဘာမှ မပြောပဲ ၂ ရက်တိတိ မသိချင်ယောင်ဆောင်နေလိုက်သည်။ ရှုဟိန်၏ ရင်ထဲမှာ သူ့နေရာက လျော့သွားခဲ့လျှင် သူ့မူလရည်ရွယ်ချက် ပျောက်ပေတော့ မည်။

ရှုနင်က သူ့အိပ်ခန်းလေးထဲ ပြန်သွားလိုက်ပြီး ထိုညက အကိုကြီး၏ စာဖတ်ခန်းထဲ မသွားပဲ စာလုပ်နေခဲ့သည်။ အကိုကြီးသူ့ကို ပြန်လာခေါ်မလားလို့ တိတ်တိတ်စောင့်နေပေမယ့်  အကိုကြီးက ပေါ်မလာခဲ့ပေ။ ရှုနင်က အသက် 13 နှစ်ကိုယ်ထဲပဲရှိနေပေမယ့် သူ့အတွင်းစိတ်က အသက် 30 ရှိနေလေပြီ။ သူက ထင်ထားသည်ထက် စိတ်ရှည်သောကြောင့် လှေခါး ပထမ တစ်ထစ်ကို နင်းလိုက်ပြီးမှ လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

ရှုဟိန် စာဖတ်ချိန်ရောက်တော့ ရှုနင်က ရောက်မလာပေ။ သူက မျက်မှောင်ကြုတ်လိုက်စဉ် အမှောင်ရိပ်ထဲက ကိုယ်ရံတော်က တိတ်တဆိတ် ထွက်လာပြီး အစီရင်ခံလိုက်သည်။

ဒုတိယ သခင်လေးက စာဖတ်ခန်းထဲရောက်လာပြီး စားပွဲပေါ်က ရည်းစားစာကို မြင်သွားပြီးနောက် မပျော်မရွင်ဖြစ်ကာ အခန်းထဲမှ ထွက်သွှားခဲ့ကြောင်း ကြားရတော့ ဘာကြောင့်လဲ ဟု စဉ်းစားနေမိသည်။

စာထဲမှာ မကောင်းတာ တခုခုပါနေလို့လား။
ကိုယ်ရံတော်က စာကို စစ်ဆေးပြီးပြီ။ အထဲမှာ ဘာမှ မပါပေ။ ရှုဟိန်က ကိုယ်ရံတော် စစ်ဆေးပြီးသော စာကို ယူကြည့်လိုက်သည်။ စာက ချစ်ကြောင်း ကြိုက်ကြောင်းကို စာလုံးရေ 1000 လောက်ရေးထားသည်။ ထိုစာထဲတွင် သူမက သူ့ကို ဘယ်ကတည်းက ကြိုက်နေကြောင်း၊ မကြာခင် 10 တန်းစာမေးပွဲကြီး ဖြေရတော့မည်။ စာမေးပွဲပြီးနောက် ခွဲရတော့မည် ဖြစ်သောကြောင့် သူမက စိတ်ကိုတင်းကာ သူမရင်ထဲက ခံစားချက်ကို ဖွင့်ပြောရတာဖြစ်ကြောင်းရေးထားသည်။

ဒီစာရွက်က မွှေးနေပေမယ့် ရှုဟိန်က ရှုနင်ကိုယ်က ရသည့် ခပ်ဖျော့ဖျော့ ရနံ့လေးကို ပိုနှစ်သက်သည်။ ရှုဟိန်၏ ရင်ခွင်ထဲ တိုးဝင်လာတတ်သည့် နွေးထွေးပျော့ပျောင်းသော ဘောလုံးလို ကိုယ်လေးကို ထွေးပွေ့ကာ ထိုကိုယ်သင်းနံ့ဖျော့ဖျော့ကို ရှုရတာ ရှုဟိန်၏ စိတ်ကို သက်တောင့်သက်သာ ဖြစ်စေသည်။

ရှုနင်က သူ့အခန်းထဲမှာ ခေါင်းငုံ့ကာ ဂျီသြမေတြီဖတ်စာကို ကြည့်နေစဉ် လက်တဖက်က ပုစွန်ကြော်ကိုကိုင်ပြီး ပါးစပ်ထဲ ထည့်နေသည်။

ရှုဟိန်က အခန်းတံခါးကိုဖွင့်ပြီး ရှုနင်၏အခန်းထဲကို တိတ်တဆိတ် ဝင်လာခဲ့သည်။ ရှုနင်က သူ့အကိုကြီး ခုလို သူ့ဆီကို လာမည်ဟု မထင်ထားသောကြောင့် အံ့အားသင့်သွားခြင်းနှင့်အတူ ရင်ထဲမှာ ဂုဏ်ယူသွားမိသည်။ အကိုကြီးက တကယ်ကြီး သူ့ဆီကို လာခဲ့သည်။ ဒီပျော်ရွှင်မှုကြောင့် ရှုနင်၏မျက်လုံးက ပိတ်ကျလုနီးပါး ပြုံးနေမိသည်။

ရှုဟိန်က ထူးမခြားနားသလို ကိုယ်ဟန်ဖြောင့်ဖြောင့်ဖြင့် စာကြည့်စားပွဲနားမှာရပ်ကာ သူ့လက်ထဲက စာအုပ်ကိုလှမ်းဆွဲယူလိုက်ပြီး မေးလိုက်သည်။

" မင်းမေးချင်တာရှိရင် မေးလေ... "

"အကိုကြီးရဲ့ ဆယ်တန်းစာမေးပွဲက 2 ပတ်ပဲ လိုတော့တယ် မဟုတ်လား  "

လူငယ်လေး ရှုဟိန်ရေ... မင်း ငါ့ကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်း ငါ့ကို စိုးရိမ်တာလား။ ဒါမှမဟုတ်ဆွဲဆောင်ဖို့ ကြိုးစားနေတာလား။ မင်း ငါ့ကို နည်းနည်းလောက် ရှင်းပြရင် သေသွားမှာမို့လားဟင်..... /(ㄒoㄒ)/~~

"  ဘာမှ မဖြစ်ဘူး"

ရှုဟိန်က ရှုနင် စိတ်ရှုပ်ထွေးနေသည်ကို ရိပ်မိလိုက်သည်။
သူ့ညီငယ်လေးက သူ ရလိုက်သည့် ရည်းစားစာကြောင့် မပျော်မရွှင်ဖြစ်နေတာလား။ သူ မနာလိုဖြစ်နေတာလား။ တကယ်လို့ သူ ချစ်သူရသွားရင် ညီဖြစ်သူကို ဂရုမစိုက်တော့မှာကို ကြောက်နေတာလား။

ဒီအိမ်က လူကြီးတွေက အလုပ်များနေပြီး တပတ်မှာ သုံရက်လောက်ပဲ အိမ်မှာရှိနိုင်သည်။ ဒါကြောင့်ရှုနင်က ညတိုင်း သူအိပ်ယာပေါ် တက်လာပြီး သူ့ဘေးမှာ ကပ်နေခဲ့သည်။ တကယ်လို့ အခြေနေသစ်သာ ထပ်ပြောင်းသွားရင် ရှုနင်က ဘယ်လိုမှ ခံနိုင်မည်မဟုတ်ပေ။ ဒါကြောင့် သူ စိတ်ပူနေတာဖြစ်မည်ဟု တွေးကာ ရှုဟိန်၏ အမူယာ မှောင်မိုက်လာခဲ့သည်။ ရှုဟိန်က သူတပါးကို စိတ်ဝင်စားမှု နည်းပါးသည် ဆိုပေမယ့် သူက ဘာမှ မရိပ်မိသည့် ငအ တော့မဟုတ်ပေ။

ရှုဟိန်က ရှုနင်ဘေးမှာ ကပ်ထိုင်လိုက်ပြီး စာအုပ်ကို လွှတ်ပေးဖို့ စိတ်ကူးမရှိပဲ ကိုင်ထားသည်။ ရှုဟိန်က ဘာမှ မပြောတော့ အခန်းက သဘာဝမကျစွာ တိတ်ဆိတ်နေပြီး အေးစိမ့်သော အရိပ်ငွေ့တို့ ယှက်သန်းလာသလို ခံစားလိုက်ရသည်။ နောက်ဆုံး ရှုနင် အရှုံးပေးလိုက်ရတော့သည်။

"တကယ်တော့ ကျွန်တော် နားမလည်တဲ့မေးခွန်းနည်းနည်းရှိတယ်။ အကိုကြီး အချိန်ရရင် ရှင်းပြပေးပါဦး  "

" အင်း။ ရှင်းပြပေးမယ် "

ရှုနင် စိတ်သက်သာရာရသွားပြီး အိပ်ယာဘေးက စားပွဲခုံလေးပေါ်ကိုရွှေ့လာကြသည်။ ရှုဟိန်က ရှုနင်ဘေးမှာ ကပ်ထိုင်ကာ စာ ရှင်းပြသည်။ သူတို့နှစ်ယောက်က နိးကပ်နေပြီး ပေါင်ချင်း ထိနေသဖြင့် ရှုဟိန်၏ အပူရှိန်က အိမ်နေရင်း ညအိပ်ဘောင်းဘီ ချည်သားကို ထိုးဖောက်ကာရှုနင် ကိုယ်ကို ကူးစက်လာတော့သည်။ ရှုနင်က ချွေးတွေပြန်လာပြီး စိတ်မငြိမ်မသက်ဖြစ်လာသည်။ ရှုဟိန်က ဒီထက် တိုးကပ်လာတာ မရှိပေမယ့် ရှုနင်က တောင့်တင်းနေပြီး အချိန် ကုန်လို့ ကုန်မှန်းမသိဖြစ်နေသည်။

" မင်း အာရုံတွေပျံ့လွှင့်နေတယ် "

"အကိုကြီး ကျွန်တော် ဗိုက်ဆာတယ်  "

ရှုဟိန်က အမှတ်တမဲ့သူ့လက်ကို ဆန့်ထုတ်လိုက်ပေမယ့် သတိဝင်လာပြီး သူ့လက်ကို သူ့ အင်္ကျီစကိုပဲ ပွတ်နေလိုက်သည်။ စားပွဲရှင်းနေသော ရှုနင်က သတိမထားလိုက်မိပေ။


ချင်ယွိကျိုးက မာလာဟင်းရည်သောက်ချင်သောကြောင့် မြို့ထဲကို ကားမောင်းကာ သူမဖာသာထွက်လာလို့ အိမ်မှာ ရှုဟိန်နှင့် ရှုနင်တို့နှစ်ယောက်သာ ညစာ အတူစားနေကြသည်။ ရှုနင်က သူ့အကိုကို တိတ်တိတ်လေး ချောင်းကြည့်ကာ အကိုကြီး၏ပန်းကန်ထဲကို ဟင်းရည်ခပ် ထည့်ပေးချင်နေမိသည်။ ဒါပေမယ့် အကိုကြီးက သူ့အသုံးအဆောင်ကို သူများထိတာ မကြိုက်ပေ။

သူထည့်ပေးရင် အကိုကြီး စားပါ့မလား။ ဒါမှမဟုတ် သွန်ပစ်လိုက်မလား၊

ရှုဟိန်ရဲ့အကြည့်က သူ့ဘက်ကိုကျလာလို့ ရှုနင်ကအမြန်ခေါင်းငုံ့လိုက်ရ သည်။ ရှုနင်ရဲ့ရင်ထဲမှာ အပြစ်မကင်းသလို ရင်တဒုတ်ဒုတ်ခုန်သွား ခဲ့သည်။ သူက ဒီအိမ်က သားတစ်ယောက်မဟုတ်လို့လား။ ဒါပေမယ့် အကိုကြီးရဲ့အကြည့်တချက် နဲ့တင် ဒီလောက် စိတ်လှုပ်ရှားနေတာ ကြောက်နေတာက အရင်ဘဝက အဖြစ်ပျက်တွေကြောင့် သူ့ရင်ထဲ စိတ်ဒဏ်ရာလို ဖြစ်နေလို့များလား။ _(:зゝ∠)_

ညစာစားပြီးတော့ ရှုနင်က တိုင်းရင်းဆေးခါးခါးကို သောက်လိုက်ရသည်။ ဆေးက သူ့ပါးစပ်ထဲ စွဲနေပြီး သူ့မှာ မျက်ရည်ပင် ဝိုင်းလာရသည်။ ညရောက်တော့ ရှုနင်က ခေါင်းအုံးလေးပိုက်ပြီး စာဖတ်ခန်းဘက်ကို လျှောက်လာခဲ့သည်။ ရှုဟိန်က ထုံးစံအတိုင်း စာဖတ်နေသည်။ သူက တကယ်ကို စံပြ သားကောင်းတစ်ယောက်ပဲ ။ ဒီဦးလေးကြီးက စာကြိုးစားတဲ့လူငယ်လေးကို ပန်းပွင့်နီ သုံးပွင့် ဆုချလိုက်မယ် .....။

ဟမ်... ပန်းရောင်ရည်းစာက ဘယ်လိုလုပ်ပြီး ဘောလုံးလို လုံးချေခံရပြီး အမှိုက်ပုံးထဲ ပစ်ထည့်ခံထားရတာလဲ။

ဒါဆို ဒီရည်းစားစာပိုင်ရှင်က အကိုကြီးရဲ့အချစ်ဦး မဟုတ်ဘူးပေါ့။

ရှုနင်က ရှုဟိန်ကို ခြေဆုံးခေါင်းဆုံး အသေးစိတ် စိုက်ကြည့်လိုက်သည်။ တောက်ပသော မျက်လုံး၊ ဖြောင့်တန်းကာ နက်မှောင်သော မျက်ခုံး၊ ထင်ရှားသော နှာတံ၊ ပိရိသော နူတ်ခမ်း၊ အကိုကြီးရဲ့ တကိုယ်လုံးက အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံပြီး နတ်သားလေးလား ထင်ရသည်။ ဒါ့အပြင် အကိုကြီး၏ အရှိန်အဝါက စိုက်ကြည့်သူကို သေလောက်အောင် ဖိအားပေးနိုင်သေးသည်။ အကိုကြီးကို ယှဉ်နိုင်သူ မရှိဟု ရှုနင်က တွေးနေသည်။ တကယ်တော့ ဘက်စုံတော်သည့် သူ့အကိုကြီးအတွက် တရက်တရက်ကို ရည်းစားစာ 10 စောင်လောက်ရနေလောက်သည်။ ဒါပေမယ့် ဒီစာကို တမင်သက်သက် အိမ်ယူလာပြီး သူမြင်အောင် ကြွားနေတာလား။ ပြီးမှ အရေးမစိုက်သလို လုံးချေပြီး လွှင့်ပစ်ပြတာလား။

အကိုကြီး ...ဒါက သူ့ကို သက်သက်ကြွားနေသလိုပဲ....→_→

" ဘာကြည့်နေတာလဲ "

ရှုဟိန်က မေးလိုက်သောကြောင့်ရှုနင်က နာခံစွာဖြင့် ခေါင်းယမ်းကာ ဆိုဖာပေါ် သွားထိုင်ရင်း ခြေထောက်ကို လွှဲဆော့နေသည်။ ရှုဟိန်က သစ်သားစားပွဲမှ ထလာပြီး ရှုနင်နားက ဆိုဖာမှာကပ်ထိုင်လိုက်ပြီး နူးညံ့သော ဆံပင်များကို လက်နှင့် ထိုးဖွကစားလိုက်သည်။။

ပိုးသားလို နူးညံ့သော ဆံပင်များက သူ့လက်ကြား စီးကျသွားသလို ခံစားရတော့ ရှုဟိန်၏ ရင်ထဲ အရမ်းသဘောကျကာ သက်တောင့်သက်သာ ဖြစ်သွားသလိုခံစားလိုက်ရသည်။

သူ့ဆံပင်ကို ထိုးဖွကစားနေသော အကိုကြီးကြောင့် ရှုနင် စိတ်ရှုပ်သလို ဖြစ်လာသည်။ ယောကျာ်းတစ်ယောက်ရဲ့ ဦးခေါင်းကို ထင်သလို မကိုင်သင့်ဘူးလေ အကိုကြီးရ.... ဒါပေမယ့် သူတို့က ညီအစ်ကိုတွေ ဆိုတော့ အကိုကြီးကို ချွင်းချက် ခွင့်ပြုလိုက်ပါ့မယ်လေ....

ရှုနင်က သဘာဝကျကျပဲ အကိုကြီးဘက်ကိုမှီကာ ထိုင်လိုက်သည်။ အရပ်ကွာခြားသောကြောင့် သူ့ကိုယ်လေးက အကိုကြီးရဲ့ရင်ခွင်ကို အလိုလို မှီမိလျက်သားဖြစ်နေသည်။ ရှုနင်ရဲ့ ခေါင်းက အကိုကြီးရဲ့ ပုခုန်းပေါ် စောင်းချလိုက်တော့ ရှုဟိန်၏ ကိုယ်က တောင့်တင်းသွားခဲ့သည်။

ဟီး...ဟီး... အကိုကြီးရဲ့ ကိုယ်က တောင့်သွားပါလား။

ရှုနင်က အကိုကြီးရှုဟိန်ကို ခုလို လုပ်ရတာကိုပျော်ရွှင်နေသည်။

" အကိုကြီး ဘယ်  တက္ကသိုလ် ကိုသွားမှာလဲ။  "

"  A တက္ကသိုလ်  "

အရင်ဘဝကတည်း အကိုကြီးက A တက္ကသိုလ် မှာ 2 နှစ်တက်ပြီး နိုင်ငံခြားကို ထွက်သွားကာ ပညာဆက်သင်ခဲ့သည်။ သူက နောက်ထပ် ဘွဲ့ 2 ခုလောက် ထပ်ယူလာပြီး company ထဲ တရားဝင် ရာထူးကြီးဖြင့် ဝင်လာခဲ့သည်။ ပြီးတော့ ချင်ယွိကျိုးရဲ့ လူတွေကို ဖြုတ် ချခဲ့သည်။ ချင်ယွိကျိုးက သေမလို ဒေါသထွက်ပြီး ရှုနင် တက္ကသိုလ်က ဘွဲ့ရရချင်း သူ့ကို company ဝင်စေဖို့ အတင်းတွန်းအားပေးပြီး ရှုဟိန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်စေခဲ့သည်။ နောက်ဆုံးတော့ အရာအားလုံးက နာကျင်စရာဖြင့် အဆုံးသတ်ခဲ့သည်။

" ဘာဖြစ်လို့လဲ "

ရှုနင်စိတ်မပျော်သည်ကို ရိပ်မိပြီး ရှုဟိန်က ချက်ချင်းမေးခဲ့သည်။

" ဟင့်အင်း... ဘာမှ မဖြစ်ပါဘူး။ အကိုကြီး အပြင်လောကကို ထွက်မကြည့်ချင် ဘူးလားဟင်.... "

"  မင်းက ငါနဲ့ခွဲချင်လို့လား"

" ဟင့်အင်း..မခွဲချင်ပါဘူး "

ရှုနင်စိတ်ထဲမှာ ထူးဆန်းတယ်လို့ ခံစားနေရသည်။ အကိုကြီးက ဘာကို ဆိုလိုချင်တာလဲ။ သူနဲ့ပတ်သတ်ပြီး တခုခုပြောချင်နေတာလား။ သူ့ကို သူနဲ့အတူ တက္ကသိုလ် တခုတည်းပဲ တက်စေချင်တာလား။  A တက္ကသိုလ် က သူတို့နေတဲ့ မြို့မှာ မရှိပဲ မြို့တော်မှာပဲရှိတာလေ။ ပြီးတော့  A တက္ကသိုလ်   မှာ Financial subject ငွေကြေးစီမံခန့်ခွဲခြင်း ဘာသာရပ်က နာမည်ကြီးသည်။

" အကိုကြီးရဲ့ အနာဂါတ်ကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ "

ရှုဟိန်က သူ့ညီလေးကို ငုံ့ကြည့်လိုက်တော့ ကောင်လေးက သိပ်မပျော်သလို ဖြစ်နေသည်ကိုတွေ့ရတော့ အမှတ်တမဲ့ ကိုယ်ကို ငုံ့ကိုင်းကာ ကြည့်လိုက်မိသည်။ သူတို့နှစ်ယောက်ကြား အကွာဝေးက ဘာမှ မရှိတော့လို့ ရှုနင်ရဲ့မျက်တောင်ထူထူလေးတွေကိုပင် ရေတွက်ကြည့်လို့ရနိုင်ခဲ့သည်။ ယပ်တောင်လို ထူထူစိတ်စိတ် မျက်တောင်လေးတွေက ရှုဟိန်ကို အူယားလာစေပြီး ရှုနင်၏ ခေါင်းကို အသာယာပွတ်ပေးနေမိသည်။

ရှုနင်က သူ့ခေါင်းပေါ်က အကိုကြီးရဲ့နွေးသော လက်အတွေ့ကြောင့် ( -_-) ဖြစ်သွားမိသည်။ သူ့အကိုကြီးက သူ့ခေါင်းကို ထိရတာ အတော်လေး သဘောတွေ့နေပုံရသည်။

" နောက်ပိုင်းကျရင် မင်းကို ပြောပြမယ် "

"...... "

လက်ရှိမှာ ချင်ယွိကျိုးက ဈေးဝယ်ထွက်နေပြီး ရှုမိသားစုကဲ့သို့ ချမ်းသာသော မိသားစုမှ ကတော်များနှင့် ပျော်ရွှင်စွာ စကားပြောနေ သည်။ သူတို့က တယောက်နဲ့တယောက်မြှောက်ပင့်ပြောဆိုကာ ကြွားဝါနေကြသည်။ ချင်ယွိကျိုးက ယဉ်ကျေးစွာပြန်လှန်ပြောပြီး စိတ်ပျော်သောကြောင့် ပိုက်ဆံအိတ် 2 လုံးနှင့် စကဒ်တစ်ထည်ကိုတောင် ဝယ်လိုက်သည်။  ပိုက်ဆံအိတ်တလုံးက ယောကျာ်းကိုင် ဖြစ်သောကြောင့် အခြား သဌေးကတော်များက သူမကို မြှောက်ပင့်ကာ ချီးကျူးနေကြ သည်။

ဒီပိုက်ဆံအိတ်ဒီဇိုင်းက လူငယ်ကြိုက်ဖြစ်သောကြောင့် ချင်ယွိကျိုးက သူ့ယောကျာ်းရဲ့အရင်ဇနီးရဲ့သား ရှုဟိန်အတွက် ဝယ်ပေးသည်ထင်ကာ ချင်ယွိကျိုးကို ချီးမွမ်းပြောဆိုနေကြသည်။

ချင်ယွိကျိုးက သူဌေးကတော်များ ပြောသည်ကို အေးဆေးစွာ နားထောင်ပြီးမှ ပြောလိုက်သည်။

" ဒါက ကျွန်မရဲ့သားအတွက်လေ။ သူ့အသက်က 13 နှစ်ရှိပြီ "

13 နှစ်၊ ဒီစကားကိုကြားတော့ သူဌေးကတော်များ၏ မျက်နှာထား ပြောင်းသွားကြသည်။ ဒီကလေးက သူတို့ ကြားသလို တကယ်ပဲ ရှုချိန်ရဲ့ တရားမဝင်သားလား။ ဒါဆို ရှုချိန်ရဲ့ မယားကြီး မသေခင်ကတည်းက ချင်ယွိကျိုးနဲ့ညားပြီး ကလေးမွေးခဲ့တာပေါ့။ ဒါက သူများ အိမ်ထောင်ကို ဖျက်ဆီးရာမကျဘူးလား။ ခုလို တမင်ထုတ်ပြောလိုက်တာက ရှုဟိန်ရဲ့ပါးကို ဖြတ်ရိုက်ရာ မကျဘူး။

ဒါပေမယ့် လူချမ်းသာမိသားစုများမှ စာနဲ့ရေးမထားသည့် စည်းကမ်း 8 ချက်အရ သူများ အိမ်တွင်းရေးကို ဝင်မစွတ်ဖက်ချင်သောကြောင့် လူတိုင်းက အခြား အကြောင်းရာများကို ပြောင်းကာ ပြောလိုက်ကြသည်။

ချင်ယွိကျိုး က ကျေနပ်စွာပြုံးကာ ရှုဟိန်က ဒီသတင်းကို ကြားရင် ဘယ်လို ရှင်းမလဲ ဆိုတာ သိချင်နေသည်။

ဟော်မိသားစုရဲ့ ကော့တေးပါတီက မကြာခင် ကျင်းပတော့မည်။ ထိုပွဲတွင် ရှုနင်ကို တရားဝင် လူချမ်းသာ အသိုင်းဝိုင်းကြား ပွဲထုတ်လိုက်လျှင်ယခင် အိမ်ထောင်၏ သား ရှုဟိန်ကို လူကြားထဲ ပါးချလိုက်သလိုဖြစ်မှာပဲ။ ရှုဟိန်ကို တိုက်ခိုက်ဖို့က ရှုနင်က အကောင်းဆုံးလက်နက်ဖြစ်သည်။ တကယ်လို့ ရှုဟိန်က စိတ်လှုပ်ရှားကာ ခြေလှမ်းမှားလျှင် ရှုချိန်ရှေ့မှာ ရှုဟိန်ကို ထိုးချဖို့အကောင်းဆုံးအခွင့်ရေးကြီးဖြစ်သည်။

နင် ငါ့ကို ဘယ်လိုယှဉ်နိုင်မှာလဲ ကောင်စုတ်လေး...ဟား...ဟား..ဟား

ချင်ယွိကျိုးက အိမ်ပြန်ရောက်တော့ ရှုနင်ကို ခေါ်လိုက်သည်။ ထိုအချိန်မှာ ရှုနင်က ရှုဟိန်အခန်းထဲမှာ အိပ်ပျော်လုလုဖြစ်နေလေပြီ။ ရှုနင် အိပ်ပျော်စ ပြုချိန်မှာ ရှုဟိန်က အဲလ်ကွန်းကို လျှော့ပေးလိုက်သည်။ ထိုအချိန် ချင်ယွိကျိုးက လူလွှတ်ခေါ်ခိုင်းလိုက်သောကြောင့် ရှုနင်နိုးလာပြီး မျက်လုံးပွတ်ကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။

ရှုနင် အောက်ကို ဆင်းသွားတော့ ရှုဟိန် မပျော်တော့ပေ။ ဘာကြောင့် ခုလို ဖြစ်သွားမှန်း ရှုဟိန် လည်း မသိတော့ပေ။ နင်နင် သူနှင့်ခွဲသွားတာကို သူ လုံးဝ မလို လားပေ။ ဒါကြောင့် ရှုဟိန်၏မျက်နှာက မည်းမှောင်နေသည်။

အောက်ထပ်ရောက်သော် ချင်ယွိကျိုးက ဝတ်ကောင်းစားလှ ဝတ်ထားပြီး အခြား သူဌေးကတော် အုပ်စုများနှင့် ရပ်နေသည်။ သူမက အရမ်းကို တက်ကြွနေပြီး ရှုနင်ကို သူမ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးလိုက်သည်။ ထို သူဌေးကတော်များက ရှုနင်၏ ရုပ်ရည်သွင်ပြင်နှင့် ဝတ်စားပုံကို တိတ်တဆိတ် အကဲခတ်နေကြသည်။

ဧည့်သည်များပြန်သွားတော့ ချင်ယွိကျိုးက သူမ သားကို သူမ အိပ်ခန်းထဲ ခေါ်ကာ ပြောလိုက်သည်။

" နင်နင် သားကို အမေက အပြင်လောကနဲ့ ထိတွေ့နိုင်အောင် စီစဉ်ထားတယ်။ မကြာခင် လာမယ့် ဟော်မိသားစု ကော့တေးပါတီမှာ သားကို အမေက တရားဝင် မိတ်ဆက်ပေးမယ်။  "

ချင်ယွိကျိုး၏ အမူယာက အရမ်းကို ယုံကြည်မှုရှိနေသောကြောင့် ရှုနင် သံသယဝင်လာသည်။ အစောက သူဌေးကတော်များနှင့် သူမ ဘာများ ပူးပေါင်းလုပ်ဆောင်ထားသလဲ။ မသင်္ကာစရာ အရိပ်အငွေ့တွေကို ရနေသည်။ အထက်တန်းလွှာက လုပ်တဲ့ ကော့တေးပါတီဆိုတာ အမည်ခံဖြစ်ပြီး ကိုယ့်အတွက် အကျိုးရှိမည့် မဟာမိတ်ကို ရှာဖွေသည့် ပွဲသာဖြစ်သည်။

အရင်ဘဝတုန်းက ချင်ယွိကျိုးက ရှုနင်ကို ထိုပါတီမှာ ပွဲထုတ်ကာ ကြေငြာခဲ့သည်။ ရလဒ်အနေဖြင့် ရှုနင်က ရှုဟိန်ကို ဘယ်လိုမှ မယှဉ်နိုင်ပဲ ရွယ်တူ လူငယ်တွေရဲ့ နှိမ့်ချ စော်ကား ပြောဆိုတာကြောင့် အရှက်ကွဲခဲ့ရသည်။ ရှုဟိန်ရဲ့ ကိုယ်ရှိန်ကိုယ်ဝါက ဘယ်နေရာမှာ ရပ်နေပါစေ အလိုလို တောက်ပနေပြီး သူ့နှားမှာ ဝန်းရံချင်သူ ပေါများလျက်ရှိသည်။

ထိုပါတီကနေ အိမ်ကိုပြန်ရောက်လာတော့ ချင်ယွိကျိုးက ရှုနင်ကို မျက်နှာချင်းဆိုင် ရပ်စေပြီး ရက်ရက်စက်စက် ပါးရိုက်ခဲ့သည်။ ပြီးတော့ သူ့ကို နာသလားဟု မေးသည်။ ဒီလို နာကျင်ရတာ ရှုဟိန်ကြောင့်ဖြစ်ကြောင်း ပြောကာ ရှုဟိန်ထက် သာအောင် လုပ်ဖို့ တွန်းအားပေးခဲ့သည်။ ပါတီပွဲမှာ အရှက်ကွဲတာ အားလုံးက ရှုဟိန်လုပ်ထားသည်ဟု ပြောခဲ့သည်။ ရှုနင်က သူ့အမေ စကားကို ယုံကြည်ကာ ရှုဟိန်ကို အသည်းနင့်အောင် မုန်းတီးခဲ့ပြီး တောက်လျှောက် ရှုဟိန်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။

ရှုနင်က ချင်ယွိကျိုး လုပ်မည့် အကွက်ကို ကြိုမြင်ကာ သူ့အမေကို ပိုမုန်းလာခဲ့သည်။ သူမက သူ့ကို သားအဖြစ် မမြင်တော့ပဲ သူမ အာဏာအတွက် အသုံးချစရာဟုသာ သဘောထားကြောင်း ထင်ရှားသည်။

" မင်း အဖိုးရှုကောင်းက အပေါ်ယံတော့ မင်းကို သဘောကျသလိုနဲ့ တကယ့်တကယ်တော့ လူကြားထဲ ရှုအိမ်ရဲ့သားအဖြစ် ထုတ်မပြချင်ဘူး။ မင်းကို ရှုအိမ်တော်ရဲ့ အိမ်ထောင်စုဇယားထဲ ထည့်ထားတယ်ဆိုပေမယ့် ဒီ အိမ်ထောင်စုဇယားကြီးထဲ လူဘယ်လောက်တောင် ရှိတယ် ထင်သလဲ။ နင်နင်... သားကြိုးစားရမယ်နော်။ အမေ ဘာလုပ်လုပ် သားကောင်းဖို့ လုပ်တယ်ဆိုတာ သား စိတ်ထဲစွဲနေရမယ် သိပြီလား။ အမေက သားကောင်းဖို့ပဲ အားလုံး လုပ်ပေးမှာ။  "

သူ့အမေက သူ့ကို လူ အာရုံစိုက်ချင်အောင် လုပ်ချင်တာလား။ ဒါက ဘာရည်ရွယ်ချင်ကြောင့်လဲ။ သူ့အမေက နက်ရှိုင်းသော ရည်ရွယ်ချက် တစ်ခုရှိပုံရသည်။

ရှုနင်က ခေါင်းငုံ့ကာ သူ့မျက်ဝန်းထဲက မကျေနပ်ရိပ်ကို ဖုံးကွယ်လိုက်သည်။

ချင်ယွိကျိုးက ခေါင်းငုံ့ကာ ဘာမှ ပြန်မပြောသည့် သားကိုကြည့်ကာ ရင်ပူလာသည်။ ဒီကောင်လေးက လူကြားထဲ ထင်ရှားအောင် လုပ်နိုင် ပါ့မလား။ ရှုဟိန်ထက်သာအောင် လူဝင်ဆံ့နိုင်ပါ့မလား။ သူမသားက အစွမ်းစ မရှိရင် သူမ ဘာ ဆက်လုပ်ရမလဲ။ ချင်ယွိကျိုးက တွေးရင်း စိတ်ရှုပ် လာသည်။ တကယ်လို့ ဒီပွဲကို ရှုဟိန်သာ မတက်လျှင် သေချာပေါက် သူ့သားက ရှုအိမ်တော်က သားအနေနဲ့ လူတွေ သတိထားမိမှာ သေချာသည်။

==============================

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now