Chapter (26) - ပဲနီေစ့ေလးေၾကာင့္ အာေခါင္ေျခာက္သြားေသာ အစ္ကိုႀကီး(Z+U)

26.3K 3.8K 54
                                    

Chapter (26) - ပဲနီေစ့ေလးေၾကာင့္ အာေခါင္ေျခာက္သြားေသာ အစ္ကိုႀကီး

ပတ္ဝန္းက်င္က ေယာက္်ားထုအားလံုး သိလိုစိတ္နဲ႔ နားစြင့္လိုက္ၾကသည္။ ဒီပတ္ဝန္းက်င္က ေလထုႀကီးက ေတာင့္တင္းေနၿပီး မိန္းမလွေလးကိုယ္စား မခံခ်င္ျဖစ္ေနၾကသည္။

အလွနတ္သမီးေလးက ၿပံဳးေနေပမယ့္ မ်က္ႏွာေပၚက စိတ္အေႏွာင့္အယွက္ျဖစ္ေနပံုက ဖံုးမရေပ။ ဒါေမးေနစရာလိုေသးလို႔လား မိန္းမလွေလးေရ.. သူ႔ရည္ရြယ္ခ်က္က ရွင္းေနၿပီပဲ.. ဘာေၾကာင့္ ကိုယ့္ကိုသေဘာမက်တဲ့လူေနာက္ အတင္းလိုက္ေနခ်င္ရတာလဲ..။ မင္းေျခရင္းမွာ ခစားခ်င္တဲ့ေယာက္်ားေတြ ႐ိုက္သတ္လို႔မကုန္ပါဘူးကြာ..။

႐ႈဟိန္၏မိသားစုေနာက္ခံက သိပ္ေကာင္းလြန္းေတာ့ အခုသူမႀကိဳးစားေနပံုက သိုက္တူးဖို႔ႀကိဳးစားေနတာနဲ႔ မတူဘူးလား..။

အလွနတ္သမီးေလးက ႐ႈဟိန္ကို ၃ႏွစ္တိတိက်ိတ္ခ်စ္ေနခဲ့သည္။ သူမတို႔ မၾကာခင္ ခြဲရေတာ့မွာျဖစ္လို႔ မ်က္ႏွာပ်က္ခ်င္လည္း ပ်က္ပါေစေတာ့ဆိုၿပီး သူမအခြင့္အေရးကို အရဆုပ္ကိုင္ကာ ေမးလိုက္ျခင္းျဖစ္သည္။ သူမကိုလိုက္ေနသည့္ ေခ်ာေမာေသာေကာင္ေလးေတြ အမ်ားႀကီးရွိေပမယ့္ သူမက ႐ႈဟိန္ကိုပဲလိုခ်င္သည္။ ယန္ေဝေဝလိုမိန္းကေလးကေတာင္ ႐ႈဟိန္နဲ႔ဒိတ္ဖို႔ ေျပာႏိုင္တယ္ၾကားရေတာ့ သူမ ဘာေၾကာင့္ မႀကိဳးစားရဲရမွာလဲ။ တကယ္လို႔ ႐ႈဟိန္က သူနဲ႔စမ္းၿပီးတြဲခ်င္တယ္ဆိုရင္ သူမအခြင့္အေရးကို ရေအာင္ဆုပ္ကိုင္မည္။ သူမတို႔အတြဲက လိုက္ဖက္ၿပီး သဟဇာတျဖစ္သြားၿပီး ေရရွည္လက္တြဲေဖာ္လည္း ျဖစ္သြားႏိုင္သည္မဟုတ္လား။ အခြင့္အေရးဆိုတာ ၂ႀကိမ္မရေပ။ ဒါေၾကာင့္ သူမ အရဲစြန္႔ကာ လႈပ္ရွားလိုက္ျခင္းျဖစ္သည္။

႐ႈဟိန္က ေဒါသထြက္ျခင္းမရွိ၊ ဘာအမူအယာမွမျပဘဲ ေရွ႕ကမိန္းကေလးကို ၾကည့္ေနသည္။ သူ႔ေရွ႕ကမိန္းကေလးက ၃ႏွစ္တိတိ သူ႔ကိုခ်စ္ေနေသာေၾကာင့္ ႀကိတ္ crush ေနေသာယန္ေဝေဝထက္ ပိုေလးနက္သည္။ သူမက လြယ္လြယ္နဲ႔လက္ေလွ်ာ့မည္မဟုတ္သည္ကို ႐ႈဟိန္သိသည္။ ႐ႈဟိန္က ရွင္းေအာင္ေျပာလိုက္သည္။

"မရွိပါဘူး.."

ဒီစကားၾကားေတာ့ သူမ စိတ္သက္သာရာရသြားသည္။ သူမေပ်ာ္ရမလား၊ ငိုရမလား မသိေတာ့ေပ။

႐ႈဟိန္၏ bodyguard မ်ားက သခင္ေလးနား လူအံုေနသည္ကိုျမင္ေတာ့ ခ်က္ခ်င္းေရာက္လာၾကသည္။ ရႊီက်င္းက မိန္းမလွေလး၏ပုခံုးကိုဖက္ကာ သူမကိုကယ္တင္လိုက္သည္။

"ေဟး.. ေဟး.. ဒီေကာင္းကင္ေအာက္မွာ ေယာက္်ားေကာင္းေတြ အမ်ားႀကီးပါ.. ဘာေၾကာင့္ သူ႔လိုေရခဲတံုးႀကီးကို ဂ႐ုစိုက္ေနရတာလဲ.."

"ရွင္ေျပာတာ မွန္ပါတယ္.."

တစ္ေယာက္ေယာက္က သူမသိကၡာမက်ေအာင္ ကူညီေပးေပမယ့္ သူမက မ်က္ႏွာျဖဴေရာ္စြာျဖင့္ သူမတို႔ကိုလံုးဝလ်စ္လွ်ဴ႐ႈကာ Roll-Royce ကားထဲဝင္သြားေသာသူကို ေငးၾကည့္ေနမိသည္။

"မင္းလိုအရည္အခ်င္းရွိတဲ့ မိန္းကေလးေတြရဲ့အႀကိဳက္က ထူးဆန္းလွခ်ည္လား.."

သူက သူမေလး၏ပုခံုးေပၚကလက္ကို ခ်လိုက္ကာ ေက်ာ့ရွင္းစြာေမးလိုက္သည္။

"ရွင္ဘာသိလုိ႔လဲ.. သူက ခ်ိဳ႕ယြင္းခ်က္လံုးဝမရွိတဲ့ လူတစ္ေယာက္မို႔ေလ.."

သူမက ဝမ္းနည္းမႈကိုဖံုးကြယ္ကာ လွမ္းေျပာၿပီး လွပစြာထြက္သြားေတာ့သည္။

"......"

ရႊီက်င္းလည္း ထြက္လာရင္း သူ႔ရင္ေတြနာက်င္လို႔ေနသည္။ မိန္းကေလးေတြက လိမၼာေသာ၊ ဆိုးသြမ္းမႈမရွိေသာေယာက္်ားေလးမ်ားကို သေဘာမက်တတ္ၾကေပ။ ႐ႈဟိန္က ဆိုးသြမ္းျခင္းေတာ့မရွိေပမယ့္ သူ႔တစ္ကိုယ္လံုးက ေသေလာက္ေသာအဆိပ္ေတြနဲ႔ ျပည့္ေနေသာ ေၾကာက္စရာေယာက္်ားေလးျဖစ္သည္။ ႐ႈဟိန္က ဘယ္ေလာက္ေသြးေအးၿပီး လ်စ္လွ်ဴ႐ႈတတ္သည္၊ အေျခအေနကို ဘယ္လိုနည္းနဲ႔ ကိုင္တြယ္တတ္သည္ကို ငယ္ကတည္းကအတူႀကီးလာေသာ ရႊီက်င္း အသိဆံုးျဖစ္သည္။ ဒါေပမယ့္ ဒီလိုေယာက္်ားမ်ိဳးကိုမွ မိန္းကေလးေတြက မီးကိုတိုးတဲ့ပိုးဖလံလို ဝိုင္းတိုးကာ ႀကိဳက္ၾကသည္။ ဘယ္ေလာက္ေတာင္ ႐ူးမိုက္လိုက္ၾကသလဲ..။

ရႊီက်င္းလည္း သူ႔ကားေပၚတက္ကာ အိမ္ျပန္လာသည္။ ၃ရက္ဆက္တိုက္ ပင္ပန္းခဲ့ရသည္။ ယခုညေတာ့ ပါတီေကာင္းေကာင္းက်င္းပကာ သူ႔ေဘးတစ္ဖက္တစ္ခ်က္မွာ မိန္းမလွေလးေတြၿခံရံၿပီး သူ႔ကိုယ္သူ ဂုဏ္ျပဳသင့္တယ္မဟုတ္လား။

ထိုအခ်ိန္တြင္ ႐ႈနင္က ဆိုင္ထဲထိုင္ကာ ေရခဲမုန္႔စားရင္း ေက်နပ္ႏွစ္သိမ့္ေနသည္။ ထိုအခ်ိန္အေဝးကေန က်ီထုက စိတ္႐ႈပ္စြာေလွ်ာက္လာၿပီး ႐ႈနင္ေရွ႕ဝင္ထိုင္ကာ ေရသန္႔ကိုေသာက္ရင္း သက္ျပင္းခ်လိုက္သည္။

"အေျခအေန ဘယ္လိုလဲ.."

"သိပ္အဆင္မေျပဘူး.."

က်ီထုက ေက်ာင္းၿပီးကာစျဖစ္ၿပီး company ေကာင္းမွာ သူမအစြမ္းအစကို ျပသခ်င္ေနသည္။ ခ်င္ယြိက်ိဳးက သူမအရည္အခ်င္းကို သတိျပဳမိၿပီး ေခၚယူထားတာျဖစ္သည္။ ဒီေျမဝယ္ယူမႈမွာ သူမက ငွက္ေပ်ာသီးအခြံႏႊာသလို လြယ္မယ္ထင္ထားေပမယ့္ အလြန္ခက္ခဲေနမည္ဟု ထင္မထားမိေပ။

"တျခားလူေတြ ဘယ္လုိျဖစ္ေနၾကသလဲဆိုတာ မသိေတာ့ဘူး.."

က်ီထု၏ 10 ေယာက္အုပ္စုက ရြာထဲမွာ ပါးစပ္အျမႇဳပ္ထြက္မတတ္၊ ေျခေထာက္အရည္ၾကည္ဖုေပါက္မတတ္ ေျပးလႊားႀကိဳးစားၾကေပမယ့္ အိမ္ 27 လံုးကိုပဲ ဝယ္ႏိုင္ၾကေသးသည္။ ထုိရြာမွာ ၾကားခံအိမ္ၿခံေျမအက်ိဳးေဆာင္အုပ္စု မရွိေသာေၾကာင့္ သူတို႔ကိုယ္တိုင္ပဲ အိမ္ပိုင္ရွင္ေတြနဲ႔ ညွိေနရသည္။ ေလးညိႈ႕ကပစ္လႊတ္လိုက္တဲ့ျမားက ျပန္မရႏိုင္သလိုပင္။ ႀကိဳးစားမႈက အခ်ည္းႏွီးျဖစ္ေနရသည္။ တကယ္လို႔ ခ်င္ယြိက်ိဳးသာဒီမွာရွိရင္ သူမက ဆက္လုပ္မွာေသခ်ာသည္။

သူ႔အေမက သူမပစၥည္းဥစၥာကို ဒီေလာက္ျဖဳန္းတီးခ်င္တယ္ဆိုရင္ သူလည္း ကူညီေပးရမွာေပါ့။

"အစ္မထူ.. ဘယ္လိုျပႆနာေတြ ႀကံဳေနရတာလဲ.."

႐ႈနင္က ေမးလိုက္သည္။

"ငါေျပာလည္း မင္းလိုကေလးက သိမွာမို႔လား.."

က်ီထုက စိတ္ထဲကေျပာေပမယ့္ ၿပံဳးရႊင္စြာ ရွင္းျပလိုက္သည္။

"သခင္ေလး႐ႈ.. ဒီရြာထဲကအိမ္တခ်ိဳ႕က လူမေနဘဲပစ္ထားေပမယ့္ မတန္တဆေစ်း ရခ်င္ေနတယ္.. တခ်ိဳ႕အိမ္ေတြက်ေတာ့ ေခါင္းမာတဲ့လူႀကီးေတြ ေနေနၾကတယ္.. သူတို႔ေျမးေတြက ေရာင္းခ်င္ေပမယ့္ လူႀကီးေတြက သူတို႔အိမ္ေနာက္မွာ ဟင္းသီးဟင္းရြက္စိုက္ႏိုင္တယ္လို႔ခ်ည္း ဇြတ္ေျပာေနတယ္.. အသီးအရြက္စိုက္တာ ဘယ္ေလာက္ရမွာမို႔လဲ.. တကယ္လက္ေပါက္ကပ္တဲ့ လူႀကီးေတြ.."

က်ီထုေျပာတာကို ႐ႈနင္ နားလည္သည္။ ရြာမွာေနသည့္လူႀကီးေတြ ဘယ္လိုေတြးသလဲဆုိတာ သူအသိဆံုးျဖစ္သည္။ 1. လူႀကီးေတြက အေဝးကေဆြမ်ိဳးထက္ အနီးကအိမ္နီးနားခ်င္းကို ပိုတန္ဖိုးထားသည္။ 2. သူတုိ႔ဟင္းသီးဟင္းရြက္စိုက္တာက ေစ်းဖိုးေခၽြတာဖို႔ျဖစ္ၿပီး ေငြပိုေငြလွ်ံကို သားေျမးေတြ သံုးေစခ်င္လို႔ျဖစ္သည္။ 3. သူတုိ႔က ေမြးရပ္ေျမမွာပဲ ေခါင္းခ်ခ်င္ၾကသည္။

"အစ္မထုက မ်က္စိလည္ေနတယ္ထင္တယ္.."

"မင္း ဘာကိုဆိုလိုတာလဲ.."

က်ီထုက ေခၽြးသုတ္ၿပီးေမးလိုက္သည္။

"အိမ္ရွင္ရွာမရတဲ့အိမ္ငွားေတြကို ထားလိုက္ပါ.. ေစ်းႀကီးနဲ႔ေရာင္းခ်င္သူေတြကို ညႇိလိုက္ရင္ ဝယ္လို႔ရပါလိမ့္မယ္.. မေျပာင္းခ်င္တဲ့လူေတြရဲ့အိမ္ေတြကို ထားလိုက္၊ ေျပာင္းေရႊ႕ခ်င္စိတ္ရွိသူကို ၿမိဳ႕ထဲမွာ တုိက္ခန္းဝယ္ေပးၿပီး အလဲအထပ္လုပ္လိုက္ရင္ အဆင္ေျပသြားမွာပါ.."

ဘာ..? က်ီတုက ထိုစကားကိုၾကားေတာ့ ေၾကာင္သြားသည္။

"သခင္ေလး႐ႈ.. အဲ့လိုလုပ္လိုက္ရင္ ေစ်းေတြတက္သြားမွာေပါ့.. စရိတ္ပိုကုန္လိမ့္မယ္.."

"အစ္မမွားျပန္ၿပီ.. ကၽြန္ေတာ့္အေမက ဒီေျမကြက္ေတြဝယ္တာ ေငြရခ်င္လို႔ ဝယ္တယ္ထင္လား.. ေငြေၾကးက အေမ့အတြက္ မထူးဆန္းဘူး.. အေမလိုခ်င္တာ ေက်ာ္ၾကားမႈပါ.. ဒီေလာက္ေငြေလာက္ကေတာ့ ႐ႈမိသားစုက မ်က္စိထဲေတာင္မထည့္ပါဘူး.. အစ္မက တလြဲေတြးေနမိတာကိုး.."

က်ီထု၏ဦးေႏွာက္ထဲ အသိအျမင္ပြင့္သြားသည္။ သူနဲ႔ႏိႈင္းယွဥ္ၿပီး ေငြကို ေစ့စပ္စြာစိစစ္ေနမိေပမယ့္ သူေဌးကေတာ္ခ်င္ယြိက်ိဳး တကယ္လိုအပ္တာ ေက်ာ္ၾကားမႈ၊ ေအာင္ျမင္မႈဆိုတာ သူမေမ့သြားခဲ့သည္။

က်ီထုက ခ်င္ယြိက်ိဳးဆီဖုန္းဆက္ကာ ထိုအႀကံကိုတင္ျပလိုက္သည္။ သခင္ေလးနင္ကို ဒီကိစၥလႊဲထားတယ္ဆိုေပမယ့္ တကယ့္ဆံုးျဖတ္ခ်က္ခ်ႏိုင္သူက ခ်င္ယြိက်ိဳးသာျဖစ္သည္။

"အစ္မခ်င္.. ကၽြန္မ အစီရင္ခံစရာရွိလို႔.."

ခ်င္ယြိက်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူမက အေျခအေနကို တျခားဆီမွာစံုစမ္းေတာ့လည္း ဒီလိုစကားပဲထြက္လာသျဖင့္ က်ီထုတင္ျပသည့္အတိုင္း ဆက္လုပ္ဖို႔ ခြင့္ျပဳလိုက္သည္။ အစိုးရက တရားဝင္ ဒီကိစၥကို ဖြင့္ခ်လိုက္ခ်ိန္မွာ ေစ်းေတြပိုခုန္တက္သြားလွ်င္ ပိုခက္ေတာ့မည္။ ဒါေၾကာင့္ သူမက ေငြေတြပိုကုန္သြားလို႔ အသည္းဆတ္ဆတ္ခါေပမယ့္ သူမနာမည္ေကာင္းရဖို႔ ဇြတ္မွိတ္ကာ ဆက္လုပ္ေစလိုက္သည္။

ခုတေလာ ကိုယ္ဝန္ေၾကာင့္ မနက္ခင္းပ်ိဳ႕အန္တာ ျပန္ျဖစ္ေနၿပီး သူမမွာ ေနရတာ အရမ္းပင္ပန္းႏြမ္းနယ္ေနသည္။ ဒါေၾကာင့္ ဘာကိုမွေသခ်ာအားမစိုက္ႏိုင္ေတာ့ဘဲ က်ီထုကိုသာလႊဲလိုက္ေတာ့သည္။

က်ီထုက အစ္မခ်င္ႏွင့္ နာရီဝက္ေလာက္ဖုန္းေျပာၿပီးေနာက္ တက္ၾကြလန္းဆန္းလို႔ေနသည္။

"မင္းရဲ့အစီစဥ္အတိုင္း ဆက္လုပ္လိုက္ေတာ့.. မင္းကိုပဲ အားကိုးရေတာ့မယ္.."

"စိတ္ခ်ပါ အစ္မခ်င္.. အားလံုး ကၽြန္မတာဝန္ယူလိုက္ပါ့မယ္.."

ႏွစ္ဦးသားစကားေျပာၿပီးေနာက္ ခ်င္ယြိက်ိဳးက အသံုးစရိတ္တစ္ခု သတ္မွတ္ေပးလိုက္သည္။ က်ီထုက ခ်က္ခ်င္း meeting ေခၚကာ အစီစဥ္အတိုင္းလုပ္ေတာ့ အိမ္အေတာ္မ်ားမ်ား ထပ္ဝယ္လိုက္ႏိုင္သည္။ ရြာကလူတခ်ိဳ႕အတြက္ ၿမိဳ႕ထဲကတိုက္ခန္းႏွင့္ အလဲအထပ္လုပ္ေပးခဲ့သည္။ ဒါေၾကာင့္ တခ်ိဳ႕က ဟုတ္ေကာဟုတ္ရဲ့လားလို႔ပင္ သံသယဝင္ေနမိေအာင္ အခြင့္ေကာင္းကိုရလိုက္သည္။ က်ီထုက သူမဘဝမွာ ခုေလာက္အားမရဖူးေပ။

လူတိုင္းက ေလာဘရွိတဲ့လူေတြပဲ။ သူတို႔အတြက္ အက်ိဳးအျမတ္မရွိရင္ မယူဘဲဘယ္ေနမလဲ..။

ထိုည ႐ႈနင္ ေမာပန္းစြာ အိမ္ျပန္ေရာက္လာသည္။ သူက ေရခ်ိဳးၿပီး ႐ႈဟိန္၏အခန္းဆီ သြားဖို႔ျပင္လိုက္သည္။ ႐ႈဟိန္က တကၠသိုလ္ဝင္စာေမးပြဲကို ေကာင္းေကာင္းေျဖႏိုင္မယ္ဆုိတာ ႐ႈနင္ ယံုၾကည္သည္။

အံ့ၾသစရာေကာင္းစြာ ခ်င္ယြိက်ိဳးက ၿခံထဲမွာဖုန္းေျပာရင္း ထိုင္ေစာင့္ေနသည္။ သူမ ဘာလိုခ်င္လို႔လဲ..။ ႐ႈနင္က နာခံစြာျဖင့္ သူမေဘးသြားကာ ခ်ိဳသာစြာေျပာလိုက္သည္။

"အေမ.. ညဘက္ အျပင္မွာေအးေနၿပီ.. ဘာေၾကာင့္ၿခံထဲမွာ ထိုင္ေနတာလဲ.. ညီေလး ေနမေကာင္းျဖစ္ေနဦးမယ္.."

ေဟး.. အေမ.. ကၽြန္ေတာ့္ကို စိတ္ဆိုးႏိုင္ဦးမလား..။

ခ်င္ယြိက်ိဳးက ခဏစိုက္ၾကည့္ကာ ေႏြးေထြးစြာေျပာခဲ့သည္။

"သား ဘယ္အခ်ိန္ျပန္ေရာက္မလဲ.. ဘာဆက္လုပ္ဖို႔ စဥ္းစားထားသလဲေမးဖို႔ ေစာင့္ေနတာပါကြယ္.."

"အြန္း.. သားက ဒီလိုပဲ စိတ္ထဲရွိတာ ေျပာလိုက္တာ.. ခုလိုအသံုးဝင္သြားမယ္လို႔ ထင္မထားမိဘူး.."

႐ႈနင္ မသိဟန္ေဆာင္ကာ ေျပာလိုက္သည္။

ခ်င္ယြိက်ိဳးက သားျဖစ္သူ၏လက္ကို ေပ်ာ္ရႊင္စြာဆုပ္ကိုင္ကာ ေျပာလိုက္သည္။ သူ႔သားကို ငတံုးလို႔ထင္ထားေပမယ့္ ႐ႈခ်ိန္၏ေသြးသားပီသစြာ အရည္အခ်င္းျပလာမည္ဟု ထင္မထားခဲ့မိေပ။

"သားေလး.. မင္း ေရွ႕ေလွ်ာက္ ခုလိုႏွိမ္ခ်ၿပီးေနဖို႔ မလိုေတာ့ပါဘူး.. မနက္ျဖန္၊ သဘက္ခါကို ေအးေအးေဆးေဆးပဲ စာေမးပြဲအတြက္ ျပင္ေပေတာ့.. ေဟာ္မိသားစုရဲ့ အငယ္ဆံုးသားက မင္းနဲ႔ရြယ္တူပဲ.. သူတို႔က စာေမးပြဲေၾကာင့္ ေကာ့ေတးပါတီကို ေနာက္ေရႊ႕ထားခဲ့တာ အေတာ္ပဲ.. သားလည္း စာေမးပြဲအတြက္ စိတ္ေအးလက္ေအး စာလုပ္ခ်ိန္ရသြားၿပီ.. အရင္က အေမဂ႐ုမစိုက္ခဲ့မိေပမယ့္ ခုေတာ့ သားနဲ႔ေဟာ္မိသားစုက သားငယ္တို႔သူငယ္ခ်င္းျဖစ္ေအာင္ ေကာ့ေတးပါတီမွာ အေမ အခြင့္အလမ္းရွာေပးမယ္.."

"အြန္း.."

"အေမလုပ္သမွ် သားနဲ႔ မိသားစုအတြက္ဆိုတာ မေမ့နဲ႔ေနာ္.. ၾကားလား.."

"အြန္း.."

"သြား.. အခန္းျပန္နားေတာ့.. မနက္ျဖန္ အေမ ေဟာ္ရန္နဲ႔ တျခားမိသားစုကသခင္ေလးေတြရဲ့ အခ်က္အလက္ေတြ အေမေပးမယ္.. ဒီအခ်က္ေတြကို သားရဲ့ဦးေႏွာက္ထဲမွာ စြဲေနေအာင္မွတ္ထားရမယ္.. ေနာင္ ဒီလူေတြက သားရဲ့ဘဝတိုးတက္ဖို႔အတြက္ အေထာက္အကူေတြျဖစ္လာမယ္.. သားက သူတို႔ကိုမႀကိဳက္ရင္ေတာင္ စိတ္ထဲမွာပဲထားရမယ္.. သူတို႔ကို မဆန္႔က်င္ရဘူး.. ဒါေပမယ့္ သားက ႐ႈမိသားစုက ဒုတိယသားျဖစ္လို႔ သူတို႔ကို ေအာက္က်ိဳ႕ေပါင္းစရာလည္းမလိုဘူး.. သူတို႔အဖြဲ႕ထဲမွာ သားက ဦးေဆာင္ႏိုင္ေအာင္ႀကိဳးစားရမယ္.."

"အြန္း.."

ပထမဆံုးအႀကိမ္ ခ်င္ယြိက်ိဳးက ႐ႈနင္ဆီက "အြန္း..၊ အင္း.." ဆိုတာကို စိတ္မပ်က္မိေတာ့ေပ။ သူမက ႐ႈနင္၏လက္ကိုဆြဲကာ အိမ္ဘက္ျပန္လာခဲ့သည္။ ဒီကေလးက သူမ၏အစီစဥ္ကို ေအာင္ျမင္ေအာင္လုပ္ေပးႏိုင္မယ့္ လက္နက္တစ္ခုျဖစ္သည္။

ေရခ်ိဳးၿပီးလို႔ ႐ႈနင္က တိုင္းရင္းေဆးကို ေသာက္လိုက္သည္။

"ဘာအခ်က္အလက္ေတြလဲ.. အလကားဟာေတြ.. ေဟာ္ရန္ဆိုတဲ့ေကာင္က အလကား ဆန္ကုန္ေျမေလးေကာင္၊ သူ႔အဖိုးက ေကာင္းကင္ဘံုေရာက္ေအာင္ ပင့္ေျမႇာက္လို႔ ပ်က္စီးေနတဲ့သူေဌးသား လူရမ္းကားေလး၊ အသက္ 30 ထိ ဘာမွျဖစ္ေျမာက္ေအာင္ မလုပ္ႏိုင္တဲ့ မာန္တက္ေမာက္မာမႈရဲ့ဘုရင္၊ ေနာက္ဆံုးကေရတြက္ရင္ နံပါတ္တစ္ရမယ့္ေကာင္၊ ေနာက္ဆံုး သူ႔ဘဝကို အမ်ိဳးသမီးေတြရဲ့ေပါင္ၾကားမွာပဲ အဆံုးသတ္မယ့္ေကာင္.."

႐ႈနင္က သူ႔အေမ၏စကားကို ေလွာင္ရယ္ရင္း ေတြးေနသည္။ အရင္ဘဝက ေဟာ္ရန္က သူ႔ကိုအႏိုင္က်င့္သည့္ အုပ္စုေခါင္းေဆာင္ျဖစ္သည္။ ဒါေၾကာင့္ ဒီဘဝမွာ ဒီရန္ေၾကြးကို ျပန္ေပးခ်င္လို႔ မေစာင့္ႏိုင္ေတာ့ေအာင္ ခံစားေနမိသည္။ အရင္ဘဝက ၾကင္နာမႈကို ျပန္ဆပ္ရမွာျဖစ္သလို ရန္ၿငိဳးေတြကိုလည္း ျပန္ေပးဆပ္ရမည္ေပ။

႐ႈနင္က ေရခ်ိဳးတဘက္ႏွင့္ သူ႔ကိုယ္ကို အျမန္ဖံုးကြယ္ရင္း အံ့အားသင့္ေနသည္။ အစ္ကုိႀကီးက ဘယ္လိုလုပ္ၿပီး သူ႔အိပ္ခန္းထဲေရာက္ေနတာလဲ။

"သူမကိုျငင္းလိုက္ဖို႔ မင္းကို ငါ မေျပာခဲ့ဘူးလား.."

႐ႈနင္က ပုခံုးတြန္႔ကာ ညစ္က်ယ္က်ယ္ေျပာလိုက္သည္။

"မျဖစ္ႏိုင္တဲ့ဟာကို.."

႐ႈဟိန္၏မ်က္ခံုးႏွစ္ခုက တြန္႔ခ်ိဳးသြားၿပီး သူက ႐ႈနင္ ညဝတ္လဲေနသည္ကို စိုက္ၾကည့္ေနသည္။ ႐ႈနင္၏ကိုယ္ေပၚက အသားသိပ္မရွိဘဲ ပိန္လြန္းေနသည္။ သူ႔တင္ပါးေလးေတြက ျဖဴစင္လံုးဝန္းကာ အျပစ္အနာအဆာ ကင္းလြန္းလွသည္။ ႐ႈနင္က ခဏတြင္း အဝတ္လဲၿပီးသြားလို႔ ႐ႈဟိန္မွာ ၾကည့္မဝေသးလို႔ စိတ္ပ်က္သြားသည္။ ႐ႈနင္က ေရခ်ိဳးၿပီးစျဖစ္လို႔ သူ႔ဆီက shower cream နံ႔သင္းသင္းေလးရေနၿပီး သူ႔ဆံပင္ဖ်ားမွာ ေရစက္တခ်ိဳ႕တြဲခိုကာ ပ်င္းရိေနပံုေလးက ႐ႈဟိန္၏ရင္ကို အင္မတန္ဆြဲေဆာင္လို႔ေနသည္။

"အိပ္ခ်င္ေနၿပီလား.."

အစ္ကိုႀကီး၏အသံက နည္းနည္းအက္ကြဲသလို ျဖစ္ေနတာလား။ ႐ႈနင္က ခဏတံု႔ဆိုင္းၿပီးမွ ေမးလိုက္သည္။

"အစ္ကိုႀကီး.. အေအးမိေနတာလား.."

"......"

႐ႈနင္က လက္ေျမႇာက္ကာ ႐ႈဟိန္၏နဖူးကို စမ္းလိုက္ေတာ့ ေအးေနသည္။ ကိုယ္မပူဘူးပဲ..။ သူအေတြးေခါင္ေနတာ ထင္ပါရဲ့။ ဒါေပမယ့္ အစ္ကိုႀကီးကိုထိလိုက္ေတာ့ အစ္ကုိႀကီး၏ကိုယ္က ေတာင့္ခနဲျဖစ္ကာ သူ႔ေက်ာ႐ိုးက ေပတံလိုမတ္သြားျပန္သည္။ ၾကည့္ရတာ အစ္ကိုႀကီး သူ႔အထိအေတြ႕မွာ ယဥ္ပါးဖို႔ ဒီထက္ႀကိဳးစားေပးရမည္ထင္သည္။ အစ္ကိုႀကီးက အားကစားလိုက္စားကာ ကိုယ္လက္ႀကံ့ခိုင္လို႔ ဖ်ားနာခဲသည္။

႐ႈနင္က တဘက္ျဖင့္ သူ႔ေခါင္းကေရစိုဆံပင္ကို ခပ္ၾကမ္းၾကမ္းသုတ္လိုက္သည္။

"မင္းသုတ္တာ ၾကမ္းလြန္းတယ္.."

႐ႈဟိန္က တဘက္ကိုလွမ္းယူၿပီး ညင္သာစြာသုတ္ေပးလိုက္သည္။

႐ႈနင္က တစ္ခုခုမွားေနသလို ထင္လာသည္။ သူ႔ေခါင္းသုတ္တာ ဘယ္လိုၾကမ္းမွာလဲ။ အစ္ကိုႀကီးကေရာ ဆံပင္ေရသုတ္ေပးတတ္လို႔လား။ ႐ႈဟိန္က ပထမ သိပ္မလုပ္တတ္ေပမယ့္ ခဏေနေတာ့ သူက မွန္ကန္စြာသုတ္ေပးႏိုင္ေတာ့သည္။ မသိရင္ ဒီလိုမ်ိဳးအၿမဲလုပ္ေပးေနသလိုထင္ရေအာင္ ကၽြမ္းက်င္ေနသည္။ ႐ႈနင္က ေခါင္းငံု႔ကာ ဆံပင္အသုတ္ခံရင္း ညင္သာေပါ့ပါးစြာ ေျပာလိုက္သည္။

"အစ္ကုိႀကီး.. မစိုးရိမ္ပါနဲ႔.. မနက္ျဖန္က ေနာက္ဆံုးေန႔ပဲ.. မေကာင္းတာေတြ ဘာမွျဖစ္မလာပါဘူး.."

"ဒါေပါ့.. မေကာင္းတာ ဘာမွျဖစ္လာစရာမရွိဘူး.."

ဒါ ဘာကိုဆိုလိုတာလဲ။ အစ္ကုိႀကီးက ဒီျဖစ္စဥ္ကို ဂ႐ုမစိုက္ေပမယ့္ ႐ႈနင္က နည္းနည္းကုလားဖန္ထိုးလိုက္ၿပီး ခ်င္ယြိက်ိဳးပိုက္ဆံပိုကုန္ေအာင္ လုပ္ေပးလိုက္သည္။ ၿပီးေတာ့မွ တမင္သက္သက္ သတင္းထြက္ေအာင္လုပ္လိုက္ရင္ ေသခ်ာေပါက္ ျပႆနာတက္ကာ ႐ႈေကာင္းဆီက ဆူပူေျပာဆိုတာကို ခံရလိမ့္မည္။ ခ်င္ယြိက်ိဳးက သူ႔ကို အႀကိမ္မ်ားစြာ စိတ္အေႏွာင့္အယွက္ေပးခဲ့သည္။ အခု သူမ တဖန္ျပန္လည္ခံစားပါေစဦး။

႐ႈနင္က ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ႐ႈဟိန္၏ ဘာအမူအယာမွမေဖာ္ျပေသာ အၾကည့္ကို ရလိုက္သျဖင့္ စိတ္ပ်က္သြားခဲ့သည္။ သူဘာလုပ္လုပ္ အစ္ကိုႀကီးမ်က္လံုးထဲမွာ အရာမထင္ဘူးလား။ ( ̄ へ  ̄)

"ဘာျဖစ္လို႔လဲ.."

႐ႈဟိန္က စိတ္ပ်က္လက္ပ်က္ႏွင့္ ေခါင္းငံု႔သြားေသာ ကေလးေလး၏ေမးကို ပင့္မကာ ေမာ့ၾကည့္ေစလိုက္သည္။ ထိုအခါ ေလ်ာ့ရဲရဲေကာ္လံအဟၾကား ရင္ဘတ္က ပဲေစ့နီနီေလးကို ျမင္လိုက္ရစဥ္ ႐ႈဟိန္၏အာေခါင္မ်ား ေျခာက္ကပ္လာခဲ့သည္။

ျဖဴစင္ကာ အျပစ္ကင္းေသာ ေက်ာက္စိမ္းလိုအသားအေရထက္က နီရဲေသာပဲေစ့ေလးက ႐ႈဟိန္တစ္ကိုယ္လံုးက ေသြးေတြကို ခပ္ျမန္ျမန္လွည့္လည္ေစၿပီး သူ႔ကို တစ္စံုတစ္ခုကို ဆာေလာင္ေတာင့္တလာေစခဲ့သည္က ထူးဆန္းလြန္းလွသည္။

=======================

Chapter (26) - ပဲနီစေ့လေးကြောင့် အာခေါင်ခြောက်သွားသော အစ်ကိုကြီး

ပတ်ဝန်းကျင်က ယောက်ျားထုအားလုံး သိလိုစိတ်နဲ့ နားစွင့်လိုက်ကြသည်။ ဒီပတ်ဝန်းကျင်က လေထုကြီးက တောင့်တင်းနေပြီး မိန်းမလှလေးကိုယ်စား မခံချင်ဖြစ်နေကြသည်။

အလှနတ်သမီးလေးက ပြုံးနေပေမယ့် မျက်နှာပေါ်က စိတ်အနှောင့်အယှက်ဖြစ်နေပုံက ဖုံးမရပေ။ ဒါမေးနေစရာလိုသေးလို့လား မိန်းမလှလေးရေ.. သူ့ရည်ရွယ်ချက်က ရှင်းနေပြီပဲ.. ဘာကြောင့် ကိုယ့်ကိုသဘောမကျတဲ့လူနောက် အတင်းလိုက်နေချင်ရတာလဲ..။ မင်းခြေရင်းမှာ ခစားချင်တဲ့ယောက်ျားတွေ ရိုက်သတ်လို့မကုန်ပါဘူးကွာ..။

ရှုဟိန်၏မိသားစုနောက်ခံက သိပ်ကောင်းလွန်းတော့ အခုသူမကြိုးစားနေပုံက သိုက်တူးဖို့ကြိုးစားနေတာနဲ့ မတူဘူးလား..။

အလှနတ်သမီးလေးက ရှုဟိန်ကို ၃နှစ်တိတိကျိတ်ချစ်နေခဲ့သည်။ သူမတို့ မကြာခင် ခွဲရတော့မှာဖြစ်လို့ မျက်နှာပျက်ချင်လည်း ပျက်ပါစေတော့ဆိုပြီး သူမအခွင့်အရေးကို အရဆုပ်ကိုင်ကာ မေးလိုက်ခြင်းဖြစ်သည်။ သူမကိုလိုက်နေသည့် ချောမောသောကောင်လေးတွေ အများကြီးရှိပေမယ့် သူမက ရှုဟိန်ကိုပဲလိုချင်သည်။ ယန်ဝေဝေလိုမိန်းကလေးကတောင် ရှုဟိန်နဲ့ဒိတ်ဖို့ ပြောနိုင်တယ်ကြားရတော့ သူမ ဘာကြောင့် မကြိုးစားရဲရမှာလဲ။ တကယ်လို့ ရှုဟိန်က သူနဲ့စမ်းပြီးတွဲချင်တယ်ဆိုရင် သူမအခွင့်အရေးကို ရအောင်ဆုပ်ကိုင်မည်။ သူမတို့အတွဲက လိုက်ဖက်ပြီး သဟဇာတဖြစ်သွားပြီး ရေရှည်လက်တွဲဖော်လည်း ဖြစ်သွားနိုင်သည်မဟုတ်လား။ အခွင့်အရေးဆိုတာ ၂ကြိမ်မရပေ။ ဒါကြောင့် သူမ အရဲစွန့်ကာ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

ရှုဟိန်က ဒေါသထွက်ခြင်းမရှိ၊ ဘာအမူအယာမှမပြဘဲ ရှေ့ကမိန်းကလေးကို ကြည့်နေသည်။ သူ့ရှေ့ကမိန်းကလေးက ၃နှစ်တိတိ သူ့ကိုချစ်နေသောကြောင့် ကြိတ် crush နေသောယန်ဝေဝေထက် ပိုလေးနက်သည်။ သူမက လွယ်လွယ်နဲ့လက်လျှော့မည်မဟုတ်သည်ကို ရှုဟိန်သိသည်။ ရှုဟိန်က ရှင်းအောင်ပြောလိုက်သည်။

"မရှိပါဘူး.."

ဒီစကားကြားတော့ သူမ စိတ်သက်သာရာရသွားသည်။ သူမပျော်ရမလား၊ ငိုရမလား မသိတော့ပေ။

ရှုဟိန်၏ bodyguard များက သခင်လေးနား လူအုံနေသည်ကိုမြင်တော့ ချက်ချင်းရောက်လာကြသည်။ ရွှီကျင်းက မိန်းမလှလေး၏ပုခုံးကိုဖက်ကာ သူမကိုကယ်တင်လိုက်သည်။

"ဟေး.. ဟေး.. ဒီကောင်းကင်အောက်မှာ ယောက်ျားကောင်းတွေ အများကြီးပါ.. ဘာကြောင့် သူ့လိုရေခဲတုံးကြီးကို ဂရုစိုက်နေရတာလဲ.."

"ရှင်ပြောတာ မှန်ပါတယ်.."

တစ်ယောက်ယောက်က သူမသိက္ခာမကျအောင် ကူညီပေးပေမယ့် သူမက မျက်နှာဖြူရော်စွာဖြင့် သူမတို့ကိုလုံးဝလျစ်လျှူရှုကာ Roll-Royce ကားထဲဝင်သွားသောသူကို ငေးကြည့်နေမိသည်။

"မင်းလိုအရည်အချင်းရှိတဲ့ မိန်းကလေးတွေရဲ့အကြိုက်က ထူးဆန်းလှချည်လား.."

သူက သူမလေး၏ပုခုံးပေါ်ကလက်ကို ချလိုက်ကာ ကျော့ရှင်းစွာမေးလိုက်သည်။

"ရှင်ဘာသိလို့လဲ.. သူက ချို့ယွင်းချက်လုံးဝမရှိတဲ့ လူတစ်ယောက်မို့လေ.."

သူမက ဝမ်းနည်းမှုကိုဖုံးကွယ်ကာ လှမ်းပြောပြီး လှပစွာထွက်သွားတော့သည်။

"......"

ရွှီကျင်းလည်း ထွက်လာရင်း သူ့ရင်တွေနာကျင်လို့နေသည်။ မိန်းကလေးတွေက လိမ္မာသော၊ ဆိုးသွမ်းမှုမရှိသောယောက်ျားလေးများကို သဘောမကျတတ်ကြပေ။ ရှုဟိန်က ဆိုးသွမ်းခြင်းတော့မရှိပေမယ့် သူ့တစ်ကိုယ်လုံးက သေလောက်သောအဆိပ်တွေနဲ့ ပြည့်နေသော ကြောက်စရာယောက်ျားလေးဖြစ်သည်။ ရှုဟိန်က ဘယ်လောက်သွေးအေးပြီး လျစ်လျှူရှုတတ်သည်၊ အခြေအနေကို ဘယ်လိုနည်းနဲ့ ကိုင်တွယ်တတ်သည်ကို ငယ်ကတည်းကအတူကြီးလာသော ရွှီကျင်း အသိဆုံးဖြစ်သည်။ ဒါပေမယ့် ဒီလိုယောက်ျားမျိုးကိုမှ မိန်းကလေးတွေက မီးကိုတိုးတဲ့ပိုးဖလံလို ဝိုင်းတိုးကာ ကြိုက်ကြသည်။ ဘယ်လောက်တောင် ရူးမိုက်လိုက်ကြသလဲ..။

ရွှီကျင်းလည်း သူ့ကားပေါ်တက်ကာ အိမ်ပြန်လာသည်။ ၃ရက်ဆက်တိုက် ပင်ပန်းခဲ့ရသည်။ ယခုညတော့ ပါတီကောင်းကောင်းကျင်းပကာ သူ့ဘေးတစ်ဖက်တစ်ချက်မှာ မိန်းမလှလေးတွေခြံရံပြီး သူ့ကိုယ်သူ ဂုဏ်ပြုသင့်တယ်မဟုတ်လား။

ထိုအချိန်တွင် ရှုနင်က ဆိုင်ထဲထိုင်ကာ ရေခဲမုန့်စားရင်း ကျေနပ်နှစ်သိမ့်နေသည်။ ထိုအချိန်အဝေးကနေ ကျီထုက စိတ်ရှုပ်စွာလျှောက်လာပြီး ရှုနင်ရှေ့ဝင်ထိုင်ကာ ရေသန့်ကိုသောက်ရင်း သက်ပြင်းချလိုက်သည်။

"အခြေအနေ ဘယ်လိုလဲ.."

"သိပ်အဆင်မပြေဘူး.."

ကျီထုက ကျောင်းပြီးကာစဖြစ်ပြီး company ကောင်းမှာ သူမအစွမ်းအစကို ပြသချင်နေသည်။ ချင်ယွိကျိုးက သူမအရည်အချင်းကို သတိပြုမိပြီး ခေါ်ယူထားတာဖြစ်သည်။ ဒီမြေဝယ်ယူမှုမှာ သူမက ငှက်ပျောသီးအခွံနွှာသလို လွယ်မယ်ထင်ထားပေမယ့် အလွန်ခက်ခဲနေမည်ဟု ထင်မထားမိပေ။

"တခြားလူတွေ ဘယ်လိုဖြစ်နေကြသလဲဆိုတာ မသိတော့ဘူး.."

ကျီထု၏ 10 ယောက်အုပ်စုက ရွာထဲမှာ ပါးစပ်အမြှုပ်ထွက်မတတ်၊ ခြေထောက်အရည်ကြည်ဖုပေါက်မတတ် ပြေးလွှားကြိုးစားကြပေမယ့် အိမ် 27 လုံးကိုပဲ ဝယ်နိုင်ကြသေးသည်။ ထိုရွာမှာ ကြားခံအိမ်ခြံမြေအကျိုးဆောင်အုပ်စု မရှိသောကြောင့် သူတို့ကိုယ်တိုင်ပဲ အိမ်ပိုင်ရှင်တွေနဲ့ ညှိနေရသည်။ လေးညှို့ကပစ်လွှတ်လိုက်တဲ့မြားက ပြန်မရနိုင်သလိုပင်။ ကြိုးစားမှုက အချည်းနှီးဖြစ်နေရသည်။ တကယ်လို့ ချင်ယွိကျိုးသာဒီမှာရှိရင် သူမက ဆက်လုပ်မှာသေချာသည်။

သူ့အမေက သူမပစ္စည်းဥစ္စာကို ဒီလောက်ဖြုန်းတီးချင်တယ်ဆိုရင် သူလည်း ကူညီပေးရမှာပေါ့။

"အစ်မထူ.. ဘယ်လိုပြဿနာတွေ ကြုံနေရတာလဲ.."

ရှုနင်က မေးလိုက်သည်။

"ငါပြောလည်း မင်းလိုကလေးက သိမှာမို့လား.."

ကျီထုက စိတ်ထဲကပြောပေမယ့် ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။

"သခင်လေးရှု.. ဒီရွာထဲကအိမ်တချို့က လူမနေဘဲပစ်ထားပေမယ့် မတန်တဆဈေး ရချင်နေတယ်.. တချို့အိမ်တွေကျတော့ ခေါင်းမာတဲ့လူကြီးတွေ နေနေကြတယ်.. သူတို့မြေးတွေက ရောင်းချင်ပေမယ့် လူကြီးတွေက သူတို့အိမ်နောက်မှာ ဟင်းသီးဟင်းရွက်စိုက်နိုင်တယ်လို့ချည်း ဇွတ်ပြောနေတယ်.. အသီးအရွက်စိုက်တာ ဘယ်လောက်ရမှာမို့လဲ.. တကယ်လက်ပေါက်ကပ်တဲ့ လူကြီးတွေ.."

ကျီထုပြောတာကို ရှုနင် နားလည်သည်။ ရွာမှာနေသည့်လူကြီးတွေ ဘယ်လိုတွေးသလဲဆိုတာ သူအသိဆုံးဖြစ်သည်။ 1. လူကြီးတွေက အဝေးကဆွေမျိုးထက် အနီးကအိမ်နီးနားချင်းကို ပိုတန်ဖိုးထားသည်။ 2. သူတို့ဟင်းသီးဟင်းရွက်စိုက်တာက ဈေးဖိုးချွေတာဖို့ဖြစ်ပြီး ငွေပိုငွေလျှံကို သားမြေးတွေ သုံးစေချင်လို့ဖြစ်သည်။ 3. သူတို့က မွေးရပ်မြေမှာပဲ ခေါင်းချချင်ကြသည်။

"အစ်မထုက မျက်စိလည်နေတယ်ထင်တယ်.."

"မင်း ဘာကိုဆိုလိုတာလဲ.."

ကျီထုက ချွေးသုတ်ပြီးမေးလိုက်သည်။

"အိမ်ရှင်ရှာမရတဲ့အိမ်ငှားတွေကို ထားလိုက်ပါ.. ဈေးကြီးနဲ့ရောင်းချင်သူတွေကို ညှိလိုက်ရင် ဝယ်လို့ရပါလိမ့်မယ်.. မပြောင်းချင်တဲ့လူတွေရဲ့အိမ်တွေကို ထားလိုက်၊ ပြောင်းရွှေ့ချင်စိတ်ရှိသူကို မြို့ထဲမှာ တိုက်ခန်းဝယ်ပေးပြီး အလဲအထပ်လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ.."

ဘာ..? ကျီတုက ထိုစကားကိုကြားတော့ ကြောင်သွားသည်။

"သခင်လေးရှု.. အဲ့လိုလုပ်လိုက်ရင် ဈေးတွေတက်သွားမှာပေါ့.. စရိတ်ပိုကုန်လိမ့်မယ်.."

"အစ်မမှားပြန်ပြီ.. ကျွန်တော့်အမေက ဒီမြေကွက်တွေဝယ်တာ ငွေရချင်လို့ ဝယ်တယ်ထင်လား.. ငွေကြေးက အမေ့အတွက် မထူးဆန်းဘူး.. အမေလိုချင်တာ ကျော်ကြားမှုပါ.. ဒီလောက်ငွေလောက်ကတော့ ရှုမိသားစုက မျက်စိထဲတောင်မထည့်ပါဘူး.. အစ်မက တလွဲတွေးနေမိတာကိုး.."

ကျီထု၏ဦးနှောက်ထဲ အသိအမြင်ပွင့်သွားသည်။ သူနဲ့နှိုင်းယှဉ်ပြီး ငွေကို စေ့စပ်စွာစိစစ်နေမိပေမယ့် သူဌေးကတော်ချင်ယွိကျိုး တကယ်လိုအပ်တာ ကျော်ကြားမှု၊ အောင်မြင်မှုဆိုတာ သူမမေ့သွားခဲ့သည်။

ကျီထုက ချင်ယွိကျိုးဆီဖုန်းဆက်ကာ ထိုအကြံကိုတင်ပြလိုက်သည်။ သခင်လေးနင်ကို ဒီကိစ္စလွှဲထားတယ်ဆိုပေမယ့် တကယ့်ဆုံးဖြတ်ချက်ချနိုင်သူက ချင်ယွိကျိုးသာဖြစ်သည်။

"အစ်မချင်.. ကျွန်မ အစီရင်ခံစရာရှိလို့.."

ချင်ယွိကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူမက အခြေအနေကို တခြားဆီမှာစုံစမ်းတော့လည်း ဒီလိုစကားပဲထွက်လာသဖြင့် ကျီထုတင်ပြသည့်အတိုင်း ဆက်လုပ်ဖို့ ခွင့်ပြုလိုက်သည်။ အစိုးရက တရားဝင် ဒီကိစ္စကို ဖွင့်ချလိုက်ချိန်မှာ ဈေးတွေပိုခုန်တက်သွားလျှင် ပိုခက်တော့မည်။ ဒါကြောင့် သူမက ငွေတွေပိုကုန်သွားလို့ အသည်းဆတ်ဆတ်ခါပေမယ့် သူမနာမည်ကောင်းရဖို့ ဇွတ်မှိတ်ကာ ဆက်လုပ်စေလိုက်သည်။

ခုတလော ကိုယ်ဝန်ကြောင့် မနက်ခင်းပျို့အန်တာ ပြန်ဖြစ်နေပြီး သူမမှာ နေရတာ အရမ်းပင်ပန်းနွမ်းနယ်နေသည်။ ဒါကြောင့် ဘာကိုမှသေချာအားမစိုက်နိုင်တော့ဘဲ ကျီထုကိုသာလွှဲလိုက်တော့သည်။

ကျီထုက အစ်မချင်နှင့် နာရီဝက်လောက်ဖုန်းပြောပြီးနောက် တက်ကြွလန်းဆန်းလို့နေသည်။

"မင်းရဲ့အစီစဉ်အတိုင်း ဆက်လုပ်လိုက်တော့.. မင်းကိုပဲ အားကိုးရတော့မယ်.."

"စိတ်ချပါ အစ်မချင်.. အားလုံး ကျွန်မတာဝန်ယူလိုက်ပါ့မယ်.."

နှစ်ဦးသားစကားပြောပြီးနောက် ချင်ယွိကျိုးက အသုံးစရိတ်တစ်ခု သတ်မှတ်ပေးလိုက်သည်။ ကျီထုက ချက်ချင်း meeting ခေါ်ကာ အစီစဉ်အတိုင်းလုပ်တော့ အိမ်အတော်များများ ထပ်ဝယ်လိုက်နိုင်သည်။ ရွာကလူတချို့အတွက် မြို့ထဲကတိုက်ခန်းနှင့် အလဲအထပ်လုပ်ပေးခဲ့သည်။ ဒါကြောင့် တချို့က ဟုတ်ကောဟုတ်ရဲ့လားလို့ပင် သံသယဝင်နေမိအောင် အခွင့်ကောင်းကိုရလိုက်သည်။ ကျီထုက သူမဘဝမှာ ခုလောက်အားမရဖူးပေ။

လူတိုင်းက လောဘရှိတဲ့လူတွေပဲ။ သူတို့အတွက် အကျိုးအမြတ်မရှိရင် မယူဘဲဘယ်နေမလဲ..။

ထိုည ရှုနင် မောပန်းစွာ အိမ်ပြန်ရောက်လာသည်။ သူက ရေချိုးပြီး ရှုဟိန်၏အခန်းဆီ သွားဖို့ပြင်လိုက်သည်။ ရှုဟိန်က တက္ကသိုလ်ဝင်စာမေးပွဲကို ကောင်းကောင်းဖြေနိုင်မယ်ဆိုတာ ရှုနင် ယုံကြည်သည်။

အံ့သြစရာကောင်းစွာ ချင်ယွိကျိုးက ခြံထဲမှာဖုန်းပြောရင်း ထိုင်စောင့်နေသည်။ သူမ ဘာလိုချင်လို့လဲ..။ ရှုနင်က နာခံစွာဖြင့် သူမဘေးသွားကာ ချိုသာစွာပြောလိုက်သည်။

"အမေ.. ညဘက် အပြင်မှာအေးနေပြီ.. ဘာကြောင့်ခြံထဲမှာ ထိုင်နေတာလဲ.. ညီလေး နေမကောင်းဖြစ်နေဦးမယ်.."

ဟေး.. အမေ.. ကျွန်တော့်ကို စိတ်ဆိုးနိုင်ဦးမလား..။

ချင်ယွိကျိုးက ခဏစိုက်ကြည့်ကာ နွေးထွေးစွာပြောခဲ့သည်။

"သား ဘယ်အချိန်ပြန်ရောက်မလဲ.. ဘာဆက်လုပ်ဖို့ စဉ်းစားထားသလဲမေးဖို့ စောင့်နေတာပါကွယ်.."

"အွန်း.. သားက ဒီလိုပဲ စိတ်ထဲရှိတာ ပြောလိုက်တာ.. ခုလိုအသုံးဝင်သွားမယ်လို့ ထင်မထားမိဘူး.."

ရှုနင် မသိဟန်ဆောင်ကာ ပြောလိုက်သည်။

ချင်ယွိကျိုးက သားဖြစ်သူ၏လက်ကို ပျော်ရွှင်စွာဆုပ်ကိုင်ကာ ပြောလိုက်သည်။ သူ့သားကို ငတုံးလို့ထင်ထားပေမယ့် ရှုချိန်၏သွေးသားပီသစွာ အရည်အချင်းပြလာမည်ဟု ထင်မထားခဲ့မိပေ။

"သားလေး.. မင်း ရှေ့လျှောက် ခုလိုနှိမ်ချပြီးနေဖို့ မလိုတော့ပါဘူး.. မနက်ဖြန်၊ သဘက်ခါကို အေးအေးဆေးဆေးပဲ စာမေးပွဲအတွက် ပြင်ပေတော့.. ဟော်မိသားစုရဲ့ အငယ်ဆုံးသားက မင်းနဲ့ရွယ်တူပဲ.. သူတို့က စာမေးပွဲကြောင့် ကော့တေးပါတီကို နောက်ရွှေ့ထားခဲ့တာ အတော်ပဲ.. သားလည်း စာမေးပွဲအတွက် စိတ်အေးလက်အေး စာလုပ်ချိန်ရသွားပြီ.. အရင်က အမေဂရုမစိုက်ခဲ့မိပေမယ့် ခုတော့ သားနဲ့ဟော်မိသားစုက သားငယ်တို့သူငယ်ချင်းဖြစ်အောင် ကော့တေးပါတီမှာ အမေ အခွင့်အလမ်းရှာပေးမယ်.."

"အွန်း.."

"အမေလုပ်သမျှ သားနဲ့ မိသားစုအတွက်ဆိုတာ မမေ့နဲ့နော်.. ကြားလား.."

"အွန်း.."

"သွား.. အခန်းပြန်နားတော့.. မနက်ဖြန် အမေ ဟော်ရန်နဲ့ တခြားမိသားစုကသခင်လေးတွေရဲ့ အချက်အလက်တွေ အမေပေးမယ်.. ဒီအချက်တွေကို သားရဲ့ဦးနှောက်ထဲမှာ စွဲနေအောင်မှတ်ထားရမယ်.. နောင် ဒီလူတွေက သားရဲ့ဘဝတိုးတက်ဖို့အတွက် အထောက်အကူတွေဖြစ်လာမယ်.. သားက သူတို့ကိုမကြိုက်ရင်တောင် စိတ်ထဲမှာပဲထားရမယ်.. သူတို့ကို မဆန့်ကျင်ရဘူး.. ဒါပေမယ့် သားက ရှုမိသားစုက ဒုတိယသားဖြစ်လို့ သူတို့ကို အောက်ကျို့ပေါင်းစရာလည်းမလိုဘူး.. သူတို့အဖွဲ့ထဲမှာ သားက ဦးဆောင်နိုင်အောင်ကြိုးစားရမယ်.."

"အွန်း.."

ပထမဆုံးအကြိမ် ချင်ယွိကျိုးက ရှုနင်ဆီက "အွန်း..၊ အင်း.." ဆိုတာကို စိတ်မပျက်မိတော့ပေ။ သူမက ရှုနင်၏လက်ကိုဆွဲကာ အိမ်ဘက်ပြန်လာခဲ့သည်။ ဒီကလေးက သူမ၏အစီစဉ်ကို အောင်မြင်အောင်လုပ်ပေးနိုင်မယ့် လက်နက်တစ်ခုဖြစ်သည်။

ရေချိုးပြီးလို့ ရှုနင်က တိုင်းရင်းဆေးကို သောက်လိုက်သည်။

"ဘာအချက်အလက်တွေလဲ.. အလကားဟာတွေ.. ဟော်ရန်ဆိုတဲ့ကောင်က အလကား ဆန်ကုန်မြေလေးကောင်၊ သူ့အဖိုးက ကောင်းကင်ဘုံရောက်အောင် ပင့်မြှောက်လို့ ပျက်စီးနေတဲ့သူဌေးသား လူရမ်းကားလေး၊ အသက် 30 ထိ ဘာမှဖြစ်မြောက်အောင် မလုပ်နိုင်တဲ့ မာန်တက်မောက်မာမှုရဲ့ဘုရင်၊ နောက်ဆုံးကရေတွက်ရင် နံပါတ်တစ်ရမယ့်ကောင်၊ နောက်ဆုံး သူ့ဘဝကို အမျိုးသမီးတွေရဲ့ပေါင်ကြားမှာပဲ အဆုံးသတ်မယ့်ကောင်.."

ရှုနင်က သူ့အမေ၏စကားကို လှောင်ရယ်ရင်း တွေးနေသည်။ အရင်ဘဝက ဟော်ရန်က သူ့ကိုအနိုင်ကျင့်သည့် အုပ်စုခေါင်းဆောင်ဖြစ်သည်။ ဒါကြောင့် ဒီဘဝမှာ ဒီရန်ကြွေးကို ပြန်ပေးချင်လို့ မစောင့်နိုင်တော့အောင် ခံစားနေမိသည်။ အရင်ဘဝက ကြင်နာမှုကို ပြန်ဆပ်ရမှာဖြစ်သလို ရန်ငြိုးတွေကိုလည်း ပြန်ပေးဆပ်ရမည်ပေ။

ရှုနင်က ရေချိုးတဘက်နှင့် သူ့ကိုယ်ကို အမြန်ဖုံးကွယ်ရင်း အံ့အားသင့်နေသည်။ အစ်ကိုကြီးက ဘယ်လိုလုပ်ပြီး သူ့အိပ်ခန်းထဲရောက်နေတာလဲ။

"သူမကိုငြင်းလိုက်ဖို့ မင်းကို ငါ မပြောခဲ့ဘူးလား.."

ရှုနင်က ပုခုံးတွန့်ကာ ညစ်ကျယ်ကျယ်ပြောလိုက်သည်။

"မဖြစ်နိုင်တဲ့ဟာကို.."

ရှုဟိန်၏မျက်ခုံးနှစ်ခုက တွန့်ချိုးသွားပြီး သူက ရှုနင် ညဝတ်လဲနေသည်ကို စိုက်ကြည့်နေသည်။ ရှုနင်၏ကိုယ်ပေါ်က အသားသိပ်မရှိဘဲ ပိန်လွန်းနေသည်။ သူ့တင်ပါးလေးတွေက ဖြူစင်လုံးဝန်းကာ အပြစ်အနာအဆာ ကင်းလွန်းလှသည်။ ရှုနင်က ခဏတွင်း အဝတ်လဲပြီးသွားလို့ ရှုဟိန်မှာ ကြည့်မဝသေးလို့ စိတ်ပျက်သွားသည်။ ရှုနင်က ရေချိုးပြီးစဖြစ်လို့ သူ့ဆီက shower cream နံ့သင်းသင်းလေးရနေပြီး သူ့ဆံပင်ဖျားမှာ ရေစက်တချို့တွဲခိုကာ ပျင်းရိနေပုံလေးက ရှုဟိန်၏ရင်ကို အင်မတန်ဆွဲဆောင်လို့နေသည်။

"အိပ်ချင်နေပြီလား.."

အစ်ကိုကြီး၏အသံက နည်းနည်းအက်ကွဲသလို ဖြစ်နေတာလား။ ရှုနင်က ခဏတုံ့ဆိုင်းပြီးမှ မေးလိုက်သည်။

"အစ်ကိုကြီး.. အအေးမိနေတာလား.."

"......"

ရှုနင်က လက်မြှောက်ကာ ရှုဟိန်၏နဖူးကို စမ်းလိုက်တော့ အေးနေသည်။ ကိုယ်မပူဘူးပဲ..။ သူအတွေးခေါင်နေတာ ထင်ပါရဲ့။ ဒါပေမယ့် အစ်ကိုကြီးကိုထိလိုက်တော့ အစ်ကိုကြီး၏ကိုယ်က တောင့်ခနဲဖြစ်ကာ သူ့ကျောရိုးက ပေတံလိုမတ်သွားပြန်သည်။ ကြည့်ရတာ အစ်ကိုကြီး သူ့အထိအတွေ့မှာ ယဉ်ပါးဖို့ ဒီထက်ကြိုးစားပေးရမည်ထင်သည်။ အစ်ကိုကြီးက အားကစားလိုက်စားကာ ကိုယ်လက်ကြံ့ခိုင်လို့ ဖျားနာခဲသည်။

ရှုနင်က တဘက်ဖြင့် သူ့ခေါင်းကရေစိုဆံပင်ကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။

"မင်းသုတ်တာ ကြမ်းလွန်းတယ်.."

ရှုဟိန်က တဘက်ကိုလှမ်းယူပြီး ညင်သာစွာသုတ်ပေးလိုက်သည်။

ရှုနင်က တစ်ခုခုမှားနေသလို ထင်လာသည်။ သူ့ခေါင်းသုတ်တာ ဘယ်လိုကြမ်းမှာလဲ။ အစ်ကိုကြီးကရော ဆံပင်ရေသုတ်ပေးတတ်လို့လား။ ရှုဟိန်က ပထမ သိပ်မလုပ်တတ်ပေမယ့် ခဏနေတော့ သူက မှန်ကန်စွာသုတ်ပေးနိုင်တော့သည်။ မသိရင် ဒီလိုမျိုးအမြဲလုပ်ပေးနေသလိုထင်ရအောင် ကျွမ်းကျင်နေသည်။ ရှုနင်က ခေါင်းငုံ့ကာ ဆံပင်အသုတ်ခံရင်း ညင်သာပေါ့ပါးစွာ ပြောလိုက်သည်။

"အစ်ကိုကြီး.. မစိုးရိမ်ပါနဲ့.. မနက်ဖြန်က နောက်ဆုံးနေ့ပဲ.. မကောင်းတာတွေ ဘာမှဖြစ်မလာပါဘူး.."

"ဒါပေါ့.. မကောင်းတာ ဘာမှဖြစ်လာစရာမရှိဘူး.."

ဒါ ဘာကိုဆိုလိုတာလဲ။ အစ်ကိုကြီးက ဒီဖြစ်စဉ်ကို ဂရုမစိုက်ပေမယ့် ရှုနင်က နည်းနည်းကုလားဖန်ထိုးလိုက်ပြီး ချင်ယွိကျိုးပိုက်ဆံပိုကုန်အောင် လုပ်ပေးလိုက်သည်။ ပြီးတော့မှ တမင်သက်သက် သတင်းထွက်အောင်လုပ်လိုက်ရင် သေချာပေါက် ပြဿနာတက်ကာ ရှုကောင်းဆီက ဆူပူပြောဆိုတာကို ခံရလိမ့်မည်။ ချင်ယွိကျိုးက သူ့ကို အကြိမ်များစွာ စိတ်အနှောင့်အယှက်ပေးခဲ့သည်။ အခု သူမ တဖန်ပြန်လည်ခံစားပါစေဦး။

ရှုနင်က ခေါင်းမော့ကြည့်လိုက်တော့ ရှုဟိန်၏ ဘာအမူအယာမှမဖော်ပြသော အကြည့်ကို ရလိုက်သဖြင့် စိတ်ပျက်သွားခဲ့သည်။ သူဘာလုပ်လုပ် အစ်ကိုကြီးမျက်လုံးထဲမှာ အရာမထင်ဘူးလား။ ( ̄ へ  ̄)

"ဘာဖြစ်လို့လဲ.."

ရှုဟိန်က စိတ်ပျက်လက်ပျက်နှင့် ခေါင်းငုံ့သွားသော ကလေးလေး၏မေးကို ပင့်မကာ မော့ကြည့်စေလိုက်သည်။ ထိုအခါ လျော့ရဲရဲကော်လံအဟကြား ရင်ဘတ်က ပဲစေ့နီနီလေးကို မြင်လိုက်ရစဉ် ရှုဟိန်၏အာခေါင်များ ခြောက်ကပ်လာခဲ့သည်။

ဖြူစင်ကာ အပြစ်ကင်းသော ကျောက်စိမ်းလိုအသားအရေထက်က နီရဲသောပဲစေ့လေးက ရှုဟိန်တစ်ကိုယ်လုံးက သွေးတွေကို ခပ်မြန်မြန်လှည့်လည်စေပြီး သူ့ကို တစ်စုံတစ်ခုကို ဆာလောင်တောင့်တလာစေခဲ့သည်က ထူးဆန်းလွန်းလှသည်။

=======================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now