Chapter (91-2)_ လွန်ခဲ့တဲ့ 2 နှစ်ကတည်းက မင်းကို ချစ်ခဲ့တာ....

16.6K 2.8K 117
                                    

Chapter (91-2)_ လွန်ခဲ့တဲ့ 2 နှစ်ကတည်းက မင်းကို ချစ်ခဲ့တာ....

ရှုချိန်က ချင်ယွိကျိုးကို အလိုလိုပဲ အိမ်ကိုပြန် ခေါ်လိုက်ရ တော့သည်။ ရှုချိန်ရဲ့ ဖခင်ရဲ့ဈာပနအတွက် ရှုပ်ထွေးများပြားလှတဲ့ အလုပ်တွေကို စီမံဖို့ ချွေးမက အကုန် လုပ်ဆောင်ရမည်ဖြစ်သည်။

  အဖေတော့...တမလွန်ကို သွားရှာပြီ၊ ယောက္ခမတစ်ယောက် ကွယ်လွန်သွားသည့်အတွက် ချွေးမအနေဖြင့် သူမငိုကြွေးရန်၊ ဧည့်သည်တွေကို ဧည့်ခံရန် တာဝန်ရှိသည်။

အသုဘသည်ခုနစ်ရက်နှင့်ခုနစ်ညကြာခဲ့သည်။ ရှုနင်နဲ့ရှုဟိန်တို့ နှစ် ဦး စလုံးသည် ဈာပနာမှာရှိခဲ့ပြီး ရှုချိန်လည်း ဝမ်းနည်းပက်လက်ဖြစ်နေရသည်။

မြို့မျက်နှာဖုံးတစ်ယောက်ရဲ့ ဈာပနကြောင့် ချင်ယွိကျိုးက  အရမ်းပင်ပန်းလွန်းနေပြီး စိတ်မကောင်းစရာဆွေမျိုးအားလုံးကိုဂ ရုစိုက်ပြီး  အလုပ်လုပ်နေဆဲပင်ဖြစ်သည်။ ရှုချိန်က ဂရုမစိုက်တဲ့ကြားက ချင်ယွိကျိုးရဲ့ စွမ်းရည်ကို အသိမှတ်ပြုမိသည်။ ဒီလောက်သာ အရည်ချင်းမရှိခဲ့ရင် ချင်ယွိကျိုးက သူ့လက်ထောက်ဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်လာနိုင်မည် မဟုတ်ပေ။

 နောက်ဆုံးမှာ ဇနီးသည်တစ်ယောက်ရှိခြင်းသည် အလွန်ကောင်းသည်၊ အနည်းဆုံးတော့ သူတို့က မင်း ပင်ပန်းနွမ်းနယ်သည့်အခါတိုင်းနွေးထွေးစွာ ပွေ့ဖက်ပေးကာ နှစ်သိမ့်ပေးနိုင်သည်။

ဘိုးဘွားပိုင်အိမ်ကြီး၏ ဘိုးစဉ်ဘောင်ဆက် ရှေ့မျိုးဆက်တွေရဲ့ ကဗျည်းတိုင်တွေကို ထားရှိတဲ့ ဘိုးဘွားခန်းမတစ်ခုရှိသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းသည်ရိုးရှင်းသော်ငြားလည်း ကြီးမားခန့်ညားသော အခန်းတစ်ခုဖြစ်ပြီး  သူတို့၏ဘိုးဘေးများ၏ ကဗျည်း ကျောက်ပြားများထည့်ထားခြင်းနှင့်မြေကြီးပေါ်သို့ရောက်ရှိနိုင်သော မျိုးရိုးစဉ်ဆက်ကို ပြသသည့် မျိုးနွယ် အပင်တစ်ပင်ကို နံရံတွင် ရေးဆွဲထားသည်။

ဤသည်မှာရှုနင်အတွက် ဘိုးဘွားခန်းမထဲဝင်ဖူးတာ  ပထမဆုံးအကြိမ်ဖြစ်သည်။  

ရှုဟိန်က ရှုနင်ကို ရဲရဲမကြည့်ဝံ့ပေ။ သူ့ညီလေးက အဖြစ်မှန်ကိုသိသွားပြီး သူတို့ဆက်ဆံရေးကို မဖျက်ဆီးပဲ သူ့ကိုရွေးချယ်ဖို့ မျှော်လင့်နေမိသည်။ ဖြစ်နိုင်မယ်ဆိုရင် သူ အခုထိန်းထားတာတွေကို ခွာချပြီး နင်နင်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ နူတ်ခမ်းလေးကို နမ်းရှိုက်ရင်း ဝမ်းနည်းမှုတွေ လျော့သွာအောင် လုပ်ပေးချင်သည်။


သူ အိပ်ပျော်နေစဉ် သူတို့နှစ်ယောက် စည်းကျော် ခဲ့သည့် အိပ်မက်ကို မက်ခဲ့ပြီးနောက် ရှုဟိန်က နိုးလာပြီး သူ့မျက်နှာကို ခပ်ဆတ်ဆတ် ရိုက်လိုက်မိသည်။ အခုသူ့ညီလေး ဝမ်းနည်းပြိး အားနည်းနေတဲ့ပုံကို ကြည့်ပြီး ထွေးပွေ့နှစ်သိမ့်နိုင်ခြင်းမရှိတဲ့အတွက် သူ့ရင်တွေ နာကျင်လှသည်။

သူ့ကိုနှစ်သိမ့်မှု အများကြီးပေးချင်ပါတယ်

ရှုဟိန်၏အကြည့်မှာထဲမှာ ပူလောင်မှုတွေပြည့်နေ ပေမယ့် ရှုနင်က သတိမထားမိပေ။

ရှုနင်က အရင်ကတည်းက ရှုဟိန်က သူ့ကို ကြိုက်နေတယ်လို့ ခန့်မှန်းခဲ့သည်။ ဒါက  သိပ္ပံနည်းမကျပေမယ့် သူတို့က သွေးရင်းညီအစ်ကိုရင်းဖြစ်ပေမယ့် အကိုကြီးက သူ့ကို ဘာကြောင့် ချစ်နေခဲ့တာလဲလို့ သူတွေးမိသည်။

ရှုနင်က မျက်လုံးကို ကျုံ့ကာ မျိုးရိုးသစ်ပင်ထဲက နာမည်တွေကို စူးစမ်းကြည့်လိုက်သည်။

ဘာတွေဖြစ်နေတာလဲ?

ဒါက မမှန်ဘူး၊ တစ်ခုခု မှားနေတယ်။

ဘာကြောင့် ရှုဟိန် ရဲ့နာမည်က မျိုးရိုးသစ်ပင်ထဲမျာ မရှိရတာလဲ?

ရှုနင်က မျက်လုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး သေချာစေဖို့ မျက်လုံးကို လက်နှင့် ပွတ်သပ်လိုက်သည်။ တကယ်တော့ အဲဒီလို လုပ်ဖို့ တကယ် မလိုအပ်ဘူး၊

ဘာဖြစ်လို့လဲဆိုတော့ သူက အရမ်းအံ့အားသင့်သွားလို့ သူက အရမ်းငိုခဲ့လို့ မျက်လုံးအမြင်တွေ ဝါးနေတာ ဖြစ်နိုင်လို့  ခံစားခဲ့ရတယ်။ ဒါပေမယ့် တကယ်တော့ သူက ရှုချိန်ရဲ့နာမည်အောက်ကို သေချာကြည့်လိုက် သည်။

 ရှုချိန်ရဲ့နာမည်အောက်မှ လူနှစ် ဦး သာရှိသည်။ တစ်ခုမှာရှုနင် ဖြစ်ပြီးနောက်တစ်ခုမှာ ရှုယောင်းဖြစ်သည်။

အို...ဘုရားရေ၊ ဒါ မဖြစ်နိုင်ဘူး! ရှုဟိန်ရဲ့နာမည်က ဘာလို့ အဲဒီမှာ မရှိရတာလဲ။ ဘာကြောင့်လဲ?

ရှုချိန်က အကိုကြီးကို အရမ်းချစ်မြတ်နိုးပြီး မည်သည့်အကြောင်းကြောင့်နဲ့မှ သားအကြီးဆုံးရဲ့ နာမည်ကိုဖျက်ပစ်လိမ့်မည်မဟုတ်ပါ။ ဒီ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ကုန်တာလဲ...

ဘာကြောင့် အကိုကြီးရဲ့နာမည်က ဒီစာရင်းထဲ မပါရတာလဲ။ သူက အကြီးဆုံးမြေးဖြစ် မဟုတ်ဘူးလား။

သူက ငါ့ရဲ့ အကိုကြီး မဟုတ်ဘူး။ ငါ့ အကိုရင်း မဟုတ်ခဲ့ဘူး..

ရှုနင်က အလန့်တကြားဖြင့် အဖြစ်မှန်ကို သိလိုက်ရစဉ် သူ့ရင်တခုလုံး  တုန်လှုပ်ချောက်ချားစေသည်။ သူခေါင်းကို ရုတ်တရက်မော့လိုက်သည်။ ရှုဟိန်က သူ့နောက်တွင် ရှိနေသည်။

"အကိုကြီး ... အဖေနဲ့အကိုကြီးရဲ့ပတ်သတ်မှုက ဘာလဲ"

ရှုနင် ၏နှုတ်ခမ်းများ တုန်ယင်သွားပြီး သူ့ တစ်ကိုယ်လုံးတုန်ခါနေပြီး သူကိုယ်တိုင် စိတ်ငြိမ်အောင် ဘယ်လိုမှ မထိန်းနိုင်တော့ပေ။

 သူ၏ခန္ဓာကိုယ်ပျော့ကျသွားပြီး ရှိသမျှ စွမ်းအားဖြင့်မိမိကိုယ်ကို ဆက်လက်ရပ်တည်နေနိုင်ဖို့ မနည်းတောင့်ခံထားလိုက်ရသည်။

  " အကိုကြီးက ဘယ်သူလဲ"

ရှုဟိန်သည် သူ၏မျက်လုံးကို ခဏမှိတ်ကာ အားတင်းလိုက်သည်။ သူ့ပထွေးက အဖြစ်မှန်ကို ကလေးလေးကို ဖွင့်မပြောဖို့ တားထားတာကို နင်နင် တစ်ယောက်သိပါရဲ့လား....

ရှုဟိန်က မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့မျက်ဝန်းထဲတွင် နာကျင်မှုနှင့် အသနားခံမှုတို့ ထင်ဟပ်နေသည်။
 
"ဒါဟာ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုပါပဲ။ နောင်မှ အကိုကြီး မင်းကို ပြောပြပါ့မယ်၊ အဘိုးရဲ့ ဈာပနာကိစ္စတွေကို အရင်စီစဉ်ကြရအောင်"

အဲဒါ ဆင်ခြေတစ်ခုပဲ...
ရှုနင်က မစောင့်နိုင်တော့ဘဲ ခေါင်းကိုခါပြီး ဒေါသထွက်စွာဖြင့်ပြောလိုက်သည်

"ဒီကမ္ဘာပေါ်မှာ အကိုကြီး ဘယ်သူလဲ။ အကိုကြီးရဲ့နာမည်က မိသားစုသစ်ပင်မှာ မရှိဘူး။ ကျွန်တော်က အကြီးဆုံးသားကြီးလား?"

ရှုဟိန်သည် ရှုနင်အတွက် အလွန်စိတ်ပူပြီး သူ့လက်ကို မိမိလက်ဖြင့်ကိုင်ထားလိုက်သည်။ ဒါပေမယ့် ရှုနင်က ရှုဟိန်၏လက်ကို အထိမခံပဲ စိတ်လှုပ်ရှားစွာဖြင့် တွန်းထုတ်ပြီးထွက်ပြေးသွားခဲ့သည်။

အဝေးမှာ ရပ်နေသည့် ဆွေမျိုးများက ဘိုးဘွားခန်းမထဲက ထွက်ပြေးလာသည့် နင်နင်ကို တွေ့လိုက်တော့  အလွန်အံ့အားသင့်ခဲ့သလို သူတို့က အရမ်းကို စပ်စုချင်လာခဲ့သည်။ သို့သော် သူတို့သည် ဘိုးဘွားခန်းမထဲဝင်ရန် အရည်အချင်းမပြည့်မီခဲ့ကြပေ။

ရှုနင်က ခြံဝင်းထဲက ထင်းရှူးသစ်တောသို့ပြေး ဝင်၍ သူ့အဘိုးကို တမ်းတာကာ ငိုကြွေးခဲ့သည်။ ရှုဟိန်က ရှုနင်ကို မှီအောင် ပြေးလိုက်လာပြီး ရင်ခွင်ထဲ ဖမ်းကာ ဖက်ထားလိုက်သည်။


"နင်နင်...! ငါ့စကားကို နားထောင်ပါ။ နင်နင်....မင်းထင်ထားသလို မဟုတ်ဘူး။ ငါ့စကားကို နားထောင်ပါ၊ ငါ ရှင်းပြပေးပါ့မယ် "

"အကိုကြီး လိမ်တယ်"

နင်နင်က လှည့်လိုက်ပြီး လက်ဖြင့် လှမ်းရိုက် လိုက် သည်။ ထိုလက်က ရှုဟိန်၏ ပါးပြင်ကိုရိုက်မိ သွားခဲ့သည်။

ရှုဟိန် သည် သူ၏ကိုယ်ခန္ဓာကို လုံး ၀ ဂရုမစိုက်ပဲ အတင်းဆက်ပြီး ပြောခဲ့သည်။

"မင်း အသက်မပြည့်သေးခင် အဖြစ်မှန်ကို မင်းပြောပြခဲ့ရင် မင်းအတွက် ဝန်ထုပ်ဝန်ပိုးပဲဖြစ် လိမ့်မယ်"

" ကျွန်တော် မကြားချင်ဘူး၊ အကိုကြီးက ကျွန်တော့်ကို လိမ်ပြောနေတာ၊ ကျွန်တော်က ဘာမှမသိတဲ့ ငတုံးပဲ"

"နင်နင်...မွေးစားအဖေက ငါ့ကို ကောင်းကောင်း ဆက်ဆံခဲ့တယ်၊ သူ တကယ်ပဲ ငါ့ကို သားအရင်းလို ချစ်ပေးပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်၊ ဒါပေမယ့် ငါက တစ်ကိုယ်ကောင်းဆန်ခဲ့တယ်၊ ငါ့မွေစားအဖေရဲ့ ကျေးဇူးကို ပြန်မဆပ်တဲ့အပြင် အဖေ့ရဲ့သားကို ငါ ချစ်ခဲ့တယ်။ ငါ အခု  ဘယ်လို ခံစားနေရတယ်ဆိုတာ မင်း သိရဲ့လား။ မင်းက ငယ်သေးတယ်၊ မင်းရဲ့ဆုံးဖြတ်ချက်တွေကို ကိုယ့်ဖာသာ မချနိုင်သေးခင် ငါက မင်းကို အတင်းဖိအားပေးပြီး ငါ့ကို ချစ်ကြိုက်စေခဲ့ရင် ငါက သားရဲကောင်ထက် ဆိုးတဲ့သူဖြစ်သွားမှာပေါ့... "

"အကိုကြီး ..ကျွန်တော့်ကို လိမ်နေတာ ၊ အကိုကြီးက ဆင်ခြေပေးပြီး အကိုကြီးကို ခွင့်လွှတ်အောင် လုပ်နေတုန်းပဲလား"

"မင်းကို ငါ သဘောကျတယ်၊ မင်း သတိထားမိတယ် မဟုတ်လား၊ မင်းကို ငါ ညီလေးတစ်ယောက်လို သန့်သန့်ရှင်းရှင်း မချစ်နိုင်ဘူး။ မင်း ..ငါ့ကို ပြန်ကြိုက်မလား၊ မကြိုက်ဘူးလားဆိုတာ  မသိသေးပဲနဲ့   ရှုမိသားစုက ငါ့ကို ကျွေးမွေးပြုစုပေးခဲ့တာတွေကို သစ္စာဖောက်လို့မရဘူး။. နင်နင်..မင်းသာ ငါ့ကို ပြန်ချစ်ခဲ့မယ် ဆိုရင် ငါ အရာအားလုံးကို စွန့်ပစ်နိုင် တယ်။ တကယ်လို့မင်းသာ ငါ့ကို ပြန်မချစ်ခဲ့ဘူးဆိုရင် ငါ့ တစ်သက်တာလုံး မင်းကို ကာကွယ်သွားပေးမယ်။ ရှုမိသားစုနဲ့ မင်း ချစ်တဲ့အရာအားလုံးကို ငါ ကာကွယ် စောင့်ရှောက်သွားဖို့ ဆုံးဖြတ်ထားပြီးသားပဲ..."


" ထွက်သွား.... ကျွန်တော်...ဘာမှ မကြားချင်ဘူး"

ရှုနင်က အလွန်စိတ်လှုပ်ရှားနေပြီး သူ၏ ဦး နှောက်ထဲမှာ အရမ်းကို ရှုပ်ထွေးနေသည်။ သူ လုပ်ချင်တာကတော့ ထိုနေရာကနေ ထွက်ပြေးလွတ်မြောက် သွားချင်တာပဲဖြစ်သည်။ သူ၏လက်များဖြင့် သူ့ကို တင်းတင်းဖက်ထားသည့် ရှုဟိန်၏ပါးကို ထိုးလိုက်သည်။

"နင်နင်... စိတ်အေးအေးထားပါ၊ ငါ မင်းကို အရမ်းဂရုစိုက်တဲ့အတွက် ငါ အရမ်းကို စိုးရိမ်နေခဲ့တယ်။ ငါ အရမ်း ကြောက်နေတယ်။ အခုလိုပဲ မင်းက ငါလျစ်လျူရှုလိုက်မှာကို ကြောက်နေတယ်။မ မင်းက ငါ့ဖုန်းတွေကို မကိုင်တော့ပဲ  လျစ်လျူရှုထားတယ်။ ငါ တောင်းပန်ပါတယ် နင်နင်... အကိုကြီးကို ခုလို မလုပ်ပါနဲ့... စိတ်အေးအေးထားပြီး ငါပြောတာကို နားထောင်ပေးပါဦး.... အဖေက ငါ့ကို သားအရင်းလို သဘောထားခဲ့တယ်။ ငါ တမင် သက်သက် ဒီအဖြစ်မှန်ကို မင်း ကို ကွယ်ဝှက် ထားခဲ့တာ မဟုတ်ပါဘူး။  သူက ငါ့ကို ဒီအချက်ကို မပြောဖို့  အမိန့်ပေးတယ်။ လူအနည်းငယ်ပဲ ငါ့နောက်ခံ အကြောင်းကို သိတယ်။ အဘိုးက မင်းကိုမပြောပြ ဘူးလား ဟုတ်တယ်မဟုတ်လား။ လူတိုင်းက အဖေ့ရဲ့ ခံစားချက်တွေကိုပဲ တွေးနေကြတယ်။ ငါ စိတ်မကောင်းပါဘူး၊ နင်နင်... ငါ မင်း ကြီးပြင်းလာအောင် စောင့်ပြီးမှ အားလုံးကို ဖွင့်ပြောပြဖို့ ငါ စောင့်နေခဲ့တာက အကြောင်းပြချက် ရှိပါတယ်။ နင်နင်...ငါ့ရဲ့နင်နင်လေး..မငိုပါနဲ့တော့... မင်းရဲ့မျက်ရည်တွေက ငါ့နှလုံးသားကိုကွဲစေတယ်... နင်နင်..မငိုပါနဲ့တော့...."

ရှုဟိန်က ဒီလို စကားမျိုးကို  ယခင် တစ်ခါမျှ မပြောခဲ့ဖူးပါ။ သူသည် ပါးရိုက်ချက် လေးချက်ကို တင်းခံလိုက်ပြီးနောက်  သူ၏မျက်နှာ ညာဘက် အခြမ်းပင် နင်နင်ရဲ့ရိုက်ချက်ကြောင့် ရောင်နေပြီး သူ၏နှုတ်ခမ်းများပင် နာကျင်စပြုလာသည်။

ရှုနင်က ရှုဟိန်ရဲ့လက်မောင်းကြားထဲက ရုန်းထွက်လို့ မလွတ်နိုင်တော့ပဲ သူ့မျက်နှာတစ်ခုလုံး မျက်ရည်တွေ ဖုံးလွှမ်းလို့နေသည်။ ရှုဟိန်က ရှုနင်ရဲ့ မျက်ရည်စက် တိုင်းကို ငြင်သာစွာ သုတ်ပေးပြီး ကလေးလေးကို နာကျင်အောင် လုပ်မိမှာကို စိုးရိမ်နေမိသည်။

  ရှုဟိန်က သူ့ကုတ်အင်္ကျီကို နင်နင်ရဲ့ကိုယ်ကို ရစ်ပတ်လွှမ်းခြုံထားပေးပြီး သူကိုယ်တို်င်ကတော့ ဆွယ်တာနှင့် နှင်းတောထဲ ဒူးထောက်ထားနေခဲ့သည်။ ဒါပေမယ့် နင်နင်က နှင်းတောထဲ အကြာကြီး ငိုနေလို့ အအေးမိမှာကို ကြောက်နေခဲ့သည်။


ရှုနင်သည်ရုန်းကန်နေရာမှ တဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။ သူသည်ဒေါသမထွက်တော့ပေ။ ရှုဟိန် ၏လက်များသို့နင်နင်က တိတ်တဆိတ် တိုးကပ်ကာ ကိုယ်ကို ကျုံ့လိုက်သည်။ သူ၏ မျက်လုံးများ မှေးမှိန်နေပြီး မျက်လုံးနီရဲနေပြီး နောက်ဆုံးတွင် မျက်ရည်များကျလာတယ်။

ရှုချိန်သည် နင်နင်က ရှုဟိန်ရဲ့အဖြစ်မှန်ကို သိကာ ဘိုးဘွားခန်းမထဲက ငိုပြီးပြေးထွက်သွားတာကို မြင်ပြီနောက် စိုးရိမ်စွာဖြင့် အနောက်က ပြေးလိုက်လာ ခဲ့သည်။

ရှုဟိန်က ရှုနင်ကို ဖက်ကာ နှစ်သိမ့်မှုပေးတာကို မြင်ရမှ သူ စိတ်သက်သာရာရခဲ့သည်။ ရှုဟိန်က နှစ်သိမ့်ပေးလိုက်လို့ ရှုနင်က တဖြည်းဖြည်း ငြိမ်သက်သွားတာကို လှမ်းမြင်လိုက်သည်။

အခုလို ပွင့်ပွင့်လင်းလင်း အော်ငိုပြီး ခုလို ဖောက်ထုတ်လိုက်တာ ကောင်းပါတယ်။ နင်နင်က ခုရက်ပိုင်း ငိုင်ပြီး စကားမပြောသလို ဘာမှ သိပ်မစားပဲ  နေခဲ့လို့ ရှုချိန်က စိုးရိမ်နေခဲ့သည်။


 ငယ်တုန်းက ငိုလိုက်ပါ၊ ရင်ထဲက ဝမ်းနည်းမှုတွေ လျော့ပါးသွားအောင် အော်ငိုလိုက်ပါ င့ါသားလေး... အဖေကတော့ အိမ်ထောင် ဦးတစ်ယောက်ဖြစ်နေလို့ ငိုခွင့်တောင်မရပါဘူး။

ကျေးဇူးတင်စရာကောင်းတာက ရှုချိန်က ရှုဟိန်၏နောက်ကျောကိုသာမြင်ခဲ့ရသည်၊ အကယ်၍ သူသည် သားကြီး၏မျက်နှာပေါ်ရှိ အရိုက်ခံရလို့ ယောင်ကိုင်းနေတာကို မြင်လိုက်မိရင် ရင်နာလို့ သေလောက်သည်။

ရှုနင်က အဖြစ်မှန်ကို သိလိုက်ရချိန်မှာ အံသြလွန်းလို့ ထိတ်လန့်ကာ သတိလစ်လုနီးပါးဖြစ်သွားသည်၊  အကိုကြီးနဲ့သူက အချင်းချင်း  အပြန်အလှန်ချစ်ခြင်း မေတ္တာရှိခဲ့ကြပေမယ့် သူတို့က သွေးရင်းညီအစ်ကို ဖြစ်လို့ ခုလို ချစ်ခြင်းမေတ္တာမျိုး မရှိသင့်ဘူးဆိုပြီး ရင်နာနာနဲ့ သူ့အကိုကြီးနဲ့ ခွဲနေခဲ့သည်။

 သူချစ်တဲ့ ရှုဟိန်ကို ခုလို ခပ်ဝေးဝေးနေခဲ့ရလို့ သူ့အသည်း နှလုံးသားတွေက နာကျင်လွန်းလို့ မခံနိုင်အောင် သေလုမျောပါးဖြစ်ခဲ့ရသည်။ ညတိုင်း အိပ်မက်ထဲမှာ အကိုကြီးကို မြင်မက်ပြီး နာကျင် ဝမ်းနည်းမှုတွေနဲ့ နိုးထလာခဲ့ရတယ်။

 ဒါကို ကြံ့ကြံ့ခံ ဖြတ်သန်းလာခဲ့ပြီးမှ ရှုဟိန်က သူ့အကိုရင်းမဟုတ်ဘူးဆိုတဲ့ အဖြစ်မှန်က ဘွားခနဲ မိုးပေါ်က ပြုတ်ကျလာခဲ့သည်။

သူတို့က သွေးရင်း ညီအစ်ကိုတွေ မဟုတ်ခဲ့ဘူးတဲ့....

ပထွေးတဲ့လား?

အကိုကြီးက င့ါကို လိမ်ခဲ့တယ်။အဖေက ငါ့ကို လိမ်ခဲ့တယ်...

 အမေက ငါ့ကို လိမ်ပြီး ငါ့ကို သေအောင် ကြံစည်ခဲ့တယ်။

ပြီးတော့ အဖိုးက မပြန်လမ်းကို ထွက်သွားခဲ့ပြီ....
 
မခံနိုင်တဲ့အဆုံးမှာ ရှုနင်က သတိမေ့သွားခဲ့တယ်။ ရှုနင်ကို IV drip နဲ့ချိတ် ထားခဲ့ပြီး ရှုနင်က ၂ ရက်လုံးလုံး အိပ်မောကျနေတယ်။ သူ့အဖိုးရဲ့ ဈာပနတွင် သူ ပါ ၀ င်ခဲ့နိုင်သည့်အတွက် ရှုနင် ကျေးဇူးတင်နေမိသည်။ မဟုတ်ရင် နင်နင် တစ်သက်လုံး နောင်တရနေမည် ဖြစ်သည်။


ရှုနင်က အဖိုးကို အိပ်မက်မက်ခဲ့သည်။ သူ့အိပ်မက်တွင် ရှုကောင်းသည် သူ၏နောက်ကျောနောက်ဘက်တွင်   နက်နဲဆန်းကြယ်သော အမူယာဖြင့် ရပ်နေခဲ့သည်။ ရှုနင်သည် အဖိုးဆီကို တလှမ်းချင်း တိုးကပ်လာခဲ့ပြီး  မျက်ရည်များစီးကျလာသည်။ ရှုနင်က အဖိုးရဲ့ရင်ခွင်ထဲကို တိုးဝင်ဖက်ထားပြီး ငိုနေမိသည်။

သူက အဖိုးကိုမော့ကြည့်လိုက်တော့  မျက်ဝန်းတွေ ကျုံ့သွားမိသည်။ အဖိုးက ပိုပိုငယ်လာခဲ့ပြီး သူနှင့်ရွယ်တူ လူငယ်လေးအဖြစ်ကို ပြောင်းလဲသွားခဲ့သည်။ သူတို့နောက်မှာ လူငယ်လေးတစ်ယောက် ရပ်ပြီး ကြည့်နေခဲ့တယ်။  ဒါက ဆွန်းလင်းပဲ....

ရှုကောင်းက သူ့ကိုညင်ညင်သာသာတွန်းထုတ်ပြီး ဆွန်းလင်း၏လက်ကို ဆုပ်ကိုင်ကာ မြူတွေထဲကို ပြုံးရွင်စွာဖြင့် လျှောက်သွားခဲ့သည်။


"အဖိုး၊ ပြန်လာပါ၊ အဖိုး၊ အဖိုး ~"

ရှုနင်က သူ့လက်ကို ဆန့်ထုတ်ကာ အဖိုးကို လှမ်းဆွဲနိုင်ရန် ကြိုးစားလိုက်မိသည်။

ရှုနင်ရဲ့ လက်လေးက လေထဲတွင် ဝှေ့ယမ်းနေပြီး ကြီးမားတဲ့လက်ကြီးက သူ့လက်ကို ဆုပ်ကိုင်ပေးလိုက်စဉ် သူနိုးလာခဲ့သည်။ သူ့လက်ကို ဆုပ်ကိုင်ထားတာက အကိုကြီးဖြစ်နေခဲ့သည်။

 သူကအလျင်အမြန် မိမိလက်ကို အကိုကြီးလက်ထဲက ဆွဲထုတ်လိုက်သည်။ ရှုနင် သည် လက်တစ်ဖက်တည်းဖြင့် အနောက်ဘက်က တံခါးဆီသို့ညွှန်ပြလိုက်သည်။

ဒါပေမယ့် ရှုဟိန်က ထွက်သွားမှာလား။ အဖြေမှာ ရှင်းနေပါသည်။ သူ၌ ဝံပုလွေလို မျက်ဝန်းနှင့် ရှုဟိန် လင်းယုန်ကဲ့သို့သောမျက်လုံးများ ဆုံတွေ့သွားခဲ့သည်။  

- "မင်းကနှစ်ရက်လုံးလုံးသတိလစ်နေခဲ့တယ်၊ လူတိုင်းက စိုးရိမ်နေကြတယ်။ ဖခင်ဟာ အသုဘအခမ်းအနားကြောင့် အလုပ်များနေတဲ့အတွက် ငါက မင်းကိုကြည့်ရှု့စောင့်ရှောက်ရမယ်။"

"ထွက်သွားပါတော့။ ကျွန်တော် အေးအေးဆေးဆေး နေချိင်တယ်"

ရှုနင်က  ခေါင်းအုံးကို ကောက်ကိုင်ပြီး သူ့ဆီကို လှမ်းပစ်လိုက်သည်။ ရှုဟိန်က ဖုန်းဖြင့် စာပို့လိုက်ပြီး နင်နင်ပစ်လိုက်သည့် ခေါင်းအုံးကို ကောက်ကာ ကုတင်ပေါ် ပြန်တင်ပေးသည်။ နင်နင်က ထပ်ပစ်လိုက်သည်။ ခေါင်းအုံးက ရှုဟိန်ကို မှန်ပြီးကျ သွားသည်။ ရှုဟိန်က ထပ်ကောက်ပေးပြန်သည်။
သူဟာ အိမ်မွေးတိရိစ္ဆာန်ခွေးတစ်ကောင်ထက် ပိုပြီးနာခံမှုပြခဲ့တယ်၊

" မင်း ဘယ်လောက်ပစ်ပစ်...မင်းပျော်မယ်ဆို လုပ်ချင်တာ လုပ်ပါ..."

ရှုနင်နာမှာ ပစ်စရာ ဘာမှမရှိတော့ဘူး။
သူ ခဏတွန့်ဆုတ်နေပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ သူက ရှုဟိန်ရဲ့နောက်ကျောကို ထိမှန်ပြီး ကြမ်းပြင်ပေါ်ကို "ခွမ်း" ဆိုပြီး ကျကွဲသွားခဲ့သည်။


ရှုဟိန်ကကောက်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။

ရှုကောင်းက ရှုနင် ကိုလက်ဖက်ရည် သို့မဟုတ် ကော်ဖီသောက်ရန် ခွင့်မပြုပါ၊ သူသည် အသီးဖျော်ရည်များများ သောက်ရန်ပင် ခွင့်မပြုပါ။ ဒီလက်ဖက်ရည်အိုးကို ဘာကြောင့် ဒီမှာ တင်ထားတယ်ဆိုတာ ထင်ရှားသည်၊ ဒါက ရှုဟိန်က လန်းလန်းဆန်းဆန်းနဲ့ သတိလစ်နေတဲ့ နင်နင်ကို 2 ရက်လုံး စောင့်ပေးနေဖို့ဖြစ်တယ်။

 သူ့အစ်ကိုကြီး၏မျက်လုံးများအောက်တွင် အမည်းရိပ်တွေက အရမ်းကို ထင်ရှားနေသည်။ ရှုနင် က စိတ်ဆိုးနေပေမယ့် သူ့စိတ်က ရှင်းနေတုန်းပဲ၊ သူက စိတ်လှုပ်ရှားစရာ မလိုချင်ဘူး၊

ဒါပေမယ့် ရှုနင် က သူ့ကိုချစ်တယ် ......

ရှုဟိန်သည် သူ့ကို ဒီကိုရောက်ကတည်းက အစောပိုင်းကတည်းက ချစ်နေခဲ့တာပေါ့...

"ထွက်သွား... ကျွန်တော့်နားက ထွက်သွား..အကိုကြီးရဲ့မျက်နှာကို မမြင်ချင်ဘူး"

ဒီအတွေးက ရှုနင်၏စိတ်နှလုံးကို အနည်းငယ် တုန်လှုပ်သွားစေသည်။ အလွန်ရှုပ်ထွေးသော အကြည့်ုဖြင့် ရှုနင်က ရှုဟိန်ကို  ကြည့်ရင်း ရှုနင်က နောက်တဖန် အော်ဟစ်ကာ စတင်ငိုကြွေးခဲ့သည်။

ရှုဟိန် က နင်နင်ကို ပွေ့ဖက်ကာ နှစ်သိမ့်ချင်ပေမယ့် နင်နင်က အော်လို့ အနားမကပ်ရဲပေ။

 ရှုဟိန်က ထိုနေရာတွင် ရပ်ကာ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ရှုဟိန်က ရွေးချယ်စရာမရှိလို့ ပြောလိုက်သည်။

  "ကောင်းပြီ။ ငါ အပြင်ကနေ မင်းကို စောင့်ပေးနေတယ်။ ခဏနေရင် ဆရာဝန်ရောက်လာတော့မယ်။ ဆရာဝန်ရောက်လာမှ အကိုကြီး ထပ်လာခဲ့မယ်"

"...... " ရှုနင်၏ ဦး ခေါင်းသည် အလွန်နာကျင်ခဲ့သည်။

ဆရာဝန်သည် ဘိုးဘွားပိုင်အိမ်၌အမြဲတမ်းနေထိုင်ခဲ့ရာ သူအလွန်လျင်မြန်စွာရောက်ရှိခဲ့သည်။ ထို့နောက် သူနှင့် ရှုဟိန်တို့ နှစ် ဦး စလုံး အပြင်ဘက်တွင်နာရီဝက်ကြာ အတူတူစောင့်ဆိုင်းပြီး ရှုနင် စိတ် ငြိမ်သက်သွားရန် စောင့်ဆိုင်းခဲ့သည်။ စစ်ဆေးမှုက
အရမ်းချောချောမွေ့မွေ့ ပြီးသွားတယ်။

သူမှာပြသနာမရှိဘူး၊ သူ့ခန္ဓာကိုယ်က ကျန်းကျန်းမာမာရှိတယ်။ အဘိုးအိုကွယ်လွန်သွားသော ရက်အတွင်းတွင် သခင်လေးက အရမ်း ဝမ်းနည်းစွာဖြင့် အလွန်အမင်းထိတ်လန့်တုန်လှုပ် သွားခဲ့တယ်။ ပြီးတော့  အသုဘအခမ်းအနားကို တစ်ညလုံးစောင့်ပေးနေခဲ့လို့ သခင်လေးရှုက  ပင်ပန်းနွမ်းနယ်ခြင်းက မထူးဆန်းပါ၊ သူ့ခန္ဓာကိုယ်ကို အလွန်အကျွံ အလုပ်လုပ်ခြင်းနှင့် စိတ်ဖိစီးခြင်းတို့ပေါင်းမိပြီး ခုလို သတိလစ်သွားခဲ့တာဟု ပြောခဲ့သည်။

ရှုနင်အတွက် ဂျုံယာဂုနှင့် ပေါ့ပေါ့ပါးပါး အရံဟင်းပွဲအချို့ကိုပြင်ဆင်ရန် မီးဖိုချောင်ကို ရှုဟိန်က အမိန့်ပေးခဲ့သည်။ရှုနင်က ရှုဟိန်ပေးသောရေကို သောက်ရန်ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူသည် ဆရာဝန်ကို အကူညီတောင်းခဲ့ရသည်။

ဂျုံယာဂုရောက်လာတော့ ရှုဟိန်က ဆရာဝန်ကို ထပ်ပြီး အကူညီတောင်းလိုက်ရပြန်သည်။

ရှုနင် ကဆရာ ၀ န်ကို အားနာပေမယ့်  သူ့လက်တွေ က ခွန်အားသိပ်မရှိဘူး၊ သူနိုးလာပြီး ဘာမှ မစားရသေး ဘူး။ ရှုဟိန်သည်သက်ပြင်း ချ၍ ဆရာ ၀ န်ကို  အနားယူရန် ခွင့်ပြုပေးခဲ့သည်။ အဖေ၏ကိုယ်ခန္ဓာတွင် ပြသနာများ ပေါ်ပေါက်ခဲ့သဖြင့် ဆရာဝန်က အချိန်ကြာကြာ မနေနိုင်ခဲ့ပဲ ရှုချိန်ဆီကို ပြန်သွားခဲ့ရသည်။

ရှုဟိန်ကအခန်းပြင်တွင်  ဆရာဝန်နှင့်စကား အနည်းငယ်စကားပြောခဲ့ပြီးမှ အခန်းထဲ ဝင်ခဲ့သည်။

ရှုဟိန်က ရှုနင် ဘာပဲပြောပြော  ထွက်သွားမှာ မဟုတ်ဘူးဆိုတာ ရှုနင် သိနေတယ်။ သူက အိမ်သာ သွားတာကို အကိုကြီးကို အကူညီတောင်းမှာ မ ဟုတ်ပဲ အကိုကြီးကို မကြည့်ပဲ လဲလျောင်းနေလိုက်သည်။

ရှုနင်က မျက်လုံးမှိတ်လိုက်ပေမယ့် သူ့ခေါင်းထဲမှာ အကိုကြီးနဲ့ပတ်သတ်တာကိုပဲ တွေးနေမိသည်။ သိလိုက်ရတဲ့ အဖြစ်မှန်က သူ့ကို ရူးမတတ်ဖြစ်သွား စေသည်။  သူ၏စိတ်နှလုံးထဲတွင် ဖရိုဖရဲဖြစ်ခဲ့ခြင်းနှင့် စိုးရိမ်ပူပန်မှုတွေပြည့်နေရင်း ရှုနင်က ပြန်အိပ်ပျော် သွားတယ်၊ ဒါပေမယ့် ညရောက်တော့  သူ အိပ်မပျော်တော့ဘူး။ ရှုဟိန်က တယောကို ယူလာပြီး တညလုံး တယောထိုးပေးနေလို့ ရှုနင်ရဲ့စိတ်က  နည်းနည်းပိုကောင်းမယ်လို့ မျှော်လင့်နေတယ်။

ရှုနင်က တီဗွီကိုမကြည့်ခဲ့သလို သူ့ဖုန်းနဲ့မကစားခဲ့ဘူး။ မျက်နှာကြက်ကိုပဲ စိုက်ကြည့်နေပြီး ထပ်တလဲလဲ အကိုကြီးရဲ့တယောသံကိုပဲ နားထောင်နေခဲ့သည်။ အချိန်ကြာသွားသည်အထိ အကိုကြီးက မရပ်သလို ရေသောက်ဖို့ပင် မနားခဲ့ပေ။

  "ဘယ်အချိန်ကတည်းက စခဲ့တာလဲ"

"...... "
 ရှုဟိန် ရဲ့အကြည့်က ရှုနင်ကို တည့်တည့်ကြည့် လိုက်သည်.

 "ငါ မသိဘူး၊ ငါ စဉ်းစားမိသလောက်ကတော့ လွန်ခဲ့တဲ့  ၂ နှစ်လောက်ကတည်းကပဲ"

ရှုနင်က ဆွံ့အသွားခဲ့သည်။

" အကိုကြီး...တကယ်..ဘာတွေ ဖြစ်ကုန်ပြီလဲ....  " ဟုပြောကာ နင်နင် မျက်လုံးမှိတ်လိုက်သည်။

ဒါက ရှင်းလင်းစွာပြောရန် ခက်ခဲသော်လည်း ယခင်ကဖြစ်ပျက်ခဲ့သည့် လိင်နဲ့ပတ်သတ်တဲ့ ရှုဟိန် ရှင်းပြခဲ့သမျှက သူ့ကို ညီလေးလို ချစ်လို့ သိသင့်သိထိုက်တာကို ရှင်းပြခဲ့တယ်လို့ သူက ထင်ခဲ့မိတယ်။ တကယ်တော့ အကိုကြီးက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ သူသိအောင် ရှင်းပြခဲ့တာပေါ့။ သူ ရှုအိမ်ကို ရောက်လာပြီး နောက်ပိုင်း အကိုကြိးက သူ့ကို ချစ်နေခဲ့တာပေါ့...

  အရင်ဘဝတုန်းက အကိုကြီးက သူ့အကိုရင်း မဟုတ်ဘူးဆိုတာ အဖေက တခါမှမပြောခဲ့သလို အဖိုးကလည်း အရိပ်မြွက်တောင် မပြောပြခဲ့ဘူး။

ရှုကောင်းက ရှုနင်ကို ကောင်းကောင်းဆက်ဆံပါတယ်။ ဒါပေမယ့် သူက ဒီအကြောင်းကို တစ်ခါမှမဖော်ပြခဲ့ဘူး၊

ချင်ယွိကျိုးသည် သူ၏အတိတ်ဘဝတွင် အလွန်ချစ်ခင်တွယ်တာမှုရှိပြီး ရှုချိန်က သူမကို အလွန်ချစ်မြတ်နိုးသော်လည်း ရှုဟိန်၏မွေးဖွားမှု တကယ့်အဖြစ်မှန်ကို သူ မရှင်းပြခဲ့ပါ။ နောက်ဆုံးတွင် ရှုဟိန်သည့် ပြင်ပလူဖြစ်ပေမယ့် ရှုမိသားစုရဲ့  အမွေကို ဆက်ခံခဲ့သည်။ ပုံမှန်အခြေအနေများတွင် ရှုမျိုးနွယ်စု သည် မိသားစုစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဒါကို ရှုကောင်းနဲ့ ရှုချိန်တို့က ဆက်လက် မဦးစီးနိုင်ရင် အဓိကအိမ်က ဆက်လက် မလုပ်ဆောင်နိုင်တော့ပဲ  ရှုဒုတိယအိမ်တော်က ဆက်လုပ်သင့်သည်။

ဥပမာအားဖြင့် ရှုကျီရွှမ်းသည် ရှုမျိုးနွယ် နောက်ပေါက်ငယ်သားတို့တွင် ထင်ရှားသောသူတစ် ဦး ဖြစ်သည်၊ သူလည်း ရှုမျိုးဆက်ဖြစ်ပေမယ့် တကယ်တော့ ရှုဟိန်က  C မြို့တော် တွင် ပထမ အဆင့်သခင်လေးဖြစ်ပြီး ရှုှုကျီရွှမ်းက  ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

"အကိုကြိးရဲ့ အဖေရင်း ဘယ်မှာလဲ။"

"သူက မြို့တော်မှာ ရှိနေတယ်။ သူနဲ့ ငါက မရင်းနှီးဘူး၊ သူနဲ့ငါ့ဆက်ဆံရေးက မင်းနဲ့ ချင်ယွိကျိုး တို့နဲ့ ဆင်တူတယ်။ သူက ငါ့ကို မပြုစု မပျိုးထောင်ခဲ့ဘူး၊ ငါတို့လည်း မနီးစပ်ခဲ့ကြဘူး။ ငါ့ပထွေးက ငါတို့သားအဖကို ပြန်လည်ပေါင်းစည်းစေချင်တယ်။ ငါ အရွယ်ရောက်လာပြီး  မကြာခင်မှာပဲ သူဟာ င့ါကိုလာတွေ့ပြီး လူတိုင်း သူ့အခက်ခဲနဲ့သူ ရှိလို့ သူ အဲ့လိုလုပ်ခဲ့ရတယ်လို့ ပြောခဲ့တယ်။ ငါ သူ့ကို ခွင့်လွှတ်ပေးဖို့ သူက မျှော်လင့်နေခဲ့တယ်။ "

"လူကြီးတွေရဲ့ခံစားချက်က အရမ်းရှုပ်ထွေးတယ်။ လူတိုင်းက သူတို့ကို နားလည်ပြီးစာနာနိုင်မယ်လို့ သူတို့အမြဲမျှော်လင့်တယ်။ "

"နင်နင် အစ်ကိုကြီးက မင်းကိုအတင်း မတိုက်တွန်းပါဘူး။ ဒါပေမယ့် အကိုကြီးကို ရှက်ပြီး ခပ်လှမ်းလှမ်းမှာ မနေပါနဲ့..ဟုတ်ပြီလား..."

"အမ်း "

ဘာလဲ? ရှုဟိန်က သူ့ကို စိုက်ကြည့်နေခဲ့ပေမယ့် နတ်ဘုရားတွေ ဖန်ဆင်းခဲ့သည့် ပြိုင်ဖက်ကင်း  အပြည့်စုံဆုံး ရုပ်တုကြီးကဲ့သို့ အိပ်ရာနားတွင် မိုက်မဲစွာ ရပ်နေခဲ့သည်။

"ကျွန်တော် ဗိုက်ဆာနေတယ်။"

"ဂျုံယာဂု ...... ဂျုံယာဂုက အေးသွားပြီ။ ငါေ သွားနွေးလိုက်မယ်"

ရှုဟိန်က ဗန်းကိုကောက်ယူလိုက်ပြီး အမြန်ထွက်သွား လိုက်သည်။ ကလေးငယ်လေးက နောက်ဆုံးတွင် သူနှင့်စကားပြောရန် အဆင်သင့်ဖြစ်နေပြီ။

တဆတ်ဆတ်ခုန်နေသည့် အသည်းနှလုံးဖြင့် ရှုဟိန်က မီးဖိုပေါ်တွင် ပြုတ်ထားသည့် ဆန်ပြုတ်ကို ခပ်လိုက်စဉ် ချင်ယွိကျိုး ဗိုက်ဆာတယ်ဆိုလို့ ရှုချိန်လည်း ဆန်ပြုတ်လာခပ်ရင်း သားအဖ နှစ်ယောက် ဆုံကြသည်။


ရှုဟိန်က ရှုချိန်ကို နင်နင်က အဖြစ်မှန်ကိုသိသွားပြီဆိုတာ ပြောပြလိုက်တော့ ရှုချိန်က တိတ်ဆိတ်ကာ စဉ်းစားနေသည်။.


"အဖေ..မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့က ပုံမှန်အတိုင်း ညီအကိုလိုပဲ နေမှာပါ။ နင်နင်က သေချာပေါက် သူများတွေကိုမပြောပါဘူး"

"အင်း...နင်နင်က ပါးစပ်လုံတယ်ဆိုတာ အဖေသိပါတယ်။ သူ သာ လျှောက်မဖွလို့ ဘာမှ ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ရင် မင်းက ရှုမိသားစုရဲ့လုပ်ငန်းကို သားအကြီးဆုံးအနေနဲ့ ဆက်ခံရမယ်"

ရှုဟိန်က သူ့အဖေကို စကားနည်းနည်းဖြင့် သွေးဆောင်လို့မရတဲ့အဆုံး နင်နင်ဆာနေမည်စိုးလို့ ဆန်ပြုတ်ကို ခူးယူကာ အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။

နင်နင်က အခန်းထဲမှာ စောင့်ရင်း ဗိုက်ဆာနေသည်။

"အကိုကြီးက ကြာလိုက်တာ... "

ရှုနင်သည် အိပ်ရာထဲလဲလျောင်းကာ အိပ်လျက်နေသည်။ သူ၏အစ်ကိုကြီးသည် ခဏဆိုပြီူ ထွက်ခွာသွားခဲ့ပြီး သူ့ကို ထားရစ်ခဲ့သည်။

ခဏလေးပဲဆိုပေမယ့် သူက အကိုကြီးကို လွမ်းလို့နေပြီ....

*-*






Chapter (91-2)_ လြန္ခဲ့တဲ့ 2 နွစ္ကတည္းက မင္းကို ခ်စ္ခဲ့တာ....

ရႈခ်ိန္က ခ်င္ယြိက်ိဳးကို အလိုလိုပဲ အိမ္ကိုျပန္ ေခၚလိုက္ရ ေတာ့သည္။ ရႈခ်ိန္ရဲ႕ ဖခင္ရဲ႕ဈာပနအတြက္ ရႈပ္ေထြးမ်ားျပားလွတဲ့ အလုပ္ေတြကို စီမံဖို႔ ေခြၽးမက အကုန္ လုပ္ေဆာင္ရမည္ျဖစ္သည္။

  အေဖေတာ့...တမလြန္ကို သြားရွာၿပီ၊ ေယာကၡမတစ္ေယာက္ ကြယ္လြန္သြားသည့္အတြက္ ေခြၽးမအေနျဖင့္ သူမငိုေႂကြးရန္၊ ဧည့္သည္ေတြကို ဧည့္ခံရန္ တာဝန္ရွိသည္။

အသုဘသည္ခုနစ္ရက္ႏွင့္ခုနစ္ညၾကာခဲ့သည္။ ရႈနင္နဲ႔ရႈဟိန္တို႔ ႏွစ္ ဦး စလုံးသည္ ဈာပနာမွာရွိခဲ့ၿပီး ရႈခ်ိန္လည္း ဝမ္းနည္းပက္လက္ျဖစ္ေနရသည္။

ၿမိဳ႕မ်က္ႏွာဖုံးတစ္ေယာက္ရဲ႕ ဈာပနေၾကာင့္ ခ်င္ယြိက်ိဳးက  အရမ္းပင္ပန္းလြန္းေနၿပီး စိတ္မေကာင္းစရာေဆြမ်ိဳးအားလုံးကိုဂ ႐ုစိုက္ၿပီး  အလုပ္လုပ္ေနဆဲပင္ျဖစ္သည္။ ရႈခ်ိန္က ဂ႐ုမစိုက္တဲ့ၾကားက ခ်င္ယြိက်ိဳးရဲ႕ စြမ္းရည္ကို အသိမွတ္ျပဳမိသည္။ ဒီေလာက္သာ အရည္ခ်င္းမရွိခဲ့ရင္ ခ်င္ယြိက်ိဳးက သူ႔လက္ေထာက္ျဖစ္ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္လာႏိုင္မည္ မဟုတ္ေပ။

 ေနာက္ဆုံးမွာ ဇနီးသည္တစ္ေယာက္ရွိျခင္းသည္ အလြန္ေကာင္းသည္၊ အနည္းဆုံးေတာ့ သူတို႔က မင္း ပင္ပန္းႏြမ္းနယ္သည့္အခါတိုင္းေႏြးေထြးစြာ ေပြ႕ဖက္ေပးကာ ႏွစ္သိမ့္ေပးႏိုင္သည္။

ဘိုးဘြားပိုင္အိမ္ႀကီး၏ ဘိုးစဥ္ေဘာင္ဆက္ ေရွ႕မ်ိဳးဆက္ေတြရဲ႕ ကဗ်ည္းတိုင္ေတြကို ထားရွိတဲ့ ဘိုးဘြားခန္းမတစ္ခုရွိသည္။ ႐ိုး႐ိုးရွင္းရွင္းေျပာရလွ်င္ ၎သည္႐ိုးရွင္းေသာ္ျငားလည္း ႀကီးမားခန႔္ညားေသာ အခန္းတစ္ခုျဖစ္ၿပီး  သူတို႔၏ဘိုးေဘးမ်ား၏ ကဗ်ည္း ေက်ာက္ျပားမ်ားထည့္ထားျခင္းႏွင့္ေျမႀကီးေပၚသို႔ေရာက္ရွိႏိုင္ေသာ မ်ိဳး႐ိုးစဥ္ဆက္ကို ျပသသည့္ မ်ိဳးႏြယ္ အပင္တစ္ပင္ကို နံရံတြင္ ေရးဆြဲထားသည္။

ဤသည္မွာရႈနင္အတြက္ ဘိုးဘြားခန္းမထဲဝင္ဖူးတာ  ပထမဆုံးအႀကိမ္ျဖစ္သည္။  

ရႈဟိန္က ရႈနင္ကို ရဲရဲမၾကည့္ဝံ့ေပ။ သူ႔ညီေလးက အျဖစ္မွန္ကိုသိသြားၿပီး သူတို႔ဆက္ဆံေရးကို မဖ်က္ဆီးပဲ သူ႔ကိုေ႐ြးခ်ယ္ဖို႔ ေမွ်ာ္လင့္ေနမိသည္။ ျဖစ္ႏိုင္မယ္ဆိုရင္ သူ အခုထိန္းထားတာေတြကို ခြာခ်ၿပီး နင္နင္ကို ရင္ခြင္ထဲ ဆြဲသြင္းကာ ႏူတ္ခမ္းေလးကို နမ္းရႈိက္ရင္း ဝမ္းနည္းမႈေတြ ေလ်ာ့သြာေအာင္ လုပ္ေပးခ်င္သည္။


သူ အိပ္ေပ်ာ္ေနစဥ္ သူတို႔ႏွစ္ေယာက္ စည္းေက်ာ္ ခဲ့သည့္ အိပ္မက္ကို မက္ခဲ့ၿပီးေနာက္ ရႈဟိန္က ႏိုးလာၿပီး သူ႔မ်က္ႏွာကို ခပ္ဆတ္ဆတ္ ႐ိုက္လိုက္မိသည္။ အခုသူ႔ညီေလး ဝမ္းနည္းၿပိး အားနည္းေနတဲ့ပုံကို ၾကည့္ၿပီး ေထြးေပြ႕ႏွစ္သိမ့္ႏိုင္ျခင္းမရွိတဲ့အတြက္ သူ႔ရင္ေတြ နာက်င္လွသည္။

သူ႔ကိုႏွစ္သိမ့္မႈ အမ်ားႀကီးေပးခ်င္ပါတယ္

ရႈဟိန္၏အၾကည့္မွာထဲမွာ ပူေလာင္မႈေတြျပည့္ေန ေပမယ့္ ရႈနင္က သတိမထားမိေပ။

ရႈနင္က အရင္ကတည္းက ရႈဟိန္က သူ႔ကို ႀကိဳက္ေနတယ္လို႔ ခန႔္မွန္းခဲ့သည္။ ဒါက  သိပၸံနည္းမက်ေပမယ့္ သူတို႔က ေသြးရင္းညီအစ္ကိုရင္းျဖစ္ေပမယ့္ အကိုႀကီးက သူ႔ကို ဘာေၾကာင့္ ခ်စ္ေနခဲ့တာလဲလို႔ သူေတြးမိသည္။

ရႈနင္က မ်က္လုံးကို က်ဳံ႕ကာ မ်ိဳး႐ိုးသစ္ပင္ထဲက နာမည္ေတြကို စူးစမ္းၾကည့္လိုက္သည္။

ဘာေတြျဖစ္ေနတာလဲ?

ဒါက မမွန္ဘူး၊ တစ္ခုခု မွားေနတယ္။

ဘာေၾကာင့္ ရႈဟိန္ ရဲ႕နာမည္က မ်ိဳး႐ိုးသစ္ပင္ထဲမ်ာ မရွိရတာလဲ?

ရႈနင္က မ်က္လုံး မွိတ္တုတ္မွိတ္တုတ္ျဖစ္သြားၿပီး ေသခ်ာေစဖို႔ မ်က္လုံးကို လက္ႏွင့္ ပြတ္သပ္လိုက္သည္။ တကယ္ေတာ့ အဲဒီလို လုပ္ဖို႔ တကယ္ မလိုအပ္ဘူး၊

ဘာျဖစ္လို႔လဲဆိုေတာ့ သူက အရမ္းအံ့အားသင့္သြားလို႔ သူက အရမ္းငိုခဲ့လို႔ မ်က္လုံးအျမင္ေတြ ဝါးေနတာ ျဖစ္ႏိုင္လို႔  ခံစားခဲ့ရတယ္။ ဒါေပမယ့္ တကယ္ေတာ့ သူက ရႈခ်ိန္ရဲ႕နာမည္ေအာက္ကို ေသခ်ာၾကည့္လိုက္ သည္။

 ရႈခ်ိန္ရဲ႕နာမည္ေအာက္မွ လူႏွစ္ ဦး သာရွိသည္။ တစ္ခုမွာရႈနင္ ျဖစ္ၿပီးေနာက္တစ္ခုမွာ ရႈေယာင္းျဖစ္သည္။

အို...ဘုရားေရ၊ ဒါ မျဖစ္ႏိုင္ဘူး! ရႈဟိန္ရဲ႕နာမည္က ဘာလို႔ အဲဒီမွာ မရွိရတာလဲ။ ဘာေၾကာင့္လဲ?

ရႈခ်ိန္က အကိုႀကီးကို အရမ္းခ်စ္ျမတ္ႏိုးၿပီး မည္သည့္အေၾကာင္းေၾကာင့္နဲ႔မွ သားအႀကီးဆုံးရဲ႕ နာမည္ကိုဖ်က္ပစ္လိမ့္မည္မဟုတ္ပါ။ ဒီ ကမာၻေပၚမွာ ဘာေတြျဖစ္ကုန္တာလဲ...

ဘာေၾကာင့္ အကိုႀကီးရဲ႕နာမည္က ဒီစာရင္းထဲ မပါရတာလဲ။ သူက အႀကီးဆုံးေျမးျဖစ္ မဟုတ္ဘူးလား။

သူက ငါ့ရဲ႕ အကိုႀကီး မဟုတ္ဘူး။ ငါ့ အကိုရင္း မဟုတ္ခဲ့ဘူး..

ရႈနင္က အလန႔္တၾကားျဖင့္ အျဖစ္မွန္ကို သိလိုက္ရစဥ္ သူ႔ရင္တခုလုံး  တုန္လႈပ္ေခ်ာက္ခ်ားေစသည္။ သူေခါင္းကို ႐ုတ္တရက္ေမာ့လိုက္သည္။ ရႈဟိန္က သူ႔ေနာက္တြင္ ရွိေနသည္။

"အကိုႀကီး ... အေဖနဲ႔အကိုႀကီးရဲ႕ပတ္သတ္မႈက ဘာလဲ"

ရႈနင္ ၏ႏႈတ္ခမ္းမ်ား တုန္ယင္သြားၿပီး သူ႔ တစ္ကိုယ္လုံးတုန္ခါေနၿပီး သူကိုယ္တိုင္ စိတ္ၿငိမ္ေအာင္ ဘယ္လိုမွ မထိန္းႏိုင္ေတာ့ေပ။

 သူ၏ခႏၶာကိုယ္ေပ်ာ့က်သြားၿပီး ရွိသမွ် စြမ္းအားျဖင့္မိမိကိုယ္ကို ဆက္လက္ရပ္တည္ေနႏိုင္ဖို႔ မနည္းေတာင့္ခံထားလိုက္ရသည္။

  " အကိုႀကီးက ဘယ္သူလဲ"

ရႈဟိန္သည္ သူ၏မ်က္လုံးကို ခဏမွိတ္ကာ အားတင္းလိုက္သည္။ သူ႔ပေထြးက အျဖစ္မွန္ကို ကေလးေလးကို ဖြင့္မေျပာဖို႔ တားထားတာကို နင္နင္ တစ္ေယာက္သိပါရဲ႕လား....

ရႈဟိန္က မ်က္လုံးဖြင့္ၾကည့္လိုက္ေသာအခါ သူ႔မ်က္ဝန္းထဲတြင္ နာက်င္မႈႏွင့္ အသနားခံမႈတို႔ ထင္ဟပ္ေနသည္။
 
"ဒါဟာ ရႈပ္ေထြးတဲ့အေျခအေနတစ္ခုပါပဲ။ ေနာင္မွ အကိုႀကီး မင္းကို ေျပာျပပါ့မယ္၊ အဘိုးရဲ႕ ဈာပနာကိစၥေတြကို အရင္စီစဥ္ၾကရေအာင္"

အဲဒါ ဆင္ေျခတစ္ခုပဲ...
ရႈနင္က မေစာင့္ႏိုင္ေတာ့ဘဲ ေခါင္းကိုခါၿပီး ေဒါသထြက္စြာျဖင့္ေျပာလိုက္သည္

"ဒီကမာၻေပၚမွာ အကိုႀကီး ဘယ္သူလဲ။ အကိုႀကီးရဲ႕နာမည္က မိသားစုသစ္ပင္မွာ မရွိဘူး။ ကြၽန္ေတာ္က အႀကီးဆုံးသားႀကီးလား?"

ရႈဟိန္သည္ ရႈနင္အတြက္ အလြန္စိတ္ပူၿပီး သူ႔လက္ကို မိမိလက္ျဖင့္ကိုင္ထားလိုက္သည္။ ဒါေပမယ့္ ရႈနင္က ရႈဟိန္၏လက္ကို အထိမခံပဲ စိတ္လႈပ္ရွားစြာျဖင့္ တြန္းထုတ္ၿပီးထြက္ေျပးသြားခဲ့သည္။

အေဝးမွာ ရပ္ေနသည့္ ေဆြမ်ိဳးမ်ားက ဘိုးဘြားခန္းမထဲက ထြက္ေျပးလာသည့္ နင္နင္ကို ေတြ႕လိုက္ေတာ့  အလြန္အံ့အားသင့္ခဲ့သလို သူတို႔က အရမ္းကို စပ္စုခ်င္လာခဲ့သည္။ သို႔ေသာ္ သူတို႔သည္ ဘိုးဘြားခန္းမထဲဝင္ရန္ အရည္အခ်င္းမျပည့္မီခဲ့ၾကေပ။

ရႈနင္က ၿခံဝင္းထဲက ထင္းရႉးသစ္ေတာသို႔ေျပး ဝင္၍ သူ႔အဘိုးကို တမ္းတာကာ ငိုေႂကြးခဲ့သည္။ ရႈဟိန္က ရႈနင္ကို မွီေအာင္ ေျပးလိုက္လာၿပီး ရင္ခြင္ထဲ ဖမ္းကာ ဖက္ထားလိုက္သည္။


"နင္နင္...! ငါ့စကားကို နားေထာင္ပါ။ နင္နင္....မင္းထင္ထားသလို မဟုတ္ဘူး။ ငါ့စကားကို နားေထာင္ပါ၊ ငါ ရွင္းျပေပးပါ့မယ္ "

"အကိုႀကီး လိမ္တယ္"

နင္နင္က လွည့္လိုက္ၿပီး လက္ျဖင့္ လွမ္း႐ိုက္ လိုက္ သည္။ ထိုလက္က ရႈဟိန္၏ ပါးျပင္ကို႐ိုက္မိ သြားခဲ့သည္။

ရႈဟိန္ သည္ သူ၏ကိုယ္ခႏၶာကို လုံး ၀ ဂ႐ုမစိုက္ပဲ အတင္းဆက္ၿပီး ေျပာခဲ့သည္။

"မင္း အသက္မျပည့္ေသးခင္ အျဖစ္မွန္ကို မင္းေျပာျပခဲ့ရင္ မင္းအတြက္ ဝန္ထုပ္ဝန္ပိုးပဲျဖစ္ လိမ့္မယ္"

" ကြၽန္ေတာ္ မၾကားခ်င္ဘူး၊ အကိုႀကီးက ကြၽန္ေတာ့္ကို လိမ္ေျပာေနတာ၊ ကြၽန္ေတာ္က ဘာမွမသိတဲ့ ငတုံးပဲ"

"နင္နင္...ေမြးစားအေဖက ငါ့ကို ေကာင္းေကာင္း ဆက္ဆံခဲ့တယ္၊ သူ တကယ္ပဲ ငါ့ကို သားအရင္းလို ခ်စ္ေပးၿပီး ျပဳစုပ်ိဳးေထာင္ေပးခဲ့တယ္၊ ဒါေပမယ့္ ငါက တစ္ကိုယ္ေကာင္းဆန္ခဲ့တယ္၊ ငါ့ေမြစားအေဖရဲ႕ ေက်းဇူးကို ျပန္မဆပ္တဲ့အျပင္ အေဖ့ရဲ႕သားကို ငါ ခ်စ္ခဲ့တယ္။ ငါ အခု  ဘယ္လို ခံစားေနရတယ္ဆိုတာ မင္း သိရဲ႕လား။ မင္းက ငယ္ေသးတယ္၊ မင္းရဲ႕ဆုံးျဖတ္ခ်က္ေတြကို ကိုယ့္ဖာသာ မခ်ႏိုင္ေသးခင္ ငါက မင္းကို အတင္းဖိအားေပးၿပီး ငါ့ကို ခ်စ္ႀကိဳက္ေစခဲ့ရင္ ငါက သားရဲေကာင္ထက္ ဆိုးတဲ့သူျဖစ္သြားမွာေပါ့... "

"အကိုႀကီး ..ကြၽန္ေတာ့္ကို လိမ္ေနတာ ၊ အကိုႀကီးက ဆင္ေျခေပးၿပီး အကိုႀကီးကို ခြင့္လႊတ္ေအာင္ လုပ္ေနတုန္းပဲလား"

"မင္းကို ငါ သေဘာက်တယ္၊ မင္း သတိထားမိတယ္ မဟုတ္လား၊ မင္းကို ငါ ညီေလးတစ္ေယာက္လို သန႔္သန႔္ရွင္းရွင္း မခ်စ္ႏိုင္ဘူး။ မင္း ..ငါ့ကို ျပန္ႀကိဳက္မလား၊ မႀကိဳက္ဘူးလားဆိုတာ  မသိေသးပဲနဲ႔   ရႈမိသားစုက ငါ့ကို ေကြၽးေမြးျပဳစုေပးခဲ့တာေတြကို သစၥာေဖာက္လို႔မရဘူး။. နင္နင္..မင္းသာ ငါ့ကို ျပန္ခ်စ္ခဲ့မယ္ ဆိုရင္ ငါ အရာအားလုံးကို စြန႔္ပစ္ႏိုင္ တယ္။ တကယ္လို႔မင္းသာ ငါ့ကို ျပန္မခ်စ္ခဲ့ဘူးဆိုရင္ ငါ့ တစ္သက္တာလုံး မင္းကို ကာကြယ္သြားေပးမယ္။ ရႈမိသားစုနဲ႔ မင္း ခ်စ္တဲ့အရာအားလုံးကို ငါ ကာကြယ္ ေစာင့္ေရွာက္သြားဖို႔ ဆုံးျဖတ္ထားၿပီးသားပဲ..."


" ထြက္သြား.... ကြၽန္ေတာ္...ဘာမွ မၾကားခ်င္ဘူး"

ရႈနင္က အလြန္စိတ္လႈပ္ရွားေနၿပီး သူ၏ ဦး ေႏွာက္ထဲမွာ အရမ္းကို ရႈပ္ေထြးေနသည္။ သူ လုပ္ခ်င္တာကေတာ့ ထိုေနရာကေန ထြက္ေျပးလြတ္ေျမာက္ သြားခ်င္တာပဲျဖစ္သည္။ သူ၏လက္မ်ားျဖင့္ သူ႔ကို တင္းတင္းဖက္ထားသည့္ ရႈဟိန္၏ပါးကို ထိုးလိုက္သည္။

"နင္နင္... စိတ္ေအးေအးထားပါ၊ ငါ မင္းကို အရမ္းဂ႐ုစိုက္တဲ့အတြက္ ငါ အရမ္းကို စိုးရိမ္ေနခဲ့တယ္။ ငါ အရမ္း ေၾကာက္ေနတယ္။ အခုလိုပဲ မင္းက ငါလ်စ္လ်ဴရႈလိုက္မွာကို ေၾကာက္ေနတယ္။မ မင္းက ငါ့ဖုန္းေတြကို မကိုင္ေတာ့ပဲ  လ်စ္လ်ဴရႈထားတယ္။ ငါ ေတာင္းပန္ပါတယ္ နင္နင္... အကိုႀကီးကို ခုလို မလုပ္ပါနဲ႔... စိတ္ေအးေအးထားၿပီး ငါေျပာတာကို နားေထာင္ေပးပါဦး.... အေဖက ငါ့ကို သားအရင္းလို သေဘာထားခဲ့တယ္။ ငါ တမင္ သက္သက္ ဒီအျဖစ္မွန္ကို မင္း ကို ကြယ္ဝွက္ ထားခဲ့တာ မဟုတ္ပါဘူး။  သူက ငါ့ကို ဒီအခ်က္ကို မေျပာဖို႔  အမိန႔္ေပးတယ္။ လူအနည္းငယ္ပဲ ငါ့ေနာက္ခံ အေၾကာင္းကို သိတယ္။ အဘိုးက မင္းကိုမေျပာျပ ဘူးလား ဟုတ္တယ္မဟုတ္လား။ လူတိုင္းက အေဖ့ရဲ႕ ခံစားခ်က္ေတြကိုပဲ ေတြးေနၾကတယ္။ ငါ စိတ္မေကာင္းပါဘူး၊ နင္နင္... ငါ မင္း ႀကီးျပင္းလာေအာင္ ေစာင့္ၿပီးမွ အားလုံးကို ဖြင့္ေျပာျပဖို႔ ငါ ေစာင့္ေနခဲ့တာက အေၾကာင္းျပခ်က္ ရွိပါတယ္။ နင္နင္...ငါ့ရဲ႕နင္နင္ေလး..မငိုပါနဲ႔ေတာ့... မင္းရဲ႕မ်က္ရည္ေတြက ငါ့ႏွလုံးသားကိုကြဲေစတယ္... နင္နင္..မငိုပါနဲ႔ေတာ့...."

ရႈဟိန္က ဒီလို စကားမ်ိဳးကို  ယခင္ တစ္ခါမွ် မေျပာခဲ့ဖူးပါ။ သူသည္ ပါး႐ိုက္ခ်က္ ေလးခ်က္ကို တင္းခံလိုက္ျပီးေနာက္  သူ၏မ်က္ႏွာ ညာဘက္ အျခမ္းပင္ နင္နင္ရဲ႕ရိုက္ခ်က္ေႀကာင့္ ေရာင္ေနၿပီး သူ၏ႏႈတ္ခမ္းမ်ားပင္ နာက်င္စျပဳလာသည္။

ရႈနင္က ရႈဟိန္ရဲ႕လက္ေမာင္းႀကားထဲက ရုန္းထြက္လို႕ မလြတ္နုိ္င္ေတာ့ပဲ သူ႕မ်က္နွာတစ္ခုလံုး မ်က္ရည္ေတြ ဖံုးလႊမ္းလို႕ေနသည္။ ရႈဟိန္က ရႈနင္ရဲ႕ မ်က္ရည္စက္ တို္င္းကို ျငင္သာစြာ သုတ္ေပးျပီး ကေလးေလးကို နာက်င္ေအာင္ လုပ္မိမွာကို စိုး၇ိမ္ေနမိသည္။

  ရႈဟိန္က သူ႕ကုတ္အက်ၤီကို နင္နင္ရဲ႕ကိုယ္ကို ရစ္ပတ္လႊမ္းျခံဳထားေပးျပီး သူကိုယ္တို္္င္ကေတာ့ ဆြယ္တာနွင့္ နွင္းေတာထဲ ဒူးေထာက္ထားေနခဲ့သည္။ ဒါေပမယ့္ နင္နင္က နွင္းေတာထဲ အႀကာႀကီး ငိုေနလို႕ အေအးမိမွာကို ေႀကာက္ေနခဲ့သည္။


ရႈနင္သည္႐ုန္းကန္ေနရာမွ တျဖည္းျဖည္းခ်င္း ရပ္တန႔္လိုက္သည္။ သူသည္ေဒါသမထြက္ေတာ့ေပ။ ရႈဟိန္ ၏လက္မ်ားသို ႔နင္နင္က တိတ္တဆိတ္ တိုးကပ္ကာ ကိုယ္ကို က်ဳံ႕လိုက္သည္။ သူ၏ မ်က္လုံးမ်ား ေမွးမွိန္ေနၿပီး မ်က္လုံးနီရဲေနၿပီး ေနာက္ဆုံးတြင္ မ်က္ရည္မ်ားက်လာတယ္။

ရႈခ်ိန္သည္ နင္နင္က ရႈဟိန္ရဲ႕အျဖစ္မွန္ကို သိကာ ဘိုးဘြားခန္းမထဲက ငိုျပီးေျပးထြက္သြားတာကို ျမင္ျပီေနာက္ စိုးရိမ္စြာျဖင့္ အေနာက္က ေျပးလိုက္လာ ခဲ့သည္။

ရႈဟိန္က ရႈနင္ကို ဖက္ကာ နွစ္သိမ့္မႈေပးတာကို ျမင္ရမွ သူ စိတ္သက္သာရာရခဲ့သည္။ ရႈဟိန္က နွစ္သိမ့္ေပးလိုက္လို႕ ရႈနင္က တျဖည္းျဖည္း ျငိမ္သက္သြားတာကို လွမ္းျမင္လိုက္သည္။

အခုလို ပြင့္ပြင့္လင္းလင္း ေအာ္ငိုျပီး ခုလို ေဖာက္ထုတ္လိုက္တာ ေကာင္းပါတယ္။ နင္နင္က ခုရက္ပိုင္း ငိုင္ျပီး စကားမေျပာသလို ဘာမွ သိပ္မစားပဲ  ေနခဲ့လို႕ ရႈခ်ိန္က စိုးရိမ္ေနခဲ့သည္။


 ငယ္တုန္းက ငိုလိုက္ပါ၊ ရင္ထဲက ဝမ္းနည္းမႈေတြ ေလ်ာ့ပါးသြားေအာင္ ေအာ္ငိုလိုက္ပါ င့ါသားေလး... အေဖကေတာ့ အိမ္ေထာင္ ဦးတစ္ေယာက္ျဖစ္ေနလို႕ ငိုခြင့္ေတာင္မရပါဘူး။

ေက်းဇူးတင္စရာေကာင္းတာက ရႈခ်ိန္က ရႈဟိန္၏ေနာက္ေက်ာကိုသာျမင္ခဲ့ရသည္၊ အကယ္၍ သူသည္ သားႀကီး၏မ်က္ႏွာေပၚရွိ အရိုက္ခံရလို႕ ေယာင္ကိုင္းေနတာကို ျမင္လိုက္မိရင္ ရင္နာလို႕ ေသေလာက္သည္။

ရႈနင္က အျဖစ္မွန္ကို သိလုိက္ရခ်ိန္မွာ အံႀသလြန္းလို႕ ထိတ္လန္႕ကာ သတိလစ္လုနီးပါးျဖစ္သြားသည္၊  အကိုႀကီးနဲ႕သူက အခ်င္းခ်င္း  အျပန္အလွန္ခ်စ္ျခင္း ေမတၱာရွိခဲ့ၾကေပမယ့္ သူတို႔က ေသြးရင္းညီအစ္ကို ျဖစ္လို႕ ခုလို ခ်စ္ျခင္းေမတၱာမ်ိဳး မရွိသင့္ဘူးဆိုျပီး ရင္နာနာနဲ႕ သူ႕အကိုႀကီးနဲ႕ ခြဲေနခဲ့သည္။

 သူခ်စ္တဲ့ ရႈဟိန္ကို ခုလို ခပ္ေဝးေဝးေနခဲ့ရလို႕ သူ႕အသည္း ႏွလုံးသားေတြက နာက်င္လြန္းလို႕ မခံနိုင္ေအာင္ ေသလုေမ်ာပါးျဖစ္ခဲ့ရသည္။ ညတို္င္း အိပ္မက္ထဲမွာ အကိုႀကီးကို ျမင္မက္ျပီး နာက်င္ ဝမ္းနည္းမႈေတြနဲ႕ နိုးထလာခဲ့ရတယ္။

 ဒါကို ႀကံ႕ႀကံ႕ခံ ျဖတ္သန္းလာခဲ့ျပီးမွ ရႈဟိန္က သူ႕အကိုရင္းမဟုတ္ဘူးဆိုတဲ့ အျဖစ္မွန္က ဘြားခနဲ မိုးေပၚက ျပဳတ္က်လာခဲ့သည္။

သူတို႕က ေသြးရင္း ညီအစ္ကိုေတြ မဟုတ္ခဲ့ဘူးတဲ့....

ပေထြးတဲ့လား?

အကိုႀကီးက င့ါကို လိမ္ခဲ့တယ္။အေဖက ငါ့ကို လိမ္ခဲ့တယ္...

 အေမက ငါ့ကို လိမ္ျပီး ငါ့ကို ေသေအာင္ ႀကံစည္ခဲ့တယ္။

ျပီးေတာ့ အဖိုးက မျပန္လမ္းကို ထြက္သြားခဲ့ျပီ....
 
မခံနုိ္င္တဲ့အဆံုးမွာ ရႈနင္က သတိေမ့သြားခဲ့တယ္။ ရႈနင္ကို IV drip နဲ႔ခ်ိတ္ ထားခဲ့ျပီး ရႈနင္က ၂ ရက္လုံးလုံး အိပ္ေမာက်ေနတယ္။ သူ႕အဖိုးရဲ႕ ဈာပနတြင္ သူ ပါ ၀ င္ခဲ့နိုင္သည့္အတြက္ ရႈနင္ ေက်းဇူးတင္ေနမိသည္။ မဟုတ္ရင္ နင္နင္ တစ္သက္လံုး ေနာင္တရေနမည္ ျဖစ္သည္။


ရႈနင္က အဖိုးကို အိပ္မက္မက္ခဲ့သည္။ သူ႔အိပ္မက္တြင္ ရႈေကာင္းသည္ သူ၏ေနာက္ေက်ာေနာက္ဘက္တြင္   နက္နဲဆန္းၾကယ္ေသာ အမူယာျဖင့္ ရပ္ေနခဲ့သည္။ ရႈနင္သည္ အဖိုးဆီကို တလွမ္းခ်င္း တိုးကပ္လာခဲ့ျပီး  မ်က္ရည္မ်ားစီးက်လာသည္။ ရႈနင္က အဖိုးရဲ႕ရင္ခြင္ထဲကို တိုးဝင္ဖက္ထားျပီး ငိုေနမိသည္။

သူက အဖိုးကိုေမာ့ႀကည့္လို္က္ေတာ့  မ်က္ဝန္းေတြ က်ံဳ႕သြားမိသည္။ အဖိုးက ပိုပိုငယ္လာခဲ့ျပီး သူနွင့္ရြယ္တူ လူငယ္ေလးအျဖစ္ကို ေျပာင္းလဲသြားခဲ့သည္။ သူတို႕ေနာက္မွာ လူငယ္ေလးတစ္ေယာက္ ရပ္ျပီး ႀကည့္ေနခဲ့တယ္။  ဒါက ဆြန္းလင္းပဲ....

ရႈေကာင္းက သူ႕ကိုညင္ညင္သာသာတြန္းထုတ္ၿပီး ဆြန္းလင္း၏လက္ကို ဆုပ္ကိုင္ကာ ျမဴေတြထဲကို ျပံုးရြင္စြာျဖင့္ ေလွ်ာက္သြားခဲ့သည္။


"အဖိုး၊ ျပန္လာပါ၊ အဖိုး၊ အဖိုး ~"

ရႈနင္က သူ႕လက္ကို ဆန္႕ထုတ္ကာ အဖိုးကို လွမ္းဆြဲနုိင္ရန္ ႀကိဳးစားလိုက္မိသည္။

ရႈနင္ရဲ႕ လက္ေလးက ေလထဲတြင္ ေဝွ႕ယမ္းေနျပီး ႀကီးမားတဲ့လက္ႀကီးက သူ႕လက္ကို ဆုပ္ကိုင္ေပးလိုက္စဥ္ သူနိုးလာခဲ့သည္။ သူ႕လက္ကို ဆုပ္ကို္င္ထားတာက အကိုႀကီးျဖစ္ေနခဲ့သည္။

 သူကအလ်င္အျမန္ မိမိလက္ကို အကိုႀကီးလက္ထဲက ဆြဲထုတ္လိုက္သည္။ ရႈနင္ သည္ လက္တစ္ဖက္တည္းျဖင့္ အေနာက္ဘက္က တံခါးဆီသို႔ၫႊန္ျပလိုက္သည္။

ဒါေပမယ့္ ရႈဟိန္က ထြက္သြားမွာလား။ အေျဖမွာ ရွင္းေနပါသည္။ သူ၌ ဝံပုေလြလို မ်က္ဝန္းနွင့္ ရႈဟိန္ လင္းယုန္ကဲ့သို႔ေသာမ်က္လုံးမ်ား ဆံုေတြ႕သြားခဲ့သည္။  

- "မင္းကႏွစ္ရက္လုံးလုံးသတိလစ္ေနခဲ့တယ္၊ လူတိုင္းက စိုးရိမ္ေနၾကတယ္။ ဖခင္ဟာ အသုဘအခမ္းအနားေႀကာင့္ အလုပ္မ်ားေနတဲ့အတြက္ ငါက မင္းကိုၾကည့္ရႈ႕ေစာင့္ေရွာက္ရမယ္။"

"ထြက္သြားပါေတာ့။ ကြ်န္ေတာ္ ေအးေအးေဆးေဆး ေနခ်ိင္တယ္"

ရႈနင္က  ေခါင္းအုံးကို ေကာက္ကိုင္ၿပီး သူ႔ဆီကို လွမ္းပစ္လိုက္သည္။ ရႈဟိန္က ဖုန္းျဖင့္ စာပို႕လိုက္ျပီး နင္နင္ပစ္လိုက္သည့္ ေခါင္းအံုးကို ေကာက္ကာ ကုတင္ေပၚ ျပန္တင္ေပးသည္။ နင္နင္က ထပ္ပစ္လိုက္သည္။ ေခါင္းအံုးက ရႈဟိန္ကို မွန္ျပီးက် သြားသည္။ ရႈဟိန္က ထပ္ေကာက္ေပးျပန္သည္။
သူဟာ အိမ္ေမြးတိရိစာၦန္ေခြးတစ္ေကာင္ထက္ ပိုၿပီးနာခံမႈျပခဲ့တယ္၊

" မင္း ဘယ္ေလာက္ပစ္ပစ္...မင္းေပ်ာ္မယ္ဆို လုပ္ခ်င္တာ လုပ္ပါ..."

ရႈနင္နာမွာ ပစ္စရာ ဘာမွမရွိေတာ့ဘူး။
သူ ခဏတြန႔္ဆုတ္ေနျပီး လက္ဖက္ရည္ခြက္ကို ေကာက္ကိုင္လိုက္သည္။ သူက ရႈဟိန္ရဲ႕ေနာက္ေက်ာကို ထိမွန္ျပီး ႀကမ္းျပင္ေပၚကို "ခြမ္း" ဆိုျပီး က်ကြဲသြားခဲ့သည္။


ရႈဟိန္ကေကာက္ယူလိုက္ၿပီး စားပြဲေပၚတင္လိုက္သည္။

ရႈေကာင္းက ရႈနင္ ကိုလက္ဖက္ရည္ သို႔မဟုတ္ ေကာ္ဖီေသာက္ရန္ ခြင့္မျပဳပါ၊ သူသည္ အသီးေဖ်ာ္ရည္မ်ားမ်ား ေသာက္ရန္ပင္ ခြင့္မျပဳပါ။ ဒီလက္ဖက္ရည္အိုးကို ဘာေၾကာင့္ ဒီမွာ တင္ထားတယ္ဆိုတာ ထင္ရွားသည္၊ ဒါက ရႈဟိန္က လန္းလန္းဆန္းဆန္းနဲ႕ သတိလစ္ေနတဲ့ နင္နင္ကို 2 ရက္လံုး ေစာင့္ေပးေနဖို႕ျဖစ္တယ္။

 သူ႔အစ္ကိုႀကီး၏မ်က္လုံးမ်ားေအာက္တြင္ အမည္းရိပ္ေတြက အရမ္းကို ထင္ရွားေနသည္။ ရႈနင္ က စိတ္ဆိုးေနေပမယ့္ သူ႔စိတ္က ရွင္းေနတုန္းပဲ၊ သူက စိတ္လႈပ္ရွားစရာ မလိုခ်င္ဘူး၊

ဒါေပမယ့္ ရႈနင္ က သူ႕ကိုခ်စ္တယ္ ......

ရႈဟိန္သည္ သူ႕ကို ဒီကိုေရာက္ကတည္းက အေစာပိုင္းကတည္းက ခ်စ္ေနခဲ့တာေပါ့...

"ထြက္သြား... ကြ်န္ေတာ့္နားက ထြက္သြား..အကိုႀကီးရဲ႕မ်က္နွာကို မျမင္ခ်င္ဘူး"

ဒီအေတြးက ရႈနင္၏စိတ္ႏွလုံးကို အနည္းငယ္ တုန္လႈပ္သြားေစသည္။ အလြန္ရႈပ္ေထြးေသာ အၾကည့္ုျဖင့္ ရႈနင္က ရႈဟိန္ကို  ၾကည့္ရင္း ရႈနင္က ေနာက္တဖန္ ေအာ္ဟစ္ကာ စတင္ငိုေႀကြးခဲ့သည္။

ရႈဟိန္ က နင္နင္ကို ေပြ႕ဖက္ကာ နွစ္သိမ့္ခ်င္ေပမယ့္ နင္နင္က ေအာ္လုိ႕ အနားမကပ္ရဲေပ။

 ရႈဟိန္က ထိုေနရာတြင္ ရပ္ကာ လက္သီးကို တင္းတင္းဆုပ္ထားမိသည္။ ရႈဟိန္က ေရြးခ်ယ္စရာမရွိလို႕ ေျပာလိုက္သည္။

  "ေကာင္းျပီ။ ငါ အျပင္ကေန မင္းကို ေစာင့္ေပးေနတယ္။ ခဏေနရင္ ဆရာဝန္ေရာက္လာေတာ့မယ္။ ဆရာဝန္ေရာက္လာမွ အကိုႀကီး ထပ္လာခဲ့မယ္"

"...... " ရႈနင္၏ ဦး ေခါင္းသည္ အလြန္နာက်င္ခဲ့သည္။

ဆရာဝန္သည္ ဘိုးဘြားပိုင္အိမ္၌အၿမဲတမ္းေနထိုင္ခဲ့ရာ သူအလြန္လ်င္ျမန္စြာေရာက္ရွိခဲ့သည္။ ထို႔ေနာက္ သူႏွင့္ ရႈဟိန္တို႕ ႏွစ္ ဦး စလုံး အျပင္ဘက္တြင္နာရီဝက္ႀကာ အတူတူေစာင့္ဆိုင္းၿပီး ရႈနင္ စိတ္ ၿငိမ္သက္သြားရန္ ေစာင့္ဆိုင္းခဲ့သည္။ စစ္ေဆးမႈက
အရမ္းေခ်ာေခ်ာေမြ႕ေမြ႕ ၿပီးသြားတယ္။

သူမွာျပသနာမရွိဘူး၊ သူ႔ခႏၶာကိုယ္က က်န္းက်န္းမာမာရွိတယ္။ အဘိုးအိုကြယ္လြန္သြားေသာ ရက္အတြင္းတြင္ သခင္ေလးက အရမ္း ဝမ္းနည္းစြာျဖင့္ အလြန္အမင္းထိတ္လန႔္တုန္လႈပ္ သြားခဲ့တယ္။ ျပီးေတာ့  အသုဘအခမ္းအနားကို တစ္ညလုံးေစာင့္ေပးေနခဲ့လို႕ သခင္ေလးရႈက  ပင္ပန္းႏြမ္းနယ္ျခင္းက မထူးဆန္းပါ၊ သူ႔ခႏၶာကိုယ္ကို အလြန္အကြၽံ အလုပ္လုပ္ျခင္းနွင့္ စိတ္ဖိစီးျခင္းတို႕ေပါင္းမိျပီး ခုလို သတိလစ္သြားခဲ့တာဟု ေျပာခဲ့သည္။

ရႈနင္အတြက္ ဂ်ဳံယာဂုႏွင့္ ေပါ့ေပါ့ပါးပါး အရံဟင္းပြဲအခ်ိဳ႕ကိုျပင္ဆင္ရန္ မီးဖိုေခ်ာင္ကို ရႈဟိန္က အမိန႔္ေပးခဲ့သည္။ရႈနင္က ရႈဟိန္ေပးေသာေရကို ေသာက္ရန္ျငင္းဆန္ခဲ့သည္။ ထို႔ေၾကာင့္ သူသည္ ဆရာဝန္ကို အကူညီေတာင္းခဲ့ရသည္။

ဂ်ဳံယာဂုေရာက္လာေတာ့ ရႈဟိန္က ဆရာဝန္ကို ထပ္ျပီး အကူညီေတာင္းလိုက္ရျပန္သည္။

ရႈနင္ ကဆရာ ၀ န္ကို အားနာေပမယ့္  သူ႔လက္ေတြ က ခြန္အားသိပ္မရွိဘူး၊ သူႏိုးလာၿပီး ဘာမွ မစားရေသး ဘူး။ ရႈဟိန္သည္သက္ျပင္း ခ်၍ ဆရာ ၀ န္ကို  အနားယူရန္ ခြင့္ျပဳေပးခဲ့သည္။ အေဖ၏ကိုယ္ခႏၶာတြင္ ျပသနာမ်ား ေပၚေပါက္ခဲ့သျဖင့္ ဆရာဝန္က အခ်ိန္ၾကာၾကာ မေနနိုင္ခဲ့ပဲ ရႈခ်ိန္ဆီကို ျပန္သြားခဲ့ရသည္။

ရႈဟိန္ကအခန္းျပင္တြင္  ဆရာဝန္ႏွင့္စကား အနည္းငယ္စကားေျပာခဲ့ျပီးမွ အခန္းထဲ ဝင္ခဲ့သည္။

ရႈဟိန္က ရႈနင္ ဘာပဲေျပာေျပာ  ထြက္သြားမွာ မဟုတ္ဘူးဆိုတာ ရႈနင္ သိေနတယ္။ သူက အိမ္သာ သြားတာကို အကိုႀကီးကို အကူညီေတာင္းမွာ မ ဟုတ္ပဲ အကိုႀကီးကို မႀကည့္ပဲ လဲေလ်ာင္းေနလိုက္သည္။

ရႈနင္က မ်က္လံုးမွိတ္လိုက္ေပမယ့္ သူ႕ေခါင္းထဲမွာ အကိုႀကီးနဲ႕ပတ္သတ္တာကိုပဲ ေတြးေနမိသည္။ သိလိုက္ရတဲ့ အျဖစ္မွန္က သူ႕ကို ရူးမတတ္ျဖစ္သြား ေစသည္။  သူ၏စိတ္ႏွလုံးထဲတြင္ ဖ႐ိုဖရဲျဖစ္ခဲ့ျခင္းႏွင့္ စိုးရိမ္ပူပန္မႈေတြျပည့္ေနရင္း ရႈနင္က ျပန္အိပ္ေပ်ာ္ သြားတယ္၊ ဒါေပမယ့္ ညေရာက္ေတာ့  သူ အိပ္မေပ်ာ္ေတာ့ဘူး။ ရႈဟိန္က တေယာကို ယူလာၿပီး တညလံုး တေယာထိုးေပးေနလို႕ ရႈနင္ရဲ႕စိတ္က  နည္းနည္းပိုေကာင္းမယ္လို႔ ေမွ်ာ္လင့္ေနတယ္။

ရႈနင္က တီဗြီကိုမၾကည့္ခဲ့သလို သူ႔ဖုန္းနဲ႔မကစားခဲ့ဘူး။ မ်က္နွာႀကက္ကိုပဲ စိုက္ႀကည့္ေနျပီး ထပ္တလဲလဲ အကိုႀကီးရဲ႕တေယာသံကိုပဲ နားေထာင္ေနခဲ့သည္။ အခ်ိန္ႀကာသြားသည္အထိ အကိုႀကီးက မရပ္သလို ေရေသာက္ဖုိ႕ပင္ မနားခဲ့ေပ။

  "ဘယ္အခ်ိန္ကတည္းက စခဲ့တာလဲ"

"...... "
 ရႈဟိန္ ရဲ႕အၾကည့္က ရႈနင္ကို တည့္တည့္ၾကည့္ လိုက္သည္.

 "ငါ မသိဘူး၊ ငါ စဥ္းစားမိသေလာက္ကေတာ့ လြန္ခဲ့တဲ့  ၂ ႏွစ္ေလာက္ကတည္းကပဲ"

ရႈနင္က ဆြံ႕အသြားခဲ့သည္။

" အကိုႀကီး...တကယ္..ဘာေတြ ျဖစ္ကုန္ျပီလဲ....  " ဟုေျပာကာ နင္နင္ မ်က္လုံးမွိတ္လိုက္သည္။

ဒါက ရွင္းလင္းစြာေျပာရန္ ခက္ခဲေသာ္လည္း ယခင္ကျဖစ္ပ်က္ခဲ့သည့္ လိင္နဲ႕ပတ္သတ္တဲ့ ရႈဟိန္ ရွင္းျပခဲ့သမွ်က သူ႕ကို ညီေလးလို ခ်စ္လို႕ သိသင့္သိထိုက္တာကို ရွင္းျပခဲ့တယ္လို႕ သူက ထင္ခဲ့မိတယ္။ တကယ္ေတာ့ အကိုႀကီးက တမင္ရည္ရြယ္ခ်က္ရွိရွိနဲ႕ သူသိေအာင္ ရွင္းျပခဲ့တာေပါ့။ သူ ရႈအိမ္ကို ေရာက္လာျပီး ေနာက္ပိုင္း အကိုႀကိးက သူ႕ကို ခ်စ္ေနခဲ့တာေပါ့...

  အရင္ဘဝတုန္းက အကိုႀကီးက သူ႕အကိုရင္း မဟုတ္ဘူးဆိုတာ အေဖက တခါမွမေျပာခဲ့သလို အဖိုးကလည္း အရိပ္ျမြက္ေတာင္ မေျပာျပခဲ့ဘူး။

ရႈေကာင္းက ရႈနင္ကို ေကာင္းေကာင္းဆက္ဆံပါတယ္။ ဒါေပမယ့္ သူက ဒီအေၾကာင္းကို တစ္ခါမွမေဖာ္ျပခဲ့ဘူး၊

ခ်င္ယြိက်ိဳးသည္ သူ၏အတိတ္ဘဝတြင္ အလြန္ခ်စ္ခင္တြယ္တာမႈရွိၿပီး ရႈခ်ိန္က သူမကို အလြန္ခ်စ္ျမတ္ႏိုးေသာ္လည္း ရႈဟိန္၏ေမြးဖြားမႈ တကယ့္အျဖစ္မွန္ကို သူ မရွင္းျပခဲ့ပါ။ ေနာက္ဆုံးတြင္ ရႈဟိန္သည့္ ျပင္ပလူျဖစ္ေပမယ့္ ရႈမိသားစုရဲ႕  အေမြကို ဆက္ခံခဲ့သည္။ ပုံမွန္အေျခအေနမ်ားတြင္ ရႈမ်ိဳးႏြယ္စု သည္ မိသားစုစီးပြားေရး လုပ္ငန္းတစ္ခုျဖစ္ၿပီး ဒါကို ရႈေကာင္းနဲ႕ ရႈခ်ိန္တို႔က ဆက္လက္ မဦးစီးနိုင္ရင္ အဓိကအိမ္က ဆက္လက္ မလုပ္ေဆာင္နုိင္ေတာ့ပဲ  ရႈဒုတိယအိမ္ေတာ္က ဆက္လုပ္သင့္သည္။

ဥပမာအားျဖင့္ ရႈက်ီရႊမ္းသည္ ရႈမ်ိဳးနြယ္ ေနာက္ေပါက္ငယ္သားတို႔တြင္ ထင္ရွားေသာသူတစ္ ဦး ျဖစ္သည္၊ သူလည္း ရႈမ်ိဳးဆက္ျဖစ္ေပမယ့္ တကယ္ေတာ့ ရႈဟိန္က  C ျမို႕ေတာ္ တြင္ ပထမ အဆင့္သခင္ေလးျဖစ္ျပီး ရႈႈက်ီရႊမ္းက  ဒုတိယေနရာတြင္ ရပ္တည္ခဲ့သည္။

"အကိုႀကိးရဲ႕ အေဖရင္း ဘယ္မွာလဲ။"

"သူက ၿမိဳ႕ေတာ္မွာ ရွိေနတယ္။ သူနဲ႔ ငါက မရင္းႏွီးဘူး၊ သူနဲ႔ငါ့ဆက္ဆံေရးက မင္းနဲ႔ ခ်င္ယြိက်ိဳး တို႔နဲ႔ ဆင္တူတယ္။ သူက ငါ့ကို မျပဳစု မပ်ိဳးေထာင္ခဲ့ဘူး၊ ငါတို႔လည္း မနီးစပ္ခဲ့ၾကဘူး။ ငါ့ပေထြးက ငါတို႕သားအဖကို ျပန္လည္ေပါင္းစည္းေစခ်င္တယ္။ ငါ အရြယ္ေရာက္လာျပီး  မၾကာခင္မွာပဲ သူဟာ င့ါကိုလာေတြ႕ျပီး လူတုိင္း သူ႕အခက္ခဲနဲ႕သူ ရွိလို႕ သူ အဲ့လိုလုပ္ခဲ့ရတယ္လို႕ ေျပာခဲ့တယ္။ ငါ သူ႕ကို ခြင့္လႊတ္ေပးဖို႕ သူက ေမွ်ာ္လင့္ေနခဲ့တယ္။ "

"လူႀကီးေတြရဲ႕ခံစားခ်က္က အရမ္းရႈပ္ေထြးတယ္။ လူတိုင္းက သူတို႔ကို နားလည္ၿပီးစာနာႏိုင္မယ္လို႕ သူတို႔အၿမဲေမွ်ာ္လင့္တယ္။ "

"နင္နင္ အစ္ကိုႀကီးက မင္းကိုအတင္း မတို္က္တြန္းပါဘူး။ ဒါေပမယ့္ အကိုႀကီးကို ရွက္ျပီး ခပ္လွမ္းလွမ္းမွာ မေနပါနဲ႕..ဟုတ္ျပီလား..."

"အမ္း "

ဘာလဲ? ရႈဟိန္က သူ႕ကို စိုက္ႀကည့္ေနခဲ့ေပမယ့္ နတ္ဘုရားေတြ ဖန္ဆင္းခဲ့သည့္ ျပိဳင္ဖက္ကင္း  အျပည့္စုံဆုံး ႐ုပ္တုႀကီးကဲ့သို႔ အိပ္ရာနားတြင္ မိုက္မဲစြာ ရပ္ေနခဲ့သည္။

"ကြၽန္ေတာ္ ဗိုက္ဆာေနတယ္။"

"ဂ်ဳံယာဂု ...... ဂ်ဳံယာဂုက ေအးသြားၿပီ။ ငါေ သြားေႏြးလိုက္မယ္"

ရႈဟိန္က ဗန္းကိုေကာက္ယူလိုက္ၿပီး အျမန္ထြက္သြား လိုက္သည္။ ကေလးငယ္ေလးက ေနာက္ဆုံးတြင္ သူႏွင့္စကားေျပာရန္ အဆင္သင့္ျဖစ္ေနျပီ။

တဆတ္ဆတ္ခုန္ေနသည့္ အသည္းနွလံုးျဖင့္ ရႈဟိန္က မီးဖိုေပၚတြင္ ျပုတ္ထားသည့္ ဆန္ျပဳတ္ကို ခပ္လိုက္စဥ္ ခ်င္ယြိက်ိဳး ဗို္က္ဆာတယ္ဆိုလို႕ ရႈခ်ိန္လည္း ဆန္ျပဳတ္လာခပ္ရင္း သားအဖ နွစ္ေယာက္ ဆံုႀကသည္။


ရႈဟိန္က ရႈခ်ိန္ကို နင္နင္က အျဖစ္မွန္ကိုသိသြားျပီဆိုတာ ေျပာျပလိုက္ေတာ့ ရႈခ်ိန္က တိတ္ဆိတ္ကာ စဥ္းစားေနသည္။.


"အေဖ..မစိုးရိမ္ပါနဲ႕။ ကြ်န္ေတာ္တို႕က ပံုမွန္အတို္င္း ညီအကိုလိုပဲ ေနမွာပါ။ နင္နင္က ေသခ်ာေပါက္ သူမ်ားေတြကိုမေျပာပါဘူး"

"အင္း...နင္နင္က ပါးစပ္လံုတယ္ဆုိတာ အေဖသိပါတယ္။ သူ သာ ေလွ်ာက္မဖြလို႕ ဘာမွ ဆိုးဆိုးဝါးဝါးမျဖစ္ခဲ့ရင္ မင္းက ရႈမိသားစုရဲ႕လုပ္ငန္းကို သားအႀကီးဆံုးအေနနဲ႕ ဆက္ခံရမယ္"

ရႈဟိန္က သူ႕အေဖကို စကားနည္းနည္းျဖင့္ ေသြးေဆာင္လို႕မရတဲ့အဆံုး နင္နင္ဆာေနမည္စိုးလို႕ ဆန္ျပဳတ္ကို ခူးယူကာ အေပၚထပ္ကို ျပန္တက္လာခဲ့သည္။

နင္နင္က အခန္းထဲမွာ ေစာင့္ရင္း ဗိုက္ဆာေနသည္။

"အကိုႀကီးက ႀကာလိုက္တာ... "

ရႈနင္သည္ အိပ္ရာထဲလဲေလ်ာင္းကာ အိပ္လ်က္ေနသည္။ သူ၏အစ္ကိုႀကီးသည္ ခဏဆိုျပီူ ထြက္ခြာသြားခဲ့ၿပီး သူ႔ကို ထားရစ္ခဲ့သည္။

ခဏေလးပဲဆုိေပမယ့္ သူက အကိုႀကီးကို လြမ္းလို႕ေနျပီ....

*-*


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now