Chapter (66)_ဦးလေးဆီက အရှုပ်ထုပ်ကို ရှင်းပေးရခြင်း (Z+U)

15.6K 2.6K 70
                                    

Chapter (66)_ဦးလေးဆီက အရှုပ်ထုပ်ကို ရှင်းပေးရခြင်း (Z+U)

ချင်ယွိဖူရဲ့ ဗီလာက အတော်လေးကို ကြီးမားပြီးအခန်းအများကြီးပါရှိသည်။ ဒါကြောင့် သူတို့မိသားစုဝင်နေရင်တောင်မှ အသာလေး ချောင်ချောင်ချိချိ နေနိုင်လောက်သည်။ သူမက အဝတ်ဟောင်းကိုဝတ်ကာ ပိုးသတ်ဆေးပုလင်းကိုလည်း ယူသွားမည်။ သူ့မောင်ရဲ့အိမ်ရှေ့မှာ ဘေးပတ်ဝန်းကျင်က လူတွေကြားအောင် အော်ဟစ်ငိုကြွေးအသနားခံလိုက်လျှင် သေချာပေါက် သူ့မောင်က သူမတို့မိသားစုကို အိမ်ထဲ အဝင်ခံလိမ့်မည်။ သူ့အမကို အိမ်ရှေ့မှာ ပိုးသတ်ဆေးသောက်ပြီး အသေတော့ခံည် မဟုတ်ပေ။ ကံကောင်းရင် သူမ ညီမက သူမအတွက် အိမ်တလုံးတောင် ဝယ်ပေးနိုင်လောက်သည်။

ထိုင်စဉ်းစားနေတာထက်လက်တွေ့အကောင်ထည်ဖော်လိုက်ပြီးနောက် ချင်ယွိလန်က အသံဆိုးဖြင့် အော်ဟစ်ငိုကြွေးခြင်း နည်းကို ကျင့်သုံးတော့သည်။ ချင်ယွိဖူက ရဲခေါ်လိုက်ရင် ရသော်လည်း သူ့အမကို ခုလို မဆက်ဆံရက်သောကြောင့် ပတ်ဝန်းကျင်က လူတွေ ဝိုင်းကြည့်ပြီး ပြောဆိုတာ ခံလိုက်ရသောကြောင့် နောက်ဆုံး အမ မိသားစုကို အိမ်ထဲ ခေါ်လိုက်ရတော့သည်။ ဒီလိုနဲ့ ချင်ယွိလန်တို့ မိသားစုက ဗီလာထဲ ဝင်နေခွင့်ရလိုက်သည်။

ရှုနင်က သူ့ဦးလေးနှင့်တွေ့ပြီးနောက် ထိုအဖြစ်ကို သိရတော့ မျက်မှောင်ကြုတ်လိုက်မိသည်။

" ငါက အခု လက်ထပ်ချင်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ထားပြီ။ ဒီအချိန်မှာ အမလတ်က အခုလို အိမ်ပေါ်တက်လာတော့တာပဲ။ ငါလည်း ဘယ်လိုလုပ်ရမယ် မသိတော့ဘူး။ ငါ့ဇနီးလောင်းရဲ့မိဘတွေက စားသောက်ဆိုင်ဖွင့်ချင်တယ်ပြောတယ်။ သူတို့က ငါ့အိမ်ကိုရောင်းပြီး အရင်းနှီးထည့်စေချင်နေတယ်။ ဒါပေမယ့် မင်းရဲ့ ဦးလေးဖန်(ဖိုမင်)က ကန့်ကွက်နေတယ်။ မိန်းကလေးဘက်က လက်တောင်မထပ်ရသေးပဲ ငါ့ ပိုက်ဆံကို သုံးချင်တယ်ဆိုတာ မဖြစ်သင့်ဘူးတဲ့။ သူက အဲ့မိန်းကလေးက ငါ့ရဲ့ဗီလာကြောင့် ငါ့ကိုလက်ထပ်ချင်တာလို့ပြောနေတယ်.... "

ရှုနင်က သိသာမြင်သာသည့်အချက်ကို မမြင်ပဲ စိတ်ရှုပ်ထွေးနေသည့် ဦးလေးကိုကြည့်ကာ ဘာပြောရမှန်းမသိဖြစ်သွားသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now