Chapter (44) - ကၽြန္ေတာ္က သူတို႔ကို မသိဘူး (Z+U)

22K 3.4K 38
                                    

Chapter (44) – ကၽြန္ေတာ္က သူတို႔ကို မသိဘူး (Z+U)

ဒီလုပ္ရပ္က C ၿမိဳ႕ေတာ္က နာမည္ေက်ာ္မင္းသားေလး ႐ႈက်ီရႊမ္း၏ပါးကို လူပံုအလယ္မွာ ျဖတ္႐ိုက္လိုက္သလိုပါပဲ။ ဒီလိုမ်ိဳးကို ဘယ္သူမွ မလုပ္ရဲၾကေပ။

သူက ဘာေၾကာင့္ မင္းသားတစ္ပါး ျဖစ္ရမွာလဲ..?

ဘာေၾကာင့္လဲဆိုေတာ့ ႐ႈက်ီရႊမ္းက စတိုင္လ္က်ၿပီး လုပ္ႏိုင္စြမ္းရည္ရွိသည့္အျပင္ ႐ုပ္ရည္သြင္ျပင္လွပကာ ႏွစ္လိုဖြယ္အၿပံဳးကို ပိုင္ဆိုင္ထားသည္။ သူက ေနေရာင္ေအာက္က ေက်ာက္စိမ္းႏွယ္ လူၾကားထဲမွာ ထင္ရွားၿပီး သူ႔ျပဳမူေဆာင္ရြက္ပံုက ျမင့္ျမတ္ေသာသခင္ေလး၏ အရွိန္အဝါမ်ား ထုတ္လႊတ္ေနသလိုပင္။ အရင္ဘဝကေတာ့ ႐ႈနင္က သူ႔ကိုျမင္ေတာ့ မ်က္လံုးမလႊဲႏိုင္ေအာင္ ေငးေမာၾကည့္ခဲ့ရဖူးသည္။ သူက ေကာင္းကင္ဘံုက နတ္သားေလးလုိ ျဖဴစင္ျမင့္ျမတ္သည္ဟုလည္း ထင္ခဲ့ဖူးသည္။ ဒါေပမယ့္ ဒါေတြက အတြင္းကပုပ္သိုးေနေသာစိတ္ကို ဖံုးကြယ္ေသာ ဟန္ေဆာင္မႈဆိုတာ ေႏွာင္းမွ သူသိခဲ့ရသည္။

႐ႈနင္ သူ႔ကို ခုလိုေျပာလိုက္ေပမယ့္ သူက ႐ႈနင္ကို လိႈက္လွဲစြာၿပံဳးျပေနေသးသည္။ သူက လူေကာင္းဇာတ္႐ုပ္လုပ္ျပေနေတာ့ ေက်ာ္သြားဖို႔ခက္သြားၿပီေပါ့။

႐ႈက်ီရႊမ္း၏ တင့္တယ္ေသာ႐ုပ္ရည္၊ ေႏြးေထြးေသာအၿပံဳးေၾကာင့္ သူ႔အစ္ကုိဝမ္းကြဲသာမဟုတ္လွ်င္ အရင္ဘဝက သူ ႐ႈက်ီရႊမ္းကို လိုက္ခဲ့ၿပီးေလၿပီ။ ႐ႈက်ီရႊမ္းက ဘယ္ေလာက္ေတာ္ေတာ္ နတ္ဘုရားႀကီး ႐ႈဟိန္ကိုေတာ့ ဘယ္ယွဥ္လို႔ရလိမ့္မလဲ..။ ႐ႈဟိန္က ေကာင္းကင္ထက္မွာ ပ်ံသန္းေနေသာ ေရႊနဂါးႀကီးျဖစ္ၿပီး ထိုနဂါးမင္းက ေျမျပင္ကိုဆင္းသက္လာသည္ႏွင့္ ရွိသမွ်လူအားလံုး ဒူးေထာက္ခစားရေလာက္ေအာင္ တန္ခိုးၾသဇာႀကီးမားလွသည္။

႐ႈက်ီရႊမ္းက ေျမျပင္မွာ ေတာေကာင္အုပ္ႀကီးကို ဦးေဆာင္ႏိုင္ေသာ က်ားရဲႏွင့္တူေပမယ့္ ေကာင္းကင္ေပၚက နဂါးမင္းကိုေတာ့ ဘယ္ယွဥ္ႏိုင္ပါ့မလဲ..။ ႐ႈဟိန္က ခ်ိဳ႕ယြင္းခ်က္မရွိေအာင္ ေတာ္လြန္းၿပီး နတ္ဘုရားတစ္ပါးလိုေခ်ာေမာကာ စြမ္းအားထက္လြန္းသည္။ ဒီလိုေခ်ာေမာထက္ျမက္သည့္ ႐ႈဟိန္က သူ႔အေဖတူ၊ အေမကြဲအစ္ကိုျဖစ္ေနလို႔သာ ေန႔တိုင္း မ်က္ႏွာခ်င္းဆိုင္ေတြ႕လည္း သူရင္မခုန္မိတာျဖစ္သည္။ ေျပာရရင္ သူက ဂုဏ္သိကၡာရွိတဲ့ Homo တစ္ေယာက္ပဲေလ။

႐ႈနင္က ႐ႈက်ီရႊမ္းကို သူ႔လမ္းပိတ္ေနပါတယ္လို႔ ေျပာလိုက္ေတာ့ သူတို႔ေဘးပတ္ဝန္းက်င္တစ္ခုလံုး ႐ုတ္႐ုတ္သည္းသည္းျဖစ္သြားၾကၿပီး လူေတြက ဝိုင္းအံုကာ ပြဲၾကည့္ဖို႔ မသိမသာ႐ိႈးေနၾကသည္။ တခ်ိဳ႕ကေတာ့ ႐ႈက်ီရႊမ္းကို ေျပာင္ေျပာင္တင္းတင္း ေလွာင္ရယ္လိုက္ၾကသည္။ ႐ႈက်ီရႊမ္းက ရင္ထဲမွာ ေဒါသထြက္သြားေပမယ့္ ဟန္မပ်က္ ေနာက္တစ္လွမ္းဆုတ္လိုက္သည္။ ၿပီးေတာ့ ၿပံဳးလိုက္ၿပီး ဒူးတစ္ဖက္ေကြးထိုင္ကာ ႐ႈနင္၏ေျခေထာက္ကိုၾကည့္ၿပီး ေမးလိုက္သည္။

"မင္းရဲ့ေျခေထာက္က ဘာျဖစ္လို႔လဲ.."

ေဖာ္ေရြေသာအၿပံဳး၊ ၾကင္နာေသာေလသံႏွင့္ စာနာေသာအေမးစကားကို ၾကားလွ်င္ ဘယ္သူမဆို သူ႔အေမးကို ျပန္ေျဖမိမွာေသခ်ာသည္။

"ကၽြန္ေတာ္ အစ္ကို႔ကို မသိဘူး.. ဒါေၾကာင့္ လမ္းအရင္ဖယ္ေပးလို႔ရမလား.."

႐ႈနင္ကေတာ့ သူ႔ကိုတုိက္႐ိုက္ဆန္႔က်င္ကာ မေပ်ာ္မရႊင္ျဖစ္ဟန္ျဖင့္ ေျပာလိုက္သည္။

"ေကာင္းပါၿပီဗ်ာ.."

႐ႈက်ီရႊမ္းက အသာအယာေျဖကာ ေဒါသရိပ္လံုးဝမထင္ဘဲ အသာထကာ ေဘးကိုဖယ္ေပးလိုက္သည္။ ႐ႈနင္ သူ႔ကို ထပ္အရွက္မခြဲႏိုင္ဖို႔ သူ ဘာစကားမွမေျပာေတာ့ေပ။

႐ႈဟိန္က ႐ႈက်ီရႊမ္းကို တစ္စက္ေတာင္လွည့္မၾကည့္ဘဲ ဘီးတပ္ကုလားထိုင္ကိုတြန္းကာ အႀကီးဆံုးႏွင့္ အႏူးညံ့ဆံုးျဖစ္သည့္ ထိပ္ဆံုးမွ အဓိကဆိုဖာခံုဆီကို ဦးတည္လာခဲ့ၿပီး ႐ႈနင္ကိုေပြ႕ကာ ခံုေပၚတင္ေပးလိုက္သည္။ ခါတိုင္း ဒီခံုေပၚမွာ ႐ႈဟိန္တစ္ေယာက္သာ ထိုင္ခြင့္ရွိၿပီး ယခုေတာ့ သူ႔ညီေလးႏွင့္ ယွဥ္တြဲထိုင္ရမည္ျဖစ္လို႔ ရင္ခုန္ေနသည္ကို အေပၚယံမွာမေပၚေအာင္ ဖံုးကြယ္ထားလိုက္သည္။

အရင္ဘဝမွာေတာ့ ဒီေနရာက ႐ႈနင္ေသမတတ္ထိုင္ခ်င္ခဲ့ေသာ ေနရာျဖစ္ၿပီး ေသသည္အထိ ထိုင္ခြင့္မရခဲ့ေပ။ ယခုဘဝမွာေတာ့ အျဖစ္အပ်က္အားလံုး ေျပာင္းလဲသြားေလၿပီ။

လူမ်ားစြာက ႐ႈဟိန္ကို ဝိုင္းဝန္းႏႈတ္ဆက္ကာ ေျမႇာက္ပင့္ၾကသည္။ သူတို႔ကို ႐ႈဟိန္က ေခါင္းညိတ္ႏႈတ္ဆက္လိုက္၊ စကားနည္းနည္းေျပာလိုက္သာလုပ္ေနၿပီး ေဘးကရွက္ေနေသာ ႐ႈနင္ကိုသာ အာ႐ံုစိုက္ေနသည္။ ေဘးမွာရွိတဲ့ ဒီလူေတြအကုန္က ႐ႈဟိန္ဆီကမ်က္ႏွာသာရဖို႔၊ ေနာင္မွာ ႐ႈဟိန္အေပၚ သစၥာရွိပါမည့္အေၾကာင္း မ်ိဳးစံုျပသလ်က္ရွိသည္။ ႐ႈဟိန္အသိအမွတ္ျပဳခဲ့သူေတြက ထူးျခားေသာ အရည္အေသြးရွိသူမ်ားျဖစ္ၿပီး ေနာင္မွာ သူ႔ကို တကယ္သစၥာရွိသူမ်ားျဖစ္ၾကသည္။

အား.. ႐ႈဟိန္က လူေတြကို အကဲျဖတ္တဲ့စြမ္းရည္က ငါ့ထက္ကို အမ်ားႀကီးေတာ္တာပဲ..။

႐ႈဟိန္က ဖန္ခြက္ကိုလွမ္းယူလိုက္ခ်ိန္ သူ႔လက္ေကာက္ဝတ္ကို တင္းက်ပ္စြာဆုပ္ကိုင္ခံလုိက္ရသျဖင့္ လွည့္ၾကည့္လိုက္ေတာ့ ႐ႈဟိန္၏ ေမွးမွိန္ေသာအၾကည့္ကို ေတြ႕လိုက္ရေတာ့ ႐ႈနင္က ဘာမွမသိသည့္ ႐ိုးသားျဖဴစင္သည့္ ယုန္ေလးပံုစံ ၾကည့္လိုက္သည္။

"ဒါ.. ငါ့ဝိုင္ခြက္.."

႐ႈနင္က အစ္ကိုႀကီးအလစ္မွာ ဝိုင္တစ္ငံုေလာက္ ခိုးေသာက္ခ်င္ေပမယ့္ ခုလို လူမိသြားသျဖင့္ ႐ူးခ်င္ေယာင္ေဆာင္လိုက္သည္။

"ကၽြန္ေတာ္ ေသာက္မိေတာ့မလို႔.."

႐ႈဟိန္က သစ္သီးေဖ်ာ္ရည္တစ္ခြက္ကို သူ႔ဘာသာယူၿပီး တစ္ငံုျမည္းၾကည့္ၿပီးေနာက္ ဝတ္စံုျပည့္ႏွင့္လူတစ္ဦးကို လွမ္းေခၚၿပီး လတ္လတ္ဆတ္ဆတ္ညႇစ္ထားေသာ ေဖ်ာ္ရည္တစ္ခြက္ယူလာဖို႔ ခိုင္းလိုက္သည္။ ထိုလူက ႐ႈဟိန္၏ကိုယ္ရံေတာ္တစ္ေယာက္ျဖစ္ေသာေၾကာင့္ ဒီေဖ်ာ္ရည္ထဲ အဆိပ္ပါလို႔မ်ားလားဟု ထင္လိုက္ၿပီး တိုးတိုးေမးလိုက္သည္။

"ဘာျဖစ္လို႔လဲ.."

"ခ်ိဳလြန္းတယ္.."

ခ်ိဳတယ္..?? ကၽြန္ေတာ္ႀကိဳက္တယ္ေလ..

"အစ္ကိုႀကီး.. အဲ့တာ သရက္သီးေဖ်ာ္ရည္ေလ.. ကၽြန္ေတာ္ႀကိဳက္တယ္.."

"အခ်ိဳမ်ားလြန္းတာ မင္းအတြက္ မသင့္ေတာ္ဘူး.. ၿပီးေတာ့ အခုက ေနာက္က်ေနၿပီ.. ညအိပ္မေပ်ာ္ဘဲေနမယ္.."

တကယ္ႀကီးလား.. ႐ႈနင္က ႐ႈဟိန္၏ တင္းက်ပ္ေသာစည္းကမ္းႀကီးေအာက္ ေရာက္ေနသလို ခံစားလိုက္ရသည္။ အစ္ကိုႀကီးေရ.. ဒီသရက္သီးေဖ်ာ္ရည္က ခ်ိဳလြန္းတယ္ဆိုရင္ ကၽြန္ေတာ္က အခ်ိဳရည္ဘူးကို ေသာက္ခြင့္မရွိေတာ့ဘူးေပါ့..။ အေျခခံလူတန္းစားေတြက လစာသိပ္မမ်ားလို႔ ဘူးေဖ်ာ္ရည္ေတြကိုသာ ေသာက္ခဲ့ရသည္။ ေနာက္ပိုင္းေဖ်ာ္ရည္ေတြက ပိုသန္႔ရွင္းၿပီး ပို္ေကာင္းလာလုိ႔ ကေလးေတြေသာက္တာ သိပ္မမ်ားရင္ေတာင္ ဘာမွထိခိုက္မႈမရွိႏိုင္ေပ။ ဒါေၾကာင့္ ကၽြန္ေတာ္က အခ်ိဳရည္ဘူးေသာက္ခြင့္မရွိေတာ့တာေတာ့ မဟုတ္ဘူးမလား..။

ဒါေပမယ့္ လူၾကားထဲျဖစ္ေသာေၾကာင့္ ႐ႈနင္က စကားနားေထာင္ၿပီး လိမ္မာစြာထိုင္ေနလိုက္သည္။ ႐ႈနင္က သူ႔ေဘးက ဒရမ္မာပြဲကို စိတ္ဝင္စားစြာၾကည့္လိုက္သည္။ ႐ႈက်ီရႊမ္းႏွင့္ ႐ႈက်ီေဟြ႕တို႔ေမာင္ႏွမက နံေဘးမွာ တိတ္ဆိတ္စြာရပ္ၿပီး ေစာင့္ေနေသာေၾကာင့္ျဖစ္သည္။
႐ႈက်ီေဟြ႕က ႐ႈက်ီရႊမ္းထက္ငယ္ရြယ္ၿပီး စပ္စုစြာျဖင့္ သူမအစ္ကိုကို ေမးလိုက္သည္။

"အစ္ကုိႀကီး.. သူက ဘယ္သူလဲ.."

"သူက ႐ႈနင္ေလ.. အဓိကပင္မအိမ္ေတာ္ႀကီးရဲ့ ဒုတိယသခင္ေလး.. မင္းရဲ့အစ္ကိုေလးျဖစ္တယ္.."

"အစ္ကိုေလးလား.. သူက ဘီးတပ္ကုလားထိုင္ေပၚမွာ ထိုင္ေနတာ ေျခေထာက္ကို ထိခိုက္ထားမိလို႔လား.."

သူမက ႀကီးမားဝိုင္းစက္ေသာ မ်က္ဝန္းမ်ားျဖင့္ ေမးေနပံုက အျပစ္ကင္းကာ ခ်စ္စရာေကာင္းလွသည္။ သူမက သူမအစ္ကိုကဲ့သို႔ပင္ ေႏြးေထြးေသာအၿပံဳးေလးႏွင့္ တစ္ဖက္သားကို ေကာင္းေကာင္းလွည့္စားႏိုင္စြမ္းရွိသည္။ တျခား ႐ႈမ်ိဳး႐ိုးထဲက မိန္းကေလးမ်ားက ဒီလိုဝင္ေရာခ်င္ေပမယ့္ ႏႈတ္မရဲေသာေၾကာင့္ အခြင့္အေရးကို ဆံုး႐ံႈးလိုက္ရသည္။ ႐ႈက်ီေဟြ႕က ႐ႈနင္၏စိတ္ထဲမွာ အေကာင္းျမင္စိတ္ဝင္ေအာင္ ႀကိဳးစားေနတာျဖစ္သည္။

အရင္ဘဝက မွတ္ဥာဏ္ေတြေၾကာင့္ ႐ႈနင္က သူမကို ခြင့္မလႊတ္ႏိုင္ေပ။ ဒါေၾကာင့္ သူက မေပ်ာ္မရႊင္ျဖစ္ကာ ေမးလိုက္သည္။

"ဘယ္သူက မင္းရဲ့အစ္ကိုလဲ.. ေတြ႕ရာေလွ်ာက္မေခၚနဲ႔.."

"........."

ထိုမိန္းကေလးက ေၾကာင္သြားၿပီး သူမ၏ခ်ိဳသာၿပီး သေဘာေကာင္းပံုကို ဆက္ထိန္းဖို႔ခက္သြားခဲ့သည္။ သူမက ႏႈတ္ခမ္းစူကာ မူႏြဲ႕ဟန္ျဖင့္ ဆက္ေျပာလိုက္သည္။

"ဟင့္.. အင္း.. အစ္ကိုႀကီးလို႔.."

"အဲ့လိုမေခၚနဲ႔.. ခင္ဗ်ားက 18, 19 ႏွစ္ေလာက္ရွိေနၿပီလို႔ ထင္ရတယ္.. ကၽြန္ေတာ္က ခုမွ 13 ႏွစ္ပဲရွိေသးတယ္.. ဒါေၾကာင့္ ဒီလိုမေခၚပါနဲ႔.."

႐ႈနင္က သူမကို ႏႈတ္သီးေကာင္းလွ်ာပါးေျပာလိုက္ၿပီး အစ္ကိုႀကီး၏လက္ေမာင္းကို မွီကာ ကေလးဆန္ဆန္ပံုစံေလးႏွင့္ ေျပာလိုက္သည္။

"အစ္ကိုႀကီး.. ဒီလူေတြက ကၽြန္ေတာ့္ကို သိသလိုလုပ္ေနၾကတယ္.. ကၽြန္ေတာ္က သူတို႔ကိုမသိဘဲနဲ႔.. ထူးဆန္းလိုက္တာ.."

႐ႈဟိန္က ႐ႈနင္၏မ်က္ႏွာေသးေသးေလးကို ခ်စ္ျမတ္ႏိုးစြာပြတ္သပ္ရင္း ေျပာလိုက္သည္။

"ႀကိဳးစားတဲ့သူေတြက ရည္မွန္းခ်က္ႀကီးၾကတယ္.."

ေဘးပတ္လည္က လူငယ္အုပ္စုက မ်က္ႏွာမပ်က္ေအာင္ ထိန္းထားၾကသည္။ ႐ႈဟိန္က ဒီလိုမ်ိဳးပဲ ဘယ္သူ႔ကိုမွမ်က္ႏွာသာမေပးဘဲ တဲ့တိုးေျပာဆိုတတ္သည္ကို က်င့္သားရေနၿပီျဖစ္သည္။ ႐ႈဟိန္၏အၾကည့္က အင္မတန္စူးရွကာ သူ႔မ်က္စိေအာက္မွာ ဘယ္သူ႔အႀကံမွ ဖံုးကြယ္လို႔မရႏိုင္ေပ။ သူက ႐ႈမိသားစုလူငယ္မ်ိဳးဆက္မွာ အႀကီးဆံုးျဖစ္ေသာေၾကာင့္ သူေျပာသမွ်ကို လူတိုင္းက မဆန္႔က်င္ရဲဘဲ နားေထာင္ၾကရသည္။

႐ႈနင္က ဒီစကားကိုၾကားေတာ့ အရင္ဘဝက ဒီလိုလူစားထဲက တစ္ေယာက္ျဖစ္ခဲ့ေသာေၾကာင့္ ရွက္ရြံ႕သြားမိသည္။

႐ႈက်ီရႊမ္းက အၿပံဳးမပ်က္ေပမယ့္ ႐ႈက်ီေဟြ႕က သူမကိုယ္ကို မထိန္းႏိုင္ေတာ့ဘဲ မ်က္ႏွာပ်က္လာသျဖင့္ ႐ႈက်ီေဟြ႕က သူ႔ညီမ၏ပုခံုးကို အသာဖက္ကာ ႏွစ္သိမ့္ေပးလိုက္သည္။

"သူက မင္းကို မသိလို႔ေျပာတာပါ.. တကယ္လို႔ ညီမေလးက အစ္ကိုေလး႐ႈနင္နဲ႔ ကစားခ်င္ရင္ ေႏြပိတ္ရက္အတြင္း ႐ႈပင္မအိမ္ေတာ္ကို သြားလည္ေလ.."

"အြန္း.."

႐ႈက်ီေဟြ႕က သူ႔အစ္ကို၏စကားေၾကာင့္ စိတ္သက္သာရာရသြားၿပီး ၿပံဳးကာေျပာလိုက္သည္။ ေဘးမွာကပ္ေနေသာ မိန္းကေလးေတြက ႐ႈနင္၏ မာနႀကီးၿပီး သူတို႔ကို ခင္မင္ပံုမရသည့္ပံုစံ၊ အစ္ကိုရႊမ္းကိုေတာင္ မ်က္ႏွာသာမေပးပံုကိုၾကည့္ၿပီး သူတို႔က ေဘးမွာဆက္မရပ္ရဲေတာ့ေပ။

အသက္ 20 အရြယ္ေတြက ႐ႈဟိန္ေဘးမွာ ဝန္းရံေျပာဆိုေနၾကေပမယ့္ ပိုငယ္ေသာလူငယ္ေလးေတြက ဟိုဟိုသည္သည္ သြားေနၾကသည္။ ႐ႈမိသားစုမွ လူငယ္အားလံုးက ၿပံဳးရႊင္ကာ ခ်စ္စရာေကာင္းေနၾကသည္။ ႐ႈနင္က သစ္သီးလတ္လတ္ဆတ္ဆတ္ကို ေသာက္ေနေပမယ့္ သူက သိပ္ေပ်ာ္ပံုမရသျဖင့္ ႐ႈဟိန္က စိတ္ပူကာ မ်က္ႏွာတၾကည့္ၾကည့္လုပ္ေနသည္။ ကိတ္ပန္းကန္ကို ႐ႈနင္၏ေရွ႕ကို ခ်ေပးလိုက္ေတာ့ ႐ႈနင္၏မ်က္ႏွာက ခ်က္ခ်င္းၿပံဳးရႊင္သြားခဲ့သည္။

အစ္ကိုႀကီးက အေကာင္းဆံုးပဲ.. သူပဲ ငါ့အႀကိဳက္ကို သိတယ္..

ညစာကို ႐ႈနင္ ေကာင္းေကာင္းမစားခဲ့ေသာေၾကာင့္ ဒီကေလး ဗိုက္ဆာေနမည္ကို ႐ႈဟိန္ စိုးရိမ္ေနသည္။ ဒါေၾကာင့္ သူက စားေကာင္းမည့္အရာမ်ားကို ယူလာဖို႔ ကိုယ္ရံေတာ္ကို ခုိင္းထားသျဖင့္ ႐ႈနင္၏ေရွ႕ကစားပြဲမွာ မုန္႔မ်ားျပည့္သြားခဲ့ၿပီး ႐ႈဟိန္က သူကိုယ္တိုင္ ႐ႈနင္ကုိယူေပးခဲ့သည္။ ခင္းက်င္းထားသည့္ စားပြဲေပၚက မုန္႔တစ္ခုေပၚ ႐ႈနင္ၾကည့္လိုက္မိလွ်င္ ႐ႈဟိန္က ခ်က္ခ်င္းယူေပးသည္။

႐ႈနင္၏ေျခေထာက္က နည္းနည္းေယာင္ေနေသးသျဖင့္ ႐ႈဟိန္က ႐ႈနင္ကို ေျခေထာက္ကို လံုးဝေထာက္ခြင့္မျပဳေပ။ ကုိယ္ရံေတာ္မ်ားက ပါးနပ္ေသာသူမ်ားျဖစ္ေသာေၾကာင့္ သခင္ေလး႐ႈဟိန္ကိုယ္တိုင္ အေရးတယူရွိေသာ သခင္ေလး႐ႈနင္ကို သူတို႔သခင္လို ေသခ်ာျပဳစုေပးေနၾကသည္။

႐ႈနင္က စားပြဲေပၚက စေတာ္ဘယ္ရီသီးနီနီတင္ထားေသာ ကိတ္ကိုၾကည့္လိုက္ၿပီး အစ္ကိုႀကီးယူလာေပးေသာ စေတာ္ဘယ္ရီကိတ္ကို သတိရကာ ႏႈတ္ခမ္းေလးမ်ား ေကာ့ညြတ္ေအာင္ ၿပံဳးလိုက္သည္။ ထိုကိတ္က ခ်က္ခ်င္း သူ႔ေရွ႕ကိုေရာက္လာေတာ့ ႐ႈနင္က ေပ်ာ္သြားၿပီး စေတာ္ဘယ္ရီသီးကို လွမ္းယူကာ ႐ႈဟိန္၏ႏႈတ္ခမ္းေဘးကို ေတ့ေပးကာ ေျပာလိုက္သည္။

"အစ္ကိုႀကီးက ညစာလည္း ေကာင္းေကာင္းမစားခဲ့ဘူးမလား.. အခ်ိဳပြဲနည္းနည္းစားလိုက္ဦးေလ.."

"တစ္ဖက္သားကို ဘယ္လိုဂ႐ုစိုက္ရမယ္ဆိုတာ သိေနၿပီေပါ့ေလ.."

"အစ္ကိုႀကီးက ကၽြန္ေတာ့္ရဲ့စံျပလို ျဖစ္ေနတာကိုး.. အ႐ူးမဟုတ္တဲ့သူတိုင္း ဒီေလာက္ေတာ့ တတ္ရမွာေပါ့.."

"မင္းသိတယ္ဆိုရင္ေတာ့ မဆိုးပါဘူး.. အစ္ကိုႀကီးရဲ့ညီအေနနဲ႔ သိကၡာမက်ေစနဲ႔.."

"ဒါဆို ကၽြန္ေတာ့္ၾကင္နာမႈကိုလည္း အလကားမျဖစ္ေစနဲ႔.."

ဒီညီအစ္ကို၏ခ်စ္ျခင္းကို ျမင္ေနသည့္ အုပ္စုတစ္စုလံုးက မယံုႏိုင္စြာ ေငးၾကည့္ေနမိသည္။

႐ႈခိုင္အႏွစ္သက္ဆံုးအလုပ္က ႐ႈဟိန္ဆီက မ်က္ႏွာသာေပးျခင္းကို ရရွိဖို႔ပဲျဖစ္သည္။ ႐ႈဟိန္၏ ခ်စ္ခင္ႏွစ္သက္မႈကို ရရွိသိမ္းပိုက္သြားေသာ ႐ႈနင္ကို စိုက္ၾကည့္ကာ ႐ႈနင္က ဘာရည္ရြယ္ေနသလဲဆိုတာ စဥ္းစားေနသည္။ ႐ႈနင္က ႐ႈက်ီရႊမ္းကို ေစ့ေစ့မၾကည့္ရဲေအာင္ ႐ိုက္ခ်လိုက္တာကိုေတာ့ သေဘာက်ေနသည္။ ႐ႈနင္က သူတို႔ကို မေကာင္းတာတစ္ခုခုေျပာလိုက္ရင္ ႐ႈဟိန္က သူတို႔ကို စိတ္ပ်က္သြားမွာကို ႐ႈခုိင္ စိတ္ပူလာသည္။

႐ႈဟိန္က အရမ္းကိုသန္မာၿပီး လက္တစ္ဖက္ေျမႇာက္လိုက္႐ံုႏွင့္ ၿပိဳင္ဖက္ကို သတ္ျဖတ္ႏုိင္စြမ္းရွိသည္။ ႐ႈပင္မအိမ္ေတာ္က မ်ိဳးဆက္တိုင္းက အင္မတန္ကိုေတာ္ၿပီး ထက္ျမက္လြန္းလွသည္။ ႐ႈခ်ိန္လည္း သူ႔ကိုဆန္႔က်င္သူတိုင္းကို ေအာင္ျမင္စြာျဖဳတ္ခ်ႏိုင္ခဲ့ၿပီး ႐ႈေကာင္းသည္လည္း ၿပံဳးေနရင္ေတာင္ တစ္ဖက္လူကို ေခါင္းေမႊးေထာင္ေအာင္ ၿခိမ္းေျခာက္ႏိုင္စြမ္းရွိသည္။ ပင္မအိမ္ေတာ္က ေတာ္ထက္ၾကေပမယ့္ ႐ႈနင္ပံုစံက ဇာမဏီၾကား ၾကက္တစ္ေကာင္ေရာက္ေနသလို အားနည္းေပ်ာ့ညံ့လွသည္။ ဒါက ႐ႈဟိန္၏အစီအစဥ္တစ္ခုမ်ား ျဖစ္ေနမလား..။

႐ႈနင္ကို ႐ႈဟိန္က တမင္သက္သက္ အရမ္းကိုယုယကာ သူ႔ဘာသာမရပ္တည္ႏိုင္ေအာင္ ေပ်ာ့ညံ့တဲ့လူတစ္ေယာက္ျဖစ္ေအာင္ လုပ္ေနတာမ်ားလား။ တစ္ဖက္သားကို မွီခိုလြန္းတဲ့ အားနည္းသူျဖစ္သြားရင္ ႐ႈနင္ကို ႐ႈခ်ိန္ႏွင့္ ႐ႈေကာင္းက စိတ္ပ်က္သြားႏိုင္သည္။ ဒါဆို ဘယ္ေလာက္ေကာင္းလိုက္လဲ..။ ႐ႈနင္က သူ႔ေသလမ္းကို ေလွ်ာက္ေနတာပဲေပါ့..။ သူတို႔အေတာ္ၾကာ အကဲခတ္ၾကေပမယ့္ ဒီညီအစ္ကိုႏွစ္ေယာက္က ဘာမွထူးျခားမႈမရွိၾကေပ။ ဒါကို သူတို႔ ဆက္ၾကည့္ရဦးမွာေပါ့။

႐ႈက်ီရႊမ္းကလြဲရင္ ႐ႈနင္ကို လာၿပီးေႏွာင့္ယွက္သူ မရွိသလို ႐ႈဟိန္ကိုလာေႏွာင့္ယွက္ဖို႔ဆိုတာက ပိုရွားပါးလွသည္။ သူတို႔အားလံုးက အဆင့္အတန္းရွိေသာ သခင္ေလးမ်ားျဖစ္ၾကသည္။ ယခုအခါ ႐ႈအိမ္ေတာ္မ်ိဳးဆက္သစ္ထဲက ဒုတိယအႀကီးဆံုး ႐ႈေဟာက္က သူတို႔ႏွင့္မ်က္ႏွာခ်င္းဆုိင္က ဆိုဖာေပၚမွာ ေျခခ်ိတ္ကာထိုင္ေနသည္။ ႐ႈေဟာက္က အသက္ 27 ႏွစ္ရွိေနၿပီဆိုေပမယ့္ ဝါစဥ္အရ၊ ေလးစားမႈအရ ႐ႈဟိန္ကို အစ္ကိုဟိန္ဟုေခၚေလ့ရွိသည္။ တခ်ိဳ႕အသက္ႀကီးပိုင္းလူငယ္ေတြက ႐ႈဟိန္ပါးစပ္က သူတို႔ကို 'ညီအစ္ကို' လို႔ေခၚမည္ကို ေစာင့္ေမွ်ာ္ေနၾကေပမယ့္ ႐ႈဟိန္က သူတို႔ကို 'မင္း' လို႔သာ သံုးႏႈန္းေျပာဆိုသျဖင့္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနေပမယ့္ အေပၚယံမွာေတာ့ ၿပံဳးေနၾကသည္။ ႐ႈေဟာက္ကေတာ့ ႐ႈဟိန္တုိ႔ကို ေအးေဆးစြာၾကည့္ကာ စကားေျပာေနသည္။ ႐ႈေဟာက္က လူေကာင္းျဖစ္ၿပီး ႐ႈဟိန္ငယ္စဥ္က အိမ္လာလည္ကာ အတူကစားေပးေလ့ရွိသည္။ သူ႔ပုခံုးေပၚတင္ၿပီး တိရိစာၦန္ဥယ်ာဥ္ကို ကစားဖို႔ပင္ ေခၚသြားေလ့ရွိသည္။ ႐ႈေဟာက္က ဒီ႐ႈမိသားစုလူငယ္ေတြထဲမွာ စိတ္ေကာင္းရွိေသာသူဆိုတာ ႐ႈနင္သိသည္။ ႐ႈေဟာက္က ႐ႈနင္စိတ္ဝင္စားမည့္စကားမ်ားကို ေျပာဆိုေပးေနေသးသည္။

တစ္နာရီေလာက္ၾကာေတာ့ ႐ႈဟိန္က ႐ႈနင္ကုိကူညီကာ ျပန္ဖို႔ျပင္လိုက္သည္။ လူငယ္အုပ္စုက ခ်က္ခ်င္းပင္ ေပ်ာ္ရႊင္တက္ၾကြသြားၾကသည္။ ေနာက္ဆံုး အားျပင္းသည့္ အစ္ကိုႀကီး႐ႈဟိန္ ျပန္ေတာ့မည္၊ ဒါဆို သူတို႔ ပိုၿပီး လြတ္လပ္ေပ်ာ္ရႊင္စြာ ေနႏိုင္ေတာ့မည္။ ႐ႈဟိန္က ခါတိုင္းႏွစ္လိုပဲ ေရာက္လာၿပီး မ်က္ႏွာတည္တည္ျဖင့္ ခံုမွာထိုင္ၿပီး လူငယ္မ်ားကို စကားနည္းနည္းေျပာကာ ခဏၾကာလွ်င္ ျပန္သြားေလ့ရွိသည္။ ဒီႏွစ္ေတာ့ ႐ႈဟိန္က ႐ႈနင္ေက်နပ္ေစဖို႔ အၾကာႀကီးေနသြားခဲ့တာျဖစ္သည္။ ဒါေပမယ့္ အခုေတာ့ ႐ႈနင္အိပ္ခ်ိန္ေရာက္ေနေသာေၾကာင့္ ႐ႈဟိန္က ျပန္ဖို႔ျပင္လိုက္တာျဖစ္သည္။

ပါတီကလူအားလံုးက ႐ႈဟိန္ကို ကားဆီကိုလိုက္ပို႔ေပးၾကသည္။

ကားထဲေရာက္ေတာ့ ႐ႈနင္က ရယ္ၿပီး ႐ႈဟိန္ကို သတိေပးလိုက္သည္။

"ဒီလူေတြက အတုအေယာင္ေတြခ်ည္းပဲ.."

=========================

Chapter (44) – ကျွန်တော်က သူတို့ကို မသိဘူး (Z+U)

ဒီလုပ်ရပ်က C မြို့တော်က နာမည်ကျော်မင်းသားလေး ရှုကျီရွှမ်း၏ပါးကို လူပုံအလယ်မှာ ဖြတ်ရိုက်လိုက်သလိုပါပဲ။ ဒီလိုမျိုးကို ဘယ်သူမှ မလုပ်ရဲကြပေ။

သူက ဘာကြောင့် မင်းသားတစ်ပါး ဖြစ်ရမှာလဲ..?

ဘာကြောင့်လဲဆိုတော့ ရှုကျီရွှမ်းက စတိုင်လ်ကျပြီး လုပ်နိုင်စွမ်းရည်ရှိသည့်အပြင် ရုပ်ရည်သွင်ပြင်လှပကာ နှစ်လိုဖွယ်အပြုံးကို ပိုင်ဆိုင်ထားသည်။ သူက နေရောင်အောက်က ကျောက်စိမ်းနှယ် လူကြားထဲမှာ ထင်ရှားပြီး သူ့ပြုမူဆောင်ရွက်ပုံက မြင့်မြတ်သောသခင်လေး၏ အရှိန်အဝါများ ထုတ်လွှတ်နေသလိုပင်။ အရင်ဘဝကတော့ ရှုနင်က သူ့ကိုမြင်တော့ မျက်လုံးမလွှဲနိုင်အောင် ငေးမောကြည့်ခဲ့ရဖူးသည်။ သူက ကောင်းကင်ဘုံက နတ်သားလေးလို ဖြူစင်မြင့်မြတ်သည်ဟုလည်း ထင်ခဲ့ဖူးသည်။ ဒါပေမယ့် ဒါတွေက အတွင်းကပုပ်သိုးနေသောစိတ်ကို ဖုံးကွယ်သော ဟန်ဆောင်မှုဆိုတာ နှောင်းမှ သူသိခဲ့ရသည်။

ရှုနင် သူ့ကို ခုလိုပြောလိုက်ပေမယ့် သူက ရှုနင်ကို လှိုက်လှဲစွာပြုံးပြနေသေးသည်။ သူက လူကောင်းဇာတ်ရုပ်လုပ်ပြနေတော့ ကျော်သွားဖို့ခက်သွားပြီပေါ့။

ရှုကျီရွှမ်း၏ တင့်တယ်သောရုပ်ရည်၊ နွေးထွေးသောအပြုံးကြောင့် သူ့အစ်ကိုဝမ်းကွဲသာမဟုတ်လျှင် အရင်ဘဝက သူ ရှုကျီရွှမ်းကို လိုက်ခဲ့ပြီးလေပြီ။ ရှုကျီရွှမ်းက ဘယ်လောက်တော်တော် နတ်ဘုရားကြီး ရှုဟိန်ကိုတော့ ဘယ်ယှဉ်လို့ရလိမ့်မလဲ..။ ရှုဟိန်က ကောင်းကင်ထက်မှာ ပျံသန်းနေသော ရွှေနဂါးကြီးဖြစ်ပြီး ထိုနဂါးမင်းက မြေပြင်ကိုဆင်းသက်လာသည်နှင့် ရှိသမျှလူအားလုံး ဒူးထောက်ခစားရလောက်အောင် တန်ခိုးသြဇာကြီးမားလှသည်။

ရှုကျီရွှမ်းက မြေပြင်မှာ တောကောင်အုပ်ကြီးကို ဦးဆောင်နိုင်သော ကျားရဲနှင့်တူပေမယ့် ကောင်းကင်ပေါ်က နဂါးမင်းကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ..။ ရှုဟိန်က ချို့ယွင်းချက်မရှိအောင် တော်လွန်းပြီး နတ်ဘုရားတစ်ပါးလိုချောမောကာ စွမ်းအားထက်လွန်းသည်။ ဒီလိုချောမောထက်မြက်သည့် ရှုဟိန်က သူ့အဖေတူ၊ အမေကွဲအစ်ကိုဖြစ်နေလို့သာ နေ့တိုင်း မျက်နှာချင်းဆိုင်တွေ့လည်း သူရင်မခုန်မိတာဖြစ်သည်။ ပြောရရင် သူက ဂုဏ်သိက္ခာရှိတဲ့ Homo တစ်ယောက်ပဲလေ။

ရှုနင်က ရှုကျီရွှမ်းကို သူ့လမ်းပိတ်နေပါတယ်လို့ ပြောလိုက်တော့ သူတို့ဘေးပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သည်းသည်းဖြစ်သွားကြပြီး လူတွေက ဝိုင်းအုံကာ ပွဲကြည့်ဖို့ မသိမသာရှိုးနေကြသည်။ တချို့ကတော့ ရှုကျီရွှမ်းကို ပြောင်ပြောင်တင်းတင်း လှောင်ရယ်လိုက်ကြသည်။ ရှုကျီရွှမ်းက ရင်ထဲမှာ ဒေါသထွက်သွားပေမယ့် ဟန်မပျက် နောက်တစ်လှမ်းဆုတ်လိုက်သည်။ ပြီးတော့ ပြုံးလိုက်ပြီး ဒူးတစ်ဖက်ကွေးထိုင်ကာ ရှုနင်၏ခြေထောက်ကိုကြည့်ပြီး မေးလိုက်သည်။

"မင်းရဲ့ခြေထောက်က ဘာဖြစ်လို့လဲ.."

ဖော်ရွေသောအပြုံး၊ ကြင်နာသောလေသံနှင့် စာနာသောအမေးစကားကို ကြားလျှင် ဘယ်သူမဆို သူ့အမေးကို ပြန်ဖြေမိမှာသေချာသည်။

"ကျွန်တော် အစ်ကို့ကို မသိဘူး.. ဒါကြောင့် လမ်းအရင်ဖယ်ပေးလို့ရမလား.."

ရှုနင်ကတော့ သူ့ကိုတိုက်ရိုက်ဆန့်ကျင်ကာ မပျော်မရွှင်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီဗျာ.."

ရှုကျီရွှမ်းက အသာအယာဖြေကာ ဒေါသရိပ်လုံးဝမထင်ဘဲ အသာထကာ ဘေးကိုဖယ်ပေးလိုက်သည်။ ရှုနင် သူ့ကို ထပ်အရှက်မခွဲနိုင်ဖို့ သူ ဘာစကားမှမပြောတော့ပေ။

ရှုဟိန်က ရှုကျီရွှမ်းကို တစ်စက်တောင်လှည့်မကြည့်ဘဲ ဘီးတပ်ကုလားထိုင်ကိုတွန်းကာ အကြီးဆုံးနှင့် အနူးညံ့ဆုံးဖြစ်သည့် ထိပ်ဆုံးမှ အဓိကဆိုဖာခုံဆီကို ဦးတည်လာခဲ့ပြီး ရှုနင်ကိုပွေ့ကာ ခုံပေါ်တင်ပေးလိုက်သည်။ ခါတိုင်း ဒီခုံပေါ်မှာ ရှုဟိန်တစ်ယောက်သာ ထိုင်ခွင့်ရှိပြီး ယခုတော့ သူ့ညီလေးနှင့် ယှဉ်တွဲထိုင်ရမည်ဖြစ်လို့ ရင်ခုန်နေသည်ကို အပေါ်ယံမှာမပေါ်အောင် ဖုံးကွယ်ထားလိုက်သည်။

အရင်ဘဝမှာတော့ ဒီနေရာက ရှုနင်သေမတတ်ထိုင်ချင်ခဲ့သော နေရာဖြစ်ပြီး သေသည်အထိ ထိုင်ခွင့်မရခဲ့ပေ။ ယခုဘဝမှာတော့ အဖြစ်အပျက်အားလုံး ပြောင်းလဲသွားလေပြီ။

လူများစွာက ရှုဟိန်ကို ဝိုင်းဝန်းနှုတ်ဆက်ကာ မြှောက်ပင့်ကြသည်။ သူတို့ကို ရှုဟိန်က ခေါင်းညိတ်နှုတ်ဆက်လိုက်၊ စကားနည်းနည်းပြောလိုက်သာလုပ်နေပြီး ဘေးကရှက်နေသော ရှုနင်ကိုသာ အာရုံစိုက်နေသည်။ ဘေးမှာရှိတဲ့ ဒီလူတွေအကုန်က ရှုဟိန်ဆီကမျက်နှာသာရဖို့၊ နောင်မှာ ရှုဟိန်အပေါ် သစ္စာရှိပါမည့်အကြောင်း မျိုးစုံပြသလျက်ရှိသည်။ ရှုဟိန်အသိအမှတ်ပြုခဲ့သူတွေက ထူးခြားသော အရည်အသွေးရှိသူများဖြစ်ပြီး နောင်မှာ သူ့ကို တကယ်သစ္စာရှိသူများဖြစ်ကြသည်။

အား.. ရှုဟိန်က လူတွေကို အကဲဖြတ်တဲ့စွမ်းရည်က ငါ့ထက်ကို အများကြီးတော်တာပဲ..။

ရှုဟိန်က ဖန်ခွက်ကိုလှမ်းယူလိုက်ချိန် သူ့လက်ကောက်ဝတ်ကို တင်းကျပ်စွာဆုပ်ကိုင်ခံလိုက်ရသဖြင့် လှည့်ကြည့်လိုက်တော့ ရှုဟိန်၏ မှေးမှိန်သောအကြည့်ကို တွေ့လိုက်ရတော့ ရှုနင်က ဘာမှမသိသည့် ရိုးသားဖြူစင်သည့် ယုန်လေးပုံစံ ကြည့်လိုက်သည်။

"ဒါ.. ငါ့ဝိုင်ခွက်.."

ရှုနင်က အစ်ကိုကြီးအလစ်မှာ ဝိုင်တစ်ငုံလောက် ခိုးသောက်ချင်ပေမယ့် ခုလို လူမိသွားသဖြင့် ရူးချင်ယောင်ဆောင်လိုက်သည်။

"ကျွန်တော် သောက်မိတော့မလို့.."

ရှုဟိန်က သစ်သီးဖျော်ရည်တစ်ခွက်ကို သူ့ဘာသာယူပြီး တစ်ငုံမြည်းကြည့်ပြီးနောက် ဝတ်စုံပြည့်နှင့်လူတစ်ဦးကို လှမ်းခေါ်ပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ဖျော်ရည်တစ်ခွက်ယူလာဖို့ ခိုင်းလိုက်သည်။ ထိုလူက ရှုဟိန်၏ကိုယ်ရံတော်တစ်ယောက်ဖြစ်သောကြောင့် ဒီဖျော်ရည်ထဲ အဆိပ်ပါလို့များလားဟု ထင်လိုက်ပြီး တိုးတိုးမေးလိုက်သည်။

"ဘာဖြစ်လို့လဲ.."

"ချိုလွန်းတယ်.."

ချိုတယ်..?? ကျွန်တော်ကြိုက်တယ်လေ..

"အစ်ကိုကြီး.. အဲ့တာ သရက်သီးဖျော်ရည်လေ.. ကျွန်တော်ကြိုက်တယ်.."

"အချိုများလွန်းတာ မင်းအတွက် မသင့်တော်ဘူး.. ပြီးတော့ အခုက နောက်ကျနေပြီ.. ညအိပ်မပျော်ဘဲနေမယ်.."

တကယ်ကြီးလား.. ရှုနင်က ရှုဟိန်၏ တင်းကျပ်သောစည်းကမ်းကြီးအောက် ရောက်နေသလို ခံစားလိုက်ရသည်။ အစ်ကိုကြီးရေ.. ဒီသရက်သီးဖျော်ရည်က ချိုလွန်းတယ်ဆိုရင် ကျွန်တော်က အချိုရည်ဘူးကို သောက်ခွင့်မရှိတော့ဘူးပေါ့..။ အခြေခံလူတန်းစားတွေက လစာသိပ်မများလို့ ဘူးဖျော်ရည်တွေကိုသာ သောက်ခဲ့ရသည်။ နောက်ပိုင်းဖျော်ရည်တွေက ပိုသန့်ရှင်းပြီး ပိုကောင်းလာလို့ ကလေးတွေသောက်တာ သိပ်မများရင်တောင် ဘာမှထိခိုက်မှုမရှိနိုင်ပေ။ ဒါကြောင့် ကျွန်တော်က အချိုရည်ဘူးသောက်ခွင့်မရှိတော့တာတော့ မဟုတ်ဘူးမလား..။

ဒါပေမယ့် လူကြားထဲဖြစ်သောကြောင့် ရှုနင်က စကားနားထောင်ပြီး လိမ်မာစွာထိုင်နေလိုက်သည်။ ရှုနင်က သူ့ဘေးက ဒရမ်မာပွဲကို စိတ်ဝင်စားစွာကြည့်လိုက်သည်။ ရှုကျီရွှမ်းနှင့် ရှုကျီဟွေ့တို့မောင်နှမက နံဘေးမှာ တိတ်ဆိတ်စွာရပ်ပြီး စောင့်နေသောကြောင့်ဖြစ်သည်။
ရှုကျီဟွေ့က ရှုကျီရွှမ်းထက်ငယ်ရွယ်ပြီး စပ်စုစွာဖြင့် သူမအစ်ကိုကို မေးလိုက်သည်။

"အစ်ကိုကြီး.. သူက ဘယ်သူလဲ.."

"သူက ရှုနင်လေ.. အဓိကပင်မအိမ်တော်ကြီးရဲ့ ဒုတိယသခင်လေး.. မင်းရဲ့အစ်ကိုလေးဖြစ်တယ်.."

"အစ်ကိုလေးလား.. သူက ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတာ ခြေထောက်ကို ထိခိုက်ထားမိလို့လား.."

သူမက ကြီးမားဝိုင်းစက်သော မျက်ဝန်းများဖြင့် မေးနေပုံက အပြစ်ကင်းကာ ချစ်စရာကောင်းလှသည်။ သူမက သူမအစ်ကိုကဲ့သို့ပင် နွေးထွေးသောအပြုံးလေးနှင့် တစ်ဖက်သားကို ကောင်းကောင်းလှည့်စားနိုင်စွမ်းရှိသည်။ တခြား ရှုမျိုးရိုးထဲက မိန်းကလေးများက ဒီလိုဝင်ရောချင်ပေမယ့် နှုတ်မရဲသောကြောင့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသည်။ ရှုကျီဟွေ့က ရှုနင်၏စိတ်ထဲမှာ အကောင်းမြင်စိတ်ဝင်အောင် ကြိုးစားနေတာဖြစ်သည်။

အရင်ဘဝက မှတ်ဉာဏ်တွေကြောင့် ရှုနင်က သူမကို ခွင့်မလွှတ်နိုင်ပေ။ ဒါကြောင့် သူက မပျော်မရွှင်ဖြစ်ကာ မေးလိုက်သည်။

"ဘယ်သူက မင်းရဲ့အစ်ကိုလဲ.. တွေ့ရာလျှောက်မခေါ်နဲ့.."

"........."

ထိုမိန်းကလေးက ကြောင်သွားပြီး သူမ၏ချိုသာပြီး သဘောကောင်းပုံကို ဆက်ထိန်းဖို့ခက်သွားခဲ့သည်။ သူမက နှုတ်ခမ်းစူကာ မူနွဲ့ဟန်ဖြင့် ဆက်ပြောလိုက်သည်။

"ဟင့်.. အင်း.. အစ်ကိုကြီးလို့.."

"အဲ့လိုမခေါ်နဲ့.. ခင်ဗျားက 18, 19 နှစ်လောက်ရှိနေပြီလို့ ထင်ရတယ်.. ကျွန်တော်က ခုမှ 13 နှစ်ပဲရှိသေးတယ်.. ဒါကြောင့် ဒီလိုမခေါ်ပါနဲ့.."

ရှုနင်က သူမကို နှုတ်သီးကောင်းလျှာပါးပြောလိုက်ပြီး အစ်ကိုကြီး၏လက်မောင်းကို မှီကာ ကလေးဆန်ဆန်ပုံစံလေးနှင့် ပြောလိုက်သည်။

"အစ်ကိုကြီး.. ဒီလူတွေက ကျွန်တော့်ကို သိသလိုလုပ်နေကြတယ်.. ကျွန်တော်က သူတို့ကိုမသိဘဲနဲ့.. ထူးဆန်းလိုက်တာ.."

ရှုဟိန်က ရှုနင်၏မျက်နှာသေးသေးလေးကို ချစ်မြတ်နိုးစွာပွတ်သပ်ရင်း ပြောလိုက်သည်။

"ကြိုးစားတဲ့သူတွေက ရည်မှန်းချက်ကြီးကြတယ်.."

ဘေးပတ်လည်က လူငယ်အုပ်စုက မျက်နှာမပျက်အောင် ထိန်းထားကြသည်။ ရှုဟိန်က ဒီလိုမျိုးပဲ ဘယ်သူ့ကိုမှမျက်နှာသာမပေးဘဲ တဲ့တိုးပြောဆိုတတ်သည်ကို ကျင့်သားရနေပြီဖြစ်သည်။ ရှုဟိန်၏အကြည့်က အင်မတန်စူးရှကာ သူ့မျက်စိအောက်မှာ ဘယ်သူ့အကြံမှ ဖုံးကွယ်လို့မရနိုင်ပေ။ သူက ရှုမိသားစုလူငယ်မျိုးဆက်မှာ အကြီးဆုံးဖြစ်သောကြောင့် သူပြောသမျှကို လူတိုင်းက မဆန့်ကျင်ရဲဘဲ နားထောင်ကြရသည်။

ရှုနင်က ဒီစကားကိုကြားတော့ အရင်ဘဝက ဒီလိုလူစားထဲက တစ်ယောက်ဖြစ်ခဲ့သောကြောင့် ရှက်ရွံ့သွားမိသည်။

ရှုကျီရွှမ်းက အပြုံးမပျက်ပေမယ့် ရှုကျီဟွေ့က သူမကိုယ်ကို မထိန်းနိုင်တော့ဘဲ မျက်နှာပျက်လာသဖြင့် ရှုကျီဟွေ့က သူ့ညီမ၏ပုခုံးကို အသာဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။

"သူက မင်းကို မသိလို့ပြောတာပါ.. တကယ်လို့ ညီမလေးက အစ်ကိုလေးရှုနင်နဲ့ ကစားချင်ရင် နွေပိတ်ရက်အတွင်း ရှုပင်မအိမ်တော်ကို သွားလည်လေ.."

"အွန်း.."

ရှုကျီဟွေ့က သူ့အစ်ကို၏စကားကြောင့် စိတ်သက်သာရာရသွားပြီး ပြုံးကာပြောလိုက်သည်။ ဘေးမှာကပ်နေသော မိန်းကလေးတွေက ရှုနင်၏ မာနကြီးပြီး သူတို့ကို ခင်မင်ပုံမရသည့်ပုံစံ၊ အစ်ကိုရွှမ်းကိုတောင် မျက်နှာသာမပေးပုံကိုကြည့်ပြီး သူတို့က ဘေးမှာဆက်မရပ်ရဲတော့ပေ။

အသက် 20 အရွယ်တွေက ရှုဟိန်ဘေးမှာ ဝန်းရံပြောဆိုနေကြပေမယ့် ပိုငယ်သောလူငယ်လေးတွေက ဟိုဟိုသည်သည် သွားနေကြသည်။ ရှုမိသားစုမှ လူငယ်အားလုံးက ပြုံးရွှင်ကာ ချစ်စရာကောင်းနေကြသည်။ ရှုနင်က သစ်သီးလတ်လတ်ဆတ်ဆတ်ကို သောက်နေပေမယ့် သူက သိပ်ပျော်ပုံမရသဖြင့် ရှုဟိန်က စိတ်ပူကာ မျက်နှာတကြည့်ကြည့်လုပ်နေသည်။ ကိတ်ပန်းကန်ကို ရှုနင်၏ရှေ့ကို ချပေးလိုက်တော့ ရှုနင်၏မျက်နှာက ချက်ချင်းပြုံးရွှင်သွားခဲ့သည်။

အစ်ကိုကြီးက အကောင်းဆုံးပဲ.. သူပဲ ငါ့အကြိုက်ကို သိတယ်..

ညစာကို ရှုနင် ကောင်းကောင်းမစားခဲ့သောကြောင့် ဒီကလေး ဗိုက်ဆာနေမည်ကို ရှုဟိန် စိုးရိမ်နေသည်။ ဒါကြောင့် သူက စားကောင်းမည့်အရာများကို ယူလာဖို့ ကိုယ်ရံတော်ကို ခိုင်းထားသဖြင့် ရှုနင်၏ရှေ့ကစားပွဲမှာ မုန့်များပြည့်သွားခဲ့ပြီး ရှုဟိန်က သူကိုယ်တိုင် ရှုနင်ကိုယူပေးခဲ့သည်။ ခင်းကျင်းထားသည့် စားပွဲပေါ်က မုန့်တစ်ခုပေါ် ရှုနင်ကြည့်လိုက်မိလျှင် ရှုဟိန်က ချက်ချင်းယူပေးသည်။

ရှုနင်၏ခြေထောက်က နည်းနည်းယောင်နေသေးသဖြင့် ရှုဟိန်က ရှုနင်ကို ခြေထောက်ကို လုံးဝထောက်ခွင့်မပြုပေ။ ကိုယ်ရံတော်များက ပါးနပ်သောသူများဖြစ်သောကြောင့် သခင်လေးရှုဟိန်ကိုယ်တိုင် အရေးတယူရှိသော သခင်လေးရှုနင်ကို သူတို့သခင်လို သေချာပြုစုပေးနေကြသည်။

ရှုနင်က စားပွဲပေါ်က စတော်ဘယ်ရီသီးနီနီတင်ထားသော ကိတ်ကိုကြည့်လိုက်ပြီး အစ်ကိုကြီးယူလာပေးသော စတော်ဘယ်ရီကိတ်ကို သတိရကာ နှုတ်ခမ်းလေးများ ကော့ညွတ်အောင် ပြုံးလိုက်သည်။ ထိုကိတ်က ချက်ချင်း သူ့ရှေ့ကိုရောက်လာတော့ ရှုနင်က ပျော်သွားပြီး စတော်ဘယ်ရီသီးကို လှမ်းယူကာ ရှုဟိန်၏နှုတ်ခမ်းဘေးကို တေ့ပေးကာ ပြောလိုက်သည်။

"အစ်ကိုကြီးက ညစာလည်း ကောင်းကောင်းမစားခဲ့ဘူးမလား.. အချိုပွဲနည်းနည်းစားလိုက်ဦးလေ.."

"တစ်ဖက်သားကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိနေပြီပေါ့လေ.."

"အစ်ကိုကြီးက ကျွန်တော့်ရဲ့စံပြလို ဖြစ်နေတာကိုး.. အရူးမဟုတ်တဲ့သူတိုင်း ဒီလောက်တော့ တတ်ရမှာပေါ့.."

"မင်းသိတယ်ဆိုရင်တော့ မဆိုးပါဘူး.. အစ်ကိုကြီးရဲ့ညီအနေနဲ့ သိက္ခာမကျစေနဲ့.."

"ဒါဆို ကျွန်တော့်ကြင်နာမှုကိုလည်း အလကားမဖြစ်စေနဲ့.."

ဒီညီအစ်ကို၏ချစ်ခြင်းကို မြင်နေသည့် အုပ်စုတစ်စုလုံးက မယုံနိုင်စွာ ငေးကြည့်နေမိသည်။

ရှုခိုင်အနှစ်သက်ဆုံးအလုပ်က ရှုဟိန်ဆီက မျက်နှာသာပေးခြင်းကို ရရှိဖို့ပဲဖြစ်သည်။ ရှုဟိန်၏ ချစ်ခင်နှစ်သက်မှုကို ရရှိသိမ်းပိုက်သွားသော ရှုနင်ကို စိုက်ကြည့်ကာ ရှုနင်က ဘာရည်ရွယ်နေသလဲဆိုတာ စဉ်းစားနေသည်။ ရှုနင်က ရှုကျီရွှမ်းကို စေ့စေ့မကြည့်ရဲအောင် ရိုက်ချလိုက်တာကိုတော့ သဘောကျနေသည်။ ရှုနင်က သူတို့ကို မကောင်းတာတစ်ခုခုပြောလိုက်ရင် ရှုဟိန်က သူတို့ကို စိတ်ပျက်သွားမှာကို ရှုခိုင် စိတ်ပူလာသည်။

ရှုဟိန်က အရမ်းကိုသန်မာပြီး လက်တစ်ဖက်မြှောက်လိုက်ရုံနှင့် ပြိုင်ဖက်ကို သတ်ဖြတ်နိုင်စွမ်းရှိသည်။ ရှုပင်မအိမ်တော်က မျိုးဆက်တိုင်းက အင်မတန်ကိုတော်ပြီး ထက်မြက်လွန်းလှသည်။ ရှုချိန်လည်း သူ့ကိုဆန့်ကျင်သူတိုင်းကို အောင်မြင်စွာဖြုတ်ချနိုင်ခဲ့ပြီး ရှုကောင်းသည်လည်း ပြုံးနေရင်တောင် တစ်ဖက်လူကို ခေါင်းမွှေးထောင်အောင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ပင်မအိမ်တော်က တော်ထက်ကြပေမယ့် ရှုနင်ပုံစံက ဇာမဏီကြား ကြက်တစ်ကောင်ရောက်နေသလို အားနည်းပျော့ညံ့လှသည်။ ဒါက ရှုဟိန်၏အစီအစဉ်တစ်ခုများ ဖြစ်နေမလား..။

ရှုနင်ကို ရှုဟိန်က တမင်သက်သက် အရမ်းကိုယုယကာ သူ့ဘာသာမရပ်တည်နိုင်အောင် ပျော့ညံ့တဲ့လူတစ်ယောက်ဖြစ်အောင် လုပ်နေတာများလား။ တစ်ဖက်သားကို မှီခိုလွန်းတဲ့ အားနည်းသူဖြစ်သွားရင် ရှုနင်ကို ရှုချိန်နှင့် ရှုကောင်းက စိတ်ပျက်သွားနိုင်သည်။ ဒါဆို ဘယ်လောက်ကောင်းလိုက်လဲ..။ ရှုနင်က သူ့သေလမ်းကို လျှောက်နေတာပဲပေါ့..။ သူတို့အတော်ကြာ အကဲခတ်ကြပေမယ့် ဒီညီအစ်ကိုနှစ်ယောက်က ဘာမှထူးခြားမှုမရှိကြပေ။ ဒါကို သူတို့ ဆက်ကြည့်ရဦးမှာပေါ့။

ရှုကျီရွှမ်းကလွဲရင် ရှုနင်ကို လာပြီးနှောင့်ယှက်သူ မရှိသလို ရှုဟိန်ကိုလာနှောင့်ယှက်ဖို့ဆိုတာက ပိုရှားပါးလှသည်။ သူတို့အားလုံးက အဆင့်အတန်းရှိသော သခင်လေးများဖြစ်ကြသည်။ ယခုအခါ ရှုအိမ်တော်မျိုးဆက်သစ်ထဲက ဒုတိယအကြီးဆုံး ရှုဟောက်က သူတို့နှင့်မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာ ခြေချိတ်ကာထိုင်နေသည်။ ရှုဟောက်က အသက် 27 နှစ်ရှိနေပြီဆိုပေမယ့် ဝါစဉ်အရ၊ လေးစားမှုအရ ရှုဟိန်ကို အစ်ကိုဟိန်ဟုခေါ်လေ့ရှိသည်။ တချို့အသက်ကြီးပိုင်းလူငယ်တွေက ရှုဟိန်ပါးစပ်က သူတို့ကို 'ညီအစ်ကို' လို့ခေါ်မည်ကို စောင့်မျှော်နေကြပေမယ့် ရှုဟိန်က သူတို့ကို 'မင်း' လို့သာ သုံးနှုန်းပြောဆိုသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေပေမယ့် အပေါ်ယံမှာတော့ ပြုံးနေကြသည်။ ရှုဟောက်ကတော့ ရှုဟိန်တို့ကို အေးဆေးစွာကြည့်ကာ စကားပြောနေသည်။ ရှုဟောက်က လူကောင်းဖြစ်ပြီး ရှုဟိန်ငယ်စဉ်က အိမ်လာလည်ကာ အတူကစားပေးလေ့ရှိသည်။ သူ့ပုခုံးပေါ်တင်ပြီး တိရိစ္ဆာန်ဥယျာဉ်ကို ကစားဖို့ပင် ခေါ်သွားလေ့ရှိသည်။ ရှုဟောက်က ဒီရှုမိသားစုလူငယ်တွေထဲမှာ စိတ်ကောင်းရှိသောသူဆိုတာ ရှုနင်သိသည်။ ရှုဟောက်က ရှုနင်စိတ်ဝင်စားမည့်စကားများကို ပြောဆိုပေးနေသေးသည်။

တစ်နာရီလောက်ကြာတော့ ရှုဟိန်က ရှုနင်ကိုကူညီကာ ပြန်ဖို့ပြင်လိုက်သည်။ လူငယ်အုပ်စုက ချက်ချင်းပင် ပျော်ရွှင်တက်ကြွသွားကြသည်။ နောက်ဆုံး အားပြင်းသည့် အစ်ကိုကြီးရှုဟိန် ပြန်တော့မည်၊ ဒါဆို သူတို့ ပိုပြီး လွတ်လပ်ပျော်ရွှင်စွာ နေနိုင်တော့မည်။ ရှုဟိန်က ခါတိုင်းနှစ်လိုပဲ ရောက်လာပြီး မျက်နှာတည်တည်ဖြင့် ခုံမှာထိုင်ပြီး လူငယ်များကို စကားနည်းနည်းပြောကာ ခဏကြာလျှင် ပြန်သွားလေ့ရှိသည်။ ဒီနှစ်တော့ ရှုဟိန်က ရှုနင်ကျေနပ်စေဖို့ အကြာကြီးနေသွားခဲ့တာဖြစ်သည်။ ဒါပေမယ့် အခုတော့ ရှုနင်အိပ်ချိန်ရောက်နေသောကြောင့် ရှုဟိန်က ပြန်ဖို့ပြင်လိုက်တာဖြစ်သည်။

ပါတီကလူအားလုံးက ရှုဟိန်ကို ကားဆီကိုလိုက်ပို့ပေးကြသည်။

ကားထဲရောက်တော့ ရှုနင်က ရယ်ပြီး ရှုဟိန်ကို သတိပေးလိုက်သည်။

"ဒီလူတွေက အတုအယောင်တွေချည်းပဲ.."

=========================




ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now