Chapter (14) - အကိုႀကီးကို စဖို႕ အခြင့္ေရး ဆံုးရံႈးသြားျပီ(Z+U)

27K 4.1K 56
                                    

Chapter (14) - အကိုႀကီးကို စဖို႕ အခြင့္ေရး ဆံုးရံႈးသြားျပီ

႐ႈဟိန္က ကေလးေလးထလာသည္ကိုေတြ႕ေတာ့ ဘာလုပ္ရမွန္းမသိ ျဖစ္သြားသည္။ သူျငင္းလိုက္ရင္ ကေလးေလး လန္႔သြားမည္ျဖစ္ေသာေၾကာင့္ သူမႀကိဳက္သည့္စပ်စ္သီးကို ပါးစပ္ဟကာ စားလိုက္သည္။ ဒါေပမယ့္ ဒီစပ်စ္သီးက ဘာေၾကာင့္ခ်ိဳျမကာ အရသာရွိေနသလဲဆိုတာ သူနားမလည္ေပ။ သူ ကေလးေလးကိုၾကည့္လိုက္ေတာ့ ႐ႈနင္က ေပ်ာ္ရႊင္စြာျဖင့္ စပ်စ္သီးဆက္စားေနသည္။ သူက စပ်စ္သီးတစ္လံုးကို ႏႈတ္ခမ္းနားမွာေတ့ၿပီး စုပ္ယူစားေနပံုေလးက ခ်စ္စရာေကာင္းလွသည္။ သူ႔မ်က္ဝန္းေလးက ဒီအသီးေလးကိုစားရလို႔ ေက်နပ္ေရာင့္ရဲ ေပ်ာ္ရႊင္ေနၿပီး ပ်င္းရိတဲ့ေၾကာင္ကေလးပံုစံ ေပါက္ေနသည္။

ကေလးေလး၏အမူအယာကိုၾကည့္ရင္း ႐ႈဟိန္၏ရင္ထဲက ထူးဆန္းေသာအေတြး ေပၚလာသည္။

ဒီကေလးက ဘာေၾကာင့္ ငါ့ကို ထပ္မေကၽြးရတာလဲ...

႐ႈဟိန္က မေက်မနပ္ ခံစားေနရေပမယ့္ ႐ႈနင္က သတိမထားမိဘဲ ငံု႔ကာ ဂိမ္းကစားေနသည္။ ခဏၾကာေတာ့ သူက ပ်င္းလာၿပီး ဖုန္းကိုခ်ကာ လက္ကိုဆန္႔ၿပီး သမ္းလိုက္ေတာ့ ျဖဴေဖြးေသာဝမ္းဗိုက္ေလးကို ျမင္လိုက္ရသည္။ ႐ႈဟိန္က ၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"မင္း သြားတိုက္လိုက္ဦး.."

"အြန္း.."

႐ႈနင္က ပ်င္းေပမယ့္ အသန္႔ႀကိဳက္သည္။ အစ္ကိုႀကီး၏အိပ္ယာထဲ ဝင္ခ်င္ရင္ သူ ဇြဲရွိဖို႔လိုသည္။ ႐ႈနင္က ဆက္တိုက္သမ္းရင္း သူ႔အိပ္ခန္းထဲဝင္လာရင္း သူ႔ခါးေလးကို လက္သီးဆုပ္ေလးႏွင့္ ထုလာခဲ့သည္။ နတ္ဘုရားအစ္ကိုႀကီး၏ စာဖတ္ခန္းကဆိုဖာက မာလြန္းေသာေၾကာင့္ ၾကာၾကာလွဲေနရင္ ေက်ာႏွင့္တင္ပါးပင္ ထံုသြားသည္။

႐ႈနင္က သြားတုိက္၊ မ်က္ႏွာသစ္ၿပီး ေခါင္းအံုးေလးကိုဖက္ကာ အစ္ကိုႀကီး၏အိပ္ခန္းကို ဖြင့္ၾကည့္လိုက္ေတာ့ ႐ႈဟိန္က မေရာက္ေသးေပ။ ဒါေၾကာင့္ ႐ႈနင္က အစ္ကိုႀကီး၏ အနက္ေရာင္လႊမ္းေနေသာအိပ္ခန္းကို ရဲရဲဝံ့ဝံ့ အကဲခတ္ၾကည့္လိုက္သည္။ ဒီဇိုင္နာေၾကာင့္ပဲလား၊ အစ္ကုိႀကီးအမိန္႔ေၾကာင့္ပဲလားေတာ့ မသိ၊ တစ္ခန္းလံုးက အမည္းေရာင္လႊမ္းကာ ႐ႈဟိန္၏စိတ္ေနစိတ္ထားကဲ့သို႔ ေအးစက္ကာ ေၾကာက္စရာေကာင္းေနသည္။ ႐ႈဟိန္အခန္းႏွင့္ယွဥ္ရင္ သူ႔အခန္းေလးက ေသးေပမယ့္ ေႏြးေထြးမႈေတြနဲ႔ျပည့္ေနသည္။

အစ္ကိုႀကီးက ဘာေၾကာင့္ အိပ္ခန္းထဲမလာေသးတာပါလိမ့္..။

႐ႈနင္က ခဏတြန္႔ဆုတ္ေနၿပီး စာဖတ္ခန္းကို ေနာက္ထပ္ျပန္လာခဲ့သည္။ ဒါေပမယ့္ အခန္းထဲမွာ ႐ႈဟိန္ဖုန္းေျပာေနသလို စကားေျပာသံကိုၾကားလိုက္ရသည္။ ႐ႈနင္က တံခါးကိုဖြင့္မိသည္ႏွင့္ ေနာင္တရသြားခဲ့သည္။ ႐ႈဟိန္၏အၾကည့္က ေအးစက္ေမွာင္မိုက္ကာ ရက္စက္မႈတို႔ႏွင့္ ျပည့္ေနသလိုပင္။ ဒီအၾကည့္တစ္ခ်က္က ႐ႈနင္၏အရင္ဘဝကအခ်ိန္ကို ျပန္သတိရသြားေစသည္။ အရင္ဘဝက ႐ႈနင္က ႐ႈဟိန္ကို အရမ္းေၾကာက္ကာ မ်က္လံုးခ်င္းဆိုင္မၾကည့္ရဲခဲ့ေပ။ အစ္ကုိႀကီးကို မုန္းတီးေၾကာက္ရြံ႕ေသာေၾကာင့္ အစ္ကိုႀကီးေရွ႕ေရာက္တိုင္း စကားမေျပာဝ့ံေအာင္ ျဖစ္ခဲ့သည္။

"ေတာင္းပန္ပါတယ္.."

႐ႈနင္က ပါးစပ္က ေတာင္းပန္စကားေျပာလုိက္စဥ္ ဘာေၾကာင့္မွန္းမသိ ငိုခ်င္လာမိသည္။ သူက တံခါးကိုပိတ္ကာ ေခါင္းအံုးေလးကိုဖက္ကာ ေျခေထာက္တိုတိုေလးႏွင့္ ပထမထပ္ကသူ႔အိပ္ခန္းဆီ လံုးေနေအာင္တခ်ိဳးတည္းေျပးသြားေတာ့သည္။ သူ႔အိပ္ခန္းထဲေရာက္ေတာ့ ေလာ့ခ်ကာ ခုတင္ႏွင့္နံရံၾကားက ေနရာက်ဥ္းေလးမွာ ေစာင္ကိုေခါင္းၿမီးၿခံဳကာ ေခါင္းအံုးေလးဖက္ကာ ေကြးေကြးေလးလွဲခ်လိုက္သည္။

အစ္ကိုႀကီးရဲ့အၾကည့္က ေၾကာက္စရာေကာင္းလိုက္တာ..။ သူ ငါ့ကို သေဘာမက်ဘူးလား..။ ငါ့ကိုမုန္းေနတာလား..။ ဒါဆို ငါ့လက္က်န္ဘဝေလးေတာ့ သြားပါၿပီ..။

ဒီအေတြးဝင္လာေတာ့ ႐ႈနင္၏အ႐ိုးထဲထိ စိမ့္ကာ ေၾကာက္လာေတာ့သည္။

ငါ ဦးေလးကို လြမ္းလိုက္တာ..

အခုေတာ့ အရမ္းေနာက္က်ေနၿပီ။ ဦးေလးနဲ႔ စကားေျပာလို႔မရေတာ့ဘူး။ ဒီအိမ္မွာ သူ႔မိဘေတြရွိေပမယ့္ သူ႔မွာ ေႏြးေထြးမႈကို မခံစားရေပ။ သူလုပ္ႏိုင္တာတစ္ခုကေတာ့ အတိတ္တုန္းက သူမုန္းခဲ့သည့္အစ္ကိုႀကီး သူ႔ကိုၾကည္ျဖဴေအာင္ ေနဖို႔ပဲရွိေတာ့သည္။

ငါ ႐ံႈးနိမ့္သြားၿပီလား..

ဒါေပမယ့္ ဒီလိုစိတ္ညစ္တာက 10 မိနစ္မွ်သာပဲျဖစ္သည္။ ႐ႈနင္က စိတ္ညစ္စရာအေတြးျဖင့္ သူ႔ကိုယ္သူ မညႇင္းဆဲေပ။ ဒီဘဝမွာ သူျပန္လည္ေမြးဖြားလာၿပီးေနာက္ သူ႔ဘဝကို သူ႔ဘာသာစီမံမည္။ ၿပီးေတာ့ သူ႔အရည္အခ်င္းအကုန္ထုတ္ၿပီး ခ်မ္းသာေအာင္ႀကိဳးစားမည္။ သူေဌးတစ္ေယာက္ျဖစ္လွ်င္ သူ႔အစ္ကိုႀကီး၏ company ကို ယွဥ္လုစရာမလိုေတာ့ေပ။ သူ႔ဘဝလည္း ေထာင္က်စရာမလိုဘဲ လြတ္လပ္ေသာဘဝမွာ ေနႏိုင္ေပလိမ့္မည္။

႐ႈဟိန္သည္ ႐ႈနင္တံခါးဖြင့္လိုက္ခ်ိန္ ဖုန္းေျပာေနရင္း ဘာရယ္မဟုတ္ လွည့္ၾကည့္လိုက္မိသည္။ ႐ႈနင္၏မ်က္ႏွာက ျဖဴေရာ္သြားၿပီး ဘာေၾကာင့္ေၾကာက္လန္႔တၾကား ထြက္ေျပးသြားသလဲဆိုတာ သူ မသိလိုက္ေပ။ ႐ႈဟိန္က ဖုန္းေျပာၿပီးေတာ့ စာကိုၿပီးေအာင္ ဆက္ဖတ္ေနေပမယ့္ သူ႔စိတ္ထဲမွာ ႐ႈနင္က သူ႔အိပ္ခန္းထဲ တစ္ေယာက္တည္းေၾကာက္ေနမလားလုိ႔ေတြးရင္း ႐ႈဟိန္၏နဖူးက အေရးအေၾကာင္းေပၚလာသည္။

႐ႈဟိန္က သူ႔အိပ္ခန္းကိုလာခဲ့ေတာ့ ႐ႈနင္ကိုမေတြ႕ရေပ။ ဒါေၾကာင့္ ႐ႈနင္၏အခန္းကိုေလွ်ာက္လာၿပီး တံခါးဖြင့္လိုက္ေတာ့ အထဲကေန ေသာ့ခတ္ထားသည္ကိုသိရေတာ့ ႐ႈဟိန္ စိတ္မသက္မသာ ခံစားလိုက္ရသည္။ ဒါေၾကာင့္ ေသာ့ရွာၿပီး ႐ႈနင္၏အခန္းကိုဝင္လာေတာ့ အခန္းက တိတ္ဆိတ္ေနသည္။ ႐ႈနင္က နံရံႏွင့္ခုတင္ၾကားက ကြက္လပ္က်ဥ္းေလးမွာ ေစာင္ေခါင္းၿမီးၿခံဳေနသည္ကို ေတြ႕လိုက္ရသည္။

႐ႈဟိန္က ေစာင္ကိုအသာလွပ္လိုက္ေတာ့ ေကြးေကြးေလးအိပ္ေပ်ာ္ေနေသာ ႐ႈနင္ကို ေတြ႕လိုက္ရသည္။ ႐ႈနင္ကို အသာေလးေပြ႕ခ်ီကာ ခုတင္ေပၚတင္ေပးလိုက္သည္။ ၿပီးေတာ့ ႐ႈဟိန္က ေဘးမွာဝင္လွဲကာ ေစာင္ကို ႏွစ္ေယာက္လံုးေပၚ လႊမ္းၿခံဳလိုက္ေတာ့သည္။

ဒီကေလးက ဘာေၾကာင့္ ဒီေလာက္ပိန္ပါးေနတာလဲ။ ႏို႔တိုက္ေနတာေတာင္ ဘာေၾကာင့္ ထြားမလာရေသးတာလဲ..။

႐ႈဟိန္က ကေလးေလး၏ေက်ာေလးကို ဖက္လိုက္ခ်ိန္ ပိန္ပါးေသာကိုယ္ေလးကို ထိမိေတာ့ ေတြးလိုက္မိသည္။ ႐ႈဟိန္က ကေလးေလး၏ ကိုယ္နံ႔သင္းသင္းေလးကို ရလိုက္ၿပီး ေခ်ာေမာေသာမ်က္ႏွာေလးကို အသာပြတ္သပ္ေနမိသည္။ ႐ႈနင္၏အသားေလးေတြက အရမ္းကိုႏူးညံ့ၿပီး ေခ်ာေမြ႕ေနသည္။

မနက္ႏိုးလာေတာ့ ႐ႈနင္ ဘယ္ေလာက္ေတာင္လန္႔သြားသလဲဆိုတာ ေတြးၾကည့္ႏိုင္သည္။

ငါ သရဲေျခာက္ခံရတာလား..

အစ္ကိုႀကီးႏွင့္သူက ဘာေၾကာင့္ ေခါင္းအံုးတစ္ခုတည္း အတူတူအံုးၿပီး အိပ္ေနရတာလဲ။ သူတို႔ေခါင္းခ်င္းက ပူးကပ္ေနၿပီး ဆံပင္ခ်င္းက ထိစပ္လို႔ေနသည္။ ဘယ္သူ႔ဆံပင္မွန္းမသိေအာင္ ေရာလို႔ေနသည္။

႐ႈဟိန္၏ အိပ္ေပ်ာ္ေနေသာပံုက မင္းသားေလးကဲ့သို႔ ေခ်ာေမာလြန္းလွသည္။ မ်က္ခံုးမ်ားက ထင္းကာ သူ႔မ်က္ႏွာကို ပိုခန္႔ညားေစသည္။ ခ်စ္စရာေကာင္းလိုက္တာ...

မ်က္လံုးဖြင့္လာေတာ့ သူ႔အၾကည့္က ေရျပင္လို နက္႐ိႈင္းလို႔ေနသည္။

အာ... အစ္ကုိႀကီးက ခ်စ္စရာမေကာင္းေတာ့ဘူး..

"မင္း ဘာေတြးေနတာလဲ.."

"အာ.. ေကာင္းေသာနံနက္ခင္းပါ အစ္ကိုႀကီး.."

႐ႈနင္က မ်က္လံုးေလးပုတ္ခတ္ပုတ္ခတ္လုပ္ကာ ႏႈတ္ဆက္လိုက္သည္။

"Good Morning.."

႐ႈဟိန္က ေခ်ာင္းဟန္႔ကာ ဆက္ေျပာလိုက္သည္။

"မင္း မ်က္ႏွာသစ္၊ သြားတိုက္ သြားလုပ္လိုက္ဦး.."

"ဟုတ္ကဲ့.."

႐ႈနင္က ခုတင္ေပၚကအျမန္ဆင္းလိုက္ၿပီး သူ႔အိပ္ခန္းကိုျပန္ဖို႔လုပ္လိုက္သည္။ ဒါေပမယ့္ ၂လွမ္းေလာက္လွမ္းၿပီးေတာ့ 'အာ' ဟု ပါးစပ္ကထြက္သြားသည္။ ဒီအိပ္ခန္းက သူနဲ႔ရင္းႏွီးေနသလို ခံစားရမွာေပါ့၊ ဒါက သူ႔အိပ္ခန္းႀကီးပဲ.. ဟား.. ဟား.. ဟား.. နတ္ဘုရားအစ္ကိုႀကီးလည္း မွားေျပာမိတဲ့အခ်ိန္ ရွိေသးတာလား..။ အစ္ကိုႀကီးက ငါ့အိပ္ခန္းကို လာအိပ္ေပးတာလား..။ အစ္ကိုႀကီးကို ငါ စရမယ္.. အစ္ကိုႀကီးရွက္ေနတဲ့အမူအယာကို ျမင္ခ်င္လိုက္တာ.. ဒီမ်က္ႏွာေလးကို ေတြ႕လိုက္ရရင္ ငါ့တစ္ဘဝလံုး မွတ္မိေအာင္ ေသခ်ာမွတ္ထားရမယ္ကြ..။

႐ႈနင္က ဒီလိုေတြးၿပီး ေနာက္လွည့္လိုက္ေပမယ့္ အစ္ကိုႀကီး႐ႈဟိန္က ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ သူ႔ဘက္တစ္ခ်က္မွလွည့္မၾကည့္ဘဲ အျပင္ကိုထြက္သြားလိုက္ေလၿပီ။

ေသစမ္း.. ဘဝမွာ ရခဲတဲ့အခြင့္အေရးကို ငါဆံုး႐ံႈးလိုက္ရၿပီ..

႐ႈနင္၏ရင္ထဲမွာ ေၾကကြဲသြားခဲ့သည္။

••••••••••••••••••••

ခ်င္ယြိက်ဳး မနက္စာစားေနစဥ္ ႐ႈခ်ိန္က company ကိုထြက္သြားခဲ့ေလၿပီ။ ညက ခ်င္ယြိက်ိဳးက ခုတင္ေပၚမွာ ႀကိဳးစားျပဳစုခဲ့ေသာေၾကာင့္ သူမ၏အစီအစဥ္ လံုးဝမပ်က္ႏိုင္ေတာ့ဘူးဟု ထင္ေနသည္။ ႐ႈခ်ိန္က ေန႔ခင္း company မွာ တစ္ေနကုန္အလုပ္မ်ားေနသလို ညဘက္အိပ္ယာထက္မွာ အႀကိတ္အနယ္ေဆြးေႏြးရေသးသျဖင့္ အေတာ္ဂ႐ုစိုက္လုပ္ေနသည္။ ေရွ႕ဆက္လုပ္ရမည့္ plan နဲ႔ ဆံုးျဖတ္ခ်က္ကို ေယာက္်ား၊မိန္းမၾကားက ကိစၥေတြ လာမလႊမ္းမိုးေစေအာင္ လုပ္ေနရသည္။

႐ႈနင္က ႐ႈဟိန္ႏွင့္အတူ ေအာက္ကိုဆင္းလာခဲ့သည္။ ႐ႈနင္က တမင္လုပ္ေပမယ့္ ႐ႈဟိန္ကေတာ့ တိုက္ဆိုင္သြားတာျဖစ္သည္။

႐ႈခ်ိန္က သူမကို တစ္ခြန္းမွမေျပာဘဲ ႐ံုးကိုေစာေစာထက္သြားသျဖင့္ ခ်င္ယြိက်ိဳး၏စိတ္ခံစားခ်က္က သိပ္မေကာင္းေတာ့ေပ။ ႐ံုးမွာ တစ္ခုခုျဖစ္ေနတာလား။ ႐ႈခ်ိန္က စြမ္းအားႀကီးေသာသူျဖစ္လို႔ ခ်င္ယြိက်ိဳးက သူ႔ကိုနားလည္သည္။

မနက္စာစားခ်ိန္မွာ ခ်င္ယြိက်ိဳးက စိတ္မပါလက္မပါစားေပမယ့္ ႐ႈနင္က ေပ်ာ္ရႊင္စြာစားေနသည္။ ဒီျမင္ကြင္းေၾကာင့္ ခ်င္ယြိက်ိဳး၏ရင္ထဲ သူမသားကို ရြံရွာစက္ဆုပ္စိတ္ ဝင္လာခဲ့သည္။

"မင္းအဖိုးကို သြားေတြ႕ၿပီးၿပီလား.."

"အြန္း.. အေမ.. အစားကို မ်ားမ်ားစားသင့္တယ္.. ဒါမွ ညီေလးက က်န္းက်န္းမာမာနဲ႔ ေမြးလာမွာ.."

ခ်င္ယြိက်ိဳးက ခ်က္ခ်င္းစိတ္လႈပ္ရွားသြားၿပီး ေပ်ာ္ရႊင္စြာၿပံဳးလိုက္သည္။

"ေကာင္းၿပီ.. အေမ သားစကားကို နားေထာင္ပါ့မယ္.."

႐ႈဟိန္က ဆိုဖာေပၚမွာထိုင္ကာ ႏြားႏို႔တစ္ခြက္ကိုေသာက္ရင္း သတင္းစာဖတ္ေနသည္။ အိမ္ေတာ္ထိန္းက ႐ႈဟိန္ေသာက္ၿပီးေသာ ခြက္ကို သိမ္းကာ မီးဖိုထဲဝင္သြားသည္။ ခ်င္ယြိက်ိဳးက ဧည့္ခန္းဘက္မွာထိုင္ေနေသာ ႐ႈဟိန္ကို တစ္ခ်က္ၾကည့္ကာ ႐ႈနင္ကို ခပ္တိုးတိုးေမးလိုက္သည္။

"မင္းတို႔ႏွစ္ေယာက္က တစ္ထပ္တည္းမွာပဲ ေနၾကတာ.. သူ မင္းကို ဒုကၡေပးေသးလား.."

"ဟင့္အင္း.."

"သူနဲ႔ စကားေျပာျဖစ္ေသးလား.."

"ဟင့္အင္း.."

"သူနဲ႔စကားသြားေျပာဖို႔ အေမ မေျပာခဲ့ဘူးလား.."

ခ်င္ယြိက်ိဳးက 'အင္း' 'ဟင့္အင္း' ပဲေျပာေနသည့္ သားကိုၾကည့္ၿပီး စားခ်င္စိတ္ပင္ေပ်ာက္သြားသည္။

"သူက မင္းကို အဖက္မလုပ္ေပမယ့္ မင္းတို႔က ဘယ္ေတာ့မွ အတူတူယွဥ္တြဲမေနႏိုင္ဘူးဆိုတာ မင္းေသခ်ာမွတ္ထားရမယ္.. မင္းအဖိုးကို ၃ရက္ ေသခ်ာအေဖာ္ျပဳၿပီး လမ္းေလွ်ာက္ေပးလိုက္.. သူစိတ္ေပ်ာ္ရင္ မင္းအတြက္ မွတ္ပံုတင္လုပ္ေပးလိမ့္မယ္.."

"ဟုတ္ကဲ့.."

ဒီလိုတံု႔ျပန္မႈေၾကာင့္ သူမေျပာတာ ဒီသားငတံုးက နားလည္ရဲ့လား သူမ မသိေတာ့ေပ။ ခ်င္ယြိက်ိဳး ေခါင္းကိုက္လာသလို ခံစားလာရသည္။ သူမသားကို စကားမေျပာခ်င္ေသာေၾကာင့္ သူမအခန္းကိုျပန္ကာ ဝတ္စားျပင္ဆင္ၿပီး ၿပိဳင္ကားေလးျဖင့္ company ကိုထြက္လာခဲ့သည္။

႐ႈနင္က မနက္စာစားၿပီးေနာက္ ကယ္လစီယမ္ျဖည့္ေပးေသာေဆးကို ေသာက္ကာ ေက်ာင္းကိုထြက္လာသည္။ ဒီေန႔ ေက်ာင္းမွာ စာေမးပြဲရွိသည္။ ႐ႈနင္က အိမ္ကိုဘာမွမေျပာဘဲ ေန႔တစ္ဝက္ စာေမးပြဲၿပီးတာနဲ႔ ေန႔ခင္းဘက္ ဘတ္စ္ကားေပၚမွာ ေန႔လည္စာအျဖစ္ ေပါင္မုန္႔စားရင္း ဦးေလးႏွင့္ေတြ႕ဖို႔ ထြက္လာခဲ့သည္။

ခ်င္ယြိဖူက ေဆာက္လုပ္ေရးလုပ္ငန္းခြင္အျပင္မွာ ရပ္ေစာင့္ေနၿပီး ႐ႈနင္ေရာက္လာမွ စိတ္ေအးသြားခဲ့သည္။

"တတိယအစ္မက မင္းကို ဆိုးဆိုးဝါးဝါးလုပ္လို႔ မင္း ထြက္လာတယ္ထင္ၿပီး ငါ့မွာ လန္႔လို႔ေသေတာ့မယ္.."

႐ႈနင္က အသက္ 13 ႏွစ္အရြယ္ေလးပဲရွိေသးလို႔ သူသြားခ်င္သည့္ေနရာတိုင္း တစ္ေယာက္တည္းထြက္လာရဖို႔ ခက္ခဲေနေသးသည္။

"ဦးေလး.. ကၽြန္ေတာ္ အဆင္ေျပပါတယ္.. ဦးေလးကိုလြမ္းလို႔ လာေတြ႕တာ.. အေမက ဦးေလးနဲ႔ ရင္းရင္းႏွီးႏွီးေနတာ သေဘာမက်လို႔ ဘယ္သူ႔ကိုမွမေျပာဘဲ ထြက္ခဲ့တာပါ.."

"ငါနားလည္ပါတယ္.. ငါ့ကို သူ႔ေမာင္လို႔ေျပာရမွာ ရွက္ေနမွန္းသိပါတယ္ကြာ.."

ဒီလိုမ်ိဳး ခ်င္ယြိက်ိဳး၏စိတ္ရင္းကို ဦးေလးသိေနတာ ေကာင္းသည္။ ဦးေလးက ႐ိုးသားၿပီး ႀကိဳးစားသူျဖစ္ေသာေၾကာင့္ ႐ႈနင္က ဦးေလးေတာ္ရမွာ မရွက္ေပ။ အခုလည္း ဦးေလး၏အဝတ္အစား ညစ္ပတ္ေနသည္ကိုဂ႐ုမစိုက္ဘဲ ခါးကိုဖက္ကာ မ်က္ႏွာေပၚမွာၿပံဳးေနမိသည္။

"ကၽြန္ေတာ့္ဦးေလးက အေကာင္းဆံုးပဲ.. ဦးေလးက ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ၿပီး ခ်မ္းသာေအာင္ ႀကိဳးစားႏိုင္တယ္.."

"ငါ့ကိုယ္ငါေတာ့ သေဘာမက်ပါဘူးကြာ.. မင္း ေစာေစာျပန္ေတာ့... မင္းအိမ္က စိတ္ပူေနမယ္.."

"အႀကီးဆံုးနဲ႔ ဒုတိယႀကီးေတာ္ လာေသးလား.."

႐ႈနင္က ဦးေလးကိုစိတ္ပူၿပီး ေသခ်ာေမးလိုက္သည္။ ဒီအေဒၚႏွစ္ေယာက္က ေသြးဆာေနေသာ သားရဲလိုလူမ်ားျဖစ္သည္။ သူတို႔ႏွစ္ေယာက္က သူတို႔ေမာင္ေလး၏လုပ္အားကို ဂုတ္ေသြးစုပ္ကာ အ႐ိုးအသားမက်န္ေအာင္ စုပ္ယူစားသံုးခ်င္ေနၾကသည္။ အရင္ဘဝတုန္းက သူက ဂ႐ုမစိုက္ခဲ့ေသာေၾကာင့္ ေသခ်ာမသိခဲ့ေပ။ ဒါေပမယ့္ ဦးေလးေသသြားခ်ိန္မွ ဝမ္းနည္းစရာကိုသိရွိခဲ့ရသည္။ အေဒၚႏွစ္ေယာက္က ဦးေလးကို သနားေအာင္ေျပာကာ သူတို႔သားသမီးေက်ာင္းစရိတ္၊ က်ဴရွင္စရိတ္ကို ေထာက္ပံ့ေစသည္။ ဒါေၾကာင့္ ဦးေလးက တူ၊ တူမမ်ားအတြက္ အိုဗာတိုင္ကို ထပ္တလဲလဲဆင္းကာ ပိုက္ဆံရွာရင္း ေမာဟိုက္ကာ ေဆာက္လက္စအလုပ္ေပၚကေန ေအာက္ကိုျပဳတ္က်ေသဆံုးသြားခဲ့ရသည္။

႐ႈနင္၏ေမးခြန္းကိုၾကားေတာ့ ခ်င္ယြိဖူက လိမ္မေျပာတတ္ေသာေၾကာင့္ ႏႈတ္ခမ္းက တုန္လာေပမယ့္ ေခါင္းခါလိုက္သည္။

ဖိုမင္က ႏႈတ္ခမ္းေထာင့္မွာ စီးကရက္ခဲရင္း အျပင္ထြက္လာကာ ႐ႈနင္ကိုႏႈတ္ဆက္လိုက္သည္။

"ေဟး.. ၾကြက္ကေလး ေရာက္ေနတာလား.. ၿမိဳ႕ေပၚမွာေနရတာ ဘယ္လိုလဲ.. မင္းဝတ္စားပံုအရဆိုရင္ ေကာင္းေကာင္းေနရပံုေပၚတယ္.."

႐ႈနင္က ယဥ္ေက်းစြာျပန္ႏႈတ္ဆက္ကာ ဦးေလးအေၾကာင္းကို ေမးလိုက္သည္။ ခ်င္ယြိဖူ၏အစ္မအေၾကာင္းကိုေျပာလို႔ ဖိုမင္၏နဖူးက တြန္႔လာၿပီး ေလသံက ျပင္းထန္လာသည္။ ထိုမိန္းမႏွစ္ဦးက အလုပ္အထိလာၿပီး ခ်င္ယြိဖူေရွ႕ဒူးေထာက္ကာ သနားေအာင္ေျပာၿပီး ပိုက္ဆံေတာင္းခဲ့ေၾကာင္း ေျပာျပလိုက္သည္။ ပိုက္ဆံေၾကာင့္ သူတို႔က လူကေန တိရိစာၦန္ဘဝကို ေျပာင္းသြားၾကသည္။ ပထမ သူတို႔က ငိုယိုၿပီး ပိုက္ဆံေတာင္းၾကသည္။ ဒီပိုက္ဆံကို ႐ႈနင္က ဘဏ္အေကာင့္ထဲထည့္ထားေသာေၾကာင့္ ခ်င္ယြိဖူက သူတုိ႔ေတာင္းတာမေပးေတာ့ နည္းေျပာင္းသြားၿပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္အဝထိ ေရာက္လာၿပီး ဆဲဆိုေရရြတ္ကာ ခ်င္ယြိဖူမေကာင္းေၾကာင္းကို ေအာ္ဟစ္ေျပာၾကသည္။ ခ်င္ယြိဖူအေၾကာင္းကို မသိတဲ့လူေတြကသာ တကယ္ထင္ၾကလိမ့္မည္။

တစ္ရက္ သူမတို႔ႏွစ္ေယာက္က သူတို႔ကေလးေတြေခၚလာၿပီး လုပ္ငန္းခြင္အဝမွာ ဒူးေထာက္ကာ ငိုေၾကြးျပေစသည္။ ဒီကိစၥေၾကာင့္ ခ်င္ယြိဖူက ဝမ္းနည္းခဲ့ရသည္။ သနားၾကင္နာျခင္းက ေကာင္းေပမယ့္ လူတိုင္းကို ၾကင္နာဖို႔မေကာင္းေပ။

႐ႈနင္က ဒီအေၾကာင္းေတြကို ေသခ်ာနားေထာင္ေနစဥ္ သူ႔ဖုန္း ႐ုတ္တရက္ျမည္လာသည္။

သြားၿပီ..။ ေသၿပီ..။ အစ္ကိုႀကီးက ဘယ္လိုသိသြားတာလဲ..။

႐ႈနင္၏ကိုယ္အပူခ်ိန္က က်ဆင္းလာသလို ခံစားလိုက္ရသည္။

======================

Chapter (14) - အကိုကြီးကို စဖို့ အခွင့်ရေး ဆုံးရှုံးသွားပြီ

ရှုဟိန်က ကလေးလေးထလာသည်ကိုတွေ့တော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သူငြင်းလိုက်ရင် ကလေးလေး လန့်သွားမည်ဖြစ်သောကြောင့် သူမကြိုက်သည့်စပျစ်သီးကို ပါးစပ်ဟကာ စားလိုက်သည်။ ဒါပေမယ့် ဒီစပျစ်သီးက ဘာကြောင့်ချိုမြကာ အရသာရှိနေသလဲဆိုတာ သူနားမလည်ပေ။ သူ ကလေးလေးကိုကြည့်လိုက်တော့ ရှုနင်က ပျော်ရွှင်စွာဖြင့် စပျစ်သီးဆက်စားနေသည်။ သူက စပျစ်သီးတစ်လုံးကို နှုတ်ခမ်းနားမှာတေ့ပြီး စုပ်ယူစားနေပုံလေးက ချစ်စရာကောင်းလှသည်။ သူ့မျက်ဝန်းလေးက ဒီအသီးလေးကိုစားရလို့ ကျေနပ်ရောင့်ရဲ ပျော်ရွှင်နေပြီး ပျင်းရိတဲ့ကြောင်ကလေးပုံစံ ပေါက်နေသည်။

ကလေးလေး၏အမူအယာကိုကြည့်ရင်း ရှုဟိန်၏ရင်ထဲက ထူးဆန်းသောအတွေး ပေါ်လာသည်။

ဒီကလေးက ဘာကြောင့် ငါ့ကို ထပ်မကျွေးရတာလဲ...

ရှုဟိန်က မကျေမနပ် ခံစားနေရပေမယ့် ရှုနင်က သတိမထားမိဘဲ ငုံ့ကာ ဂိမ်းကစားနေသည်။ ခဏကြာတော့ သူက ပျင်းလာပြီး ဖုန်းကိုချကာ လက်ကိုဆန့်ပြီး သမ်းလိုက်တော့ ဖြူဖွေးသောဝမ်းဗိုက်လေးကို မြင်လိုက်ရသည်။ ရှုဟိန်က ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"မင်း သွားတိုက်လိုက်ဦး.."

"အွန်း.."

ရှုနင်က ပျင်းပေမယ့် အသန့်ကြိုက်သည်။ အစ်ကိုကြီး၏အိပ်ယာထဲ ဝင်ချင်ရင် သူ ဇွဲရှိဖို့လိုသည်။ ရှုနင်က ဆက်တိုက်သမ်းရင်း သူ့အိပ်ခန်းထဲဝင်လာရင်း သူ့ခါးလေးကို လက်သီးဆုပ်လေးနှင့် ထုလာခဲ့သည်။ နတ်ဘုရားအစ်ကိုကြီး၏ စာဖတ်ခန်းကဆိုဖာက မာလွန်းသောကြောင့် ကြာကြာလှဲနေရင် ကျောနှင့်တင်ပါးပင် ထုံသွားသည်။

ရှုနင်က သွားတိုက်၊ မျက်နှာသစ်ပြီး ခေါင်းအုံးလေးကိုဖက်ကာ အစ်ကိုကြီး၏အိပ်ခန်းကို ဖွင့်ကြည့်လိုက်တော့ ရှုဟိန်က မရောက်သေးပေ။ ဒါကြောင့် ရှုနင်က အစ်ကိုကြီး၏ အနက်ရောင်လွှမ်းနေသောအိပ်ခန်းကို ရဲရဲဝံ့ဝံ့ အကဲခတ်ကြည့်လိုက်သည်။ ဒီဇိုင်နာကြောင့်ပဲလား၊ အစ်ကိုကြီးအမိန့်ကြောင့်ပဲလားတော့ မသိ၊ တစ်ခန်းလုံးက အမည်းရောင်လွှမ်းကာ ရှုဟိန်၏စိတ်နေစိတ်ထားကဲ့သို့ အေးစက်ကာ ကြောက်စရာကောင်းနေသည်။ ရှုဟိန်အခန်းနှင့်ယှဉ်ရင် သူ့အခန်းလေးက သေးပေမယ့် နွေးထွေးမှုတွေနဲ့ပြည့်နေသည်။

အစ်ကိုကြီးက ဘာကြောင့် အိပ်ခန်းထဲမလာသေးတာပါလိမ့်..။

ရှုနင်က ခဏတွန့်ဆုတ်နေပြီး စာဖတ်ခန်းကို နောက်ထပ်ပြန်လာခဲ့သည်။ ဒါပေမယ့် အခန်းထဲမှာ ရှုဟိန်ဖုန်းပြောနေသလို စကားပြောသံကိုကြားလိုက်ရသည်။ ရှုနင်က တံခါးကိုဖွင့်မိသည်နှင့် နောင်တရသွားခဲ့သည်။ ရှုဟိန်၏အကြည့်က အေးစက်မှောင်မိုက်ကာ ရက်စက်မှုတို့နှင့် ပြည့်နေသလိုပင်။ ဒီအကြည့်တစ်ချက်က ရှုနင်၏အရင်ဘဝကအချိန်ကို ပြန်သတိရသွားစေသည်။ အရင်ဘဝက ရှုနင်က ရှုဟိန်ကို အရမ်းကြောက်ကာ မျက်လုံးချင်းဆိုင်မကြည့်ရဲခဲ့ပေ။ အစ်ကိုကြီးကို မုန်းတီးကြောက်ရွံ့သောကြောင့် အစ်ကိုကြီးရှေ့ရောက်တိုင်း စကားမပြောဝံ့အောင် ဖြစ်ခဲ့သည်။

"တောင်းပန်ပါတယ်.."

ရှုနင်က ပါးစပ်က တောင်းပန်စကားပြောလိုက်စဉ် ဘာကြောင့်မှန်းမသိ ငိုချင်လာမိသည်။ သူက တံခါးကိုပိတ်ကာ ခေါင်းအုံးလေးကိုဖက်ကာ ခြေထောက်တိုတိုလေးနှင့် ပထမထပ်ကသူ့အိပ်ခန်းဆီ လုံးနေအောင်တချိုးတည်းပြေးသွားတော့သည်။ သူ့အိပ်ခန်းထဲရောက်တော့ လော့ချကာ ခုတင်နှင့်နံရံကြားက နေရာကျဉ်းလေးမှာ စောင်ကိုခေါင်းမြီးခြုံကာ ခေါင်းအုံးလေးဖက်ကာ ကွေးကွေးလေးလှဲချလိုက်သည်။

အစ်ကိုကြီးရဲ့အကြည့်က ကြောက်စရာကောင်းလိုက်တာ..။ သူ ငါ့ကို သဘောမကျဘူးလား..။ ငါ့ကိုမုန်းနေတာလား..။ ဒါဆို ငါ့လက်ကျန်ဘဝလေးတော့ သွားပါပြီ..။

ဒီအတွေးဝင်လာတော့ ရှုနင်၏အရိုးထဲထိ စိမ့်ကာ ကြောက်လာတော့သည်။

ငါ ဦးလေးကို လွမ်းလိုက်တာ..

အခုတော့ အရမ်းနောက်ကျနေပြီ။ ဦးလေးနဲ့ စကားပြောလို့မရတော့ဘူး။ ဒီအိမ်မှာ သူ့မိဘတွေရှိပေမယ့် သူ့မှာ နွေးထွေးမှုကို မခံစားရပေ။ သူလုပ်နိုင်တာတစ်ခုကတော့ အတိတ်တုန်းက သူမုန်းခဲ့သည့်အစ်ကိုကြီး သူ့ကိုကြည်ဖြူအောင် နေဖို့ပဲရှိတော့သည်။

ငါ ရှုံးနိမ့်သွားပြီလား..

ဒါပေမယ့် ဒီလိုစိတ်ညစ်တာက 10 မိနစ်မျှသာပဲဖြစ်သည်။ ရှုနင်က စိတ်ညစ်စရာအတွေးဖြင့် သူ့ကိုယ်သူ မညှင်းဆဲပေ။ ဒီဘဝမှာ သူပြန်လည်မွေးဖွားလာပြီးနောက် သူ့ဘဝကို သူ့ဘာသာစီမံမည်။ ပြီးတော့ သူ့အရည်အချင်းအကုန်ထုတ်ပြီး ချမ်းသာအောင်ကြိုးစားမည်။ သူဌေးတစ်ယောက်ဖြစ်လျှင် သူ့အစ်ကိုကြီး၏ company ကို ယှဉ်လုစရာမလိုတော့ပေ။ သူ့ဘဝလည်း ထောင်ကျစရာမလိုဘဲ လွတ်လပ်သောဘဝမှာ နေနိုင်ပေလိမ့်မည်။

ရှုဟိန်သည် ရှုနင်တံခါးဖွင့်လိုက်ချိန် ဖုန်းပြောနေရင်း ဘာရယ်မဟုတ် လှည့်ကြည့်လိုက်မိသည်။ ရှုနင်၏မျက်နှာက ဖြူရော်သွားပြီး ဘာကြောင့်ကြောက်လန့်တကြား ထွက်ပြေးသွားသလဲဆိုတာ သူ မသိလိုက်ပေ။ ရှုဟိန်က ဖုန်းပြောပြီးတော့ စာကိုပြီးအောင် ဆက်ဖတ်နေပေမယ့် သူ့စိတ်ထဲမှာ ရှုနင်က သူ့အိပ်ခန်းထဲ တစ်ယောက်တည်းကြောက်နေမလားလို့တွေးရင်း ရှုဟိန်၏နဖူးက အရေးအကြောင်းပေါ်လာသည်။

ရှုဟိန်က သူ့အိပ်ခန်းကိုလာခဲ့တော့ ရှုနင်ကိုမတွေ့ရပေ။ ဒါကြောင့် ရှုနင်၏အခန်းကိုလျှောက်လာပြီး တံခါးဖွင့်လိုက်တော့ အထဲကနေ သော့ခတ်ထားသည်ကိုသိရတော့ ရှုဟိန် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ဒါကြောင့် သော့ရှာပြီး ရှုနင်၏အခန်းကိုဝင်လာတော့ အခန်းက တိတ်ဆိတ်နေသည်။ ရှုနင်က နံရံနှင့်ခုတင်ကြားက ကွက်လပ်ကျဉ်းလေးမှာ စောင်ခေါင်းမြီးခြုံနေသည်ကို တွေ့လိုက်ရသည်။

ရှုဟိန်က စောင်ကိုအသာလှပ်လိုက်တော့ ကွေးကွေးလေးအိပ်ပျော်နေသော ရှုနင်ကို တွေ့လိုက်ရသည်။ ရှုနင်ကို အသာလေးပွေ့ချီကာ ခုတင်ပေါ်တင်ပေးလိုက်သည်။ ပြီးတော့ ရှုဟိန်က ဘေးမှာဝင်လှဲကာ စောင်ကို နှစ်ယောက်လုံးပေါ် လွှမ်းခြုံလိုက်တော့သည်။

ဒီကလေးက ဘာကြောင့် ဒီလောက်ပိန်ပါးနေတာလဲ။ နို့တိုက်နေတာတောင် ဘာကြောင့် ထွားမလာရသေးတာလဲ..။

ရှုဟိန်က ကလေးလေး၏ကျောလေးကို ဖက်လိုက်ချိန် ပိန်ပါးသောကိုယ်လေးကို ထိမိတော့ တွေးလိုက်မိသည်။ ရှုဟိန်က ကလေးလေး၏ ကိုယ်နံ့သင်းသင်းလေးကို ရလိုက်ပြီး ချောမောသောမျက်နှာလေးကို အသာပွတ်သပ်နေမိသည်။ ရှုနင်၏အသားလေးတွေက အရမ်းကိုနူးညံ့ပြီး ချောမွေ့နေသည်။

မနက်နိုးလာတော့ ရှုနင် ဘယ်လောက်တောင်လန့်သွားသလဲဆိုတာ တွေးကြည့်နိုင်သည်။

ငါ သရဲခြောက်ခံရတာလား..

အစ်ကိုကြီးနှင့်သူက ဘာကြောင့် ခေါင်းအုံးတစ်ခုတည်း အတူတူအုံးပြီး အိပ်နေရတာလဲ။ သူတို့ခေါင်းချင်းက ပူးကပ်နေပြီး ဆံပင်ချင်းက ထိစပ်လို့နေသည်။ ဘယ်သူ့ဆံပင်မှန်းမသိအောင် ရောလို့နေသည်။

ရှုဟိန်၏ အိပ်ပျော်နေသောပုံက မင်းသားလေးကဲ့သို့ ချောမောလွန်းလှသည်။ မျက်ခုံးများက ထင်းကာ သူ့မျက်နှာကို ပိုခန့်ညားစေသည်။ ချစ်စရာကောင်းလိုက်တာ...

မျက်လုံးဖွင့်လာတော့ သူ့အကြည့်က ရေပြင်လို နက်ရှိုင်းလို့နေသည်။

အာ... အစ်ကိုကြီးက ချစ်စရာမကောင်းတော့ဘူး..

"မင်း ဘာတွေးနေတာလဲ.."

"အာ.. ကောင်းသောနံနက်ခင်းပါ အစ်ကိုကြီး.."

ရှုနင်က မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှုတ်ဆက်လိုက်သည်။

"Good Morning.."

ရှုဟိန်က ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။

"မင်း မျက်နှာသစ်၊ သွားတိုက် သွားလုပ်လိုက်ဦး.."

"ဟုတ်ကဲ့.."

ရှုနင်က ခုတင်ပေါ်ကအမြန်ဆင်းလိုက်ပြီး သူ့အိပ်ခန်းကိုပြန်ဖို့လုပ်လိုက်သည်။ ဒါပေမယ့် ၂လှမ်းလောက်လှမ်းပြီးတော့ 'အာ' ဟု ပါးစပ်ကထွက်သွားသည်။ ဒီအိပ်ခန်းက သူနဲ့ရင်းနှီးနေသလို ခံစားရမှာပေါ့၊ ဒါက သူ့အိပ်ခန်းကြီးပဲ.. ဟား.. ဟား.. ဟား.. နတ်ဘုရားအစ်ကိုကြီးလည်း မှားပြောမိတဲ့အချိန် ရှိသေးတာလား..။ အစ်ကိုကြီးက ငါ့အိပ်ခန်းကို လာအိပ်ပေးတာလား..။ အစ်ကိုကြီးကို ငါ စရမယ်.. အစ်ကိုကြီးရှက်နေတဲ့အမူအယာကို မြင်ချင်လိုက်တာ.. ဒီမျက်နှာလေးကို တွေ့လိုက်ရရင် ငါ့တစ်ဘဝလုံး မှတ်မိအောင် သေချာမှတ်ထားရမယ်ကွ..။

ရှုနင်က ဒီလိုတွေးပြီး နောက်လှည့်လိုက်ပေမယ့် အစ်ကိုကြီးရှုဟိန်က ခြေလှမ်းကျဲကြီးများဖြင့် သူ့ဘက်တစ်ချက်မှလှည့်မကြည့်ဘဲ အပြင်ကိုထွက်သွားလိုက်လေပြီ။

သေစမ်း.. ဘဝမှာ ရခဲတဲ့အခွင့်အရေးကို ငါဆုံးရှုံးလိုက်ရပြီ..

ရှုနင်၏ရင်ထဲမှာ ကြေကွဲသွားခဲ့သည်။

••••••••••••••••••••

ချင်ယွိကျုး မနက်စာစားနေစဉ် ရှုချိန်က company ကိုထွက်သွားခဲ့လေပြီ။ ညက ချင်ယွိကျိုးက ခုတင်ပေါ်မှာ ကြိုးစားပြုစုခဲ့သောကြောင့် သူမ၏အစီအစဉ် လုံးဝမပျက်နိုင်တော့ဘူးဟု ထင်နေသည်။ ရှုချိန်က နေ့ခင်း company မှာ တစ်နေကုန်အလုပ်များနေသလို ညဘက်အိပ်ယာထက်မှာ အကြိတ်အနယ်ဆွေးနွေးရသေးသဖြင့် အတော်ဂရုစိုက်လုပ်နေသည်။ ရှေ့ဆက်လုပ်ရမည့် plan နဲ့ ဆုံးဖြတ်ချက်ကို ယောက်ျား၊မိန်းမကြားက ကိစ္စတွေ လာမလွှမ်းမိုးစေအောင် လုပ်နေရသည်။

ရှုနင်က ရှုဟိန်နှင့်အတူ အောက်ကိုဆင်းလာခဲ့သည်။ ရှုနင်က တမင်လုပ်ပေမယ့် ရှုဟိန်ကတော့ တိုက်ဆိုင်သွားတာဖြစ်သည်။

ရှုချိန်က သူမကို တစ်ခွန်းမှမပြောဘဲ ရုံးကိုစောစောထက်သွားသဖြင့် ချင်ယွိကျိုး၏စိတ်ခံစားချက်က သိပ်မကောင်းတော့ပေ။ ရုံးမှာ တစ်ခုခုဖြစ်နေတာလား။ ရှုချိန်က စွမ်းအားကြီးသောသူဖြစ်လို့ ချင်ယွိကျိုးက သူ့ကိုနားလည်သည်။

မနက်စာစားချိန်မှာ ချင်ယွိကျိုးက စိတ်မပါလက်မပါစားပေမယ့် ရှုနင်က ပျော်ရွှင်စွာစားနေသည်။ ဒီမြင်ကွင်းကြောင့် ချင်ယွိကျိုး၏ရင်ထဲ သူမသားကို ရွံရှာစက်ဆုပ်စိတ် ဝင်လာခဲ့သည်။

"မင်းအဖိုးကို သွားတွေ့ပြီးပြီလား.."

"အွန်း.. အမေ.. အစားကို များများစားသင့်တယ်.. ဒါမှ ညီလေးက ကျန်းကျန်းမာမာနဲ့ မွေးလာမှာ.."

ချင်ယွိကျိုးက ချက်ချင်းစိတ်လှုပ်ရှားသွားပြီး ပျော်ရွှင်စွာပြုံးလိုက်သည်။

"ကောင်းပြီ.. အမေ သားစကားကို နားထောင်ပါ့မယ်.."

ရှုဟိန်က ဆိုဖာပေါ်မှာထိုင်ကာ နွားနို့တစ်ခွက်ကိုသောက်ရင်း သတင်းစာဖတ်နေသည်။ အိမ်တော်ထိန်းက ရှုဟိန်သောက်ပြီးသော ခွက်ကို သိမ်းကာ မီးဖိုထဲဝင်သွားသည်။ ချင်ယွိကျိုးက ဧည့်ခန်းဘက်မှာထိုင်နေသော ရှုဟိန်ကို တစ်ချက်ကြည့်ကာ ရှုနင်ကို ခပ်တိုးတိုးမေးလိုက်သည်။

"မင်းတို့နှစ်ယောက်က တစ်ထပ်တည်းမှာပဲ နေကြတာ.. သူ မင်းကို ဒုက္ခပေးသေးလား.."

"ဟင့်အင်း.."

"သူနဲ့ စကားပြောဖြစ်သေးလား.."

"ဟင့်အင်း.."

"သူနဲ့စကားသွားပြောဖို့ အမေ မပြောခဲ့ဘူးလား.."

ချင်ယွိကျိုးက 'အင်း' 'ဟင့်အင်း' ပဲပြောနေသည့် သားကိုကြည့်ပြီး စားချင်စိတ်ပင်ပျောက်သွားသည်။

"သူက မင်းကို အဖက်မလုပ်ပေမယ့် မင်းတို့က ဘယ်တော့မှ အတူတူယှဉ်တွဲမနေနိုင်ဘူးဆိုတာ မင်းသေချာမှတ်ထားရမယ်.. မင်းအဖိုးကို ၃ရက် သေချာအဖော်ပြုပြီး လမ်းလျှောက်ပေးလိုက်.. သူစိတ်ပျော်ရင် မင်းအတွက် မှတ်ပုံတင်လုပ်ပေးလိမ့်မယ်.."

"ဟုတ်ကဲ့.."

ဒီလိုတုံ့ပြန်မှုကြောင့် သူမပြောတာ ဒီသားငတုံးက နားလည်ရဲ့လား သူမ မသိတော့ပေ။ ချင်ယွိကျိုး ခေါင်းကိုက်လာသလို ခံစားလာရသည်။ သူမသားကို စကားမပြောချင်သောကြောင့် သူမအခန်းကိုပြန်ကာ ဝတ်စားပြင်ဆင်ပြီး ပြိုင်ကားလေးဖြင့် company ကိုထွက်လာခဲ့သည်။

ရှုနင်က မနက်စာစားပြီးနောက် ကယ်လစီယမ်ဖြည့်ပေးသောဆေးကို သောက်ကာ ကျောင်းကိုထွက်လာသည်။ ဒီနေ့ ကျောင်းမှာ စာမေးပွဲရှိသည်။ ရှုနင်က အိမ်ကိုဘာမှမပြောဘဲ နေ့တစ်ဝက် စာမေးပွဲပြီးတာနဲ့ နေ့ခင်းဘက် ဘတ်စ်ကားပေါ်မှာ နေ့လည်စာအဖြစ် ပေါင်မုန့်စားရင်း ဦးလေးနှင့်တွေ့ဖို့ ထွက်လာခဲ့သည်။

ချင်ယွိဖူက ဆောက်လုပ်ရေးလုပ်ငန်းခွင်အပြင်မှာ ရပ်စောင့်နေပြီး ရှုနင်ရောက်လာမှ စိတ်အေးသွားခဲ့သည်။

"တတိယအစ်မက မင်းကို ဆိုးဆိုးဝါးဝါးလုပ်လို့ မင်း ထွက်လာတယ်ထင်ပြီး ငါ့မှာ လန့်လို့သေတော့မယ်.."

ရှုနင်က အသက် 13 နှစ်အရွယ်လေးပဲရှိသေးလို့ သူသွားချင်သည့်နေရာတိုင်း တစ်ယောက်တည်းထွက်လာရဖို့ ခက်ခဲနေသေးသည်။

"ဦးလေး.. ကျွန်တော် အဆင်ပြေပါတယ်.. ဦးလေးကိုလွမ်းလို့ လာတွေ့တာ.. အမေက ဦးလေးနဲ့ ရင်းရင်းနှီးနှီးနေတာ သဘောမကျလို့ ဘယ်သူ့ကိုမှမပြောဘဲ ထွက်ခဲ့တာပါ.."

"ငါနားလည်ပါတယ်.. ငါ့ကို သူ့မောင်လို့ပြောရမှာ ရှက်နေမှန်းသိပါတယ်ကွာ.."

ဒီလိုမျိုး ချင်ယွိကျိုး၏စိတ်ရင်းကို ဦးလေးသိနေတာ ကောင်းသည်။ ဦးလေးက ရိုးသားပြီး ကြိုးစားသူဖြစ်သောကြောင့် ရှုနင်က ဦးလေးတော်ရမှာ မရှက်ပေ။ အခုလည်း ဦးလေး၏အဝတ်အစား ညစ်ပတ်နေသည်ကိုဂရုမစိုက်ဘဲ ခါးကိုဖက်ကာ မျက်နှာပေါ်မှာပြုံးနေမိသည်။

"ကျွန်တော့်ဦးလေးက အကောင်းဆုံးပဲ.. ဦးလေးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ချမ်းသာအောင် ကြိုးစားနိုင်တယ်.."

"ငါ့ကိုယ်ငါတော့ သဘောမကျပါဘူးကွာ.. မင်း စောစောပြန်တော့... မင်းအိမ်က စိတ်ပူနေမယ်.."

"အကြီးဆုံးနဲ့ ဒုတိယကြီးတော် လာသေးလား.."

ရှုနင်က ဦးလေးကိုစိတ်ပူပြီး သေချာမေးလိုက်သည်။ ဒီအဒေါ်နှစ်ယောက်က သွေးဆာနေသော သားရဲလိုလူများဖြစ်သည်။ သူတို့နှစ်ယောက်က သူတို့မောင်လေး၏လုပ်အားကို ဂုတ်သွေးစုပ်ကာ အရိုးအသားမကျန်အောင် စုပ်ယူစားသုံးချင်နေကြသည်။ အရင်ဘဝတုန်းက သူက ဂရုမစိုက်ခဲ့သောကြောင့် သေချာမသိခဲ့ပေ။ ဒါပေမယ့် ဦးလေးသေသွားချိန်မှ ဝမ်းနည်းစရာကိုသိရှိခဲ့ရသည်။ အဒေါ်နှစ်ယောက်က ဦးလေးကို သနားအောင်ပြောကာ သူတို့သားသမီးကျောင်းစရိတ်၊ ကျူရှင်စရိတ်ကို ထောက်ပံ့စေသည်။ ဒါကြောင့် ဦးလေးက တူ၊ တူမများအတွက် အိုဗာတိုင်ကို ထပ်တလဲလဲဆင်းကာ ပိုက်ဆံရှာရင်း မောဟိုက်ကာ ဆောက်လက်စအလုပ်ပေါ်ကနေ အောက်ကိုပြုတ်ကျသေဆုံးသွားခဲ့ရသည်။

ရှုနင်၏မေးခွန်းကိုကြားတော့ ချင်ယွိဖူက လိမ်မပြောတတ်သောကြောင့် နှုတ်ခမ်းက တုန်လာပေမယ့် ခေါင်းခါလိုက်သည်။

ဖိုမင်က နှုတ်ခမ်းထောင့်မှာ စီးကရက်ခဲရင်း အပြင်ထွက်လာကာ ရှုနင်ကိုနှုတ်ဆက်လိုက်သည်။

"ဟေး.. ကြွက်ကလေး ရောက်နေတာလား.. မြို့ပေါ်မှာနေရတာ ဘယ်လိုလဲ.. မင်းဝတ်စားပုံအရဆိုရင် ကောင်းကောင်းနေရပုံပေါ်တယ်.."

ရှုနင်က ယဉ်ကျေးစွာပြန်နှုတ်ဆက်ကာ ဦးလေးအကြောင်းကို မေးလိုက်သည်။ ချင်ယွိဖူ၏အစ်မအကြောင်းကိုပြောလို့ ဖိုမင်၏နဖူးက တွန့်လာပြီး လေသံက ပြင်းထန်လာသည်။ ထိုမိန်းမနှစ်ဦးက အလုပ်အထိလာပြီး ချင်ယွိဖူရှေ့ဒူးထောက်ကာ သနားအောင်ပြောပြီး ပိုက်ဆံတောင်းခဲ့ကြောင်း ပြောပြလိုက်သည်။ ပိုက်ဆံကြောင့် သူတို့က လူကနေ တိရိစ္ဆာန်ဘဝကို ပြောင်းသွားကြသည်။ ပထမ သူတို့က ငိုယိုပြီး ပိုက်ဆံတောင်းကြသည်။ ဒီပိုက်ဆံကို ရှုနင်က ဘဏ်အကောင့်ထဲထည့်ထားသောကြောင့် ချင်ယွိဖူက သူတို့တောင်းတာမပေးတော့ နည်းပြောင်းသွားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အဝထိ ရောက်လာပြီး ဆဲဆိုရေရွတ်ကာ ချင်ယွိဖူမကောင်းကြောင်းကို အော်ဟစ်ပြောကြသည်။ ချင်ယွိဖူအကြောင်းကို မသိတဲ့လူတွေကသာ တကယ်ထင်ကြလိမ့်မည်။

တစ်ရက် သူမတို့နှစ်ယောက်က သူတို့ကလေးတွေခေါ်လာပြီး လုပ်ငန်းခွင်အဝမှာ ဒူးထောက်ကာ ငိုကြွေးပြစေသည်။ ဒီကိစ္စကြောင့် ချင်ယွိဖူက ဝမ်းနည်းခဲ့ရသည်။ သနားကြင်နာခြင်းက ကောင်းပေမယ့် လူတိုင်းကို ကြင်နာဖို့မကောင်းပေ။

ရှုနင်က ဒီအကြောင်းတွေကို သေချာနားထောင်နေစဉ် သူ့ဖုန်း ရုတ်တရက်မြည်လာသည်။

သွားပြီ..။ သေပြီ..။ အစ်ကိုကြီးက ဘယ်လိုသိသွားတာလဲ..။

ရှုနင်၏ကိုယ်အပူချိန်က ကျဆင်းလာသလို ခံစားလိုက်ရသည်။

======================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now