Chapter (126)_ ယောက္ခမကြီး စစ်ထူထုံးနှင့် ရှုနင် တွေ့ဆုံခြင်း
ရှုနင်က အခု ရှက်နေပြီး အကိုကြီး ဆုပ်ကိုင်ဖြစ်ညစ်နေသည့် လက်ကို ဆွဲထုတ်ချင်ပေမယ့် ရှုဟိန်က လွှတ်မပေးပဲ ဆက်လက်ကိုင်ထားသည်။ သူတို့နှစ်ယောက် C City ကို နေ့ခင်းတွင်ပြန်ရောက်ခဲ့ပြီး သူတို့အဖေနှင့် နေ့လည်စာ အတူတူသွားစားကာ ရှုဟိန်က အလုပ်လုပ်ပြီး ရှုနင်က အိမ်ကိုပြန်လာခဲ့သည်။ သူက တနေကုန် အိပ်ယာထဲလှဲကာ ဂိမ်းဆော့လိုက်၊ ဖုန်းပြောလိုက်နှင့် အပျင်းအိုးလေးလုပ်နေပြီး ညနေ အလုပ်ဆင်းချိန်ရောက်မှ သားအဖ သုံးယောက် အတူတူညစာစားကြသည်။ သားအဖ သုံးယောက်ရဲ့ဘဝလေးက သာယာအေးချမ်းကာ ဟန်ချက်ညီလျက်ရှိသည်။
ရှုဟိန်က လျှင်မြန်သည့်နှုန်းဖြင့် company ထဲက နောက်ဆုံးကျန်သည့် ကြွက်ကိုရှင်းထုတ်လိုက်သည်။ ရှုမျိုးနွယ်အကြီးမှ အငယ်ထိ ဂယက်ရိုက်ကုန်ကြပေမယ့် ရှုဟိန်၏လုပ်ဆောင်ချက်ကို ဘယ်သူမှ မဟန့်တားနိုင်ကြပေ။ ရှုချိန်၏ဖုန်းထဲတွင်လည်း လူအတော်များများကို ရှုနင်က black list သွင်းလိုက်ကာ ချစ်စဖွယ်အမူယာဖြင့် အဖေဖြစ်သူ လက်ခံအောင် ပြောနိုင်ခဲ့သည်။ သူလုပ်သမျှအားလုံးသည်ချစ်စရာကောင်း သော လုပ်ရပ်ဖြစ်ပြီး သူ့အဖေက အလျှော့ပေးလိုက်လျောခဲ့သည်။
ရှုကျီရွှမ်းသည် သူကိုယ်တိုင်စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ရန် မိသားစုလုပ်ငန်းထဲကနေ ထွက်ခွာခဲ့ပြီးဖြစ်သည်။ သူသည် အတင်းအဓမ္မခိုင်းစေကာ အလုပ်က ဖြုတ်ပစ်ခံရခြင်းမရှိသော်လည်း ရှုဟိန်က သူ့လုပ်ကိုင်ခွင့်ကို လျှော့ချလိုက်သဖြင့် လုပ်ငန်းတွင်းမှာ ခိုးမရမည့်အတူတူ အရင်ဦးအောင် ထွက်စာတင်လိုက်သည်။ ဒါကြောင့် သူ့ပုံရိပ်ဟာ ချက်ချင်းပိုပြီးမြင့်မားခဲ့တယ်၊ ဒါပေမယ့် ...... လူတိုင်းက သူ့အကြောင်းကို မကြာခင် မေ့သွားလိမ့်မယ်။
ကုယာသည်ဒုတိယအိမ်မှ ကုမ္ပဏီတွင်ကျန်ခဲ့သော တစ်ယောက်တည်းသောသူဖြစ်သည်။ သူမသည်ရာထူးကိုဆက်လက်ထိန်းသိမ်းထားရန် အလွန်သတိထားခဲ့သော်လည်း ရှုဟိန် ကမူ သူမအား ခွင့်မလွှတ်ပါ။ နံနက်အစည်းအဝေးတွင် သူမသည်ဌာနခွဲကုမ္ပဏီ၏ မန်နေဂျာအဖြစ် လူအများရှေ့တွင် ရာထူးတိုးဖြင့် ပြောင်းရွှေ့ခြင်းခံခဲ့ရအောင် လုပ်ပေးခဲ့သည်။ ကုယာကို လူတိုင်းက ၀ မ်းသာအားရပြုကြပေမယ့် နောက်ဆုံးတွင် ကုယာကို ဒီနေရာကနေ ဖယ်ထုတ်နိုင်ခဲ့သည့်အတွက် လူတွေက ကြိတ်ဝမ်းသာနေကြသည်။ ကုယာက သူမ တာဝန်ယူရမည့် ဌာနခွဲကုမ္ပဏီသည်အလွန်ဆိုးရွားလှသည်ကို မသိသည့်အပြင် ထို လုပ်ငန်းခွဲတစ်ခုလုံးတွင် ရှုဟိန်၏လူတွေချည်းသာရှိနေသည်။ သူမက ထိုနေရာတွင် မဟုတ်တာ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ သူမက ရာထူးတိုးလာပေမယ့် ကိုယ်ကျိုးအတွက် ဘာမှ လှုပ်လို့ပင်မရပေ။ လက်ရှိ သူမအခြေနေက သေတာထက်ပိုဆိုးနေတယ်။
တကယ်တော့ သူမအတွက် ပြင်ပတွင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ရန်မှာ မခက်ခဲလှပေ။ ဒါပေမယ့် သူမက ကိုယ်ပိုင်လုပ်ငန်းရှင် သူဌေးဖြစ်သည်ထက် ပိုပြီးလောဘကြီးခဲ့သည်။
ကုယာ၏ အကျင့်စရိုက်ကို ရှုနင်က သေချာသိထားပြီးဖြစ်သည်။ ဒါကြောင့် သူမကို ဘာမှ လုပ်ပိုင်ခွင့်မရှိစေပဲ သူ့အစွမ်းကို ပြသကာ ချုပ်ထားခဲ့သည်။
ထို့အပြင်ဒုတိယအိမ်၏ ငွေကြေးပိုင်ဆိုင်မှု၊ ရှယ်ယာပိုင်ဆိုင်မှုက အလွန်နည်းလွန်းသဖြင့် ရှုဟိန် ကိုရာထူးမှဖယ်ရှားရန် သူတို့ ဘာမျှ မတတ်နိုင်ပေ။ အခြားရှယ်ယာကို ထပ်ဝယ်ရန်လည်း ငွေမရှိပေ။ သူတို့လုပ်တတ်တာဆိုလို့ ခိုးဝှက်တတ်တာပဲရှိသည်။ နောက်ဆုံးတော့ သူတို့က အံတကြိတ်ကြိတ်နှင့်သာ ကြည့်နေရတော့သည်။
ရှုနင်သည်စာရွက်စာတမ်းများအချို့ကိုကြည့်ရှုနေစဉ် သူက အရမ်း တုန်လှုပ်သွားလို့ ရှုဟိန်က မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ကျောင်းက မကြာခင်ဖွင့်တော့မယ်။ "
"ဟုတ်တယ်၊ အချိန်ကုန်တာက အရမ်းမြန်လွန်းတယ်"
ရှုနင်ကစာရွက်စာတမ်းများကိုချပြီး ရှုဟိန် ၏ရင်ခွင်ထဲ ဝင်ထိုင်ကာ သူ့ခါးကို ဖက်လိုက်သည်။
"အကိုကြီးကို ကျွန်တော် လွမ်းနေတောမယ်.. အဲ့ဒါ ဘယ်လိုလုပ်ရမလဲ"
"မင်းက ဒီကျောင်းကို မင်းကိုယ်တိုင်ရွေးချယ်ခဲ့တာပါ"
"ဒါဆိုလည်း ေကောင်းပြီ"
ရှုနင်က သူ့သင်္ချိုင်းကို သူကိုယ်တိုင် တွင်းတူးခဲ့သည်ကို မသိသေးပေ။ သူက ရုပ်ရှင်ရိုက်ကူးတာကို တော်တော်လေး စိတ်ဝင်စားတယ်လို့ထင်ခဲ့တယ်။
ရှုနင်သည်ကျောင်းစတက်သည်နှင့် စစ်ရေးလေ့ကျင့်မှုအတွက်သွားရတော့မည်ဖြစ်သည်။ ထို့ကြောင့် လေယာဉ်ဖြင့် L စီးတီးသို့ ထွက်သွားရပြီး ရှုဟိန်က သူ့မြင်ကွင်းထဲက လေယာဉ်ပျောက်သွားမှ အိမ်ကိုပြန်လာခဲ့သည်။
ရှုချိန်သည်ကော်ဖီတစ်ခွက်ကိုင်ထားပြီး မှန်ပြတင်းပေါက်ရှည်ကနေ အပြင်ကို ငေးကြည့်နေသည်။
"ဖေဖေ၊ နင်နင် လေယာဉ်ပေါ်သို့တက်သွားပြီ"
"အမ်, သူကနောင်တရနေခဲ့သေးလား"
"ဘယ်လိုဖြစ်နိုင်မှာလဲ"
ရှုဟိန်သည် အတွင်းရေးမှူးအား ကော်ဖီတစ်ခွက်ယူဆောင်လာစေပြီး ဆိုဖာတွင်ထိုင်နေသည်။ အကယ်၍ ရှုနင် သည်တစ်စုံတစ် ဦး ၏ထင်မြင်ချက်ကို အလွယ်တကူနားထောင်လိုက်နာတတ်သူဖြစ်ရင် ရှုဟိန်က သူ့ကို အဝေးကို ဘယ်လွှတ်ပါ့မလဲ။
သူသည်လေ့ကျင့်ရေးစခန်းရှိအဆင့်မြင့်အရာရှိများကို ကြိုတင်ဆက်သွယ်ထားပြီးဖြစ်သောကြောင့် လေ့ကျင့်ရေးစခန်းတွင် သူတို့က ရှုနင်ကို ကောင်းကောင်းဂရုစိုက်လိမ့်မည်။
"အဖေ နင်နင်ကို စိတ်မပူပါနဲ့၊ သူ့ကိုယ်ရံတော်အချို့ကို သူနောက်လိုက်ဖို့ ကျွန်တော်စီစဉ်ပြီးပြီ။ ဘာမှ ဖြစ်မှာမဟုတ်ဘူး။"
ရှုနင်က လေယာဉ်ပေါ်က ဆင်းပြီးနောက် ရှောင်ဝမ်သည်သူ၏ခရီးဆောင်အိတ်များကို ယူပြီး ထွက်လာခဲ့သည်။ ထို့နောက်သူတို့နှစ် ဦး သည် ချင်းမင်၏ကားပေါ်သို့တက်လာသည်။ ရှုဟိန် ၏လူများအနေဖြင့် ထိုသူတွေ မရိပ်မိအောင် နောက်က တိတ်တဆိတ်လိုက်ပါစောင့်ရှောက်နေသည်။
ရှုနင်သည်သူ၏ကိုယ်ပိုင်စွမ်းရည်ကို လေ့ကျင့်ရန် မိမိဘာသာနေထိုင်ထားဖို့ ရည်ရွယ်ပြီ ထုတ်ပြောခဲ့သည်။ ရှုဟိန်နှင့်ရှုချိန် တို့က သူ့စကားကို ကန့်ကွက်ခြင်းမရှိခဲ့ပေ။ရှုနင်ဆီမှာကိုယ်ပိုင်ဝန်ထမ်း၊ ကိုယ်ပိုင်လုပ်ငန်း ရှိကြောင်း ရှုချိန်နှင့် ရှုဟိန်တို့က သိထားပေမယ့် ဒါကို ရှုနင်က မသိပေ။
ရှုနင်က အကိုနှင့်အဖေကခွင့်ပြုလို့ စိတ်သက်သာရာရသွားပြီး သူ့တောင်ပံများကို ဆန့်ထုတ်ကာ လွတ်လပ်စွာပျံသန်းကြည့်ချင်နေသည်။ သူ ဖက်ထားတဲ့ရွှေပေါင်လုံးကြီးက သိပ်ကို ခို်င်မာပြီး အံ့သြစရာကောင်းလှသည်။ သူ တခုခုဖြစ်ရင် အချိန်မရွေး သူ့ကိုကျောထောက်နောက်ခံပေးလိမ့်မယ် ~
အနုပညာကျောင်းသည်မြို့နှင့်သိပ်မဝေးသော L City ၏အစွန်းတွင်တည်ရှိသည်။ ရှုနင် ၏အမိန့်အရ ချင်းမင် သည် မြို့တောင်ဘက်တစ်ဝိုက်ရှိ သုံးထပ်တိုက်အိမ်တစ်လုံးကို ၀ ယ်ထားပြီးဖြစ်သည်။ မိနစ် ၂၀ ခန့်ကားမောင်းနိုင်သဖြင့် ကျောင်းသို့ရောက်နိုင်သည်။ ချင်းမင် သည် ရှုနင် ၏နေ့စဉ်လူနေမှုဘ ၀ ကိုဂရုစိုက်ရန် အိမ်ဝန်ထမ်းနှင့် ဒရိုင်ဗာကို villa တွင်အလုပ်လုပ်ရန်စီစဉ်ခဲ့သည်။
ချင်းမင် သည် ပြန်လည်မွေးဖွားလာသည့်လူအလား သူသည် အလွန်လုံ့လဝီရိယရှိသူဖြစ်ပြီး သူ၏ ခရီးဆောင်အိတ်ကို တစ်ရက်ကြိုတင်က ပထမထပ်ရှိ ဧည့်သည်ခန်းထဲ ထည့်ထားပြီးဖြစ်သည်။
ရှုနင်က တတိယထပ်မှာနေတယ်။ လှည့်ပတ်ကြည့်လိုက်တော့ ပတ်ဝန်းကျင်က မဆိုးဘူး..
"ခင်ဗျားလုပ်ထားတာ ကောင်းတယ်။ "
"ကျေးဇူးတင်ပါတယ် သခင်လေး... အရာရာကိုကျောင်းမှာ စီစဉ်ထားပြီးပါပြီ။ ကျောင်းသားသစ် တစ်ယောက်အနေနဲ့ အဆောင်တစ်ခန်းမှာတစ်နှစ်နေသင့်ပါတယ်။ ဒါပေမယ့် သခင်လေးရှုက နေရတာ အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော်တို့ ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်အနေနဲ့ ကျောင်းကို အပြင်မှာနေထိုင်ဖို့လျှောက်ပေးပါ့မယ်။ အလုပ်ခွင်မှာတော့ သူဌေးအနေနဲ့ သခင်လေးက ၂ ရက်ကို တခါ မျက်နှာလာပြရုံနဲ့ အဆင်ပြေပါမယ် "
ချင်းမင်ပေးသည့်အကြံတွေက အတော်လေးကောင်းသည်။ ရှုနင်က အရင်ဘဝက ကျောင်းဆောင်မှာ နေခဲ့ဖူးလို့ အတူနေအခန်းဖော်ကောင်းတယ်ဆိုရင်တော့ တော်တော်လေး အဆင်ပြေပါတယ်။ သူက အနုပညာအလုပ်ကိုလည်း စတင်လုပ်နိုင်တယ်လေ....
" ဒါဆို နောက်ပိုင်းမှာ အပြင်မှာ နေထိုင်ခွင့်တောင်းလိုက်တော့။ အခု လောလောဆယ် ဒီ ဗီးလာမှာ နေရတာပိုကောင်းမယ်။ ရိုက်ကုူးရေးရော အခြေနေ ဘယ်လိုလဲ..."
"ရိုက်ကူးရေးက အရာအားလုံးချောချောမွေ့မွေ့သွားနေပြီး၊ ရုပ်ရှင်ရိုက်တာတွေ စနေပြီ။ ဒါကြောင့် ကျွန်တော်က သခင်လေး တက်ရမယ့် စစ်သင်တန်းအတွက် လိုအပ်တာကို အကုန်စီစဉ်ပေးထားပါတယ်"
"အမ်း.... "
ထို့နောက် ချင်းမင် သည်အောက်ထပ်သို့ဆင်းသွားသည်။ ရှုန် သည်အိပ်ရာပေါ်မှာလဲလျောင်းသည်။ နာရီအနည်းငယ်အကြာတွင် ရှုဟိန်ကိုသတိရလာသည်။
နောက်နေ့စစ်ရေးလေ့ကျင့်မှုပြုလုပ်ချိန်၌ ချင်းမင်သည် ရှုနင်ကို ဗီးလာကနေ မနက်စောစော ကားဖြင့်လိုက်ပို့ခဲ့သည်။ ကျောင်းသားသစ်များသည်အားအင်ပြည့်ဝစွာ နှင့် တက်ကြွနေကြပြီး သူတို့၏မျက်နှာများပေါ်တွင်အပြုံးများဝေနေသည်။ ဒါပေမယ့် မျက်နှာပုပ်သိုးနေသူတွေတော့ရှိတာပေါ့။ သူတို့တွေက ပုံမှန်လေ့ကျင့်ခန်းမလုပ်ကြဘူး။ စစ်ရေးလေ့ကျင့်မှုဆိုတာက တကယ်ကို ခက်ခဲသည့် အလုပ်ဖြစ်ည်။ ဇွဲရှိခြင်းသည်အောင်ပွဲ၏သော့ချက်ဖြစ်သဖြင့ ်လူတိုင်း အချင်းချင်းအားပေးနေခဲ့ကြသည်။
အနက်ရောင်ကားသည်စိတ် ၀ င်စားစရာမရှိလို့ ဘယ်သူမှ သိပ်သတိမထားမိပေ။ ရှုနင်က စစ်ရေးလေ့ကျင့်မှု လုပ်နေစဉ် ချင်းမင်က ထွက်မသွားပဲ အပြင်မှာ စောင့်နေပြီး လူတွေကို ကြိုတင်စီစဉ်ထားသည်။ တကယ်လို့ လေ့ကျင့်နေရင်း ရှုနင် တခုခုဖြစ်ပြီး လဲကျသွားရင် အရေးပေါ်ပြုစုနိုင်ရန် စီစဉ်ထားခဲ့သည်။ ချင်းမင်က တကယ်ကို ထောင့်စေ့အောင် စီမံနိုင်သူဖြစ်သည်။ ဒါကြောင့် company မှာ လူများစွာရှိပေမယ့် ချင်းမင်က ဒီနေရာ ဒီရာထူးအထိ မြင့်တက်လာနိုင်တာဖြစ်သည်။
စစ်ရေးလေ့ကျင့်ခြင်းက တကယ်ကို ခက်ခဲပြီးဒီကနေ ဆုရဖို့ဆိုတာ တကယ်မလွယ်လှပေ။ ဒါပေမယ့် မထင်မှတ်ပဲ ရှုနင်ရဲ့နာမည် အခေါ်ခံလိုက်ရသည်။ (⊙ o ⊙)
သစ်ပင်ကြီးအောက်တွင် စစ်ထူထုံး သည်သူ၏နောက်ကျောကို လက်ပစ်ထားပြီး သူ့ကိုယ်ရံတော် စစ်သား အတော်များများသည် ရှုနင်၏ နောက်တွင်ရပ်နေသည်။
"ဗိုလ်.... ကွန်မန်ဒါကို အစီရင်ခံပါတယ်...ရှုနင် ရောက်လာပါပြီ ဆရာ"
သူ၏မျက်နှာမှာ ချွေးတွေ ရွှဲနေပေမယ့် ရှုနင်ရဲ့ ရင်ထဲမှာ 'ဘာတွေဖြစ်နေလဲ ~ ဘာတွေဖြစ်နေလဲ ~ ဘာဖြစ်နေတာလဲ→ _ →' လို့ မြည်တမ်းနေသည်။
အရပ်မြင့်မြင့်နှင့် လွှမ်းမိုးခြယ်လှယ်နိုင်သည့် ကိုယ်ရှိန်ကိုယ်ဝါတွေ ထုတ်လွှင့်နေသည့် လူက နောက်ကို လှည့်လာစဉ် ရှုနင်က ထိုလူကို တွေ့လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း အထူးခံစားချက်တစ်ခုပေါ်ထွက်လာ သည်၊ ထူးဆန်းလိုက်တာ... ဒီလူရဲ့မျက်လုံးတွေက ရှုဟိန်နှင့် တထပ်တည်း တူနေတယ်။
အကိုကြီးနဲ့ ဒီလူက ဆွေမျိုးများမဖြစ်နိုင်ဘူးလား.. ရှုမိသားစုထဲက ဘယ်သူမှ စစ်တပ်ထဲမှာ မရှိတဲ့အတွက် ဒါက သေချာပေါက် အကိုကြီးရဲ့ အမျိုးဖြစ်နို်င်လောက်သည်။ ဒီလူက တခါမြင်တာနဲ့ မမေ့နိုင်အောင် ချောမောခန့်ညားသည့် မျက်နှာကို ပိုင်ဆိုင်ထားသည်။
"ဟယ်လို,"
စစ်ထူထုံး သည်သူ၏ကိုယ်ခန္ဓာကိုတတ်နိုင်သမျှလျှော့ချရန်နှင့် သူ၏မျက်နှာထားကို ပျော့ပြောင်းပြီး ကြင်နာတတ်သူူအဖြစ် ပြသနိုင်စေရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့ပြီးဖြစ်သည်။ ဒီလူငယ်လေးက သူ၏သားနှင့်အတူ နီးကပ်သည့် သူဖြစ်လို့ ဒီကောင်လေးနှင့် ရင်းနှီူးရင် သူ့သားနှင့် ရင်းနှီးအောင် လုပ်ပေးနိုင်ဖို့ အခွင့်ကောင်းဖြစ်သည်။
စစ်ထူထုံးက ပြုံးကာ နူတ်ဆက်လိုက်သည်
"မင်းကိုတွေ့ရတာဝမ်းသာပါတယ်"
ဒါ တကယ်ပဲ လေ့ကျင့်ရေးက အရာရှိဟုတ်ရဲ့လား။ သူ့ပုံက ကွန်မန်ဒါထက် ဗိုလ်ချုပ်တစ်ယောက်နှင့် တူနေသည်။ ကွန်မန်ဒါတွေဆိုရင် ခုလို ကောင်းကောင်းမွန်မွန် ပျော့ပျော့ပြောင်းပြောင်း နူတ်ဆက်မည် မဟုတ်ပေ။ သူ့ကို ကြိုးစာလေ့ကျင့်ဖို့ပဲ မှာလိမ့်မည်။
"ဟယ်လို,"
သူ၏အကြီးအကဲများနှင့်မျက်နှာချင်းဆိုင်နေရလို့ ရှုနင်က အလွန်ပျော့ပျောင်းသောပုံပေါ်နေဆဲဖြစ်သည့် သူ၏ ပိန်သွယ်သော လက်ကိုဆန့်လိုက်သည်။
လက်ဆွဲနှုတ်ဆက်ပြီးနောက် စစ်ထူထုံး၏ ဦး ခေါင်းထဲတွင် အတွေးများနှင့်ပြည့်နှက်နေသည်။ သူ့သား၏လက်ကို ဘယ်တော့မျှ မထိခဲ့သော်လည်း အခု လူငယ်လေးလက်ကို ဆုပ်ကို်င်လိုက်စဉ် သူ၏သား အမြဲတမ်းထိတွေ့ကိုင်တွယ်နေသည့် လက်ပိုင်ရှင်လေးတွင် ပြေပြစ်သော လက်ဆစ်များနှင့် နူးညံ့သော လူငယ်လေးဖြစ်လို့ ဒီလက်ကို ဆုပ်ကို်င်မိရင် ကိုယ့် သားလေး လက်ကို ဆုပ်ကိုင်မိသလို ခံစား၇မှာ သေချာသည်။
စစ်ထူထုံးက လက်ဆွဲနူတ်ဆက်ပြီး လက်ကို လွှတ်လိုက်ပြီးနောက် သူသည်ပုံမှန်အတိုင်းပင်ပြုံးနေဆဲဖြစ်သည်။
ရှုနင်၏စိတ်ထဲတွင်အတွေးများဝေနေသည်။
"ကျွန်တော် ဘာများလုပ်ပေးရမလဲခင်ဗျာ"
"အိုး..မဟုတ်ပါဘူး။ မင်းကို ငါ့ဆီကို တစ်ယောက်ယောက်က အပ်ထားလို့ မင်းကို လာတွေ့တာပါ"
သူ့အဖေက ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဘာမှမပြောဘူး။ ထို့အပြင် သူသည် မိမိကိုယ်ကို မိတ်ဆက်ပြောလာခြင်းမရှိသဖြင့် ရှုနင်က သတိထားနေလိုက်သည်။
"အိုး... တခြားကျောင်းသားတွေက လေ့ကျင့်ခန်းကို ကြိုးစားလုပ်နေကြတယ်။ ဒါကြောင့် ကျွန်တော် လေ့ကျင့်ရေးကို ပြန်သွားလိုက်ပါဦးမယ်"
"ကောင်းပြီ"
ရှုနင်က အလွန်ယဉ်ကျေးစွာ နုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ စစ်ထူထုံးက ထိုနေရာမှာ ခဏရပ်နေပြီး သူ ခင်မင်ဖို့ကြိုးစားတာ ရှုံးနိမ့်သွားသလားဟု တွေးနေသည်။
ရှုဟိန်လိုပဲ သူဟာဘယ်တော့မှအရှုံးမပေးနိုင်ပါဘူး။ ဒါကြောင့် ရှုနင်က ထိုလူကို နေရာတိုင်းမှာ တွေ့တွေ့နေရသည်။ သူသည်သန့်စင်ခန်းသို့သွားသောအခါ ထိုလူနှင့် တွေ့လိမ့်မည်။ ပြန်လှည့်သောအခါလည်း သူ့ကိုတွေ့မြင်နိုင်သည်။ သူသည် ကင်တင်းမှာ နေ့လည်စာ စားရန် ကြိုးစားနေစဉ်ထိုလူကို သူ၏မျက်လုံးထောင့်မှပင် မြင်နိုင်သည်၊ ထိုလူက အမဲသားဟင်းစားနေတာလား။ ဒါဆိုရင် ဒီလူက ကွန်မန်ဒါ မဖြစ်နို်င်ဘူူးလို့ နင်နင်က တွေးလိုက်သည်။
ဒီလူက ရှု မိသားစုနှင့်အတိတ်က ပတ်သတ်မှု ရှိသည့် အရာရှိတစ်ယောက်ဖြစ်နိုင်မလား...
ရှုနင်က သူ့နောက်ကို တကောက်ကောက်လိုက်နေသည့် ထိုလူကို အာရုံစိုက်လွန်းသောကြောင့် သူ၏ တဖွဲ့တည်းက အဖော်တွေနှင့် စကားမပြောဖြစ်ခဲ့ခြင်းကြောင့် သူတို့က နင်နင်ကို သီးသန့်နေတတ်သူဟု အထင်လွဲသွားသည်။
သူတို့က အနုပညာကျောင်းကလား...? သူတို့အားလုံးက အတန်းဖော်တွေပဲ ဟုတ်နိုင်ပါ့မလား..
သူတို့ပြိုင်ဘက်များဖြစ်နိုင်သည့်အချိန်တွင်ထူးခြားသည့်စိတ်ထားရှိသူ ရှုနင်သည်ထူးခြားသောလူ တစ်ယောက် မဟုတ်ပါ၊ ပွဲ၏အဓိကအချက်အချာကျသူများသည် အလွန်ထူးကဲသောစွမ်းရည်ရှိသော ကျောင်းသား အနည်းငယ်သာဖြစ်သည်။ လူတိုင်း လေ့ကျင့်မှုဖြင့် ငြီးငွေ့လာသည့်အခါ သီဆိုသူအချို့နှင့် ကခုန်သူများသည် အလွန်ကောင်းသောအခြေအနေများရှိခဲ့သည်။ အနုပညာကျောင်းနှင့် အထက်တန်းကျောင်းများအကြား အကြီးအကျယ်ကွာခြားမှု ရှိနေခဲ့သည်၊ သူသည် ဖျော်ဖြေရေးစက်ဝိုင်းထဲသို့ ဝင်ရောက်ကာ တိုးတက်ချင်သည်။
အချို့ကျောင်းသားများသည် အိပ်ယာပေါ် စောင်များခင်းခြင်းကိုမနှစ်သက်သောကြောင့် ရှုနင် က သူတို့ကိုကူညီရန် လုပ်ပေးခဲ့သည်။ သူက စကားမပြောပေမယ့် သူကနွေးထွေးစွာ ဆက်ဆံနေတုန်းပဲ။
ညစာစားပြီးနောက် ရှုနင်သည်အရိပ်အောက်တွင်လမ်းလျှောက်ချင်ခဲ့သည်။ သူ၏စိတ်ထဲတွင် တိတ်တခိုးကြိတ်ပြီး ရေတွက်နေမိသည်။ တစ်၊ နှစ်၊ သုံး၊ မျှော်လင့်ထားသည့်အတိုင်း ထိုလူက နောက်တဖန် သူ့ရှေ့ကို ရောက်လာခဲ့သည်။
"အိုး.... တိုက်ဆိုင်လိုက်တာ..မင်းနဲ့ ထပ်တွေ့ပြန်ပြီ "
"ဟုတ်ကဲ့...တကယ် တိုက်ဆိုင်တာပဲ ခင်ဗျာ"
ရှုနင်က မျက်တောင်ခတ်ပြီးတဲ့နောက် သူက ဒီလူဟာအန္တရာယ်မရှိဘူးဆိုတာသိသွားပြီး သူ့ရဲ့ကောင်းတဲ့ဘက်ကို ရောက်ဖို့ကြိုးစားနေပုံရတယ်။ ရှုနင် က သူ့ကိုအခွင့်အရေးတစ်ခုပေးခဲ့ပေမယ့် သူလည်းအမှန်တရားကို ရှာဖွေနိုင်ခဲ့တယ်။
"ကွန်မန်ဒါ... ဆရာ အနားယူဖို့ လာခဲ့တာ မဟုတ်ဘူးလား။ "
" ကောင်းပြီ၊ ငါက လေ့ကျင့်ဖို့မလိုအပ်ဘူး၊ ဒါပေမယ့် မင်း မပင်ပန်းဘူးလား။ ငါ မင်းကို နှိပ်နယ်ပေးရမလား "
ကွန်မန်ဒါတစ်ယောက်ကို သူ့လို သင်တန်းသားက ဘယ်လို နှိပ်ခိုင်းရဲပါ့မလဲ...။
"မဟုတ်ဘူး၊ မလိုဘူး၊ ကျွန်တော် ဘယ်လို လက်ခံနိုင်ပါ့မလဲ"
"လာ..လာ.. မြန်မြန်လေး ထိုင်လိုက်"
" မလိုပါဘူး ခင်ဗျာ"
" မင်းရဲ့ခြေထောက်ကို အခု အနှိပ်မခံရရင် မနက်ဖြန်ပိုဆိုးသွားနိုင်တယ်၊ ဒါကြောင့် ဒီကိုလာစမ်းပါ"
စစ်ထူထုံးက ရှုနင် ၏ပခုံးများကို နှိပ်ပေးပြီးနောက် လိမ္မာပါးနပ်သောနည်းဗျူဟာအချို့ကိုအသုံးပြုခဲ့သည်။
လူစိမ်းတွေနဲ့ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တာကို မနှစ်သက်တဲ့သူ ရှုနင်က အခု ကွန်မန်ဒါက သူ့ကိုနှိပ်ပေးတာကို ခံရစဉ် ထူးဆန်းနေသည်။ သူက မနှစ်မြို့သည့် ခံစားချက်ကို မရခဲ့ပဲ ရင်းနှီးနေသလို ခံစားနေရသည်။
ကွန်မန်ဒါက ရှုနင်၏ခြေထောက်တွေကို သူ့ပေါင်ပေါ်တင်ပေးပြီး လက်ဖြင့် ဆက်တိုက်နှိပ်ပေးနေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူက ရှုနင်နှင့်ရင်းနှီးဖို့အတွက် သူ၏မျက်နှာပေါ်တွင်ခင်မင်ရင်းနှီးသော အပြုံးတစ်ခုရှိသည်။
ဒါနဲ့ ကွန်မန်ဒါက ဘာဖြစ်လို့ သူ့ကို လာနှိပ်ပေးနေတာလဲ?
ရှုနင်က ဒါကိုနားမလည်နိုင်ဘူး၊ သူ ဒီအချက်ကိုရောက်ပြီဆိုတော့ ရှုနင်ကသူ့ကို ပွင့်ပွင့်လင်းလင်းမေးရ လိမ့်မယ်။ တကယ်လို့ ဒီလူက သူ့ကို ဖုံးကွယ်ထားရင်တော့ ပြတ်သားစွာ လျစ်လျူရှုရမည်။ သူ့ကို ဖုံးကွယ်တာကို ရှုနင်က မကြိုက်ပေ။
"ကျွန်တော့်ကို ဂရုစိုက်ပေးဖို့ ဘယ်သူက ဦးလေးကွန်မန်ဒါကို မှာခဲ့တာလဲ ခင်ဗျာ"
"ရှုဟိန်"
လက်စသတ်တော့ သူ့အကိုဖြစ်နေတာကိုး....
ရှုနင် ၏နှလုံးသားသည်နည်းနည်းမြန်မြန် ခုန်လာပြီးပျားရည်ကဲ့သို့ချိုသည်ဟု ခံစားလိုက်ရသည်။ သူ၏ပါးစပ်ထောင့်များမှာလည်း ကော့တက်လာခဲ့သည်။
"ကျွန်တော့် အကိုကြီးနဲ့ ဦး လေးကွန်မန်ဒါက ဘယ်လိုတွေ့ခဲ့တာလဲ"
အရာရှိလို့ခေါ်ရာကနေ ဦးလေးကွန်မန်ဒါလို့ ခေါ်လာပြီဆိုတော့ သူ့နည်းလမ်းက ထိရောက်တာပဲဟု စစ်ထူထုံးက ကျေနပ်စွာ ကြိတ်ပြုံးလိုက်မိသည်။O(∩_∩)O ဒီလူငယ်လေးက စိတ်ထားနူးညံ့သိမ်မွေ့တယ်။ ရှုဟိန်ကို သေချာပေါက် ဖြောင့်ဖြပေးနိုင်မယ်။ သူနဲ့ ဆက်ဆံရေးကောင်းအောင် ငါ ဆက်လုပ်ရမယ်...
ထို့ကြောင့် ငါ အလုပ်လုပ်ခဲ့ရတာ ခက်ခဲပေမယ့် အကျိုးရှိတယ်။ အခု ရိုးသားဖို့အကောင်းဆုံးဖြစ်တယ်, သူကပဲရိုးသားမှုနှင့်အတူ သူ့သားနှင့် အဆင်ပြေအောင် ညှိနှိုင်းနိုင်လိမ့်မယ်။
"ငါက သူ့ဆွေမျိုးပါ"
စစ်ထူထုံးက သူ၏အတိတ်အကြောင်းကို အနည်းငယ်ပြောပြခဲ့ပြီး အသေးအဖွဲကိစ္စများကိုသာ အာရုံစိုက်ကာ အဓိကအချက်များကိုရှောင်ရှားခဲ့သည်။ သူက ရှုနင်ကိုကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေကအရမ်းနူးညံ့တယ်။ အကယ်၍ ဒီကလေးကို သူ့သားက သဘောကျတယ်ဆိုရင် သူလည်း သဘောကျဖို့ အေ ကာင်းဆုံးကြိုးစားရ လိမ့်မည်။ တကယ်လို့ ရှုနင်ကသာ သူ့အကြောင်းကို ရှုဟိန်ဆီ စကားလုံးတစ်လုံးနှစ်လုံးလောက်ထည့်နိုင်လျှင် သူ ကြိုးစားရကြိုးနပ်ပေမည် ။
ဒီကောင်လေးကအသက် ၁၆ နှစ်သာရှိသေးပြီးတက္ကသိုလ်တက်နေပြီ။ သူက ၁၃ နှစ်အရွယ်ကတည်းက ရှုဟိန် နောက်ကိုလိုက်နေတယ်ဆိုတာကို သူကြားခဲ့တယ်။ ဤအချက်ကိုစဉ်း စား၍ စစ်ထူထုံး သည် ရှုနင်ကို ပို၍ နှစ်သက်လာသည်။
"သူက ငါ့ အကြောင်းကို ဘာပြောသေးလဲ "
ရှုနင်က စစ်တပ်ထဲက အကိုကြီးရဲ့ ဦးလေးတော်စပ်တဲ့ ကွန်မန်ဒါအကြောင်း အကိုကြီးပြောဖူးသလားဆိုတာ ပြန်တွေးပေမယ့် ဘာမှမမှတ်မိပေ။
"အကိုကြီးက ပြောဖူးပါလိမ့်မယ်ခင်ဗျ။ ကျွန်တော်က သတိမထားမိတာဖြစ်ပါလိမ့်မယ်"
ကြည့်စမ်း..ဒီကလေးက ငယ်ငယ်လေးနဲ့ ငါ့ခံစားချက်ကို နားလည်ပြီး စိတ်မထိခိုက်အောင် ဖြေပေးရှာတယ်။ ဒီကလေးက တကယ်ကောင်းတဲ့ကလေးပဲ...
(ချွေးမလေးကို သဘောကျနေသော စစ်ထူထုံး... ဒယ်ဒီကြီး)
စစ်ထူထုံးက ပြုံးကာ သံကို ပူတုန်း ထုရန် ကြိုးစားလိုက်သည်။ ရှုနင်နှင့် လေပေးဖြောင့်စဉ် ပိုခင်အောင် လုပ်ရန် ပြောခဲ့သည်။
"ဦးလေးဆီမှာ ကြက်ပေါင်ကြော်တချို့ရှိတယ်။မင်း စားချင်လား"
*-*
Chapter (126)_ ေယာကၡမႀကီး စစ္ထူထုံးႏွင့္ ရႈနင္ ေတြ႕ဆုံျခင္း
ရႈနင္က အခု ရွက္ေနၿပီး အကိုႀကီး ဆုပ္ကိုင္ျဖစ္ညစ္ေနသည့္ လက္ကို ဆြဲထုတ္ခ်င္ေပမယ့္ ရႈဟိန္က လႊတ္မေပးပဲ ဆက္လက္ကိုင္ထားသည္။ သူတို႔ႏွစ္ေယာက္ C City ကို ေန႔ခင္းတြင္ျပန္ေရာက္ခဲ့ၿပီး သူတို႔အေဖႏွင့္ ေန႔လည္စာ အတူတူသြားစားကာ ရႈဟိန္က အလုပ္လုပ္ၿပီး ရႈနင္က အိမ္ကိုျပန္လာခဲ့သည္။ သူက တေနကုန္ အိပ္ယာထဲလွဲကာ ဂိမ္းေဆာ့လိုက္၊ ဖုန္းေျပာလိုက္ႏွင့္ အပ်င္းအိုးေလးလုပ္ေနၿပီး ညေန အလုပ္ဆင္းခ်ိန္ေရာက္မွ သားအဖ သုံးေယာက္ အတူတူညစာစားၾကသည္။ သားအဖ သုံးေယာက္ရဲ႕ဘဝေလးက သာယာေအးခ်မ္းကာ ဟန္ခ်က္ညီလ်က္ရွိသည္။
ရႈဟိန္က လွ်င္ျမန္သည့္ႏႈန္းျဖင့္ company ထဲက ေနာက္ဆုံးက်န္သည့္ ႂကြက္ကိုရွင္းထုတ္လိုက္သည္။ ရႈမ်ိဳးႏြယ္အႀကီးမွ အငယ္ထိ ဂယက္႐ိုက္ကုန္ၾကေပမယ့္ ရႈဟိန္၏လုပ္ေဆာင္ခ်က္ကို ဘယ္သူမွ မဟန႔္တားႏိုင္ၾကေပ။ ရႈခ်ိန္၏ဖုန္းထဲတြင္လည္း လူအေတာ္မ်ားမ်ားကို ရႈနင္က black list သြင္းလိုက္ကာ ခ်စ္စဖြယ္အမူယာျဖင့္ အေဖျဖစ္သူ လက္ခံေအာင္ ေျပာႏိုင္ခဲ့သည္။ သူလုပ္သမွ်အားလုံးသည္ခ်စ္စရာေကာင္း ေသာ လုပ္ရပ္ျဖစ္ၿပီး သူ႔အေဖက အေလွ်ာ့ေပးလိုက္ေလ်ာခဲ့သည္။
ရႈက်ီ႐ႊမ္းသည္ သူကိုယ္တိုင္စီးပြားေရးလုပ္ငန္းစတင္လုပ္ကိုင္ရန္ မိသားစုလုပ္ငန္းထဲကေန ထြက္ခြာခဲ့ၿပီးျဖစ္သည္။ သူသည္ အတင္းအဓမၼခိုင္းေစကာ အလုပ္က ျဖဳတ္ပစ္ခံရျခင္းမရွိေသာ္လည္း ရႈဟိန္က သူ႔လုပ္ကိုင္ခြင့္ကို ေလွ်ာ့ခ်လိုက္သျဖင့္ လုပ္ငန္းတြင္းမွာ ခိုးမရမည့္အတူတူ အရင္ဦးေအာင္ ထြက္စာတင္လိုက္သည္။ ဒါေၾကာင့္ သူ႔ပုံရိပ္ဟာ ခ်က္ခ်င္းပိုၿပီးျမင့္မားခဲ့တယ္၊ ဒါေပမယ့္ ...... လူတိုင္းက သူ႔အေၾကာင္းကို မၾကာခင္ ေမ့သြားလိမ့္မယ္။
ကုယာသည္ဒုတိယအိမ္မွ ကုမၸဏီတြင္က်န္ခဲ့ေသာ တစ္ေယာက္တည္းေသာသူျဖစ္သည္။ သူမသည္ရာထူးကိုဆက္လက္ထိန္းသိမ္းထားရန္ အလြန္သတိထားခဲ့ေသာ္လည္း ရႈဟိန္ ကမူ သူမအား ခြင့္မလႊတ္ပါ။ နံနက္အစည္းအေဝးတြင္ သူမသည္ဌာနခြဲကုမၸဏီ၏ မန္ေနဂ်ာအျဖစ္ လူအမ်ားေရွ႕တြင္ ရာထူးတိုးျဖင့္ ေျပာင္းေ႐ႊ႕ျခင္းခံခဲ့ရေအာင္ လုပ္ေပးခဲ့သည္။ ကုယာကို လူတိုင္းက ၀ မ္းသာအားရျပဳၾကေပမယ့္ ေနာက္ဆုံးတြင္ ကုယာကို ဒီေနရာကေန ဖယ္ထုတ္ႏိုင္ခဲ့သည့္အတြက္ လူေတြက ႀကိတ္ဝမ္းသာေနၾကသည္။ ကုယာက သူမ တာဝန္ယူရမည့္ ဌာနခြဲကုမၸဏီသည္အလြန္ဆိုး႐ြားလွသည္ကို မသိသည့္အျပင္ ထို လုပ္ငန္းခြဲတစ္ခုလုံးတြင္ ရႈဟိန္၏လူေတြခ်ည္းသာရွိေနသည္။ သူမက ထိုေနရာတြင္ မဟုတ္တာ ဘာမွ လုပ္ႏိုင္မည္ မဟုတ္ေပ။ သူမက ရာထူးတိုးလာေပမယ့္ ကိုယ္က်ိဳးအတြက္ ဘာမွ လႈပ္လို႔ပင္မရေပ။ လက္ရွိ သူမအေျခေနက ေသတာထက္ပိုဆိုးေနတယ္။
တကယ္ေတာ့ သူမအတြက္ ျပင္ပတြင္ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း လုပ္ရန္မွာ မခက္ခဲလွေပ။ ဒါေပမယ့္ သူမက ကိုယ္ပိုင္လုပ္ငန္းရွင္ သူေဌးျဖစ္သည္ထက္ ပိုၿပီးေလာဘႀကီးခဲ့သည္။
ကုယာ၏ အက်င့္စ႐ိုက္ကို ရႈနင္က ေသခ်ာသိထားၿပီးျဖစ္သည္။ ဒါေၾကာင့္ သူမကို ဘာမွ လုပ္ပိုင္ခြင့္မရွိေစပဲ သူ႔အစြမ္းကို ျပသကာ ခ်ဳပ္ထားခဲ့သည္။
ထို႔အျပင္ဒုတိယအိမ္၏ ေငြေၾကးပိုင္ဆိုင္မႈ၊ ရွယ္ယာပိုင္ဆိုင္မႈက အလြန္နည္းလြန္းသျဖင့္ ရႈဟိန္ ကိုရာထူးမွဖယ္ရွားရန္ သူတို႔ ဘာမွ် မတတ္ႏိုင္ေပ။ အျခားရွယ္ယာကို ထပ္ဝယ္ရန္လည္း ေငြမရွိေပ။ သူတို႔လုပ္တတ္တာဆိုလို႔ ခိုးဝွက္တတ္တာပဲရွိသည္။ ေနာက္ဆုံးေတာ့ သူတို႔က အံတႀကိတ္ႀကိတ္ႏွင့္သာ ၾကည့္ေနရေတာ့သည္။
ရႈနင္သည္စာ႐ြက္စာတမ္းမ်ားအခ်ိဳ႕ကိုၾကည့္ရႈေနစဥ္ သူက အရမ္း တုန္လႈပ္သြားလို႔ ရႈဟိန္က ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ"
"ေက်ာင္းက မၾကာခင္ဖြင့္ေတာ့မယ္။ "
"ဟုတ္တယ္၊ အခ်ိန္ကုန္တာက အရမ္းျမန္လြန္းတယ္"
ရႈနင္ကစာ႐ြက္စာတမ္းမ်ားကိုခ်ၿပီး ရႈဟိန္ ၏ရင္ခြင္ထဲ ဝင္ထိုင္ကာ သူ႔ခါးကို ဖက္လိုက္သည္။
"အကိုႀကီးကို ကြၽန္ေတာ္ လြမ္းေနေတာမယ္.. အဲ့ဒါ ဘယ္လိုလုပ္ရမလဲ"
"မင္းက ဒီေက်ာင္းကို မင္းကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့တာပါ"
"ဒါဆိုလည္း ေေကာင္းၿပီ"
ရႈနင္က သူ႔သခ်ႋဳင္းကို သူကိုယ္တိုင္ တြင္းတူးခဲ့သည္ကို မသိေသးေပ။ သူက ႐ုပ္ရွင္႐ိုက္ကူးတာကို ေတာ္ေတာ္ေလး စိတ္ဝင္စားတယ္လို႔ထင္ခဲ့တယ္။
ရႈနင္သည္ေက်ာင္းစတက္သည္ႏွင့္ စစ္ေရးေလ့က်င့္မႈအတြက္သြားရေတာ့မည္ျဖစ္သည္။ ထို႔ေၾကာင့္ ေလယာဥ္ျဖင့္ L စီးတီးသို႔ ထြက္သြားရၿပီး ရႈဟိန္က သူ႔ျမင္ကြင္းထဲက ေလယာဥ္ေပ်ာက္သြားမွ အိမ္ကိုျပန္လာခဲ့သည္။
ရႈခ်ိန္သည္ေကာ္ဖီတစ္ခြက္ကိုင္ထားၿပီး မွန္ျပတင္းေပါက္ရွည္ကေန အျပင္ကို ေငးၾကည့္ေနသည္။
"ေဖေဖ၊ နင္နင္ ေလယာဥ္ေပၚသို႔တက္သြားၿပီ"
"အမ္, သူကေနာင္တရေနခဲ့ေသးလား"
"ဘယ္လိုျဖစ္ႏိုင္မွာလဲ"
ရႈဟိန္သည္ အတြင္းေရးမႉးအား ေကာ္ဖီတစ္ခြက္ယူေဆာင္လာေစၿပီး ဆိုဖာတြင္ထိုင္ေနသည္။ အကယ္၍ ရႈနင္ သည္တစ္စုံတစ္ ဦး ၏ထင္ျမင္ခ်က္ကို အလြယ္တကူနားေထာင္လိုက္နာတတ္သူျဖစ္ရင္ ရႈဟိန္က သူ႔ကို အေဝးကို ဘယ္လႊတ္ပါ့မလဲ။
သူသည္ေလ့က်င့္ေရးစခန္းရွိအဆင့္ျမင့္အရာရွိမ်ားကို ႀကိဳတင္ဆက္သြယ္ထားၿပီးျဖစ္ေသာေၾကာင့္ ေလ့က်င့္ေရးစခန္းတြင္ သူတို႔က ရႈနင္ကို ေကာင္းေကာင္းဂ႐ုစိုက္လိမ့္မည္။
"အေဖ နင္နင္ကို စိတ္မပူပါနဲ႔၊ သူ႔ကိုယ္ရံေတာ္အခ်ိဳ႕ကို သူေနာက္လိုက္ဖို႔ ကြၽန္ေတာ္စီစဥ္ၿပီးၿပီ။ ဘာမွ ျဖစ္မွာမဟုတ္ဘူး။"
ရႈနင္က ေလယာဥ္ေပၚက ဆင္းၿပီးေနာက္ ေရွာင္ဝမ္သည္သူ၏ခရီးေဆာင္အိတ္မ်ားကို ယူၿပီး ထြက္လာခဲ့သည္။ ထို႔ေနာက္သူတို႔ႏွစ္ ဦး သည္ ခ်င္းမင္၏ကားေပၚသို႔တက္လာသည္။ ရႈဟိန္ ၏လူမ်ားအေနျဖင့္ ထိုသူေတြ မရိပ္မိေအာင္ ေနာက္က တိတ္တဆိတ္လိုက္ပါေစာင့္ေရွာက္ေနသည္။
ရႈနင္သည္သူ၏ကိုယ္ပိုင္စြမ္းရည္ကို ေလ့က်င့္ရန္ မိမိဘာသာေနထိုင္ထားဖို႔ ရည္႐ြယ္ၿပီ ထုတ္ေျပာခဲ့သည္။ ရႈဟိန္ႏွင့္ရႈခ်ိန္ တို႔က သူ႔စကားကို ကန႔္ကြက္ျခင္းမရွိခဲ့ေပ။ရႈနင္ဆီမွာကိုယ္ပိုင္ဝန္ထမ္း၊ ကိုယ္ပိုင္လုပ္ငန္း ရွိေၾကာင္း ရႈခ်ိန္ႏွင့္ ရႈဟိန္တို႔က သိထားေပမယ့္ ဒါကို ရႈနင္က မသိေပ။
ရႈနင္က အကိုႏွင့္အေဖကခြင့္ျပဳလို႔ စိတ္သက္သာရာရသြားၿပီး သူ႔ေတာင္ပံမ်ားကို ဆန႔္ထုတ္ကာ လြတ္လပ္စြာပ်ံသန္းၾကည့္ခ်င္ေနသည္။ သူ ဖက္ထားတဲ့ေ႐ႊေပါင္လုံးႀကီးက သိပ္ကို ခို္င္မာၿပီး အံ့ၾသစရာေကာင္းလွသည္။ သူ တခုခုျဖစ္ရင္ အခ်ိန္မေ႐ြး သူ႔ကိုေက်ာေထာက္ေနာက္ခံေပးလိမ့္မယ္ ~
အႏုပညာေက်ာင္းသည္ၿမိဳ႕ႏွင့္သိပ္မေဝးေသာ L City ၏အစြန္းတြင္တည္ရွိသည္။ ရႈနင္ ၏အမိန႔္အရ ခ်င္းမင္ သည္ ၿမိဳ႕ေတာင္ဘက္တစ္ဝိုက္ရွိ သုံးထပ္တိုက္အိမ္တစ္လုံးကို ၀ ယ္ထားၿပီးျဖစ္သည္။ မိနစ္ ၂၀ ခန႔္ကားေမာင္းႏိုင္သျဖင့္ ေက်ာင္းသို႔ေရာက္ႏိုင္သည္။ ခ်င္းမင္ သည္ ရႈနင္ ၏ေန႔စဥ္လူေနမႈဘ ၀ ကိုဂ႐ုစိုက္ရန္ အိမ္ဝန္ထမ္းႏွင့္ ဒ႐ိုင္ဗာကို villa တြင္အလုပ္လုပ္ရန္စီစဥ္ခဲ့သည္။
ခ်င္းမင္ သည္ ျပန္လည္ေမြးဖြားလာသည့္လူအလား သူသည္ အလြန္လုံ႔လဝီရိယရွိသူျဖစ္ၿပီး သူ၏ ခရီးေဆာင္အိတ္ကို တစ္ရက္ႀကိဳတင္က ပထမထပ္ရွိ ဧည့္သည္ခန္းထဲ ထည့္ထားၿပီးျဖစ္သည္။
ရႈနင္က တတိယထပ္မွာေနတယ္။ လွည့္ပတ္ၾကည့္လိုက္ေတာ့ ပတ္ဝန္းက်င္က မဆိုးဘူး..
"ခင္ဗ်ားလုပ္ထားတာ ေကာင္းတယ္။ "
"ေက်းဇူးတင္ပါတယ္ သခင္ေလး... အရာရာကိုေက်ာင္းမွာ စီစဥ္ထားၿပီးပါၿပီ။ ေက်ာင္းသားသစ္ တစ္ေယာက္အေနနဲ႔ အေဆာင္တစ္ခန္းမွာတစ္ႏွစ္ေနသင့္ပါတယ္။ ဒါေပမယ့္ သခင္ေလးရႈက ေနရတာ အဆင္မေျပဘူးဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ႐ိုက္ကူးေရးဝန္ထမ္းတစ္ေယာက္အေနနဲ႔ ေက်ာင္းကို အျပင္မွာေနထိုင္ဖို႔ေလွ်ာက္ေပးပါ့မယ္။ အလုပ္ခြင္မွာေတာ့ သူေဌးအေနနဲ႔ သခင္ေလးက ၂ ရက္ကို တခါ မ်က္ႏွာလာျပ႐ုံနဲ႔ အဆင္ေျပပါမယ္ "
ခ်င္းမင္ေပးသည့္အႀကံေတြက အေတာ္ေလးေကာင္းသည္။ ရႈနင္က အရင္ဘဝက ေက်ာင္းေဆာင္မွာ ေနခဲ့ဖူးလို႔ အတူေနအခန္းေဖာ္ေကာင္းတယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။ သူက အႏုပညာအလုပ္ကိုလည္း စတင္လုပ္ႏိုင္တယ္ေလ....
" ဒါဆို ေနာက္ပိုင္းမွာ အျပင္မွာ ေနထိုင္ခြင့္ေတာင္းလိုက္ေတာ့။ အခု ေလာေလာဆယ္ ဒီ ဗီးလာမွာ ေနရတာပိုေကာင္းမယ္။ ႐ိုက္ကုူးေရးေရာ အေျခေန ဘယ္လိုလဲ..."
"႐ိုက္ကူးေရးက အရာအားလုံးေခ်ာေခ်ာေမြ႕ေမြ႕သြားေနၿပီး၊ ႐ုပ္ရွင္႐ိုက္တာေတြ စေနၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္က သခင္ေလး တက္ရမယ့္ စစ္သင္တန္းအတြက္ လိုအပ္တာကို အကုန္စီစဥ္ေပးထားပါတယ္"
"အမ္း.... "
ထို႔ေနာက္ ခ်င္းမင္ သည္ေအာက္ထပ္သို႔ဆင္းသြားသည္။ ရႈန္ သည္အိပ္ရာေပၚမွာလဲေလ်ာင္းသည္။ နာရီအနည္းငယ္အၾကာတြင္ ရႈဟိန္ကိုသတိရလာသည္။
ေနာက္ေန႔စစ္ေရးေလ့က်င့္မႈျပဳလုပ္ခ်ိန္၌ ခ်င္းမင္သည္ ရႈနင္ကို ဗီးလာကေန မနက္ေစာေစာ ကားျဖင့္လိုက္ပို႔ခဲ့သည္။ ေက်ာင္းသားသစ္မ်ားသည္အားအင္ျပည့္ဝစြာ ႏွင့္ တက္ႂကြေနၾကၿပီး သူတို႔၏မ်က္ႏွာမ်ားေပၚတြင္အၿပဳံးမ်ားေဝေနသည္။ ဒါေပမယ့္ မ်က္ႏွာပုပ္သိုးေနသူေတြေတာ့ရွိတာေပါ့။ သူတို႔ေတြက ပုံမွန္ေလ့က်င့္ခန္းမလုပ္ၾကဘူး။ စစ္ေရးေလ့က်င့္မႈဆိုတာက တကယ္ကို ခက္ခဲသည့္ အလုပ္ျဖစ္ည္။ ဇြဲရွိျခင္းသည္ေအာင္ပြဲ၏ေသာ့ခ်က္ျဖစ္သျဖင့ ္လူတိုင္း အခ်င္းခ်င္းအားေပးေနခဲ့ၾကသည္။
အနက္ေရာင္ကားသည္စိတ္ ၀ င္စားစရာမရွိလို႔ ဘယ္သူမွ သိပ္သတိမထားမိေပ။ ရႈနင္က စစ္ေရးေလ့က်င့္မႈ လုပ္ေနစဥ္ ခ်င္းမင္က ထြက္မသြားပဲ အျပင္မွာ ေစာင့္ေနၿပီး လူေတြကို ႀကိဳတင္စီစဥ္ထားသည္။ တကယ္လို႔ ေလ့က်င့္ေနရင္း ရႈနင္ တခုခုျဖစ္ၿပီး လဲက်သြားရင္ အေရးေပၚျပဳစုႏိုင္ရန္ စီစဥ္ထားခဲ့သည္။ ခ်င္းမင္က တကယ္ကို ေထာင့္ေစ့ေအာင္ စီမံႏိုင္သူျဖစ္သည္။ ဒါေၾကာင့္ company မွာ လူမ်ားစြာရွိေပမယ့္ ခ်င္းမင္က ဒီေနရာ ဒီရာထူးအထိ ျမင့္တက္လာႏိုင္တာျဖစ္သည္။
စစ္ေရးေလ့က်င့္ျခင္းက တကယ္ကို ခက္ခဲၿပီးဒီကေန ဆုရဖို႔ဆိုတာ တကယ္မလြယ္လွေပ။ ဒါေပမယ့္ မထင္မွတ္ပဲ ရႈနင္ရဲ႕နာမည္ အေခၚခံလိုက္ရသည္။ (⊙ o ⊙)
သစ္ပင္ႀကီးေအာက္တြင္ စစ္ထူထုံး သည္သူ၏ေနာက္ေက်ာကို လက္ပစ္ထားၿပီး သူ႔ကိုယ္ရံေတာ္ စစ္သား အေတာ္မ်ားမ်ားသည္ ရႈနင္၏ ေနာက္တြင္ရပ္ေနသည္။
"ဗိုလ္.... ကြန္မန္ဒါကို အစီရင္ခံပါတယ္...ရႈနင္ ေရာက္လာပါၿပီ ဆရာ"
သူ၏မ်က္ႏွာမွာ ေခြၽးေတြ ႐ႊဲေနေပမယ့္ ရႈနင္ရဲ႕ ရင္ထဲမွာ 'ဘာေတြျဖစ္ေနလဲ ~ ဘာေတြျဖစ္ေနလဲ ~ ဘာျဖစ္ေနတာလဲ→ _ →' လို႔ ျမည္တမ္းေနသည္။
အရပ္ျမင့္ျမင့္ႏွင့္ လႊမ္းမိုးျခယ္လွယ္ႏိုင္သည့္ ကိုယ္ရွိန္ကိုယ္ဝါေတြ ထုတ္လႊင့္ေနသည့္ လူက ေနာက္ကို လွည့္လာစဥ္ ရႈနင္က ထိုလူကို ေတြ႕လိုက္သည္ႏွင့္ စကၠန႔္ပိုင္းအတြင္း အထူးခံစားခ်က္တစ္ခုေပၚထြက္လာ သည္၊ ထူးဆန္းလိုက္တာ... ဒီလူရဲ႕မ်က္လုံးေတြက ရႈဟိန္ႏွင့္ တထပ္တည္း တူေနတယ္။
အကိုႀကီးနဲ႔ ဒီလူက ေဆြမ်ိဳးမ်ားမျဖစ္ႏိုင္ဘူးလား.. ရႈမိသားစုထဲက ဘယ္သူမွ စစ္တပ္ထဲမွာ မရွိတဲ့အတြက္ ဒါက ေသခ်ာေပါက္ အကိုႀကီးရဲ႕ အမ်ိဳးျဖစ္ႏို္င္ေလာက္သည္။ ဒီလူက တခါျမင္တာနဲ႔ မေမ့ႏိုင္ေအာင္ ေခ်ာေမာခန႔္ညားသည့္ မ်က္ႏွာကို ပိုင္ဆိုင္ထားသည္။
"ဟယ္လို,"
စစ္ထူထုံး သည္သူ၏ကိုယ္ခႏၶာကိုတတ္ႏိုင္သမွ်ေလွ်ာ့ခ်ရန္ႏွင့္ သူ၏မ်က္ႏွာထားကို ေပ်ာ့ေျပာင္းၿပီး ၾကင္နာတတ္သူူအျဖစ္ ျပသႏိုင္ေစရန္အတြက္ အစြမ္းကုန္ ႀကိဳးစားခဲ့ၿပီးျဖစ္သည္။ ဒီလူငယ္ေလးက သူ၏သားႏွင့္အတူ နီးကပ္သည့္ သူျဖစ္လို႔ ဒီေကာင္ေလးႏွင့္ ရင္းႏွီူးရင္ သူ႔သားႏွင့္ ရင္းႏွီးေအာင္ လုပ္ေပးႏိုင္ဖို႔ အခြင့္ေကာင္းျဖစ္သည္။
စစ္ထူထုံးက ၿပဳံးကာ ႏူတ္ဆက္လိုက္သည္
"မင္းကိုေတြ႕ရတာဝမ္းသာပါတယ္"
ဒါ တကယ္ပဲ ေလ့က်င့္ေရးက အရာရွိဟုတ္ရဲ႕လား။ သူ႔ပုံက ကြန္မန္ဒါထက္ ဗိုလ္ခ်ဳပ္တစ္ေယာက္ႏွင့္ တူေနသည္။ ကြန္မန္ဒါေတြဆိုရင္ ခုလို ေကာင္းေကာင္းမြန္မြန္ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ႏူတ္ဆက္မည္ မဟုတ္ေပ။ သူ႔ကို ႀကိဳးစာေလ့က်င့္ဖို႔ပဲ မွာလိမ့္မည္။
"ဟယ္လို,"
သူ၏အႀကီးအကဲမ်ားႏွင့္မ်က္ႏွာခ်င္းဆိုင္ေနရလို႔ ရႈနင္က အလြန္ေပ်ာ့ေပ်ာင္းေသာပုံေပၚေနဆဲျဖစ္သည့္ သူ၏ ပိန္သြယ္ေသာ လက္ကိုဆန႔္လိုက္သည္။
လက္ဆြဲႏႈတ္ဆက္ၿပီးေနာက္ စစ္ထူထုံး၏ ဦး ေခါင္းထဲတြင္ အေတြးမ်ားႏွင့္ျပည့္ႏွက္ေနသည္။ သူ႔သား၏လက္ကို ဘယ္ေတာ့မွ် မထိခဲ့ေသာ္လည္း အခု လူငယ္ေလးလက္ကို ဆုပ္ကို္င္လိုက္စဥ္ သူ၏သား အၿမဲတမ္းထိေတြ႕ကိုင္တြယ္ေနသည့္ လက္ပိုင္ရွင္ေလးတြင္ ေျပျပစ္ေသာ လက္ဆစ္မ်ားႏွင့္ ႏူးညံ့ေသာ လူငယ္ေလးျဖစ္လို႔ ဒီလက္ကို ဆုပ္ကို္င္မိရင္ ကိုယ့္ သားေလး လက္ကို ဆုပ္ကိုင္မိသလို ခံစား၇မွာ ေသခ်ာသည္။
စစ္ထူထုံးက လက္ဆြဲႏူတ္ဆက္ၿပီး လက္ကို လႊတ္လိုက္ၿပီးေနာက္ သူသည္ပုံမွန္အတိုင္းပင္ၿပဳံးေနဆဲျဖစ္သည္။
ရႈနင္၏စိတ္ထဲတြင္အေတြးမ်ားေဝေနသည္။
"ကြၽန္ေတာ္ ဘာမ်ားလုပ္ေပးရမလဲခင္ဗ်ာ"
"အိုး..မဟုတ္ပါဘူး။ မင္းကို ငါ့ဆီကို တစ္ေယာက္ေယာက္က အပ္ထားလို႔ မင္းကို လာေတြ႕တာပါ"
သူ႔အေဖက ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး ဘာမွမေျပာဘူး။ ထို႔အျပင္ သူသည္ မိမိကိုယ္ကို မိတ္ဆက္ေျပာလာျခင္းမရွိသျဖင့္ ရႈနင္က သတိထားေနလိုက္သည္။
"အိုး... တျခားေက်ာင္းသားေတြက ေလ့က်င့္ခန္းကို ႀကိဳးစားလုပ္ေနၾကတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ ေလ့က်င့္ေရးကို ျပန္သြားလိုက္ပါဦးမယ္"
"ေကာင္းၿပီ"
ရႈနင္က အလြန္ယဥ္ေက်းစြာ ႏုတ္ဆက္ကာ ထြက္ခြာသြားခဲ့သည္။ စစ္ထူထုံးက ထိုေနရာမွာ ခဏရပ္ေနၿပီး သူ ခင္မင္ဖို႔ႀကိဳးစားတာ ရႈံးနိမ့္သြားသလားဟု ေတြးေနသည္။
ရႈဟိန္လိုပဲ သူဟာဘယ္ေတာ့မွအရႈံးမေပးႏိုင္ပါဘူး။ ဒါေၾကာင့္ ရႈနင္က ထိုလူကို ေနရာတိုင္းမွာ ေတြ႕ေတြ႕ေနရသည္။ သူသည္သန႔္စင္ခန္းသို႔သြားေသာအခါ ထိုလူႏွင့္ ေတြ႕လိမ့္မည္။ ျပန္လွည့္ေသာအခါလည္း သူ႔ကိုေတြ႕ျမင္ႏိုင္သည္။ သူသည္ ကင္တင္းမွာ ေန႔လည္စာ စားရန္ ႀကိဳးစားေနစဥ္ထိုလူကို သူ၏မ်က္လုံးေထာင့္မွပင္ ျမင္ႏိုင္သည္၊ ထိုလူက အမဲသားဟင္းစားေနတာလား။ ဒါဆိုရင္ ဒီလူက ကြန္မန္ဒါ မျဖစ္ႏို္င္ဘူူးလို႔ နင္နင္က ေတြးလိုက္သည္။
ဒီလူက ရႈ မိသားစုႏွင့္အတိတ္က ပတ္သတ္မႈ ရွိသည့္ အရာရွိတစ္ေယာက္ျဖစ္ႏိုင္မလား...
ရႈနင္က သူ႔ေနာက္ကို တေကာက္ေကာက္လိုက္ေနသည့္ ထိုလူကို အာ႐ုံစိုက္လြန္းေသာေၾကာင့္ သူ၏ တဖြဲ႕တည္းက အေဖာ္ေတြႏွင့္ စကားမေျပာျဖစ္ခဲ့ျခင္းေၾကာင့္ သူတို႔က နင္နင္ကို သီးသန႔္ေနတတ္သူဟု အထင္လြဲသြားသည္။
သူတို႔က အႏုပညာေက်ာင္းကလား...? သူတို႔အားလုံးက အတန္းေဖာ္ေတြပဲ ဟုတ္ႏိုင္ပါ့မလား..
သူတို႔ၿပိဳင္ဘက္မ်ားျဖစ္ႏိုင္သည့္အခ်ိန္တြင္ထူးျခားသည့္စိတ္ထားရွိသူ ရႈနင္သည္ထူးျခားေသာလူ တစ္ေယာက္ မဟုတ္ပါ၊ ပြဲ၏အဓိကအခ်က္အခ်ာက်သူမ်ားသည္ အလြန္ထူးကဲေသာစြမ္းရည္ရွိေသာ ေက်ာင္းသား အနည္းငယ္သာျဖစ္သည္။ လူတိုင္း ေလ့က်င့္မႈျဖင့္ ၿငီးေငြ႕လာသည့္အခါ သီဆိုသူအခ်ိဳ႕ႏွင့္ ကခုန္သူမ်ားသည္ အလြန္ေကာင္းေသာအေျခအေနမ်ားရွိခဲ့သည္။ အႏုပညာေက်ာင္းႏွင့္ အထက္တန္းေက်ာင္းမ်ားအၾကား အႀကီးအက်ယ္ကြာျခားမႈ ရွိေနခဲ့သည္၊ သူသည္ ေဖ်ာ္ေျဖေရးစက္ဝိုင္းထဲသို႔ ဝင္ေရာက္ကာ တိုးတက္ခ်င္သည္။
အခ်ိဳ႕ေက်ာင္းသားမ်ားသည္ အိပ္ယာေပၚ ေစာင္မ်ားခင္းျခင္းကိုမႏွစ္သက္ေသာေၾကာင့္ ရႈနင္ က သူတို႔ကိုကူညီရန္ လုပ္ေပးခဲ့သည္။ သူက စကားမေျပာေပမယ့္ သူကေႏြးေထြးစြာ ဆက္ဆံေနတုန္းပဲ။
ညစာစားၿပီးေနာက္ ရႈနင္သည္အရိပ္ေအာက္တြင္လမ္းေလွ်ာက္ခ်င္ခဲ့သည္။ သူ၏စိတ္ထဲတြင္ တိတ္တခိုးႀကိတ္ၿပီး ေရတြက္ေနမိသည္။ တစ္၊ ႏွစ္၊ သုံး၊ ေမွ်ာ္လင့္ထားသည့္အတိုင္း ထိုလူက ေနာက္တဖန္ သူ႔ေရွ႕ကို ေရာက္လာခဲ့သည္။
"အိုး.... တိုက္ဆိုင္လိုက္တာ..မင္းနဲ႔ ထပ္ေတြ႕ျပန္ၿပီ "
"ဟုတ္ကဲ့...တကယ္ တိုက္ဆိုင္တာပဲ ခင္ဗ်ာ"
ရႈနင္က မ်က္ေတာင္ခတ္ၿပီးတဲ့ေနာက္ သူက ဒီလူဟာအႏၲရာယ္မရွိဘူးဆိုတာသိသြားၿပီး သူ႔ရဲ႕ေကာင္းတဲ့ဘက္ကို ေရာက္ဖို႔ႀကိဳးစားေနပုံရတယ္။ ရႈနင္ က သူ႔ကိုအခြင့္အေရးတစ္ခုေပးခဲ့ေပမယ့္ သူလည္းအမွန္တရားကို ရွာေဖြႏိုင္ခဲ့တယ္။
"ကြန္မန္ဒါ... ဆရာ အနားယူဖို႔ လာခဲ့တာ မဟုတ္ဘူးလား။ "
" ေကာင္းၿပီ၊ ငါက ေလ့က်င့္ဖို႔မလိုအပ္ဘူး၊ ဒါေပမယ့္ မင္း မပင္ပန္းဘူးလား။ ငါ မင္းကို ႏွိပ္နယ္ေပးရမလား "
ကြန္မန္ဒါတစ္ေယာက္ကို သူ႔လို သင္တန္းသားက ဘယ္လို ႏွိပ္ခိုင္းရဲပါ့မလဲ...။
"မဟုတ္ဘူး၊ မလိုဘူး၊ ကြၽန္ေတာ္ ဘယ္လို လက္ခံႏိုင္ပါ့မလဲ"
"လာ..လာ.. ျမန္ျမန္ေလး ထိုင္လိုက္"
" မလိုပါဘူး ခင္ဗ်ာ"
" မင္းရဲ႕ေျခေထာက္ကို အခု အႏွိပ္မခံရရင္ မနက္ျဖန္ပိုဆိုးသြားႏိုင္တယ္၊ ဒါေၾကာင့္ ဒီကိုလာစမ္းပါ"
စစ္ထူထုံးက ရႈနင္ ၏ပခုံးမ်ားကို ႏွိပ္ေပးၿပီးေနာက္ လိမၼာပါးနပ္ေသာနည္းဗ်ဴဟာအခ်ိဳ႕ကိုအသုံးျပဳခဲ့သည္။
လူစိမ္းေတြနဲ႔႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕တာကို မႏွစ္သက္တဲ့သူ ရႈနင္က အခု ကြန္မန္ဒါက သူ႔ကိုႏွိပ္ေပးတာကို ခံရစဥ္ ထူးဆန္းေနသည္။ သူက မႏွစ္ၿမိဳ႕သည့္ ခံစားခ်က္ကို မရခဲ့ပဲ ရင္းႏွီးေနသလို ခံစားေနရသည္။
ကြန္မန္ဒါက ရႈနင္၏ေျခေထာက္ေတြကို သူ႔ေပါင္ေပၚတင္ေပးၿပီး လက္ျဖင့္ ဆက္တိုက္ႏွိပ္ေပးေနခဲ့သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း သူက ရႈနင္ႏွင့္ရင္းႏွီးဖို႔အတြက္ သူ၏မ်က္ႏွာေပၚတြင္ခင္မင္ရင္းႏွီးေသာ အၿပဳံးတစ္ခုရွိသည္။
ဒါနဲ႔ ကြန္မန္ဒါက ဘာျဖစ္လို႔ သူ႔ကို လာႏွိပ္ေပးေနတာလဲ?
ရႈနင္က ဒါကိုနားမလည္ႏိုင္ဘူး၊ သူ ဒီအခ်က္ကိုေရာက္ၿပီဆိုေတာ့ ရႈနင္ကသူ႔ကို ပြင့္ပြင့္လင္းလင္းေမးရ လိမ့္မယ္။ တကယ္လို႔ ဒီလူက သူ႔ကို ဖုံးကြယ္ထားရင္ေတာ့ ျပတ္သားစြာ လ်စ္လ်ဴရႈရမည္။ သူ႔ကို ဖုံးကြယ္တာကို ရႈနင္က မႀကိဳက္ေပ။
"ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေပးဖို႔ ဘယ္သူက ဦးေလးကြန္မန္ဒါကို မွာခဲ့တာလဲ ခင္ဗ်ာ"
"ရႈဟိန္"
လက္စသတ္ေတာ့ သူ႔အကိုျဖစ္ေနတာကိုး....
ရႈနင္ ၏ႏွလုံးသားသည္နည္းနည္းျမန္ျမန္ ခုန္လာၿပီးပ်ားရည္ကဲ့သို႔ခ်ိဳသည္ဟု ခံစားလိုက္ရသည္။ သူ၏ပါးစပ္ေထာင့္မ်ားမွာလည္း ေကာ့တက္လာခဲ့သည္။
"ကြၽန္ေတာ့္ အကိုႀကီးနဲ႔ ဦး ေလးကြန္မန္ဒါက ဘယ္လိုေတြ႕ခဲ့တာလဲ"
အရာရွိလို႔ေခၚရာကေန ဦးေလးကြန္မန္ဒါလို႔ ေခၚလာၿပီဆိုေတာ့ သူ႔နည္းလမ္းက ထိေရာက္တာပဲဟု စစ္ထူထုံးက ေက်နပ္စြာ ႀကိတ္ၿပဳံးလိုက္မိသည္။O(∩_∩)O ဒီလူငယ္ေလးက စိတ္ထားႏူးညံ့သိမ္ေမြ႕တယ္။ ရႈဟိန္ကို ေသခ်ာေပါက္ ေျဖာင့္ျဖေပးႏိုင္မယ္။ သူနဲ႔ ဆက္ဆံေရးေကာင္းေအာင္ ငါ ဆက္လုပ္ရမယ္...
ထို႔ေၾကာင့္ ငါ အလုပ္လုပ္ခဲ့ရတာ ခက္ခဲေပမယ့္ အက်ိဳးရွိတယ္။ အခု ႐ိုးသားဖို႔အေကာင္းဆုံးျဖစ္တယ္, သူကပဲ႐ိုးသားမႈႏွင့္အတူ သူ႔သားႏွင့္ အဆင္ေျပေအာင္ ညႇိႏႈိင္းႏိုင္လိမ့္မယ္။
"ငါက သူ႔ေဆြမ်ိဳးပါ"
စစ္ထူထုံးက သူ၏အတိတ္အေၾကာင္းကို အနည္းငယ္ေျပာျပခဲ့ၿပီး အေသးအဖြဲကိစၥမ်ားကိုသာ အာ႐ုံစိုက္ကာ အဓိကအခ်က္မ်ားကိုေရွာင္ရွားခဲ့သည္။ သူက ရႈနင္ကိုၾကည့္လိုက္တဲ့အခါ သူ႔မ်က္လုံးေတြကအရမ္းႏူးညံ့တယ္။ အကယ္၍ ဒီကေလးကို သူ႔သားက သေဘာက်တယ္ဆိုရင္ သူလည္း သေဘာက်ဖို႔ ေအ ကာင္းဆုံးႀကိဳးစားရ လိမ့္မည္။ တကယ္လို႔ ရႈနင္ကသာ သူ႔အေၾကာင္းကို ရႈဟိန္ဆီ စကားလုံးတစ္လုံးႏွစ္လုံးေလာက္ထည့္ႏိုင္လွ်င္ သူ ႀကိဳးစားရႀကိဳးနပ္ေပမည္ ။
ဒီေကာင္ေလးကအသက္ ၁၆ ႏွစ္သာရွိေသးၿပီးတကၠသိုလ္တက္ေနၿပီ။ သူက ၁၃ ႏွစ္အ႐ြယ္ကတည္းက ရႈဟိန္ ေနာက္ကိုလိုက္ေနတယ္ဆိုတာကို သူၾကားခဲ့တယ္။ ဤအခ်က္ကိုစဥ္း စား၍ စစ္ထူထုံး သည္ ရႈနင္ကို ပို၍ ႏွစ္သက္လာသည္။
"သူက ငါ့ အေၾကာင္းကို ဘာေျပာေသးလဲ "
ရႈနင္က စစ္တပ္ထဲက အကိုႀကီးရဲ႕ ဦးေလးေတာ္စပ္တဲ့ ကြန္မန္ဒါအေၾကာင္း အကိုႀကီးေျပာဖူးသလားဆိုတာ ျပန္ေတြးေပမယ့္ ဘာမွမမွတ္မိေပ။
"အကိုႀကီးက ေျပာဖူးပါလိမ့္မယ္ခင္ဗ်။ ကြၽန္ေတာ္က သတိမထားမိတာျဖစ္ပါလိမ့္မယ္"
ၾကည့္စမ္း..ဒီကေလးက ငယ္ငယ္ေလးနဲ႔ ငါ့ခံစားခ်က္ကို နားလည္ၿပီး စိတ္မထိခိုက္ေအာင္ ေျဖေပးရွာတယ္။ ဒီကေလးက တကယ္ေကာင္းတဲ့ကေလးပဲ...
(ေခြၽးမေလးကို သေဘာက်ေနေသာ စစ္ထူထုံး... ဒယ္ဒီႀကီး)
စစ္ထူထုံးက ၿပဳံးကာ သံကို ပူတုန္း ထုရန္ ႀကိဳးစားလိုက္သည္။ ရႈနင္ႏွင့္ ေလေပးေျဖာင့္စဥ္ ပိုခင္ေအာင္ လုပ္ရန္ ေျပာခဲ့သည္။
"ဦးေလးဆီမွာ ၾကက္ေပါင္ေၾကာ္တခ်ိဳ႕ရွိတယ္။မင္း စားခ်င္လား"
*-*
YOU ARE READING
ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေး
RomanceMyanmar Translator _ May King Start date _ August 12, 2020 End date _ October 25, 2021 (completed)