Chapter(98)_ ရှုကျီရွှမ်းကို ထောင်ချောက်ဆင်သော နင်နင်

18K 2.5K 136
                                    

Chapter(98)_ ရှုကျီရွှမ်းကို ထောင်ချောက်ဆင်သော နင်နင်

ထိုနေ့လည်ခင်းတွင် ကုယာက ရှုချိန်ကို တိုင်ကြားရန် အိမ်ကိုရောက်လာခဲ့သည်။ ရှုချိန်က တူဖြစ်သူ၏ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် ဝါကြီးတစ်ယောက်၏ ရင်တွင်းခံစားချက်ကို ဖွင့်ဟနေသည့် ခယ်မဖြစ်သူ၏စကားကို ရေနွေးကြမ်းသောက်ရင်း သေချာနားထောင်ပေးကာ ဘာမှ မနှစ်သိမ့်ပေးပေ။ ကုယာက တကယ်ကို တော်ပေမယ့် သူမရဲ့ခြေရာလက်ရာကို ဖုံးအုပ်ရာမှာတော်ပေမယ့် အားနည်းချက်တော့ရှိ နေသေးသည်။

ကုယာက သာမန်မိန်းမမဟုတ်ပေ။ သူမရဲ့ခဲအိုဆီက ခုလိုဆက်ဆံတာခံရပေမယ့် စိတ်ပျက်ခြင်းမရှိပဲ သက်ပြင်းသာချလိုက်သည်။ သူမနောက်ထပ် စကားလုံးတစ်လုံးမှ ထွက်ပေါ်လာခြင်းမရှိပဲ ငြိမ်နေသည်။

ရှုချိန်က လက်ဖက်ရည်ခွက်ကိုချကာ စိုက်ကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။

"ညီမ..."

ထိုစကားကိုကြားသော ကုယာ၏နှလုံးက ခုန်ပေါက်မတတ် ဖြစ်သွားသည်။ သူမနှင့် ပတ်သက်၍ မကောင်းသောခံစားချက်ရှိနေခဲ့သည်။ အခြားတစ်ခုခုကို သူတို့ ဖော်ထုတ်နိုင်ပြီလား။

"မင်း ရှုှု မိသားစုတံခါးကနေ ဝင်လာပြီးချိန်ကစပြီး ငါတို့ တစ်ယောက်နဲ့တစ်ယောက်နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ကြတာပါ၊ လင်ယွင်...ငါ့ညီကြောင့် Y မင်းကို အရမ်းပင်ပန်းစေ ခဲ့တယ်၊ အိမ်မှာရော အလုပ်မှာပါ အလုပ်များနေခဲ့ရတယ်၊ မင်းလုပ်ခဲ့တာတွေကို အားလုံးက သိပါတယ်"

"အကိုကြီး..ဘာလို့ဒီအကြောင်းရုတ်တရက်ပြောနေတာလဲ"

" ရှုမိသားစုက လူကြီးတွေက မင်းအပေါ်ကို အတော်လေးကို နူးညံ့တဲ့ စိတ်ထားတွေရှိကြတယ်။ ငါ့အဖေ မကွယ်လွန်ခင်က အမြဲတမ်း မှာခဲ့တာရှိတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒုတိယအိမ်တော်ကို မထိစေချင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒုတိယအိမ်တော်ကို အမျိုးသမီးတစ်ယောက်တည်းက ဦးဆောင်နေရလို့လေ...."

"...... "

ကုယာသည် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။ ရှုချိန်သည်ထိုကဲ့သို့သောအရာများကိုတစ်ခါမှမပြောခဲ့ဖူးပေ၊ အထူးသဖြင့် ရှုကောင်းနဲ့ပတ်သတ်တာကိုပေါ့။ ရှုကောင်းဒီလိုပြောတယ်ဆိုတာ သူမ ယုံကြည်ရန် ဆန္ဒရှိပါသည်။ ဘယ်လောက်ပဲဖြစ်ဖြစ် ကိစ္စပြီးပြီ၊ အားလုံးပြီးပြီ၊ သူမက ကြီးမားတဲ့ စီမံကိန်းတွေထဲက တခုကို ဖျက်ဆီးပစ်ခဲ့မိုလို့ဖြစ်နိုင်တယ်။ ဦးလေးရှုကောင်းက သူမအပေါ် ဒီလို အလေးအနက်ထားပေးမယ်လို့ မထင်ထားမိပေ။ ဒီလိုကြားရတော့ သူမ စိတ်မကောင်းပင်ဖြစ်လာသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now