Chapter (37) - ေျမေခြးညီအစ္မ (Z+U)

21.7K 3.3K 17
                                    

Chapter (37) – ေျမေခြးညီအစ္မ (Z+U)

ေကာင္းၿပီေလ... သခင္ေလး သေဘာေတာ္ျမတ္အတိုင္းပါပဲ (╮(╯▽╰)╭)

႐ႈနင္က မ်က္ခံုးပင့္ကာ အစ္ကိုႀကီးထည့္ေပးေသာ တို႔ဖူး 2 တံုးကိုစားကာ တိုက္ေသာေရကိုေသာက္ၿပီးခ်ိန္ ဗိုက္အင့္သြားေလၿပီ။

"စာေကာင္းေကာင္းလုပ္ေနရစ္ခဲ့ေနာ္.. ညေနမွေတြ႕ၾကမယ္"

"အြန္း.. ေကာင္းေကာင္းသြားေနာ္ အစ္ကိုႀကီး.."

ဘာေၾကာင့္မသြားရေသးတာလဲ..?

ပါးစပ္သုတ္ေပးၿပီး ဘာေၾကာင့္စိုက္ၾကည့္ေနရတာလဲလို႔...?

ဝံပုေလြက အရသာရွိတဲ့သူ႔အစာကို ဘယ္အပိုင္းကစၿပီး စားရမလဲဆိုတဲ့ အၾကည့္မ်ိဳးနဲ႔ၾကည့္ေနသလို ခံစားရၿပီး ႐ႈနင္က ႐ႈဟိန္၏မ်က္ႏွာကို မၾကည့္ရဲေတာ့ေပ။ ထိုစဥ္ ႐ႈဟိန္က သူ႔ခါးကိုသိုင္းဖက္ကာ ဆြဲယူလိုက္သည္။ ႐ႈနင္ရုန္းလို႔မရခင္မွာပဲ ႐ႈဟိန္၏ေခါင္းကငံု႔က်လာၿပီး ႐ႈနင္၏နဖူးကို ဖြဖြအနမ္းေပးလိုက္သည္။

သူ ငါ့ကို နမ္းလိုက္တာလား..?

႐ႈနင္၏ရင္က လွပ္ခနဲျဖစ္သြားၿပီး ေထြးေပြ႕ခံထားရစဥ္ ေႏြးေထြးမႈကိုခံစားလိုက္ရသည္။ ရင္ခုန္သြားေပမယ့္ သူ႔ရင္ထဲမွာ ဘာဘာညာညာမေတြးမိေအာင္ ႀကိဳးစားလိုက္သည္။

ဒါက ထိတယ္ဆိုရံုေလး နမ္းလိုက္တာပဲ..။ ငါလဲအရင္က သူ႔ကို နမ္းခဲ့တာပဲ။ ဒါေၾကာင့္ သူက ငါ့ကို သေဘာေကာင္းၿပီး ျပန္နမ္းေပးတာျဖစ္မွာပါ...။

ၿပီးသြားေတာ့ အလုပ္ကို အေျပးအလႊားထြက္သြားသည့္ အစ္ကိုႀကီးကို ႐ႈနင္က လိမၼာစြာျဖင့္ လက္ျပကာက်န္ရစ္ခဲ့သည္။

႐ႈဟိန္က သူ႔ဆႏၵျပည့္ဝသြားေသာေၾကာင့္ စိတ္ေက်နပ္စြာ လွည့္ထြက္လာခဲ့သည္။ ဒါက သူထင္ထားတာထက္ ပိုၿပီး အံ့ၾသစရာေကာင္းတာပဲ။ ၿပီးေတာ့ ကေလးေလးရဲ႕ဗိုက္ေလးက ႏူးညံ့ေပ်ာ့ေပ်ာင္းေနၿပီး ကိုင္လို႔ေကာင္းလွသည္။ ကေလးေလးက အစာမေၾကျဖစ္တဲ့အခ်ိန္ သူ႔ဗိုက္ေလးကို ပြတ္ေနတာကိုျပန္သတိရေတာ့ ေနာက္မွ သူ႔ဗိုက္ေလးကိုပြတ္ေပးမည္ဟု ေတးထားလိုက္သည္။

နာရီဝက္ၾကာေစာင့္ၿပီးမွ ဆရာက သခင္ငယ္ေလးႏွင့္ ေတြ႕လုိက္ရသည္။

အစ္ကိုႀကီးက ေနာက္က်တာကိုမုန္းေပမယ့္ ငါ့ကိုမို႔ သူက အထူးတလည္ ခြင့္လႊတ္ေပးတာလား.. ( ⊙ o ⊙ )

အထက္တန္းပထမႏွစ္ကို တက္ေရာက္ခြင့္ရဖို႔ ႐ႈနင္ စာကို ႀကိဳးႀကိဳးစားစားသင္ယူေနရသည္။

ထိုအခ်ိန္ ခ်င္ယြိက်ိဳးက ႐ႈနင္ေျပာျပခဲ့သည့္ အေမးမ်ားႏွင့္ ျပႆနာတက္ေနသည္။ အစ္မလတ္က ပထမဒုကၡေရာက္မည္စိုးေသာေၾကာင့္ ညီမငယ္ကို မဆက္သြယ္ခဲ့ေပမယ့္ သူမအစ္မႀကီးက ဦးသြားလွ်င္ သူမအတြက္ ဘာမွမက်န္ေတာ့မည္ကို စိုးေသာေၾကာင့္ ညီမငယ္ခ်င္ယြိက်ိဳးဆီလာၿပီး သူမတို႔ဆင္းရဲေနသည့္အေၾကာင္း သနားစဖြယ္ ညည္းညဴေျပာၾကားခဲ့သည္။ သူမေယာက်ာ္းက ေဆးရံုတက္ေနရၿပီး သားအႀကီးက အထက္တန္းတက္ေရာက္ေနသျဖင့္ သူမအတြက္ ေငြကုန္ေၾကးက် မ်ားလွေသာေၾကာင့္ ခ်မ္းသာေသာေယာက္်ားကိုရထားသည့္ ညီမခ်င္ယြိက်ိဳးက သူမတို႔ကို နည္းနည္းပါးပါးကူညီေပးလွ်င္ အဆင္ေျပသြားႏိုင္သည္ဆိုၿပီး ေရာက္ရွိလာခဲ့သည္။ ဒါေၾကာင့္ ခ်င္ယိြလန္က အဝတ္ႏြမ္းႏြမ္းကိုဝတ္ကာ မိတ္ကပ္မျပင္ဘဲ ဘတ္စ္ကားႏွင့္ ခ်င္ယြိက်ိဳးရွိရာဆီ လိုက္လာခဲ့သည္။

သူမညီမ၏ဖုန္းကို ဆက္သြယ္ၿပီးေနာက္ ၿမိဳ႕က သီးသန္႔စားေသာက္ဆိုင္ႀကီးမွာ ေတြ႕ဖို႔ခ်ိန္းဆိုျခင္းခံလိုက္ရသည္။ ေနာက္ 1 နာရီၾကာေတာ့ ခမ္းနားထည္ဝါလွေသာ အဆင့္အတန္းျမင့္စားေသာက္ဆိုင္ကို ေတြ႕ၿပီး ဝင္မည္အလုပ္ လံုျခံဳေရးကတားကာ ေျပာလိုက္သည္။

"အန္တီ.. အလုပ္သမားေတြက အေနာက္ေပါက္က ဝင္ရမွာပါ"

"အမ္..?"

"ဘာအမ္တာလဲ ? ကၽြန္ေတာ္ေျပာေနတာ နားမလည္ဘူးလား.. ဒီမွာ ကၽြန္ေတာ့္အလုပ္ကို လာမေႏွာက္ယွက္နဲ႔..သြား... သြား... အေနာက္ဘက္တံခါးကေနပဲ ဝင္သြား...ၾကားရဲ႕လား..?"

လံုျခံဳေရးက မန္ဒရင္းတရုတ္ဘာသာကို မြတ္ေအာင္ေျပာၿပီး စိတ္မရွည္စြာ ခပ္ရိုင္းရိုင္းေျပာလိုက္သည္။

"ငါက ဒီကို စားဖို႔လာခဲ့တာပါ"

ခ်င္ယိြလန္က ဒီလိုအေျခအေနကို မၾကံဳဘူးေပ။ လံုျခံဳေရးေကာင္ေလးကိုေက်ာ္ၿပီး 3 မီတာအကြာ တံခါးကို လွမ္းၾကည့္လိုက္သည္။ ဒိုးယိုေပါက္မွန္တံခါးအတြင္းဘက္တြင္ လွပေသာ မိန္းကေလးဝန္ထမ္းမ်ားက ယဥ္ေက်းစြာျပံဳးကာ ဧည့္သည္မ်ားကို ဝန္ေဆာင္မႈေပးေနသည္။

သူမညီမက ဒီလို အထက္တန္းက်တဲ့ေနရာမွာ ဆံုဖို႔ေျပာခဲ့တယ္ဆိုေတာ့ ဘယ္ေလာက္ေကာင္းလိုက္သလဲ။ ဒီအေတြးေၾကာင့္ ခ်င္ယြိလန္၏စိတ္က တက္ၾကြလာၿပီး မ်က္ႏွာက ပန္းေရာင္ျဖစ္လာခဲ့သည္။

"ေဟး..ေဟး.. ခင္ဗ်ား ဘယ္သူ႔ကိုရွာတာလဲ.. ဒီဆိုင္ကဟင္းတစ္ပြဲက ဘယ္ေလာက္တန္တယ္ဆိုတာ ခင္ဗ်ားသိလို႔လား.."

"ငါ့ညီမေလးက ဒီမွာဆံုဖို႔ေျပာထားလို႔.. မင္းငါ့ကို သြားခြင့္မေပးရင္ မင္းရဲ႕မန္ေနဂ်ာနဲ႔ တိုင္လိုက္ရမလား.."

လံုျခံဳေရးက သူမ၏စကားကိုၾကားေတာ့ မထီမဲ့ျမင္ဆက္ေျပာလိုက္သည္။

"ခင္ဗ်ားညီမက ဒီမွာ ထမင္းစားဖို႔ဖိတ္တယ္ ဟုတ္လား.. ခင္ဗ်ား အခု ေျဗာင္လိမ္ေနတာမဟုတ္ဘူးလား.. မန္ေနဂ်ာကို ေတြ႕ခ်င္တယ္..၊ မန္ေနဂ်ာက ဘယ္ေလာက္အလုပ္မ်ားလဲ ခင္ဗ်ားသိလို႔လား.. ကၽြန္ေတာ္ တဲ့တိုးပဲ ေျပာလိုက္ေတာ့မယ္.. ခင္ဗ်ားတို႔လို ဆင္းရဲသားမ်ိဳးကို အမ်ားႀကီးေတြ႕ဖူးတယ္.. ဒီလို ပံုျပင္မ်ိဳးေတြ ရိုးေနၿပီသိရဲ႕လား.. သြား.. သြား.. ခင္ဗ်ားတို႔ တတ္ႏိုင္တဲ့ဆိုင္မွာပဲ ရွာၿပီးစားလိုက္စမ္းပါ.."

"မင္း... အရမ္းလြန္လာၿပီ.."

"သြား.. သြား.. မဟုတ္ရင္ ရဲေခၚလိုက္ရမလား.."

ခ်င္ယြိလန္သည္ အသက္ျပင္းျပင္းရႉလိုက္ကာ အရပ္ျမင့္ျမင့္နဲ႔ မိုက္တိမိုက္ကန္းလံုျခံဳေရးကို ေၾကာက္ေၾကာက္ႏွင့္ၾကည့္လိုက္သည္။ ဒါေပမယ့္ သူမက ဒီကို စားဖို႔တကယ္လာပါလ်က္ အေစာင့္က ေခြးတစ္ေကာင္လိုၾကည့္ကာ ေမာင္းထုတ္ေနသည္။ ခ်င္ယြိလန္က ေျပာလိုက္သည္။

"သီးသန္႔အခန္း 104 မွာ ခ်ိန္းထားတာ တစ္ခ်က္သြားေမးၾကည့္လိုက္ပါ"

ထိုအေစာင့္က ရယ္ေမာကာေျပာလိုက္သည္။

"ေဟး.. အန္တီႀကီး.. ခင္ဗ်ားက သီးသန္႔ခန္း 104 လို႔ ေျပာလိုက္တာလား? ဒီမွာ သီးသန္႔ခန္း 104 ဆိုတာ မရွိဘူး ၊ ခင္ဗ်ားက အေဝးႀကီးက လာခဲ့ရတာမဟုတ္လား ၊ သူေဌးေတြက္ို သနားေအာင္ငိုယိုေျပာၿပီး ပိုက္ဆံေတာင္းခ်င္ေနတာလား ၊ ဒါဆို ဟိုဘက္ေထာင့္မွာ ရဲစခန္းရွိတယ္၊ အဲ့ဒီ့ကို သြားလိုက္ ၊ အလကားစားရမယ့္အျပင္ ေနစရာလဲေပးတယ္ ၊ အပိုအေနနဲ႔ စတီးလက္ေကာက္တစ္စံုေတာင္ ရဦးမယ္"

လံုျခံဳးေရးက ေနာက္ေျပာင္ရယ္ေမာကာ ခ်င္ယြိလန္၏ အက်ႌလက္ကိုဆုပ္ကိုင္ၿပီး ေျပာလိုက္သည္။

"ခင္ဗ်ား.. ထြက္သြားမလား..မသြားဘူးလား ?"

ခ်င္ယြိက်ိဳးက သူမခင္ပြန္း ေဆးရံုတက္ေနတာၾကားရင္ ပိုက္ဆံအမ်ားႀကီးေပးမယ္လို႔ ထင္ထားခဲ့ေသာေၾကာင့္ ခ်င္ယြိလန္က ဘယ္လိုလုပ္ ဒီေနရာက ထြက္သြားႏိုင္မွာလဲ။

ေလာဘေၾကာင့္ ခ်င္ယြိလန္က အေၾကာက္တရား ကင္းမဲ့ေနသည္။ ေန႔ခင္းေၾကာင္ေတာင္ လံုျခံဳေရးက မိန္းမတစ္ေယာက္ကို မရိုက္ေလာက္ဘူးမဟုတ္လား။ သူမက ရွင္းျပဖို႔ႀကိဳးစားစဥ္ လံုျခံဳေရးက စိတ္မရွည္ဘဲ သူမကိုတြန္းခ်ေတာ့ ေျမျပင္ေပၚ ဖင္ထိုင္လ်က္လဲက်ကာ ေအာ္ငိုလိုက္ေတာ့သည္။

ဒီျမင္ကြင္းကို ဒုတိယထပ္ သီးသန္႔အခန္းတစ္ခုထဲရွိ ျပတင္းေပါက္မွတဆင့္ ခ်င္ယြိက်ိဳးက ေအးေအးေဆးေဆးၾကည့္ေနသည္။ သူမတစ္ကိုယ္လံုးကို တန္ဖိုးႀကီး branded အဝတ္အစားမ်ား ဝတ္ဆင္ထားၿပီး ေစ်းႀကီးေသာေကာ္ဖီခြက္ကို ကိုင္ထားကာ ေမႊးပ်ံ႕ေသာရနံ႔ကို ခံစားေနသည္။ ဒီေကာ္ဖီကို မေသာက္ေပမယ့္ အနံ႔ခံခ်င္လို႔ မွာလိုက္ျခင္းျဖစ္သည္။ သူမအစ္မကို တမင္သက္သက္ အခန္းအမွားေျပာကာ ယခုလိုုျပႆနာတက္ေအာင္ လုပ္ထားျခင္းျဖစ္သည္။ ဒါမွ ခ်င္ယြိလန္က သူမတို႔ႏွစ္ေယာက္ၾကား အဆင့္အတန္း ဘယ္ေလာက္ကြာျခားေနၿပီလဲဆိုတာ သိႏိုင္မည္ျဖစ္သည္။

နာရီဝက္ေလာက္ ၾကည့္ေနၿပီးမွ ခ်င္ယြိက်ိဳးက လက္ေျမွာက္လိုက္စဥ္ စားပြဲထိုးက ခ်က္ခ်င္းေရာက္လာၿပီး ယဥ္ေက်းစြာေမးလိုက္သည္။

"ဘာမ်ားလိုအပ္ပါသလဲရွင္.."

"ေအာက္က သနားစရာအမ်ိဳးသမီးကို ဖိတ္လိုက္ပါကြယ္.. ငါ သူ႔ကို တစ္ခုခုဝယ္ေကၽြးခ်င္လို႔.."

"ဟုတ္ကဲ့ပါရွင့္.."

စားပြဲထိုးက သေဘာထားႀကီးလွေသာ Mrs. ႐ႈကို ေလးစားစြာၾကည့္ကာ ေအာက္ထပ္က ႏြမ္းဖတ္ေနေသာမိန္းမကို သြားေခၚလာခဲ့သည္။

ခ်င္ယြိလန္က စားပြဲထိုးမိန္းမပ်ိဳေနာက္က လိုက္လာရင္း အခန္း 402 ကိုေတြ႕ေတာ့ သူမတကယ္ပဲ အခန္းနံပါတ္မွားမွတ္လိုက္သလားဟု ထင္လိုက္သည္။ သူမက တံခါးကိုတြန္းဖြင့္မည္အျပဳ စားပြဲထိုးမေလးက တားကာ တံခါးကို အဆင္သင့္ဖြင့္ေပးလိုက္သည္။

"ရပါတယ္.. ကိုယ့္ဘာသာဖြင့္လိုက္ပါ့မယ္.."

"ဒါ ကၽြန္မတို႔တာဝန္ပါရွင္.. ၾကြပါ.."

ဒါမွ တကယ့္ၿမိဳ႕ႀကီးသူမ်ား၏ ယဥ္ေက်းေဖာ္ေရြမႈဟု ခ်င္ယြိလန္ထင္လိုက္ေပမယ့္ တကယ္ေတာ့ စားပြဲထိုးမေလးက ထိုႏြမ္းပါးေသာအမ်ိဳးသမီးေၾကာင့္ လက္ကိုင္ညစ္ပတ္သြားမွာ စိုးေနသည္ကို သူမ မသိလိုက္ေပ။

အခန္းထဲကိုေရာက္ေတာ့ တကယ့္ဇိမ္ခံပစၥည္းမ်ားႏွင့္ တန္ဆာဆင္ထားေသာအခန္းဝယ္ လတ္ဆတ္ေသာပန္းရနံ႔မ်ားျဖင့္ ႀကိဳင္ေမႊးေနသည္ကို ေတြ႕လိုက္ရသည္။ ထိုအခန္းထဲမွာ ႏွင္းကဲ့သုိ႔ေဖြးဆြတ္ေသာ အသားအေရ၊ အထက္တန္းက်ေသာအဝတ္ႏွင့္ ရတနာမ်ားဝတ္ဆင္ကာ ထိုင္ေနေသာ ညီမျဖစ္သူကိုေတြ႕လိုက္ရေတာ့ သူမ မနာလိုစိတ္ျဖင့္ ခ်က္ခ်င္းေတြးလိုက္မိသည္။

ခ်င္ယြိက်ိဳးက တကယ့္လူခ်မ္းသာဘဝကို ရေနတာကိုး။ ဟိုလူကို သူမႀကိဳက္ၿပီး မ်ိဳးမစစ္ေခြးမသားေလးကို ေမြးေပးလိုက္တာ မထူးဆန္းေတာ့ေပ။

"မင္း သြားလို႔ရၿပီ.."

ခ်င္ယြိက်ိဳးက စားပြဲထိုးကို ႏွင္ထုတ္လိုက္သည္။ စားပြဲထိုးက သူမတို႔ႏွစ္ေယာက္ သိေလာက္သည္ကိုရိပ္မိကာ စိတ္ခ်စြာျဖင့္ ထြက္သြားလိုက္သည္။

ခ်င္ယြိက်ိဳးက သူမအစ္မလတ္ကိုၾကည့္ကာ ေမးလိုက္သည္။

"ေဟး.. အစ္မ.. ဖုန္းထဲမွာေျပာခဲ့တာက ခဲအိုက ေဆး႐ံုေပၚေရာက္ေနတာဆို.."

"ဟုတ္တယ္.. ဆရာဝန္က အ႐ိုးက်ိဳးတယ္လို႔ေျပာတယ္.. သူတသက္လံုး ဘီးတပ္ကုလားထိုင္ေပၚမွာပဲ ေနရေတာ့မယ္တဲ့.. အဲ့ဒီလိုမွမဟုတ္ရင္ ခြဲစိတ္လိုက္ရင္ေတာ့ လူေကာင္းျပန္ျဖစ္လာမယ္လို႔ေတာ့ ေျပာတယ္.."

"ဒါဆို အစ္မက ဘယ္လိုလုပ္မွာလဲ.."

ခ်င္ယြိက်ိဳး၏မ်က္ႏွာက ထူးမျခားနားဟန္ျဖင့္ ေမးလိုက္သည္။ ခ်င္ယြိလန္က စိတ္လႈပ္ရွားစြာ ကိုယ္ကိုေရွ႕ကိုင္းကာ ေျပာလိုက္သည္။

"ခြဲစိတ္ရမွာေပါ့.."

"ဒါဆို ပိုက္ဆံအမ်ားႀကီး လိုမွာေပါ့.."

"ပိုက္ဆံအမ်ားႀကီးလို႐ံု ဘယ္ကမလဲ.. ငါတို႔မိသားစုက အဆင္မေျပၾကဘူး.. နင့္ခဲအိုက တစ္လကို 150 ပဲရတာေလ.. ဒါ့အျပင္ သားအႀကီးဆံုးက အထက္တန္းေနာက္ဆံုးႏွစ္ကို ေရာက္ေနၿပီ.. ကေလးသံုးေယာက္ရဲ့ ေက်ာင္းစရိတ္က.."

စသျဖင့္ ခ်င္ယြိလန္က သူမမိသားစုအက်ပ္အတည္းမ်ားကို ေျပာျပကာ ညီမျဖစ္သူသနားေအာင္ လုပ္ေနသည္။ သူမက ငိုရင္းေျပာရင္း ႏွပ္တ႐ံႈ႕႐ံႈ႕လုပ္ေနသည္။

ခ်င္ယြိက်ိဳးက ေပ်ာ္ရႊင္စြာျဖင့္ သူမအစ္မသ႐ုပ္ေဆာင္ေနသည္ကုိ ၾကည့္ေနသည္။ နင္တို႔အဆင္မေျပတာ ၾကားရေလ.. ငါ ပိုေပ်ာ္ေလပဲ..။

"ေဆး႐ံုစရိတ္က ဘယ္လြယ္ပါ့မလဲ.. စရိတ္အကုန္အက် မ်ားမွာေပါ့.."

"ဒါေၾကာင့္မို႔ ေျပာေနတာေပါ့.."

"ဒါဆို အစ္မတို႔အိမ္နဲ႔ေျမကို ေရာင္းလိုက္ေလ.."

"နင္ ဟာသလုပ္ေနတာလား.. အိမ္နဲ႔ေျမေရာင္းလုိက္ရင္ ငါတို႔မိသားစု ဘယ္သြားေနရမွာလဲ.."

ခ်င္ယြိလန္က လက္ဆန္႔ကာ ခ်င္ယြိက်ိဳး၏လက္ကို ဆုပ္ကိုင္လိုက္သည္။

ခ်င္ယြိက်ိဳးက အဆြဲမခံဘဲ ေနာက္ကိုမွီကာ လက္ပိုက္လိုက္ၿပီး ေအးစက္စက္ေျပာလိုက္သည္။

"နင့္မိသားစုက အရမ္းဆင္းရဲၿပီး ကေလးစရိတ္၊ ေဆး႐ံုစရိတ္ေတြအတြက္ ပိုက္ဆံမရွိဘူးဆို.. နင္ အိမ္မေရာင္းဘဲ ပိုက္ဆံက ဘယ္ကရလာမွာလဲ.."

နင္က ခ်မ္းသာတယ္မဟုတ္လား..။ ခ်င္ယြိလန္က ေတြးလိုက္သည္။

ခ်င္ယြိက်ိဳးက သူမလက္ေခ်ာင္းကိုျဖန္႔ကာ လွပစြာတန္ဆာဆင္ထားေသာ လက္သည္းမ်ားကိုၾကည့္ရင္း ေျပာလိုက္သည္။

"ခဲအိုက 150 ရတယ္ဆိုတာ မဆိုးပါဘူး.. ေတာပိုင္းမွာဆို ေကာင္းေကာင္းေလာက္ငွတဲ့ ပိုက္ဆံပါပဲ.. တကယ္လို႔ ဒီေငြက နည္းတယ္ထင္ရင္ နင္ အျပင္ထြက္အလုပ္လုပ္ေလ.. နင္မႀကိဳးစားဘဲ နင့္ကေလးသံုးေယာက္ကို ဘယ္လိုပ်ိဳးေထာင္မွာလဲ.."

"ငါ အိမ္ကခြာလို႔မရဘူး.. စိုက္ခင္းထဲမွာ ဟင္းသီးဟင္းရြက္ေတြ စိုက္ထားၿပီး လယ္တခ်ိဳ႕လည္းရွိေသးတယ္.. ၿပီးေတာ့ ငါ့ခႏၶာကိုယ္က ဒီႏွစ္ေတြမွာ အေျခအေနဆိုးလာတာ ဘယ္လိုလုပ္ အလုပ္တစ္ခုရွာႏိုင္မွာလဲ.."

"ဒါေၾကာင့္ နင္တို႔အိမ္ေရာင္းလိုက္တာ အေကာင္းဆံုးပဲမဟုတ္လား.. အေမ ေဆး႐ံုမွာတုန္းက နင္တုိ႔ အေမ့အိမ္ကို ေရာင္းဖို႔လုပ္ခဲ့ေသးတာမဟုတ္လား.. ကိုယ္လုပ္သင့္တာကို လုပ္လိုက္တာ အေကာင္းဆံုးပဲေလ.."

ခ်င္ယြိလန္၏မ်က္ႏွာ ရဲလာၿပီး ဒီအေၾကာင္းကို သူမ မေျပာခ်င္ေပ။

"ယိြက်ိဳး.. အစ္မ တကယ္ေျပာေနတာ.. ခြဲစိတ္မႈမလုပ္ရင္ နင့္ခဲအို ဒုကၡိတျဖစ္သြားေတာ့မယ္.."

"ဒုကၡိတျဖစ္သြားေပမယ့္ ပင္စင္လစာေတာ့ ရေနဦးမွာမဟုတ္လား.. ဒါမွမဟုတ္ နင္ သူ႔ကိုထားလိုက္ၿပီး ေနာက္ထပ္လူေကာင္းတစ္ေယာက္ကို လက္ထပ္လိုက္လို႔ရတယ္ေလ.. ဒါမေကာင္းဘူးလား.."

"နင္.."

ခ်င္ယြိက်ိဳးက သူမကို ကြာရွင္းဖို႔အႀကံေပးလာမယ္လို႔ သူမ မေမွ်ာ္လင့္ထားေပ။ နယ္ဘက္မွာ ဘယ္သူမွ အိမ္ေထာင္မကြဲဘဲ ေသသည္အထိ ေပါင္းဖက္ၾကသည္။ ဟိုဘက္ရြာက အိမ္ေထာင္ကြဲသြားစဥ္က လူတိုင္း ေလွာင္ရယ္ၾကသည္။ ဖြီ.. ခ်င္ယြိက်ိဳးက မိန္းမပ်က္ဆိုတာ တကယ္မွန္တယ္။ ဒီလိုအရွက္မရွိတာကို ေခါင္းထဲထည့္ရဲတယ္..။

"ဘာျဖစ္လို႔လဲ.. သူ႔ကို တြယ္ကပ္ခ်င္ေနတုန္းလား.. နင့္မိသားစုက လမ္းဆံုးေရာက္ေနတာနဲ႔ ငါက ဘာပတ္သက္ေနလို႔လဲ.. ဘာေၾကာင့္ ငါ့ဆီက ပိုက္ဆံလာေတာင္းရတာလဲ.. ဆယ္ႏွစ္ေလာက္ ငါတို႔ၾကား ဘာပတ္သက္မႈမွမရွိတဲ့ဟာကို ခုလိုမ်ိဳး ဘယ္လိုမ်က္ႏွာနဲ႔မ်ား ပိုက္ဆံလာေတာင္းရဲေသးတာလဲ.."

"နင္ ဘာေတြေျပာေနတာလဲ.. ေသြးက ေရထက္ပ်စ္တယ္ေလ.. နင္ ဘယ္ကိုပဲေရာက္ေရာက္ ငါ့ညီမျဖစ္ေနဦးမွာပဲ.."

ခ်င္ယြိလန္၏မ်က္ဝန္းထဲက ေရးႀကီးသုတ္ျပာအရိပ္ကိုေတြ႕ေတာ့ ခ်င္ယြိက်ိဳးက ဆံပင္ကို ဟန္ပါပါသပ္တင္ကာ ေမးလိုက္သည္။

"ညီအစ္မ.. ဟုတ္လား.. နင္က တခ်ိန္က ငါ့ကို ကူညီခဲ့ရင္ေတာ့ ငါက နင့္ကိုျပန္ကူညီမွာေပါ့.."

"ငါ နင့္အတြက္ ဘာလုပ္ေပးရမွာလဲ.. နင္က ခြဲစိတ္ခအတြက္ မကူညီရင္ နင့္ခဲအိုဒုကၡိတျဖစ္ၿပီး နင့္အစ္မရဲ့ဘဝက ေပ်ာ္ရႊင္မႈပ်က္သုဥ္းသြားေတာ့မယ္.."

"နင့္ဘဝပ်က္သုဥ္းသြားတာနဲ႔ ငါက ဘာဆိုင္လို႔လဲ.."

သူမကိုမကူညီတာနဲ႔ပဲ ငါက ရာဇဝတ္မႈက်ဴးလြန္ေနသလိုမ်ား ထင္ေနတာလား။ ကိုယ့္ဘာသာ အလုပ္မႀကိဳးစားခဲ့တာ ဘယ္သူ႔ကို အျပစ္တင္ခ်င္ေသးတာလဲ..။

ယခင္က အၿငိဳးတရားမ်ားကို ျပန္သတိရလာၿပီး ခ်င္ယြိက်ိဳးက ေအးစက္စက္ၾကည့္ကာ ေျပာလုိက္သည္။

"ငါ ကိုယ္ဝန္ႀကီးနဲ႔ အိမ္ကိုျပန္လာတုန္းက အျဖစ္အပ်က္ကို ေမ့သြားၿပီလား.."

======================

Chapter (37) – မြေခွေးညီအစ်မ (Z+U)

ကောင်းပြီလေ... သခင်လေး သဘောတော်မြတ်အတိုင်းပါပဲ (╮(╯▽╰)╭)

ရှုနင်က မျက်ခုံးပင့်ကာ အစ်ကိုကြီးထည့်ပေးသော တို့ဖူး 2 တုံးကိုစားကာ တိုက်သောရေကိုသောက်ပြီးချိန် ဗိုက်အင့်သွားလေပြီ။

"စာကောင်းကောင်းလုပ်နေရစ်ခဲ့နော်.. ညနေမှတွေ့ကြမယ်"

"အွန်း.. ကောင်းကောင်းသွားနော် အစ်ကိုကြီး.."

ဘာကြောင့်မသွားရသေးတာလဲ..?

ပါးစပ်သုတ်ပေးပြီး ဘာကြောင့်စိုက်ကြည့်နေရတာလဲလို့...?

ဝံပုလွေက အရသာရှိတဲ့သူ့အစာကို ဘယ်အပိုင်းကစပြီး စားရမလဲဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်နေသလို ခံစားရပြီး ရှုနင်က ရှုဟိန်၏မျက်နှာကို မကြည့်ရဲတော့ပေ။ ထိုစဉ် ရှုဟိန်က သူ့ခါးကိုသိုင်းဖက်ကာ ဆွဲယူလိုက်သည်။ ရှုနင်ရုန်းလို့မရခင်မှာပဲ ရှုဟိန်၏ခေါင်းကငုံ့ကျလာပြီး ရှုနင်၏နဖူးကို ဖွဖွအနမ်းပေးလိုက်သည်။

သူ ငါ့ကို နမ်းလိုက်တာလား..?

ရှုနင်၏ရင်က လှပ်ခနဲဖြစ်သွားပြီး ထွေးပွေ့ခံထားရစဉ် နွေးထွေးမှုကိုခံစားလိုက်ရသည်။ ရင်ခုန်သွားပေမယ့် သူ့ရင်ထဲမှာ ဘာဘာညာညာမတွေးမိအောင် ကြိုးစားလိုက်သည်။

ဒါက ထိတယ်ဆိုရုံလေး နမ်းလိုက်တာပဲ..။ ငါလဲအရင်က သူ့ကို နမ်းခဲ့တာပဲ။ ဒါကြောင့် သူက ငါ့ကို သဘောကောင်းပြီး ပြန်နမ်းပေးတာဖြစ်မှာပါ...။

ပြီးသွားတော့ အလုပ်ကို အပြေးအလွှားထွက်သွားသည့် အစ်ကိုကြီးကို ရှုနင်က လိမ္မာစွာဖြင့် လက်ပြကာကျန်ရစ်ခဲ့သည်။

ရှုဟိန်က သူ့ဆန္ဒပြည့်ဝသွားသောကြောင့် စိတ်ကျေနပ်စွာ လှည့်ထွက်လာခဲ့သည်။ ဒါက သူထင်ထားတာထက် ပိုပြီး အံ့သြစရာကောင်းတာပဲ။ ပြီးတော့ ကလေးလေးရဲ့ဗိုက်လေးက နူးညံ့ပျော့ပျောင်းနေပြီး ကိုင်လို့ကောင်းလှသည်။ ကလေးလေးက အစာမကြေဖြစ်တဲ့အချိန် သူ့ဗိုက်လေးကို ပွတ်နေတာကိုပြန်သတိရတော့ နောက်မှ သူ့ဗိုက်လေးကိုပွတ်ပေးမည်ဟု တေးထားလိုက်သည်။

နာရီဝက်ကြာစောင့်ပြီးမှ ဆရာက သခင်ငယ်လေးနှင့် တွေ့လိုက်ရသည်။

အစ်ကိုကြီးက နောက်ကျတာကိုမုန်းပေမယ့် ငါ့ကိုမို့ သူက အထူးတလည် ခွင့်လွှတ်ပေးတာလား.. ( ⊙ o ⊙ )

အထက်တန်းပထမနှစ်ကို တက်ရောက်ခွင့်ရဖို့ ရှုနင် စာကို ကြိုးကြိုးစားစားသင်ယူနေရသည်။

ထိုအချိန် ချင်ယွိကျိုးက ရှုနင်ပြောပြခဲ့သည့် အမေးများနှင့် ပြဿနာတက်နေသည်။ အစ်မလတ်က ပထမဒုက္ခရောက်မည်စိုးသောကြောင့် ညီမငယ်ကို မဆက်သွယ်ခဲ့ပေမယ့် သူမအစ်မကြီးက ဦးသွားလျှင် သူမအတွက် ဘာမှမကျန်တော့မည်ကို စိုးသောကြောင့် ညီမငယ်ချင်ယွိကျိုးဆီလာပြီး သူမတို့ဆင်းရဲနေသည့်အကြောင်း သနားစဖွယ် ညည်းညူပြောကြားခဲ့သည်။ သူမယောကျာ်းက ဆေးရုံတက်နေရပြီး သားအကြီးက အထက်တန်းတက်ရောက်နေသဖြင့် သူမအတွက် ငွေကုန်ကြေးကျ များလှသောကြောင့် ချမ်းသာသောယောက်ျားကိုရထားသည့် ညီမချင်ယွိကျိုးက သူမတို့ကို နည်းနည်းပါးပါးကူညီပေးလျှင် အဆင်ပြေသွားနိုင်သည်ဆိုပြီး ရောက်ရှိလာခဲ့သည်။ ဒါကြောင့် ချင်ယွိလန်က အဝတ်နွမ်းနွမ်းကိုဝတ်ကာ မိတ်ကပ်မပြင်ဘဲ ဘတ်စ်ကားနှင့် ချင်ယွိကျိုးရှိရာဆီ လိုက်လာခဲ့သည်။

သူမညီမ၏ဖုန်းကို ဆက်သွယ်ပြီးနောက် မြို့က သီးသန့်စားသောက်ဆိုင်ကြီးမှာ တွေ့ဖို့ချိန်းဆိုခြင်းခံလိုက်ရသည်။ နောက် 1 နာရီကြာတော့ ခမ်းနားထည်ဝါလှသော အဆင့်အတန်းမြင့်စားသောက်ဆိုင်ကို တွေ့ပြီး ဝင်မည်အလုပ် လုံခြုံရေးကတားကာ ပြောလိုက်သည်။

"အန်တီ.. အလုပ်သမားတွေက အနောက်ပေါက်က ဝင်ရမှာပါ"

"အမ်..?"

"ဘာအမ်တာလဲ ? ကျွန်တော်ပြောနေတာ နားမလည်ဘူးလား.. ဒီမှာ ကျွန်တော့်အလုပ်ကို လာမနှောက်ယှက်နဲ့..သွား... သွား... အနောက်ဘက်တံခါးကနေပဲ ဝင်သွား...ကြားရဲ့လား..?"

လုံခြုံရေးက မန်ဒရင်းတရုတ်ဘာသာကို မွတ်အောင်ပြောပြီး စိတ်မရှည်စွာ ခပ်ရိုင်းရိုင်းပြောလိုက်သည်။

"ငါက ဒီကို စားဖို့လာခဲ့တာပါ"

ချင်ယွိလန်က ဒီလိုအခြေအနေကို မကြုံဘူးပေ။ လုံခြုံရေးကောင်လေးကိုကျော်ပြီး 3 မီတာအကွာ တံခါးကို လှမ်းကြည့်လိုက်သည်။ ဒိုးယိုပေါက်မှန်တံခါးအတွင်းဘက်တွင် လှပသော မိန်းကလေးဝန်ထမ်းများက ယဉ်ကျေးစွာပြုံးကာ ဧည့်သည်များကို ဝန်ဆောင်မှုပေးနေသည်။

သူမညီမက ဒီလို အထက်တန်းကျတဲ့နေရာမှာ ဆုံဖို့ပြောခဲ့တယ်ဆိုတော့ ဘယ်လောက်ကောင်းလိုက်သလဲ။ ဒီအတွေးကြောင့် ချင်ယွိလန်၏စိတ်က တက်ကြွလာပြီး မျက်နှာက ပန်းရောင်ဖြစ်လာခဲ့သည်။

"ဟေး..ဟေး.. ခင်ဗျား ဘယ်သူ့ကိုရှာတာလဲ.. ဒီဆိုင်ကဟင်းတစ်ပွဲက ဘယ်လောက်တန်တယ်ဆိုတာ ခင်ဗျားသိလို့လား.."

"ငါ့ညီမလေးက ဒီမှာဆုံဖို့ပြောထားလို့.. မင်းငါ့ကို သွားခွင့်မပေးရင် မင်းရဲ့မန်နေဂျာနဲ့ တိုင်လိုက်ရမလား.."

လုံခြုံရေးက သူမ၏စကားကိုကြားတော့ မထီမဲ့မြင်ဆက်ပြောလိုက်သည်။

"ခင်ဗျားညီမက ဒီမှာ ထမင်းစားဖို့ဖိတ်တယ် ဟုတ်လား.. ခင်ဗျား အခု ဗြောင်လိမ်နေတာမဟုတ်ဘူးလား.. မန်နေဂျာကို တွေ့ချင်တယ်..၊ မန်နေဂျာက ဘယ်လောက်အလုပ်များလဲ ခင်ဗျားသိလို့လား.. ကျွန်တော် တဲ့တိုးပဲ ပြောလိုက်တော့မယ်.. ခင်ဗျားတို့လို ဆင်းရဲသားမျိုးကို အများကြီးတွေ့ဖူးတယ်.. ဒီလို ပုံပြင်မျိုးတွေ ရိုးနေပြီသိရဲ့လား.. သွား.. သွား.. ခင်ဗျားတို့ တတ်နိုင်တဲ့ဆိုင်မှာပဲ ရှာပြီးစားလိုက်စမ်းပါ.."

"မင်း... အရမ်းလွန်လာပြီ.."

"သွား.. သွား.. မဟုတ်ရင် ရဲခေါ်လိုက်ရမလား.."

ချင်ယွိလန်သည် အသက်ပြင်းပြင်းရှူလိုက်ကာ အရပ်မြင့်မြင့်နဲ့ မိုက်တိမိုက်ကန်းလုံခြုံရေးကို ကြောက်ကြောက်နှင့်ကြည့်လိုက်သည်။ ဒါပေမယ့် သူမက ဒီကို စားဖို့တကယ်လာပါလျက် အစောင့်က ခွေးတစ်ကောင်လိုကြည့်ကာ မောင်းထုတ်နေသည်။ ချင်ယွိလန်က ပြောလိုက်သည်။

"သီးသန့်အခန်း 104 မှာ ချိန်းထားတာ တစ်ချက်သွားမေးကြည့်လိုက်ပါ"

ထိုအစောင့်က ရယ်မောကာပြောလိုက်သည်။

"ဟေး.. အန်တီကြီး.. ခင်ဗျားက သီးသန့်ခန်း 104 လို့ ပြောလိုက်တာလား? ဒီမှာ သီးသန့်ခန်း 104 ဆိုတာ မရှိဘူး ၊ ခင်ဗျားက အဝေးကြီးက လာခဲ့ရတာမဟုတ်လား ၊ သူဌေးတွေကို သနားအောင်ငိုယိုပြောပြီး ပိုက်ဆံတောင်းချင်နေတာလား ၊ ဒါဆို ဟိုဘက်ထောင့်မှာ ရဲစခန်းရှိတယ်၊ အဲ့ဒီ့ကို သွားလိုက် ၊ အလကားစားရမယ့်အပြင် နေစရာလဲပေးတယ် ၊ အပိုအနေနဲ့ စတီးလက်ကောက်တစ်စုံတောင် ရဦးမယ်"

လုံခြုံးရေးက နောက်ပြောင်ရယ်မောကာ ချင်ယွိလန်၏ အင်္ကျီလက်ကိုဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"ခင်ဗျား.. ထွက်သွားမလား..မသွားဘူးလား ?"

ချင်ယွိကျိုးက သူမခင်ပွန်း ဆေးရုံတက်နေတာကြားရင် ပိုက်ဆံအများကြီးပေးမယ်လို့ ထင်ထားခဲ့သောကြောင့် ချင်ယွိလန်က ဘယ်လိုလုပ် ဒီနေရာက ထွက်သွားနိုင်မှာလဲ။

လောဘကြောင့် ချင်ယွိလန်က အကြောက်တရား ကင်းမဲ့နေသည်။ နေ့ခင်းကြောင်တောင် လုံခြုံရေးက မိန်းမတစ်ယောက်ကို မရိုက်လောက်ဘူးမဟုတ်လား။ သူမက ရှင်းပြဖို့ကြိုးစားစဉ် လုံခြုံရေးက စိတ်မရှည်ဘဲ သူမကိုတွန်းချတော့ မြေပြင်ပေါ် ဖင်ထိုင်လျက်လဲကျကာ အော်ငိုလိုက်တော့သည်။

ဒီမြင်ကွင်းကို ဒုတိယထပ် သီးသန့်အခန်းတစ်ခုထဲရှိ ပြတင်းပေါက်မှတဆင့် ချင်ယွိကျိုးက အေးအေးဆေးဆေးကြည့်နေသည်။ သူမတစ်ကိုယ်လုံးကို တန်ဖိုးကြီး branded အဝတ်အစားများ ဝတ်ဆင်ထားပြီး ဈေးကြီးသောကော်ဖီခွက်ကို ကိုင်ထားကာ မွှေးပျံ့သောရနံ့ကို ခံစားနေသည်။ ဒီကော်ဖီကို မသောက်ပေမယ့် အနံ့ခံချင်လို့ မှာလိုက်ခြင်းဖြစ်သည်။ သူမအစ်မကို တမင်သက်သက် အခန်းအမှားပြောကာ ယခုလိုပြဿနာတက်အောင် လုပ်ထားခြင်းဖြစ်သည်။ ဒါမှ ချင်ယွိလန်က သူမတို့နှစ်ယောက်ကြား အဆင့်အတန်း ဘယ်လောက်ကွာခြားနေပြီလဲဆိုတာ သိနိုင်မည်ဖြစ်သည်။

နာရီဝက်လောက် ကြည့်နေပြီးမှ ချင်ယွိကျိုးက လက်မြှောက်လိုက်စဉ် စားပွဲထိုးက ချက်ချင်းရောက်လာပြီး ယဉ်ကျေးစွာမေးလိုက်သည်။

"ဘာများလိုအပ်ပါသလဲရှင်.."

"အောက်က သနားစရာအမျိုးသမီးကို ဖိတ်လိုက်ပါကွယ်.. ငါ သူ့ကို တစ်ခုခုဝယ်ကျွေးချင်လို့.."

"ဟုတ်ကဲ့ပါရှင့်.."

စားပွဲထိုးက သဘောထားကြီးလှသော Mrs. ရှုကို လေးစားစွာကြည့်ကာ အောက်ထပ်က နွမ်းဖတ်နေသောမိန်းမကို သွားခေါ်လာခဲ့သည်။

ချင်ယွိလန်က စားပွဲထိုးမိန်းမပျိုနောက်က လိုက်လာရင်း အခန်း 402 ကိုတွေ့တော့ သူမတကယ်ပဲ အခန်းနံပါတ်မှားမှတ်လိုက်သလားဟု ထင်လိုက်သည်။ သူမက တံခါးကိုတွန်းဖွင့်မည်အပြု စားပွဲထိုးမလေးက တားကာ တံခါးကို အဆင်သင့်ဖွင့်ပေးလိုက်သည်။

"ရပါတယ်.. ကိုယ့်ဘာသာဖွင့်လိုက်ပါ့မယ်.."

"ဒါ ကျွန်မတို့တာဝန်ပါရှင်.. ကြွပါ.."

ဒါမှ တကယ့်မြို့ကြီးသူများ၏ ယဉ်ကျေးဖော်ရွေမှုဟု ချင်ယွိလန်ထင်လိုက်ပေမယ့် တကယ်တော့ စားပွဲထိုးမလေးက ထိုနွမ်းပါးသောအမျိုးသမီးကြောင့် လက်ကိုင်ညစ်ပတ်သွားမှာ စိုးနေသည်ကို သူမ မသိလိုက်ပေ။

အခန်းထဲကိုရောက်တော့ တကယ့်ဇိမ်ခံပစ္စည်းများနှင့် တန်ဆာဆင်ထားသောအခန်းဝယ် လတ်ဆတ်သောပန်းရနံ့များဖြင့် ကြိုင်မွှေးနေသည်ကို တွေ့လိုက်ရသည်။ ထိုအခန်းထဲမှာ နှင်းကဲ့သို့ဖွေးဆွတ်သော အသားအရေ၊ အထက်တန်းကျသောအဝတ်နှင့် ရတနာများဝတ်ဆင်ကာ ထိုင်နေသော ညီမဖြစ်သူကိုတွေ့လိုက်ရတော့ သူမ မနာလိုစိတ်ဖြင့် ချက်ချင်းတွေးလိုက်မိသည်။

ချင်ယွိကျိုးက တကယ့်လူချမ်းသာဘဝကို ရနေတာကိုး။ ဟိုလူကို သူမကြိုက်ပြီး မျိုးမစစ်ခွေးမသားလေးကို မွေးပေးလိုက်တာ မထူးဆန်းတော့ပေ။

"မင်း သွားလို့ရပြီ.."

ချင်ယွိကျိုးက စားပွဲထိုးကို နှင်ထုတ်လိုက်သည်။ စားပွဲထိုးက သူမတို့နှစ်ယောက် သိလောက်သည်ကိုရိပ်မိကာ စိတ်ချစွာဖြင့် ထွက်သွားလိုက်သည်။

ချင်ယွိကျိုးက သူမအစ်မလတ်ကိုကြည့်ကာ မေးလိုက်သည်။

"ဟေး.. အစ်မ.. ဖုန်းထဲမှာပြောခဲ့တာက ခဲအိုက ဆေးရုံပေါ်ရောက်နေတာဆို.."

"ဟုတ်တယ်.. ဆရာဝန်က အရိုးကျိုးတယ်လို့ပြောတယ်.. သူတသက်လုံး ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ နေရတော့မယ်တဲ့.. အဲ့ဒီလိုမှမဟုတ်ရင် ခွဲစိတ်လိုက်ရင်တော့ လူကောင်းပြန်ဖြစ်လာမယ်လို့တော့ ပြောတယ်.."

"ဒါဆို အစ်မက ဘယ်လိုလုပ်မှာလဲ.."

ချင်ယွိကျိုး၏မျက်နှာက ထူးမခြားနားဟန်ဖြင့် မေးလိုက်သည်။ ချင်ယွိလန်က စိတ်လှုပ်ရှားစွာ ကိုယ်ကိုရှေ့ကိုင်းကာ ပြောလိုက်သည်။

"ခွဲစိတ်ရမှာပေါ့.."

"ဒါဆို ပိုက်ဆံအများကြီး လိုမှာပေါ့.."

"ပိုက်ဆံအများကြီးလိုရုံ ဘယ်ကမလဲ.. ငါတို့မိသားစုက အဆင်မပြေကြဘူး.. နင့်ခဲအိုက တစ်လကို 150 ပဲရတာလေ.. ဒါ့အပြင် သားအကြီးဆုံးက အထက်တန်းနောက်ဆုံးနှစ်ကို ရောက်နေပြီ.. ကလေးသုံးယောက်ရဲ့ ကျောင်းစရိတ်က.."

စသဖြင့် ချင်ယွိလန်က သူမမိသားစုအကျပ်အတည်းများကို ပြောပြကာ ညီမဖြစ်သူသနားအောင် လုပ်နေသည်။ သူမက ငိုရင်းပြောရင်း နှပ်တရှုံ့ရှုံ့လုပ်နေသည်။

ချင်ယွိကျိုးက ပျော်ရွှင်စွာဖြင့် သူမအစ်မသရုပ်ဆောင်နေသည်ကို ကြည့်နေသည်။ နင်တို့အဆင်မပြေတာ ကြားရလေ.. ငါ ပိုပျော်လေပဲ..။

"ဆေးရုံစရိတ်က ဘယ်လွယ်ပါ့မလဲ.. စရိတ်အကုန်အကျ များမှာပေါ့.."

"ဒါကြောင့်မို့ ပြောနေတာပေါ့.."

"ဒါဆို အစ်မတို့အိမ်နဲ့မြေကို ရောင်းလိုက်လေ.."

"နင် ဟာသလုပ်နေတာလား.. အိမ်နဲ့မြေရောင်းလိုက်ရင် ငါတို့မိသားစု ဘယ်သွားနေရမှာလဲ.."

ချင်ယွိလန်က လက်ဆန့်ကာ ချင်ယွိကျိုး၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ချင်ယွိကျိုးက အဆွဲမခံဘဲ နောက်ကိုမှီကာ လက်ပိုက်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

"နင့်မိသားစုက အရမ်းဆင်းရဲပြီး ကလေးစရိတ်၊ ဆေးရုံစရိတ်တွေအတွက် ပိုက်ဆံမရှိဘူးဆို.. နင် အိမ်မရောင်းဘဲ ပိုက်ဆံက ဘယ်ကရလာမှာလဲ.."

နင်က ချမ်းသာတယ်မဟုတ်လား..။ ချင်ယွိလန်က တွေးလိုက်သည်။

ချင်ယွိကျိုးက သူမလက်ချောင်းကိုဖြန့်ကာ လှပစွာတန်ဆာဆင်ထားသော လက်သည်းများကိုကြည့်ရင်း ပြောလိုက်သည်။

"ခဲအိုက 150 ရတယ်ဆိုတာ မဆိုးပါဘူး.. တောပိုင်းမှာဆို ကောင်းကောင်းလောက်ငှတဲ့ ပိုက်ဆံပါပဲ.. တကယ်လို့ ဒီငွေက နည်းတယ်ထင်ရင် နင် အပြင်ထွက်အလုပ်လုပ်လေ.. နင်မကြိုးစားဘဲ နင့်ကလေးသုံးယောက်ကို ဘယ်လိုပျိုးထောင်မှာလဲ.."

"ငါ အိမ်ကခွာလို့မရဘူး.. စိုက်ခင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ထားပြီး လယ်တချို့လည်းရှိသေးတယ်.. ပြီးတော့ ငါ့ခန္ဓာကိုယ်က ဒီနှစ်တွေမှာ အခြေအနေဆိုးလာတာ ဘယ်လိုလုပ် အလုပ်တစ်ခုရှာနိုင်မှာလဲ.."

"ဒါကြောင့် နင်တို့အိမ်ရောင်းလိုက်တာ အကောင်းဆုံးပဲမဟုတ်လား.. အမေ ဆေးရုံမှာတုန်းက နင်တို့ အမေ့အိမ်ကို ရောင်းဖို့လုပ်ခဲ့သေးတာမဟုတ်လား.. ကိုယ်လုပ်သင့်တာကို လုပ်လိုက်တာ အကောင်းဆုံးပဲလေ.."

ချင်ယွိလန်၏မျက်နှာ ရဲလာပြီး ဒီအကြောင်းကို သူမ မပြောချင်ပေ။

"ယွိကျိုး.. အစ်မ တကယ်ပြောနေတာ.. ခွဲစိတ်မှုမလုပ်ရင် နင့်ခဲအို ဒုက္ခိတဖြစ်သွားတော့မယ်.."

"ဒုက္ခိတဖြစ်သွားပေမယ့် ပင်စင်လစာတော့ ရနေဦးမှာမဟုတ်လား.. ဒါမှမဟုတ် နင် သူ့ကိုထားလိုက်ပြီး နောက်ထပ်လူကောင်းတစ်ယောက်ကို လက်ထပ်လိုက်လို့ရတယ်လေ.. ဒါမကောင်းဘူးလား.."

"နင်.."

ချင်ယွိကျိုးက သူမကို ကွာရှင်းဖို့အကြံပေးလာမယ်လို့ သူမ မမျှော်လင့်ထားပေ။ နယ်ဘက်မှာ ဘယ်သူမှ အိမ်ထောင်မကွဲဘဲ သေသည်အထိ ပေါင်းဖက်ကြသည်။ ဟိုဘက်ရွာက အိမ်ထောင်ကွဲသွားစဉ်က လူတိုင်း လှောင်ရယ်ကြသည်။ ဖွီ.. ချင်ယွိကျိုးက မိန်းမပျက်ဆိုတာ တကယ်မှန်တယ်။ ဒီလိုအရှက်မရှိတာကို ခေါင်းထဲထည့်ရဲတယ်..။

"ဘာဖြစ်လို့လဲ.. သူ့ကို တွယ်ကပ်ချင်နေတုန်းလား.. နင့်မိသားစုက လမ်းဆုံးရောက်နေတာနဲ့ ငါက ဘာပတ်သက်နေလို့လဲ.. ဘာကြောင့် ငါ့ဆီက ပိုက်ဆံလာတောင်းရတာလဲ.. ဆယ်နှစ်လောက် ငါတို့ကြား ဘာပတ်သက်မှုမှမရှိတဲ့ဟာကို ခုလိုမျိုး ဘယ်လိုမျက်နှာနဲ့များ ပိုက်ဆံလာတောင်းရဲသေးတာလဲ.."

"နင် ဘာတွေပြောနေတာလဲ.. သွေးက ရေထက်ပျစ်တယ်လေ.. နင် ဘယ်ကိုပဲရောက်ရောက် ငါ့ညီမဖြစ်နေဦးမှာပဲ.."

ချင်ယွိလန်၏မျက်ဝန်းထဲက ရေးကြီးသုတ်ပြာအရိပ်ကိုတွေ့တော့ ချင်ယွိကျိုးက ဆံပင်ကို ဟန်ပါပါသပ်တင်ကာ မေးလိုက်သည်။

"ညီအစ်မ.. ဟုတ်လား.. နင်က တချိန်က ငါ့ကို ကူညီခဲ့ရင်တော့ ငါက နင့်ကိုပြန်ကူညီမှာပေါ့.."

"ငါ နင့်အတွက် ဘာလုပ်ပေးရမှာလဲ.. နင်က ခွဲစိတ်ခအတွက် မကူညီရင် နင့်ခဲအိုဒုက္ခိတဖြစ်ပြီး နင့်အစ်မရဲ့ဘဝက ပျော်ရွှင်မှုပျက်သုဉ်းသွားတော့မယ်.."

"နင့်ဘဝပျက်သုဉ်းသွားတာနဲ့ ငါက ဘာဆိုင်လို့လဲ.."

သူမကိုမကူညီတာနဲ့ပဲ ငါက ရာဇဝတ်မှုကျူးလွန်နေသလိုများ ထင်နေတာလား။ ကိုယ့်ဘာသာ အလုပ်မကြိုးစားခဲ့တာ ဘယ်သူ့ကို အပြစ်တင်ချင်သေးတာလဲ..။

ယခင်က အငြိုးတရားများကို ပြန်သတိရလာပြီး ချင်ယွိကျိုးက အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

"ငါ ကိုယ်ဝန်ကြီးနဲ့ အိမ်ကိုပြန်လာတုန်းက အဖြစ်အပျက်ကို မေ့သွားပြီလား.."

======================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now