Chapter (7) - အစ္ကိုႀကီးရႈဟိန္ ကၽြန္ေတာ္တို႔ ထပ္ေတြ႕ရေတာ့မယ္

26.1K 3.9K 39
                                    

Chapter (7) - အစ္ကိုႀကီးရႈဟိန္ ကၽြန္ေတာ္တို႔ ထပ္ေတြ႕ရေတာ့မယ္

"သားကိုေမြးၿပီးေတာ့ ဒီပံုေလးပဲ အေမ့ဆီမွာရွိခဲ့တယ္.. မင္းႀကီးျပင္းလာတဲ့တေလွ်ာက္ မင္းေဘးမွာ အေမ မရွိခဲ့ဘူး.. သားနဲ႔အတူ ေပ်ာ္ရႊင္မႈ၊ ဝမ္းနည္းမႈကို ဘာမွမမွ်ေဝေပးႏိုင္ခဲ့ဘူး.."

ခ်င္ယြိက်ိဳးက အေတာမသတ္ေျပာရင္း လည္ေခ်ာင္းနာသည္အထိ ျပင္းစြာငိုေၾကြးခဲ့သည္။ ဘာေၾကာင့္ ခုလိုငိုျပေနသလဲဆိုတာ သူမအသိဆံုးျဖစ္သည္။ ဘယ္သူမဆို ဝမ္းနည္းပက္လက္ငိုေၾကြးေနေသာ အမ်ိဳးသမီးကိုေတြ႕ရင္ သနားဂ႐ုဏာသက္ၾကမွာ ေသခ်ာသည္။ ငိုေၾကြးေနေသာ မိန္းမတစ္ေယာက္က ႏူးညံ့ကာ အကာအကြယ္မဲ့မႈကို ျပသည္။ ဘယ္သားမဆို ကိုယ့္အေမခုလိုျဖစ္ေနသည္ကို ျမင္ရက္မည္မဟုတ္ေပ။ သားႏွင့္အေမၾကားက စိမ္းသက္ေအးစက္မႈကို မ်က္ရည္ျဖင့္ၿဖိဳဖ်က္ဖို႔ သူမ ႀကိဳးစားေနျခင္းျဖစ္သည္။

႐ႈနင္ကေတာ့ ေမ်ာက္ပြဲၾကည့္ေနသလိုပဲ သေဘာထားကာ ခ်င္ယြိက်ိဳး ငိုရင္းေျပာသည္ကို စိတ္ရွည္စြာနားေထာင္ေပးၿပီးေနာက္ 'အေမ' ဟုေခၚကာ ဖက္လိုက္သည္။ ရင္ထဲမွာေတာ့ သူ႔အေမေလာက္ အရွက္မဲ့သည့္မိန္းမကို မျမင္ဖူးေပ။ အိမ္ေဖာ္အေဒၚႀကီးက သားအမိႏွစ္ေယာက္ ဖက္ေနေသာျမင္ကြင္းကို တံခါးဝမွေငးၾကည့္ကာ ရင္ထဲ ပီတိျဖာကာ ၾကည္ႏူးေနမိသည္။

ဒါေပမယ့္ ေခါင္းငံု႔ထားေသာခ်င္ယြိက်ိဳး၏ မ်က္ဝန္းထဲကေအးစက္မႈကို ဘယ္သူမွသတိမထားမိၾကေပ။ သူမက ဝမ္းဗိုက္ကိုအသာထိကာ ဒီထဲက ကေလးေလး ႐ႈေယာင္က တျဖည္းျဖည္းႀကီးထြားလာမည္ကို သူမ စိတ္ရွည္စြာေစာင့္ဆိုင္းေနသည္။ ႐ႈနင္က ေလာဘမႀကီးဘဲ နာခံစြာျဖင့္ သူမသား႐ႈေယာင္အတြက္ လိမ္လိမ္မာမာလမ္းေဖာက္ေပးဖို႔ ခ်င္ယြိက်ိဳးေမွ်ာ္လင့္ထားသည္။ တကယ္လို႔ ႐ႈနင္က ေလာဘတက္လာၿပီး 'သူကိုက္ႏိုင္တာထက္ ပိုကိုက္ဖို႔' ႀကိဳးစားလာရင္ေတာ့ သူ႔ကိုျဖဳတ္ခ်ပစ္ဖို႔ သူမ ဝန္ေလးမည္မဟုတ္ေပ။ ခ်င္ယြိက်ိဳးက အၾကင္နာကင္းမဲ့စြာျဖင့္ မိမိသားအေပၚ ဒီလိုေတြးေနေပမယ့္ ႐ႈနင္ကို ခ်စ္မဝသည့္သားေလးလို ရင္ခြင္ထဲတင္းတင္းဖက္ကာ မ်က္လံုးက နီျမန္းလို႔ေနသည္။

႐ႈနင္၏စိတ္ထဲမွာ သူ႔အေမရင္းက ေသဆံုးသြားၿပီျဖစ္လို႔ ခုလိုတမင္သက္သက္ သူ႔အေမလုပ္ျပသည့္အမူအယာကို ဘယ္လိုမွမခံစားရေပ။

ေနာက္တစ္ေန႔မွာ ခ်င္ယြိက်ိဳးစီစဥ္ထားေသာ ထူးခၽြန္သည့္ဆရာ၊ ဆရာမမ်ား ေရာက္ရွိလာၿပီး ႐ႈနင္ကို သင္ၾကားေပးၾကသည္။ တစ္လက ခဏႏွင့္ ကုန္ဆံုးသြားခဲ့သည္။

တင့္တယ္ေသာကိုယ္ဟန္အမူအယာ၊ ေျပျပစ္ေသာစကားေျပာဆိုပံု၊ အလယ္တန္းေက်ာင္းသားအေနျဖင့္ အဂၤလိပ္စာက လက္ခံႏိုင္ေလာက္သည္အထိ ေရာက္ရွိခဲ့ၿပီျဖစ္သည္။ အသားအေရက ျဖဴစင္လာေပမယ့္ ပိန္ပါးကာ အရပ္ပုတာကို တစ္လအတြင္း ေျပာင္းလဲလို႔မရေသာေၾကာင့္ ခ်င္ယြိက်ိဳး ထပ္ၿပီး စိတ္မရွည္ႏိုင္ေတာ့ေပ။ ႐ႈနင္၏အမူအယာက တကယ့္မိသားစုေကာင္းမွာ ပ်ိဳးေထာင္ခံခဲ့ရေသာ သခင္ေလးပံုေတာ့ ေပါက္လာေလၿပီ။ တစ္လက မလံုေလာက္ေပမယ့္ ခ်င္ယြိက်ိဳး ဆက္မေစာင့္ႏိုင္ေတာ့ေပ။ ခ်င္ယြိက်ိဳးက ႐ႈနင္ကုိ ၿမိဳ႕ထဲ ကားႏွင့္ ဟိုဟိုသည္သည္ေခၚကာ ဂႏၱဝင္ဂီတကို ဖြင့္ျပ၊ ရွင္းျပကာ ႐ႈနင္ ဒီဟာေတြရင္ဆိုင္ရရင္ ေၾကာင္ေတာင္ေတာင္မျဖစ္ေစရန္ အတတ္ႏိုင္ဆံုး သင္ၾကားျပသေပးထားသည္။ ႐ႈနင္က သားအရင္းဆိုေပမယ့္ ႐ႈခ်ိန္၏မ်က္ဝန္းထဲ အထင္အျမင္ႀကီးမႈကို ရရွိဖို႔က အေရးႀကီးလွသည္။ ဒါမွ ေနာင္တခ်ိန္ ႐ႈေယာင္အတြက္ လမ္းေဖာက္ရာမွာ ႐ႈနင္က ထိေရာက္စြာ လုပ္ေပးႏိုင္မည္ျဖစ္သည္။

ရႈနင္က သူ႔မိခင္ ရည္ရြယ္ခ်က္ႏွင့္ လုပ္ေနသည္ကိုသိေပမယ့္ ႏႈတ္ခမ္းတြန္႔႐ံုၿပံဳးကာ ဘာမွမေျပာေပ။

ခ်င္ယြိက်ိဳးက သူမသား၏ မတုန္မလႈပ္ပံုစံေၾကာင့္ စိတ္ဓာတ္က်ကာ ကားကိုေလွ်ာက္ေမာင္းရင္း member ဝင္မ်ားသာလက္ခံသည့္ အဆင့္ျမင့္လက္ဖက္ရည္ဆိုင္ေရွ႕မွာ ကားရပ္လိုက္သည္။ ထိုဆိုင္တစ္ခုလံုး ဟန္ေခတ္ကဒီဇိုင္းမ်ိဳး ျပင္ဆင္ထားၿပီး ဝန္ထမ္းမေလးေတြက ဟန္ေခတ္ကဝတ္စံုကို ဝတ္ဆင္ထားၾကသည္။ ေတးဂီတကလည္း ဟန္ေခတ္ကေတးသီခ်င္းကို အႏုပညာရွင္မ်ားက ေဖ်ာ္ေျဖေနၾကသည္။

ခ်င္ယြိက်ိဳးက ခဏေစာင့္ေနၿပီး ဖုန္းျမည္လာခဲ့သည္။ ဖုန္းေခၚသူက သူမေယာက္်ားျဖစ္ၿပီး သူ မလာႏိုင္ေတာ့ေၾကာင္း ေျပာမည္ဆိုတာသိလို႔ ခ်င္ယြိက်ိဳး စိတ္ပ်က္သြားခဲ့သည္။ ဒါေပမယ့္ သူတို႔က လက္ထပ္ထားၿပီးသားျဖစ္လို႔ သူ မလာလည္း ကိစၥမရွိေပ။

မူလက ႐ႈနင္က အသံုးမဝင္ဟု သူမ ထင္ထားခဲ့ေပမယ့္ ႐ႈဟိန္ကို သည္းမခံႏိုင္ေအာင္ရန္စရာတြင္ ႐ႈနင္ကိုအသံုးခ်ဖို႔ စိတ္ကူးရလိုက္သည္။ ႐ႈဟိန္မႀကိဳက္သည့္ အျပဳအမူတခ်ိဳ႕ကို သင္ေပးလိုက္လွ်င္ ႐ႈဟိန္က ေသခ်ာေပါက္ ေဒါသမထိန္းႏိုင္ဘဲ ႐ႈနင္ကို ၾကမ္းတမ္းစြာဆက္ဆံလိမ့္မည္။ ဒီလိုမၾကာခဏျဖစ္လွ်င္ ႐ႈခ်ိန္က သူ႔သားႀကီးကိုစိတ္ပ်က္လာၿပီး ေနာက္ပိုင္း company ဆက္ခံခြင့္က သူမဗိုက္ထဲက သားငယ္ေလး႐ႈေယာင္ဆီကို ေရာက္လာႏိုင္သည္။ ႐ႈနင္ကိုေတာ့ မန္ေနဂ်ာရာထူးေလာက္ေတာ့ ေပးကာ company ကိုအုပ္ခ်ဳပ္ေစမည္ဟု ေတြးထားသည္။

႐ႈနင္က ေခါင္းငံု႔ထားေပမယ့္ နံရံဘက္ကမွန္ခ်ပ္ေတြရဲ့ ေရာင္ျပန္ဟပ္မႈေၾကာင့္ သူ႔အေမက သူ႔ကို ၾကည့္ၿပီး အထင္ေသးစိတ္ပ်က္ဟန္ေပၚေနတာကို ႐ႈနင္ျမင္ၿပီးသားျဖစ္သည္။

"အေမ.. ဖုန္းမကိုင္ဘူးလား.."

ဒီဖုန္းကို ခ်က္ခ်င္းမကိုင္ရဘူး ငတံုးေလးရဲ့..။

ခ်င္ယြိက်ိဳးက ဖုန္းကိုင္ကာ ႐ႈခ်ိန္နဲ႔ စကားေျပာကာ ခ်လိုက္သည္။

ဒီေန႔ အေဖ့ကို မျမင္ရေတာ့ဘူးေပါ့..။ သူတို႔ေစာင့္ေနေသာပုဂိၢဳလ္က ႐ႈခ်ိန္ျဖစ္သည္။ အတိတ္ကမွတ္ဥာဏ္ကဲ့သို႔ပင္ သူ႔အေဖက အတူတူပဲျဖစ္သည္။ ႐ႈခ်ိန္က သူ႔ကို ခ်င္ယြိက်ိဳး၏ေမြးစားသားအျဖစ္ မိသားစုထဲကုိ ေခၚသြင္းလာခ်င္သည္။ ႐ႈမ်ိဳး႐ိုးမွည့္တာကေတာ့ တိုက္ဆိုင္သြားတာဟု ေျပာဆိုခ်င္သည္။ ဒါက ႐ႈဟိန္စိတ္မကြက္ဖို႔ သူ႔အေဖ႐ႈခ်ိန္လုပ္ထားသည့္ အစီအစဥ္ဆိုတာ ထင္ရွားပါသည္။ သူ႔အေဖက သားႀကီး႐ႈဟိန္၏ စိတ္ခံစားခ်က္ကို တန္ဖိုးထားခဲ့သည္။

ခ်င္ယြိက်ိဳးက ဘယ္သူမို႔လဲ။ သူမက ေလာဘႀကီးသလို အင္မတန္သည္းခံႏိုင္ေသာ မိန္းမတစ္ေယာက္ျဖစ္သည္။ 15 ႏွစ္တိတိ စိတ္ရွည္စြာေစာင့္ဆိုင္းၿပီး ႐ႈခ်ိန္၏တရားဝင္ဇနီးေတာင္ ျဖစ္လာခဲ့ေလၿပီ။ အခု ႐ႈနင္ကိစၥကို ႐ႈခ်ိန္ေျပာလာေတာ့ သူမက တံု႔ဆိုင္းျခင္းမရွိ ခ်က္ခ်င္းသေဘာတူလိုက္သည္။ အဓိက သူမသားက ႐ႈအိမ္ေတာ္ထဲ ေလ်ာေလ်ာလ်ဴလ်ဴဝင္သြားႏိုင္ဖုိ႔ အေရးႀကီးသည္။ တစ္မိုးေအာက္ကိုေရာက္ရင္ ႐ႈဟိန္ဆိုသည့္ အထက္တန္းေက်ာင္းသားကို သူ႔အေဖ၏မ်က္လံုးထဲက ပံုရိပ္ေတြပ်က္သြားေအာင္ သူမ အလြယ္ေလးႀကံေဆာင္လို႔ရသည္။ အထက္တန္းေက်ာင္းသားတစ္ေယာက္က သူမကို ဘယ္လိုယွဥ္ႏိုင္မွာတဲ့လဲ။ သူမက ေသေစခ်င္ရင္ ႐ႈဟိန္ကိုအလြယ္တကူ သတ္ပစ္လို႔ရသည္ဟု ယံုၾကည္မႈျပင္းထန္ေနသည္။

႐ႈခ်ိန္က ဖုန္းခ်လိုက္ၿပီးေတာ့ ခ်င္ယြိက်ိဳးက နာခံစြာျဖင့္ သူ႔အစီအစဥ္ကို လက္ခံလိုက္သည့္အတြက္ ရင္ထဲစိတ္မေကာင္းျဖစ္ေနသည္။ သူ႔မိန္းမက သူ႔ေၾကာင့္ သည္းခံရတာ၊ နစ္နာရတာ မ်ားလွေလၿပီဟု ေတြးေနမိသည္။

႐ႈနင္က လက္ဖက္ရည္ကို အရသာခံေသာက္ကာ ခ်င္ယြိက်ိဳးမ်က္ႏွာေပၚက စိတ္ပ်က္လက္ပ်က္အမူအယာကို လွ်ိဳ႕ဝွက္ေစာင့္ၾကည့္ေနသည္။

"သားေလး.. အေမက မင္းကို မင္းအေဖရဲ့သားႀကီးနဲ႔ ေတြ႕ဖို႔ေခၚသြားေပးမယ္.. အရမ္းစိတ္မလႈပ္ရွားနဲ႔ေနာ္.. ဟုတ္ၿပီလား.. အေမေျပာတာနားေထာင္ၿပီး လိုက္လုပ္ေနာ္.."

ခ်င္ယြိက်ိဳးက ႐ႈနင္ကို ႐ႈခ်ိန္ႏွင့္သူ႔မိခင္အေၾကာင္း ေျပာျပကာ ႐ႈနင္၏ေခါင္းထဲ မေကာင္းသည့္လူမ်ားဟုထင္ေအာင္ ႐ိုက္သြင္းေနသည္။

"႐ႈနင္.. မင္းအေဖက သူ႔သားႀကီးကို ဘယ္ေလာက္သည္းသည္းလႈပ္တယ္ဆိုတာ မင္းမသိေသးဘူး.. ဒါကို ခံႏိုင္ရည္ရွိေအာင္ ႀကိဳးစားရမယ္ေနာ္.."

"ဟုတ္ကဲ့.."

ခ်င္ယြိက်ိဳးက တကယ္ေတာ္ၿပီး ေနာင္တမရွိဘဲ လုပ္ေဆာင္တတ္သည့္ မိန္းမျဖစ္သည္။ သူက ႐ႈနင္က ႐ႈဟိန္နဲ႔မတူဘဲ ႐ူးမိုက္သည္ဟုသာ ေတြးထင္ထားသည္။ ႐ႈနင္က ေကာင္းေသာေကာင္ေလးျဖစ္သည္ကို လံုးဝသတိမထားမိေပ။ လူေကာင္းေလးျဖစ္ေအာင္ ပ်ိဳးေထာင္ဖို႔လည္း မရည္ရြယ္ေပ။ ႐ႈနင္၏ရင္ထဲ အမုန္းမီးစေတြကိုသာ ထည့္ေပးေနသည္။ ဒါေၾကာင့္ အရင္ဘဝက ႐ႈနင္က ခ်င္ယြိက်ိဳး၏စကားကို နားေယာင္ကာ အျမင္ရခင္ကတည္းက ႐ႈဟိန္ကိုမုန္းေနသည္။ သူ႔ကိုေတြ႕ေတာ့ အံႀကိတ္ကာ မုန္းတီးစြာျဖင့္ ၾကည့္ခဲ့မိသည္။

တူညီေသာေနရာမွာ တူညီေသာအျဖစ္အပ်က္တို႔ ျပန္ျဖစ္လာေပမယ့္ ခံစားခ်က္တို႔က လံုးဝမတူေတာ့ေပ။ ယခုဘဝတြင္ ႐ႈနင္၏ရင္ထဲ အမုန္းတို႔မရွိဘဲ ေနာင္တတရားႏွင့္ အစ္ကိုျဖစ္သူကို ျပန္ေပးဆပ္ခ်င္သည့္စိတ္တို႔သာ ရွိေတာ့သည္။

ခ်င္ယြိက်ိဳးက ႐ႈဟိန္၏ကိုယ္ရံေတာ္မ်ား ေရာက္လာသည္ကိုေတြ႕လိုက္ၿပီးေနာက္ ႐ႈဟိန္လိုက္ပါလာသည္ကို ျမင္လိုက္ရသည္။

႐ႈဟိန္က ျဖည္းညင္းစြာေလွ်ာက္လာၿပီး အရမ္းကိုခန္႔ေခ်ာသည့္မ်က္ႏွာႏွင့္ ေနေရာင္ေအာက္မွာ သူ႔ဆံပင္ေတြက မင္ေရာင္ကဲ့သို႔မည္းနက္ကာ ေတာက္ပေနသည္။ ႐ႈဟိန္က အရြယ္ေရာက္ၿပီးသူကဲ့သို႔ ေၾကာက္မက္ဖြယ္အရွိန္အဝါ ထုတ္လႊတ္မေနေသးေပမယ့္ သူ႔မ်က္ႏွာက လူ႔သေဘာမေနာကို ေသခ်ာသိထားၿပီးသူႏွယ္ ဘာအမူအယာမွမျပဘဲ ေအးစက္စက္ပံုျဖစ္သည္။

ခ်င္ယြိက်ိဳးက သူ႔အေဖနဲ႔လက္ထပ္ထားတာ မၾကာေသးေသာ မိန္းမျဖစ္လို႔ ႐ႈဟိန္က သူ႔ကို ဒီလိုအမူအယာနဲ႔ပဲ ဆက္ဆံမွာျဖစ္သည္။

႐ႈနင္က အရပ္ပုကာ ႐ႈဟိန္က သူ႔ကိုေခါင္းငံု႔ကာၾကည့္ရသည္။ ႀကီးမားလွပသည့္ မ်က္ဝန္းက ၾကည္လင္ကာ မေကာင္းသည့္အရိပ္အေငြ႕ကို တစိုးတစိမွပင္ မေတြ႕ရေပ။

႐ႈဟိန္က ႐ုတ္တရက္ရပ္လိုက္ေတာ့ သူ႔ကိုယ္ရံေတာ္ေတြက သံသယျဖင့္ ႐ႈဟိန္ေဘး ခ်က္ခ်င္းဝိုင္းလာၿပီး ေရွ႕ကလူကို သံသယႏွင့္ၾကည့္လိုက္ေတာ့... ကေလးေလးတစ္ေယာက္လား...။

"အစ္ကိုႀကီး.. ကၽြန္ေတာ့္အေမကို လိုက္ရွာဖို႔ ကူေပးႏိုင္မလားဟင္.."

"အေမက ေက်ာင္းအေနာက္ဘက္ဂိတ္က ေကာ္ဖီဆိုင္မွာပါ.."

႐ႈနင္က လက္ညိႈးညႊန္ျပကာ သနားစဖြယ္အမူအယာျဖင့္ ရွင္းျပလိုက္သည္။

"အေမက ဘာေၾကာင့္ ခုလိုခိုင္းတယ္ဆိုတာ မသိေပမယ့္ ၾကည့္ရတာ သူက အစ္ကိုႀကီးကို ေတြ႕ခ်င္ေနပံုရတယ္.."

႐ႈဟိန္က တည္ၿငိမ္စြာစိုက္ၾကည့္ကာ ေကာင္ေလးကမ္းေပးသည့္လက္ကိုကိုင္ၿပီး ေကာ္ဖီဆုိင္ဆီ ေလွ်ာက္လာခဲ့သည္။ ႐ႈနင္က သူ႔မိခင္ေဘးမွာဝင္ထိုင္ရင္း ေဖ်ာ္ရည္ကို တစ္ငံုေသာက္ကာ ေျပာလိုက္သည္။

"အေမ.. ကၽြန္ေတာ္ လမ္းေပ်ာက္သြားလို႔ အစ္ကိုႀကီးက ဒီအထိလိုက္ပို႔ေပးခဲ့တယ္.."

ခ်င္ယြိက်ိဳးက စိတ္လႈပ္ရွားစြာမတ္တပ္ရပ္ကာ ထစ္အစြာေျပာလိုက္သည္။

"ေရွာင္.. ႐ႈဟိန္.. ေက်းဇူးတင္ပါတယ္.. ဒီ.. ဒီကေလးက.."

႐ႈဟိန္က ဘာမွမေျပာဘဲ သူမစကားမဆံုးခင္ နတ္ဘုရားတစ္ပါးလို တင့္တယ္စြာျဖင့္ လွည့္ထြက္သြားခဲ့သည္။

႐ႈနင္က ေဖ်ာ္ရည္ကိုေသာက္ရင္း ရင္ထဲမွာ ေပ်ာ္ရႊင္မႈတို႔ျဖင့္ ျပည့္ေနခဲ့သည္။

ဟား.. ဟား.. ဟား.. ဟား... အေမက ငါေရာင္းစားတာ ခံလိုက္ရၿပီ။ ဒါေတာင္ သူမကမသိဘဲ ခုလိုဆက္ၿပီး သ႐ုပ္ေဆာင္ေနေသးတယ္။ မရွက္ဘူးလားမသိဘူး။ အား.. ရင္ထဲမွာ ေနလို႔ေကာင္းလိုက္တာ။

႐ႈနင္က ႐ႈဟိန္၏လက္ကိုတြဲကိုင္ကာ ဆိုင္ထဲဝင္လာတာေတြ႕ေတာ့ ခ်င္ယြိက်ိဳး၏ႏွလံုးသားက ေပ်ာ္ရႊင္မႈေတြနဲ႔ျပည့္ခဲ့ေပမယ့္ ႐ႈဟိန္က သူမကို ခုလိုဆက္ဆံၿပီး လွည့္ထြက္သြားခဲ့ေတာ့ ႐ႈနင္ဘာေတြေျပာခဲ့သလဲလို႔ သံသယဝင္လာခဲ့သည္။

႐ႈနင္က သူမေမးသည္ကို ေကာင္းစြာျပန္ေျဖခဲ့သည္။ မဟုတ္လွ်င္ အရင္ဘဝကလို သူမက သူ႔ကို အေမွာင္ခန္းထဲမွာ ၂ရက္လံုးလံုး အစာငတ္ထားၿပီး ေသာ့ပိတ္ထားလိမ့္မည္။ ႐ႈနင္ကို တံခါးဖြင့္ေပးေတာ့ သူက အားျပတ္ကာ ၾကမ္းျပင္ေပၚမွာ လဲက်လို႔ေနၿပီ။ ထိုအခါ ခ်င္ယြိက်ိဳးက သူ႔ကိုဖက္ကာ သည္းသည္းမည္းမည္း ငိုရႈိက္ၿပီး သူမအခုလိုလုပ္ရတာက သားအႀကီး႐ႈဟိန္ စိတ္ေက်နပ္ေစဖို႔ျဖစ္တယ္၊ ဒါမွ သူ႔သားေလး ႐ႈအိမ္ေတာ္မွာ ေနခြင့္ရမွာလို႔ ေျပာခဲ့လို႔ ႐ႈနင္က ႐ႈဟိန္ကို အမုန္းႀကီးမုန္းသြားခဲ့သည္။ ခ်င္ယြိက်ိဳးက ႐ႈဟိန္အေပၚ အျပစ္ပံုခ်ႏိုင္ဖို႔ ႐ႈနင္ကို ေလွကားေပၚမွပင္ သူမကိုယ္တိုင္ တြန္းခ်ခဲ့ေသးသည္။

အတိတ္ဘဝက ခါးသီးလြန္းလွသည္။ အရင္က သူခံခဲ့ရသမွ် ဘယ္သူ႔ကိုအျပစ္တင္ရမွာလဲ။ ခ်င္ယြိက်ိဳးကိုလား..။ သူ 'အ' လို႔ ခံခဲ့ရတာ မဟုတ္ဘူးလား။

ေန႔လည္မွာ ႐ႈနင္ကို ဂ႐ုစိုက္ေပးဖို႔မွာၾကားၿပီး ခ်င္ယြိက်ိဳးက company ကိုသြားကာ ႐ႈခ်ိန္ကို သားအႀကီးႏွင့္႐ႈနင္ ေတြ႕ဆံုခဲ့သည့္သတင္းေကာင္းကို ကိုယ္တိုင္ေျပာဖို႔ ထြက္သြားခဲ့သည္။ အိမ္ေဖာ္အေဒၚႀကီးက ႐ႈနင္ကုိ အရသာရွိသည့္ဟင္းမ်ားစြာကို ဖြယ္ဖြယ္ရာရာ ခ်က္ျပဳတ္ေကၽြးခဲ့သည္။ ဒီအိမ္ေဖာ္အေဒၚႀကီးက တကယ္စိတ္ထားေကာင္းကာ ခ်င္ယြိက်ိဳးကို ေသခ်ာအလုပ္လုပ္ေပးခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ေလၿပီ။ သူမကို မေျပာသင့္တဲ့စကား မေျပာဘဲ စိတ္ရင္းနဲ႔ ျပဳစုေပးခဲ့သည္။ သူမအျပင္ထြက္သြားတိုင္း ႐ႈနင္ကိုေခၚကာ ဟိုဟိုသည္သည္ လိုက္ျပေပးေလ့ရွိေပမယ့္ ႐ႈမိသားစုပိုင္နက္ကို လံုးဝမပို႔ေပးရဲတာ တစ္ခ်က္ေတာ့ဆိုးသည္။ ဒါေပမယ့္ မၾကာခင္ သူမနဲ႔႐ႈနင္တုိ႔ ေတြ႕ဆံုသည့္ေရစက္က ၿပီးဆံုးေတာ့မည္။ သူ႔ဖခင္၏႐ႈအိမ္ေတာ္ကိုေရာက္သြားၿပီးေတာ့ ဒီအေဒၚႀကီးကို ဘယ္ေတာ့မွ ထပ္မေတြ႕ရေတာ့ေပ။

"သခင္ေလး.. ငါးစြပ္ျပဳတ္ထပ္ေသာက္ပါဦး.. သခင္ေလးစားတာ နည္းလြန္းတယ္.. 13 ႏွစ္သားနဲ႔ေတာင္မတူဘူး.."

"ေကာင္းၿပီေလ.."

ငါးစြပ္ျပဳတ္က အာဟာရျပည့္သျဖင့္ အိမ္ေဖာ္အေဒၚႀကီးက သူ႔အတြက္ ေသခ်ာခ်က္ေပးသည္ကို ႐ႈနင္သိလိုက္သည္။ ႐ႈနင္သြားတိုက္ၿပီးေတာ့ သူ႔ပိုက္ဆံအိတ္ကိုေကာက္ကာ လမ္းေလွ်ာက္ထြက္ခဲ့သည္။ အိမ္ေဖာ္အေဒၚႀကီးက တံခါးထိလိုက္ပို႔ကာ ေသခ်ာမွာသည္။

"သခင္မက အလုပ္မ်ားေနတယ္.. ပံုမွန္ဆိုရင္ သူမက ညစာစားၿပီးတာနဲ႔ အိမ္ကိုျပန္လာပါတယ္.. သခင္ေလး ေစာေစာျပန္လာပါ.. ့ညေနစာကို အေဒၚက ဝက္နံ႐ိုးေပါင္းနဲ႔ ယုန္ပံုစံမန္ထိုေပါက္စီ လုပ္ထားေပးမယ္.."

"......"

႐ႈနင္ ဆြံ႕အသြားခဲ့သည္။

"ေကာင္းပါၿပီ.."

႐ႈနင္ထြက္သြားေတာ့ အိမ္ေဖာ္အေဒၚႀကီးက ေပ်ာ္ရႊင္စြာျဖင့္ ေစ်းျခင္းယူကာ ေစ်းကိုထြက္လာသည္။ လူခ်မ္းသာသခင္ေလးဘဝကို ျမန္ျမန္က်င့္သားရဖို႔ ခ်င္ယြိက်ိဳးက ႐ႈနင္ကို ပိုက္ဆံသံုးတတ္ေအာင္ ေလ့က်င့္ေပးခဲ့သည္။ အရင္လက 10000 သံုးရၿပီး ခုလ 20000 သံုးရသည္။ ၿပီးေတာ့ ဒီပိုက္ဆံကို ဘာဝယ္လိုက္သည္၊ ဘာေၾကာင့္ဝယ္သည္ဆိုတာ သူမကို ျပန္ရွင္းျပရသည္။ အရည္အေသြးနဲ႔ အမ်ိဳးအစားကို ေသခ်ာေရြးခ်ယ္တတ္ဖို႔ သင္ေပးသည္။ ဒါက လူခ်မ္းသာဘဝမွာ ႐ႈနင္ျမန္ျမန္ဝင္ဆံ့ဖို႔ ေလ့က်င့္ေပးေနျခင္းျဖစ္သည္။

ခ်င္ယြိက်ိဳးေက်နပ္ေစဖို႔ ႐ႈနင္ ေသခ်ာလိုက္လုပ္ရသည္။ သူမက သေဘာမက်ရင္ ႐ႈနင္က မနက္စာ၊ ညစာ အငတ္ေနရသည္။ ကေန႔ေတာ့ ခ်င္ယြိက်ိဳးစိတ္ႀကိဳက္ဝယ္ျခမ္းဖို႔ ထြက္လာတာမဟုတ္ေပ။ ႐ႈနင္က ရွယ္ယာကစားဖို႔ လာခဲ့တာျဖစ္သည္။ သူလြတ္လပ္စြာေနခ်င္ရင္ အရြယ္ေရာက္သည္အထိ ေစာင့္ဖို႔ေတာ့လိုသည္။ ႐ႈနင္က ကိုယ့္အစြမ္းအစႏွင့္ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားေနေပမယ့္ ႐ႈမိသားစုကေန ထြက္သြားဖို႔မရည္ရြယ္ေပ။ ႐ႈအိမ္ေတာ္က ဒုတိယသားဆိုသည့္အမည္က သူ႔ကို အက်ိဳးအျမတ္မ်ားစြာ ရရွိေစသည္။ ဒါေၾကာင့္ အရင္ဘဝက သူက ဒီဂုဏ္ပုဒ္နဲ႔ လူေပၚေၾကာ့သူေဌးသားလိုဘဝကို ေပါ့ေပါ့တန္တန္ ျဖတ္သန္းခဲ့ျခင္းျဖစ္သည္။

ငါက ႐ႈဟိန္ရဲ့ေပါင္ကို ဖက္ထားႏိုင္သေရြ႕ ဘယ္သူက ငါ့ကို လက္ဖ်ားနဲ႔ထိရဲမွာလဲကြ ဟား.. ဟား..။

လက္ထဲက 20000 နဲ႔ ရွယ္ယာျပန္ေရာင္းေငြ 50000 နဲ႔ဆိုရင္ေတာင္ သူ႔လက္ထဲ ပိုက္ဆံသိပ္မမ်ားေသးလို႔ သူမရယ္ႏိုင္ေတာ့ေပ။ သူက အိမ္ကိုျပန္ၿပီး အိမ္ၿခံေျမ company ဖုန္းနံပါတ္ကိုယူကာ ဖုန္းဆက္စံုစမ္းၿပီး ျပန္ေရာင္းလို႔ျမတ္စြန္းေလာက္သည့္ သူတတ္ႏိုင္သည့္ပမာဏထဲက တိုက္ခန္းတစ္ခန္းကို ဝယ္ဖို႔စိတ္ကူးထားသည္။ ဒီၿမိဳ႕က ဆင္ေျခဖံုးဘက္က အိမ္အေတာ္မ်ားမ်ားက အိုေဟာင္းၿပိဳက်ကာ ေနသူမရွိၾကေတာ့ေပ။ ဒီက အိမ္အိုအိမ္ေဟာင္းေနရာကို ပိုက္ဆံေထာင္ဂဏန္းေလာက္နဲ႔ ဝယ္လို႔ရသည္။ ႐ႈနင္က ေျမေနရာက်ယ္က်ယ္လိုခ်င္လို႔ ၃ရက္တိတိ ေသခ်ာစံုစမ္းၿပီးေနာက္ ဝယ္လိုက္ရာ လက္ထဲကပိုက္ဆံ အကုန္ကုန္သြားေလၿပီ။ ေနာက္၃ရက္ၾကာေတာ့ ႐ႈခ်ိန္က သူ႔ကို မုန္႔ဖိုးေငြ 50000 ကို စာအိတ္နီထဲထည့္ကာ ေပးခဲ့သည္။

အဂၤါေန႔မနက္မွာ ႐ႈနင္က အျဖဴေရာင္အေနာက္တိုင္းဝတ္စံုကို ဝတ္ကာ ဆံပင္ေသခ်ာၿဖီးၿပီး အျပင္ထြက္ဖို႔ျပင္လိုက္သည္။

"ကေလး.. အေမတို႔သြားသင့္ၿပီ.."

အိမ္ေဖာ္အေဒၚႀကီးက ေလွကားေျခရင္းမွာ စိတ္မေကာင္းစြာ မ်က္ရည္ဝဲၿပီး ၿငိမ္ကာၾကည့္ေနသည္။ ခ်င္ယြိက်ိဳး၏အက်င့္ကို ႐ႈနင္သိသည္။ သူမလိုဘရွိေနသေရြ႕ လူတစ္ေယာက္ကို မုန္႔ဖိုး ေဖာေဖာသီသီေပးေနေပမယ့္ အသံုးမလိုေတာ့လွ်င္ ေအးစက္စက္ျဖင့္ၾကည့္ကာ စြန္႔ပစ္ဖို႔ဝန္မေလးေပ။ ႐ႈနင္က သူ႔ကိုသံေယာဇဥ္ျဖစ္ေနေသာ အိမ္ေဖာ္အေဒၚႀကီးကို ၿပံဳးျပကာ မွာလိုက္သည္။

"ကၽြန္ေတာ့္အခန္းထဲမွာ ပစ္ရမယ့္အမိႈက္တခ်ိဳ႕ရွိတယ္.. အေဒၚမျပန္ခင္ ေသခ်ာပစ္သြားေပးပါ.."

"ေကာင္းပါၿပီ သခင္ေလး.."

ခ်င္ယြိက်ိဳးက နာရီကိုငံု႔ၾကည့္ကာ စိတ္မရွည္စြာေျပာလိုက္သည္။

"သြားၾကစို႔.."

႐ႈနင္က ကားထဲဝင္ကာ မ်က္ဝန္းေလးေတြေမွးစင္းလိုက္ၿပီး ရင္ထဲကေနေျပာလိုက္သည္။

အစ္ကုိႀကီး႐ႈဟိန္.. ကၽြန္ေတာ္တို႔ ထပ္ေတြ႕ရေတာ့မယ္... ~O(∩_∩)O

==============================

Chapter (7) - အစ်ကိုကြီးရှုဟိန် ကျွန်တော်တို့ ထပ်တွေ့ရတော့မယ်

"သားကိုမွေးပြီးတော့ ဒီပုံလေးပဲ အမေ့ဆီမှာရှိခဲ့တယ်.. မင်းကြီးပြင်းလာတဲ့တလျှောက် မင်းဘေးမှာ အမေ မရှိခဲ့ဘူး.. သားနဲ့အတူ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုကို ဘာမှမမျှဝေပေးနိုင်ခဲ့ဘူး.."

ချင်ယွိကျိုးက အတောမသတ်ပြောရင်း လည်ချောင်းနာသည်အထိ ပြင်းစွာငိုကြွေးခဲ့သည်။ ဘာကြောင့် ခုလိုငိုပြနေသလဲဆိုတာ သူမအသိဆုံးဖြစ်သည်။ ဘယ်သူမဆို ဝမ်းနည်းပက်လက်ငိုကြွေးနေသော အမျိုးသမီးကိုတွေ့ရင် သနားဂရုဏာသက်ကြမှာ သေချာသည်။ ငိုကြွေးနေသော မိန်းမတစ်ယောက်က နူးညံ့ကာ အကာအကွယ်မဲ့မှုကို ပြသည်။ ဘယ်သားမဆို ကိုယ့်အမေခုလိုဖြစ်နေသည်ကို မြင်ရက်မည်မဟုတ်ပေ။ သားနှင့်အမေကြားက စိမ်းသက်အေးစက်မှုကို မျက်ရည်ဖြင့်ဖြိုဖျက်ဖို့ သူမ ကြိုးစားနေခြင်းဖြစ်သည်။

ရှုနင်ကတော့ မျောက်ပွဲကြည့်နေသလိုပဲ သဘောထားကာ ချင်ယွိကျိုး ငိုရင်းပြောသည်ကို စိတ်ရှည်စွာနားထောင်ပေးပြီးနောက် 'အမေ' ဟုခေါ်ကာ ဖက်လိုက်သည်။ ရင်ထဲမှာတော့ သူ့အမေလောက် အရှက်မဲ့သည့်မိန်းမကို မမြင်ဖူးပေ။ အိမ်ဖော်အဒေါ်ကြီးက သားအမိနှစ်ယောက် ဖက်နေသောမြင်ကွင်းကို တံခါးဝမှငေးကြည့်ကာ ရင်ထဲ ပီတိဖြာကာ ကြည်နူးနေမိသည်။

ဒါပေမယ့် ခေါင်းငုံ့ထားသောချင်ယွိကျိုး၏ မျက်ဝန်းထဲကအေးစက်မှုကို ဘယ်သူမှသတိမထားမိကြပေ။ သူမက ဝမ်းဗိုက်ကိုအသာထိကာ ဒီထဲက ကလေးလေး ရှုယောင်က တဖြည်းဖြည်းကြီးထွားလာမည်ကို သူမ စိတ်ရှည်စွာစောင့်ဆိုင်းနေသည်။ ရှုနင်က လောဘမကြီးဘဲ နာခံစွာဖြင့် သူမသားရှုယောင်အတွက် လိမ်လိမ်မာမာလမ်းဖောက်ပေးဖို့ ချင်ယွိကျိုးမျှော်လင့်ထားသည်။ တကယ်လို့ ရှုနင်က လောဘတက်လာပြီး 'သူကိုက်နိုင်တာထက် ပိုကိုက်ဖို့' ကြိုးစားလာရင်တော့ သူ့ကိုဖြုတ်ချပစ်ဖို့ သူမ ဝန်လေးမည်မဟုတ်ပေ။ ချင်ယွိကျိုးက အကြင်နာကင်းမဲ့စွာဖြင့် မိမိသားအပေါ် ဒီလိုတွေးနေပေမယ့် ရှုနင်ကို ချစ်မဝသည့်သားလေးလို ရင်ခွင်ထဲတင်းတင်းဖက်ကာ မျက်လုံးက နီမြန်းလို့နေသည်။

ရှုနင်၏စိတ်ထဲမှာ သူ့အမေရင်းက သေဆုံးသွားပြီဖြစ်လို့ ခုလိုတမင်သက်သက် သူ့အမေလုပ်ပြသည့်အမူအယာကို ဘယ်လိုမှမခံစားရပေ။

နောက်တစ်နေ့မှာ ချင်ယွိကျိုးစီစဉ်ထားသော ထူးချွန်သည့်ဆရာ၊ ဆရာမများ ရောက်ရှိလာပြီး ရှုနင်ကို သင်ကြားပေးကြသည်။ တစ်လက ခဏနှင့် ကုန်ဆုံးသွားခဲ့သည်။

တင့်တယ်သောကိုယ်ဟန်အမူအယာ၊ ပြေပြစ်သောစကားပြောဆိုပုံ၊ အလယ်တန်းကျောင်းသားအနေဖြင့် အင်္ဂလိပ်စာက လက်ခံနိုင်လောက်သည်အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ အသားအရေက ဖြူစင်လာပေမယ့် ပိန်ပါးကာ အရပ်ပုတာကို တစ်လအတွင်း ပြောင်းလဲလို့မရသောကြောင့် ချင်ယွိကျိုး ထပ်ပြီး စိတ်မရှည်နိုင်တော့ပေ။ ရှုနင်၏အမူအယာက တကယ့်မိသားစုကောင်းမှာ ပျိုးထောင်ခံခဲ့ရသော သခင်လေးပုံတော့ ပေါက်လာလေပြီ။ တစ်လက မလုံလောက်ပေမယ့် ချင်ယွိကျိုး ဆက်မစောင့်နိုင်တော့ပေ။ ချင်ယွိကျိုးက ရှုနင်ကို မြို့ထဲ ကားနှင့် ဟိုဟိုသည်သည်ခေါ်ကာ ဂန္တဝင်ဂီတကို ဖွင့်ပြ၊ ရှင်းပြကာ ရှုနင် ဒီဟာတွေရင်ဆိုင်ရရင် ကြောင်တောင်တောင်မဖြစ်စေရန် အတတ်နိုင်ဆုံး သင်ကြားပြသပေးထားသည်။ ရှုနင်က သားအရင်းဆိုပေမယ့် ရှုချိန်၏မျက်ဝန်းထဲ အထင်အမြင်ကြီးမှုကို ရရှိဖို့က အရေးကြီးလှသည်။ ဒါမှ နောင်တချိန် ရှုယောင်အတွက် လမ်းဖောက်ရာမှာ ရှုနင်က ထိရောက်စွာ လုပ်ပေးနိုင်မည်ဖြစ်သည်။

ရှုနင်က သူ့မိခင် ရည်ရွယ်ချက်နှင့် လုပ်နေသည်ကိုသိပေမယ့် နှုတ်ခမ်းတွန့်ရုံပြုံးကာ ဘာမှမပြောပေ။

ချင်ယွိကျိုးက သူမသား၏ မတုန်မလှုပ်ပုံစံကြောင့် စိတ်ဓာတ်ကျကာ ကားကိုလျှောက်မောင်းရင်း member ဝင်များသာလက်ခံသည့် အဆင့်မြင့်လက်ဖက်ရည်ဆိုင်ရှေ့မှာ ကားရပ်လိုက်သည်။ ထိုဆိုင်တစ်ခုလုံး ဟန်ခေတ်ကဒီဇိုင်းမျိုး ပြင်ဆင်ထားပြီး ဝန်ထမ်းမလေးတွေက ဟန်ခေတ်ကဝတ်စုံကို ဝတ်ဆင်ထားကြသည်။ တေးဂီတကလည်း ဟန်ခေတ်ကတေးသီချင်းကို အနုပညာရှင်များက ဖျော်ဖြေနေကြသည်။

ချင်ယွိကျိုးက ခဏစောင့်နေပြီး ဖုန်းမြည်လာခဲ့သည်။ ဖုန်းခေါ်သူက သူမယောက်ျားဖြစ်ပြီး သူ မလာနိုင်တော့ကြောင်း ပြောမည်ဆိုတာသိလို့ ချင်ယွိကျိုး စိတ်ပျက်သွားခဲ့သည်။ ဒါပေမယ့် သူတို့က လက်ထပ်ထားပြီးသားဖြစ်လို့ သူ မလာလည်း ကိစ္စမရှိပေ။

မူလက ရှုနင်က အသုံးမဝင်ဟု သူမ ထင်ထားခဲ့ပေမယ့် ရှုဟိန်ကို သည်းမခံနိုင်အောင်ရန်စရာတွင် ရှုနင်ကိုအသုံးချဖို့ စိတ်ကူးရလိုက်သည်။ ရှုဟိန်မကြိုက်သည့် အပြုအမူတချို့ကို သင်ပေးလိုက်လျှင် ရှုဟိန်က သေချာပေါက် ဒေါသမထိန်းနိုင်ဘဲ ရှုနင်ကို ကြမ်းတမ်းစွာဆက်ဆံလိမ့်မည်။ ဒီလိုမကြာခဏဖြစ်လျှင် ရှုချိန်က သူ့သားကြီးကိုစိတ်ပျက်လာပြီး နောက်ပိုင်း company ဆက်ခံခွင့်က သူမဗိုက်ထဲက သားငယ်လေးရှုယောင်ဆီကို ရောက်လာနိုင်သည်။ ရှုနင်ကိုတော့ မန်နေဂျာရာထူးလောက်တော့ ပေးကာ company ကိုအုပ်ချုပ်စေမည်ဟု တွေးထားသည်။

ရှုနင်က ခေါင်းငုံ့ထားပေမယ့် နံရံဘက်ကမှန်ချပ်တွေရဲ့ ရောင်ပြန်ဟပ်မှုကြောင့် သူ့အမေက သူ့ကို ကြည့်ပြီး အထင်သေးစိတ်ပျက်ဟန်ပေါ်နေတာကို ရှုနင်မြင်ပြီးသားဖြစ်သည်။

"အမေ.. ဖုန်းမကိုင်ဘူးလား.."

ဒီဖုန်းကို ချက်ချင်းမကိုင်ရဘူး ငတုံးလေးရဲ့..။

ချင်ယွိကျိုးက ဖုန်းကိုင်ကာ ရှုချိန်နဲ့ စကားပြောကာ ချလိုက်သည်။

ဒီနေ့ အဖေ့ကို မမြင်ရတော့ဘူးပေါ့..။ သူတို့စောင့်နေသောပုဂ္ဂိုလ်က ရှုချိန်ဖြစ်သည်။ အတိတ်ကမှတ်ဉာဏ်ကဲ့သို့ပင် သူ့အဖေက အတူတူပဲဖြစ်သည်။ ရှုချိန်က သူ့ကို ချင်ယွိကျိုး၏မွေးစားသားအဖြစ် မိသားစုထဲကို ခေါ်သွင်းလာချင်သည်။ ရှုမျိုးရိုးမှည့်တာကတော့ တိုက်ဆိုင်သွားတာဟု ပြောဆိုချင်သည်။ ဒါက ရှုဟိန်စိတ်မကွက်ဖို့ သူ့အဖေရှုချိန်လုပ်ထားသည့် အစီအစဉ်ဆိုတာ ထင်ရှားပါသည်။ သူ့အဖေက သားကြီးရှုဟိန်၏ စိတ်ခံစားချက်ကို တန်ဖိုးထားခဲ့သည်။

ချင်ယွိကျိုးက ဘယ်သူမို့လဲ။ သူမက လောဘကြီးသလို အင်မတန်သည်းခံနိုင်သော မိန်းမတစ်ယောက်ဖြစ်သည်။ 15 နှစ်တိတိ စိတ်ရှည်စွာစောင့်ဆိုင်းပြီး ရှုချိန်၏တရားဝင်ဇနီးတောင် ဖြစ်လာခဲ့လေပြီ။ အခု ရှုနင်ကိစ္စကို ရှုချိန်ပြောလာတော့ သူမက တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းသဘောတူလိုက်သည်။ အဓိက သူမသားက ရှုအိမ်တော်ထဲ လျောလျောလျူလျူဝင်သွားနိုင်ဖို့ အရေးကြီးသည်။ တစ်မိုးအောက်ကိုရောက်ရင် ရှုဟိန်ဆိုသည့် အထက်တန်းကျောင်းသားကို သူ့အဖေ၏မျက်လုံးထဲက ပုံရိပ်တွေပျက်သွားအောင် သူမ အလွယ်လေးကြံဆောင်လို့ရသည်။ အထက်တန်းကျောင်းသားတစ်ယောက်က သူမကို ဘယ်လိုယှဉ်နိုင်မှာတဲ့လဲ။ သူမက သေစေချင်ရင် ရှုဟိန်ကိုအလွယ်တကူ သတ်ပစ်လို့ရသည်ဟု ယုံကြည်မှုပြင်းထန်နေသည်။

ရှုချိန်က ဖုန်းချလိုက်ပြီးတော့ ချင်ယွိကျိုးက နာခံစွာဖြင့် သူ့အစီအစဉ်ကို လက်ခံလိုက်သည့်အတွက် ရင်ထဲစိတ်မကောင်းဖြစ်နေသည်။ သူ့မိန်းမက သူ့ကြောင့် သည်းခံရတာ၊ နစ်နာရတာ များလှလေပြီဟု တွေးနေမိသည်။

ရှုနင်က လက်ဖက်ရည်ကို အရသာခံသောက်ကာ ချင်ယွိကျိုးမျက်နှာပေါ်က စိတ်ပျက်လက်ပျက်အမူအယာကို လျှို့ဝှက်စောင့်ကြည့်နေသည်။

"သားလေး.. အမေက မင်းကို မင်းအဖေရဲ့သားကြီးနဲ့ တွေ့ဖို့ခေါ်သွားပေးမယ်.. အရမ်းစိတ်မလှုပ်ရှားနဲ့နော်.. ဟုတ်ပြီလား.. အမေပြောတာနားထောင်ပြီး လိုက်လုပ်နော်.."

ချင်ယွိကျိုးက ရှုနင်ကို ရှုချိန်နှင့်သူ့မိခင်အကြောင်း ပြောပြကာ ရှုနင်၏ခေါင်းထဲ မကောင်းသည့်လူများဟုထင်အောင် ရိုက်သွင်းနေသည်။

"ရှုနင်.. မင်းအဖေက သူ့သားကြီးကို ဘယ်လောက်သည်းသည်းလှုပ်တယ်ဆိုတာ မင်းမသိသေးဘူး.. ဒါကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမယ်နော်.."

"ဟုတ်ကဲ့.."

ချင်ယွိကျိုးက တကယ်တော်ပြီး နောင်တမရှိဘဲ လုပ်ဆောင်တတ်သည့် မိန်းမဖြစ်သည်။ သူက ရှုနင်က ရှုဟိန်နဲ့မတူဘဲ ရူးမိုက်သည်ဟုသာ တွေးထင်ထားသည်။ ရှုနင်က ကောင်းသောကောင်လေးဖြစ်သည်ကို လုံးဝသတိမထားမိပေ။ လူကောင်းလေးဖြစ်အောင် ပျိုးထောင်ဖို့လည်း မရည်ရွယ်ပေ။ ရှုနင်၏ရင်ထဲ အမုန်းမီးစတွေကိုသာ ထည့်ပေးနေသည်။ ဒါကြောင့် အရင်ဘဝက ရှုနင်က ချင်ယွိကျိုး၏စကားကို နားယောင်ကာ အမြင်ရခင်ကတည်းက ရှုဟိန်ကိုမုန်းနေသည်။ သူ့ကိုတွေ့တော့ အံကြိတ်ကာ မုန်းတီးစွာဖြင့် ကြည့်ခဲ့မိသည်။

တူညီသောနေရာမှာ တူညီသောအဖြစ်အပျက်တို့ ပြန်ဖြစ်လာပေမယ့် ခံစားချက်တို့က လုံးဝမတူတော့ပေ။ ယခုဘဝတွင် ရှုနင်၏ရင်ထဲ အမုန်းတို့မရှိဘဲ နောင်တတရားနှင့် အစ်ကိုဖြစ်သူကို ပြန်ပေးဆပ်ချင်သည့်စိတ်တို့သာ ရှိတော့သည်။

ချင်ယွိကျိုးက ရှုဟိန်၏ကိုယ်ရံတော်များ ရောက်လာသည်ကိုတွေ့လိုက်ပြီးနောက် ရှုဟိန်လိုက်ပါလာသည်ကို မြင်လိုက်ရသည်။

ရှုဟိန်က ဖြည်းညင်းစွာလျှောက်လာပြီး အရမ်းကိုခန့်ချောသည့်မျက်နှာနှင့် နေရောင်အောက်မှာ သူ့ဆံပင်တွေက မင်ရောင်ကဲ့သို့မည်းနက်ကာ တောက်ပနေသည်။ ရှုဟိန်က အရွယ်ရောက်ပြီးသူကဲ့သို့ ကြောက်မက်ဖွယ်အရှိန်အဝါ ထုတ်လွှတ်မနေသေးပေမယ့် သူ့မျက်နှာက လူ့သဘောမနောကို သေချာသိထားပြီးသူနှယ် ဘာအမူအယာမှမပြဘဲ အေးစက်စက်ပုံဖြစ်သည်။

ချင်ယွိကျိုးက သူ့အဖေနဲ့လက်ထပ်ထားတာ မကြာသေးသော မိန်းမဖြစ်လို့ ရှုဟိန်က သူ့ကို ဒီလိုအမူအယာနဲ့ပဲ ဆက်ဆံမှာဖြစ်သည်။

ရှုနင်က အရပ်ပုကာ ရှုဟိန်က သူ့ကိုခေါင်းငုံ့ကာကြည့်ရသည်။ ကြီးမားလှပသည့် မျက်ဝန်းက ကြည်လင်ကာ မကောင်းသည့်အရိပ်အငွေ့ကို တစိုးတစိမှပင် မတွေ့ရပေ။

ရှုဟိန်က ရုတ်တရက်ရပ်လိုက်တော့ သူ့ကိုယ်ရံတော်တွေက သံသယဖြင့် ရှုဟိန်ဘေး ချက်ချင်းဝိုင်းလာပြီး ရှေ့ကလူကို သံသယနှင့်ကြည့်လိုက်တော့... ကလေးလေးတစ်ယောက်လား...။

"အစ်ကိုကြီး.. ကျွန်တော့်အမေကို လိုက်ရှာဖို့ ကူပေးနိုင်မလားဟင်.."

"အမေက ကျောင်းအနောက်ဘက်ဂိတ်က ကော်ဖီဆိုင်မှာပါ.."

ရှုနင်က လက်ညှိုးညွှန်ပြကာ သနားစဖွယ်အမူအယာဖြင့် ရှင်းပြလိုက်သည်။

"အမေက ဘာကြောင့် ခုလိုခိုင်းတယ်ဆိုတာ မသိပေမယ့် ကြည့်ရတာ သူက အစ်ကိုကြီးကို တွေ့ချင်နေပုံရတယ်.."

ရှုဟိန်က တည်ငြိမ်စွာစိုက်ကြည့်ကာ ကောင်လေးကမ်းပေးသည့်လက်ကိုကိုင်ပြီး ကော်ဖီဆိုင်ဆီ လျှောက်လာခဲ့သည်။ ရှုနင်က သူ့မိခင်ဘေးမှာဝင်ထိုင်ရင်း ဖျော်ရည်ကို တစ်ငုံသောက်ကာ ပြောလိုက်သည်။

"အမေ.. ကျွန်တော် လမ်းပျောက်သွားလို့ အစ်ကိုကြီးက ဒီအထိလိုက်ပို့ပေးခဲ့တယ်.."

ချင်ယွိကျိုးက စိတ်လှုပ်ရှားစွာမတ်တပ်ရပ်ကာ ထစ်အစွာပြောလိုက်သည်။

"ရှောင်.. ရှုဟိန်.. ကျေးဇူးတင်ပါတယ်.. ဒီ.. ဒီကလေးက.."

ရှုဟိန်က ဘာမှမပြောဘဲ သူမစကားမဆုံးခင် နတ်ဘုရားတစ်ပါးလို တင့်တယ်စွာဖြင့် လှည့်ထွက်သွားခဲ့သည်။

ရှုနင်က ဖျော်ရည်ကိုသောက်ရင်း ရင်ထဲမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေခဲ့သည်။

ဟား.. ဟား.. ဟား.. ဟား... အမေက ငါရောင်းစားတာ ခံလိုက်ရပြီ။ ဒါတောင် သူမကမသိဘဲ ခုလိုဆက်ပြီး သရုပ်ဆောင်နေသေးတယ်။ မရှက်ဘူးလားမသိဘူး။ အား.. ရင်ထဲမှာ နေလို့ကောင်းလိုက်တာ။

ရှုနင်က ရှုဟိန်၏လက်ကိုတွဲကိုင်ကာ ဆိုင်ထဲဝင်လာတာတွေ့တော့ ချင်ယွိကျိုး၏နှလုံးသားက ပျော်ရွှင်မှုတွေနဲ့ပြည့်ခဲ့ပေမယ့် ရှုဟိန်က သူမကို ခုလိုဆက်ဆံပြီး လှည့်ထွက်သွားခဲ့တော့ ရှုနင်ဘာတွေပြောခဲ့သလဲလို့ သံသယဝင်လာခဲ့သည်။

ရှုနင်က သူမမေးသည်ကို ကောင်းစွာပြန်ဖြေခဲ့သည်။ မဟုတ်လျှင် အရင်ဘဝကလို သူမက သူ့ကို အမှောင်ခန်းထဲမှာ ၂ရက်လုံးလုံး အစာငတ်ထားပြီး သော့ပိတ်ထားလိမ့်မည်။ ရှုနင်ကို တံခါးဖွင့်ပေးတော့ သူက အားပြတ်ကာ ကြမ်းပြင်ပေါ်မှာ လဲကျလို့နေပြီ။ ထိုအခါ ချင်ယွိကျိုးက သူ့ကိုဖက်ကာ သည်းသည်းမည်းမည်း ငိုရှိုက်ပြီး သူမအခုလိုလုပ်ရတာက သားအကြီးရှုဟိန် စိတ်ကျေနပ်စေဖို့ဖြစ်တယ်၊ ဒါမှ သူ့သားလေး ရှုအိမ်တော်မှာ နေခွင့်ရမှာလို့ ပြောခဲ့လို့ ရှုနင်က ရှုဟိန်ကို အမုန်းကြီးမုန်းသွားခဲ့သည်။ ချင်ယွိကျိုးက ရှုဟိန်အပေါ် အပြစ်ပုံချနိုင်ဖို့ ရှုနင်ကို လှေကားပေါ်မှပင် သူမကိုယ်တိုင် တွန်းချခဲ့သေးသည်။

အတိတ်ဘဝက ခါးသီးလွန်းလှသည်။ အရင်က သူခံခဲ့ရသမျှ ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ ချင်ယွိကျိုးကိုလား..။ သူ 'အ' လို့ ခံခဲ့ရတာ မဟုတ်ဘူးလား။

နေ့လည်မှာ ရှုနင်ကို ဂရုစိုက်ပေးဖို့မှာကြားပြီး ချင်ယွိကျိုးက company ကိုသွားကာ ရှုချိန်ကို သားအကြီးနှင့်ရှုနင် တွေ့ဆုံခဲ့သည့်သတင်းကောင်းကို ကိုယ်တိုင်ပြောဖို့ ထွက်သွားခဲ့သည်။ အိမ်ဖော်အဒေါ်ကြီးက ရှုနင်ကို အရသာရှိသည့်ဟင်းများစွာကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးခဲ့သည်။ ဒီအိမ်ဖော်အဒေါ်ကြီးက တကယ်စိတ်ထားကောင်းကာ ချင်ယွိကျိုးကို သေချာအလုပ်လုပ်ပေးခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။ သူမကို မပြောသင့်တဲ့စကား မပြောဘဲ စိတ်ရင်းနဲ့ ပြုစုပေးခဲ့သည်။ သူမအပြင်ထွက်သွားတိုင်း ရှုနင်ကိုခေါ်ကာ ဟိုဟိုသည်သည် လိုက်ပြပေးလေ့ရှိပေမယ့် ရှုမိသားစုပိုင်နက်ကို လုံးဝမပို့ပေးရဲတာ တစ်ချက်တော့ဆိုးသည်။ ဒါပေမယ့် မကြာခင် သူမနဲ့ရှုနင်တို့ တွေ့ဆုံသည့်ရေစက်က ပြီးဆုံးတော့မည်။ သူ့ဖခင်၏ရှုအိမ်တော်ကိုရောက်သွားပြီးတော့ ဒီအဒေါ်ကြီးကို ဘယ်တော့မှ ထပ်မတွေ့ရတော့ပေ။

"သခင်လေး.. ငါးစွပ်ပြုတ်ထပ်သောက်ပါဦး.. သခင်လေးစားတာ နည်းလွန်းတယ်.. 13 နှစ်သားနဲ့တောင်မတူဘူး.."

"ကောင်းပြီလေ.."

ငါးစွပ်ပြုတ်က အာဟာရပြည့်သဖြင့် အိမ်ဖော်အဒေါ်ကြီးက သူ့အတွက် သေချာချက်ပေးသည်ကို ရှုနင်သိလိုက်သည်။ ရှုနင်သွားတိုက်ပြီးတော့ သူ့ပိုက်ဆံအိတ်ကိုကောက်ကာ လမ်းလျှောက်ထွက်ခဲ့သည်။ အိမ်ဖော်အဒေါ်ကြီးက တံခါးထိလိုက်ပို့ကာ သေချာမှာသည်။

"သခင်မက အလုပ်များနေတယ်.. ပုံမှန်ဆိုရင် သူမက ညစာစားပြီးတာနဲ့ အိမ်ကိုပြန်လာပါတယ်.. သခင်လေး စောစောပြန်လာပါ..့ညနေစာကို အဒေါ်က ဝက်နံရိုးပေါင်းနဲ့ ယုန်ပုံစံမန်ထိုပေါက်စီ လုပ်ထားပေးမယ်.."

"......"

ရှုနင် ဆွံ့အသွားခဲ့သည်။

"ကောင်းပါပြီ.."

ရှုနင်ထွက်သွားတော့ အိမ်ဖော်အဒေါ်ကြီးက ပျော်ရွှင်စွာဖြင့် ဈေးခြင်းယူကာ ဈေးကိုထွက်လာသည်။ လူချမ်းသာသခင်လေးဘဝကို မြန်မြန်ကျင့်သားရဖို့ ချင်ယွိကျိုးက ရှုနင်ကို ပိုက်ဆံသုံးတတ်အောင် လေ့ကျင့်ပေးခဲ့သည်။ အရင်လက 10000 သုံးရပြီး ခုလ 20000 သုံးရသည်။ ပြီးတော့ ဒီပိုက်ဆံကို ဘာဝယ်လိုက်သည်၊ ဘာကြောင့်ဝယ်သည်ဆိုတာ သူမကို ပြန်ရှင်းပြရသည်။ အရည်အသွေးနဲ့ အမျိုးအစားကို သေချာရွေးချယ်တတ်ဖို့ သင်ပေးသည်။ ဒါက လူချမ်းသာဘဝမှာ ရှုနင်မြန်မြန်ဝင်ဆံ့ဖို့ လေ့ကျင့်ပေးနေခြင်းဖြစ်သည်။

ချင်ယွိကျိုးကျေနပ်စေဖို့ ရှုနင် သေချာလိုက်လုပ်ရသည်။ သူမက သဘောမကျရင် ရှုနင်က မနက်စာ၊ ညစာ အငတ်နေရသည်။ ကနေ့တော့ ချင်ယွိကျိုးစိတ်ကြိုက်ဝယ်ခြမ်းဖို့ ထွက်လာတာမဟုတ်ပေ။ ရှုနင်က ရှယ်ယာကစားဖို့ လာခဲ့တာဖြစ်သည်။ သူလွတ်လပ်စွာနေချင်ရင် အရွယ်ရောက်သည်အထိ စောင့်ဖို့တော့လိုသည်။ ရှုနင်က ကိုယ့်အစွမ်းအစနှင့် ရပ်တည်နိုင်အောင် ကြိုးစားနေပေမယ့် ရှုမိသားစုကနေ ထွက်သွားဖို့မရည်ရွယ်ပေ။ ရှုအိမ်တော်က ဒုတိယသားဆိုသည့်အမည်က သူ့ကို အကျိုးအမြတ်များစွာ ရရှိစေသည်။ ဒါကြောင့် အရင်ဘဝက သူက ဒီဂုဏ်ပုဒ်နဲ့ လူပေါ်ကြော့သူဌေးသားလိုဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

ငါက ရှုဟိန်ရဲ့ပေါင်ကို ဖက်ထားနိုင်သရွေ့ ဘယ်သူက ငါ့ကို လက်ဖျားနဲ့ထိရဲမှာလဲကွ ဟား.. ဟား..။

လက်ထဲက 20000 နဲ့ ရှယ်ယာပြန်ရောင်းငွေ 50000 နဲ့ဆိုရင်တောင် သူ့လက်ထဲ ပိုက်ဆံသိပ်မများသေးလို့ သူမရယ်နိုင်တော့ပေ။ သူက အိမ်ကိုပြန်ပြီး အိမ်ခြံမြေ company ဖုန်းနံပါတ်ကိုယူကာ ဖုန်းဆက်စုံစမ်းပြီး ပြန်ရောင်းလို့မြတ်စွန်းလောက်သည့် သူတတ်နိုင်သည့်ပမာဏထဲက တိုက်ခန်းတစ်ခန်းကို ဝယ်ဖို့စိတ်ကူးထားသည်။ ဒီမြို့က ဆင်ခြေဖုံးဘက်က အိမ်အတော်များများက အိုဟောင်းပြိုကျကာ နေသူမရှိကြတော့ပေ။ ဒီက အိမ်အိုအိမ်ဟောင်းနေရာကို ပိုက်ဆံထောင်ဂဏန်းလောက်နဲ့ ဝယ်လို့ရသည်။ ရှုနင်က မြေနေရာကျယ်ကျယ်လိုချင်လို့ ၃ရက်တိတိ သေချာစုံစမ်းပြီးနောက် ဝယ်လိုက်ရာ လက်ထဲကပိုက်ဆံ အကုန်ကုန်သွားလေပြီ။ နောက်၃ရက်ကြာတော့ ရှုချိန်က သူ့ကို မုန့်ဖိုးငွေ 50000 ကို စာအိတ်နီထဲထည့်ကာ ပေးခဲ့သည်။

အင်္ဂါနေ့မနက်မှာ ရှုနင်က အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ကာ ဆံပင်သေချာဖြီးပြီး အပြင်ထွက်ဖို့ပြင်လိုက်သည်။

"ကလေး.. အမေတို့သွားသင့်ပြီ.."

အိမ်ဖော်အဒေါ်ကြီးက လှေကားခြေရင်းမှာ စိတ်မကောင်းစွာ မျက်ရည်ဝဲပြီး ငြိမ်ကာကြည့်နေသည်။ ချင်ယွိကျိုး၏အကျင့်ကို ရှုနင်သိသည်။ သူမလိုဘရှိနေသရွေ့ လူတစ်ယောက်ကို မုန့်ဖိုး ဖောဖောသီသီပေးနေပေမယ့် အသုံးမလိုတော့လျှင် အေးစက်စက်ဖြင့်ကြည့်ကာ စွန့်ပစ်ဖို့ဝန်မလေးပေ။ ရှုနင်က သူ့ကိုသံယောဇဉ်ဖြစ်နေသော အိမ်ဖော်အဒေါ်ကြီးကို ပြုံးပြကာ မှာလိုက်သည်။

"ကျွန်တော့်အခန်းထဲမှာ ပစ်ရမယ့်အမှိုက်တချို့ရှိတယ်.. အဒေါ်မပြန်ခင် သေချာပစ်သွားပေးပါ.."

"ကောင်းပါပြီ သခင်လေး.."

ချင်ယွိကျိုးက နာရီကိုငုံ့ကြည့်ကာ စိတ်မရှည်စွာပြောလိုက်သည်။

"သွားကြစို့.."

ရှုနင်က ကားထဲဝင်ကာ မျက်ဝန်းလေးတွေမှေးစင်းလိုက်ပြီး ရင်ထဲကနေပြောလိုက်သည်။

အစ်ကိုကြီးရှုဟိန်.. ကျွန်တော်တို့ ထပ်တွေ့ရတော့မယ်... ~O(∩_∩)O

==============================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now