COVID 19 အတွက် သတိပြုဖို့

7.1K 936 69
                                    

(သဘောကျလို့ fbက မလာတာ 😁)

"ဒုံးဝေးတယ်ဆိုတဲ့ မြန်မာစကား၊
ဒူးနေရာဒူး၊တော်နေရာတော် ဆိုတဲ့စကား၊
အကြောင်းမဲ့ပေါ်လာတော့ ဟုတ်မည်မထင်၊
ဗူမသိ ကိုးမသိဆိုတဲ့သူကအများ"
သူများရေးတာ ကော်ပီ မ လာတာ၊ဆဲချင်သပါ့
အဲ့သည်လူဆဲစေသတည်း။

စောက်တလွဲတွေကို share ကြတာ 32.5k တဲ့။

ရှင်းမှရတော့မယ်။

ဒီအမှိုက်တွေကြောင့် လူတွေသေတာမနည်းဘူး။

-မျှစ်မစားနဲ့ဆိုတာ ကိုဗစ်မှမဟုတ်ဘူး၊ကိုဗစ်ဖအေကြောင့်ဖျားဖျား ကိုဗစ်ဒွေးကြီးကြောင့်ဖျားဖျား ဘာကြောင့်ဖျားဖျား မစားရဘူး၊cellulose cellwall တွေများလို့ အစာမကျေပဲ အန်မစိုးလို့ မစားခိုင်းတာ။

-ကိုဗစ်မှာ ဝက်သားမစားနဲ့ဆိုတော့ ရေးတဲ့သူက ပုပ္ပါးကနတ်ကတော်လား ?
သူမစားရတိုင်း သူများတွေမစားရအောင်ပြောတာ။

-နာနတ်သီး၊ငှက်ပျောသီး၊ဩဇာသီးတွေဆိုတာ ကိုဗစ်နဲ့မဆိုင်ဘူး၊တစ်ချို့ဓာတ်မတည့်တဲ့လူတွေမှာ အခန့်မသင့်ရင် လည်ချောင်းယားတတ်တာ အချိုလွန်သီးမို့လို့။ဒီတော့ ကိုဗစ်မှာစားလည်း ဘာမှမဖြစ်။

-ဆန်ပြုတ်မှမဟုတ်ဘူး၊ကြိုက်တာသာစား၊အဖျားကြီးရင် မာတာမစားနဲ့၊အစာမကျေမစိုးလို့။

-ကြက်စွပ်ပြုတ်ပဲသောက်ရမှာမဟုတ်ဘူး။ငါး၊ဝက်၊အမဲ အကုန်သာစား၊အကုန်သာသောက်။

-မာလာရှမ်းကောစားပေးပါဆိုတာ ရေးတဲ့ကောင်မက မာလာဟင်းရောင်းတဲ့ကောင်မမို့ဒီလိုရေးတာ။
အစာမကျေရင် သူ့သွားဆဲကြ။

-ထမင်းပူစားတာကရတယ်၊ချဉ်စပ်တော့ရှောင်ပါကွယ်၊အစာအိမ်ထိစေတဲ့အကိုက်အခဲပျောက်ဆေးတွေနဲ့ပေါင်းပြီး ဆေးရုံပြေးနေရမယ်။

-ငပိရည်နဲ့ကြက်ဥကြော်ပဲမဟုတ်ဘူး၊ပဲပြုတ်နဲ့ ထမင်းပူပူလည်းရတာပဲ။အဓိကက အသားဓာတ်ပါဖို့ပြောတာ။
-တစ်နပ်ကို မိမိရရတွယ်ပါဆိုတာ တော်တော်ဉာဏ်မရှိတဲ့စကား။
တကယ်က လေးခါကနေ ခြောက်ခါလောက်ခွဲစားလေလေ အစာပိုကျေလေလေပဲ။

-ကြက်ဥအစိမ်းသောက်ခိုင်းတာ ဖိုက်တင်ပလေးမှာမို့လို့လား။
လုံးဝဥဿုံအန္တရာယ်ရှိတယ်။
ဒီအချိန်မှာ ကိုယ်ခံအားက ဝါယမစိုက်ထုတ်ပြီး တိုက်ပွဲဝင်နေရတော့ ကျနေချိန်၊ကြက်ဥအစိမ်းဆိုတာ ပေါလိုက်တဲ့ဘက်တီးရီးယား။
သေသေချာချာကို ပိုးတွေတမင်ထည့်ပေးလိုက်တာပဲ။
သောက်ရင် ရေဝေးနဲ့ပိုနီးမယ်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now