Chapter (79-2)_ညီလေးလက်ကို ဆုပ်ကိုင်ပြီး ပွဲတက်ခြင်း (U+Z)

16K 2.2K 29
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)


Chapter (79-2)_ညီလေးလက်ကို ဆုပ်ကိုင်ပြီး ပွဲတက်ခြင်း  (U+Z)


မီးဖိုချောင်ထဲကိုရောက်တော့ ရှုဟိန်က ဓါးတစ်ချောင်းကို ကျင်လည်စွာကိုင်ကာ ဖရဲသီးကို အစိတ်စိတ်ပိုင်းလိုက်ပြီး ပန်းကန်ထဲမှာ အတုံးလေးတွေအဖြစ် သပ်ရပ်စွာထည့်လိုက်ချိန်ဖြစ်သည်။ ရှုဟိန် ဓါးကိုင်ဒီလောက်ကျွမ်းမည်ကို မမျှော်လင့်ထားမိလို့ ဒီမြင်ကွင်းကြောင့် နင်နင်က ချွေးပြန်သွားခဲ့သည်။
 

သူလုပ်သွားတာ အရာအားလုံး အရမ်းသပ်သပ်ရပ်ရပ်ပဲ။ ဖရဲသီးထောင့်တွေတောင်မှ တပုံစံတည်း၊ တရွယ်တည်းပဲ။ သူက ဓါးကိုင်ရတာကို  နှစ်သက်တာကြောင့်လား။

ရှုနင်သည်မူးယစ်ဆေးစွဲနေသလို သူ့မျက်လုံးလေးတွေကို ကျဉ်းမြောင်းကာ ရှေ့ကမြင်ကွင်းကိုအလွန်လေးစားစွာ ငေးနေမိသည်။ အစ်ကိုကြီး ဖရဲသီးကို ဖြတ်တောက်နေစဉ် သူ၏အစ်ကို၏ပုံပန်းသဏ္ဌာန်သည် အလွန်လှပနေပြီး သူ၏နောက်ကျေကြွက်သားများက ကြည့်လို့ကောင်းကာ သေလို့ရလောက်သည်။ သူ့ခါးမှာကွေးနေတဲ့ မျဉ်းကွေးတွေတောင်မှ ပြေပြစ်လှပြီး ခါးသားနားက mermaid line ကြွက်သားလေးက အတွင်းအဖျားမှာ ပေါ်နေသည်။

ရှုနင်က သူ့အကိုကြီးရဲ့ကြွက်သားတွေကို ကိုင်ဆော့ဖို့ လက်ကို ဆန့်ထုတ်ချင်ပေမယ့် မတော်တဆ အကိုကြီးရဲ့ ဓါးချက်ကို မိမှာစိုးလို့ မချင့်မရဲကြည့်နေမိသည်။

 
" မင်း ဘာကြောင့် ငါ့ကို ရှာနေတာလဲ"

ရှုဟိန်သည်သူ၏မျက်နှာကိုအေးဆေးစွာဖြင့် ညီလေးကို ကြည့်ကာ ပြောလိုက်ပေမယ့် သူ၏နှလုံးခုန်နှုန်းမှာ အရှိန်မြင့်တက်လာသည်၊ သူ့ညီလေး၏လေးစားကြည်ညိုစွာ ကြည့်နေသည့် မျက်ဝန်းလေးတစ်စုံကြောင့်  သူ့အား အလွန်သက်သောင့်သက်သာရှိစေပြီး သူက အသုံး ဝင် သည်ဟု ခံစားရစေသည်။ သူ့လက်ထဲမှာ ဓားမြှောင်ရှိနေတယ်၊ သူက နင်နင်ကို တကယ် ဖက်ထားချင်တယ်၊ နမ်းပြီးရင်း နမ်းချင်နေမိသည်။ အရွယ်ရောက်သူတွေ လုပ်သည့် ကလေးတွေမကြည့်ရ ဆိုသည့် အရာကို လုပ်ချင်နေသည်။

အသီးကိုပြင်ဆင် ထားပြီးချိန်တွင် ည  ၁၁ နာရီသာရှိသေး သည်။ ဦး လေးရော၊ ဖိုမင်ပါ ကောင်းကောင်း အိပ်ပျော်နေကြသည်။

ရှုနင်က သူတို့မနိုးစေရန်  သူခိုးကဲ့သို့ ခြေဖော့နင်းကာ လှေကားထစ်ကနေ အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။

 ကောင်းမွန်သောကိုယ်ဟန်အနေအထားရှိသည့် ရှုဟိန်က ရှုနင်နောက်ကနေ ဂုဏ်ယူစွာလျှောက်လှမ်းနေသော်လည်း သူက နင်နင်လေးရဲ့အကြည့်ကြောင့် ညစ်ညမ်းသည့် အတွေးများထဲမှာ နစ်နေဆဲဖြစ်သည်။
╮ (╯▽╰) ╭

"ဖရီသီးက အအေးစာ။ အရမ်းမစားနဲ့။ ဗိုက်နာနေလိမ့်မယ်.... "

"အမ်း အစ်ကိုကြီးလည်း စားပေါ့။ "

ရှုဟိန်လည်း စားဖို့လိုနေပြီ။ ဘာကြောင့်လဲဆိုတော့   သူ့ခန္ဓာကိုယ်က မီးတောက်တွေနဲ့ပြည့်နေလို့ ရေခဲတုံးတွေ ရရင်တောင် ပိုကောင်းမယ်။ ဒါကြောင့် ရှုဟိန်က ရေခဲသေတ္တာထဲသွားပြီး ကိုယ်ရံတော်တွေကို ဝယ်ခိုင်းခဲ့တဲ့ အထူးအော်ဒါမှာခဲ့ရသည့် ကိတ်မုန့်ကို ထုတ်ယူကာ အိပ်ခန်းထဲ ပြန်လာခဲ့သည်။

 
ရှုနင်ရဲ့ နှလုံးသားထဲတွင် စိတ်အပူဆုံးက ရိုးအလွန်းသည့် သူ့ဦးလေး ချင်ယွိဖူဖြစ်သည်။ ဒါကြောင့် သူ့ဦးလေးဆီကို အချိန်ရတိုင်း လာလည်တာဖြစ်သည်။ သူ့အချစ်ဆုံးအကိုကြီးက သူနှင့်အတူ ဦးလေးအိမ်ကို လိုက်လာပေးပြီး တအိပ်ယာတည်း ခေါင်းအုံးတစ်ခုတည်း အုံးကာ အိပ်ပေးလို့ ရှုနင်မှာ ပျော်မဆုံးဖြစ်နေသည်။ အခုလို ပူအိုက်သည့် ညမှာ အကိုကြီးက သူ့အတွက် ဖရဲသီးခွဲကျွေးသည့်အပြင် သူအကြိုက်ဆုံး ကိတ်မုန့်တောင်ကျွေးသေးသည်။ ထိုည သူ ဝမ်းသာစွာ စားပြီး အိပ်ပျော်သွားချိန်က ည 12 နာရီဖြစ်သည်။

  သူ မအိပ်ခင် ရှုဟိန်သည် ကလေးငယ်လေးရဲ့ နောက်ကျောကို အသာလေးပုတ်ပေးနေသည်။  နင်နင် လုံးဝ မနိုးဘူးဆိုတာ သိရတော့မှ သူက  အိပ်ရာမှ ထထွက်ခဲ့သည်။ သူ၏အကြည့်မှာ အလွန်အေးစက်နေပြီး သွေးဆာနေသော အရိပ်အငွေ့တွေက လေထုထဲတွင် လွှင့်ပျံနေသည်။

သူက စာသားမက်ဆေ့ခ်ျများပေးပို့ဖို့ phone ကို ယူပြိး ဧည့်ခန်းရှိဆိုဖာပေါ် လာထိုင်ခဲ့သည်။ ဟော်ရန်က ဘယ်လိုလူစားလဲဆိုတာ သူသိတယ်။ သူဟာ ဟော်ရန်ကို သာမက ကလေးလေးနှင့် အနီးကပ်ရှိသည့် လူအားလုံးကို သေချာ လျှို့ဝှက် စစ်ဆေးနေခဲ့တယ်။  အရမ်းကို စေ့စေ့စပ်စပ် စုံစမ်းထားပြီးဖြစ်လို့  ဟော်ရန်က သူ့တစ်ယောက်တည်းအနေနဲ့ နင်နင်ကို ဒုက္ခပေးနိုင်မည့် လူမျိုးမဟုတ်ပေ။ ဟော်ရန်က  ထက်မြက်သောသူ မဟုတ်ဘဲ သြဇာအာဏာကြီၤးမားသူများကိုတွေ့ရင် ဦးညွတ်ခယတတ်သူသာ ဖြစ်သည်။  ဒါပေမယ့် သူက ရှုနင်ကို အဆက်အသွယ် မလုပ်သလောက်ရှိနေရာကနေ ဘာကြောင့် ထပြီး အဆက်အသွယ်လာလုပ်ရတာလဲ...


ဟေ်ာမိသားစု ရဲ့စားသောက်ပွဲကြောင့်လား။

ဟော် မိသားစု၏အကြီးဆုံးသား ဟော်ကျုံက ဝူမိသားစုက ဉာဏ်ရည်မပြည့်တဲ့ သမီးတစ်ယောက်နဲ့   လက်ထပ်ထိမ်းမြားခဲ့ပြီး အလွန်များပြားလှသော ဂုဏ်အသရေနဲ့ အဆက်အသွယ်တွေ ရှိလာလို့ အခုဆိုရင် အဆက်အသွယ်နဲ့ အထက်ကို တက်ချင်တဲ့ အထက်တန်းလွှာက  များစွာသော လူတွေကို ဆွဲဆောင်ပြီးပြီ ဖြစ်လို့ အခု ဟော်မိသားစုက သူတို့ ရှုမိသားစုရဲ့ ငွေရေးကြေးရေးအပေါ်ကို တိုက်ခိုက်ဖို့  ကြိုးစားနေတာလား။

ဟော်မျိုးနွယ်၏ဒုတိယသား ဟော်ယွီက တရုတ်နိုင်ငံပြင်ပကို ထွက်သွားပြီး မျက်နှာခွဲစိတ်မှုလုပ်တာ  ပြန်လည် ကောင်းမွန်လာခဲ့ပြီးဖြစ်သည်။ ဟော်ယွီက သူ့အကိုကြီး ဟော်ကျုံရဲ့ ပွဲကို ပြန်လာပြီးတက်ရောက်တာ  ဖြစ်နိုင်တယ် မဟုတ်လား။

ဟော်ရန်က ရှုနင်ကို ဧည့်ခံပွဲကို ဖိတ်ကြားတာကိုကြားတော့ ရှုဟိန်က ဒါက ထောင်ချောက်ဆိုတာ တန်းသိလိုက်သည်။

 သူတို့က ငါပိုင်တဲ့သူကို ပစ်မှတ်ထားရဲတယ်ပေါ့... စိတ်ဝင်စားဖို့ ကောင်းတယ်..

သူက ဘဝတလျှောက်လုံး သူများနှင့် ထိတွေ့ဆက်ဆံတာကို ရှောင်ရှားပြီး သီးသန့်နေထိုင်ခဲ့သည့်ဘဝမှ အခုလို ချစ်စရာကောင်းတဲ့ကလေးလေးနဲ့ အတူ တပူးကပ်ကပ်နေထိုင်လိုက်ခြင်းက သူ့ကို  heat တက်တဲ့ သားရဲကြီးလို ဖြစ်လာစေသည်။ သူပိုင်ဆိုင်သည့် ကလေးလေးကို စားချင်စိတ်ကြောင့် သေလုမတတ်ဖြစ်ပေမယ့် ကလေးလေးက အရွယ်မရောက်သေးလို့ စိတ်ကိုတင်းပြီး နိုင်ငံခြားမှာစာသင်ဖို့ ဇွတ်ထွက်ခဲ့ရသည်။ မဟုတ်ရင် ကလေးလေး အရွယ်မရောက်ခင် သူ အရိုးအသားမကျန်အောင် ဝါးစားမိသွားလိမ့်မည်။ နင်နင်လေးရဲ့ ဆွဲအားက ပိုပိုများလာပြီး သူလေးက တနေ့တခြား ပိုပိုချစ်စရာကောင်းလာသည် မဟုတ်လား။

ရှုဟိန်သည် ညီလေး တားသည့်ကြားုက အတင်း အဓမ္မထွက်ခွာ သွားခြင်းဖြစ်ပြီး C City သို့ ပြန်လာစဉ် ဒီကလေးလေးက ငယ်သေးသည်ဟု ထင်ခဲ့သည်။  သူနှင့်အတူ နီးနီးကပ်ကပ် ဆော့ကစားမိတော့ သူ ရူးမတတ်ကို ပျော်နေမိသည်။ တကယ်လို့ တဆင့်သာ ရှေ့ဆက်တိုးရရင် ဘယ်လောက်တောင် အံ့သြစရာဖြစ်လိုက်မလဲ။

  သို့သော်အမှန်မှာ၊ ထိုအရာသည်ဖြစ်ပျက် လာမည် မဟုတ်ပါ။ သူ့ကို ညီလေးက စိတ်ဆိုးပြီး သေလုနီးပါးဖြစ်အောင် ဖုန်းမဖြေပဲ ပစ်ထားခြင်းခံရပြီး ရှုဟိန်က တရုတ်ပြည်ကို ပြန်ရောက်သောအခါ သူက ညီလေးနားကပ်ရလို့ သက်သာရုံရှိသေးသည်။ အခု နောက်တနှစ် ကျောင်းဆက်တက်ဖို့ ပြန်ရတော့မည်။

 
သူဟာနောက်ဆုံး ဟော်မိသားစုရဲ့လျှို့ဝှက်ချက်ကို သိခဲ့ရပြီးနောက် သတင်းပို့သူကို ငွေများစွာ ဆုချီးမြှင့်ခဲ့သည်။ ညီလေးနှင့် ကစားလို့ ပျော်ရွှင်ခဲ့တာ ပြီးသွားတော့ အလုပ်လုပ်ရတော့မည်။

 သူသည်စာသားမက်ဆေ့ခ်ျကိုဖွင့်လိုက်သည်။ သူ၏မျက်လုံးများမှာ အမှောင်ထဲမှာ တောက်ပနေသည်။ စာထဲက ဖော်ပြထားသည့် အကြောင်းရာကို ဖတ်ပြီး သူ အမြင် မှားနေသည်ဟု ထင်ခဲ့သည်။ သို့သော် ရှုဟိန် လုပ်ရမည့်အရာကို တွေးပြီး အရူးလို လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သည်။

 အဆင်သင့်လိုက်တာ... တချက်ခုတ် ၂ ချက်ပြတ်ပေါ့...
ဒီလိုလုပ်တာ အကောင်းဆုံးပဲလို့ ရှုဟိန် ဆုံးဖြတ်လိုက်သည်။

မူလက  ရှုနင်က အန္တရာယ်ရှိသောနေရာကို ခြေမချ ချင်ပေမယ့် သူ့အကိုက သွားမယ်ဆိုတော့ သူလည်း သွားဖို့ သဘောတူလိုက်သည်။


သူ့အစ်ကိုကြီးက ဒီမှာရှိနေတာကြောင့် ဟော်ရန်တို့ဘက်က ဘယ်လို အကောက်ကြံလာပါစေ... သူ မကြောက်ဘူး၊

ရှုချိန် ဟာနိုင်ငံခြားခရီးထွက်နေခဲ့လို့ ဟော်မိသားစုရဲ့ပါတီကို ရှုမိသားစု ကိုယ်စား အကိုကြီးနဲ့ သူက တက်ရောက်ရမှာဖြစ်တယ်။ တကယ်လို့ သူတို့သာ မသွားခဲ့ရင် ဟော်မိသားစုကို ကြောက်တယ်ဆိုတဲ့ အဓိပ္ပါယ် ပေါက်သွားပြီး သူတို့အဖေကို အရှက်ရစေလိမ့်မယ်။

 ဒီပွဲမှာ ဝမ်မိသားစုကလည်း လာရောက်မည်ဖြစ်ပြီး လူများစွာက ဝမ်မိသားစုဝင်တွေကို စိတ်ဝင်စားနေကြသည်။
မီဒီယာသမားများက တံခါးဝတွင်စုရုံးကျန်ရစ်ခဲ့ကြပြီး တံခါးအဝင် တစ်ဖက်တစ်ချက်ကနေ စောင့်ကာ ဧည့်သည်တွေကို ဓါတ်ပုံရိုက်လို့ရပေမယ့် နှောက်ယှက်ခွင့်တော့ မရှိကြပေ။


တောက်ပထွန်းလင်းတောက်ပသည့်ခန်းမသည် အလွန်တောက်ပကာ ဇိမ်ကျစရာကောင်းအောင် ပြင်ဆင်ထားသည်။ ဒါက ဟော်မိသားစု ဆက်ခံသူတွေသာ ခံစားရမည့် ပုံစုံဖြစ်သည်။

ရှုမိသားစုက ပွဲတက်လာသည့် ဇိမ်ခံလင်ကွန်းကားကြီး ဆိုက်ရောက်လာသောအခါ ကိုယ်ရံတော်အဖွဲ့က ကားတံခါးကို ဖွင့်ပေးလိုက်သည်။ သူတို့က ကားပေါ်မှဆင်းလာသည့် ရှုဟိန်ကို အရိုသေပေးလိုက်သည်။

 နေရာတိုင်းမှာမီးတွေထွန်းလင်းတောက်ပနေတယ် ...... ရှုဟိန်က လက်ကိုဆန့်ကာ ကားထဲက ထွက်လာသည့် နောက်ထပ် လူငယ်လေးရဲ့လက်ကို ဖြည်းညှင်းစွာဆုပ်ကိုင်လိုက်တယ်။

သူက ဘယ်သူလဲ။ ဘယ်မိသားစုရဲ့ အဖိုးတန် မိန်းမပျိုလေးလဲ?

မီဒီယာသတင်းထောက်များအားလုံး ရူးသွပ်လုနီးပါး ကင်မရာမီးရောင်များ လင်းထိန်သွားအောင် ခလုတ်ကို နှိပ်နေကြသည်!

************-**

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now