Chapter (58) - နတ္ဘုရားႏွစ္ပါးၾကားက ၾကက္ျဖဴကေလး

20.7K 3.3K 68
                                    

Chapter (58) – နတ္ဘုရားႏွစ္ပါးၾကားက ၾကက္ျဖဴကေလး

႐ႈခ်ိန္သည္ ႐ႈနင္ကိုဖက္ရင္း သူတို႔ငယ္စဥ္ဘဝအေၾကာင္းမ်ားစြာကို ေျပာၾကားခဲ့သည္။ ႐ႈနင္က အိပ္ခ်င္စိတ္ကိုေတာင့္ခံၿပီး နားေထာင္ေနေပမယ့္ ေနာက္ဆံုး မ်က္လံုးက ပိတ္က်သြားေတာ့သည္။ ႐ႈခ်ိန္က သားငယ္ေလးကို အိပ္ယာထက္မွာခ်ေပးၿပီး ေစာင္ၿခံဳကာ ထြက္လာေတာ့မည္အျပဳ ႐ႈနင္က သူ႔ကိုေပြ႕ဖက္ထားေသာ ေႏြးေထြးမႈေပ်ာက္သြားေသာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ကာ လက္ကိုဆန္႔တန္းၿပီး လိုက္စမ္းလိုက္သည္။ ဒီျမင္ကြင္းကိုေတြ႕ေတာ့ ႐ႈခ်ိန္၏ႏွလံုးသားေလးက ေပ်ာ့က်သြားၿပီး သားေလးရဲ့ေဘးကို လွဲခ်ၿပီး ကေလးငယ္ကို လက္ေမာင္းၾကားထဲဆြဲသြင္းလိုက္ေတာ့ ႐ႈနင္၏ကိုယ္ေလးက ႏူးညံ့ကာ ဖက္ရတာ အေနေတာ္ရွိသည့္ ေပ်ာ့ေပ်ာင္းေသာဖက္လံုးေလးလို ႐ႈခ်ိန္ဘဝမွာ တစ္ခါမွမခံစားဖူးသည့္ ေႏြးေထြးမႈကို ခံစားလိုက္ရသည္။

႐ႈဟိန္က တျခားကေလးနဲ႔မတူဘဲ ငယ္စဥ္ကတည္းက ခပ္တည္တည္ေနတတ္ၿပီး အခုလို ဖခင္ႏွင့္ တရင္းတႏွီးေပြ႕ဖက္ျခင္း မရွိခဲ့ေပ။ သူ႔နားကိုလည္း ဘယ္သူမွ အနားကပ္မခံေပ။ ဒါက သားႀကီး၏စ႐ိုက္ဆိုတာ လက္ခံၿပီး ႐ႈခ်ိန္က ဒီလိုေနေပးခဲ့ေပမယ့္ ယခု ႐ႈနင္ႏွင့္ေတြ႕မွ သူ႔အျမင္အေတြးေတြက ေျပာင္းလဲသြားေတာ့သည္။ ႐ႈနင္က သူ႔ကိုတိုးေဝွ႔ကာ ဖက္ထားခံရသည့္အရသာက တကယ္ကို ေကာင္းလွသည္။ ဒါေၾကာင့္ ႐ႈဟိန္က သားငယ္ေလးကို သြားေလရာေပြ႕ခ်ီၿပီးေခၚသြားတာ အံ့ၾသစရာမရွိေတာ့ေပ။ သားေလး၏အသားအေရက ၾကည္လင္ဝင္းပကာ ႏို႔နံ႔ေရခ်ိဳးဆပ္ျပာနံ႔ သင္းသင္းေလးႏွင့္ ေျခလက္ေသးေသးသြယ္သြယ္ေလးက အရမ္းကို ခ်စ္စရာေကာင္းလွသည္။

ည ၁၀ နာရီေလာက္ရွိေတာ့ ႐ႈနင္၏အိပ္ခန္းတံခါးက တိတ္တဆိတ္ပြင့္သြားေသာေၾကာင့္ ႐ႈခ်ိန္ စိတ္႐ႈပ္သြားသည္။ ဒုတိယထပ္က ႐ႈဟိန္၏ပိုင္နက္ျဖစ္ၿပီး ညအခ်ိန္ ဘယ္သူမွဝင္ခြင့္မရွိေအာင္ ကိုယ္ရံေတာ္မ်ားက ပိတ္ဆို႔ထားတတ္သည္။ ဒါေၾကာင့္ ႐ႈနင္အိပ္ခန္းထဲကို ဝင္လာသူက ႐ႈဟိန္ကလြဲလို႔ ဘယ္သူမွမျဖစ္ႏိုင္ေပ။

႐ႈခ်ိန္က မ်က္လံုးကို ခပ္ေမွးေမွးဖြင့္ကာ ႐ႈနင္အိပ္ခန္းထဲဝင္လာေသာ သားႀကီးကို တိတ္တဆိတ္ၾကည့္ေနသည္။ ညအခ်ိန္မေတာ္ သားႀကီးက ဘာေၾကာင့္ဝင္လာသည္ကို သူသိခ်င္ေနသည္။

႐ႈနင္အိပ္ခန္းထဲ ေျပာင္ေျပာင္တင္းတင္းဝင္လာေသာ ႐ႈဟိန္က ဖခင္၏လက္ေမာင္းၾကား အိပ္ေပ်ာ္ေနေသာ ႐ႈနင္ကိုၾကည့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ အေဖ့လက္ေမာင္းထဲမွာ အိပ္ရတာ ပိုေကာင္းေနလို႔လား..။

႐ႈဟိန္က ေျခသံမၾကားေအာင္ ခုတင္နားကပ္လာၿပီး ဖခင္လက္ကိုမကာ လက္ေမာင္းၾကားထဲအိပ္ေနေသာ ႐ႈနင္ကို ဆြဲယူဖို႔လုပ္လိုက္သည္။

အႀကီးဆံုးသားက သူ႔လက္ထဲက ဒုတိယသားကို လုယူခ်င္ေနတာလား..။

မဟုတ္ေသးဘူး..။ မနက္ျဖန္၊ သဘက္ခါေလာက္မွာ နင္နင္ကို သူ႔သားႀကီးက အေဝးကိုေခၚသြားေတာ့မွာေလ။ ဒါက သူတုိ႔သားအဖ ပထမဆံုး အတူအိပ္စက္ရတဲ့ညမဟုတ္ဘူးလား။ နင္နင္နဲ႔သူ႔သားက စိမ္းေနတုန္းရွိေသးတယ္။ ႐ႈခ်ိန္က သားအဖႏွစ္ေယာက္ၾကား ေဝးေနသည္ကို ျဖည့္ဆည္းေပးဖို႔ ႀကိဳးစားခ်င္ေသာေၾကာင့္ မ်က္လံုးဖြင့္ကာ လွမ္းလာသည့္ သားႀကီး၏လက္ကို အသာ႐ိုက္လိုက္သည္။

႐ႈဟိန္က ၾကည့္လိုက္ေတာ့ သူ႔အေဖ၏မ်က္လံုးထဲ အ႐ံႈးမေပးလိုဟန္ျဖင့္ စိုက္ၾကည့္ေနတာေတြ႕လိုက္ရသည္။ ႐ႈခ်ိန္က နင္နင္ကို ျပန္မေပးခ်င္သလို ႐ႈဟိန္က သူ႔ညီေလးကို ျပန္ရခ်င္ေနသည္။ ( ̄ へ  ̄)

သားအဖႏွစ္ေယာက္ လုေနေပမယ့္ ကာယကံရွင္ ႐ႈနင္က ဘာမွမသိဘဲ အသက္မွန္မွန္႐ွဴကာ အိပ္ေပ်ာ္ေနသည္။ (_ ( : зゝ∠) _)

႐ႈခ်ိန္က ေခါင္းတစ္ခ်က္ညိတ္ကာ သားငယ္ကို ျပန္မေပးေၾကာင္းျပလိုက္ေတာ့ ႐ႈဟိန္က မ်က္ခံုးပင့္လိုက္ေပမယ့္ မလႈပ္ရွားေတာ့ေပ။ ႐ႈခ်ိန္က အႀကံတစ္ခ်က္ရလိုက္ၿပီး ႐ႈနင္၏တစ္ဖက္ကို ေမးေငါ့ျပလိုက္ေတာ့ ႐ႈဟိန္က စိတ္ဆံုးျဖတ္ၿပီးဟန္ျဖင့္ နင္နင္၏တစ္ဖက္တြင္ ဝင္လွဲအိပ္ကာ နင္နင္၏ခါးေလးကို လက္ျဖင့္ဖက္ထားလိုက္သည္။ ဖခင္က ညီေလးကို ျပန္မေပးမွေတာ့ သူ ဒီအတိုင္းအ႐ံႈးေပးကာ ထြက္မသြားႏုိင္ေပ။ သူပိုင္တဲ့ညီေလးရဲ့စိတ္ကို အေဖက သိမ္းပိုက္မသြားေအာင္ မ်က္ေျခမျပတ္ေစာင့္ၾကည့္ဖို႔ ဆံုးျဖတ္လိုက္သည္။ ဒါေၾကာင့္ ႐ႈနင္၏တစ္ဖက္တစ္ခ်က္တြင္ ႐ႈခ်ိန္ႏွင့္ ႐ႈဟိန္တို႔ သားအဖက အတူတူအိပ္စက္လိုက္ၾကသည္။ ႐ႈခ်ိန္လည္း နင္နင္ေၾကာင့္ ဘဝမွာ ရွားရွားပါးပါး ႐ႈဟိန္ႏွင့္ပါ အတူတူအိပ္စက္ခြင့္ရလိုက္သည္။

႐ႈနင္က အလယ္မွာ အိပ္ေနရေပမယ့္ နည္းနည္းမသက္မသာျဖစ္ကာ ဟိုသည္လွည့္ရင္း ခါတိုင္းထက္ပုိႀကံ့ခိုင္သည့္ လက္ေမာင္းကိုေခါင္းအံုးကာ ရင္ဘတ္ကိုမွီရင္း အိပ္ေပ်ာ္ေနသည္။ သူ႔ေက်ာဘက္က ခါတိုင္းရင္းႏွီးေနက် အစ္ကိုႀကီး၏အထိအေတြ႕ႏွင့္ အေငြ႕အသက္ကိုရသျဖင့္ စိတ္ခ်လက္ခ်ျဖစ္ကာ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်သြားသည္။

ခ်င္ယြိက်ိဳးက အိပ္ယာထက္တြင္လူးလွိမ့္ကာ ညနက္ထိ ႐ႈခ်ိန္ျပန္မလာသည္ကို ေတြးကာ စိတ္႐ႈပ္ေနစဥ္ ဖုန္းက မက္ေဆ့ခ်္ဝင္လာခဲ့သည္။ ခ်င္ယြိက်ိဳးက စာကိုဖြင့္ဖတ္လိုက္ေတာ့ အံ့ၾသသြားသည္။ ေယာက္်ားက သူ႔သားႏွင့္ အတူေနခ်င္လို႔လား။ အခ်ိန္က ၂ရက္ပဲက်န္ေတာ့လို႔ သူမလည္း စဥ္းစားစရာရွိသည္ႏွင့္ အေတာ္ျဖစ္သြားသည္။ ႐ႈနင္က သူမကိုေျပာျပခဲ့သည့္ တခ်ိဳ႕စကားမ်ားကို ေသခ်ာစဥ္းစားစရာ ရွိေသးသည္။ ခ်င္ယြိက်ိဳးက ယခင္ရက္ကတည္းက အိပ္မေပ်ာ္ခဲ့ေပ။ ကိုယ္ဝန္ရွိေနေသာေၾကာင့္ အိပ္ေဆးလည္းေသာက္မရေပ။ သူ႔ေယာက္်ား၏ အတြင္းေရးမွဴးအသစ္ ဆံပင္နီနီႏွင့္ ႐ႈခ်ိန္၏ေက်ာင္းေနဖက္အမ်ိဳးသမီးကို ျပန္သတိရကာ ရင္ထဲပူလာသည္။ ထိုမိန္းမႏွင့္ ႐ႈခ်ိန္က တကၠသိုလ္ကတည္းက ခင္မင္လာခဲ့ၿပီး ႐ႈခ်ိန္အေၾကာင္းကို ေသခ်ာသိထားႏိုင္ေလာက္သည္။ သူမက အသက္ႀကီးေပမယ့္ ျပင္ဆင္တတ္ၿပီး ခ်စ္စရာေကာင္းေအာင္ေနတတ္သည္။

ခ်င္ယြိက်ိဳးက ဒီအေၾကာင္းေတြးၿပီး ေခါင္းပိုကိုက္လာေသာေၾကာင့္ ေရခ်ိဳးခန္းထဲဝင္ကာ အန္ၿပီး ပလုတ္က်င္းလိုက္သည္။ သူမ၏မ်က္ႏွာက ျဖဴေဖ်ာ့ကာ ႐ႈနင္ရွိရာသြားၾကည့္ဖို႔ ထြက္လာခဲ့သည္။

႐ႈခ်ိန္က ႐ႈနင္နဲ႔အတူအိပ္တာေကာ ဟုတ္ရဲ့လား..။

ခ်င္ယြိက်ိဳးက ဒုတိယထပ္ကိုဆင္းလာေပမယ့္ ကိုယ္ရံေတာ္မ်ားက သူမကို တားျမစ္ကာ ဝင္ခြင့္မရွိေၾကာင္း ေျပာခဲ့သည္။

"ဒီေနရာကို ညဖက္မဝင္ဖို႔ တားျမစ္ထားပါတယ္.."

"........."

ခ်င္ယြိက်ိဳး၏ႏႈတ္ခမ္း တြန္႔သြားခဲ့သည္။

"ငါက ႐ႈကေတာ္ဆိုတာ မင္းတို႔သိရဲ့လား.."

"သိပါတယ္.. ဒါေပမယ့္ ကၽြန္ေတာ္တို႔ကို လစာေပးေနတာက သခင္ေလးဟိန္ပါ.. ဒါေၾကာင့္ ကၽြန္ေတာ္တို႔က သခင္ေလးရဲ့အမိန္႔တစ္ခုကိုပဲ နာခံရတာပါ.."

ကိုယ္ရံေတာ္က ရွင္းလင္းျပတ္သားစြာ ေျပာခဲ့သည္။

"ဒီလိုလုပ္ဖို႔ ဘယ္သူက အမိန္႔ေပးထားတာလဲ.."

"သခင္ႀကီးပါ.."

"႐ႈခ်ိန္က အခု ဒီအိမ္ေတာ္ရဲ့ အိမ္ေထာင္ဦးစီးဆိုတာ ရွင္တုိ႔မသိဘူးလား.. ေနာက္ ဆယ္စုႏွစ္တစ္ခုထိ သူက ဒီအိမ္ေတာ္ရဲ့ ဦးစီးျဖစ္ေနဦးမယ္.."

"မွန္ပါတယ္.. ဆယ္ႏွစ္၊ ႏွစ္ႏွစ္ဆယ္၊ သံုးေလးဆယ္အထိၾကာလည္း ကၽြန္ေတာ္တို႔ကို လစာေပးေနမယ့္သူက သခင္ေလး႐ႈဟိန္ပါခင္ဗ်ာ.."

ေဘးကတျခားကိုယ္ရံေတာ္မ်ားက တိတ္ဆိတ္စြာ ရယ္ေမာလိုက္ၾကသည္။ သခင္ေလး ႐ႈဟိန္က ယခုမွ အသက္ 18 ႏွစ္ဆိုေပမယ့္ မင္းက သူ႔ကိုယွဥ္ခ်င္ေသးတာလား..။ ဒီမိန္းမက အေတာ္စိတ္ဝင္စားဖို႔ေကာင္းတယ္စု ေတြးေနၾကသည္။

သူမက ဒီလူေတြက ၿမိဳ႕ေတာ္ကလာၿပီး ဒီအိမ္တစ္ခုလံုးမွာ ႐ႈဟိန္တစ္ေယာက္တည္းကိုပဲ ကာကြယ္ေပးၿပီး ႐ႈဟိန္၏အမိန္႔ကိုပဲ နာခံရတယ္ဆိုတာ လံုးဝမသိခဲ့ေပ။ ဒီကိုယ္ရံေတာ္ေတြက ႐ႈမိသားစုႏွင့္ လံုးဝမပတ္သက္ေပ။ ဒီမိန္းမက သူ႔ေယာက္်ားအေၾကာင္းကို ဘာမွမသိပါလား။ ဒီအိမ္မွာရွိတဲ့ ကိုယ္ရံေတာ္ေတြမွာ အလုပ္ရွင္မတူဘူးဆိုတာ မသိဘဲ အားလံုးက ႐ႈခ်ိန္လက္ေအာက္ကဟု ထင္ေနခဲ့သည္။ သူတို႔က ၿမိဳ႕ေတာ္က သခင္ေလးဟိန္၏မိသားစုဘက္က ေစလႊတ္ထားတာျဖစ္ၿပီး ႐ႈအိမ္မွာ မိေထြးျဖစ္သူက အာဏာရွိၿပီး သခင္ေလးကို အႏၱရာယ္ျပဳမည္ကို ကာကြယ္ရန္ျဖစ္သည္။ ညသန္းေခါင္မွာ မအိပ္ဘဲ ဒီကိုလာၿပီး သူ႔ေယာက္်ားကိုလာရွာေနသည့္ ခ်င္ယြိက်ိဳးက ကိုယ္ရံေတာ္ေတြရဲ့မ်က္လံုးထဲမွာ လူပ်က္တစ္ေယာက္သာသာပဲ ျဖစ္ေနသည္။ ကိုယ္ရံေတာ္ေတြက သူမကို အၾကည့္တစ္ခ်က္ပင္မေပးဘဲ သူတို႔တာဝန္ကို လုပ္ေဆာင္ေနေသာေၾကာင့္ ခ်င္ယြိက်ိဳးက စိတ္မေကာင္းဟန္ျဖင့္ ေျပာလိုက္သည္။

"ငါ့သားကို ေတြ႕ခ်င္လို႔.. ဒါက ရတယ္မဟုတ္လား.."

"မရဘူး.. ဥကၠ႒႐ႈနဲ႔ သခင္ေလး႐ႈနင္က အိပ္ေပ်ာ္ေနၿပီ.. သခင္ေလးဟိန္လည္း အနားယူေနၿပီ.."

ခ်င္ယြိက်ိဳးက မခံခ်င္ျဖစ္ကာ ဖုန္းကိုထုတ္ၿပီး ႐ႈခ်ိန္ကိုဆက္မည္အျပဳ ခုနက ႐ႈခ်ိန္က သူမဆီကိုဖုန္းမဆက္ဘဲ စာပဲပို႔သည္ကို သတိရသြားသည္။ ဒါက သူမဟာ အေရးမပါဘူးဆိုတာ ျပေနတာပဲမလား။ သူမဖုန္းဆက္လိုက္ရင္ ႐ႈခ်ိန္က ကိုင္ခ်င္မွကိုင္လိမ့္မည္ဟုေတြးကာ ခ်င္ယြိက်ိဳးက လွည့္ျပန္သြားခဲ့သည္။

ေနာက္တစ္ေန႔ ငွက္ေအာ္သံမၾကားေသာေၾကာင့္ ႐ႈနင္က အိပ္ေရးဝစြာ ႏိုးလာခဲ့သည္။ ႏိုးလာလာခ်င္း တစ္ခုခုမွားေနသလို ခံစားလိုက္ရသည္။ သူ႔လက္ေတြ မသိမသာေရႊ႕ကာ ရင္ဘတ္ကိုစမ္းၾကည့္လိုက္မိၿပီး ကိုယ္ေလးတုန္သြားခဲ့သည္။ သူ႔အစ္ကိုႀကီးရဲ့ရင္အုပ္က ဘာေၾကာင့္ ဒီေလာက္ထြားႀကိဳင္းလာတာလဲ..။ ႐ႈနင္က ညည္းလိုက္စဥ္ သူ႔ေခါင္းေပၚက ရယ္သံကို ၾကားလိုက္ရေသာေၾကာင့္ အံ့အားသင့္သြားသည္။ ႐ႈဟိန္က ဘယ္ေတာ့မွမရယ္တတ္ဘူးမဟုတ္လား။

အိုး.. ခ်ီးပဲ..

ခုမွ သူ႔ဦးေႏွာက္က ႏိုးၾကားလာခဲ့သည္။ သူ႔အေဖက ဘာေၾကာင့္ မျပန္ဘဲ သူ႔အိပ္ယာမွာရွိေနေသးတာလဲ..။

႐ႈနင္၏ေက်ာျပင္က ပူျပင္းေသာအထိအေတြ႕ကို ရေသးသျဖင့္ ေနာက္မွာ တစ္ေယာက္ရွိေသးတာလား..?

ထိုစဥ္တခဏ ႐ႈနင္၏မ်က္ႏွာေလးေပၚမွာ အနက္ေရာင္လိႈင္းမ်ား ေပၚလာခဲ့သည္။ ((°△° |||) ︴)

"ႏိုးၿပီလား.."

႐ႈဟိန္က သူ႔ဘယ္လက္ကိုဆန္႔ကာ သားႀကီး၏လက္ေမာင္းကို ပြတ္သပ္လိုက္သည္။ ဒီအသက္အရြယ္ေရာက္မွ သားငယ္ေလးေၾကာင့္ သားႀကီးနဲ႔ပါ အတူအိပ္ခြင့္ရလိုက္တာက ဘယ္ေလာက္ဝမ္းသာစရာ ေကာင္းလိုက္သလဲ..။

"အေဖ.. ေမာနင္း.."

႐ႈနင္က လိမၼာစြာ ႏႈတ္ဆက္လိုက္သည္။

"အင္း.. ေကာင္းေကာင္းအိပ္ရရဲ့လား.."

႐ႈခ်ိန္က ႐ႈနင္၏နဖူးေလးကို ငံု႔နမ္းကာ ေမးလိုက္သည္။ သားငယ္ေလးက အိပ္ယာႏိုးကာစ အနမ္းခံလိုက္ရလို႔ မ်က္ႏွာေလးပန္းေရာင္သန္းသြားၿပီး မ်က္ဝန္းေလးက ေတာက္ပကာ အသံေလးက ႏူးညံ့ခ်ိဳသာေနသည္။

"မင္း မနက္စာ ဘာစားခ်င္လဲ.."

((⊙ o ⊙)) အာ..!! ႐ႈနင္၏ႏွလံုးသားေလးက မင္သက္သြားခဲ့သည္။ အေဖက သူႏွင့္အတူအိပ္ကာ ႏိုးလာေတာ့ အနမ္းေပးကာ ခ်ိဳသာစြာေမးလာခဲ့တာလား..။

"အေဖက မင္းကိုေမးေနတယ္ေလ.."

႐ႈဟိန္က သူ႔အေဖက ညီေလးကို တစ္ေယာက္တည္းလက္ဝါးႀကီးအုပ္ကာ နမ္းေနတာျမင္ေတာ့ မၾကည့္ႏိုင္ေတာ့သျဖင့္ ဝင္ေမးလိုက္ရင္း သူရွိေၾကာင္းသတိေပးလိုက္သည္။

႐ႈနင္က ေနာက္လွည့္ၾကည့္ေတာ့ အစ္ကိုႀကီးက လက္ေမာင္းေပၚေခါင္းအံုးကာ သူ႔ကို ခပ္မွိန္မွိန္ၾကည့္ေနသည္ႏွင့္ တိုးသြားသည္။

((⊙v⊙)) အေျခအေနမေကာင္းေတာ့ဘူး.. ဒီသားအဖက သူ႔ဆီကမ်က္ႏွာသာရဖို႔ ၿပိဳင္ေနၾကတာလား..။

႐ႈခ်ိန္က မ်က္ႏွာေသးေသးေလးကို လက္ျဖင့္အုပ္ကာ သူ႔ဘက္ျပန္လွည့္လာေစၿပီး ေျပာလိုက္သည္။

"အထက္တန္းေက်ာင္းသားဘဝက မလြယ္ကူဘူး.. အေတာ္ေလး ခက္ခဲႏိုင္တယ္.. မင္းအစ္ကိုႀကီးက မင္းကိုအႏိုင္က်င့္ရင္ အေဖ့ကို ခ်က္ခ်င္းဖုန္းဆက္လိုက္ ဟုတ္ၿပီလား.."

"ဟုတ္ကဲ့.."

႐ႈနင္က ဘယ္လိုတံု႔ျပန္ရမွာလဲ..။ တကယ္ေတာ့ ႐ႈခ်ိန္၏ရင္ထဲမွာ သူ႔သားႀကီးက ဦးစားေပးပထမဆိုတာ သိေသာေၾကာင့္ ႐ႈနင္ တိတ္ဆိတ္ေနလိုက္သည္။

႐ႈဟိန္၏မ်က္ႏွာထားက ေလးနက္ကာ ခန္႔မွန္းရခက္ေသာပံုျဖစ္ေနသည္။

"ကၽြန္ေတာ္တို႔ႏွစ္ေယာက္ေပါင္းၿပီး အေဖ့ကို အႏိုင္က်င့္ရင္ ပိုေကာင္းမယ္ထင္တယ္.."

႐ႈနင္ : "........."

႐ႈဟိန္၏စကားေၾကာင့္ ႐ႈနင္ လဲက်သြားခ်င္သည္။

"အင္း.. ဒါလည္းျဖစ္ႏိုင္တာပဲ.."

႐ႈခ်ိန္က ရယ္ေမာကာ ႐ႈနင္၏ႏွာေခါင္းဖ်ားေလးကို အသာညႇစ္ကာ ေျပာလိုက္သည္။

"တကယ္လို႔ ဒီလိုလုပ္ရင္ေတာင္ အေဖက မင္းကို ဘာမွမေျပာပါဘူးကြ.."

"တကယ္လားအေဖ.."

႐ႈနင္က မ်က္လံုးေလးေတြ တဖ်တ္ဖ်တ္လက္ကာ ေမးလိုက္သည္။

႐ႈဟိန္က ဝင္ေျပာလိုက္သည္။

"အေဖ.. ကၽြန္ေတာ့္စကားလံုးေတြကို ယူၿပီး ထပ္မေျပာနဲ႔ေတာ့ေလဗ်ာ.."

႐ႈနင္ : "........."

ခင္ဗ်ားတို႔ႏွစ္ေယာက္က နတ္ဘုရားေတြပါဗ်ာ.. ကၽြန္ေတာ္က နဂါးႏွစ္ေကာင္ၾကားက ၾကက္ေပါက္ေလးပါ..။ ကၽြန္ေတာ့္ကို ဟိုဘက္ပို႔ ဒီဘက္ပို႔ မလုပ္ၾကပါနဲ႔..။ အသက္႐ွဴေပါက္ေလး ေပးၾကပါဦး..။

႐ႈခ်ိန္က သားႀကီး၏သဝန္တိုစကားေၾကာင့္ ရယ္ေမာလိုက္သည္။

"ေရွာင္ခ်ိန္က ဘယ္ေတာ့မွ ဟာသစကားမေျပာတတ္ဘူး.. နင္နင္ သားေၾကာင့္ သားအစ္ကိုကက မေျပာတတ္ေျပာတတ္ ရယ္စရာေျပာထြက္လာတာကြ.."

႐ႈဟိန္က ႐ႈနင္ကိုသိုင္းဖက္ကာ ေျပာလိုက္သည္။

"သူက ကၽြန္ေတာ့္ညီေလးပဲ.. ေျပာေပးရမွာေပါ့.."

ဘာေတြေျပာေနတာလဲ..။ အိုး.. ဟုတ္သားပဲ..။ ငါတို႔က ၿမိဳ႕ေတာ္မွာ ေက်ာင္းသြားတက္ရေတာ့မယ္..။ ခ်င္ယြိက်ိဳးက ကိုယ္ဝန္ရွိေနလို႔ ငါ့ကို ဂ႐ုမစိုက္ႏိုင္ေလာက္ဘူးဆိုၿပီး ႐ႈဟိန္က ငါ့ကို ၿမိဳ႕ေတာ္ေခၚၿပီး သူတကၠသိုလ္တက္ရင္း ငါက အထက္တန္းတက္ရမွာ..။ ဒါဆို ငါက ေက်ာင္းကအေဆာင္မွာ မေနရေတာ့ဘူးေပါ့..။

႐ႈဟိန္က C ၿမိဳ႕ေတာ္မွာ ထိပ္တန္းသခင္ေလးျဖစ္ေပမယ့္ ၿမိဳ႕ေတာ္ေပက်င္းမွာဆိုရင္ သူ႔လႊမ္းမိုးႏိုင္စြမ္းက က်ဆင္းသြားမွာပဲ။ ငါက သူနဲ႔ခပ္ေဝးေဝးေနခ်င္ကာမွ သူက ဘာေၾကာင့္ ငါ့ကို သူ႔နား နီးနီးကပ္ကပ္ ေခၚထားခ်င္ပါလိမ့္။ ႐ႈနင္က စိတ္ပ်က္လက္ပ်က္ ျဖစ္လို႔ေနသည္။

႐ႈဟိန္နဲ႔ ႐ႈခ်ိန္က အင္မတန္ထက္ျမက္ကာ အကင္းပါးၾကသူမ်ားျဖစ္ေသာေၾကာင့္ ႐ႈနင္စိတ္ညစ္သြားတာကို သတိထားလိုက္မိၾကသည္။ သူတို႔က ခ်က္ခ်င္းလဲေလ်ာင္းကာ တၿပိဳင္တည္း ႐ႈနင္ကိုဖက္လိုက္ၾကသည္။
နတ္ဘုရားႏွစ္ပါး၏ကိုယ္က ထိကပ္ေနေသာေၾကာင့္ ႐ႈနင္တစ္ကိုယ္လံုး ပူအိုက္လာခဲ့သည္။

ပူတယ္.. ပူတယ္.. ခင္ဗ်ားတို႔က မပူၾကဘူးလား..

႐ႈခ်ိန္က ႐ႈနင္၏ပါးျပင္ေလးကို လက္ႏွင့္ပြတ္ေနၿပီး ႐ႈဟိန္က ႐ႈနင္၏ဗိုက္ေလးကို ပြတ္သပ္ေနၾကသည္။ ကၽြန္ေတာ့္ကို ေခြးေလးလိုသေဘာထားေနၾကတာလား.. (/ (ㄒo ㄒ) / ~~)

တစ္ေယာက္ေယာက္ ကၽြန္ေတာ့္ကို ကယ္ၾကပါဦးဗ်ိဳ႕..

႐ႈဟိန္၏ဖုန္းထဲ စာတစ္ေစာင္ဝင္လာၿပီး ဖတ္ၾကည့္မိေတာ့ ႐ႈဟိန္၏မ်က္ႏွာ ေမွာင္မည္းသြားၿပီး ေျပာလိုက္သည္။

"အဖိုးက ကၽြန္ေတာ္တို႔ကို ေအာက္ဆင္းၿပီး မနက္စာစားဖို႔ေခၚေနၿပီ.."

႐ႈခ်ိန္က တြန္႔ဆုတ္စြာထကာ ေျပာလိုက္သည္။

"မင္းတုိ႔လည္း ထသင့္ၿပီ.. အဖိုးကို မေစာင့္ခိုင္းနဲ႔ဦး.."

႐ႈခ်ိန္ထသြားေတာ့ ႐ႈဟိန္က အက်င့္ပါစြာျဖင့္ နင္နင္ကို အိပ္ယာေပၚက ဆြဲထူေပးလိုက္သည္။ နင္နင္က သမ္းရင္း ေရခ်ိဳးခန္းထဲဝင္သြားခဲ့သည္။ ႐ႈဟိန္လည္း လိုက္ဝင္လာၿပီး မွန္ေရွ႕မွာ ေယာက္်ားေလးႏွစ္ေယာက္ တၿပိဳင္တည္းမ်က္ႏွာသစ္ သြားတိုက္ေနၾကသည္။

႐ႈခ်ိန္က ေရခ်ိဳးခန္းထဲလိုက္ဝင္လာၿပီး ေမးလိုက္သည္။

"နင္နင္.. သြားတိုက္တံအသစ္ မရွိဘူးလား.."

႐ႈနင္က အသစ္သြားယူေပးေတာ့ သူ႔ရဲ့ေရခ်ိဳးခန္းက်ဥ္းက်ဥ္းေလးထဲ အေဖကပါ ဝင္ၿပီး မ်က္ႏွာသစ္သြားတိုက္ေနေသာေၾကာင့္ လူၾကပ္လို႔ေနသည္။ ႐ႈခ်ိန္က တဘတ္တစ္ခုကို ေရစြတ္ကာ ႐ႈဟိန္ကို မ်က္ႏွာသစ္ရာမွာ ကူေပးလိုက္ေတာ့ ႐ႈဟိန္၏ကိုယ္က ေတာင့္တင္းသြားခဲ့သည္။ လူပ်ိဳျဖစ္မွ အေဖက ကေလးလိုမ်က္ႏွာသစ္ေပးတာ ခံေနရတာလား..။

႐ႈနင္က ဒီျမင္ကြင္းေၾကာင့္ သေဘာက်စြာ အူလိႈက္သည္းလိႈက္ ရယ္ေမာလိုက္သည္။

႐ႈဟိန္က အေဖႀကီး၏မ်က္ႏွာသစ္ေပးမႈေၾကာင့္ မ်က္ႏွာနီသြားသည္။

႐ႈခ်ိန္က ညစ္က်ယ္က်ယ္ရယ္ေနေသာ မ်က္ႏွာသစ္ၿပီးသြားသည့္ သားငယ္ေလးကိုေပြ႕ခ်ီကာ ေျပာလိုက္သည္။

"သြားခ်ိန္ေရာက္ၿပီ.."

ဒီတစ္ခါေတာ့ ႐ႈနင္၏မ်က္ႏွာ ေမွာင္မည္းသြားရေတာ့သည္။ သူက ငါးႏွစ္သားေလးလို အေဖက သူ႔ကိုခ်ီၿပီး ေအာက္ထပ္ဆင္းသြားတာ ခံလိုက္ရသည္။ ငါေသပါရေစ..။

႐ႈဟိန္က ေနာက္က ထပ္ခ်ပ္မခြာလိုက္လာၿပီး ညီေလးရဲ့လက္ေမာင္းကို ဆုပ္ကိုင္ထားသည္။ ခ်င္ယြိက်ိဳးက ေလွကားေျခရင္းမွာ ၿပံဳးရႊင္စြာေစာင့္ရင္း ေျပာလိုက္သည္။

"ေမာနင္း အစ္ကို႐ႈ.. အေဖကေစာင့္ေနၿပီ.. ျမန္ျမန္လာထိုင္ပါေတာ့.."

႐ႈနင္က ၾကမ္းျပင္ေပၚခ်ေပးခံရေတာ့ သူ႔ကိုၿပံဳးကာစိုက္ၾကည့္ၿပီး လက္ဆန္႔တန္းေပးေနေသာ အဖိုးကို ေျပးဖက္ကာ ေပါင္ေပၚေပြ႕တင္ခံလိုက္ရသည္။

ဒီအိမ္ကနတ္ဘုရား၃ပါးက မလြယ္ပါလား..။ သူတို႔နဲ႔ေနရတာ တကယ္စိတ္ပင္ပန္းတယ္..။

႐ႈဟိန္သည္ ဘာမွမျဖစ္သလို လ်စ္လွ်ဴ႐ႈထားေပမယ့္ ႐ႈခ်ိန္က သားႀကီး၏ပုခံုးကိုပုတ္ကာ ႏွစ္သိမ့္ၿပီးေျပာလိုက္သည္။

"ဒီေန႔ အေဖနဲ႔ ႐ံုးကိုလိုက္ခဲ့.. ဒါၿပီးရင္ အလုပ္အားလံုးၿပီးၿပီ.."

ဒီေန႔က မင္းရဲ့ ေနာက္ဆံုးေန႔ပဲ.. ေကာင္းေကာင္းေနသြားေပေတာ့.. ဟု ခ်င္ယြိက်ိဳးက စိတ္ထဲကေန ေလွာင္ေျပာင္ေျပာေနလိုက္သည္။ 18 ႏွစ္သားေလးက ႐ံုးခန္းတစ္ခုလံုးကို ဘယ္လိုကိုင္လႈပ္ႏိုင္မွာလဲ..။ ခ်င္ယြိက်ိဳးက ရည္ရြယ္ခ်က္ရွိရွိ မလႈပ္ရွားေသးေပမယ့္ ႐ႈခ်ိန္႐ံုးခန္းထဲဝင္လာသည္ႏွင့္ တစ္ခါတည္း႐ိုက္ခ်ႏိုင္ဖို႔ ေထာင္ေခ်ာက္မ်ိဳးစံုကို ဆင္ထားၿပီးျဖစ္သည္။

မနက္စာစားၾကေတာ့ ႐ႈေကာင္းေပါင္ေတြ က်ဥ္မွာစိုးေသာေၾကာင့္ ႐ႈနင္က ကိုယ့္ဘာသာထိုင္စားေနလိုက္သည္။ အသက္ 60 ေက်ာ္ ႐ႈေကာင္းက သန္မာတယ္ဆိုေပမယ့္ အဖုိးကို လံုၿခံဳစိတ္ခ်ေစခ်င္သည္။ ႐ႈဟိန္က သူ႔အေဖက သူ႔ကို ေရာင္းစားလိုက္ၿပီဆိုတာ မသိေသးဘဲ ၿမိဳ႕ေတာ္ကအိမ္မွာ အလွဆင္ဖို႔စဥ္းစားေနသည္။ ရႊီက်င္းက အိမ္ေမြးတိရိစာၦန္ ေခြးတစ္ေကာင္ေမြးဖို႔ေျပာေပမယ့္ ႐ႈဟိန္က ႐ႈနင္အပ်င္းေျပဖို႔ ၿခံထဲမွာ ငါးကန္ႀကီးတစ္ကန္လုပ္ကာ ငါးေမြးေပးဖို႔စဥ္းစားထားသည္။

႐ႈနင္က မနက္စာစားၿပီးေတာ့ သူ႔အခန္းကိုျပန္သြားၿပီး ႐ႈခ်ိန္က ႐ႈေကာင္းႏွင့္အတူ စတုတၳထပ္ကို တက္သြားသည္။ ႐ႈဟိန္က ႐ံုးထြက္သြားေသာေၾကာင့္ ခ်င္ယြိက်ိဳးက ေယာက္်ားနားကပ္ခ်ိန္မရလိုက္ေပ။ သူမက ကေလးအတြက္စိုးရိမ္ေသာေၾကာင့္ ေဆး႐ံုကို ေဆးစစ္ဖို႔ ထြက္လာခဲ့သည္။

စတုတၳထပ္က ေနေရာင္ႏွင့္ ေလေကာင္းစြာရၿပီး ႐ႈခင္းေကာင္းကာ အပန္းေျဖဖို႔လည္းေကာင္းသည္။ ႐ႈခ်ိန္က လက္ဖက္ရည္တစ္ခြက္ေသာက္ရင္း ၿငိမ္ေနေသာေၾကာင့္ ႐ႈေကာင္းက ကတ္ေၾကးတစ္လက္ယူကာ ပန္းပင္ကိုင္းတစ္ခုကိုျဖတ္ရင္း ေမးလိုက္သည္။

"ဘာျဖစ္လို႔လဲ.. သူမက မင္းကို ျပႆနာရွာလို႔လား.."

႐ႈခ်ိန္က ဘာမွမေျဖဘဲ လက္ဖက္ရည္ၾကမ္းကိုသာ ေသာက္ေနသည္။ ဆြန္းလင္းက မုန္႔တစ္ပန္းကန္လာခ်ေပးလိုက္သည္။ ႐ႈေကာင္းက ေခါင္းယမ္းကာ ေျပာလိုက္သည္။

"ဘာျဖစ္သလဲ.. ငါ့ကိုေျပာစမ္း.. ဒီမိန္းမအတြက္ စိတ္႐ႈပ္ရျပန္ၿပီလား.. မင္းကငါနဲ႔ လံုးဝမတူဘူး.. ငါနဲ႔သာတူရင္ ဒီဟာက မင္းအတြက္ ဘာမွစိတ္႐ႈပ္စရာ ျဖစ္မွာမဟုတ္ဘူး.."

"အဲ့ဒီလိုမ်ိဳးမဟုတ္ပါဘူး.."

"မင္းက ငယ္ေသးတာပဲ.. မေန႔ညက မင္းရဲ့လွံတံက ေကာင္းေကာင္းအသံုးဝင္ေသးတယ္မဟုတ္လား.."

႐ႈခ်ိန္က မ်က္ႏွာနီသြားသည္။

"အေဖ.."

"မင္း ေျပာမလား မေျပာဘူးလား.. မင္းမေျပာရင္ ငါထင္တာမမွားဘူးဆိုတဲ့သေဘာပဲ.."

"အေဖကေတာ့ တကယ္အံ့ၾသစရာ အေကာင္းဆံုးပဲ.."

"ဘာေတြျဖစ္ေနတာလဲ.."

"တျခားမိသားစုေတြက ကိုယ္ပိုင္ကၽြန္းေတြကို ဝယ္ထားၾကတယ္.. ကၽြန္ေတာ္လည္း တစ္ခုေလာက္ဝယ္ၿပီး ေနာင္မွာ ခရီးသြားလုပ္ငန္းလုပ္ရင္ ေကာင္းမလားလို႔ စဥ္းစားေနတာ.."

ကၽြန္းကိုဝယ္ၿပီး အပန္းေျဖခရီးသြားလုပ္ငန္းလုပ္ဖို႔ဆိုတာ သုေတသနမ်ားစြာလိုအပ္ၿပီး ထုိေဒသက ခရီးသြားေတြကို ဆြဲေဆာင္ႏိုင္ေလာက္ေသာ အလွအပႏွင့္ ယဥ္ေက်းမႈရွိရဲ့လား၊ ခရီးသြားေတြ ေဘးကင္းႏိုင္ရဲ့လားဆိုတာ သိဖို႔လိုအပ္သည္။ ဒါေပမယ့္ သုေတသနေသခ်ာလုပ္ႏိုင္ၿပီး ေကာင္းမြန္ေသာေနရာကို ဝယ္ယူထားႏိုင္ရင္ ျပည္တြင္းခရီးသြားလာေရး ေခတ္ေရစီးေၾကာင္းက ေဟာ့လာခ်ိန္မွာ အျမတ္မ်ားစြာရမွာ ေသခ်ာသည္။

"ငါတို႔ ႐ႈလုပ္ငန္းစုမွာ လုပ္ငန္းခြဲအမ်ားႀကီးရွိေနၿပီပဲ.. လုပ္ငန္းတိုးခ်ဲ႕ရင္ ဦးစီးဖို႔ လူေကာင္းကို ရွာဖို႔လိုအပ္တယ္.."

"အေဖ... ကၽြန္ေတာ္သေဘာေပါက္ပါတယ္.. ဒီကၽြန္းက အားလပ္ရက္အပန္းေျဖဖို႔ တကယ္ကိုေကာင္းမြန္လွတယ္.."

အင္း.. ငယ္ရြယ္တာက တကယ္ကိုေကာင္းတာပဲဟု ေတြးကာ ႐ႈေကာင္းၿပံဳးေနသည္။

႐ႈခ်ိန္က ခ်င္ယြိက်ိဳးအေၾကာင္း တစ္လံုးမွထည့္မေျပာသြားေပ။ ဒါက သူတုိ႔အိမ္ေထာင္ေရးျပႆနာျဖစ္လို႔ သူတို႔ဘာသာပဲေျဖရွင္းမည္၊ ႐ႈခ်ိန္က ႐ႈေကာင္း၏ေဘးမွာ ထိုင္ေနရင္း စိတ္သက္သာရာရသလို ခံစားလိုက္ရသည္။ ႐ႈေကာင္းက သူ႔အတြက္ အားကိုးရာေကာင္းကင္ႀကီးျဖစ္သည္။

တကယ္လို႔ ခ်င္ယြိက်ိဳးသာ ပင္လယ္ထဲကကၽြန္းမွာပဲေနရၿပီး သူမကေလးေတြနဲ႔ ေဝးသြားရင္ သူမ ဘာမ်ားေျပာမလဲ..။ အနာဂတ္မွာ ႐ႈခ်ိန္က ႐ႈနင္ကို ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမလဲ..။

ခ်င္ယြိက်ိဳးက ယခုကိုယ္ဝန္ေဆာင္ကာလမွာ ေဟာ္မုန္းအတက္အက်ေၾကာင့္ ဆတ္ဆတ္ထိမခံျဖစ္ေနသည္ကို သိသည္။ သူမက တျခားမိန္းမေတြနဲ႔ သူ႔ကိုသံသယဝင္ေနတာကို သည္းခံႏိုင္သည္။ ဒါေပမယ့္ ခ်င္ယြိက်ိဳးက ႐ႈနင္ကို ဖိအားေပးကာ လမ္းမွားကိုေရာက္ေစမွာကိုေတာ့ ႐ႈခ်ိန္ ခြင့္မလႊတ္ႏိုင္ေပ။ တကယ္လို႔ ႐ႈေယာင္ေမြးလာခဲ့ရင္ ခ်င္ယြိက်ိဳးနဲ႔အတူ ႀကီးျပင္းလာေစပါက ဒီကေလးက သူမလိုအပ္သလို ပံုသြင္းခံရႏိုင္ၿပီး မေကာင္းတဲ့ကေလး ျဖစ္သြားႏိုင္သည္။ ႐ႈခ်ိန္က သူ႔အတြက္ ဇနီးတစ္ေယာက္ကို လိုခ်င္ခဲ့သည္။ ေရွ႕တမ်ိဳး ကြယ္ရာတမ်ိဳး လုပ္တတ္သည့္ တီေကာင္လိုမိန္းမကို လိုခ်င္တာမဟုတ္ေပ။

သူက အိမ္ျပင္မွာ စီးပြားရွာေနၿပီး ကေလးေတြကို မၾကည့္ႏုိင္ေပ။ ခ်င္ယြိက်ိဳးရဲ့ထိန္းခ်ဳပ္မႈနဲ႔ ကေလးေတြ ေသြးကြဲကာ တိုက္ခိုက္ကုန္ရင္ ဘယ္လိုလုပ္မလဲ..။ ခ်င္ယြိက်ိဳးက ႐ႈနင္ႏွင့္႐ႈေယာင္ကို ေမြးထားေပးေသာေၾကာင့္ မစၥ႐ႈဆိုသည့္ေနရာကိုေတာ့ ရရွိထားၿပီျဖစ္သည္။ တကယ္လို႔ ကေလးေမြးၿပီး သူမက စိတ္ပ်က္စရာလုပ္ရပ္ေတြ လုပ္လာရင္ေတာ့ ကေလးေတြနဲ႔ေဝးရာမွာ သူမကို ထားမွျဖစ္မည္။

႐ႈခ်ိန္က ပင္လယ္ထဲကကၽြန္းကို ေသခ်ာေပါက္ဝယ္မွာျဖစ္ၿပီး ေနာင္မွာ ဘယ္သူေနရမယ္ဆိုတာေတာ့ မသိေသးေပ။

႐ႈခ်ိန္က ႐ံုးကိုမသြားခင္ ေရခဲမုန္႔သြားဝယ္ခိုင္းၿပီး ႐ႈနင္၏အခန္းကို လာခဲ့သည္။

တံခါးေခါက္သံၾကားခ်ိန္မွာ ႐ႈနင္က share အေရာင္းအဝယ္ website ကိုၾကည့္ေနတာျဖစ္ၿပီး ခ်င္ယြိက်ိဳးထင္ကာ ကြန္ပ်ဴတာကိုပိတ္ကာ တံခါးဖြင့္ေပးလိုက္ေတာ့ သူ႔အေဖျဖစ္ေနသည္။

"အေဖ.."

"ဒီေန႔က အေတာ္ပူတယ္.. တစ္ခုလိုခ်င္လား.."

ေရခဲမုန္႔.. ေသခ်ာတာေပါ့.. လိုခ်င္တယ္..။ ႐ႈနင္ကို ဗိုက္ေအာင့္မွာစိုးေသာေၾကာင့္ ႐ႈဟိန္က သိပ္မစားခုိင္းေပ။ အခု အေဖကိုယ္တိုင္ဝယ္လာေပးေတာ့ ေပ်ာ္ရႊင္စြာလွမ္းယူကာ ဆိုဖာေပၚထိုင္ၿပီး လွ်ာေလးႏွင့္လ်က္လိုက္စဥ္ အေဖက သူ႔ကိုစိုက္ၾကည့္ေနေသာေၾကာင့္ တစ္ခုခုမွားေနသလားဟု ထင္လာမိသည္။

"အေဖ.. တစ္ကိုက္ေလာက္ စားၾကည့္မလား.."

"ဒါေပါ့.."

႐ႈခ်ိန္က ေခါင္းညိတ္ကာ ေပ်ာ္သြားသည္။ ငါ့သားေလးက ငါ့ကိုမမုန္းဘူးပဲ..

႐ႈနင္က သူ႔ကိုသေဘာမက်ဘဲ ဘယ္ေနမလဲ..။ ေအးတိေအးစက္သားႀကီးနဲ႔ အေနမ်ားလို႔ သူလည္း ထံုထိုင္းသြားၿပီထင္တယ္..။

႐ႈနင္က သူစးာေနသည့္ေရခဲမုန္႔ကို အေဖက မရြံမရွာစားသည္ကိုေတြ႕ေတာ့ မ်က္လံုးေလးေတာက္ပကာ ရင္ထဲ ေပ်ာ္ရႊင္လာခဲ့သည္။ ႐ႈခ်ိန္၏ႏွလံုးသားေလး ပူေႏြးလာေပမယ့္ သူ႐ံုးကိုသြားရမည္ျဖစ္လို႔ စိတ္မေကာင္းျဖစ္လာသည္။

"အေဖနဲ႔အတူ ႐ံုးကို အေပ်ာ္လိုက္ၾကည့္ခ်င္လား.."

အံ့အားသင့္သြားၿပီး ႐ႈနင္ စားလက္စေရခဲမုန္႔ကို မႈတ္ထုတ္လိုက္မိသည္။

႐ႈခ်ိန္က တစ္သွ်ဴးျဖင့္သုတ္ေပးလိုက္သည္။ ဘာမွားသြားလို႔လဲဟု သူေတြးေနသည္။

"မင္းစားၿပီးရင္ အေဖ မင္းကိုေခၚသြားမယ္.."

"အေဖ.. ကၽြန္ေတာ္လိုက္လို႔ရပါ့မလား.. စာအုပ္ေတြအမ်ားႀကီး ထုပ္ပိုးဖို႔က်န္ေသးတယ္.. ၿပီးရင္ ကၽြန္ေတာ္.."

႐ႈခ်ိန္က ထရပ္ကာ ႐ႈနင္၏မ်က္ႏွာေလးကို ညင္သာစြာထိကာ ေျပာလိုက္သည္။

"အေဖတို႔ ဥကၠ႒႐ံုးခန္းထဲမွာ ကစားၾကမယ္ေလ.. ေန႔လည္စာအတူ အျပင္မွာသြားစားၿပီးရင္ အေဖက အလုပ္လုပ္မယ္၊ သားက ကစားေပါ့.. ညေန႐ံုးဆင္းရင္ အျပင္မွာသြားကစားၿပီးမွ အိမ္ျပန္လာၾကမယ္ေလ.. သားက မနက္ျဖန္ ၿမိဳ႕ေတာ္ကိုသြားရေတာ့မယ္မလား.."

႐ံုးခန္းက အရင္ဘဝက သူ႔အတြက္ အျပစ္ေပးရာေနရာႀကီးတစ္ခုလို ျဖစ္ခဲ့ေသာေၾကာင့္ ႐ႈနင္က မသြားခ်င္ေပမယ့္ သူ႔အေဖက စိတ္အားထက္သန္ေနေသာေၾကာင့္ မျငင္းရက္ေတာ့ေပ။

ဒီလိုနဲ႔ သူ႔အေဖနဲ႔အတူ ကားထဲဝင္ထုိင္ကာ အေဖ့လက္ကိုတြဲၿပီး ႀကီးက်ယ္ခမ္းနားသည့္ company ႐ံုးခန္းထဲ ဝင္လာခဲ့သည္။ လူတိုင္းက ဦးညြတ္အ႐ိုအေသေပးကာ မ်က္လံုးပင္ ပင့္မၾကည့္ရဲၾကေပ။ ခ်င္ယြိက်ိဳးရဲ့ေနာက္ကေန လိုက္ၿပီး ႐ံုးခန္းထဲဝင္ရတာနဲ႔ အေဖ့လက္တြဲၿပီး ဝင္ရတာ တကယ္ မိုးနဲ႔ေျမလိုကြာလြန္းလွသည္။

ဥကၠ႒႐ံုးခန္းက က်ယ္ဝန္းကာ တခမ္းတနားရွိကာ သီးသန္႔ဆန္လွသည္။ ႐ႈနင္က အရမ္းကိုစိတ္လႈပ္ရွားၿပီး ႐ံုးခန္းကိုလွည့္ပတ္ၾကည့္ေနသည္။ အရင္ဘဝက သူ ႐ံုးခန္းထဲဝင္ရသည့္အခ်ိန္က အဆူခံရသည့္အခ်ိန္ျဖစ္ၿပီး ေခါင္းကိုငံု႔ကာ ဘယ္ကိုမွမၾကည့္ဝံ့ခဲ့ေပ။ အခုေတာ့ အေတာ္ေလးေပါ့ပါးကာ စိတ္တိုင္းက်လွည့္ပတ္ၾကည့္ကာ ကစားႏိုင္ေလၿပီး တစ္နာရီေလာက္မွာ သူ႔အေဖက အလုပ္လုပ္ရာက ခဏနားၿပီး သားအေဖ ေရေသာက္ၾကသည္။

"သားလည္း ပ်င္းေနေရာေပါ့.."

႐ႈခ်ိန္က ေသတၱာဘူးတစ္ခုကိုယူကာ ဖြင့္ေပးလိုက္သည္။

"အထဲမွာ မုန္႔ေတြနဲ႔ ဂိမ္းစက္ေတြရွိတယ္.. ကစားႏွင့္လိုက္ဦး.. မင္းလည္းႀကိဳက္ေလာက္မွာပါ.. ေနာက္ဆံုးေပၚ Walkman game ေတြ.."

"အင္း.."

႐ႈနင္က ဂိမ္းစက္ကိုဆြဲထုတ္ကာ ကစားလိုက္သည္။ အခုခ်ိန္က MP3 ေတာင္မေပၚေသးဘူးမဟုတ္လား.. (→  _ →)

အတြင္းေရးမွဴးက သတင္းပို႔လာေတာ့ ႐ႈခ်ိန္က အလုပ္ျပန္လုပ္ရေတာ့သည္။ အလုပ္အမႈေဆာင္မ်ား၊ မန္ေနဂ်ာမ်ားႏွင့္ စီးပြားေရးကိစၥ ေဆြးေႏြးေနသည္။

ခ်င္ယြိက်ိဳးက ေန႔ခင္းပိုင္းမွာ ဟင္းမ်ားကိုသယ္ေဆာင္ကာ ေရာက္လာသည္။ သူမေယာက္်ားႏွင့္ စကားမ်ားထားေပမယ့္ ႐ႈနင္က ႐ံုးကိုလိုက္သြားေသာေၾကာင့္ သားကိုအေၾကာင္းျပကာ ေန႔လည္စာအတူစားဖို႔၊ ေယာက္်ားကိုမ်က္ႏွာျပဖို႔ လိုက္လာျခင္းျဖစ္သည္။ ႐ႈဟိန္က လက္မွတ္ထိုးစရာရွိလို႔ ႐ံုးခန္းထဲဝင္လာစဥ္ ခ်င္ယြိက်ိဳးကိုျမင္သည္ႏွင့္ ဘာမွမေျပာဘဲ ႐ႈနင္၏လက္ေလးကိုဆြဲကာ ႐ံုးခန္းထဲမွာ ထြက္သြားခဲ့သည္။

႐ႈခ်ိန္ : (⊙ o ⊙) သားအဖ ပိုရင္းႏွီးေအာင္လုပ္မယ့္ ငါ့အစီစဥ္က ဘယ္ေရာက္သြားၿပီလဲ..?

ခ်င္ယြိက်ိဳး : "........."

ငါက ဒီအတိုင္း လမ္းႀကံဳဝင္လာ႐ံုပါ..။ ငါလုပ္လိုက္လို႔ သူ႔အေဖနဲ႔ နင္နင္တို႔ ရင္းႏွီးမယ့္အစီစဥ္ ပ်က္သြားၿပီလား။ သူမေယာက္်ား၏ မတုန္မလႈပ္ဟန္ကိုေတြ႕ေတာ့ သူမအေၾကာင္းျပခ်က္ေပးကာ ေရွာင္ထြက္သြားခဲ့သည္။

"ကၽြန္မ ခ်ိန္းထားတာရွိလို႔ ညမွေတြ႕ေတာ့မယ္ေနာ္ ေယာက္်ား.."

႐ႈခ်ိန္ : "........."

ငါက နင္နင္ေလးနဲ႔ ေန႔လည္စာအတူတူစားဖို႔ ကတိေပးထားတယ္ေလ..

႐ႈဟိန္က နင္နင့္ကိုေခၚသြားၿပီး ေဘးကပ္လ်က္႐ံုးခန္းထဲတြင္ အလုပ္ဆက္လုပ္ေနသည္။ ႐ႈဟိန္က ဒီ႐ံုးမွာ မင္းသားတစ္ပါးျဖစ္ၿပီး ဥကၠ႒၏သားႀကီးျဖစ္သည္။ အခု ဒီမင္းသားက လက္မွာကေလးတစ္ေယာက္ကိုဆြဲကာ ႐ံုးခန္းထဲဝင္သြားလို႔ အားလံုး အံ့အားသင့္ေနစဥ္ ဒါက ဥကၠ႒၏ဒုတိယသားေလးျဖစ္တယ္၊ ႐ံုးခန္းကိုလာလည္တယ္ဆုိတဲ့သတင္းက ဝန္ထမ္းေတြၾကား ေတာမီးလို ခ်က္ခ်င္းျပန္႔သြားသည္။

ထိုအခ်ိန္မွာ ႐ႈဟိန္က သူ႔႐ံုးခန္းထဲမွာ ႐ႈနင္၏လက္ေလးကို ဆုပ္ကိုင္ကာ ဆိုဖာခံုမွာ ေဘးခ်င္းယွဥ္ထိုင္လို႔ေနေလၿပီ။

=====================









Chapter (58) – နတ်ဘုရားနှစ်ပါးကြားက ကြက်ဖြူကလေး

ရှုချိန်သည် ရှုနင်ကိုဖက်ရင်း သူတို့ငယ်စဉ်ဘဝအကြောင်းများစွာကို ပြောကြားခဲ့သည်။ ရှုနင်က အိပ်ချင်စိတ်ကိုတောင့်ခံပြီး နားထောင်နေပေမယ့် နောက်ဆုံး မျက်လုံးက ပိတ်ကျသွားတော့သည်။ ရှုချိန်က သားငယ်လေးကို အိပ်ယာထက်မှာချပေးပြီး စောင်ခြုံကာ ထွက်လာတော့မည်အပြု ရှုနင်က သူ့ကိုပွေ့ဖက်ထားသော နွေးထွေးမှုပျောက်သွားသောကြောင့် မျက်မှောင်ကြုတ်ကာ လက်ကိုဆန့်တန်းပြီး လိုက်စမ်းလိုက်သည်။ ဒီမြင်ကွင်းကိုတွေ့တော့ ရှုချိန်၏နှလုံးသားလေးက ပျော့ကျသွားပြီး သားလေးရဲ့ဘေးကို လှဲချပြီး ကလေးငယ်ကို လက်မောင်းကြားထဲဆွဲသွင်းလိုက်တော့ ရှုနင်၏ကိုယ်လေးက နူးညံ့ကာ ဖက်ရတာ အနေတော်ရှိသည့် ပျော့ပျောင်းသောဖက်လုံးလေးလို ရှုချိန်ဘဝမှာ တစ်ခါမှမခံစားဖူးသည့် နွေးထွေးမှုကို ခံစားလိုက်ရသည်။

ရှုဟိန်က တခြားကလေးနဲ့မတူဘဲ ငယ်စဉ်ကတည်းက ခပ်တည်တည်နေတတ်ပြီး အခုလို ဖခင်နှင့် တရင်းတနှီးပွေ့ဖက်ခြင်း မရှိခဲ့ပေ။ သူ့နားကိုလည်း ဘယ်သူမှ အနားကပ်မခံပေ။ ဒါက သားကြီး၏စရိုက်ဆိုတာ လက်ခံပြီး ရှုချိန်က ဒီလိုနေပေးခဲ့ပေမယ့် ယခု ရှုနင်နှင့်တွေ့မှ သူ့အမြင်အတွေးတွေက ပြောင်းလဲသွားတော့သည်။ ရှုနင်က သူ့ကိုတိုးဝှေ့ကာ ဖက်ထားခံရသည့်အရသာက တကယ်ကို ကောင်းလှသည်။ ဒါကြောင့် ရှုဟိန်က သားငယ်လေးကို သွားလေရာပွေ့ချီပြီးခေါ်သွားတာ အံ့သြစရာမရှိတော့ပေ။ သားလေး၏အသားအရေက ကြည်လင်ဝင်းပကာ နို့နံ့ရေချိုးဆပ်ပြာနံ့ သင်းသင်းလေးနှင့် ခြေလက်သေးသေးသွယ်သွယ်လေးက အရမ်းကို ချစ်စရာကောင်းလှသည်။

ည ၁၀ နာရီလောက်ရှိတော့ ရှုနင်၏အိပ်ခန်းတံခါးက တိတ်တဆိတ်ပွင့်သွားသောကြောင့် ရှုချိန် စိတ်ရှုပ်သွားသည်။ ဒုတိယထပ်က ရှုဟိန်၏ပိုင်နက်ဖြစ်ပြီး ညအချိန် ဘယ်သူမှဝင်ခွင့်မရှိအောင် ကိုယ်ရံတော်များက ပိတ်ဆို့ထားတတ်သည်။ ဒါကြောင့် ရှုနင်အိပ်ခန်းထဲကို ဝင်လာသူက ရှုဟိန်ကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ပေ။

ရှုချိန်က မျက်လုံးကို ခပ်မှေးမှေးဖွင့်ကာ ရှုနင်အိပ်ခန်းထဲဝင်လာသော သားကြီးကို တိတ်တဆိတ်ကြည့်နေသည်။ ညအချိန်မတော် သားကြီးက ဘာကြောင့်ဝင်လာသည်ကို သူသိချင်နေသည်။

ရှုနင်အိပ်ခန်းထဲ ပြောင်ပြောင်တင်းတင်းဝင်လာသော ရှုဟိန်က ဖခင်၏လက်မောင်းကြား အိပ်ပျော်နေသော ရှုနင်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ အဖေ့လက်မောင်းထဲမှာ အိပ်ရတာ ပိုကောင်းနေလို့လား..။

ရှုဟိန်က ခြေသံမကြားအောင် ခုတင်နားကပ်လာပြီး ဖခင်လက်ကိုမကာ လက်မောင်းကြားထဲအိပ်နေသော ရှုနင်ကို ဆွဲယူဖို့လုပ်လိုက်သည်။

အကြီးဆုံးသားက သူ့လက်ထဲက ဒုတိယသားကို လုယူချင်နေတာလား..။

မဟုတ်သေးဘူး..။ မနက်ဖြန်၊ သဘက်ခါလောက်မှာ နင်နင်ကို သူ့သားကြီးက အဝေးကိုခေါ်သွားတော့မှာလေ။ ဒါက သူတို့သားအဖ ပထမဆုံး အတူအိပ်စက်ရတဲ့ညမဟုတ်ဘူးလား။ နင်နင်နဲ့သူ့သားက စိမ်းနေတုန်းရှိသေးတယ်။ ရှုချိန်က သားအဖနှစ်ယောက်ကြား ဝေးနေသည်ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားချင်သောကြောင့် မျက်လုံးဖွင့်ကာ လှမ်းလာသည့် သားကြီး၏လက်ကို အသာရိုက်လိုက်သည်။

ရှုဟိန်က ကြည့်လိုက်တော့ သူ့အဖေ၏မျက်လုံးထဲ အရှုံးမပေးလိုဟန်ဖြင့် စိုက်ကြည့်နေတာတွေ့လိုက်ရသည်။ ရှုချိန်က နင်နင်ကို ပြန်မပေးချင်သလို ရှုဟိန်က သူ့ညီလေးကို ပြန်ရချင်နေသည်။ ( ̄ へ  ̄)

သားအဖနှစ်ယောက် လုနေပေမယ့် ကာယကံရှင် ရှုနင်က ဘာမှမသိဘဲ အသက်မှန်မှန်ရှူကာ အိပ်ပျော်နေသည်။ (_ ( : зゝ∠) _)

ရှုချိန်က ခေါင်းတစ်ချက်ညိတ်ကာ သားငယ်ကို ပြန်မပေးကြောင်းပြလိုက်တော့ ရှုဟိန်က မျက်ခုံးပင့်လိုက်ပေမယ့် မလှုပ်ရှားတော့ပေ။ ရှုချိန်က အကြံတစ်ချက်ရလိုက်ပြီး ရှုနင်၏တစ်ဖက်ကို မေးငေါ့ပြလိုက်တော့ ရှုဟိန်က စိတ်ဆုံးဖြတ်ပြီးဟန်ဖြင့် နင်နင်၏တစ်ဖက်တွင် ဝင်လှဲအိပ်ကာ နင်နင်၏ခါးလေးကို လက်ဖြင့်ဖက်ထားလိုက်သည်။ ဖခင်က ညီလေးကို ပြန်မပေးမှတော့ သူ ဒီအတိုင်းအရှုံးပေးကာ ထွက်မသွားနိုင်ပေ။ သူပိုင်တဲ့ညီလေးရဲ့စိတ်ကို အဖေက သိမ်းပိုက်မသွားအောင် မျက်ခြေမပြတ်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒါကြောင့် ရှုနင်၏တစ်ဖက်တစ်ချက်တွင် ရှုချိန်နှင့် ရှုဟိန်တို့ သားအဖက အတူတူအိပ်စက်လိုက်ကြသည်။ ရှုချိန်လည်း နင်နင်ကြောင့် ဘဝမှာ ရှားရှားပါးပါး ရှုဟိန်နှင့်ပါ အတူတူအိပ်စက်ခွင့်ရလိုက်သည်။

ရှုနင်က အလယ်မှာ အိပ်နေရပေမယ့် နည်းနည်းမသက်မသာဖြစ်ကာ ဟိုသည်လှည့်ရင်း ခါတိုင်းထက်ပိုကြံ့ခိုင်သည့် လက်မောင်းကိုခေါင်းအုံးကာ ရင်ဘတ်ကိုမှီရင်း အိပ်ပျော်နေသည်။ သူ့ကျောဘက်က ခါတိုင်းရင်းနှီးနေကျ အစ်ကိုကြီး၏အထိအတွေ့နှင့် အငွေ့အသက်ကိုရသဖြင့် စိတ်ချလက်ချဖြစ်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။

ချင်ယွိကျိုးက အိပ်ယာထက်တွင်လူးလှိမ့်ကာ ညနက်ထိ ရှုချိန်ပြန်မလာသည်ကို တွေးကာ စိတ်ရှုပ်နေစဉ် ဖုန်းက မက်ဆေ့ချ်ဝင်လာခဲ့သည်။ ချင်ယွိကျိုးက စာကိုဖွင့်ဖတ်လိုက်တော့ အံ့သြသွားသည်။ ယောက်ျားက သူ့သားနှင့် အတူနေချင်လို့လား။ အချိန်က ၂ရက်ပဲကျန်တော့လို့ သူမလည်း စဉ်းစားစရာရှိသည်နှင့် အတော်ဖြစ်သွားသည်။ ရှုနင်က သူမကိုပြောပြခဲ့သည့် တချို့စကားများကို သေချာစဉ်းစားစရာ ရှိသေးသည်။ ချင်ယွိကျိုးက ယခင်ရက်ကတည်းက အိပ်မပျော်ခဲ့ပေ။ ကိုယ်ဝန်ရှိနေသောကြောင့် အိပ်ဆေးလည်းသောက်မရပေ။ သူ့ယောက်ျား၏ အတွင်းရေးမှူးအသစ် ဆံပင်နီနီနှင့် ရှုချိန်၏ကျောင်းနေဖက်အမျိုးသမီးကို ပြန်သတိရကာ ရင်ထဲပူလာသည်။ ထိုမိန်းမနှင့် ရှုချိန်က တက္ကသိုလ်ကတည်းက ခင်မင်လာခဲ့ပြီး ရှုချိန်အကြောင်းကို သေချာသိထားနိုင်လောက်သည်။ သူမက အသက်ကြီးပေမယ့် ပြင်ဆင်တတ်ပြီး ချစ်စရာကောင်းအောင်နေတတ်သည်။

ချင်ယွိကျိုးက ဒီအကြောင်းတွေးပြီး ခေါင်းပိုကိုက်လာသောကြောင့် ရေချိုးခန်းထဲဝင်ကာ အန်ပြီး ပလုတ်ကျင်းလိုက်သည်။ သူမ၏မျက်နှာက ဖြူဖျော့ကာ ရှုနင်ရှိရာသွားကြည့်ဖို့ ထွက်လာခဲ့သည်။

ရှုချိန်က ရှုနင်နဲ့အတူအိပ်တာကော ဟုတ်ရဲ့လား..။

ချင်ယွိကျိုးက ဒုတိယထပ်ကိုဆင်းလာပေမယ့် ကိုယ်ရံတော်များက သူမကို တားမြစ်ကာ ဝင်ခွင့်မရှိကြောင်း ပြောခဲ့သည်။

"ဒီနေရာကို ညဖက်မဝင်ဖို့ တားမြစ်ထားပါတယ်.."

"........."

ချင်ယွိကျိုး၏နှုတ်ခမ်း တွန့်သွားခဲ့သည်။

"ငါက ရှုကတော်ဆိုတာ မင်းတို့သိရဲ့လား.."

"သိပါတယ်.. ဒါပေမယ့် ကျွန်တော်တို့ကို လစာပေးနေတာက သခင်လေးဟိန်ပါ.. ဒါကြောင့် ကျွန်တော်တို့က သခင်လေးရဲ့အမိန့်တစ်ခုကိုပဲ နာခံရတာပါ.."

ကိုယ်ရံတော်က ရှင်းလင်းပြတ်သားစွာ ပြောခဲ့သည်။

"ဒီလိုလုပ်ဖို့ ဘယ်သူက အမိန့်ပေးထားတာလဲ.."

"သခင်ကြီးပါ.."

"ရှုချိန်က အခု ဒီအိမ်တော်ရဲ့ အိမ်ထောင်ဦးစီးဆိုတာ ရှင်တို့မသိဘူးလား.. နောက် ဆယ်စုနှစ်တစ်ခုထိ သူက ဒီအိမ်တော်ရဲ့ ဦးစီးဖြစ်နေဦးမယ်.."

"မှန်ပါတယ်.. ဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ သုံးလေးဆယ်အထိကြာလည်း ကျွန်တော်တို့ကို လစာပေးနေမယ့်သူက သခင်လေးရှုဟိန်ပါခင်ဗျာ.."

ဘေးကတခြားကိုယ်ရံတော်များက တိတ်ဆိတ်စွာ ရယ်မောလိုက်ကြသည်။ သခင်လေး ရှုဟိန်က ယခုမှ အသက် 18 နှစ်ဆိုပေမယ့် မင်းက သူ့ကိုယှဉ်ချင်သေးတာလား..။ ဒီမိန်းမက အတော်စိတ်ဝင်စားဖို့ကောင်းတယ်စု တွေးနေကြသည်။

သူမက ဒီလူတွေက မြို့တော်ကလာပြီး ဒီအိမ်တစ်ခုလုံးမှာ ရှုဟိန်တစ်ယောက်တည်းကိုပဲ ကာကွယ်ပေးပြီး ရှုဟိန်၏အမိန့်ကိုပဲ နာခံရတယ်ဆိုတာ လုံးဝမသိခဲ့ပေ။ ဒီကိုယ်ရံတော်တွေက ရှုမိသားစုနှင့် လုံးဝမပတ်သက်ပေ။ ဒီမိန်းမက သူ့ယောက်ျားအကြောင်းကို ဘာမှမသိပါလား။ ဒီအိမ်မှာရှိတဲ့ ကိုယ်ရံတော်တွေမှာ အလုပ်ရှင်မတူဘူးဆိုတာ မသိဘဲ အားလုံးက ရှုချိန်လက်အောက်ကဟု ထင်နေခဲ့သည်။ သူတို့က မြို့တော်က သခင်လေးဟိန်၏မိသားစုဘက်က စေလွှတ်ထားတာဖြစ်ပြီး ရှုအိမ်မှာ မိထွေးဖြစ်သူက အာဏာရှိပြီး သခင်လေးကို အန္တရာယ်ပြုမည်ကို ကာကွယ်ရန်ဖြစ်သည်။ ညသန်းခေါင်မှာ မအိပ်ဘဲ ဒီကိုလာပြီး သူ့ယောက်ျားကိုလာရှာနေသည့် ချင်ယွိကျိုးက ကိုယ်ရံတော်တွေရဲ့မျက်လုံးထဲမှာ လူပျက်တစ်ယောက်သာသာပဲ ဖြစ်နေသည်။ ကိုယ်ရံတော်တွေက သူမကို အကြည့်တစ်ချက်ပင်မပေးဘဲ သူတို့တာဝန်ကို လုပ်ဆောင်နေသောကြောင့် ချင်ယွိကျိုးက စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။

"ငါ့သားကို တွေ့ချင်လို့.. ဒါက ရတယ်မဟုတ်လား.."

"မရဘူး.. ဥက္ကဋ္ဌရှုနဲ့ သခင်လေးရှုနင်က အိပ်ပျော်နေပြီ.. သခင်လေးဟိန်လည်း အနားယူနေပြီ.."

ချင်ယွိကျိုးက မခံချင်ဖြစ်ကာ ဖုန်းကိုထုတ်ပြီး ရှုချိန်ကိုဆက်မည်အပြု ခုနက ရှုချိန်က သူမဆီကိုဖုန်းမဆက်ဘဲ စာပဲပို့သည်ကို သတိရသွားသည်။ ဒါက သူမဟာ အရေးမပါဘူးဆိုတာ ပြနေတာပဲမလား။ သူမဖုန်းဆက်လိုက်ရင် ရှုချိန်က ကိုင်ချင်မှကိုင်လိမ့်မည်ဟုတွေးကာ ချင်ယွိကျိုးက လှည့်ပြန်သွားခဲ့သည်။

နောက်တစ်နေ့ ငှက်အော်သံမကြားသောကြောင့် ရှုနင်က အိပ်ရေးဝစွာ နိုးလာခဲ့သည်။ နိုးလာလာချင်း တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ သူ့လက်တွေ မသိမသာရွှေ့ကာ ရင်ဘတ်ကိုစမ်းကြည့်လိုက်မိပြီး ကိုယ်လေးတုန်သွားခဲ့သည်။ သူ့အစ်ကိုကြီးရဲ့ရင်အုပ်က ဘာကြောင့် ဒီလောက်ထွားကြိုင်းလာတာလဲ..။ ရှုနင်က ညည်းလိုက်စဉ် သူ့ခေါင်းပေါ်က ရယ်သံကို ကြားလိုက်ရသောကြောင့် အံ့အားသင့်သွားသည်။ ရှုဟိန်က ဘယ်တော့မှမရယ်တတ်ဘူးမဟုတ်လား။

အိုး.. ချီးပဲ..

ခုမှ သူ့ဦးနှောက်က နိုးကြားလာခဲ့သည်။ သူ့အဖေက ဘာကြောင့် မပြန်ဘဲ သူ့အိပ်ယာမှာရှိနေသေးတာလဲ..။

ရှုနင်၏ကျောပြင်က ပူပြင်းသောအထိအတွေ့ကို ရသေးသဖြင့် နောက်မှာ တစ်ယောက်ရှိသေးတာလား..?

ထိုစဉ်တခဏ ရှုနင်၏မျက်နှာလေးပေါ်မှာ အနက်ရောင်လှိုင်းများ ပေါ်လာခဲ့သည်။ ((°△° |||) ︴)

"နိုးပြီလား.."

ရှုဟိန်က သူ့ဘယ်လက်ကိုဆန့်ကာ သားကြီး၏လက်မောင်းကို ပွတ်သပ်လိုက်သည်။ ဒီအသက်အရွယ်ရောက်မှ သားငယ်လေးကြောင့် သားကြီးနဲ့ပါ အတူအိပ်ခွင့်ရလိုက်တာက ဘယ်လောက်ဝမ်းသာစရာ ကောင်းလိုက်သလဲ..။

"အဖေ.. မောနင်း.."

ရှုနင်က လိမ္မာစွာ နှုတ်ဆက်လိုက်သည်။

"အင်း.. ကောင်းကောင်းအိပ်ရရဲ့လား.."

ရှုချိန်က ရှုနင်၏နဖူးလေးကို ငုံ့နမ်းကာ မေးလိုက်သည်။ သားငယ်လေးက အိပ်ယာနိုးကာစ အနမ်းခံလိုက်ရလို့ မျက်နှာလေးပန်းရောင်သန်းသွားပြီး မျက်ဝန်းလေးက တောက်ပကာ အသံလေးက နူးညံ့ချိုသာနေသည်။

"မင်း မနက်စာ ဘာစားချင်လဲ.."

((⊙ o ⊙)) အာ..!! ရှုနင်၏နှလုံးသားလေးက မင်သက်သွားခဲ့သည်။ အဖေက သူနှင့်အတူအိပ်ကာ နိုးလာတော့ အနမ်းပေးကာ ချိုသာစွာမေးလာခဲ့တာလား..။

"အဖေက မင်းကိုမေးနေတယ်လေ.."

ရှုဟိန်က သူ့အဖေက ညီလေးကို တစ်ယောက်တည်းလက်ဝါးကြီးအုပ်ကာ နမ်းနေတာမြင်တော့ မကြည့်နိုင်တော့သဖြင့် ဝင်မေးလိုက်ရင်း သူရှိကြောင်းသတိပေးလိုက်သည်။

ရှုနင်က နောက်လှည့်ကြည့်တော့ အစ်ကိုကြီးက လက်မောင်းပေါ်ခေါင်းအုံးကာ သူ့ကို ခပ်မှိန်မှိန်ကြည့်နေသည်နှင့် တိုးသွားသည်။

((⊙v⊙)) အခြေအနေမကောင်းတော့ဘူး.. ဒီသားအဖက သူ့ဆီကမျက်နှာသာရဖို့ ပြိုင်နေကြတာလား..။

ရှုချိန်က မျက်နှာသေးသေးလေးကို လက်ဖြင့်အုပ်ကာ သူ့ဘက်ပြန်လှည့်လာစေပြီး ပြောလိုက်သည်။

"အထက်တန်းကျောင်းသားဘဝက မလွယ်ကူဘူး.. အတော်လေး ခက်ခဲနိုင်တယ်.. မင်းအစ်ကိုကြီးက မင်းကိုအနိုင်ကျင့်ရင် အဖေ့ကို ချက်ချင်းဖုန်းဆက်လိုက် ဟုတ်ပြီလား.."

"ဟုတ်ကဲ့.."

ရှုနင်က ဘယ်လိုတုံ့ပြန်ရမှာလဲ..။ တကယ်တော့ ရှုချိန်၏ရင်ထဲမှာ သူ့သားကြီးက ဦးစားပေးပထမဆိုတာ သိသောကြောင့် ရှုနင် တိတ်ဆိတ်နေလိုက်သည်။

ရှုဟိန်၏မျက်နှာထားက လေးနက်ကာ ခန့်မှန်းရခက်သောပုံဖြစ်နေသည်။

"ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး အဖေ့ကို အနိုင်ကျင့်ရင် ပိုကောင်းမယ်ထင်တယ်.."

ရှုနင် : "........."

ရှုဟိန်၏စကားကြောင့် ရှုနင် လဲကျသွားချင်သည်။

"အင်း.. ဒါလည်းဖြစ်နိုင်တာပဲ.."

ရှုချိန်က ရယ်မောကာ ရှုနင်၏နှာခေါင်းဖျားလေးကို အသာညှစ်ကာ ပြောလိုက်သည်။

"တကယ်လို့ ဒီလိုလုပ်ရင်တောင် အဖေက မင်းကို ဘာမှမပြောပါဘူးကွ.."

"တကယ်လားအဖေ.."

ရှုနင်က မျက်လုံးလေးတွေ တဖျတ်ဖျတ်လက်ကာ မေးလိုက်သည်။

ရှုဟိန်က ဝင်ပြောလိုက်သည်။

"အဖေ.. ကျွန်တော့်စကားလုံးတွေကို ယူပြီး ထပ်မပြောနဲ့တော့လေဗျာ.."

ရှုနင် : "........."

ခင်ဗျားတို့နှစ်ယောက်က နတ်ဘုရားတွေပါဗျာ.. ကျွန်တော်က နဂါးနှစ်ကောင်ကြားက ကြက်ပေါက်လေးပါ..။ ကျွန်တော့်ကို ဟိုဘက်ပို့ ဒီဘက်ပို့ မလုပ်ကြပါနဲ့..။ အသက်ရှူပေါက်လေး ပေးကြပါဦး..။

ရှုချိန်က သားကြီး၏သဝန်တိုစကားကြောင့် ရယ်မောလိုက်သည်။

"ရှောင်ချိန်က ဘယ်တော့မှ ဟာသစကားမပြောတတ်ဘူး.. နင်နင် သားကြောင့် သားအစ်ကိုကက မပြောတတ်ပြောတတ် ရယ်စရာပြောထွက်လာတာကွ.."

ရှုဟိန်က ရှုနင်ကိုသိုင်းဖက်ကာ ပြောလိုက်သည်။

"သူက ကျွန်တော့်ညီလေးပဲ.. ပြောပေးရမှာပေါ့.."

ဘာတွေပြောနေတာလဲ..။ အိုး.. ဟုတ်သားပဲ..။ ငါတို့က မြို့တော်မှာ ကျောင်းသွားတက်ရတော့မယ်..။ ချင်ယွိကျိုးက ကိုယ်ဝန်ရှိနေလို့ ငါ့ကို ဂရုမစိုက်နိုင်လောက်ဘူးဆိုပြီး ရှုဟိန်က ငါ့ကို မြို့တော်ခေါ်ပြီး သူတက္ကသိုလ်တက်ရင်း ငါက အထက်တန်းတက်ရမှာ..။ ဒါဆို ငါက ကျောင်းကအဆောင်မှာ မနေရတော့ဘူးပေါ့..။

ရှုဟိန်က C မြို့တော်မှာ ထိပ်တန်းသခင်လေးဖြစ်ပေမယ့် မြို့တော်ပေကျင်းမှာဆိုရင် သူ့လွှမ်းမိုးနိုင်စွမ်းက ကျဆင်းသွားမှာပဲ။ ငါက သူနဲ့ခပ်ဝေးဝေးနေချင်ကာမှ သူက ဘာကြောင့် ငါ့ကို သူ့နား နီးနီးကပ်ကပ် ခေါ်ထားချင်ပါလိမ့်။ ရှုနင်က စိတ်ပျက်လက်ပျက် ဖြစ်လို့နေသည်။

ရှုဟိန်နဲ့ ရှုချိန်က အင်မတန်ထက်မြက်ကာ အကင်းပါးကြသူများဖြစ်သောကြောင့် ရှုနင်စိတ်ညစ်သွားတာကို သတိထားလိုက်မိကြသည်။ သူတို့က ချက်ချင်းလဲလျောင်းကာ တပြိုင်တည်း ရှုနင်ကိုဖက်လိုက်ကြသည်။
နတ်ဘုရားနှစ်ပါး၏ကိုယ်က ထိကပ်နေသောကြောင့် ရှုနင်တစ်ကိုယ်လုံး ပူအိုက်လာခဲ့သည်။

ပူတယ်.. ပူတယ်.. ခင်ဗျားတို့က မပူကြဘူးလား..

ရှုချိန်က ရှုနင်၏ပါးပြင်လေးကို လက်နှင့်ပွတ်နေပြီး ရှုဟိန်က ရှုနင်၏ဗိုက်လေးကို ပွတ်သပ်နေကြသည်။ ကျွန်တော့်ကို ခွေးလေးလိုသဘောထားနေကြတာလား.. (/ (ㄒo ㄒ) / ~~)

တစ်ယောက်ယောက် ကျွန်တော့်ကို ကယ်ကြပါဦးဗျို့..

ရှုဟိန်၏ဖုန်းထဲ စာတစ်စောင်ဝင်လာပြီး ဖတ်ကြည့်မိတော့ ရှုဟိန်၏မျက်နှာ မှောင်မည်းသွားပြီး ပြောလိုက်သည်။

"အဖိုးက ကျွန်တော်တို့ကို အောက်ဆင်းပြီး မနက်စာစားဖို့ခေါ်နေပြီ.."

ရှုချိန်က တွန့်ဆုတ်စွာထကာ ပြောလိုက်သည်။

"မင်းတို့လည်း ထသင့်ပြီ.. အဖိုးကို မစောင့်ခိုင်းနဲ့ဦး.."

ရှုချိန်ထသွားတော့ ရှုဟိန်က အကျင့်ပါစွာဖြင့် နင်နင်ကို အိပ်ယာပေါ်က ဆွဲထူပေးလိုက်သည်။ နင်နင်က သမ်းရင်း ရေချိုးခန်းထဲဝင်သွားခဲ့သည်။ ရှုဟိန်လည်း လိုက်ဝင်လာပြီး မှန်ရှေ့မှာ ယောက်ျားလေးနှစ်ယောက် တပြိုင်တည်းမျက်နှာသစ် သွားတိုက်နေကြသည်။

ရှုချိန်က ရေချိုးခန်းထဲလိုက်ဝင်လာပြီး မေးလိုက်သည်။

"နင်နင်.. သွားတိုက်တံအသစ် မရှိဘူးလား.."

ရှုနင်က အသစ်သွားယူပေးတော့ သူ့ရဲ့ရေချိုးခန်းကျဉ်းကျဉ်းလေးထဲ အဖေကပါ ဝင်ပြီး မျက်နှာသစ်သွားတိုက်နေသောကြောင့် လူကြပ်လို့နေသည်။ ရှုချိန်က တဘတ်တစ်ခုကို ရေစွတ်ကာ ရှုဟိန်ကို မျက်နှာသစ်ရာမှာ ကူပေးလိုက်တော့ ရှုဟိန်၏ကိုယ်က တောင့်တင်းသွားခဲ့သည်။ လူပျိုဖြစ်မှ အဖေက ကလေးလိုမျက်နှာသစ်ပေးတာ ခံနေရတာလား..။

ရှုနင်က ဒီမြင်ကွင်းကြောင့် သဘောကျစွာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

ရှုဟိန်က အဖေကြီး၏မျက်နှာသစ်ပေးမှုကြောင့် မျက်နှာနီသွားသည်။

ရှုချိန်က ညစ်ကျယ်ကျယ်ရယ်နေသော မျက်နှာသစ်ပြီးသွားသည့် သားငယ်လေးကိုပွေ့ချီကာ ပြောလိုက်သည်။

"သွားချိန်ရောက်ပြီ.."

ဒီတစ်ခါတော့ ရှုနင်၏မျက်နှာ မှောင်မည်းသွားရတော့သည်။ သူက ငါးနှစ်သားလေးလို အဖေက သူ့ကိုချီပြီး အောက်ထပ်ဆင်းသွားတာ ခံလိုက်ရသည်။ ငါသေပါရစေ..။

ရှုဟိန်က နောက်က ထပ်ချပ်မခွာလိုက်လာပြီး ညီလေးရဲ့လက်မောင်းကို ဆုပ်ကိုင်ထားသည်။ ချင်ယွိကျိုးက လှေကားခြေရင်းမှာ ပြုံးရွှင်စွာစောင့်ရင်း ပြောလိုက်သည်။

"မောနင်း အစ်ကိုရှု.. အဖေကစောင့်နေပြီ.. မြန်မြန်လာထိုင်ပါတော့.."

ရှုနင်က ကြမ်းပြင်ပေါ်ချပေးခံရတော့ သူ့ကိုပြုံးကာစိုက်ကြည့်ပြီး လက်ဆန့်တန်းပေးနေသော အဖိုးကို ပြေးဖက်ကာ ပေါင်ပေါ်ပွေ့တင်ခံလိုက်ရသည်။

ဒီအိမ်ကနတ်ဘုရား၃ပါးက မလွယ်ပါလား..။ သူတို့နဲ့နေရတာ တကယ်စိတ်ပင်ပန်းတယ်..။

ရှုဟိန်သည် ဘာမှမဖြစ်သလို လျစ်လျှူရှုထားပေမယ့် ရှုချိန်က သားကြီး၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပြီးပြောလိုက်သည်။

"ဒီနေ့ အဖေနဲ့ ရုံးကိုလိုက်ခဲ့.. ဒါပြီးရင် အလုပ်အားလုံးပြီးပြီ.."

ဒီနေ့က မင်းရဲ့ နောက်ဆုံးနေ့ပဲ.. ကောင်းကောင်းနေသွားပေတော့.. ဟု ချင်ယွိကျိုးက စိတ်ထဲကနေ လှောင်ပြောင်ပြောနေလိုက်သည်။ 18 နှစ်သားလေးက ရုံးခန်းတစ်ခုလုံးကို ဘယ်လိုကိုင်လှုပ်နိုင်မှာလဲ..။ ချင်ယွိကျိုးက ရည်ရွယ်ချက်ရှိရှိ မလှုပ်ရှားသေးပေမယ့် ရှုချိန်ရုံးခန်းထဲဝင်လာသည်နှင့် တစ်ခါတည်းရိုက်ချနိုင်ဖို့ ထောင်ချောက်မျိုးစုံကို ဆင်ထားပြီးဖြစ်သည်။

မနက်စာစားကြတော့ ရှုကောင်းပေါင်တွေ ကျဉ်မှာစိုးသောကြောင့် ရှုနင်က ကိုယ့်ဘာသာထိုင်စားနေလိုက်သည်။ အသက် 60 ကျော် ရှုကောင်းက သန်မာတယ်ဆိုပေမယ့် အဖိုးကို လုံခြုံစိတ်ချစေချင်သည်။ ရှုဟိန်က သူ့အဖေက သူ့ကို ရောင်းစားလိုက်ပြီဆိုတာ မသိသေးဘဲ မြို့တော်ကအိမ်မှာ အလှဆင်ဖို့စဉ်းစားနေသည်။ ရွှီကျင်းက အိမ်မွေးတိရိစ္ဆာန် ခွေးတစ်ကောင်မွေးဖို့ပြောပေမယ့် ရှုဟိန်က ရှုနင်အပျင်းပြေဖို့ ခြံထဲမှာ ငါးကန်ကြီးတစ်ကန်လုပ်ကာ ငါးမွေးပေးဖို့စဉ်းစားထားသည်။

ရှုနင်က မနက်စာစားပြီးတော့ သူ့အခန်းကိုပြန်သွားပြီး ရှုချိန်က ရှုကောင်းနှင့်အတူ စတုတ္ထထပ်ကို တက်သွားသည်။ ရှုဟိန်က ရုံးထွက်သွားသောကြောင့် ချင်ယွိကျိုးက ယောက်ျားနားကပ်ချိန်မရလိုက်ပေ။ သူမက ကလေးအတွက်စိုးရိမ်သောကြောင့် ဆေးရုံကို ဆေးစစ်ဖို့ ထွက်လာခဲ့သည်။

စတုတ္ထထပ်က နေရောင်နှင့် လေကောင်းစွာရပြီး ရှုခင်းကောင်းကာ အပန်းဖြေဖို့လည်းကောင်းသည်။ ရှုချိန်က လက်ဖက်ရည်တစ်ခွက်သောက်ရင်း ငြိမ်နေသောကြောင့် ရှုကောင်းက ကတ်ကြေးတစ်လက်ယူကာ ပန်းပင်ကိုင်းတစ်ခုကိုဖြတ်ရင်း မေးလိုက်သည်။

"ဘာဖြစ်လို့လဲ.. သူမက မင်းကို ပြဿနာရှာလို့လား.."

ရှုချိန်က ဘာမှမဖြေဘဲ လက်ဖက်ရည်ကြမ်းကိုသာ သောက်နေသည်။ ဆွန်းလင်းက မုန့်တစ်ပန်းကန်လာချပေးလိုက်သည်။ ရှုကောင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။

"ဘာဖြစ်သလဲ.. ငါ့ကိုပြောစမ်း.. ဒီမိန်းမအတွက် စိတ်ရှုပ်ရပြန်ပြီလား.. မင်းကငါနဲ့ လုံးဝမတူဘူး.. ငါနဲ့သာတူရင် ဒီဟာက မင်းအတွက် ဘာမှစိတ်ရှုပ်စရာ ဖြစ်မှာမဟုတ်ဘူး.."

"အဲ့ဒီလိုမျိုးမဟုတ်ပါဘူး.."

"မင်းက ငယ်သေးတာပဲ.. မနေ့ညက မင်းရဲ့လှံတံက ကောင်းကောင်းအသုံးဝင်သေးတယ်မဟုတ်လား.."

ရှုချိန်က မျက်နှာနီသွားသည်။

"အဖေ.."

"မင်း ပြောမလား မပြောဘူးလား.. မင်းမပြောရင် ငါထင်တာမမှားဘူးဆိုတဲ့သဘောပဲ.."

"အဖေကတော့ တကယ်အံ့သြစရာ အကောင်းဆုံးပဲ.."

"ဘာတွေဖြစ်နေတာလဲ.."

"တခြားမိသားစုတွေက ကိုယ်ပိုင်ကျွန်းတွေကို ဝယ်ထားကြတယ်.. ကျွန်တော်လည်း တစ်ခုလောက်ဝယ်ပြီး နောင်မှာ ခရီးသွားလုပ်ငန်းလုပ်ရင် ကောင်းမလားလို့ စဉ်းစားနေတာ.."

ကျွန်းကိုဝယ်ပြီး အပန်းဖြေခရီးသွားလုပ်ငန်းလုပ်ဖို့ဆိုတာ သုတေသနများစွာလိုအပ်ပြီး ထိုဒေသက ခရီးသွားတွေကို ဆွဲဆောင်နိုင်လောက်သော အလှအပနှင့် ယဉ်ကျေးမှုရှိရဲ့လား၊ ခရီးသွားတွေ ဘေးကင်းနိုင်ရဲ့လားဆိုတာ သိဖို့လိုအပ်သည်။ ဒါပေမယ့် သုတေသနသေချာလုပ်နိုင်ပြီး ကောင်းမွန်သောနေရာကို ဝယ်ယူထားနိုင်ရင် ပြည်တွင်းခရီးသွားလာရေး ခေတ်ရေစီးကြောင်းက ဟော့လာချိန်မှာ အမြတ်များစွာရမှာ သေချာသည်။

"ငါတို့ ရှုလုပ်ငန်းစုမှာ လုပ်ငန်းခွဲအများကြီးရှိနေပြီပဲ.. လုပ်ငန်းတိုးချဲ့ရင် ဦးစီးဖို့ လူကောင်းကို ရှာဖို့လိုအပ်တယ်.."

"အဖေ... ကျွန်တော်သဘောပေါက်ပါတယ်.. ဒီကျွန်းက အားလပ်ရက်အပန်းဖြေဖို့ တကယ်ကိုကောင်းမွန်လှတယ်.."

အင်း.. ငယ်ရွယ်တာက တကယ်ကိုကောင်းတာပဲဟု တွေးကာ ရှုကောင်းပြုံးနေသည်။

ရှုချိန်က ချင်ယွိကျိုးအကြောင်း တစ်လုံးမှထည့်မပြောသွားပေ။ ဒါက သူတို့အိမ်ထောင်ရေးပြဿနာဖြစ်လို့ သူတို့ဘာသာပဲဖြေရှင်းမည်၊ ရှုချိန်က ရှုကောင်း၏ဘေးမှာ ထိုင်နေရင်း စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ ရှုကောင်းက သူ့အတွက် အားကိုးရာကောင်းကင်ကြီးဖြစ်သည်။

တကယ်လို့ ချင်ယွိကျိုးသာ ပင်လယ်ထဲကကျွန်းမှာပဲနေရပြီး သူမကလေးတွေနဲ့ ဝေးသွားရင် သူမ ဘာများပြောမလဲ..။ အနာဂတ်မှာ ရှုချိန်က ရှုနင်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ..။

ချင်ယွိကျိုးက ယခုကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းအတက်အကျကြောင့် ဆတ်ဆတ်ထိမခံဖြစ်နေသည်ကို သိသည်။ သူမက တခြားမိန်းမတွေနဲ့ သူ့ကိုသံသယဝင်နေတာကို သည်းခံနိုင်သည်။ ဒါပေမယ့် ချင်ယွိကျိုးက ရှုနင်ကို ဖိအားပေးကာ လမ်းမှားကိုရောက်စေမှာကိုတော့ ရှုချိန် ခွင့်မလွှတ်နိုင်ပေ။ တကယ်လို့ ရှုယောင်မွေးလာခဲ့ရင် ချင်ယွိကျိုးနဲ့အတူ ကြီးပြင်းလာစေပါက ဒီကလေးက သူမလိုအပ်သလို ပုံသွင်းခံရနိုင်ပြီး မကောင်းတဲ့ကလေး ဖြစ်သွားနိုင်သည်။ ရှုချိန်က သူ့အတွက် ဇနီးတစ်ယောက်ကို လိုချင်ခဲ့သည်။ ရှေ့တမျိုး ကွယ်ရာတမျိုး လုပ်တတ်သည့် တီကောင်လိုမိန်းမကို လိုချင်တာမဟုတ်ပေ။

သူက အိမ်ပြင်မှာ စီးပွားရှာနေပြီး ကလေးတွေကို မကြည့်နိုင်ပေ။ ချင်ယွိကျိုးရဲ့ထိန်းချုပ်မှုနဲ့ ကလေးတွေ သွေးကွဲကာ တိုက်ခိုက်ကုန်ရင် ဘယ်လိုလုပ်မလဲ..။ ချင်ယွိကျိုးက ရှုနင်နှင့်ရှုယောင်ကို မွေးထားပေးသောကြောင့် မစ္စရှုဆိုသည့်နေရာကိုတော့ ရရှိထားပြီဖြစ်သည်။ တကယ်လို့ ကလေးမွေးပြီး သူမက စိတ်ပျက်စရာလုပ်ရပ်တွေ လုပ်လာရင်တော့ ကလေးတွေနဲ့ဝေးရာမှာ သူမကို ထားမှဖြစ်မည်။

ရှုချိန်က ပင်လယ်ထဲကကျွန်းကို သေချာပေါက်ဝယ်မှာဖြစ်ပြီး နောင်မှာ ဘယ်သူနေရမယ်ဆိုတာတော့ မသိသေးပေ။

ရှုချိန်က ရုံးကိုမသွားခင် ရေခဲမုန့်သွားဝယ်ခိုင်းပြီး ရှုနင်၏အခန်းကို လာခဲ့သည်။

တံခါးခေါက်သံကြားချိန်မှာ ရှုနင်က share အရောင်းအဝယ် website ကိုကြည့်နေတာဖြစ်ပြီး ချင်ယွိကျိုးထင်ကာ ကွန်ပျူတာကိုပိတ်ကာ တံခါးဖွင့်ပေးလိုက်တော့ သူ့အဖေဖြစ်နေသည်။

"အဖေ.."

"ဒီနေ့က အတော်ပူတယ်.. တစ်ခုလိုချင်လား.."

ရေခဲမုန့်.. သေချာတာပေါ့.. လိုချင်တယ်..။ ရှုနင်ကို ဗိုက်အောင့်မှာစိုးသောကြောင့် ရှုဟိန်က သိပ်မစားခိုင်းပေ။ အခု အဖေကိုယ်တိုင်ဝယ်လာပေးတော့ ပျော်ရွှင်စွာလှမ်းယူကာ ဆိုဖာပေါ်ထိုင်ပြီး လျှာလေးနှင့်လျက်လိုက်စဉ် အဖေက သူ့ကိုစိုက်ကြည့်နေသောကြောင့် တစ်ခုခုမှားနေသလားဟု ထင်လာမိသည်။

"အဖေ.. တစ်ကိုက်လောက် စားကြည့်မလား.."

"ဒါပေါ့.."

ရှုချိန်က ခေါင်းညိတ်ကာ ပျော်သွားသည်။ ငါ့သားလေးက ငါ့ကိုမမုန်းဘူးပဲ..

ရှုနင်က သူ့ကိုသဘောမကျဘဲ ဘယ်နေမလဲ..။ အေးတိအေးစက်သားကြီးနဲ့ အနေများလို့ သူလည်း ထုံထိုင်းသွားပြီထင်တယ်..။

ရှုနင်က သူစးာနေသည့်ရေခဲမုန့်ကို အဖေက မရွံမရှာစားသည်ကိုတွေ့တော့ မျက်လုံးလေးတောက်ပကာ ရင်ထဲ ပျော်ရွှင်လာခဲ့သည်။ ရှုချိန်၏နှလုံးသားလေး ပူနွေးလာပေမယ့် သူရုံးကိုသွားရမည်ဖြစ်လို့ စိတ်မကောင်းဖြစ်လာသည်။

"အဖေနဲ့အတူ ရုံးကို အပျော်လိုက်ကြည့်ချင်လား.."

အံ့အားသင့်သွားပြီး ရှုနင် စားလက်စရေခဲမုန့်ကို မှုတ်ထုတ်လိုက်မိသည်။

ရှုချိန်က တစ်သျှူးဖြင့်သုတ်ပေးလိုက်သည်။ ဘာမှားသွားလို့လဲဟု သူတွေးနေသည်။

"မင်းစားပြီးရင် အဖေ မင်းကိုခေါ်သွားမယ်.."

"အဖေ.. ကျွန်တော်လိုက်လို့ရပါ့မလား.. စာအုပ်တွေအများကြီး ထုပ်ပိုးဖို့ကျန်သေးတယ်.. ပြီးရင် ကျွန်တော်.."

ရှုချိန်က ထရပ်ကာ ရှုနင်၏မျက်နှာလေးကို ညင်သာစွာထိကာ ပြောလိုက်သည်။

"အဖေတို့ ဥက္ကဋ္ဌရုံးခန်းထဲမှာ ကစားကြမယ်လေ.. နေ့လည်စာအတူ အပြင်မှာသွားစားပြီးရင် အဖေက အလုပ်လုပ်မယ်၊ သားက ကစားပေါ့.. ညနေရုံးဆင်းရင် အပြင်မှာသွားကစားပြီးမှ အိမ်ပြန်လာကြမယ်လေ.. သားက မနက်ဖြန် မြို့တော်ကိုသွားရတော့မယ်မလား.."

ရုံးခန်းက အရင်ဘဝက သူ့အတွက် အပြစ်ပေးရာနေရာကြီးတစ်ခုလို ဖြစ်ခဲ့သောကြောင့် ရှုနင်က မသွားချင်ပေမယ့် သူ့အဖေက စိတ်အားထက်သန်နေသောကြောင့် မငြင်းရက်တော့ပေ။

ဒီလိုနဲ့ သူ့အဖေနဲ့အတူ ကားထဲဝင်ထိုင်ကာ အဖေ့လက်ကိုတွဲပြီး ကြီးကျယ်ခမ်းနားသည့် company ရုံးခန်းထဲ ဝင်လာခဲ့သည်။ လူတိုင်းက ဦးညွတ်အရိုအသေပေးကာ မျက်လုံးပင် ပင့်မကြည့်ရဲကြပေ။ ချင်ယွိကျိုးရဲ့နောက်ကနေ လိုက်ပြီး ရုံးခန်းထဲဝင်ရတာနဲ့ အဖေ့လက်တွဲပြီး ဝင်ရတာ တကယ် မိုးနဲ့မြေလိုကွာလွန်းလှသည်။

ဥက္ကဋ္ဌရုံးခန်းက ကျယ်ဝန်းကာ တခမ်းတနားရှိကာ သီးသန့်ဆန်လှသည်။ ရှုနင်က အရမ်းကိုစိတ်လှုပ်ရှားပြီး ရုံးခန်းကိုလှည့်ပတ်ကြည့်နေသည်။ အရင်ဘဝက သူ ရုံးခန်းထဲဝင်ရသည့်အချိန်က အဆူခံရသည့်အချိန်ဖြစ်ပြီး ခေါင်းကိုငုံ့ကာ ဘယ်ကိုမှမကြည့်ဝံ့ခဲ့ပေ။ အခုတော့ အတော်လေးပေါ့ပါးကာ စိတ်တိုင်းကျလှည့်ပတ်ကြည့်ကာ ကစားနိုင်လေပြီး တစ်နာရီလောက်မှာ သူ့အဖေက အလုပ်လုပ်ရာက ခဏနားပြီး သားအဖေ ရေသောက်ကြသည်။

"သားလည်း ပျင်းနေရောပေါ့.."

ရှုချိန်က သေတ္တာဘူးတစ်ခုကိုယူကာ ဖွင့်ပေးလိုက်သည်။

"အထဲမှာ မုန့်တွေနဲ့ ဂိမ်းစက်တွေရှိတယ်.. ကစားနှင့်လိုက်ဦး.. မင်းလည်းကြိုက်လောက်မှာပါ.. နောက်ဆုံးပေါ် Walkman game တွေ.."

"အင်း.."

ရှုနင်က ဂိမ်းစက်ကိုဆွဲထုတ်ကာ ကစားလိုက်သည်။ အခုချိန်က MP3 တောင်မပေါ်သေးဘူးမဟုတ်လား.. (→  _ →)

အတွင်းရေးမှူးက သတင်းပို့လာတော့ ရှုချိန်က အလုပ်ပြန်လုပ်ရတော့သည်။ အလုပ်အမှုဆောင်များ၊ မန်နေဂျာများနှင့် စီးပွားရေးကိစ္စ ဆွေးနွေးနေသည်။

ချင်ယွိကျိုးက နေ့ခင်းပိုင်းမှာ ဟင်းများကိုသယ်ဆောင်ကာ ရောက်လာသည်။ သူမယောက်ျားနှင့် စကားများထားပေမယ့် ရှုနင်က ရုံးကိုလိုက်သွားသောကြောင့် သားကိုအကြောင်းပြကာ နေ့လည်စာအတူစားဖို့၊ ယောက်ျားကိုမျက်နှာပြဖို့ လိုက်လာခြင်းဖြစ်သည်။ ရှုဟိန်က လက်မှတ်ထိုးစရာရှိလို့ ရုံးခန်းထဲဝင်လာစဉ် ချင်ယွိကျိုးကိုမြင်သည်နှင့် ဘာမှမပြောဘဲ ရှုနင်၏လက်လေးကိုဆွဲကာ ရုံးခန်းထဲမှာ ထွက်သွားခဲ့သည်။

ရှုချိန် : (⊙ o ⊙) သားအဖ ပိုရင်းနှီးအောင်လုပ်မယ့် ငါ့အစီစဉ်က ဘယ်ရောက်သွားပြီလဲ..?

ချင်ယွိကျိုး : "........."

ငါက ဒီအတိုင်း လမ်းကြုံဝင်လာရုံပါ..။ ငါလုပ်လိုက်လို့ သူ့အဖေနဲ့ နင်နင်တို့ ရင်းနှီးမယ့်အစီစဉ် ပျက်သွားပြီလား။ သူမယောက်ျား၏ မတုန်မလှုပ်ဟန်ကိုတွေ့တော့ သူမအကြောင်းပြချက်ပေးကာ ရှောင်ထွက်သွားခဲ့သည်။

"ကျွန်မ ချိန်းထားတာရှိလို့ ညမှတွေ့တော့မယ်နော် ယောက်ျား.."

ရှုချိန် : "........."

ငါက နင်နင်လေးနဲ့ နေ့လည်စာအတူတူစားဖို့ ကတိပေးထားတယ်လေ..

ရှုဟိန်က နင်နင့်ကိုခေါ်သွားပြီး ဘေးကပ်လျက်ရုံးခန်းထဲတွင် အလုပ်ဆက်လုပ်နေသည်။ ရှုဟိန်က ဒီရုံးမှာ မင်းသားတစ်ပါးဖြစ်ပြီး ဥက္ကဋ္ဌ၏သားကြီးဖြစ်သည်။ အခု ဒီမင်းသားက လက်မှာကလေးတစ်ယောက်ကိုဆွဲကာ ရုံးခန်းထဲဝင်သွားလို့ အားလုံး အံ့အားသင့်နေစဉ် ဒါက ဥက္ကဋ္ဌ၏ဒုတိယသားလေးဖြစ်တယ်၊ ရုံးခန်းကိုလာလည်တယ်ဆိုတဲ့သတင်းက ဝန်ထမ်းတွေကြား တောမီးလို ချက်ချင်းပြန့်သွားသည်။

ထိုအချိန်မှာ ရှုဟိန်က သူ့ရုံးခန်းထဲမှာ ရှုနင်၏လက်လေးကို ဆုပ်ကိုင်ကာ ဆိုဖာခုံမှာ ဘေးချင်းယှဉ်ထိုင်လို့နေလေပြီ။

=====================










ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now