Chapter (32) - ဝမ္းကြဲညီမမ်ားႏွင့္ ႐ႈနင္ (Z+U)

22.4K 3.6K 54
                                    

Chapter (32) – ဝမ္းကြဲညီမမ်ားႏွင့္ ႐ႈနင္ (Z+U)

ထိုေကာင္ေလးက သူ႔ရင္ထဲကခံစားခ်က္ကို ဖံုးကြယ္ထားေသာ္လည္း နဖူးတြန္႔ေနပံုက စိတ္မရွည္တာကို ေဖာ္ျပေနသည္။ ဒါေတာင္ သူ႔မ်က္ႏွာက ၾကည့္ေကာင္းဆဲျဖစ္သည္။ ဒုတိယ အိမ္ထဲဝင္လာေသာ ေကာင္မေလးက 14 ႏွစ္အရြယ္ရွိၿပီး ျမင္းၿမီးပံုစံဆံပင္ကို ခ်ည္ထားကာ အျပာေရာင္စကဒ္ကို ဝတ္ထားၿပီး ႐ုပ္ရွည္က သာမန္ေလာက္ပဲရွိသည္။ ဒါေပမယ့္ သူမ၏မ်က္ဝန္းမ်ားက ေတာက္ပေနၿပီး ဒုတိယႀကီးေတာ္ ခ်င္ယြိလန္ႏွင့္ တစ္ထပ္တည္းတူလွသည္။ တတိယကေလးမေလးက 12 ႏွစ္အရြယ္ေလာက္ရွိၿပီး ျဖဴစင္ေသာအသားအေရရွိကာ အေတာ္ေလးလွၿပီး ႐ႈနင္ကို စိတ္ဝင္တစားၾကည့္ေနသည္။

သူတုိ႔က ဘယ္သူလဲဆိုတာ ႐ႈနင္ ရိပ္မိၿပီးျဖစ္သည္။ သူတို႔အသက္ကိုၾကည့္ရတာ ဒုတိယအေဒၚ၏ကေလးမ်ား ျဖစ္ပံုရသည္။ ခ်င္ယြိဖူက အထက္တန္းပထမႏွစ္ကို ေရာက္ေနေသာ ႐ႈနင္ကို ဘယ္လိုရွင္းျပရမလဲမသိျဖစ္ကာ ကူကယ္ရာမဲ့စြာျဖင့္ မီးဖိုထဲဝင္သြားခဲ့သည္။ ႐ႈနင္က ဆိုဖာေပၚထိုင္ေနေသာ ဖိုမင္ကို စိုက္ၾကည့္လိုက္ေတာ့ ဖိုမင္က ရင္ထိတ္ခနဲခုန္သြားၿပီး အျမန္ေျပာလိုက္သည္။

"ငါ့ကိုၾကည့္ေနလည္း ဘာမွမထူးဘူး.. ဒါက ေရွာင္ဖူရဲ့စိတ္ကူးပဲ.."

႐ႈနင္က ဆိုဖာေပၚဝင္ထိုင္ကာ အမွတ္မထင္ဟန္ျဖင့္ ေမးလိုက္သည္။

"ဘာေတြျဖစ္လာၾကတာလဲ.."

ဖိုမင္က စီးကရက္ကို အားပါးတရ႐ိႈက္ဖြာကာ သက္ျပင္းမႈတ္ထုတ္ရင္း ေျပာျပသည္။

"မင္းဦးေလးက သူ႔အစ္မေတြ ဆက္တိုက္ေႏွာင့္ယွက္တာကို ေတာက္ေလွ်ာက္ႀကံ့ႀကံ့ခံ ရင္ဆိုင္ခဲ့တယ္.. သူတုိ႔ေႏွာင့္ယွက္တာက လြန္ခဲ့တဲ့ႏွစ္ရက္က ရပ္တန္႔သြားခဲ့တယ္.. ဘာေၾကာင့္လဲဆိုေတာ့ သူ႔ဒုတိယအစ္မရဲ့ေယာက္်ားက ေဆးရံုတက္လိုက္ရၿပီး သူ႔အစ္မက ေဆး႐ံုမွာ လိုက္ေစာင့္ေပးရမယ္ဆိုေတာ့ ကေလးေတြကို ၾကည့္႐ႈခ်ိန္မရဘူး.. ဒါေၾကာင့္ ေရွာင္ဖူက မလႊဲသာဘဲ ကေလးေတြကို ေခၚလာရတယ္.. ေရွာင္ဖူက ဝံပုေလြအုပ္ထဲက တကယ္႐ိုးသားတဲ့ တစ္ဦးတည္းေသာသူပဲ.. မင္းသိတဲ့အတိုင္းပဲ ဝံပုေလြေပါက္ေလးေတြလည္း ဘယ္လြယ္ပါ့မလဲ.."

"သူတို႔က ေဆး႐ံုမွာ ေတြ႕ခဲ့ၾကတာလား.."

"အင္း.."

အားကစားဝတ္စံုႏွင့္ေကာင္ေလးက ႐ႈတင္းတင္းႏွင့္ လွမ္းေအာ္လိုက္သည္။

"ဘယ္သူက ဝံပုေလြေပါက္ေတြလဲ.. ခင္ဗ်ား စကားၾကည့္ေျပာ.."

ဒါေပမယ့္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ အလုပ္ၾကမ္းသမားမ်ားစြာကို အုပ္ခ်ဳပ္လာေသာ ဖိုမင္က ဒီဆယ္ေက်ာ္သက္ေကာင္ေလးကို ခပ္တင္းတင္းၾကည့္ကာ ေျပာလိုက္သည္။

"အိုက္ယား.. မင္းအေမက ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ျပႆနာလာရွာတဲ့အခ်ိန္မွာ မင္းက ဘယ္ေရာက္ေနလို႔လဲ.. မင္းအဖြား ေဆး႐ံုေပၚမွာ ဘယ္လိုေသသြားရသလဲ မင္းသိရဲ့လား.."

ဖိုမင္၏ ညိဳေမွာင္ေသာအသားအေရ၊ က်ယ္ေလာင္ေသာအသံေၾကာင့္ ေကာင္ေလးႏွင့္ေကာင္မေလးႏွစ္ဦး ေၾကာက္လန္႔ကာ ပါးစပ္ပိတ္သြားၾကသည္။ အႀကီးမက ေခါင္းငံု႔ကာ မ်က္လံုးက ေမွးမွိန္ေနၿပီး အငယ္မေလးကေတာ့ စူးစိုက္ၾကည့္ေနသည္။

ဖိုမင္၏ ၿခိမ္းေျခာက္ႏိုင္ေသာပံုရိပ္က ႐ႈနင္ေပၚကို လံုးဝသက္ေရာက္မႈမရွိေပ။ ႐ႈဟိန္၏အရိပ္ေအာက္မွာ ေနလာခဲ့ရေသာသူ႔အတြက္ ဒီေလာက္က ၿခိမ္းေျခာက္မႈမျဖစ္ေပ။

"အေဒၚ့ေယာက္်ားရဲ့ အေျခအေနက အေတာ္ဆိုးသလား.."

"၂လေလာက္ နားရမယ္ထင္တာပဲ.. သူက ႐ံုးထိုင္ရတဲ့ဆရာဆိုေတာ့ အၾကမ္းပတမ္းမခံႏိုင္ဘူးေလ.."

တဖက္လူက ေက်ာင္းဆရာျဖစ္ေသာေၾကာင့္ မူလတန္းႏွင့္ေက်ာင္းထြက္ခဲ့ရေသာ ဖိုမင္က ေလးစားမႈရွိကာ ေဒါသတခ်ိဳ႕ပင္ လြင့္ျပယ္သြားသည္။

"မင္းႀကီးေတာ္ေျပာတာေတာ့ ၃လေလာက္ သူက လူနာျပဳစုေပးရမွာဆိုေတာ့ သူမကေလးေတြကို ေႏြရာသီ၃လမွာ ဒီမွာလာေနခိုင္းေစခ်င္တာ.."

"ဦးေလးရဲ့မ်က္ႏွာေပၚက ဒဏ္ရာက ဘယ္လိုရလာတာလဲ.."

႐ႈနင္က သူအကုတ္ခံရသလို ခံစားရကာ ေမးလိုက္သည္။

ဖိုမင္က တစ္ခါ ေဒါသျပန္ထြက္လာၿပီး ေျပာလိုက္သည္။

"သူ႔အစ္မႏွစ္ေယာက္ေၾကာင့္ စိတ္မပ်ံ႕လြင့္ေနတာ မဟုတ္ရင္ ေရွာင္ဖူက လုပ္ငန္းခြင္ဆိုဒ္ထဲကေန ျပဳတ္က်မွာမဟုတ္ဘူး.."

ေၾသာ္.. ဒါေၾကာင့္ မ်က္ႏွာမွာ ျခစ္ရာႀကီးျဖစ္ေနတာကိုး..။

ထိုည သူတို႔အားလံုး ေခါက္ဆြဲျပဳတ္ကို ညစာအျဖစ္စားလိုက္ၾကသည္။ ခ်င္ယြိဖူက မိန္းကေလးႏွစ္ဦးကို အိပ္ခန္းေလးမွာအတူအိပ္ေစၿပီး ေကာင္ေလးကို အခန္းေသးတစ္ခန္းေပးလိုက္သည္။

အႀကီးမေလးက အငယ္မေလး၏လက္ကိုဆြဲကာ တစ္ခန္းဝင္တစ္ခန္းထြက္ ေလွ်ာက္ၾကည့္ရင္း Master Bedroom အိပ္ခန္းက်ယ္ကို သေဘာက်ေနသည္။ ထိုအိပ္ခန္းက ေလေအးေပးစက္တပ္ထားသျဖင့္ သူမ ဒီအခန္းမွာေနခ်င္ေၾကာင္း ပါးစပ္ကထုတ္ေျပာခဲ့သည္။ မနာလိုမႈေၾကာင့္ သူမမ်က္လံုးက ဝင္းဝင္းေတာက္ေနသည္။ ထိုအိပ္ခန္းက်ယ္တြင္ ခ်င္ယြိဖူေနတာျဖစ္ၿပီး ႐ိုးသားေသာဦးေလးက တူမႏွစ္ေယာက္ႏွင့္ မတြက္ကပ္ခ်င္ေသာေၾကာင့္ မိန္းကေလးႏွစ္ဦးႏွင့္ အခန္းလဲေပးဖို႔ သေဘာတူမည္အျပဳ ႐ႈနင္က ကန္႔ကြက္လိုက္သည္။ ဧည့္သည္က ဧည့္သည္လိုပဲ ေနသင့္တယ္မဟုတ္လား။ ေလာဘႀကီးေသာ ကုလားအုတ္ကဲ့သို႔ ေျခတစ္ေခ်ာင္းေပးဝင္ရာကေန အိမ္ရွင္က ထြက္သြားေပးရသည့္အျဖစ္ကို မလိုလားေပ။ ၿပီးေတာ့ ဒီေကာင္မေလးက ခုအရြယ္ေလးႏွင့္ပင္ သူမမိခင္ကဲ့သို႔ လိုခ်င္မ်က္စိရွိကာ ေလာဘႀကီးလြန္းသည္။ ဦးေလးအိမ္ကို တက္လာေန႐ံုသာမက ဦးေလး၏အိပ္ခန္းကိုပင္ အပိုင္စီးခ်င္ေနသည္။

မင္းက မင္းသမီးေလးတစ္ပါးလို ေနခ်င္တာလား..။

ဒီလိုေတြးရင္း ႐ႈနင္က ခ်င္ယြိက်ိဳးအေၾကာင္းကို သတိရသြားသည္။ သူမက ငါးဘဝကေန နဂါးဘဝကို ေရာက္သြားခဲ့ေလၿပီ။ ဒါေတာင္ သူမက မေရာင့္ရဲႏိုင္ဘဲ ဧကရီဘုရင္မျဖစ္ခ်င္ေနေသးတာလား..။ ဟား.. ဟား.. ဟား.. သူ႔အေမခ်င္ယြိက်ိဳးလည္း သူမအစ္မမ်ားနည္းတူ ေလာဘႀကီးလြန္းလွေပသည္။

"ဦးေလးရဲ့ပစၥည္းအားလံုးက ဒီအိပ္ခန္းက်ယ္ထဲမွာရွိတယ္ဆိုတာ မင္းတို႔ သေဘာေပါက္သင့္တယ္.."

ေျပာမရဘူး..၊ ဒီအခန္းမွာေနဖို႔ သူမသမီးအႀကီးကို ဒုတိယႀကီးေတာ္က သင္ေပးတာျဖစ္ႏိုင္သည္။ ဒါေပမယ့္ ဒီေကာင္မေလးရဲ့ပံုစံက သင္ေပးစရာမလိုဘဲ သူ႔အေမလို ေလာဘႀကီးပံုရၿပီးသားပင္။ ႐ႈနင္က အိပ္ခန္းက်ယ္၏တံခါးကို ဆြဲပိတ္ကာ ေသာ့ခတ္လိုက္သည္။ ဒါက အလံုၿခံဳဆံုးနည္းပဲျဖစ္သည္။

တ်န္းရန္က ဒုတိယအေဒၚ၏ အႀကီးဆံုးသားျဖစ္ၿပီး သူ႔ဦးေလးက ပထမထပ္ကအိပ္ခန္းေသးမွာ ေနဖို႔ေျပာသည္ႏွင့္ တက္သြားကာ အခန္းထဲမွာ ပစၥည္းေနရာခ်ၿပီး တံခါးပိတ္ကာ ေအးေဆးေနလိုက္သည္။ သူက ဖခင္ေက်ာင္းဆရာဆီက အမူအက်င့္ႏွင့္တူသျဖင့္ ေျပာရဆိုရ လက္ေပါက္မကပ္ေပ။ အရင္ဘဝက ဒီဝမ္းကြဲအစ္ကိုႏွင့္ ပတ္သက္မႈမရွိေပမယ့္ ခုေတာ့ သူ႔အျပဳအမူက ႐ႈနင္ကို နည္းနည္းအေကာင္းျမင္ေစသည္။ တတိယသမီးက 11 ႏွစ္ပဲရွိေသးေပမယ့္ အရပ္က ႐ႈနင္ႏွင့္ ရြယ္တူပင္ျဖစ္ေနၿပီး သူမက ႐ႈနင္ကိုၾကည့္ကာ ႐ိုးသားသည့္ပံုႏွင့္ ေမးလိုက္သည္။

"အစ္ကိုေလး.. ဘာေၾကာင့္ သမီးတို႔ကို ခုလိုေျပာရတာလဲ.."

"ဟုတ္တယ္.. ငါတို႔က ဒီကို တစ္ခါတစ္ေလမွ ရွားရွားပါးပါးလာလည္ရတာကို.."

ဒုတိယသမီးကပါ ႏႈတ္ခမ္းစူကာ ဝင္ေျပာလိုက္သည္။

"ပထမဆံုးလာလည္တာ မေျပာနဲ႔.. အႀကိမ္ 100 လာလည္လည္း မရဘူး.. တကယ္လို႔ မင္းတို႔ villa နဲ႔ေနခ်င္ရင္ ႀကီးလာရင္ ပိုက္ဆံရွာၿပီး အိမ္တစ္လံုးဝယ္လိုက္.."

ဒါေပမယ့္ ဒုတိယသမီးက ေခါင္းေမာ့ရင္ေကာ့ကာ ေျပာလိုက္သည္။

"ဒီအိမ္ကို တတိယအေဒၚက ဦးေလးကို ဝယ္ေပးထားတာ.. ငါတို႔လည္း လာလည္လို႔ရတာပဲ.. ဘာျဖစ္လဲ.."

႐ႈနင္က ဆယ္ေက်ာ္သက္ကေလးမႏွင့္ ဖက္ၿပိဳင္ေျပာမေနေတာ့ေပ။ သူက ေႏြေက်ာင္းပိတ္ရက္ကို ဦးေလးႏွင့္အတူ ေအးေအးေဆးေဆး လာေနခ်င္ေပမယ့္ ခုလိုအျဖစ္ႏွင့္ လာတိုးေနသည္။ သူမတို႔က ၿခံဝင္းႏွင့္ villa မ်ိဳးကို မေနဖူးေသာေၾကာင့္ တေနကုန္ေျပးေဆာ့ကာ ဆူညံေနၾကသည္။ သူ႔အားလပ္ရက္ေလး ဘယ္လိုေအးခ်မ္းႏိုင္ေတာ့မလဲ။

ဦးေလးက တေနကုန္အလုပ္သြားရေသာေၾကာင့္ ကေလးတုႀကီး ႐ႈနင္က အလိုလို အိမ္ကိုေစာင့္ေရွာက္ေပးရေတာ့သည္။ ဒုတိယဦးေလးက ေဆး႐ံုတက္ေနရေတာ့ သူတို႔ကို လက္ခံထား႐ံုကလြဲၿပီး ဘာမွမတတ္ႏိုင္ေတာ့ေပ။ သူ႔လက္ထဲမွာ ပိုက္ဆံရွိေပမယ့္ သိပ္မသံုးဝံ့ေပ။ ၿပီးေတာ့ ဒီလိုတစ္ဖက္သားကို ေဒါသထြက္ေအာင္လုပ္တတ္ေသာ ေက်းဇူးကန္းတတ္သည့္ မ်က္လံုးျဖဴဝံပုေလြေလးမ်ားအတြက္ သူ႔ပိုက္ဆံကို ပိုလို႔ပင္မသံုးခ်င္ေပ။

ခ်င္ယြိဖူ၏အမူအယာက တူမ၏စကားကိုၾကားေတာ့ ပ်က္ယြင္းသြားသည္။ သူက အစ္မႏွစ္ေယာက္ကို ေဒါသထြက္ေပမယ့္ အျပစ္မရွိေသာကေလးမ်ားအေပၚ ေဒါသကို ပံုမခ်ခ်င္ေပ။ သူတို႔တကယ္ဒုကၡေရာက္ေနေသာေၾကာင့္ ကူညီေသာအေနျဖင့္ အိမ္ကိုေခၚလာေပးခဲ့သည္။ ႐ႈနင္လည္းေရာက္ေနေသာေၾကာင့္ ဝမ္းကြဲေတြေရာက္လာရင္ ႐ႈနင္လည္း အေဖာ္ရမလားဟု ေတြးမိေပမယ့္ တကယ္တမ္းအိမ္ကိုေရာက္လာေတာ့ တူမအႀကီးက သူ႔အေမလိုတေထရာတည္း ဇာတိျပေတာ့သည္။ ခ်င္ယြိဖူက ႐ႈနင္ကိုပ်ိဳးေထာင္ခဲ့လို႔ ဒီအိမ္ကိုရလိုက္သလို သူ႔ကိုပ်ိဳးေထာင္ေပးခဲ့ရလို႔ သူမတုိ႔ကေလးေတြလည္း ဒီအိမ္ကိုပိုင္ဆိုင္သင့္သည္ဟု ေျပာဆိုေနၾကသည္။

ဖိုမင္က ခ်င္ယြိဖူဆီက ဒီစကားကိုျပန္ၾကားေတာ့ ေပါင္ကိုလက္ႏွင့္ပုတ္ကာ အားပါးတရ ရယ္ေမာလိုက္ေတာ့သည္။ ခ်င္ယြိဖူက ဖိုမင္ေမးခဲ့သည့္စကားမ်ားကို ျပန္သတိရလာသည္။

"ေရွာင္ဖူေရ.. လူေကာင္းလုပ္တာ ေကာင္းပါတယ္.. ဒါေပမယ့္ ေကာင္းလြန္းရင္လည္း လူတိုင္းက မင္းကို အႏိုင္က်င့္ၾကလိမ့္မယ္ကြ.. ဒီလိုအႏိုင္က်င့္ခံရမယ္ဆိုရင္ လူေကာင္းဘဝက ဘာေကာင္းဦးမွာလဲ.."

႐ိုး႐ိုးသားသားေျပာရရင္ ငါက မင္းကိုပဲလိုအပ္ခ်ိန္တိုင္း ဒုကၡေပးရတာ။ မင္းကိုပဲ ငါအႏိုင္က်င့္ႏိုင္တာပါ..။ ဒီစကားကိုေတာ့ ခ်င္ယြိဖူက စိတ္ထဲကပဲ ေျပာေနမိတာျဖစ္သည္။ သူ ရြာကေန ၿမိဳ႕တက္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ အလုပ္ၾကမ္းသမားလာလုပ္ကတည္းက ဖိုမင္ကပဲ သူ႔ကို အစ္ကိုလို၊ အေဖလို၊ သူငယ္ခ်င္းလို ေစာင့္ေရွာက္ေပးခဲ့သည္။ သူ႔ဘဝမွာ တစ္ခုခုျဖစ္တိုင္း ဖိုမင္ကပဲ ေရွ႕က ကူညီေျဖရွင္းေပးခဲ့သည္။ အခုခ်ိန္ထိ သူ႔မွာ ျပႆနာႀကံဳတိုင္း ဖိုမင္က ခ်က္ခ်င္းကူညီေျဖရွင္းေပးေနသည္။ သူမ်ားကိုဒုကၡေပးရမွာ စိုးရြံ႕ေသာ ခ်င္ယြိဖူတစ္ေယာက္ ဖိုမင့္ကိုဆိုလွ်င္ ရင္းႏွီးကာ အကူအညီေတာင္းဖို႔ ဝန္မေလးေပ။ ဒါက သူတို႔ႏွစ္ဦးၾကားက ခင္မင္မႈသံေယာဇဥ္မ်ားပင္ျဖစ္သည္။

႐ႈနင္၏အခန္းက ဒုတိယအက်ယ္ဆံုးျဖစ္ၿပီး တမင္သက္သက္ သူ႔ေသတၱာထဲက ပစၥည္းမ်ားကို ထုတ္ထားကာ ထိုမိန္းကေလးႏွစ္ဦးကို စိတ္တိုင္းက်ဖြဖို႔ ခြင့္ျပဳထားသည္။ ဦးေလးက သူ႔ပစၥည္းမ်ားကို ဘာလုပ္လုပ္ သည္းခံမွာျဖစ္ေပမယ့္ သူအခ်စ္ဆံုးတူေလး ႐ႈနင္၏ပစၥည္းမ်ားကို ထိုေကာင္မေလးႏွစ္ေယာက္က ဖ်က္ဆီးခိုးယူရင္ေတာ့ ေသခ်ာေပါက္ ေဒါသထြက္ေပလိမ့္မည္။

ပထမညေတာ့ ေအးခ်မ္းစြာကုန္ဆံုးသြားသည္။ ဖိုမင္က ဆိုဖာေပၚအိပ္ၿပီး မိန္းကေလးႏွစ္ေယာက္က တစ္ခန္း၊ ေကာင္ေလးက တစ္ခန္း၊ ခ်င္ယြိဖူကအိပ္ခန္းက်ယ္ႀကီးႏွင့္ အတြင္းဆံုးအခန္းမွာ ႐ႈနင္ကအိပ္သည္။ ညေရာက္ေတာ့မွ ႐ႈနင္က ဖုန္းကိုထုတ္ကာ အစ္ကိုႀကီးဆီကို သူဘယ္ေလာက္လြမ္းေၾကာင္း စာပို႔ကာ sticker မ်ားပို႔ေပးလိုက္သည္။ ႐ႈဟိန္က အလုပ္မ်ားသည္ျဖစ္လို႔ မနက္ခင္းမွာစာမပို႔ဘဲ ညဘက္မွာပဲစာပို႔ကာ အစ္ကိုႀကီးမရွိလို႔ သူ႔မွာ အဆင္မေျပေၾကာင္း၊ လြမ္းေၾကာင္းမ်ား ေရးပို႔ေလ့ရွိသည္။

ဒီစာေလးမ်ားကိုဖတ္ရတိုင္း ႐ႈဟိန္က ၿပံဳးေပ်ာ္ေနၿပီး ေကာင္ေလးကို ပိုပိုလြမ္းဆြတ္လာမိသည္။ ႐ံုးမွာ ႐ႈဟိန္က ႐ႈနင္အေၾကာင္းေတြးကာ စိတ္ကူးယဥ္ေနသည္။ သူက ထိုၿမိဳ႕ကိုေျပးသြားကာ ႐ႈနင္ကို ခ်က္ခ်င္းေခၚလာခ်င္ေတာ့သည္။ ဒါေပမယ့္ ဒီရက္ပိုင္းေတာ့ သည္းခံေနမွျဖစ္မည္။ ႐ႈနင္က 13 ႏွစ္ရွိၿပီဆုိေတာ့ ကေလးလို အၿမဲတမ္း သူ႔အိပ္ယာေပၚမွာခ်ည္း ထားလို႔မျဖစ္ေသးေပ။ ဒါေပမယ့္ ညအတူတူအိပ္ဖို႔ ႐ႈနင္ကိုျပန္မေခၚႏိုင္သည့္အျဖစ္ကို ေတြးမိေတာ့ ႐ႈဟိန္ ေဒါသထြက္ကာ သုန္မႈန္လာသည္။ သူ၏ မူလေအးစက္စက္ပံုစံမွာ ပိုမိုျပင္းထန္ေအးစက္လာၿပီး သူ႔ကိုယ္ကေန သတ္ျဖတ္လိုျခင္း အရိပ္အေယာင္မ်ား ပ်ံ႕ႏွံ႔ကာ ဘယ္သူမွ သူ႔နားကို မကပ္ရဲၾကေတာ့ေပ။

တကယ္ေတာ့ "အရမ္းလြမ္းေၾကာင္း၊ အစ္ကိုႀကီးအနားမွာမရွိလုိ႔ သူအဆင္မေျပေၾကာင္း" စာမ်ားကို ႐ိုက္ပို႔ေနစဥ္ ႐ႈနင္က သေဘာက်စြာရယ္ေမာရင္း အိပ္ယာထက္မွာ လူးလွိမ့္ေနသည္။ သူ႔အစ္ကိုႀကီးကို ခုလိုစေနာက္ကာ ခၽြဲရသည္ကို သေဘာက်ေနသည္။ ဒီအစ္ကိုရွိတာ သူ႔အတြက္ ဘဝမွာ အေကာင္းဆံုးလက္ေဆာင္မြန္ျဖစ္သည္။

ေနာက္တစ္ေန႔မနက္တြင္ ခ်င္ယြိဖူက စားပြဲႏွင့္အျပည့္ မနက္စာ ခ်က္ျပဳတ္ျပင္ဆင္ၿပီးခ်ိန္ ႐ႈနင္က က်က္သေရရွိစြာ အေပၚထပ္ကဆင္းလာသည္။ ေကာင္မေလးႏွစ္ေယာက္က စားပြဲမွာထိုင္ကာ စားႏွင့္ေလၿပီ။

တ်န္းရန္က ဧည့္ခန္းမွာထိုင္ကာ ဘက္စကတ္ေဘာလံုးကို လက္ထဲမွာလွည့္ကစားရင္း ဖိုမင္ႏွင့္ ဘတ္စကတ္ေဘာအေၾကာင္း ေျပာေနသည္။ ခ်င္ယြိဖူက ဟင္းရည္ပန္းကန္ကို စားပြဲအလယ္မွာခ်ကာ အားလံုးကို လက္ေဝွ႔ယမ္းကာေခၚလိုက္သည္။

"မနက္စာစားခ်ိန္ေရာက္ၿပီ.."

စားဖို႔အခ်ိန္ေရာက္ၿပီ.. ဟုတ္လား..။ စားစရာအသားေတြေကာ က်န္ေသးလို႔လား..။ စားပြဲေပၚက အသားေတြအကုန္ကို ေကာင္မေလးႏွစ္ေယာက္က ဘဝမွာ အသားတစ္ခါမွမစားဖူးသလို တခဏအတြင္း အေျပာင္ရွင္းထားၿပီးၾကေလၿပီ။ သူတို႔ဘဝမွာ အသားတစ္ခါမွမစားဖူးၾကတာလား..။

"စားၿပီးရင္ သူတုိ႔ကို တေနရာပို႔လိုက္ေတာ့မယ္.. သူတုိ႔အဖြားနဲ႔ စကားေျပာၿပီးသြားၿပီ.. ငါက မနက္ကတည္းက အလုပ္သြားရမွာဆိုေတာ့ ကေလးထိန္းခ်ိန္မရွိဘူး.."

"ဒါဆုိ သူက ဘာေၾကာင့္ ဒီမွာေနေနတာလဲ.."

ဒုတိယမိန္းကေလးက လက္တစ္ဖက္မွာ ဝက္ေျခေထာက္၊ က်န္လက္တစ္ဖက္မွာ ဝက္အူေခ်ာင္းကိုင္ထားရင္း ႐ႈနင္ကိုညႊန္ျပကာ ေျပာလိုက္သည္။

"ဟုတ္တယ္.. ဦးေလး မွ်မွ်တတလုပ္သင့္တယ္.."

တတိယသမီးက စားလက္စအစားအစာကိုခ်ကာ ဝင္ေျပာလိုက္သည္။

႐ႈနင္က ဘာမွမေျပာေပမယ့္ ခ်င္ယြိဖူက ေဒါသထြက္ကာ စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။

"မင္းတို႔က သူနဲ႔ယွဥ္ခ်င္ေသးတာလား.. ဒီအိမ္ကို သူ႔အေဖဝယ္ေပးထားတာ.. ၿပီးေတာ့ သူ႔အေမက သူဒီမွာေနတုန္း စားစရိတ္ပုိက္ဆံေပးထားတယ္.. မင္းတို႔က ဘာေပးထားလို႔လဲ.."

"ဦးေလး.."

ေကာင္မေလးႏွစ္ေယာက္က တစ္ၿပိဳင္နက္တည္း ေအာ္လိုက္ၾကသည္။

"ပိုက္ဆံအေၾကာင္း မေျပာလို႔မရဘူး.. ငါ 18 ႏွစ္သားကတည္းက ေဆာက္လုပ္ေရးလုပ္ငန္းခြင္ထဲ ဝင္ၿပီး အစ္မႏွစ္ေယာက္ကို ပိုက္ဆံပို႔ရတယ္.. အခု ငါ အသက္ 30 ရွိၿပီ.. 12 ႏွစ္လံုးလံုး မင္းတို႔မိသားစုကို လုပ္ေကၽြးခဲ့ၿပီးၿပီ.. ၿပီးေတာ့ ရန္ရန္ အလယ္တန္းေက်ာင္းသားဘဝတုန္းက ရန္ျဖစ္လို႔ ပိုက္ဆံ 3000 ေလ်ာ္ရတဲ့ဟာ.. ငါေခ်းၿပီး ေပးခဲ့ရတာပဲ.."

တ်န္းရန္၏ေခါင္း ငံု႔က်သြားသည္။ သူအလယ္တန္းေနာက္ဆံုးႏွစ္တုန္းက ရန္ျဖစ္ေတာ့ ထိုစဥ္ အိမ္မွာ ပိုက္ဆံရွိေပမယ့္ အေမက ခါတိုင္းလို ဦးေလးဆီသြားကာ ပိုက္ဆံေတာင္းခဲ့သည္။ သူ႔မိခင္ေျပာခဲ့တာက ဦးေလးက သူတို႔မိသားစုထက္ ပိုဝင္ေငြေကာင္းၿပီး သူက ဦးေလးျဖစ္လို႔ ေပးသင့္ေၾကာင္း၊ သူတို႔မိသားစု ခါးက်ိဳးေအာင္အလုပ္လုပ္သည့္တိုင္ ဦးေလးေလာက္ေငြမဝင္လို႔ ဦးေလးဆီက ေတာင္းသင့္ေၾကာင္း ေျပာခဲ့သည္။ ထိုစဥ္ကတည္းက တ်န္းရန္၏စိတ္ထဲမွာ ဒါမမွန္ဘူးဆိုတာ ရိပ္မိၿပီး ထိုကတည္းက မိခင္ျဖစ္သူႏွင့္ ခပ္ခြာခြာသာေနခဲ့သည္။ ထိုစဥ္က မိခင္ႏွင့္ပတ္သက္ၿပီး အေဖႏွင့္မေဆြးေႏြးခဲ့တာ မွားသြားၿပီဟု တ်န္းရန္ေတြးေနမိသည္။ ယခု အေဖေဆး႐ံုဆင္းလာလွ်င္ အခ်ိန္ေကာင္းေစာင့္ၿပီး အေဖႏွင့္ စကားေျပာရဦးမည္ဟု ေတြးထားသည္။ တ်န္းရန္က ခပ္မတ္မတ္ျပန္ထိုင္ကာ ညီမႏွစ္ေယာက္ကို ေျပာလိုက္သည္။

"မိန္းကေလးႏွစ္ေယာက္ လက္ေဆးၿပီး အထုပ္ျပင္ၾက.. ငါတို႔ ျပန္ၾကမယ္.."

"သမီးတို႔ မျပန္ႏိုင္ဘူး.."

ေကာင္မေလးေတြက ၿပိဳင္တူေအာ္လိုက္ၾကသည္။

"ငါ့စကားကို မင္းတို႔ နားမေထာင္ၾကဘူးေပါ့.."

တ်န္းရန္က အစ္ကိုႀကီးအေနျဖင့္ သူမတို႔ကို ဟန္႔တားႏိုင္စြမ္းရွိသည္။

ေကာင္မေလးႏွစ္ေယာက္က တစ္ခုခုမွားေနၿပီဆိုတာ ခံစားလိုက္ရသည္။ အငယ္ဆံုးေကာင္မေလးက မ်က္ဝန္းထဲမွာ မ်က္ရည္မ်ားဝဲကာ ႐ႈနင္ကိုၾကည့္ၿပီး ေျပာလိုက္သည္။

"သမီးတို႔လည္း villa နဲ႔ေနခ်င္တယ္.. အစ္ကိုေလး.. သမီးတို႔ကို villa တစ္လံုးေလာက္ ဝယ္ေပးပါလား.. ယခင္ရြာထဲက အစ္ကိုေလးအေဖကို ျမင္ဖူးတဲ့လူေတြက ေျပာၾကတယ္.. အစ္ကိုေလးအေဖက ကိုယ္ပိုင္ကားကို ကိုယ္တိုင္ေမာင္းၿပီး အရမ္းခ်မ္းသာတယ္တဲ့.. သမီးတို႔ကို တစ္သက္လံုးေကၽြးထားဖို႔ သူ႔မွာ ပိုက္ဆံေတြရွိမွာေသခ်ာတယ္.."

"ဘာေၾကာင့္ သူ႔ပိုက္ဆံေတြ မင္းတို႔ကိုေပးသင့္တာလဲ.."

ဘာေၾကာင့္ရယ္မသိ ႐ႈနင္က သူတို႔ကိုေလွာင္လိုက္မိသည္။"

"သမီးတို႔က မိသားစုေတြေလ.."

"ငါ့မ်ိဳး႐ိုးက ႐ႈ.. နင္တို႔က တ်န္းေလ.."

"အစ္ကိုေလးအေမနဲ႔ သမီးအေမက ခ်င္ မ်ိဳး႐ိုးေတြေလ.."

"ဒါဆိုလည္း နင္တို႔ အိမ္ကိုအရင္ျပန္ၿပီး နင္တို႔အေမကိုေျပာလိုက္.. ငါ့အေမကိုသြားရွာၿပီး နင္တို႔အတြက္ အိမ္တစ္လံုးဝယ္ေပးဖို႔ ေျပာခိုင္းလိုက္.. သူတို႔က မိသားစုေတြဆိုေတာ့ ဝယ္ေပးခ်င္ဝယ္ေပးမွာေပါ့.."

"တကယ္လား.."

မိန္းကေလးႏွစ္ေယာက္ရဲ့ မ်က္လံုးထဲမွာ ေလာဘရိပ္ျဖင့္ ေပ်ာ္ရႊင္သြားၾကသည္။

႐ႈနင္က ခ်င္ယြိက်ိဳးရဲ့သားပဲ.. အခြင့္ႀကံဳလာေတာ့ သူ႔အေမအတြက္ ေသတြင္းတူးေပးလိုက္တာေပါ့..။

============================

Chapter (32) – ဝမ်းကွဲညီမများနှင့် ရှုနင် (Z+U)

ထိုကောင်လေးက သူ့ရင်ထဲကခံစားချက်ကို ဖုံးကွယ်ထားသော်လည်း နဖူးတွန့်နေပုံက စိတ်မရှည်တာကို ဖော်ပြနေသည်။ ဒါတောင် သူ့မျက်နှာက ကြည့်ကောင်းဆဲဖြစ်သည်။ ဒုတိယ အိမ်ထဲဝင်လာသော ကောင်မလေးက 14 နှစ်အရွယ်ရှိပြီး မြင်းမြီးပုံစံဆံပင်ကို ချည်ထားကာ အပြာရောင်စကဒ်ကို ဝတ်ထားပြီး ရုပ်ရှည်က သာမန်လောက်ပဲရှိသည်။ ဒါပေမယ့် သူမ၏မျက်ဝန်းများက တောက်ပနေပြီး ဒုတိယကြီးတော် ချင်ယွိလန်နှင့် တစ်ထပ်တည်းတူလှသည်။ တတိယကလေးမလေးက 12 နှစ်အရွယ်လောက်ရှိပြီး ဖြူစင်သောအသားအရေရှိကာ အတော်လေးလှပြီး ရှုနင်ကို စိတ်ဝင်တစားကြည့်နေသည်။

သူတို့က ဘယ်သူလဲဆိုတာ ရှုနင် ရိပ်မိပြီးဖြစ်သည်။ သူတို့အသက်ကိုကြည့်ရတာ ဒုတိယအဒေါ်၏ကလေးများ ဖြစ်ပုံရသည်။ ချင်ယွိဖူက အထက်တန်းပထမနှစ်ကို ရောက်နေသော ရှုနင်ကို ဘယ်လိုရှင်းပြရမလဲမသိဖြစ်ကာ ကူကယ်ရာမဲ့စွာဖြင့် မီးဖိုထဲဝင်သွားခဲ့သည်။ ရှုနင်က ဆိုဖာပေါ်ထိုင်နေသော ဖိုမင်ကို စိုက်ကြည့်လိုက်တော့ ဖိုမင်က ရင်ထိတ်ခနဲခုန်သွားပြီး အမြန်ပြောလိုက်သည်။

"ငါ့ကိုကြည့်နေလည်း ဘာမှမထူးဘူး.. ဒါက ရှောင်ဖူရဲ့စိတ်ကူးပဲ.."

ရှုနင်က ဆိုဖာပေါ်ဝင်ထိုင်ကာ အမှတ်မထင်ဟန်ဖြင့် မေးလိုက်သည်။

"ဘာတွေဖြစ်လာကြတာလဲ.."

ဖိုမင်က စီးကရက်ကို အားပါးတရရှိုက်ဖွာကာ သက်ပြင်းမှုတ်ထုတ်ရင်း ပြောပြသည်။

"မင်းဦးလေးက သူ့အစ်မတွေ ဆက်တိုက်နှောင့်ယှက်တာကို တောက်လျှောက်ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တယ်.. သူတို့နှောင့်ယှက်တာက လွန်ခဲ့တဲ့နှစ်ရက်က ရပ်တန့်သွားခဲ့တယ်.. ဘာကြောင့်လဲဆိုတော့ သူ့ဒုတိယအစ်မရဲ့ယောက်ျားက ဆေးရုံတက်လိုက်ရပြီး သူ့အစ်မက ဆေးရုံမှာ လိုက်စောင့်ပေးရမယ်ဆိုတော့ ကလေးတွေကို ကြည့်ရှုချိန်မရဘူး.. ဒါကြောင့် ရှောင်ဖူက မလွှဲသာဘဲ ကလေးတွေကို ခေါ်လာရတယ်.. ရှောင်ဖူက ဝံပုလွေအုပ်ထဲက တကယ်ရိုးသားတဲ့ တစ်ဦးတည်းသောသူပဲ.. မင်းသိတဲ့အတိုင်းပဲ ဝံပုလွေပေါက်လေးတွေလည်း ဘယ်လွယ်ပါ့မလဲ.."

"သူတို့က ဆေးရုံမှာ တွေ့ခဲ့ကြတာလား.."

"အင်း.."

အားကစားဝတ်စုံနှင့်ကောင်လေးက ရှုတင်းတင်းနှင့် လှမ်းအော်လိုက်သည်။

"ဘယ်သူက ဝံပုလွေပေါက်တွေလဲ.. ခင်ဗျား စကားကြည့်ပြော.."

ဒါပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ကြမ်းသမားများစွာကို အုပ်ချုပ်လာသော ဖိုမင်က ဒီဆယ်ကျော်သက်ကောင်လေးကို ခပ်တင်းတင်းကြည့်ကာ ပြောလိုက်သည်။

"အိုက်ယား.. မင်းအမေက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပြဿနာလာရှာတဲ့အချိန်မှာ မင်းက ဘယ်ရောက်နေလို့လဲ.. မင်းအဖွား ဆေးရုံပေါ်မှာ ဘယ်လိုသေသွားရသလဲ မင်းသိရဲ့လား.."

ဖိုမင်၏ ညိုမှောင်သောအသားအရေ၊ ကျယ်လောင်သောအသံကြောင့် ကောင်လေးနှင့်ကောင်မလေးနှစ်ဦး ကြောက်လန့်ကာ ပါးစပ်ပိတ်သွားကြသည်။ အကြီးမက ခေါင်းငုံ့ကာ မျက်လုံးက မှေးမှိန်နေပြီး အငယ်မလေးကတော့ စူးစိုက်ကြည့်နေသည်။

ဖိုမင်၏ ခြိမ်းခြောက်နိုင်သောပုံရိပ်က ရှုနင်ပေါ်ကို လုံးဝသက်ရောက်မှုမရှိပေ။ ရှုဟိန်၏အရိပ်အောက်မှာ နေလာခဲ့ရသောသူ့အတွက် ဒီလောက်က ခြိမ်းခြောက်မှုမဖြစ်ပေ။

"အဒေါ့်ယောက်ျားရဲ့ အခြေအနေက အတော်ဆိုးသလား.."

"၂လလောက် နားရမယ်ထင်တာပဲ.. သူက ရုံးထိုင်ရတဲ့ဆရာဆိုတော့ အကြမ်းပတမ်းမခံနိုင်ဘူးလေ.."

တဖက်လူက ကျောင်းဆရာဖြစ်သောကြောင့် မူလတန်းနှင့်ကျောင်းထွက်ခဲ့ရသော ဖိုမင်က လေးစားမှုရှိကာ ဒေါသတချို့ပင် လွင့်ပြယ်သွားသည်။

"မင်းကြီးတော်ပြောတာတော့ ၃လလောက် သူက လူနာပြုစုပေးရမှာဆိုတော့ သူမကလေးတွေကို နွေရာသီ၃လမှာ ဒီမှာလာနေခိုင်းစေချင်တာ.."

"ဦးလေးရဲ့မျက်နှာပေါ်က ဒဏ်ရာက ဘယ်လိုရလာတာလဲ.."

ရှုနင်က သူအကုတ်ခံရသလို ခံစားရကာ မေးလိုက်သည်။

ဖိုမင်က တစ်ခါ ဒေါသပြန်ထွက်လာပြီး ပြောလိုက်သည်။

"သူ့အစ်မနှစ်ယောက်ကြောင့် စိတ်မပျံ့လွင့်နေတာ မဟုတ်ရင် ရှောင်ဖူက လုပ်ငန်းခွင်ဆိုဒ်ထဲကနေ ပြုတ်ကျမှာမဟုတ်ဘူး.."

သြော်.. ဒါကြောင့် မျက်နှာမှာ ခြစ်ရာကြီးဖြစ်နေတာကိုး..။

ထိုည သူတို့အားလုံး ခေါက်ဆွဲပြုတ်ကို ညစာအဖြစ်စားလိုက်ကြသည်။ ချင်ယွိဖူက မိန်းကလေးနှစ်ဦးကို အိပ်ခန်းလေးမှာအတူအိပ်စေပြီး ကောင်လေးကို အခန်းသေးတစ်ခန်းပေးလိုက်သည်။

အကြီးမလေးက အငယ်မလေး၏လက်ကိုဆွဲကာ တစ်ခန်းဝင်တစ်ခန်းထွက် လျှောက်ကြည့်ရင်း Master Bedroom အိပ်ခန်းကျယ်ကို သဘောကျနေသည်။ ထိုအိပ်ခန်းက လေအေးပေးစက်တပ်ထားသဖြင့် သူမ ဒီအခန်းမှာနေချင်ကြောင်း ပါးစပ်ကထုတ်ပြောခဲ့သည်။ မနာလိုမှုကြောင့် သူမမျက်လုံးက ဝင်းဝင်းတောက်နေသည်။ ထိုအိပ်ခန်းကျယ်တွင် ချင်ယွိဖူနေတာဖြစ်ပြီး ရိုးသားသောဦးလေးက တူမနှစ်ယောက်နှင့် မတွက်ကပ်ချင်သောကြောင့် မိန်းကလေးနှစ်ဦးနှင့် အခန်းလဲပေးဖို့ သဘောတူမည်အပြု ရှုနင်က ကန့်ကွက်လိုက်သည်။ ဧည့်သည်က ဧည့်သည်လိုပဲ နေသင့်တယ်မဟုတ်လား။ လောဘကြီးသော ကုလားအုတ်ကဲ့သို့ ခြေတစ်ချောင်းပေးဝင်ရာကနေ အိမ်ရှင်က ထွက်သွားပေးရသည့်အဖြစ်ကို မလိုလားပေ။ ပြီးတော့ ဒီကောင်မလေးက ခုအရွယ်လေးနှင့်ပင် သူမမိခင်ကဲ့သို့ လိုချင်မျက်စိရှိကာ လောဘကြီးလွန်းသည်။ ဦးလေးအိမ်ကို တက်လာနေရုံသာမက ဦးလေး၏အိပ်ခန်းကိုပင် အပိုင်စီးချင်နေသည်။

မင်းက မင်းသမီးလေးတစ်ပါးလို နေချင်တာလား..။

ဒီလိုတွေးရင်း ရှုနင်က ချင်ယွိကျိုးအကြောင်းကို သတိရသွားသည်။ သူမက ငါးဘဝကနေ နဂါးဘဝကို ရောက်သွားခဲ့လေပြီ။ ဒါတောင် သူမက မရောင့်ရဲနိုင်ဘဲ ဧကရီဘုရင်မဖြစ်ချင်နေသေးတာလား..။ ဟား.. ဟား.. ဟား.. သူ့အမေချင်ယွိကျိုးလည်း သူမအစ်မများနည်းတူ လောဘကြီးလွန်းလှပေသည်။

"ဦးလေးရဲ့ပစ္စည်းအားလုံးက ဒီအိပ်ခန်းကျယ်ထဲမှာရှိတယ်ဆိုတာ မင်းတို့ သဘောပေါက်သင့်တယ်.."

ပြောမရဘူး..၊ ဒီအခန်းမှာနေဖို့ သူမသမီးအကြီးကို ဒုတိယကြီးတော်က သင်ပေးတာဖြစ်နိုင်သည်။ ဒါပေမယ့် ဒီကောင်မလေးရဲ့ပုံစံက သင်ပေးစရာမလိုဘဲ သူ့အမေလို လောဘကြီးပုံရပြီးသားပင်။ ရှုနင်က အိပ်ခန်းကျယ်၏တံခါးကို ဆွဲပိတ်ကာ သော့ခတ်လိုက်သည်။ ဒါက အလုံခြုံဆုံးနည်းပဲဖြစ်သည်။

တျန်းရန်က ဒုတိယအဒေါ်၏ အကြီးဆုံးသားဖြစ်ပြီး သူ့ဦးလေးက ပထမထပ်ကအိပ်ခန်းသေးမှာ နေဖို့ပြောသည်နှင့် တက်သွားကာ အခန်းထဲမှာ ပစ္စည်းနေရာချပြီး တံခါးပိတ်ကာ အေးဆေးနေလိုက်သည်။ သူက ဖခင်ကျောင်းဆရာဆီက အမူအကျင့်နှင့်တူသဖြင့် ပြောရဆိုရ လက်ပေါက်မကပ်ပေ။ အရင်ဘဝက ဒီဝမ်းကွဲအစ်ကိုနှင့် ပတ်သက်မှုမရှိပေမယ့် ခုတော့ သူ့အပြုအမူက ရှုနင်ကို နည်းနည်းအကောင်းမြင်စေသည်။ တတိယသမီးက 11 နှစ်ပဲရှိသေးပေမယ့် အရပ်က ရှုနင်နှင့် ရွယ်တူပင်ဖြစ်နေပြီး သူမက ရှုနင်ကိုကြည့်ကာ ရိုးသားသည့်ပုံနှင့် မေးလိုက်သည်။

"အစ်ကိုလေး.. ဘာကြောင့် သမီးတို့ကို ခုလိုပြောရတာလဲ.."

"ဟုတ်တယ်.. ငါတို့က ဒီကို တစ်ခါတစ်လေမှ ရှားရှားပါးပါးလာလည်ရတာကို.."

ဒုတိယသမီးကပါ နှုတ်ခမ်းစူကာ ဝင်ပြောလိုက်သည်။

"ပထမဆုံးလာလည်တာ မပြောနဲ့.. အကြိမ် 100 လာလည်လည်း မရဘူး.. တကယ်လို့ မင်းတို့ villa နဲ့နေချင်ရင် ကြီးလာရင် ပိုက်ဆံရှာပြီး အိမ်တစ်လုံးဝယ်လိုက်.."

ဒါပေမယ့် ဒုတိယသမီးက ခေါင်းမော့ရင်ကော့ကာ ပြောလိုက်သည်။

"ဒီအိမ်ကို တတိယအဒေါ်က ဦးလေးကို ဝယ်ပေးထားတာ.. ငါတို့လည်း လာလည်လို့ရတာပဲ.. ဘာဖြစ်လဲ.."

ရှုနင်က ဆယ်ကျော်သက်ကလေးမနှင့် ဖက်ပြိုင်ပြောမနေတော့ပေ။ သူက နွေကျောင်းပိတ်ရက်ကို ဦးလေးနှင့်အတူ အေးအေးဆေးဆေး လာနေချင်ပေမယ့် ခုလိုအဖြစ်နှင့် လာတိုးနေသည်။ သူမတို့က ခြံဝင်းနှင့် villa မျိုးကို မနေဖူးသောကြောင့် တနေကုန်ပြေးဆော့ကာ ဆူညံနေကြသည်။ သူ့အားလပ်ရက်လေး ဘယ်လိုအေးချမ်းနိုင်တော့မလဲ။

ဦးလေးက တနေကုန်အလုပ်သွားရသောကြောင့် ကလေးတုကြီး ရှုနင်က အလိုလို အိမ်ကိုစောင့်ရှောက်ပေးရတော့သည်။ ဒုတိယဦးလေးက ဆေးရုံတက်နေရတော့ သူတို့ကို လက်ခံထားရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပေ။ သူ့လက်ထဲမှာ ပိုက်ဆံရှိပေမယ့် သိပ်မသုံးဝံ့ပေ။ ပြီးတော့ ဒီလိုတစ်ဖက်သားကို ဒေါသထွက်အောင်လုပ်တတ်သော ကျေးဇူးကန်းတတ်သည့် မျက်လုံးဖြူဝံပုလွေလေးများအတွက် သူ့ပိုက်ဆံကို ပိုလို့ပင်မသုံးချင်ပေ။

ချင်ယွိဖူ၏အမူအယာက တူမ၏စကားကိုကြားတော့ ပျက်ယွင်းသွားသည်။ သူက အစ်မနှစ်ယောက်ကို ဒေါသထွက်ပေမယ့် အပြစ်မရှိသောကလေးများအပေါ် ဒေါသကို ပုံမချချင်ပေ။ သူတို့တကယ်ဒုက္ခရောက်နေသောကြောင့် ကူညီသောအနေဖြင့် အိမ်ကိုခေါ်လာပေးခဲ့သည်။ ရှုနင်လည်းရောက်နေသောကြောင့် ဝမ်းကွဲတွေရောက်လာရင် ရှုနင်လည်း အဖော်ရမလားဟု တွေးမိပေမယ့် တကယ်တမ်းအိမ်ကိုရောက်လာတော့ တူမအကြီးက သူ့အမေလိုတထေရာတည်း ဇာတိပြတော့သည်။ ချင်ယွိဖူက ရှုနင်ကိုပျိုးထောင်ခဲ့လို့ ဒီအိမ်ကိုရလိုက်သလို သူ့ကိုပျိုးထောင်ပေးခဲ့ရလို့ သူမတို့ကလေးတွေလည်း ဒီအိမ်ကိုပိုင်ဆိုင်သင့်သည်ဟု ပြောဆိုနေကြသည်။

ဖိုမင်က ချင်ယွိဖူဆီက ဒီစကားကိုပြန်ကြားတော့ ပေါင်ကိုလက်နှင့်ပုတ်ကာ အားပါးတရ ရယ်မောလိုက်တော့သည်။ ချင်ယွိဖူက ဖိုမင်မေးခဲ့သည့်စကားများကို ပြန်သတိရလာသည်။

"ရှောင်ဖူရေ.. လူကောင်းလုပ်တာ ကောင်းပါတယ်.. ဒါပေမယ့် ကောင်းလွန်းရင်လည်း လူတိုင်းက မင်းကို အနိုင်ကျင့်ကြလိမ့်မယ်ကွ.. ဒီလိုအနိုင်ကျင့်ခံရမယ်ဆိုရင် လူကောင်းဘဝက ဘာကောင်းဦးမှာလဲ.."

ရိုးရိုးသားသားပြောရရင် ငါက မင်းကိုပဲလိုအပ်ချိန်တိုင်း ဒုက္ခပေးရတာ။ မင်းကိုပဲ ငါအနိုင်ကျင့်နိုင်တာပါ..။ ဒီစကားကိုတော့ ချင်ယွိဖူက စိတ်ထဲကပဲ ပြောနေမိတာဖြစ်သည်။ သူ ရွာကနေ မြို့တက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ကြမ်းသမားလာလုပ်ကတည်းက ဖိုမင်ကပဲ သူ့ကို အစ်ကိုလို၊ အဖေလို၊ သူငယ်ချင်းလို စောင့်ရှောက်ပေးခဲ့သည်။ သူ့ဘဝမှာ တစ်ခုခုဖြစ်တိုင်း ဖိုမင်ကပဲ ရှေ့က ကူညီဖြေရှင်းပေးခဲ့သည်။ အခုချိန်ထိ သူ့မှာ ပြဿနာကြုံတိုင်း ဖိုမင်က ချက်ချင်းကူညီဖြေရှင်းပေးနေသည်။ သူများကိုဒုက္ခပေးရမှာ စိုးရွံ့သော ချင်ယွိဖူတစ်ယောက် ဖိုမင့်ကိုဆိုလျှင် ရင်းနှီးကာ အကူအညီတောင်းဖို့ ဝန်မလေးပေ။ ဒါက သူတို့နှစ်ဦးကြားက ခင်မင်မှုသံယောဇဉ်များပင်ဖြစ်သည်။

ရှုနင်၏အခန်းက ဒုတိယအကျယ်ဆုံးဖြစ်ပြီး တမင်သက်သက် သူ့သေတ္တာထဲက ပစ္စည်းများကို ထုတ်ထားကာ ထိုမိန်းကလေးနှစ်ဦးကို စိတ်တိုင်းကျဖွဖို့ ခွင့်ပြုထားသည်။ ဦးလေးက သူ့ပစ္စည်းများကို ဘာလုပ်လုပ် သည်းခံမှာဖြစ်ပေမယ့် သူအချစ်ဆုံးတူလေး ရှုနင်၏ပစ္စည်းများကို ထိုကောင်မလေးနှစ်ယောက်က ဖျက်ဆီးခိုးယူရင်တော့ သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။

ပထမညတော့ အေးချမ်းစွာကုန်ဆုံးသွားသည်။ ဖိုမင်က ဆိုဖာပေါ်အိပ်ပြီး မိန်းကလေးနှစ်ယောက်က တစ်ခန်း၊ ကောင်လေးက တစ်ခန်း၊ ချင်ယွိဖူကအိပ်ခန်းကျယ်ကြီးနှင့် အတွင်းဆုံးအခန်းမှာ ရှုနင်ကအိပ်သည်။ ညရောက်တော့မှ ရှုနင်က ဖုန်းကိုထုတ်ကာ အစ်ကိုကြီးဆီကို သူဘယ်လောက်လွမ်းကြောင်း စာပို့ကာ sticker များပို့ပေးလိုက်သည်။ ရှုဟိန်က အလုပ်များသည်ဖြစ်လို့ မနက်ခင်းမှာစာမပို့ဘဲ ညဘက်မှာပဲစာပို့ကာ အစ်ကိုကြီးမရှိလို့ သူ့မှာ အဆင်မပြေကြောင်း၊ လွမ်းကြောင်းများ ရေးပို့လေ့ရှိသည်။

ဒီစာလေးများကိုဖတ်ရတိုင်း ရှုဟိန်က ပြုံးပျော်နေပြီး ကောင်လေးကို ပိုပိုလွမ်းဆွတ်လာမိသည်။ ရုံးမှာ ရှုဟိန်က ရှုနင်အကြောင်းတွေးကာ စိတ်ကူးယဉ်နေသည်။ သူက ထိုမြို့ကိုပြေးသွားကာ ရှုနင်ကို ချက်ချင်းခေါ်လာချင်တော့သည်။ ဒါပေမယ့် ဒီရက်ပိုင်းတော့ သည်းခံနေမှဖြစ်မည်။ ရှုနင်က 13 နှစ်ရှိပြီဆိုတော့ ကလေးလို အမြဲတမ်း သူ့အိပ်ယာပေါ်မှာချည်း ထားလို့မဖြစ်သေးပေ။ ဒါပေမယ့် ညအတူတူအိပ်ဖို့ ရှုနင်ကိုပြန်မခေါ်နိုင်သည့်အဖြစ်ကို တွေးမိတော့ ရှုဟိန် ဒေါသထွက်ကာ သုန်မှုန်လာသည်။ သူ၏ မူလအေးစက်စက်ပုံစံမှာ ပိုမိုပြင်းထန်အေးစက်လာပြီး သူ့ကိုယ်ကနေ သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ပျံ့နှံ့ကာ ဘယ်သူမှ သူ့နားကို မကပ်ရဲကြတော့ပေ။

တကယ်တော့ "အရမ်းလွမ်းကြောင်း၊ အစ်ကိုကြီးအနားမှာမရှိလို့ သူအဆင်မပြေကြောင်း" စာများကို ရိုက်ပို့နေစဉ် ရှုနင်က သဘောကျစွာရယ်မောရင်း အိပ်ယာထက်မှာ လူးလှိမ့်နေသည်။ သူ့အစ်ကိုကြီးကို ခုလိုစနောက်ကာ ချွဲရသည်ကို သဘောကျနေသည်။ ဒီအစ်ကိုရှိတာ သူ့အတွက် ဘဝမှာ အကောင်းဆုံးလက်ဆောင်မွန်ဖြစ်သည်။

နောက်တစ်နေ့မနက်တွင် ချင်ယွိဖူက စားပွဲနှင့်အပြည့် မနက်စာ ချက်ပြုတ်ပြင်ဆင်ပြီးချိန် ရှုနင်က ကျက်သရေရှိစွာ အပေါ်ထပ်ကဆင်းလာသည်။ ကောင်မလေးနှစ်ယောက်က စားပွဲမှာထိုင်ကာ စားနှင့်လေပြီ။

တျန်းရန်က ဧည့်ခန်းမှာထိုင်ကာ ဘက်စကတ်ဘောလုံးကို လက်ထဲမှာလှည့်ကစားရင်း ဖိုမင်နှင့် ဘတ်စကတ်ဘောအကြောင်း ပြောနေသည်။ ချင်ယွိဖူက ဟင်းရည်ပန်းကန်ကို စားပွဲအလယ်မှာချကာ အားလုံးကို လက်ဝှေ့ယမ်းကာခေါ်လိုက်သည်။

"မနက်စာစားချိန်ရောက်ပြီ.."

စားဖို့အချိန်ရောက်ပြီ.. ဟုတ်လား..။ စားစရာအသားတွေကော ကျန်သေးလို့လား..။ စားပွဲပေါ်က အသားတွေအကုန်ကို ကောင်မလေးနှစ်ယောက်က ဘဝမှာ အသားတစ်ခါမှမစားဖူးသလို တခဏအတွင်း အပြောင်ရှင်းထားပြီးကြလေပြီ။ သူတို့ဘဝမှာ အသားတစ်ခါမှမစားဖူးကြတာလား..။

"စားပြီးရင် သူတို့ကို တနေရာပို့လိုက်တော့မယ်.. သူတို့အဖွားနဲ့ စကားပြောပြီးသွားပြီ.. ငါက မနက်ကတည်းက အလုပ်သွားရမှာဆိုတော့ ကလေးထိန်းချိန်မရှိဘူး.."

"ဒါဆို သူက ဘာကြောင့် ဒီမှာနေနေတာလဲ.."

ဒုတိယမိန်းကလေးက လက်တစ်ဖက်မှာ ဝက်ခြေထောက်၊ ကျန်လက်တစ်ဖက်မှာ ဝက်အူချောင်းကိုင်ထားရင်း ရှုနင်ကိုညွှန်ပြကာ ပြောလိုက်သည်။

"ဟုတ်တယ်.. ဦးလေး မျှမျှတတလုပ်သင့်တယ်.."

တတိယသမီးက စားလက်စအစားအစာကိုချကာ ဝင်ပြောလိုက်သည်။

ရှုနင်က ဘာမှမပြောပေမယ့် ချင်ယွိဖူက ဒေါသထွက်ကာ စိုက်ကြည့်ပြီး ပြောလိုက်သည်။

"မင်းတို့က သူနဲ့ယှဉ်ချင်သေးတာလား.. ဒီအိမ်ကို သူ့အဖေဝယ်ပေးထားတာ.. ပြီးတော့ သူ့အမေက သူဒီမှာနေတုန်း စားစရိတ်ပိုက်ဆံပေးထားတယ်.. မင်းတို့က ဘာပေးထားလို့လဲ.."

"ဦးလေး.."

ကောင်မလေးနှစ်ယောက်က တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။

"ပိုက်ဆံအကြောင်း မပြောလို့မရဘူး.. ငါ 18 နှစ်သားကတည်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ဝင်ပြီး အစ်မနှစ်ယောက်ကို ပိုက်ဆံပို့ရတယ်.. အခု ငါ အသက် 30 ရှိပြီ.. 12 နှစ်လုံးလုံး မင်းတို့မိသားစုကို လုပ်ကျွေးခဲ့ပြီးပြီ.. ပြီးတော့ ရန်ရန် အလယ်တန်းကျောင်းသားဘဝတုန်းက ရန်ဖြစ်လို့ ပိုက်ဆံ 3000 လျော်ရတဲ့ဟာ.. ငါချေးပြီး ပေးခဲ့ရတာပဲ.."

တျန်းရန်၏ခေါင်း ငုံ့ကျသွားသည်။ သူအလယ်တန်းနောက်ဆုံးနှစ်တုန်းက ရန်ဖြစ်တော့ ထိုစဉ် အိမ်မှာ ပိုက်ဆံရှိပေမယ့် အမေက ခါတိုင်းလို ဦးလေးဆီသွားကာ ပိုက်ဆံတောင်းခဲ့သည်။ သူ့မိခင်ပြောခဲ့တာက ဦးလေးက သူတို့မိသားစုထက် ပိုဝင်ငွေကောင်းပြီး သူက ဦးလေးဖြစ်လို့ ပေးသင့်ကြောင်း၊ သူတို့မိသားစု ခါးကျိုးအောင်အလုပ်လုပ်သည့်တိုင် ဦးလေးလောက်ငွေမဝင်လို့ ဦးလေးဆီက တောင်းသင့်ကြောင်း ပြောခဲ့သည်။ ထိုစဉ်ကတည်းက တျန်းရန်၏စိတ်ထဲမှာ ဒါမမှန်ဘူးဆိုတာ ရိပ်မိပြီး ထိုကတည်းက မိခင်ဖြစ်သူနှင့် ခပ်ခွာခွာသာနေခဲ့သည်။ ထိုစဉ်က မိခင်နှင့်ပတ်သက်ပြီး အဖေနှင့်မဆွေးနွေးခဲ့တာ မှားသွားပြီဟု တျန်းရန်တွေးနေမိသည်။ ယခု အဖေဆေးရုံဆင်းလာလျှင် အချိန်ကောင်းစောင့်ပြီး အဖေနှင့် စကားပြောရဦးမည်ဟု တွေးထားသည်။ တျန်းရန်က ခပ်မတ်မတ်ပြန်ထိုင်ကာ ညီမနှစ်ယောက်ကို ပြောလိုက်သည်။

"မိန်းကလေးနှစ်ယောက် လက်ဆေးပြီး အထုပ်ပြင်ကြ.. ငါတို့ ပြန်ကြမယ်.."

"သမီးတို့ မပြန်နိုင်ဘူး.."

ကောင်မလေးတွေက ပြိုင်တူအော်လိုက်ကြသည်။

"ငါ့စကားကို မင်းတို့ နားမထောင်ကြဘူးပေါ့.."

တျန်းရန်က အစ်ကိုကြီးအနေဖြင့် သူမတို့ကို ဟန့်တားနိုင်စွမ်းရှိသည်။

ကောင်မလေးနှစ်ယောက်က တစ်ခုခုမှားနေပြီဆိုတာ ခံစားလိုက်ရသည်။ အငယ်ဆုံးကောင်မလေးက မျက်ဝန်းထဲမှာ မျက်ရည်များဝဲကာ ရှုနင်ကိုကြည့်ပြီး ပြောလိုက်သည်။

"သမီးတို့လည်း villa နဲ့နေချင်တယ်.. အစ်ကိုလေး.. သမီးတို့ကို villa တစ်လုံးလောက် ဝယ်ပေးပါလား.. ယခင်ရွာထဲက အစ်ကိုလေးအဖေကို မြင်ဖူးတဲ့လူတွေက ပြောကြတယ်.. အစ်ကိုလေးအဖေက ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းပြီး အရမ်းချမ်းသာတယ်တဲ့.. သမီးတို့ကို တစ်သက်လုံးကျွေးထားဖို့ သူ့မှာ ပိုက်ဆံတွေရှိမှာသေချာတယ်.."

"ဘာကြောင့် သူ့ပိုက်ဆံတွေ မင်းတို့ကိုပေးသင့်တာလဲ.."

ဘာကြောင့်ရယ်မသိ ရှုနင်က သူတို့ကိုလှောင်လိုက်မိသည်။"

"သမီးတို့က မိသားစုတွေလေ.."

"ငါ့မျိုးရိုးက ရှု.. နင်တို့က တျန်းလေ.."

"အစ်ကိုလေးအမေနဲ့ သမီးအမေက ချင် မျိုးရိုးတွေလေ.."

"ဒါဆိုလည်း နင်တို့ အိမ်ကိုအရင်ပြန်ပြီး နင်တို့အမေကိုပြောလိုက်.. ငါ့အမေကိုသွားရှာပြီး နင်တို့အတွက် အိမ်တစ်လုံးဝယ်ပေးဖို့ ပြောခိုင်းလိုက်.. သူတို့က မိသားစုတွေဆိုတော့ ဝယ်ပေးချင်ဝယ်ပေးမှာပေါ့.."

"တကယ်လား.."

မိန်းကလေးနှစ်ယောက်ရဲ့ မျက်လုံးထဲမှာ လောဘရိပ်ဖြင့် ပျော်ရွှင်သွားကြသည်။

ရှုနင်က ချင်ယွိကျိုးရဲ့သားပဲ.. အခွင့်ကြုံလာတော့ သူ့အမေအတွက် သေတွင်းတူးပေးလိုက်တာပေါ့..။

============================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးTempat cerita menjadi hidup. Temukan sekarang