Chapter (147) - 🏮 လူကောင်းကို စုဆောင်းထားနိုင်သော ရှုနင်

13K 1.5K 25
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)

Chapter (147) -  လူကောင်းကို စုဆောင်းထားနိုင်သော ရှုနင်

ရှုနင်နဲ့ အဆိုတော်ခေါင်းဆောင်က လက်ဖက်ရည်ဆိုင်က သီးသန့်ခန်းကို သွားကြသည်။ အဆိုတော်က ဒူးထောက်တောင်းပန်ပြီးနောက် ရှုနင်က သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးဖို့ သဘောတူလိုက်သည်။

ဒီလိုဒူးထောက် ရတာ စိတ်ဆင်းရဲစရာကောင်းသည်ဟု ရှုနင်က ခံစားမိလို့ အဆိုတော်ကို ထူမကာ စကားပြောစရာရှိရင် အေးဆေးပြောဖို့ ပြောလိုက်သည်။ အဆိုတော်က ရှုနင်ရှေ့ကခုံမှာ ဝင်ထိုင်ပြီး လူသစ်စိတ်သစ်လို ဖြစ်သွားခဲ့သည်။

ချင်းမင်က ရှုနင်ကို ရေနွေးကြမ်းငှဲ့ပေးရင်း မေးလိုက်သည်။

"ဘော့စ်.. ဘော့စ်ကို ဘယ်သူ မပျော်အောင် လုပ်ခဲ့တာလဲ.."

"အင်း.. ကိုယ့်ကိုယ်ကို လေးစားမှုမရှိတဲ့လူတစ်ယောက်က ကျွန်တော့်ကို မပျော်အောင်လုပ်ခဲ့တယ်.."

"အဲ့ဒီကောင်ကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်.. သူတို့ကို အသုပ်စုံတစ်ပွဲ ပေးလိုက်မယ်.. ဒါဆိုရင် နောက်ပိုင်း ချဉ်ချဉ်စပ်စပ်ကို အရသာခံနိုင်လိမ့်မယ်.."

"ကောင်းပြီ.. ဒီကိစ္စ ခင်ဗျားနဲ့လွှဲထားလိုက်မယ်.."

"စိတ်ချပါ.. ဘော့စ် အခု ရှန်းကျိုးရိုက်မယ့်ဇာတ်ကားက အတော်လေးကောင်းတယ်.. ဘော့စ် သရုပ်ဆောင်ချင်သေးလား.."

"တော်ပြီ.. လက်ထောက်ဒါရိုက်တာလုပ်ရတာ ပျော်ဖို့အတော်ကောင်းနေပြီ.. သောကြာနေ့ကျရင် ကျွန်တော် မြို့တော်ကိုပြန်လိုက်ဦးမယ်.."

ချင်းမင်ထွက်သွားပြီးနောက် ရှုနင်က လက်ဖက်ရည်ဆက်သောက်နေစဉ် ဒါရိုက်တာရှန်းကျိုးက ဖုန်းဆက်လာခဲ့သည်။

"ဒီည ပါတီပွဲလုပ်မလို့.. မင်း လာချင်လား.."

"ဟင့်အင်း.. စိတ်မဝင်စားဘူး.."

"ဒီပွဲမှာ သတင်းထောက်တွေမပါဘူး.. ရိုက်ကူးရေးမှာပါမယ့်သူတွေကို စုစည်းပြီး အတူစားသောက်ကြမှာ.. ဒါမှ နောက်ပိုင်း ရိုက်ကူးရေးမှာ ပိုခင်မင်ပြီး အဆင်ပြေသွားမှာ.."

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now