Chapter (6) - သခင္ေလးတစ္ေယာက္အျဖစ္ ျပင္ဆင္ေပးျခင္း

25.1K 3.8K 27
                                    

ျပန္လည္ေမြးဖြားလာေသာ ဝံပုေလြေလး၏ခ်စ္ျခင္း

Chapter (6) - သခင္ေလးတစ္ေယာက္အျဖစ္ ျပင္ဆင္ေပးျခင္း

အဖြားအိမ္က အရမ္းဆင္းရဲသည္။ လက္ကိုင္ဖုန္းမေျပာႏွင့္ ပံုမွန္ႀကိဳးဖုန္းပင္မရွိေပ။ ဒါေပမယ့္ ဒီလိုအိမ္က ကေလးတစ္ေယာက္က ဘာေၾကာင့္ဖုန္းတစ္ခ်က္မွ မဆက္သြယ္ခဲ့သလဲဟု ေမးလိုက္သည့္စကားက သံသယဝင္ဖြယ္ျဖစ္ေပမယ့္ ႐ႈနင္ကို အိမ္ေတာ္ထဲ ေအာင္ျမင္စြာသြင္းဖို႔၊ ေကာင္းေကာင္းအသံုးခ်ႏိုင္ဖုိ႔ စိတ္မ်ားေနေသာ ခ်င္ယြိက်ိဳးက ဒီအခ်က္ကို သတိမထားမိခဲ့ေပ။ တကယ္ဆိုရင္ သူမက စာေရးလို႔ရလ်က္ မိခင္၊ သားငယ္ႏွင့္ ေဆြမ်ိဳးတစ္သိုက္ကို စာတစ္ေစာင္ပင္မပို႔ဘဲ 13 ႏွစ္တိတိ အဆက္ျဖတ္ထားခဲ့သည္။ ႐ႈနင္က ျပန္လည္ေမြးဖြားလာၿပီး အရင္ဘဝကထက္ ေထာင့္ေစ့ကာ အရင္ကေလာက္ ႏွစ္သိမ့္ေရာင့္ရဲမႈမရွိဘူးဟု ခံစားေနရသည္။

ခ်င္ယြိက်ိဳးက ထိုႏွစ္မ်ားက အျဖစ္အပ်က္ကုိျပန္စဥ္းစားၿပီး စိတ္မတည္မၿငိမ္ျဖစ္ေနသည္။ သူမရင္ထဲကမုန္းတီးမႈကိုလည္း ခံစားလိုက္ရသည္။

"ငါက မင္းအေဖရဲ့ အမႈေဆာင္လက္ေထာက္ပါ.. တစ္ေန႔ မင္းအေဖနဲ႔ငါ ပါတီတစ္ခုမွာ ေသာက္ခဲ့မိၿပီး မေတာ္တဆ မွားယြင္းခဲ့တယ္.. ဒါေပမယ့္ မင္းအေဖဆီမွာ ဇနီးက သက္ရွိထင္ရွား ရွိေနေသးတယ္ဆိုတာ သိလိုက္ရတယ္.. မင္းအေဖအိမ္ေထာင္ေရးကို ေႏွာင့္ယွက္မိမွာစိုးလို႔နဲ႔ သူ႔ဇနီးသိသြားမွာစိုးလို႔ မင္းကိုေမြးၿပီး ဒီမွာလာထားခဲ့တယ္.. မင္းအေၾကာင္းသိသြားမွာစိုးလို႔ ငါက တစ္ခါမွ ရြာကိုေတာင္ ျပန္မလာရဲခဲ့ဘူး.. အဆက္အသြယ္လည္း မလုပ္ရဲခဲ့ဘူး.."

တကယ္ေတာ့ ႐ႈခ်ိန္မိသြားမွာစိုးလို႔ျဖစ္သည္။ ထိုစဥ္က ႐ႈခ်ိန္ႏွင့္သူမတို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ သံေယာဇဥ္မရွိၾကေသးေပ။

"အေမ အေတာ္ခက္ခဲခဲ့မွာပဲ.."

႐ႈနင္က ေခါင္းညိတ္ကာ ထိုသို႔ေျပာလိုက္ေပမယ့္ စိတ္ထဲမွာေတာ့ သူ႔အေမက ျပည့္တန္ဆာလို မယားရွိသည့္ေယာက္်ားႏွင့္လည္း အိပ္ဖို႔ဝန္မေလးခဲ့ဘူးဆိုတာ ေတြးေနၿပီး ဒီအေၾကာင္း ဆက္မၾကားခ်င္ေတာ့ေပ။ တကယ္ေတာ့ ခ်င္ယြိက်ိဳးက ထိုႏွစ္က ခက္ခက္ခဲခဲ အခြင့္အေရးမ်ားစြာဖန္တီးကာ မူးေနေသာ CEO ႐ႈခ်ိန္ကို အခြင့္ေကာင္းယူကာ ကိုယ္ဝန္ရွိေစခဲ့ျခင္းျဖစ္သည္။ ႐ႈခ်ိန္၏ဇနီးက ကင္ဆာျဖစ္ေနေပမယ့္ သူမက ႏွစ္အေတာ္ၾကာေအာင္ အသက္ရွည္ခဲ့ၿပီး သူမ သူေဌးကေတာ္ျဖစ္ခ်င္သည့္လမ္းကို ေႏွာင့္ေႏွးေစမည္ကို ႀကိဳတင္မသိခဲ့ေပ။ မ်ိဳး႐ိုးျမင့္ၿပီး ၾသဇာအာဏာရွိသည့္ ႐ႈခ်ိန္၏ဇနီးႏွင့္ မယွဥ္ႏိုင္ေသာေၾကာင့္ ခ်င္ယြိက်ိဳးက သူမေသသြားဖို႔ပဲ ေန႔တိုင္းက်ိန္ဆဲရင္း ကေလးကို ေမြးဖြားခဲ့သည္။ ဆင္းရဲၿပီး ပါးနပ္ေသာမိန္းကေလးပီပီ ခ်မ္းသာေသာ CEO ကို အမိဖမ္းကာ တရားဝင္မယားျဖစ္ခ်င္ေပမယ့္ ႐ႈခ်ိန္က ကင္ဆာေရာဂါသည္ဇနီးကို အေတာ္ခ်စ္ကာ ေလးစားေသာေၾကာင့္ သူမႏွင့္မွားယြင္းၿပီးေနာက္ ေလ်ာ္ေၾကးေပးကာ လက္ထပ္ဖို႔ တစ္ခြန္းမွမဟခဲ့ေပ။ ထိုအခ်ိန္ သူ႔မွာကေလးရွိတာကို ႐ႈခ်ိန္ကို ဘယ္လိုအသိေပးရဲပါ့မလဲ။ ဒါေၾကာင့္ ႐ႈနင္ကို တိတ္တဆိတ္ေမြးကာ CEO ႐ႈခ်ိန္၏ေဘးတြင္ ဆက္လက္ၿပီး အခြင့္အေရးရွာေနခဲ့သည္။ ျမင္ပါမ်ားရင္ ၾကင္လိမ့္မည္ဆိုၿပီး ဇြဲေကာင္းေကာင္းႏွင့္ သူမ ဆက္ေစာင့္ေနသည္။ 10 ႏွစ္တာကာလအတြင္း အရက္မူးေနသည့္ CEO ႏွင့္ ထပ္မံပတ္သက္ခဲ့ေပမယ့္ ကေလးမရခဲ့ေပ။ ႐ႈခ်ိန္က တတ္ႏိုင္သေလာက္ သူမ၏ေထာင္ေခ်ာက္ကို ေရွာင္ခဲ့ေပမယ့္ ေနာက္ဆံုး ထပ္မံမွားယြင္းေတာ့ ခ်င္ယြိက်ိဳးဆီမွာ ေနာက္ထပ္ကိုယ္ဝန္ရခဲ့သည္။

႐ႈခ်ိန္က ဒါကိုသိေတာ့ အခက္ေတြ႕ခဲ့ရသည္။ သူ႔ဇနီးဆံုးၿပီးသြားၿပီဆိုေပမယ့္ သားျဖစ္သူ႐ႈဟိန္ကို စိတ္မဆင္းရဲေစခ်င္ေပ။ ၿပီးေတာ့ သားအႀကီးဆံုးက တည္ၾကည္ကာ ေဒါသႀကီးေသာေၾကာင့္ တစ္ခုခုလုပ္မိမည္ကို ေၾကာက္သည္။ တစ္ဖက္က 15 ႏွစ္တိတိ သူ႔ေဘးမွာ သည္းခံေနၿပီး ျဖည့္ဆည္းေပးေသာ ခ်င္ယြိက်ိဳး၏အလိုကို ျဖည့္ဆည္းေပးခ်င္ေပမယ့္ ႐ႈဟိန္ကိုစဥ္းစားၿပီး ခ်င္ယြိက်ိဳးဆီကကိုယ္ဝန္ကို ဖ်က္ခ်ေစခဲ့သည္။ သူမကို ေလ်ာ္ေၾကးအေနနဲ႔ ေငြးငါးသန္းႏွင့္ အိမ္တစ္လံုးဝယ္ေပးလိုက္ကာ ေခၽြးသိပ္ထားလိုက္သည္။ ခ်င္ယြိက်ိဳးလိုမိန္းမက အလြယ္တကူေနာက္မဆုတ္ဘဲ ေနာက္အစီအစဥ္ကို စလိုက္သည္။

႐ႈခ်ိန္က မေမွ်ာ္လင့္ဘဲ သူ႔သားငယ္႐ႈနင္ရွိေနတာ မေတာ္တဆသိလိုက္ရသည္။ ႐ႈခ်ိန္က အရက္မူးကာ မွားယြင္းခဲ့ေပမယ့္ သူက ဒီကိစၥကို အစမေဖာ္ရင္ ခ်င္ယြိက်ိဳးက ဘာမွမျဖစ္သလိုသာ ေနေပးခဲ့သည္။ ခ်င္ယြိက်ိဳးက သူ႔ေနရာသူသိကာ ဘယ္ေတာ့မွ သူ႔ကိုမ်က္ႏွာပ်က္ေအာင္မလုပ္တတ္ေပ။ ၿပီးေတာ့ သူႏွင့္မွားယြင္းခဲ့ေပမယ့္ လွပေသာခ်င္ယြိက်ိဳးက သူမကိုယ္ကို ဘယ္သူမွမထိေစရန္ စင္ၾကယ္စြာေနထိုင္ခဲ့သည္။ သူမက စမတ္က်ကာ ေလာဘမႀကီးေပ။ သူမႏွင့္သူက ငယ္လင္ငယ္မယား မျဖစ္ႏိုင္ေပမယ့္ အခု သူက လူလြတ္မုဆိုးဖို ျဖစ္သြားၿပီဆိုေတာ့ သူ႔ဒုတိယကေလးကို ေမြးေပးထားေသာ ဒီမိန္းကေလးႏွင့္ လက္ထပ္သင့္သည္ဟုစဥ္းစားကာ ခ်င္ယြိက်ိဳးႏွင့္ ႐ႈခ်ိန္ လက္ထပ္ခဲ့ၾကသည္။

႐ႈနင္က ရြာမွာႀကီးျပင္းခဲ့ၿပီး ပညာမတတ္ေသာမိသားစုၾကား ေနထိုင္ခဲ့ရေသာေၾကာင့္ အျပဳအမူ၊ အေျပာအဆိုက ၾကမ္းတမ္း႐ိုင္းစိုင္းေနေလာက္သည္။ သားႀကီး႐ႈဟိန္က ငယ္စဥ္ကတည္းက ေကာင္းစြာပ်ိဳးေထာင္သင္ၾကားေပးခံရလို႔ အရမ္းကိုထက္ျမက္ကာ အထက္တန္းက်သည္။ ဒါေၾကာင့္ ႐ႈနင္ႏွင့္႐ႈဟိန္က ႏိႈင္းယွဥ္လို႔မရႏိုင္ေပ။ ဒါေၾကာင့္ ႐ႈခ်ိန္က သားႏွင့္အတူ အျမန္ဆံုးေနခ်င္ေပမယ့္ ခ်င္ယြိက်ိဳးေျပာသည့္ အရင္သင္ၾကားၿပီးမွ မိသားစုထဲေခၚသြင္းလာမည္ဆိုေသာ အစီအစဥ္ကို လက္ခံလိုက္ရသည္။ သူ႔သားႀကီး႐ႈဟိန္စိတ္ဆိုးေအာင္ သူ မလုပ္ရက္ေပ။ ႐ႈဟိန္မေပ်ာ္မွာကိုလည္း စိုးရိမ္သည္။

တကယ္ေတာ့ ခ်င္ယြိက်ိဳးက ႐ႈနင္ကို မႏွစ္သက္ပါ။ လြန္ခဲ့ေသာႏွစ္ေတြက ဒုတိယကိုယ္ဝန္ကိုသာ မဖ်က္ခ်လိုက္ရရင္ ဒီကေလးကိုျပန္ဆက္သြယ္ၿပီး ေခၚဖို႔ သတိပင္မရေပ။ ဒုတိယကေလး ဖ်က္ခ်ခံလိုက္ရလို႔ ေနာက္ဆံုးလက္နက္အေနျဖင့္ သားအႀကီးကို ခ်ျပလိုက္ျခင္းသာျဖစ္သည္။ ဒါေၾကာင့္ သား႐ႈနင္ႏွင့္အတူ မိသားစုလို ေပ်ာ္ရႊင္စြာေနဖို႔ကိုလည္း ေတြးမထားေပ။

ကားက အေတာ္ၾကာေမာင္းလာၿပီးေနာက္ C ၿမိဳ႕ရွိ Villa အိမ္တစ္အိမ္ေရွ႕တြင္ ရပ္တန္႔လိုက္သည္။ ႐ႈနင္က ႏိုးလာၿပီး အရင္ဘဝက သူႏွင့္အကၽြမ္းတဝင္ရွိေသာေနရာကို မ်က္လံုးပြတ္ကာၾကည့္လိုက္သည္။

"အိမ္က လွတယ္မဟုတ္လား.. အေမတို႔ အတူေနရမယ့္အိမ္က ပိုေတာင္လွေသးတယ္.. ဘာမွစိတ္မပူနဲ႔.. ဒီမွာခဏေနၿပီး အေမ မင္းအတြက္ ဆရာေတြငွားၿပီး လိုအပ္တာသင္ေပးမယ္.. ဒါမွ မင္းအေဖဆီက အျမင္ေကာင္းရမွာ.. မစိုးရိမ္ပါနဲ႔ကြယ္.. အေဖက မင္းရွိတယ္ဆိုတာသိကတည္းက ေပ်ာ္ေနခဲ့တာပါ.. အေဖက မိသားစုႀကီးထဲ သားကိုဝင္ဆံ့ေစဖို႔ ဒီမွာျပင္ဆင္ေပးခ်င္တာပါ.."

႐ႈနင္က ၿပံဳးကာ ေခါင္းညိတ္လိုက္သည္။

သူမသားက စကားနားေထာင္ေသာေၾကာင့္ ခ်င္ယြိက်ိဳး စိတ္သက္သာရာရသြားခဲ့သည္။

10 ႏွစ္ေက်ာ္ မဆက္သြယ္လာေသာအေမက ႐ုတ္တရက္လာဆက္သြယ္ၿပီး လိုအပ္ေသာလူမႈဆက္ဆံေရးပညာကို ဆရာႏွင့္သင္ေပးရန္ လုပ္ေနကတည္းက အထက္တန္းလႊာအသိုင္းအဝိုင္းမွာ သူ႔ကိုဝင္ဆံ့ေစခ်င္လို႔နဲ႔ သူ႔အေဖဆီက အထင္မေသးေစခ်င္လို႔ဆိုတာ ႐ႈနင္ ေကာင္းေကာင္းသိပါသည္။ ခ်င္ယြိက်ိဳး ကိုယ္ဝန္ရွိစဥ္က ႐ႈခ်ိန္၏ဇနီးက မေသေသးေပ။ ဒါေၾကာင့္ ႐ႈနင္ကိုေမ့ထားၿပီး ေတာကမိသားစုမွာပဲ ေနေစဖို႔ ဆံုးျဖတ္ထားသည္။ အခုေတာ့ ႐ႈခ်ိန္က သားကိုျပန္ေခၚခ်င္သည္ဆိုေတာ့ သူ႔သားရဲ့စ႐ိုက္က ႐ိုင္းစိုင္းေနမည္ကို ေတြးၿပီး ခ်င္ယြိက်ိဳး စိတ္ပ်က္သြားကာ ခုလိုအျမန္စီစဥ္လိုက္ရသည္။

ခ်င္ယြိက်ိဳးက ကားေပၚမွဆင္းကာ ႐ႈနင္ကိုေခၚၿပီး သူမပိုင္ Villa ထဲဝင္လာခဲ့သည္။ ညက စိတ္ဖိစီးလို႔ သူမ ညစာသိပ္မစားခဲ့ရေပ။ တစ္ေနကုန္ ကားေမာင္းေနရလို႔ ပင္ပန္းေနေလၿပီ။ ဘာျဖစ္ျဖစ္ သူ႔သားကို သူမလက္ေအာက္တြင္ ျပန္ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီျဖစ္လို႔ သူမ စိတ္ေအးသြားခဲ့သည္။

အိမ္ေဖာ္အေဒၚႀကီးက ကားသံၾကားလို႔ ထြက္ႀကိဳသည္။ ခ်င္ယြိက်ိဳးက အထုပ္အပိုးသယ္ေစၿပီး သူ႔သားကိုေရမိုးခ်ိဳးကာ တစ္ခုခုေကၽြးရန္ ညႊန္ၾကားလိုက္သည္။ ခ်င္ယြိက်ိဳးက သားကိုေခၚကာ အေပၚထပ္က အေကာင္းဆံုးအခန္းတစ္ခန္းကို ဖြင့္ျပကာ ေမးလိုက္သည္။

"သားရဲ့အခန္းေလ.. သေဘာက်ရဲ့လား.."

"ကၽြန္ေတာ္ႀကိဳက္ပါတယ္ အေမ.."

"ခဏနားၿပီး တေရးအိပ္လိုက္ဦး.. ညေနႏိုးလာမွ အေမ အျပင္မွာ လိုက္ေကၽြးမယ္.."

"ဟုတ္ကဲ့.."

ခ်င္ယြိက်ိဳးက တစ္ခုခုေျပာမည္လုပ္ၿပီး မေျပာဘဲထြက္သြားသည္။ ႐ႈနင္က သူမထင္သလို ထံုထံုအအမဟုတ္ဘဲ စိတ္ဝင္စားစရာေကာင္းေနသည္။ ခ်င္ယြိက်ိဳး ပင္ပန္းလွၿပီျဖစ္လို႔ သူမအိပ္ခန္းထဲသြားကာ အိပ္စက္အနားယူလိုက္ေတာ့သည္။

ထိုစဥ္ အိမ္ေဖာ္အေဒၚႀကီးက လတ္ဆတ္စြာညစ္ထားေသာ ေဖ်ာ္ရည္ခြက္ကို ယူလာေပးကာ ေမးလိုက္သည္။

"သခင္ေလး.. ေရခ်ိဳးေတာ့မလား.. အေဒၚ ေရျပင္ေပးမယ္.."

႐ႈနင္က ေခါင္းညိတ္ျပလို႔ အိမ္ေဖာ္အေဒၚက ေရပူေရေအးစပ္ေပးခဲ့သည္။ ႐ႈနင္က အရင္ဘဝက မိုက္မဲႏံုခ်ာေသာ ကေလးျဖစ္ခဲ့ေပမယ့္ အခုေတာ့ သူက ေအးေဆးကာ သက္ေတာင့္သက္သာပံုစံသာ ျဖစ္ေနသည္။ ႐ႈနင္က အရသာရွိေသာေဖ်ာ္ရည္ကို ေသာက္ၿပီး ေရခ်ိဳးဖို႔ဝင္ခဲ့သည္။ ဗီ႐ိုထဲတြင္ သူ႔အေမက သူ႔ကို လူတန္းေစ့ေစခ်င္ေသာေၾကာင့္ ေငြကုန္ခံကာ Branded အဝတ္မ်ား အျပည့္ျဖည့္ေပးထားသည္။ ဖိနပ္ကလည္း ေစ်းႀကီးသည့္ နာမည္ေက်ာ္တံဆိပ္ အရံ 20 ထိ ဝယ္ထားေပးသည္။ ဒါက မိခင္ေမတၱာခ်စ္ျခင္းကို ျပသည္ဆိုတာထက္ အထက္တန္းလႊာသခင္ေလးဘဝႏွင့္ အျမန္ဆံုးရင္းႏွီးသြားေအာင္ လုပ္ေပး႐ံုသာျဖစ္သည္။

ေရအဆင္သင့္ျဖစ္ေတာ့ ႐ႈနင္ ေရခ်ိဳးခန္းထဲဝင္ကာ တံခါးပိတ္လုိက္သည္။ အိမ္ေဖာ္အေဒၚႀကီးက တံခါးေခါက္ကာ ေျပာလိုက္သည္။

"သခင္ေလး.. အေဒၚ မင္းကို ေရကူခ်ိဳးေပးပါ့မယ္.."

"ရတယ္.. ကၽြန္ေတာ့္ဘာသာ ခ်ိဳးလို႔ရတယ္.. ကိစၥမရွိဘူး.."

႐ႈနင္က ေျပာလိုက္ေသာေၾကာင့္ အိမ္ေဖာ္အေဒၚႀကီးက လက္ေလွ်ာ့လိုက္ရသည္။ ႐ႈနင္က နာရီဝက္ေလာက္ ေရေႏြးကန္ထဲစိမ္ကာ ေရခ်ိဳးၿပီးမွ တဘက္တစ္ထည္ပတ္ကာ ထြက္လာသည္။ အိပ္ခန္းထဲတြင္ သူ႔အတြက္ဝတ္စံုကို အဆင္သင့္ထုတ္ေပးထားသည္ကို ေတြ႕ရသည္။

"အေဒၚ.. တျခား ဘာလုပ္စရာရွိေသးလဲ.. ကၽြန္ေတာ္ ဆံပင္ညႇပ္ခ်င္လို႔ လိုက္ပို႔ေပးပါလား.."

႐ႈနင္က သူ႔ဘာသာအဝတ္ဝတ္ရင္း အိမ္ေဖာ္အေဒၚႀကီးကို ေမးလိုက္သည္။

အိမ္ေဖာ္အေဒၚႀကီးက တစ္ခ်က္ရယ္ရင္း ေျဖလိုက္သည္။

"အေစာက အေဒၚဝင္ၾကည့္ေတာ့ သခင္မက ေမာၿပီးအိပ္ေပ်ာ္ေနၿပီ.. ဒါေၾကာင့္ သခင္ေလးကို ဆံပင္ညႇပ္ဖို႔ အေဒၚေခၚသြားေပးပါ့မယ္.. သခင္မႏိုးလာရင္ အံ့ၾသသြားေအာင္ လုပ္ၾကတာေပါ့.."

သူတို႔ႏွစ္ဦး ၿမိဳ႕ထဲကဆံပင္ညႇပ္ဆိုင္ကို ထြက္ခဲ့ၾကသည္။ ထိုဆိုင္က ၿမိဳ႕ထဲကနာမည္ေက်ာ္ေတြ လာညႇပ္ၾကေသာဆိုင္ျဖစ္သည္။ ႐ႈနင္က တစ္ခ်က္ၾကည့္ကာ ဆံပင္ညႇပ္ဆရာကို သူ႔စိတ္ႀကိဳက္ပံုစံ ေျပာျပလိုက္သည္။ သူ႔ဆံပင္က အရမ္းမတိုလြန္းေပမယ့္ ၾကည့္ရင္ သပ္ရပ္ေနၿပီး သက္ေတာင့္သက္သာလည္းရွိရမည္။ ဒါက အရင္ဘဝက သူထားေနက်ဆံပင္ပံုစံျဖစ္ၿပီး အခုလက္ရွိအခ်ိန္ကာလမွာ ဒီလိုဆံပင္စတိုင္လ္မ်ိဳး မေပၚေလာက္ေသးေပ။ ဆံပင္စတိုင္လစ္က တကယ္ေတာ္သည့္လူျဖစ္သည္။ ႐ႈနင္ေျပာျပသည့္ပံုစံကို ကြက္တိရေအာင္ ညႇပ္ေပးႏိုင္ခဲ့သည္။

ဆံပင္စတိုင္လစ္က ညႇပ္ၿပီးသြားေတာ့ သူ႔ေရွ႕က ဆယ္ေက်ာ္သက္ေကာင္ေလး၏ပံုစံက လံုးဝေျပာင္းသြားတာကို မ်က္လံုးအျပဴးသားၾကည့္ကာ တျခား customer မ်ားကိုျပသဖို႔ ဓာတ္ပံုတစ္ပံု ႐ိုက္ခြင့္ေတာင္းလိုက္သည္။ ႐ႈနင္က လက္မခံေသာေၾကာင့္ ပိုက္ဆံတစ္ေထာင္ေပးကာ ဓာတ္ပံုအ႐ိုက္ခံဖို႔ေျပာလိုက္မွ သေဘာတူလိုက္သည္။ ဘာျဖစ္လဲ.. ဒါက ဓာတ္ပံုတစ္ပံုပဲျဖစ္ၿပီး နံရံမွာခ်ိတ္ထား႐ံုပဲမဟုတ္လား..။ ╮(╯▽╰)╭

အိမ္ေဖာ္အေဒၚႀကီးက အံ့အားသင့္ေနေပမယ့္ သူမက အေျခခံစည္းမ်ဥ္းကို သိသူျဖစ္လို႔ သခင္ေလးလုပ္တာကို ဘာမွမေဝဖန္ေပ။

"သခင္ေလး.. သခင္မသြားတတ္တဲ့ အသင္းဝင္ထားတဲ့ အသားအေရျပဳျပင္ထိန္းသိမ္းတဲ့ေနရာရွိတယ္.. ဒီဆုိင္က ေစ်းႀကီးၿပီး တကယ္လည္း ဝန္ေဆာင္မႈေကာင္းေပမယ့္ သခင္မက တစ္ႏွစ္ကို ဘယ္ေလာက္မွမသြားျဖစ္ဘူး.. ေငြသြင္းထားတာ အလကားျဖစ္တာေပါ့.. သခင္ေလး သြားခ်င္သလား.."

"ေကာင္းၿပီေလ.."

အသားအေရထိန္းသိမ္းတာ ေကာင္းတာေပါ့။ သူ႔မ်က္ႏွာမွာ ဝါက်င္က်င္ျဖစ္ကာ အစက္အေျပာက္ေတြရွိေနတာဆိုေတာ့ သြားေပါင္းတင္ရင္ သူ႔ပံုစံက ပိုၿပီးၾကည့္ေကာင္းသြားလိမ့္မည္။

သူ႔ကို မ်က္ႏွာေပါင္းတင္ေပးခ်င္႐ံုသက္သက္ ဒီေနရာကို ေခၚသြားခ်င္တာေတာ့ မဟုတ္ဘူးမလား။ O(∩_∩)O

လက္ရွိမွာ သူ႔အသားအေရက ဝါက်င္က်င္ႏွင့္ မေကာင္းေသာေၾကာင့္ ႐ႈခ်ိန္ဆီမေခၚသြားခင္ ႐ႈနင္ကို ေသခ်ာေကၽြးေမြးကာ ပံုမွန္အသားအေရ ျပန္ျဖစ္ေအာင္လုပ္ဖို႔ ခ်င္ယြိက်ိဳးက စီစဥ္ထားခဲ့သည္။ ဆရာေခၚကာ သင္ၾကားေပးၿပီး ဥာဏ္ေကာင္းကာ အျပဳအမူအေျပာအဆို ရည္မြန္ေသာသူျဖစ္ေအာင္ လုပ္ၿပီးမွ ခ်ျပမည္ဟုႀကံထားသည္။ သူမက ႐ႈနင္ကို ကိုယ္တိုင္ကိုယ္က် ဆံပင္ညႇပ္၊ အသားအေရထိန္းသည့္ေနရာ လိုက္ပို႔ဖို႔စိတ္မကူးေသာေၾကာင့္ အိမ္ေဖာ္အေဒၚႀကီးကို သူမကဒ္ေပးကာ ဒီအသားအေရထိန္းသိမ္းသည့္ေနရာကို ေခၚလာေစျခင္းျဖစ္သည္။

အိမ္ေဖာ္အေဒၚႀကီးက member card ကိုယူကာ Reception ေကာင္တာက ဧည့္ႀကိဳမိန္းကေလးႏွစ္ေယာက္ကိုေပးကာ တီးတိုးကပ္ေျပာလိုက္သည္။ ထိုမိန္းကေလးႏွစ္ေယာက္က ဆံပင္ပံုစံအလန္းစား၊ အမူအယာတည္ၾကည္ကာ တတ္သိနားလည္ၿပီး ဥာဏ္ေကာင္းသည့္လူငယ္ေလးကို ၾကည့္ကာ ရွက္ေသြးျဖာသြားၾကသည္။ တစ္ကိုယ္လံုးဝတ္ထားသည့္ Branded အဝတ္မ်ားေၾကာင့္ ဒီေကာင္ေလးက အထက္တန္းလႊာမိသားစုက သခင္ေလးျဖစ္ၿပီး သူတုိ႔အမွားလုပ္လို႔ရမည့္သူမဟုတ္မွန္း ရိမ္မိလိုက္သည္။ ဒါေၾကာင့္ ထိုအိမ္ေဖာ္ေတာင္းဆိုသည္ကို ေခါင္းခါၿပီး ျငင္းဆန္လိုက္သည္။

အိမ္ေဖာ္အေဒၚက နဖူးေပၚမွာ ေခၽြးစို႔လာခဲ့သည္။ သခင္ေလးကို skincare မလုပ္ေပးလိုက္ရင္ သခင္မအမ်က္ရွမည္ကို စိုးထိတ္ေနသည္။

႐ႈနင္က ဒါကိုသတိထားမိေတာ့ Front Desk ဆီထလာၿပီး တည္ၿငိမ္စြာေျပာလိုက္သည္။

"ဒီကဒ္ကိုသံုးလိုက္ပါ.. ကိစၥမရွိပါဘူး.."

အရင္ဘဝက ႐ႈနင္က ဒီလိုခန္းနားထည္ဝါေသာ အျပင္အဆင္ႏွင့္ အလွျပင္ဆိုင္ႀကီးဆီကို မေရာက္ဖူးေသာေၾကာင့္ ေခါင္းငံု႔ကာ ဟိုဟိုသည္သည္ သူခိုးလို ေခ်ာင္းေျမာင္းၾကည့္ခဲ့ရသည္။ ကံေကာင္းလို႔ ဆိုင္ဝန္ထမ္းမ်ားက သတိမထားမိလို႔သာေပါ့။ မဟုတ္လွ်င္ ရဲေခၚလိုက္ႏိုင္သည္။

ခုဘဝေတာ့ သူ႔အမူအယာ၊ အေျပာအဆို၊ အၾကည့္တို႔က အရြယ္ႏွင့္မမွ်ေအာင္ ခန္႔ထည္ကာ ႀကီးျမတ္ေသာအရွိန္အဝါကို ထုတ္လႊတ္ေနသည္။ ႐ႈနင္၏စကားေၾကာင့္ ဧည့္ႀကိဳမိန္းကေလးႏွစ္ေယာက္က ၿပံဳးကာ ကဒ္ကိုလက္ခံၿပီး ႐ႈနင္ကို ဝန္ေဆာင္မႈေပးဖို႔ ဦးေဆာင္ကာ ေခၚသြားခဲ့သည္။

အိမ္ေဖာ္အေဒၚႀကီးက သူမေျပာသလိုမျဖစ္ဘဲ သခင္ေလးစိတ္ႀကိဳက္ ေတာင္းဆိုသည့္အတိုင္းကိုသာ ဆိုင္ကျပင္ဆင္ျပဳလုပ္ေပးခဲ့လို႔ အိမ္ေရာက္ရင္ သခင္မကို သူမ ဘယ္လိုရွင္းျပရေတာ့မည္ မသိေတာ့ေပ။

ခ်င္ယြိက်ိဳးက အိပ္ယာကႏိုးလာေတာ့ ေခါင္းကိုက္ေနဆဲျဖစ္သည္။ ဒါေပမယ့္ သူမက အဝတ္အစားလဲကာ သားျပန္လာရင္ ေျပာဖို႔စကားကို စဥ္းစားကာ ႀကိဳတင္ျပင္ဆင္ထားသည့္ ကေလးဓာတ္ပံု ဝါက်င္က်င္ေလးကိုပါ စားပြဲေပၚတင္ထားသည္။

အိမ္ေဖာ္ႏွင့္ ႐ႈနင္ျပန္ေရာက္လာၿပီး သူမေခၚေတြ႕လိုက္သည္။ သူမသားကို မမွတ္မိေလာက္ေအာင္ ႐ႈနင္၏ပံုစံက ေျပာင္းလဲသြားခဲ့သည္။ ဆံပင္မ်ားက သပ္ရပ္ကာ လွပေသာမ်က္ႏွာကို ေပၚလြင္ေစသည္။ အသားအေရေပၚက ညစ္တစ္တစ္၊ အစက္အေျပာက္မ်ားေပ်ာက္ကာ ေခ်ာေမြ႕လို႔ေနေလၿပီ။ ဒီကေလးက ပိန္လြန္းကာ အရပ္ပုေနတာက ႏို႔မ်ားမ်ားတိုက္ေပးရင္ ေျဖရွင္းႏုိင္ေလာက္သည္။ ဘာျဖစ္ျဖစ္ ႐ႈခ်ိန္၏မ်ိဳးဆက္ေသြးပံုရိပ္က သူ႔ကိုယ္မွာ ေပၚလြင္ထင္ဟပ္ေနလို႔ ခ်င္ယြိက်ိဳး စိတ္ေအးသြားသည္။

ခ်င္ယြိက်ိဳးက ႐ႈနင္ကို သူမေဘးမွာထိုင္ေစၿပီး ဓာတ္ပံုေလးကိုျပကာ ဒီပံုေလးကို ကိုယ္ႏွင့္မကြာထားကာ မၾကာခဏထုတ္ၾကည့္ေၾကာင္း ေျပာျပေနသည္။ ဓာတ္ပံုက ဝါကာ အနားသားက ႏြမ္းရိလို႔ေနသည္။ ဒါက တမင္ျပဳလုပ္ထားသည့္ အတုေတြသာျဖစ္သည္။

႐ႈနင္က ဘာအမူအယာမွမျပဘဲ မ်က္လံုးေတာက္ေလးမ်ားျဖင့္သာ ၾကည့္ေနသည္။ တကယ္တန္ဖိုးထားသူက ဓာတ္ပံုကို ဝါက်င့္က်င့္ႏွင့္ စုတ္ျပတ္ေနေအာင္ ထားမည္မဟုတ္ေပ။ သူ႔အေမ၏အလိမ္အညာကို သိေပမယ့္ ဘာမွမေျပာဘဲ ၿငိမ္သက္စြာပဲ နားေထာင္ေနလိုက္သည္။

=========================

ပြန်လည်မွေးဖွားလာသော ဝံပုလွေလေး၏ချစ်ခြင်း

Chapter (6) - သခင်လေးတစ်ယောက်အဖြစ် ပြင်ဆင်ပေးခြင်း

အဖွားအိမ်က အရမ်းဆင်းရဲသည်။ လက်ကိုင်ဖုန်းမပြောနှင့် ပုံမှန်ကြိုးဖုန်းပင်မရှိပေ။ ဒါပေမယ့် ဒီလိုအိမ်က ကလေးတစ်ယောက်က ဘာကြောင့်ဖုန်းတစ်ချက်မှ မဆက်သွယ်ခဲ့သလဲဟု မေးလိုက်သည့်စကားက သံသယဝင်ဖွယ်ဖြစ်ပေမယ့် ရှုနင်ကို အိမ်တော်ထဲ အောင်မြင်စွာသွင်းဖို့၊ ကောင်းကောင်းအသုံးချနိုင်ဖို့ စိတ်များနေသော ချင်ယွိကျိုးက ဒီအချက်ကို သတိမထားမိခဲ့ပေ။ တကယ်ဆိုရင် သူမက စာရေးလို့ရလျက် မိခင်၊ သားငယ်နှင့် ဆွေမျိုးတစ်သိုက်ကို စာတစ်စောင်ပင်မပို့ဘဲ 13 နှစ်တိတိ အဆက်ဖြတ်ထားခဲ့သည်။ ရှုနင်က ပြန်လည်မွေးဖွားလာပြီး အရင်ဘဝကထက် ထောင့်စေ့ကာ အရင်ကလောက် နှစ်သိမ့်ရောင့်ရဲမှုမရှိဘူးဟု ခံစားနေရသည်။

ချင်ယွိကျိုးက ထိုနှစ်များက အဖြစ်အပျက်ကိုပြန်စဉ်းစားပြီး စိတ်မတည်မငြိမ်ဖြစ်နေသည်။ သူမရင်ထဲကမုန်းတီးမှုကိုလည်း ခံစားလိုက်ရသည်။

"ငါက မင်းအဖေရဲ့ အမှုဆောင်လက်ထောက်ပါ.. တစ်နေ့ မင်းအဖေနဲ့ငါ ပါတီတစ်ခုမှာ သောက်ခဲ့မိပြီး မတော်တဆ မှားယွင်းခဲ့တယ်.. ဒါပေမယ့် မင်းအဖေဆီမှာ ဇနီးက သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာ သိလိုက်ရတယ်.. မင်းအဖေအိမ်ထောင်ရေးကို နှောင့်ယှက်မိမှာစိုးလို့နဲ့ သူ့ဇနီးသိသွားမှာစိုးလို့ မင်းကိုမွေးပြီး ဒီမှာလာထားခဲ့တယ်.. မင်းအကြောင်းသိသွားမှာစိုးလို့ ငါက တစ်ခါမှ ရွာကိုတောင် ပြန်မလာရဲခဲ့ဘူး.. အဆက်အသွယ်လည်း မလုပ်ရဲခဲ့ဘူး.."

တကယ်တော့ ရှုချိန်မိသွားမှာစိုးလို့ဖြစ်သည်။ ထိုစဉ်က ရှုချိန်နှင့်သူမတို့ တစ်ယောက်နှင့်တစ်ယောက် သံယောဇဉ်မရှိကြသေးပေ။

"အမေ အတော်ခက်ခဲခဲ့မှာပဲ.."

ရှုနင်က ခေါင်းညိတ်ကာ ထိုသို့ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ သူ့အမေက ပြည့်တန်ဆာလို မယားရှိသည့်ယောက်ျားနှင့်လည်း အိပ်ဖို့ဝန်မလေးခဲ့ဘူးဆိုတာ တွေးနေပြီး ဒီအကြောင်း ဆက်မကြားချင်တော့ပေ။ တကယ်တော့ ချင်ယွိကျိုးက ထိုနှစ်က ခက်ခက်ခဲခဲ အခွင့်အရေးများစွာဖန်တီးကာ မူးနေသော CEO ရှုချိန်ကို အခွင့်ကောင်းယူကာ ကိုယ်ဝန်ရှိစေခဲ့ခြင်းဖြစ်သည်။ ရှုချိန်၏ဇနီးက ကင်ဆာဖြစ်နေပေမယ့် သူမက နှစ်အတော်ကြာအောင် အသက်ရှည်ခဲ့ပြီး သူမ သူဌေးကတော်ဖြစ်ချင်သည့်လမ်းကို နှောင့်နှေးစေမည်ကို ကြိုတင်မသိခဲ့ပေ။ မျိုးရိုးမြင့်ပြီး သြဇာအာဏာရှိသည့် ရှုချိန်၏ဇနီးနှင့် မယှဉ်နိုင်သောကြောင့် ချင်ယွိကျိုးက သူမသေသွားဖို့ပဲ နေ့တိုင်းကျိန်ဆဲရင်း ကလေးကို မွေးဖွားခဲ့သည်။ ဆင်းရဲပြီး ပါးနပ်သောမိန်းကလေးပီပီ ချမ်းသာသော CEO ကို အမိဖမ်းကာ တရားဝင်မယားဖြစ်ချင်ပေမယ့် ရှုချိန်က ကင်ဆာရောဂါသည်ဇနီးကို အတော်ချစ်ကာ လေးစားသောကြောင့် သူမနှင့်မှားယွင်းပြီးနောက် လျော်ကြေးပေးကာ လက်ထပ်ဖို့ တစ်ခွန်းမှမဟခဲ့ပေ။ ထိုအချိန် သူ့မှာကလေးရှိတာကို ရှုချိန်ကို ဘယ်လိုအသိပေးရဲပါ့မလဲ။ ဒါကြောင့် ရှုနင်ကို တိတ်တဆိတ်မွေးကာ CEO ရှုချိန်၏ဘေးတွင် ဆက်လက်ပြီး အခွင့်အရေးရှာနေခဲ့သည်။ မြင်ပါများရင် ကြင်လိမ့်မည်ဆိုပြီး ဇွဲကောင်းကောင်းနှင့် သူမ ဆက်စောင့်နေသည်။ 10 နှစ်တာကာလအတွင်း အရက်မူးနေသည့် CEO နှင့် ထပ်မံပတ်သက်ခဲ့ပေမယ့် ကလေးမရခဲ့ပေ။ ရှုချိန်က တတ်နိုင်သလောက် သူမ၏ထောင်ချောက်ကို ရှောင်ခဲ့ပေမယ့် နောက်ဆုံး ထပ်မံမှားယွင်းတော့ ချင်ယွိကျိုးဆီမှာ နောက်ထပ်ကိုယ်ဝန်ရခဲ့သည်။

ရှုချိန်က ဒါကိုသိတော့ အခက်တွေ့ခဲ့ရသည်။ သူ့ဇနီးဆုံးပြီးသွားပြီဆိုပေမယ့် သားဖြစ်သူရှုဟိန်ကို စိတ်မဆင်းရဲစေချင်ပေ။ ပြီးတော့ သားအကြီးဆုံးက တည်ကြည်ကာ ဒေါသကြီးသောကြောင့် တစ်ခုခုလုပ်မိမည်ကို ကြောက်သည်။ တစ်ဖက်က 15 နှစ်တိတိ သူ့ဘေးမှာ သည်းခံနေပြီး ဖြည့်ဆည်းပေးသော ချင်ယွိကျိုး၏အလိုကို ဖြည့်ဆည်းပေးချင်ပေမယ့် ရှုဟိန်ကိုစဉ်းစားပြီး ချင်ယွိကျိုးဆီကကိုယ်ဝန်ကို ဖျက်ချစေခဲ့သည်။ သူမကို လျော်ကြေးအနေနဲ့ ငွေးငါးသန်းနှင့် အိမ်တစ်လုံးဝယ်ပေးလိုက်ကာ ချွေးသိပ်ထားလိုက်သည်။ ချင်ယွိကျိုးလိုမိန်းမက အလွယ်တကူနောက်မဆုတ်ဘဲ နောက်အစီအစဉ်ကို စလိုက်သည်။

ရှုချိန်က မမျှော်လင့်ဘဲ သူ့သားငယ်ရှုနင်ရှိနေတာ မတော်တဆသိလိုက်ရသည်။ ရှုချိန်က အရက်မူးကာ မှားယွင်းခဲ့ပေမယ့် သူက ဒီကိစ္စကို အစမဖော်ရင် ချင်ယွိကျိုးက ဘာမှမဖြစ်သလိုသာ နေပေးခဲ့သည်။ ချင်ယွိကျိုးက သူ့နေရာသူသိကာ ဘယ်တော့မှ သူ့ကိုမျက်နှာပျက်အောင်မလုပ်တတ်ပေ။ ပြီးတော့ သူနှင့်မှားယွင်းခဲ့ပေမယ့် လှပသောချင်ယွိကျိုးက သူမကိုယ်ကို ဘယ်သူမှမထိစေရန် စင်ကြယ်စွာနေထိုင်ခဲ့သည်။ သူမက စမတ်ကျကာ လောဘမကြီးပေ။ သူမနှင့်သူက ငယ်လင်ငယ်မယား မဖြစ်နိုင်ပေမယ့် အခု သူက လူလွတ်မုဆိုးဖို ဖြစ်သွားပြီဆိုတော့ သူ့ဒုတိယကလေးကို မွေးပေးထားသော ဒီမိန်းကလေးနှင့် လက်ထပ်သင့်သည်ဟုစဉ်းစားကာ ချင်ယွိကျိုးနှင့် ရှုချိန် လက်ထပ်ခဲ့ကြသည်။

ရှုနင်က ရွာမှာကြီးပြင်းခဲ့ပြီး ပညာမတတ်သောမိသားစုကြား နေထိုင်ခဲ့ရသောကြောင့် အပြုအမူ၊ အပြောအဆိုက ကြမ်းတမ်းရိုင်းစိုင်းနေလောက်သည်။ သားကြီးရှုဟိန်က ငယ်စဉ်ကတည်းက ကောင်းစွာပျိုးထောင်သင်ကြားပေးခံရလို့ အရမ်းကိုထက်မြက်ကာ အထက်တန်းကျသည်။ ဒါကြောင့် ရှုနင်နှင့်ရှုဟိန်က နှိုင်းယှဉ်လို့မရနိုင်ပေ။ ဒါကြောင့် ရှုချိန်က သားနှင့်အတူ အမြန်ဆုံးနေချင်ပေမယ့် ချင်ယွိကျိုးပြောသည့် အရင်သင်ကြားပြီးမှ မိသားစုထဲခေါ်သွင်းလာမည်ဆိုသော အစီအစဉ်ကို လက်ခံလိုက်ရသည်။ သူ့သားကြီးရှုဟိန်စိတ်ဆိုးအောင် သူ မလုပ်ရက်ပေ။ ရှုဟိန်မပျော်မှာကိုလည်း စိုးရိမ်သည်။

တကယ်တော့ ချင်ယွိကျိုးက ရှုနင်ကို မနှစ်သက်ပါ။ လွန်ခဲ့သောနှစ်တွေက ဒုတိယကိုယ်ဝန်ကိုသာ မဖျက်ချလိုက်ရရင် ဒီကလေးကိုပြန်ဆက်သွယ်ပြီး ခေါ်ဖို့ သတိပင်မရပေ။ ဒုတိယကလေး ဖျက်ချခံလိုက်ရလို့ နောက်ဆုံးလက်နက်အနေဖြင့် သားအကြီးကို ချပြလိုက်ခြင်းသာဖြစ်သည်။ ဒါကြောင့် သားရှုနင်နှင့်အတူ မိသားစုလို ပျော်ရွှင်စွာနေဖို့ကိုလည်း တွေးမထားပေ။

ကားက အတော်ကြာမောင်းလာပြီးနောက် C မြို့ရှိ Villa အိမ်တစ်အိမ်ရှေ့တွင် ရပ်တန့်လိုက်သည်။ ရှုနင်က နိုးလာပြီး အရင်ဘဝက သူနှင့်အကျွမ်းတဝင်ရှိသောနေရာကို မျက်လုံးပွတ်ကာကြည့်လိုက်သည်။

"အိမ်က လှတယ်မဟုတ်လား.. အမေတို့ အတူနေရမယ့်အိမ်က ပိုတောင်လှသေးတယ်.. ဘာမှစိတ်မပူနဲ့.. ဒီမှာခဏနေပြီး အမေ မင်းအတွက် ဆရာတွေငှားပြီး လိုအပ်တာသင်ပေးမယ်.. ဒါမှ မင်းအဖေဆီက အမြင်ကောင်းရမှာ.. မစိုးရိမ်ပါနဲ့ကွယ်.. အဖေက မင်းရှိတယ်ဆိုတာသိကတည်းက ပျော်နေခဲ့တာပါ.. အဖေက မိသားစုကြီးထဲ သားကိုဝင်ဆံ့စေဖို့ ဒီမှာပြင်ဆင်ပေးချင်တာပါ.."

ရှုနင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

သူမသားက စကားနားထောင်သောကြောင့် ချင်ယွိကျိုး စိတ်သက်သာရာရသွားခဲ့သည်။

10 နှစ်ကျော် မဆက်သွယ်လာသောအမေက ရုတ်တရက်လာဆက်သွယ်ပြီး လိုအပ်သောလူမှုဆက်ဆံရေးပညာကို ဆရာနှင့်သင်ပေးရန် လုပ်နေကတည်းက အထက်တန်းလွှာအသိုင်းအဝိုင်းမှာ သူ့ကိုဝင်ဆံ့စေချင်လို့နဲ့ သူ့အဖေဆီက အထင်မသေးစေချင်လို့ဆိုတာ ရှုနင် ကောင်းကောင်းသိပါသည်။ ချင်ယွိကျိုး ကိုယ်ဝန်ရှိစဉ်က ရှုချိန်၏ဇနီးက မသေသေးပေ။ ဒါကြောင့် ရှုနင်ကိုမေ့ထားပြီး တောကမိသားစုမှာပဲ နေစေဖို့ ဆုံးဖြတ်ထားသည်။ အခုတော့ ရှုချိန်က သားကိုပြန်ခေါ်ချင်သည်ဆိုတော့ သူ့သားရဲ့စရိုက်က ရိုင်းစိုင်းနေမည်ကို တွေးပြီး ချင်ယွိကျိုး စိတ်ပျက်သွားကာ ခုလိုအမြန်စီစဉ်လိုက်ရသည်။

ချင်ယွိကျိုးက ကားပေါ်မှဆင်းကာ ရှုနင်ကိုခေါ်ပြီး သူမပိုင် Villa ထဲဝင်လာခဲ့သည်။ ညက စိတ်ဖိစီးလို့ သူမ ညစာသိပ်မစားခဲ့ရပေ။ တစ်နေကုန် ကားမောင်းနေရလို့ ပင်ပန်းနေလေပြီ။ ဘာဖြစ်ဖြစ် သူ့သားကို သူမလက်အောက်တွင် ပြန်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်လို့ သူမ စိတ်အေးသွားခဲ့သည်။

အိမ်ဖော်အဒေါ်ကြီးက ကားသံကြားလို့ ထွက်ကြိုသည်။ ချင်ယွိကျိုးက အထုပ်အပိုးသယ်စေပြီး သူ့သားကိုရေမိုးချိုးကာ တစ်ခုခုကျွေးရန် ညွှန်ကြားလိုက်သည်။ ချင်ယွိကျိုးက သားကိုခေါ်ကာ အပေါ်ထပ်က အကောင်းဆုံးအခန်းတစ်ခန်းကို ဖွင့်ပြကာ မေးလိုက်သည်။

"သားရဲ့အခန်းလေ.. သဘောကျရဲ့လား.."

"ကျွန်တော်ကြိုက်ပါတယ် အမေ.."

"ခဏနားပြီး တရေးအိပ်လိုက်ဦး.. ညနေနိုးလာမှ အမေ အပြင်မှာ လိုက်ကျွေးမယ်.."

"ဟုတ်ကဲ့.."

ချင်ယွိကျိုးက တစ်ခုခုပြောမည်လုပ်ပြီး မပြောဘဲထွက်သွားသည်။ ရှုနင်က သူမထင်သလို ထုံထုံအအမဟုတ်ဘဲ စိတ်ဝင်စားစရာကောင်းနေသည်။ ချင်ယွိကျိုး ပင်ပန်းလှပြီဖြစ်လို့ သူမအိပ်ခန်းထဲသွားကာ အိပ်စက်အနားယူလိုက်တော့သည်။

ထိုစဉ် အိမ်ဖော်အဒေါ်ကြီးက လတ်ဆတ်စွာညစ်ထားသော ဖျော်ရည်ခွက်ကို ယူလာပေးကာ မေးလိုက်သည်။

"သခင်လေး.. ရေချိုးတော့မလား.. အဒေါ် ရေပြင်ပေးမယ်.."

ရှုနင်က ခေါင်းညိတ်ပြလို့ အိမ်ဖော်အဒေါ်က ရေပူရေအေးစပ်ပေးခဲ့သည်။ ရှုနင်က အရင်ဘဝက မိုက်မဲနုံချာသော ကလေးဖြစ်ခဲ့ပေမယ့် အခုတော့ သူက အေးဆေးကာ သက်တောင့်သက်သာပုံစံသာ ဖြစ်နေသည်။ ရှုနင်က အရသာရှိသောဖျော်ရည်ကို သောက်ပြီး ရေချိုးဖို့ဝင်ခဲ့သည်။ ဗီရိုထဲတွင် သူ့အမေက သူ့ကို လူတန်းစေ့စေချင်သောကြောင့် ငွေကုန်ခံကာ Branded အဝတ်များ အပြည့်ဖြည့်ပေးထားသည်။ ဖိနပ်ကလည်း ဈေးကြီးသည့် နာမည်ကျော်တံဆိပ် အရံ 20 ထိ ဝယ်ထားပေးသည်။ ဒါက မိခင်မေတ္တာချစ်ခြင်းကို ပြသည်ဆိုတာထက် အထက်တန်းလွှာသခင်လေးဘဝနှင့် အမြန်ဆုံးရင်းနှီးသွားအောင် လုပ်ပေးရုံသာဖြစ်သည်။

ရေအဆင်သင့်ဖြစ်တော့ ရှုနင် ရေချိုးခန်းထဲဝင်ကာ တံခါးပိတ်လိုက်သည်။ အိမ်ဖော်အဒေါ်ကြီးက တံခါးခေါက်ကာ ပြောလိုက်သည်။

"သခင်လေး.. အဒေါ် မင်းကို ရေကူချိုးပေးပါ့မယ်.."

"ရတယ်.. ကျွန်တော့်ဘာသာ ချိုးလို့ရတယ်.. ကိစ္စမရှိဘူး.."

ရှုနင်က ပြောလိုက်သောကြောင့် အိမ်ဖော်အဒေါ်ကြီးက လက်လျှော့လိုက်ရသည်။ ရှုနင်က နာရီဝက်လောက် ရေနွေးကန်ထဲစိမ်ကာ ရေချိုးပြီးမှ တဘက်တစ်ထည်ပတ်ကာ ထွက်လာသည်။ အိပ်ခန်းထဲတွင် သူ့အတွက်ဝတ်စုံကို အဆင်သင့်ထုတ်ပေးထားသည်ကို တွေ့ရသည်။

"အဒေါ်.. တခြား ဘာလုပ်စရာရှိသေးလဲ.. ကျွန်တော် ဆံပင်ညှပ်ချင်လို့ လိုက်ပို့ပေးပါလား.."

ရှုနင်က သူ့ဘာသာအဝတ်ဝတ်ရင်း အိမ်ဖော်အဒေါ်ကြီးကို မေးလိုက်သည်။

အိမ်ဖော်အဒေါ်ကြီးက တစ်ချက်ရယ်ရင်း ဖြေလိုက်သည်။

"အစောက အဒေါ်ဝင်ကြည့်တော့ သခင်မက မောပြီးအိပ်ပျော်နေပြီ.. ဒါကြောင့် သခင်လေးကို ဆံပင်ညှပ်ဖို့ အဒေါ်ခေါ်သွားပေးပါ့မယ်.. သခင်မနိုးလာရင် အံ့သြသွားအောင် လုပ်ကြတာပေါ့.."

သူတို့နှစ်ဦး မြို့ထဲကဆံပင်ညှပ်ဆိုင်ကို ထွက်ခဲ့ကြသည်။ ထိုဆိုင်က မြို့ထဲကနာမည်ကျော်တွေ လာညှပ်ကြသောဆိုင်ဖြစ်သည်။ ရှုနင်က တစ်ချက်ကြည့်ကာ ဆံပင်ညှပ်ဆရာကို သူ့စိတ်ကြိုက်ပုံစံ ပြောပြလိုက်သည်။ သူ့ဆံပင်က အရမ်းမတိုလွန်းပေမယ့် ကြည့်ရင် သပ်ရပ်နေပြီး သက်တောင့်သက်သာလည်းရှိရမည်။ ဒါက အရင်ဘဝက သူထားနေကျဆံပင်ပုံစံဖြစ်ပြီး အခုလက်ရှိအချိန်ကာလမှာ ဒီလိုဆံပင်စတိုင်လ်မျိုး မပေါ်လောက်သေးပေ။ ဆံပင်စတိုင်လစ်က တကယ်တော်သည့်လူဖြစ်သည်။ ရှုနင်ပြောပြသည့်ပုံစံကို ကွက်တိရအောင် ညှပ်ပေးနိုင်ခဲ့သည်။

ဆံပင်စတိုင်လစ်က ညှပ်ပြီးသွားတော့ သူ့ရှေ့က ဆယ်ကျော်သက်ကောင်လေး၏ပုံစံက လုံးဝပြောင်းသွားတာကို မျက်လုံးအပြူးသားကြည့်ကာ တခြား customer များကိုပြသဖို့ ဓာတ်ပုံတစ်ပုံ ရိုက်ခွင့်တောင်းလိုက်သည်။ ရှုနင်က လက်မခံသောကြောင့် ပိုက်ဆံတစ်ထောင်ပေးကာ ဓာတ်ပုံအရိုက်ခံဖို့ပြောလိုက်မှ သဘောတူလိုက်သည်။ ဘာဖြစ်လဲ.. ဒါက ဓာတ်ပုံတစ်ပုံပဲဖြစ်ပြီး နံရံမှာချိတ်ထားရုံပဲမဟုတ်လား..။ ╮(╯▽╰)╭

အိမ်ဖော်အဒေါ်ကြီးက အံ့အားသင့်နေပေမယ့် သူမက အခြေခံစည်းမျဉ်းကို သိသူဖြစ်လို့ သခင်လေးလုပ်တာကို ဘာမှမဝေဖန်ပေ။

"သခင်လေး.. သခင်မသွားတတ်တဲ့ အသင်းဝင်ထားတဲ့ အသားအရေပြုပြင်ထိန်းသိမ်းတဲ့နေရာရှိတယ်.. ဒီဆိုင်က ဈေးကြီးပြီး တကယ်လည်း ဝန်ဆောင်မှုကောင်းပေမယ့် သခင်မက တစ်နှစ်ကို ဘယ်လောက်မှမသွားဖြစ်ဘူး.. ငွေသွင်းထားတာ အလကားဖြစ်တာပေါ့.. သခင်လေး သွားချင်သလား.."

"ကောင်းပြီလေ.."

အသားအရေထိန်းသိမ်းတာ ကောင်းတာပေါ့။ သူ့မျက်နှာမှာ ဝါကျင်ကျင်ဖြစ်ကာ အစက်အပြောက်တွေရှိနေတာဆိုတော့ သွားပေါင်းတင်ရင် သူ့ပုံစံက ပိုပြီးကြည့်ကောင်းသွားလိမ့်မည်။

သူ့ကို မျက်နှာပေါင်းတင်ပေးချင်ရုံသက်သက် ဒီနေရာကို ခေါ်သွားချင်တာတော့ မဟုတ်ဘူးမလား။ O(∩_∩)O

လက်ရှိမှာ သူ့အသားအရေက ဝါကျင်ကျင်နှင့် မကောင်းသောကြောင့် ရှုချိန်ဆီမခေါ်သွားခင် ရှုနင်ကို သေချာကျွေးမွေးကာ ပုံမှန်အသားအရေ ပြန်ဖြစ်အောင်လုပ်ဖို့ ချင်ယွိကျိုးက စီစဉ်ထားခဲ့သည်။ ဆရာခေါ်ကာ သင်ကြားပေးပြီး ဉာဏ်ကောင်းကာ အပြုအမူအပြောအဆို ရည်မွန်သောသူဖြစ်အောင် လုပ်ပြီးမှ ချပြမည်ဟုကြံထားသည်။ သူမက ရှုနင်ကို ကိုယ်တိုင်ကိုယ်ကျ ဆံပင်ညှပ်၊ အသားအရေထိန်းသည့်နေရာ လိုက်ပို့ဖို့စိတ်မကူးသောကြောင့် အိမ်ဖော်အဒေါ်ကြီးကို သူမကဒ်ပေးကာ ဒီအသားအရေထိန်းသိမ်းသည့်နေရာကို ခေါ်လာစေခြင်းဖြစ်သည်။

အိမ်ဖော်အဒေါ်ကြီးက member card ကိုယူကာ Reception ကောင်တာက ဧည့်ကြိုမိန်းကလေးနှစ်ယောက်ကိုပေးကာ တီးတိုးကပ်ပြောလိုက်သည်။ ထိုမိန်းကလေးနှစ်ယောက်က ဆံပင်ပုံစံအလန်းစား၊ အမူအယာတည်ကြည်ကာ တတ်သိနားလည်ပြီး ဉာဏ်ကောင်းသည့်လူငယ်လေးကို ကြည့်ကာ ရှက်သွေးဖြာသွားကြသည်။ တစ်ကိုယ်လုံးဝတ်ထားသည့် Branded အဝတ်များကြောင့် ဒီကောင်လေးက အထက်တန်းလွှာမိသားစုက သခင်လေးဖြစ်ပြီး သူတို့အမှားလုပ်လို့ရမည့်သူမဟုတ်မှန်း ရိမ်မိလိုက်သည်။ ဒါကြောင့် ထိုအိမ်ဖော်တောင်းဆိုသည်ကို ခေါင်းခါပြီး ငြင်းဆန်လိုက်သည်။

အိမ်ဖော်အဒေါ်က နဖူးပေါ်မှာ ချွေးစို့လာခဲ့သည်။ သခင်လေးကို skincare မလုပ်ပေးလိုက်ရင် သခင်မအမျက်ရှမည်ကို စိုးထိတ်နေသည်။

ရှုနင်က ဒါကိုသတိထားမိတော့ Front Desk ဆီထလာပြီး တည်ငြိမ်စွာပြောလိုက်သည်။

"ဒီကဒ်ကိုသုံးလိုက်ပါ.. ကိစ္စမရှိပါဘူး.."

အရင်ဘဝက ရှုနင်က ဒီလိုခန်းနားထည်ဝါသော အပြင်အဆင်နှင့် အလှပြင်ဆိုင်ကြီးဆီကို မရောက်ဖူးသောကြောင့် ခေါင်းငုံ့ကာ ဟိုဟိုသည်သည် သူခိုးလို ချောင်းမြောင်းကြည့်ခဲ့ရသည်။ ကံကောင်းလို့ ဆိုင်ဝန်ထမ်းများက သတိမထားမိလို့သာပေါ့။ မဟုတ်လျှင် ရဲခေါ်လိုက်နိုင်သည်။

ခုဘဝတော့ သူ့အမူအယာ၊ အပြောအဆို၊ အကြည့်တို့က အရွယ်နှင့်မမျှအောင် ခန့်ထည်ကာ ကြီးမြတ်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ရှုနင်၏စကားကြောင့် ဧည့်ကြိုမိန်းကလေးနှစ်ယောက်က ပြုံးကာ ကဒ်ကိုလက်ခံပြီး ရှုနင်ကို ဝန်ဆောင်မှုပေးဖို့ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။

အိမ်ဖော်အဒေါ်ကြီးက သူမပြောသလိုမဖြစ်ဘဲ သခင်လေးစိတ်ကြိုက် တောင်းဆိုသည့်အတိုင်းကိုသာ ဆိုင်ကပြင်ဆင်ပြုလုပ်ပေးခဲ့လို့ အိမ်ရောက်ရင် သခင်မကို သူမ ဘယ်လိုရှင်းပြရတော့မည် မသိတော့ပေ။

ချင်ယွိကျိုးက အိပ်ယာကနိုးလာတော့ ခေါင်းကိုက်နေဆဲဖြစ်သည်။ ဒါပေမယ့် သူမက အဝတ်အစားလဲကာ သားပြန်လာရင် ပြောဖို့စကားကို စဉ်းစားကာ ကြိုတင်ပြင်ဆင်ထားသည့် ကလေးဓာတ်ပုံ ဝါကျင်ကျင်လေးကိုပါ စားပွဲပေါ်တင်ထားသည်။

အိမ်ဖော်နှင့် ရှုနင်ပြန်ရောက်လာပြီး သူမခေါ်တွေ့လိုက်သည်။ သူမသားကို မမှတ်မိလောက်အောင် ရှုနင်၏ပုံစံက ပြောင်းလဲသွားခဲ့သည်။ ဆံပင်များက သပ်ရပ်ကာ လှပသောမျက်နှာကို ပေါ်လွင်စေသည်။ အသားအရေပေါ်က ညစ်တစ်တစ်၊ အစက်အပြောက်များပျောက်ကာ ချောမွေ့လို့နေလေပြီ။ ဒီကလေးက ပိန်လွန်းကာ အရပ်ပုနေတာက နို့များများတိုက်ပေးရင် ဖြေရှင်းနိုင်လောက်သည်။ ဘာဖြစ်ဖြစ် ရှုချိန်၏မျိုးဆက်သွေးပုံရိပ်က သူ့ကိုယ်မှာ ပေါ်လွင်ထင်ဟပ်နေလို့ ချင်ယွိကျိုး စိတ်အေးသွားသည်။

ချင်ယွိကျိုးက ရှုနင်ကို သူမဘေးမှာထိုင်စေပြီး ဓာတ်ပုံလေးကိုပြကာ ဒီပုံလေးကို ကိုယ်နှင့်မကွာထားကာ မကြာခဏထုတ်ကြည့်ကြောင်း ပြောပြနေသည်။ ဓာတ်ပုံက ဝါကာ အနားသားက နွမ်းရိလို့နေသည်။ ဒါက တမင်ပြုလုပ်ထားသည့် အတုတွေသာဖြစ်သည်။

ရှုနင်က ဘာအမူအယာမှမပြဘဲ မျက်လုံးတောက်လေးများဖြင့်သာ ကြည့်နေသည်။ တကယ်တန်ဖိုးထားသူက ဓာတ်ပုံကို ဝါကျင့်ကျင့်နှင့် စုတ်ပြတ်နေအောင် ထားမည်မဟုတ်ပေ။ သူ့အမေ၏အလိမ်အညာကို သိပေမယ့် ဘာမှမပြောဘဲ ငြိမ်သက်စွာပဲ နားထောင်နေလိုက်သည်။

=========================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now