Chapter (136)_ အမြင့်မှ ပြုတ်ကျတဲ့ တျန်းကျားဟွေ့

11.2K 1.7K 42
                                    

(ဇ္ဂော်ီသမားမ်ား အောက္ကို ဆြဲခ်ပေးပါ)

Chapter (136)_ အမြင့်မှ ပြုတ်ကျတဲ့ တျန်းကျားဟွေ့



တျန်းကျားဟွေ့ကို ဟုန်လွေ့က ၏မြေအောက် လောင်ကစားဝိုင်းမှာ ပစ်ချခဲ့ပြီးနောက် တျန်းကျားဟွေ့က သူ့ကို ကယ်တင်ပေးနိုင်မယ့် လူတစ်ယောက်ကို ရှာဖွေခဲ့သည်။

သူသည်လူအုပ်ကြားတွင်လမ်းလျှောက်နေစဉ် သူ့ကိုယ်သူနှိမ့်ချစွာထားခဲ့ပြီး လူများစွာထဲမှာ သူ့ကိုခေါ်ထုတ်ပေးသွားနိုင်မည့်လူကို တဖြည်းဖြည်းချင်း ရှာတွေ့ခဲ့သည်။ လူအများကြီးထဲက ကျောက်စိမ်းလို ဖြူဖွေးသည့်အသားရေရှိသည့် အရပ်မြင့်မြင့်လူက အသက် 30 လောက်သာရှိသေးပေမယ့် သူ့ဘေးက ကိုယ်ရံတော်တွေကိုကြည့်ရင် တော်ရုံလူ လာရှုပ်လို့မရသည့် သူမှန်းသိသာည်။

သုူသည် အရပ်မြင့်ပြီးချောမောသောရုံသာမက ပြေပြစ်သောအမူအယာရှိသည်၊ သူသည်ပြိုင်ဘက်ကင်းသောစရိုက်နှင့် လူကြားထဲတွင် သိသာထင်ရှားသူဖြစ်သည်။ သူသည်သူ၏လက်အောက်ငယ်သားများနှင့် အတူ ဒီလောင်းကစားဝိုင်းကို တစ်လလျှင်တစ်ကြိမ်သို့နှစ်ကြိမ်သာ လာလိမ့်မည်။ လောင်းကစားရုံရှိ သက်တော်စောင့်များသည်ထိုပုဂ္ဂိုလ်အား အလွန်လေးစားမှုရှိပြီး ဟုန်လွေ့လိုလူပင် ထိုလူကို နှိမ့်ချကာ ဆက်ဆံခဲ့သည်။ ဒါကြောင့် ဒီလူက အံ့သြဖွယ်ကောင်းပြီး ထူးခြားသောဇာတ်ကောင်ဖြစ်ရမည်။ တျန်းကျားဟွေ့ သည် ထိုလူအား အလွန်အာရုံစိုက်နေခဲ့သည်၊ သူသည်အခွင့်အလမ်းကောင်းကို ရနိုင်တယ် မဟုတ်လား။

ပြီးတော့ သူ့ကို တျန်းကျားဟွေ့ ဘာကြောင့်ရွေးခဲ့တာလဲ။

ဘာကြောင့်လဲဆိုတော့ ဒီလောင်းကစားရုံကို လာတဲ့လူတွေက အလွန်အေးစက်ကာ မာနကြီးလွန်းကြသည်၊ သို့မဟုတ်လျှင်သူတို့က အသက်ကြီးလွန်းသူ (သို့) ဘီယာဗိုက်ရွဲကြီးနှင့် ယောက်ျားများသာ ဖြစ်ကြသည်။
တျန်းကျားဟွေ့က ယောက်ျားတစ်ယောက်နဲ့လုပ်နိုင်တယ်ဆိုရင်တောင် တဖက်လူက ရုပ်ရည်ချောမောတဲ့သူတစ်ယောက်ဖြစ်ရမည်။ မဟုတ်ရင် သူ ဘာလုပ်ရမှာလဲ။ သူသည် ထိုသြဇာအာဏာကြီးသူနားကို ဂရုတစိုက်ချဉ်းကပ်ပြီး ထိုသူ၏အာရုံကိုတိတ်ဆိတ်စွာ ဆွဲဆောင်ခဲ့သည်။

သူအောင်မြင်တယ်၊ သူက ၀ န်မခံချင်ပေမယ့် တျန်းကျားဟွေကကို ကြိုက်တယ်၊ ဒါပေမယ့်တစ်ချိန်တည်းမှာ နည်းနည်းမာနကြီးတယ်၊ သူက အရမ်းသန့်ရှင်းတယ်၊ တျန်းကျားဟွေ့က ဒီနေရာမှာ ပစ်ချခံရတဲ့ သူဌေးသားတစ်ယောက်ဆိုတာ သူ သိတယ်။ ဒါကြောင့် တျန်းကျားဟွေ့က အရည်အသွေးမြင့်ပြည်တန်ဆာများနှင့်လုံးဝကွဲပြားသည်။ သူက ညတွင်းချင်းပင် တျန်းကျားဟွေ့ကို ဒီလောင်းကစားရုံကနေ ရွေးနူတ်ကာ ခေါ်သွားခဲ့ပေမယ့် ဟုန်လွေ့က သူ့ကို မတားခဲ့ဘူး၊ အဲဒီ့လူရဲ့ အဆင့်အတန်းကမြင့်လွန်းတာကြောင့် သူ့ကို စော်ကားဖို့မလိုဘူး၊ သူ အဲ့လူကို စော်ကားမိရင် နောင် အနာဂတ်မှာသူတို့နဲ့ ထိပ်တိုက်တွေ့ဖို့ပိုလွယ်သွားနိုင်တယ်။ဒါကြောင့် အဲ့ဒီလူကို ဟုန်လွေ့က မျက်နှာသာပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

တျန်းကျားဟွေ့ သည် ထိုနေ့ညက အလွန်သောက်ခဲ့ပြီး သူသည်ခုတင်ပေါ်တွင်ခွန်အားမရှိပဲ နာခံမှုရှိစွာဖြင့် လဲလျောင်းနေခဲ့သည်၊ ထို့နောက်သူသည် ကြွက်သားများဖြင့် တောင့်တင်းသော သူ့ကို ခေါ်ထုတ်လာသည့်လူ ၏ အလိုကို လိုက်လျော့ပေးခဲ့သည်။

အရာအားလုံးချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး တျန်းကျားဟွေ့ က သူ့မျက်လုံးတွေကိုမှိတ်ထားပြီး သူသာ နည်းနည်းသည်းခံခဲ့ရင် အရာအားလုံးပြီးသွားလိမ့်မယ်၊ ပြီးတော့ ဒီလူက သူ့ကိုငြီးငွေ့လာရင် နောက်ဆုံးသူ့ကို လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေမိသည်။

သို့သော် တျန်းကျားဟွေ့ နိုးလာသည့်အခါ သူရောက်နေသည့် အိမ်ကြီးမှာ ကြီးမားလှပြီး ထိုလူသည်မယုံနိုင်လောက်အောင်ချမ်းသာလွန်းသည်ကိုတွေ့သောအခါ ချက်ချင်းပင် သူ့အတွေးက ပြောင်းလဲသွားခဲ့သည်။

သူသည်ဤမတိုင်မီက ဝမ်ချုံးကို လှောင်ပြောင်ခဲ့ပြီး သူက လက်ရှိအချိန်များကို နားလည်မှုရှိကာ အကျိုးရှိအောင် သုံးရမည်ဟု တွေးနေသည်။ ဟုန်လွေ့ရဲ့ မျက်နှာသာရရှိရန် အရင်က သူက အသည်းအသန်ဆုတောင်းခဲ့ပေမယ့် သူ မရခဲ့ပေ။ ထိုစဉ်က ဝမ်ချုံးက ဟုန်လွေ့ရဲ့ မျက်နှာသာပေးမှုကို ရခဲ့ပေမယ့် ဝမ်ချုံးက အငြိမ်မနေပဲ ပူညံပူညံလုပ်ခဲ့သဖြင့်နောက်ဆုံး ဟုန်လွေ့ စွန့်ပစ်တာကို ခံလိုက်ရသည်။ ဟုန်လွေ့သာ မသုံးတော့ရင် အခု ဝမ်ချုံးက လူပေါင်းများစွာနှင့် ဆက်ဆံနေရသည့် ပြည့်တန်ဆာဖြစ်သွားပြီ မ ဟုတ်လား။

ဝမ်ချုံးက အခု သူ့နှလုံးသား၌နောင်တ တစုံတရာခံစားရ မလား။

ဒါကို တျန်းကျားဟွေ့ မသိချင်ပေ။ သူ သိတာက သူ အခု အရမ်းချမ်းသာသည့် ရွှေဘုံပေါ်တွင် ရောက်နေသည်။

ထိုလူသည်သူ့ကို အများကြီးအထောက်ကူပြုသည်၊ သူသည်ကျောင်းဝင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုကူညီခဲ့ပြီး သူ့ကို လူတန်းစေ့ နေနိုင်သည့် လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ရန် လုပ်ပေးတဲ့အပြင် သူ၏အတန်းများအတွက်ပြင်ဆင်ပေးသော ဆရာများကိုတွေ့ပေးခဲ့သည်။ တျန်းကျားဟွေ့ကို သူက ပြိုင်ကားတစ်စီး လက်ဆောင်ပေးချင်ပေမယ့် အသက်မပြည့်သေးလို့ မောင်းမရသဖြင့် နောက်ဆုံး ထိုလူက သူ့ကို ငါးထပ်ဟိုတယ်တစ်လုံးအား မွေးနေ့လက်ဆောင်အဖြစ် ၀ ယ်ခဲ့သည်။ ဒါကြောင့် တျန်းကျားဟွေ့မှာ သူ့ဘဝ၏ အကောင်းဆုံး အချိန်ကိုပိုင်ဆိုင်ထားနိင်ခဲ့သည်၊ ထိုလူသည်သူ၏ ဆန္ဒများကို သဘောမတူပါက ဒေါသထွက်ချင်ယောင်ဆောင်လိုက်တာနဲ့ ချက်ချင်းပဲ သူက လိုချင်တာကို ရခဲ့သည်။

တျန်းကျားဟွေ့က သူ့ကို အခြားလူတွေက လူချမ်းသာတစ်ယောက်ရဲ့ အိမ်မွေးတိရိစ္ဆာန်ဟု ခေါ်သံကြားသောကြောင့် စိတ်မကောင်းဖြစ်ပြီး သူတို့က ချစ်သူတွေဖြစ်သည်ဟု တျန်းကျားဟွေ့ရှင်းပြခဲ့သည်။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေက မယုံကြသည်။ ထိုအကြောင်းကို အဲ့လူက မကောင်းပြောသည့် လူတွေရဲ့ ပါးစပ်ကို ပိတ်သွားအောင် ပြင်းထန်စွာ အပြစ်ပေးခဲ့သည်။

သိပ်မကြာပါဘူး။ တျန်းကျားဟွေ့က လူတွေက သူ့ကို ချူစားသည့်အကောင်ဟု ခေါ်နေသည်ကို မကျေမနပ်ဖြစ်လာပြန်သည်။ သူကလည်း ယောက်ျားတစ်ယောက်ပဲ၊ ဘာလို့ သူ့ကိုလူတိုင်းက ချူစားသည့်ကောင်လို့ အမြဲခေါ်နေတာလဲ။ နောက်ဆုံး သူလည်း စိတ်ညစ်ညစ်နှင့် ဘားကို လာပြီး သောက်ကာ စိတ်ပျက်လက်ပျက်ဖြင့်မြေပြင်ကိုငုံ့ကြည့်ကာ လမ်းဘေးတွင်ထိုင်နေသည်။ သူငယ်ချင်းတစ်ယောက်ရောက်လာပြီး တျန်းကျားဟွေ့ရဲ့ ပုခုံးပေါ် လက်တင်ကာသူ့ ဘေးမှာထိုင်လိုက်ပြီးမေးလိုက်သည်။

"အစ်ကို၊ အခု ဘာဖြစ်နေတာလဲ"

"ငါက Bottom မဟုတ်ဘူး ...... "

"လာပါ၊ အစ်ကိုရာ...အကို့ဆီမှာ အရာအားလုံးရှိနေတယ်၊ မင်းကို အရမ်းချစ်တဲ့လူတစ်ယောက်လည်းရှိတယ်။ မင်းမှာ အရာအားလုံးကို လုပ်နိုင်တဲ့ စွမ်းအားရှိတယ်၊ ကောင်းတဲ့ဘက်ကိုပဲ ကြည့်ပါ။ "

"သူ့ကို မိန်းမတစ်ယောက်နဲ့နှိုင်းယှဉ်လို့ရမလား"

လူငယ်က မတုံ့ပြန်မီခဏလောက်တိတ်ဆိတ်သွားသည်

" လူတိုင်းမှာ မတူညီတဲ့ဘ ၀ တစ်ခုရှိတယ်၊ နေရာမှန်နဲ့ အချိန်မှန်ဖို့ပဲလိုတယ်။ မင်းအတွက်သင့်တော်တဲ့သူနဲ့တွေ့ရင်၊ သူက ယောကျာ်းလေးဘဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သူ နဲ့အတူနေသင့်တယ်။ အစ်ကို အဲဒီ့ထောင်ချောက်တွေ၊ ဘ ၀ တစ်လျှောက်လုံးပြေးလွှားနေတဲ့ ရုံးဝန်ထမ်း အလုပ်သမားတွေကိုကြည့်လိုက်စမ်းပါ။ အကို့ဘေး ပတ်ဝန်းကျင်က လူတွေအားလုံးကို လိုက်အာရုံစိုက်နေရင် ဘယ်လောက် ပင်ပန်းလိုက်မလဲ။ အကိုလုပ်ရမှာက စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့နေဖို့ပဲ။ အကို အခုဆိုရင် မင်းမျိုးမင်းနွယ်လိုနေနိုင်တာ၊ အဲဒါကြောင့် ကိုယ့်ဖာသာ ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခံနေရမှာလဲ။ "

"ငါ ခံစားနေရတာကို မင်းနားလည်မှာ မဟုတ်ဘူး။ "

"အကို့ နေရာမှာနေရာယူဖို့ စောင့်နေတဲ့ လူထောင်ချီရှိတယ်လို့ ကျွန်တော် ပြောရင် အကို ယုံမှာလား။ "

လူငယ်က တျန်းကျားဟွေ့ ရဲ့ပုခုံးကိုနောက်တစ်ကြိမ် ထပ်ပုတ်လိုက်သည်။

"အောက်ကနေဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး။ အကို သူ့ကို အောက်မှာ နေပေးဖို့ တောင်းဆိုကြည့်ပေါ့။ တကယ်လို့ သူက အကို့ကို တကယ်ချစ်ရင် အကိုတောင်းဆိုတာကို သူ သေချာပေါက်သဘောတူလိမ့်မယ်။ "

တျန်းကျားဟွေ့ ၏မျက်လုံးများသည်တောက်ပလာပြီး သူ့ကိုကျေးဇူးတင်စကားပြောပြီး လျင်မြန်စွာထွက်ခွာသွားသည်။ တစ်ချိန်လုံး ပြုံးနေသော လူငယ်၏ပြုံးနေသော အခု မျက်နှာပေါ်က ပျောက်သွားခဲ့လေပြီ။ တျန်းကျားဟွေ့က ထိုလူရဲ့အချစ်ကို မရနိုင်မယ့်အတူတူ သူက တျန်းကျားဟွေ့ ပျော်နိုင်အောင် ဘာကြောင့် မကူညီပေးရမှာလဲ...

ထိုလူငယ်က ဖုန်းကိုထုတ်ကာ တုန်ယင်သောလက်ဖြင့် စာပို့လိုက်သည်။
"မစ်ရှင်အောင်မြင်စွာပြီးမြောက်ခဲ့ပြီ"

စာရောက်လာတော့ အရပ်ရှည်ရှည်နှင့် လူသည်ကြမ်းပြင်မှ မျက်နှာကျက်ထိ ရှည်သည့် ပြတင်းပေါက်ရှေ့တွင်ရပ်နေသည်။ ခြံဝင်းအတွင်း၌ကားတစ်စီး၏ အလင်းရောင်ပေါ်လာသည်ကိုမြင်သောအခါ သူ၏နူတ်ခမ်းထောင့်စွန်းများ ကော့်တက်ကာ အပြုံးပေါ်လာခဲ့သည်။

(ဒီနောက်ကွယ်က ခိုင်းတဲ့လူက ဘယ်သူလဲ ဆိုတာ ဘယ်စာဖတ်သူ ရိပ်မိသလဲ)

တျန်းကျားဟွေ့က ဒီညပိုစိတ်ပျက်နေတယ်၊ သူက အပေါ်ကနေ နေချင်ဇောဖြင့် ဟိတ်ဟန်ကြီးနဲ့ စိတ်လှုပ်ရှားနေပြီး တောင်းဆိုလိုက်သည်။ ခဏလောက်တိတ်ဆိတ်ပြီးမှ အဲဒီလူက သဘောတူလိုက်တယ်။

ကောင်းလိုက်တာ.....

ထို့နောက် တျန်းကျားဟွေ့သည် သူ့ကိုယ်သူအလွန်စိတ်ပျက်သွားခဲ့ပြီး သူသည် ထိုလူ၏ကိုယ်လုံးတီးကိုယ်ကို ကြည့်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သိလာခဲ့သည်။ သူက ထိုလူရဲ့ကိုယ်ထဲကို ဝင်လိုက်သည့်အခါ ထိုလူရဲ့တွင်းက အရမ်းကို တင်းတင်းကျပ်ကျပ်ဖြင့် သူ့ကို ညစ်ထားသဖြင့် သူ့လှံတံလေး နာကျင်သွားကာ စိတ်ဒဏ်ရာပင် ရသွားခဲ့သည်။ ဒီလှုပ်ရှားမှုအပြီးမှာ တျန်းကျားဟွေ့က ပိုပြီးဝမ်းနည်းလာခဲ့သည်။

ဒါပေမယ့်အရပ်ရှည်တဲ့လူကနောက်ဆုံးမှာ သူတို့နှစ်ယောက်အိမ်ထောင်ရေးသာယာပြီလို့ထင်ခဲ့တာကြောင့် ဘာမဆို စွန့်လွှတ်ရကျိုးနပ်သည်ဟု တွေးနေသည်။ သို့သော် တျန်းကျားဟွေ့သည် လှပသောမိန်းကလေးတစ် ဦး နှင့် သူ့ကွယ်ရာမှာ တိတ်တဆိတ်တွေ့ဆုံရန် ထွက်သွားသည်ကိုသိလိုက်စဉ် ထိုလူက ရူးသွားသလိုပဲ ခံစားလိုက်ရသည်။ ထိုလူက တျန်းကျားဟွေ့ကို ဖမ်းပြီး သူ့ကိုအိမ်ပြန်ဆွဲခေါ်ပြီး ဒူးထောက်ခိုင်းတယ်။

တျန်းကျားဟွေ့က အံ့သြသွားသည်။ သူက သူ့ကိုပါးရိုက်ပြီး စိတ်ကူးယဉ်နေတာကို ရပ်လိုက်ဟု ပြောကာ သူ့အဝတ်အားလုံးကို ချွတ်ပစ်ဖို့တောင်ပြောခဲ့တယ်။ ထိုလူသည်အမှောင်ည၏ဧကရာဇ်ဖြစ်ပြီး မည်သူတစ် ဦး တစ်ယောက် ၏ စော်ကားတာ၊ အော်ဟစ်တာကိုမှ ယခင်က မခံခဲ့ရဖူးပါ။

ဒေါသကြောင့်သွေးပြန်ကြောတွေ တဆတ်ဆတ်ခုန်နေသည့် လူက သူ့ချစ်ဒေါသ၊ သဝန်တိုစိတ်ကြောင့် တျန်းကျားဟွေ့ကို မထိခိုက်စေချင်ပေ။ နောက်ပိုင်း သူတို့၏ဆက်ဆံရေးသည် ပြန်လည်ကောင်းမွန် လာနိုင်မည် မဟုတ်တော့ပေ။

ထို့ကြောင့်သူသည် အိမ်မှထွက်လာပြီး ညဉ့်လယ်တွင် ယာဉ်မတော်တဆမှု ကြောင့်ယာဉ်တိုက်မှုတစ်ခုတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ ထိုအချိန်တွင်သူ၏သက်တော်စောင့်လေး ဦး လိုက်ပါလာခဲ့သည်၊ သို့သော် သူတို့က ဘာမှ အသုံးမဝင်ပေ။ တျန်းကျားဟွေ့ကို ကယ်တင်ပေးခဲ့တဲ့ အဖွဲ့စည်းခေါင်းဆောင်ရဲ့ အသက်ကို မကာကွယ်နိုင်ခဲ့ပေ။

သူ့တို့ကားဆီကို ဦးတည်လာနေသည့် ကားကြီးတစ်စီး၏ ရှေ့တည့်တည့်တွင် လင်ကွန်းကား တစ်စီးက ပိတ်ထားသဖြင့် သူတို့ကားက ထွက်ပြေးရန်နေရာမရှိပေ။

သက်တော်စောင့်က သူတို့ကားကို ကားနှစ်စီးကြားက မောင်းထွက်ဖို့လုပ်ပေမယ့် ဘယ်လိုမှ လင်ကွန်းကားကို တွန်းတိုက်လို့မရဖြစ်နေခဲ့ကာ ကားတိုက်မှုဖြင့် သူတို့ကားက စိစိညက်ညက်ကြေသွားခဲ့သည်။


တျန်းကျားဟွေ့ရဲက အိပ်မက်တွေက အချိန်မကြာပဲ ကုန်ဆုံးသွားလိမ့်မည်ဟု သူ့ဖာသာ မထင်ခဲ့မိပေ။

ထိုလူပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို အဖွဲ့စည်းထဲ နောက်ထပ် တက်လာသည့် ခေါင်းဆောင်က အားလုံး ချုပ်ကိုင်ပြီးနောက် ထိုသူ၏အိမ်ကြီးမှ တျန်းကျားဟွေ့က နှင်ထုတ်ခြင်းခံခဲ့ရသည်။ သူ့ကို လက်ဆောင်ပေးခဲ့တဲ့ Hotel လည်း အသိမ်းခံလိုက်ရသည်။

ယခု သူသည်အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်၊ ယခင်က သူကနေ တဆင့် သူ့နောက်က ထိုလူဆီကို အကူအညီတောင်းခံရန်လာကြသောလူများသည် ယခုအချိန်တွင် သူ့ကို တွေ့သောအခါ ကူညီရန်လက်ကို မကမ်းပေးခဲ့ပေ။ ဒါ့အပြင် ရေနစ်သူ ဝါးကူလို့ ထိုးကြသေးသည်။

သူကယောက်ျားတစ်ယောက်ရဲ့အိမ်မွေးတိရစ္ဆာန်ဖြစ်ကြောင်း တချိန်က အကူညီတောင်းခဲ့ဖူး သူတွေက လူတွေကို သတင်းလွှင့်ခဲ့ကြပြီး တျန်းကျားဟွေ့ရဲ့ မိသားစုက အရှက်ရကာ တျန်းကျားဟွေ့ကို အမွေဖြတ်ပစ်ပြီး သူတို့နှင့် ပတ်သတ်မှုမရှိကြောင်း ကြေငြာခဲ့သည်။

တျန်းကျားဟွေ့ သည် အခြားမည်သည့်နေရာကိုမှ သွားစရာမရှိသောကြောင့် လမ်းဘေး၌စိတ်ပျက်လက်ပျက်မြေပြင်ကိုငုံ့ကြည့်ရင်း ဤကမ္ဘာ၌ သူ့ကိုခေါ်ဆောင်လိုသော ဆန္ဒရှိသူ တစ်ယောက်ရှိနိုင်ဦးမလားဟု တွေးနေမိသည်။

သူ့ကို အကြံပေးခဲ့ဖူးသည့် လူငယ်လေးက တျန်းကျားဟွေ့ရဲ့ပခုံးကိုပုတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါက ဘဝပဲ...အစ်ကို၊ ဒါက မင်း အပြစ်မဟုတ်ဘူး"

"မဟုတ်ဘူး၊ ငါ့ အပြစ်ဘဲ၊ ငါ သူနဲ့ငြင်းခုံမနေသင့်ဘူး၊ ငါ သူ့ကို လုပ်ဖို့ မပြောရင် အခုလိုတွေ ဖြစ်မှာ မဟုတ်ဘူး။ ငါ မလုပ်ခဲ့သင့်ဘူး "

"မင်း ဘာပြောလိုက်တာလဲ"

လူငယ်၏မျက်နှာသည်စာရွက်ဖြူကဲ့သို့ဖြူဖပ်သွားပြီး သူ့နားကို မယုံနိုင်တော့ပေ။

"အဲဒါ အမှန်ဆိုရင် မင်း ဘယ်လိုလုပ်... ဘယ်လိုလုပ် အသက်ရှင်နေနိုင်သေးတာလဲ။ မင်းက သူ့အပေါ် Top ခဲ့တယ်ဆိုရင် ...... သူ့လက်အောက်ငယ်သားတွေက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး။ "

"အဲဒီ့ကျေးကျွန်နဲ့သက်တော်စောင့်တွေက ငါ့ကို မမြင်ကြဘူး။ ငါတို့နှစ်ယောက်က ဗီလာမှာနှစ်ယောက်တည်းဘဲနေကြတယ်၊ ဘာဖြစ်ခဲ့တာလဲဆိုတာ ဘယ်သူမှမသိဘူး၊ ငါ အရမ်းဘဲ ...... "

တျန်းကျားဟွေ့ က သူ့ရင်ဘတ်ကိုမယုံနိုင်စွာကြည့်လိုက်ရာ ဓားတစ်ချောင်းရှိနေပြီးသွေးရောင်တွေကြောင့် သူ့ရှပ်အင်္ကျီကိုအနီရောင်ဆိုးထားသလိုဖြစ်နေသည်။ လူငယ်သည်လဲကျသွားပြီး အရူးတစ်ယောက်ကဲ့သို့ရယ်ရယ်မောမောနှင့် ထွက်ပြေးသွားသည်။


တျန်းကျားဟွေ့ ကိုဆေးကုသမှုခံယူဖို့ ဆေးရုံကိုပို့လိုက်ပြီး တရက်လုံးလုံး သတိလစ်ပြီးနောက် နိုးလာပြီး သူ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာ သူ သိတယ်။ တျန်းကျားဟွေ့ ကိုမြို့တော်ရှိဆေးရုံတစ်ရုံသို့လွှဲပြောင်းရန်တောင်းဆိုခဲ့ပြီး သူ၏မိဘများသည် သူ့ အတွက်သိန်းငါးရာ အကုန်အကျခံခဲ့သည်။ ထိုလူ မသေဆုံးမီ သူသည်မြို့တော်ရှိ နာမည်ကျော်လက်ဝတ်ရတနာဆိုင်မှ လက်စွပ်တစ်ကွင်းကိုမှာကြားခဲ့သည်။ သူသည် တျန်းကျားဟွေ့နှင့်လက်ထပ်လိုကြောင်း၊ တျန်းကျားဟွေ့ သိသွားခဲ့သည်၊ သူ သွားချင်သည်။

ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ၊ အခုမှ သူက အဲ့ဒီလူကို ချစ်မိသွားပြီဆိုတာ သူ သိလာတယ်။

တျန်းကျားဟွေ့ မြို့တော်သို့ရောက်သောအခါ သူ၏ဒဏ်ရာများသည် ပို၍ ပင်ပြင်းထန်လာသည်။ သူက လှုပ်တောင်မလှုပ်နိုင်ဘဲ ပါးစပ်တောင်မဖွင့်နိုင်ဘဲ သူ့အတွက်ဒီလက်စွပ်ကိုရဖို့ ဘယ်သူ့ကို အကူအညီတောင်းရပါ့မလဲလို့ အသည်းအသန် စဉ်းစားနေသည်။

ဒီအချိန်မှာ ရှုနင်က အခန်းထဲကိုဝင်လာတယ်။ သူသည် တျန်းကျားဟွေ့ ၏ စိတ်ညစ်ညူးသောမျက်နှာနှင့်ပြာနေသောမျက်နှာကို ဂရုမစိုက်ဘဲကြည့်လိုက်သည်။

"Wu ...... wu ...... wu ...... " ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ ~

ရှုနင်က တျန်းကျားဟွေ့ ၏စွမ်းအားမဲ့ရုန်းကန်နေမှုကို တိတ်တဆိတ်ကြည့်လိုက်ပြီး သူ့ပါးစပ်ကိုဖွင့်ရန်ရည်ရွယ်ချက် မရှိချေ။ ဟုန်လွေ့ က သူ့နောက်ကိုရောက်လာပြီး ရှုနင်ကို အသိပေးလိုက်သည်။

"ဒီမှာ ငါ သူက အမြင့်ကိုပျံနေတယ်လို့ ထင်ခဲ့တာ၊ သူက သူ့ကိုယ်သူသတ်သေတာတောင်မှ ဘုရားသခင်က သူ့ကို မစွန့်ပစ်ခဲ့ဘူးပဲ"

"ဟုတ်တယ်၊ သူက သူ့ကိုယ်သူ ဒုက္ခရောက်အောင် မလုပ်ရင် သူ သေမှာမဟုတ်ဘူး"

"သူက မြို့တော်ကို ဘာကြောင့်ရောက်လာတာလဲဆိုတာ ငါ အံ့သြနေမိတယ်။ မင်း ...ဝမ်ချုံးရဲ့ ကနေ့ည ဖြော်ဖြေပွဲကို သွားချင်လား "

ဟုန်လွေ့က သူ့နာရီကိုကြည့်ပြီးသူကဆိုးဆိုးရွားရွားပြုံးလိုက်တယ်။

"သေချာသွားမှာပေါ့ "

သူနာပြုဆရာမသည် အခန်းထဲကို ဝင်လာစဉ် သူမသည် ချောမောသောလူနှစ်ယောက်ကိုမြင်သောအခါ အနည်းငယ်အံ့သြသွားသည်

-" မင်းတို့နှစ်ယောက်က သူ့ကိုပထမဆုံး လာတွေ့တဲ့လူတွေပဲ။ သူ့ရဲ့ တချို့ ဆန္ဒတွေ မပြည့်သေးပါဘူး၊ မင်းတို့ တတ်နိုင်ရင်သူ့ကို ကူညီသင့်တယ်။ သူ အသက်ရှင်ဖို့ ရက်အနည်းငယ်ပဲ ကျန်တော့တယ်။ "

ဟုန်လွေ့သည်ရှေ့သို့ခြေလှမ်းနှစ်လှမ်း တိုးလိုက်ပြီး တျန်းကျားဟွေ့ကို ရည်ရွယ်ချက်ကောင်းမရှိဘဲ ကြည့်ကာ မေးလိုက်သည်။

"ကောင်းပြီ၊ မင်းမှာ လုပ်ချင်တဲ့ နောက်ဆုံးဆန္ဒရှိပါသလား။ ငါတို့ ကြားပါရစေ... "

"ဝူဝူ ...... ဝူ ...... " သူ့မျက်လုံးတွေက စိတ်ထက်သန်မှုတွေနဲ့ပြည့်နေပေမယ့် သူ စကားမပြောနိုင်ခဲ့ဘူး။

သူနာပြုဆရာမက သေခါနီးလူတွေကို မြင်နေကျဖြစ်ပေမယ့် အခုမြင်ကွင်းကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်ကာ သက်ပြင်းချလိုက်တယ်၊

" သူ့ကို ဒီကို ခေါ်မလာခဲ့ရင် သူ နည်းနည်း အသက်ပိုရှည်နိုင်သေးတယ်။"

"သူ့ကိုခွဲစိတ်ပေးလို့ ရသေးလား"
ရှုနင်ကအေးစက်စွာမေးလိုက်သည်။

"ငါတို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ "

ဟုန်လွေ့က ရှုနင်ကို သံသယ ၀ င်တဲ့အကြည့်တစ်ချက်နဲ့ ပစ်လိုက်တယ်၊

ရှုနင်က တျန်ကျားဟွေ့ကို သနားပြီ းကယ်တင်ချင်တာလား....ဒါပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူး မဟုတ်လား။ သူသည် တျန်းကျားဟွေ့တစ်ယောက် ဝေဒနာကို ခံစားရပြီး ဖြည်းဖြည်းချင်းသေဆုံးသည်ကိုကြည့်ချင်ရုံဘဲ မဟုတ်လား။ ဘယ်လောက်ဆိုးလိုက်လဲ။

တျန်းကျားဟွေ့သည် သူ ဘယ်လိုမှ ဆက်လက်အသက်မရှင်နိုင်တော့ဘူးဆိုတာ သိလိုက်ရလို့ ရှုနင်က နောက်ဆုံးတွင်စိတ်သက်သာရာရသွားသည်။ သူသည်လှည့်ထွက်သွားပြီး ဟုန်လွေ့လည်း နောက်မှ လိုက်သွားသည်။ သူနာပြုဆရာမက သူတို့ဆီကို ဆက်သွယ်ဖို့ ဖုန်းနံ့ပါတ်ကို တောင်းရန် ပြေးထွက်လာပြီး ပြောလိုက်သည်။

"မင်းတို့ရဲ့အဆက်အသွယ်လုပ်နိုင်မယ့် အချက်အလက် ငါ့ ကို ပေးထားခဲ့လို့ ရမလား။ သူနဲ့ပတ်သတ်တဲ့လူအားလုံးက အဆက်ဖြတ်လိုက်ကြလို့...."

"ဒါက သူသေသင့်နေပြီဆိုတာ ပြသနေတာပဲ "

ရှုနင်က ပြောလိုက်သည့် စကားကြောင့် သူနာပြုဆရာမသည် အတော်ကြာမှင်တက်သွားသည်။

သူက ကြမ်းတမ်းသောစကားများကို ပြောခဲ့သည်၊ ဒါပေမယ့် တျန်းကျားဟွေ့ က သူ့လူကိုတန်ဖိုးထားခဲ့ရင် ဒီလိုနေရမှာ ဘယ်လိုလုပ် သေဖို့ လဲလျောင်းနေမှာတဲ့လဲ။ အခု သူ့မိဘတွေတောင်မပေါ်လာဘူး။

ကားပေါ်ရောက်တော့ ဟုန်လွေ့ကရေတစ်ဘူးသောက်လိုက်ပြီး ရှုနင်ကို လှောင်ပြောင်ဖို့တောင်မေ့သွားတယ်။

"မင်းက သူနဲ့ဘာအငြိုးတွေ ရှိလို့လဲ။ မင်း သူ့ကို ကြိုက်တယ်ဆိုပြီး သူ့ကို ဒီကနေ ဘာကြောင့် မထုတ်ခဲ့တာလဲ။ "

"ဒီည ဝမ်ချုံးက ဘာဖျော်ဖြေမှာလဲ"

ဟုန်လွေ့ရဲ့ မေးခွန်းကို သူ မဖြေပဲ သူသိချင်တာကိုမေးလိုက်သည်။

"တခြား ဘာရှိလဲ။ ဒါက လူတွေကို ဖျားယောင်းဖို့ပဲပေါ့.... ဟေး...ရှုကောင်ငယ်လေး..မင်း လူတွေ ထိကပါး ရိကပါးလုပ်တာကို မကြည့်ရဲဘူးမဟုတ်လား "

ဟုန်လွေ့က ငါ့ကို ဘာကြောင့်ဒီလိုကြည့်တာလဲ။ သူ တောင်းဆိုချက်ရှိလျှင် ဟုန်လွေ့က သူ့ကို ကျေနပ်အောင် ဖြည့်ဆည်းပေးမယ်ဆိုတာ ရှုနင် သံသယမ ၀ င်ခဲ့ဘူး၊ ဒါပေမယ့ ်မင်းအဆင်ပြေတယ်ထင်ရင်တောင်မှ သူ ကြိုးစားမှာမဟုတ်ဘူး။ ရှုနင်က ပြုံးလိုက်သော်လည်း သူ၏အကြည့်က အလွန်နက်ရှိုင်းသည်။

"သေချာတာပေါ့၊ အဲ့ဒါက ကျွန်တော့် အသက်ကိုအန္တရာယ်ပြုနိုင်တယ်"

ရှုဟိန်၏အဖေနှင့်အဖိုးနှစ် ဦး စလုံးသည်နာမည်ကျော်လူများဖြစ်ကြသည်၊ ဟုန်လွေ့က တခုခုကို သိလိုက်သည်။ စစ်ထူထုံးက ဆီဦးထောပတ်ဖြင့် ကမ်းလှမ်းကာ ရှုနင်ကို စောင့်ရှောက်ပေးရန် သူ့ကိုပြောခဲ့တာက နောင်တချိန် စစ်ထူထုံးက ရှုဟိန်နှင့် ဆက်ဆံရေးအဆင်ပြေစေဖို့ပဲမဟုတ်လား။

အခု သူ လိုက်လုပ်ပေးတယ်ဆိုတာကလည်း ဒီ အရူးဝံပုလွေပေါက်လေးနဲ့ မိတ်ဆွေဖြစ်ဖို့ပဲလေ။


နေ့လည်စာစားပြီးနောက်သူတို့နှစ် ဦး သည် လမ်းခွဲကာ လုပ်စရာရှိတာ သွားလုပ်ကြသည်။ ရှုနင်က ရှိုးပွဲမသွားခင် လုပ်စရာများစွာရှိသည်။ ဖန်ချင်း သည်ဝတ်စုံပြည့်ဝတ်ကာ ကုမ္ပဏီ၏တံခါးဝတွင်စောင့်နေစဉ် သူ့နောက်တွင်အတွင်းရေးမှူးနှစ် ဦးကအသင့်စောင့်ပေးနေသည်။

ကားဆိုက်ရောက်လာပြီးနောက် သူကချက်ချင်းပင် ကားနား ရောက်လာပြီးတံခါးဖွင့်ပေးပြီး ရှုနင် ကိုကားပေါ်ကဆင်းရန် လက်ကမ်းပေးလိုက်သည်။ ရှုနင်က သူ့ကိုမငြင်းပေ။ ဖန်ချင်းက သူ့ကိုအမြဲလေးစားတယ်၊ သူ့ကို အရမ်းကျေးဇူးတင်တယ်ဆိုတာ သူသိနေသည်။

ဤအဆောက်အ ဦး သည် အသစ်တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး crystals များကဲ့သို့တောက်ပပြီး အလွန်ခန့်ညားသည်၊ ဒါက ဒီရပ်ကွက်အတွင်းမှာ အမြင့်ဆုံးအဆောက်အအုံဖြစ်သည်။

သူလှည့်ပတ်ကြည့်လိုက်ပြီးချိန်မှာ ကောင်းကင်သည်မှောင်စပြုနေပြီ။ ဟုန်လွေ့ရဲ့ကားသည် ရှုနင်ကို ကြိုရန် အောက်ထပ်တွင်ရပ်တန့်သွားပြီး ဖန်ချင်းသည်စိုးရိမ်သောကဖြင့် သူ့နောက်သို့လိုက်သွားချင်သော်လည်း ချင်းမင်က လက်ဦးသွားသည်။

ဒါက ရှုနင် ကိုအံ့အားသင့်စေသည်။

"မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ"

"Boss၊ မင်းက C City မှာနေခဲ့ပြီး ဘယ်သူနဲ့မှမတွေ့ဘူး၊ဒါကြောင့် ကျွန်တော်က ဘော့စ်နဲ့ တွေ့ရမယ့် အခွင့်ရေးကို လက်လွတ်မခံပဲ လိုက်လာခဲ့တာပဲ "

ချင်းမင်က လူ သုံးယောက်ကိုခရီးဆောင်သေတ္တာနှစ်လုံးကို သယ်ချလာစေသည်။ အဲ့ဒီထဲမှာ တစ်ခုခုဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့က ရှုနင် ကိုပြချင်နေတယ်။

"အဲဒါက အရေးကြီးလို့လား"

ချင်းမင် ကခေါင်းငြိမ့်လိုက်ပေမယ့် ရှုနင်က လျစ်လျူရှုကာ ပြောလိုက်သည်။

"ဒီနေ့ ကျွန်တော် လူတစ်ယောက်နဲ့ တွေ့ဖို့ချိန်းထားတယ်။ မနက်ဖြန်မှ ဒါကို လုပ်ဖို့ အချိန်တစ်ချိန်ချိန်း လိုက်လေ။ အခု ခင်ဗျားလူတွေကို ဟိုတယ်မှာ သွားနားခိုင်းလိုက်ဦး၊ ခင်ဗျားလည်း မြို့တော်ကို ရောက်တုန်းရောက်ခိုက် ကျွန်တော်နဲ့ ပျော်စရာလေး လုပ်ဖို့ လိုက်ခဲ့ကြ။ မနက်ဖြန် တွေ့မယ့်အချိန်ကို ချိန်းဆိုဖို့ မမေ့နဲ့... "

**-***


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးOpowieści tętniące życiem. Odkryj je teraz