Chapter (146-2) - ရှုနင်ကို နာမည်ဖျက်ပြီး နာမည်ကြီးအောင် လုပ်ချင်သည့် လူငယ်လေး

8.1K 1.5K 16
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)

Chapter (146-2) - ရှုနင်ကို နာမည်ဖျက်ပြီး နာမည်ကြီးအောင် လုပ်ချင်သည့် လူငယ်လေး

ရှုနင်က စာမေးပွဲဖြေဖို့ ကျောင်းကိုလာခဲ့တယ်။ ရှုနင်ပေါ်မလာတာကြာတော့ ရှုနင်နဲ့ပတ်သက်တဲ့ ကောလာဟလတွေက ငြိမ်သွားပေမယ့် အတန်းထဲ ရှုနင်ပြန်လာတော့ တဖန်ဆူညံသွားကြသည်။ သူက အတန်းမတက်ဘဲ စာမေးပွဲလာဖြေနိုင်လို့ သေချာပေါက် ကျောထောက်နောက်ခံကောင်းရှိမည်ဟု ပြောနေကြသည်။

ရှုနင်က ရုပ်ရှင်ဇာတ်ကားတစ်ခုထဲ ပါနေလို့ဆိုပြီး ကြားခဲ့သည်။ အခု ရှုနင်ပါဝင်သည်ဆိုသည့် ဒါရိုက်တာရှန်းကျိုး၏ဇာတ်ကားက ရုံတင်ခဲ့ပြီး အတော်လေးကိုပေါက်သွားကာ ရှုနင်၏အမြတ်ငွေက ဂဏာန်း ၉လုံးထိ ရခဲ့သည်။

စပ်စုကြတဲ့ကျောင်းသားတွေက ရှုနင်ပါဝင်သည့်ဇာတ်ကားကို သွားကြည့်ကြသည်။ ဒီဇာတ်ကားပိုစတာမှာ ရှုနင်ရဲ့ပုံမပါသလို အွန်လိုင်းကနေ နမူနာထုတ်လွှင့်ပြသမှုမှာလည်း ရှုနင်ကိုမတွေ့ရတော့ လူတွေက တီးတိုးအတင်းပြောလာကြသည်။ ဒီဇာတ်ကားကြီးထဲမှာ ပါဝင်သည်ပြောပြီး ဇာတ်ဝင်ခန်းတစ်ခုမှာမှ မပါလို့ လူတွေက ရှုနင်ကို လှောင်ပြောင်ကာ ဟာသလုပ်နေကြသည်။ တချို့က သေးသွယ်သော ရှုနင်၏ပုံစံကိုကြည့်ကာ သရုပ်ဆောင်တာတောင် မလုပ်နိုင်လောက်ဘူးလို့ ပြက်ရယ်ပြုကြသည်။

သူက ကျားယောင်ဆောင်ထားပေမယ့် နောက်ဆုံးတော့ ကြောင်ပေါက်ကလေးပါပဲ ဟား.. ဟား.. ဟား..

မလိုသူတွေရဲ့ပျော်ရွှင်မှုက ကြာရှည်မခံလိုက်ပေ။ မျက်စိအမြင်စူးရှသည့် ကျောင်းသားတချို့က လက်ထောက်ဒါရိုက်တာနေရာမှာ ရှုနင်ဆိုတဲ့နာမည်ကို သတိပြုမိလိုက်ကြသည်။

ရှုနင်ရဲ့နာမည်က ဗုံးပေါက်သလို နာမည်ကြီးသွားပြန်သည်။ တချို့က နာမည်တူတာဖြစ်နိုင်သည်ဟု ပြောကြပြန်သည်။ ဒါကိုယုံကြည်သူတချို့လည်း ရှိကြသည်။

ရှုနင် စာသင်ခန်းထဲရှိခိုက် စပ်စုသူအပေါင်းက ဖွင့်မေးတော့ ရှုနင်က ခေါင်းညိတ်လိုက်သည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now