Chapter (9) - ကေလးတစ္ေယာက္က အရပ္ဘယ္ေလာက္ရွိသင့္လဲ

26K 4K 41
                                    

Chapter (9) - ကေလးတစ္ေယာက္က ပ်မ္းမွ် အရပ္ဘယ္ေလာက္ရွိသင့္လဲ

"ေဒါက္.. ေဒါက္.. ေဒါက္.."

႐ႈနင္သည္ အေကာင္းဘက္ကေတြးကာ သတၱိေမြးၿပီး အစ္ကိုႀကီး၏အိပ္ခန္တံခါးကို ေခါက္လိုက္သည္။ သူ႔အစ္ကိုႏွင့္ ျပန္လည္အဆင္ေျပေတာ့မည္ဟု ေတြးကာ စိတ္လႈပ္ရွားေနသလို နည္းနည္းေၾကာက္ေနသည္။ အရင္ဘဝက အစ္ကိုႀကီးကို အသက္ရွင္စဥ္တေလွ်ာက္လံုး မုန္းတီးကာ ေရွာင္ဖယ္ေနခဲ့ေပမယ့္ ေသခါနီးမွ သိခဲ့ရသည္။ အစ္ကိုႀကီးကသာ သူ႔ကိုမစြန္႔ပစ္ဘဲ ေသခ်ာဂ႐ုစိုက္ေသာသူျဖစ္သည္။ စြန္႔ပစ္မခံရသည့္ ခံစားခ်က္က တကယ္ကိုေကာင္းလွသည္။ ဒါေၾကာင့္ ႐ႈနင္က ေနာင္တေတြနဲ႔ ေသဆံုးခဲ့ရသည္။ ဘုရားမလို႔ အခု သူ ဘာအျပစ္မွ မက်ဴးလြန္ရေသးသည့္အခ်ိန္ကို ျပန္ေမြးဖြားလာႏိုင္ခဲ့သည္။ ဒီဘဝေတာ့ အစ္ကိုႀကီး၏ၾကင္နာမႈအားလံုးကို ျပန္ဆပ္ဖို႔ ေသခ်ာဆံုးျဖတ္ထားသည္။

တံခါးဖြင့္လာေတာ့ ႐ႈနင္ စိတ္လႈပ္ရွားသြားခဲ့သည္။ အစ္ကိုႀကီးကို အနီးကပ္ျမင္ေတြ႕ရၿပီး ေတာင္းပန္စကား ဖြင့္ဟေျပာခြင့္မရေသာေၾကာင့္ သူ႔ရင္ထဲ ေသာကတို႔ျဖစ္လာခဲ့သည္။ ႐ႈဟိန္က ညအိပ္ဝတ္စံုကို ဝတ္ထားၿပီး သူ႔မ်က္ႏွာထားက ေအးစက္ကာ ဘာအရိပ္အေယာင္မွမျပေပ။

"ေတာင္း.. ေတာင္းပန္ပါတယ္.. ကၽြန္ေတာ္ တစ္ေယာက္တည္းအိပ္ရမွာ ေၾကာက္လို႔ပါ.."

"မင္းအေမကို သြားရွာလိုက္.."

႐ႈဟိန္က ေအးစက္စက္ေျပာကာ တံခါးကိုဆြဲပိတ္လိုက္သည္။

ဒါ.. ဒါ ဘာလဲ..

႐ႈနင္သည္ တံခါးေရွ႕မွာ ေအးခဲစြာရပ္ေနခဲ့သည္။ တံခါးရြက္က ေဆာင့္ပိတ္သြားၿပီး သူ႔ႏွာေခါင္းကိုေတာင္ ႐ိုက္မိေတာ့မလိုပင္။ ေသစမ္း..! အေစာပိုင္းကေတာင္ အားလံုးအဆင္ေျပၿပီထင္ခဲ့တာ..။ အစ္ကိုႀကီး ဘယ္ေလာက္ေတာင္ ေအးစက္စက္ေနတတ္ၿပီး လူေတြကို သူ႔နားအကပ္မခံတဲ့အက်င့္ ရွိတာကို သူ ေမ့သြားခဲ့သည္။

အခု ဘာလုပ္ရေတာ့မလဲ.. သူလွည့္ျပန္သြားရင္ ဘယ္ေတာ့မွ အစ္ကိုႀကီးနားကို ကပ္ခြင့္ရေတာ့မည္ မဟုတ္ေတာ့ေပ။

႐ႈနင္က ေပၿပီး ထိုအခန္းေရွ႕မွာ ေခါင္းအံုးေလးပိုက္ကာ ေခါင္းမာစြာရပ္ေနခဲ့သည္။ အေတာ္ၾကာလာေတာ့ ကယ္လစီယမ္ဓာတ္ခ်ိဳ႕တဲ့ေသာ သူ႔ေျခေထာက္ေတြက ထံုက်ဥ္ကာ နာလာခဲ့သည္။ ဒါေၾကာင့္ သူက ကိုယ္ကိုငံု႔ကိုင္းကာ ေျခသလံုးေလးေတြကို လက္သီးဆုပ္ေလးႏွင့္ ထုေနစဥ္ တံခါးက ႐ုတ္တရက္ ပြင့္လာခဲ့သည္။

တကယ္ေတာ့ ႐ႈဟိန္၏အိပ္ခန္းတြင္းတြင္ တစ္ထပ္လံုး၏ CCTV ကင္မရာျမင္ကြင္းျပသည့္ computer ရွိၿပီး ထိုေကာင္ေလး ထြက္မသြားဘေနသည္ကို ေစာင့္ၾကည့္ေနျခင္းျဖစ္သည္။ ဒီကေလးက ေျခေထာက္ေတြထံုက်ဥ္ေနတာ ေတြ႕ရေတာ့ ႐ႈဟိန္ တံခါးကို ထဖြင့္ေပးလိုက္ျခင္းျဖစ္သည္။ ဘာပဲေျပာေျပာ ဒီကေလးက အေဖ့သားအရင္းျဖစ္ေသာေၾကာင့္ သူ ပစ္ပစ္ခါခါမလုပ္ရက္ေပ။

"ဘာေၾကာင့္ ထြက္မသြားေသးတာလဲ.."

"ကၽြန္ေတာ္.. ေၾကာက္လို႔.."

႐ႈနင္ တကယ္ေသလုေအာင္ ေၾကာက္ေနမိသည္။ သူအခု ပင္ပန္းကာ အိပ္ခ်င္ေနၿပီ။ ဒါေၾကာင့္ သူ႔မ်က္လံုးေထာင့္မွာ မ်က္ရည္စတို႔ရစ္ဝဲကာ တြဲခိုလို႔ေနသည္။

႐ႈဟိန္က မ်က္ေမွာင္ကုတ္ကာ ေမးလိုက္သည္။

"မင္းအေမ ဘယ္မွာလဲ.. ခါတိုင္းလည္း မင္းအေမက ေခ်ာ့သိပ္ေနက်လား.."

13 ႏွစ္သားတစ္ေယာက္အတြက္ ဘယ္အေမမွ ေခ်ာ့မသိပ္ေတာ့ေပ။ ဒါေပမယ့္ ႐ႈဟိန္၏အေဖက စည္းကမ္းႀကီးၿပီး သူ႔မွာ ညီ၊ ညီမ အငယ္မရွိေသာေၾကာင့္ ကေလးေတြကို မေအေတြက ဘယ္အရြယ္ထိ ယူယၾကသည္ကို သူမသိေပ။ ၿပီးေတာ့ သူက အရြယ္ႏွင့္မလိုက္ေအာင္ တည္လြန္းလို႔ ညီ၊ ညီမရွိေသာ သူငယ္ခ်င္းမ်ားကလည္း သူ႔ေရွ႕မွာ ဒီအေၾကာင္းေတြ မေျပာၾကေပ။ ဒါေၾကာင့္ ႐ႈဟိန္က ပိန္ပါးကာ ေသးေကြးေသာ႐ႈနင္ကိုၾကည့္ၿပီး အေမ့ႏို႔စို႔ဖို႔လိုၿပီး အေမနဲ႔အတူအိပ္ဖို႔လိုသည္ဟုသာ ထင္ေနခဲ့သည္။

႐ႈနင္က မ်က္လံုးကို လက္ဖမိုးႏွင့္ပြတ္လိုက္ေတာ့ မ်က္လံုးေလးေတြက မ်က္ရည္ေတြနဲ႔ ပိုၿပီးစိုစြတ္သြားခဲ့သည္။

"အေမက ပထမထပ္က သူ႔အခန္းမွာမရွိဘူး.."

"......"

႐ႈဟိန္က ကေလးေတြကို သေဘာမက်ေပ။ ႏွစ္သစ္ကူးခ်ိန္ ေဆြမ်ိဳးမ်ားက အဖိုးကိုဂါရဝျပဳဖို႔ ေရာက္လာတုိင္း သူတို႔ကေလးေတြကို ေခၚလာၾကသည္။ ကေလးေတြက ဆူညံကာ သူတို႔ကိုပဲအာ႐ံုစိုက္ေအာင္ တမင္လုပ္ေနတတ္ၾကသည္။

သူ အိမ္ေတာ္ထိန္းကို ေခၚလိုက္ရမလား.. ဒါေပမယ့္ ညနက္ေနၿပီျဖစ္လုိ႔ အသက္ႀကီးေသာအိမ္ေတာ္ထိန္းကို အေႏွာင့္အယွက္မေပးခ်င္သျဖင့္ ႐ႈဟိန္ ေဘးဖယ္ကာေျပာလိုက္သည္။

"ဝင္ခဲ့.."

ငါ ေအာင္ျမင္သြားၿပီလား..

႐ႈနင္က ေခါင္းငံု႔ကာ အစ္ကိုႀကီးေဘးကျဖတ္ၿပီး အခန္းထဲကို ခပ္သြက္သြက္ဝင္လာခဲ့သည္။ အစ္ကုိႀကီး၏အခန္းက အရမ္းေမွာင္တာပဲ..။ မဟုတ္ေသးဘူး.. ပရိေဘာဂ၊ နံရံ၊ အိပ္ယာခင္း အားလံုး အနက္ေရာင္ခ်ည္းျဖစ္ေနလို႔ ေမွာင္မိုက္ေနသလို ခံစားရျခင္းျဖစ္သည္။ အစ္ကိုႀကီး၏ရင္ထဲမွာ ေမွာင္မိုက္ေနလို႔လား။

႐ႈနင္က လန္႔ျဖန္႔ကာ ေျခေထာက္က ေကာ္ေဇာႏွင့္ၿငိကာ ေခါင္းအံုးျပဳတ္က်ၿပီး လူလည္း ပစ္လဲသြားေတာ့သည္။

ကံေကာင္းစြာႏွင့္ အေနာက္ကကပ္လိုက္လာေသာ ႐ႈဟိန္က ေျချမန္လက္ျမန္ႏွင့္ ႐ႈနင္၏ခါးေလးကို သိုင္းဖက္ကာ ေပြ႕ခ်ီထိန္းလိုက္သည္။

"ဘာမွမျဖစ္ဘူးမလား.. သြား.. အိပ္ယာေပၚ သြားအိပ္ခ်ည္ေတာ့.."

ဒီကေလးက ေသလုေအာင္ေၾကာက္လို႔ေနေပမယ့္ ေခါင္းကို ဆက္တိုက္ညိတ္ေနသည္။

ဒါေပမယ့္.. အစ္ကိုႀကီးက ကၽြန္ေတာ့္ကို လႊတ္ေပးဖို႔ ေမ့ေနတာလား..။

႐ႈဟိန္က ႐ႈနင္ကိုေပြ႕ခ်ီကာ အိပ္ယာထက္မွာခ်ေပးရင္း ေမးလိုက္သည္။

"မင္း အိပ္ယာထဲ ႐ွဴးေပါက္ခ်တတ္လား.. အိပ္ရင္ ေဟာက္တတ္လား.. အအိပ္ၾကမ္းသလား.."

"ဟင့္အင္း.."

႐ႈနင္၏ေခါင္းက ပလုတ္တုတ္ေလးလို ဆက္တိုက္ခါယမ္းလိုက္သည္။

အိပ္ယာထဲေသးေပါက္ခ်တယ္ဆိုတာ ဘာေၾကာင့္ေမးတာလဲဟု ႐ႈနင္က စိတ္ထဲ တိတ္တဆိတ္ေတြးေနသည္။ သူ႔အေမက သူ႔ကိုေမြးၿပီးေတာ့ ေတာပိုင္းမွာ စြန္႔ပစ္ထားခဲ့ၿပီး အခုမွ ျပန္ေခၚခဲ့သည္။ ဒါေပမယ့္ သူမက ေနာက္ထပ္ကိုယ္ဝန္ရွိေနျပန္လို႔ ဒီကေလးကို ျပဳစုပ်ိဳးေထာင္ေပးမည္ မဟုတ္ေပ။ ၿပီးေတာ့ သူ႔သားအရြယ္ေရာက္ၿပီလား၊ မေရာက္ေသးဘူးလားဆိုတာလည္း သတိထားမည့္ပံုလည္း မေပၚေပ။


----------------------------------------

မနက္စာ စားခ်ိန္တြင္ ႐ႈခ်ိန္သည္ ျဖဴေဖ်ာ့ေနေသာဇနီးသည္၏ မ်က္ႏွာကိုျကည့္ၿပီး ရင္ထဲနာက်င္ေနခဲ့သည္။ ႐ႈေကာင္းက သားျဖစ္သူ၏အမူအယာကို ေအးစက္စြာၾကည့္ၿပီး ႏွာေခါင္း႐ံႈ႕လိုက္သည္။

ေကာင္းတယ္.. ခ်င္ယြိက်ိဳးဆိုတဲ့မိန္းမ အ႐ူးလုပ္သမွ် သူ႔သားက ယံုၾကည္ေနသည္။

႐ႈခ်ိန္က အေဖ၏အမူအယာကိုၾကည့္ကာ စိတ္မသက္မသာႏွင့္ ေမးလိုက္သည္။

"အေဖ.. ယြိက်ိဳးက သားတို႔အိမ္ထဲကို ေရာက္လာၿပီး ကေလးႏွစ္ေယာက္ေတာင္ရွိေနၿပီ.. ခုထိ သူ႔ကို အသိအမွတ္မျပဳေပးေသးဘူးလား.."

"ေကာင္းၿပီ.. ေကာင္းၿပီ.. မင္းကို ငါ ဘာမွမေျပာေတာ့ဘူး.. စိတ္ႀကိဳက္သာလုပ္ေတာ့.. ၿပီးေတာ့ မင္း.. နင္နင့္ကို ဘယ္မွာပို႔ၿပီး ေက်ာင္းထားမလဲ.."

႐ႈေကာင္းက ႐ႈနင္အေၾကာင္းကိုေတြးၿပီး ေမးလိုက္သည္။

"နင္နင္က ခုမွေရာက္တာ.. သူ ေနသားမက်ေလာက္ေသးလို႔ ေႏြေက်ာင္းပိတ္ၿပီး ျပန္ဖြင့္မွပို႔လည္း ေနာက္မက်ေလာက္ပါဘူး.."

"မင္းက သူ႔ကို အိမ္မွာပဲသင္ေပးဖို႔ စိတ္ကူးေနတာလား.."

႐ႈေကာင္းကို ဘယ္လိုပုဂၢိဳလ္မ်ားမွတ္ေနလဲ..။ သူက အမွားမခံေသာသူျဖစ္သည္။ ႐ႈေကာင္းက စားပြဲခံုကို ေဒါသတႀကီးပုတ္ကာ ေျပာလိုက္သည္။

"မင္းက ေျမေခြးမေၾကာင့္ စိတ္ေတြေထြျပားေနၿပီ.. မင္းလုပ္ရပ္ကို တျခားလူေတြကို ေမးၾကည့္စမ္း.. ဒါက ျဖစ္သင့္ရဲ့လားဆိုတာ.."

အဖိုးအိုက ေဒါသအႀကီးႏွင့္ အေပၚထပ္ကိုတက္သြားခဲ့သည္။ သူ႔ကိုတြဲေပးဖို႔လုပ္သည့္ အိမ္ေတာ္ထိန္း၏လက္ကို ဖယ္ပစ္လိုက္ကတည္းက သူဘယ္ေလာက္ေဒါသထြက္သလဲဆိုတာ သိသာသည္။

႐ႈဟိန္၏မ်က္ႏွာက ေအးစက္လို႔ေနသည္။ ခ်င္ယြိက်ိဳးရဲ့အစီအစဥ္ကို ေတြးေနသည္။ သူမက ႐ႈနင္ကို ႏွစ္လေလာက္ေက်ာင္းမထားဘဲ အိမ္မွာပဲထားခ်င္တာ ဘာသေဘာလဲ။ ဒါက ကေလးတစ္ေယာက္ကုိ အသံုးမက်တဲ့သူျဖစ္ေအာင္ တမင္သက္သက္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေနတာမဟုတ္ဘူးလား။ ဒါေၾကာင့္ အဖိုး ေဒါသထြက္သြားတာျဖစ္သည္။

႐ႈခ်ိန္က စိတ္မသက္မသာႏွင့္ ေျပာလိုက္သည္။

"စားၾကစို႔.."

"အားခ်ိန္.. ကၽြန္မ မေကာင္းတာပါ.. ကၽြန္မက အေဖလက္ခံႏိုင္ေအာင္ သက္ေသမျပႏိုင္လို႔ပါ.. ကၽြန္မ ဒီထက္ႀကိဳးစားပါ့မယ္ရွင္.."

"မင္းမမွားပါဘူးကြယ္.. နင္နင္က ခုမွဒီကိုေရာက္တာေလ.. သူက ဒီမိသားစု၊ ဒီပတ္ဝန္းက်င္နဲ႔ အသားမက်ေသးဘူး.. ဒါေၾကာင့္ သူ႔ကိုအခ်ိန္ေပးတာ မမွားပါဘူး.. မင္းအႀကံက သင့္ေလ်ာ္ပါတယ္.. ဒါေပမယ့္ အေဖက.."

အေဖကေခါင္းမာလြန္းသည္။ ခုအေျခအေနမွာ သူႏွင့္ နင္နင္တို႔က သားအဖဆိုတာ လူ႔အသိုင္းအဝိုင္းမွာ ႐ုတ္တရက္ ခ်မျပရေသးလို႔ ေက်ာင္းကို ဘယ္လိုလႊတ္ႏိုင္မွာလဲ။ ခ်င္ယြိက်ိဳး၏အႀကံက တကယ္ေကာင္းပါသည္။ ႐ႈခ်ိန္က ဇနီး၏လက္ကိုပုတ္ကာ ေျပာလိုက္သည္။

႐ႈဟိန္က ထိုျမင္ကြင္းကို ေအးစက္စြာၾကည့္ကာ ထရပ္ရင္းေျပာလိုက္သည္။

"ကၽြန္ေတာ္ ဝပါၿပီ.."

သားအႀကီးဆံုးက ဘာမွမစားရေသးဘဲ တူကိုခ်ကာ ထြက္သြားခဲ့သျဖင့္ ႐ႈဟိန္ စိတ္ဆိုးသြားသလားဟု ႐ႈခ်ိန္ေတြးကာ ငိုင္သြားသည္။ ႐ႈခ်ိန္က ပညာရွိစြာျဖင့္ အေၾကာင္းျပခ်က္ေကာင္းရွာၿပီး ႐ႈနင္ကိုေက်ာင္းပို႔ဖို႔ သေဘာတူလိုက္ေတာ့သည္။

ခ်င္ယြိက်ိဳးက ႏူးညံ့စြာၿပံဳးေနေပမယ့္ စားပြဲခံုေအာက္မွာ လက္သီးကို တင္းေနေအာင္ဆုပ္ထားသည္။

ဒီေသာက္ကေလး.. မင္းက ငါ့ၿပိဳင္ဖက္မဟုတ္ေသးပါဘူး.. ငယ္ငယ္ေလးနဲ႔ ရြံဖို႔ေကာင္းလိုက္တာ..။

အရင္ဘဝမွာ ႐ႈနင္က ႐ႈခ်ိန္၏မ်က္ႏွာသာေပး ခ်စ္ခင္ျခင္းကိုမရခဲ့ေသာေၾကာင့္ ေက်ာင္းတက္ၿပီး ဒုတိယရက္မွာ ေက်ာင္းထုတ္ခံလိုက္ရသည္။ ဒီဟာေတြက ႐ႈဟိန္ေၾကာင့္ဆိုၿပီး ခ်င္ယြိက်ိဳးက သူ႔ကိုနားသြင္းေျပာဆိုကာ အဖိုးႏွင့္အေဖာ္ျပဳၿပီး ေနေစသည္။ ႐ႈဟိန္က အဖိုးေဘးမွာမရွိေတာ့သျဖင့္ ႐ႈနင္က ထိုေနရာကိုအစားထိုးအေဖာ္ျပဳေပးျခင္းႏွင့္ သူမအတြက္ မ်က္ႏွာသာရဖို႔ စီစဥ္ခဲ့သည္။

႐ႈမိသားစုက ၿမိဳ႕မ်က္ႏွာဖံုးျဖစ္ေသာေၾကာင့္ ႐ႈခ်ိန္၏စကားတစ္ခြန္းႏွင့္ အေကာင္းဆံုးေက်ာင္းမွာ ႐ႈနင္တက္ခြင့္ရလိုက္သည္။ ဒီအေၾကာင္း ႐ႈနင္ၾကားရေပမယ့္ ဘာမွစိတ္မလႈပ္ရွားေပ။ အရင္ဘဝက တက္ခဲ့ေသာေက်ာင္းတြင္ ေနာက္တစ္ခါထပ္တက္ရ႐ံုသာျဖစ္သည္။ ထိုေက်ာင္းတြင္ ခ်မ္းသာေသာအိမ္မွ သူေဌးသားလူေပၚေၾကာ့မ်ားစြာတို႔ ရွိသည္။ ႐ႈနင္က အိမ္မွာ ဘာမွမဟုတ္ေပမယ့္ ႐ႈအိမ္ေတာ္ကသားဆိုသည့္ ဂုဏ္ပုဒ္ေၾကာင့္ သူ႔ေဘးမွာ မိတ္ေဆြတုမ်ားစြာ ဝန္းရံခဲ့ၾကသည္။ ထိုမိတ္ေဆြတုမ်ားက သူ႔ဘဝေအာက္ဆံုးေရာက္ခ်ိန္ ေထာင္ထဲထိလိုက္လာၿပီး ေစာ္ကားေျပာဆို အရွက္ခြဲခဲ့ၾကသည္။ သူတုိ႔လိုဘမရွိေတာ့သည့္အခ်ိန္ ကိုယ့္ကိုစြန္႔ခြာသည့္ အခ်ည္းႏွီးေသာလူမ်ားႏွင့္ သူ ဒီဘဝမွာ တဖန္ျပန္ဆံုရဦးမည္။

႐ႈဟိန္က တကၠသိုလ္ေက်ာင္းခန္းထဲမွာ ၿငိမ္သက္စြာထိုင္ရင္း စဥ္းစားေနစဥ္ သူငယ္ခ်င္းရႊီက်င္းက ေမးလိုက္သည္။

"မင္း ျပႆနာတစ္ခု တက္ခဲ့တာလား. ဘာျဖစ္ခဲ့တာလဲ.."

"အင္း.."

႐ႈဟိန္က အမွန္အတိုင္းေျပာမလိုလုပ္စဥ္ ဆရာမဝင္လာၿပီး ေၾကျငာလိုက္သည္။

"႐ႈဟိန္.. မင္း ပထမရလို႔ ဂုဏ္ျပဳပါတယ္.."

ေက်ာင္းမွာ ႐ႈဟိန္က No.1 အေတာ္ဆံုးေက်ာင္းသားျဖစ္လို႔ ပထမဆုရတာ ဘာမွမထူးဆန္းသလိုပင္ ျဖစ္ေနသည္။ ဒါေပမယ့္ ဆရာမက ႐ႈဟိန္ပထမရတိုင္း အၿမဲဂုဏ္ယူေလ့ရွိသည္။

ဆရာမ၏သားက 13 ႏွစ္ရွိၿပီဟုၾကားဖူးသည္။ ႐ႈဟိန္ ႐ုတ္တရက္ေမးလိုက္သည္။

"ဆရာမဝမ္.. ကေလးတစ္ေယာက္ရဲ့အရပ္က ပ်မ္းမွ် ဘယ္ေလာက္ရွိသင့္လဲ.."

"ဘယ္ႏွႏွစ္သားလဲ.."

"13 ႏွစ္ပါ.."

"ဆရာမရဲ့သားနဲ႔ ရြယ္တူပဲ.. မင္းကေလးကို ေဆး႐ံုကိုအရင္ေခၚၿပီး ေဆးစစ္သင့္တယ္.. ၿပီးေတာ့ ဆရာဝန္ညႊန္ၾကားတဲ့ အာဟာရစာရင္းအတိုင္း ေကၽြးသင့္တယ္.. သူ႔ရဲ့ကိုယ္စိတ္က်န္းမာေရးကို စစ္ေဆးၿပီး ေလ့က်င့္ခန္းပံုမွန္လုပ္ေပးသင့္တယ္.. ႏြားႏို႔လည္း ပံုမွန္ေသာက္ခိုင္းရင္ ပိုထိေရာက္တယ္.."

ဒါက ဘယ္လုိျဖစ္တာလဲ..။ ေကာင္ေလးက ပိန္ပါးလြန္းသည္။ အရမ္းလည္း ပုသည္။ ႐ႈဟိန္က အင္တာနက္ကရွာၾကည့္ေတာ့ ႐ႈနင္က ရွိသင့္သည့္အရပ္ႏွင့္ အေလးခ်ိန္မရွိေပ။ ဒီလိုသိရေတာ့ ႐ႈဟိန္ စိတ္မသက္မသာျဖစ္မိသည္။ ဟိုမိန္းမက သူ႔သားကို ဘယ္လိုလုပ္ပစ္ထားႏိုင္ရတာလဲ။ သူမက သူမကိုသနားဖို႔ သားကို တမင္ ခုလိုျဖစ္ေစခဲ့တာလား။

႐ႈဟိန္က မ်က္လံုးေမွးစင္းၿပီး သူ႔ဆံုးျဖတ္ခ်က္က ပိုခိုင္မာလာခဲ့သည္။

ဆရာမက ျပန္ထြက္ခါနီးမွ သတိတရေမးလိုက္သည္။

"မင္းေျပာတဲ့ကေလးအရပ္က ဘယ္ေလာက္ရွိလဲ.."

"မသိဘူးခင္ဗ်.."

"သူ႔ကိုယ္အေလးခ်ိန္က ဘယ္ေလာက္ရွိလဲ.. အသားအေရေကာ ဝါသလား.."

႐ႈဟိန္က ေလးေလးနက္နက္ ျပန္ေျဖလိုက္သည္။

ဒီလို ဆရာမႏွင့္ေျပာဆိုေနသည္ကို ၾကည့္ၿပီး ရႊီက်င္း ထူးဆန္းေနသည္။ 'ဆိတ္ဆိတ္ေန ေထာင္တန္၏' ဆိုသည့္ သူ႔သူငယ္ခ်င္းက ထူးထူးဆန္းဆန္း စကားအမ်ားႀကီးေျပာေနပါလား။ ဒါက ပံုမွန္မဟုတ္ေပ။ ဒါတကယ္ သူ႔သူငယ္ခ်င္းမွ ဟုတ္ရဲ့လား။ ၿပီးေတာ့ သူေမးေနတာ ဘယ္ကေလးအေၾကာင္းလဲ။ ဘယ္အိမ္က မင္းသားေလးလဲ။ စပ္စုဘုရင္ ရႊီက်င္းက ထိုကေလးအေၾကာင္း အရမ္းသိခ်င္လာသည္။ ဆရာမထြက္သြားေတာ့မွ ေမးလိုက္သည္။

"ဘယ္မိသားစုက ကေလးလဲ.."

"ငါ့ညီေလး.."

ေသစမ္း.. အသက္ 13 ႏွစ္အရြယ္၊ အာဟာရမျပည့္ဝေသာ ကေလး..။ ႐ႈဟိန္အိမ္မွာ တရားမဝင္ကေလး ေရာက္ေနတယ္ဆိုတဲ့သတင္းက တကယ္ႀကီးေပါ့။ ဒါေၾကာင့္ သူက သူငယ္ခ်င္းေကာင္းပီသစြာ တရားမဝင္ကေလးကိုရွင္းဖို႔ လိုမလို ေမးလိုက္သည္။

"မင္း အကူအညီလိုလား.."

==============================

Chapter (9) - ကလေးတစ်ယောက်က ပျမ်းမျှ အရပ်ဘယ်လောက်ရှိသင့်လဲ

"ဒေါက်.. ဒေါက်.. ဒေါက်.."

ရှုနင်သည် အကောင်းဘက်ကတွေးကာ သတ္တိမွေးပြီး အစ်ကိုကြီး၏အိပ်ခန်တံခါးကို ခေါက်လိုက်သည်။ သူ့အစ်ကိုနှင့် ပြန်လည်အဆင်ပြေတော့မည်ဟု တွေးကာ စိတ်လှုပ်ရှားနေသလို နည်းနည်းကြောက်နေသည်။ အရင်ဘဝက အစ်ကိုကြီးကို အသက်ရှင်စဉ်တလျှောက်လုံး မုန်းတီးကာ ရှောင်ဖယ်နေခဲ့ပေမယ့် သေခါနီးမှ သိခဲ့ရသည်။ အစ်ကိုကြီးကသာ သူ့ကိုမစွန့်ပစ်ဘဲ သေချာဂရုစိုက်သောသူဖြစ်သည်။ စွန့်ပစ်မခံရသည့် ခံစားချက်က တကယ်ကိုကောင်းလှသည်။ ဒါကြောင့် ရှုနင်က နောင်တတွေနဲ့ သေဆုံးခဲ့ရသည်။ ဘုရားမလို့ အခု သူ ဘာအပြစ်မှ မကျူးလွန်ရသေးသည့်အချိန်ကို ပြန်မွေးဖွားလာနိုင်ခဲ့သည်။ ဒီဘဝတော့ အစ်ကိုကြီး၏ကြင်နာမှုအားလုံးကို ပြန်ဆပ်ဖို့ သေချာဆုံးဖြတ်ထားသည်။

တံခါးဖွင့်လာတော့ ရှုနင် စိတ်လှုပ်ရှားသွားခဲ့သည်။ အစ်ကိုကြီးကို အနီးကပ်မြင်တွေ့ရပြီး တောင်းပန်စကား ဖွင့်ဟပြောခွင့်မရသောကြောင့် သူ့ရင်ထဲ သောကတို့ဖြစ်လာခဲ့သည်။ ရှုဟိန်က ညအိပ်ဝတ်စုံကို ဝတ်ထားပြီး သူ့မျက်နှာထားက အေးစက်ကာ ဘာအရိပ်အယောင်မှမပြပေ။

"တောင်း.. တောင်းပန်ပါတယ်.. ကျွန်တော် တစ်ယောက်တည်းအိပ်ရမှာ ကြောက်လို့ပါ.."

"မင်းအမေကို သွားရှာလိုက်.."

ရှုဟိန်က အေးစက်စက်ပြောကာ တံခါးကိုဆွဲပိတ်လိုက်သည်။

ဒါ.. ဒါ ဘာလဲ..

ရှုနင်သည် တံခါးရှေ့မှာ အေးခဲစွာရပ်နေခဲ့သည်။ တံခါးရွက်က ဆောင့်ပိတ်သွားပြီး သူ့နှာခေါင်းကိုတောင် ရိုက်မိတော့မလိုပင်။ သေစမ်း..! အစောပိုင်းကတောင် အားလုံးအဆင်ပြေပြီထင်ခဲ့တာ..။ အစ်ကိုကြီး ဘယ်လောက်တောင် အေးစက်စက်နေတတ်ပြီး လူတွေကို သူ့နားအကပ်မခံတဲ့အကျင့် ရှိတာကို သူ မေ့သွားခဲ့သည်။

အခု ဘာလုပ်ရတော့မလဲ.. သူလှည့်ပြန်သွားရင် ဘယ်တော့မှ အစ်ကိုကြီးနားကို ကပ်ခွင့်ရတော့မည် မဟုတ်တော့ပေ။

ရှုနင်က ပေပြီး ထိုအခန်းရှေ့မှာ ခေါင်းအုံးလေးပိုက်ကာ ခေါင်းမာစွာရပ်နေခဲ့သည်။ အတော်ကြာလာတော့ ကယ်လစီယမ်ဓာတ်ချို့တဲ့သော သူ့ခြေထောက်တွေက ထုံကျဉ်ကာ နာလာခဲ့သည်။ ဒါကြောင့် သူက ကိုယ်ကိုငုံ့ကိုင်းကာ ခြေသလုံးလေးတွေကို လက်သီးဆုပ်လေးနှင့် ထုနေစဉ် တံခါးက ရုတ်တရက် ပွင့်လာခဲ့သည်။

တကယ်တော့ ရှုဟိန်၏အိပ်ခန်းတွင်းတွင် တစ်ထပ်လုံး၏ CCTV ကင်မရာမြင်ကွင်းပြသည့် computer ရှိပြီး ထိုကောင်လေး ထွက်မသွားဘနေသည်ကို စောင့်ကြည့်နေခြင်းဖြစ်သည်။ ဒီကလေးက ခြေထောက်တွေထုံကျဉ်နေတာ တွေ့ရတော့ ရှုဟိန် တံခါးကို ထဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ ဘာပဲပြောပြော ဒီကလေးက အဖေ့သားအရင်းဖြစ်သောကြောင့် သူ ပစ်ပစ်ခါခါမလုပ်ရက်ပေ။

"ဘာကြောင့် ထွက်မသွားသေးတာလဲ.."

"ကျွန်တော်.. ကြောက်လို့.."

ရှုနင် တကယ်သေလုအောင် ကြောက်နေမိသည်။ သူအခု ပင်ပန်းကာ အိပ်ချင်နေပြီ။ ဒါကြောင့် သူ့မျက်လုံးထောင့်မှာ မျက်ရည်စတို့ရစ်ဝဲကာ တွဲခိုလို့နေသည်။

ရှုဟိန်က မျက်မှောင်ကုတ်ကာ မေးလိုက်သည်။

"မင်းအမေ ဘယ်မှာလဲ.. ခါတိုင်းလည်း မင်းအမေက ချော့သိပ်နေကျလား.."

13 နှစ်သားတစ်ယောက်အတွက် ဘယ်အမေမှ ချော့မသိပ်တော့ပေ။ ဒါပေမယ့် ရှုဟိန်၏အဖေက စည်းကမ်းကြီးပြီး သူ့မှာ ညီ၊ ညီမ အငယ်မရှိသောကြောင့် ကလေးတွေကို မအေတွေက ဘယ်အရွယ်ထိ ယူယကြသည်ကို သူမသိပေ။ ပြီးတော့ သူက အရွယ်နှင့်မလိုက်အောင် တည်လွန်းလို့ ညီ၊ ညီမရှိသော သူငယ်ချင်းများကလည်း သူ့ရှေ့မှာ ဒီအကြောင်းတွေ မပြောကြပေ။ ဒါကြောင့် ရှုဟိန်က ပိန်ပါးကာ သေးကွေးသောရှုနင်ကိုကြည့်ပြီး အမေ့နို့စို့ဖို့လိုပြီး အမေနဲ့အတူအိပ်ဖို့လိုသည်ဟုသာ ထင်နေခဲ့သည်။

ရှုနင်က မျက်လုံးကို လက်ဖမိုးနှင့်ပွတ်လိုက်တော့ မျက်လုံးလေးတွေက မျက်ရည်တွေနဲ့ ပိုပြီးစိုစွတ်သွားခဲ့သည်။

"အမေက ပထမထပ်က သူ့အခန်းမှာမရှိဘူး.."

"......"

ရှုဟိန်က ကလေးတွေကို သဘောမကျပေ။ နှစ်သစ်ကူးချိန် ဆွေမျိုးများက အဖိုးကိုဂါရဝပြုဖို့ ရောက်လာတိုင်း သူတို့ကလေးတွေကို ခေါ်လာကြသည်။ ကလေးတွေက ဆူညံကာ သူတို့ကိုပဲအာရုံစိုက်အောင် တမင်လုပ်နေတတ်ကြသည်။

သူ အိမ်တော်ထိန်းကို ခေါ်လိုက်ရမလား.. ဒါပေမယ့် ညနက်နေပြီဖြစ်လို့ အသက်ကြီးသောအိမ်တော်ထိန်းကို အနှောင့်အယှက်မပေးချင်သဖြင့် ရှုဟိန် ဘေးဖယ်ကာပြောလိုက်သည်။

"ဝင်ခဲ့.."

ငါ အောင်မြင်သွားပြီလား..

ရှုနင်က ခေါင်းငုံ့ကာ အစ်ကိုကြီးဘေးကဖြတ်ပြီး အခန်းထဲကို ခပ်သွက်သွက်ဝင်လာခဲ့သည်။ အစ်ကိုကြီး၏အခန်းက အရမ်းမှောင်တာပဲ..။ မဟုတ်သေးဘူး.. ပရိဘောဂ၊ နံရံ၊ အိပ်ယာခင်း အားလုံး အနက်ရောင်ချည်းဖြစ်နေလို့ မှောင်မိုက်နေသလို ခံစားရခြင်းဖြစ်သည်။ အစ်ကိုကြီး၏ရင်ထဲမှာ မှောင်မိုက်နေလို့လား။

ရှုနင်က လန့်ဖြန့်ကာ ခြေထောက်က ကော်ဇောနှင့်ငြိကာ ခေါင်းအုံးပြုတ်ကျပြီး လူလည်း ပစ်လဲသွားတော့သည်။

ကံကောင်းစွာနှင့် အနောက်ကကပ်လိုက်လာသော ရှုဟိန်က ခြေမြန်လက်မြန်နှင့် ရှုနင်၏ခါးလေးကို သိုင်းဖက်ကာ ပွေ့ချီထိန်းလိုက်သည်။

"ဘာမှမဖြစ်ဘူးမလား.. သွား.. အိပ်ယာပေါ် သွားအိပ်ချည်တော့.."

ဒီကလေးက သေလုအောင်ကြောက်လို့နေပေမယ့် ခေါင်းကို ဆက်တိုက်ညိတ်နေသည်။

ဒါပေမယ့်.. အစ်ကိုကြီးက ကျွန်တော့်ကို လွှတ်ပေးဖို့ မေ့နေတာလား..။

ရှုဟိန်က ရှုနင်ကိုပွေ့ချီကာ အိပ်ယာထက်မှာချပေးရင်း မေးလိုက်သည်။

"မင်း အိပ်ယာထဲ ရှူးပေါက်ချတတ်လား.. အိပ်ရင် ဟောက်တတ်လား.. အအိပ်ကြမ်းသလား.."

"ဟင့်အင်း.."

ရှုနင်၏ခေါင်းက ပလုတ်တုတ်လေးလို ဆက်တိုက်ခါယမ်းလိုက်သည်။

အိပ်ယာထဲသေးပေါက်ချတယ်ဆိုတာ ဘာကြောင့်မေးတာလဲဟု ရှုနင်က စိတ်ထဲ တိတ်တဆိတ်တွေးနေသည်။ သူ့အမေက သူ့ကိုမွေးပြီးတော့ တောပိုင်းမှာ စွန့်ပစ်ထားခဲ့ပြီး အခုမှ ပြန်ခေါ်ခဲ့သည်။ ဒါပေမယ့် သူမက နောက်ထပ်ကိုယ်ဝန်ရှိနေပြန်လို့ ဒီကလေးကို ပြုစုပျိုးထောင်ပေးမည် မဟုတ်ပေ။ ပြီးတော့ သူ့သားအရွယ်ရောက်ပြီလား၊ မရောက်သေးဘူးလားဆိုတာလည်း သတိထားမည့်ပုံလည်း မပေါ်ပေ။


----------------------------------------

မနက်စာ စားချိန်တွင် ရှုချိန်သည် ဖြူဖျော့နေသောဇနီးသည်၏ မျက်နှာကိုကြည့်ပြီး ရင်ထဲနာကျင်နေခဲ့သည်။ ရှုကောင်းက သားဖြစ်သူ၏အမူအယာကို အေးစက်စွာကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

ကောင်းတယ်.. ချင်ယွိကျိုးဆိုတဲ့မိန်းမ အရူးလုပ်သမျှ သူ့သားက ယုံကြည်နေသည်။

ရှုချိန်က အဖေ၏အမူအယာကိုကြည့်ကာ စိတ်မသက်မသာနှင့် မေးလိုက်သည်။

"အဖေ.. ယွိကျိုးက သားတို့အိမ်ထဲကို ရောက်လာပြီး ကလေးနှစ်ယောက်တောင်ရှိနေပြီ.. ခုထိ သူ့ကို အသိအမှတ်မပြုပေးသေးဘူးလား.."

"ကောင်းပြီ.. ကောင်းပြီ.. မင်းကို ငါ ဘာမှမပြောတော့ဘူး.. စိတ်ကြိုက်သာလုပ်တော့.. ပြီးတော့ မင်း.. နင်နင့်ကို ဘယ်မှာပို့ပြီး ကျောင်းထားမလဲ.."

ရှုကောင်းက ရှုနင်အကြောင်းကိုတွေးပြီး မေးလိုက်သည်။

"နင်နင်က ခုမှရောက်တာ.. သူ နေသားမကျလောက်သေးလို့ နွေကျောင်းပိတ်ပြီး ပြန်ဖွင့်မှပို့လည်း နောက်မကျလောက်ပါဘူး.."

"မင်းက သူ့ကို အိမ်မှာပဲသင်ပေးဖို့ စိတ်ကူးနေတာလား.."

ရှုကောင်းကို ဘယ်လိုပုဂ္ဂိုလ်များမှတ်နေလဲ..။ သူက အမှားမခံသောသူဖြစ်သည်။ ရှုကောင်းက စားပွဲခုံကို ဒေါသတကြီးပုတ်ကာ ပြောလိုက်သည်။

"မင်းက မြေခွေးမကြောင့် စိတ်တွေထွေပြားနေပြီ.. မင်းလုပ်ရပ်ကို တခြားလူတွေကို မေးကြည့်စမ်း.. ဒါက ဖြစ်သင့်ရဲ့လားဆိုတာ.."

အဖိုးအိုက ဒေါသအကြီးနှင့် အပေါ်ထပ်ကိုတက်သွားခဲ့သည်။ သူ့ကိုတွဲပေးဖို့လုပ်သည့် အိမ်တော်ထိန်း၏လက်ကို ဖယ်ပစ်လိုက်ကတည်းက သူဘယ်လောက်ဒေါသထွက်သလဲဆိုတာ သိသာသည်။

ရှုဟိန်၏မျက်နှာက အေးစက်လို့နေသည်။ ချင်ယွိကျိုးရဲ့အစီအစဉ်ကို တွေးနေသည်။ သူမက ရှုနင်ကို နှစ်လလောက်ကျောင်းမထားဘဲ အိမ်မှာပဲထားချင်တာ ဘာသဘောလဲ။ ဒါက ကလေးတစ်ယောက်ကို အသုံးမကျတဲ့သူဖြစ်အောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမဟုတ်ဘူးလား။ ဒါကြောင့် အဖိုး ဒေါသထွက်သွားတာဖြစ်သည်။

ရှုချိန်က စိတ်မသက်မသာနှင့် ပြောလိုက်သည်။

"စားကြစို့.."

"အားချိန်.. ကျွန်မ မကောင်းတာပါ.. ကျွန်မက အဖေလက်ခံနိုင်အောင် သက်သေမပြနိုင်လို့ပါ.. ကျွန်မ ဒီထက်ကြိုးစားပါ့မယ်ရှင်.."

"မင်းမမှားပါဘူးကွယ်.. နင်နင်က ခုမှဒီကိုရောက်တာလေ.. သူက ဒီမိသားစု၊ ဒီပတ်ဝန်းကျင်နဲ့ အသားမကျသေးဘူး.. ဒါကြောင့် သူ့ကိုအချိန်ပေးတာ မမှားပါဘူး.. မင်းအကြံက သင့်လျော်ပါတယ်.. ဒါပေမယ့် အဖေက.."

အဖေကခေါင်းမာလွန်းသည်။ ခုအခြေအနေမှာ သူနှင့် နင်နင်တို့က သားအဖဆိုတာ လူ့အသိုင်းအဝိုင်းမှာ ရုတ်တရက် ချမပြရသေးလို့ ကျောင်းကို ဘယ်လိုလွှတ်နိုင်မှာလဲ။ ချင်ယွိကျိုး၏အကြံက တကယ်ကောင်းပါသည်။ ရှုချိန်က ဇနီး၏လက်ကိုပုတ်ကာ ပြောလိုက်သည်။

ရှုဟိန်က ထိုမြင်ကွင်းကို အေးစက်စွာကြည့်ကာ ထရပ်ရင်းပြောလိုက်သည်။

"ကျွန်တော် ဝပါပြီ.."

သားအကြီးဆုံးက ဘာမှမစားရသေးဘဲ တူကိုချကာ ထွက်သွားခဲ့သဖြင့် ရှုဟိန် စိတ်ဆိုးသွားသလားဟု ရှုချိန်တွေးကာ ငိုင်သွားသည်။ ရှုချိန်က ပညာရှိစွာဖြင့် အကြောင်းပြချက်ကောင်းရှာပြီး ရှုနင်ကိုကျောင်းပို့ဖို့ သဘောတူလိုက်တော့သည်။

ချင်ယွိကျိုးက နူးညံ့စွာပြုံးနေပေမယ့် စားပွဲခုံအောက်မှာ လက်သီးကို တင်းနေအောင်ဆုပ်ထားသည်။

ဒီသောက်ကလေး.. မင်းက ငါ့ပြိုင်ဖက်မဟုတ်သေးပါဘူး.. ငယ်ငယ်လေးနဲ့ ရွံဖို့ကောင်းလိုက်တာ..။

အရင်ဘဝမှာ ရှုနင်က ရှုချိန်၏မျက်နှာသာပေး ချစ်ခင်ခြင်းကိုမရခဲ့သောကြောင့် ကျောင်းတက်ပြီး ဒုတိယရက်မှာ ကျောင်းထုတ်ခံလိုက်ရသည်။ ဒီဟာတွေက ရှုဟိန်ကြောင့်ဆိုပြီး ချင်ယွိကျိုးက သူ့ကိုနားသွင်းပြောဆိုကာ အဖိုးနှင့်အဖော်ပြုပြီး နေစေသည်။ ရှုဟိန်က အဖိုးဘေးမှာမရှိတော့သဖြင့် ရှုနင်က ထိုနေရာကိုအစားထိုးအဖော်ပြုပေးခြင်းနှင့် သူမအတွက် မျက်နှာသာရဖို့ စီစဉ်ခဲ့သည်။

ရှုမိသားစုက မြို့မျက်နှာဖုံးဖြစ်သောကြောင့် ရှုချိန်၏စကားတစ်ခွန်းနှင့် အကောင်းဆုံးကျောင်းမှာ ရှုနင်တက်ခွင့်ရလိုက်သည်။ ဒီအကြောင်း ရှုနင်ကြားရပေမယ့် ဘာမှစိတ်မလှုပ်ရှားပေ။ အရင်ဘဝက တက်ခဲ့သောကျောင်းတွင် နောက်တစ်ခါထပ်တက်ရရုံသာဖြစ်သည်။ ထိုကျောင်းတွင် ချမ်းသာသောအိမ်မှ သူဌေးသားလူပေါ်ကြော့များစွာတို့ ရှိသည်။ ရှုနင်က အိမ်မှာ ဘာမှမဟုတ်ပေမယ့် ရှုအိမ်တော်ကသားဆိုသည့် ဂုဏ်ပုဒ်ကြောင့် သူ့ဘေးမှာ မိတ်ဆွေတုများစွာ ဝန်းရံခဲ့ကြသည်။ ထိုမိတ်ဆွေတုများက သူ့ဘဝအောက်ဆုံးရောက်ချိန် ထောင်ထဲထိလိုက်လာပြီး စော်ကားပြောဆို အရှက်ခွဲခဲ့ကြသည်။ သူတို့လိုဘမရှိတော့သည့်အချိန် ကိုယ့်ကိုစွန့်ခွာသည့် အချည်းနှီးသောလူများနှင့် သူ ဒီဘဝမှာ တဖန်ပြန်ဆုံရဦးမည်။

ရှုဟိန်က တက္ကသိုလ်ကျောင်းခန်းထဲမှာ ငြိမ်သက်စွာထိုင်ရင်း စဉ်းစားနေစဉ် သူငယ်ချင်းရွှီကျင်းက မေးလိုက်သည်။

"မင်း ပြဿနာတစ်ခု တက်ခဲ့တာလား. ဘာဖြစ်ခဲ့တာလဲ.."

"အင်း.."

ရှုဟိန်က အမှန်အတိုင်းပြောမလိုလုပ်စဉ် ဆရာမဝင်လာပြီး ကြေငြာလိုက်သည်။

"ရှုဟိန်.. မင်း ပထမရလို့ ဂုဏ်ပြုပါတယ်.."

ကျောင်းမှာ ရှုဟိန်က No.1 အတော်ဆုံးကျောင်းသားဖြစ်လို့ ပထမဆုရတာ ဘာမှမထူးဆန်းသလိုပင် ဖြစ်နေသည်။ ဒါပေမယ့် ဆရာမက ရှုဟိန်ပထမရတိုင်း အမြဲဂုဏ်ယူလေ့ရှိသည်။

ဆရာမ၏သားက 13 နှစ်ရှိပြီဟုကြားဖူးသည်။ ရှုဟိန် ရုတ်တရက်မေးလိုက်သည်။

"ဆရာမဝမ်.. ကလေးတစ်ယောက်ရဲ့အရပ်က ပျမ်းမျှ ဘယ်လောက်ရှိသင့်လဲ.."

"ဘယ်နှနှစ်သားလဲ.."

"13 နှစ်ပါ.."

"ဆရာမရဲ့သားနဲ့ ရွယ်တူပဲ.. မင်းကလေးကို ဆေးရုံကိုအရင်ခေါ်ပြီး ဆေးစစ်သင့်တယ်.. ပြီးတော့ ဆရာဝန်ညွှန်ကြားတဲ့ အာဟာရစာရင်းအတိုင်း ကျွေးသင့်တယ်.. သူ့ရဲ့ကိုယ်စိတ်ကျန်းမာရေးကို စစ်ဆေးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်တယ်.. နွားနို့လည်း ပုံမှန်သောက်ခိုင်းရင် ပိုထိရောက်တယ်.."

ဒါက ဘယ်လိုဖြစ်တာလဲ..။ ကောင်လေးက ပိန်ပါးလွန်းသည်။ အရမ်းလည်း ပုသည်။ ရှုဟိန်က အင်တာနက်ကရှာကြည့်တော့ ရှုနင်က ရှိသင့်သည့်အရပ်နှင့် အလေးချိန်မရှိပေ။ ဒီလိုသိရတော့ ရှုဟိန် စိတ်မသက်မသာဖြစ်မိသည်။ ဟိုမိန်းမက သူ့သားကို ဘယ်လိုလုပ်ပစ်ထားနိုင်ရတာလဲ။ သူမက သူမကိုသနားဖို့ သားကို တမင် ခုလိုဖြစ်စေခဲ့တာလား။

ရှုဟိန်က မျက်လုံးမှေးစင်းပြီး သူ့ဆုံးဖြတ်ချက်က ပိုခိုင်မာလာခဲ့သည်။

ဆရာမက ပြန်ထွက်ခါနီးမှ သတိတရမေးလိုက်သည်။

"မင်းပြောတဲ့ကလေးအရပ်က ဘယ်လောက်ရှိလဲ.."

"မသိဘူးခင်ဗျ.."

"သူ့ကိုယ်အလေးချိန်က ဘယ်လောက်ရှိလဲ.. အသားအရေကော ဝါသလား.."

ရှုဟိန်က လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

ဒီလို ဆရာမနှင့်ပြောဆိုနေသည်ကို ကြည့်ပြီး ရွှီကျင်း ထူးဆန်းနေသည်။ 'ဆိတ်ဆိတ်နေ ထောင်တန်၏' ဆိုသည့် သူ့သူငယ်ချင်းက ထူးထူးဆန်းဆန်း စကားအများကြီးပြောနေပါလား။ ဒါက ပုံမှန်မဟုတ်ပေ။ ဒါတကယ် သူ့သူငယ်ချင်းမှ ဟုတ်ရဲ့လား။ ပြီးတော့ သူမေးနေတာ ဘယ်ကလေးအကြောင်းလဲ။ ဘယ်အိမ်က မင်းသားလေးလဲ။ စပ်စုဘုရင် ရွှီကျင်းက ထိုကလေးအကြောင်း အရမ်းသိချင်လာသည်။ ဆရာမထွက်သွားတော့မှ မေးလိုက်သည်။

"ဘယ်မိသားစုက ကလေးလဲ.."

"ငါ့ညီလေး.."

သေစမ်း.. အသက် 13 နှစ်အရွယ်၊ အာဟာရမပြည့်ဝသော ကလေး..။ ရှုဟိန်အိမ်မှာ တရားမဝင်ကလေး ရောက်နေတယ်ဆိုတဲ့သတင်းက တကယ်ကြီးပေါ့။ ဒါကြောင့် သူက သူငယ်ချင်းကောင်းပီသစွာ တရားမဝင်ကလေးကိုရှင်းဖို့ လိုမလို မေးလိုက်သည်။

"မင်း အကူအညီလိုလား.."

==============================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now