Chapter (101)_ အရေးကောင်း ဒိန်းဒေါင်းဖျက်ခံလိုက်ရတဲ့ ရှုဟိန်

16.8K 2.3K 115
                                    

Chapter (101)_ အရေးကောင်း ဒိန်းဒေါင်းဖျက်ခံလိုက်ရတဲ့ ရှုဟိန်

ကိုယ်ထည်တောင့်တင်းတဲ့ရှုဟိန်နဲ့  ကိုယ်လုံးသေးသွယ်တဲ့ ရှုနင်နဲ့ယှဉ်လိုက်လျှင် ရှုနင်က အရမ်းကို သေးငယ်သွားသလိုပင်။ သူထိုင်နေသည့် ဆိုဖာကြီး အရမ်းကို နူးညံ့သလို ကြီးမားပေမယ့် သူ့အကိုကြီးက သူ့ကိုယ်လေးကို ဆိုဖာပေါ် တွန်းလှဲပြီး အပေါ်စီးကနေ အုပ်မိုးထားချိန်မှာ ရှုနင်က သူ ဘယ်ကိုမှ ထွက်ပြေးလို့ မလွတ်နိုင်တော့သလို ခံစားလိုက်ရသည်။

အကိုကြီးရဲ့လက်တွေက သူ့ကိုယ်လေးရဲ့ ဘေးကို ထောက်ကာ ချုပ်ထားပြီး မျက်ဝန်းတွေက  အချစ်တို့ဖြင့် တလက်လက်တောက်ပနေသည်။ ရှုနင်က သူ အစားခံရတော့မလို ခံစားလိုက်ရပြီး ကြက်သီးလေးထကာ ကိုယ်လေးကို သေးကျုံ့ထားလိုက်မိတော့သည်။
 
"အစ်ကိုကြီး ~"

ရှုနင်ရဲ့ အသံကပျော့ပျောင်း အားနည်းနေသည်။ ဒီအသံလေးက ရှုဟိန်၏ နှလုံးသားကို ကုတ်ခြစ်နေသလို ခံစားလိုက်ရပြီး ယားကျိကျိပင်ဖြစ်လာသည်။ နင်နင်ကို ဒီဆိုဖာပေါ်မှာ တစ်ခါတည်း သိမ်းပိုက်လိုက်ချင်သည့် စိတ်ရိုင်းတွေ တဟုန်ထိုးပေါ်လာတော့သည်။

"မင်းက စိတ်ကူးကောင်းမှန်သမျှကို ငါနဲ့ မျှဝေချင်တဲ့စိတ်ရှိသလား။"

"ဟမ်?"

ရှုနင်က အကိုကြီးရှေ့ကို ဖိလာသဖြင့် နောက်ပြန်လဲကျသွားတယ်၊ ဒီတစ်ကြိမ်မှာတော့ သူက တစ်လက်မ မှ မရွေ့နိုင်တော့ဘူးလို့ခံစားနေရတယ်။ 囧

"အကိုကြီး..အကိုကြီး..ကျွန်တော့်ကို မဖိထားနဲ့လေ '
"မင်းက ငါ ဖိထားမယ့် တစ်ဦးတည်းသော လူပဲ"

"........"

"မင်းရဲ့ လက်ကျန်တစ်ဘဝလုံးကို အကိုကြီးက အခုလို ဖိထားချင်တယ်ဆိုရင်ကော...."
 
 
" ဟင့်အင်း၊ ကျွန်တော် ကတိမပေးနိုင်ဘူး။ အကိုကြီး ကျွန်တော့်ကို လာနောက်မနေနဲ့တော့..."

"ဒါပေမယ့် ကိုယ်က မင်းကို ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်ချင်တယ်။ ကိုယ်တစ်ယောက်တည်း မင်းကို အပိုင်စီးထားချင်တယ်ဆိုရင်ကော..."

ရှုဟိန်က ပြောလိုက်ပြီး နင်နင်ကို ညင်သာသိမ်မွေ့စွာ နမ်းလိုက်ရင်း တပြိုင်နက်တည်း ကလေးလေးရဲ့ကိုယ်ကို ပွတ်သပ်နေလိုက်သည်။
 

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now