Chapter (124)_ ဦးလေးနှစ်ယောက်ဟာ ' XXOO ဗီဒီယို' တွေကို အတူကြည့်နေကြတာလား
14.5K 2K 62
Chapter (124)_ ဦးလေးနှစ်ယောက်ဟာ ' XXOO ဗီဒီယို' တွေကို အတူကြည့်နေကြတာလား
ဒီလောက်နည်းနည်းပဲ ပြုံးလေ့ရှိတဲ့ ရှုဟိန်ပင် သူ့အဖေကို လက်မထောင်ပြလိုက်သည်။
ရှုနင်က ရုံးခန်းထဲကို ပျာရိပျာယာဝင်လာခဲ့ပြီး သူ့မျက်နှာပေါ်တွင် တကယ်ကြီး သူ့ကို finance manager ပေးမည် ထင်ကာ စိုးရိမ်နေသည်။ ရှုချိန်က သူ့သားငယ်လေးဝင်လာချိန် အော်ရယ်လိုက်ပြီး ရှုဟိန်ကတော့ အေးတိအေးစက်ပုံကြည့်နေပေမယ့် မျက်ဝန်းထဲက သဘောကျပြီးရယ်ချင်နေပုံရသည်။
ထိုအခါမှ သူ့အဖေနဲ့အကိုကြီးက သူ့ကို ဟာသလုပ်နေသည်ကို သိလိုက်ကာ ရှုနင် ရှက်သွားခဲ့သည်။
ရှုချိန်က လက်ယမ်းကာ ခေါ်သဖြင့် ရှုနင်က သူ့အဖေနားကို တိုးကပ်သွားခဲ့သည်။  ရှုချိန်က တကယ့်ကို အားကောင်းမောင်းသန်ဖြစ်ပြီး လူပျိုဖြစ်နေပြီး 170 စင်တီမီတာ မြင့်နေသည့် ဒုတိယသားကို ဆွဲဖက်ကာ ပေါင်ပေါ်ပွေ့ထား လိုက်သည်။ ရှုနင်က ရှက်ပြီးဆင်းပြေးချင်ပေမယ့် အဖေက သူ့ကိုလွှတ်မပေးပေ။ သူ့ ခါးကို ဖက်ကာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ..... သားက လူပျိုဖြစ်သွားတော့ အဖေနဲ့နီးနီးကပ်ကပ် မနေချင်တော့တာလား"
"ဒါဆို အဖေက ကျွန်တော် အရွယ်ရောက်လာတာကို သိတယ်ပေါ့"
 ရှုဟိန်၏မျက်ဝန်းထဲတွင် နင်နင်ကို စနောက်ချင်သည့်အရိပ်တို့ဖြင့် တောက်ပနေသည်။
ရှုချိန်က ရယ်လိုက်ပြီး နင်နင်၏ပါးပြင်ကို နမ်းလိုက်ပြီးတော့ သူ့သားဆင်းပြေးသည်ကို မတားတော့ပေ။ နင်နင်က သူ့အဖေနှင့် မျက်နှာချင်းဆိုင်း ခုံတွင် ဝင်ထိုင်လိုက်သည်။ ထိုအချိန်တွင် ရှုချိန်က နင်နင်၏နူတ်ခမ်းပေါ်က ကိုက်ရာကို မြင်လို့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်းရဲ့နူတ်ခမ်းက ဘာဖြစ်လို့ ကိုက်မိတဲ့အရာရှိနေတာလဲ..."
"ကိုက်မိတဲ့အရာလား..."
ရှုနင်က သူ့အဖေရဲ့အမေးကြောင့် ရင်ထိတ်သွားခဲ့သည်။ အစောပိုင်းက အကိုကြီးနှင့် နမ်းသည့်အချိန် သတိမထားမိပဲ ကိုက်မိသွားပုံရသည်။
"ကျွန်တော် ထမင်းစားတုန်းက ကိုယ့်ဖာသာကိုက်မိသွားတာ အဖေ။ တကယ် မနာပါဘူး "
ရှုနင်က ရင်ထိတ်နေပေမယ့် အေးဆေးတည်ငြိမ်စွာဖြင့် ချက်ချင်း လိမ်လိုက်ရသည်။ ရှုချိန်က ယုံသွားပြီး ထပ်မမေးတော့မှ သက်ပြင်းလေးကို ခိုးချလိုက်ရသည်။
 ရှုချိန်က ရှုဟိန်နှင့် အလုပ်အကြောင်း ဆက်ပြောချင်သေးပေမယ့် ရှုဟိန်က စာရွက်စာတမ်းတွေကို စားပွဲပေါ်မှာ တင်ထားပြီးနှင့်လေပြီ။ ရှုချိန်က နင်နင်ကိုမြင်မှ သူ တက်မည့်ကျောင်းကို မေးဖို့ သတိရလာသည်။
 " နင်နင်.. မင်းမြို့တော်မှာရှိတဲ့ အနုပညာကျောင်း အတော်များများမှာ ဘယ်ကျောင်းကို တက်ဖို့ စီစဉ်ထားသလဲ..  "  
" ကျွန်တော်က L City မှာ တက်ဖို့ စီစဉ်ထားပါတယ် အဖေ။ အဲ့မြို့က တစ်နှစ်ပတ်လုံးနွေ ဦး ရာသီနှင့်ဆင်တူလို့ နေလို့ထိုင်လို့ကောင်းတဲ့အပြင်  ရုပ်ရှင်ရုံတွေလည်း အဲ့အနီးအနားရှိနေရာတွေမှာ ရှိတယ်တဲ့။ ကျွန်တော် အဲ့ဒါတွေကို တကယ်လေ့လာချင်တယ်။ အဖေ ..စိတ်မပူပါနဲ့၊ ကျောင်းအားရက်တွေမှာ အိမ်ကို ပြန်လာပြီး အဖေ့ကို အဖော်ပြုပေးပါ့မယ်။ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ အဖေ့ကို ဖုန်းဆက်ပါ့မယ်"
 ရှုနင်က ဆုံးဖြတ်ပြီးပြီဆိုရင် သူ့ကို စိတ်ပြောင်းအောင် လုပ်လို့ရမည် မဟုတ်တာကို သိလို့ ရှုချိန် အတင်းမပြောတော့ပေ။ ပြီးတော့ ရှုဟိန်ကလည်း ငြိမ်နေသဖြင့် သူလည်း သိပြီးဖြစ်ကာ သူ့ညီ သဘောအတိုင်းဖြစ်ပုံရသည်။ သူ့သားနှစ်ယောက်က ကြီးလာလို့ သူတို့လမ်းကို ရွေးပြီးပြီဖြစ်လို့ မပြောသာတော့ပေ။
"L စီးတီးက C City လို နေလို့ သိပ်တော့ မကောင်းဘူး။ အဖေ့ရဲ့မိတ်ဆွေတစ်ယောက်က အဲ့ဒီမြို့မှာရှိတယ်။ မင်း သွားရင် လက်ဆောင်ယူသွားပြီး အလည်သွားလိုက်ဦး။ တခုခုဖြစ်ရင် အရမ်းသည်းခံပြီး နေမနေနဲ့.. အဖေက မင်းကို လိုက်ကူညီပေးရအောင် အဲ့မြို့က လှမ်းလွန်းနေတယ်။ အဖေ့မိတ်ဆွေကို လိုအပ်တာ အကုန် အကူညီတောင်းလို့ရတယ်.. သိလား"
"အင်း .. ကျွန်တော်သိပါပြီအဖေ"
ရှုချိန်၏  အတန်းဖော်တစ် ဦး မှာ L City တွင်ရှိခဲ့ပြီး သူတို့တွေက အခုထိ အရမ်း ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်။ သူ့သူငယ်ချင်းက စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်သည်။ သူက ရှုနင် ကို လက်ဆောင်အချို့ယူသွားပေးပြီး သူနှင့်မကြာခဏတွေ့ဆုံရန်ပြောခဲ့သည်။ အနည်းဆုံးတစ်ယောက်ယောက်က တစ်ခုခုဖြစ်ခဲ့ရင် နင်နင်ကိုကူညီနိုင်လိမ့်မည်။
ရှုနင်လည်း သူ့ကို  ကျောထောက်နောက်ခံပြုနိုင်သူတစ် ဦး ကိုတွေ့ခဲ့ရလို့ အလွန်သဘောကျနေခဲ့သည်။ အလုပ်မှပြန်ချိန်ရောက်ပြီဖြစ်လို့ ရှုဟိန်က ရှုနင်ကို မေးလိုက်သည်။
  " ဒီညဘာစားချင်လဲ။ "
"ဟော့ပေါ့ "
ရှုဟိန်သည်တချိန်လုံးထိုင်နေလျက် သူ့ညီလေးကို နူူးညံ့သိမ်မွေ့သောအကြည့်ဖြင့်ကြည့်နေသည်။ သူ့ညီလေးက အရမ်းဆိုးတယ်၊ နင်နင်က သူငယ်တုန်းထက်တောင် ညစ်ကျယ်ကျယ်လုပ်ပြီး အပြင်မှာ လျှောက်သွားကာ စားချင်နေသည်။ ပြီးတော့ အစပ်ပါသည့် ဟော့ပေါ့ကိုလည်း ကြိုက်လွန်းသည်။ ဟင်းအစပ်တွေကို တည်တည်ငြိမ်ငြိမ်ကို စားနိုင်လွန်းလှသည်။ ရှုဟိန်က နင်နင်၏ခေါင်းကို လက်ဖြင့် အသာပွတ်ကာ ခေါင်းယမ်းလိုက်သဖြင့် နင်နင်က စိတ်ပျက်သွားသည်။
ကျွန်တော့်ရဲ့ကြီးမြတ်လှသော Top ကြီးရေ...ကျွန်တော်က တကယ့်ကို ဟော့ပေါ့ စားချင်နေတယ် သိပြီလား... →_→
ထို့နောက် သားအဖ သုံးယောက်က  Hot Pot City ကို ဦး တည်သွားခဲ့ပြီး သူတို့ကြိုက်တဲ့အစားအစာကို စားနိုင်အောင်အိုးတစ်အိုးစီကို မှာခဲ့သည်။ ဒီကိုလာစားတာက ရှုချိန်အတွက် ပထမဆုံးဖြစ်သည်။
ရှုဟိန်သည်မိမိ၏ အပေါ်ထပ် ကုတ်အင်္ကျီကိုချွတ်ပြီး သူ၏ ရှပ်အင်္ကျီ လက်က ကြယ်သိးကို ဖြုတ်ကာ လက်ကို ပင့်လိုက်သည်။ ရှုချိန်နှင့် ရှုနင်လည်း ရှုဟိန်လုပ်သလို လိုက်လုပ်လိုက်သည်။
  သူတို့သည်မိသားစုဝင်တွေချည်း စားနေကြသောကြောင့် သူတို့၏ စားသောက်သည့် ပုံပန်းသဏ္ဌာန်ကို အထူးအလေးထားစရာမလိုပါ။ ဟင်းသီးဟင်းရွက်များ၊ အသားများ၊ ဝက်အူချောင်းများ၊ ငါး၊ ဂဏာန်း၊ ရေဘဝဲ၊ ကင်းမွန်များ၊ ပုစွန်များနှင့်အခြားအရာများ၊ ဟင်းသီးဟင်းရွက်များ စုစုပေါင်း အမျိုးစား ၃၀ ကျော်ကို သူတို့ ၏စားပွဲပေါ်သို့ယူဆောင်လာခဲ့သည်။ ရှုချိန်က အပြင်ပိုင်းက ဘာပုံမှ မပြပေမယ့် စိတ်ထဲကနေ ဒါတွေကို ကုန်ပ့ါမလားဟုတွေးနေသည်။
   နောက်ဆုံးမှာ သူတို့က ဖြည်းဖြည်းချင်းနဲ့ အကုန်စားပစ်လိုက်ကြသည်။ ရှုနင်က ဟင်းရည်ထဲကို သူကြိုက်သည့် အစားစာကို ထည့်ကာ သူ၏ နူးညံ့သောဗိုက်ကိုစားပွဲအောက်တွင်ပွတ်နေခဲ့သည်။ ရှုချိန်နှင့်ရှုဟိန်တို့က လူကြီးတွေဖြစ်ကြပြီး အတော်များများကို စားနိုင်ပေမယ့် စားရာတွင် အင်မတန်ကို ကြည့်ကောင်းလှသည်။ သူ့ရဲ့ နတ်ဘုရားကြီးနှစ်ပါးက စားသောက်တဲ့နေရာမှာတောင် ကျက်သရေရှိပြီး ကြည့်ကောင်းလျသည်ဟု ရှုနင်က တွေးကာ ပြုံးလိုက်မိသည်။
 သူတို့စားပြိးချိန်မှာ ဗိုက်ပြည့်နေလို့ လမ်းလျှောက်ရင်း အနားက ပန်းခြံထဲကိုသွားခဲ့ကြပေမယ့် သူတို့နောက်မှာ ဝတ်စုံနက်ဝတ် ကိုယ်ရံတော် 10 ယောက်ကျော်က ပန်းခြံထဲက ဦးလေးကြိးတွေ၊ အဒေါ်ကြီးတွေကို စေ့စပ်စွာ အကဲခတ်နေပြီး လာကစားကြတဲ့ ကလေးတွေက ကြောက်လို့ လူကြီးတွေ နောက်မှာပုန်းနေကြသည်။ ဝတ်စုံနက်ဝတ်သက်တော်စောင့်တွေက သူုတို့မျက်လုံးထဲမှာ လူဆိုးနဲ့တူနေသည်။
ဒါကြောင့် ရှုနင်လည်း ပန်းခြံထဲ လမ်းမလျှောက်တော့ပဲ လမ်းမကြီးတလျှောက် သုံးယောက်သား အေးအေးဆေးဆေး လမ်းလျှောက်ပြီးမှ ကားပေါ်တက်ကာ အိမ်ပြန်လာကြသည်။
ကားပေါ်ရောက်တော့ ရှုနင်က ကျေနပ်စွာနဲ့ သူ့အကိုကြီး၏ပုခုံးကို မှီနေတော့သည်။ ရှုချိန်က သင့်မြတ်ကာ ချစ်ခင်နေကြသည့် သားနှစ်ယောက်ကို ကြည့်ကာ ပီတိဖြစ်နေသည်။
နင်နင်က လမ်းမှာပင် အိပ်ပျော်သွားခဲ့လို့ ကားပေါ်က အဆင်း ရှုချိန်က နင်နင်ကို ပွေ့ကာ အပေါ်ထပ် အိပ်ခန်းကို သယ်လာခဲ့သည်။
"နင်နင်က ကြီးနေပြီ။ မင်းတို့နှစ်ယောက်က  အတူအိပ်တုန်းလား..."
"သူက အတူအိပ်တာ ကြိုက်လို့..."
ရှုဟိန်က သူ့အဖေကို မျက်တောင်မခတ်ပဲ လိမ်လိုက်သည်။ တကယ်တော့ သူက နင်နင်နဲ့ခွဲပြီးမှ မအိပ်နိုင်ပဲ...။ ညတိုင်း မအိပ်ခင် လယ်ထွန်တာအကျင့်ဖြစ်နေပြီကိုး...။
"သူက အဲဒီလို အတူအိပ်ရတာ ကြိုက်တယ်ဆိုလည်း ထားလိုက်တော့။ အခု စာဖတ်ခန်းထဲ သွားရအောင် "
"အင်း..."
ရှုဟိန် ရဲ့အကြည့်က အေးဆေးကာ သာမန်လုပ်ရိုးလုပ်စဉ်တွေလို နင်နင်ကို စောင်နှင့်အသာခြုံပေးထားခဲ့သည်။ ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ သူ့အဖေမှ မသိပဲ...
 အဲ့ဒီအချိန်မှာ ရှုယောင်းကရော...? သူက သူ့ဖေဖေကို တမ်းတကာ ငိုနေပြီး မောမောနဲ့ အိပ်ပျော်နေတယ်။
 အစပိုင်းမှာတော့ ရှုချိန်က သူ့ကိုကြည့်ချင်ပေမယ့် ကလေးအိပ်ပျော်သွားပြီဆိုတာ သူသိတယ်။ ဒါကြောင့် သွားမကြည့်တော့ပဲ သူ့သားကြီးနဲ့ အလုပ်အကြောင်းကို ဆက်လက်ဆွေးနွေးနေတော့သည်။
 ရှုချိန်က ရှုဟိန် နှင့်သူ၏ကိုယ်ပိုင်အတွေးများအကြောင်းကို အတော်ကြာအောင် ပြောဆိုခဲ့ပြီး  တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် ရှုမျိုးနွယ်စုဝင်တွေကို ဘယ်လိုလုပ်ရမည်ကို ရှုချိန် သဘောတူလိုက်တော့သည်။ သူတို့ရှုမျိုးနွယ်က အတော်များတာပဲ။ ဂုတ်သွေးစုပ်နေတဲ့ မျှော့တချို့ကို ဖယ်ရှားလိုက်ရုံနဲ့ တမျိုးလုံး ရင်နာရတဲ့အထိ မဖြစ်လောက်ဘူး မဟုတ်လား။
Project ကြီးတွေကို ငွေကြေးထောက်ပံ့မှု ဖြတ်တောက်လိုက်ရင် နောင်အခါ သူတို့ အကောက်ကြံချင်ရင် နှစ်ခါပြန်တော့ စဉ်းစားကြမှာပဲ။ အနည်းဆုံးတော့ ရှန်းရှန်တုန်းလို လူတွေတော့ ထပ်ပေါ်မလာနိုင်တော့ဘူးပေါ့။ ဟော်ချီက ဉာဏ်ကောင်းပေမယ့် အလိုလောဘကြီးပြီး အကုန်ဝါးမြိုချင်တဲ့အတွက် ဟော်မိသားစု တစ်ခုလုံးကို ပျက်စီးရာလမ်းကြောင်းကို ဆွဲချလိုက်မိတယ်။ အခုဆိုရင် ဟော်ချီကိုယ်တိုင်က ဒီစိတ်နဲ့ သေလုမျောပါးဖြစ်ခဲ့ရပြီး ဟော်မိသားစုက ခပ်လျှိူလျှိူပဲ နေနေရတော့တယ်။
 နောက်တစ်နေ့တွင် ရှုနင် သည် ရှုဟိန်နှင့်အတူ ရုံးသို့မလိုက်ခဲ့ပါ၊ သူ့ဆီမှာ လုပ်စရာ များစွာရှိလို့ မြို့ကနေ စောထွက်ခဲ့ရသည်။
ရှုနင် သည် F City သို့ ဦး တည်သည့ ်ကားတစ်စီးပေါ်သို့တက်လာသည်။ ကျင်းရောင်သည် သူမ မိဘတွေရဲ့ ခွဲခြားဆက်ဆံမှုကြောင့် နောင်တအကြီးအကျယ်ရပြီး ချင်ယွိဖူနှင့် ဆက်လမ်းပြန်ဆက်ကာ ပြန်လည်ပေါင်းသင်းနေထိုင်ဖို့ ကြိုးစားနေသည်။ ချင်ယွိဖူက သူမ ဘဝမှာ ကြုံခဲ့ရသည့် လူတွေထဲမှာ တောက်ပသည့် ကျောက်တုံးလို အခုမှ ခံစားနေရသည်။ ဒါပေမယ့် ချင်ယွိဖူက သူမကို လုံးဝ လက်လျှော့ကာ စိတ်ကို ပိုင်းဖြတ်ထားပြီးဖြစ်သည်။
ဒါ့အပြင် ချင်ယွိဖူဆီမှာ အခု ဖိုမင်ဦးလေးဖန်လည်း ရှိနေပြီဖြစ်လို့ သူမကို ငြင်းဆန်ခဲ့သည်။ ချင်ယွိဖူလို စိတ်ထားနူးညံ့သည့် ယောကျာ်းက သူမကို ပစ်ပစ်ခါခါလုပ်မည်ဟု ကျင်းရောင် မယုံကြည်ပေ။ ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင် အပေါက်ဝတွင် နေ့တိုင်း ချင်ယွိဖူကို လာရပ်စောင့်နေခဲ့သည်။ ကိုယ်ဝန်ပျက်ကျပြီး ပိန်ပါး ဖျော့တော့ကာ အပူရှိန်ဖြင့် အချိန်မရွေး လဲကျ သတိလစ်သွားနိုင်သည့် မိန်းကလေးကို ဘယ်သူမှ ရက်ရက်စက်စက် မောင်းမထုတ်ရက်ကြပေ။
ဒီအကြောင်းကိုသိပြီးနောက် ရှုနင် ကသူ့ ဦး လေးနဲ့ ဖိုမင်ဦးလေးဖန်ကို   F စီးတီးကို ပို့လိုက်တယ်။ ပြီးတော့ သူတို့ရွာဘက်ကို သွားတဲ့ လမ်းတွေလည်း ဆောက်လုပ်တော ပြီးစီးတော့မည် ဖြစ်သည်။
နောက်ဆယ်နှစ်ကျော်ကြာတဲ့အချိန်မှာ ရွာလူကြီးက သူမွေးထားတဲ့ ဝက်တွေကို ရွာလမ်းတွေပေါ်မှာ ကျောင်းပြီး သူ ဘယ်လောက် ချမ်းသာတယ်ဆိုတာ လမ်းသလားပြလိမ့်မယ်။ ဒါတွေကို အရင်ဘဝတုန်းက တွေ့ကြုံခဲ့တာဖြစ်လို့ နင်နင်က အခုကတည်းက ရွာနဲ့မြို့ကို သွားတဲ့လမ်းကို ကောင်းအောင် ပြုပြင်သည့် အလုပ်ကို လုပ်ခဲ့ပြီး ရွာမှာ ဝက်မွေးမြူရေးကို စတင်ပေးခဲ့သည်။ သူတို့ရွာက တရုတ်ပြည် တပြည်လုံးမှာ အထူးဝက်အသေးစားလေးကို မွေးပြီး ထုတ်လုပ်ရောင်းချသည့် ရွာဖြစ်လာတော့မည်။ ဒီအကြောင်းကို ရွာလူကြီးနှင့် တိုင်ပင်တော့ ရွာလူကြီး တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သည်။ နင်နင်က စီမံကိန်းတွင်အကြီးအကျယ်ရင်းနှီးမြှုပ်နှံခြင်းနှင့် ရောင်းချရာတွင်ကူညီရန်ကတိ ပေးခြင်းတို့ကြောင့်ကျေးရွာခေါင်းဆောင်၏ယုံကြည်မှုကိုတိုးမြှင့်စေခဲ့သည်။  အသေးစားဝက် မွေးမြူရေးနည်းလမ်းများမြှင့်တင်ရန် ရွာလူကြီးက စိတ်အားထက်သန်နေခဲ့သည်။
သူ့အကြီးဆုံးအဒေါ်က ဒါကိုကြားတော့ နင်နင်ကို ဖုန်းဆက်ပြီး သူ့ကို ၂ နှစ်လောက် သူတို့က ကြည့်ရှုခဲ့ရလို့ သူတို့ကိုလည်း လုပ်ငန်းတွေ လုပ်ပေးသင့်သည်ဟု တောင်းဆိုခဲ့ပေမယ့် နင်နင်က ဘာမှ မတုန့်ပြန်ခဲ့ပေ။ ရွာကို ပြန်လာရင် ဒါကို ကြုံရမည်ကို သူ ကြိုသိထားပြီးဖြစ်သည်။
ချင်ယွိဖူက နင်နင်၏ ကျေးလက်တောရွာက လူတွေအတွက် လုပ်ပေးမယ့် အစီစဉ်ကိုကြားတော့ အရမ်းဝမ်းသာပြီး ပြောလိုက်သည်။
 " လမ်းတွေကို ဖောက်တယ်။၊ ဝက်အသေးမျိုးမွေးမြူရေးအပြင်  ငါးမွေးမြူရေးခြံတွေတောင် မင်းက ဖော်ဆောင်ပေးမယ်ဆိုတော့ ကောင်းလိုက်တာ။ ဒါက ရွာကလူတွေအတွက် အရမ်းကို   အံ့သြစရာကောင်းတဲ့ ကောင်းကျိုးကို ရစေမှာ သေချာတယ်၊ ရွာကလူအားလုံးက မင်းကိုကျေးဇူးတင်လို့ သေလောက်ပြီ"
 "ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ။ ဒါနဲ့ ကျွန်တော် အဖွားရဲ့အုတ်ဂူဆီကို သွားလိုက်ဦးမယ်။ ပြီးရင် ကျောင်းတက်ဖို့ L city ကို သွားရတော့မယ်"
ရှုနင် သည် တလောက ကောလိပ်ဝင်ခွင့် စာမေးပွဲကြောင့် အလုပ်များနေသဖြင့်သူသည် ဦး လေးနှင့်အဖွားဆီကို သွားလည်ရန်မေ့နေဆဲဖြစ်သည်။
" အိုး၊ ဟုတ်တယ်၊ ငါလည်းလိုက်မယ်။ ဒါနဲ့ မင်းက L စီးတီးက တက္ကသိုလ်ကနေ ပြန်လာရင် ငါတို့ အားလပ်ရက်မှာ ဆုံကြမယ်"
 ချင်ယွိဖူက သူ့တူကို ပြောလိုက်သည်။
"ဘာကြောင့် နင်နင်က L စီးတီးကို သွားမှလဲ? သူက အပင်စိုက်တာကို သင်မှာ မဟုတ်ဘူးလား"  
ဖိုမင်ဦးလေးဖန်က စိတ်ရှုပ်ထွေးနေ သဖြင့် ရှုနင်က ဦးလေးဖန်ကို ရေတစ်ခွက် ဌဲ့ပေးကာ ရှင်းပြလိုက်သည်။   ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ပတ်ဝန်းကျင်သည်အလွန်ဆိုးရွားခြင်းမရှိပေမယ့် နင်နင်က ပူအိုက်ပြီး ချွေးထွက်လာသည်
" ဘယ်လောက်ပဲ အပင်စိုက်တာကို လေ့လာပါစေ။ နောက်ဆုံးတော့ အလုပ်ကြိုးပြီးလုပ်ရမယ် မဟုတ်လား။ အခု ကျောင်းသွားတက်ရင်း  အခြားကုမ္ပဏီတစ်ခုကိုတည်ထောင်မလားလို့ "
ချင်ယွိဖူက ရှုနင်ကို အချိန်အတော်ကြာ မတွေ့ရတော့ဘူးဆိုလို့ စိတ်မကောင်းဖြစ်ပေမယ့် မျက်စိအရောင်တွေ တောက်လာပြီး ပြောလိုက်သည်။
"နင်နင်...မင်းရဲ့ ဦး လေးက အသစ်အဆန်းကို သင်ယူလုပ်ကိုင်ဖို့ မကြောက်ဘူး။ တကယ်လို့ မင်း လုပ်ငန်းအသစ်ထူထောင်လို့ အကူညီလိုရင် ဦးလေးကို မမေ့လိုက်နဲ့ "
"အိုကေ"
ရှုနင်က သဘောတူခဲ့သော်လည်း သူ၏စိတ်နှလုံးမှာ မကျေမနပ်ဖြစ်ခဲ့ရသည်။ မြို့တော်၊ C city နှင့် F စီးတီးရှိ စီးပွားရေးလုပ်ငန်းများမှာ လုံလုံလောက်လောက်ရှိသော်လည်း သူ့အတွက်ဆိုက်ဘာကဖေးများနှင့် အင်္ဂလိပ်သင်ကြားရေးစင်တာများတွင်ထပ်မံထည့်သွင်းရန်မှာ လုပ်ဆောင်နိုင်သေးသည်။ ကွင်းဆက်သင်တန်းကျောင်းများကို နေရာတိုင်းတွင် ထူထောင်နိုင်ရင် အကောင်းဆုံးဖြစ်သည်။
ရှုနင်သည် C City တွင်အရာအားလုံး ဘယ်လို လုပ်ကိုင်နေသည်ကို သိပေမယ့် သူသည်အတိတ်ဘ ၀ ၏ အမှတ်တရများကြောင့် C city က သူ့အတွက် အဓိက စစ်မြေပြင်လို ဖြစ်နေသည်။ သူသည်မြို့တော်တွင် လုပ်ငန်းများ ထူထောင်ခဲ့ပေမယ့် မမျှော်လင့်ပဲ ဟုန်လွေ့နှင့် မိတ်ဆွေဖြစ်ခဲ့လို့ လုပ်ကိုင်ရာတွင် အဆက်အသွယ်ကွန်ယက်ကြီးကို ရခဲ့သည့်အပြင် အကုန် အဆင်ပြေခဲ့သည်။ အလုပ်လုပ်ရတာ ပျော်စရာလည်း ကောင်းလာသည်။
မွန်းတည့်အချိန်တွင်သူတို့သည် ကြယ်ငါးပွင့်ဟိုတယ်၌ နေ့လည်စာ စားခဲ့သည်။ ထို့နောက်သူသည်ညတွင် သူ့ဦးလေး ဝယ်ယူခဲ့သော အိမ်တွင်တည်းခိုခဲ့သည်။ ဒါဟာတော်တော်လေး အဆင်ပြေကာ သင့်တင့် လျောက်ပတ်သော ပတ်ဝန်းကျင်ရှိသည့်အပြင် ဥယျာဉ်လေးပါသည့် villa ဖြစ်သည်။ ရှုနင် ကသူ၏ ဦး လေးသည် ဘဝကို ခါးသီးစွာနေထိုင်ပြီးနောက် နောက်ဆုံး၌ သူ့စိတ်ကို ဖွင့်လိုက်ကြောင်း၊ ယခုအခါ သူ့ဘဝကို ဘယ်လိုပျော်အောင် နေရမလဲဆိုတာကို သိနေလေပြီ။
 ညကိုးနာရီမှာသူ့အစ်ကိုကြီးနဲ့ဖုန်းခေါ်ပြီးတဲ့နောက်မှာ ရှုနင်က သူ့အဖေနှင့်လည်း ဖုန်းပြောကာ နောက်ပိုင်း အိပ်ပျော်သွားခဲ့သည်။
ညသန်းခေါင်ယံမှာ သူဟာထူးဆန်းတဲ့ ဆူညံသံအချို့ကြားခဲ့တယ်။ ရှုဟိန် နှင့်သူ အတူတူ XXOO လုပ်သည့် အခါများတွင် အွန်း...အင်း...အာ့... ဆိုသည့် အသံတွေက အလိုလို ညည်းတွားခဲ့မိသည်။
အခုလည်း ထိုအသံတွေက  ထွက်လာလို့ နင်နင်က အံ့သြနေသည်။   ညသန်းခေါင်ယံမှာ ဦးလေးနှစ်ယောက်ဟာ ' XXOO ဗီဒီယို' တွေကို အတူကြည့်နေကြတာလား။
ရှုနင်က မျက်ခုံးပင့်လိုက်မိသည်။ သူ့ဦးလေးနဲ့ ဖိုမင်တို့က အဲ့ဒါကို လုပ်နေကြတာများလား...
နင်နင်ရဲ့ နဖူးပေါ်မှာ အရေးကြောင်းတွေပေါ်လာခဲ့သည်။ သူ သွားချောင်းကြည့်လိုက်ရမလား။ တကယ်လို့ သူတို့ အဲ့ဒါ လုပ်နေတယ်ဆိုရင် ဦးလေးတို့ အချိန်ကောင်းကို သွားနှောက်ယှက်မိသလို ဖြစ်သွားလိမ့်မယ်...
ဒါပေမယ့် သူက ကြည့်ရုံတင်လေးကြည့်ချင်တာလေ... တကယ် ဟုတ်မဟုတ် သေချာအောင်လို့ပါ...
ရှုနင်က အိုးပေါ်က ပရွတ်ဆိတ်လေးလို ဟိုပြေးဒီပြေး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သို့သော်သူ၏ သိလိုစိတ်က ရင်ထဲကနေ လှိုက်ပြီး တုန်ခါနေခဲ့သည်။ ငါကြည့်ရုံလေးပဲ ကြည့်မှာပါ...!
ဂရုတစိုက်နှင့် ရှုနင်က တံခါးဝသို့တွားသွားပြီး ဦး ဆုံး သူသည် အခန်းတံခါးကို အသာလေး ဖွင့်လိုက်သည်။ အသံကအောက်ထပ်မှ လာနေတာပဲ...။
  ထို့ကြောင့် ရှုနင်သည်ရှုပ်ထွေးနေသည်ဟု စိတ်ထဲခံစားခဲ့ရသည်၊ သူတို့အခန်းတွေထဲမှာ မရှိပဲ ဘာကြောင့် ဧည့်ခန်းကို ရောက်နေတာလဲ။ ဒါဆိုရင် အကိုကြီး ရှုဟိန်လိုများ သူတို့က  ဘားကောင်တာ၊ ကြမ်းပြင်၊ နံရံ၊  ပြတင်းပေါက်၊ ရေချိုးခန်း နှင့်မီးဖိုချောင်အပါအဝင် နေရာ အမျိုးမျိုးမှာ စမ်းပြီးလုပ်နေကြတာလား။
ရှုဟိန်သည် ဒီလို လုပ်တဲ့အချိန်မှာ သူ့ကို စကတ်များ၊ ရိုးရာဝတ်စုံ၊ အတွင်းခံအဝတ်အစားများ၊ ခါးစည်းများ၊ sexy ကျတဲ့ ဖောက်ထွင်းမြင်ရသည့် အဝတ်အစားများ၊ ကြိုးတွေပါတဲ့အဝတ်တွေနှင့် ထူးဆန်းထွေလာ   အဝတ်အစားများ ဆင်ပေးပြီး လုပ်ရတာကို အရမ်း နှစ်သက်သည်။ တစ်ချိန်က သူသည် ကစားစရာလက်ထိပ်ကို ယူလာပြီး သူ့လက်ကို ခတ်ထားပြီး လုပ်သေးသည်။
သူ့လက်တွေကို အပေါ်ကို မြှောက်ကာ ခုတင်ခေါင်းရင်းမှာ လက်ထိပ်ခတ်ထားစဉ် ရှုနင်    ကို အနည်းငယ်ကြောက်လန့်စေသည်။ ဒါက အထူးခံစားချက်တစ်ခုဖြစ်သည်။ သူသည် ရှုဟိန်ကို ဒီအကြောင်းကို    စိတ်အားထက်သန်စွာထုတ်ဖော်ပြောဆိုခဲ့သည်။
ရှုနင် ခေါင်းကိုခါလိုက်သည်။ မဟုတ်တာတွေကို လျှောက်တွေးနေမိလို့... သူ၏မျက်နှာသည်အနီရောင်တောက်ကာ နီရဲနေသည်။ ဘာဖြစ်လို့ ဒီလို အိပ်ယာထဲက အကြောင်းတွေကို တောက်လျောက်တွေးနေမိတာပါလိမ့်....
သူတွေးနေမိတဲ့အကြောင်းရာတွေကလည်း အိပ်ယာထက်မှာ အကိုကြီး သူ့ကို ဘယ်လို နှိပ်စက်ကလူပြီး လုပ်တယ်ဆိုတာ ချည်းဖြစ်နေသည်။
  ငါလည်း အချိန်ပြည့်ကို မှောင်နေတော့တာပဲ..ဟု ရှုနင်က စဉ်းစားလိုက်မိသည်။
ရှုနင်က သက်ပြင်းချပြီး သူ့အခန်းထဲကို တိတ်တဆိတ်ပြန်သွားလိုက်တယ်။ သူ မကြည့်တော့တော့ဘူး။ ဒါက သူ့ ဦး လေးရဲ့ ကိုယ်ရေးကိုယ်တာပဲ။ သူက ဦး လေးနဲ့ ဖိုမင် လုပ်နေတာကို တကယ်ကြီး ပက်ပင်းမိသွားရင် သူ့ဦးလေးပဲ ရှက်နေဦးမယ်။ ဒါကို သူ ကိုယ်ချင်းစာပါတယ်လေ...   _ (: зゝ∠) _
လုပ်ရင်းတန်းလန်း လူမိသွားတာ တကယ် မကောင်းပါဘူး....
သူ သွားမကြည့်တာပဲ ကောင်းပါတယ်။ မဟုတ်ရင် ကြုံတောင့်ကြုံခဲ သူ့ဦးလေး လုပ်နေတာ အရှိန်ပျက်သွားလိမ့်မယ်...
ရှုနင်က အရက်ကို ခံနိုင်ရည် အရမ်းအားနည်းသည်ကို ဖိုမင်သိသည်။ ညစာစားစဉ်က နင်နင်က ဝိုင်နှစ်ခွက် သောကိလိုက်တာ မြင်ကတည်းက ရင်ခုန်နေသည်။ ဒါကြောင့် နင်နင် အပေါ်ထပ် တက်ကာ အိပ်သွားချိန် ချင်ယွိဖူကို ဧည့်ခန်းကို ဆွဲခေါ်လာပြီးဆိုဖာပေါ် တွန်းလှဲကာ အမြန် အရယူတော့သည်။
ချင်ယွိဖူက တူလေးရောက်နေချိန် မလုပ်ချင်ပေမယ့် ဖိုမင်၏စိတ်အားထက်သန်မှုကြောင့် နောက်ဆုံးလိုက်လျော လိုက်ရသည်။ အိပ်ခန်းထဲ မဟုတ်ပဲ ဧည့်ခန်းထဲလုပ်ရတာက ရင်တဖိုဖိုဖြစ်ကာ ရှက်စရာ စိတ်လှုပ်ရှားစရာလည်း ကောင်းလှသည်။
  နောက်ဆုံးတွင် ချင်ယွိဖူက သူ့ကိုချစ်သည့် ဖိုမင်ကိုလည်း ချစ်နေတာဖြစ်လို့ လိုက်လျောလိုက်သည်။ ဖိုမင်က သူ့အတွက် ခက်ခဲသည့် လမ်းကို လျှောက်ခဲ့ရသည်မဟုတ်လား။ သူလည်း ဖိုမင်ကို ချစ်နေသည်ဖြစ်လို့ ချစ်သူ လိုအင်ကို လျစ်လျူမရှုနိုင်တော့ပေ။ ငြင်းဆန်နေတဲ့ ချင်ယွိဖူရဲ့ ခန္ဓာကိုယ်ကပျော့ပျောင်းသွားပြီး ကရုဏာသက်အောင် တောင်းပန်ရင်တောင် အသုံးမ ၀ င်တော့ပေ။ နောက်ဆုံးတော့ဆိုဖာပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့နမ်းရှုံ့နေတဲ့အချိန်မှာ သူဟာချစ်ခင်စွာ ပြန်လည် နမ်းရှုပ်နေခဲ့တယ်။ သူ့မျက်လုံးများသည် သတိမထားမိပဲ နင်နင် ဆင်းလာမည်ဆိုးလို့ လှေကားထိပ်ကိုလှမ်းကြည့် နေမိသည်။  
သူ့ဘဝတစ်လျှောက်လုံး ဒီအချစ်ရေးကို ဖုံးကွယ်ထားလို့တော့ မရဘူး မဟုတ်လား။
ရှောင်ဖူက ရှုနင် ၏အတွေးကို ဂရုစိုက်ခဲ့သည်။ ထို့ကြောင့် ဖိုမင်က သူတို့အကြောင်းကို မပြောရန်သဘောတူခဲ့သည်။ သူသည် ရှုနင် သူ့ဖာသာ သိစေရန်နည်းလမ်းများကိုသာ ရှာနိုင်တော့မည်။ သူတို့ ဧည့်ခန်းထဲ လုပ်နေသည့် ဆူညံသံတွေအားလုံးက နင်နင်ကို အိပ်ယာက မနိုးလာစေခဲ့ဘူးလား... ဒါဆိုရင် မနက်ဖြန် နင်နင် သိအောင် တခြားနည်းကိုရှာပြီး လုပ်ရမည်ဟု ဖိုမင်က တွေးနေသည်။
 (Seme အားလုံးက ဉာဏ်များတဲ့ ဝံပုလွေကြီးတွေပါဗျို့....)
ရှုနင် မနက်နိုးလာတော့ သူ့မျက်လုံးအောက်မှာ အမည်းရိပ်တွေ ပေါ်နေပြီး အသားရေက ဆိုးဝါးနေသည်။ သူ့အိပ်ရေးပျက်တဲ့ ပုံကို ဘယ်သူ့ကိုမှ မမြင်စေချင်ပေ။ ကံကောင်းပြီး ချင်ယွိဖူက ညက လေ့ကျင့်ခန်းလုပ်တာ များသွားလို့ အိပ်ယာထဲကနေ နေမြင့်မှ ထလာနိုင်တော့သည်။
 (တူလေးနဲ့ ဦးလေးတို့ရဲ့ လင်လင်တွေက အကြမ်းစားကြီးတွေပဲ...)
သူတို့က ရွာဘက်ကို အတူတူသွားမယ်လို့ကတိပေးခဲ့ပေမယ့် ချင်ယွိဖူ ကတော့နေ့လည်ခင်းမှပဲ အိပ်ယာက ထနိုင်တော့သည်။ ဖိုမင်က ကားမောင်းပြီး ရှုနင်က  ဘေးခုံမှာထိုင်ကာ ကားနောက်က ခုံမှာ တညလုံး မအိပ်ခဲ့ရသည့် ဦးလေးကို ကောင်းကောင်းနားရင်းလိုက်လာစေသည်။
သူတို့ဘိုးဘွားတွေရဲ့ သင်္ချိုင်းသို့ရောက်သည်နှင့်တပြိုင်နက် ရှုနင်သည် ဦးလေးနှင့်အတူ ပန်းစည်းချကာ အရိုသေပေးခဲ့သည်။ ပြီးတော့ ဖိုမင်က ရှုနင်ကို တခြားကို ထွက်သွားအောင် လှည့်စားလိုက်ပြီး ချင်ယွိဖူ၏လက်ကို ဆုပ်ကိုင်ကာ အုတ်ဂူရှေ့တွင် ဒူးထောက်ပြီး အမေဟု ခေါ်လိုက်သည်။
 ရှုနင်က ဘယ်သူမို့လဲ။ သူက ဒီလိုမျိုး အလွယ်တကူ ထွက်လာမယ်ထင်လို့လား။ လမ်းတဝက်မှာ ပြန်လှည့်လာပြီးူ သစ်ပင်နောက်ကနေ ချောင်းနေခဲ့သည်။ ဒါကြောင့် ဖိုမင်က သူ့အဖွားကို  " အမေ" ဟု ခေါ်လိုက်ပုံကို နားနှင့် ဆတ်ဆတ် ကြားလိုက်ရသည်။
  ကောင်းတယ်၊ ကောင်းတယ်၊ အခု သူတို့အတူတူရှိနေပြီ! သတင်းကောင်းဖြစ်ပေမယ့ ်သူ့ ဦး လေးဟာ  နှိမ့်နှိမ့်ချချနေတတ်သူဖြစ်လို့ သူ့ကို မသိစေချင်ဘူး။ ဒါကြောင့် သူလည်း စိတ်ထဲမှာပဲ ထားရတော့မည်။
ရှုနင် ရဲ့မျက်လုံးတွေဘယ်ဘက်နဲ့ညာဘက်လှည့်ပြီး သူဟာ ဒီမှာ ရက်အနည်းငယ်နေဖို့ဆုံးဖြတ်လိုက်တယ်။  ဒါဆိုရင် သူ့အစ်ကိုက နေနိုင်မှာ မဟုတ်ပဲ သေချာပေါက် အပြေးလာခဲ့လိမ့်မည်။ ဒါကို စိတ်ကူးနဲ့မဟုတ်ပဲ လက်တွေ့အကောင်ထည်ဖော်လိုက်ဖို့ ဆုံးဖြတ် လိုက်သည်။
**-**
"ကိုက်မိတဲ့အရာလား..."
  " ဒီညဘာစားချင်လဲ။ "
"ဟော့ပေါ့ "
"အင်း..."
"အိုကေ"