Chapter (25) - ရွင္ႏွလံုးသားထဲမွာ တစ္ေယာက္ေယာက္ ရွိႏွင့္ေနၿပီလား..

24.1K 3.6K 23
                                    

Chapter (25) - ရွင္ႏွလံုးသားထဲမွာ တစ္ေယာက္ေယာက္ ရွိႏွင့္ေနၿပီလား..

ဒါ ဘာမွမျဖစ္ဘူးလား..

႐ႈနင္က ဘာမွမလႈပ္ေပ။ ခ်င္ယြိက်ိဳးဘဝတေလွ်ာက္လံုး အလုပ္ႀကိဳးစားတယ္ဆိုတာ လူခ်မ္းသာႀကီး႐ႈခ်ိန္ႏွင့္ လက္ထပ္ခြင့္ရဖို႔ အထင္ျမင္ေကာင္း တည္ေဆာက္ေနတာျဖစ္တယ္ဆိုတာ သူ ေကာင္းေကာင္းသိသည္။ အခုေတာ့ အေျခအေနေတြက မတူေတာ့ဘူး။ ဒီေျမကြက္ကိစၥက ခ်င္ယြိက်ိဳးကို ဖိအားျဖစ္ေစခဲ့ေလၿပီ။ ႐ႈနင္က သူ႔အေမ ျပန္လည္ခံစားရဖို႔ တမင္ေျပာလိုက္တာျဖစ္သည္။ လူခ်မ္းသာေတြရဲ့ေသာကကို ခံစားလိုက္ပါဦး ဟား.. ဟား.. ဟား..

"မင္း..  မင္းသိလား.. အေမက ႐ႈဟိန္ကိုၿပိဳင္တာ ႐ံႈးသြားခဲ့တယ္.."

ခ်င္ယြိက်ိဳး၏အမူအယာက ခါးသီးလာၿပီး မ်က္ဝန္းထဲမွာ ခံျပင္းေဒါသမ်က္ရည္တုိ႔ ဝဲလာသည္။

႐ႈနင္က သူမကို တိတ္ဆိတ္စြာၾကည့္ၿပီး ႏွစ္သိမ့္မႈမေပးေပ။

ခ်င္ယြိက်ိဳးက သူမသား၏ ထံုထိုင္းေသာအမူအယာကိုၾကည့္ကာ ရင္ထဲမွ ေဒါသထြက္သြားသည္။

"ဒီမနက္ မင္းေျပာတဲ့အခ်က္ကို မင္းအေဖဆီမွာ ငါေသခ်ာေမးလိုက္မယ္.. ငါ မင္းနာမည္ကို မေျပာပါဘူး.. အျပင္က ေကာလာဟလေတြ ၾကားလာတယ္လို႔ပဲ ေျပာလိုက္မယ္.. ဒါေၾကာင့္ ဒီအေၾကာင္းေတြ ဘယ္သူ႔ကုိမွမေျပာနဲ႔ ၾကားလား.. အေမတို႔မိသားစု ဒီကိစၥမွာပါေနတာ ဘယ္သူမွသိလို႔မျဖစ္ဘူး.."

"ဟုတ္ကဲ့.."

"အေမက မင္းအဖိုးဆီက အထင္ႀကီးမႈကိုရဖို႔ ရလဒ္ေကာင္းထြက္ေအာင္ ႀကိဳးစားရဦးမယ္.."

ခ်င္ယြိက်ိဳးက စကားကို တစ္ပိုင္းတစ္စပဲေျပာေပမယ့္ ဒီစကားက ႐ႈနင္ကို မလွည့္စားႏိုင္ေပ။ ခ်င္ယြိက်ိဳး၏ဗိုက္ထဲက နာလာသလို ခံစားလိုက္ရသည္။

"နင္နင္.. အေမက မင္းကိုပဲ အားကိုးရေတာ့မယ္.. မင္း ဒီထက္ႀကိဳးစားရမယ္ေနာ္.. အေမ အိမ္နဲ႔လက္ဝတ္လက္စားေရာင္းၿပီး မင္းကိုပိုက္ဆံေပးမယ္.. ဒီေငြနဲ႔ ဒုတိယေျမကြက္မွာ ေျမဝယ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံပါ.. မင္းအရည္အခ်င္းကို အေဖနဲ႔အဖိုး သတိထားမိေအာင္လုပ္ၿပီး ဒီမိသားစုမွာ ေျခကုတ္ရေအာင္ႀကိဳးစားရမယ္.. ဘာမွမေၾကာက္နဲ႔.. ႐ႈဟိန္က မင္းကိုအႏိုင္မက်င့္ေစဖို႔ အေမေသခ်ာစီစဥ္ေပးမယ္.. ဒါေၾကာင့္ အေမခင္းေပးတဲ့လမ္းမွာ ေအးေအးေဆးေဆး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေလွ်ာက္လွမ္းခဲ့ေပေတာ့.."

႐ႈနင္ တိတ္တခိုးရယ္လိုက္မိသည္။ သူေစာင့္ေနတာလည္း ဒီဟာပဲျဖစ္သည္။ ခ်င္ယြိက်ိဳးက သူ႔ကို အခြင့္အေရးဖန္တီးေပးတာ သူစိတ္မဆိုးေပ။ ဒါေပမယ့္ အရင္ဘဝတုန္းကလိုေတာ့ သူ လုပ္ေတာ့မည္မဟုတ္ေပ။ ဒါေပမယ့္ သူႀကံဳေတြ႕ခဲ့ရသမွ်ကို သက္ေသေတာ့ ရယူရမည္။ ဒါကလည္း အရင္ဘဝက ခ်င္ယြိက်ိဳးငွားထားေသာ လူမ်ား သင္ေပးခဲ့သည့္ပညာျဖစ္သည္။ သူမေက်းဇူးေၾကာင့္ အခု သူက ခ်င္ယြိက်ိဳးကို အလြယ္တကူ ျပန္အသံုးခ်ႏိုင္တာျဖစ္သည္။ အခုရင္းႏွီးမႈအားလံုးက ႐ႈနင္၏နာမည္ေအာက္မွာပဲ ရွိရေတာ့မည္မဟုတ္လား။

ဟား.. ဟား.. ဟား..

ခ်င္ယြိက်ိဳးက သူမလိုခ်င္သလို အကြက္ခ်ၿပီးေတာ့ ေက်နပ္စြာၿပံဳးလိုက္သည္။ ႐ႈနင္က 13 ႏွစ္ပဲရွိေသးသည္။ ဒီအရြယ္ေလးႏွင့္ ေျမေတြ၊ အိမ္ေတြမွာ ရင္းႏွီးျမႇပ္ႏွံတတ္တယ္ဆိုရင္ သူက ပါရမီရွင္ပဲမဟုတ္လား။ ႐ႈဟိန္က ႐ႈမိသားစုကို အက်ိဳးအျမတ္ရေအာင္ လုပ္ေပးေနတယ္ဆိုရင္ သူက ႐ႈနင္ကို လူမသိသူမသိ တိတ္တဆိတ္လႈပ္ရွားေစမည္။ ႐ႈဟိန္သိသြားရင္ ဝင္ေရာက္ေႏွာင့္ယွက္လို႔ ရလဒ္ေျပာင္းျပန္ျဖစ္သြားႏိုင္သည္။ အစိုးရက တရားဝင္ေၾကျငာခ်ိန္မွာ ႐ႈနင္ဆီမွာ ဝယ္ထားသည့္ေျမကြက္ေတြကေန အက်ိဳးအျမတ္ရလို႔ သူ႔နာမည္လည္း ေသခ်ာေပါက္ေက်ာ္ၾကားလာလိမ့္မည္။ ဒီနည္းနဲ႔ဆို သူမ၏ေနရာကို ေကာင္းစြာကာကြယ္ႏိုင္ေနၿပီမဟုတ္လား။

ခ်င္ယြိက်ိဳးက ေတြးၿပီး ေက်နပ္စြာရယ္ေမာလိုက္သည္။

••••••••••••••••••••

႐ႈနင္ ေက်ာင္းကျပန္လာေတာ့ သူ႔အခန္းထဲမွာ သခၤ်ာပုစာၦကို တိတ္ဆိတ္စြာၾကည့္ေနရင္း အရင္ဘဝက သူ႔အေမ၏လုပ္ရပ္ကို ျပန္ေတြးေနမိသည္။

႐ႈဟိန္က ရာဇဝတ္မႈအေထာက္အထားကို သူ မလႊင့္ခဲ့ပါဘူးဟု ေျပာသည္ကို ႐ႈနင္ ယံုၾကည္ခဲ့သည္။ ကိစၥေတြ အျမန္ျဖစ္သြားၿပီးေနာက္ သူ႔အေမက မ်က္ရည္မ်က္ခြက္ႏွင့္ လာေတြ႕စဥ္က သူ႔ညီေလးက ငယ္ေသးသည္၊ သူ႔ညီရဲ့ဘဝကို ျမႇင့္တင္ဖို႔ အေမက သူ႔ဘဝကို ခ်နင္းပစ္ခဲ့သည္။ မေကာင္းတာလုပ္ဖို႔ တြန္းအားေပးၿပီး ထုိသက္ေသကို အေမကိုယ္တိုင္ပဲ သတင္းေထာက္ေတြဆီ ျဖန္႔ခဲ့သည္။ ဒီလိုနဲ႔ သူ႔ကို လြယ္လြယ္နဲ႔႐ိုက္ခ်ႏိုင္ၿပီး သူရွာေဖြထားသမွ် အက်ိဳးအျမတ္အကုန္ကို ညီျဖစ္သူ႐ႈေယာင္က ရရွိခဲ့သည္။

အၿငိႇဳးႏွင့္ေသဆံုးၿပီး ျပန္လည္ေမြးဖြားလာေတာ့ ခ်င္ယြိက်ိဳးႏွင့္ သားအမိျပန္ျဖစ္ရျပန္သည္။ ဒါေပမယ့္ သူတို႔က ရင္းႏွီးေသာသားအမိေတာ့ မျဖစ္ႏိုင္ေတာ့ေပ။ ခ်င္ယြိက်ိဳးက ဘာေၾကာင့္ သူ႔ကို ခုလိုဆက္ဆံရတာလဲ..။ တစ္ဘဝတင္မက ႏွစ္ဘဝဆက္တိုက္ သူမက ဘာေၾကာင့္ သားအရင္းျဖစ္ေသာသူ႔ကို နင္းေျခခ်င္ရတာလဲ..။ သားအမိျဖစ္ေနၿပီျဖစ္လို႔ တစ္ဘဝလံုး ပတ္သက္ရေပေတာ့မည္။

"အေမက သူ႔ကို အသံုးခ်ခ်င္တယ္ဆိုရင္ သူလည္း ပါဝင္ကစားေပးရမွာေပါ့.. အေမေသတဲ့အထိ ဒီကစားပြဲကို ကၽြန္ေတာ္ ကစားေပးပါ့မယ္.. အေမလိုခ်င္တဲ့အရာအားလံုးကို ဖ်က္ဆီးျပမယ္.. အေမ့ရဲ့စည္းစိမ္ေတြကို ကၽြန္ေတာ္ျဖဳန္းတီးေပးပါ့မယ္.. ႐ႈေယာင္.. မင္းျမန္ျမန္ေမြးဖြားလာပါေတာ့.. အစ္ကိုႀကီးက မင္းကို အမ်ားႀကီး အမ်ားႀကီး ခ်စ္ေပးပါ့မယ္.."

႐ႈနင္၏မ်က္ႏွာထက္က အၿပံဳးက ကေလးႏွင့္မမွ်ေအာင္ ရက္စက္လို႔ေနသည္။

သူ အရမ္းမုန္းသည္။ ႏွစ္ေပါင္း 20 တိတိ ၿမိဳသိပ္ထားခဲ့ရလို႔ ဒီအမုန္းက အရမ္းကိုျပင္းထန္ပါသည္။ 9 နာရီထိုးေတာ့ ႐ႈဟိန္ဆီသြားခ်ိန္တန္ၿပီ..။ ငါ့ရဲ့ေရႊေပါင္ႀကီး.. အင္မတန္ေတာင့္တင္းၿပီး မွီခိုအားကိုးထိုက္ေသာ ေရႊေပါင္လံုးႀကီး..

႐ႈနင္က ေခါင္းအံုးကိုပိုက္ၿပီးထြက္လာေတာ့ ႏွလံုးသားရဲ့အနက္႐ိႈင္းဆံုးဆီကေန ေႏြးေထြးမႈကို ခံစားလိုက္ရသည္။ ႐ႈနင္ စာဖတ္ခန္းထဲဝင္လာေတာ့ ႐ႈဟိန္က ၿငိမ္သက္စြာျဖင့္ စာအုပ္တစ္အုပ္ဖတ္ေနသည္။

႐ႈနင္က ေခါင္းအံုးကို ဆိုဖာေပၚတင္ကာ အက်င့္ပါေနၿပီး စားပြဲေပၚကဓာတ္ဘူးအဖံုးကို ဖြင့္ၾကည့္ေတာ့ ႏို႔ေႏြးေႏြးေလးကို ေတြ႕လိုက္ရသည္။ ႐ႈဟိန္က သူ႔အတြက္ ႀကိဳျပင္ေပးထားပံုရသည္။

"အေမက ကၽြန္ေတာ့္ကို အိမ္တစ္လံုးဝယ္ဖို႔ ပိုက္ဆံေပးတယ္.."

"သူမေပးတာ ျငင္းလိုက္.."

ေတြ႕လား.. ႐ႈဟိန္က သူအလိမ္ခံရမွာကို စိုးရိမ္ေနတာပဲ..

"ဒါက ကိစၥမရွိပါဘူး.. အေမက လူရွာၿပီး အကုန္လုပ္ေပးမယ္လို႔ ေျပာတယ္.. ကၽြန္ေတာ္ မ်က္စိပြင့္နားပြင့္ၿပီး ေလာကႀကီးအေၾကာင္းကို နားလည္ေအာင္လို႔တဲ့.."

"သူမက မင္းကို မ်က္စိပြင့္ နားပြင့္ဖို႔ ခြင့္ျပဳမွာမဟုတ္ဘူး.."

"ကၽြန္ေတာ္က အေမေျပာတာကို ဘယ္လိုျငင္းရဲပါ့မလဲ.. သူမက ကၽြန္ေတာ့္အေမ ျဖစ္ေနတာကို.."

႐ႈနင္က ပန္းေရာင္သမ္းကာ စိုစြတ္ေသာႏႈတ္ခမ္းေလးကိုပြတ္ကာ ေျပာလိုက္သည္။

႐ႈဟိန္က ဘာမွျပန္မေျပာဘဲ ႐ႈနင္၏ႏႈတ္ခမ္းေလးကို စိုက္ၾကည့္ကာ လည္ဇလုတ္က လႈပ္ရွားသြားခဲ့သည္။ ႐ႈနင္က သူျပင္ဆင္ေပးေသာႏို႔ကို ေသာက္ေနတာၾကည့္ၿပီး ႐ႈဟိန္ရင္ထဲ ေအးခ်မ္းသြားသည္။ သူက ခ်င္ယြိက်ိဳးကို မ်က္စိထဲပင္ထည့္မထားေပ။ ခုေတာ့ သူမက သရဖူကိုရဖုိ႔ ႀကိဳးစားရဲေနၿပီေပါ့..၊ ၾကည့္ရတာ သူ႔ရဲ့အာ႐ံုစိုက္မႈေပးဖို႔ အခ်ိန္တန္ၿပီထင္တယ္.. ေကာင္းၿပီေလ.. ခ်င္ယြိက်ိဳး.. မင္း ဘာလုပ္မလဲ ၾကည့္ၾကေသးတာေပါ့..။

႐ႈနင္က ႏို႔ေသာက္ရင္း စိတ္ထဲေက်နပ္ႏွစ္သိမ့္သြားသည္။ ႏြားႏို႔တခ်ိဳ႕က ပါးစပ္ေဘးကစီးက်သြားလို႔ သူ႔လွ်ာႏွင့္ အျမန္သပ္လိုက္ရသည္။ အစ္ကိုႀကီးေရွ႕ ျဖစ္သလိုေနလို႔မေကာင္းေပ။ လွ်ာနီနီေလးက နႈတ္ခမ္းေဘးကႏြားႏို႔ကို ဝိုက္ကာလ်က္ေနသည္ကိုေတြ႕ေတာ့ ႐ႈဟိန္၏မ်က္လံုးအစံုက မည္းေမွာင္ၿပီး ႐ုတ္တရက္ထထြက္သြားခဲ့သည္။

႐ႈနင္က သူ တုိင္းရင္းေဆးသြားယူသလားလို႔ထင္ၿပီး လန္႔သြားခဲ့သည္။ တိုင္းရင္းေဆးခါးခါး၏အရသာကို သူမခံႏိုင္ေသာေၾကာင့္ ႐ႈနင္က အစ္ကိုႀကီးမလာခင္ အိပ္ႏွင့္ဖို႔ေတြးကာ ဆိုဖာဘက္ကိုၾကည့္လိုက္သည္။ ဆိုဖာေပၚမွာ သူသေဘာမက်သည့္ဖက္လံုးအားလံုး ေပ်ာက္သြားၿပီး သူသေဘာက်သည့္ ေႏြးေထြးေသာအေရာင္ေဖ်ာ့ႏွင့္ ေလးေထာင့္ဖက္လံုးမ်ားသာ က်န္ရစ္ခဲ့သည္။ ေစာင္အမည္းတစ္ထည္လည္း ရွိေနသည္။ ႐ႈနင္က အစ္ကိုႀကီး၏ဂ႐ုစိုက္မႈ၊ ၾကင္နာမႈေၾကာင့္ ရင္ခြင္တစ္ခုလံုး ေႏြးေထြးလံုၿခံဳသြားေတာ့သည္။ ဒါမွ ညီအစ္ကိုေတြကြ..။ ဒါကို ရန္သူလို႔ ဘယ္လိုေတြးလို႔ရမွာလဲ.. ေသြးသားရင္းခ်ာေတြကြ..

႐ႈဟိန္က သူ႔အိပ္ခန္းထဲဝင္ကာ ေရေအးႏွင့္ေလာင္းခ်ိဳးလိုက္သည္။ သူဘာေၾကာင့္ ပိုပိုၿပီး အထိမခံျဖစ္လာရတာလဲ..။ ညီေလးရဲ့ လွ်ာႏွင့္ႏႈတ္ခမ္းသပ္ေနသည့္ျမင္ကြင္းက ဘာေၾကာင့္ သူ႔ကို ဒီေလာက္ႏိုးၾကားလာေစတာလဲ..။

သူစာဖတ္ခန္းထဲျပန္ေရာက္ေတာ့ သူ႔ညီငယ္ေလးက ဆိုဖာထက္မွာ ေစာင္ၿခံဳၿပီး အိပ္လို႔ေနေလၿပီ။ ေပ်ာ့ေျပာင္းေသာဆံပင္မ်ားက ေခါင္းအံုးထက္မွာ ျပန္႔က်ဲကာ မ်က္ႏွာေသးေသးေလးက ခ်စ္စရာ၊ သနားစရာျဖစ္လို႔ေနသည္။ သူက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ..။ ႐ႈဟိန္က ဆိုဖာႀကီးေဘးမွာကပ္ထိုင္ကာ ႐ႈနင္၏ေဘးႏွစ္ဖက္မွ လက္ျဖင့္ေထာက္ကာ ဒီေသးသြယ္ကာလွပေသာ ေကာင္ေလးကို ေစ့ေစ့ၾကည့္ေနမိသည္။

••••••••••••••••••••
အခ်ိန္က ေရလိုလ်င္ျမန္စြာစီးဆင္းသြားၿပီး ႐ႈဟိန္တုိ႔ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေရာက္လာေလၿပီ။ ခ်င္ယြိက်ိဳးက ဝက္ေခ်းနံ႔နံကာ ရႊံ႕ဗြက္ေတြနဲ႔ျပည့္ေနသည့္ ဒုတိယေျမကြက္မွ ရြာေျမမ်ားကို ဝယ္ခဲ့သည္။ သူမအမည္မေဖာ္ဘဲ လွ်ိဳ႕ဝွက္လုပ္ေဆာင္ကာ အက်ိဳးအျမတ္ရဖို႔ကို ႀကိဳတင္စိတ္ကူးယဥ္ေနသည္။

သူမက ႐ႈနင္ကို ဒီရြာေျမဝယ္ရာမွာ မ်က္ႏွာျပေစသည္။ ႐ႈနင္၏ ေတာက္ပလွပေသာပံုစံ၊ ေဖာ္ေရြကာ ယဥ္ေက်းေသာစကားေျပာပံု၊ ဗဟုသုတျပည့္စံုမႈေၾကာင့္ ဒီကေလးက ႀကီးလာရင္ ဒီထက္ေအာင္ျမင္မည္ဟု လူတုိင္းက ေတြးေနၾကသည္။

စာေမးပြဲခန္းကထြက္ေတာ့ ႐ႈဟိန္ကို မိန္းမလွေလးတစ္ေယာက္က လမ္းပိတ္ထားခဲ့သည္။ ရႊီက်င္းက ႏႈတ္ဆက္ပါတီလုပ္မွာကို လူမ်ားစြာ ဖိတ္ၾကားထားသည္။ သူတုိ႔ေက်ာင္းက Queen ခ်ိန္ေယာင္က်င္းကိုယ္တိုင္ ႐ႈဟိန္ေရွ႕ေရာက္လာမယ္လို႔ ဘယ္သူမွထင္မထားၾကေပ။

"စကားေျပာဖို႔ ခဏေလာက္အားလားဟင္.."

ေဘးပတ္ဝန္းက်င္က လူအားလံုး၏မ်က္ႏွာက တြန္႔႐ံႈ႕ကုန္သည္။ တခ်ိဳ႕က ႐ႈဟိန္ကိုသိေပမယ့္ တခ်ိဳ႕က မသိၾကေပ။ ဒါေပမယ့္ သူဝတ္ထားသည့္ Branded ဝတ္စံု၊ ဆြစ္ဇာလန္က အကန္႔အသတ္ႏွင့္ထုတ္ေသာ နာရီကိုၾကည့္ၿပီး ခ်မ္းသာေသာဒုတိယမ်ိဳးဆက္မွ သူေဌးသားဆိုတာေတာ့ ခန္႔မွန္းမိၾကသည္။

"ဒါက တကယ့္ပြဲႀကီးပြဲေကာင္းပဲ.."

႐ႈဟိန္က ေအးစက္စက္အမူအယာျဖင့္ မိန္းမလွေလးကို မညွာမတာျငင္းလိုက္သည္။

"အခ်ိန္မရွိဘူး.."

ရႊီက်င္းက ကသိကေအာက္ႏွင့္ ရယ္လိုက္သည္။ ေသြးေအးေသာ အထီးက်န္နတ္ဘုရား႐ႈဟိန္က မိန္းမလွေလးရယ္လို႔ မ်က္ႏွာသာေပးရေကာင္းမွန္းမသိ၊ လူလယ္ေခါင္မွာ ရက္ရက္စက္စက္ ျငင္းပယ္လိုက္ေလၿပီ။ အရင္မိန္းကေလးကိုေတာင္ မင္းက ပိုဂ႐ုစိုက္လိုက္ေသးတယ္မလား။ အျငင္းစကားကိုေတာင္ လူမရွိရာမွာ ေျပာလိုက္ေသးတယ္။ ဒီလိုပံုမ်ိဳးနဲ႔ဆို ႐ႈဟိန္ေဘး ဘယ္သူမွထပ္ကပ္ရဲမည္ မဟုတ္ေတာ့ေပ။ သူတို႔သေဘာက်ေသာသူကို စံျပနတ္ဘုရားတစ္ပါးလို ႀကိတ္ခ်စ္ေနရေသာ မိန္းကေလးမ်ားကို စာနာသင့္တယ္မထင္ဘူးလား။

အလွနတ္ဘုရားမေလးက ၿပံဳးကာ လက္ေလွ်ာ့လိုက္ေပမယ့္ တစ္ခါမွအျငင္းမခံရေသာမိန္းကေလးက ခုလိုလြယ္လြယ္ေတာ့ မျပန္သြားႏိုင္ေပ။ သူမက ႐ႈဟိန္ကိုၾကည့္ကာ ေမးလိုက္သည္။

"ရွင့္ႏွလံုးသားထဲမွာ တစ္ေယာက္ေယာက္ ရွိႏွင့္ေနၿပီလားဟင္.."

=========================

Chapter (25) - ရှင်နှလုံးသားထဲမှာ တစ်ယောက်ယောက် ရှိနှင့်နေပြီလား..

ဒါ ဘာမှမဖြစ်ဘူးလား..

ရှုနင်က ဘာမှမလှုပ်ပေ။ ချင်ယွိကျိုးဘဝတလျှောက်လုံး အလုပ်ကြိုးစားတယ်ဆိုတာ လူချမ်းသာကြီးရှုချိန်နှင့် လက်ထပ်ခွင့်ရဖို့ အထင်မြင်ကောင်း တည်ဆောက်နေတာဖြစ်တယ်ဆိုတာ သူ ကောင်းကောင်းသိသည်။ အခုတော့ အခြေအနေတွေက မတူတော့ဘူး။ ဒီမြေကွက်ကိစ္စက ချင်ယွိကျိုးကို ဖိအားဖြစ်စေခဲ့လေပြီ။ ရှုနင်က သူ့အမေ ပြန်လည်ခံစားရဖို့ တမင်ပြောလိုက်တာဖြစ်သည်။ လူချမ်းသာတွေရဲ့သောကကို ခံစားလိုက်ပါဦး ဟား.. ဟား.. ဟား..

"မင်း..  မင်းသိလား.. အမေက ရှုဟိန်ကိုပြိုင်တာ ရှုံးသွားခဲ့တယ်.."

ချင်ယွိကျိုး၏အမူအယာက ခါးသီးလာပြီး မျက်ဝန်းထဲမှာ ခံပြင်းဒေါသမျက်ရည်တို့ ဝဲလာသည်။

ရှုနင်က သူမကို တိတ်ဆိတ်စွာကြည့်ပြီး နှစ်သိမ့်မှုမပေးပေ။

ချင်ယွိကျိုးက သူမသား၏ ထုံထိုင်းသောအမူအယာကိုကြည့်ကာ ရင်ထဲမှ ဒေါသထွက်သွားသည်။

"ဒီမနက် မင်းပြောတဲ့အချက်ကို မင်းအဖေဆီမှာ ငါသေချာမေးလိုက်မယ်.. ငါ မင်းနာမည်ကို မပြောပါဘူး.. အပြင်က ကောလာဟလတွေ ကြားလာတယ်လို့ပဲ ပြောလိုက်မယ်.. ဒါကြောင့် ဒီအကြောင်းတွေ ဘယ်သူ့ကိုမှမပြောနဲ့ ကြားလား.. အမေတို့မိသားစု ဒီကိစ္စမှာပါနေတာ ဘယ်သူမှသိလို့မဖြစ်ဘူး.."

"ဟုတ်ကဲ့.."

"အမေက မင်းအဖိုးဆီက အထင်ကြီးမှုကိုရဖို့ ရလဒ်ကောင်းထွက်အောင် ကြိုးစားရဦးမယ်.."

ချင်ယွိကျိုးက စကားကို တစ်ပိုင်းတစ်စပဲပြောပေမယ့် ဒီစကားက ရှုနင်ကို မလှည့်စားနိုင်ပေ။ ချင်ယွိကျိုး၏ဗိုက်ထဲက နာလာသလို ခံစားလိုက်ရသည်။

"နင်နင်.. အမေက မင်းကိုပဲ အားကိုးရတော့မယ်.. မင်း ဒီထက်ကြိုးစားရမယ်နော်.. အမေ အိမ်နဲ့လက်ဝတ်လက်စားရောင်းပြီး မင်းကိုပိုက်ဆံပေးမယ်.. ဒီငွေနဲ့ ဒုတိယမြေကွက်မှာ မြေဝယ်ပြီး ရင်းနှီးမြှုပ်နှံပါ.. မင်းအရည်အချင်းကို အဖေနဲ့အဖိုး သတိထားမိအောင်လုပ်ပြီး ဒီမိသားစုမှာ ခြေကုတ်ရအောင်ကြိုးစားရမယ်.. ဘာမှမကြောက်နဲ့.. ရှုဟိန်က မင်းကိုအနိုင်မကျင့်စေဖို့ အမေသေချာစီစဉ်ပေးမယ်.. ဒါကြောင့် အမေခင်းပေးတဲ့လမ်းမှာ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းခဲ့ပေတော့.."

ရှုနင် တိတ်တခိုးရယ်လိုက်မိသည်။ သူစောင့်နေတာလည်း ဒီဟာပဲဖြစ်သည်။ ချင်ယွိကျိုးက သူ့ကို အခွင့်အရေးဖန်တီးပေးတာ သူစိတ်မဆိုးပေ။ ဒါပေမယ့် အရင်ဘဝတုန်းကလိုတော့ သူ လုပ်တော့မည်မဟုတ်ပေ။ ဒါပေမယ့် သူကြုံတွေ့ခဲ့ရသမျှကို သက်သေတော့ ရယူရမည်။ ဒါကလည်း အရင်ဘဝက ချင်ယွိကျိုးငှားထားသော လူများ သင်ပေးခဲ့သည့်ပညာဖြစ်သည်။ သူမကျေးဇူးကြောင့် အခု သူက ချင်ယွိကျိုးကို အလွယ်တကူ ပြန်အသုံးချနိုင်တာဖြစ်သည်။ အခုရင်းနှီးမှုအားလုံးက ရှုနင်၏နာမည်အောက်မှာပဲ ရှိရတော့မည်မဟုတ်လား။

ဟား.. ဟား.. ဟား..

ချင်ယွိကျိုးက သူမလိုချင်သလို အကွက်ချပြီးတော့ ကျေနပ်စွာပြုံးလိုက်သည်။ ရှုနင်က 13 နှစ်ပဲရှိသေးသည်။ ဒီအရွယ်လေးနှင့် မြေတွေ၊ အိမ်တွေမှာ ရင်းနှီးမြှပ်နှံတတ်တယ်ဆိုရင် သူက ပါရမီရှင်ပဲမဟုတ်လား။ ရှုဟိန်က ရှုမိသားစုကို အကျိုးအမြတ်ရအောင် လုပ်ပေးနေတယ်ဆိုရင် သူက ရှုနင်ကို လူမသိသူမသိ တိတ်တဆိတ်လှုပ်ရှားစေမည်။ ရှုဟိန်သိသွားရင် ဝင်ရောက်နှောင့်ယှက်လို့ ရလဒ်ပြောင်းပြန်ဖြစ်သွားနိုင်သည်။ အစိုးရက တရားဝင်ကြေငြာချိန်မှာ ရှုနင်ဆီမှာ ဝယ်ထားသည့်မြေကွက်တွေကနေ အကျိုးအမြတ်ရလို့ သူ့နာမည်လည်း သေချာပေါက်ကျော်ကြားလာလိမ့်မည်။ ဒီနည်းနဲ့ဆို သူမ၏နေရာကို ကောင်းစွာကာကွယ်နိုင်နေပြီမဟုတ်လား။

ချင်ယွိကျိုးက တွေးပြီး ကျေနပ်စွာရယ်မောလိုက်သည်။

••••••••••••••••••••

ရှုနင် ကျောင်းကပြန်လာတော့ သူ့အခန်းထဲမှာ သင်္ချာပုစ္ဆာကို တိတ်ဆိတ်စွာကြည့်နေရင်း အရင်ဘဝက သူ့အမေ၏လုပ်ရပ်ကို ပြန်တွေးနေမိသည်။

ရှုဟိန်က ရာဇဝတ်မှုအထောက်အထားကို သူ မလွှင့်ခဲ့ပါဘူးဟု ပြောသည်ကို ရှုနင် ယုံကြည်ခဲ့သည်။ ကိစ္စတွေ အမြန်ဖြစ်သွားပြီးနောက် သူ့အမေက မျက်ရည်မျက်ခွက်နှင့် လာတွေ့စဉ်က သူ့ညီလေးက ငယ်သေးသည်၊ သူ့ညီရဲ့ဘဝကို မြှင့်တင်ဖို့ အမေက သူ့ဘဝကို ချနင်းပစ်ခဲ့သည်။ မကောင်းတာလုပ်ဖို့ တွန်းအားပေးပြီး ထိုသက်သေကို အမေကိုယ်တိုင်ပဲ သတင်းထောက်တွေဆီ ဖြန့်ခဲ့သည်။ ဒီလိုနဲ့ သူ့ကို လွယ်လွယ်နဲ့ရိုက်ချနိုင်ပြီး သူရှာဖွေထားသမျှ အကျိုးအမြတ်အကုန်ကို ညီဖြစ်သူရှုယောင်က ရရှိခဲ့သည်။

အငြှိုးနှင့်သေဆုံးပြီး ပြန်လည်မွေးဖွားလာတော့ ချင်ယွိကျိုးနှင့် သားအမိပြန်ဖြစ်ရပြန်သည်။ ဒါပေမယ့် သူတို့က ရင်းနှီးသောသားအမိတော့ မဖြစ်နိုင်တော့ပေ။ ချင်ယွိကျိုးက ဘာကြောင့် သူ့ကို ခုလိုဆက်ဆံရတာလဲ..။ တစ်ဘဝတင်မက နှစ်ဘဝဆက်တိုက် သူမက ဘာကြောင့် သားအရင်းဖြစ်သောသူ့ကို နင်းခြေချင်ရတာလဲ..။ သားအမိဖြစ်နေပြီဖြစ်လို့ တစ်ဘဝလုံး ပတ်သက်ရပေတော့မည်။

"အမေက သူ့ကို အသုံးချချင်တယ်ဆိုရင် သူလည်း ပါဝင်ကစားပေးရမှာပေါ့.. အမေသေတဲ့အထိ ဒီကစားပွဲကို ကျွန်တော် ကစားပေးပါ့မယ်.. အမေလိုချင်တဲ့အရာအားလုံးကို ဖျက်ဆီးပြမယ်.. အမေ့ရဲ့စည်းစိမ်တွေကို ကျွန်တော်ဖြုန်းတီးပေးပါ့မယ်.. ရှုယောင်.. မင်းမြန်မြန်မွေးဖွားလာပါတော့.. အစ်ကိုကြီးက မင်းကို အများကြီး အများကြီး ချစ်ပေးပါ့မယ်.."

ရှုနင်၏မျက်နှာထက်က အပြုံးက ကလေးနှင့်မမျှအောင် ရက်စက်လို့နေသည်။

သူ အရမ်းမုန်းသည်။ နှစ်ပေါင်း 20 တိတိ မြိုသိပ်ထားခဲ့ရလို့ ဒီအမုန်းက အရမ်းကိုပြင်းထန်ပါသည်။ 9 နာရီထိုးတော့ ရှုဟိန်ဆီသွားချိန်တန်ပြီ..။ ငါ့ရဲ့ရွှေပေါင်ကြီး.. အင်မတန်တောင့်တင်းပြီး မှီခိုအားကိုးထိုက်သော ရွှေပေါင်လုံးကြီး..

ရှုနင်က ခေါင်းအုံးကိုပိုက်ပြီးထွက်လာတော့ နှလုံးသားရဲ့အနက်ရှိုင်းဆုံးဆီကနေ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ရှုနင် စာဖတ်ခန်းထဲဝင်လာတော့ ရှုဟိန်က ငြိမ်သက်စွာဖြင့် စာအုပ်တစ်အုပ်ဖတ်နေသည်။

ရှုနင်က ခေါင်းအုံးကို ဆိုဖာပေါ်တင်ကာ အကျင့်ပါနေပြီး စားပွဲပေါ်ကဓာတ်ဘူးအဖုံးကို ဖွင့်ကြည့်တော့ နို့နွေးနွေးလေးကို တွေ့လိုက်ရသည်။ ရှုဟိန်က သူ့အတွက် ကြိုပြင်ပေးထားပုံရသည်။

"အမေက ကျွန်တော့်ကို အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံပေးတယ်.."

"သူမပေးတာ ငြင်းလိုက်.."

တွေ့လား.. ရှုဟိန်က သူအလိမ်ခံရမှာကို စိုးရိမ်နေတာပဲ..

"ဒါက ကိစ္စမရှိပါဘူး.. အမေက လူရှာပြီး အကုန်လုပ်ပေးမယ်လို့ ပြောတယ်.. ကျွန်တော် မျက်စိပွင့်နားပွင့်ပြီး လောကကြီးအကြောင်းကို နားလည်အောင်လို့တဲ့.."

"သူမက မင်းကို မျက်စိပွင့် နားပွင့်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး.."

"ကျွန်တော်က အမေပြောတာကို ဘယ်လိုငြင်းရဲပါ့မလဲ.. သူမက ကျွန်တော့်အမေ ဖြစ်နေတာကို.."

ရှုနင်က ပန်းရောင်သမ်းကာ စိုစွတ်သောနှုတ်ခမ်းလေးကိုပွတ်ကာ ပြောလိုက်သည်။

ရှုဟိန်က ဘာမှပြန်မပြောဘဲ ရှုနင်၏နှုတ်ခမ်းလေးကို စိုက်ကြည့်ကာ လည်ဇလုတ်က လှုပ်ရှားသွားခဲ့သည်။ ရှုနင်က သူပြင်ဆင်ပေးသောနို့ကို သောက်နေတာကြည့်ပြီး ရှုဟိန်ရင်ထဲ အေးချမ်းသွားသည်။ သူက ချင်ယွိကျိုးကို မျက်စိထဲပင်ထည့်မထားပေ။ ခုတော့ သူမက သရဖူကိုရဖို့ ကြိုးစားရဲနေပြီပေါ့..၊ ကြည့်ရတာ သူ့ရဲ့အာရုံစိုက်မှုပေးဖို့ အချိန်တန်ပြီထင်တယ်.. ကောင်းပြီလေ.. ချင်ယွိကျိုး.. မင်း ဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့..။

ရှုနင်က နို့သောက်ရင်း စိတ်ထဲကျေနပ်နှစ်သိမ့်သွားသည်။ နွားနို့တချို့က ပါးစပ်ဘေးကစီးကျသွားလို့ သူ့လျှာနှင့် အမြန်သပ်လိုက်ရသည်။ အစ်ကိုကြီးရှေ့ ဖြစ်သလိုနေလို့မကောင်းပေ။ လျှာနီနီလေးက နှုတ်ခမ်းဘေးကနွားနို့ကို ဝိုက်ကာလျက်နေသည်ကိုတွေ့တော့ ရှုဟိန်၏မျက်လုံးအစုံက မည်းမှောင်ပြီး ရုတ်တရက်ထထွက်သွားခဲ့သည်။

ရှုနင်က သူ တိုင်းရင်းဆေးသွားယူသလားလို့ထင်ပြီး လန့်သွားခဲ့သည်။ တိုင်းရင်းဆေးခါးခါး၏အရသာကို သူမခံနိုင်သောကြောင့် ရှုနင်က အစ်ကိုကြီးမလာခင် အိပ်နှင့်ဖို့တွေးကာ ဆိုဖာဘက်ကိုကြည့်လိုက်သည်။ ဆိုဖာပေါ်မှာ သူသဘောမကျသည့်ဖက်လုံးအားလုံး ပျောက်သွားပြီး သူသဘောကျသည့် နွေးထွေးသောအရောင်ဖျော့နှင့် လေးထောင့်ဖက်လုံးများသာ ကျန်ရစ်ခဲ့သည်။ စောင်အမည်းတစ်ထည်လည်း ရှိနေသည်။ ရှုနင်က အစ်ကိုကြီး၏ဂရုစိုက်မှု၊ ကြင်နာမှုကြောင့် ရင်ခွင်တစ်ခုလုံး နွေးထွေးလုံခြုံသွားတော့သည်။ ဒါမှ ညီအစ်ကိုတွေကွ..။ ဒါကို ရန်သူလို့ ဘယ်လိုတွေးလို့ရမှာလဲ.. သွေးသားရင်းချာတွေကွ..

ရှုဟိန်က သူ့အိပ်ခန်းထဲဝင်ကာ ရေအေးနှင့်လောင်းချိုးလိုက်သည်။ သူဘာကြောင့် ပိုပိုပြီး အထိမခံဖြစ်လာရတာလဲ..။ ညီလေးရဲ့ လျှာနှင့်နှုတ်ခမ်းသပ်နေသည့်မြင်ကွင်းက ဘာကြောင့် သူ့ကို ဒီလောက်နိုးကြားလာစေတာလဲ..။

သူစာဖတ်ခန်းထဲပြန်ရောက်တော့ သူ့ညီငယ်လေးက ဆိုဖာထက်မှာ စောင်ခြုံပြီး အိပ်လို့နေလေပြီ။ ပျော့ပြောင်းသောဆံပင်များက ခေါင်းအုံးထက်မှာ ပြန့်ကျဲကာ မျက်နှာသေးသေးလေးက ချစ်စရာ၊ သနားစရာဖြစ်လို့နေသည်။ သူက အရမ်းချစ်ဖို့ကောင်းတာပဲ..။ ရှုဟိန်က ဆိုဖာကြီးဘေးမှာကပ်ထိုင်ကာ ရှုနင်၏ဘေးနှစ်ဖက်မှ လက်ဖြင့်ထောက်ကာ ဒီသေးသွယ်ကာလှပသော ကောင်လေးကို စေ့စေ့ကြည့်နေမိသည်။

••••••••••••••••••••
အချိန်က ရေလိုလျင်မြန်စွာစီးဆင်းသွားပြီး ရှုဟိန်တို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရောက်လာလေပြီ။ ချင်ယွိကျိုးက ဝက်ချေးနံ့နံကာ ရွှံ့ဗွက်တွေနဲ့ပြည့်နေသည့် ဒုတိယမြေကွက်မှ ရွာမြေများကို ဝယ်ခဲ့သည်။ သူမအမည်မဖော်ဘဲ လျှို့ဝှက်လုပ်ဆောင်ကာ အကျိုးအမြတ်ရဖို့ကို ကြိုတင်စိတ်ကူးယဉ်နေသည်။

သူမက ရှုနင်ကို ဒီရွာမြေဝယ်ရာမှာ မျက်နှာပြစေသည်။ ရှုနင်၏ တောက်ပလှပသောပုံစံ၊ ဖော်ရွေကာ ယဉ်ကျေးသောစကားပြောပုံ၊ ဗဟုသုတပြည့်စုံမှုကြောင့် ဒီကလေးက ကြီးလာရင် ဒီထက်အောင်မြင်မည်ဟု လူတိုင်းက တွေးနေကြသည်။

စာမေးပွဲခန်းကထွက်တော့ ရှုဟိန်ကို မိန်းမလှလေးတစ်ယောက်က လမ်းပိတ်ထားခဲ့သည်။ ရွှီကျင်းက နှုတ်ဆက်ပါတီလုပ်မှာကို လူများစွာ ဖိတ်ကြားထားသည်။ သူတို့ကျောင်းက Queen ချိန်ယောင်ကျင်းကိုယ်တိုင် ရှုဟိန်ရှေ့ရောက်လာမယ်လို့ ဘယ်သူမှထင်မထားကြပေ။

"စကားပြောဖို့ ခဏလောက်အားလားဟင်.."

ဘေးပတ်ဝန်းကျင်က လူအားလုံး၏မျက်နှာက တွန့်ရှုံ့ကုန်သည်။ တချို့က ရှုဟိန်ကိုသိပေမယ့် တချို့က မသိကြပေ။ ဒါပေမယ့် သူဝတ်ထားသည့် Branded ဝတ်စုံ၊ ဆွစ်ဇာလန်က အကန့်အသတ်နှင့်ထုတ်သော နာရီကိုကြည့်ပြီး ချမ်းသာသောဒုတိယမျိုးဆက်မှ သူဌေးသားဆိုတာတော့ ခန့်မှန်းမိကြသည်။

"ဒါက တကယ့်ပွဲကြီးပွဲကောင်းပဲ.."

ရှုဟိန်က အေးစက်စက်အမူအယာဖြင့် မိန်းမလှလေးကို မညှာမတာငြင်းလိုက်သည်။

"အချိန်မရှိဘူး.."

ရွှီကျင်းက ကသိကအောက်နှင့် ရယ်လိုက်သည်။ သွေးအေးသော အထီးကျန်နတ်ဘုရားရှုဟိန်က မိန်းမလှလေးရယ်လို့ မျက်နှာသာပေးရကောင်းမှန်းမသိ၊ လူလယ်ခေါင်မှာ ရက်ရက်စက်စက် ငြင်းပယ်လိုက်လေပြီ။ အရင်မိန်းကလေးကိုတောင် မင်းက ပိုဂရုစိုက်လိုက်သေးတယ်မလား။ အငြင်းစကားကိုတောင် လူမရှိရာမှာ ပြောလိုက်သေးတယ်။ ဒီလိုပုံမျိုးနဲ့ဆို ရှုဟိန်ဘေး ဘယ်သူမှထပ်ကပ်ရဲမည် မဟုတ်တော့ပေ။ သူတို့သဘောကျသောသူကို စံပြနတ်ဘုရားတစ်ပါးလို ကြိတ်ချစ်နေရသော မိန်းကလေးများကို စာနာသင့်တယ်မထင်ဘူးလား။

အလှနတ်ဘုရားမလေးက ပြုံးကာ လက်လျှော့လိုက်ပေမယ့် တစ်ခါမှအငြင်းမခံရသောမိန်းကလေးက ခုလိုလွယ်လွယ်တော့ မပြန်သွားနိုင်ပေ။ သူမက ရှုဟိန်ကိုကြည့်ကာ မေးလိုက်သည်။

"ရှင့်နှလုံးသားထဲမှာ တစ်ယောက်ယောက် ရှိနှင့်နေပြီလားဟင်.."

=========================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now