(U+Z) Chapter (140) _ ဒါက ...... ငါ့ချွေးမကွ!

10K 1.7K 26
                                    

Chapter (140) _  ဒါက ...... ငါ့ချွေးမကွ!  


ဟုတ်တယ်။ သူက လူတစ်ယောက်ကို တွေ့နေပြီ။ ဒါပေမယ့် ဒီမေးခွန်းကိုမေးခဲ့သူက စစ်ထူထုံးဖြစ်နေတယ်။ သူ ဘယ်လိုပြန်ဖြေရမှာလဲ....

စစ်ထူထုံးက တစ်စုံတစ်ခုကိုသတိပြုမိနေလို့လား... ဒါမှမဟုတ် သူ့ဆီက တခုခုကို သိချင်လို့ စုံစမ်းစစ်ဆေးနေတာများလား။ ကြည့်ရတာကတော့ သူက ဒီအတိုင်းမေးလိုက်ပုံရတယ်ဆိုပေမယ့် သူက အခုမှ အသက် 17 နှစ်ရှိသေးတယ်လေ။ ဘာကြောင့် အသက် 22 ရှိပြီးတဲ့ အကိုကြီးကို သွားမမေးတာလဲ...

 ဒါပေမယ့် ရှုနင်က စစ်ထူထုံးကို မကြောက်ပေ။ ဒီလူက တပ်မှုးကြီးဖြစ်ပေမယ့် သူ့သားဆီက အသိမှတ်ပြုထားခြင်း မခံရတဲ့ သူပဲ မဟုတ်လား။
 
ပြုံးနေသော ရှုနင်က ဘာမှပြန်မဖြေပဲ ခေါင်းသာငြိမ့်လိုက်ကာ လက်ဖက်ရည်ကို အသာလေး စုပ်သောက်လိုက်သည်။
 
ထိုအခိုက်အတန့်တွင်အခန်းထဲက လုံးဝတိတ်ဆိတ်သွားပြီး စစ်ထူထုံး၏ရင်ထဲ ထူးခြားမှုကို ခံစားလိုက်ရသည်။ ဒီကလေး ရှုနင်က တကယ် မဆိုးဘူး၊ ရှုဟိန်က ယောကျာ်းလေးတစ်ယောက်မှ ကျရှုံးသွားမယ်ဆိုရင် အဲ့လူက ရှုနင်ပဲဖြစ်သင့်တယ်လို့ စစ်ထူထုံးက အမှတ်ပြည့်ပေးလိုက်သည်။

အရင်ကတော့ သူက ရှုဟိန်နှင့် ရင်းနှီးချင်သောကြောင့် ရှုနင်ကို ဝင်လုံးကာ မျက်နှာချိုသွေးခဲ့ပေမယ့် အခုက ရှုနင်ကို သူ့ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ သဘောကျလာခဲ့သည်။ ရှုနင်အပေါ် စစ်ထူထုံး၏ အမြင်က လုံးဝ ပြောင်းလဲသွားခဲ့သည်။

 ဒါက ...... ငါ့ချွေးမကွ!  

သူတို့ မှာထားတဲ့ ဟင်းပွဲတွေ ရောက်လာတော့  သူ မသိတဲ့ဟင်းလျာတွေက အနည်းဆုံးတစ်ဝက်လောက်ဖြစ်ကာ ဟင်းပွဲ အသစ်တွေဖြစ်နေပြီး ရှုနင်က အတော်လေးကို ဗဟုသုတရသွားခဲ့သည်။

သူကအရင်တုန်းက ဒီစားသောက်ဆိုင်အကြောင်းကို ကြားဖူးတယ်၊ ဒါပေမယ့်သူ ကိုယ်တိုင်မရောက်ဖူးဘူး၊ ခုတော့ စမ်းစားဖို့ အခွင့်ကြုံပြီ။ ကံကောင်းလိုက်တာ။ သူ့ထက် အကြီးက စားသောက်ဖို့ တူကို မလှုပ်ရှားသေးသရွေ့ ရှုနင်က မလှုပ်ရှားပေ။ ရှုနင်က ဒီလို ကျင့်ဝတ်လေးတွေ လိုက်နာတတ်သောကြောင့် စစ်ထူထုံးခမျာ အမှတ်ပြည့်ပေးလိုက်ပြန်သည်။ ဒီဟာကို ရှုနင်သိခဲ့ရင် ငိုရမလား၊ ရယ်ရမလား မသိလောက်တော့ပေ။

  သူတို့နှစ်ယောက်စကားသောက်ကာ စကားစမြည်ပြောနေစဉ် စစ်ထူထုံးက  အကြောင်းရာ ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

 ရှုနင်က ပါးနပ်သူဖြစ်လို့ ပွင့်လင်းစွာမေးလိုက်သည်။


  "ဦး လေး၊ ဦးလေး ပြောချင်တဲ့စကားများ ရှိသလား၊ အဲဒါ ...... ဦး လေးသားရဲ့ အချစ်ရေးအကြောင်းကို သိချင်လို့လား.... "

စစ်ထူထုံးကို ဘယ်သူမှတ်နေလို့လဲ။ ထုံးစံအတိုင်း ရှုနင်က သူ့ဘက်ကို ဘော်လီဘော ပုတ်လိုက်တာကို သိသည်။   

 "အင်း...သူတို့က ငယ်ငယ်လေးကတည်းက  ငယ်သူငယ်ချင်းတွေ အတူူတူရှိနိုင်တာပေါ့၊ အဲဒီတုန်းက ငါ သတိမထားခဲ့ မိဘူး၊ ဒါပေမယ့်အခု သူတို့က ဆယ်ကျော်သက် ချစ်ခြင်းတွေဖြစ်လာနိုင်တယ်။ မင်းက အသက်မပြည့်သေးဘူး။ ဒါပေမယ့် ဦးလေးက မင်းတို့ အသက်ရွယ်ကလေးတွေက ဒီလိုအရွယ်က ချစ်ခြင်းနဲ့ပတ်သတ်ပြီး ဘယ်လိုထင်သလဲဆိုတာ ဦးလေး သိချင်တယ်   "

"သူတို့ရဲ့လေ့လာမှုတွေကို မထိခိုက်သရွေ့တော့ ကောင်းတယ်လို့ဘဲ ကျွန်တော် ထင်တယ်။ ဒါက ဒီအတိုင်း အချစ်ရေးလေး တစ်ခုဆိုရင် ဘာမှ ကြီးကြီးကျယ်ကျယ် ဖြစ်မှာမှ မဟုတ်ဘူးမလား"

"ဒါက ဒီအတိုင်း အချစ်ရေး တစ်ခု မဟုတ်ဘူး။ အဲ့ဒါက အရမ်းနက်ရှိုင်းတဲ့အချစ်မျိုးဆိုရင်ကော။ "

"ဦးလေးက အဲ့လို အချစ်မျိုးကို ဆန့်ကျင်တာလား၊"

 ရှုနင်က တဲ့တိုးမေးဖို့ကြိုးစားခဲ့ပေမယ့် စစ်ထူထုံးက ဖြေရခက်နေသည်။ တကယ်ဆိုရင် ရှုနင်က ဒီမေးခွန်းကို မမေးပဲ နေလိုက်လို့ရပေမယ့် အရာအားလုံးကို ရှုဟိန်တစ်ယောက်တည်းကပဲ ရင်ဆိုင်ကာ ရုန်းကနေရသည်ကို မမြင်ချင်ပေ။ ချစ်သူတွေဖြစ်လို့ သူလည်း ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းချင်သေးသည်။ သူက အပြင်ပိုင်းမှာ 17 နှစ်ဆိုပေမယ့် အတွင်းစိတ်က အသက် 30 ဦးလေးကြီးဖြစ်နေပြီမဟုတ်လား။  ရှုနင်ကခေါင်းကိုမော့လိုက်ပြီး သူ့အကြည့်တွေက စိမ်ပြေနပြေဖြင့် စစ်ထူထုံးကို ကြည့်ကာ မေးလိုက်သည်။

 "ဦးလေး...တစ်ခုခုကို ဖုံးကွယ်ထားသေးလား"

တကယ်လို့ စစ်ထူးထုံးက သူ့သားကြိုက်နေတာက ယောကျာ်းတစ်ယောက်ဆိုတာ ဖွင့်ပြောလိုက်ရင် ရှုနင်က ချင်ချင်း သဘောပေါက်နိုင်လိမ့်မည်။
 
ထုံးစံအတိုင်း စစ်ထူထုံးက ပြုံးကာ ရှင်းပြလိုက်သည်။

 "ငါ့သားကြိုက်တာက ယောက်ျားလေးပါ"


ရှုနင်က ဘယ်လောက်တောင် အံ့သြစရာကောင်းပါစေ သူက စစ်ထူထုံးနှင့် ယှဉ်ပြိုင်နိုင်ဖို့ ရှုနင် အယောက်တစ်သောင်းပေါင်းရင်တောင် မမှီနိုင်ပေ။ စစ်ထူထုံးက တိုက်ရိုက်ဖွင့်ချလိုက်ပြီးနောက် ရှုနင် ဘာဆက်ပြောမလဲဆိုတာကို  စောင့်ကြည့်နေတယ်။

ရှုနင်ကအလွန်လျင်မြန်စွာပြန်ပြောလိုက်သည်

 "ဦး လေး၊ အဲ့ဒီလူကို မုန်းသလား။ "

စစ်ထူထုံးက သူ့လက်ထဲက ထမင်းစားတူကို ချလိုက်ပြီး ရှုနင်အတွက် လက်ဖက်ရည်တခွက်ဌဲ့ပေးကာ ပြောလိုက်သည်။

 "ဒီမှာက ယောကျာ်းတစ်ယောက် အခြားယောကျာ်းတစ်ယောက်နဲ့ အတူနေတဲ့အတွက် ပြသနာဖြစ်နေတယ်လို့ မင်းထင်နေတာလား... "

" မတူညီတဲ့ မျိုးဆက်ကလူတွေက ဒီလို  ချစ်ခြင်းနဲ့ပတ်သတ်ပြီး အတွေးတွေ မတူကြဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသားထဲက ချစ်ခြင်းတွေအတွက် အသက်ရွယ်၊ မိသားစုနောက်ခံ၊ငွေကြေး၊အဆင့်တန်းတွေက အဓိက အဟန့်အတားဖြစ်လိမ့်မယ်လို့ ဦးလေး ထင်ကောင်းထင်လိမ့်မယ်။   အဲ့ဒါက အဓိက မဟုတ်ဘူး။ တကယ်လို့ ဦးလေးနဲ့ အရာအားလုံး ကိုက်ညီတဲ့လူကို တွေ့တယ်ဆိုပေမယ့် ဦးလေး အဲ့လူကို မချစ်ဘူးဆိုရင် တစ်သက်လုံး သူတို့နဲ့ အတူနေဖို့ခက်တယ် မဟုတ်လား။ "

"မင်းချစ်တဲ့လူတစ်ယောက်ကို တွေ့ခဲ့ရင် အဲ့လူနဲ့ တသက်လုံး မကွာရှင်းပဲ အတူနေနိုင်မယ်လို့ မင်း  သေချာနိုင်ရဲ့လား။ "

"ဟုတ်ပါတယ်၊  အခု ဘယ်လောက်ပဲချစ်နေကြပါစေ၊ ကွာရှင်းဖို့ဆိုတာက ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့် ကိုယ် မချစ်တဲ့လူနဲ့အတူနေရင်ကော.... မကွာရှင်းကြတော့ဘူးတဲ့လား။ ဦးလေး..ကျွန်တော်က အငယ်ပါ။ ဒီလိုအကြောင်းရာကို ဦးလေးနဲ့ ပြောတာ အဆင်မပြေလောက်ဘူး။ ဦးလေးက သူနဲ့ သေချာစကားပြောပြီး သူ ဘယ်လိုတွေးတယ်ဆိုတာ သိအောင်လုပ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါမှ နှစ်ယောက်သားအကြားမှာ အထင်လွဲမှားမှုတွေကို  ရှောင်နိုင်မယ် မဟုတ်လား၊  "

ပညာရှိသောစစ်ထူထုံးက ရှုနင်၏ စကားကိုကြားတော့ သက်ပြင်းချလိုက်သည်။ လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် ရှုနင် အတွက်ဟင်းအချို့ကို သူထည့်ပေးလိုက်သည်။

"ဟုတ်တယ်..မင်းတို့လူငယ်တွေက နောက်ဆုံးတော့ ကိုယ်ယုံကြည်တဲ့အတိုင်း လုပ်ကြမှာပဲ။ တကယ်လို့ ဦးလေးရဲ့သားက မင်းလို လူငယ်လေးကိုသာ သဘောကျခဲ့မယ်ဆိုရင် ငါ အရမ်းကို သဘောတူမိမှာပဲ..."

ရှုနင်က ဘယ်လောက်ပဲ တည်ငြိမ်သလို နေပါစေ..သူ့နှလုံးသားလေးက ခုန်ပေါက်နေလို့ လက်က တုန်ယင်ပြီး ညှပ်ထားသည့် ဟင်းက စားပွဲပေါ် ပြုတ်ကျသွားခဲ့သည်။   ဒါကရိုင်းစိုင်းတဲ့ ရှက်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပေမယ့် စစ်ထူထုံးက မမြင်ဟန်ဆောင်လိုက်သည်။ ရှုနင်လည်း စိတ်သက်သာရာရသွားခဲ့ပြီး ဒီအဖြစ်အပျက်ကို လျစ်လျူရှုခဲ့တယ်။ စစ်ထူထုံးက ရှုဟိန် နှင့်သူ ကိုယ်တိုင် ထိုအကြောင်းကို ဆွေးနွေးပြီးပြီဖြစ်လို့ ရှုနင်ပြောသည်ကို  သဘောတူခဲ့ပုံ ရသည်။

သူ့အနားမှာကြီးပြင်း မလာရတဲ့အတွက် ဒီဘ ၀ မှာ စစ်ထူထုံးက သူ့သားအပေါ်ကို အများကြီးအကြွေးတင်တယ်လို့ ခံစားရတဲ့အတွက် အခုလို သဘောတူလိုက်တာများလားဟု ရှုနင်တွေးနေမိသည်။ တကယ်လို့ အဲ့လိုသာ မဟုတ်ရင် စစ်ထူထုံးက သေချာပေါက် တခြားအစီအစဉ်တွေရှိကောင်းရှိနေမလားလို့ သူ ခံစားမိခဲ့တယ်။ မဟုတ်ရင် ဒီလို အကြီးကဲ စီနီယာတစ်ယောက်က ဒီလိုကိစ္စကို အသာတကြည် သဘောတူမှာ မဟုတ်ဘူးဆိုတာ ရှုနင် သိသည်။ သူက လုံးဝမထိခိုက်ခဲ့သလို ဖြည်းဖြည်းချင်း ထမင်းစားနေခဲ့သည်။ စစ်ထူထုံးက စားပြီးနေပေမယ့် ရှုနင်ကို တိုက်ရိုက်မကြည့်ပဲ တိတ်တဆိတ် ခိုးကြည့်ကာ အကဲခတ်နေသည်။

 " ဦး လေး၊ ဦးလေးရဲ့ အလုပ်ပြီးသွားရင် L City ကိုပြန်လာမှာလား။ "

ရှုနင်ကခေါင်းစဉ်ပြောင်းလိုက်တယ်။ တကယ်တော့ စစ်ထူထုံ က အရေးအကြီးဆုံးအချက်တွေကို ပြောပြခဲ့ပြီး ဖြစ်လို့  အရင်ခေါင်းစဉ်ကို ဆက်ပြောစရာမလိုတော့ပါဘူး။

 "အမ်း...ငါ့ အဖေနဲ့ အတူ ရက်အနည်းငယ်နေရမယ်၊ ငါ စနေနေ့မှာ သူနဲ့အတူ ငါးဖမ်းသွားမလို့.. ဟေ့၊ မင်း အဲ့ရက် အားလား၊ ငါးဖမ်းရတာကိုကြိုက်တယ်ဆိုရင် ငါ မင်းကို လာခေါ်မယ်လေ။ ဘယ်လိုလဲ။ အိုး....ဒါပေမယ့် မင်းတို့လို လူငယ်လေးတွေက လူကြီးတွေနဲ့ အတူသွားရတာ ဘယ် ပျော်ပါ့မလဲ.... "

သူက အကွက်တွေ ထပ်ပြပြန်သည်။ ဒါက  အရမ်းသိသာလွန်းမနေဘူးလား။

ရှုနင်က သဘောမတူရင် သူက သက်ကြီးရွယ်အိုတွေကို မုန်းတီးသူ ဆိုတဲ့သဘောဖြစ်သွားကာ မထီမဲ့မြင်ပြုသည်ဟု ဆိုလိုနိုင်သည်။ အဲဒါက ရှုဟိန် ရဲ့အဘိုးဆိုတော့ သူ မစပ်စုပဲ မနေနိုင်တော့ပေ။ ဒါပေမယ့် ရှုနင်က ချက်ချင်း သဘောမတူလိုက်ပေ။

   "ကျွန်တော် သွားချင်ပါတယ်၊ ဒါပေမယ့်  ကျွန်တော့် မိသားစုကို မေးရဦးမယ်။ ဒါဆိုရင် ကျွန်တော် မနက်ဖြန်သွား ဖြစ်၊ မသွားဖြစ်ဆိုတာကိ  ဦးလေးဆီကို ဖုန်းဆက်လိုက်မယ်လေ "

စစ်ထူထုံးက ရှုနင် ရဲ့ဆိုလိုရင်းကိုနားလည်တယ်။

"ကောင်းပြီ။ မင်း မိသားစုက စိတ်ဝင်စားရင်လည်း ငါတို့နဲ့အတူလိုက်လာလို့ရပါတယ်"

ရှုနင် ကခေါင်းညိတ်ပြီး ဆက်စားနေသည်။ စစ်ထူထုံးက အလွန်ပျော်ရွှင်သွားပြီး သူ၏အပြုံးကို သူ၏မျက်လုံးများထဲတွင်ပြသခဲ့သည်။  သူ့စစ်သားတွေသာ ဒီလိုအပြုံးကိုမြင်ရင် အံ့သြလွန်းလို့ သူတို့မေးရိုးတွေ ပြုတ်ကျသွားမှာ သေချာတယ်။
 

သူတို့ထမင်းစားပြီးတော့ စစ်ထူထုံးက ရှုနင်ကို အိမ်ပြန်ပို့လိုက်တယ်။ အဲ့ဒီလမ်းမှာ သူတို့ကပေါ့ပေါ့ပါးပါးအကြောင်းအရာ အချို့ကို ပြောနေတယ်၊ စစ်ထူထုံးက ရှုနင်ကို သဘောကျကာ  ချီးကျူးနေပြီး ရှုနင်လည်း  အရမ်းပျော်နေတယ်၊ ရှုဟိန်ရဲ့အဖေလို့ မပြောရဘူး။ ဒီလူက တကယ့်ကို ပွင့်လင်းမြင်သာမှုရှိကာ သူ့အတွေးတွေက ရှင်းလင်းနေသည်။ ဒါပေမယ့် တပ်မှုးတစ်ယောက်ဖြစ်လို့ သူ့အရည်ချင်းက တော်ရုံမဟုတ်တာ သေချာသည်။
 
သူတို့အိမ်ပြန်ရောက်သည်နှင့် စစ်ထူထုံး သည်ကားပေါ်မှဆင်းလိုက်သည်။ ရှုနင် ကို နူတ်ဆက်ဖို့ သူလည်း လိုက်ဆင်းလာခဲ့သည်။ သူက ဘာပြောရမလဲလို့ တွေးနေစဉ် အနောက်က ခြေသံကိုကြားလိုက်ရပြီး ရှုဟိန်ထွက်လာခဲ့ သည်။

  တူညီသောအရပ်ရှိသည့် ယောကျာ်းသားနှစ်ယောက်က မျက်နှာချင်းဆိုင်မိလိုက်ကြသည်။ သူတို့ရဲ့ရုပ်ရည်တွေက သုံးပုံတစ်ပုံလောက်တူညီနေကြပြီး နှစ်ယောက်လုံးရဲ့မျက်လုံးတွေက အရမ်းတောက်ပကာ စူးရှလှသည်။ အဖေနှင့်သားကို မျက်နှာချင်းဆိုင်အောင် လုပ်မိပြီးနောက်မှာ ရှုနင်က ဘာဆက်လုပ်ရမှန်းမသိတော့ပေ။ သူက ဆက်ပြီး ရူးချင်ယောင်ဆောင်နေလိုက်သည်။

"သူ့ကို အိမ်ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှုဟိန်က ခပ်စိမ်းစိမ်းပြောလိုက်သည်။
 
"ဒါဟာ ငါ့လုပ်ပေးသင့်တဲ့ဟာပါ...ရှောင်ဟိန်... မင်းလည်း မြို့တော်ကို ရောက်နေတုန်း ငါတို့ အတူဆုံပြီး ထမင်းစားသင့်တယ်။ ငါ မင်းတို့ကို လိုက်ကျွေးပါ့မယ် "

စစ်ထူထုံးက ရှုနင်နှင့် တွေ့ခဲ့စဉ်က ရှုဟိန်က သူ့ကို အကူညီတောင်းထားခဲ့သည်ဟု ပြောခဲ့လို့ အခု သူတို့ ပထမဆုံးတွေ့ဖူးသည့်ပုံ လုပ်လို့မရပေ။ ဒါကြောင့် အရဲစွန့်ကာ ပြောလိုက်သည်။
 
စစ်တပ်ထဲ ၀ င်လာပြီးနောက် သူက အရူးတစ်ယောက်လိုဖြစ်သွားတယ်၊ သူ့ခေါင်းထဲက ရှိတဲ့ တစ်ခုတည်းသောအရာက စားဖို့ပဲဖြစ်နေသည်။ ရှုဟိန်က အေးဆေးစွာပဲပြောလိုက်သည်။

  "နောက်မှ ဒီအကြောင်းကိုပြောကြရအောင်၊ အခုနောက်ကျနေပြီ။ ခင်ဗျား အိမ်ပြန်သင့်ပြီ "

အိုး၊ သူက သူ့အဖေကို အိမ်တံခါးဝကနေပဲ ပြန်လွှတ်လိုက်တယ်...

ရှုနင်၏ မျက်လုံးတွေက အရောင် ဖျော့သွားပြီး ယခုချက်ချင်း သူ ထွက်ပြေးသင့်သည်ဟုတွေးနေမိသည်။

"အိုး..ကျွန်တော် အရေးတကြီး လုပ်စရာလေးရှိလို့...နှစ်ယောက်သား စကားပြောနှင့်ကြပါဦး..."

ရှုဟိန်နှင့် စစ်ထူထုံးက ရှုနင်ကို မတားလိုက်ကြပေ။ ဒါကြောင့် ရှုနင်က စိတ်သက်သာရာရသွားခဲ့ပြီး အိမ်ထဲဝင်ကာ သူ့အကိုကြီးပြန်တက်လာရင် ရေအတူချိုးလို့ရအောင် ပြင်ဆင်ထားလိုက်သည်။

 ရှုနင်ထွက်သွားတော့ လမ်းမီး အလင်းရောင်အာက်တွင် သားအဖ နှစ် ဦး သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ကြယ်များကဲ့သို့နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သောမျက်လုံးနှစ်စုံက တောက်ပလို့နေသည်။
 စစ်ထူထုံးက ရှုဟိန် မည်မျှထက်မြက်သည်ကို သိသည်၊   ဒါကြောင့် စစ်ထူထုံးက ဘာကိုမှဖုံးကွယ်ဖို့မရည်ရွယ်ခဲ့ပါဘူး၊

"သူက လူကောင်းလေးတစ်ယောက်ပါ၊ ငါ သူ့ကို အရမ်းသဘောကျတယ်"

"ကျွန်တော်လည်း သူ့ကို အရမ်းသဘောကျတယ်။ "

"ငါ သိပါတယ်၊ ငါ ဒီပိတ်ရက် ငါးဖမ်းခရီးစဉ်မှာ ပါဝင်ဖို့ သူ့ကို ဖိတ်ထားတယ်၊ မင်းအဘိုးက အဲ့ဒီကို သွားမှာ။  မင်းလည်း လာသင့်တယ်၊ မဟုတ်ရင် မိသားစုလိုက် ခဏခဏ တွေ့ဆုံတာ အရမ်းကောင်းတယ်။ မဟုတ်ရင် မင်း C City ကို ပြန်လာတဲ့အခါ မင်းက သူ့အကြောင်း တွေးပြီး လွမ်းနေရလိမ့်မယ်။ "

စောစောက သူက ရှုနင်ကိုနှုတ်ဖြင့်ဖိတ်ကြားတာက မအောင်မြင်ခဲ့ဘူး၊ ဒါပေမယ့ အခု ရှုဟိန်သာ သဘောတူရင် ရှုနင်  သဘောတူတာနဲ့ အတူတူဘဲ။

"ကောင်းပြီ။ "

စစ်ထူထုံးက ခဏလောက်တုံ့ဆိုင်းသွားပြီး သူရှေ့ကို ခြေနှစ်လှမ်းတိုးလိုက်ကာ သူ့လက်ကိုဖြည်းဖြည်းချင်းမြှောက်လိုက်ပြီး ရှုဟိန်ရဲ့ပုခုံးကို မဝံ့မရဲ လက်နှင့် အသာပုတ်လိုက်သည်။

 "မင်း အထဲကို ပြန်ဝင်သင့်ပြီ၊ သူ မင်းကို စောင့်နေတယ်"

"အင်း..အပြန်ကို ဂရုစိုက်ပါ။ "

ဒါတွေက စစ်ထူထုံးအတွက် ပျော်စရာတွေချည်းပဲ၊ သူက ရှုဟိန်ဆီက ခုလို စိုးရိမ်ပူပန်တဲ့စကားတွေကို တစ်ခါမှ မရဖူးဘူး၊ စစ်ထူထုံး ရဲ့မျက်လုံးထဲမှာ မျက်ရည်တစ်ချို့တောင် ဝဲလာခဲ့တယ်၊ ဒါက သူ့အတွက် ရဖို့ တကယ် မလွယ်ကူခဲ့ဘူး၊  ရှုနင်ကို ကျေးဇူးတင်ရမယ်။ ရှုနင်ကို သူ ကောင်းကောင်း ဆက်ဆံသရွေ့ သူ့သားက သူ့ကို မျက်နှာသာ နည်းနည်းပေးပါလိမ့်မယ်။

စစ်ထူထုံးက ခေါင်းငြိမ့်လိုက်ပြီး   အမှောင်ထဲတွင်ရပ်ထားသော သူ့ကားဆီကို ပြန်လာခဲ့သည်။ အပြန်ခရီးတွင် အမှောင်ရိပ်ထဲက သက်တော်စောင့် ကားနှစ်စီးက သူ့ကို ကာကွယ်ကာ အိမ်တော်ကို ပြန်လာခဲ့သည်။

 ရှုဟိန်က အနောက်ကို လှည့်လိုက်ပြီး အပေါ်ထပ်ကို ကြည့်လိုက်စဉ် လိုက်ကာနောက်က ချောင်းကြည့်နေသည့် ရှုနင်က လိုက်ကာကို ကပျာကယာချ  အမြန်ဆွဲပိတ်လိုက်သည်။ သူ၏နှလုံးသားလေးသည် ဗုံကဲ့သို့ခုန်နေပြီး ရေချိုးခန်းထဲသို့ အလျင်အမြန် ၀ င်သွားပြီး သူ့အ ၀ တ်အားလုံးကိုချွတ်ကာ ကလေးလေးတစ်ယောက်လို ဟန်ဆောင်နေခဲ့သည်။

ရှုဟိန် သည်အလွန်လျင်မြန်စွာပြန်လာပြီး  သူ၏ခြေတံရှည်များကိုရေချိုးခန်းထဲသို့ ၀ င်လိုက်သည်။ နွေးထွေးသောရေသည်လှိုင်းကဲ့သို့စီးဆင်းသွားပြီး ရှုနင် ၏နှလုံးသားထဲရှိခံစားချက်များကဲ့သို့ပင် ဘောင်ဘက်ခတ်ကုန်သည်။

 ဘာဖြစ်နေတာလဲ? သူက ငါ့ကိုစစ်ဆေးမေးမြန်းဖို့ မစဉ်းစားဘူးလား၊ ဟုတ်တယ်မဟုတ်လား။

ရှုနင် သည်သူ၏အစ်ကို၏ နက်မှောင်သောမျက်လုံးများကိုကြည့ကာ  စကားမပြောဝံံ့ပဲ တစ်ယောက်တည်း မေးနေမိသည်။   ဒါက ငါ့အမှားလား။

"မင်း ထမင်းကောင်းကောင်း စားခဲ့ရဲ့လား။ "

ရှုဟိန်သည်ဝုန်းဒိုင်းကြဲပစ်ခြင်းကိုသာနှစ်သက်ခဲ့သည်။ ရှုနင်က ရှုဟိန်ရဲ့လက်မောင်းတွေကြားထဲကို တိုးဝင်ကာ အလျင်အမြန်ထိုင်လိုက်သည်။

ရှုနင် ၏အနည်းငယ်ချွန်သောမေးစေ့ကို လက်လေးနှင့် အသာပွတ်သပ် ဆုပ်ကိုင်လိုက်ပြီး ရှုဟိန်က   သူ့ကို ဂရုတစိုက်ကြည့်လိုက်သည်။ သူ့ကိုကြည့်လေ ပိုကြည့်လေပိုသဘောကျလေဘဲ

"သူက မင်းကို အရမ်းသဘောကျနေတာ...."

"သူက အကိုကြီးကို ပိုသဘောကျပုံရတယ်.... "

"မင်းပြောစရာရှိရင်ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပါ"

ရှုနင်က ငိုချင်ပေမယ့်မျက်ရည်ကျ မလာဘူး၊ မင်း ဘာမှ မပြောဘဲနဲ့ ငါ့ကို မေးနေရသလား။

  "အကိုကြီးနဲ့သူ့ရဲ့ ဆက်ဆံရေးက ဘာလဲ။ သူက အကိုကြီးရဲ့ ဦး လေးလား"

ရှားရှားပါးပါးမြင်ကွင်းတစ်ခုဖြစ်သော်လည်း ရှုဟိန်က သူ၏မျက်ခုံးများကိုတွန့်ကာ ပြန်ဖြေလိုက်သည်။

" မင်း သူ့ကိုတောင် မသိပဲ သူနဲ့အတူထွက်သွားရသလား... "

"သူက ကျွန်တော့်ကို ဂရုစိုက်ဖို့ အကိုကြီး တောင်းဆိုထားတဲ့သူ မဟုတ်ဘူးမလား...  ။ "

"ဒါကို သူက မင်းကို ပြောခဲ့တာလား။ "

"အဲဒါ ...... သူက ကျွန်တော့်ကို ပြောတာ"

အိုး...သေပါပြီ။

ရှုနင်ခမျာ သားအဖနှစ်ယောက်ကြား ညှပ်နေသည့် ပုစွန်တုပ်ကွေးလေးလို ဖြစ်နေသည်။ သူ့ကို ဘာအရိပ်မြွက်လေးတောင် မပေးပဲ သူက ဘာဆက်ပြီး ခန့်မှန်းရတော့မှာလဲ...
 

"တကယ်လို့ အဲ့ဒီ ဦးလေးကြီးက တခုခုမှားနေတယ်ဆိုရင် ကျွန်တော် သူနဲ့ အပြင်သွားတော့ အကိုကြီးက ဘာလို့ တခုမှ မပြောရတာလဲ....."

"ငါက သူက တစ်ခုခုမှားနေတယ်လို့ပြောမိလို့လား?"

"...... "

"မင်း ဒါကို အရမ်းစဉ်းစားနေတယ်၊ အဲဒါက သိပ်မဆိုးဝါးပါဘူး"

ရှုနင်...လက်မြှောက် အရှုံးပေးလိုက်တော့သည်။ အကိုကြီးနှင့် ယှဉ်ပြီး ဘာမှ ဆက်မပြောနိင်တော့ပေ။

  ဒါပေမယ့် ရှုဟိန်  က  သူ့ကို ဘာမှမလုပ်ဘူး၊ သူက ရေချိုးခန်းထဲက မထွက်ခင် သူ့ညီလေးကို သေချာရေချိုးပေးခဲ့သည်။ ရေချိုးကန်ထဲက ထုတ်လိုက်ပြီး ပွေ့ချီလာစဉ် ရေချိုးခန်းကြမ်းပြင်မှာ မတ်တပ်လုပ်ရတာ မဆိုးဘူးဟု ရှုဟိန်က တွေးလိုက်မိသည်။

ဒါကြောင့် သူက ရှုနင်ကို အောက်ချပေးကာ အနောက်က သိုင်းဖက်ပြီး တခါတည်း ဖိသွင်းလိုက်သည်။ သူ့လက်တွေက နင်နင်ရဲ့ အရှေ့ဘက်က အသားချောင်းလေးကို ဆုပ်ကိုင်ကာ လှုပ်ရှားပေးနေသည်။ ရှုနင်က နံရံကို လက်ထောက်ကာ တောင့်ခံထားးရင် ညည်းသံသေးသေးလေးက နူတ်ကနေ လွင့်ပျံလာခဲ့သည်။

ရှုနင်ရဲ့ မသိစိတ်က မသိမသာငိုကြွေးပြီး ညည်းတွားလိုက်သည်၊ သူ ပြီးလို့ ပန်းထွက်လာသောအခါ သူ၏အစ်ကိုကြီးက သူ့ကို ပွေ့ချီကာ နောက်တချီစပြန်သည်။ ရှုနင်က မိုးကောင်းကင်ပေါ် ရောက်သွားသလို ခံစားလိုက်ရပြီး တကိုယ်လုံးယိမ်းထိုးနေသလို   သူ၏ခါးသည်လည်း ထုံကျင်လာသည်။

  ပုံမှန်အားဖြင့် ရှုဟိန်သည်အိပ်ရာမ ၀ င်မီရေချိုးခြင်းကိုပြုလုပ်လေ့ရှိသည်၊ ထို့ကြောင့် သူက အခု နောက်ထပ် ချစ်တင်းနှောတာကို လုပ်ချင်နေသည်။ ရှုနင်က ရှုဟိန် ရဲ့လက်ကိုဆွဲလိုက်ပြီး တောင်းပန်လိုက်သည်။

 "မလုပ်ပါနဲ့တော့၊ ကျွန်တော့်ကိုသွားခွင့်ပြုပါတော့"

"လိမ်မာစမ်းပါကွာ.... နောက်တစ်ကြိမ်လောက် ထပ်လုပ်ရအောင်..နော်"

"အကိုကြီး..ကျွန်တော် မှားသွားတယ်!"

"မင်း ဘယ်မှာမှားခဲ့လဲ။ "

ငါ မသိဘူး၊ ဒါပေမယ့ ်ငါခန့်မှန်းနိုင်တယ်။ ရှုနင်ကရှုဧိန်၏ပါးပြင်နှစ်ဖက်ကို နမ်းကာ မျက်နှာချိုသွေးပြီး အမြန်ပြောလိုက်သည်။

  "ယောကျာ်း ~"

"အရူးလေး.... ငါ မင်းကိုချစ်တာကြောင့် မင်းနဲ့ ပိုပိုပြီး နီးစပ်ချင်လာတယ်။ ဒီဟာကို ငါလည်း မတွန်းလှန်နိုင်ဘူး၊ မင်းကို မြင်တိုင်း မချစ်ပဲ အောင့်ထားလို့ကို မရဘူး။ "

ရှုဟိန်က ရှုနင် ရဲ့ပန်းရောင်နှုတ်ခမ်းလေးတွေကိုနူးညံ့တဲ့အနမ်းပေးလိုက်ကာ သူ့လက်မကို မျက်ရည်တွေနဲ့သုတ်ပေးလိုက်ရင်း ဆက်ပြောလိုက်သည်။

  "ဒါပေမယ့် မင်းငိုတာမြင်ရတိုင်း ငါ စိတ်ပင်ပန်းရတယ်။ "

"...... "

ဒါဆိုရင် အကိုကြီးက စစ်ထူထုံးနှင့် သွားတွေ့တာကို ဒေါသမထွက်ခဲ့ဘူးပေါ့... ရှုနင်က နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားပြီ၊

 "ကျွန်တော့်ကို အနိုင်ကျင့်တာ ပျော်လား"

"အင်း... ငါ မင်းကိုအနိုင်ကျင့်ရတဲ့အခါ ငါ အပျော်ဆုံးဘဲ"

"အကိုကြီး...အာ့.... ...... "

ရှုဟိန်က သတိမပေးပဲ အနောက်ဘက်ကနေ တိုက်ရိုက်ဝင်ပြီးလိုက်ပြီး ထိုသို့ သွင်းထားလျက်နှင့် ရှုနင်ကို ပွေ့ချီကာ အိပ်ခန်းထဲကိုလျှောက်ဝင်လာခဲ့သည်။ ရှုနင်က အလန့်တကြားနှင့် သူငယ်အိမ်ကို ကျုံ့လိုက်ပေမယ့်  သူ့အနောက်ပေါက်က  အနည်းငယ်နာကျင်သော်လည်း ခံစားလို့ အရမ်း ကောင်းနေသည်။


**-***

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now