15.6K 2.3K 57
Chapter (72-1) _အကိုကြီးပြန်လာပြီ (Z+U)
ရှုဟိန် ရောက်ရှိလာခြင်းက တောင်ကျချောင်းရေလို အရှိန်အဟုန်ပြင်းလှသည်။ သူ ရောက်လာချိန်တွင်  မူလက သွက်လက်နေသောလေထုက တိတ်ကျသွားပြီး  ချက်ချင်းပဲ ငြိမ်သက်သွားကာ နှစ်သစ်ကူးညစာစားပွဲကို တက်ရောက်ကျသည့် လူငယ်၊ လူကြီးအားလုံး သံလိုက်ဖြင့် ဆွဲဆောင်ခံလိုက်ရသလို ရှုဟိန်ဘက်ကို တပြိုင်တည်း ခေါင်းလှည့်ကာ ကြည့်လိုက်ကြသည်။  ရှုဟိန်က အမြဲတမ်းထူးချွန်သူတစ်ယောက်ဖြစ်ပြီး ကြက်သားအုပ်မကြီးကြားကို ရောက်လာသည့် ဇာမဏီဌက်လို ထင်ရှားကာ လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်နိုင်လွန်းလှသည်။
လူအုပ်ကြားထဲကနေ ရှုဟိန်က ဧကရာဇ်တစ်ပါးလို ထွက်လာပြီး ရှုနင်ကို စိုက်ကြည့်လိုက်သည်။
"ငါ....ပြန်ရောက်လာပြီ။"
"အစ်ကို ~ ခရီးပန်းလာမှာပေါ့၊ အပေါ်ထပ်ကို တက်ကြစို့လား?"
"ကောင်းပြီ,"
ရှုဟိန်က သူ့လက်ကိုမြှောက်ကာ ရှုနင်ရဲ့ ဦး ခေါင်းကို ဖွဖွပုတ်ကာ ရှုချိန်ကိုလှည့်ကာ ခွင့်တောင်းလိုက်သည်။
 "အဖေ, နှစ်သစ်ကူး ဂါရဝပြုဖို့ ကျွန်တော် အဖိုးကို အရင်သွားတွေ့လိုက်ဦးမယ်   "
ရှုချိန် သည်လက်ကိုမြှောက်လိုက်ပြီး သွားခွင့်ပေးကာ ချစ်ကြည်ရင်းနှီးနေသော သူ၏သားများကိုကြည့်ကာ ပြုံးလိုက်သည်။
ရှုဟိန် ကသူ၏ကြီးမားသောလက်ကိုဆန့ ်၍ ရှုနင်ကို သဘာဝကျကျ ဖက်ကာ ဒုတိယထပ်သို့ ဦး တည်သွားခဲ့သည်။ သူတို့ဖြတ်သွားရာနေရာတိုင်း၌ နှစ်သစ်ကူးနှုတ်ခွန်းဆက်ခြင်းသော အခြားသူများစွာရှိခဲ့သော်လည်း ရှုဟိန်က တချို့ကိုသာ ပြန်လှန်နူတ်ဆက်ပြီး အများစုကို မာနကြီးစွာလျစ်လျူရှုထားသည်။
လူအုပ်ကြီးအလယ်ကနေ သူတို့နှစ်ယောက် ခပ်တည်တည်ထွက်သွားသည်ကို ကြည့်ရင်း ဟော်ရန် ကျေနပ်နေမိသည်။ သူ့သူငယ်ချင်းရဲ့ အရှိန်အဝါကို ဂုဏ်ယူနေသည်။ သူက အစားစာ နည်းနည်းယူစားပြီးနောက် မဆာတော့ပေ။ ထိုစဉ်သူ့ မျက်စိရှေ့တွင် ပန်းရောင်စကပ်ကို ဝတ်ထားသည့် လှပသော မိန်းမငယ်လေးကို မြင်လိုက်တော့ ကော်လံကို ထောင်ကာ လှေကားထစ်အတိုင်း အပေါ်ကို တက်သွားပြီး သူမလေးနားကို ချဉ်းကပ်သွားခဲ့သည်။
 ထိုမိန်းကလေးက ရှုယင်းဖြစ်ပြီး ရှုနင်နှင့် ဝမ်းကွဲတော်စပ်သည့် ရှုမျိုးနွယ်ထဲက ဖြစ်သည်။ မိန်းကလေးတစ်ယောက်က သူမရဲ့ပဝါကို မတော်တဆ ညစ်ပတ်အောင်လုပ်မိလို့ ရှုနင်က သူမကို ပဝါတစ်ထည်ယူပေးရန် အိမ်ဖော်ကို ညွှန်ကြားထားသဖြင့် အိမ်ဖော်က ရှုယင်ကို ပဝါရွေးနိုင်ရန် ခေါ်ဆောင်လာခြင်းဖြစ်သည်။ ရှုယင်းက ရှုနင်နှင့် မရင်းနှီးပေမယ့် ကူညီတတ်ပြီး ခင်မင်ဖွယ်ကောင်းသော ရှုနင်ကို သဘောကျသွားခဲ့သည်။ သူမက ကျေးဇူးတင်စကားပြောချင်ပေမယ့် ရှုနင်က ရှုဟိန်နှင့် ဟိုးအပေါ်ထပ်ကို တက်သွားခဲ့သည်။
အိမ်ဖော်က ပဝါတချို့ကိုယူကာ သူမကို ရွေးချယ်စေသည်။ ရှုယင်းက လိပ်ပြာလေးတွေ ပါဝင်သော ပန်းရောင်ပဝါကိုရွေးကာ အောက်ထပ်ကို အိမ်ဖော်နှင့် အတူဆင်းမည်အပြု အိမ်ဖော်က အံ့သြစွာရေရွတ်လိုက်သံကိုကြားလိုက်ရသည်။
  "ဘာဖြစ်လို့လဲ?"
"သူက ဟော်ရန်မဟုတ်လား။ မမလေး ရှုကျီဟွေ့ရဲ့ သတို့သားလောင်းလေ။ ဒီနေ့က ပြင်ပက မိတ်ဆွေတွေ  နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကိုလာပြောရမယ့်နေ့ရက်မဟုတ်သေးပဲ ဘာကြောင့် ဟော်ရန်က ဒီကိုရောက်နေတာလဲ။ မစ်ရှုယင်း ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မ အလုပ်ပေါ်လို့ မီးဖိုချောင်ကို သွားရတော့မယ်။ မစ်ရှုယင်း အောက်ထပ်ကို တစ်ယောက်တည်း သွားလိုက်ပါတော့နော်။  "
" ရတယ်။ လုပ်စရာရှိတာ သွားလုပ်ပါ"
ရှုယင်းသည် အရူးမဟုတ်ပါ၊ ထို့ကြောင့ ်သူမနောက်ကို ဒီလူ လိုက်လာသည်ကို သတိထားလိုက်မိပြီး ရှေ့ကို အမြန်လှမ်းသွားခဲ့သည်။ ရှုယင်းသည်  အကျင့်ကောင်းမွန်သော ငယ်ရွယ်သည့်အမျိုးသမီးလေးဖြစ်ပြီးဖြောင့်မတ်မှန်ကန်ပြီး စဉ်းစားဉာဏ်ရှိရှိသူဖြစ်သည်။ သူမ မုန်းတီးသောသူများမှာ ဟော်ရန်လို ငပွေ၊ လူပေါ်ကျော့သူဌေးသားတွေဖြစ်သည်။ ဒါကြောင့် ဟော်ရန်ကို မသိချင်ယောင်ဆောင်ကာ သူ့နားက ခပ်သွက်သွက်ဖြတ်သွားခဲ့သည်။
ရှုယင်းရဲ့ ရှောင်ဖယ်လိုသည့် အပြုအမူက ဟော်ရန်ကို လိုက်ဖို့ ပိုစိတ်အားထက်သန်လာစေသည်။
  "ငါ့နာမည်က ဟော်ရန်ပါ။ မင်း နာမည်က ဘယ်လိုခေါ်လဲ။ မင်းက တကယ် လှပပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။ မင်းလို့ ပုံစံလေးကို ငါ သဘောကျတယ်"
ဟော်ရန်ပြောသည့်စကားကို မကြားယောင်ပြုကာ ရှုယင်းက အမြန်ထွက်ပြေးသွားပေမယ့် ဟော်ရန်က မျက်နှာပြောင်စွာ နောက်က ကပ်လိုက်သွားသည်။ ရှုယင်းက သူ့အကိုရင်းရှုခိုင်၏နောက်ကို အမြန်ဝင်ပုန်းလိုက်သည်။
ရှုခိုင်က ဘယ်သူလဲ။ သူဟာ ကြံ့ခိုင်တဲ့ကောင်လေးဖြစ်ပြီး ရှုဟိန်အတွက် ရှုကျီရွှမ်းကို အတိုက်အခံလုပ်ခဲ့တဲ့ ကောင်လေးဖြစ်တယ်။ သူ့င်္အင်္ကျီနောက်ကျောကို တင်းခနဲအဆွဲခံလိုက်ရလို့ လှည့်ကြည့်လိုက်ချိန် သူ့ရဲ့တဦးတည်းသော ညီမလေးဖြစ်နေလို့ နောက်က လိုက်နှောက်ယှက်သူကို ကြည့်လိုက်တော့ ဟော်ရန်ဖြစ်နေတာ တွေ့လိုက်ရသည်။  ယခုအချိန်တွင် ရှုယင်းသည် စိတ်မရှည်နိုင်တော့သဖြင့် သူမအစ်ကိုကြီးကို သူမကို ကူညီရန်ရှာဖွေနေသည်မှာ ထင်ရှားသည်။
"ဘာဖြစ်တာလဲ"
 ရှုခိုင်က ရယ်လိုက်ပြီး သူက ရှုယင်းကို လက်မောင်းထဲသို့ ဆွဲယူပွေ့ဖက်ကာ ခေါ်သွားပြီးနှစ်သိမ့်ပေးလိုက်သည်။ ရှုယင်းက ဟော်ရန်ကို ဒေါသတကြီးဖြင့်ငေးကြည့်နေသဖြင့် ရှုခိုင်က မျက်လုံးမှေးစင်းကာ မေးလိုက်သည်။
  " မင်းက ဘယ်သူလဲ။ ဟေ့... မင်းက ရှုကျီဟွေ့နဲ့ စေ့စပ်ထားတဲ့ ဟော်ရန် မဟုတ်ဘူးလား။ ဘာကြောင့် ငါ့ညီမကို နောက်က လိုက်နှောက်ယှက်နေရတာလဲ   "
ဟော်ရန်က မိသားစုကြီးက လာသည့် သခင်လေးပီပီ မျက်နှာလုံးဝမပျက်ပဲ လိမ်လည်လိုက်သည်။
  "ငါ သူမကို မတော်တဆ တိုက်မိခဲ့မိလို့ တောင်းပန်ချင်လို့ နောက်က လိုက်လာတာပါ။ ဒါကို သူမက နားလည်မှုလွဲသွားတာ ထင်ပါတယ်  "
 ရှုယင်းက အသက်ပြင်းပြင်းရှုကာ " ရှင်က နောက်ကလိုက်တာ ရှင်းနေတာကို.."
"တောင်းပန်ချင်ရုံလေးပါ.. ပြီးရင် ငါ့ကိုသွားခွင့်ပြုပါဦး"
ဟော်ရန်က ပြုံးပြုံးလေးပြောကာ လှည့်ထွက်သွားခဲ့သည်။ ဒီနေရာက ပြသနာဖြစ်လို့မကောင်းသည့်အပြင် အခု ကောင် မလေးကို ကျူလို့မရသည့်အပြင် ရှုကျီဟွေ့ရောက်မလာခင် အမြန်ထွက်ပြေးဖို့ပြင်လိုက်သည်။
ဒါပေမယ့် မာန်နတ်လို အပြုံးနဲ့ ရှုကျီဟွေ့က စကားများနေသည့် နေရာကိုရောက်လာပြီး ထွက်ပြေးရန်ပြင်နေသည့် ဟော်ရန်၏ပုခုံးကို လက်နှင့်အသာဆုပ်ကိုင်ကာ ရှုယင်းကို ဖိနှိပ်ကာ ကြည့်ပြီးမေးလိုက်သည်။
"အခု ဘာဖြစ်နေကြတာလဲ"
အခြေနေက ရှုပ်ထွေးပြီး ရလဒ်ကတော့မကောင်းဘူး။ ရှုကျီဟွေ့သည်ဒုတိယအိမ်တော်ခွဲ၏သမီးဖြစ်ပြီး ရှုမိသားစုထဲတွင် သူမသည်အခြားအိမ်များ၏အဆင့်ထက်မြင့်မားသော မင်းသမီးလေးဖြစ်သည်။ သူမက မျက်နှာကို မော်ချီကာ ရှေ့ကိုတိုးလာခဲ့သည်။
ရှုခိုင်က မျက်လုံး ကျဉ်းလိုက်ပြီး " ဘာမှ မဖြစ်ပါဘူး"
ရှုကျီဟွေ့ က လွယ်လွယ်နဲ့ ဒီလိုမျိုး ပြီးသွား ခွင့်ပြုမှာမဟုတ်ပေ။
"ကျွန်မက ရှုယင်းကိုမေးတာ..."
ရှုယင်းက ပညာရှိသော မိန်းကလေးဖြစ်ပြီး သူမတို့ မိသားစုရဲ့စီးပွားရေးက တနှစ်ထက်တနှစ်ပိုယိုယွင်းလာသဖြင့် ရှုကျီဟွေ့နှင့် အတိုက်ခံလုပ်လျှင် သူမတို့မိသားစုက အနာဂါတ်မှ ဆက်လက်ရပ်တည်ရန် ခက်ခဲမည်ကို သိကာ ရှုကျီဟွေ့ကို ဘာမှ ပြန်မပြောဝံ့ပေ။ သူမက နူတ်ခမ်းကို ကိုက်ကာ ငြိမ်နေလိုက်သည်။
ရှုကျီဟွေ့သည်အေးအေးဆေးဆေးပြုံးပြီး ဟော်ရန်ရဲ့ လက်မောင်းကို ဂုဏ်ယူစွာတွဲကာ ရှုယင်းကို ခပ်နှိမ်နှိမ်ပြောလိုက်သည်။
 "မင်းလည်း ရှု မိသားစုရဲ့သမီးတစ်ယောက်ပါ။ မင်း အိမ်ကို ပြန်ရောက်တဲ့အခါ မိန်းမကောင်းတွေ ပြုကျင့်သင့်တဲ့  အမူအကျင့်အချို့ကိုလေ့လာသင့်တယ်။"
ရှုခိုင်သည် ယခုနှစ် အသက် နှစ်ဆယ်ရှိပြီဖြစ်ပြီး ရှုဟိန်ထက် နှစ်လသာ ငယ်သည်။ သူဟာ အစ်ကိုကြီးကြီးဖြစ်လို့ ဒီညီမလေးနှစ်ယောက်ရဲ့လျှာဘယ်လောက်အဆိပ်ရှိနေပါစေ ဘာမှမပြောပဲ နေလို့မဖြစ်ပေ။
  " ကောင်းပြီ....ကောင်းပြီ၊ နားလည်မှု လွဲရုံလေးပဲ... အခုလည်း ဘာမှဖြစ်တာမဟုတ်ဘူး။ ရှုကျီဟွေ့...မင်း စိတ်လျော့ပါဦး။ ဒီလောက်ကြီး စိုးရိမ်စရာမလိုပါဘူး။    မကျေနပ်မှုတွေရှိနေရင် နောင်အနာဂါတ်မှာ ငါတို့ ဘယ်လို ထပ်ပြီး နိုင်ဦးမှာလဲ။ ညီအစ်မ အချင်းချင်းကို ဒီလောက်ကြီး မဖိနှိပ်ပါနဲ့ "
"  ခိုင်ကော... ဒါ ကျွန်မ အမှားလား။ ရှုယင်းက ဘာမဟုတ်တာလေးနဲ့ ရေးကြီးခွင်ကျယ်လုပ်နေတာလေ။ ကျွန်မ အခုဖြစ်နေတာကို သေချာမရှင်းရင် ကျွန်မရဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်းကို လူတွေ အထင်မှားကုန်မှာပေါ့ "
"ငါ ဘာပြောခဲ့သလဲ... မင်း မကြားလိုက်ဘူးလား"
ရှုခိုင်  ဒေါသထွက်လာသည်။
ရှုကျီဟွေ့က အံကြိတ်လိုက်သည်။  " ......"
သူမရဲ့ ဂုဏ်သတင်းကို ထိန်းဖို့အတွက် သူမက ဒီ လူအုပ်ကြီးထဲမှ အမြန် ထွက်ရန်လိုသည်။ အခုတော့ ခေါင်းမပါသည့် ဆွေမျိုးတွေကြောင့် နောက်ဆုတ်ရန် ခက်သွားလေပြီ။ သူမက ဟော်ရန်ကို စူးရှစွာကြည့်လိုက်သည်။ ဟော်မိသားစုရဲ့ တတိယ သခင်လေးက သြဇာအရှိန်ဝါကြီးတယ်ဆို.. သူမကို ဘာကြောင့် မကာကွယ်ပေးရတာလဲ။ ပုံမှန်ဆိုရင် ဟော်ရန်က ခုလိုအဖြစ်မျိုးကို သည်းမခံပဲ သူ့အရှိန်ကို သုံးကာ ဖိနှိပ်ပစ်လေ့ရှိတယ်မဟုတ်လား။
"အကို... ကျီဟွေ့ရဲ့အကိုဖြစ်လို့ ခင်ဗျားကို အကိုလို့ခေါ်လိုက်ပါ့မယ်။ ဒီမိန်းကလေးနှစ်ယောက်လုံးက အကို့ရဲ့ညီမတွေ ချည်းပါပဲ။ ဒါကြောင့် ဘက်မလိုပဲ အတူတူ ဆက်ဆံသင့်ပါတယ်။ ကျီဟွေ့..မင်းလည်း ကိုယ့်ထက် အငယ်နဲ့ ဘာကြောင့် စကားများရန်ဖြစ်ရမှာလဲ။ သွားရအောင်.. ငါ အဖိုးအတွက် နှစ်သစ်ကူးလက်ဆောင်ယူလာတယ်။ အဖိုးကို သွားတွေ့ဆုံ နူတ်ဆက်စကားပြောပြီး   ဆုတောင်းစကားပြောရအောင်  "
အပေါ်ထပ်ကို တက်ဖို့ ခွင့်ပြုခံရတဲ့ သူတွေဟာ သာမန်လူတွေမဟုတ်ကြပါဘူး။ ဟော်မိသားစုက အဖိုးဖြစ်သူ အကြီးကဲအိုကြီး ကွယ်လွန်ပြီးနောက်ပိုင်း ဟော်မိသားစုရဲ့ နောက်ပေါက်မျိုးဆက်တွေက သူတို့ စီးပွားရေးလွှမ်းမိုးမှုကို ကျန် နောက်ပေါက် မျိုးဆက်တွေ ဆက်လက်မလုပ်နိုင်မှာကို စိုးရိမ်နေကြသည်။ တကယ်လို့ သူတို့အားနည်းသွားရင် သူတို့ မိသားစုရဲ့ပိုင်ဆိုင်မှုကို ဝါးမျိုချင်သူတွေက မနည်းလှပေ။  အဖိုးဟော်က ဟော်ရန်ကို အလိုလိုက်ကောင်းလိုက်မှာဖြစ်ပေမယ့်ကျန်မိသားစုက လူတွေက သူ့ကို အလိုလိုက်မည်မဟုတ်ပေ။  
 ဟော်ရန်က အဖိုးရှုကောင်းနှုင့် တွေ့ခွင့်တောင်းကြောင်းကို ဆွန်းဟောင်ရန်က ရှုချိန်ကို သတင်းပို့လိုက်သည်။ သူက လက်မြှောက်ကာ ရှုကျီဟွေ့နှင့် ဟော်ရန်ကို အပေါ်တက်ခွင့်ပြုလိုက်သည်။
ဒါပေမယ့် ရှုကောင်း ကဘယ်သူလဲ။ မွေးခါစ နွားပေါက်စက ကျားကို မကြောက်သလိုပဲ။ ဒါပေမယ့် သူတို့ အိမ်ပြန်သွားရင် အိမ်မက်ဆိုးမက်မှာသေချာသည်။
ရှုချိန် ဟာလူကြီးလူကောင်းတစ်ယောက်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ သူဟာ ဟော် မိသားစုကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မျက်လုံးထဲပင် မထည့်ခဲ့ပေ။  ရှုချိန်က မျက်မှန်ကို ပင့်ကာ သူ့ဆွေမျိုး ညီ၊အကိုတွေနဲ့ ဆက်လက်စကားပြောနေခဲ့သည်။
ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲတွင် ရှုဟိန်သည် ရှုနင် ကို သူတို့၏အဖိုးနှင့်တွေ့ရန်အိမ်အပေါ်ဆုံးသို့ ခေါ်ဆောင်လာပြီးနောက် ရေချိုးရန်ချက်ချင်းထွက်လာခဲ့သည်။ ရေချိုးရန်မလိုသေးသည့် ရှုနင် သည် သူ့အစ်ကို၏အဝတ်အစားများကို ကူညီကာ ချွတ်ပေးရင် သူ့ကိုပါ အတင်းအကျပ် အဝတ်ချွတ်ကာ ရေအတူ ချိုးစေခြင်း ခံခဲ့ရသည်။ အကိုကြီးကို အရမ်းလွမ်းနေပြီြုဖစ်လို့ အကိုကြီးနဲ့ အတူတူရေချိုးရတာ သူကအတွက် ပျော်စရာကောင်းလှတယ်။    _ (: 3 ゝ∠) _
ဒါပေမယ့်လိင်တူ ချစ်သူ အောက်မှာနေတဲ့ လူတစ်ယောက်အတွက် အခုလို သွားရေကျစရာ body structure ကိုပိုင်ဆိုင်ထားတဲ့ အကိုကြီးရဲ့ ကိုယ်လုံးကို ငမ်းရတာ သူ့အတွက် တကယ့်ကို အများကြိး စိတ်ချမ်းသာမှုဖြစ်စေသည်။ အထူးသဖြင့် အကိုကြီးနှင့်ရေအတူချိုးတာက ပိုရင်းနှီးနိုင်သည့်အတွက် ရှုနင် အကြိုက်ဆုံးဖြစ်သည်။ ရှုနင်က ရေမြှုပ်ယူကောက်ယူပြီး သူ့အစ်ကိုကြီးကိုဆေးကြောပေးလိုက်သည်။ ရှုဟိန်က တကယ်ပဲ နတ်ဘုရားတွေချစ်ခင်သည့် ကလေးဖြစ်သောကြောင့် ချောမွေ့သောအသားအရေ၊ ကြီးမားသန်စွမ်းသောကြွက်သားများ၊ ခါးကျဉ်းကျဉ်းတွင် အမြောင်းလိုက်ထနေသော ခါးစပ်နားက V line  ကြွက်သားနှင့် ဝမ်းဗိုက်က ချောကလက် 8 တုံး တို့ကိုတွေ့ရသည်။ ရှုနင်က သူ့ကို  ကူကယ်ရာမဲ့စွာကြည့် လိုက်မိသည်။ ရှုဟိန်၏ဆံပင်ကို ညင်သာစွာလျှော်ပေးလိုက်သည်။
ရှုနင်က မျက်လုံးကျဉ်းလိုက်သည်။ အကိုကြီးရဲ့ တင်ပါးကအရမ်း ကျစ်လစ်သဖြင့် ကြည့်နေရင်း သူ တံတွေး   မျိုချလိုက်ပြီးလောဘကြီးစွာစောင့်ကြည့်နေမိသည်။  သူလည်း နောက်ဆိုရင် အကိုကြီးလို ကြီးလာမှာမဟုတ်ဘူးဆိုတာ သိနေသည်။ အရင်ဘဝက အတွေ့အကြုံအရ သူက အရပ်ရှည်လာပြီး ကိုယ်လုံးနည်းနည်းတောင့်လာပေမယ့် အကိုကြီးလောက် ယောကျာ်းပီသလွန်းသည့် ကိုယ်လုံးတော့ မဖြစ်လာနိုင်ပေ။  အကိုကြီးကိုကြည့်ရင်း အာခေါင်တွေခြောက်လာသဖြင့် ကိုယ့်ဖာသာ ရူးသွားပြီလား... ကိုယ့်အကိုအရင်းကို အလွတ်မပေးနိုင်ရဘူးလားဟု တွေးကာ ရှုနင် ကိုယ့်ဖာသာဒေါသထွက်နေမိသည်။
သို့သော် အကိုကြီး၏ ထိုခြေထောက်များသည်အလွန်စွဲမက်ဖွယ်ကောင်းလှပြီး ရှည်လျားကာ ဖြောင့်လို့ နေသည်။ အစ်ကိုကြီး၏ခန္ဓာကိုယ်သည်အကောင်းဆုံးဖြစ်သည်။ သူ့ကိုယ်ပေါ်တွင် ချို့ယွင်းချက် လုံးဝ ရှာမရပဲ   အားလုံးကောင်းမွန်ပြီးခိုင်မာသည်။ အသားအရေက ပါးလွှာကာ သူ၏ကြွက်သားများကိုဖုံးအုပ်ထားသည်။ အကိုကြီးရဲ့တကိုယ်လုံးက ဘုရားသခင်ဖန်တီးလိုက်သော အကောင်းဆုံးလက်ရာများပင် ဖြစ်သည်။
" မနာလိုဘူးလား"
ရှုနင် အလွန်အံ့အားသင့်သွားပြီး သူသည်မိမိ၏တံတွေးကိုမျိုချရန်ကြိုးစားနေသဖြင့်အဖြစ်ဆိုးတစ်ခုဖြစ်ပွားခဲ့သည်။
အွတ်....အွတ်...အွတ်....
ရှုနင်က လန့်သွားပြီး ကြို့ထိုးလာခဲ့သည်။  သူ ဟစ်အော်ဟစ်လိုက်ချင်သည်၊ သူ့ခန္ဓာကိုယ်က  တခါတရံတုန်ခါနေပြီး အတော်လေးသနားစရာ ကောင်းသည့်ပုံပေါ်အောင်လုပ်လိုက်သည်။
ရှုဟိန် သည်သူ၏ခေါင်းပေါ်ရှိ ဆပ်ပြာပူဖောင်းများကိုဆေးကြောလိုက်ပြီး  သူ၏ဆွဲဆောင်နိုင်သည့်ခြေထောက်တစ်စုံလုံးက  ရေထဲသို့ ဝင်ထိုင်ခဲ့သည်။
ဝေါ.....
ရေတွေက လျှံပြီး ရေချိုးခန်းကြွေပြားကြမ်းပြင်ပေါ် ကျဆင်းသွားခဲ့သည်။ ရှုနင်က မျက်လုံးလေး ပေကလတ် ပေကလတ် လုပ်ကာ လေထုက နေရကြပ်သလို ဖြစ်လာသည်။
သူ့ညီငယ်လေးက ပိုပိုပြီးချစ်စရာကောင်းလာတာပဲဟု ရှုဟိန်က တွေးနေသည်။ သူ့သူငယ်ချင်း ရွှီကျင်းက သူ့ညီတွေက အရမ်းကို မျောက်ရှုံးအောင်ဆော့လို့ စိတ်ပျက်စရာကောင်းတယ်လို့ ညည်းနေပေမယ့် ရှုနင်ကတော့ လုံးဝမတူပေ။ ဒီညီငယ်လေးက ပိုချစ်စရာကောင်းလာသလို တုံးအပြီး မြတ်နိုးဖို့ကောင်းလွန်းလှတယ်။
ရှုဟိန်ရဲ့မျက်လုံးထဲမှာ ရေကန်ရဲ့အစွန်းဘောင်မှာ လက်နှင့် ကိုင်ပြီး ကြို့ထိုးနေသော ညီလေးရဲ့ပုံက ဘယ်လိုကိုချစ်စရာ ကောင်းမှန်းမသိဖြစ်နေသည်။ ရေအောက်မှာ မြင်နေရတဲ့ သူ့ရဲ့ပုံစံလေးက အရမ်းကို ထူးခြားပြီး ဆွဲဆောင်မှုရှိကာ လှပလွန်းလှသည်။ ရှုဟိန်က သူ့ကို ခြောက်လိုက်ပြီး ကြို့ထိုးတာရပ်အောင်လုပ်နိုင်တယ်ဆိုပေမယ့် ဒီလိုမလုပ်ချင်ပေ။ သူတို့ဒီလောက်ကြာအောင်ခွဲလာရပြီးမှ ညီလေးကို ကောင်းကောင်းလေး လုပ်ပေးချင်သည်။ ရှုဟိန်က ရေကန်ထဲကို အမြန်ဝင်လိုက်ပြီး ငေးငေးလေးကြည့်နေသောညီလေးကို ဆွဲယူကာ နူးညံ့တဲ့ မျက်နှာလေးကို လက်နှစ်ဖက်နှင့် အုပ်မိုးဖိညှပ်ကိုင်ကာ နူတ်ခမ်းလေးကို ငုံ့ကိုင်းကာ အကြင်နာပေးလိုက်တော့သည်။
ရှုနင် အလွန်အမင်းတုန်လှုပ်သွားပြီး သူ့မျက်လုံးကျယ်သွားသည်။ ရှုဟိန်က မည်သည့်အချိန်တွင်ရပ်တန့်ရမည်ကို သိသော်လည်း ဒီလောက်အကြာကြီးခွဲထားပြီးမှ နမ်းရတာ သူ ဘယ်လို ရပ်ရမှာလဲ။ အကြာကြီးနမ်းပြီးမှ နင်နင် အိပ်ချင်နေတော့မလားတွေးမိမှ နူတ်ခမ်းကို လွှတ်ပေးကာ ပြောလိုက်သည်။
 "ကဲ.... မရှိတော့ဘူး"
"ဘာလဲ?"
"မင်းရဲ့ကြို့ထိုးတာပျောက်သွားပြီ။ "
အကို.. နည်းနည်းလေး ပုံမှန်လို လုပ်လို့မရဘူးလား။ အကို့ကြောင့် ကျွန်တော့် နှလုံးသားလေး ခုန်လို့ ပေါက်ကွဲတော့မယ်ထင်တယ်? Σ (°△° |||) ︴
ငါတိုင်ကြားချင်တယ်၊ စာရေးပြီးတော့ကို တိုင်စာပို့ချင်တယ်၊ ငါ သူ့ကို ရိုက်ချင်တယ် ...... ဒီအစ်ကိုကြီးဟာ အတုအယောင်ကြီးပါ....။ သူဟာ အကိုကြီး အတုပါ .... သူကနိုင်ငံခြားမှာ ပညာသင်ကြာခဲပြိး ပိုပို မိုက်မဲတဲ့သူဖြစ်လာတယ်၊ ဘုရားရေ ~ ဝူး..... ~ ဝူး ...ငိုချင်လာပြီ   ~
အောက်ထပ်မှာဆွေမျိုးတွေအများကြီးရှိပြီး အငယ်တွေအနေနဲ့ သူတို့ ဆင်းပြီး ဧည့်မခံရင် မကောင်းပေ။ သူတို့ရေချိုးတာအဆုံးသတ်ပြီး ရှုဟိန်က အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်လိုက်သည်။   အနက်ရောင်ဝတ်စုံက လူတစ်ယောက်လုံးကိုမှောင်မိုက်ကာ  လျှို့ဝှက်ဆန်းကြယ်ပုံပေါက်စေသည်။  အန္တာရာယ်များသောပတ်ဝန်းကျင်၌ လူတွေက ရှုဟိန်ကို စေ့စေ့ကြည့်ဖို့တောင် လန့်ကြမှာသေချာသည်။
ရှုနင်သည်သူ၏အစ်ကိုနှင့်လိုက်ဖက်အောင် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ သူ့ကိုကြည့်လိုက်ရင် အေးဆေးသည့် အရိပ်ငွေ့ကို ခံစားရစေပြီး မော်ဒယ်တွေတောင်မှ ရှုနင်လောက် ဒီဝတ်စုံနှင့်လိုက်ဖက်မည်မဟုတ်ပေ။
 ရှုဟိန်က အရင်တခါက ရှုနင် သူ့ကို လက်ဆောင်ပေးထားည့် နက်ခ်တိုင် လည်စည်းကို စည်းလိုက်သည်။  ဒီလည်စည်းကို စည်းလိုက်ချိန်မှာ နွေးထွေးတဲ့ခံစားမှုတစ်ခုရှိနေတယ်။ ဘယ်သူမှ ဒီအခိုက်အတန့်ကို ချိုးဖောက်လို့ မရသလိုပဲ။
ရှုနင်က သူဝယ်ပေးထားတဲ့လက်ဆောင်ကို အကိုကြီး အရမ်းတန်ဖိုးထားမြတ်နိုးသည်ကိုတွေ့တော့ အရမ်းကို ဝမ်းသာသွားသည်။ ဒါကြောင့် နောက်ဆိုရင် အကိုကြီးကို နောက်ထပ်လက်ဆောင်များ ၀ ယ်ပေးသင့်ပြီ။ ရှုနင်က အကိုကြီးရဲ့လည်စည်းကို အသာထိကာ အဆင်ပြေအောင် စည်းနှောင်ပေးပြီးနောက် သူ့ရင်ထဲမှာ ဒါက သူ့အကိုကြီး... သူနှင့် ရှေ့ဆက် သူပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့တွေးမိကာ ခါးသီးစွာပြုံးလိုက်သည်။
"ဘာမှားလို့လဲ?"
အစ်ကိုကြီးရဲ့အကြည့်က  မီးရှူးမီးပန်းလိုတောက်ပနေပြီး သူ့ကို စိုက်ကြည့်နေသဖြင့် ရှုနင်က ဘာမှမပြောပဲ ကြည့်နေသဖြင့် ရှုဟိန်ရဲ့  နူတ်ခမ်းထောင့်တစ်ဝိုက်မှာ အပြုံးရိပ်ပေါ်လာသည်။  
" ငါတို့အတူတူ အောက်ဆင်းရအောင်။ ခဏလေးပဲ ဆင်းတွေ့ရကြတာပေါ့။ အဖိုး ငါတို့ကို စောင့်မနေခိုင်းသင့်ဘူး"
 ရှုဟိန်နှင့် ရှုနင်တို့လည်း အောက်ကို အမြန်ဆင်းလာကြသည်။ အောက်ထပ်တွင် ရှုကောင်းက ခါတိုင်းထက် နည်းနည်းစောပြီး အောက်ကို ဆင်းလာသည်။ သူ့ကို ရှုမိသားစုထဲက လူငယ်၊လူကြီး အကုန်ဝန်းရံကာ နှစ်သစ် ဆုတောင်းပေးပြီး စကားပြောနေသည်။ ရှုကောင်း၏လက်ထဲတွင် အသက် 1 နှစ်ကျော်အရွယ် ရှုယောင်းကို ပွေ့ထားပြီး လူအားလုံးကို လေးနက်သော မျက်နှာထားဖြင့် ပြန်လည်စကားပြောနေသည်။ ရှုယောင်းက  အလွန်ချစ်စရာကောင်းတဲ့အဖြူရောင် ပေါက်ဆီလုံးလေးနှင့်တူပြီး ဆွေမျိုးအားလုံးက ကလေးကို ဝိုင်းချီးမွမ်းကြပေမယ့် ကလေးအမေအကြောင်းကို လုံးလုံးထုတ်မမေးကြပေ၊ အိမ်ရှင်မက ဘာကြောင့် ဧည့်သည်တွေကို ဆင်းလာပြီး နူတ်မဆက်သလဲဆိုတာ ဘယ်သူမှ အံ့သြနေခြင်းမရှိပေ။ သူတို့ကတစ်ယောက်ယောက်ကိုမျက်နှာသာပေးချင်တယ်ဆိုရင် တောင်အဲဒီလူ ကထိုက်တန်ရဲ့လားဆိုတာကြည့်ရမယ်။  သူတို့ပတ်ဝန်းကျင်တစ်ခုလုံး ပျော်ရွှင်စွာစကားပြောနေသည့် အသံတွေ ဆူညံနေကြသည်။
အခုအချိန်မှာ ရှုယောင်း ဟာသေးငယ်တဲ့ဘောလုံးလေးတစ်လုံးလိုပါပဲ။   သူ၏ကြီးမားသော မျက်လုံးများသည်အရာရာကို သိလိုစိတ်ပြင်းပြစွာဖြင့် ၀ တ်ထားသည့် လင်းလက်နေသည်။ သူက ဘယ်လောက်အချစ်ခံရတယ်ဆိုတာ ဝတ်ထားသည့် တန်ဖိုးကြီးချည်ချောဝတ်စုံကို ကြည့်ပြီး ပြောစရာမလိုအောင် မြင်ရုံနှင့် ဒီသူငယ်သည်အလွန်တန်ဖိုးထားပုံရသည်ကို သိနိုင်သည်။
ဒါပေမယ့် ဒုတိယသခင်လေးပြန်ရောက်လာသည်ကိုကြားပေမယ့် လူတိုင်းက သူနှင့်ပတ်သတ်ပြီး ဘယ်လိုသတင်းအချက်လက်မှ မကြားရသလို၊ ဘယ်နေရာမှ မျက်နှာပြတာကို မမြင်ရသောကြောင့် လူတွေက ဒုတိယသခင်လေးကို  တဖြည်းဖြည်းပိုပြီးအာရုံစိုက်လာကြတယ်။  ရှုနင်နှင့်ပတ်သတ်သည့် မွေးနေ့ပွဲကို မကျင်းပသောကြောင့် သူနှင့်ပတ်သတ်သော   သဲလွန်စကိုရှာမတွေ့နိုင်ကြပေ။  
ရှုဟိန်က ရှုနင် ၏လက်ကိုဆွဲကာ လှေကားကနေ အောက်ကို ဆင်းလာခဲ့သည်။ ရှုနင်က လိုက်လာရင်း   လျှို့ဝှက်စွာရယ်ခဲ့သည်။ ရှုဟိန်က ညီလေးကို ငုံ့ကိုင်းကြည့်ကာ မေးလိုက်သည်။
  "ဘာတွေ သဘောကျနေလဲ..ငါ့ကို ပြောပြပါ ဦး"
"ညအချိန်ရောက်ရင် အကိုကြီးကို ပြောပြမယ်။ "
" မရဘူး "
"အစ်ကို, အကိုကြီးက ပိုပိုဆိုးလာပြီ။ "
"ဘာလဲ.. မင်း မကြိုက်ဘူးလား?"
" ......" ရှုနင်, ခဏစဉ်းစားပြိး ခေါင်းစဉ်ပြောင်းရန်ရွေးချယ်ခဲ့သည်။
"ဟော်ရန်က အဖိုးကို သွားတွေ့တာကို ကျွန်တော် မသိရပါလား။ "
"သူက နှင်းတောထဲမှာ ကျောက်စိမ်းဆွဲပြားလိုက်ရှာဖို့ နှင်းထုတွေအောက်ကို တူးဆွနေတယ် "
" ဟမ်။ ဖြစ်ပျက်ခဲ့တာတွေကို မြန်မြန်ပြောပြပေးပါ"
"ငါ ညအချိန်ရောက်ရင် မင်းကို ပြောပြမယ်လေ  "
o (╯□╰) o အကိုကြီးက ဒီလောက်ကြီး မြန်မြန် လက်တုန့်ပြန်ခဲ့တာလား။ အကိုကြီးက ငါ့ကို အရိပ်တကြည့်ကြည့် ကြည့်နေတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ငါ့ကို အူယားအောင် လုပ်နေတာလဲ။
ရှုနင်က သူ့လက်ကို အကိုကြီးရဲ့လက်ထဲကနေ ဆွဲထုတ်လိုက်တော့   တင်းမထားနိုင်တော့ပဲ   ေမျှော်လင့်ထားသည့်အတိုင်း ရှုဟိန်က အရှုံးပေးလိုက်သည်။ သူက နင်နင်ရဲ့လက်ကို တင်းတင်း ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။
 " အဘိုးက သူနှစ်သက်တဲ့အရာတစ်ခုကို မတော်တဆ ကျပျောက်ခဲ့လို့ ရှုကျီဟွေ့နဲ့ ဟော်ရန်က လိုက်ရှာပေးဖို့ ခြံထဲကို ထွက်သွားကြတယ်   "
ရှုကျီဟွေ့က ဒီနေ့ပွဲကိုလာပြီး မဆင်မခြင်လုပ်ခဲ့သည့်အတွက် အဖိုးဆီက ပညာပေးတာ ခံလိုက်ရသည်။ ဟော်ရန်က သူမနှင့် စေ့စပ်ထားသူဖြစ်လို့ သူမကို လိုက်ကူပေးရတာဖြစ်သည်။ အခုဆိုရင် သူတို့နှစ်ယောက် နှင်းတောထဲမှာ နှင်းလူသားဖြစ်နေလောက်ပြီ။    (⊙ o ⊙)
ဟော်မိသားစုရဲ့အကြီးအကဲ သေဆုံးသွားရုံနဲ့ ဟော်မိသားစု မပြိုကွဲသေးပေမယ့် သူတို့စီးပွားရေးစတင်ယိုင်နဲ့လာသည်ကို အညှီနံ့ရတဲ့  ရည်မှန်းချက်ကြီးလူအချို့က ဟော်မိသားစုကနေ ရှုမိသားစုဘက်ကို ပြောင်းလဲလာကြမှာ သေချာသည်။ ရှုနင် သည်အဓိကအချက်ကိုသိပြီး ရှုဟိန် ၏လက်ကိုညှစ်လိုက်သည်။ သူက ဒီအချက်ကို အတော်လေး စိတ်ဝင်စားခဲ့သည်။
"ငါက င့ါညီလေး ဧည့်သည်တွေကို နူတ်ဆက်နေရတယ်ကြားလို့ သဘောကျနေမိတာကွ   "
 ရှုဟိန်က ပြုံးရယ်ရင်း ရှုနင်ရဲ့ နားရွက်နားကို ငုံ့ကိုင်းတိုးကပ်ကာ တီးတိုးပြောလိုက်စဉ် ထွက်သက်နွေးနွေးတွေက ရှုနင်ရဲ့နားထဲဝင်သွားပြီး သူ့မျက်နှာ နီရဲလာသည်။ သူ၏နွေးထွေးသောအသက်ရှုမှုသည်ထူးဆန်းသော ခံစားမှုတစ်ခုဖြစ်လာစေသည်။  ရှုနင်က ရုပ်တုလို ကြက်သေသေကာ အကိုကြ၊ီးကို ငေးကြည့်နေမိသည်။
အကိုကြီးက ဘယ်လိုလုပ်ပြီး ဒီလောက်ချောနေရတာလဲ။ ဖာ့ခ်.. သူက တကယ့်ကို နတ်ဘုရားတွေ ကောင်းချီးပေးတဲ့သားတော်ပဲ။
   ရှုဟိန်က ရှုနင်၏ပုံလေးကို ကြည့်ကာ ပိုပို စွဲလမ်းမှုကိုခံစားခဲ့ရသည်၊
ရှုနင်သည်လှေကားထစ်များကို ခုန်ပေါက်ဆင်းပြေးကာ အဖိုးရဲ့ဘေးကို ပြေးလာခဲ့သည်။ အဖိုးရဲ့ဘေးမှာ ဆွေမျိုးတွေက ဘွန်ဆိုင်းပင်တွေဝန်းရံနေသလို ထိုင်နေကြသည်။ ရှုဟိန်က နောက်က လိုက်လာ လို့ ရှုနင်က လှည့်ပင်မကြည့်ရဲပေ။
 ရှုကောင်းက နင်နင် သူ့ဆီပြေးလာတာတွေ့လို့ ချက်ချင်း သူပွေ့ထားသည့် ရှုယောင်းကို အစေခံလက်ထဲ ထည့်ပေးလိုက်ပြီး လက်မောင်းကို ဖြန့်ကာ ပြောလိုက်သည်။
 " လာ...အဖိုးရဲ့မြေးလေး နင်နင်ကို အဖိုးကြည့်ပါရစေဦး။ ရှောင်ချိန့် အဖေတို့ နင်နင်အတွက် ဒီနေ့ဘာလုပ်သင့်တယ်လို့   ထင်လဲ "
ရှုကောင်း ၏စတိုင်သည်ရုတ်တရက်ပြောင်းလဲသွားသည်။ 180 ဒီဂရီပြောင်းလဲသွားလို့  အချိန်တိုလေးအတွင်း အချို့လူများလက်ခံရန်ခဲယဉ်းနေသည်။ အမြဲတမ်းမှောင်မိုက်နေခဲ့သော ဒီလူအိုကြီးက ရုတ်တရက်နွေးထွေးသော မြေးကို ချစ်သည့် အဖိုးတစ်ဦးအဖြစ်ကိုပြောင်းသွားတာ ဘယ်လို ဟာသကြီးလဲ။ ဆွေမျိုးတွေက ဒီလိုတွေးပေမယ့် ရှုချိန်က လက်ဖက်ရည်ခွက်ကို ကိုင်ကာ မျက်ခုံးပင့်ပြီးပြုံးနေသည်။ သူ့အပြုံးက အစောပိုင်း အခြားလူများကို ပြုံးပြသည်နှင့်မတူအောင် လှိုက်လှဲနွေးထွေးလွန်းသည်။
"သူ့ကို စာအိတ်အနီပေးသာပေးလိုက်ပါ အဖေ...မဟုတ်ရင် အရင်နှစ်တုန်းကလို  ဟိန်ဟိန်က သူ့ရဲ့စာအိတ်ကို နင်နင်ကို ပေးခဲ့လိမ့်မယ် "
ရှုနင်က အဖိုးကို ဖက်ကာ မျက်လုံးက မှောင်မိုက်နေပြီး သူ့အကိုကြိးကို ကြည့်ကာ ပြောလိုက်သည်။
"အဖေက အများကြီးသိနေတယ်။ အကိုကြီး ဒီဟာနဲ့ပတ်သတ်ပြီး ကျွန်တော့်ကို ရှင်းပြပေးရမယ်"
ရှုကောင်းက ကျယ်လောင်စွာရယ်မောလိုက်သဖြင့် ဆွန်းလင်းက ရေနွေးတချက်ကို အမြန်ပေးလိုက်ပေမယ့် ရှုကောင်းက မသောက်ပေ။ ရှုနင်က ထိုခွက်ကိုယူပြီး အဖိုးကို ဖြည်းညှင်းစွာ တိုက်ပေးလိုက်သည်။ ချစ်သော မြေးလေးက တိုက်တာဖြစ်လို့ ရှုကောင်းက မသောက်ပဲ ဘယ်နေမလဲ။
ကုယာ့က ထိုအချက်ကိုမြင်တော့ ချက်ချင်းဝင်ကာ မြှောက်ပင့်တော့သည်။.
"ဒုတိယသခင်လေးက အရမ်းကို အလိုက်သိတတ်တယ်။ သခင်ကြီးက အရမ်းကံကောင်းတာပဲ"
သူ့မြေးလေးကို ချီးကျူးလိုက်တာဖြစ်လို့ ရှုကောင်းက အရမ်းပျော်သွားပြီး ကုယာ့ကို တချက်ကြည့်လိုက်တော့ ကျန်လူတွေက ချက်ချင်း အလုအယက် ချီးမွမ်းကြတော့သည်။ ရှုဟိန်ရောက်လာတော့ လူတိုင်း စကားရပ်ကာ ရှုဟိန်ကို အပြုံးဖြင့် နူတ်ဆက်ကြသည်။ ရှုဟိန်က အခုနှစ် ဒါရိုက်တာ အဖွဲ့ထဲဝင်နိုင်ပြီဖြစ်လို့ သူ့ဆီက မျက်နှာသာပေးမှုကို လူတိုင်းက ရယူချင်နေကြသည်။
ရှုဟိန်က လူအုပ်ထဲကို တချက်ဝေ့ကြည့်ပြီး သူ့အဖိုးဘေးကိုရောက်နေသည့် နင်နင်ကို ပြန်ဆွဲယူလို့မရသည်ကို သိလို့ သူ့အဖေနားတွင် ဝင်ထိုင်ကာပြောလိုက်သည်။
" အဖေ .. .ကျွန်တော့်ရဲ့စာအိတ်နီတွှေ အကုန်လုံး နင်နင်းကိုပဲ ပေးလိုက်ပါ "
ရှုချိန်က ဟာသလုပ်မနေပဲ တကယ် ရှုဟိန်ကိုပေးမယ့် စာအိတ်နီအားလုံးကို ယူကာ နင်နင်ရဲ့လက်ထဲကိုထည့်လိုက်သည်။
  " အဖေ၊ အကိုကြီးကို တကယ်ပဲ စာအိတ်နီတအိတ်မှ မပေးတော့ဘူးပေါ့ "
"မပေးတော့ဘူး"
ရှုချိန်က ရယ်ပြီးပြောလိုက်သည်။ ရှုကောင်းကလည်း အနီရောင်စာအိတ်တစ်ခုကိုထုတ်ယူခဲ့သည်။
" နင်နင်ကြိုက်ရင် အဖိုးက မင်းကိုပေးမယ် "
ရှုဟိန်က သူ့စာအိတ်နီတွေ အကုန် နင်နင်ကိုပေးလိုက်လည်း စိတ်ထဲ မထားဘူးဆိုတာကို ရှုကောင်းနှင့် ရှုချိန်တို့က သိနေသည်။ ရှုနင်ကလည်း ဒါကိုသိသဖြင့် ပေးသမျှ စာအိတ်နီအားလုံးကို အားမနာတမ်းလက်ခံလိုက်သည်။
  အပြင်လူအားလုံးသည် ဒါကို မြင်တော့ နက်နက်နဲနဲတွေးတောဆင်ခြင်ပြီးတစ်ယောက်နှင့် တစ်ယောက်စကားစပြောနေ ကြသည်။ ရှုကောင်းက လေးစားသမှုဖြင့် မတ်တပ်ရပ်နေသည့် လူကြီးလူငယ်အားလုံးကို ထိုင်ခိုင်းလိုက်သည်။ ဒီလူငယ်တွေက အနာဂါတ် ရှုမိသားစု လုပ်ငန်းတွေအတွက် ထောက်တိုင်တွေဖြစ်သည်။
ထိုစဉ် ရှုယောင်းက နိုဆာလာသဖြင့် ငိုလိုက်သောကြောင့် ရှုချိန်က ထရပ်လိုက်သည်။ ရှုနင်က ကလေးကိုလှမ်းကြည့်လိုက်သလို ရှုဟိန်လည်း တချက်လှမ်းကြည့်လိုက်သည်။
အား... ...... ဒါက ဘာလဲ
ပရိသတ်များသည် ထိုအရာကိုတွေ့တော့ ပြဇာတ်ကြည့်ရတော့မည်ဟု မျှော်လင့်နေကြသည်။
ရှုကောင်းက မတ်တပ်ရပ်ပြီးပြောလိုက်သည်။
"မင်းတို့ ပျော်ကြဦး။ ငါ ပင်ပန်းလို့ သွားနားတော့မယ်"
 လူတိုင်းက အဖိုးအိုကို ထရပ်ကာ နူတ်ဆက်လိုက်ကြသည်။ ရှုကောင်းသည် နှစ်သစ်ကူးကို အောက်ထပ် ဆင်းကာ ဧည့်သည်လာမတွေ့တာ ကြာနေပြီ။. အခုနှစ်တွင်မှ အောက်ဆင်းကာလာတွေ့ပေးခြင်းဖြစ်သည်။
ရှုဟိန်နှင့် ရှုနင်တို့သည် နာရီအတော်ကြာ အောက်ထပ်မှာ ဧည့်ခံနေပြီး ညနက်မှ ဧည့်သည်တချို့က ဘိုးဘွားပိုင်အိမ်မှာ တည်းခိုသလို တဝက်က မြို့ထဲက သူတို့အိမ်ကို ပြန်သွားကြသည်။
 ရှုနင်နှင့်ရှုဟိန်က သူတို့အိပ်ခန်းထဲကိုပြန်ရောက်တော့ စာအိတ်နီကိုဖွင့်ကာ ဝမ်းသာစွာ ရေတွက်နေသည်။ ဒီနှစ်အတွက် ရှုဟိန်ရဲ့ဝင်ငွေက သုညဖြစ်သည်။ ရှုနင်က အိပ်ယာထက်မှာ ပိုက်ဆံတွေကို ဖြန့်ထားပြီး မွှေးကြိုင်တဲ ငွေနံ့ကို ရှုနေသည်။ ရှုကောင်းက ကလေးတွေကို အရမ်းများများမပေးရဘူးလို့ ပြောထားလို့ စာအိတ်တအိတ်စီမှာ ပျမ်းမျှ 1000 လောက်သာ ပါသည်။ ကုယာ့ရဲ့စာအိတ်ထဲတွင်တော့ ၂ ထောင်ပါသည်။ သူက ရည်ရွယ်ချက်ရှိရှိ ချည်းကပ်ချင်လို့ ငွေအများကြီးပေးချင်ပေမယ့် မအောင်မြင်တာတော့ ရှက်စရာပဲလေ။
ရှုချိန်နှင့် ရှုကောင်းပေးသော စာအိတ်က အထူဆုံးဖြစ်သည်။ ဒီထဲ သန်းပေါင်းများစွာပါတယ်ဆိုတာ ထင်ရှားသည်။ ရှုနင်က သူ့ကိုယ်ပိုင်ငွေ၊ အဖေနှင့်အဖိုးဆီက ရသည့် မုန့်ဖိုးပေါင်းလျှင် 10 သန်းနီးပါးရှိသည်။ တကယ်တော့ သူတို့မိသားစုက ငွေပေးတာထက် ကားတွေ၊ဗီးလာတွေကို တိုက်ရိုက်ပေးလေ့ရှိသည်။ ရှုဟိန်အတွက်တော့ ဒါက သိပ်မထူးဆန်းပေ။ ဒါပေမယ့် ရှုနင်ကို ကားတွေနဲ့ ဗီးလာတွေ မပေးကြပေ။ ဘာကြောင့်လဲဆိုတော့ ချင်ယွိကျိုးက အရမ်းတင်းကျပ်ပြီး ဒါတွေကို ဖယ်ပစ်လိုက်လို့ပဲ။ ဒါက ရိုးသားမှု ရှိတာ မဟုတ်လား။ သဘာဝကျကျ ဒီဟာတွေအစား သူမက ငွေကိုပဲ လက်ခံခဲ့သည်။
" အနီရောင်စာအိတ်ကပိုကောင်းလား ဒါမှမဟုတ် မင်းရဲ့အစ်ကိုကြီးက ပိုကောင်းတာလား"
"ကျွန်တော့်  အစ်ကိုကြီးကအကောင်းဆုံးပါပဲ၊အကိုကြီးမရှိရင် အနီရောင်စာအိတ်တွေ ဒီလောက် များများ ဘယ်ရမလဲ။ "
"ဒါဆိုရင် ငါက ဒါတွေအားလုံး ရစေလို့ ကောင်းနေတာပေါ့လေ"
ရှုဟိန်က ရှုနင်ရဲ့နားရွက်ကို နူတ်ခမ်းနှင့်ပွတ်ကာ မေးလိုက်သည်။ ရှုနင်က ခဏတောင့်သွားပြီး အကိုကြီးရဲ့ ပါးပြင်ကို မွ ဆိုပြီး တမင် တံတွေးပေအောင် နမ်းပစ်လိုက်သည်။
ရှုဟိန်ရဲ့ မျက်လုံးထဲမှာ မှောင်မိုက်လာပြီး ပြောလိုက်သည်။
"ကောင်းပြီ။ မင်းလေးက ဆိုးနေတာဆိုတော့ အရိုက်ခံသင့်နေပြီ"
ရှုဟိန်က အိပ်ယာထက် ပိုက်ဆံတွေနဲ့ဆော့နေသည့် ရှုနင်ကို ပွေ့ချီကာ သူ့ပေါင်ပေါ် မှောက်လိုက်ပြီး တင်ပါးဖောင်းဖောင်းလေးကို လက်ဝါးကြီးနှင့် ဘုတ် ဆိုပြီးရိုက်လိုက်သည်။
အိုး shit, သူက  ကြီးနေပြီ။ ဒီလို ရှက်စရာကောင်းတာကို သူ့အကိုကြိးက လုပ်နေတုန်းလား။
ရှုနင်က ရုန်းကန်လိုက်ပေမယ့် ရှုဟိန်က ရှုနင်ရဲ့ဘောင်းဘီကို အလွယ်တကူပဲ ချွတ်ပစ်ကာ ဖြူဖွေးကာ ဖောင်းနေသော တင်ပါးတွေကို   Pa pa pa လိုက်သည်။
(   Pa pa pa - အဟွာပြုနေတာ မဟုတ်။ တင်ပါးကို လက်ဝါးဖြင့် အသံမြည်အောင်ရိုက်နေတာ...)
**************-**************
"ငါ....ပြန်ရောက်လာပြီ။"
"ကောင်းပြီ,"
  "ဘာဖြစ်လို့လဲ?"
"ဘာဖြစ်တာလဲ"
"အခု ဘာဖြစ်နေကြတာလဲ"
" မနာလိုဘူးလား"
အွတ်....အွတ်...အွတ်....
ဝေါ.....
 "ကဲ.... မရှိတော့ဘူး"
"ဘာလဲ?"
"ဘာမှားလို့လဲ?"
" မရဘူး "