Chapter (34) - မီးပံုထဲ မီးစာထည့္ေပးေနေသာ ရႈနင္း (Z+U)

24.6K 3.5K 87
                                    

Chapter (34) – မီးပံုထဲ မီးစာထည့္ေပးေနေသာ ရႈနင္း (Z+U)

"ဒုတ္.. ဒုတ္.. ဒုတ္.."

႐ႈဟိန္၏ႏွလံုးသားက ျပင္းထန္စြာခုန္လာသည္။ သူ႔ဘဝမွာ တစ္စံုတစ္ခုကို လုပ္ခ်င္စိတ္ျပင္းျပလာတာ ဒါပထမဆံုးျဖစ္သည္။ သူထိန္းခ်ဳပ္ေလ.. ထိုဆႏၵက ပုိျပင္းထန္လာေလျဖစ္သည္။

ေသၿပီ.. ငါ့ထိန္းခ်ဳပ္ႏိုင္စြမ္းက ပိုပိုဆိုးဝါးလာၿပီ..။

နမ္းခ်င္တယ္.. ျဖဴႏုတဲ့ပါးျပင္ေလးကို နမ္းလိုက္ခ်င္သည္။

႐ႈဟိန္၏ရင္ဘတ္တစ္ခုလံုး မီးလိုပူျပင္းကာ ေပါက္ထြက္မတတ္ ႏွလံုးက ဆက္တိုက္ခုန္ေနေတာ့သည္။ ေနာက္ဆံုး ႐ႈဟိန္သည္ ႐ႈနင္ကိုေပြ႕ကာ သူ႔ေပၚကိုမွီထားေစသည္။ ဒီလိုလုပ္မွ ႐ႈနင္၏မ်က္ႏွာေလးကို မျမင္ရေတာ့ဘဲ စိတ္လြတ္ကာ နမ္းမိမည့္ေဘးမွ ေရွာင္ထြက္သြားႏိုင္ေတာ့သည္။

႐ႈနင္၏ႏွာေခါင္းက ႐ွဴထုတ္လိုက္ေသာထြက္သက္က အဝတ္အစားကိုေဖာက္ကာ သူ႔ကိုယ္ကို ခပ္ေႏြးေႏြး႐ိုက္ခတ္ေနသည္။ ႐ႈဟိန္၏ရင္ထဲ မခ်င့္မရဲျဖင့္ ယားက်ိက်ိျဖစ္လာျပန္သည္။ ႐ႈဟိန္၏လက္မ်ားက ႏူးညံ့ေသာပါးျပင္ေလးကို ပြတ္သပ္မိခ်ိန္ ေက်နပ္သြားသည္။ ၿပီးေတာ့ ပိုးသားလိုႏူးညံ့ေသာ ဆံပင္မ်ားကို အသာပြတ္ေပးေနလိုက္သည္။ နင္နင္၏ဆံပင္မ်ားကို သူတကယ္သေဘာက်သည္။

႐ႈနင္ႏိုးလာေတာ့ သူက ႐ႈဟိန္၏ေပါင္ေပၚ ေခါင္းအံုးကာ ကားဆိုဖာေပၚ လဲေလ်ာင္းလ်က္သားရွိတာ ေတြ႕လိုက္ရသည္။ သူ႔ေခါင္းက အစ္ကိုႀကီး၏ဗိုက္ကိုပါ ထိေနသည္။

ဘုရား.. ဘုရား..

႐ႈနင္က အစ္ကိုႀကီး၏ေဘာင္းဘီေပၚက သြားရည္အကြက္ကို သတိထားမိေတာ့ ဘုရားတလိုက္မိသည္။ ေဘာင္းဘီက အနက္ေရာင္ျဖစ္လို႔ သိပ္မသိသာသျဖင့္ ေတာ္ေသးသည္။ (o(╯□╰)o)

"ႏိုးၿပီလား.."

ငါႏိုးၿပီး ထထိုင္ေနၿပီ.. ဒါေတာင္မသိေသးဘူးလား..

႐ႈနင္က အျပစ္မကင္းစိတ္ျဖင့္ ကို႔႐ို႕ကားယားရယ္ရင္း ေမးလိုက္သည္။

"ကၽြန္ေတာ္ အရမ္းအိပ္ေပ်ာ္သြားတာ အစ္ကိုႀကီးရဲ့ေပါင္ နာေနၿပီလား.."

"ထံုေနတယ္.."

ခင္ဗ်ားက အင္မတန္ၿပီးျပည့္စံုတဲ့သူေလ.. ဘာေၾကာင့္ ကိုယ့္အားနည္းခ်က္ကို ခုလို အလြယ္တကူ ထုတ္ေျပာရတာလဲ..။

႐ႈနင္က စိတ္မေကာင္းျဖစ္သြားၿပီး အစ္ကိုႀကီး၏ေပါင္ကိုထိဖို႔ လက္လွမ္းလိုက္ေပမယ့္ ႐ႈဟိန္စိတ္ဆိုးမည္စိုးသျဖင့္ မ်က္ႏွာကို ေခ်ာင္းၾကည့္လိုက္ေသးသည္။ ႐ႈဟိန္က စိတ္ဆိုးဟန္မျပေတာ့ ႐ႈနင္က မဝံ့ဟန္ျဖင့္ ႐ႈဟိန္၏ေပါင္ေတြကို ခဏႏွိပ္ေပးေနလိုက္သည္။

႐ႈဟိန္က သက္ေတာင့္သက္သာျဖစ္ေပမယ့္ ညီေလးက ခရီးပမ္းေနလ်က္ ခုလိုႏွိပ္ေပးေနရသျဖင့္ စိတ္မေကာင္းျဖစ္ကာ လက္ေလးႏွစ္ဖက္ကိုဆြဲယူကာ ခပ္ဖြဖြပြတ္ေနရင္း ေျပာလိုက္သည္။

"အစ္ကိုႀကီး.."

႐ႈနင္က ႐ႈဟိန္၏ ႏူးညံ့ေသာအျပဳအမူေၾကာင့္ လန္႔သြားသည္။

"ဒီတစ္ခါေတာ့ ခြင့္လႊတ္လိုက္မယ္.. ေနာက္တစ္ခါ ထပ္မျဖစ္ေစနဲ႔.."

"......"

သြားရည္က်တာ ရွက္စရာေကာင္းလို႔ ႐ႈနင္က သူ႔ပါးျပင္ကို လက္ေလးႏွင့္အုပ္လိုက္မိသည္။

"ေႏြေက်ာင္းပိတ္ရက္ ဘာအစီစဥ္ေတြရွိလဲ.."

"........."

"အစ္ကုိႀကီး သိပါရေစ.."

သူက ႐ႈနင္ေျပာလာတာကို နားေထာင္ခ်င္ေပမယ့္ ဒီေကာင္ေလးက လံုးဝမေျပာျပခဲ့သျဖင့္ ႐ႈဟိန္၏မ်က္ႏွာ မည္းေမွာင္လာသည္။

အထက္တန္းလႊာက ဆယ္ေက်ာ္သက္ေတြက ေႏြပိတ္ရက္ကို ဘာလုပ္တတ္ၾကသလဲ။ သူတို႔လုပ္တဲ့ဟာကို ေျပာရရင္ မိုက္မဲတဲ့ကိစၥရပ္ေတြခ်ည္းပဲ။ ဒါက ႐ႈနင္၏စ႐ိုက္ႏွင့္ မကိုက္ေပ။

"ဘာျဖစ္လို႔လဲ.."

အစ္ကိုႀကီး.. ခင္ဗ်ား ခုထိ ေမးေနတုန္းလားဗ်..။ ႐ႈနင္က ခုထိ ႐ႈဟိန္၏ေမးခြန္းကို မေရွာင္ႏိုင္ေသးေပ။

"ကၽြန္ေတာ္ ကစားလို႔ရလား.."

႐ႈဟိန္က မ်က္ခံုးပင့္သြားသည္။ ဒီအျပဳအမူက ရွားရွားပါးပါးျဖစ္သည္။

႐ႈနင္၏လက္မ်ားက ေခၽြးထြက္ကာ စိတ္မသက္မသာျဖစ္လာသည္။ အစ္ကိုႀကီးက ထူးခၽြန္သည့္သူျဖစ္လို႔ သူက ထူးခၽြန္ၿပီး ႀကိဳးစားသူကိုသာ သေဘာက်ေပလိမ့္မည္။ အခု သူ႔အေျဖက ကစားဖို႔သာသိၿပီး ေရသာခိုသလိုျဖစ္ေနလို႔ လန္႔သြားသည္။ အရင္ဘဝက ႐ႈနင္က သူ႔အေမစိတ္တိုင္းက်ဖို႔ ေသမလိုႀကိဳးစားခဲ့ရသည္။ တစ္ရက္ကို ၂နာရီသာအိပ္ၿပီး တစ္ညလံုး ႏွာေခါင္းေသြးယိုေအာင္ ႀကိဳးစားခဲ့သည္။ ေန႔ခင္းမွာ company ကိုသြားၿပီး ကူလုပ္ရေသးသည္။ ဒါေၾကာင့္ တစ္ေန႔ကို သူ ၃ခါေလာက္ မူးေဝကာ လဲက်မလိုပင္ျဖစ္ခဲ့ရသည္။

သူဘယ္ေလာက္ႀကိဳးစားပါေစ၊ သူ႔ဥာဏ္ရည္က သာမန္ေတြသာျဖစ္သည္။ ဆိုးဝါးေသာအေျပာင္းအလဲကို ဖန္တီးခဲ့ေသာ သာမန္လူသားတစ္ေယာက္သာ ျဖစ္ခဲ့သည္။ ဒါေၾကာင့္ သူ႔ဘဝက အထြတ္အထိပ္ကိုေရာက္စရာ နည္းလမ္းမရွိခဲ့ေပ။

ဒီဘဝမွာေတာ့ ႐ႈနင္က ဘဝကို ေအးခ်မ္းေရာင့္ရဲစြာ ျဖတ္သန္းခ်င္သည္။ အရင္ဘဝက မလုပ္ခဲ့ရသည့္ ဆယ္ေက်ာ္သက္အရြယ္ေတြလုပ္သည့္အလုပ္ကို လုပ္ၾကည့္ခ်င္သည္။ အေကာင္းဆံုးဆိုတာကို အစ္ကိုႀကီးက ရယူလိမ့္မည္။ သူ႔ဘဝက မေအာင္ျမင္လည္း လူႀကီးျဖစ္လာခ်ိန္ထိ ေအးခ်မ္းစြာေနၿပီး သူသေဘာက်သည့္ ၿပိဳင္ကားတစ္စီးေလာက္ဝယ္စီးကာ ေနာက္ဆံုး ဇာတိၿမိဳ႕မွာ ျပန္ၿပီးေနထိုင္ခ်င္သည္။ သူ ခုကတည္းက ရင္းႏွီးထားေသာေငြေၾကးမ်ားႏွင့္ company တစ္ခုေလာက္ေထာင္ကာ ဘဝကို ေအးခ်မ္းစြာျဖတ္သန္းမည္။ ႐ႈအိမ္၏စည္းစိမ္မ်ားကို အစ္ကိုႀကီးႏွင့္ ယွဥ္မလုခ်င္ေပ။ ဒီဘဝေတာ့ ဝမ္းနည္းပူေဆြးဖြယ္ ေသဆံုးရသည့္အျဖစ္ကို ေရွာင္ရွားခ်င္သည္။

႐ႈဟိန္က အေတြးလြန္ေနေသာ ႐ႈနင္၏ပံုစံေလးကိုၾကည့္ကာ ဒီကေလး စိတ္မၾကည္ဘူးဆိုတာ သတိျပဳမိလိုက္သည္။ ႐ႈနင္သတိဝင္လာေတာ့ ႐ႈဟိန္ကိုၾကည့္လိုက္ေတာ့ သူ႔ကိုစူးစိုက္ၾကည့္ေနသည္ကို ေတြ႕သျဖင့္ ႏွလံုးက ခုန္ထြက္မလိုျဖစ္သြားသည္။

"မင္းမွာအစီစဥ္မရွိရင္ ငါ မင္းအတြက္ စီစဥ္ေပးမယ္.."

"ဘာကိုလဲဟင္.."

"အစားထိုးအတန္း.."

အစားထိုးအတန္း ဟုတ္လား.. (/(ㄒoㄒ)/~~) ငါ ခဏေတာ့ ငိုပါရေစဦး..။ ႐ႈအိမ္၏အဆင့္အတန္းအျပင္ ႐ႈနင္က အတန္းခုန္ဖို႔စဥ္းစားကာ ဆရာကိုသြားေမးကာ စီစဥ္သင့္တာ စီစဥ္ထားၿပီးျဖစ္သည္။ သူက အဆင့္မဆိုးေသာေၾကာင့္ ဆရာက သေဘာတူကာ ဆရာေတြရဲ့႐ံုးခန္းမွာ စာေမးပြဲတစ္ခုစီစဥ္ကာ ေျဖရန္ျပင္ဆင္ထားၿပီးျဖစ္သည္။ ဒါေၾကာင့္ ေအာင္စာရင္းထြက္လာလွ်င္ သူက အထက္တန္းေနာက္ဆံုးႏွစ္ကို တက္လို႔ရေလၿပီ။ ဒါေၾကာင့္ သူက ေႏြရာသီေက်ာင္းပိတ္ၿပီး ျပန္ဖြင့္လွ်င္ အတန္းသစ္တက္ဖို႔ ေစာင့္ေနျခင္းျဖစ္သည္။

ဘာမီးစိမ္းျပတာလဲ.. ငါ့ဘဝေလးေတာ့ သြားပါၿပီကြာ..

အသက္ ၃၀ ရွိေနၿပီဆိုေပမယ့္ ႐ႈနင္က ႐ႈဟိန္ေရွ႕မွာ ကေလးလိုမ်ိဳး အံ့အားသင့္ခ်င္ေယာင္ ေဆာင္လိုက္သည္။ အစ္ကိုႀကီးေရ.. ခင္ဗ်ားသာ ကၽြန္ေတာ့္အေပၚေကာင္းရင္ ကၽြန္ေတာ္တို႔က ညီအစ္ကိုေကာင္း ဆက္ျဖစ္ေနဦးမွာပါဗ်ာ..။

႐ႈနင္က မ်က္ရည္က်ကာ ဝမ္းနည္းေနပံုေပၚေပမယ့္ ႐ႈဟိန္က မႏွစ္သိမ့္ေပးဘဲ စိတ္ကိုတင္းကာ ငိုခိုင္းထားလိုက္သည္။ ႐ႈဟိန္၏အမူအယာက အနည္းငယ္ေျပာင္းသြားကာ ႏွစ္သိမ့္လိုက္သည္။

"လိမၼာစမ္းပါ.. ငါ မင္းအသက္ေလာက္က ဘာသာစံုအမွတ္ျပည့္ရတယ္.. မင္းက အဂၤလိပ္စာ 97 မွတ္ရတာကလြဲရင္ က်န္တဲ့အမွတ္က သာမန္ပဲ.. ဒါေၾကာင့္ မင္း ခုန္ေက်ာ္သြားတဲ့အတန္းရဲ့ စာေတြကို ေႏြရာသီမွာ ျပန္သင္ရမယ္.."

အိုး.. ငါ့ေရွ႕ကအစ္ကိုႀကီးက အစ္ကုိအတုႀကီးပဲ.. သူ ငါ့ကို ရွည္ရွည္ေဝးေဝး စကားေတြအမ်ားႀကီး ေျပာခဲ့တယ္..။

"မင္း ငါေျပာတာ နားေထာင္ေနရဲ့လား.."

မေကာင္းေတာ့ဘူး.. အစ္ကိုႀကီးရဲ့မ်က္လံုးေတြက ေအးစက္လာၿပီ။ အစ္ကိုႀကီးက သူ႔ကို အေတာ္ဆံုးျဖစ္ေစခ်င္တာကို သိပါသည္။ အစ္ကိုႀကီးက ပါရမီရွင္ဥာဏ္ႀကီးရွင္ပဲ။ သူက တစ္ေက်ာင္းလံုး ပထမ၊ တစ္ၿမိဳ႕လံုး၊ တစ္နယ္လံုး ပထမစြဲခဲ့သည္။ တစ္ႏိုင္ငံလံုးအဆင့္ထဲေတာင္ ဝင္ခဲ့သည့္ကိစၥ သူ႔လို သာမန္ဥာဏ္ရည္နဲ႔က ဘယ္လိုလိုက္မွီႏိုင္မွာလဲ။ ဒီဘဝ သူ အဂၤလိပ္စာ 97 ရတာေတာင္ ေတာ္လွၿပီ။ အရင္ဘဝက ဗဟုသုတေတြရွိခဲ့တာေတာင္ ဒီဘဝ အစ္ကိုႀကီးလိုအဆင့္ ေသေတာင္္မရႏိုင္ေပ။

သူတုိ႔အတန္းထဲက ေမာ္နီတာဆိုလွ်င္ ဘာသာစံုအမွတ္ျပည့္ရကာ ဘာပဲေမးေမး ခ်က္ခ်င္းေျဖႏိုင္သလို အဂၤလိပ္စကားကလည္း မြတ္ေနေသးသည္။ ႐ႈနင္က မ်က္ျဖဴလွန္လိုက္သည္။ အရင္ဘဝက သူ ေသလုေမ်ာပါး ႀကိဳးစားခဲ့ရလို႔ ဒီဘဝေတာ့ ဘယ္သူနဲ႔မွမယွဥ္ဘဲ ေအးေဆးစြာပဲ ေနခ်င္ေတာ့တာျဖစ္သည္။

႐ႈနင္က ျပတင္းေပါက္ဘက္လွည့္သြားကာ ႏႈတ္ခမ္းစူၿပီး ၿငိမ္ေနသည္။ ေတာ္ၿပီ.. ငါ မင္းနဲ႔ ဆက္မေျပာေတာ့ဘူး..။ ဘယ္လိုေျပာလည္း မင္းကို ဆြဲေဆာင္ႏိုင္မွာမဟုတ္ဘူူး..။

႐ႈဟိန္က ႐ႈနင္ကို သူ႔ဘက္ဆြဲေခၚလိုက္ေပမယ့္ ႐ႈနင္က ကားတံခါးမွလက္ကိုင္ကို ဆုပ္ထားကာ အဆြဲမခံေပ။ ဒါေၾကာင့္ ႐ႈဟိန္၏နဖူးက ေသြးေၾကာစိမ္းတစ္ခု ေထာင္ထလာသည္။ သူက ႐ႈနင္၏ခါးကို ေပြ႕ဖက္ကာ တစ္ခါတည္း ေပါင္ေပၚဆြဲတင္လိုက္သည္။

႐ႈနင္ ဆြံ႕အသြားသည္။

"အစ္ကိုႀကီး ဘာလုပ္တာတုန္း.."

"စကားေျပာရေအာင္.."

"ဘာအေၾကာင္း ေျပာမွာလဲ.."

"မင္း ဘာေတြစဥ္းစားေနတာလဲ.."

"........."

မင္းအစ္မႀကီးပဲစဥ္းစား..။ သူ႔ရင္ထဲကေန မ်က္ေစာင္းထိုးလိုက္မိသည္။

"မင္း စာလုပ္ရတာ မႀကိဳက္ဘူးလား.. အစားထိုးအတန္းျပန္တက္ရတာ မႀကိဳက္ဘူးလား.."

ပံုမွန္ဆိုလွ်င္ ႐ႈနင္က ႀကိဳးစားတတ္သူပါ။ အခုမွ ဘာေၾကာင့္ သူ႔ကို ကလန္ကဆန္လုပ္ေနတာလဲ..။

"အြန္း.."

"အေၾကာင္းျပခ်က္ေျပာ.."

လူငယ္ေလး.. ဘဝမွာ ဘာလုပ္လုပ္ အေၾကာင္းျပခ်က္ လိုက္ေတာင္းေနေတာ့မွာလား..။

"ကၽြန္ေတာ္က အတန္းေက်ာ္ခ်င္လို႔ စာႀကိဳးစားခဲ့တာ.."

"ဘာေၾကာင့္လဲ.."

႐ႈနင္ သက္ျပင္းခ်ကာ ရွင္းျပလိုက္ရေတာ့သည္။

"ဘာေၾကာင့္လဲဆုိေတာ့ ကၽြန္ေတာ္ စာသင္ရတာမႀကိဳက္လို႔.."

႐ႈဟိန္၏မ်က္လံုးမ်ားက ေတာက္ပသြားသည္။ သူ႔ညီေလးက သာမန္နဲ႔မတူဘဲ စဥ္းစားတတ္သည္။ သူက စာသင္ႏွစ္တိုဖို႔ အတန္းေက်ာ္ရန္ စာႀကိဳးစားခဲ့သည္။

"ဒါဆို ဒီအစားထိုးသင္တန္းမွာ မင္းရလဒ္ေကာင္းရင္ ေက်ာင္းဖြင့္တာနဲ႔ အထက္တန္းပထမႏွစ္တက္ဖို႔ လိုက္ေျပာေပးမယ္.."

ငါးစာေတာ့ခ်ထားၿပီ.. ႐ႈနင္ ပါလာမလား..။

႐ႈနင္က လမ္းမေလွ်ာက္တတ္ခင္ ေျပးဖို႔ႀကံေနၿပီ။ ဒါေပမယ့္ ႐ႈဟိန္က အဓိပၸါယ္မရွိသည့္စကား ေျပာတတ္သူမဟုတ္ေပ။ တကယ္လို႔ ႐ႈနင္သာ လုပ္ခ်င္တယ္ဆိုရင္ သူရေအာင္လုပ္ေပးမွာပဲျဖစ္သည္။

"တကယ္လား.."

ဘြဲ႕ရၿပီးတာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ေသာ ႐ႈနင္က ဝမ္းသာစြာျဖင့္ ေမးလိုက္သည္။

ငါးစာမွာ ႐ႈနင္ လာဟပ္ေလၿပီ။

"အင္း.."

ဒီနည္းေတြက ကေလးေတြကို မွ်ားရလြယ္တဲ့ နည္းလမ္းေလးပဲ။ ႐ႈဟိန္က သူ႔ညီေလးကိုျပန္ေျဖရင္း နင္နင္က အရမ္းခ်စ္စရာ၊ ျမတ္ႏိုးစရာေကာင္းသည္ဟု ႐ႈဟိန္ ခံစားလိုက္ရၿပီး ညီေလးကို နမ္းခ်င္စိတ္ ထပ္ေပၚလာျပန္သည္။

ေပ်ာ္ရႊင္လြန္းလို႔ ႐ႈနင္၏မ်က္ႏွာေလး နီလာၿပီး အေပ်ာ္လြန္ကာ အစ္ကိုႀကီး၏လည္ပင္းကိုဖက္ကာ 'မြ' ဆိုၿပီး ပါးျပင္ကို အသံထြက္ေအာင္ နမ္းလိုက္ေတာ့သည္။

ထိုအနမ္းေလးက ေရေပၚ ငါးခုန္တက္လာသလို ျဖတ္ခနဲသာၾကာေပမယ့္ ႐ႈဟိန္တစ္ကိုယ္လံုး ေတာင့္တင္းသြားခဲ့သည္။ ထင္မွတ္မထားေသာအနမ္းကို ရလိုက္လို႔ ႐ႈဟိန္မွာ မယံုႏိုင္ျဖစ္ကာ တစ္ကိုယ္လံုး ေတာင့္တင္းသြားခဲ့သည္။

ဒါကိုသိေတာ့ ႐ႈနင္က လွ်ိဳ႕ဝွက္စြာရယ္ေမာလိုက္သည္။ မင္း ထပ္ၿပီး ေတာင့္တင္းသြားၿပီမဟုတ္လား.. လူငယ္ေလး.. ဟား.. ဟား.. (╮ (╯▽╰) ╭) ငါ့ကို အႏိုင္က်င့္ဖို႔ ဘယ္သူကေျပာလဲကြ..။

႐ႈဟိန္၏ကိုယ္ ျပန္ေပ်ာ့ေပ်ာင္းလာေတာ့ ႐ႈနင္က နတ္ဆိုးဆန္ဆန္ၿပံဳးကာ ႐ႈဟိန္၏လည္ပင္းကို တင္းတင္းဖက္ကာ ပါးျပင္ကို 'မြ..မြ..မြ' ဆိုၿပီး ဆက္တိုက္နမ္းလိုက္ေတာ့သည္။

ဟား.. ဟား.. ဟား.. မင္းကိုယ္က ထပ္ၿပီး ေတာင့္တင္းသြားျပန္ၿပီကြ..။

လူငယ္ေလး.. မင္းက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ..။ မင္းအေဖက ဒါကိုမသိဘူးလား..။

႐ႈဟိန္က ညီေလးကိုနမ္းခ်င္လို႔ တစ္ပိုင္းေသမတတ္ျဖစ္ေနခ်ိန္ မထင္မွတ္ဘဲ ညီေလးဆီက အနမ္းကိုရလိုက္ေတာ့ သူ႔စိတ္ႏွလံုးက ေပ်ာ္ရႊင္လြန္းလို႔ အႏုျမဴေရာင္ျခည္ ေတာက္ပလာသလိုပင္ ထင္ရသည္။ သူ႔ႏွလံုးသားတစ္ခုလံုး တဆတ္ဆတ္တုန္သြားစဥ္ သူက ႐ႈနင္၏ခါးကိုဖက္ကာ ေက်နပ္စြာၿပံဳးေနလိုက္သည္။

႐ႈဟိန္၏ခံစားခ်က္မ်ားက ပိုထူးဆန္းလာခဲ့သည္။ သူက ဒီေကာင္ေလးကို ခပ္ၾကာၾကာေပြ႕ဖက္ထားခ်င္လို႔ ႀကံစည္ေနေပမယ့္ ထိုေကာင္ေလးက သူ႔ေပါင္ေပၚထိုင္ရင္း လုပ္သင့္တာေရာ၊ မလုပ္သင့္တာေရာ လုပ္လို႔ေနသည္။ သူ႔ဆီကအနမ္းေလးက ႐ႈဟိန္၏ရင္ထဲက သိုဝွက္ထားသည့္မီးပြားေလးေတြကို မီးပံုႀကီးလိုျဖစ္လာေစခဲ့သည္။ ႐ႈဟိန္က မတတ္သာဘဲ ႐ႈနင္ကို ေဘးမွာခ်ေပးကာ ေျခႏွစ္ေခ်ာင္းထပ္ထိုင္ကာ အျဖစ္မွန္ကို ခပ္တည္တည္ႏွင့္ ဖံုးကြယ္ထားလိုက္သည္။ သူ႔ေအာက္ပိုင္းက ႐ိုးသားလြန္းလွေပသည္။ သူ႔လက္ႏွစ္ဖက္ကုိ ေပါင္ေပၚတင္ကာ ဖံုးကြယ္ထားရသည္။

႐ႈနင္က ႐ႈဟိန္ျဖစ္ပ်က္ေနသည္ကို လံုးလံုးသတိမထားမိဘဲ အထက္တန္းေက်ာင္းတက္လွ်င္ အေဆာင္ေနရေတာ့မည္ကို စဥ္းစားကာ ေပ်ာ္ေနသည္။ သူအိမ္ကထြက္ၿပီး အေဆာင္မွာ လြတ္လပ္စြာေနခ်င္ေပမယ့္ ခုမွရင္းႏွီးခါစ အစ္ကိုႀကီးႏွင့္ ခြဲရမွာေတာ့ နည္းနည္းဝမ္းနည္းမိသည္။အရင္ဘဝႏွင့္မတူ အစ္ကိုႀကီးက သူ႔အေပၚေႏြးေထြးကာ ၾကင္နာၿပီး ကာကြယ္ေပးသည္္မဟုတ္လား။

ဘိုးဘြားပုိင္အိမ္ႀကီးကို ျပန္ေရာက္လာေတာ့ ႐ႈဟိန္က သူ႔အေျခအေနကို အျမန္စစ္ေဆးလိုက္ေတာ့ တကယ္ပဲ သူ႔ေကာင္ႀကီးက ေကာင္းကင္ေပၚကို ေမွ်ာ္ၾကည့္ေနဆဲျဖစ္သည္။ (→_→)

႐ႈနင္က ကားေပၚမွဆင္းကာ သူ႔ကိုလက္ေဝွ႔ယမ္းႏႈတ္ဆက္ကာ အဖိုးကိုႏႈတ္ဆက္ဖို႔ တက္သြားခဲ့သည္။ အဖိုးႏွင့္စစ္တုရင္ကစားရတာ တကယ္ခက္တာပဲ။ အဖိုးက ကေလးဆိုၿပီး မညွာေပ။ ႐ႈနင္က တစ္ပြဲၿပီးတစ္ပြဲ႐ံႈးေပမယ့္ အဖိုးကို ဆက္လက္စိန္ေခၚကာ ကစားေနသည္။ အႏိုင္မခံအ႐ံႈးမေပးေသာ ႐ႈနင္ပံုစံေလးက ႐ႈေကာင္းကို ေပ်ာ္ရႊင္ေစသည္။

သြားျပန္ၿပီ.. သူ႔မွာ စစ္သားတစ္႐ုပ္ပဲက်န္ေတာ့တယ္..။ အဖိုးက အရမ္းႀကီးကၽြမ္းလြန္းပါတယ္ကြာ..။

"ဘာေၾကာင့္႐ံႈးလဲ သိၿပီလား.."

"အဖိုးက ဒါေတြကို အကြက္ဆင္ထားၿပီးသား.. ဒါေၾကာင့္ ကၽြန္ေတာ္႐ံႈးတာ မတရားဘူး.."

"ဒါက စစ္တုရင္နယ္႐ုပ္ေတြေပမယ့္ တကယ့္လူသားေတြလဲ ဒီလိုပဲ.. မင္းရဲ့ပန္းတိုင္ကိုေရာက္ဖို႔ တဆင့္ခ်င္း အကြက္ခ်ၿပီး သြားရမယ္.."

"ဒါက တကယ့္ကို ဦးေႏွာက္ေျပးတာပဲ.."

သူက အဖိုးဆင္ထားသည့္ ေထာင္ေခ်ာက္ထဲကို မစဥ္းစားဘဲ ဇြတ္တိုးဝင္ခဲ့မိလို႔ ထပ္ခါထပ္ခါ ႐ံႈးခဲ့ရတာျဖစ္သည္။ သူ႔အ႐ံႈးက အေတာ္ဆိုးဝါးလို႔ အတြင္းခံထဲေတာင္ ေသးေပါက္ခ်မိေတာ့မလို ျဖစ္သြားသည္။ (_(:зゝ∠)_)

ဆြန္းလင္းက လက္ဖက္ရည္ၾကမ္းႏွစ္ခြက္ လာခ်ေပးရင္း ေျပာလိုက္သည္။

"သခင္ေလးဟိန္က ခုေလးတင္ဖုန္းဆက္လာတယ္.. သခင္ေလး႐ႈနင္က ေန႔လည္စာမစားရေသးဘူးတဲ့.."

"အဖိုးက ဒီမနက္မွ ငါးႀကီးတစ္ေကာင္ ဖမ္းမိထားတယ္.. ဘယ္ေလာက္လတ္ဆတ္သလဲ ျမည္းၾကည့္ေပါ့.."

ထိုငါးဟင္းပြဲေရာက္လာေတာ့ ႐ႈနင္၏ႏွလံုးသားေလး တုန္ယင္သြားရွာသည္။ ငါးႀကီးက ႐ႈနင္၏လက္ႏွစ္လံုးစာမွ်သာရွိသည္။ (→_→)

ဒါေပမယ့္ ႐ႈေကာင္းက ဘယ္လိုပုဂိၢဳလ္မ်ိဳးထင္လို႔လဲ..။ သူ႔ေျမးရဲ့မ်က္ဝန္းထဲက စိတ္ပ်က္လက္ပ်က္ပံုစံကိုေတြ႕ေတာ့ ရယ္ရႊင္ရိပ္ျဖင့္ ရွင္းျပလိုက္သည္။

"ဒီငါးက crucian carp ငါး႐ိုင္းမ်ိဳးျဖစ္တယ္.. အႀကီးဆံုးဆိုဒ္က 18 cm ပဲရွိတယ္.. ဒီငါးက အဖိုးတစ္သက္မွာ ပထမဆံုးဖမ္းမိတဲ့ အႀကီးဆံုးငါးပဲကြ.. ဒီငါးရဲ့သက္တမ္းက အနည္းဆံုး 5ႏွစ္ေလာက္ရွိေလာက္ၿပီ.."

ဆြန္းလင္းက ရယ္ကာ ဝင္ေထာက္ခံလိုက္သည္။

"ဟုတ္တယ္.. ဒီငါးကိုဖမ္းမိဖို႔က အရမ္းခဲယဥ္းတယ္.."

႐ႈနင္က သူတို႔ သူ႔ကိုသင္ၾကားေပးခ်င္သည့္အခ်က္ကို သေဘာေပါက္လိုက္သည္။ "ငါးရဲ့အရြယ္အစား ဘယ္ေလာက္ေသးပါေစ၊ ဒီငါးက သူတို႔အသိုင္းအဝိုင္းၾကားမွ အရမ္းႀကီးတယ္လို႔ သတ္မွတ္လို႔ရသည္" crucian carp ငါးက အာဟာရျပည့္ဝၿပီး အရသာခ်ိဳသည္။ ဒါေၾကာင့္ ငါးစြပ္ျပဳတ္က ႐ႈနင္တို႔ေျမးအဖိုးလက္ခ်က္ေၾကာင့္ အ႐ိုးပဲက်န္ေတာ့သည္။ ႐ႈေကာင္းက ပါးစပ္သုတ္ကာ ေမးလိုက္သည္။

"ဘယ္ေလာက္ႀကီးတဲ့ငါးပဲ ေရာက္လာလာ၊ သူတို႔အားလံုးကို စားလို႔ရမယ့္ေနရာတစ္ခု ရွိမယ္လို႔ ေျမးမထင္ဘူးလား.."

႐ႈနင္က စိတ္႐ႈပ္စြာခဏေတြးကာ ေျပာလိုက္သည္။

"ဒါဆို ကၽြန္ေတာ္တို႔ ငါးေမြးျမဴေရး စလုပ္ရင္ေကာ.."

႐ႈေကာင္းက သေဘာက်စြာ ေအာ္ရယ္လိုက္သည္။ ေန႔လည္စာစားၿပီး နားခ်ိန္ေရာက္ေသာေၾကာင့္ ႐ႈနင္ ေအာက္ထပ္ကိုဆင္းလာခဲ့သည္။ ႐ႈေကာင္းက ပန္းပင္ေရေလာင္းေနစဥ္ ေမးလိုက္သည္။

"မင္း ဘယ္လိုထင္သလဲ.."

"သူ ငယ္ေသးသလားလို႔.."

"သူဘယ္ေလာက္ငယ္ငယ္ ငါ့ေျမးအရင္းပဲ.."

ဆြန္းလင္းက ႐ႈေကာင္းေျပာသည္ကို သေဘာေပါက္ပါသည္။ ႐ႈဟိန္က ဘယ္ေလာက္ပဲေတာ္ေတာ္ ေျမးအရင္းမဟုတ္ေသာေၾကာင့္ သခင္ႀကီး၏ႏွလံုးသားထဲထိ မေရာက္ေပ။ သခင္ေလး႐ႈနင္က ငယ္ရြယ္ေပမယ့္ သခင္ႀကီးအတြက္ အေရးပါသည္။ တကယ္လို႔ သခင္ေလး႐ႈနင္သာ ပါရမီမပါဘူး၊ မထူးခၽြန္ဘူးဆိုရင္ အလကားျဖစ္ေပေတာ့မည္။ ခ်မ္းသာၾကြယ္ဝေသာဘဝက သူ႔ကို ပ်က္စီးသြားေစႏိုင္သည္။

"ကၽြန္ေတာ္တုိ႔ဆီမွာ သခင္ေလး႐ႈေယာင္ ရွိေသးတာပဲ.. သူ႔ကို ေစာေစာစီးစီးကတည္းက ပ်ိဳးေထာင္ရင္ သူက ထက္ျမက္လာႏိုင္ပါတယ္.."

႐ႈေကာင္းက ဒီစကားကို စဥ္းစားေနေပမယ့္ ဘာမွျပန္မေျပာလိုက္ေပ။ ႐ႈေယာင္က ဘိုးဘြားပိုင္အိမ္ႀကီးမွာ ေမြးဖြားႀကီးျပင္းလာမည့္ သူ႔ေျမးအရင္းျဖစ္သည္။ ဒီကေလးက ငယ္ကတည္းက ေလးစားခံရမွာျဖစ္ၿပီး ငယ္စဥ္ကတည္းက သူ႔ေဘးမွာႀကီးျပင္းလာမယ္ဆိုရင္ ေသခ်ာေပါက္ ႐ႈဟိန္လိုထက္ျမက္ကာ ေတာက္ပေသာကေလး ျဖစ္လာႏိုင္သည္။

ခ်င္ယြိက်ိဳး.. မင္းက ငါ့ကို ေျမးေလးတစ္ေယာက္ကို ပ်ိဳးေထာင္ၿပီး ေပ်ာ္ရႊင္မႈကို ခံစားခြင့္ေပးလို႔ မဆိုးဘူးေျပာရမယ္။ ႐ႈနင္ကို ငါထိေတြ႕ခ်င္တိုင္း တြန္႔ဆုတ္တဲ့ခံစားခ်က္ရေနသလို ႐ႈေယာင္ေလးနဲ႔ပတ္သက္ၿပီး မင္းလည္း ျပန္ခံစားရေစမယ္။

႐ႈေကာင္းက ဒီလိုေတြးၿပီး ေပ်ာ္ရႊင္ေနသည္။ ႐ႈေယာင္ေမြးလာရင္ သူ႔ေဘးမွာပ်ိဳးေထာင္ကာ မေအႏွင့္မနီးစပ္ေအာင္ ခြဲထားရမည္။ ဒါမွ မေအဆီက မေကာင္းေသာအက်င့္ မကူးေအာင္ ကာကြယ္ႏိုင္ၿပီး ကိုယ္လိုသလို ကေလးကို ပံုသြင္းႏိုင္ေပမည္။ သူ႔ေျမးေလး ႐ႈနင္ႏွင့္ သူ႔ကို 13 ႏွစ္ထိခြဲထားသည့္ ခံစားခ်က္ကို ေခၽြးမကိုလည္း ျပန္ခံစားရေစခ်င္သည္။

ဆြန္းလင္းက ေရေႏြးစိမ္လက္သုတ္ပုဝါကို လက္သုတ္ေစရန္ ယူလာေပးၿပီး ေျပာလိုက္သည္။

"ကေလးက ဒီဇင္ဘာအေစာပိုင္းမွာ ေမြးမယ္လို႔ေျပာတယ္.."

႐ႈနင္က သူ႔အခန္းကိုျပန္လာစဥ္ ေအာက္ထပ္မွ ကားဆုိက္သံၾကားသျဖင့္ ေအာက္ထပ္ဆင္းလာခဲ့သည္။ သူ႔အေမကလြဲၿပီး ဘယ္သူမွမျဖစ္ႏိုင္ေပ။ ခ်င္ယြိက်ိဳးက ကားေပၚကဆင္းကာ ေက်ာ့ေမာ့စြာ အိမ္ထဲဝင္လာသည္။ ေနေရာင္ျခည္လို ေတာက္ပလင္းလက္ကာ လွပေသာခ်င္ယြိက်ိဳးသည္ ပါးစပ္ၾကမ္းေသာခ်င္ယြိက်ီ၊ သာမန္ကိုယ္လံုးႏွင့္ လွတယ္လို႔ေျပာလို႔မရတဲ့ ခ်င္ယြိလန္တုိ႔ႏွင့္ အတူယွဥ္ရပ္ေနပါက ညီအစ္မရင္းဆိုတာ ဘယ္သူမွယံုမည္မဟုတ္ေပ။

႐ႈနင္က ဒီညီအစ္မသံုးေယာက္ ရန္ျဖစ္ရင္ အေတာ္စိတ္ဝင္စားဖို႔ေကာင္းမည္ဟု ေတြးလိုက္သည္။

"အေမ.. ကၽြန္ေတာ္ျပန္လာၿပီ.."

႐ႈနင္က ေအာက္ကိုေျပးဆင္းလာၿပီး မေအကိုေတြ႕လို႔ အရမ္းေပ်ာ္သြားသည့္ သားေလးကဲ့သို႔ ျပဳမူလိုက္သည္။

ခ်င္ယြိက်ိဳးက ႐ႈနင္၏ ေပ်ာ္ရႊင္ေနေသာမ်က္ႏွာကို ေတြ႕ၿပီးေတာ့ ႐ႈနင္က တမင္မ်က္ႏွာမေကာင္းသည့္ပံုေျပာင္းကာ ေျပာလိုက္သည္။

"ကၽြန္ေတာ္ ဦးေလးရဲ့ villa မွာ ျပႆနာတက္ခဲ့ေသးတယ္.. အေဒၚႏွစ္ေယာက္က ဦးေလးရဲ့ villa ကို အပိုင္သိမ္းခ်င္ေနၾကတယ္.."

===================

Chapter (34) – မီးပုံထဲ မီးစာထည့်ပေးနေသော ရှုနင်း (Z+U)

"ဒုတ်.. ဒုတ်.. ဒုတ်.."

ရှုဟိန်၏နှလုံးသားက ပြင်းထန်စွာခုန်လာသည်။ သူ့ဘဝမှာ တစ်စုံတစ်ခုကို လုပ်ချင်စိတ်ပြင်းပြလာတာ ဒါပထမဆုံးဖြစ်သည်။ သူထိန်းချုပ်လေ.. ထိုဆန္ဒက ပိုပြင်းထန်လာလေဖြစ်သည်။

သေပြီ.. ငါ့ထိန်းချုပ်နိုင်စွမ်းက ပိုပိုဆိုးဝါးလာပြီ..။

နမ်းချင်တယ်.. ဖြူနုတဲ့ပါးပြင်လေးကို နမ်းလိုက်ချင်သည်။

ရှုဟိန်၏ရင်ဘတ်တစ်ခုလုံး မီးလိုပူပြင်းကာ ပေါက်ထွက်မတတ် နှလုံးက ဆက်တိုက်ခုန်နေတော့သည်။ နောက်ဆုံး ရှုဟိန်သည် ရှုနင်ကိုပွေ့ကာ သူ့ပေါ်ကိုမှီထားစေသည်။ ဒီလိုလုပ်မှ ရှုနင်၏မျက်နှာလေးကို မမြင်ရတော့ဘဲ စိတ်လွတ်ကာ နမ်းမိမည့်ဘေးမှ ရှောင်ထွက်သွားနိုင်တော့သည်။

ရှုနင်၏နှာခေါင်းက ရှူထုတ်လိုက်သောထွက်သက်က အဝတ်အစားကိုဖောက်ကာ သူ့ကိုယ်ကို ခပ်နွေးနွေးရိုက်ခတ်နေသည်။ ရှုဟိန်၏ရင်ထဲ မချင့်မရဲဖြင့် ယားကျိကျိဖြစ်လာပြန်သည်။ ရှုဟိန်၏လက်များက နူးညံ့သောပါးပြင်လေးကို ပွတ်သပ်မိချိန် ကျေနပ်သွားသည်။ ပြီးတော့ ပိုးသားလိုနူးညံ့သော ဆံပင်များကို အသာပွတ်ပေးနေလိုက်သည်။ နင်နင်၏ဆံပင်များကို သူတကယ်သဘောကျသည်။

ရှုနင်နိုးလာတော့ သူက ရှုဟိန်၏ပေါင်ပေါ် ခေါင်းအုံးကာ ကားဆိုဖာပေါ် လဲလျောင်းလျက်သားရှိတာ တွေ့လိုက်ရသည်။ သူ့ခေါင်းက အစ်ကိုကြီး၏ဗိုက်ကိုပါ ထိနေသည်။

ဘုရား.. ဘုရား..

ရှုနင်က အစ်ကိုကြီး၏ဘောင်းဘီပေါ်က သွားရည်အကွက်ကို သတိထားမိတော့ ဘုရားတလိုက်မိသည်။ ဘောင်းဘီက အနက်ရောင်ဖြစ်လို့ သိပ်မသိသာသဖြင့် တော်သေးသည်။ (o(╯□╰)o)

"နိုးပြီလား.."

ငါနိုးပြီး ထထိုင်နေပြီ.. ဒါတောင်မသိသေးဘူးလား..

ရှုနင်က အပြစ်မကင်းစိတ်ဖြင့် ကို့ရို့ကားယားရယ်ရင်း မေးလိုက်သည်။

"ကျွန်တော် အရမ်းအိပ်ပျော်သွားတာ အစ်ကိုကြီးရဲ့ပေါင် နာနေပြီလား.."

"ထုံနေတယ်.."

ခင်ဗျားက အင်မတန်ပြီးပြည့်စုံတဲ့သူလေ.. ဘာကြောင့် ကိုယ့်အားနည်းချက်ကို ခုလို အလွယ်တကူ ထုတ်ပြောရတာလဲ..။

ရှုနင်က စိတ်မကောင်းဖြစ်သွားပြီး အစ်ကိုကြီး၏ပေါင်ကိုထိဖို့ လက်လှမ်းလိုက်ပေမယ့် ရှုဟိန်စိတ်ဆိုးမည်စိုးသဖြင့် မျက်နှာကို ချောင်းကြည့်လိုက်သေးသည်။ ရှုဟိန်က စိတ်ဆိုးဟန်မပြတော့ ရှုနင်က မဝံ့ဟန်ဖြင့် ရှုဟိန်၏ပေါင်တွေကို ခဏနှိပ်ပေးနေလိုက်သည်။

ရှုဟိန်က သက်တောင့်သက်သာဖြစ်ပေမယ့် ညီလေးက ခရီးပမ်းနေလျက် ခုလိုနှိပ်ပေးနေရသဖြင့် စိတ်မကောင်းဖြစ်ကာ လက်လေးနှစ်ဖက်ကိုဆွဲယူကာ ခပ်ဖွဖွပွတ်နေရင်း ပြောလိုက်သည်။

"အစ်ကိုကြီး.."

ရှုနင်က ရှုဟိန်၏ နူးညံ့သောအပြုအမူကြောင့် လန့်သွားသည်။

"ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်.. နောက်တစ်ခါ ထပ်မဖြစ်စေနဲ့.."

"......"

သွားရည်ကျတာ ရှက်စရာကောင်းလို့ ရှုနင်က သူ့ပါးပြင်ကို လက်လေးနှင့်အုပ်လိုက်မိသည်။

"နွေကျောင်းပိတ်ရက် ဘာအစီစဉ်တွေရှိလဲ.."

"........."

"အစ်ကိုကြီး သိပါရစေ.."

သူက ရှုနင်ပြောလာတာကို နားထောင်ချင်ပေမယ့် ဒီကောင်လေးက လုံးဝမပြောပြခဲ့သဖြင့် ရှုဟိန်၏မျက်နှာ မည်းမှောင်လာသည်။

အထက်တန်းလွှာက ဆယ်ကျော်သက်တွေက နွေပိတ်ရက်ကို ဘာလုပ်တတ်ကြသလဲ။ သူတို့လုပ်တဲ့ဟာကို ပြောရရင် မိုက်မဲတဲ့ကိစ္စရပ်တွေချည်းပဲ။ ဒါက ရှုနင်၏စရိုက်နှင့် မကိုက်ပေ။

"ဘာဖြစ်လို့လဲ.."

အစ်ကိုကြီး.. ခင်ဗျား ခုထိ မေးနေတုန်းလားဗျ..။ ရှုနင်က ခုထိ ရှုဟိန်၏မေးခွန်းကို မရှောင်နိုင်သေးပေ။

"ကျွန်တော် ကစားလို့ရလား.."

ရှုဟိန်က မျက်ခုံးပင့်သွားသည်။ ဒီအပြုအမူက ရှားရှားပါးပါးဖြစ်သည်။

ရှုနင်၏လက်များက ချွေးထွက်ကာ စိတ်မသက်မသာဖြစ်လာသည်။ အစ်ကိုကြီးက ထူးချွန်သည့်သူဖြစ်လို့ သူက ထူးချွန်ပြီး ကြိုးစားသူကိုသာ သဘောကျပေလိမ့်မည်။ အခု သူ့အဖြေက ကစားဖို့သာသိပြီး ရေသာခိုသလိုဖြစ်နေလို့ လန့်သွားသည်။ အရင်ဘဝက ရှုနင်က သူ့အမေစိတ်တိုင်းကျဖို့ သေမလိုကြိုးစားခဲ့ရသည်။ တစ်ရက်ကို ၂နာရီသာအိပ်ပြီး တစ်ညလုံး နှာခေါင်းသွေးယိုအောင် ကြိုးစားခဲ့သည်။ နေ့ခင်းမှာ company ကိုသွားပြီး ကူလုပ်ရသေးသည်။ ဒါကြောင့် တစ်နေ့ကို သူ ၃ခါလောက် မူးဝေကာ လဲကျမလိုပင်ဖြစ်ခဲ့ရသည်။

သူဘယ်လောက်ကြိုးစားပါစေ၊ သူ့ဉာဏ်ရည်က သာမန်တွေသာဖြစ်သည်။ ဆိုးဝါးသောအပြောင်းအလဲကို ဖန်တီးခဲ့သော သာမန်လူသားတစ်ယောက်သာ ဖြစ်ခဲ့သည်။ ဒါကြောင့် သူ့ဘဝက အထွတ်အထိပ်ကိုရောက်စရာ နည်းလမ်းမရှိခဲ့ပေ။

ဒီဘဝမှာတော့ ရှုနင်က ဘဝကို အေးချမ်းရောင့်ရဲစွာ ဖြတ်သန်းချင်သည်။ အရင်ဘဝက မလုပ်ခဲ့ရသည့် ဆယ်ကျော်သက်အရွယ်တွေလုပ်သည့်အလုပ်ကို လုပ်ကြည့်ချင်သည်။ အကောင်းဆုံးဆိုတာကို အစ်ကိုကြီးက ရယူလိမ့်မည်။ သူ့ဘဝက မအောင်မြင်လည်း လူကြီးဖြစ်လာချိန်ထိ အေးချမ်းစွာနေပြီး သူသဘောကျသည့် ပြိုင်ကားတစ်စီးလောက်ဝယ်စီးကာ နောက်ဆုံး ဇာတိမြို့မှာ ပြန်ပြီးနေထိုင်ချင်သည်။ သူ ခုကတည်းက ရင်းနှီးထားသောငွေကြေးများနှင့် company တစ်ခုလောက်ထောင်ကာ ဘဝကို အေးချမ်းစွာဖြတ်သန်းမည်။ ရှုအိမ်၏စည်းစိမ်များကို အစ်ကိုကြီးနှင့် ယှဉ်မလုချင်ပေ။ ဒီဘဝတော့ ဝမ်းနည်းပူဆွေးဖွယ် သေဆုံးရသည့်အဖြစ်ကို ရှောင်ရှားချင်သည်။

ရှုဟိန်က အတွေးလွန်နေသော ရှုနင်၏ပုံစံလေးကိုကြည့်ကာ ဒီကလေး စိတ်မကြည်ဘူးဆိုတာ သတိပြုမိလိုက်သည်။ ရှုနင်သတိဝင်လာတော့ ရှုဟိန်ကိုကြည့်လိုက်တော့ သူ့ကိုစူးစိုက်ကြည့်နေသည်ကို တွေ့သဖြင့် နှလုံးက ခုန်ထွက်မလိုဖြစ်သွားသည်။

"မင်းမှာအစီစဉ်မရှိရင် ငါ မင်းအတွက် စီစဉ်ပေးမယ်.."

"ဘာကိုလဲဟင်.."

"အစားထိုးအတန်း.."

အစားထိုးအတန်း ဟုတ်လား.. (/(ㄒoㄒ)/~~) ငါ ခဏတော့ ငိုပါရစေဦး..။ ရှုအိမ်၏အဆင့်အတန်းအပြင် ရှုနင်က အတန်းခုန်ဖို့စဉ်းစားကာ ဆရာကိုသွားမေးကာ စီစဉ်သင့်တာ စီစဉ်ထားပြီးဖြစ်သည်။ သူက အဆင့်မဆိုးသောကြောင့် ဆရာက သဘောတူကာ ဆရာတွေရဲ့ရုံးခန်းမှာ စာမေးပွဲတစ်ခုစီစဉ်ကာ ဖြေရန်ပြင်ဆင်ထားပြီးဖြစ်သည်။ ဒါကြောင့် အောင်စာရင်းထွက်လာလျှင် သူက အထက်တန်းနောက်ဆုံးနှစ်ကို တက်လို့ရလေပြီ။ ဒါကြောင့် သူက နွေရာသီကျောင်းပိတ်ပြီး ပြန်ဖွင့်လျှင် အတန်းသစ်တက်ဖို့ စောင့်နေခြင်းဖြစ်သည်။

ဘာမီးစိမ်းပြတာလဲ.. ငါ့ဘဝလေးတော့ သွားပါပြီကွာ..

အသက် ၃၀ ရှိနေပြီဆိုပေမယ့် ရှုနင်က ရှုဟိန်ရှေ့မှာ ကလေးလိုမျိုး အံ့အားသင့်ချင်ယောင် ဆောင်လိုက်သည်။ အစ်ကိုကြီးရေ.. ခင်ဗျားသာ ကျွန်တော့်အပေါ်ကောင်းရင် ကျွန်တော်တို့က ညီအစ်ကိုကောင်း ဆက်ဖြစ်နေဦးမှာပါဗျာ..။

ရှုနင်က မျက်ရည်ကျကာ ဝမ်းနည်းနေပုံပေါ်ပေမယ့် ရှုဟိန်က မနှစ်သိမ့်ပေးဘဲ စိတ်ကိုတင်းကာ ငိုခိုင်းထားလိုက်သည်။ ရှုဟိန်၏အမူအယာက အနည်းငယ်ပြောင်းသွားကာ နှစ်သိမ့်လိုက်သည်။

"လိမ္မာစမ်းပါ.. ငါ မင်းအသက်လောက်က ဘာသာစုံအမှတ်ပြည့်ရတယ်.. မင်းက အင်္ဂလိပ်စာ 97 မှတ်ရတာကလွဲရင် ကျန်တဲ့အမှတ်က သာမန်ပဲ.. ဒါကြောင့် မင်း ခုန်ကျော်သွားတဲ့အတန်းရဲ့ စာတွေကို နွေရာသီမှာ ပြန်သင်ရမယ်.."

အိုး.. ငါ့ရှေ့ကအစ်ကိုကြီးက အစ်ကိုအတုကြီးပဲ.. သူ ငါ့ကို ရှည်ရှည်ဝေးဝေး စကားတွေအများကြီး ပြောခဲ့တယ်..။

"မင်း ငါပြောတာ နားထောင်နေရဲ့လား.."

မကောင်းတော့ဘူး.. အစ်ကိုကြီးရဲ့မျက်လုံးတွေက အေးစက်လာပြီ။ အစ်ကိုကြီးက သူ့ကို အတော်ဆုံးဖြစ်စေချင်တာကို သိပါသည်။ အစ်ကိုကြီးက ပါရမီရှင်ဉာဏ်ကြီးရှင်ပဲ။ သူက တစ်ကျောင်းလုံး ပထမ၊ တစ်မြို့လုံး၊ တစ်နယ်လုံး ပထမစွဲခဲ့သည်။ တစ်နိုင်ငံလုံးအဆင့်ထဲတောင် ဝင်ခဲ့သည့်ကိစ္စ သူ့လို သာမန်ဉာဏ်ရည်နဲ့က ဘယ်လိုလိုက်မှီနိုင်မှာလဲ။ ဒီဘဝ သူ အင်္ဂလိပ်စာ 97 ရတာတောင် တော်လှပြီ။ အရင်ဘဝက ဗဟုသုတတွေရှိခဲ့တာတောင် ဒီဘဝ အစ်ကိုကြီးလိုအဆင့် သေတောင်မရနိုင်ပေ။

သူတို့အတန်းထဲက မော်နီတာဆိုလျှင် ဘာသာစုံအမှတ်ပြည့်ရကာ ဘာပဲမေးမေး ချက်ချင်းဖြေနိုင်သလို အင်္ဂလိပ်စကားကလည်း မွတ်နေသေးသည်။ ရှုနင်က မျက်ဖြူလှန်လိုက်သည်။ အရင်ဘဝက သူ သေလုမျောပါး ကြိုးစားခဲ့ရလို့ ဒီဘဝတော့ ဘယ်သူနဲ့မှမယှဉ်ဘဲ အေးဆေးစွာပဲ နေချင်တော့တာဖြစ်သည်။

ရှုနင်က ပြတင်းပေါက်ဘက်လှည့်သွားကာ နှုတ်ခမ်းစူပြီး ငြိမ်နေသည်။ တော်ပြီ.. ငါ မင်းနဲ့ ဆက်မပြောတော့ဘူး..။ ဘယ်လိုပြောလည်း မင်းကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူူး..။

ရှုဟိန်က ရှုနင်ကို သူ့ဘက်ဆွဲခေါ်လိုက်ပေမယ့် ရှုနင်က ကားတံခါးမှလက်ကိုင်ကို ဆုပ်ထားကာ အဆွဲမခံပေ။ ဒါကြောင့် ရှုဟိန်၏နဖူးက သွေးကြောစိမ်းတစ်ခု ထောင်ထလာသည်။ သူက ရှုနင်၏ခါးကို ပွေ့ဖက်ကာ တစ်ခါတည်း ပေါင်ပေါ်ဆွဲတင်လိုက်သည်။

ရှုနင် ဆွံ့အသွားသည်။

"အစ်ကိုကြီး ဘာလုပ်တာတုန်း.."

"စကားပြောရအောင်.."

"ဘာအကြောင်း ပြောမှာလဲ.."

"မင်း ဘာတွေစဉ်းစားနေတာလဲ.."

"........."

မင်းအစ်မကြီးပဲစဉ်းစား..။ သူ့ရင်ထဲကနေ မျက်စောင်းထိုးလိုက်မိသည်။

"မင်း စာလုပ်ရတာ မကြိုက်ဘူးလား.. အစားထိုးအတန်းပြန်တက်ရတာ မကြိုက်ဘူးလား.."

ပုံမှန်ဆိုလျှင် ရှုနင်က ကြိုးစားတတ်သူပါ။ အခုမှ ဘာကြောင့် သူ့ကို ကလန်ကဆန်လုပ်နေတာလဲ..။

"အွန်း.."

"အကြောင်းပြချက်ပြော.."

လူငယ်လေး.. ဘဝမှာ ဘာလုပ်လုပ် အကြောင်းပြချက် လိုက်တောင်းနေတော့မှာလား..။

"ကျွန်တော်က အတန်းကျော်ချင်လို့ စာကြိုးစားခဲ့တာ.."

"ဘာကြောင့်လဲ.."

ရှုနင် သက်ပြင်းချကာ ရှင်းပြလိုက်ရတော့သည်။

"ဘာကြောင့်လဲဆိုတော့ ကျွန်တော် စာသင်ရတာမကြိုက်လို့.."

ရှုဟိန်၏မျက်လုံးများက တောက်ပသွားသည်။ သူ့ညီလေးက သာမန်နဲ့မတူဘဲ စဉ်းစားတတ်သည်။ သူက စာသင်နှစ်တိုဖို့ အတန်းကျော်ရန် စာကြိုးစားခဲ့သည်။

"ဒါဆို ဒီအစားထိုးသင်တန်းမှာ မင်းရလဒ်ကောင်းရင် ကျောင်းဖွင့်တာနဲ့ အထက်တန်းပထမနှစ်တက်ဖို့ လိုက်ပြောပေးမယ်.."

ငါးစာတော့ချထားပြီ.. ရှုနင် ပါလာမလား..။

ရှုနင်က လမ်းမလျှောက်တတ်ခင် ပြေးဖို့ကြံနေပြီ။ ဒါပေမယ့် ရှုဟိန်က အဓိပ္ပါယ်မရှိသည့်စကား ပြောတတ်သူမဟုတ်ပေ။ တကယ်လို့ ရှုနင်သာ လုပ်ချင်တယ်ဆိုရင် သူရအောင်လုပ်ပေးမှာပဲဖြစ်သည်။

"တကယ်လား.."

ဘွဲ့ရပြီးတာ နှစ်ပေါင်းများစွာကြာခဲ့သော ရှုနင်က ဝမ်းသာစွာဖြင့် မေးလိုက်သည်။

ငါးစာမှာ ရှုနင် လာဟပ်လေပြီ။

"အင်း.."

ဒီနည်းတွေက ကလေးတွေကို မျှားရလွယ်တဲ့ နည်းလမ်းလေးပဲ။ ရှုဟိန်က သူ့ညီလေးကိုပြန်ဖြေရင်း နင်နင်က အရမ်းချစ်စရာ၊ မြတ်နိုးစရာကောင်းသည်ဟု ရှုဟိန် ခံစားလိုက်ရပြီး ညီလေးကို နမ်းချင်စိတ် ထပ်ပေါ်လာပြန်သည်။

ပျော်ရွှင်လွန်းလို့ ရှုနင်၏မျက်နှာလေး နီလာပြီး အပျော်လွန်ကာ အစ်ကိုကြီး၏လည်ပင်းကိုဖက်ကာ 'မွ' ဆိုပြီး ပါးပြင်ကို အသံထွက်အောင် နမ်းလိုက်တော့သည်။

ထိုအနမ်းလေးက ရေပေါ် ငါးခုန်တက်လာသလို ဖြတ်ခနဲသာကြာပေမယ့် ရှုဟိန်တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ ထင်မှတ်မထားသောအနမ်းကို ရလိုက်လို့ ရှုဟိန်မှာ မယုံနိုင်ဖြစ်ကာ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

ဒါကိုသိတော့ ရှုနင်က လျှို့ဝှက်စွာရယ်မောလိုက်သည်။ မင်း ထပ်ပြီး တောင့်တင်းသွားပြီမဟုတ်လား.. လူငယ်လေး.. ဟား.. ဟား.. (╮ (╯▽╰) ╭) ငါ့ကို အနိုင်ကျင့်ဖို့ ဘယ်သူကပြောလဲကွ..။

ရှုဟိန်၏ကိုယ် ပြန်ပျော့ပျောင်းလာတော့ ရှုနင်က နတ်ဆိုးဆန်ဆန်ပြုံးကာ ရှုဟိန်၏လည်ပင်းကို တင်းတင်းဖက်ကာ ပါးပြင်ကို 'မွ..မွ..မွ' ဆိုပြီး ဆက်တိုက်နမ်းလိုက်တော့သည်။

ဟား.. ဟား.. ဟား.. မင်းကိုယ်က ထပ်ပြီး တောင့်တင်းသွားပြန်ပြီကွ..။

လူငယ်လေး.. မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ..။ မင်းအဖေက ဒါကိုမသိဘူးလား..။

ရှုဟိန်က ညီလေးကိုနမ်းချင်လို့ တစ်ပိုင်းသေမတတ်ဖြစ်နေချိန် မထင်မှတ်ဘဲ ညီလေးဆီက အနမ်းကိုရလိုက်တော့ သူ့စိတ်နှလုံးက ပျော်ရွှင်လွန်းလို့ အနုမြူရောင်ခြည် တောက်ပလာသလိုပင် ထင်ရသည်။ သူ့နှလုံးသားတစ်ခုလုံး တဆတ်ဆတ်တုန်သွားစဉ် သူက ရှုနင်၏ခါးကိုဖက်ကာ ကျေနပ်စွာပြုံးနေလိုက်သည်။

ရှုဟိန်၏ခံစားချက်များက ပိုထူးဆန်းလာခဲ့သည်။ သူက ဒီကောင်လေးကို ခပ်ကြာကြာပွေ့ဖက်ထားချင်လို့ ကြံစည်နေပေမယ့် ထိုကောင်လေးက သူ့ပေါင်ပေါ်ထိုင်ရင်း လုပ်သင့်တာရော၊ မလုပ်သင့်တာရော လုပ်လို့နေသည်။ သူ့ဆီကအနမ်းလေးက ရှုဟိန်၏ရင်ထဲက သိုဝှက်ထားသည့်မီးပွားလေးတွေကို မီးပုံကြီးလိုဖြစ်လာစေခဲ့သည်။ ရှုဟိန်က မတတ်သာဘဲ ရှုနင်ကို ဘေးမှာချပေးကာ ခြေနှစ်ချောင်းထပ်ထိုင်ကာ အဖြစ်မှန်ကို ခပ်တည်တည်နှင့် ဖုံးကွယ်ထားလိုက်သည်။ သူ့အောက်ပိုင်းက ရိုးသားလွန်းလှပေသည်။ သူ့လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ကာ ဖုံးကွယ်ထားရသည်။

ရှုနင်က ရှုဟိန်ဖြစ်ပျက်နေသည်ကို လုံးလုံးသတိမထားမိဘဲ အထက်တန်းကျောင်းတက်လျှင် အဆောင်နေရတော့မည်ကို စဉ်းစားကာ ပျော်နေသည်။ သူအိမ်ကထွက်ပြီး အဆောင်မှာ လွတ်လပ်စွာနေချင်ပေမယ့် ခုမှရင်းနှီးခါစ အစ်ကိုကြီးနှင့် ခွဲရမှာတော့ နည်းနည်းဝမ်းနည်းမိသည်။အရင်ဘဝနှင့်မတူ အစ်ကိုကြီးက သူ့အပေါ်နွေးထွေးကာ ကြင်နာပြီး ကာကွယ်ပေးသည်မဟုတ်လား။

ဘိုးဘွားပိုင်အိမ်ကြီးကို ပြန်ရောက်လာတော့ ရှုဟိန်က သူ့အခြေအနေကို အမြန်စစ်ဆေးလိုက်တော့ တကယ်ပဲ သူ့ကောင်ကြီးက ကောင်းကင်ပေါ်ကို မျှော်ကြည့်နေဆဲဖြစ်သည်။ (→_→)

ရှုနင်က ကားပေါ်မှဆင်းကာ သူ့ကိုလက်ဝှေ့ယမ်းနှုတ်ဆက်ကာ အဖိုးကိုနှုတ်ဆက်ဖို့ တက်သွားခဲ့သည်။ အဖိုးနှင့်စစ်တုရင်ကစားရတာ တကယ်ခက်တာပဲ။ အဖိုးက ကလေးဆိုပြီး မညှာပေ။ ရှုနင်က တစ်ပွဲပြီးတစ်ပွဲရှုံးပေမယ့် အဖိုးကို ဆက်လက်စိန်ခေါ်ကာ ကစားနေသည်။ အနိုင်မခံအရှုံးမပေးသော ရှုနင်ပုံစံလေးက ရှုကောင်းကို ပျော်ရွှင်စေသည်။

သွားပြန်ပြီ.. သူ့မှာ စစ်သားတစ်ရုပ်ပဲကျန်တော့တယ်..။ အဖိုးက အရမ်းကြီးကျွမ်းလွန်းပါတယ်ကွာ..။

"ဘာကြောင့်ရှုံးလဲ သိပြီလား.."

"အဖိုးက ဒါတွေကို အကွက်ဆင်ထားပြီးသား.. ဒါကြောင့် ကျွန်တော်ရှုံးတာ မတရားဘူး.."

"ဒါက စစ်တုရင်နယ်ရုပ်တွေပေမယ့် တကယ့်လူသားတွေလဲ ဒီလိုပဲ.. မင်းရဲ့ပန်းတိုင်ကိုရောက်ဖို့ တဆင့်ချင်း အကွက်ချပြီး သွားရမယ်.."

"ဒါက တကယ့်ကို ဦးနှောက်ပြေးတာပဲ.."

သူက အဖိုးဆင်ထားသည့် ထောင်ချောက်ထဲကို မစဉ်းစားဘဲ ဇွတ်တိုးဝင်ခဲ့မိလို့ ထပ်ခါထပ်ခါ ရှုံးခဲ့ရတာဖြစ်သည်။ သူ့အရှုံးက အတော်ဆိုးဝါးလို့ အတွင်းခံထဲတောင် သေးပေါက်ချမိတော့မလို ဖြစ်သွားသည်။ (_(:зゝ∠)_)

ဆွန်းလင်းက လက်ဖက်ရည်ကြမ်းနှစ်ခွက် လာချပေးရင်း ပြောလိုက်သည်။

"သခင်လေးဟိန်က ခုလေးတင်ဖုန်းဆက်လာတယ်.. သခင်လေးရှုနင်က နေ့လည်စာမစားရသေးဘူးတဲ့.."

"အဖိုးက ဒီမနက်မှ ငါးကြီးတစ်ကောင် ဖမ်းမိထားတယ်.. ဘယ်လောက်လတ်ဆတ်သလဲ မြည်းကြည့်ပေါ့.."

ထိုငါးဟင်းပွဲရောက်လာတော့ ရှုနင်၏နှလုံးသားလေး တုန်ယင်သွားရှာသည်။ ငါးကြီးက ရှုနင်၏လက်နှစ်လုံးစာမျှသာရှိသည်။ (→_→)

ဒါပေမယ့် ရှုကောင်းက ဘယ်လိုပုဂ္ဂိုလ်မျိုးထင်လို့လဲ..။ သူ့မြေးရဲ့မျက်ဝန်းထဲက စိတ်ပျက်လက်ပျက်ပုံစံကိုတွေ့တော့ ရယ်ရွှင်ရိပ်ဖြင့် ရှင်းပြလိုက်သည်။

"ဒီငါးက crucian carp ငါးရိုင်းမျိုးဖြစ်တယ်.. အကြီးဆုံးဆိုဒ်က 18 cm ပဲရှိတယ်.. ဒီငါးက အဖိုးတစ်သက်မှာ ပထမဆုံးဖမ်းမိတဲ့ အကြီးဆုံးငါးပဲကွ.. ဒီငါးရဲ့သက်တမ်းက အနည်းဆုံး 5နှစ်လောက်ရှိလောက်ပြီ.."

ဆွန်းလင်းက ရယ်ကာ ဝင်ထောက်ခံလိုက်သည်။

"ဟုတ်တယ်.. ဒီငါးကိုဖမ်းမိဖို့က အရမ်းခဲယဉ်းတယ်.."

ရှုနင်က သူတို့ သူ့ကိုသင်ကြားပေးချင်သည့်အချက်ကို သဘောပေါက်လိုက်သည်။ "ငါးရဲ့အရွယ်အစား ဘယ်လောက်သေးပါစေ၊ ဒီငါးက သူတို့အသိုင်းအဝိုင်းကြားမှ အရမ်းကြီးတယ်လို့ သတ်မှတ်လို့ရသည်" crucian carp ငါးက အာဟာရပြည့်ဝပြီး အရသာချိုသည်။ ဒါကြောင့် ငါးစွပ်ပြုတ်က ရှုနင်တို့မြေးအဖိုးလက်ချက်ကြောင့် အရိုးပဲကျန်တော့သည်။ ရှုကောင်းက ပါးစပ်သုတ်ကာ မေးလိုက်သည်။

"ဘယ်လောက်ကြီးတဲ့ငါးပဲ ရောက်လာလာ၊ သူတို့အားလုံးကို စားလို့ရမယ့်နေရာတစ်ခု ရှိမယ်လို့ မြေးမထင်ဘူးလား.."

ရှုနင်က စိတ်ရှုပ်စွာခဏတွေးကာ ပြောလိုက်သည်။

"ဒါဆို ကျွန်တော်တို့ ငါးမွေးမြူရေး စလုပ်ရင်ကော.."

ရှုကောင်းက သဘောကျစွာ အော်ရယ်လိုက်သည်။ နေ့လည်စာစားပြီး နားချိန်ရောက်သောကြောင့် ရှုနင် အောက်ထပ်ကိုဆင်းလာခဲ့သည်။ ရှုကောင်းက ပန်းပင်ရေလောင်းနေစဉ် မေးလိုက်သည်။

"မင်း ဘယ်လိုထင်သလဲ.."

"သူ ငယ်သေးသလားလို့.."

"သူဘယ်လောက်ငယ်ငယ် ငါ့မြေးအရင်းပဲ.."

ဆွန်းလင်းက ရှုကောင်းပြောသည်ကို သဘောပေါက်ပါသည်။ ရှုဟိန်က ဘယ်လောက်ပဲတော်တော် မြေးအရင်းမဟုတ်သောကြောင့် သခင်ကြီး၏နှလုံးသားထဲထိ မရောက်ပေ။ သခင်လေးရှုနင်က ငယ်ရွယ်ပေမယ့် သခင်ကြီးအတွက် အရေးပါသည်။ တကယ်လို့ သခင်လေးရှုနင်သာ ပါရမီမပါဘူး၊ မထူးချွန်ဘူးဆိုရင် အလကားဖြစ်ပေတော့မည်။ ချမ်းသာကြွယ်ဝသောဘဝက သူ့ကို ပျက်စီးသွားစေနိုင်သည်။

"ကျွန်တော်တို့ဆီမှာ သခင်လေးရှုယောင် ရှိသေးတာပဲ.. သူ့ကို စောစောစီးစီးကတည်းက ပျိုးထောင်ရင် သူက ထက်မြက်လာနိုင်ပါတယ်.."

ရှုကောင်းက ဒီစကားကို စဉ်းစားနေပေမယ့် ဘာမှပြန်မပြောလိုက်ပေ။ ရှုယောင်က ဘိုးဘွားပိုင်အိမ်ကြီးမှာ မွေးဖွားကြီးပြင်းလာမည့် သူ့မြေးအရင်းဖြစ်သည်။ ဒီကလေးက ငယ်ကတည်းက လေးစားခံရမှာဖြစ်ပြီး ငယ်စဉ်ကတည်းက သူ့ဘေးမှာကြီးပြင်းလာမယ်ဆိုရင် သေချာပေါက် ရှုဟိန်လိုထက်မြက်ကာ တောက်ပသောကလေး ဖြစ်လာနိုင်သည်။

ချင်ယွိကျိုး.. မင်းက ငါ့ကို မြေးလေးတစ်ယောက်ကို ပျိုးထောင်ပြီး ပျော်ရွှင်မှုကို ခံစားခွင့်ပေးလို့ မဆိုးဘူးပြောရမယ်။ ရှုနင်ကို ငါထိတွေ့ချင်တိုင်း တွန့်ဆုတ်တဲ့ခံစားချက်ရနေသလို ရှုယောင်လေးနဲ့ပတ်သက်ပြီး မင်းလည်း ပြန်ခံစားရစေမယ်။

ရှုကောင်းက ဒီလိုတွေးပြီး ပျော်ရွှင်နေသည်။ ရှုယောင်မွေးလာရင် သူ့ဘေးမှာပျိုးထောင်ကာ မအေနှင့်မနီးစပ်အောင် ခွဲထားရမည်။ ဒါမှ မအေဆီက မကောင်းသောအကျင့် မကူးအောင် ကာကွယ်နိုင်ပြီး ကိုယ်လိုသလို ကလေးကို ပုံသွင်းနိုင်ပေမည်။ သူ့မြေးလေး ရှုနင်နှင့် သူ့ကို 13 နှစ်ထိခွဲထားသည့် ခံစားချက်ကို ချွေးမကိုလည်း ပြန်ခံစားရစေချင်သည်။

ဆွန်းလင်းက ရေနွေးစိမ်လက်သုတ်ပုဝါကို လက်သုတ်စေရန် ယူလာပေးပြီး ပြောလိုက်သည်။

"ကလေးက ဒီဇင်ဘာအစောပိုင်းမှာ မွေးမယ်လို့ပြောတယ်.."

ရှုနင်က သူ့အခန်းကိုပြန်လာစဉ် အောက်ထပ်မှ ကားဆိုက်သံကြားသဖြင့် အောက်ထပ်ဆင်းလာခဲ့သည်။ သူ့အမေကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ပေ။ ချင်ယွိကျိုးက ကားပေါ်ကဆင်းကာ ကျော့မော့စွာ အိမ်ထဲဝင်လာသည်။ နေရောင်ခြည်လို တောက်ပလင်းလက်ကာ လှပသောချင်ယွိကျိုးသည် ပါးစပ်ကြမ်းသောချင်ယွိကျီ၊ သာမန်ကိုယ်လုံးနှင့် လှတယ်လို့ပြောလို့မရတဲ့ ချင်ယွိလန်တို့နှင့် အတူယှဉ်ရပ်နေပါက ညီအစ်မရင်းဆိုတာ ဘယ်သူမှယုံမည်မဟုတ်ပေ။

ရှုနင်က ဒီညီအစ်မသုံးယောက် ရန်ဖြစ်ရင် အတော်စိတ်ဝင်စားဖို့ကောင်းမည်ဟု တွေးလိုက်သည်။

"အမေ.. ကျွန်တော်ပြန်လာပြီ.."

ရှုနင်က အောက်ကိုပြေးဆင်းလာပြီး မအေကိုတွေ့လို့ အရမ်းပျော်သွားသည့် သားလေးကဲ့သို့ ပြုမူလိုက်သည်။

ချင်ယွိကျိုးက ရှုနင်၏ ပျော်ရွှင်နေသောမျက်နှာကို တွေ့ပြီးတော့ ရှုနင်က တမင်မျက်နှာမကောင်းသည့်ပုံပြောင်းကာ ပြောလိုက်သည်။

"ကျွန်တော် ဦးလေးရဲ့ villa မှာ ပြဿနာတက်ခဲ့သေးတယ်.. အဒေါ်နှစ်ယောက်က ဦးလေးရဲ့ villa ကို အပိုင်သိမ်းချင်နေကြတယ်.."

===================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now