Chapter (137)_ ရှုနင်ကို တိုက်ခိုက်ရဲတဲ့ ဝမ်ချုံး

11.8K 1.8K 37
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)



Chapter (137)_ ရှုနင်ကို တိုက်ခိုက်ရဲတဲ့ ဝမ်ချုံး



"ဟုတ်ကဲ့"

ချင်းမင်သည်ဉာဏ်ကောင်းသော လူတစ်ယောက်ဖြစ်ပြီး ရှုနင်ဆိုလိုသည်ကို ရိပ်မိကာ ရှုနင် အတွက် လမ်းဖယ်ပေးလိုက်သည်။ သူက ချက်ချင်းပြုံးပြပြီး  သူဌေး၊ ဥက္ကဌနဲ့ကျေးဇူးတင် ကြောင်းပြောလိုက်တယ်၊ ဘာဘဲဖြစ်ဖြစ် သူတို့သူဌေးက သူတို့ကို ခုလို ဂရုတစိုက် ဆက်ဆံတဲ့အတွက် သူ အရမ်းပျော်နေတယ် မဟုတ်လား။

 
ဟုန်လွေ့ရဲ့ အခုမှဖွင့်လှစ်သော ဖျော်ဖြေရေး စင်တာသည် မြို့တော်၌ နာမည် အကြီးဆုံး ၊ အတိုးတက်ဆုံးဖြစ်သည်။ ထိုနေရာ သည်အနှိုင်းမဲ့ဇိမ်ခံရာနေရာဖြစ်ပြီး  တောက်ပကာ  အရောင်အသွေးစုံလင်သော လူအုပ်ကို ရူးသွပ်စေသော မြူးကြွပေါက်ကွဲနေသည့် တေးဂီတသံတွေဖြင့် ဆူညံနေသည်။

 
ရှုဟိန်က စည်းကမ်းအရမ်း တင်းကျပ်သောကြောင့် ရှုနင်က  ထိုနေရာများသို့ မလာဖြစ်ခဲ့ပေ။ ဒါကြောင့် အခုရောက်လာတော့ ဒီနေရာက အတော်လေးစိတ်ဝင်စားစရာကောင်းလှသည်ဟု ထင်နေသည်။  အရင်ဘဝမှာ သူက အသက် 30 ထိနေခဲ့တာ ဆိုပေမယ့် အသက်ကြီးတဲ့ လူတစ်ယောက်လို နေခဲ့ရသည်။ အမေ ခိုင်းတာ တာဝန်ကျေအောင်၊ အဖေကျေနပ်အောင် နေလာခဲ့ရလို့   ပျော်စရာနေရာတွေမှာ အခြား လူငယ်တွေ ခဏခဏရောက်ပေမယ့် သူ လုံးဝ မရောက်ခဲ့တာ သဘာဝကျတယ်၊


အခုတော့ ရှုနင်က ဟုန်လွေ့ကျေးဇူးနဲ့  သူ့ရှေ့တွင် အရက်တစ်ခွက်ရှိခဲ့ပြီး ရောင်စုံအလင်းတန်းများ ပျံ့ကျဲနေသည့်  တောက်ပကာ စွဲမက်ဖွယ်ကောင်းသော ညကို ခံစားနေသည်။

 

ရှုနင်က ကော့တေးတစ်ခွက်ယူရန်  လက်ကို ဆန့်ထုတ် လိုက်ပြီး ဟုန်လွေ့ သတိမထားမိခင် သူ့ရဲ့လက်ကို ပြောင်းလိုက်ကာ   ဝီစကီ ထည့်ထားသော ဖန်ခွက်ကို ကောက်ယူလိုက်သည်။


ဟုန်လွေ့က မျက်နှာထက်မှာ ဘာအမူယာမှ မပြပဲ လေးနက်စွာကြည့်ကာ ပြောလိုက်သည်။

  "သခင်လေးရှု... မင်းအစ်ကိုကြီးကို မင်းကို လာပြန်ခေါ်စေချင်တာလား။ အိုး ~ မင်း ဒီမှာနေဖို့ အစီစဉ်ရှိပုံရတယ်။ ဒါပေါ့... ဒီနေရာကငါ့ရဲ့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပဲလေ။  ဒါကြောင့် သခင်လေးရှု ဒီနေရာက ထွက်မသွားနိုင်တာ  ပုံမှန်ပါပဲ။ "

ဒီနည်းကို သုံးတာက ရှုနင်အပေါ် အသုံးမ ၀ င်ပါ၊ ရှုနင်က ဟုန်လွေ့ထက် ပိုပြီး အသက်ကြီးသည်။ ဒါပေမယ့်  သူ့ရည်ရွယ်ချက်အောင်မြင်ပြီးပြီ၊  ဟုန်လွေ့က အခု သူ့ကိုအာရုံစိုက်နေတယ်၊ သူက ရှုဟိန် နဲ့ပတ်သက်မှုရှိတယ်ဆိုတာ သက်သေပြနေတာပဲ။ ရှုနင်က ဘာမှမသောက်ထားလို့ သူ့ရဲ့ စိတ်က ဒီတစ်သက်တာတွင် အခုက အကြည်လင်ဆုံးဖြစ်နေသည်။

 "ဒီလိုဖြစ်ရင် ခင်ဗျားရဲ့ဧည့်ဝတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်"

ရှုနင်က လိမ္မော်ရည်တစ်ခွက်ကို ယူလိုက် ပြီးနှစ်ခြိုက်စွာ ကြည့်လိုက်သည်။ အပြင်ဘက်

ဒီနေရာက ငွေဖြုန်းလို့ အကောင်းဆုံးဆိုတဲ့ စကားနဲ့ ညီပါပေတယ်။ ဟုန်လွေ့ရဲ့ ဖြော်ဖြေရေးစင်တာမှာ အနည်းဆုံး ငွေတစ်သောင်းလောက်  ကုန်မှ ဝင်နိုင်လိမ့်မည်။

 ဒီနေရာမှာရှိနေတဲ့ အလှလေးအားလုံးဟာ  အရပ် 1.7 မီတာ မြင့်ကြပြီး  သွယ်လျသောခန္ဓာကိုယ်နှင့် သူတို့၏ကိုယ်ပိုင်အရည်အချင်းများ၊ သူတို့မှာ လှပသေသပ်သော ဝတ်စားပုံနှင့်၊ သူတို့ရဲ့ နိုင်ငံခြားဘာသာစကား ကျွမ်းကျင်မှုတို့ရှိကြပြီး ဝန်ထမ်းမိန်းကလေးများထဲတွင်  ပညာရေး အရည်အချင်း  ချို့တဲ့သူ တစ် ဦးမှ မပါဘဲ  ဤနေရာတွင်အလုပ်လုပ်သူများသည် ငွေကိုနှစ်သက်သော မိန်းကလေးများ ဖြစ်သည်။

မိန်းကလေးတွေက ဒီမှာပေါ်လာမှာ မဟုတ်ဘူး။ မည်သည့်ထက်မြက်သူမဆို မင်း စိတ်ခံစားမှုကောင်းဖို့ မဟုတ်ဘဲ့ဒီကိုရောက်လာမှာ မဟုတ်ဘူးဆိုတာ သိလိမ့်မယ်။ မိန်းကလေးများသည် သူဌေးများအား သဘာဝကျကျ နမ်းကြသော်လည်း သူတို့၏ဘ ၀ တစ်လျှောက်လုံး ဘာကို မှလိုချင်တောင့်တခြင်းမရှိပဲ အချစ်ကိုသာ လိုချင်ကြောင်း  အဲဒီ့စကားချိုချိုတွေပြောကာ သနားစိတ်ကို ချူယူကြသည်။

 သူတို့ရဲ့ကြေကွဲစရာပုံပြင်တွေကို ယုံကြည်ဖို့ဆန္ဒရှိတဲ့ သူဌေးတွေ အများကြီးရှိလိမ့်မယ်၊ သူတို့ကို တကယ်ချစ်တဲ့ ဇနီးမယားတွေကိုစွန့်ခွာပြီး ဖြော်ဖြေရေး စင်တာက သနားစဖွယ် မိန်းမလှလေးတွေကို သူ့သဘောနှင့် သူတို့ ူလက်ထပ်လိုက်ကြလိမ့်မယ်။

 
ရှုနင် က ဝမ်ချုံး ကပြဖြော်ဖြေမယ့် အချိန်ကို စောင့်နေရင်း  သူ၏ခြေထောက်များကို ရည်ရွယ်ချက်ရှိရှိဖြင့်နှိပ်ပြလိုက်သည်။

ဟုန်လွေ့က မြင်တော့ သဘောပေါက်သွားပြီး  မျက်လုံးဖြင့် အချက်ပြကာ မန်နေဂျာကို ခေါ်လိုက်တယ်၊ သူက စကားတီးတိုးပြော လိုက်ပြီးနောက် မန်နေဂျာက ထွက်သွားပြီး မကြာခင် မန်နေဂျာပြန်လာကာ ဟုန်လွေ့နားကို ကပ်တာ တီးတိုးပြန်ပြောခဲ့သည်။

ဟုန်လွေ့သည်အလွန်ဆိုးသွမ်းသူတစ် ဦး ဖြစ်သော်လည်း သူက အသေအချာ ကာကွယ် စီမံထားလို့ သူ ဘာတွေးပြီး ဘာလုပ်နေတယ်ဆိုတာ ဘယသူမှ မပြောနိုင်ပေ။

 ရှုနင်က ဝမ်ချုံးနဲ့ပတ်သတ်ပြီး ပြသနာရှိတယ်ဆိုတာ ရိပ်မိလိုက်သည်။ ဟုန်လွေ့က ဝမ်ချုံးဖြော်ဖြေတာကို ကြည့်ဖို့ရှုနင်ကို အထူးခေါ်လာပေမယ့် ဝမ်ချုံးက ဖြော်ဖြေဖို့ ငြင်းဆန်နေလို့  မျက်နှာပုတ်နေတာ မဟုတ်ဘူးလား။


ရှုနင်ကခေါင်းကိုအေးအေး ထားပြီး အရက် တစ်ခွက်သောက်နေသော်လည်း ဝမ်ချုံးက စင်ပေါ်ကိုမတက်ပဲနေလို့ သူ့အချိန်တွေ ကုန်ဆုံးနေပြီ။

အမှန်တော့ ဝမ်ချုံးရဲ့ကိုယ့်ကိုယ်ကိုလေးစားမှုနဲ့ မာနဟာ အရင်ကတည်းက ဖုန်မှုန့်လို တစ်စစီ ကွဲကြေအောင် ရိုက်နှက်ခံခဲ့ရပြီးပြီ။ အခု သူ့ကို အကခိုင်းဖို့တောင် မပြောနဲ့  သူ့ဖောက်သည်တွေရဲ့ခြေထောက်တွေကို တွားသွားပြီး သူတို့အတွက်အပိုဝန်ဆောင်မှုပေးဖို့တောင် ဆန္ဒရှိခဲ့တယ်။



ဒီတစ်နှစ်တာအတွင်း  သူ ကြိုးစားခဲ့တဲ့အတွက် ကျော်ကြားလာခဲ့ပြီး သူ့အတွက် ဘယ်အရာကိုမဆို ရရှိဖို့ အခက်အခဲမရှိ သူ့ကို ဝယ်ချင်သော မရေမတွက်နိုင်သော ချမ်းသာသောသူများစွာ ရှိခဲ့သည်၊ သို့သော် ဟုန်လွေ့က ခွင့်မပြုပဲ ဝမ်ချုံးကို မရေတွက်နိုင်တဲ့ ဖောက်သည်တွေနဲ့ပဲ လွှတ်ပေးကာ အလုပ်လုပ်စေခဲ့သည်။

 ဒါပေမယ့် မင်းသာ လူကြိုက်များခဲ့ရင် အခြားသူတွေက မင်း နေရာကို မလိုချင်ဘူးလို့မင်း ထင်နေခဲ့တာလား။ သူတို့က အမျိုးသမီးတွေကို ဒုက္ခအများကြီးပေးတယ်လို့ပြောကြတယ်၊ ဒါပေမယ့်ယောက်ျားတွေက နေရာလုတဲ့အချိန်မှာ သုံးတဲ့နည်းတွေက ပိုဆိုးပြီး ကြမ်းတမ်းရက်စက်တယ်။


ဒီနေ့သည် ဝမ်ချုံးအတွက် တကယ့်ကို အရေးကြီးသည့် နေ့ဖြစ်သည်၊ သူသည် ယနေ့ ဒီနေရာမှာ အဓိက ဖြော်ဖြေပေးမယ့်လူဖြစ်ပြီး  အဝတ်လဲခန်းမှာ အဝတ်လဲပြီး လူတိုင်းနှင့်အတူထွက်လာစဉ် မီးများ ရုတ်တရက် ပိတ်သွားသည်။ ခဏတာအတွင်း အဝတ်လဲခန်းလေးထဲမှာ အရာအားလုံးရှုပ်ထွေးသွားပြီး မည်သူက တွန်းချလိုက်သည်ကို မည်သူမှ မသိခဲ့ပေ၊ သူတို့ အားလုံး အချင်းချင်း ိတိုက်မိကာ လူအတော်များများ လဲကျသွားသည်၊ မပြုတ်ကျသူများက သူတို့ပါ ိုဒုက္ခရောက်မှာ စိုးသောကြောင့်ကြမ်းပြင်ပေါ် လှဲချလိုက်သည်။



ဝမ်ချုံးက ဒီအတိုင်း မြေကြီးပေါ်လဲကျသွားပေမယ့် ဒါက အဆိုးဆုံး အခြေနေ မဟုတ်ဘူး။ ဘယ်သူက သူ့ခြေချင်းဝတ်ကို ရက်စက်စွာ နင်းချလိုက်တယ် ဆိုတာ အမှောင်ထဲမှာ တယောက်မှ မမြင်ခဲ့ပေ။  အဲဒီအချိန်မှာ သူက ဘယ်သူ့ဆီကမှ အကူညီမရပဲ ခြေကျင်းဝတ် တက်နင်းခံရလို့ နာကျင်စွာ အော်ဟစ်လိုက်တယ်၊ သူ့ကို ထိလိုက်တိုင်း အဲ့နေရာက နာကျင်နေတယ်။ မီးရောင်တွေ ပြန်လင်းလာတဲ့အခါ  လူတိုင်းတုန်လှုပ်သွားကြသည်။


ဝမ်ချုံးရဲ့  ဒဏ်ရာကြောင့် တစ်ယောက်ယောက်က စတုတ္ထထပ်က ဆေးခန်းကိုပို့ခဲ့စဉ် သူတို့က တစ်ယောက်ကို တစ်ယောက် ကူညီနှစ်သိမ့်ခဲ့ကြ သည်။

သူတို့ငှားရမ်းထားတဲ့ ဆရာဝန်က ဝမ်ချုံးရဲ့ဒဏ်ရာကို ကြည့်ပြီး ပြောလိုက်သည်။

 "မင်းအရိုးတွေ ကျိုးသွားလို့ ဆေးရုံပို့လိုက်ရအောင်။ "

ဝမ်ချုံး ၏မျက်နှာ ပိုဖြူလာသည်။

ငါ့ကို ဘယ်သူလုပ်ခဲ့လဲ..... .မြေကြီးပေါ်ကို ဘယ်သူတွန်းချခဲ့ပြီး ဘယ်သူက တက်နင်းခဲ့တာလဲ။

ဒီလုပ်ကြံမှုက  အလွန်သေသပ်စွာပြုလုပ်ခဲ့ပြီး သက်သေများရှိ၊ မရှိပင် သူ မသိပေ၊ ဝမန်ချုံး  သည် ခေါင်းကိုငုံ့လိုက်ပြီး သူ၏မျက်လုံးများထဲတွင်  အလွန်အမင်း နာကျင်ကြေကွဲရိပ်တို့ ပေါ်လာသည်။ ဒီအချိန်မှာ မန်နေဂျာက လူတစ်ယောက်ကို ရုတ်တရက်ခေါ်သွားတယ်၊

 "မသွားသေးဘူးလား၊ သူ့ကိုသယ်ပြီး ငါ့နောက်ကို လိုက်ခဲ့ပါ"



ဝမ်ချုံးသည် အံ့သြသွားပြီး ဘာဖြစ်နေသည်ကို သူ နားမလည်သော်လည်း  စိတ်မသက်သာမှုကိုသာ ထိန်းထားနိုင်ပြီး ပါးစပ်ကိုပိတ်ထားကာ အမိန့်များကို လိုက်နာရတာက ဒီအတိုင်းကျင့်သားရနေပြီဖြစ်သည်။

ဟုန်လွေ့သည် ဝမ်ချုံးကို အရင် ရက်ပိုင်း အတွင်းတွင်သာ တွေ့ ခဲ့ရသည်၊ ယခုမှ ဝမ်ချုံးကိုပြန်မြင်လိုက်ရတာဖြစ်သည်။ ဒီလို ုမြင်လိုက်ရသည်။ ဝမ်ချုံးလည်း ဟုန်လွေ့ကို မြင်ရသောအခါ  ဘာမှ မခံစားရတော့ပေ။

 ဟုန်လွေ့ကို သူ မုန်းခဲ့တာလား။  မဟုတ်သေးပါဘူး၊

ဒါပေမယ့် ရှုနင်က သီးသန့်ခန်းထဲမှာရှိနေတာကို သူမြင်လိုက်လို့လည်း ဖြစ်နိုင်သည်။


ဝမ်ချုံးက သွားနေရာကနေ ရပ်လိုက်ပြီး ခွင့်မလွှတ်နိုင်သည့် အမူယာဖြင့်  ချက်ချင်းမတ်တပ်ရပ်ပြီး ခြေကျင်းဝတ်က ဒဏ်ရာကို ဂရုမစိုက်ဘဲ သီးသန့်ခန်းကို ရောက်အောင် ဆက်လျှောက်ခဲ့တယ်။ ဒါပေမယ့် သူ့ကို ရိုက်လိုက်လို့ သူက မြေကြီးပေါ် လဲကျသွားပေမယ့် ဂရုမစိုက်နိုင်ပေ။ သူက ရှုနင်နှင့် စကားပြောချင်နေသည်။

 

သူက ငတုံး မဟုတ်ဘူး၊ သူ့ဘ ၀ က အခုထိ နိမ့်ကျပျက်စီးသွားရတာက ရှုနင် လုပ်ခဲ့လို့ပဲ ဆိုတာ သူသိတယ်။ ရှုနင်က ဘာကြောင့် သူ့ကို ခုလို လုပ်တယ်ဆိုတာကို  မေးရမယ် မဟုတ်လား။

သီးသန့်ခန်း၏ ထွင်းဖောက်မြင်နိုင်သော မှန်နံရံ  အပြင်ဘက်ရှိ လူအုပ်ကြီးသည် စိတ်အားထက်သန်မှု တို့ဖြင့်ပြည့်နှက်ကာ ရူးသွပ်နေသလို တေးဂီတ စည်းချက်ဖြင့် ယိမ်းထိုးကာ ငရဲပြည်လို ဆူညံကာ ကခုန်နေပေမယ့် သီးသန့်ခန်းလေးထဲက ငြိမ်သက်အေးဆေးကာ လုံးဝကို ကွာခြားလှသည်။

 
ဟုန်လွေ့က သူ၏လက်ကိုမြှောက်လိုက်ပြီး မန်နေဂျာကို ရိုက်တာ ရပ်တန့်ရန် အချက်ပြလိုက် သည်။ သူက အနီရောင်ဝိုင်တစ်ခွက်ကိုကောက်ကိုင်ပြီး သူ့လက်ထဲမှာ ခွက်ကို အသာလှုပ်လိုက်သည်။ သွေးကဲ့သို့ နီရဲနေသည့် ဝိုင်အရောင်ကို သူ အရမ်းသဘောကျသည်။
 

နောက်ဆုံးတွင် ဝမ်ချုံးသည် သီးသန့်ခန်းလေးထဲ ဝင်ခွင့်ရလိုက်ပြီး သူက စကားပြောရန် အခွင့်အလမ်း ရှိသော်လည်း သူ၏ ပါးစပ်ကိုဖွင့်လိုက်သောအခါ သူ၏နှင်းဖြူဖွေးနေသောသွားများနှင့် ဆန့်ကျင်သော သွေးတစ်လုတ်ကို အန်ထုတ်လိုက်မိသည်။

 အံသွားတွေပါ ကျွတ်ထွက်လာတာ  ကြောက်စရာ ကောင်းလိုက်တာ။ အစောပိုင်းက မန်နေဂျာက သူ့ပါးကို ရိုက်လိုက်တာ အားပြင်းသွားလို့ သွားတွေပ ကျွတ်ထွက်ကုန်တာကိုး...

ဒါပေမယ့် သူ့အာရုံနဲ့ အမုန်းတရားက ရှုနင်ဆီကိုသာ ရောက်နေလို့ သူ သတိမထားလိုက်မိတာဖြစ်သည်။



ဝမ်ချုံးသည်ရှက်သွားသော်လည်း ကော်ဖီစားပွဲကို လက်ထောက်ကာ မတ်တပ်ရပ်လိုက်ပြီး တုန်ရီနေသော သူ့မျက်လုံးထဲတွင်တောက်ပနေသော မကျေနပ် ချက်နှင့် မခံချင်စိတ်တွေကို ဖော်ပြနေသည်။ သူ့နှလုံးသား၌ အမုန်းတရားများပြန့်နှံ့သွားပြီး သူ၏မျက်လုံးများထဲမှာ ဒေါသအပြည့်ဖြင့် ခေါ်လိုက်သည်။

"ရှူနင်"

ရှုနင်က ဝမ်ချုံးကို လှည့်တောင်မကြည့်ခဲ့ဘူး။

"မင်းက ငါ့ကို ဘာလို့ပစ်မှတ်ထားတာလဲ။ "

ဝမ်ချုံးက  ဒီအဆင့်ထိကို ကျသွားတာဟာ သူ့ကိုယ်ပိုင် လုပ်ရပ်နဲ့ပဲသက်တယ်ပေမယ့် ဒါက ဟုန်လွေ့နဲ့ လည်း အဓိက  သက်ဆိုင်တယ်၊ ရှုနင်က သူ့ ကို အဆိုးဆုံးတွေ ဖြစ်အောင် တကယ် မလုပ်ခဲ့ပေမယ့် ဝမ်ချုံးက အဲ့ဒီလို ယူဆထားပုံရသည်။



ဝမ်ချုံးက သူ့ကံဆိုးသမျှကို ရှုနင်ဆီကို အပြစ်ပုံချပြီး  သူရဲ့အပြစ်စွဲစိတ်ကို ဖယ်ရှားပစ်ချင်သည်။ ဟုန်လွေ့နှင့် ပတ်သက်၍ ဝမ်ချုံးက မကောင်းပြောဖို့၊ ရန်တွေ့ဖို့ အကြောင်းကိုတွေးတောင် မတွေးဝံ့ပါ၊ ဟုန်လွေ့သည် အလွန်သန်မာလွန်းလှသည်။


ဒါပေမယ့် ဟုန်လွေ့က ရှုနင်ကို မျက်နှာချိုသွေးကာ ရင်းနှီးမှုတည်ဆောက်ချင်သည်အထိ နောက်ကွယ်မှာ့ရှိနေတဲ့ စစ်ထူမိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူ ရှုဟိန်က ပိုလို့ သန်မာသည်ကို ဝမ်ချုံး လုံးဝ မသိပေ။ သူ သိတာက ရှုနင်က သာမန် အထက်တန်းကျောင်းသားလေးဖြစ်ကာ ဒီအတိုင်း ချမ်းသာသည့် မိသားစုက ကလေးဖြစ်သည်ဟုသာ ထင်နေသည်။ ဒါကြောင့် သူ့မကျေနပ်ချက်၊ သူ့ကံဆိုးမှုရဲ့တရားခံက ရှုနင်ဖြစ်သည်ဟု မုန်းတီးကာ ဒေါသကို ဖောက်ခွဲချင်နေတာဖြစ်သည်။



ဝမ်ချုံးက အံကိုအံကြိတ်လိုက်ပြီး သူ့ကိုစူးရှတဲ့ အမုန်းတွေနှင့် စိုက်ကြည့်လိုက်သည်။

 " ငါ့အပေါ်ကို မင်း ဘာတွေ လုပ်ခဲ့တာလဲ။ ဘာကြောင့် လုပ်ခဲ့တာလဲ။ တခုခုပြောစမ်း။ အရှက်မရှိတဲ့ ကြွက်လိုကောင် "

ရှုနင်က လှုပ်ရှားရန်ပြင်နေသည့် သူ့ကိုယ်ရံတော်တွေကို လက်မြှောက်ကာ ဟန့်တားလိုက်ပြီး ဝမ်ချုံးကို ထူးမခြားနားဟန်ကြည့်ကာ ပြောလိုက်သည်။

 
"ဘာအကြောင်းပြချက်မှ မရှိဘူး"

"ဘာ..."

ဝမ်ချုံးက ကြားလိုက်ရသည့် စကားကြောင့် မင်သက်သွားခဲ့သည်။

" ငါ မင်းကို ဒီအတိုင်းကြည့်လို့မရရုံပဲ..." ရှုနင်က နူးညံ့စွာပြုံးပြကာ ပြောလိုက်သည်။

"ဒါကြောင့်ပဲလား..."

"အင်း...."


"ဒါက အရမ်းကြီး လွန်တယ်လို့ မင်းမထင်ဘူးလား၊ ငါဘယ်လိုနေခဲ့တယ်ဆိုတာ မင်းသိရဲ့လား။ ငါတောင်မှ ......ရှုနင်.... မင်းက တကယ့်ကို လူမဆန်ဘူး"

"ဒါပေမယ့် ဒီနာကျင်မှုအားလုံးကို မင်းကိုပေးခဲ့တဲ့ သူက ဟုန်လွေ့... ဟုတ်တယ်မဟုတ်လား။ "


ရှုနင်က ခေါင်းကိုခါယမ်းလိုက်ပြီး သူတော်တော် သဘောကျသွားသည်။

"ငါ့ကို ပစ်မှတ်ထားလို့ လွယ်တဲ့အတွက် အကုန်လုံး ငါ့အပြစ်ဆိုပြီး မင်း စွပ်စွဲလိုက်တာ မဟုတ်လား။ ဟုန်လွေ့မှန်းသိလျက်နဲ့  မင်းသွားပြီး မစွပ်စွဲရဲဘူး မဟုတ်လား။ မင်း သူ့ကိုမုန်းရမှာ မဟုတ်ဘူးလား "

ဟုန်လွေ့က ရှုနင်ရဲ့စကားကြောင့် ကျယ်လောင်စွာ ရယ်လိုက်ပြီး ရှုနင်ရဲ့ အနားသို့ တိုးကပ်ကာ ပြောလိုက်သည်။  သူ့မျက်လုံးများထဲတွင် သဘောကျရိပ်ကြောင့် တောက်ပလာသည်။

 "ဘာကြောင့် မင်းကို စွပ်စွဲရဲသလဲဆိုတော့ သူက  မင်းရဲ့စွမ်းအားကို မသိဘူးလေ"



ဝမ်ချုံးရဲ့ သတ္တိတွေက ဘယ်ကလာသည်ကို မသိသော်လည်း ဟုန်လွေ့က ရှုနင်နှင့်စကားပြောနေသည့်အခါကို အခွင့်အလမ်းတစ်ခုလို့ ဝမ်ချုံး ခံစားခဲ့ရသည်။ ဘယ်သူကမှ သူတို့ကိုယ် သူတို့ ဂရုမစိုက်ကြဘူး၊ ချက်ချင်းပဲ ဝမ်ချုံးက စားပွဲပေါ်က  XO ဝီစကီ ပုလင်းတစ်လုံးကို ကောက်ကိုင်ကာ သူတို့ဆီ ဦး တည် လာခဲ့တယ်။ ဒီပုလင်းကတော်တော်ထူတာဖြစ်လို့ အရိုက်ခံရရင် ပြင်းထန်စွာ ထိခိုက်နိုင်ပြီး မင်းရဲ့ ဦး ခေါင်းခွံကို မအက်စေရင်တောင် မှ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကို ရနိုင်လိမ့်မယ်၊


ဒီဟာရဲ့ အဆုံးသတ်ကို ကိုစိတ်ကူးကြည့်လိုက်ရင် ဝမ်ချုံး အားရကျေနပ်နေမိသည်။ အနည်းဆုံးသူ့ဘဝကို နွံထဲကျစေတဲ့ ရှုနင်ကို လက်တုန့်ပြန်နိုင်လိမ့်မယ်....




ဝမ်ချုံးက ဝီစကီပုလင်းနဲ့ ရှေ့တက်ကာ ပြေးရိုက်လိုက်ပေမယ့် ရှုနင်ရဲ့ အနောက်ဘက်မှ လူနှစ်ယောက် ရုတ်တရက်ထရပ်လိုက်ပြီး သူတို့ထဲကတစ်ယောက်က လက်မောင်းကို ဆန့်လိုက်သည်။ ပုလင်းကွဲသွားသည့် အသံ   "ခွမ်း" ဆိုသည့်အသံတစ်ခုသာကြားရပြီး အခြားကိုယ်ရံတော် တစ်ယောက်က ရှုနင် ၏ရှေ့ကနေ ကာလိုက်သည်။

 ဖန်ပုလင်းက အပိုင်းအစတွေဖြစ်ပြီး အားလုံးမြေပေါ်လဲကျသွားပြီး သူတို့ နှစ်ယောက်ကို မနာကျင် မထိခိုက်စေခဲ့ဘူး၊ သက်တော်စောင့်နှစ်ယောက်က မျက်လုံးချင်းတောင် အကြည့် မဆုံခဲ့ကြဘူး၊ စကား တခွန်းမှ မပြောကြဘူး၊ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်ကြတယ်။ သူတို့က ရှုဟိန်ရဲ့ အထူးလေ့ကျင့်ထားတဲ့ ကိုယ်ရံတော်တွေဖြစ်ပြီး ရှုနင်ကို စောင့်ရှောက်ရန် ရှုဟိန်ကိုယ်တိုင်က တာဝန်ပေးထားသူတွေဖြစ်သည်။

 သူတို့သည်တိုင်းပြည်၏ထိပ်တန်း လက်ရွေးစင်ပညာရှင်များဖြစ်ကြသည်၊ ထို့ကြောင့် သူတို့၏ တိုက်ခိုက်ရည်နှင့် ခံနိုင်ရည်သည် သာမန်အားဖြင့် ပုံမှန်မဟုတ်ခဲ့ပေ။

ဒါပေမယ့် ...... သူတို့ ဘယ်လောက်ပဲကောင်းကောင်း အလုပ်လုပ်ခဲ့ပေမယ့် ရှုနင်က  ထိတ်လန့်မှု ရှိနေ တုန်းပဲ။

ရှုနင်ရဲ့ခေါင်းကို ပုလင်းနဲ့ မရိုက်မိပေမယ့် ပုလင်းကွဲသွားသည့် အသံကို  ကြားနိုင်ပြီး သူ့ဆံပင်တွေကို လေဟပ်သွားခဲ့သည်။
အချိန်တိုအတွင်းမှာ ရှုနင်က သူ့မျက်နှာကို ဖန်ကွဲစတွေက ရှကုန်လိမ့်မည်ဟု ထင်ကာ လန့်ဖြန့် ကာ  ထိုင်းမှိုင်းနေ သလိုဘဲ။  ဒါပေမယ့် ရှုနင်က မျက်တောင်တောင် မခတ်ဘူး၊ အပြင်ပိုင်းတွင် သူက ထိုက်တောင်တန်းကြီး ကဲ့သို့ တည်ငြိမ်နေတယ်၊ သူ့အသံက ပုံမှန်အတိုင်းဘဲ ချစ်စရာကောင်းနေတယ်၊


"တကယ်လို့ ခင်ဗျားက ကျားသွားတွေကို အပြီး မထုတ်ရင် သူတို့က တစ်စုံတစ်ယောက်ကို နာကျင်စေလိမ့်မယ်"

"ကျား၊ ဘယ်မှာလဲ၊ အဲဒါကြွက်လေးတစ်ကောင်ပဲ မဟုတ်လား"

ဟုန်လွေ့၏မျက်နှာသည်ခဏမျှမှောင်နေပြီး ဝမ်ချုံးသည် သူ့မျက်နှာပျက်အောင် လုပ်နိုင်စွမ်း  ရှိသည်ဟု ယူဆနိုင်သည်။ ဟုန်လွေ့က ပြုံးလိုက်သော်လည်း သူ့မျက်ဝန်းတွေက အလွန်မှောင်နေပြီးကြောက်စရာကောင်းလှသည်။


"ဒါပေမယ့် သခင်လေးရှု ပြောတာ မှန်ပါတယ်၊ ငါ မှတ်သားထားလိုက်ပါ့မယ်  "

မန်နေဂျာသည် ဒီမြင်ကွင်းကြောင့်  သူဆိုလိုသည်ကို ချက်ချင်းနားလည်သွားပြီး ဝမ်ချုံးအားခေါ်ထုတ်ရန် တစ်စုံတစ်ယောက်အား အမိန့်ပေးခဲ့သည်၊ နောင်တွင် ဝမ်ချုံးက စင်ပေါ်သို့ ဘယ်တော့မှ တက်စရာ မလိုတော့ပေ၊ အထူးအလုပ်တစ်ခုခု လုပ်ခြင်းက သူ့အတွက် ပိုကောင်းလိမ့်မည်။  ဖောက်သည် အချို့သည် အသစ်အသစ်သောအရာများကို ပြုလုပ်ရမည်ကို ပိုမိုနှစ်သက်ကြသည်၊ သူတို့၏ သားကောင်နှင့် ကစားနေစဉ် သူတို့လုပ်မည့် အရာများသည် ပို၍ ပင် ထူးဆန်းပြီး ပိုလို့ ကောင်းနိုင်သည်။ သဘာဝအတိုင်းဆိုရင် မင်းက စီးပွားရေးလုပ်ရင် သူတို့လိုချင်တာကိုဖြည့်ဆည်း ပေးရမယ် မဟုတ်လား၊



ဟုန်လွေ့က လူကောင်းတစ်ယောက်မဟုတ်ဘူး၊ ဒါကြောင့် သူ့အတွက် ဒီနည်းနဲ့ ငွေရှာတာက သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ဘူး၊ သူက ရှုနင် ၊ ရှုဟိန်တို့နဲ့ လုံးဝ ကွားခြားတယ်။

 
ဝမ်ချုံး သည် ဆွဲခေါ်သွားခံရစဉ် တစ်လမ်းလုံးအော်ဟစ်နေလို့ တစ်စုံတစ်ယောက်က သူ၏ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး သတိလစ်သွားစေရန် ရိုက်လိုက်သဖြင့် ကြမ်းပြင်ပေါ်၌ သွေးများ စီးကျကုန်သည်။ ထိုညပြီးနောက် ဝမ်ချုံးသည် အစားလိုလျှင် သွားအတုကိုသာ တပ်ပြီး စားနိုင်တော့မည်။ ဒါပေမယ့် ဖောက်သည်များကို ဝန်ဆောင်မှုပေးရာတွင် သွားနှင့် ဖောက်သည်တွေကို ထိခိုက်အောင် လုပ်မည်ကို စိုးရိမ်စရာမလိုတော့ပေ။

 

ရှုနင်က အရာများစွာတွေ့ခဲ့ရသည်။  ဒါပေမယ့် အဓိကအချက်ကတော့ ဟုန်လွေ့ကို မျက်နှာပေးဖို့ဘဲ။ သူစောစောက ဒေါသကြောင့်ထွက်သွားရင် သူတို့ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်။ ဟုန်လွေ့သည် ရှုနင် ကိုပျော်ရွှင်စေရန် အခြားနည်းလမ်းတစ်ခုသို့ ပြောင်းလိုက်သည်။


ရှုနင်သည် နောက်ဆုံးတွင် သူ၏ သက်တော်စောင့်များ နှင့် အတူ ထွက်သွားသောအချိန်က ဆယ့်နှစ်နာရီ ထိုးခါနီး အချိန် ဖြစ်နေပြီ။ ဝမ်ချုံးက ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့လို့ ရှုနင် ၏စိတ်ထဲတွင် အတွေးများဖြင့်ပြည့်နှက်နေသော်လည်း သူ အရမ်းမပျော်ခဲ့ပေ။

သူအိမ်ပြန်ရောက်သောအခါ ထိုနေရာသည် အလွန်တိတ်ဆိတ်လို့နေသည်။ ရှုဟိန် မရှိရင် သူ နေရထိုင်ရတာ အရမ်းခက်တယ်၊ ဒါပေမယ့် ရှုနင်က အပေါ်ထပ်ကိုတက်ခါနီးမှာ ရုတ်တရက် သူကအနောက်ကနေ ပွေ့ဖက်ခံလိုက်ရတယ်။ သူ အော်ဟစ်လိုက်ပြီး ဆိုဖာပေါ်မှာ သူ့ကို ဖက်ထားသည့် လူကြီးက ဖိချလိုက်သည်။ ရှုနင်က ဒေါသတကြီးနဲ့မြန်မြန်ပြောလိုက်တယ်။

 "အစ်ကိုကြီး! ဘာလုပ်နေတာလဲ။  နည်းနည်းပိုပြီး ပုံမှန်လို မလုပ်နိုင်ဘူးလား။ "

ငါ သေးထွက်လုနီးပါး လန့်သွားတာ မသိဘူးလား။

"မင်း အဆင်ပြေရဲ့လား"

ရှုဟိန်လည်း ကြောက်လန့်သွားပြီး ရှုနင်ရဲ့ တိုက်ခိုက်ခံရမှု သတင်းကိုလက်ခံရရှိတာနဲ့ ချက်ချင်း ထွက်လာခဲ့တယ်။  မဟုရင် သူ ရူးသွားနိုင်တယ်။

 
သူ၏ စကားများကိုကြားရသောအခါ ရှုနင်သည် တိတ်ဆိတ်သွားလေပြီ။ သူသည် ရှုဟိန်၏ရင်ဘတ်ပေါ်၌ သူ၏လက်ကိုဖိထားပြီး ထိုယောက်ျား၏ပြင်းထန်သောနှလုံးခုန်သံကို ိုခံစားလိုက်ရသည်။ ရှုဟိန်ကဲ့သို့ အစွမ်းထက်သူတစ် ဦး ပင်ကြောက်ရွံ့ခြင်းများ ရှိနေသေးတာလား...

 သူက ငါ့ကို စိုးရိမ်လို့ ငါ့ကိုတွေ့ဖို့ အမြန်ပြေးလာခဲ့တယ်...

ရှုနင်က ရင်ထဲ အရမ်းထိမိသွားပြီး ရှုဟိန်ရဲ့မေးစေ့ကိုအမြန်တွန်းလိုက်သည်။

" ကျွန်တော် အဆင်ပြေတယ်။ အကိုကြီးကိုယ်တိုင် စမ်းကြည့်လို့ရတယ်"

 
"ကောင်းပြီ။ "

ရှုဟိန်သည် စိတ်ကူးယဉ် အိပ်မက်မက်သူ မဟုတ်ပေ ၊ သူက နင်နင် တကယ် အဆင်ပြေမပြေကို အတွင်းအပြင် ကျကျနန စစ်ဆေးရန်ပြင်လိုက်သည်။ ဒါပေမယ့် ရှုနင်က ဧည့်ခန်းမှာ လုပ်ပြီး အသံတွေ ထွက်သည်ကို မနှစ်သက်ဘူးဆိုတာ သိလို့ အပေါ်ထပ် အိပ်ခန်းထဲ သယ်လာခဲ့သည်။

  သူ့ကိုအပေါ်ထပ် ခုတင်ပေါ်သို့အမြန်တင်ကာ ကုလားကာများ ဆွဲပိတ်လိုက်သည်။ သူ့ အ ၀ တ်များကို တစ်ပိုင်းချင်းချွတ်ပြီးနောက် သူက ရှုနင်ကိုသေချာကြည့်လိုက်သည်။ ရှုနင်၏အသားအရေသည်နှင်းဖြူကဲ့သို့ ကြည်လင်ပြီ နူးညံ့ကာ အရမ်းကို လှပလွန်းလှသည်။

 ကိုယ်ပေါ်တွင် အပြစ်အနာအဆာမရှိ သွယ်လျပြီး အကုန်လုံး  ပြည့်စုံသည်။

ရှုဟိန်က စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲ ရေစပ်ကာ နင်နင်ကို ပွေ့ချီကာ ခေါ်လာသည်။

ရှုဟိန်သည် ရေကန်ထဲ ရောက်သည့်တိုင် နင်နင်ကို   မလွှတ်ဘဲ သူ၏အသံသည် အလွန်မာကျောစွာဖြင့် ပြောခဲ့သည်။

 "နောင် အနာဂတ်မှာ ဒီလိုနေရာမျိုးကို မသွားနဲ့။  
အဲဒီ့နေရာက စီးကရက်ဘူးတွေ အရက်သေစာတွေနဲ့  မင်းအတွက် မလုံခြုံဘူး။ မင်းက ကောင်လေး ချောချောကို ကြည့်ချင်တယ်ဆိုရင်  မင်း ငါ့ကိုပဲ ကြည့်ရမယ်။"

"ကောင်းပြီ၊ "

"သူ့ အကြောင်း မတွေးနဲ့တော့ "

"ကောင်းပြီ"

ရှုဟိန်ပြောတာ ဝမ်ချုံးဆိုတာကို ရှုနင် သဘောပေါက်လိုက်သည်။ ရှုဟိန်က အခု သူ့ကို လုပ်ခဲ့သည့်အတွက် လှုပ်ရှားဖို့ ပြင်လိုက်ပုံပေါ်သည်။ ဝမ်ချုံးရဲ့ အဆုံးသတ်က အဆ တစ်သန်းပိုဆိုးလာမှာ သေချာတယ်။

ရှုနင်က နောက်ဆုံးတော့စိတ်ချသွားခဲ့သည်။

  "အစ်ကိုကြီးက အတော်ဆုံးပဲ"

"မင်း ဒါကိုသိရင် ငါ့အနားမှာ အမြဲနေပေးပါ။ "

"အမ်း အကိုကြီးလည်း ကျွန်တော်နဲ့အမြဲ အတူနေရမယ်။ "

"ထာဝရနေမယ်။ နောင်လာမယ့်ဘ ဝမှာပါ ငါက မင်းနားကို အရောက်လာခဲ့မယ်။  ဘယ်သူမှ  မင်းကို  နည်းနည်းလေးတောင် နာကျင်စေမှာ မဟုတ်ဘူး"

ရှုဟိန်ကနောက်နေတာ မဟုတ်ဘူး၊ သူကအရမ်းပြင်းထန်တယ်။

သူသည်နောင်ဘဝရှိမည်ကို မသိသော်လည်း ရှုနင်သည် ရှုဟိန်၏ အသည်းနှလုံးထဲက စကားများကိုကြားဖူးသည်။ သူ့မျက်နှာသည် အနည်းငယ်နီနေပြီး သူ့နှလုံးသားက အခုန် မြန်နေသည်၊ သူ အရမ်းစိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလိုက်သည်။

 "အစ်ကိုကြီး.... ကျွန်တော့်ကို ချစ်ပါ။ "


***-***











Chapter (137)_ ရႈနင္ကို တိုက္ခိုက္ရဲတဲ့ ဝမ္ခ်ဳံး


"ဟုတ္ကဲ့"

ခ်င္းမင္သည္ဉာဏ္ေကာင္းေသာ လူတစ္ေယာက္ျဖစ္ၿပီး ရႈနင္ဆိုလိုသည္ကို ရိပ္မိကာ ရႈနင္ အတြက္ လမ္းဖယ္ေပးလိုက္သည္။ သူက ခ်က္ခ်င္းၿပဳံးျပၿပီး  သူေဌး၊ ဥကၠဌနဲ႔ေက်းဇူးတင္ ေၾကာင္းေျပာလိုက္တယ္၊ ဘာဘဲျဖစ္ျဖစ္ သူတို႔သူေဌးက သူတို႔ကို ခုလို ဂ႐ုတစိုက္ ဆက္ဆံတဲ့အတြက္ သူ အရမ္းေပ်ာ္ေနတယ္ မဟုတ္လား။

 
ဟုန္ေလြ႕ရဲ႕ အခုမွဖြင့္လွစ္ေသာ ေဖ်ာ္ေျဖေရး စင္တာသည္ ၿမိဳ႕ေတာ္၌ နာမည္ အႀကီးဆုံး ၊ အတိုးတက္ဆုံးျဖစ္သည္။ ထိုေနရာ သည္အႏႈိင္းမဲ့ဇိမ္ခံရာေနရာျဖစ္ၿပီး  ေတာက္ပကာ  အေရာင္အေသြးစုံလင္ေသာ လူအုပ္ကို ႐ူးသြပ္ေစေသာ ျမဴးႂကြေပါက္ကြဲေနသည့္ ေတးဂီတသံေတြျဖင့္ ဆူညံေနသည္။

 
ရႈဟိန္က စည္းကမ္းအရမ္း တင္းက်ပ္ေသာေၾကာင့္ ရႈနင္က  ထိုေနရာမ်ားသို႔ မလာျဖစ္ခဲ့ေပ။ ဒါေၾကာင့္ အခုေရာက္လာေတာ့ ဒီေနရာက အေတာ္ေလးစိတ္ဝင္စားစရာေကာင္းလွသည္ဟု ထင္ေနသည္။  အရင္ဘဝမွာ သူက အသက္ 30 ထိေနခဲ့တာ ဆိုေပမယ့္ အသက္ႀကီးတဲ့ လူတစ္ေယာက္လို ေနခဲ့ရသည္။ အေမ ခိုင္းတာ တာဝန္ေက်ေအာင္၊ အေဖေက်နပ္ေအာင္ ေနလာခဲ့ရလို႔   ေပ်ာ္စရာေနရာေတြမွာ အျခား လူငယ္ေတြ ခဏခဏေရာက္ေပမယ့္ သူ လုံးဝ မေရာက္ခဲ့တာ သဘာဝက်တယ္၊


အခုေတာ့ ရႈနင္က ဟုန္ေလြ႕ေက်းဇူးနဲ႔  သူ႔ေရွ႕တြင္ အရက္တစ္ခြက္ရွိခဲ့ၿပီး ေရာင္စုံအလင္းတန္းမ်ား ပ်ံ႕က်ဲေနသည့္  ေတာက္ပကာ စြဲမက္ဖြယ္ေကာင္းေသာ ညကို ခံစားေနသည္။

 

ရႈနင္က ေကာ့ေတးတစ္ခြက္ယူရန္  လက္ကို ဆန႔္ထုတ္ လိုက္ၿပီး ဟုန္ေလြ႕ သတိမထားမိခင္ သူ႔ရဲ႕လက္ကို ေျပာင္းလိုက္ကာ   ဝီစကီ ထည့္ထားေသာ ဖန္ခြက္ကို ေကာက္ယူလိုက္သည္။


ဟုန္ေလြ႕က မ်က္ႏွာထက္မွာ ဘာအမူယာမွ မျပပဲ ေလးနက္စြာၾကည့္ကာ ေျပာလိုက္သည္။

  "သခင္ေလးရႈ... မင္းအစ္ကိုႀကီးကို မင္းကို လာျပန္ေခၚေစခ်င္တာလား။ အိုး ~ မင္း ဒီမွာေနဖို႔ အစီစဥ္ရွိပုံရတယ္။ ဒါေပါ့... ဒီေနရာကငါ့ရဲ႕ အေကာင္းဆုံးေနရာေတြထဲက တစ္ခုပဲေလ။  ဒါေၾကာင့္ သခင္ေလးရႈ ဒီေနရာက ထြက္မသြားႏိုင္တာ  ပုံမွန္ပါပဲ။ "

ဒီနည္းကို သုံးတာက ရႈနင္အေပၚ အသုံးမ ၀ င္ပါ၊ ရႈနင္က ဟုန္ေလြ႕ထက္ ပိုၿပီး အသက္ႀကီးသည္။ ဒါေပမယ့္  သူ႔ရည္႐ြယ္ခ်က္ေအာင္ျမင္ၿပီးၿပီ၊  ဟုန္ေလြ႕က အခု သူ႔ကိုအာ႐ုံစိုက္ေနတယ္၊ သူက ရႈဟိန္ နဲ႔ပတ္သက္မႈရွိတယ္ဆိုတာ သက္ေသျပေနတာပဲ။ ရႈနင္က ဘာမွမေသာက္ထားလို႔ သူ႔ရဲ႕ စိတ္က ဒီတစ္သက္တာတြင္ အခုက အၾကည္လင္ဆုံးျဖစ္ေနသည္။

 "ဒီလိုျဖစ္ရင္ ခင္ဗ်ားရဲ႕ဧည့္ဝတ္ျပဳမႈအတြက္ ေက်းဇူးတင္ပါတယ္"

ရႈနင္က လိေမၼာ္ရည္တစ္ခြက္ကို ယူလိုက္ ၿပီးႏွစ္ၿခိဳက္စြာ ၾကည့္လိုက္သည္။ အျပင္ဘက္

ဒီေနရာက ေငြျဖဳန္းလို႔ အေကာင္းဆုံးဆိုတဲ့ စကားနဲ႔ ညီပါေပတယ္။ ဟုန္ေလြ႕ရဲ႕ ေျဖာ္ေျဖေရးစင္တာမွာ အနည္းဆုံး ေငြတစ္ေသာင္းေလာက္  ကုန္မွ ဝင္ႏိုင္လိမ့္မည္။

 ဒီေနရာမွာရွိေနတဲ့ အလွေလးအားလုံးဟာ  အရပ္ 1.7 မီတာ ျမင့္ၾကၿပီး  သြယ္လ်ေသာခႏၶာကိုယ္ႏွင့္ သူတို႔၏ကိုယ္ပိုင္အရည္အခ်င္းမ်ား၊ သူတို႔မွာ လွပေသသပ္ေသာ ဝတ္စားပုံႏွင့္၊ သူတို႔ရဲ႕ ႏိုင္ငံျခားဘာသာစကား ကြၽမ္းက်င္မႈတို႔ရွိၾကၿပီး ဝန္ထမ္းမိန္းကေလးမ်ားထဲတြင္  ပညာေရး အရည္အခ်င္း  ခ်ိဳ႕တဲ့သူ တစ္ ဦးမွ မပါဘဲ  ဤေနရာတြင္အလုပ္လုပ္သူမ်ားသည္ ေငြကိုႏွစ္သက္ေသာ မိန္းကေလးမ်ား ျဖစ္သည္။

မိန္းကေလးေတြက ဒီမွာေပၚလာမွာ မဟုတ္ဘူး။ မည္သည့္ထက္ျမက္သူမဆို မင္း စိတ္ခံစားမႈေကာင္းဖို႔ မဟုတ္ဘဲ ့ဒီကိုေရာက္လာမွာ မဟုတ္ဘူးဆိုတာ သိလိမ့္မယ္။ မိန္းကေလးမ်ားသည္ သူေဌးမ်ားအား သဘာဝက်က် နမ္းၾကေသာ္လည္း သူတို႔၏ဘ ၀ တစ္ေလွ်ာက္လုံး ဘာကို မွလိုခ်င္ေတာင့္တျခင္းမရွိပဲ အခ်စ္ကိုသာ လိုခ်င္ေၾကာင္း  အဲဒီ့စကားခ်ိဳခ်ိဳေတြေျပာကာ သနားစိတ္ကို ခ်ဴယူၾကသည္။

 သူတို႔ရဲ႕ေၾကကြဲစရာပုံျပင္ေတြကို ယုံၾကည္ဖို႔ဆႏၵရွိတဲ့ သူေဌးေတြ အမ်ားႀကီးရွိလိမ့္မယ္၊ သူတို႔ကို တကယ္ခ်စ္တဲ့ ဇနီးမယားေတြကိုစြန႔္ခြာၿပီး ေျဖာ္ေျဖေရး စင္တာက သနားစဖြယ္ မိန္းမလွေလးေတြကို သူ႔သေဘာႏွင့္ သူတို႔ ူလက္ထပ္လိုက္ၾကလိမ့္မယ္။

 
ရႈနင္ က ဝမ္ခ်ဳံး ကျပေျဖာ္ေျဖမယ့္ အခ်ိန္ကို ေစာင့္ေနရင္း  သူ၏ေျခေထာက္မ်ားကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ႏွိပ္ျပလိုက္သည္။

ဟုန္ေလြ႕က ျမင္ေတာ့ သေဘာေပါက္သြားၿပီး  မ်က္လုံးျဖင့္ အခ်က္ျပကာ မန္ေနဂ်ာကို ေခၚလိုက္တယ္၊ သူက စကားတီးတိုးေျပာ လိုက္ၿပီးေနာက္ မန္ေနဂ်ာက ထြက္သြားၿပီး မၾကာခင္ မန္ေနဂ်ာျပန္လာကာ ဟုန္ေလြ႕နားကို ကပ္တာ တီးတိုးျပန္ေျပာခဲ့သည္။

ဟုန္ေလြ႕သည္အလြန္ဆိုးသြမ္းသူတစ္ ဦး ျဖစ္ေသာ္လည္း သူက အေသအခ်ာ ကာကြယ္ စီမံထားလို႔ သူ ဘာေတြးၿပီး ဘာလုပ္ေနတယ္ဆိုတာ ဘယသူမွ မေျပာႏိုင္ေပ။

 ရႈနင္က ဝမ္ခ်ဳံးနဲ႔ပတ္သတ္ၿပီး ျပသနာရွိတယ္ဆိုတာ ရိပ္မိလိုက္သည္။ ဟုန္ေလြ႕က ဝမ္ခ်ဳံးေျဖာ္ေျဖတာကို ၾကည့္ဖို႔ရႈနင္ကို အထူးေခၚလာေပမယ့္ ဝမ္ခ်ဳံးက ေျဖာ္ေျဖဖို႔ ျငင္းဆန္ေနလို႔  မ်က္ႏွာပုတ္ေနတာ မဟုတ္ဘူးလား။


ရႈနင္ကေခါင္းကိုေအးေအး ထားၿပီး အရက္ တစ္ခြက္ေသာက္ေနေသာ္လည္း ဝမ္ခ်ဳံးက စင္ေပၚကိုမတက္ပဲေနလို႔ သူ႔အခ်ိန္ေတြ ကုန္ဆုံးေနၿပီ။

အမွန္ေတာ့ ဝမ္ခ်ဳံးရဲ႕ကိုယ့္ကိုယ္ကိုေလးစားမႈနဲ႔ မာနဟာ အရင္ကတည္းက ဖုန္မႈန႔္လို တစ္စစီ ကြဲေၾကေအာင္ ႐ိုက္ႏွက္ခံခဲ့ရၿပီးၿပီ။ အခု သူ႔ကို အကခိုင္းဖို႔ေတာင္ မေျပာနဲ႔  သူ႔ေဖာက္သည္ေတြရဲ႕ေျခေထာက္ေတြကို တြားသြားၿပီး သူတို႔အတြက္အပိုဝန္ေဆာင္မႈေပးဖို႔ေတာင္ ဆႏၵရွိခဲ့တယ္။



ဒီတစ္ႏွစ္တာအတြင္း  သူ ႀကိဳးစားခဲ့တဲ့အတြက္ ေက်ာ္ၾကားလာခဲ့ၿပီး သူ႔အတြက္ ဘယ္အရာကိုမဆို ရရွိဖို႔ အခက္အခဲမရွိ သူ႔ကို ဝယ္ခ်င္ေသာ မေရမတြက္ႏိုင္ေသာ ခ်မ္းသာေသာသူမ်ားစြာ ရွိခဲ့သည္၊ သို႔ေသာ္ ဟုန္ေလြ႕က ခြင့္မျပဳပဲ ဝမ္ခ်ဳံးကို မေရတြက္ႏို္င္တဲ့ ေဖာက္သည္ေတြနဲ႔ပဲ လႊတ္ေပးကာ အလုပ္လုပ္ေစခဲ့သည္။

 ဒါေပမယ့္ မင္းသာ လူႀကိဳက္မ်ားခဲ့ရင္ အျခားသူေတြက မင္း ေနရာကို မလိုခ်င္ဘူးလို႔မင္း ထင္ေနခဲ့တာလား။ သူတို႔က အမ်ိဳးသမီးေတြကို ဒုကၡအမ်ားႀကီးေပးတယ္လို႔ေျပာၾကတယ္၊ ဒါေပမယ့္ေယာက္်ားေတြက ေနရာလုတဲ့အခ်ိန္မွာ သုံးတဲ့နည္းေတြက ပိုဆိုးၿပီး ၾကမ္းတမ္းရက္စက္တယ္။


ဒီေန႔သည္ ဝမ္ခ်ဳံးအတြက္ တကယ့္ကို အေရးႀကီးသည့္ ေန႔ျဖစ္သည္၊ သူသည္ ယေန႔ ဒီေနရာမွာ အဓိက ေျဖာ္ေျဖေပးမယ့္လူျဖစ္ၿပီး  အဝတ္လဲခန္းမွာ အဝတ္လဲၿပီး လူတိုင္းႏွင့္အတူထြက္လာစဥ္ မီးမ်ား ႐ုတ္တရက္ ပိတ္သြားသည္။ ခဏတာအတြင္း အဝတ္လဲခန္းေလးထဲမွာ အရာအားလုံးရႈပ္ေထြးသြားၿပီး မည္သူက တြန္းခ်လိုက္သည္ကို မည္သူမွ မသိခဲ့ေပ၊ သူတို႔ အားလုံး အခ်င္းခ်င္း ိတိုက္မိကာ လူအေတာ္မ်ားမ်ား လဲက်သြားသည္၊ မျပဳတ္က်သူမ်ားက သူတို႔ပါ ိုဒုကၡေရာက္မွာ စိုးေသာေၾကာင့္ၾကမ္းျပင္ေပၚ လွဲခ်လိုက္သည္။



ဝမ္ခ်ဳံးက ဒီအတိုင္း ေျမႀကီးေပၚလဲက်သြားေပမယ့္ ဒါက အဆိုးဆုံး အေျခေန မဟုတ္ဘူး။ ဘယ္သူက သူ႔ေျခခ်င္းဝတ္ကို ရက္စက္စြာ နင္းခ်လိုက္တယ္ ဆိုတာ အေမွာင္ထဲမွာ တေယာက္မွ မျမင္ခဲ့ေပ။  အဲဒီအခ်ိန္မွာ သူက ဘယ္သူ႔ဆီကမွ အကူညီမရပဲ ေျခက်င္းဝတ္ တက္နင္းခံရလို႔ နာက်င္စြာ ေအာ္ဟစ္လိုက္တယ္၊ သူ႔ကို ထိလိုက္တိုင္း အဲ့ေနရာက နာက်င္ေနတယ္။ မီးေရာင္ေတြ ျပန္လင္းလာတဲ့အခါ  လူတိုင္းတုန္လႈပ္သြားၾကသည္။


ဝမ္ခ်ဳံးရဲ႕  ဒဏ္ရာေၾကာင့္ တစ္ေယာက္ေယာက္က စတုတၳထပ္က ေဆးခန္းကိုပို႔ခဲ့စဥ္ သူတို႔က တစ္ေယာက္ကို တစ္ေယာက္ ကူညီႏွစ္သိမ့္ခဲ့ၾက သည္။

သူတို႔ငွားရမ္းထားတဲ့ ဆရာဝန္က ဝမ္ခ်ဳံးရဲ႕ဒဏ္ရာကို ၾကည့္ၿပီး ေျပာလိုက္သည္။

 "မင္းအ႐ိုးေတြ က်ိဳးသြားလို႔ ေဆး႐ုံပို႔လိုက္ရေအာင္။ "

ဝမ္ခ်ဳံး ၏မ်က္ႏွာ ပိုျဖဴလာသည္။

ငါ့ကို ဘယ္သူလုပ္ခဲ့လဲ..... .ေျမႀကီးေပၚကို ဘယ္သူတြန္းခ်ခဲ့ၿပီး ဘယ္သူက တက္နင္းခဲ့တာလဲ။

ဒီလုပ္ႀကံမႈက  အလြန္ေသသပ္စြာျပဳလုပ္ခဲ့ၿပီး သက္ေသမ်ားရွိ၊ မရွိပင္ သူ မသိေပ၊ ဝမန္ခ်ဳံး  သည္ ေခါင္းကိုငုံ႔လိုက္ၿပီး သူ၏မ်က္လုံးမ်ားထဲတြင္  အလြန္အမင္း နာက်င္ေၾကကြဲရိပ္တို႔ ေပၚလာသည္။ ဒီအခ်ိန္မွာ မန္ေနဂ်ာက လူတစ္ေယာက္ကို ႐ုတ္တရက္ေခၚသြားတယ္၊

 "မသြားေသးဘူးလား၊ သူ႔ကိုသယ္ၿပီး ငါ့ေနာက္ကို လိုက္ခဲ့ပါ"



ဝမ္ခ်ဳံးသည္ အံ့ၾသသြားၿပီး ဘာျဖစ္ေနသည္ကို သူ နားမလည္ေသာ္လည္း  စိတ္မသက္သာမႈကိုသာ ထိန္းထားႏိုင္ၿပီး ပါးစပ္ကိုပိတ္ထားကာ အမိန႔္မ်ားကို လိုက္နာရတာက ဒီအတိုင္းက်င့္သားရေနၿပီျဖစ္သည္။

ဟုန္ေလြ႕သည္ ဝမ္ခ်ဳံးကို အရင္ ရက္ပိုင္း အတြင္းတြင္သာ ေတြ႕ ခဲ့ရသည္၊ ယခုမွ ဝမ္ခ်ဳံးကိုျပန္ျမင္လိုက္ရတာျဖစ္သည္။ ဒီလို ုျမင္လိုက္ရသည္။ ဝမ္ခ်ဳံးလည္း ဟုန္ေလြ႕ကို ျမင္ရေသာအခါ  ဘာမွ မခံစားရေတာ့ေပ။

 ဟုန္ေလြ႕ကို သူ မုန္းခဲ့တာလား။  မဟုတ္ေသးပါဘူး၊

ဒါေပမယ့္ ရႈနင္က သီးသန႔္ခန္းထဲမွာရွိေနတာကို သူျမင္လိုက္လို႔လည္း ျဖစ္ႏိုင္သည္။


ဝမ္ခ်ဳံးက သြားေနရာကေန ရပ္လိုက္ၿပီး ခြင့္မလႊတ္ႏိုင္သည့္ အမူယာျဖင့္  ခ်က္ခ်င္းမတ္တပ္ရပ္ၿပီး ေျခက်င္းဝတ္က ဒဏ္ရာကို ဂ႐ုမစိုက္ဘဲ သီးသန႔္ခန္းကို ေရာက္ေအာင္ ဆက္ေလွ်ာက္ခဲ့တယ္။ ဒါေပမယ့္ သူ႔ကို ႐ိုက္လိုက္လို႔ သူက ေျမႀကီးေပၚ လဲက်သြားေပမယ့္ ဂ႐ုမစိုက္ႏိုင္ေပ။ သူက ရႈနင္ႏွင့္ စကားေျပာခ်င္ေနသည္။

 

သူက ငတုံး မဟုတ္ဘူး၊ သူ႔ဘ ၀ က အခုထိ နိမ့္က်ပ်က္စီးသြားရတာက ရႈနင္ လုပ္ခဲ့လို႔ပဲ ဆိုတာ သူသိတယ္။ ရႈနင္က ဘာေၾကာင့္ သူ႔ကို ခုလို လုပ္တယ္ဆိုတာကို  ေမးရမယ္ မဟုတ္လား။

သီးသန႔္ခန္း၏ ထြင္းေဖာက္ျမင္ႏိုင္ေသာ မွန္နံရံ  အျပင္ဘက္ရွိ လူအုပ္ႀကီးသည္ စိတ္အားထက္သန္မႈ တို႔ျဖင့္ျပည့္ႏွက္ကာ ႐ူးသြပ္ေနသလို ေတးဂီတ စည္းခ်က္ျဖင့္ ယိမ္းထိုးကာ ငရဲျပည္လို ဆူညံကာ ကခုန္ေနေပမယ့္ သီးသန႔္ခန္းေလးထဲက ၿငိမ္သက္ေအးေဆးကာ လုံးဝကို ကြာျခားလွသည္။

 
ဟုန္ေလြ႕က သူ၏လက္ကိုေျမႇာက္လိုက္ၿပီး မန္ေနဂ်ာကို ႐ိုက္တာ ရပ္တန႔္ရန္ အခ်က္ျပလိုက္ သည္။ သူက အနီေရာင္ဝိုင္တစ္ခြက္ကိုေကာက္ကိုင္ၿပီး သူ႔လက္ထဲမွာ ခြက္ကို အသာလႈပ္လိုက္သည္။ ေသြးကဲ့သို႔ နီရဲေနသည့္ ဝိုင္အေရာင္ကို သူ အရမ္းသေဘာက်သည္။
 

ေနာက္ဆုံးတြင္ ဝမ္ခ်ဳံးသည္ သီးသန႔္ခန္းေလးထဲ ဝင္ခြင့္ရလိုက္ၿပီး သူက စကားေျပာရန္ အခြင့္အလမ္း ရွိေသာ္လည္း သူ၏ ပါးစပ္ကိုဖြင့္လိုက္ေသာအခါ သူ၏ႏွင္းျဖဴေဖြးေနေသာသြားမ်ားႏွင့္ ဆန႔္က်င္ေသာ ေသြးတစ္လုတ္ကို အန္ထုတ္လိုက္မိသည္။

 အံသြားေတြပါ ကြၽတ္ထြက္လာတာ  ေၾကာက္စရာ ေကာင္းလိုက္တာ။ အေစာပိုင္းက မန္ေနဂ်ာက သူ႔ပါးကို ႐ိုက္လိုက္တာ အားျပင္းသြားလို႔ သြားေတြပ ကြၽတ္ထြက္ကုန္တာကိုး...

ဒါေပမယ့္ သူ႔အာ႐ုံနဲ႔ အမုန္းတရားက ရႈနင္ဆီကိုသာ ေရာက္ေနလို႔ သူ သတိမထားလိုက္မိတာျဖစ္သည္။



ဝမ္ခ်ဳံးသည္ရွက္သြားေသာ္လည္း ေကာ္ဖီစားပြဲကို လက္ေထာက္ကာ မတ္တပ္ရပ္လိုက္ၿပီး တုန္ရီေနေသာ သူ႔မ်က္လုံးထဲတြင္ေတာက္ပေနေသာ မေက်နပ္ ခ်က္ႏွင့္ မခံခ်င္စိတ္ေတြကို ေဖာ္ျပေနသည္။ သူ႔ႏွလုံးသား၌ အမုန္းတရားမ်ားျပန႔္ႏွံ႔သြားၿပီး သူ၏မ်က္လုံးမ်ားထဲမွာ ေဒါသအျပည့္ျဖင့္ ေခၚလိုက္သည္။

"ရႉနင္"

ရႈနင္က ဝမ္ခ်ဳံးကို လွည့္ေတာင္မၾကည့္ခဲ့ဘူး။

"မင္းက ငါ့ကို ဘာလို႔ပစ္မွတ္ထားတာလဲ။ "

ဝမ္ခ်ဳံးက  ဒီအဆင့္ထိကို က်သြားတာဟာ သူ႔ကိုယ္ပိုင္ လုပ္ရပ္နဲ႔ပဲသက္တယ္ေပမယ့္ ဒါက ဟုန္ေလြ႕နဲ႔ လည္း အဓိက  သက္ဆိုင္တယ္၊ ရႈနင္က သူ႔ ကို အဆိုးဆုံးေတြ ျဖစ္ေအာင္ တကယ္ မလုပ္ခဲ့ေပမယ့္ ဝမ္ခ်ဳံးက အဲ့ဒီလို ယူဆထားပုံရသည္။



ဝမ္ခ်ဳံးက သူ႔ကံဆိုးသမွ်ကို ရႈနင္ဆီကို အျပစ္ပုံခ်ၿပီး  သူရဲ႕အျပစ္စြဲစိတ္ကို ဖယ္ရွားပစ္ခ်င္သည္။ ဟုန္ေလြ႕ႏွင့္ ပတ္သက္၍ ဝမ္ခ်ဳံးက မေကာင္းေျပာဖို႔၊ ရန္ေတြ႕ဖို႔ အေၾကာင္းကိုေတြးေတာင္ မေတြးဝံ့ပါ၊ ဟုန္ေလြ႕သည္ အလြန္သန္မာလြန္းလွသည္။


ဒါေပမယ့္ ဟုန္ေလြ႕က ရႈနင္ကို မ်က္ႏွာခ်ိဳေသြးကာ ရင္းႏွီးမႈတည္ေဆာက္ခ်င္သည္အထိ ေနာက္ကြယ္မွာ့ရွိေနတဲ့ စစ္ထူမိသားစု၏ တစ္ဦးတည္းေသာ ဆက္ခံသူ ရႈဟိန္က ပိုလို႔ သန္မာသည္ကို ဝမ္ခ်ဳံး လုံးဝ မသိေပ။ သူ သိတာက ရႈနင္က သာမန္ အထက္တန္းေက်ာင္းသားေလးျဖစ္ကာ ဒီအတိုင္း ခ်မ္းသာသည့္ မိသားစုက ကေလးျဖစ္သည္ဟုသာ ထင္ေနသည္။ ဒါေၾကာင့္ သူ႔မေက်နပ္ခ်က္၊ သူ႔ကံဆိုးမႈရဲ႕တရားခံက ရႈနင္ျဖစ္သည္ဟု မုန္းတီးကာ ေဒါသကို ေဖာက္ခြဲခ်င္ေနတာျဖစ္သည္။



ဝမ္ခ်ဳံးက အံကိုအံႀကိတ္လိုက္ၿပီး သူ႔ကိုစူးရွတဲ့ အမုန္းေတြႏွင့္ စိုက္ၾကည့္လိုက္သည္။

 " ငါ့အေပၚကို မင္း ဘာေတြ လုပ္ခဲ့တာလဲ။ ဘာေၾကာင့္ လုပ္ခဲ့တာလဲ။ တခုခုေျပာစမ္း။ အရွက္မရွိတဲ့ ႂကြက္လိုေကာင္ "

ရႈနင္က လႈပ္ရွားရန္ျပင္ေနသည့္ သူ႔ကိုယ္ရံေတာ္ေတြကို လက္ေျမႇာက္ကာ ဟန႔္တားလိုက္ၿပီး ဝမ္ခ်ဳံးကို ထူးမျခားနားဟန္ၾကည့္ကာ ေျပာလိုက္သည္။

 
"ဘာအေၾကာင္းျပခ်က္မွ မရွိဘူး"

"ဘာ..."

ဝမ္ခ်ဳံးက ၾကားလိုက္ရသည့္ စကားေၾကာင့္ မင္သက္သြားခဲ့သည္။

" ငါ မင္းကို ဒီအတိုင္းၾကည့္လို႔မရ႐ုံပဲ..." ရႈနင္က ႏူးညံ့စြာၿပဳံးျပကာ ေျပာလိုက္သည္။

"ဒါေၾကာင့္ပဲလား..."

"အင္း...."


"ဒါက အရမ္းႀကီး လြန္တယ္လို႔ မင္းမထင္ဘူးလား၊ ငါဘယ္လိုေနခဲ့တယ္ဆိုတာ မင္းသိရဲ႕လား။ ငါေတာင္မွ ......ရႈနင္.... မင္းက တကယ့္ကို လူမဆန္ဘူး"

"ဒါေပမယ့္ ဒီနာက်င္မႈအားလုံးကို မင္းကိုေပးခဲ့တဲ့ သူက ဟုန္ေလြ႕... ဟုတ္တယ္မဟုတ္လား။ "


ရႈနင္က ေခါင္းကိုခါယမ္းလိုက္ၿပီး သူေတာ္ေတာ္ သေဘာက်သြားသည္။

"ငါ့ကို ပစ္မွတ္ထားလို႔ လြယ္တဲ့အတြက္ အကုန္လုံး ငါ့အျပစ္ဆိုၿပီး မင္း စြပ္စြဲလိုက္တာ မဟုတ္လား။ ဟုန္ေလြ႕မွန္းသိလ်က္နဲ႔  မင္းသြားၿပီး မစြပ္စြဲရဲဘူး မဟုတ္လား။ မင္း သူ႔ကိုမုန္းရမွာ မဟုတ္ဘူးလား "

ဟုန္ေလြ႕က ရႈနင္ရဲ႕စကားေၾကာင့္ က်ယ္ေလာင္စြာ ရယ္လိုက္ၿပီး ရႈနင္ရဲ႕ အနားသို႔ တိုးကပ္ကာ ေျပာလိုက္သည္။  သူ႔မ်က္လုံးမ်ားထဲတြင္ သေဘာက်ရိပ္ေၾကာင့္ ေတာက္ပလာသည္။

 "ဘာေၾကာင့္ မင္းကို စြပ္စြဲရဲသလဲဆိုေတာ့ သူက  မင္းရဲ႕စြမ္းအားကို မသိဘူးေလ"



ဝမ္ခ်ဳံးရဲ႕ သတၱိေတြက ဘယ္ကလာသည္ကို မသိေသာ္လည္း ဟုန္ေလြ႕က ရႈနင္ႏွင့္စကားေျပာေနသည့္အခါကို အခြင့္အလမ္းတစ္ခုလို႔ ဝမ္ခ်ဳံး ခံစားခဲ့ရသည္။ ဘယ္သူကမွ သူတို႔ကိုယ္ သူတို႔ ဂ႐ုမစိုက္ၾကဘူး၊ ခ်က္ခ်င္းပဲ ဝမ္ခ်ဳံးက စားပြဲေပၚက  XO ဝီစကီ ပုလင္းတစ္လုံးကို ေကာက္ကိုင္ကာ သူတို႔ဆီ ဦး တည္ လာခဲ့တယ္။ ဒီပုလင္းကေတာ္ေတာ္ထူတာျဖစ္လို႔ အ႐ိုက္ခံရရင္ ျပင္းထန္စြာ ထိခိုက္ႏို္င္ၿပီး မင္းရဲ႕ ဦး ေခါင္းခြံကို မအက္ေစရင္ေတာင္ မွ ျပင္းထန္တဲ့ ထိခိုက္ဒဏ္ရာကို ရႏိုင္လိမ့္မယ္၊


ဒီဟာရဲ႕ အဆုံးသတ္ကို ကိုစိတ္ကူးၾကည့္လိုက္ရင္ ဝမ္ခ်ဳံး အားရေက်နပ္ေနမိသည္။ အနည္းဆုံးသူ႔ဘဝကို ႏြံထဲက်ေစတဲ့ ရႈနင္ကို လက္တုန႔္ျပန္ႏိုင္လိမ့္မယ္....




ဝမ္ခ်ဳံးက ဝီစကီပုလင္းနဲ႔ ေရွ႕တက္ကာ ေျပး႐ိုက္လိုက္ေပမယ့္ ရႈနင္ရဲ႕ အေနာက္ဘက္မွ လူႏွစ္ေယာက္ ႐ုတ္တရက္ထရပ္လိုက္ၿပီး သူတို႔ထဲကတစ္ေယာက္က လက္ေမာင္းကို ဆန႔္လိုက္သည္။ ပုလင္းကြဲသြားသည့္ အသံ   "ခြမ္း" ဆိုသည့္အသံတစ္ခုသာၾကားရၿပီး အျခားကိုယ္ရံေတာ္ တစ္ေယာက္က ရႈနင္ ၏ေရွ႕ကေန ကာလိုက္သည္။

 ဖန္ပုလင္းက အပိုင္းအစေတြျဖစ္ၿပီး အားလုံးေျမေပၚလဲက်သြားၿပီး သူတို႔ ႏွစ္ေယာက္ကို မနာက်င္ မထိခိုက္ေစခဲ့ဘူး၊ သက္ေတာ္ေစာင့္ႏွစ္ေယာက္က မ်က္လုံးခ်င္းေတာင္ အၾကည့္ မဆုံခဲ့ၾကဘူး၊ စကား တခြန္းမွ မေျပာၾကဘူး၊ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ တိတ္တဆိတ္ ပူးေပါင္းေဆာင္႐ြက္ၾကတယ္။ သူတို႔က ရႈဟိန္ရဲ႕ အထူးေလ့က်င့္ထားတဲ့ ကိုယ္ရံေတာ္ေတြျဖစ္ၿပီး ရႈနင္ကို ေစာင့္ေရွာက္ရန္ ရႈဟိန္ကိုယ္တိုင္က တာဝန္ေပးထားသူေတြျဖစ္သည္။

 သူတို႔သည္တိုင္းျပည္၏ထိပ္တန္း လက္ေ႐ြးစင္ပညာရွင္မ်ားျဖစ္ၾကသည္၊ ထို႔ေၾကာင့္ သူတို႔၏ တိုက္ခိုက္ရည္ႏွင့္ ခံႏိုင္ရည္သည္ သာမန္အားျဖင့္ ပုံမွန္မဟုတ္ခဲ့ေပ။

ဒါေပမယ့္ ...... သူတို႔ ဘယ္ေလာက္ပဲေကာင္းေကာင္း အလုပ္လုပ္ခဲ့ေပမယ့္ ရႈနင္က  ထိတ္လန႔္မႈ ရွိေန တုန္းပဲ။

ရႈနင္ရဲ႕ေခါင္းကို ပုလင္းနဲ႔ မ႐ိုက္မိေပမယ့္ ပုလင္းကြဲသြားသည့္ အသံကို  ၾကားႏိုင္ၿပီး သူ႔ဆံပင္ေတြကို ေလဟပ္သြားခဲ့သည္။
အခ်ိန္တိုအတြင္းမွာ ရႈနင္က သူ႔မ်က္ႏွာကို ဖန္ကြဲစေတြက ရွကုန္လိမ့္မည္ဟု ထင္ကာ လန႔္ျဖန႔္ ကာ  ထိုင္းမႈိင္းေန သလိုဘဲ။  ဒါေပမယ့္ ရႈနင္က မ်က္ေတာင္ေတာင္ မခတ္ဘူး၊ အျပင္ပိုင္းတြင္ သူက ထိုက္ေတာင္တန္းႀကီး ကဲ့သို႔ တည္ၿငိမ္ေနတယ္၊ သူ႔အသံက ပုံမွန္အတိုင္းဘဲ ခ်စ္စရာေကာင္းေနတယ္၊


"တကယ္လို႔ ခင္ဗ်ားက က်ားသြားေတြကို အၿပီး မထုတ္ရင္ သူတို႔က တစ္စုံတစ္ေယာက္ကို နာက်င္ေစလိမ့္မယ္"

"က်ား၊ ဘယ္မွာလဲ၊ အဲဒါႂကြက္ေလးတစ္ေကာင္ပဲ မဟုတ္လား"

ဟုန္ေလြ႕၏မ်က္ႏွာသည္ခဏမွ်ေမွာင္ေနၿပီး ဝမ္ခ်ဳံးသည္ သူ႔မ်က္ႏွာပ်က္ေအာင္ လုပ္ႏိုင္စြမ္း  ရွိသည္ဟု ယူဆႏိုင္သည္။ ဟုန္ေလြ႕က ၿပဳံးလိုက္ေသာ္လည္း သူ႔မ်က္ဝန္းေတြက အလြန္ေမွာင္ေနၿပီးေၾကာက္စရာေကာင္းလွသည္။


"ဒါေပမယ့္ သခင္ေလးရႈ ေျပာတာ မွန္ပါတယ္၊ ငါ မွတ္သားထားလိုက္ပါ့မယ္  "

မန္ေနဂ်ာသည္ ဒီျမင္ကြင္းေၾကာင့္  သူဆိုလိုသည္ကို ခ်က္ခ်င္းနားလည္သြားၿပီး ဝမ္ခ်ဳံးအားေခၚထုတ္ရန္ တစ္စုံတစ္ေယာက္အား အမိန႔္ေပးခဲ့သည္၊ ေနာင္တြင္ ဝမ္ခ်ဳံးက စင္ေပၚသို႔ ဘယ္ေတာ့မွ တက္စရာ မလိုေတာ့ေပ၊ အထူးအလုပ္တစ္ခုခု လုပ္ျခင္းက သူ႔အတြက္ ပိုေကာင္းလိမ့္မည္။  ေဖာက္သည္ အခ်ိဳ႕သည္ အသစ္အသစ္ေသာအရာမ်ားကို ျပဳလုပ္ရမည္ကို ပိုမိုႏွစ္သက္ၾကသည္၊ သူတို႔၏ သားေကာင္ႏွင့္ ကစားေနစဥ္ သူတို႔လုပ္မည့္ အရာမ်ားသည္ ပို၍ ပင္ ထူးဆန္းၿပီး ပိုလို႔ ေကာင္းႏိုင္သည္။ သဘာဝအတိုင္းဆိုရင္ မင္းက စီးပြားေရးလုပ္ရင္ သူတို႔လိုခ်င္တာကိုျဖည့္ဆည္း ေပးရမယ္ မဟုတ္လား၊



ဟုန္ေလြ႕က လူေကာင္းတစ္ေယာက္မဟုတ္ဘူး၊ ဒါေၾကာင့္ သူ႔အတြက္ ဒီနည္းနဲ႔ ေငြရွာတာက သူ႔အတြက္ ဝန္ထုပ္ဝန္ပိုး မျဖစ္ခဲ့ဘူး၊ သူက ရႈနင္ ၊ ရႈဟိန္တို႔နဲ႔ လုံးဝ ကြားျခားတယ္။

 
ဝမ္ခ်ဳံး သည္ ဆြဲေခၚသြားခံရစဥ္ တစ္လမ္းလုံးေအာ္ဟစ္ေနလို႔ တစ္စုံတစ္ေယာက္က သူ၏ပါးစပ္ကို ဖုံးအုပ္လိုက္ၿပီး သတိလစ္သြားေစရန္ ႐ိုက္လိုက္သျဖင့္ ၾကမ္းျပင္ေပၚ၌ ေသြးမ်ား စီးက်ကုန္သည္။ ထိုညၿပီးေနာက္ ဝမ္ခ်ဳံးသည္ အစားလိုလွ်င္ သြားအတုကိုသာ တပ္ၿပီး စားႏိုင္ေတာ့မည္။ ဒါေပမယ့္ ေဖာက္သည္မ်ားကို ဝန္ေဆာင္မႈေပးရာတြင္ သြားႏွင့္ ေဖာက္သည္ေတြကို ထိခိုက္ေအာင္ လုပ္မည္ကို စိုးရိမ္စရာမလိုေတာ့ေပ။

 

ရႈနင္က အရာမ်ားစြာေတြ႕ခဲ့ရသည္။  ဒါေပမယ့္ အဓိကအခ်က္ကေတာ့ ဟုန္ေလြ႕ကို မ်က္ႏွာေပးဖို႔ဘဲ။ သူေစာေစာက ေဒါသေၾကာင့္ထြက္သြားရင္ သူတို႔ဆက္ဆံေရးကို ထိခိုက္ေစလိမ့္မယ္။ ဟုန္ေလြ႕သည္ ရႈနင္ ကိုေပ်ာ္႐ႊင္ေစရန္ အျခားနည္းလမ္းတစ္ခုသို႔ ေျပာင္းလိုက္သည္။


ရႈနင္သည္ ေနာက္ဆုံးတြင္ သူ၏ သက္ေတာ္ေစာင့္မ်ား ႏွင့္ အတူ ထြက္သြားေသာအခ်ိန္က ဆယ့္ႏွစ္နာရီ ထိုးခါနီး အခ်ိန္ ျဖစ္ေနၿပီ။ ဝမ္ခ်ဳံးက ေကာင္းေကာင္း မလုပ္ေဆာင္ႏိုင္ခဲ့လို႔ ရႈနင္ ၏စိတ္ထဲတြင္ အေတြးမ်ားျဖင့္ျပည့္ႏွက္ေနေသာ္လည္း သူ အရမ္းမေပ်ာ္ခဲ့ေပ။

သူအိမ္ျပန္ေရာက္ေသာအခါ ထိုေနရာသည္ အလြန္တိတ္ဆိတ္လို႔ေနသည္။ ရႈဟိန္ မရွိရင္ သူ ေနရထိုင္ရတာ အရမ္းခက္တယ္၊ ဒါေပမယ့္ ရႈနင္က အေပၚထပ္ကိုတက္ခါနီးမွာ ႐ုတ္တရက္ သူကအေနာက္ကေန ေပြ႕ဖက္ခံလိုက္ရတယ္။ သူ ေအာ္ဟစ္လိုက္ၿပီး ဆိုဖာေပၚမွာ သူ႔ကို ဖက္ထားသည့္ လူႀကီးက ဖိခ်လိုက္သည္။ ရႈနင္က ေဒါသတႀကီးနဲ႔ျမန္ျမန္ေျပာလိုက္တယ္။

 "အစ္ကိုႀကီး! ဘာလုပ္ေနတာလဲ။  နည္းနည္းပိုၿပီး ပုံမွန္လို မလုပ္ႏိုင္ဘူးလား။ "

ငါ ေသးထြက္လုနီးပါး လန႔္သြားတာ မသိဘူးလား။

"မင္း အဆင္ေျပရဲ႕လား"

ရႈဟိန္လည္း ေၾကာက္လန႔္သြားၿပီး ရႈနင္ရဲ႕ တိုက္ခိုက္ခံရမႈ သတင္းကိုလက္ခံရရွိတာနဲ႔ ခ်က္ခ်င္း ထြက္လာခဲ့တယ္။  မဟုရင္ သူ ႐ူးသြားႏိုင္တယ္။

 
သူ၏ စကားမ်ားကိုၾကားရေသာအခါ ရႈနင္သည္ တိတ္ဆိတ္သြားေလၿပီ။ သူသည္ ရႈဟိန္၏ရင္ဘတ္ေပၚ၌ သူ၏လက္ကိုဖိထားၿပီး ထိုေယာက္်ား၏ျပင္းထန္ေသာႏွလုံးခုန္သံကို ိုခံစားလိုက္ရသည္။ ရႈဟိန္ကဲ့သို႔ အစြမ္းထက္သူတစ္ ဦး ပင္ေၾကာက္႐ြံ႕ျခင္းမ်ား ရွိေနေသးတာလား...

 သူက ငါ့ကို စိုးရိမ္လို႔ ငါ့ကိုေတြ႕ဖို႔ အျမန္ေျပးလာခဲ့တယ္...

ရႈနင္က ရင္ထဲ အရမ္းထိမိသြားၿပီး ရႈဟိန္ရဲ႕ေမးေစ့ကိုအျမန္တြန္းလိုက္သည္။

" ကြၽန္ေတာ္ အဆင္ေျပတယ္။ အကိုႀကီးကိုယ္တိုင္ စမ္းၾကည့္လို႔ရတယ္"

 
"ေကာင္းၿပီ။ "

ရႈဟိန္သည္ စိတ္ကူးယဥ္ အိပ္မက္မက္သူ မဟုတ္ေပ ၊ သူက နင္နင္ တကယ္ အဆင္ေျပမေျပကို အတြင္းအျပင္ က်က်နန စစ္ေဆးရန္ျပင္လိုက္သည္။ ဒါေပမယ့္ ရႈနင္က ဧည့္ခန္းမွာ လုပ္ၿပီး အသံေတြ ထြက္သည္ကို မႏွစ္သက္ဘူးဆိုတာ သိလို႔ အေပၚထပ္ အိပ္ခန္းထဲ သယ္လာခဲ့သည္။

  သူ႔ကိုအေပၚထပ္ ခုတင္ေပၚသို႔အျမန္တင္ကာ ကုလားကာမ်ား ဆြဲပိတ္လိုက္သည္။ သူ႔ အ ၀ တ္မ်ားကို တစ္ပိုင္းခ်င္းခြၽတ္ၿပီးေနာက္ သူက ရႈနင္ကိုေသခ်ာၾကည့္လိုက္သည္။ ရႈနင္၏အသားအေရသည္ႏွင္းျဖဴကဲ့သို႔ ၾကည္လင္ၿပီ ႏူးညံ့ကာ အရမ္းကို လွပလြန္းလွသည္။

 ကိုယ္ေပၚတြင္ အျပစ္အနာအဆာမရွိ သြယ္လ်ၿပီး အကုန္လုံး  ျပည့္စုံသည္။

ရႈဟိန္က စိတ္သက္သာရာရသြားကာ သက္ျပင္းခ်လိုက္ၿပီး ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းထဲ ေရစပ္ကာ နင္နင္ကို ေပြ႕ခ်ီကာ ေခၚလာသည္။

ရႈဟိန္သည္ ေရကန္ထဲ ေရာက္သည့္တိုင္ နင္နင္ကို   မလႊတ္ဘဲ သူ၏အသံသည္ အလြန္မာေက်ာစြာျဖင့္ ေျပာခဲ့သည္။

 "ေနာင္ အနာဂတ္မွာ ဒီလိုေနရာမ်ိဳးကို မသြားနဲ႔။  
အဲဒီ့ေနရာက စီးကရက္ဘူးေတြ အရက္ေသစာေတြနဲ႔  မင္းအတြက္ မလုံၿခဳံဘူး။ မင္းက ေကာင္ေလး ေခ်ာေခ်ာကို ၾကည့္ခ်င္တယ္ဆိုရင္  မင္း ငါ့ကိုပဲ ၾကည့္ရမယ္။"

"ေကာင္းၿပီ၊ "

"သူ႔ အေၾကာင္း မေတြးနဲ႔ေတာ့ "

"ေကာင္းၿပီ"

ရႈဟိန္ေျပာတာ ဝမ္ခ်ဳံးဆိုတာကို ရႈနင္ သေဘာေပါက္လိုက္သည္။ ရႈဟိန္က အခု သူ႔ကို လုပ္ခဲ့သည့္အတြက္ လႈပ္ရွားဖို႔ ျပင္လိုက္ပုံေပၚသည္။ ဝမ္ခ်ဳံးရဲ႕ အဆုံးသတ္က အဆ တစ္သန္းပိုဆိုးလာမွာ ေသခ်ာတယ္။

ရႈနင္က ေနာက္ဆုံးေတာ့စိတ္ခ်သြားခဲ့သည္။

  "အစ္ကိုႀကီးက အေတာ္ဆုံးပဲ"

"မင္း ဒါကိုသိရင္ ငါ့အနားမွာ အၿမဲေနေပးပါ။ "

"အမ္း အကိုႀကီးလည္း ကြၽန္ေတာ္နဲ႔အၿမဲ အတူေနရမယ္။ "

"ထာဝရေနမယ္။ ေနာင္လာမယ့္ဘ ဝမွာပါ ငါက မင္းနားကို အေရာက္လာခဲ့မယ္။  ဘယ္သူမွ  မင္းကို  နည္းနည္းေလးေတာင္ နာက်င္ေစမွာ မဟုတ္ဘူး"

ရႈဟိန္ကေနာက္ေနတာ မဟုတ္ဘူး၊ သူကအရမ္းျပင္းထန္တယ္။

သူသည္ေနာင္ဘဝရွိမည္ကို မသိေသာ္လည္း ရႈနင္သည္ ရႈဟိန္၏ အသည္းႏွလုံးထဲက စကားမ်ားကိုၾကားဖူးသည္။ သူ႔မ်က္ႏွာသည္ အနည္းငယ္နီေနၿပီး သူ႔ႏွလုံးသားက အခုန္ ျမန္ေနသည္၊ သူ အရမ္းစိတ္လႈပ္ရွားစြာျဖင့္ ေတာင္းဆိုလိုက္သည္။

 "အစ္ကိုႀကီး.... ကြၽန္ေတာ့္ကို ခ်စ္ပါ။ "


***-***














ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now