Chapter (3) - ရႈနင္၏ ရိုးသားေသာ ဦးေလး (Z+U)

26.6K 4.1K 56
                                    

ျပန္လည္ေမြးဖြားလာေသာ ဝံပုေလြေလး၏ခ်စ္ျခင္း
Chapter (3) - ရႈနင္၏ ရိုးသားေသာ ဦးေလး (Z+U)

"မင္းအေဒၚကိုၾကည့္ရတာ ဒုကၡေပးမယ့္ပံုေပၚတယ္.. မင္းအိမ္မွာ တျခားလူရွိေသးလား.."

ဆရာက စိုးရိမ္စြာႏွင့္ ေမးလိုက္သည္။ ဆရာ၏ေစတနာကို ႐ႈနင္ ခံစားသြားရသည္။

"ဟုတ္ကဲ့.. ကၽြန္ေတာ့္ဦးေလးကိုဆက္သြယ္ၿပီး သူနဲ႔အတူ အိမ္ကိုျပန္မွာပါ.."

႐ႈနင္က ဆရာႏွင့္ ပတ္ဝန္းက်င္ကေက်ာင္းသားမ်ားကို ထပ္ၿပီးေက်းဇူးတင္စကားေျပာကာ ထြက္လာခဲ့သည္။ ဆရာက တစ္ရက္တည္းႏွင့္ လူႀကီးတစ္ေယာက္လို ရင့္က်က္သြားသည့္ ႐ႈနင္ကိုၾကည့္ကာ စိတ္႐ႈပ္ေထြးေနသည္။ ကေလးတစ္ေယာက္က အခ်ိန္မတိုင္ခင္ ရင့္က်က္တာ သိပ္မေကာင္းေပမယ့္ ဆင္းရဲသည့္ကေလးမ်ားက ေလာကဓံကို ပိုႀကံဳေတြ႕ရေသာေၾကာင့္ ရင့္က်က္႐ံုကလြဲၿပီး ဘာမွမတတ္ႏိုင္ေတာ့ေပ။

႐ႈနင္က ထမင္းစားခန္းကိုေရာက္ေတာ့ ေက်ာင္းသားအမ်ားစုက စားေသာက္ၿပီးသြားၿပီျဖစ္ေသာေၾကာင့္ ႐ႈနင္ တန္းစီစရာမလိုေတာ့ေပ။ သူက စားစရာကိုယူကာ ေအးေဆးစြာထိုင္စားေနခဲ့သည္။ အရင္ဘဝက သူက အာဏာရွိသူ၊ ခ်မ္းသာသူမ်ားႏွင့္ ေပါင္းသင္းေနထိုင္ခဲ့ေသာေၾကာင့္ ျမင့္ျမတ္ၿပီး ေအးေဆးတည္ၿငိမ္သည့္အရိပ္အေငြ႕ကို ထုတ္လႊတ္လို႔ေနသည္။ သူက ေအးေဆးစြာစားရင္း သူ႔ေထာင္ေခ်ာက္ထဲဝင္လာမည့္သူကို စိတ္ရွည္စြာေစာင့္ေနသည္။ ခဏေနေတာ့ ေမာ္နီတာက အေမာတေကာေရာက္လာသည္။ သူ႔နဖူးမွာ ေခၽြးေတြစို႔ေနသည္။

"႐ႈနင္.. မင္း အဆင္ေျပရဲ့လား.. ဆရာ့႐ံုးခန္းကျဖစ္သမွ်ကို ငါၾကားခဲ့ရၿပီးၿပီ.. မင္း ဘာျဖစ္သြားေသးလဲ.."

တစ္စံုတစ္ေယာက္၏ ဂ႐ုစိုက္ျခင္းခံရတဲ့ ခံစားခ်က္က ေကာင္းလိုက္တာ။

"ဘာမွမျဖစ္ပါဘူး.."

"ဘာမွမျဖစ္ဘူး ဟုတ္လား.. မင္းက ဗိုက္ကိုအနင္းခံရၿပီး ေသြးအန္ခဲ့တာေတာင္ ဘာမွမျဖစ္ဘူးတဲ့လား.. လာ.. ဆရာဝန္ဆီသြားျပၿပီး ဓာတ္မွန္႐ိုက္ၾကည့္မယ္.."

႐ႈနင္က ထမင္းကိုလက္စသတ္ၿပီး ေမာ္နီတာကိုဆြဲကာ ထိုင္ခံုမွာထိုင္ေစသည္။ ေရတစ္ခြက္ကို ေမာ္နီတာေရွ႕ခ်ေပးၿပီး ႏွစ္သိမ့္လိုက္သည္။

"ေရာ့.. ေရေသာက္ပါဦး.. ငါ့ဦးေလးကိုဆက္သြယ္ၿပီး ေဆး႐ံုကိုသြားၾကည့္ခ်င္တယ္.. ေဆး႐ံုေရာက္မွ တလက္စတည္း စစ္လိုက္ေတာ့မယ္.. အတန္းတက္ေတာ့မယ္.. စိတ္ေအးေအးထား.. ေရေသာက္ၿပီး အတန္းသြားတက္ေတာ့.."

"႐ႈနင္.. ငါ မင္းအတြက္ စိတ္မေကာင္းပါဘူး.."

"မင္းက သူငယ္ခ်င္းေကာင္းပဲ.. ေက်းဇူးတင္ပါတယ္.."

"႐ႈနင္.. မင္းဖုန္းဆက္ဖို႔ ပိုက္ဆံရွိလား.."

"မရွိဘူး.. ဒါေၾကာင့္ ငါ မင္းကိုေစာင့္ေနတာေလ.. မင္း တကယ္ေရာက္လာတာ ငါ့အတြက္ ဘုရားမတာပဲ.."

"......"

ေမာ္နီတာက ႐ႈနင္အတြက္ စိုးရိမ္ေသာေၾကာင့္ အတန္းလစ္ကာ အစ္ကိုကညီငယ္ကို ေစာင့္ေရွာက္သလို ႐ႈနင္၏လက္ကိုဆြဲၿပီး ေက်ာင္းေဘးကစတိုးဆိုင္မွာ ဖုန္းဆက္ဖို႔ ေခၚလာခဲ့သည္။ မ်က္မွန္ႏွင့္ သေဘာေကာင္းေသာအန္တီကို ဖုန္းနံပါတ္ေျပာဆက္ခိုင္းၿပီး ဖုန္းဝင္သြားေတာ့မွ ႐ႈနင္ကိုေပးလိုက္သည္။

႐ႈနင္က စိတ္လႈပ္ရွားၿပီး တုန္ယင္ေနသည္။

"ဦးေလး.."

"အင္း.."

"ဦးေလး.."

"အင္း.."

"ဦးေလး.."

"အင္း.."

ဒီကမာၻေပၚမွာ ဒီလိုတူဝရီးက ရွိေသးတာလား..။ ေမာ္နီတာက အံ့ၾသေနသည္။ ႐ႈနင္က အႀကိမ္ႀကိမ္ေခၚေပမယ့္ ဦးေလးက စိတ္ရွည္စြာ ထူးေပးခဲ့သည္။ ေနာက္ဆံုး ႐ႈနင္က တကယ္ကို နားလည္သြားခဲ့သည္။ သူ႔ရင္ထဲ နာက်င္လာခဲ့သည္။ အရင္ဘဝ သူ႔အေမေနာက္ကို လိုက္သြားခ်ိန္မွာ ဦးေလးက သူ႔ကိုစိတ္ပူၿပီး ၿမိဳ႕ကအိမ္ကို လာလာၾကည့္ေပးခဲ့သည္။ ထိုအခ်ိန္မွာ ႐ႈနင္က လူခ်မ္းသာေတြနဲ႔ ေပါင္းသင္းေနၿပီျဖစ္လို႔ ႐ိုး႐ိုးအအ ေတာသားဦးေလးကို သေဘာမက်ေပ။ ဦးေလးလာတိုင္း ဂ႐ုမစိုက္ဘဲ ေရွာင္ဖယ္ေနခဲ့သည္။ ဦးေလးက ႐ိုးသားၿပီး သူတပါးကို ဘယ္ေတာ့မွဒုကၡေပးတတ္သူမဟုတ္ေပ။ ဦးေလးက သူသေဘာမက်ဘူးဆိုတာ သိရၿပီး ေကာင္းေကာင္းေနရတယ္ဆိုတာ သိရၿပီးေနာက္ပိုင္းမွာ သူ႔ဆီကို သိပ္မလာေတာ့ေပ။ သူ၏ ေအးစက္ေသာအျပဳအမူေၾကာင့္ ဦးေလး၏အၿပံဳးက တစ္စတစ္စ ေမွးမွိန္သြားခဲ့ရသည္။ ဦးေလးရဲ့ခံစားခ်က္ႏွင့္ တံု႔ျပန္မႈက ေႏွးေကြးေပမယ့္ သူက တစ္ဖက္သားအေပၚ ဘာမွမေမွ်ာ္လင့္ဘဲ ေကာင္းေကာင္းဆက္ဆံေပးတတ္သူျဖစ္သည္။

"ဦးေလး.. အဖြားဆံုးသြားၿပီ.."

ဒီစကားကိုေျပာလိုက္စဥ္ ႐ႈနင္၏ရင္အစံု နာက်င္သြားခဲ့သည္။ အတိတ္ကိုျပန္သြားလို႔ရရင္ အဖြားမေသေအာင္ လုပ္ေပးခ်င္သည္။

"အဖြားက လြန္ခဲ့တဲ့10ရက္က သတိလစ္သြားတာ.. အေဒၚက်န္းကေတြ႕လို႔ ရြာထဲကဦးေလးလီတို႔ကားနဲ႔ ေဆး႐ံုကိုပို႔ေပးခဲ့တယ္.. ေဆး႐ံုမွာ ပထမဆံုးအရစ္ ပိုက္ဆံ200သြင္းေပးခဲ့တယ္.. ေနာက္ပိုင္း အႀကီးဆံုးအေဒၚနဲ႔ ဒုတိယအေဒၚက ေဆးဖိုးမေပးခ်င္ၾကလို႔ ေဆးကုသဖို႔ေႏွာင့္ေႏွးၿပီး အဖြားဆံုးသြားရၿပီ.. ထံုးစံအရ အဖြားဆံုးရင္ ပိုင္ဆိုင္မႈက ဦးေလးဆီကိုေရာက္သြားမွာ.. အေဒၚႀကီးႏွစ္ေယာက္က ဒါေၾကာင့္ အိမ္ကိုေရာင္းစားဖို႔ ကၽြန္ေတာ့္ကိုဖိအားေပးၿပီး စာခ်ဳပ္ဘယ္မွာထားသလဲ လာေမးၾကတယ္.. အႀကီးဆံုးအေဒၚက ေက်ာင္းကိုလာၿပီး ဆရာ့႐ံုးခန္းထဲမွာ ေသြးထြက္တဲ့အထိ ကၽြန္ေတာ့္ကို႐ိုက္ခဲ့တယ္.."

ဦးေလးျဖစ္သူက ဒီစကားကိုၾကားရေတာ့ စိတ္ထဲမွာ ဟာလာဟင္းလင္းျဖစ္သြားခဲ့သည္။ ၾကားလိုက္ရသည့္စကားကို မယံုခ်င္ေပ။ အစ္မအႀကီးဆံုးက အေမကို ခုလိုလုပ္ရက္တာကို လက္မခံႏိုင္ေအာင္ျဖစ္ေနသည္။ သူက အခုထိ လက္မထပ္ရေသးေပ။ ခ်င္အိမ္အတြက္ မ်ိဳးဆက္လည္း မေမြးေပးရေသးေပ။ ေနေလာင္သည့္မ်က္ႏွာထက္တြင္ မ်က္ရည္တို႔ စီးက်လာခဲ့သည္။ သူ ဘာစကားမွ ဆက္မေျပာႏိုင္ေတာ့ေပ။ ေဆာက္လုပ္ေရးလုပ္ငန္းခြင္က အလုပ္ၾကပ္က စိုးရိမ္ၿပီး ခ်င္ယြိဖူေဘးကို ခ်က္ခ်င္းေရာက္လာခဲ့သည္။

ထိုစဥ္က အမ်ားသံုးတယ္လီဖုန္းမ်ားက အသံက်ယ္က်ယ္ထြက္ေသာေၾကာင့္ ေဘးမွာလူတစ္ေယာက္လာရပ္ရင္ ဖုန္းထဲကေျပာတာကို အကုန္ၾကားရႏိုင္သည္။

႐ႈနင္က နာက်င္သည့္ေလသံႏွင့္ ေျပာရာမွ ေလသံေျပာင္းလိုက္သည္။

"အႀကီးဆံုးႀကီးေတာ္ကို ဦးေလးအလုပ္လုပ္လို႔ရသမွ် ဘယ္ေလာက္ေတာင္ ပို႔ထားလိုက္ၿပီလဲ.. တကယ္လို႔ သူသာ အဖြားကို မွန္မွန္ကန္ကန္ ပိုက္ဆံေပးခဲ့ရင္ ကၽြန္ေတာ့္ေက်ာင္းစရိတ္အတြက္ အဖြားက စက္႐ံုမွာ ပင္ပင္ပန္းပန္း အလုပ္ဝင္လုပ္စရာမလိုဘူး.. ဒါဆို အဖြားက ခုလိုျဖစ္လာမွာမဟုတ္ဘူး.. ကၽြန္ေတာ္ေျပာတာကို ဦးေလးမယံုဘူးမဟုတ္လား.. ကိုယ့္အစ္မရင္းကိုပဲ ဦးေလးယံုခ်င္တာကို ကၽြန္ေတာ္နားလည္ပါတယ္.. ဦးေလးမယံုရင္ ကိုယ္တိုင္ လိုက္ေမးၾကည့္လို႔ရပါတယ္.."

"ေရွာင္နင္.."

ဦးေလး၏အသံက ဆို႔နင့္စြာ ထြက္ေပၚလာခဲ့သည္။

"ေသြးရင္းဆက္စပ္မႈက ျဖတ္ေတာက္လု႔ိမရတာကို ကၽြန္တာ္ နားလည္ပါတယ္.."

ေမာ္နီတာက ႐ႈနင္၏စကားကိုၾကားေတာ့ စိတ္မေကာင္းျဖစ္စြာႏွင့္ လက္ကိုဖ်စ္ညစ္ကာ အားေပးလိုက္သည္။ ႐ႈနင္က အားတက္သြားၿပီး ဆက္ေျပာလိုက္သည္။

"ဦးေလး.. ႀကီးေတာ္ႏွစ္ေယာက္က အဖြားရဲ့အသုဘအတြက္ ပိုက္ဆံမထုတ္ခ်င္ၾကဘူး.. တာဝန္အကုန္ကို ေရွာင္ခ်င္ေနၾကတယ္.. ဒါေၾကာင့္ သူတို႔က အေၾကာင္းျပၿပီး အိမ္ကိုေရာင္းခ်င္ေနတယ္.. ဦးေလး အရင္ဆံုး ပိုက္ဆံ 2000 ေခ်းခဲ့ပါ.. ၿပီးေတာ့ ေဆး႐ံုသြားၿပီး အဖြားကိစၥကို ဆရာဝန္ေတြ၊ သူနာျပဳေတြနဲ႔ ေတြ႕ၿပီး ေမးပါ.. ၿပီးရင္ ရြာျပန္ၿပီး အိမ္နီးခ်င္းေတြကို ေမးၾကည့္ပါ.."

"ေကာင္းၿပီ.. ငါ မင္းေျပာတာကို နားေထာင္ပါ့မယ္.."

ခ်င္ယြိဖူ၏ေခါင္းေတြက ႐ႈပ္ေထြးလို႔ေနသည္။

ဖုန္းခ်သြားၿပီးေနာက္ ေမာ္နီတာက ဖုန္းဆက္ခကို ရွင္းေပးလိုက္သည္။ ၿပီးေတာ့ ႐ႈနင္က ေမာဟိုက္စြာျဖင့္ စတိုးဆိုင္ေရွ႕ကေလွကားထစ္ေလးမွာ ဖင္ထိုင္ခ်လိုက္သည္။ ဒီလိုကိစၥရပ္ႀကီးကို သူ ဘယ္လိုလုပ္ ေခ်ာေခ်ာေမြ႕ေမြ႕ ေျပာထြက္သြားခဲ့တာလဲ။ ေမာ္နီတာက ႐ိုင္းစိုင္းၾကမ္းတမ္းသည့္ေလာကဓံကို ၾကားသိလိုက္ခ်ိန္မွာ တုန္လႈပ္သြားခဲ့သည္။

"ငါ ဒီမွာေနၿပီး မင္းကို အေဖာ္လုပ္ေပးမယ္.."

ေမာ္နီတာက ႐ႈနင္၏ေဘးမွာ ထုိင္လိုက္သည္။ ႐ႈနင္က ေမာပန္းႏြမ္းနယ္စြာႏွင့္ မ်က္ႏွာကိုပြတ္လိုက္ၿပီး ေမာ္နီတာ၏ပုခံုးတြင္ ေခါင္းမွီလိုက္သည္။

"ပိုင္ဖုန္.. မင္းနဲ႔ငါက ခုကစၿပီး အရင္းႏွီးဆံုး သူငယ္ခ်င္းေတြပဲ.."

သူ႔စကားေၾကာင့္ ေမာ္နီတာ စိတ္႐ႈပ္သြားသည္။

"ငါတုိ႔က သူငယ္ခ်င္းေတြျဖစ္ေနတာ ၾကာၿပီမဟုတ္လား.."

႐ႈနင္က ရယ္ေမာလိုက္သည္။ ခုမွ သူက တကယ္႐ိုးသားသည့္ 13 ႏွစ္သားေလးလို ခံစားလိုက္ရသည္။

အလုပ္ၾကပ္က သူ႔ကားႏွင့္ ခ်င္ယြိဖူကိုေခၚကာ ႐ႈနင္၏ေက်ာင္းဆီကို ထြက္လာခဲ့သည္။ ႐ႈနင္က ကားေရာက္လာေတာ့ ခ်က္ခ်င္း ကားထဲဝင္ထိုင္လိုက္သည္။ ခ်င္ယြိဖူက ေဆး႐ံုကသူ႔အေမဆီကို သြားေတြ႕ခ်င္လွၿပီ။ ျဖစ္ႏိုင္ရင္ အေတာင္ေပါက္ၿပီး ပ်ံသြားခ်င္ေနသည္။ ေမာ္နီတာက ကားမွန္ျပတင္းနား ငံု႔ကိုင္းကာ ေနေလာင္လို႔ညိဳေမွာင္ေနေသာ လူႏွစ္ေယာက္ကို ၾကည့္လိုက္သည္။

ဘယ္သူက ႐ႈနင္ရဲ့ဦးေလးလဲ..။ ႏွစ္ေယာက္လံုး ႐ႈနင္နဲ႔လည္း မတူဘူး..။

ဒါေၾကာင့္ ေမာ္နီတာက သူ႔ကိုယ္သူ မိတ္ဆက္လိုက္သည္။

"မဂၤလာပါ.. ကၽြန္ေတာ္က တန္းခြဲ၃က ေမာ္နီတာပိုင္ဖုန္ပါ.. ႐ႈနင္က ဒီေန႔ သူ႔ႀကီးေတာ္က အိမ္စာခ်ဳပ္ထုတ္မေပးလို႔ဆိုၿပီး ႐ႈနင္ကို ႐ိုက္သြားခဲ့တယ္.. ဒီကိစၥကို ဆရာက ေျပာခိုင္းလိုက္တာပါ.."

ထိုေခတ္ကာလက ဆရာဆိုတာ လူေလးစားခံရသည့္အလုပ္ျဖစ္ၿပီး ဆရာ၏စကားဆိုရင္ လူေတြက ပိုအေလးထားသည္။ အခု ႐ႈနင္က ဆရာဝန္လည္းမျပရေသးေပ။ သူ႔ကို ဂ႐ုစိုက္ေပးခ်င္ေသာေၾကာင့္ ပိုင္ဖုန္က ဆရာ့နာမည္ကို အလြဲသံုးစားလုပ္ကာ လိမ္လိုက္ျခင္းျဖစ္သည္။ ဒီအတြက္လည္း သူ ေနာင္တမရမိေပ။

ပိုင္ဖုန္က ေနာက္ဆုတ္လိုက္ၿပီး ႐ႈနင္ကို တစ္ခ်က္ၾကည့္လိုက္သည္။

"အေကာင္းဆံုးသူငယ္ခ်င္းေရ.. ငါရဲ့လုပ္ႏိုင္စြမ္းက ဒီေလာက္ပဲရွိတယ္.. ငါ မင္းကို ဒီေလာက္ပဲ ကူညီေပးႏိုင္ေတာ့မယ္ကြာ.."

ထိုအၾကည့္ကို ႐ႈနင္က သေဘာေပါက္ကာ ေခါင္းညိတ္ျပၿပီး ေက်းဇူးတင္စကားေျပာလိုက္သည္။ ကားေလးက တဟုန္ထိုးထြက္ခြာသြားေတာ့သည္။ ပိုင္ဖုန္က ကူကယ္ရာမဲ့လို ခံစားရၿပီး လမ္းေဘးမွာ က်န္ရစ္ခဲ့ေတာ့သည္။

•••••••••••••••

႐ုတ္တရက္ ေမာ္နီတာက အႀကံတစ္ခုရလိုက္သည္။ ဒီေက်ာင္းမွာ ႐ႈနင္ႏွင့္ တစ္ရြာတည္းက ေက်ာင္းလာတက္သည့္ ေက်ာင္းသားမ်ားရွိသည္။ ႐ႈနင္၏ႀကီးေတာ္ႀကီးအေၾကာင္း သတင္းျဖန္႔လုိက္ရင္ သူတို႔ရြာမွာ သိကၡာက်ေလာက္သည္။

"ေကာလာဟလဆိုတာ မျမင္ရတဲ့ လူသတ္သမားေတြမဟုတ္လား.. ဟား.. ဟား.."

႐ႈနင္ကို နာက်င္ေအာင္လုပ္သည့္ ႀကီးေတာ္ေတြကို ပညာေပးႏိုင္ေတာ့မည္ျဖစ္လို႔ ပိုင္ဖုန္ သေဘာက်ေနသည္။

ကားေလးက ေဆး႐ံုကုိေရာက္လာေတာ့ အလုပ္ၾကပ္က ႐ႈနင္ႏွင့္ခ်င္ယြိဖူတို႔ေနာက္က လိုက္လာခဲ့ေပးသည္။ သူတို႔က ရင္ခြဲ႐ံုဆီ စံုစမ္းၿပီး ေရာက္လာခဲ့သည္။ အလုပ္ၾကပ္က စီးကရက္တစ္လိပ္ကို ႏႈတ္ခမ္းမွာခ်ိတ္တြဲထားရင္း ရင္ခြဲ႐ံုအျပင္ဘက္ အုတ္နံရံကိုမွီၿပီး ရင္ခြဲ႐ံုထဲက ရင္ကြဲမတတ္ငိုေၾကြးသံကို နားေထာင္ေနခဲ့သည္။ တစ္နာရီေက်ာ္ၾကာေတာ့ ခ်င္ယြိဖူက ငိုရလြန္းလို႔ မတ္တပ္ပင္မရပ္ႏိုင္ေတာ့ေပ။ အလုပ္ၾကပ္က သူ႔ကိုလာဆြဲထူၿပီး ေျပာလိုက္သည္။

"ေတာ္ေတာ့.. တမနက္ခင္းလံုး မင္း ဘာလုပ္ေနတာလဲ.. ေသတဲ့လူရဲ့ အသုဘကိစၥကို စီစဥ္ရဦးမယ္.. မင္းအေမလည္း ေကာင္းရာမြန္ရာမွာ အနားယူပါေစေတာ့.."

ခ်င္ယြိဖူႏွင့္ ႐ႈနင္တို႔က ေခါင္းတဆတ္ဆတ္ညိတ္ေပမယ့္ မ်က္ရည္က အဆက္မျပတ္ စီးက်လာခဲ့သည္။

႐ႈနင္အတြက္ အဖြား၏႐ုပ္အေလာင္းကို ပထမဆံုးျမင္ဖူးတာျဖစ္လို႔ ရင္ထဲကခံစားခ်က္အကုန္ ပြင့္ထြက္လာျခင္းျဖစ္သည္။ တကယ္လို႔ သူသာ သတိမထားခဲ့မိလွ်င္ အႀကီးဆံုးႀကီးေတာ္၏ လက္ခ်က္ျဖင့္ ဦးေလး မ႐ႈမလွ ဒုကၡေရာက္သြားႏိုင္သည္။

"ဦးေလး.. ေဆး႐ံုစရိတ္ကို သြားရွင္းလိုက္ပါေတာ့.."

အလုပ္ၾကပ္က လူ႔ေလာကအေတြ႕အႀကံဳ ပိုမ်ားေသာေၾကာင့္ ယုတ္မာ႐ိုင္းစိုင္းေသာ လူ႔စ႐ိုက္သဘာဝကို ပိုသိသည္။ ခုေလာက္ဆိုရင္ ခ်င္ယြိဖူ၏အစ္မႏွစ္ေယာက္က သူ႔မိခင္ရင္းကို ဘယ္လိုေတာင္လုပ္ရက္တာကို သူသိသြားေလၿပီ။ ဒါေပမယ့္ သူ ဘာမွမေျပာဘဲ ခ်င္ယြိဖူကို သူ႔ဘာသာသိေစဖို႔ လႊတ္ထားလိုက္သည္။ တခါတရံ ေျပာျပတာထက္ ကိုယ္တုိင္ရွာေဖြသိရွိတာက ပိုေကာင္းသည္။

သူတို႔ ဆရာဝန္ဆီထြက္လာေတာ့ ႐ႈနင္ လိုက္မသြားခဲ့ေပ။ ဆရာဝန္ဆီေရာက္ၿပီး ေငြရွင္းဖို႔ေမးေတာ့ ခ်င္ယြိဖူက အျဖစ္မွန္ကိုသိကာ ရင္ကြဲရျပန္သည္။ သူ႔အေမေဆး႐ံုတက္တာကေန ေသသည္အထိ ပိုက္ဆံ 200 သာသြင္းထားသည္။ ဒါကလည္း ရြာကအိမ္နီးခ်င္းေတြ ဝိုင္းၿပီး ပိုက္ဆံသြင္းေပးထားတာျဖစ္သည္။ ဒီဟာကိုသိရေတာ့ ခ်င္ယြိဖူက ေၾကာင္ေငးသြားမိသည္။ ဒီအျဖစ္မွန္က သူ႔ရင္ကို ဓားႏွင့္ခြဲသလိုပင္။ ခ်င္ယြိဖူ ပံုက်သြားခဲ့သည္။ ဖုိမင္က စီးကရက္ကို ႏႈတ္ခမ္းမွာတစ္ခ်က္ေတ့ကာ ႐ႈသြင္းၿပီး ရင္ထဲကေဒါသမီးကို ႀကိဳးစားၿငိႇမ္းသတ္ေနရသည္။

"မင္း ေယာက္်ားမဟုတ္ဘူးလား.. ေသတဲ့သူက ေသၿပီ.. မင္း ဆက္ၿပီးရွင္သန္ဖို႔ ႀကိဳးစားရမယ္ေလ.."

ခ်င္ယြိဖူက ဖိုမင္ကို အားငယ္စြာစိုက္ၾကည့္ၿပီးေနာက္ အားတင္းၿပီးထရပ္ကာ ရင္ခြဲ႐ံုမွာ အေလာင္းထုတ္ဖို႔ ျပန္လာခဲ့သည္။

႐ႈနင္က ခုထိ ဆရာဝန္မျပရေသးေပ။ ဒါေပမယ့္ သူက ဘာမွမျဖစ္ေပ။ သူ႔ႀကီးေတာ္က သူနဲ႔ဦးေလး အသုဘကိစၥ လာေဆာင္ရြက္စဥ္ ေက်ာင္းမွာ လာေရာက္လိမ္လည္တာ ထပ္မလုပ္ေစဖို႔ တမင္ လွ်ာကိုကိုက္ကာ ေသြးထြက္ေစၿပီး ႀကီးေတာ္ကို သိကၡာက်ေအာင္ လုပ္ခဲ့႐ံုသာျဖစ္သည္။ ဒါေၾကာင့္ သူ႔ႀကီးေတာ္က ထပ္လာလိမ္မွာကို တားဆီးၿပီးသားျဖစ္သည္။

လုပ္ထံုးလုပ္နည္းႏွင့္ အေလာင္းထုတ္ၿပီးေတာ့ ဖိုမင္က သူ႔သူငယ္ခ်င္းအဆက္အသြယ္ဆီကေန အေခါင္းေကာင္းေကာင္းတစ္လံုးကို ဝယ္ယူကာ အေလာင္းကို ရြာျပန္သယ္လာၾကသည္။ ရြာဓေလ့အရ လူခ်မ္းသာမ်ားက အသုဘကို ၇ရက္လုပ္ၿပီး ဆင္းရဲသားမ်ားက ၃ရက္ထားရွိသည္။ သူတို႔ရြာေရာက္ေတာ့ ရြာလူႀကီးကို အသိေပးကာ အသုဘကိစၥကို စီစဥ္သည္။

သူတို႔အိမ္ေရာက္ေတာ့ အိမ္က ႐ႈပ္ပြကာ ပရိေဘာဂ၊ ေစာင္ႏွင့္ အဝတ္အစားမ်ား လံုးဝမရွိေတာ့ေပ။ အေဒၚႏွစ္ေယာက္က အကုန္ယူသြားၿပီးေလၿပီ။ ဒီအိမ္မွာ တန္ဖိုးရွိတာဆိုလို႔ အိမ္ႀကီးသာက်န္ေတာ့သည္။ ဒါေၾကာင့္ သူတို႔က အိမ္ကိုေရာင္းစားဖို႔ စာခ်ဳပ္ကို အသည္းအသန္ရွာေနၾကျခင္းျဖစ္သည္။

ခ်င္ယြိဖူ၏မ်က္လံုးက နီလာျပန္သည္။ ႐ႈနင္က သက္ျပင္းခ်ကာ ေျပာလိုက္သည္။

"အိမ္နီးခ်င္းေတြကိုေမးၿပီး အေၾကြးဆပ္ဖို႔ လုပ္လိုက္ပါဦး ဦးေလး.."

ခ်င္ယြိဖူက ေခါင္းညိတ္ကာ ခ်က္ခ်င္းထြက္သြားသည္။ သူက ႐ိုးသားသူျဖစ္လို႔ သူမ်ားပိုက္ဆံကို အေၾကြးတင္မခံခ်င္ေပ။

႐ႈနင္က အိမ္ကိုနည္းနည္းရွင္းကာ ဖိုမင္ကို ထိုင္စရာစီစဥ္ေပးၿပီး ေက်းဇူးတင္စကားေျပာလိုက္သည္။

"ဒီေန႔ ကူညီေပးတာကို ေက်းဇူးတင္ပါတယ္ခင္ဗ်ာ.."

"ကိစၥမရွိပါဘူးကေလးရာ.."

"ကၽြန္ေတာ့္ဦးေလးကို ဘာေၾကာင့္ ခုလိုမိ်ဳး လိုက္ကူညီေပးတယ္ဆိုတာ သိခြင့္ရမလားခင္ဗ်ာ.."

ေလာကႀကီးကို ရင္ဆိုင္ျဖတ္သန္းလာၿပီးေနာက္ လူေတြက ေမွ်ာ္လင့္ခ်က္မရွိဘဲ တျခားလူကိုကူညီတယ္ဆိုတာ မရွိသည္ကို သူသိခဲ့ၿပီးျဖစ္သည္။ ဒါေၾကာင့္ ဖိုမင္က သူ႔ဦးေလးကို ဘာေၾကာင့္လိုက္ကူညီသည္ကို သိခ်င္လို႔ ေမးလိုက္ျခင္းျဖစ္သည္။ ဒါေပမယ့္ သူ႔အေပၚ မေကာင္းမျမင္ေစဖို႔ စပ္စုေသာကေလးတစ္ေယာက္ပံုျဖင့္သာ ေမးလိုက္သည္။

"ငါက သူ႔ကို ရြာကေခၚထုတ္ခဲ့တဲ့သူေလ.."

ဖိုမင္က စီးကရက္မီးခိုးကို မႈတ္ထုတ္ၿပီး ဖြင့္ေျပာျပလိုက္သည္။

"ေရွာင္ဖူက ႐ိုးသားတယ္.. သူက ဘယ္တုန္းကမွ မဟုတ္တာမလုပ္ခဲ့ဖူးဘူး.. သူ႔အစ္မေတြကိုလည္း ယံုၾကည္တယ္.. သူ႔အစ္မေတြက သူအိမ္ေထာင္ျပဳဖို႔ ပိုက္ဆံစုေပးမယ္ဆုိလို႔ သူ႔လစာေတြကို အပ္ခဲ့တယ္.. မင္း ငါ့ကို တစ္ခုခုေျပာစရာရွိရင္ ေျပာေလ.."

"ကၽြန္ေတာ့္ႀကီးေတာ္ေတြ ဒီအိမ္ကိုေရာင္းဖို႔ စာခ်ဳပ္လာရွာခိုင္းေတာ့မွ သံသယဝင္ၿပီး စံုစမ္းၾကည့္မိလို႔သာ ဒီဟာေတြကို သိခဲ့ရတယ္.. ကၽြန္ေတာ္သာ မစံုစမ္းၾကည့္မိရင္ ဒါေတြကိုေတာင္ သိမွာမဟုတ္ဘူး.. အဖြားဆံုးၿပီးေတာ့ ႀကီးေတာ္ႏွစ္ေယာက္က ဒီအိမ္ကိုပိုင္ဆိုင္ဖို႔ ရန္ျဖစ္ၾကတယ္.. ဦးေလးက စိတ္ထားႏူးညံ့လို႔ အေဒၚႏွစ္ေယာက္က ဦးေလးကို အႏိုင္က်င့္မွာကို စိုးရိမ္မိတယ္.."

"မင္းက ဒီအိမ္ကို ေရာင္းပစ္ခ်င္တာလား.."

ဒီကေလးက ႐ိုးသားသလိုနဲ႔ တကယ္ေတာ့ ဝံပုေလြေလးလို လိမ္မာပါးနပ္သည္။

"ဟုတ္ကဲ့.."

႐ႈနင္က ဖိုမင္ကိုစိုက္ၾကည့္ကာ တြန္႔ဆုတ္ျခင္းမရွိဘဲ ဆက္ေျပာလိုက္သည္။

"ဒီရြာကအိမ္ကို ေရာင္းလို႔ရတဲ့ပိုက္ဆံက ခပ္လွမ္းလွမ္းကဘန္ဂလိုကိုပဲ ဝယ္လို႔ရမွာပါ.. အဖြားသာအသက္ရွင္ေနေသးရင္ ဦးေလးကို သူ႔ဇနီးနဲ႔ မိသားစုဘဝေလး ထူေထာင္တာကို သေဘာက်မွာပါ.."

ဖိုမင္၏မ်က္လံုးက ေတာက္ပလာခဲ့သည္။

"မင္းရဲ့အႀကံကို ငါသေဘာေပါက္တယ္.. ဒီအိမ္ေရာင္းဖို႔က ငါ့တာဝန္ထားလိုက္.."

ထိုအခ်ိန္တြင္ အျပင္ဘက္မွ အေဒၚႏွစ္ဦးေရာက္လာသံကို ၾကားလိုက္ရသည္။ သူမတို႔ႏွစ္ေယာက္က ေအာ္ဟစ္ငုိယိုကာ သူတို႔မွားသြားတယ္လို႔ လူတကာသိေအာင္ ငိုျပေနေတာ့သည္။

==============================

ပြန်လည်မွေးဖွားလာသော ဝံပုလွေလေး၏ချစ်ခြင်း
Chapter (3) - ရှုနင်၏ ရိုးသားသော ဦးလေး

"မင်းအဒေါ်ကိုကြည့်ရတာ ဒုက္ခပေးမယ့်ပုံပေါ်တယ်.. မင်းအိမ်မှာ တခြားလူရှိသေးလား.."

ဆရာက စိုးရိမ်စွာနှင့် မေးလိုက်သည်။ ဆရာ၏စေတနာကို ရှုနင် ခံစားသွားရသည်။

"ဟုတ်ကဲ့.. ကျွန်တော့်ဦးလေးကိုဆက်သွယ်ပြီး သူနဲ့အတူ အိမ်ကိုပြန်မှာပါ.."

ရှုနင်က ဆရာနှင့် ပတ်ဝန်းကျင်ကကျောင်းသားများကို ထပ်ပြီးကျေးဇူးတင်စကားပြောကာ ထွက်လာခဲ့သည်။ ဆရာက တစ်ရက်တည်းနှင့် လူကြီးတစ်ယောက်လို ရင့်ကျက်သွားသည့် ရှုနင်ကိုကြည့်ကာ စိတ်ရှုပ်ထွေးနေသည်။ ကလေးတစ်ယောက်က အချိန်မတိုင်ခင် ရင့်ကျက်တာ သိပ်မကောင်းပေမယ့် ဆင်းရဲသည့်ကလေးများက လောကဓံကို ပိုကြုံတွေ့ရသောကြောင့် ရင့်ကျက်ရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပေ။

ရှုနင်က ထမင်းစားခန်းကိုရောက်တော့ ကျောင်းသားအများစုက စားသောက်ပြီးသွားပြီဖြစ်သောကြောင့် ရှုနင် တန်းစီစရာမလိုတော့ပေ။ သူက စားစရာကိုယူကာ အေးဆေးစွာထိုင်စားနေခဲ့သည်။ အရင်ဘဝက သူက အာဏာရှိသူ၊ ချမ်းသာသူများနှင့် ပေါင်းသင်းနေထိုင်ခဲ့သောကြောင့် မြင့်မြတ်ပြီး အေးဆေးတည်ငြိမ်သည့်အရိပ်အငွေ့ကို ထုတ်လွှတ်လို့နေသည်။ သူက အေးဆေးစွာစားရင်း သူ့ထောင်ချောက်ထဲဝင်လာမည့်သူကို စိတ်ရှည်စွာစောင့်နေသည်။ ခဏနေတော့ မော်နီတာက အမောတကောရောက်လာသည်။ သူ့နဖူးမှာ ချွေးတွေစို့နေသည်။

"ရှုနင်.. မင်း အဆင်ပြေရဲ့လား.. ဆရာ့ရုံးခန်းကဖြစ်သမျှကို ငါကြားခဲ့ရပြီးပြီ.. မင်း ဘာဖြစ်သွားသေးလဲ.."

တစ်စုံတစ်ယောက်၏ ဂရုစိုက်ခြင်းခံရတဲ့ ခံစားချက်က ကောင်းလိုက်တာ။

"ဘာမှမဖြစ်ပါဘူး.."

"ဘာမှမဖြစ်ဘူး ဟုတ်လား.. မင်းက ဗိုက်ကိုအနင်းခံရပြီး သွေးအန်ခဲ့တာတောင် ဘာမှမဖြစ်ဘူးတဲ့လား.. လာ.. ဆရာဝန်ဆီသွားပြပြီး ဓာတ်မှန်ရိုက်ကြည့်မယ်.."

ရှုနင်က ထမင်းကိုလက်စသတ်ပြီး မော်နီတာကိုဆွဲကာ ထိုင်ခုံမှာထိုင်စေသည်။ ရေတစ်ခွက်ကို မော်နီတာရှေ့ချပေးပြီး နှစ်သိမ့်လိုက်သည်။

"ရော့.. ရေသောက်ပါဦး.. ငါ့ဦးလေးကိုဆက်သွယ်ပြီး ဆေးရုံကိုသွားကြည့်ချင်တယ်.. ဆေးရုံရောက်မှ တလက်စတည်း စစ်လိုက်တော့မယ်.. အတန်းတက်တော့မယ်.. စိတ်အေးအေးထား.. ရေသောက်ပြီး အတန်းသွားတက်တော့.."

"ရှုနင်.. ငါ မင်းအတွက် စိတ်မကောင်းပါဘူး.."

"မင်းက သူငယ်ချင်းကောင်းပဲ.. ကျေးဇူးတင်ပါတယ်.."

"ရှုနင်.. မင်းဖုန်းဆက်ဖို့ ပိုက်ဆံရှိလား.."

"မရှိဘူး.. ဒါကြောင့် ငါ မင်းကိုစောင့်နေတာလေ.. မင်း တကယ်ရောက်လာတာ ငါ့အတွက် ဘုရားမတာပဲ.."

"......"

မော်နီတာက ရှုနင်အတွက် စိုးရိမ်သောကြောင့် အတန်းလစ်ကာ အစ်ကိုကညီငယ်ကို စောင့်ရှောက်သလို ရှုနင်၏လက်ကိုဆွဲပြီး ကျောင်းဘေးကစတိုးဆိုင်မှာ ဖုန်းဆက်ဖို့ ခေါ်လာခဲ့သည်။ မျက်မှန်နှင့် သဘောကောင်းသောအန်တီကို ဖုန်းနံပါတ်ပြောဆက်ခိုင်းပြီး ဖုန်းဝင်သွားတော့မှ ရှုနင်ကိုပေးလိုက်သည်။

ရှုနင်က စိတ်လှုပ်ရှားပြီး တုန်ယင်နေသည်။

"ဦးလေး.."

"အင်း.."

"ဦးလေး.."

"အင်း.."

"ဦးလေး.."

"အင်း.."

ဒီကမ္ဘာပေါ်မှာ ဒီလိုတူဝရီးက ရှိသေးတာလား..။ မော်နီတာက အံ့သြနေသည်။ ရှုနင်က အကြိမ်ကြိမ်ခေါ်ပေမယ့် ဦးလေးက စိတ်ရှည်စွာ ထူးပေးခဲ့သည်။ နောက်ဆုံး ရှုနင်က တကယ်ကို နားလည်သွားခဲ့သည်။ သူ့ရင်ထဲ နာကျင်လာခဲ့သည်။ အရင်ဘဝ သူ့အမေနောက်ကို လိုက်သွားချိန်မှာ ဦးလေးက သူ့ကိုစိတ်ပူပြီး မြို့ကအိမ်ကို လာလာကြည့်ပေးခဲ့သည်။ ထိုအချိန်မှာ ရှုနင်က လူချမ်းသာတွေနဲ့ ပေါင်းသင်းနေပြီဖြစ်လို့ ရိုးရိုးအအ တောသားဦးလေးကို သဘောမကျပေ။ ဦးလေးလာတိုင်း ဂရုမစိုက်ဘဲ ရှောင်ဖယ်နေခဲ့သည်။ ဦးလေးက ရိုးသားပြီး သူတပါးကို ဘယ်တော့မှဒုက္ခပေးတတ်သူမဟုတ်ပေ။ ဦးလေးက သူသဘောမကျဘူးဆိုတာ သိရပြီး ကောင်းကောင်းနေရတယ်ဆိုတာ သိရပြီးနောက်ပိုင်းမှာ သူ့ဆီကို သိပ်မလာတော့ပေ။ သူ၏ အေးစက်သောအပြုအမူကြောင့် ဦးလေး၏အပြုံးက တစ်စတစ်စ မှေးမှိန်သွားခဲ့ရသည်။ ဦးလေးရဲ့ခံစားချက်နှင့် တုံ့ပြန်မှုက နှေးကွေးပေမယ့် သူက တစ်ဖက်သားအပေါ် ဘာမှမမျှော်လင့်ဘဲ ကောင်းကောင်းဆက်ဆံပေးတတ်သူဖြစ်သည်။

"ဦးလေး.. အဖွားဆုံးသွားပြီ.."

ဒီစကားကိုပြောလိုက်စဉ် ရှုနင်၏ရင်အစုံ နာကျင်သွားခဲ့သည်။ အတိတ်ကိုပြန်သွားလို့ရရင် အဖွားမသေအောင် လုပ်ပေးချင်သည်။

"အဖွားက လွန်ခဲ့တဲ့10ရက်က သတိလစ်သွားတာ.. အဒေါ်ကျန်းကတွေ့လို့ ရွာထဲကဦးလေးလီတို့ကားနဲ့ ဆေးရုံကိုပို့ပေးခဲ့တယ်.. ဆေးရုံမှာ ပထမဆုံးအရစ် ပိုက်ဆံ200သွင်းပေးခဲ့တယ်.. နောက်ပိုင်း အကြီးဆုံးအဒေါ်နဲ့ ဒုတိယအဒေါ်က ဆေးဖိုးမပေးချင်ကြလို့ ဆေးကုသဖို့နှောင့်နှေးပြီး အဖွားဆုံးသွားရပြီ.. ထုံးစံအရ အဖွားဆုံးရင် ပိုင်ဆိုင်မှုက ဦးလေးဆီကိုရောက်သွားမှာ.. အဒေါ်ကြီးနှစ်ယောက်က ဒါကြောင့် အိမ်ကိုရောင်းစားဖို့ ကျွန်တော့်ကိုဖိအားပေးပြီး စာချုပ်ဘယ်မှာထားသလဲ လာမေးကြတယ်.. အကြီးဆုံးအဒေါ်က ကျောင်းကိုလာပြီး ဆရာ့ရုံးခန်းထဲမှာ သွေးထွက်တဲ့အထိ ကျွန်တော့်ကိုရိုက်ခဲ့တယ်.."

ဦးလေးဖြစ်သူက ဒီစကားကိုကြားရတော့ စိတ်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားခဲ့သည်။ ကြားလိုက်ရသည့်စကားကို မယုံချင်ပေ။ အစ်မအကြီးဆုံးက အမေကို ခုလိုလုပ်ရက်တာကို လက်မခံနိုင်အောင်ဖြစ်နေသည်။ သူက အခုထိ လက်မထပ်ရသေးပေ။ ချင်အိမ်အတွက် မျိုးဆက်လည်း မမွေးပေးရသေးပေ။ နေလောင်သည့်မျက်နှာထက်တွင် မျက်ရည်တို့ စီးကျလာခဲ့သည်။ သူ ဘာစကားမှ ဆက်မပြောနိုင်တော့ပေ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်ကြပ်က စိုးရိမ်ပြီး ချင်ယွိဖူဘေးကို ချက်ချင်းရောက်လာခဲ့သည်။

ထိုစဉ်က အများသုံးတယ်လီဖုန်းများက အသံကျယ်ကျယ်ထွက်သောကြောင့် ဘေးမှာလူတစ်ယောက်လာရပ်ရင် ဖုန်းထဲကပြောတာကို အကုန်ကြားရနိုင်သည်။

ရှုနင်က နာကျင်သည့်လေသံနှင့် ပြောရာမှ လေသံပြောင်းလိုက်သည်။

"အကြီးဆုံးကြီးတော်ကို ဦးလေးအလုပ်လုပ်လို့ရသမျှ ဘယ်လောက်တောင် ပို့ထားလိုက်ပြီလဲ.. တကယ်လို့ သူသာ အဖွားကို မှန်မှန်ကန်ကန် ပိုက်ဆံပေးခဲ့ရင် ကျွန်တော့်ကျောင်းစရိတ်အတွက် အဖွားက စက်ရုံမှာ ပင်ပင်ပန်းပန်း အလုပ်ဝင်လုပ်စရာမလိုဘူး.. ဒါဆို အဖွားက ခုလိုဖြစ်လာမှာမဟုတ်ဘူး.. ကျွန်တော်ပြောတာကို ဦးလေးမယုံဘူးမဟုတ်လား.. ကိုယ့်အစ်မရင်းကိုပဲ ဦးလေးယုံချင်တာကို ကျွန်တော်နားလည်ပါတယ်.. ဦးလေးမယုံရင် ကိုယ်တိုင် လိုက်မေးကြည့်လို့ရပါတယ်.."

"ရှောင်နင်.."

ဦးလေး၏အသံက ဆို့နင့်စွာ ထွက်ပေါ်လာခဲ့သည်။

"သွေးရင်းဆက်စပ်မှုက ဖြတ်တောက်လု့ိမရတာကို ကျွန်တာ် နားလည်ပါတယ်.."

မော်နီတာက ရှုနင်၏စကားကိုကြားတော့ စိတ်မကောင်းဖြစ်စွာနှင့် လက်ကိုဖျစ်ညစ်ကာ အားပေးလိုက်သည်။ ရှုနင်က အားတက်သွားပြီး ဆက်ပြောလိုက်သည်။

"ဦးလေး.. ကြီးတော်နှစ်ယောက်က အဖွားရဲ့အသုဘအတွက် ပိုက်ဆံမထုတ်ချင်ကြဘူး.. တာဝန်အကုန်ကို ရှောင်ချင်နေကြတယ်.. ဒါကြောင့် သူတို့က အကြောင်းပြပြီး အိမ်ကိုရောင်းချင်နေတယ်.. ဦးလေး အရင်ဆုံး ပိုက်ဆံ 2000 ချေးခဲ့ပါ.. ပြီးတော့ ဆေးရုံသွားပြီး အဖွားကိစ္စကို ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တွေ့ပြီး မေးပါ.. ပြီးရင် ရွာပြန်ပြီး အိမ်နီးချင်းတွေကို မေးကြည့်ပါ.."

"ကောင်းပြီ.. ငါ မင်းပြောတာကို နားထောင်ပါ့မယ်.."

ချင်ယွိဖူ၏ခေါင်းတွေက ရှုပ်ထွေးလို့နေသည်။

ဖုန်းချသွားပြီးနောက် မော်နီတာက ဖုန်းဆက်ခကို ရှင်းပေးလိုက်သည်။ ပြီးတော့ ရှုနင်က မောဟိုက်စွာဖြင့် စတိုးဆိုင်ရှေ့ကလှေကားထစ်လေးမှာ ဖင်ထိုင်ချလိုက်သည်။ ဒီလိုကိစ္စရပ်ကြီးကို သူ ဘယ်လိုလုပ် ချောချောမွေ့မွေ့ ပြောထွက်သွားခဲ့တာလဲ။ မော်နီတာက ရိုင်းစိုင်းကြမ်းတမ်းသည့်လောကဓံကို ကြားသိလိုက်ချိန်မှာ တုန်လှုပ်သွားခဲ့သည်။

"ငါ ဒီမှာနေပြီး မင်းကို အဖော်လုပ်ပေးမယ်.."

မော်နီတာက ရှုနင်၏ဘေးမှာ ထိုင်လိုက်သည်။ ရှုနင်က မောပန်းနွမ်းနယ်စွာနှင့် မျက်နှာကိုပွတ်လိုက်ပြီး မော်နီတာ၏ပုခုံးတွင် ခေါင်းမှီလိုက်သည်။

"ပိုင်ဖုန်.. မင်းနဲ့ငါက ခုကစပြီး အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ.."

သူ့စကားကြောင့် မော်နီတာ စိတ်ရှုပ်သွားသည်။

"ငါတို့က သူငယ်ချင်းတွေဖြစ်နေတာ ကြာပြီမဟုတ်လား.."

ရှုနင်က ရယ်မောလိုက်သည်။ ခုမှ သူက တကယ်ရိုးသားသည့် 13 နှစ်သားလေးလို ခံစားလိုက်ရသည်။

အလုပ်ကြပ်က သူ့ကားနှင့် ချင်ယွိဖူကိုခေါ်ကာ ရှုနင်၏ကျောင်းဆီကို ထွက်လာခဲ့သည်။ ရှုနင်က ကားရောက်လာတော့ ချက်ချင်း ကားထဲဝင်ထိုင်လိုက်သည်။ ချင်ယွိဖူက ဆေးရုံကသူ့အမေဆီကို သွားတွေ့ချင်လှပြီ။ ဖြစ်နိုင်ရင် အတောင်ပေါက်ပြီး ပျံသွားချင်နေသည်။ မော်နီတာက ကားမှန်ပြတင်းနား ငုံ့ကိုင်းကာ နေလောင်လို့ညိုမှောင်နေသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။

ဘယ်သူက ရှုနင်ရဲ့ဦးလေးလဲ..။ နှစ်ယောက်လုံး ရှုနင်နဲ့လည်း မတူဘူး..။

ဒါကြောင့် မော်နီတာက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါ.. ကျွန်တော်က တန်းခွဲ၃က မော်နီတာပိုင်ဖုန်ပါ.. ရှုနင်က ဒီနေ့ သူ့ကြီးတော်က အိမ်စာချုပ်ထုတ်မပေးလို့ဆိုပြီး ရှုနင်ကို ရိုက်သွားခဲ့တယ်.. ဒီကိစ္စကို ဆရာက ပြောခိုင်းလိုက်တာပါ.."

ထိုခေတ်ကာလက ဆရာဆိုတာ လူလေးစားခံရသည့်အလုပ်ဖြစ်ပြီး ဆရာ၏စကားဆိုရင် လူတွေက ပိုအလေးထားသည်။ အခု ရှုနင်က ဆရာဝန်လည်းမပြရသေးပေ။ သူ့ကို ဂရုစိုက်ပေးချင်သောကြောင့် ပိုင်ဖုန်က ဆရာ့နာမည်ကို အလွဲသုံးစားလုပ်ကာ လိမ်လိုက်ခြင်းဖြစ်သည်။ ဒီအတွက်လည်း သူ နောင်တမရမိပေ။

ပိုင်ဖုန်က နောက်ဆုတ်လိုက်ပြီး ရှုနင်ကို တစ်ချက်ကြည့်လိုက်သည်။

"အကောင်းဆုံးသူငယ်ချင်းရေ.. ငါရဲ့လုပ်နိုင်စွမ်းက ဒီလောက်ပဲရှိတယ်.. ငါ မင်းကို ဒီလောက်ပဲ ကူညီပေးနိုင်တော့မယ်ကွာ.."

ထိုအကြည့်ကို ရှုနင်က သဘောပေါက်ကာ ခေါင်းညိတ်ပြပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ ကားလေးက တဟုန်ထိုးထွက်ခွာသွားတော့သည်။ ပိုင်ဖုန်က ကူကယ်ရာမဲ့လို ခံစားရပြီး လမ်းဘေးမှာ ကျန်ရစ်ခဲ့တော့သည်။

•••••••••••••••

ရုတ်တရက် မော်နီတာက အကြံတစ်ခုရလိုက်သည်။ ဒီကျောင်းမှာ ရှုနင်နှင့် တစ်ရွာတည်းက ကျောင်းလာတက်သည့် ကျောင်းသားများရှိသည်။ ရှုနင်၏ကြီးတော်ကြီးအကြောင်း သတင်းဖြန့်လိုက်ရင် သူတို့ရွာမှာ သိက္ခာကျလောက်သည်။

"ကောလာဟလဆိုတာ မမြင်ရတဲ့ လူသတ်သမားတွေမဟုတ်လား.. ဟား.. ဟား.."

ရှုနင်ကို နာကျင်အောင်လုပ်သည့် ကြီးတော်တွေကို ပညာပေးနိုင်တော့မည်ဖြစ်လို့ ပိုင်ဖုန် သဘောကျနေသည်။

ကားလေးက ဆေးရုံကိုရောက်လာတော့ အလုပ်ကြပ်က ရှုနင်နှင့်ချင်ယွိဖူတို့နောက်က လိုက်လာခဲ့ပေးသည်။ သူတို့က ရင်ခွဲရုံဆီ စုံစမ်းပြီး ရောက်လာခဲ့သည်။ အလုပ်ကြပ်က စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာချိတ်တွဲထားရင်း ရင်ခွဲရုံအပြင်ဘက် အုတ်နံရံကိုမှီပြီး ရင်ခွဲရုံထဲက ရင်ကွဲမတတ်ငိုကြွေးသံကို နားထောင်နေခဲ့သည်။ တစ်နာရီကျော်ကြာတော့ ချင်ယွိဖူက ငိုရလွန်းလို့ မတ်တပ်ပင်မရပ်နိုင်တော့ပေ။ အလုပ်ကြပ်က သူ့ကိုလာဆွဲထူပြီး ပြောလိုက်သည်။

"တော်တော့.. တမနက်ခင်းလုံး မင်း ဘာလုပ်နေတာလဲ.. သေတဲ့လူရဲ့ အသုဘကိစ္စကို စီစဉ်ရဦးမယ်.. မင်းအမေလည်း ကောင်းရာမွန်ရာမှာ အနားယူပါစေတော့.."

ချင်ယွိဖူနှင့် ရှုနင်တို့က ခေါင်းတဆတ်ဆတ်ညိတ်ပေမယ့် မျက်ရည်က အဆက်မပြတ် စီးကျလာခဲ့သည်။

ရှုနင်အတွက် အဖွား၏ရုပ်အလောင်းကို ပထမဆုံးမြင်ဖူးတာဖြစ်လို့ ရင်ထဲကခံစားချက်အကုန် ပွင့်ထွက်လာခြင်းဖြစ်သည်။ တကယ်လို့ သူသာ သတိမထားခဲ့မိလျှင် အကြီးဆုံးကြီးတော်၏ လက်ချက်ဖြင့် ဦးလေး မရှုမလှ ဒုက္ခရောက်သွားနိုင်သည်။

"ဦးလေး.. ဆေးရုံစရိတ်ကို သွားရှင်းလိုက်ပါတော့.."

အလုပ်ကြပ်က လူ့လောကအတွေ့အကြုံ ပိုများသောကြောင့် ယုတ်မာရိုင်းစိုင်းသော လူ့စရိုက်သဘာဝကို ပိုသိသည်။ ခုလောက်ဆိုရင် ချင်ယွိဖူ၏အစ်မနှစ်ယောက်က သူ့မိခင်ရင်းကို ဘယ်လိုတောင်လုပ်ရက်တာကို သူသိသွားလေပြီ။ ဒါပေမယ့် သူ ဘာမှမပြောဘဲ ချင်ယွိဖူကို သူ့ဘာသာသိစေဖို့ လွှတ်ထားလိုက်သည်။ တခါတရံ ပြောပြတာထက် ကိုယ်တိုင်ရှာဖွေသိရှိတာက ပိုကောင်းသည်။

သူတို့ ဆရာဝန်ဆီထွက်လာတော့ ရှုနင် လိုက်မသွားခဲ့ပေ။ ဆရာဝန်ဆီရောက်ပြီး ငွေရှင်းဖို့မေးတော့ ချင်ယွိဖူက အဖြစ်မှန်ကိုသိကာ ရင်ကွဲရပြန်သည်။ သူ့အမေဆေးရုံတက်တာကနေ သေသည်အထိ ပိုက်ဆံ 200 သာသွင်းထားသည်။ ဒါကလည်း ရွာကအိမ်နီးချင်းတွေ ဝိုင်းပြီး ပိုက်ဆံသွင်းပေးထားတာဖြစ်သည်။ ဒီဟာကိုသိရတော့ ချင်ယွိဖူက ကြောင်ငေးသွားမိသည်။ ဒီအဖြစ်မှန်က သူ့ရင်ကို ဓားနှင့်ခွဲသလိုပင်။ ချင်ယွိဖူ ပုံကျသွားခဲ့သည်။ ဖိုမင်က စီးကရက်ကို နှုတ်ခမ်းမှာတစ်ချက်တေ့ကာ ရှုသွင်းပြီး ရင်ထဲကဒေါသမီးကို ကြိုးစားငြှိမ်းသတ်နေရသည်။

"မင်း ယောက်ျားမဟုတ်ဘူးလား.. သေတဲ့သူက သေပြီ.. မင်း ဆက်ပြီးရှင်သန်ဖို့ ကြိုးစားရမယ်လေ.."

ချင်ယွိဖူက ဖိုမင်ကို အားငယ်စွာစိုက်ကြည့်ပြီးနောက် အားတင်းပြီးထရပ်ကာ ရင်ခွဲရုံမှာ အလောင်းထုတ်ဖို့ ပြန်လာခဲ့သည်။

ရှုနင်က ခုထိ ဆရာဝန်မပြရသေးပေ။ ဒါပေမယ့် သူက ဘာမှမဖြစ်ပေ။ သူ့ကြီးတော်က သူနဲ့ဦးလေး အသုဘကိစ္စ လာဆောင်ရွက်စဉ် ကျောင်းမှာ လာရောက်လိမ်လည်တာ ထပ်မလုပ်စေဖို့ တမင် လျှာကိုကိုက်ကာ သွေးထွက်စေပြီး ကြီးတော်ကို သိက္ခာကျအောင် လုပ်ခဲ့ရုံသာဖြစ်သည်။ ဒါကြောင့် သူ့ကြီးတော်က ထပ်လာလိမ်မှာကို တားဆီးပြီးသားဖြစ်သည်။

လုပ်ထုံးလုပ်နည်းနှင့် အလောင်းထုတ်ပြီးတော့ ဖိုမင်က သူ့သူငယ်ချင်းအဆက်အသွယ်ဆီကနေ အခေါင်းကောင်းကောင်းတစ်လုံးကို ဝယ်ယူကာ အလောင်းကို ရွာပြန်သယ်လာကြသည်။ ရွာဓလေ့အရ လူချမ်းသာများက အသုဘကို ၇ရက်လုပ်ပြီး ဆင်းရဲသားများက ၃ရက်ထားရှိသည်။ သူတို့ရွာရောက်တော့ ရွာလူကြီးကို အသိပေးကာ အသုဘကိစ္စကို စီစဉ်သည်။

သူတို့အိမ်ရောက်တော့ အိမ်က ရှုပ်ပွကာ ပရိဘောဂ၊ စောင်နှင့် အဝတ်အစားများ လုံးဝမရှိတော့ပေ။ အဒေါ်နှစ်ယောက်က အကုန်ယူသွားပြီးလေပြီ။ ဒီအိမ်မှာ တန်ဖိုးရှိတာဆိုလို့ အိမ်ကြီးသာကျန်တော့သည်။ ဒါကြောင့် သူတို့က အိမ်ကိုရောင်းစားဖို့ စာချုပ်ကို အသည်းအသန်ရှာနေကြခြင်းဖြစ်သည်။

ချင်ယွိဖူ၏မျက်လုံးက နီလာပြန်သည်။ ရှုနင်က သက်ပြင်းချကာ ပြောလိုက်သည်။

"အိမ်နီးချင်းတွေကိုမေးပြီး အကြွေးဆပ်ဖို့ လုပ်လိုက်ပါဦး ဦးလေး.."

ချင်ယွိဖူက ခေါင်းညိတ်ကာ ချက်ချင်းထွက်သွားသည်။ သူက ရိုးသားသူဖြစ်လို့ သူများပိုက်ဆံကို အကြွေးတင်မခံချင်ပေ။

ရှုနင်က အိမ်ကိုနည်းနည်းရှင်းကာ ဖိုမင်ကို ထိုင်စရာစီစဉ်ပေးပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

"ဒီနေ့ ကူညီပေးတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ.."

"ကိစ္စမရှိပါဘူးကလေးရာ.."

"ကျွန်တော့်ဦးလေးကို ဘာကြောင့် ခုလိုမျိုး လိုက်ကူညီပေးတယ်ဆိုတာ သိခွင့်ရမလားခင်ဗျာ.."

လောကကြီးကို ရင်ဆိုင်ဖြတ်သန်းလာပြီးနောက် လူတွေက မျှော်လင့်ချက်မရှိဘဲ တခြားလူကိုကူညီတယ်ဆိုတာ မရှိသည်ကို သူသိခဲ့ပြီးဖြစ်သည်။ ဒါကြောင့် ဖိုမင်က သူ့ဦးလေးကို ဘာကြောင့်လိုက်ကူညီသည်ကို သိချင်လို့ မေးလိုက်ခြင်းဖြစ်သည်။ ဒါပေမယ့် သူ့အပေါ် မကောင်းမမြင်စေဖို့ စပ်စုသောကလေးတစ်ယောက်ပုံဖြင့်သာ မေးလိုက်သည်။

"ငါက သူ့ကို ရွာကခေါ်ထုတ်ခဲ့တဲ့သူလေ.."

ဖိုမင်က စီးကရက်မီးခိုးကို မှုတ်ထုတ်ပြီး ဖွင့်ပြောပြလိုက်သည်။

"ရှောင်ဖူက ရိုးသားတယ်.. သူက ဘယ်တုန်းကမှ မဟုတ်တာမလုပ်ခဲ့ဖူးဘူး.. သူ့အစ်မတွေကိုလည်း ယုံကြည်တယ်.. သူ့အစ်မတွေက သူအိမ်ထောင်ပြုဖို့ ပိုက်ဆံစုပေးမယ်ဆိုလို့ သူ့လစာတွေကို အပ်ခဲ့တယ်.. မင်း ငါ့ကို တစ်ခုခုပြောစရာရှိရင် ပြောလေ.."

"ကျွန်တော့်ကြီးတော်တွေ ဒီအိမ်ကိုရောင်းဖို့ စာချုပ်လာရှာခိုင်းတော့မှ သံသယဝင်ပြီး စုံစမ်းကြည့်မိလို့သာ ဒီဟာတွေကို သိခဲ့ရတယ်.. ကျွန်တော်သာ မစုံစမ်းကြည့်မိရင် ဒါတွေကိုတောင် သိမှာမဟုတ်ဘူး.. အဖွားဆုံးပြီးတော့ ကြီးတော်နှစ်ယောက်က ဒီအိမ်ကိုပိုင်ဆိုင်ဖို့ ရန်ဖြစ်ကြတယ်.. ဦးလေးက စိတ်ထားနူးညံ့လို့ အဒေါ်နှစ်ယောက်က ဦးလေးကို အနိုင်ကျင့်မှာကို စိုးရိမ်မိတယ်.."

"မင်းက ဒီအိမ်ကို ရောင်းပစ်ချင်တာလား.."

ဒီကလေးက ရိုးသားသလိုနဲ့ တကယ်တော့ ဝံပုလွေလေးလို လိမ်မာပါးနပ်သည်။

"ဟုတ်ကဲ့.."

ရှုနင်က ဖိုမင်ကိုစိုက်ကြည့်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။

"ဒီရွာကအိမ်ကို ရောင်းလို့ရတဲ့ပိုက်ဆံက ခပ်လှမ်းလှမ်းကဘန်ဂလိုကိုပဲ ဝယ်လို့ရမှာပါ.. အဖွားသာအသက်ရှင်နေသေးရင် ဦးလေးကို သူ့ဇနီးနဲ့ မိသားစုဘဝလေး ထူထောင်တာကို သဘောကျမှာပါ.."

ဖိုမင်၏မျက်လုံးက တောက်ပလာခဲ့သည်။

"မင်းရဲ့အကြံကို ငါသဘောပေါက်တယ်.. ဒီအိမ်ရောင်းဖို့က ငါ့တာဝန်ထားလိုက်.."

ထိုအချိန်တွင် အပြင်ဘက်မှ အဒေါ်နှစ်ဦးရောက်လာသံကို ကြားလိုက်ရသည်။ သူမတို့နှစ်ယောက်က အော်ဟစ်ငိုယိုကာ သူတို့မှားသွားတယ်လို့ လူတကာသိအောင် ငိုပြနေတော့သည်။

==============================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now