Extra _ 2-2 - ငါက ခွေးလိုကောင်...ငါက လူယုတ်မာ...

12.6K 1.6K 59
                                    

Extra _ 2-2 - ငါက ခွေးလိုကောင်...ငါက လူယုတ်မာ...


ရှုယောင်းက ရှုနင်ရဲ့အစီအစဉ်အတိုင်းနေထိုင်ပြီး ပြန်လည် တိုက်ခိုက်မည့် အခွင့်အလမ်းကောင်းကို စိတ်ရှည်စွာ စောင့်မျှော်နေခဲ့သည်။
  ဒါပေမယ့် ရှုနင်က သူလုပ်မည့်အရာတွေကို အရင်ဘဝကတည်းက တွေ့ဖူးမြင်ဖူးလိမ့်မည်ဟု သူ နည်းနည်းမှ မထင်ခဲ့ပေ။ ရှုယောင်းက ရည်မှန်းချက်ကြီးသူတစ် ဦးဖြစ်လို့ သူ့အကိုကြီးနှစ်ယောက်ဆီက ကောင်းသည့် အကျင့်ကို အတုယူကာ ဘယ်လိုကြီးပွားတိုးတက်အောင်လုပ်ရမည်ကို သင်ယူရကောင်းမှန်း မသိပေ။ လူကောင်းလေးတစ်ယောက်ဖြစ်အောင်၊ လူတော်တစ်ယောက်ဖြစ်ရန် အစကတည်းက နာခံစွာ သင်ယူရကောင်းမှန်းလည်း မသိပေ။

ရှုယောင်းက ကလေးဘဝကတည်းက သူ့အကိုကြီးရှုနင်ကို အဖေက ပိုချစ်သည့်အတွက် မုန်းနေခဲ့သည်။ ကလေးတန်မယ့် ရှုနင်ကို အကွက်ဆင်ကာ ချောက်ချရမှန်းသိနေခဲ့သည်။ ရှုနင်အပေါ် အဖေ အပြစ်မြင်စေရန် ဇွန်းကို ပစ်ချပြီး စွပ်စွဲတာ၊ အရုပ်နှင့်ပစ်ပေါက်တာ၊ ကျောက်ခဲနှင့် ပစ်ပေါက်တာတွေကို လုပ်ခဲ့သည်။ လူအလစ်မှာ ရှုနင်ကို မုန်းတီးကာ အိမ်က မောင်းထုတ်ဖို့ပင် ကြိုးစားခဲ့ဖူးသည်။ သူ ဘယ်လိုလုပ်ပါစေ အဖေ့အသည်းစွဲ အကိုအကြီးဆုံးက ရှုနင်ကို မားမားမတ်မတ်ကာကွယ်ပေးရုံသာမက အဖေကလည်း ရှုနင်တစ်ခွန်းတည်းနှင့် သူ့ကို စည်းကမ်းတင်းကြပ်ကာ စာသင်ပေးမယ့် ဆရာတွေကို အကုန်စီစဉ်ခဲ့သည်။

သူ အိမ်ဖော်တွေကို အနိုင်ကျင့်လျှင် ရှုနင်က ချက်ချင်းအပြစ်ပေးတာ၊ အိမ်ဟောင်းဘက်ကိုပို့ကာ သေချာ ဆရာနှင့် ကြပ်မတ်ပြီး စာသင်စေတာကို လုပ်ခဲ့သောကြောင့် ရှုနင်အပေါ် အမုန်းတရားက ပိုပိုကြီးလာခဲ့သည်။ အမုန်းတရားကို အခြေခံထားသောကြောင့် ရှုနင်၏အောင်မြင်မှုကိုမြင်ရတိုင်း၊ ကြားရတိုင်း ရှုယောင်း၏ရင်ထဲက မနာလိုဝန်တိုခြင်းနှင့် အမုန်းတရားက ပိုကြီးထွားလာခဲ့သည်။

အဖေ ဆုံးပါးသွားပြီးနောက် ရှုနင်တို့ လင်မယားက သူ့ကို ရှုအိမ်တော်အပြင်ဘက်က စံအိမ်တစ်လုံးမှာ အခြွေရံအပြည့်စုံနှင့် ပျိုးထောင်ခဲ့ပေမယ့် သူ့ကို ရှုအိမ်တော်က မောင်းထုတ်ကာ အရာအားလုံးကို အပိုင်စီးခဲ့သည်ဆိုသည့် အချက်နှင့် ပိုမုန်းခဲ့သည်။ ဒါပေမယ့် အရင်လို ရှုနင်ကို မုန်းတီးကြောင်းပေါ်ပေါ် ထင်ထင် မပြရဲတော့ပေ။ Company share ကို ဆက်ခံခွင့်ရမယ့်အချိန်၊ လုပ်ငန်းထဲ ဒါရိုက်တာအနေနဲ့ဝင်ခွင့် ရမည့် အချိန်ကိုသာ စောင့်ဆိုင်းရင်း အမုန်းတွေကို စုဆောင်းခဲ့သည်။

ဒါကြောင့် ရှုနင်က အလယ်တန်းကျောင်းသားဘဝကတည်းက သူရသည့်မုန့်ဖိုးနှင့်ကိုယ်ပိုင် လုပ်ငန်းကို စတင်ခဲ့သည်ကို ရှုယောင်းမသိခဲ့သလို ရှုဟိန်လည်း သူ့ကိုယ်ပိုင် ငွေကြေးနှင့် လုပ်ငန်းကို ထူထောင်ခဲ့သည်ကိုလည်း မသိခဲ့ပေ။ သူ့စိတ်ထဲ ရှိတာက သူတို့နှစ်ယောက်က ကိုယ်ပိုင်လုပ်ငန်းကြီးများ ရှိပါလျက်နှင့်လောဘကြီးပြီး ရှုလုပ်ငန်းကို အပိုင်စီးထားသည် ဆိုသည့် အတွေးဖြစ်သည်။ ဒီအတွေးကို ဒုတိယအိမ်တော်က ကုယာ့နှင့် ရှုကျီရွှမ်းတို့ကလည်းထောက်ခံခဲ့သည်။

ဒါကြောင့် ရှုယောင်းရဲ့ စိတ်က ရှုနင်နှင့် သားသမီးများအားလုံးကို သေတာထက်ဆိုးသည့်ဘဝနှင့် အဆုံးသတ်စေဖို့ ကြံရွယ်ကာ ခြုံထဲကနေ လက်သည်းသွေးသလို စောင့်ဆိုင်းနေခဲ့သည်။ လက်သည်းကို ဝှက်ထားတယ်ဆိုတာ လုံးဝ ပြန်လည်တိုက်ခိုက်တာ မဟုတ်ပဲ အခွင့်ကောင်းကို ချောင်းကာ ပြန်လည်တိုက်ခိုက်ဖို့ ဖြစ်သည်ဟု ရှုယောင်းက ယုံကြည်သည်။

 တက္ကသိုလ်မှ ဘွဲ့ရပြီးသောအခါ ရှုယောင်းသည် သူ၏ ရှယ်ယာများရှိနေသောကြောင့် ဒါရိုက်တာဘုတ်အဖွဲ့သို့ ချက်ချင်း ဝင်ရောက်လာခဲ့ပြီး ရှုှုနင်က စီမံကိန်းဖွံ့ဖြိုးမှု ဌာန  သို့ ဒုတိယမန်နေဂျာအဖြစ်စေလွှတ်ရန် သဘောတူခဲ့သည်။ ရှုဟိန်သည် ရှုနင် ၏အစီအစဉ်များအားလုံးကိုသိပြီးပြီဖြစ်လို့ ဘာမှ ဝင်မစွတ်ဖက်ပဲ ရှုနင်စီစဉ်တာကို လက်ခံခဲ့သည်။  ရှုယောင်းကို ဘာမှ မလုပ်ရသေးခင် ရှင်းပစ်ရန် သူ့ကိုခိုင်းလို့ရပါလျက်နှင့် ဘာကြောင့် တမင်သက်သက် လွှတ်ထားပြီး အကောက်ကြံခွင့်ပေးကာ သူကိုယ်တိုင် ရိုက်ချချင်သည်ကိုသာ နားမလည်နိုင်ဖြစ်ခဲ့သည်။

သေချာတာပေါ့၊ ရှုနင် ရဲ့ သန်း ရာချီတန် ရင်းနှီးမြုပ်နှံမှုလုပ်ထားသည့် ပရောဂျက်မှာ ထောင်ချောက်ဆင်ခဲ့ပြီး ထိုပရောဂျက်နဲ့ပတ်သတ်ပြီး အမှားကြီးလုပ်မိအောင် စောင့်ဖို့ အချိန် တစ်နှစ်၊ တစ်နှစ်ခွဲပဲကြာခဲ့တယ်။ တကယ်လို့ ဒီပရောဂျက်နဲ့ပတ်သတ်ပြီး လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားလုပ်မှုသာ ထင်ရှားခဲ့လျှင် ရှုနင်က သေချာပေါက် ထောင်ထဲရောက်သွားလိမ့်မည်။ ရဲများနှင့် တရား ၀ င် စစ်ဆေးရေး အရာရှိများသည် Company ကို အလွန်လျင်မြန်စွာရောက်လာကြသည်။

ရှုယောင်းသည် ရင်ထဲက အပျော်တွေကို ဖုံးဖိထားကာ အပြင်ပိုင်းတွင် အကိုဖြစ်သူကို အရမ်းစိုးရိမ်သော မျက်နှာဖြင့် ရှုနင်၏ ဘေးတွင်ရပ်ကာ အကိုဖြစ်သူကို နှစ်သိမ့်စကားများပင်ပြောပေးနေခဲ့သည်၊ ဘယ်သူမဆို ဒီမြင်ကွင်းကို တွေ့လျှင် သူ့အစ်ကိုကြီးကိုဂရုစိုက်သော ကောင်းသောညီလေးတစ်ယောက် ဟု ထင်မှာသေချာသည်။
 
ဒါပေမယ့် ရဲအရာရှိနှင့် စုံစမ်းစစ်ဆေးရေးအရာရှိတွေ ရောက်လာပြီး ရှုနင်ကို ဖမ်းရမယ့် အစား သူတို့က ရှုယောင်းကို  ဖမ်းလိုက်တယ်။

မင်းက ငါ့ကို စတေးမယ့် ယဇ်ကောင် သိုးကလေးလို သဘောထားချင်တာလား.....

ရှုယောင်းက ဒေါသဖြင့် ရှုနင်ကို ကြည့်လိုက်ပေမယ့် ရဲအရာရှိတွေထုတ်ပြခဲ့သည့် သက်သေအားလုံးက သူ့လုပ်ရပ်အကုန်ကို ဖော်ပြနေခဲ့သည်ကို တွေ့လိုက်ရသည်။

အဲဒါ မဖြစ်နိုင်...

ရှုယောင်း၏မျက်နှာသည် အလွန်ဖြူဖျော့ကာ မျက်စိပျက် မျပ်နှာပျက်ဖြစ်လာခဲ့သည်။ သူ ချထားတဲ့ သဲလွန်စနဲ့ သက်သေအားလုံးက ရှုနင်ကိုညွှန်ပြနေရမှာလေ... သူ့ကို ဘာကြောင့် ဦးတည်လာတာလဲ။
   သူ စီမံထားတဲ့အထဲ ဒါတွေ မပါဘူးလေ....   သူက အဖမ်းခံရပြီး ဒီနေရာကနေ ထွက်သွားရမှာ မဟုတ်ဘူး။  
 သက်သေများက သူ့ မျက်နှာရှေ့ကို အကုန်ရောက်လာချိန်မှာ ရှုယောင်းက ထိုင်ခုံမှာ အရုပ်ကျိုးပြတ်ထိုင်ချလိုက်မိပြီး အရူးလို ဖြစ်သွားခဲ့သည်။ သူ ထိတ်လန့်လွန်းလို့ ဘာတခွန်းမှ မပြောနိုင်တော့ပေ။

အဲ့ဒါ ရှုနင်ပဲ...

သူက ငါ့ကို ဒီနေရာကနေ တစ်ခါတည်း ကန်ထုတ်ပြီး အစကတည်းက ယွမ်သန်းရာပေါင်းများစွာ တန်တဲ့ ပရောဂျက်ကြီးကို ထောင်ချောက်ဆင်ခဲ့တာပဲ....
ဒီလိုမှ မဟုတ်ရင် သူဆင်တဲ့ အကွက်ထဲမှာ ရှုနင်က လွတ်သွားစရာအကြောင်းမရှိဘူး။

 ရှုယောင်းက ရှုနင်ကို ထောင်ထဲ ပို့နိုင်အောင် လူစွမ်း၊ငွေစွမ်းရှိသမျှနှင့် လူယုံမွေးကာ သတင်း အချက်လက်ကို ရအောင်ကြိုးစားခဲ့သည်။ ဒါပေမယ့် အဲ့လူအကုန်လုံးက ရှုနင်ရဲ့လူတွေဖြစ်နေပြီး အစကတည်းက ရှုနင်က သူ့နားကို တမင်ပို့ခဲ့တဲ့လူတွေပဲ။ သူရခဲ့တဲ့ သတင်းတွေက ရှုနင် တမင်ပေးခဲ့တဲ့ သတင်းတွေပဲ။ သူကတော့ ရှုနင်ကို ထောင်ချောက်ထဲ ပို့နိုင်ပြီဆိုပြီး အားကြိုးမာန်တက်လုပ်ခဲ့သမျှ အားလုံးက နောက်ဆုံး သူ့လည်ပင်းကြိုးကွင်းစွပ်မည့် သက်သေတွေဖြစ်ခဲ့သည်။


 သူ လုပ်ခဲ့သမျှတိုင်းက ရယ်စရာကောင်းလိုက်တာ.... ဒါ တကယ့်ဟာသကြီးပဲ...
သူ့ ပြစ်မှုထင်ရှားပြီး ထောင်ကျသွားချိန်မှာ သူက ရှုနင်ကို တွေ့ဖို့တောင်းဆိုခဲ့သည်။

ရှုနင်က တကယ်ပဲ သူ့ကို ထောင်ထဲထိ လာတွေ့ခဲ့သည်။ သူ့ပုံစံက အရင်လိုပဲ အရမ်းကို နူးညံ့သိမ်မွေ့ကာ ချောမောနေဆဲဖြစ်သည်။ သူ့မျက်နှာပေါ်က အစိတ်ပိုင်းတွေက သီးခြားကြည့်ရင် မထူးခြားပေမယ့် အကုန်ပေါင်းလိုက်ရင် မဟာဆန်ပြီး ထူးချွန်ထက်မြက်ခြင်းက ပေါ်လွင်နေသည်။


  သူ၏မြင့်မြတ်သောပုံစံက ဒီလို ထောင်တွင်း ဧည့်တွေ့ဆောင်နေရာနှင့်ပင် မလိုက်ဖက်ပေ။

ရှုနင်က အရာအားလုံးကို လျစ်လျူရှုပြီး ငြိမ်ငြိမ်သက်သက်ဖြင့် ရှုယောင်း၏ရှေ့က ထိုင်ခုံပေါ်မှာထိုင်ပြီး သူ့မျက်လုံးတွေက ရှုယောင်း အပေါ်သက်တောင့်သက်သာကျဆင်းလာခဲ့သည်။

"မင်း ဒီအခွင့်ကောင်းကြီးကို လုံးဝ လက်လွှတ်မခံနိုင်ဘူး မဟုတ်လား၊ ဒီလောက်ကြီးတဲ့ ကိတ်မုန့်ကြီးရဲ့ အကြီးဆုံး အပိုင်းကို ကိုက်ကြည့်လိုက်တာပေါ့လေ..... "
(ရှုယောင်းက ရှုနင်ကို ရိုက်ချနိုင်မည့် အခွင့်ကောင်းကိုကြုံတော့ တစ်သက်လုံး ဟန်ဆောင်ထားသမျှကို ခွာချကာ တစ်ချီတည်း အပိုင် လုပ်ချလိုက်တယ်လို့ ဆိုလိုတာဖြစ်တယ်)

"...... "

"ဘာလဲ၊ မင်း ဘာတွေတွေးနေတယ်ဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေခဲ့တာလား"

"မင်းက ငါ့ကို ဘာလို့ပစ်မှတ်ထားတာလဲ"

ရှုယောင်းက ကိုယ်ကို ရှေ့သို့ကိုင်းညွတ်ကာ မတည်ငြိမ်သည့် မျက်ဝန်းများက   စိတ်ထက်သန်မှုနှင့်ပြည့် နှက်ကာ စူးရဲလို့နေသည်။

"အစ်ကိုကြီး၊ မင်းနဲ့ မင်းရဲ့အစ်ကိုကြီးက အစွမ်းအစ ရှိတယ်။ ရှုမိသားစု လုပ်ငန်းက ဘာမှ မဟုတ်ဘူး။ ဒါတောင် ဘာကြောင့် ကျွန်တော့်ကို ငယ်ငယ်ကတည်းက စပြီး ပစ်မှတ်ထားခဲ့တာလဲ။   ဘာ့ကြောင့်လဲ"

"မင်းက ဘာကိုပြောတာလဲ?"

"...... ဒါက မထင်ရှားဘူးလား"

"ဟိန်ရဲ့စီးပွားရေးလုပ်ငန်းတွေကို သူ့ဖာသာ တည်ထောင်ခဲ့တယ်။ ငါလည်း ငါ့ အရည်ချင်းနဲ့ ငါ့လုပ်ငန်းတွေကို ထူထောင်ခဲ့တယ်။ မင်းလည်း လုပ်ခွင့်ရှိတာပဲလေ။ တနှစ်တနှစ် မင်း ရတဲ့ ငွေက နည်းမှ မနည်းပဲ။ မင်းလည်း မင်းကိုယ်ပိုင်လုပ်ငန်းကို စတင်ဖို့ အခွင့်ရေးရှိခဲ့တာပဲ။ မင်း ဘာကြောင့် မလုပ်ခဲ့တာလဲ။   မင်းက မိသားစုလုပ်ငန်းကို ဘာကြောင့် တပ်မက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေရတာလဲ။ အကြီးဆုံးက ကလေးကပဲ ရှုမိသားစုစီးပွားရေးကို အမွေဆက်ခံခွင့်ရတယ်ဆိုတဲ့ စည်းကမ်းကို မင်း  ကြားဖူးသင့်တယ်။ ဥပမာ အဘိုး၊ အဖေနဲ့အစ်ကိုကြီးတို့က သားအကြီးဆုံးတွေဖြစ်လို့ သူတို့က ရှုမိသားစုလုပ်ငန်းကို ဆက်ခံခွင့်၇တာပဲ... "

"မင်း က ငါ့ဖာသာ အပြင်ကိုရောက်သွားအောင် မင်း လုပ်ချင်နေခဲ့တာ မဟုတ်လား အကိုကြီး... မင်း တကယ်ရက်စက်တယ်!"

"ရှု မျိုးနွယ်စုရဲ့ရှယ်ယာ ၁၀% က အများကြီးဘဲ၊ မင်း ဘာအလုပ်မှ မလုပ်ရင်တောင် မင်းတစ်သက်လုံ ချမ်းချမ်းသာသာနေနိုင်လိမ့်မယ်။ ငါတို့ဆီမှာ ကိုယ်ပိုင်လုပ်ငန်းတွေရှိပြီး မင်းမှာ မရှိလို့ မင်း အရမ်း ခါးသီးနေတယ်မဟုတ်လား။   မင်းကရော... ကိုယ်ပိုင်လုပ်ငန်းစလုပ်ဖို့ သတ္တိရှိလို့လား။ ကိုယ့် အစွမ်းစနဲ့တောင် လုပ်ငန်းတစ်ခုကို လုပ်နိုင်စွမ်းမရှိတာ....ဒါဆို ရှုမိသားစုရဲ့လုပ်ငန်းကိုစီမံနိုင်မယ်လို့ မင်းကိုယ်မင်း ဘာကြောင့်ထင်နေတာလဲ။ ပြီးတော့ ရှုမိသားစုလုပ်ငန်းဆိုတာ မင်း အလွယ်တကူ လိုချင်တိုင်း ၇နိုင်မယ့် လုပ်ငန်းထင်နေလို့လား။ ဒီလုပ်ငန်းက ငါနဲ့ဟိန့်အတွက်သာမကဘူး၊ အဖိုးနဲ့ အဖေအတွက်လည်း အရေးကြီးတဲ့လုပ်ငန်းဖြစ်တယ်။ အားလုံးရဲ့သွေးချွေးနဲ့တည်ဆောက်ထားတဲ့ လုပ်ငန်းကို မင်းရဲ့ညစ်ပတ်တဲ့ လက်နဲ့  ထိလို့ရတဲ့ အရာမဟုတ်ဘူး။ "

"မင်းမျက်လုံးထဲမှာ ငါက ညစ်ပတ်နေတာလား"

ရှုယောင်း ၏ စကားကိုကြားတော့ ရှုနင်က ရယ်လိုက်သည်။

ရှုယောင်းက ငိုချင်လာခဲ့ပေမယ့် ရှုနင်ကို စုူးရဲစွာစိုက်ကြည့်ကာ သူ့မျက်ဝန်းထဲမှာ ရှုနင်ကိုတစ်စစီ  ဆွဲဖြဲချင်နေသည်။ ပြီးတော့ အက်ကွဲကြမ်းတမ်းစွာဖြင့် မေးလိုက်သည်။

 "မင်းက တကယ်ငါ့ အစ်ကိုရင်းလား?"

"ဟုတ်တယ်လေ "

"ဒါဆို မင်းက ငါ့ကို ဘာလို့ မချစ်နိုင်တာလဲ၊ မင်းက မင်းရဲ့ကလေးတွေကို ချစ်သလို ငါ့ကို ဘာလို့မချစ်နိုင်တာလဲ၊ မင်းသားသမီးတွေကို ချစ်တဲ့ အချစ်ရဲ့ ဆယ်ပုံတစ်ပုံ ချစ်မယ်ဆိုရင် တော်သေးတယ်။ ငါက မင်းရဲ့ ညီလေးပါ။ အစ်ကို .... ငါတို့ အမေက စောစောသေသွားခဲ့တယ်။ အဲ့ဒါတောင် မင်း ဘာလို့ ငါ့ကို နည်းနည်းလေးမှ အသိမှတ်မပြုနိုင်ရတာလဲ.... ဘာကြောင့် ငါ့ကို နည်းနည်းလေးမှ မသနားရတာလဲ... "

ရှုယောင်းခုလို ပေါက်ကွဲကာ အော်ဟစ်နေသည်ကို တွေ့ရတော့ ရှုနင်က အရမ်းကို စိတ်ကျေနပ်ပြီး ရယ်မောကာ  မျက်ရည်များ  စီးကျလာခဲ့သည်။
 
ရှုယောင်းက အရမ်း အံ့သြသွားသည်၊ ရှုနင်က အမြဲ ပြေပြစ်ပြီး တည်ငြိမ်သောလူကြီးလူကောင်းတစ် ဦး ဖြစ်ခဲ့သည်၊ သူက ဒီလိုပုံစံ တစ်ခါမှ မဖော်ပြဖူးပေ။

  ငါ့စကားတွေက သူ့အတွက် ရယ်စရာကောင်းနေခဲ့သလား။

"မင်းက ငါ့ကလေးတွေနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်ရတာလဲ"

ရှုယောင်း၏စကားတွေက ရှုနင်၏နှလုံးသားထက်က ဆိုးဝါးသော နာကျင်မှုတစ်ခုကို သွားထိလိုက်မိသည်။ ရှုနင်က တောက်ပစွာ ပြုံးလိုက်သည်။

"မှန်ပါတယ်၊ ငါက မင်းရဲ့အစ်ကိုပါ၊ ဒါပေမယ့် မင်းက ငါ့အဖေရဲ့ကလေး မဟုတ်ဘူး၊ မင်းဆီမှာ ငါ့ အဖေရဲ့ ရိုးသားကြိုးစားမှု၊ မြင့်မြတ်တဲ့စိတ်ထားနဲ့ ကိုယ်ကျင့်တရားတွေကို မင်း မဆက်ခံနိုင်ခဲ့ဘူး။ မင်းက နိမ့်ကျတဲ့   ခွေးလိုကောင်ပဲ ။ မင်းက လူယုတ်မာပဲ "

ရှုနင်၏ ထိုးနှက်ချက်သည်ကြီးမားလွန်းသဖြင့် ရှုယောင်း၏ အာရုံများ ရှုပ်ထွေးကာ အသိစိတ် ပျောက်လုနီးပါးဖြစ်သွားသည်။

ရှုနင် ဧည့်တွေ့ဆောင်က ထွက်သွားသည်ကို ရှုယောင်းက လုံးဝ သတိမထားလိုက်မိပေ။  သူ့စိတ်ထဲမှာ အဆက်မပြတ် ရေရွတ်နေမိသည့် စကားက ငါက ခွေးလိုကောင်...ငါက လူယုတ်မာ.... ...........  အံ့သြစရာမရှိဘူး.. ရှုနင်က ဘာကြောင့် ငါ့ကို ခုလို ဆက်ဆံခဲ့တယ်ဆိုတာ မထူးဆန်းတော့ဘူး .....

ထောင်အပြင်ဘက်တွင် ရှုဟိန် သည် တောက်ပသည့် နေရောင်အောက်တွင်ရပ်ကာ ရှုနင်ကို စောင့်နေသည်။ ရှုနင် ဘာကိုတွေးနေသည်ကို သူ သိသည်၊


ရှုယောင်းက သည် ရှုချိန် ၏ကလေး ဖြစ်၍ မွေးစားသားတစ်ယောက်အဖြစ် ရှုဟိန်သည် ရှုယောင်းကို ခက်ခဲအောင် မလုပ်ချင်ခဲ့ပေ။ ဒါကြောင့် ရှုနင်လုပ်ချင်တာကိုပဲ သူ ခွင့်ပြုပေးလိုက်ရသည်။
ရှုယောင်းက သူ့အကိုရင်းဖြစ်သူကို ထောင်ချောက်ဆင်ကာ ချောက်ချချိန်မှာ ရှုနင်ကို သနားသည့်စိတ် နည်းနည်းလေးမှ မရှိခဲ့ပေ။ ရှုနင်အပေါ်  ကိုယ်ချင်းစားစိတ်နဲ့ ဂရုစိုက်မှု နည်းနည်းလေးကိုတောင်မှ မရှိခဲ့ပေ။

ရှုနင်က အမျှော်မြင်ကြီးစွာ စောစောစီးစီး ကြိုတင်ပြင်ဆင်ထားလို့သာ ရှုယောင်း၏ထောင်ချောက်ထဲကို မကျသွားခဲ့တာဖြစ်သည်။ မဟုတ်ရင် အခု ထောင်ကျနေသူက ရှုနင်ဖြစ်သွားပြီးသူတို့ မိသားစုအားလုံး ကမောက်ကမ ဖြစ်ရမှာ သေချာသည်။
 
ရှုနင်က အကိုကြီး၏ရင်ခွင်ထဲ တိုးဝင်ကာ နှစ်ယောက်သားဖက်ထားရင်း    ရှုနင်က မေးလိုက်သည်။

"အစ်ကိုကြီး.... သူနဲ့ ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် ခုလို တွေ လုပ်နေခဲ့တဲ့အတွက် အကိုကြီး ကိုယ်ကို အပြစ်တင်နေမှာလား....   "

"ဒါက သူ့အပြစ်တွေကြောင့်ပဲလေ"

ရှုဟိန်က ရှုနင်ကို ငုံ့ကြည့်ကာ ခေါင်းက ဆံပင်ကို အသာပွတ်သပ်ပေးနေသည်။
 
"မင်း သူ့ကို အခွင့်အလမ်းတွေ အများကြီးပေးခဲ့တယ်၊ ဒါပေမယ့် သူက ဒီဟာကို သူ့ဖာသာ လျစ်လျူရှုခဲ့တာလေ။ သူက မင်းကို အကောက်ကြံခဲ့လို့ အခုလို ထောင်ကျတယ်ဆိုတာ သူ့အတွက် အရမ်း လျော့ပေါ့ပေးပါပြီ။ နင်နင်...မင်း ရှေ့ဆက်ပျော်ရွှင်ရဖို့ကိုပဲ ငါ မျှော်လင့်တယ်  "

"အချစ် ~"

"မင်းက အခုအသက်ကြီးနေပြီ၊ ဒါတောင် ငိုနေတုန်းဘဲလား။ မင်းကလေးတွေက မင်းကို အရူးလို့ခေါ်မှာကို မကြောက်ဘူးလား"

"ကျွန်တော် ငိုတဲ့အချိန်ကို အကိုကြီး မကြိုက်ဘူးလား "

"အိပ်ယာထဲမှာ ငိုရင်တော့ ငါကြိုက်တယ် "

ရှုဟိန်က ရှုနင် ကိုကားထဲသို့ခေါ်လာပြီး သူ့ရင်ခွင်ထဲတွင်တင်းကျပ်စွာ ပွေ့ဖက်ထားသည်။

"မင်း အခု ငိုနေတာကို ငါမြင်ချင်နေပြီဆိုရင် မင်း ဘာလုပ်မလဲ။ "

"ညစ်ပတ်တဲ့လူကြီး ~"

ကား ငါးစီးက ထောင်ရှေ့ ကနေ ထွက်လာခဲ့သည်၊  မိုးကောင်းကင်တစ်ခုလုံး ပြာလွင်လွင်နှင့် ကြည်လင်သာယာလို့နေသည်။

ဒီမိုးသားပြာပြာအောက်မှာ ရှုဟိန်၏အချစ်တွေဖြင့် ရှုနင်နှင့် ကလေးများက အေးချမ်းပျော်ရွှင်စွာ နေသွားရမယ်ဆိုတာ သေချာနေလေပြီ။


****************-************

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now