(U/Z) Chapter (144) - ဖေဖေရှုချိန်နှင့် မျက်နှာချင်းဆိုင်တွေ့လေပြီ....

9.5K 1.6K 30
                                    


(U/Z) Chapter (144) -  ဖေဖေရှုချိန်နှင့် မျက်နှာချင်းဆိုင်တွေ့လေပြီ....
 

စစ်ထူထုံးသည်နွားနို့ဖန်ခွက်ကို ယူပြိး အခန်း တံခါးကို ခေါက်လိုက်တော့ ရှုနင်က  ပန်းရောင်သမ်းသည့် မျက်နှာလေးနှင့် တခံးလာဖွင့်ပေးခဲ့သည်ကို  ကြည်နူးစရာ မြင်လိုက်ရသည်။

 အင်း၊ ဒါက အဆင်မပြေဘူး။

စစ်ထူထုံးသည်ယခင်က သရုပ်ဆောင်ခဲ့ပြီး ရှုနင်ကို ကောင်းသည့်ပုံ လုပ်ပြခဲ့ပေမယ့် အခုတော့ ရှုနင်ကို တကယ်ကို ဂရုစိုက်နေမိကာ ကလေးလေးကို သက်တောင့်သက်သာရှိစေချင်ခဲ့သည်။   စစ်ထူထုံးကနို့တစ်ခွက်ကိုဆုပ်ကိုင်ထားကာ တို်က်တွန်းလိုက်သည်။

  "ငါ မင်းအတွက် နို့ပူပူလေး ယူလာတယ်။ မအေးခင် သောက်လိုက်ဦး"

"ကျေးဇူးပဲ ဖေဖေ"

ရှုနင်က စစ်ထူထုံး မျက်နှာသာ အများကြီးပေးလိုက်တယ်။ တံခါး မပိတ်ဘဲ သူ က အဲဒါကို နည်းနည်းချင်း စုပ်သောက်လိုက်တယ်။

ဒီမြင်ကွင်းကို မနီးမဝေးကထောင့်တစ်နေရာမှာ ပုန်းအောင်းပြီးကြည့်နေတဲ့ တပ်မှူးဟောင်းကြီးက အလွန်ပျော်ရွှင်ခဲ့တယ်။ ရှုနင်က အခန်းထဲ ပြန်မဝင်ခင် စစ်ထူထုံးနှင့် စကားနည်းနည်းပြောခဲ့သည်။ စစ်ထူထုံးက ပြန်လာပြီးနောက်     ထောင့်ချိုးနားသို့လျှောက်သွားပြီး သူ၏ချောမောသောမျက်နှာပေါ်တွင် မကြည်မသာဖြင့် သူ့အဖေကို ကြည့်ကာ မေးလိုက်သည်။

  "အဖေ၊ အဖေက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကိုလှည့်စားခဲ့တာလား။ နင်နင်ဆီကို တမင် နို့သွားပို့ခိုင်းတာ မဟုတ်လား"

"ငါ မင်းကို အဲ့လိုလုပ်ဖို့ မလှည့်စားရင် မင်းရဲ့ သနားစရာ အဖေကို ဒီတိုင်းပစ်ထားချင်တာလား။ ရှောင်ဟိန်က ငါ့ကို စိတ်ဆိုးနေတုန်းဘဲ။ ရှုနင်က တကယ်ကိုလိမ္မာပြီး ကြင်နာတတ်လွန်းတာ ငါ သိတယ်၊ ငါတို့က သူ့ကို ဒီအတွက်အကြွေးတင်တာကို ငါ တခုခုပြန်မလုပ်ပေးပဲ မနေနိုင်ဘူး။  မင်း သူ့ကိုကောင်းကောင်းဆက်ဆံရင် ကောင်းမယ် "

"ကျွန်တော် သိပါတယ်၊ သူက အခု ကျွန်တော့် သားဖြစ်နေပါပြီ"

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးDär berättelser lever. Upptäck nu