Chapter (127)_ လက်ဖက်စိမ်းကောင် အန်းရီ

11K 1.9K 40
                                    

Chapter (127)_ လက်ဖက်စိမ်းကောင် အန်းရီ



ဒီဟာက အဖွားအိုဟန်ဆောင်ထားတဲ့ ဝံပုလွေကြီးက ခေါင်းဆောင်းနီနီလေးကို မုန့်နဲ့မျှားခေါ်တဲ့ အကွက် မဟုတ်ဘူးလား။ သူက ရူးနေတာလား။ ငါက ရူးနေတာလား။

ငါ့ကို ကြက်ပေါင်ကြော်နဲ့ လာမျှားနေတယ် ဟုတ်လား။ တကယ်တော့ တခြားဟင်းနဲ့မျှားရင် ရှုနင်က သံသယဝင်မည် မဟုတ်ပေ။ ကြက်ပေါင်ကြော်ဆိုတာ သူ အကြိုက်ဆုံး ဟင်းလျာဖြစ်သည်။ ဒီကွန်မန်ဒါက သူ့အကြိုက်ဆုံးဟင်းကို ဘယ်လိုလုပ်သိနေတာလဲ။ ဒါက သံသယ ဝင်စရာပဲ။


မကြာခင်မှာကောင်းကင်ကမှေးမှိန်လာပြီး သူ့ရှေ့က လူလတ်ပိုင်း အမျိုးသားကြီး၏ ချောမောတဲ့မျက်နှာက အနည်းငယ် မှောင်ရိပ်သန်းလာသည်။ သူက ရှုဟိန် အသက်ကြီးလာမည့်အချိန်မှာ ဖြစ်လာမည့် မျက်နှာသွင်ပြင်နှင့် အရမ်းတူလွန်းလို့ ဆွေမျိုးလို့ပြောထားတာကို ရှုနင် သံသယဝင်လာမိသည်။ ဒါပေမယ့် ဒီလူရဲ့ တကယ့် အနေထားအမှန်ကို မဖော်ထုတ်ချင်လို့ သူပြောထားသလို ဆွေမျိုးလို့ပဲ သတ်မှတ်ထားလိုက်သည်။

နောက်ဆိုရင် ဒီလူကြီးကို သူ ရှောင်မှ ဖြစ်တော့မည် ထင်တယ်။

  ဤအချိန်တွင် ရှုနင်၏ အမည်ကိုအော်ဟစ်နေသော လူငယ်တစ်ယောက်သည်ပြေးလာသောကြောင့် ရှုနင်က ဒါကို အခွင့်ကောင်းယူကာ ထိုအမျိုးသားကြီးကို အမြန်နူတ်ဆက်ပြီး ထွက်ပြေးလာခဲ့သည်။

 
" မင်းက ဒီမှာရှိခဲ့တာလား၊ မင်း အမြန်ပြန်သင့်တယ်၊ အသင်းခေါင်းဆောင်က မင်းကို ပတ်ရှာနေတယ်  "

"ကောင်းပြီ"

အခန်းတစ်ခန်းတည်း၌ လူ ၁၀ ယောက်အိပ်နေရပြီး  မဲနှိုက်ကာ ကျရာလူဖြင့် အိပ်ရသည်။

 သူက လေ့ကျင့်ရေးကွင်းထဲမှာ ပျောက်တာ ဖြစ်နိုင်ပါ့မလား။  ရှုနင်က သူ့ဘေးမှာ ပါလာတဲ့ ကောင်လေးကို မေးလိုက်သည်။

 "ကျောက်လုံ... အသင်း ခေါင်းဆောင်က ငါ့ကို ခေါ်ခိုင်းတဲ့အချိန်က ငါ့ကိုရှာမရဘူးလို့ ပြောခဲ့တာလား  "

"အမ်း "

"ငါ့ကိုရှာမတွေ့တဲ့အတွက် ငါ့ကိုရှာခိုင်းတာလား။"

"အင်း...သူကတောင်ဘက်ကို ပတ်ရှာတုန်း..ငါ့ကို မြောက်ဘက်ပိုင်းလာကို လာရှာခိုင်းလိုက်တာ.."

 
"ကျေးဇူးတင်ပါတယ်"  

ရှုနင်ကပြောသည်။  သူ့စိတ်ထဲမှာ အဲဒီလို   သူ့ဘေးမှာရှိနေတဲ့ ကောင်လေးက အသုံးချခံလိုက်ရတယ်ဆိုတာ သိလိုက်တယ်။ သူ့ကို ကွန်မန်ဒါက လာတွေ့ပြီး စကားပြောနေတာကို သိလို့ အသင်းခေါင်းဆောင်က မနာလိုဖြစ်ပြီး တမင်သက်သက် ဒီကောင်လေး ကျောက်လုံကို လာခေါ်ခိုင်းတယ်ဆိုတာ ရှင်းနေတာပဲ။ ကွန်မန်ဒါနဲ့ သီးသန့်တွေ့တဲ့အတွက် အသင်းခေါင်းဆောင်က သူ့ကိုေ သချာပေါက် မကျေမနပ်ဖြစ်ပြီး အငြိုးထားနိုင်တယ်။

 သူပြန်လာသောအခါ အသင်းခေါင်းဆောင်က  သူ့ကိုစမ်းသပ်လိမ့်မည်။

ရှုနင်က ရိုးသားတဲ့လူတွေကိုကြိုက်တယ်၊ ဒါပေမယ့် အရာရာတိုင်းဟာ ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်း တွက်ဆလို့ မရဘူး၊ အခြားကောင်လေးကို သူ သိပ်မကြာသေးခင်က တွေ့ဆုံခဲ့တာဖြစ်လို့ အဲ့ဒီကောင်လေးတွေအကြောင်းကို သူ သိပ် အသိရသေးဘူး။ ဒါကြောင့် သူက အရိပ်အမြွက်ပဲ ပြောနိုင်တယ်

-"ကျောက်လုံ...နောက်ဆိုရင် အသင်းခေါင်းဆောင်က မင်းကို ငါ့ကိုလာခေါ်ခိုင်းရင် မလာပဲနေလို့ရတယ်။ မင်းမနေ့ညက အိပ်ဆောင်မှာ လူစစ်တော့ မင်း မရှိတာကို အသင်းခေါင်းဆောင်က သတိထားမိခဲ့တယ်။ နောက်ထပ်တခါ မင်းက ည အိပ်ချိန် လူစစ်ချိန်မှာ ပျက်ကွက်ရင် မင်းရဲ့ နောက်ဆုံး အမှတ်မှာ ထိခိုက်လာနိုင်တယ်"
 
"ဟမ်? ဒါ မဖြစ်နိုင်ဘူး မလား"

"ဘာကြောင့် မဖြစ်နိုင်တာလဲ? မနေ့က အသင်းခေါင်းဆောင်က မင်းကိုလွှတ်ပြီး ငါ့ကိုရှာ ခိုင်းခဲ့ တာပဲလေ။ ငါတို့ဖုန်းတွေကို လွှဲပြောင်းပေးလိုက်တော့ ငါက  အချိန်ကို သတိမထားမိလိုက်ဘူး။ ငါ ပြန်လာတဲ့အချိန်က ကိုးနာရီ ငါး မိနစ်ဖြစ်နေပြီ။ လူစစ်တဲ့အချိန် ကိုးနာရီ 15 မိနစ်မှာ မင်းမရှိခဲ့ဘူးလေ။  တပ်စုတစ်စုဆီရဲ့ ခေါင်းဆောင်က မင်းနာမည်ကို ပျက်ကွက်စာရင်းမှာ မှတ်ထားလိုက်တာ ငါတွေ့ရတယ်။ နောင်မှာ မင်းရဲ့ လေ့ကျင့်မှု ရလဒ်ကို ထိခိုက်နိုင်တယ်"
 
"ဒါဟာ မဖြစ်နိုင်ဘူးလား။ အသင်းခေါင်းဆောင်က သူ့ကို မရှင်းပြဘူးလား"

"သူ့ကို အခု သွားပြောလည်း အသုံးမ ၀ င်ဘူး။"

ကျောက်လုံသည်သက်ပြင်းချပြီး သူ၏နဖူးတွန့်ကာ ိုမျက်မှောင်ကြုတ်လိုက်က ခေါင်းကို ကုတ်လိုက်သည်။


ရှုနင်က ခေါင်းကိုခါလိုက်သည်။ သူသည် ဘာမှ ထပ်မပြောပဲ အတူတူ ပြန်လာကြသည်။ မရိုးသားသူကို ရှုနင်က လုံးဝ သဘောမကျပေ။ အခု သူတို့ အခန်းက ခေါင်းဆောင်က စိတ်ထားမရိုးဖြောင့်ဘူးဆိုတာ ရှင်းနေတာပဲ။

ကျောက်လုံက အခု သူ လာခေါ်ရသည်အတွက် ရှုနင်ကို အပြစ်မတင်ပေ။

 သူတို့အခန်းကို စစ်ဆေးသည့်အခါ သူပျောက်ဆုံးနေတယ်ဆိုတာ ဘာကြောင့်လဲဆိုတာ အသင်းခေါင်းဆောင်သိလျက်နဲ့ တပ်စုမှုး လာစစ်ချိန်မှာ ဘာကြောင့် မပြောပြလိုက်တာလဲ။

 ရှုနင်တို့က အိပ်ဆောင်ကိုရောက်တော့ ရှစ်နာရီ မိနစ် 50 ရှိနေပြီ။ ထိုအချိန် အသင်းခေါင်းဆောင်မရှိပေ။

 ရှုနင်က အမြန်ရေချိုးပြီးနောက် နာရီကိုစိုက်ကြည့်ပြီး အသင်းခေါင်းဆောင်က ကိုးနာရီ  ငါးမိနစ်မှာ ပြန်ရောက်လာတာကို မြင်လိုက်ရသည်။

 သူသည် ကီလိုမီတာအတော်ကြာပြေးနေသည့်အလား သူ၏ ဦး ခေါင်းပေါ်မှာ ချွေးတွေချည်းပဲ ဖြစ်နေသည်။ သူက  အခန်းတစ်ခန်းလုံးကို စိတ်ပူပန်စွာ မျက်လုံးပြူးကြည့်လိုက်ပြီး ရှုနင်ကိုတွေ့သောအခါ အသက်ကယ်ခံလိုက်ရသလို  သက်ပြင်းချလိုက်သည်။

"အိုး...ဘုရားရေ..တော်သေးတာပေါ့။ ဒီနေ့ည ငါက နောက်ကျတဲ့ကျောင်းသားနာမည်ကို ထပ်ပေးရတော့မယ် ထင်ပြီး လန့်သွားတာပဲ"

ထိုစကားကိုကြားတော့ အခန်းထဲက လူတိုင်းက အသင်းခေါင်းဆောင်ကို ဂရုစိုက်တတ်လို့ ဆိုပြီး ချီးကျူးနေကြသည်။

" မင်း ရေချိုးပြီးပြီလား။ တမိနစ်ကျန်သေးတယ်။ ခပ်သွက်သွက် သွားချိုးလိုက်လေ.."

"ကောင်းပြီ။. ကျေးဇူးပဲ..."

အသင်းခေါင်းဆောင်က ပြောလိုက်သည်။ ရှုနင်က အသင်းခေါင်းဆောင်ကို စေ့စပ်စွာ အကဲခတ်နေသဖြင့် ဒီကောင်က နဖူးမှာချွေးတွေ သီးနေသလို ဖြစ်နေပေမယ့် နောက်ကျောမှာ ချွေးလုံးဝမရှိတာကို မြင်လိုက်သည်။

ဒီကောင်က သရုပ်ဆောင်ချင်ရင် အသေးစိတ်က အစ ဂရုစိုက်သင့်တယ် မဟုတ်လား။ ဒီလိုပဲ နေရာတိုင်းမှာ ဖြူစင်ရိုးသားတဲ့ ကြာပန်းဖြူလို ခွေးမ၊ ကိုယ်ကျိုးရှာချင်တဲ့ လက်ဖက်စိမ်းလို ခွေးမ၊ လူတကာရဲ့အာရုံစိုက်မှုကို ရှာချင်နေတဲ့ အပျက်မလို ခွေးမတွေက ရှိနေတာပဲ။ ဒီကောင်က ဘယ်လိုပဲ အာရုံစိုက်မှု ရှာချင်ပါစေ..သူ့ကို လာမထိရင် ဂရုမစိုက်ဘူး။ အခုတော့ ဒီကောင်က ဘာကိုရည်ရွယ်နေတယ်ဆိုတာ ရှုနင်သိနေလို့ ဒီအတိုင်းလွှတ်မထားနိုင်ပေ။

အသင်းခေါင်းဆောင် ဘာကြောင့် ဒီလိုလုပ်ခဲ့ရ တာလဲဆိုတာကို နားလည်ဖို့ လွယ်ကူတဲ့အတွက် သူက ဆက်ပြီးစုံစမ်း ခဲ့တယ်။

သူသည် စစ်သင်တန်းတွင် ထူးခြားစွာ လုပ်ဆောင်ခဲ့ သည်၊ ထို့ကြောင့် သူသည်ကျောင်းဖွင့်လို့ အတန်း စတင်ချိန်တွင် အတန်းခေါင်းဆောင်ဖြစ်လာနိုင် သည်၊ ထို့နောက်ကျောင်းသား ကောင်စီသို့ဝင်ရောက်ပြီး သူ၏သြဇာအာဏာကို အခြေခိုင်အောင် လုပ်နိုင်မည်။

 
တစ်စုံတစ် ဦး က သူတစ်ပါး၏ခေါင်းပေါ်မှ နင်းခြင်းအားဖြင့် အမြင့်ကို  တက်နေသည်ကိုတွေ့ ရခြင်းသည် ရှားပါးဖြစ်ရပ်တော့ မဟုတ်ပါ။ ဒီကောင်တွေရဲ့ ချနင်းခံရသည့်လူတွေကသာ  သူတို့၏ကံဆိုးမှုကို အပြစ်တင်နိုင်တော့မည်။

ကျောက်လုံလို အသုံးချခံတွေပဲပေါ...

ရှုနင်က ကျောက်လုံကို   ရှင်းရှင်း လင်းလင်း ထောက်ပြ ခဲ့ ပေမယ့် သူဟာ အသင်း ခေါင်းဆောင်ကို ချီးကျူးဂုဏ်ပြု စကားပြောနေတုန်းပဲ၊ အလှည့်ကျ စစ်ဆေးသူ ရောက်လာပြီး လူတိုင်းအိပ်ရန် ဆော်အောလို့ အားလုံး အိပ်ယာထက်ကို တက်ကာ အိပ်ကြသည်။ တစ်ညလုံးတိတ်ဆိတ်စွာဖြတ်သန်း သွားပြီး မနက်ခင်း၌ ရှုနင်သည် သူ၏မျက်နှာကိုဆေးကြောနေစဉ်  ခေါင်းဆောင်က သူ့ထံသို့ လာခဲ့သည်။

"မင်း မနေ့က ဘာဖြစ်နေခဲ့တာလဲ။ မင်းကို လူတိုင်းက စိုးရိမ်ပူပန်နေကြတယ်။ မင်းက ကွန်မန်ဒါနဲ့  အတူရှိတာလို့ ငါကြားခဲ့တယ်..အဲ့ဒါ ဟုတ်လား"

ထို့ကြောင့် သူသည် ကျောက်လုံ၏နောက်ကို တိတ်တဆိတ် လိုက်လာတာဖြစ်နိုင်ပြီး ကွန်မန်ဒါက သူ့ခြေထောက်ကို နှိပ်ပေးနေတာကိုလည်း မြင်သွားနိုင် တယ်။

  "ငါ မနေ့က စားတာများလို့ ဗိုက်အင့်နေလို့ လမ်းလျှောက်ထွက်တဲ့အချိန် ခြေထောက် နာနေလို့ ကွန်မန်ဒါက တွေ့သွားပြီး ခြေထောက်အကြောပြေအောင် လုပ်တဲ့နည်းကို ပြပေးနေခဲ့တာ..."

အခွင့်ရေးသမား အသင်းခေါင်းဆောင် အန်းရီက ဒီစကားကို ကြားတော့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်။ ကွန်မန်ဒါရဲ့ ထောက်ခံချက်သာ ရရင် သူ့အမှတ်လည်းေ သချာပေါက် များသွားနိုင်တယ်။ ဒါကြောင့် သူက ရှုနင်ကို စိတ်ပူပန်သလို ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့အသားအရေက အရမ်းနုနယ်ပြီး အရမ်းကောင်းတယ်။ မိန်းကလေးတွေတောင် မင်းလောက် အသားရေ မကောင်းဘူး။ ညဘက်ကြီး လမ်းလျှောက်ထွက်တာ သိပ်မကောင်းဘူး။ နောက်ဆိုရင် ငါတို့ စကားစမြည်ပြောပြီး ခင်မင်အောင် လုပ်ကြတာပေါ့။ ငါတို့က အနုပညာကျောင်းမှာ 4 နှစ်လုံးလုံး အတန်းဖော်တွေဖြစ်လာကြမယ် မဟုတ်လား"

"အင်း..."

ရှုနင်က အန်းရီ၏စကားကို အင်းဟုသာပြောပြီး ဘာမှ မတုန့်ပြန်သဖြင့် အန်းရီက ထွက်သွားပြီး တခြားကျောင်းသားများကို စိတ်ပူပန်ဟန်ဖြင့် လိုက်ပြောနေသည်။

ထိုနေ့ လေ့ကျင့်ရေးတွင် ရှုနင်က မသွားသဖြင့် ကွန်မန်ဒါက ကြက်ပေါင်ကြော်တွေကို ရှုနင်ဆီ ယူကာ ကိုယ်တိုင် လိုက်လာသည်။

ဦးလေးကြီးရေ..ခင်ဗျားက ကြက်ပေါင်ကြော်တွေကို မမေ့သေးဘူးလား.... → _ →

သူတို့နှစ်ယောက်သာ အခန်းထဲမှာရှိသည်။ စစ်ထူထုံး က သူ့ကိုငေးကြည့်နေတုန်း ရှုနင်က ရေတစ်ခွက်သောက်လိုက်တယ်။

 "ဒါကောင်းလား။ မင်း ဂျုံယာဂု သောက်သင့်တယ်။  မင်းအစာအိမ်ကို မထိခိုက်စေနဲ့။ "

"ကျွန်တော့် အကိုကြီးက ဦးလေကို  ပြောခဲ့တာလား"

" အင်း.... "

ရှုဟိန်က သူ့ညီလေးနဲ့ပတ်သတ်တာကို ဘယ်ပြောမလဲ။ ရှုချိန်က ရှုနင်နဲ့ပတ်သတ်ပြီး သူ့ကို သေချာမှာကြားခဲ့တာပါ။
 

" ဒီ အရံဟင်းတွေကို စမ်းစားကြည်ပါဦး။ ဒီမနက်မှ လုပ်ထားတာ။ လတ်ဆတ်ပြီး စားလို့ကောင်းတယ်"

 
ရှုနင်က သူ၏မျက်နှာပေါ်မှာ ဘာအမူယာမှ ိုမပြသော်လည်း ဤလူသည် ရှုဟိန်နှင့် အလွန်ဆင် တူသည်ဟု သူ ၏နှလုံးသားထဲတွင် ခံစားနေမိသည်။ သူတို့၏ အကျင့်နည်းနည်းလေးတောင် မလွဲအောင် တူနေသည်။ ဒါက အကိုကြီးရဲ့ အဖေရင်း  ......   မဖြစ်နိုင်ဘုး ...... မလား

သူ့အဖေကရှုဟိန် ရဲ့မွေးစားဖခင်ပဲ။ ဒါကြောင့် ဒီလူက အကိုကြိးရဲ့ အဖေရင်းဖြစ်နိုင်တယ်...

ရှုနင်ရဲ့   ဦး နှောက်လေးက အသည်းအသန် တွေးနေလို့ ခေါင်းတောင်မူးလာချင်သည်။ ဒါကို  အမြင်စူးရှပြီး  ဉာဏ်ထက်သည့် စစ်ထူထုံးက သတိထားမိလိုက် သည်နှင့် ချက်ချင်းပင် သူ၏အကြည့်က စိတ်ပူဟန်ထင်လာသည်။

 "ဘာမှားနေလို့လဲ"

ရှုနင်သည်သူ၏ကိုယ်ပိုင်စွမ်းရည်ကိုသိပြီးကျွမ်းကျင်သူတစ် ဦး ရှေ့တွင် သူ၏ခံစားချက်အစစ်အမှန်ကို မဖုံးကွယ်။  နိုင်သောကြောင့် သူ၏မျက်စိကို ပိတ်လိုက် သည်။

"ဘာမှ မဖြစ်ပါဘူး။ နည်းနည်း ခေါင်းမူးလို့ပါ..."

ရှုနင်က အားနည်းသောဖွဲ့စည်းပုံ ရှိကြောင်း စစ်ထူထုံး သိထားသည်။ ထို့ကြောင့် သူက ရှုနင်ကို လှဲအိပ်ရန် ကူညီခဲ့သည်။

 "ငါ ဆရာဝန်ကိုသွားခေါ်လိုက်မယ်၊ လိမ်လိမ်မာမာနဲ့ ဦးလေးကို ဒီကနေ စောင့်နေပေးနော်...  "

"အမ်း "

စစ်ထူထုံး ထွက်သွားသော် ရှုနင်က မျက်လုံးပြန်ပွင့် လာပြီး သူ၏ မျက်ဝန်းများက တောက်ပနေသည်။ အစောက ဒီဦးလေးကြီးက သူ့ကိုလှဲအိပ်အောင် ကူညီပေးနေတဲ့အချိန်က ဆံပင်တချောင်းကို ရအောင် ယူလိုက်နိုင်သည်။ ဒါကို အကိုကြီးရဲ့ DNA နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ရမည်။


ဒီဦးလေးကြီးက ဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ရမယ်။ သိပ်မကြာခင်မှာပဲ စစ်ထူထုံးဟာ ဆရာဝန်နဲ့ပြန်လာခဲ့တယ်။ ဆရာဝန်က စစ်ဆေးကြည့်ပြီး ဘာရောဂါမှ မတွေ့ရပေ။ ရာသီဥတုပူလွန်းလို့ အပူရှပ်ပြီး မူးတာဖြစ်နိုင်တယ်လို့ ပြောလိုက်သည်။

  ရှုနင်က လေ့ကျင့်ရေးမသွားချင်တော့ စစ်ထူထုံးက သူ့ကို အတင်းမသွားခိုင်းပေ။ အိပ်ဆောင်ထဲမှာပဲ ဆေးပုလင်းကြီး ချိတ်ခိုင်းလိုက်သည်။ ဒီနေရာမှာ စစ်ထူထုံးက ဆက်နေချင်ပေမယ့် တခြားကျောင်းသားတွေ ပြန်လာရင် တွေ့သွားနိုင်လို့ ဆရာဝန်ကိုပဲ ထားရစ်ကာ ထွက်သွားရသည်။



 ခဏကြာပြီးနောက် အန်းရီ သည် အခြားကျောင်းသားများနှင့်အတူ စကားပြောကာ အိပ်ဆောင်ထဲကို ဝင်လာခဲ့သည်။ သူတို့က လေ့ကျင့်ရေးကို ထပ်သွားရတော့ ရှုနင်အကြောင်းကို ပြောဆိုနေကြသည်။

 သူတို့က ရှုနင်ရဲ့လုပ်ရပ်က ကြောင်းကျိုး မကိုက်ညီဘူး လို့ ယူဆသည်။ ရှုနင်က
 မိန်းကလေးတစ်ယောက်ထက် ပိုပြီးအားနည်းနေတာ၊ သူလေ့ကျင့်တာကို ခဏခဏ ပျက်ကွက်ခဲ့ရတယ်၊ မဖြစ်ဘူး..မဖြစ်ဘူး...ဒီလိုသာ ဆက်လက်ပျက်ကွက်နေရင် အသင်းဖွဲ့လိုက် အမှတ်တွေကို အနူတ်ခံရလိမ့်မယ်။ ဒီလို အဖြစ်ခံလို့မရဘူးဟု အန်းရီက တွေးလိုက်သည်။
 
ရှုနင်က အဖွဲ့လိုက် လုပ်ဆောင်ချက်မှာ မပူးပေါင်းလို့ မဖြစ်ပေ။

ဒါပေမယ့် သူ့မှာ အဆက်အသွယ်ရှိနေလို့ ခုလို နေရဲတာလားဟု တွေးလိုက်သည်။ ကွန်မန်ဒါကို တွေးမိတော့ အန်းရီက မတွေးပဲ မနေနိုင်တော့ပေ။


ရှုနင်ဟာဇီဇာကြောင်တဲ့သူတစ်ယောက်မဟုတ်ဘူး၊ သူအိပ်တဲ့အခါ အဝတ်စားသေချာဝတ်ပြီး အိပ်သလို စားတဲ့အခါလည်း သိပ်များများမစားဘူး။  ဒါကြောင့် သူက အားနည်းတာဖြစ်နိုင်တယ်။ ရှုနင်ကို များများစားအောင် သူ ဘယ်လိုလုပ်ရမလဲ မသိတော့ပေ။

 လူအတော်များများသည် တစ်နေ့လုံးလေ့ကျင့်ခန်းလုပ်ကြပြီး အရမ်းကို ဆာလောင်စွာနဲ့ အသင့်စား ခေါက်ဆွဲကိုစားကြသည်၊ သို့သော် ရှုနင်က ဘယ်တော့မ ှမစားပေ။ ရှုနင်ရဲ့အသားရေက ဖြူဖွေးနုနယ်ပြီး နူတ်ခမ်းက နီမြန်းနေသည်။ ကွန်မန်ဒါက သူ့ကို သေချာလာပြီး ဂရုစိုက်တယ်ဆိုတော့ မဟုတ်မှလွဲရော..ရှုနင်က အသိုင်းဝိုင်းကြီးထဲက မျိုးဆက်များလား..

 ဒီလိုတွေးမိပြီး အသင်းခေါင်းဆောင် အန်းရီက ရည်ရွယ်ချက်ရှိစွာပြုံးလိုက်သည်။ အခန်းထဲက ပုလင်းကြီးချိတ်နေတဲ့ ရှုနင်ကို မြင်တော့ တကယ်ပဲ ရှုနင် နေမကောင်းဖြစ်နေသလားလို့ တွေးကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ကျောက်လုံက ရှုနင်ကိုတွေ့တော့ တုန်လှုပ် သွား သော်လည်း သူ၏ပါးစပ်ကိုပိတ်ထားကာ မေးလိုက် သည်။

 ထို့နောက် ၎င်းသည်မသင့်လျော်ကြောင်း သဘောပေါက်ပြီးနောက် သူသည် ရှုနင်၏လက်ကိုဆုပ်ကိုင်လိုက်ပြီးမေးလိုက်သည်။

" အိုး..ဘုရားရေ..မင်း အပူရှပ်သွားတာလား... ကောင်မလေးတချို့တောင် ကွင်းထဲမှာ မူးလဲကုန်ကြတယ်.."


ဒါက ကြားတော့ လူတိုင်းက ရှုနင်က မိန်းကလေး တစ်ယောက်ထက်တောင် နုနယ်ကြောင်း ပြောဆိုနေကြသည်။ ရှုနင်က နည်းနည်းလေးမှ ယောကျ်ားမဆန်ပေ။  ဆိုလိုတာက သူဟာယောက်ျားတစ်ယောက်နဲ့ လုံးဝမတူဘူးဆိုတာပါ။

ချောင်ဟိုင်သည် အသင်းခေါင်းဆောင် အန်းရီကိုမျှော်ကြည့်ရင်း မျက်ခုံးပင့်ကာ ခက်ထန်စွာကြည့်လိုက်သည်၊ အန်းရီက လူကောင်းလို ဟန်ဆောင်နေပြီး အခု အခန်းထဲက တခြားကောင်တွေက ရှုနင်ကို ပုတ်ခတ်ပြောဆိုနေတာကို မြင်လျက် ကြားလျက် ဘာကြောင့် ဝင်မဟန့်တားရတာလဲ...

 အန်းရီက ကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုမှ ရှိမည် မထင်ပေ။

  "ရှုနင်က ပထမဆုံး မူးလဲတဲ့ ကောင်လေးမဟုတ်ဘူး။ လေ့ကျင့်ခန်း လုပ်လေ့လုပ်ထ မရှိသူတိုင်းက ဒီလို ပူပြင်းတဲ့ နေ့တွေဆို မူးဝေတာ သဘာဝပဲ။ တကယ်လို့ ကိုယ်က ကာဗွန်ဟိုက်ဒရိတ်ကို လုံလောက်အောင် မထိန်းနိုင်ရင် ဒီလို နေပူထဲမှာ သေချာပေါက် မူးလဲမှာပဲ။ ဒါကို မင်းတို့က ဘာ အပြစ်တင်နေကြတာလဲ။ ငါတို့က တခန်းတည်းသားတွေ မဟုတ်ဘူးလား။ အချင်းချင်း ကူညီဖေးမပြီး ပြီးဆုံးတဲ့အထိ ဆက်သွားသင့်တယ် "

 ချောင်ဟိုင်ရဲ့စကားကိုကြားတော့ အန်းရီ၏မျက်လုံးထဲ ဖြတ်ခနဲဖြစ်သွားကာ ရှုနင်၏ အနားကို ချက်ချင်းတိုးကပ်လာပြီး ပျာပျာသလဲ ပြောလိုက်သည်။

 " ငါ့အပြစ်တွေပါ။ ငါက ရှုနင်ကို သတိထားခဲ့ရင် သူ အခုလို မူးလဲတာ မဖြစ်နိုင်တော့ဘူးလေ... "



ချန်မင်က ဒေါသဖြင့် ဝင်ပြောလိုက်သည်။

" ဂရုမစိုက်လို့ မူးလဲတာဟာ သူ့အမှားပါ၊ အသင်းခေါင်းဆောင် နဲ့ ဘာဆိုင်လို့လဲ....  "  

ရှုနင်ကရုတ်တရက်ပြောလိုက်သည် ။

 " တော်လောက်ပြီ"

ရှုနင် ရုတ်တရက်ပြောလိုက်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

" မင်းတို့က ဘာတွေငြင်းခုံနေကြတာလဲ။ ငါ မသေသေးပါဘူး။  ပြီးတော့ အသင်းခေါင်းဆောင်... ငါ မူးလဲသွားတာ ငါ့ပြသနာကြောင့်ပါ။ ဒါက မင်းရဲ့ အမှား ဘယ်လိုဖြစ်သွားရတာလဲ "

 
ရှုနင်၏မေးခွန်းနှင့် ပတ်သက်၍အန်းရီးက  ပြန်မပြောမီ ခဏတာအံ့အားသင့်သွားသည်။

 "ဘာကြောင့်လဲဆိုတော့ ငါ က အသင်းခေါင်းဆောင်ဖြစ်နေလို့လေ... "


"မင်းက အသင်းခေါင်းဆောင်ဆိုတာကို ငါ သိပါတယ်။ အသင်းခေါင်းဆောင်ကိုရွေးချယ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။ မင်းက လူတိုင်းကို လိုက် ဂရုစိုက်ရတာကို ငြီးငွေ့နေတယ်မဟုတ်လား။ မင်းရဲ့ကောင်းမှုတွေကို လူ ဘယ်နှစ်ယောက်က  မှတ်မိနေမယ် ထင်သလဲ။ "

ရှုနင်ပြောလိုက်သည့် စကားလုံးတိုင်းက  အစွမ်းထက်လှသည်။ အပေါ်ယံတွင်  ဂရုစိုက်နေပုံရသော်လည်း စကားလုံးများဖြင့် အတွင်းက ကောက်ကျစ်မှုကို ဖော်ထုတ်ထောက်ပြနေသည်။
 

ရှုနင်က သူ့အားဖိအားပေးရန် စီစဉ်ထားလို့ အန်းရီကို လွတ်ထွက်ခွင့်မပေးနိုင်ပေ။

 "မင်းက အသင်းခေါင်းဆောင်ဖြစ်တဲ့အတွက် မင်း ခိုင်းလိုက်တဲ့ အလုပ်ကြောင့် အခန်းထဲက သင်တန်းသားတွေက လူစစ်ချိန်မှာ ပျက်ကွက်သွားခဲ့တယ်။ ဒါကို မင်းက ဝင်မရှင်းပြပဲ နူတ်ပိတ်နေခဲ့တယ်။  ဒီအတွက် အဲ့ဒီလူတွေ အမှတ်နူတ်ခံရတဲ့အချက်ကြောင့် မင်းကိုယ်မင်း အပြစ်တင်နေရုံနဲ့ ပြီးသွားတာလား... အရာအားလုံး ကိုဖြေရှင်းနိုင်မလား "

ထိုစဉ် ခဏတာမှာ အန်းရီရဲ့မျက်နှာက အနီရောင်ဖြစ် နေပြီးနောက်  အဖြူရောင်ဖြစ်သွားခဲ့သည်။ သူက အနည်းငယ်ရှက်နေသလိုခံစားရသော်လည်း ပြုံးနေဆဲဖြစ်သည်။

" ငါ ...... "

ရှုနင်က သူ့စကားကို ဖြတ်ပြောလိုက်သည်။  

 "ဒါဟာ မင်းရဲ့အမှားမဟုတ်ဘူး၊ လူတိုင်းကို မင်းက စောင့်ကြည့်နေတယ်။ မင်းက ကောင်းတယ်ဆိုတာ သူတို့တွေ သိနိုင်တယ်။ ငါ အခု ပင်ပန်းနေပြီ၊ မင်းတို့  စားစရာတွေ သွားစားသင့်တယ်၊ စားပြီးရင် ငါ့အတွက် ဘာမှပြန် ယူမလာနဲ့တော့.. "

အန်းရီက တာဝန်ကျေသည့် အသင်းခေါင်းဆောင်ဆိုသည့် ပုံရိပ်ကို ထိန်းကာ ရှုနင်အတွက် စားစရာယူလာပေးချင်ပေမယ့် ရှုနင် စားပြီးပြီဆိုတာ သိလိုက်ရလို့  ထပ်မှာလိုက်သည်။

  "ဒါဆို မင်း ကောင်းကောင်းနားလိုက်ဦး။ အရည်များများသောက်သင့်တယ်..."

ပြီးတော့ သူတို့ အဖွဲ့သားတွေက သူတို့ပစ္စည်းတွေကို ယူပြီးထွက်သွားခဲ့တယ်။ကျောက်လုံက မျက်မှောင်ကြုတ်ကာ ရှုနင်ကို ပြောခဲ့သည်။

 " အသင်းခေါင်းဆောင်ကကောင်းကောင်း မွန်မွန်ပြောပေးနေပါတယ်။  ဒါကြောင့် သူ့ကို အရမ်း မပြောပေးပါနဲ့။  မင်းကြောင့် သူ့ခံစားချက်တွေကို နာကျင်စေလိမ့်မယ်။ ကောင်းပြီ။ မင်း ကောင်းကောင်း အနားယူရစ်လိုက်ဦး "


လူမိုက်ပဲ... မင်းက ဝက်တစ်ကောင်လို ရောင်းစားခံရတာတောင် အခုထိ မင်းကို အကောက်ကြံသူကို မသိပဲ ကျေးဇူးတင်နေတုန်းပဲ။ ကျောက်လုံက လူဆိုးမဟုတ်ပေ။ သူက အကောင်းမြင်စိတ်ရှိလွန်းပြီး တဖက်သားကို ကူညီတတ်သဖြင့် ဒါက သူများအတွက် အသုံးချစရာ ပျော့ကွက်ဖြစ်ခဲ့သည်။ ကျောက်လုံက အန်းရီကို အရမ်း သဘောကျကာ အကောင်းမြင်လွန်းနေသည်။ ဒါကြောင့် ရှုနင်က ကျောက်လုံကို မတားတော့ပဲ လွတ်ထားပြီး သူ့အမှားကနေ သင်ခန်းစာယူတတ်အောင်ပဲ လုပ်ရတော့မည်။

အခု သူတို့ အခန်းထဲက လူ 8 ယောက်တွင် အသင်းခေါင်းဆောင် အန်းရီရဲ့အမှတ်က အမြင့်ဆုံးဖြစ်မှာ သေချာသည်။ နောက်ဆုံးဘယ်သူ ဖြစ်မယ်ဆိုတာ တချိန်ကျ ပေါ်လာမှာပဲ...

 

မွန်းလွဲပိုင်းတွင် စစ်ထူထုံး သည်သစ်သီးဝလံအချို့နှင့် ရှုနင်ထံသို့ ထပ်မံ လည်ပတ်ခဲ့သည်။ ရှုနင်သည်သစ်သီးများစားရတာ ကြိုက်နှစ်သက်ပြီး အထူးသဖြင့်စပျစ်သီးများကိုစားသုံးခြင်းကိုနှစ်သက်ကြောင်း စစ်ထူထုံး ကောင်းစွာသိသည်။ စစ်ထူထုံးက ရှုနင်ရဲ့ ပါးစပ်ထဲ ဖရဲသီး တစ်စိတ်ကို ယူကာ ခွံ့ပေးလိုက်ပေမယ့် ရှုနင်က သူ့ဖာသာ ယူစားလိုက်သည်။

အကိုကြီးက သူများခွံကျွေးတာကို စားရင် သဝန်တိုတတ်သည်ကို ရှုနင်က ဒီလို အသေးစိတ်အချက်အလက်များက အစ ိုဂရုပြုလေ့ရှိသည်။

အခန်းဖော်များက လေ့ကျင့်ရေးပြီးလို့  ညနေခင်းတွင်ပြန်ရောက်လာသောအခါ ချန်မင်သည် အနံ့ခံကာ ပြောလိုက်သည်။

" ဘာလို့ ဒီနေရာမှာ ဖရဲသီးနံ့ ရနေတာလဲ... "  

အန်းရီ ၏မျက်လုံးများကတောက်ပလာပြီး ချက်ချင်းပင် ပြောလိုက်သည်။

"ဒီမှာလား...။ ဘယ်လိုဖြစ်နိုင်လဲ။ "

ချန်မင်ကခေါင်းညိတ်ပြလိုက်သည်။

"ဒါ သေချာတယ်၊ ဖရဲသီးရဲ့အနံ့ပါ။ ဒါပေမယ့် အနံ့ကတော်တော်လေးဖျော့နေတယ်"

လူတိုင်းက ရှုနင် ကိုလှည့်ကြည့်ကြတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ချန်မင်က ရှုနင်ကို ဖရဲသီးစားတာလားလို့မေးလိုက်တာပဲဖြစ်သည်။

"ငါ စားခဲ့တယ်၊ နည်းပြဆရာက ငါ့အတွက် ဖရဲသီးတချို့ ယူလာပြီး ဆေးစစ်ဖို့ဆေးရုံကိုသွားဖို့ လိုမလား လာမေးခဲ့တယ်၊ ဒါပေမယ့် ငါ မသွားလိုက်ဘူး။ "

"မင်း အခြေနေက အဲ့လောက် ပြင်းထန်လား... "

ချောင်ဟိုင်ကမျက်မှောင်ကြုတ်လိုက်၏။ ရှုနင် ရဲ့အနီရောင် သန်းနေသည့် အသားအရေကိုကြည့်ရင်း သူက ရှုနင်ရဲ့ နဖူးကိုထိလိုက်ပြီး ပြောလိုက်သည်။

" မင်း ကိုယ်အပူချိန် မမြင့်ပါဘူး"

ထိုစဉ် တံခါးကိုဖွင့်လိုက်ပြီး  စစ်သားတစ် ဦး သည် တစ်စုံတစ်ရာကို သယ်ဆောင်လာပြန်သည်။ လူတိုင်း၏အာရုံကိုဖမ်းစားသွားလို့ အားလုံးခေါင်းထောင်ကာ စပ်စုလာကြသည်။

 
"ဒီမှာ ရှုနင် ဆိုတာ ဘယ်သူလဲ"

***-*













Chapter (127)_ လက္ဖက္စိမ္းေကာင္ အန္းရီ



ဒီဟာက အဖြားအိုဟန္ေဆာင္ထားတဲ့ ဝံပုေလြႀကီးက ေခါင္းေဆာင္းနီနီေလးကို မုန႔္နဲ႔မွ်ားေခၚတဲ့ အကြက္ မဟုတ္ဘူးလား။ သူက ႐ူးေနတာလား။ ငါက ႐ူးေနတာလား။

ငါ့ကို ၾကက္ေပါင္ေၾကာ္နဲ႔ လာမွ်ားေနတယ္ ဟုတ္လား။ တကယ္ေတာ့ တျခားဟင္းနဲ႔မွ်ားရင္ ရႈနင္က သံသယဝင္မည္ မဟုတ္ေပ။ ၾကက္ေပါင္ေၾကာ္ဆိုတာ သူ အႀကိဳက္ဆုံး ဟင္းလ်ာျဖစ္သည္။ ဒီကြန္မန္ဒါက သူ႔အႀကိဳက္ဆုံးဟင္းကို ဘယ္လိုလုပ္သိေနတာလဲ။ ဒါက သံသယ ဝင္စရာပဲ။


မၾကာခင္မွာေကာင္းကင္ကေမွးမွိန္လာၿပီး သူ႔ေရွ႕က လူလတ္ပိုင္း အမ်ိဳးသားႀကီး၏ ေခ်ာေမာတဲ့မ်က္ႏွာက အနည္းငယ္ ေမွာင္ရိပ္သန္းလာသည္။ သူက ရႈဟိန္ အသက္ႀကီးလာမည့္အခ်ိန္မွာ ျဖစ္လာမည့္ မ်က္ႏွာသြင္ျပင္ႏွင့္ အရမ္းတူလြန္းလို႔ ေဆြမ်ိဳးလို႔ေျပာထားတာကို ရႈနင္ သံသယဝင္လာမိသည္။ ဒါေပမယ့္ ဒီလူရဲ႕ တကယ့္ အေနထားအမွန္ကို မေဖာ္ထုတ္ခ်င္လို႔ သူေျပာထားသလို ေဆြမ်ိဳးလို႔ပဲ သတ္မွတ္ထားလိုက္သည္။

ေနာက္ဆိုရင္ ဒီလူႀကီးကို သူ ေရွာင္မွ ျဖစ္ေတာ့မည္ ထင္တယ္။

  ဤအခ်ိန္တြင္ ရႈနင္၏ အမည္ကိုေအာ္ဟစ္ေနေသာ လူငယ္တစ္ေယာက္သည္ေျပးလာေသာေၾကာင့္ ရႈနင္က ဒါကို အခြင့္ေကာင္းယူကာ ထိုအမ်ိဳးသားႀကီးကို အျမန္ႏူတ္ဆက္ၿပီး ထြက္ေျပးလာခဲ့သည္။

 
" မင္းက ဒီမွာရွိခဲ့တာလား၊ မင္း အျမန္ျပန္သင့္တယ္၊ အသင္းေခါင္းေဆာင္က မင္းကို ပတ္ရွာေနတယ္  "

"ေကာင္းၿပီ"

အခန္းတစ္ခန္းတည္း၌ လူ ၁၀ ေယာက္အိပ္ေနရၿပီး  မဲႏႈိက္ကာ က်ရာလူျဖင့္ အိပ္ရသည္။

 သူက ေလ့က်င့္ေရးကြင္းထဲမွာ ေပ်ာက္တာ ျဖစ္ႏိုင္ပါ့မလား။  ရႈနင္က သူ႔ေဘးမွာ ပါလာတဲ့ ေကာင္ေလးကို ေမးလိုက္သည္။

 "ေက်ာက္လုံ... အသင္း ေခါင္းေဆာင္က ငါ့ကို ေခၚခိုင္းတဲ့အခ်ိန္က ငါ့ကိုရွာမရဘူးလို႔ ေျပာခဲ့တာလား  "

"အမ္း "

"ငါ့ကိုရွာမေတြ႕တဲ့အတြက္ ငါ့ကိုရွာခိုင္းတာလား။"

"အင္း...သူကေတာင္ဘက္ကို ပတ္ရွာတုန္း..ငါ့ကို ေျမာက္ဘက္ပိုင္းလာကို လာရွာခိုင္းလိုက္တာ.."

 
"ေက်းဇူးတင္ပါတယ္"  

ရႈနင္ကေျပာသည္။  သူ႔စိတ္ထဲမွာ အဲဒီလို   သူ႔ေဘးမွာရွိေနတဲ့ ေကာင္ေလးက အသုံးခ်ခံလိုက္ရတယ္ဆိုတာ သိလိုက္တယ္။ သူ႔ကို ကြန္မန္ဒါက လာေတြ႕ၿပီး စကားေျပာေနတာကို သိလို႔ အသင္းေခါင္းေဆာင္က မနာလိုျဖစ္ၿပီး တမင္သက္သက္ ဒီေကာင္ေလး ေက်ာက္လုံကို လာေခၚခိုင္းတယ္ဆိုတာ ရွင္းေနတာပဲ။ ကြန္မန္ဒါနဲ႔ သီးသန႔္ေတြ႕တဲ့အတြက္ အသင္းေခါင္းေဆာင္က သူ႔ကိုေ သခ်ာေပါက္ မေက်မနပ္ျဖစ္ၿပီး အၿငိဳးထားႏိုင္တယ္။

 သူျပန္လာေသာအခါ အသင္းေခါင္းေဆာင္က  သူ႔ကိုစမ္းသပ္လိမ့္မည္။

ရႈနင္က ႐ိုးသားတဲ့လူေတြကိုႀကိဳက္တယ္၊ ဒါေပမယ့္ အရာရာတိုင္းဟာ ဒီထက္ပိုၿပီး ရွင္းရွင္းလင္းလင္း တြက္ဆလို႔ မရဘူး၊ အျခားေကာင္ေလးကို သူ သိပ္မၾကာေသးခင္က ေတြ႕ဆုံခဲ့တာျဖစ္လို႔ အဲ့ဒီေကာင္ေလးေတြအေၾကာင္းကို သူ သိပ္ အသိရေသးဘူး။ ဒါေၾကာင့္ သူက အရိပ္အႁမြက္ပဲ ေျပာႏိုင္တယ္

-"ေက်ာက္လုံ...ေနာက္ဆိုရင္ အသင္းေခါင္းေဆာင္က မင္းကို ငါ့ကိုလာေခၚခိုင္းရင္ မလာပဲေနလို႔ရတယ္။ မင္းမေန႔ညက အိပ္ေဆာင္မွာ လူစစ္ေတာ့ မင္း မရွိတာကို အသင္းေခါင္းေဆာင္က သတိထားမိခဲ့တယ္။ ေနာက္ထပ္တခါ မင္းက ည အိပ္ခ်ိန္ လူစစ္ခ်ိန္မွာ ပ်က္ကြက္ရင္ မင္းရဲ႕ ေနာက္ဆုံး အမွတ္မွာ ထိခိုက္လာႏိုင္တယ္"
 
"ဟမ္? ဒါ မျဖစ္ႏိုင္ဘူး မလား"

"ဘာေၾကာင့္ မျဖစ္ႏိုင္တာလဲ? မေန႔က အသင္းေခါင္းေဆာင္က မင္းကိုလႊတ္ၿပီး ငါ့ကိုရွာ ခိုင္းခဲ့ တာပဲေလ။ ငါတို႔ဖုန္းေတြကို လႊဲေျပာင္းေပးလိုက္ေတာ့ ငါက  အခ်ိန္ကို သတိမထားမိလိုက္ဘူး။ ငါ ျပန္လာတဲ့အခ်ိန္က ကိုးနာရီ ငါး မိနစ္ျဖစ္ေနၿပီ။ လူစစ္တဲ့အခ်ိန္ ကိုးနာရီ 15 မိနစ္မွာ မင္းမရွိခဲ့ဘူးေလ။  တပ္စုတစ္စုဆီရဲ႕ ေခါင္းေဆာင္က မင္းနာမည္ကို ပ်က္ကြက္စာရင္းမွာ မွတ္ထားလိုက္တာ ငါေတြ႕ရတယ္။ ေနာင္မွာ မင္းရဲ႕ ေလ့က်င့္မႈ ရလဒ္ကို ထိခိုက္ႏိုင္တယ္"
 
"ဒါဟာ မျဖစ္ႏိုင္ဘူးလား။ အသင္းေခါင္းေဆာင္က သူ႔ကို မရွင္းျပဘူးလား"

"သူ႔ကို အခု သြားေျပာလည္း အသုံးမ ၀ င္ဘူး။"

ေက်ာက္လုံသည္သက္ျပင္းခ်ၿပီး သူ၏နဖူးတြန႔္ကာ ိုမ်က္ေမွာင္ၾကဳတ္လိုက္က ေခါင္းကို ကုတ္လိုက္သည္။


ရႈနင္က ေခါင္းကိုခါလိုက္သည္။ သူသည္ ဘာမွ ထပ္မေျပာပဲ အတူတူ ျပန္လာၾကသည္။ မ႐ိုးသားသူကို ရႈနင္က လုံးဝ သေဘာမက်ေပ။ အခု သူတို႔ အခန္းက ေခါင္းေဆာင္က စိတ္ထားမ႐ိုးေျဖာင့္ဘူးဆိုတာ ရွင္းေနတာပဲ။

ေက်ာက္လုံက အခု သူ လာေခၚရသည္အတြက္ ရႈနင္ကို အျပစ္မတင္ေပ။

 သူတို႔အခန္းကို စစ္ေဆးသည့္အခါ သူေပ်ာက္ဆုံးေနတယ္ဆိုတာ ဘာေၾကာင့္လဲဆိုတာ အသင္းေခါင္းေဆာင္သိလ်က္နဲ႔ တပ္စုမႈး လာစစ္ခ်ိန္မွာ ဘာေၾကာင့္ မေျပာျပလိုက္တာလဲ။

 ရႈနင္တို႔က အိပ္ေဆာင္ကိုေရာက္ေတာ့ ရွစ္နာရီ မိနစ္ 50 ရွိေနၿပီ။ ထိုအခ်ိန္ အသင္းေခါင္းေဆာင္မရွိေပ။

 ရႈနင္က အျမန္ေရခ်ိဳးၿပီးေနာက္ နာရီကိုစိုက္ၾကည့္ၿပီး အသင္းေခါင္းေဆာင္က ကိုးနာရီ  ငါးမိနစ္မွာ ျပန္ေရာက္လာတာကို ျမင္လိုက္ရသည္။

 သူသည္ ကီလိုမီတာအေတာ္ၾကာေျပးေနသည့္အလား သူ၏ ဦး ေခါင္းေပၚမွာ ေခြၽးေတြခ်ည္းပဲ ျဖစ္ေနသည္။ သူက  အခန္းတစ္ခန္းလုံးကို စိတ္ပူပန္စြာ မ်က္လုံးျပဴးၾကည့္လိုက္ၿပီး ရႈနင္ကိုေတြ႕ေသာအခါ အသက္ကယ္ခံလိုက္ရသလို  သက္ျပင္းခ်လိုက္သည္။

"အိုး...ဘုရားေရ..ေတာ္ေသးတာေပါ့။ ဒီေန႔ည ငါက ေနာက္က်တဲ့ေက်ာင္းသားနာမည္ကို ထပ္ေပးရေတာ့မယ္ ထင္ၿပီး လန႔္သြားတာပဲ"

ထိုစကားကိုၾကားေတာ့ အခန္းထဲက လူတိုင္းက အသင္းေခါင္းေဆာင္ကို ဂ႐ုစိုက္တတ္လို႔ ဆိုၿပီး ခ်ီးက်ဴးေနၾကသည္။

" မင္း ေရခ်ိဳးၿပီးၿပီလား။ တမိနစ္က်န္ေသးတယ္။ ခပ္သြက္သြက္ သြားခ်ိဳးလိုက္ေလ.."

"ေကာင္းၿပီ။. ေက်းဇူးပဲ..."

အသင္းေခါင္းေဆာင္က ေျပာလိုက္သည္။ ရႈနင္က အသင္းေခါင္းေဆာင္ကို ေစ့စပ္စြာ အကဲခတ္ေနသျဖင့္ ဒီေကာင္က နဖူးမွာေခြၽးေတြ သီးေနသလို ျဖစ္ေနေပမယ့္ ေနာက္ေက်ာမွာ ေခြၽးလုံးဝမရွိတာကို ျမင္လိုက္သည္။

ဒီေကာင္က သ႐ုပ္ေဆာင္ခ်င္ရင္ အေသးစိတ္က အစ ဂ႐ုစိုက္သင့္တယ္ မဟုတ္လား။ ဒီလိုပဲ ေနရာတိုင္းမွာ ျဖဴစင္႐ိုးသားတဲ့ ၾကာပန္းျဖဴလို ေခြးမ၊ ကိုယ္က်ိဳးရွာခ်င္တဲ့ လက္ဖက္စိမ္းလို ေခြးမ၊ လူတကာရဲ႕အာ႐ုံစိုက္မႈကို ရွာခ်င္ေနတဲ့ အပ်က္မလို ေခြးမေတြက ရွိေနတာပဲ။ ဒီေကာင္က ဘယ္လိုပဲ အာ႐ုံစိုက္မႈ ရွာခ်င္ပါေစ..သူ႔ကို လာမထိရင္ ဂ႐ုမစိုက္ဘူး။ အခုေတာ့ ဒီေကာင္က ဘာကိုရည္႐ြယ္ေနတယ္ဆိုတာ ရႈနင္သိေနလို႔ ဒီအတိုင္းလႊတ္မထားႏိုင္ေပ။

အသင္းေခါင္းေဆာင္ ဘာေၾကာင့္ ဒီလိုလုပ္ခဲ့ရ တာလဲဆိုတာကို နားလည္ဖို႔ လြယ္ကူတဲ့အတြက္ သူက ဆက္ၿပီးစုံစမ္း ခဲ့တယ္။

သူသည္ စစ္သင္တန္းတြင္ ထူးျခားစြာ လုပ္ေဆာင္ခဲ့ သည္၊ ထို႔ေၾကာင့္ သူသည္ေက်ာင္းဖြင့္လို႔ အတန္း စတင္ခ်ိန္တြင္ အတန္းေခါင္းေဆာင္ျဖစ္လာႏိုင္ သည္၊ ထို႔ေနာက္ေက်ာင္းသား ေကာင္စီသို႔ဝင္ေရာက္ၿပီး သူ၏ၾသဇာအာဏာကို အေျခခိုင္ေအာင္ လုပ္ႏိုင္မည္။

 
တစ္စုံတစ္ ဦး က သူတစ္ပါး၏ေခါင္းေပၚမွ နင္းျခင္းအားျဖင့္ အျမင့္ကို  တက္ေနသည္ကိုေတြ႕ ရျခင္းသည္ ရွားပါးျဖစ္ရပ္ေတာ့ မဟုတ္ပါ။ ဒီေကာင္ေတြရဲ႕ ခ်နင္းခံရသည့္လူေတြကသာ  သူတို႔၏ကံဆိုးမႈကို အျပစ္တင္ႏိုင္ေတာ့မည္။

ေက်ာက္လုံလို အသုံးခ်ခံေတြပဲေပါ...

ရႈနင္က ေက်ာက္လုံကို   ရွင္းရွင္း လင္းလင္း ေထာက္ျပ ခဲ့ ေပမယ့္ သူဟာ အသင္း ေခါင္းေဆာင္ကို ခ်ီးက်ဴးဂုဏ္ျပဳ စကားေျပာေနတုန္းပဲ၊ အလွည့္က် စစ္ေဆးသူ ေရာက္လာၿပီး လူတိုင္းအိပ္ရန္ ေဆာ္ေအာလို႔ အားလုံး အိပ္ယာထက္ကို တက္ကာ အိပ္ၾကသည္။ တစ္ညလုံးတိတ္ဆိတ္စြာျဖတ္သန္း သြားၿပီး မနက္ခင္း၌ ရႈနင္သည္ သူ၏မ်က္ႏွာကိုေဆးေၾကာေနစဥ္  ေခါင္းေဆာင္က သူ႔ထံသို႔ လာခဲ့သည္။

"မင္း မေန႔က ဘာျဖစ္ေနခဲ့တာလဲ။ မင္းကို လူတိုင္းက စိုးရိမ္ပူပန္ေနၾကတယ္။ မင္းက ကြန္မန္ဒါနဲ႔  အတူရွိတာလို႔ ငါၾကားခဲ့တယ္..အဲ့ဒါ ဟုတ္လား"

ထို႔ေၾကာင့္ သူသည္ ေက်ာက္လုံ၏ေနာက္ကို တိတ္တဆိတ္ လိုက္လာတာျဖစ္ႏိုင္ၿပီး ကြန္မန္ဒါက သူ႔ေျခေထာက္ကို ႏွိပ္ေပးေနတာကိုလည္း ျမင္သြားႏိုင္ တယ္။

  "ငါ မေန႔က စားတာမ်ားလို႔ ဗိုက္အင့္ေနလို႔ လမ္းေလွ်ာက္ထြက္တဲ့အခ်ိန္ ေျခေထာက္ နာေနလို႔ ကြန္မန္ဒါက ေတြ႕သြားၿပီး ေျခေထာက္အေၾကာေျပေအာင္ လုပ္တဲ့နည္းကို ျပေပးေနခဲ့တာ..."

အခြင့္ေရးသမား အသင္းေခါင္းေဆာင္ အန္းရီက ဒီစကားကို ၾကားေတာ့ မ်က္လုံးေတြက ေတာက္ပသြားခဲ့တယ္။ ကြန္မန္ဒါရဲ႕ ေထာက္ခံခ်က္သာ ရရင္ သူ႔အမွတ္လည္းေ သခ်ာေပါက္ မ်ားသြားႏိုင္တယ္။ ဒါေၾကာင့္ သူက ရႈနင္ကို စိတ္ပူပန္သလို ၾကည့္ကာ ေျပာလိုက္သည္။

"မင္းရဲ႕အသားအေရက အရမ္းႏုနယ္ၿပီး အရမ္းေကာင္းတယ္။ မိန္းကေလးေတြေတာင္ မင္းေလာက္ အသားေရ မေကာင္းဘူး။ ညဘက္ႀကီး လမ္းေလွ်ာက္ထြက္တာ သိပ္မေကာင္းဘူး။ ေနာက္ဆိုရင္ ငါတို႔ စကားစျမည္ေျပာၿပီး ခင္မင္ေအာင္ လုပ္ၾကတာေပါ့။ ငါတို႔က အႏုပညာေက်ာင္းမွာ 4 ႏွစ္လုံးလုံး အတန္းေဖာ္ေတြျဖစ္လာၾကမယ္ မဟုတ္လား"

"အင္း..."

ရႈနင္က အန္းရီ၏စကားကို အင္းဟုသာေျပာၿပီး ဘာမွ မတုန႔္ျပန္သျဖင့္ အန္းရီက ထြက္သြားၿပီး တျခားေက်ာင္းသားမ်ားကို စိတ္ပူပန္ဟန္ျဖင့္ လိုက္ေျပာေနသည္။

ထိုေန႔ ေလ့က်င့္ေရးတြင္ ရႈနင္က မသြားသျဖင့္ ကြန္မန္ဒါက ၾကက္ေပါင္ေၾကာ္ေတြကို ရႈနင္ဆီ ယူကာ ကိုယ္တိုင္ လိုက္လာသည္။

ဦးေလးႀကီးေရ..ခင္ဗ်ားက ၾကက္ေပါင္ေၾကာ္ေတြကို မေမ့ေသးဘူးလား.... → _ →

သူတို႔ႏွစ္ေယာက္သာ အခန္းထဲမွာရွိသည္။ စစ္ထူထုံး က သူ႔ကိုေငးၾကည့္ေနတုန္း ရႈနင္က ေရတစ္ခြက္ေသာက္လိုက္တယ္။

 "ဒါေကာင္းလား။ မင္း ဂ်ဳံယာဂု ေသာက္သင့္တယ္။  မင္းအစာအိမ္ကို မထိခိုက္ေစနဲ႔။ "

"ကြၽန္ေတာ့္ အကိုႀကီးက ဦးေလကို  ေျပာခဲ့တာလား"

" အင္း.... "

ရႈဟိန္က သူ႔ညီေလးနဲ႔ပတ္သတ္တာကို ဘယ္ေျပာမလဲ။ ရႈခ်ိန္က ရႈနင္နဲ႔ပတ္သတ္ၿပီး သူ႔ကို ေသခ်ာမွာၾကားခဲ့တာပါ။
 

" ဒီ အရံဟင္းေတြကို စမ္းစားၾကည္ပါဦး။ ဒီမနက္မွ လုပ္ထားတာ။ လတ္ဆတ္ၿပီး စားလို႔ေကာင္းတယ္"

 
ရႈနင္က သူ၏မ်က္ႏွာေပၚမွာ ဘာအမူယာမွ ိုမျပေသာ္လည္း ဤလူသည္ ရႈဟိန္ႏွင့္ အလြန္ဆင္ တူသည္ဟု သူ ၏ႏွလုံးသားထဲတြင္ ခံစားေနမိသည္။ သူတို႔၏ အက်င့္နည္းနည္းေလးေတာင္ မလြဲေအာင္ တူေနသည္။ ဒါက အကိုႀကီးရဲ႕ အေဖရင္း  ......   မျဖစ္ႏိုင္ဘုး ...... မလား

သူ႔အေဖကရႈဟိန္ ရဲ႕ေမြးစားဖခင္ပဲ။ ဒါေၾကာင့္ ဒီလူက အကိုႀကိးရဲ႕ အေဖရင္းျဖစ္ႏိုင္တယ္...

ရႈနင္ရဲ႕   ဦး ေႏွာက္ေလးက အသည္းအသန္ ေတြးေနလို႔ ေခါင္းေတာင္မူးလာခ်င္သည္။ ဒါကို  အျမင္စူးရွၿပီး  ဉာဏ္ထက္သည့္ စစ္ထူထုံးက သတိထားမိလိုက္ သည္ႏွင့္ ခ်က္ခ်င္းပင္ သူ၏အၾကည့္က စိတ္ပူဟန္ထင္လာသည္။

 "ဘာမွားေနလို႔လဲ"

ရႈနင္သည္သူ၏ကိုယ္ပိုင္စြမ္းရည္ကိုသိၿပီးကြၽမ္းက်င္သူတစ္ ဦး ေရွ႕တြင္ သူ၏ခံစားခ်က္အစစ္အမွန္ကို မဖုံးကြယ္။  ႏိုင္ေသာေၾကာင့္ သူ၏မ်က္စိကို ပိတ္လိုက္ သည္။

"ဘာမွ မျဖစ္ပါဘူး။ နည္းနည္း ေခါင္းမူးလို႔ပါ..."

ရႈနင္က အားနည္းေသာဖြဲ႕စည္းပုံ ရွိေၾကာင္း စစ္ထူထုံး သိထားသည္။ ထို႔ေၾကာင့္ သူက ရႈနင္ကို လွဲအိပ္ရန္ ကူညီခဲ့သည္။

 "ငါ ဆရာဝန္ကိုသြားေခၚလိုက္မယ္၊ လိမ္လိမ္မာမာနဲ႔ ဦးေလးကို ဒီကေန ေစာင့္ေနေပးေနာ္...  "

"အမ္း "

စစ္ထူထုံး ထြက္သြားေသာ္ ရႈနင္က မ်က္လုံးျပန္ပြင့္ လာၿပီး သူ၏ မ်က္ဝန္းမ်ားက ေတာက္ပေနသည္။ အေစာက ဒီဦးေလးႀကီးက သူ႔ကိုလွဲအိပ္ေအာင္ ကူညီေပးေနတဲ့အခ်ိန္က ဆံပင္တေခ်ာင္းကို ရေအာင္ ယူလိုက္ႏိုင္သည္။ ဒါကို အကိုႀကီးရဲ႕ DNA နဲ႔ တိုက္ဆိုင္ စစ္ေဆးၾကည့္ရမည္။


ဒီဦးေလးႀကီးက ဘယ္သူလဲဆိုတာကို ရွင္းရွင္းလင္းလင္း သိေအာင္လုပ္ရမယ္။ သိပ္မၾကာခင္မွာပဲ စစ္ထူထုံးဟာ ဆရာဝန္နဲ႔ျပန္လာခဲ့တယ္။ ဆရာဝန္က စစ္ေဆးၾကည့္ၿပီး ဘာေရာဂါမွ မေတြ႕ရေပ။ ရာသီဥတုပူလြန္းလို႔ အပူရွပ္ၿပီး မူးတာျဖစ္ႏိုင္တယ္လို႔ ေျပာလိုက္သည္။

  ရႈနင္က ေလ့က်င့္ေရးမသြားခ်င္ေတာ့ စစ္ထူထုံးက သူ႔ကို အတင္းမသြားခိုင္းေပ။ အိပ္ေဆာင္ထဲမွာပဲ ေဆးပုလင္းႀကီး ခ်ိတ္ခိုင္းလိုက္သည္။ ဒီေနရာမွာ စစ္ထူထုံးက ဆက္ေနခ်င္ေပမယ့္ တျခားေက်ာင္းသားေတြ ျပန္လာရင္ ေတြ႕သြားႏိုင္လို႔ ဆရာဝန္ကိုပဲ ထားရစ္ကာ ထြက္သြားရသည္။



 ခဏၾကာၿပီးေနာက္ အန္းရီ သည္ အျခားေက်ာင္းသားမ်ားႏွင့္အတူ စကားေျပာကာ အိပ္ေဆာင္ထဲကို ဝင္လာခဲ့သည္။ သူတို႔က ေလ့က်င့္ေရးကို ထပ္သြားရေတာ့ ရႈနင္အေၾကာင္းကို ေျပာဆိုေနၾကသည္။

 သူတို႔က ရႈနင္ရဲ႕လုပ္ရပ္က ေၾကာင္းက်ိဳး မကိုက္ညီဘူး လို႔ ယူဆသည္။ ရႈနင္က
 မိန္းကေလးတစ္ေယာက္ထက္ ပိုၿပီးအားနည္းေနတာ၊ သူေလ့က်င့္တာကို ခဏခဏ ပ်က္ကြက္ခဲ့ရတယ္၊ မျဖစ္ဘူး..မျဖစ္ဘူး...ဒီလိုသာ ဆက္လက္ပ်က္ကြက္ေနရင္ အသင္းဖြဲ႕လိုက္ အမွတ္ေတြကို အႏူတ္ခံရလိမ့္မယ္။ ဒီလို အျဖစ္ခံလို႔မရဘူးဟု အန္းရီက ေတြးလိုက္သည္။
 
ရႈနင္က အဖြဲ႕လိုက္ လုပ္ေဆာင္ခ်က္မွာ မပူးေပါင္းလို႔ မျဖစ္ေပ။

ဒါေပမယ့္ သူ႔မွာ အဆက္အသြယ္ရွိေနလို႔ ခုလို ေနရဲတာလားဟု ေတြးလိုက္သည္။ ကြန္မန္ဒါကို ေတြးမိေတာ့ အန္းရီက မေတြးပဲ မေနႏိုင္ေတာ့ေပ။


ရႈနင္ဟာဇီဇာေၾကာင္တဲ့သူတစ္ေယာက္မဟုတ္ဘူး၊ သူအိပ္တဲ့အခါ အဝတ္စားေသခ်ာဝတ္ၿပီး အိပ္သလို စားတဲ့အခါလည္း သိပ္မ်ားမ်ားမစားဘူး။  ဒါေၾကာင့္ သူက အားနည္းတာျဖစ္ႏိုင္တယ္။ ရႈနင္ကို မ်ားမ်ားစားေအာင္ သူ ဘယ္လိုလုပ္ရမလဲ မသိေတာ့ေပ။

 လူအေတာ္မ်ားမ်ားသည္ တစ္ေန႔လုံးေလ့က်င့္ခန္းလုပ္ၾကၿပီး အရမ္းကို ဆာေလာင္စြာနဲ႔ အသင့္စား ေခါက္ဆြဲကိုစားၾကသည္၊ သို႔ေသာ္ ရႈနင္က ဘယ္ေတာ့မ ွမစားေပ။ ရႈနင္ရဲ႕အသားေရက ျဖဴေဖြးႏုနယ္ၿပီး ႏူတ္ခမ္းက နီျမန္းေနသည္။ ကြန္မန္ဒါက သူ႔ကို ေသခ်ာလာၿပီး ဂ႐ုစိုက္တယ္ဆိုေတာ့ မဟုတ္မွလြဲေရာ..ရႈနင္က အသိုင္းဝိုင္းႀကီးထဲက မ်ိဳးဆက္မ်ားလား..

 ဒီလိုေတြးမိၿပီး အသင္းေခါင္းေဆာင္ အန္းရီက ရည္႐ြယ္ခ်က္ရွိစြာၿပဳံးလိုက္သည္။ အခန္းထဲက ပုလင္းႀကီးခ်ိတ္ေနတဲ့ ရႈနင္ကို ျမင္ေတာ့ တကယ္ပဲ ရႈနင္ ေနမေကာင္းျဖစ္ေနသလားလို႔ ေတြးကာ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

ေက်ာက္လုံက ရႈနင္ကိုေတြ႕ေတာ့ တုန္လႈပ္ သြား ေသာ္လည္း သူ၏ပါးစပ္ကိုပိတ္ထားကာ ေမးလိုက္ သည္။

 ထို႔ေနာက္ ၎သည္မသင့္ေလ်ာ္ေၾကာင္း သေဘာေပါက္ၿပီးေနာက္ သူသည္ ရႈနင္၏လက္ကိုဆုပ္ကိုင္လိုက္ၿပီးေမးလိုက္သည္။

" အိုး..ဘုရားေရ..မင္း အပူရွပ္သြားတာလား... ေကာင္မေလးတခ်ိဳ႕ေတာင္ ကြင္းထဲမွာ မူးလဲကုန္ၾကတယ္.."


ဒါက ၾကားေတာ့ လူတိုင္းက ရႈနင္က မိန္းကေလး တစ္ေယာက္ထက္ေတာင္ ႏုနယ္ေၾကာင္း ေျပာဆိုေနၾကသည္။ ရႈနင္က နည္းနည္းေလးမွ ေယာက်္ားမဆန္ေပ။  ဆိုလိုတာက သူဟာေယာက္်ားတစ္ေယာက္နဲ႔ လုံးဝမတူဘူးဆိုတာပါ။

ေခ်ာင္ဟိုင္သည္ အသင္းေခါင္းေဆာင္ အန္းရီကိုေမွ်ာ္ၾကည့္ရင္း မ်က္ခုံးပင့္ကာ ခက္ထန္စြာၾကည့္လိုက္သည္၊ အန္းရီက လူေကာင္းလို ဟန္ေဆာင္ေနၿပီး အခု အခန္းထဲက တျခားေကာင္ေတြက ရႈနင္ကို ပုတ္ခတ္ေျပာဆိုေနတာကို ျမင္လ်က္ ၾကားလ်က္ ဘာေၾကာင့္ ဝင္မဟန႔္တားရတာလဲ...

 အန္းရီက ေကာင္းတဲ့ ရည္႐ြယ္ခ်က္ တစ္ခုမွ ရွိမည္ မထင္ေပ။

  "ရႈနင္က ပထမဆုံး မူးလဲတဲ့ ေကာင္ေလးမဟုတ္ဘူး။ ေလ့က်င့္ခန္း လုပ္ေလ့လုပ္ထ မရွိသူတိုင္းက ဒီလို ပူျပင္းတဲ့ ေန႔ေတြဆို မူးေဝတာ သဘာဝပဲ။ တကယ္လို႔ ကိုယ္က ကာဗြန္ဟိုက္ဒရိတ္ကို လုံေလာက္ေအာင္ မထိန္းႏိုင္ရင္ ဒီလို ေနပူထဲမွာ ေသခ်ာေပါက္ မူးလဲမွာပဲ။ ဒါကို မင္းတို႔က ဘာ အျပစ္တင္ေနၾကတာလဲ။ ငါတို႔က တခန္းတည္းသားေတြ မဟုတ္ဘူးလား။ အခ်င္းခ်င္း ကူညီေဖးမၿပီး ၿပီးဆုံးတဲ့အထိ ဆက္သြားသင့္တယ္ "

 ေခ်ာင္ဟိုင္ရဲ႕စကားကိုၾကားေတာ့ အန္းရီ၏မ်က္လုံးထဲ ျဖတ္ခနဲျဖစ္သြားကာ ရႈနင္၏ အနားကို ခ်က္ခ်င္းတိုးကပ္လာၿပီး ပ်ာပ်ာသလဲ ေျပာလိုက္သည္။

 " ငါ့အျပစ္ေတြပါ။ ငါက ရႈနင္ကို သတိထားခဲ့ရင္ သူ အခုလို မူးလဲတာ မျဖစ္ႏိုင္ေတာ့ဘူးေလ... "



ခ်န္မင္က ေဒါသျဖင့္ ဝင္ေျပာလိုက္သည္။

" ဂ႐ုမစိုက္လို႔ မူးလဲတာဟာ သူ႔အမွားပါ၊ အသင္းေခါင္းေဆာင္ နဲ႔ ဘာဆိုင္လို႔လဲ....  "  

ရႈနင္က႐ုတ္တရက္ေျပာလိုက္သည္ ။

 " ေတာ္ေလာက္ၿပီ"

ရႈနင္ ႐ုတ္တရက္ေျပာလိုက္ေသာအခါ လူတိုင္း အံ့အားသင့္သြားၾကသည္။

" မင္းတို႔က ဘာေတြျငင္းခုံေနၾကတာလဲ။ ငါ မေသေသးပါဘူး။  ၿပီးေတာ့ အသင္းေခါင္းေဆာင္... ငါ မူးလဲသြားတာ ငါ့ျပသနာေၾကာင့္ပါ။ ဒါက မင္းရဲ႕ အမွား ဘယ္လိုျဖစ္သြားရတာလဲ "

 
ရႈနင္၏ေမးခြန္းႏွင့္ ပတ္သက္၍အန္းရီးက  ျပန္မေျပာမီ ခဏတာအံ့အားသင့္သြားသည္။

 "ဘာေၾကာင့္လဲဆိုေတာ့ ငါ က အသင္းေခါင္းေဆာင္ျဖစ္ေနလို႔ေလ... "


"မင္းက အသင္းေခါင္းေဆာင္ဆိုတာကို ငါ သိပါတယ္။ အသင္းေခါင္းေဆာင္ကိုေ႐ြးခ်ယ္ဖို႔ လူတိုင္းမွာ တာဝန္ရွိတယ္။ မင္းက လူတိုင္းကို လိုက္ ဂ႐ုစိုက္ရတာကို ၿငီးေငြ႕ေနတယ္မဟုတ္လား။ မင္းရဲ႕ေကာင္းမႈေတြကို လူ ဘယ္ႏွစ္ေယာက္က  မွတ္မိေနမယ္ ထင္သလဲ။ "

ရႈနင္ေျပာလိုက္သည့္ စကားလုံးတိုင္းက  အစြမ္းထက္လွသည္။ အေပၚယံတြင္  ဂ႐ုစိုက္ေနပုံရေသာ္လည္း စကားလုံးမ်ားျဖင့္ အတြင္းက ေကာက္က်စ္မႈကို ေဖာ္ထုတ္ေထာက္ျပေနသည္။
 

ရႈနင္က သူ႔အားဖိအားေပးရန္ စီစဥ္ထားလို႔ အန္းရီကို လြတ္ထြက္ခြင့္မေပးႏိုင္ေပ။

 "မင္းက အသင္းေခါင္းေဆာင္ျဖစ္တဲ့အတြက္ မင္း ခိုင္းလိုက္တဲ့ အလုပ္ေၾကာင့္ အခန္းထဲက သင္တန္းသားေတြက လူစစ္ခ်ိန္မွာ ပ်က္ကြက္သြားခဲ့တယ္။ ဒါကို မင္းက ဝင္မရွင္းျပပဲ ႏူတ္ပိတ္ေနခဲ့တယ္။  ဒီအတြက္ အဲ့ဒီလူေတြ အမွတ္ႏူတ္ခံရတဲ့အခ်က္ေၾကာင့္ မင္းကိုယ္မင္း အျပစ္တင္ေန႐ုံနဲ႔ ၿပီးသြားတာလား... အရာအားလုံး ကိုေျဖရွင္းႏိုင္မလား "

ထိုစဥ္ ခဏတာမွာ အန္းရီရဲ႕မ်က္ႏွာက အနီေရာင္ျဖစ္ ေနၿပီးေနာက္  အျဖဴေရာင္ျဖစ္သြားခဲ့သည္။ သူက အနည္းငယ္ရွက္ေနသလိုခံစားရေသာ္လည္း ၿပဳံးေနဆဲျဖစ္သည္။

" ငါ ...... "

ရႈနင္က သူ႔စကားကို ျဖတ္ေျပာလိုက္သည္။  

 "ဒါဟာ မင္းရဲ႕အမွားမဟုတ္ဘူး၊ လူတိုင္းကို မင္းက ေစာင့္ၾကည့္ေနတယ္။ မင္းက ေကာင္းတယ္ဆိုတာ သူတို႔ေတြ သိႏိုင္တယ္။ ငါ အခု ပင္ပန္းေနၿပီ၊ မင္းတို႔  စားစရာေတြ သြားစားသင့္တယ္၊ စားၿပီးရင္ ငါ့အတြက္ ဘာမွျပန္ ယူမလာနဲ႔ေတာ့.. "

အန္းရီက တာဝန္ေက်သည့္ အသင္းေခါင္းေဆာင္ဆိုသည့္ ပုံရိပ္ကို ထိန္းကာ ရႈနင္အတြက္ စားစရာယူလာေပးခ်င္ေပမယ့္ ရႈနင္ စားၿပီးၿပီဆိုတာ သိလိုက္ရလို႔  ထပ္မွာလိုက္သည္။

  "ဒါဆို မင္း ေကာင္းေကာင္းနားလိုက္ဦး။ အရည္မ်ားမ်ားေသာက္သင့္တယ္..."

ၿပီးေတာ့ သူတို႔ အဖြဲ႕သားေတြက သူတို႔ပစၥည္းေတြကို ယူၿပီးထြက္သြားခဲ့တယ္။ေက်ာက္လုံက မ်က္ေမွာင္ၾကဳတ္ကာ ရႈနင္ကို ေျပာခဲ့သည္။

 " အသင္းေခါင္းေဆာင္ကေကာင္းေကာင္း မြန္မြန္ေျပာေပးေနပါတယ္။  ဒါေၾကာင့္ သူ႔ကို အရမ္း မေျပာေပးပါနဲ႔။  မင္းေၾကာင့္ သူ႔ခံစားခ်က္ေတြကို နာက်င္ေစလိမ့္မယ္။ ေကာင္းၿပီ။ မင္း ေကာင္းေကာင္း အနားယူရစ္လိုက္ဦး "


လူမိုက္ပဲ... မင္းက ဝက္တစ္ေကာင္လို ေရာင္းစားခံရတာေတာင္ အခုထိ မင္းကို အေကာက္ႀကံသူကို မသိပဲ ေက်းဇူးတင္ေနတုန္းပဲ။ ေက်ာက္လုံက လူဆိုးမဟုတ္ေပ။ သူက အေကာင္းျမင္စိတ္ရွိလြန္းၿပီး တဖက္သားကို ကူညီတတ္သျဖင့္ ဒါက သူမ်ားအတြက္ အသုံးခ်စရာ ေပ်ာ့ကြက္ျဖစ္ခဲ့သည္။ ေက်ာက္လုံက အန္းရီကို အရမ္း သေဘာက်ကာ အေကာင္းျမင္လြန္းေနသည္။ ဒါေၾကာင့္ ရႈနင္က ေက်ာက္လုံကို မတားေတာ့ပဲ လြတ္ထားၿပီး သူ႔အမွားကေန သင္ခန္းစာယူတတ္ေအာင္ပဲ လုပ္ရေတာ့မည္။

အခု သူတို႔ အခန္းထဲက လူ 8 ေယာက္တြင္ အသင္းေခါင္းေဆာင္ အန္းရီရဲ႕အမွတ္က အျမင့္ဆုံးျဖစ္မွာ ေသခ်ာသည္။ ေနာက္ဆုံးဘယ္သူ ျဖစ္မယ္ဆိုတာ တခ်ိန္က် ေပၚလာမွာပဲ...

 

မြန္းလြဲပိုင္းတြင္ စစ္ထူထုံး သည္သစ္သီးဝလံအခ်ိဳ႕ႏွင့္ ရႈနင္ထံသို႔ ထပ္မံ လည္ပတ္ခဲ့သည္။ ရႈနင္သည္သစ္သီးမ်ားစားရတာ ႀကိဳက္ႏွစ္သက္ၿပီး အထူးသျဖင့္စပ်စ္သီးမ်ားကိုစားသုံးျခင္းကိုႏွစ္သက္ေၾကာင္း စစ္ထူထုံး ေကာင္းစြာသိသည္။ စစ္ထူထုံးက ရႈနင္ရဲ႕ ပါးစပ္ထဲ ဖရဲသီး တစ္စိတ္ကို ယူကာ ခြံ႕ေပးလိုက္ေပမယ့္ ရႈနင္က သူ႔ဖာသာ ယူစားလိုက္သည္။

အကိုႀကီးက သူမ်ားခြံေကြၽးတာကို စားရင္ သဝန္တိုတတ္သည္ကို ရႈနင္က ဒီလို အေသးစိတ္အခ်က္အလက္မ်ားက အစ ိုဂ႐ုျပဳေလ့ရွိသည္။

အခန္းေဖာ္မ်ားက ေလ့က်င့္ေရးၿပီးလို႔  ညေနခင္းတြင္ျပန္ေရာက္လာေသာအခါ ခ်န္မင္သည္ အနံ႔ခံကာ ေျပာလိုက္သည္။

" ဘာလို႔ ဒီေနရာမွာ ဖရဲသီးနံ႔ ရေနတာလဲ... "  

အန္းရီ ၏မ်က္လုံးမ်ားကေတာက္ပလာၿပီး ခ်က္ခ်င္းပင္ ေျပာလိုက္သည္။

"ဒီမွာလား...။ ဘယ္လိုျဖစ္ႏိုင္လဲ။ "

ခ်န္မင္ကေခါင္းညိတ္ျပလိုက္သည္။

"ဒါ ေသခ်ာတယ္၊ ဖရဲသီးရဲ႕အနံ႔ပါ။ ဒါေပမယ့္ အနံ႔ကေတာ္ေတာ္ေလးေဖ်ာ့ေနတယ္"

လူတိုင္းက ရႈနင္ ကိုလွည့္ၾကည့္ၾကတယ္။ ႐ိုး႐ိုးရွင္းရွင္းေျပာရရင္ ခ်န္မင္က ရႈနင္ကို ဖရဲသီးစားတာလားလို႔ေမးလိုက္တာပဲျဖစ္သည္။

"ငါ စားခဲ့တယ္၊ နည္းျပဆရာက ငါ့အတြက္ ဖရဲသီးတခ်ိဳ႕ ယူလာၿပီး ေဆးစစ္ဖို႔ေဆး႐ုံကိုသြားဖို႔ လိုမလား လာေမးခဲ့တယ္၊ ဒါေပမယ့္ ငါ မသြားလိုက္ဘူး။ "

"မင္း အေျခေနက အဲ့ေလာက္ ျပင္းထန္လား... "

ေခ်ာင္ဟိုင္ကမ်က္ေမွာင္ၾကဳတ္လိုက္၏။ ရႈနင္ ရဲ႕အနီေရာင္ သန္းေနသည့္ အသားအေရကိုၾကည့္ရင္း သူက ရႈနင္ရဲ႕ နဖူးကိုထိလိုက္ၿပီး ေျပာလိုက္သည္။

" မင္း ကိုယ္အပူခ်ိန္ မျမင့္ပါဘူး"

ထိုစဥ္ တံခါးကိုဖြင့္လိုက္ၿပီး  စစ္သားတစ္ ဦး သည္ တစ္စုံတစ္ရာကို သယ္ေဆာင္လာျပန္သည္။ လူတိုင္း၏အာ႐ုံကိုဖမ္းစားသြားလို႔ အားလုံးေခါင္းေထာင္ကာ စပ္စုလာၾကသည္။

 
"ဒီမွာ ရႈနင္ ဆိုတာ ဘယ္သူလဲ"

***-*
















ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now