Chapter (10) - အကုိႀကီးေပါင္ႀကား ေျခေထာက္ေရာက္ေနေသာ ညီေလး

26.8K 4K 16
                                    

Chapter (10) - အကုိႀကီးေပါင္ႀကား ေျခေထာက္ေရာက္ေနေသာ ညီေလး

႐ႈဟိန္က ထိုစကားကိုၾကားေတာ့ ရႊီက်င္းဘက္ကို ျဖည့္ညင္းစြာ လွည့္ၾကည့္လိုက္သည္။ ႐ႈဟိန္၏ ခံစားခ်က္ကင္းမဲ့ေသာအၾကည့္က ရႊီက်င္းကို ေခၽြးျပန္လာေစသည္။ ရႊီက်င္းက ရႊီအိမ္ေတာ္၏ဆက္ခံသူ တရားဝင္သားႀကီးျဖစ္ေသာေၾကာင့္ တရားမဝင္ကေလးမ်ားကိစၥနဲ႔ပတ္သက္ၿပီး အေတြ႕အႀကံဳမ်ားစြာရွိသည္။ တရားဝင္သားမ်ားကို ယွဥ္ၿပိဳင္ဖို႔ႀကိဳးစားေနသည့္ တရားမဝင္ကေလးမ်ားကို ရွင္းပစ္ရာတြင္ ဆရာတစ္ဆူျဖစ္ေသာေၾကာင့္ သူငယ္ခ်င္းျဖစ္သူကို ကူညီဖို႔ႀကိဳးစားလိုက္ေပမယ့္ ျပန္ရလိုက္ေသာအၾကည့္ေၾကာင့္ ေခၽြးျပန္သြားသည္။

"မင္းအေမကို ငါ အကူအညီေတာင္းလို႔ရမလား.."

"ဒါ.. ဒါေပမယ့္.. ဒီကေလးက.."

ဒီကေလးက တရားဝင္သားျဖစ္ေသာ ႐ႈဟိန္ႏွင့္ ဘယ္လိုယွဥ္ႏိုင္မွာလဲ။ ဒါေပမယ့္ သူတုိ႔က ေလာဘတက္လာႏိုင္သည္။

"သူက company ကိုလိုခ်င္တယ္ဆိုရင္ေကာ.."

"စလုပ္စရာရွိတာ စလုပ္ေတာ့.. ပိုင္ဆိုင္မႈနဲ႔ပတ္သက္ၿပီး ငါ့ကိုယ္ကိုငါ ယံုၾကည္ၿပီးသားပဲ.."

သူငယ္ခ်င္းျဖစ္သူ၏ အမူအယာေၾကာင့္ ရႊီက်င္း ဘာမွမေျပာေတာ့ေပ။ ခ်မ္းသာသည့္ အထက္တန္းလႊာမိသားစုတိုင္းမွာ ဒီလိုတရားမဝင္သားသမီးကိစၥကေတာ့ အိမ္တိုင္းရွိစၿမဲျဖစ္သည္။ သူတုိ႔ရႊီမိသားစုမွာလည္း ဒီလိုမ်ိဳးမစစ္ကေလးေတြရွိကာ သူက အၿမဲရွင္းပစ္ရစၿမဲျဖစ္သည္။ ရႊီက်င္းက ႐ႈဟိန္၏မ်က္ဝန္းထဲက လူသတ္လိုရိပ္ကို သတိျပဳမိလိုက္ၿပီး ပါးစပ္ပိတ္သြားသည္။

"ေဆာရီးပဲကြာ.. မင္းကိစၥကို ငါဝင္မစြက္ဖက္သင့္ဘူး.. ဒီကိစၥကို ငါ ႏႈတ္လံုပါ့မယ္.."

"ရပါတယ္.. သူငယ္ခ်င္းေတြၾကား ဘာေျပာစရာလုိလို႔လဲ.. ဒါေပမယ့္ ေနာင္ခါ မင္းထပ္ေျပာရင္ေတာ့ မင္းကို ငါ လက္သီးတစ္ခ်က္ေတာ့ ေကၽြးရမယ္.."

ညီအစ္ကိုၾကားမွာ ဒီေလာက္ႀကီး အကဲဆတ္ဖို႔လိုလို႔လားကြာ..

ရႊီက်င္းက ခ်ိဳခ်ဥ္တစ္လံုးခြာကာ ပါးစပ္ထဲပစ္ထည့္ၿပီး သင္ခန္းစာကို အာ႐ံုစိုက္လိုက္သည္။

အိမ္ကိုေစာေစာျပန္လာေတာ့ ႐ႈဟိန္က အိမ္ေပၚကိုတက္လာရင္း ႐ႈနင္ကိုလိုက္ရွာခဲ့သည္။ ႐ႈနင္က သူ႔အိပ္ယာထက္မွာ လဲေလ်ာင္းရင္း အဖိုး႐ႈေကာင္းဝယ္ေပးသည့္ဖုန္းအသစ္ႏွင့္ game ေဆာ့ေနသည္။ ဖုန္း screen ကေသးၿပီး game function ကမစံုသျဖင့္ ေဆာ့ရတာ ေပ်ာ္စရာမေကာင္းေပ။ ဒါေပမယ့္ ဒီဟာက အဖိုးဆီက ခ်စ္လို႔ေပးေသာလက္ေဆာင္ျဖစ္လို႔ ႐ႈနင္က လက္ကမခ်တမ္း တကိုင္ကိုင္လုပ္ေနျခင္းျဖစ္သည္။

ညေနခင္းေနျခည္က ေကာင္ေလး၏ကိုယ္ေပၚ ျဖာက်ေနၿပီး ျမင္ကြင္းေလးက ႏူးညံ့ေႏြးေထြးလွသည္။ ႐ႈနင္က ေျခတစ္ဖက္ကို ေထာင္ထားသည့္ဒူးထက္တင္ကာ တလႈပ္လႈပ္ကစားေနသျဖင့္ ျဖဴေဖြးၾကည္လင္ေသာ ေျခေထာက္အစံုေလးက ေနေရာင္ေအာက္မွာ လင္းလို႔ေနသည္။ ဒီပံုစံေလးက အရမ္းကိုလွပေနသည္။ သူ႔ကိုယ္ေပၚ ေစာင္ပါးေလးလႊမ္းၿခံဳေပးခံရမွ ႐ႈဟိန္ကို သတိထားလိုက္မိသည္။

"ညေနေစာင္းရင္ ေအးလာတယ္.. ေႏြးေႏြးေထြးေထြးေန.."

႐ႈဟိန္က ႐ႈနင္၏ ေသးသြယ္ေသာကိုယ္လံုးေလးကို ေသခ်ာၾကည့္ၿပီး ျဖဴေရာ္ေရာ္မ်က္ႏွာေလးကို စိုက္ၾကည့္ေနသည္။ ဒီကေလးရဲ့အသားေရာင္က ဘာေၾကာင့္ ဒီေလာက္ျဖဴေရာ္ေနတာလဲ။ ေသးသြယ္ေသာမ်က္ႏွာေလးထက္မွာ လွပဝိုင္းစက္ေသာ မ်က္ဝန္းမ်ားက အေဖ့လိုထူထဲေသာ မ်က္ေတာင္စင္းစင္းမ်ား ဝန္းရံထားသည္။ ၿပီးေတာ့ ႏွာတံေပၚေပၚ၊ ႏႈတ္ခမ္းပါးပါးေလးတို႔ကို ႐ႈဟိန္ ေစ့စပ္စြာ စိုက္ၾကည့္ေနမိသည္။

အစ္ကုိႀကီးက ငါ့ကို ဘာေၾကာင့္ ဒီေလာက္စိုက္ၾကည့္ေနရတာလဲ..။

႐ႈနင္၏ႏွလံုးက ဗံုကေလးလိုခုန္လာၿပီး အစ္ကိုႀကီးကို မ်က္လံုးမလႊဲတမ္း ျပန္ၾကည့္ေနပံုေလးက သနားစရာျဖစ္ေနသည္။

"ဒီေန႔ကစၿပီး မနက္ည မင္း ႏြားႏို႔တစ္ခြက္စီေသာက္ရမယ္.. မနက္ျဖန္ ငါ ေဆး႐ံုကို ေဆးစစ္ဖို႔ သြားစရာရွိတယ္.. မင္းပါ တစ္ခါတည္းလိုက္ရမယ္.."

ဒါက ေသခ်ာေပါက္လုပ္ရမယ္ ဆိုသည့္သေဘာျဖစ္ေသာေၾကာင့္ ႐ႈနင္က မျငင္းရဲဘဲ ေခါင္းညိတ္လိုက္သည္။ ဒီလိုနာခံမႈရွိပံုက ႐ႈဟိန္၏စိတ္ထဲ ခ်စ္စရာေကာင္းလို႔ေနသည္။

႐ႈဟိန္ထြက္သြားေတာ့မွ ႐ႈနင္ စိတ္သက္သာရာရကာ သက္ျပင္း႐ိႈက္လိုက္မိသည္။ သူ႔အစ္ကိုႀကီးက သြားလာတာျမန္ဆန္ၿပီး အသံတစ္စက္မွမထြက္ဘူး၊ သူက ဘာလဲ.. သရဲလား. .( /(ㄒoㄒ)/~~ )

႐ႈနင္က ပုခံုးတြန္႔ကာ ဖုန္းျဖင့္ ႐ႈခ်ိန္ကို ေက်းဇူးတင္ေၾကာင္း message တစ္ေစာင္ပို႔လိုက္သည္။

႐ႈခ်ိန္က အလုပ္မ်ားၿပီး ခ်င္ယြိက်ိဳးက ကိုယ္ဝန္၂လရွိေပမယ့္ အိမ္မွာမနားခ်င္ေသာေၾကာင့္ ႐ႈခ်ိန္ႏွင့္အတူ company ကို လိုက္လာခဲ့သည္။

ညေနတြင္ ႐ႈေကာင္းက ေျမး၂ဦးႏွင့္ ေပ်ာ္ရႊင္စြာ ညစာစားၿပီးေနာက္ ႐ႈနင္ကို စာအိတ္နီတစ္အိတ္ မုန္႔ဖိုးေပးခဲ့သည္။ ႐ႈနင္အိမ္ကိုဝင္ကာစက အေဖ့ထံမွ စာအိတ္နီျဖင့္ မုန္႔ဖိုး 50000 ရရွိခဲ့ၿပီး ေနာက္ထပ္ရမည္ဟု မထင္ခဲ့ေပ။ ဒါေပမယ့္ အဖိုးက သေဘာေကာင္းစြာ မုန္႔ဖိုးထပ္ေပးခဲ့ျပန္သည္။ ႐ႈဟိန္က ေၾကာင္ေနေသာ႐ႈနင္ကို တိုက္တြန္းလိုက္သည္။

"အႀကီးကေပးတာကို ယူရတယ္.."

"ေက်းဇူးတင္ပါတယ္ အဖိုး.."

႐ႈနင္က ႐ိုေသစြာလွမ္းယူရင္း ေျပာလိုက္သည္။ လူတိုင္းက သူ႔ကို စာအိတ္နီေတြ၏တန္ဖိုးကို နားမလည္ဟုထင္ေပမယ့္ သူဂ႐ုမစိုက္ခဲ့ေပ။ အရင္ဘဝကလို မိုက္မဲစြာျဖင့္ မိတ္ေဆြတုေတြအေပၚ ေငြျဖဳန္းတာကို ဒီဘဝမွာ သူ ထပ္လုပ္ေတာ့မည္မဟုတ္ေပ။ ဒီစာအိတ္နီေတြထဲက ပါတဲ့ေငြေတြက သူ႔စီးပြားေရးမွာ ရင္းႏွီးျမႇဳပ္ႏွံမည့္ အရင္းအႏွီးမ်ားသာျဖစ္သည္။ ခ်စ္ခင္ရေသာမိသားစုက ေပးေသာေငြကို သူ တန္ဖိုးထားရမည္။

႐ႈနင္ဆီက 'အဖိုး' လို႔ေခၚသည့္အသံက ႐ႈေကာင္း၏ရင္ကို ပီတိျဖာသြားေစသည္။ ႐ႈဟိန္က 'အဖိုး' ဟု တစ္သက္လံုးေခၚခဲ့ေပမယ့္ သူ႔ေျမးအရင္းဆီက ေသြးသားရင္းခ်ာျဖစ္ေသာေၾကာင့္ သူ႔ရင္ကို ပိုၿပီးပီတိျဖစ္ေစသည္။ ႐ႈေကာင္းက ညစာစားၿပီး ေျမးႏွစ္ဦးကို ေလးနက္စြာၾကည့္ကာ လက္ေနာက္ပစ္ရင္း စတုတၳထပ္ကို ဓာတ္ေလွကားျဖင့္ တက္သြားေတာ့သည္။

အဖိုးတက္သြားမွ ႐ႈဟိန္လည္း သူ႔အိပ္ခန္းဆီ တိတ္ဆိတ္စြာတက္လာခဲ့သည္။ သူက သင္းကြဲဝံပုေလြလို တစ္ေယာက္တည္း ၿငိမ္သက္စြာေနေလ့ရွိသည္။ ဒါေပမယ့္ သူက မ်က္ခံုးပင့္ကာ သူ႔ေနာက္က႐ႈနင္ကို လွည့္ၾကည့္လိုက္သည္။

"အစ္ကိုႀကီး.."

႐ႈနင္က ေဖ်ာ္ရည္ခြက္ကို ကိုင္ထားရင္း တိုးတိုးေလးေခၚလိုက္သည္။

႐ႈဟိန္က ဘာမွမေျပာဘဲ ေျခလွမ္းက်ဲႀကီးႏွင့္ အေပၚထပ္ကိုဆက္တက္လာေတာ့ အေနာက္ကေျပးလိုက္လာေသာေျခသံကို ၾကားလိုက္ရသည္။ ေျခေထာက္တိုတိုေလးေတြႏွင့္ သူ႔ကိုမွီေအာင္ေျပးလိုက္လာရမည့္ ႐ႈနင္ကိုေတြးၿပီး ႐ႈဟိန္က ေျခလွမ္းကိုေႏွးလိုက္ေတာ့ ႐ႈနင္က သူ႔ကိုမွီလာသည္။ ထူးဆန္းသည့္ခံစားခ်က္က သူ႔ရင္ထဲ ျဖစ္တည္လာခဲ့ေသာေၾကာင့္ ႐ႈဟိန္က ရင္ဘတ္ကို လက္ႏွင့္အသာထိလိုက္မိသည္။

႐ႈဟိန္က စာၾကည့္ေနခ်ိန္ ႐ႈနင္က သူ႔အိပ္ခန္းထဲ တိတ္ဆိတ္စြာေနခဲ့ၿပီး ညနက္ေတာ့မွ ႐ႈဟိန္၏အခန္းတံခါးကို လာေခါက္လိုက္ျပန္သည္။

ကေလးငယ္ေလးတစ္ေယာက္က ေခါင္းအံုးႀကီးကိုေပြ႕ဖက္ကာ အိပ္ခ်င္မူးတူးႏွင့္ တံခါးဝမွာရပ္ေနသည္ကို ႐ႈဟိန္ၾကည့္လိုက္သည္။ ႐ႈဟိန္က ရြယ္တူခ်င္းထဲမွာပင္ ေခါင္းတစ္လံုးစာ အရပ္ပိုျမင့္သည္။ ခုေတာ့ အပင္ေပါက္ေလးလို႐ႈနင္ႏွင့္ ယွဥ္ရင္ သူက လူႀကီးတစ္ေယာက္ကဲ့သို႔ျဖစ္ေနသည္။

"အိပ္မေပ်ာ္လို႔လား.."

"အြန္း.. ဧည့္ခန္းက ေၾကာက္စရာႀကီး.. အေမက ဒီညျပန္မလာဘူးလို႔ေျပာတယ္.. အစ္ကိုႀကီး.. ကၽြန္ေတာ္ အစ္ကိုႀကီးနဲ႔ အိပ္လို႔ရမလား.."

႐ႈဟိန္က ႐ႈနင္ကို တည္ၿငိမ္စြာ ခဏစိုက္ၾကည့္ေနၿပီး အခန္းထဲဝင္ဖို႔ လမ္းဖယ္ေပးလိုက္သည္။ ႐ႈနင္က သက္ျပင္းေလးခိုးခ်ကာ အခန္းထဲလွစ္ခနဲဝင္ကာ အိပ္ယာထက္ကို တန္းတက္သြားေတာ့သည္။ နတ္ဘုရားကဲ့သုိ႔ တည္ၾကည္ေသာအစ္ကိုႀကီးနားကို သူ႔လိုလူသားေလးက ခ်ဥ္းကပ္ရတာ လြယ္လွသည္ေတာ့မဟုတ္ေပ။ နတ္ဘုရားနား သူက တစ္ဆင့္ခ်င္းခ်ဥ္းကပ္ေနရသည္။ ပထမ - အစ္ကိုႀကီးေဘးမွာ တစ္ေနရာစာရေအာင္ လုပ္ရသည္။ ဒုတယ - ညီအစ္ကိုဆက္ဆံေရးကို ပ်ိဳးေထာင္ရသည္။ တတိယ - အစ္ကိုႀကီး၏ႏွလံုးသားတံခါးကို ဖြင့္ရမည္။

အစ္ကိုႀကီး၏ေဘးမွာ တစ္ေနရာရဖို႔ ႀကိဳးစားေနရေသာေၾကာင့္ ႐ႈဟိန္၏ရင္ထဲ ဘာျဖစ္ေနသည္ကို ႐ႈနင္ မစဥ္းစားအားေပ။

႐ႈဟိန္က ေအာက္ထပ္ကိုဆင္းကာ ႏြားႏို႔တစ္ခြက္ေႏႊးလိုက္ၿပီး အေပၚထပ္ကိုယူလာကာ ႐ႈနင္ကိုေပးလိုက္သည္။ ႐ႈနင္ေသာက္ၿပီးသည္အထိ ေစာင့္ၿပီးမွ ေျပာလိုက္သည္။

"မနက္ျဖန္ ညေနေက်ာင္းဆင္းရင္ ေက်ာင္းေပါက္ဝမွာ ငါ့ကိုေစာင့္ေနပါ.."

"အြန္း.."

႐ႈနင္က ျပန္ေျဖလိုက္ၿပီး ခဏတုန္႔ဆိုင္းကာ အစ္ကိုႀကီး၏ရင္ခြင္ထဲ တိုးဝင္ကာ တင္းက်ပ္စြာဖက္လိုက္သည္။ ႐ႈဟိန္၏ကိုယ္က ေတာင့္တင္းသြားသျဖင့္ ႐ႈနင္က ခ်က္ခ်င္းျပန္လႊတ္ကာ ေျပာလိုက္သည္။

"အစ္ကိုႀကီးက အရမ္းေကာင္းတာပဲ.."

႐ႈဟိန္က တြန္းထုတ္လိုက္မိမလို ျဖစ္သြားသည္။ ႐ႈနင္က အိပ္ယာထက္ျပန္လွဲလိုက္ၿပီး အရည္လဲ့ေသာမ်က္ဝန္းႀကီးမ်ားျဖင့္ သူ႔ကိုေမာ့ၾကည့္ကာ လက္ေသးေသးေလးေတြျဖင့္ သူ႔ေဘးမွာပုတ္ျပကာ ေမးလိုက္သည္။

"အစ္ကိုႀကီး.. ဒီကိုလာပါ.."

႐ႈဟိန္က ၿငိမ္ေနသျဖင့္ ႐ႈနင္ မေပ်ာ္မရႊင္ခံစားလိုက္ရသည္။ သူသေဘာမက်ဘူးလား။ ဘာေၾကာင့္လဲ..။
"......."

႐ႈဟိန္က ခဏေနေတာ့မွ ႐ႈနင္၏ေဘးမွာ လဲေလ်ာင္းကာ အိပ္လိုက္သည္။ သူ႔ရင္ထဲက ဘာေၾကာင့္မွန္းမသိ ထူးဆန္းလို႔ေနသည္။ ႐ႈဟိန္က အိပ္ယာထက္မွာလဲေလ်ာင္းၿပီး မ်က္လံုးမွိတ္ကာ အိပ္လိုက္သည္။

ထိုအခ်ိန္ အိပ္မေပ်ာ္ႏိုင္ေသးေသာ ႐ႈနင္က ေဘးက မ်က္စိမွိတ္ကာ အသက္မွန္မွန္႐ွဴရင္း အိပ္သြားေသာ အစ္ကိုႀကီး၏လည္ပင္းကို ေလေလးႏွင့္မႈတ္ကာ က်ီစယ္လိုက္သည္။ သူက 13 ႏွစ္အရြယ္ ကေလးတစ္ေယာက္၏ကိုယ္ထဲမွာ ေရာက္ေနေပမယ့္ သူ႔စိတ္က အသက္ 30 အရြယ္ျဖစ္ေသာေၾကာင့္ ဒီဆယ္ေက်ာ္သက္လူငယ္ေလးကို စေနာက္လိုက္ခ်င္သည္။

ခါတိုင္းလိုဆိုလွ်င္ စည္းကမ္းႀကီးေသာ႐ႈဟိန္က ခုလိုေႏွာင့္ယွက္တာမ်ိဳးႀကံဳရင္ အျပင္ကိုပစ္ထုတ္လိုက္မွာျဖစ္ေပမယ့္ ႐ႈနင္ကို သူက ထူးဆန္းစြာ သည္းခံေနမိသည္။

႐ႈနင္က 13 ႏွစ္အရြယ္ခႏၶာထဲမွာရွိလို႔ အစ္ကိုကိုစေနာက္ရင္း အိပ္ေမာက်သြားေတာ့သည္။ ႐ႈနင္အိပ္ေမာက်သြားမွ ႐ႈဟိန္က တိတ္တဆိတ္ထကာ ႐ႈနင္၏ဖုန္းကို စစ္ၾကည့္လိုက္သည္။ ခ်င္ယြိက်ိဳးဆီက အိမ္ကိုျပန္မအိပ္ဘူးဟု စာပို႔ထားတာ ေတြ႕လိုက္ရသည္။

႐ႈနင္.. က ဒီစာကို ယံုတာပဲလား..။

႐ႈဟိန္က အိပ္ယာထက္ျပန္လွဲလိုက္ေတာ့ အိပ္ေပ်ာ္ေနေသာ႐ႈနင္က အလိုေလ်ာက္ အေႏြးဓာတ္ရွိရာကိုလွိမ့္ကာ သူ႔ကိုလွမ္းဖက္ေတာ့သည္။ အသားခ်င္းထိကာ ပူးကပ္အိပ္ရသည္ကို ႐ႈဟိန္က ေနသားမက်ေသာေၾကာင့္ လူခ်င္းခြာကာ အတြင္းဘက္သုိ႔ကပ္ကာ အိပ္ေပ်ာ္သြားေတာ့သည္။

ညနက္ေတာ့မွ ခ်င္ယြိက်ိဳးက အိမ္ကိုျပန္ေရာက္လာသည္။ ႐ႈနင္ တစ္ေယာက္တည္းအိပ္သြားေအာင္ သူမက လိမ္ၿပီးစာပို႔လိုက္တာျဖစ္သည္။ ကေလးက သူမ မရွိဘဲ မအိပ္တတ္လွ်င္ ႐ႈခ်ိန္က company ကို လိုက္ခြင့္ျပဳမည္မဟုတ္ေပ။ ရည္မွန္းခ်က္ႀကီးေသာ ခ်င္ယြိက်ိဳးက သူမဘဝတက္လမ္းကို ရေအာင္ႀကိဳးစားရာမွာ ဘယ္သူရဲ့ေႏွာင့္ယွက္မႈကိုမွ သည္းမခံေပ။ ဒါေၾကာင့္ ကိုယ္ဝန္ႏွင့္ ပင္ပန္းေနတာေတာင္ သူမက လင္ေယာက္်ားႏွင့္အတူ company ကို ရေအာင္သြားျခင္းျဖစ္သည္။ ခုေတာ့ သူမတစ္ကိုယ္တည္း ပင္ပန္းစြာျဖင့္ ပထမထပ္က သူမအိပ္ခန္းမွာ အိပ္ေမာက်သြားခဲ့သည္။ အလုပ္မျပတ္ေသာေၾကာင့္ ႐ႈခ်ိန္က company မွာပဲအိပ္သည္ဆိုေတာ့ တတိယထပ္ကို ဒီည သူမ သြားလို႔မရေပ။

မနက္ႏိုးလာေတာ့ ႐ႈနင္က သူ႔ေျခသလံုးေတြက အစ္ကုိႀကီး၏ေပါင္ၾကားထဲ ေရာက္လ်က္ရွိေနသည္ကို သိရေတာ့ သူမ်က္ႏွာက ( 囧 ) ျဖစ္သြားေတာ့သည္။

======================

Chapter (10) - အကိုကြီးပေါင်ကြား ခြေထောက်ရောက်နေသော ညီလေး

ရှုဟိန်က ထိုစကားကိုကြားတော့ ရွှီကျင်းဘက်ကို ဖြည့်ညင်းစွာ လှည့်ကြည့်လိုက်သည်။ ရှုဟိန်၏ ခံစားချက်ကင်းမဲ့သောအကြည့်က ရွှီကျင်းကို ချွေးပြန်လာစေသည်။ ရွှီကျင်းက ရွှီအိမ်တော်၏ဆက်ခံသူ တရားဝင်သားကြီးဖြစ်သောကြောင့် တရားမဝင်ကလေးများကိစ္စနဲ့ပတ်သက်ပြီး အတွေ့အကြုံများစွာရှိသည်။ တရားဝင်သားများကို ယှဉ်ပြိုင်ဖို့ကြိုးစားနေသည့် တရားမဝင်ကလေးများကို ရှင်းပစ်ရာတွင် ဆရာတစ်ဆူဖြစ်သောကြောင့် သူငယ်ချင်းဖြစ်သူကို ကူညီဖို့ကြိုးစားလိုက်ပေမယ့် ပြန်ရလိုက်သောအကြည့်ကြောင့် ချွေးပြန်သွားသည်။

"မင်းအမေကို ငါ အကူအညီတောင်းလို့ရမလား.."

"ဒါ.. ဒါပေမယ့်.. ဒီကလေးက.."

ဒီကလေးက တရားဝင်သားဖြစ်သော ရှုဟိန်နှင့် ဘယ်လိုယှဉ်နိုင်မှာလဲ။ ဒါပေမယ့် သူတို့က လောဘတက်လာနိုင်သည်။

"သူက company ကိုလိုချင်တယ်ဆိုရင်ကော.."

"စလုပ်စရာရှိတာ စလုပ်တော့.. ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ငါ့ကိုယ်ကိုငါ ယုံကြည်ပြီးသားပဲ.."

သူငယ်ချင်းဖြစ်သူ၏ အမူအယာကြောင့် ရွှီကျင်း ဘာမှမပြောတော့ပေ။ ချမ်းသာသည့် အထက်တန်းလွှာမိသားစုတိုင်းမှာ ဒီလိုတရားမဝင်သားသမီးကိစ္စကတော့ အိမ်တိုင်းရှိစမြဲဖြစ်သည်။ သူတို့ရွှီမိသားစုမှာလည်း ဒီလိုမျိုးမစစ်ကလေးတွေရှိကာ သူက အမြဲရှင်းပစ်ရစမြဲဖြစ်သည်။ ရွှီကျင်းက ရှုဟိန်၏မျက်ဝန်းထဲက လူသတ်လိုရိပ်ကို သတိပြုမိလိုက်ပြီး ပါးစပ်ပိတ်သွားသည်။

"ဆောရီးပဲကွာ.. မင်းကိစ္စကို ငါဝင်မစွက်ဖက်သင့်ဘူး.. ဒီကိစ္စကို ငါ နှုတ်လုံပါ့မယ်.."

"ရပါတယ်.. သူငယ်ချင်းတွေကြား ဘာပြောစရာလိုလို့လဲ.. ဒါပေမယ့် နောင်ခါ မင်းထပ်ပြောရင်တော့ မင်းကို ငါ လက်သီးတစ်ချက်တော့ ကျွေးရမယ်.."

ညီအစ်ကိုကြားမှာ ဒီလောက်ကြီး အကဲဆတ်ဖို့လိုလို့လားကွာ..

ရွှီကျင်းက ချိုချဉ်တစ်လုံးခွာကာ ပါးစပ်ထဲပစ်ထည့်ပြီး သင်ခန်းစာကို အာရုံစိုက်လိုက်သည်။

အိမ်ကိုစောစောပြန်လာတော့ ရှုဟိန်က အိမ်ပေါ်ကိုတက်လာရင်း ရှုနင်ကိုလိုက်ရှာခဲ့သည်။ ရှုနင်က သူ့အိပ်ယာထက်မှာ လဲလျောင်းရင်း အဖိုးရှုကောင်းဝယ်ပေးသည့်ဖုန်းအသစ်နှင့် game ဆော့နေသည်။ ဖုန်း screen ကသေးပြီး game function ကမစုံသဖြင့် ဆော့ရတာ ပျော်စရာမကောင်းပေ။ ဒါပေမယ့် ဒီဟာက အဖိုးဆီက ချစ်လို့ပေးသောလက်ဆောင်ဖြစ်လို့ ရှုနင်က လက်ကမချတမ်း တကိုင်ကိုင်လုပ်နေခြင်းဖြစ်သည်။

ညနေခင်းနေခြည်က ကောင်လေး၏ကိုယ်ပေါ် ဖြာကျနေပြီး မြင်ကွင်းလေးက နူးညံ့နွေးထွေးလှသည်။ ရှုနင်က ခြေတစ်ဖက်ကို ထောင်ထားသည့်ဒူးထက်တင်ကာ တလှုပ်လှုပ်ကစားနေသဖြင့် ဖြူဖွေးကြည်လင်သော ခြေထောက်အစုံလေးက နေရောင်အောက်မှာ လင်းလို့နေသည်။ ဒီပုံစံလေးက အရမ်းကိုလှပနေသည်။ သူ့ကိုယ်ပေါ် စောင်ပါးလေးလွှမ်းခြုံပေးခံရမှ ရှုဟိန်ကို သတိထားလိုက်မိသည်။

"ညနေစောင်းရင် အေးလာတယ်.. နွေးနွေးထွေးထွေးနေ.."

ရှုဟိန်က ရှုနင်၏ သေးသွယ်သောကိုယ်လုံးလေးကို သေချာကြည့်ပြီး ဖြူရော်ရော်မျက်နှာလေးကို စိုက်ကြည့်နေသည်။ ဒီကလေးရဲ့အသားရောင်က ဘာကြောင့် ဒီလောက်ဖြူရော်နေတာလဲ။ သေးသွယ်သောမျက်နှာလေးထက်မှာ လှပဝိုင်းစက်သော မျက်ဝန်းများက အဖေ့လိုထူထဲသော မျက်တောင်စင်းစင်းများ ဝန်းရံထားသည်။ ပြီးတော့ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါးလေးတို့ကို ရှုဟိန် စေ့စပ်စွာ စိုက်ကြည့်နေမိသည်။

အစ်ကိုကြီးက ငါ့ကို ဘာကြောင့် ဒီလောက်စိုက်ကြည့်နေရတာလဲ..။

ရှုနင်၏နှလုံးက ဗုံကလေးလိုခုန်လာပြီး အစ်ကိုကြီးကို မျက်လုံးမလွှဲတမ်း ပြန်ကြည့်နေပုံလေးက သနားစရာဖြစ်နေသည်။

"ဒီနေ့ကစပြီး မနက်ည မင်း နွားနို့တစ်ခွက်စီသောက်ရမယ်.. မနက်ဖြန် ငါ ဆေးရုံကို ဆေးစစ်ဖို့ သွားစရာရှိတယ်.. မင်းပါ တစ်ခါတည်းလိုက်ရမယ်.."

ဒါက သေချာပေါက်လုပ်ရမယ် ဆိုသည့်သဘောဖြစ်သောကြောင့် ရှုနင်က မငြင်းရဲဘဲ ခေါင်းညိတ်လိုက်သည်။ ဒီလိုနာခံမှုရှိပုံက ရှုဟိန်၏စိတ်ထဲ ချစ်စရာကောင်းလို့နေသည်။

ရှုဟိန်ထွက်သွားတော့မှ ရှုနင် စိတ်သက်သာရာရကာ သက်ပြင်းရှိုက်လိုက်မိသည်။ သူ့အစ်ကိုကြီးက သွားလာတာမြန်ဆန်ပြီး အသံတစ်စက်မှမထွက်ဘူး၊ သူက ဘာလဲ.. သရဲလား. .( /(ㄒoㄒ)/~~ )

ရှုနင်က ပုခုံးတွန့်ကာ ဖုန်းဖြင့် ရှုချိန်ကို ကျေးဇူးတင်ကြောင်း message တစ်စောင်ပို့လိုက်သည်။

ရှုချိန်က အလုပ်များပြီး ချင်ယွိကျိုးက ကိုယ်ဝန်၂လရှိပေမယ့် အိမ်မှာမနားချင်သောကြောင့် ရှုချိန်နှင့်အတူ company ကို လိုက်လာခဲ့သည်။

ညနေတွင် ရှုကောင်းက မြေး၂ဦးနှင့် ပျော်ရွှင်စွာ ညစာစားပြီးနောက် ရှုနင်ကို စာအိတ်နီတစ်အိတ် မုန့်ဖိုးပေးခဲ့သည်။ ရှုနင်အိမ်ကိုဝင်ကာစက အဖေ့ထံမှ စာအိတ်နီဖြင့် မုန့်ဖိုး 50000 ရရှိခဲ့ပြီး နောက်ထပ်ရမည်ဟု မထင်ခဲ့ပေ။ ဒါပေမယ့် အဖိုးက သဘောကောင်းစွာ မုန့်ဖိုးထပ်ပေးခဲ့ပြန်သည်။ ရှုဟိန်က ကြောင်နေသောရှုနင်ကို တိုက်တွန်းလိုက်သည်။

"အကြီးကပေးတာကို ယူရတယ်.."

"ကျေးဇူးတင်ပါတယ် အဖိုး.."

ရှုနင်က ရိုသေစွာလှမ်းယူရင်း ပြောလိုက်သည်။ လူတိုင်းက သူ့ကို စာအိတ်နီတွေ၏တန်ဖိုးကို နားမလည်ဟုထင်ပေမယ့် သူဂရုမစိုက်ခဲ့ပေ။ အရင်ဘဝကလို မိုက်မဲစွာဖြင့် မိတ်ဆွေတုတွေအပေါ် ငွေဖြုန်းတာကို ဒီဘဝမှာ သူ ထပ်လုပ်တော့မည်မဟုတ်ပေ။ ဒီစာအိတ်နီတွေထဲက ပါတဲ့ငွေတွေက သူ့စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမည့် အရင်းအနှီးများသာဖြစ်သည်။ ချစ်ခင်ရသောမိသားစုက ပေးသောငွေကို သူ တန်ဖိုးထားရမည်။

ရှုနင်ဆီက 'အဖိုး' လို့ခေါ်သည့်အသံက ရှုကောင်း၏ရင်ကို ပီတိဖြာသွားစေသည်။ ရှုဟိန်က 'အဖိုး' ဟု တစ်သက်လုံးခေါ်ခဲ့ပေမယ့် သူ့မြေးအရင်းဆီက သွေးသားရင်းချာဖြစ်သောကြောင့် သူ့ရင်ကို ပိုပြီးပီတိဖြစ်စေသည်။ ရှုကောင်းက ညစာစားပြီး မြေးနှစ်ဦးကို လေးနက်စွာကြည့်ကာ လက်နောက်ပစ်ရင်း စတုတ္ထထပ်ကို ဓာတ်လှေကားဖြင့် တက်သွားတော့သည်။

အဖိုးတက်သွားမှ ရှုဟိန်လည်း သူ့အိပ်ခန်းဆီ တိတ်ဆိတ်စွာတက်လာခဲ့သည်။ သူက သင်းကွဲဝံပုလွေလို တစ်ယောက်တည်း ငြိမ်သက်စွာနေလေ့ရှိသည်။ ဒါပေမယ့် သူက မျက်ခုံးပင့်ကာ သူ့နောက်ကရှုနင်ကို လှည့်ကြည့်လိုက်သည်။

"အစ်ကိုကြီး.."

ရှုနင်က ဖျော်ရည်ခွက်ကို ကိုင်ထားရင်း တိုးတိုးလေးခေါ်လိုက်သည်။

ရှုဟိန်က ဘာမှမပြောဘဲ ခြေလှမ်းကျဲကြီးနှင့် အပေါ်ထပ်ကိုဆက်တက်လာတော့ အနောက်ကပြေးလိုက်လာသောခြေသံကို ကြားလိုက်ရသည်။ ခြေထောက်တိုတိုလေးတွေနှင့် သူ့ကိုမှီအောင်ပြေးလိုက်လာရမည့် ရှုနင်ကိုတွေးပြီး ရှုဟိန်က ခြေလှမ်းကိုနှေးလိုက်တော့ ရှုနင်က သူ့ကိုမှီလာသည်။ ထူးဆန်းသည့်ခံစားချက်က သူ့ရင်ထဲ ဖြစ်တည်လာခဲ့သောကြောင့် ရှုဟိန်က ရင်ဘတ်ကို လက်နှင့်အသာထိလိုက်မိသည်။

ရှုဟိန်က စာကြည့်နေချိန် ရှုနင်က သူ့အိပ်ခန်းထဲ တိတ်ဆိတ်စွာနေခဲ့ပြီး ညနက်တော့မှ ရှုဟိန်၏အခန်းတံခါးကို လာခေါက်လိုက်ပြန်သည်။

ကလေးငယ်လေးတစ်ယောက်က ခေါင်းအုံးကြီးကိုပွေ့ဖက်ကာ အိပ်ချင်မူးတူးနှင့် တံခါးဝမှာရပ်နေသည်ကို ရှုဟိန်ကြည့်လိုက်သည်။ ရှုဟိန်က ရွယ်တူချင်းထဲမှာပင် ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်သည်။ ခုတော့ အပင်ပေါက်လေးလိုရှုနင်နှင့် ယှဉ်ရင် သူက လူကြီးတစ်ယောက်ကဲ့သို့ဖြစ်နေသည်။

"အိပ်မပျော်လို့လား.."

"အွန်း.. ဧည့်ခန်းက ကြောက်စရာကြီး.. အမေက ဒီညပြန်မလာဘူးလို့ပြောတယ်.. အစ်ကိုကြီး.. ကျွန်တော် အစ်ကိုကြီးနဲ့ အိပ်လို့ရမလား.."

ရှုဟိန်က ရှုနင်ကို တည်ငြိမ်စွာ ခဏစိုက်ကြည့်နေပြီး အခန်းထဲဝင်ဖို့ လမ်းဖယ်ပေးလိုက်သည်။ ရှုနင်က သက်ပြင်းလေးခိုးချကာ အခန်းထဲလှစ်ခနဲဝင်ကာ အိပ်ယာထက်ကို တန်းတက်သွားတော့သည်။ နတ်ဘုရားကဲ့သို့ တည်ကြည်သောအစ်ကိုကြီးနားကို သူ့လိုလူသားလေးက ချဉ်းကပ်ရတာ လွယ်လှသည်တော့မဟုတ်ပေ။ နတ်ဘုရားနား သူက တစ်ဆင့်ချင်းချဉ်းကပ်နေရသည်။ ပထမ - အစ်ကိုကြီးဘေးမှာ တစ်နေရာစာရအောင် လုပ်ရသည်။ ဒုတယ - ညီအစ်ကိုဆက်ဆံရေးကို ပျိုးထောင်ရသည်။ တတိယ - အစ်ကိုကြီး၏နှလုံးသားတံခါးကို ဖွင့်ရမည်။

အစ်ကိုကြီး၏ဘေးမှာ တစ်နေရာရဖို့ ကြိုးစားနေရသောကြောင့် ရှုဟိန်၏ရင်ထဲ ဘာဖြစ်နေသည်ကို ရှုနင် မစဉ်းစားအားပေ။

ရှုဟိန်က အောက်ထပ်ကိုဆင်းကာ နွားနို့တစ်ခွက်နွှေးလိုက်ပြီး အပေါ်ထပ်ကိုယူလာကာ ရှုနင်ကိုပေးလိုက်သည်။ ရှုနင်သောက်ပြီးသည်အထိ စောင့်ပြီးမှ ပြောလိုက်သည်။

"မနက်ဖြန် ညနေကျောင်းဆင်းရင် ကျောင်းပေါက်ဝမှာ ငါ့ကိုစောင့်နေပါ.."

"အွန်း.."

ရှုနင်က ပြန်ဖြေလိုက်ပြီး ခဏတုန့်ဆိုင်းကာ အစ်ကိုကြီး၏ရင်ခွင်ထဲ တိုးဝင်ကာ တင်းကျပ်စွာဖက်လိုက်သည်။ ရှုဟိန်၏ကိုယ်က တောင့်တင်းသွားသဖြင့် ရှုနင်က ချက်ချင်းပြန်လွှတ်ကာ ပြောလိုက်သည်။

"အစ်ကိုကြီးက အရမ်းကောင်းတာပဲ.."

ရှုဟိန်က တွန်းထုတ်လိုက်မိမလို ဖြစ်သွားသည်။ ရှုနင်က အိပ်ယာထက်ပြန်လှဲလိုက်ပြီး အရည်လဲ့သောမျက်ဝန်းကြီးများဖြင့် သူ့ကိုမော့ကြည့်ကာ လက်သေးသေးလေးတွေဖြင့် သူ့ဘေးမှာပုတ်ပြကာ မေးလိုက်သည်။

"အစ်ကိုကြီး.. ဒီကိုလာပါ.."

ရှုဟိန်က ငြိမ်နေသဖြင့် ရှုနင် မပျော်မရွှင်ခံစားလိုက်ရသည်။ သူသဘောမကျဘူးလား။ ဘာကြောင့်လဲ..။
"......."

ရှုဟိန်က ခဏနေတော့မှ ရှုနင်၏ဘေးမှာ လဲလျောင်းကာ အိပ်လိုက်သည်။ သူ့ရင်ထဲက ဘာကြောင့်မှန်းမသိ ထူးဆန်းလို့နေသည်။ ရှုဟိန်က အိပ်ယာထက်မှာလဲလျောင်းပြီး မျက်လုံးမှိတ်ကာ အိပ်လိုက်သည်။

ထိုအချိန် အိပ်မပျော်နိုင်သေးသော ရှုနင်က ဘေးက မျက်စိမှိတ်ကာ အသက်မှန်မှန်ရှူရင်း အိပ်သွားသော အစ်ကိုကြီး၏လည်ပင်းကို လေလေးနှင့်မှုတ်ကာ ကျီစယ်လိုက်သည်။ သူက 13 နှစ်အရွယ် ကလေးတစ်ယောက်၏ကိုယ်ထဲမှာ ရောက်နေပေမယ့် သူ့စိတ်က အသက် 30 အရွယ်ဖြစ်သောကြောင့် ဒီဆယ်ကျော်သက်လူငယ်လေးကို စနောက်လိုက်ချင်သည်။

ခါတိုင်းလိုဆိုလျှင် စည်းကမ်းကြီးသောရှုဟိန်က ခုလိုနှောင့်ယှက်တာမျိုးကြုံရင် အပြင်ကိုပစ်ထုတ်လိုက်မှာဖြစ်ပေမယ့် ရှုနင်ကို သူက ထူးဆန်းစွာ သည်းခံနေမိသည်။

ရှုနင်က 13 နှစ်အရွယ်ခန္ဓာထဲမှာရှိလို့ အစ်ကိုကိုစနောက်ရင်း အိပ်မောကျသွားတော့သည်။ ရှုနင်အိပ်မောကျသွားမှ ရှုဟိန်က တိတ်တဆိတ်ထကာ ရှုနင်၏ဖုန်းကို စစ်ကြည့်လိုက်သည်။ ချင်ယွိကျိုးဆီက အိမ်ကိုပြန်မအိပ်ဘူးဟု စာပို့ထားတာ တွေ့လိုက်ရသည်။

ရှုနင်.. က ဒီစာကို ယုံတာပဲလား..။

ရှုဟိန်က အိပ်ယာထက်ပြန်လှဲလိုက်တော့ အိပ်ပျော်နေသောရှုနင်က အလိုလျောက် အနွေးဓာတ်ရှိရာကိုလှိမ့်ကာ သူ့ကိုလှမ်းဖက်တော့သည်။ အသားချင်းထိကာ ပူးကပ်အိပ်ရသည်ကို ရှုဟိန်က နေသားမကျသောကြောင့် လူချင်းခွာကာ အတွင်းဘက်သို့ကပ်ကာ အိပ်ပျော်သွားတော့သည်။

ညနက်တော့မှ ချင်ယွိကျိုးက အိမ်ကိုပြန်ရောက်လာသည်။ ရှုနင် တစ်ယောက်တည်းအိပ်သွားအောင် သူမက လိမ်ပြီးစာပို့လိုက်တာဖြစ်သည်။ ကလေးက သူမ မရှိဘဲ မအိပ်တတ်လျှင် ရှုချိန်က company ကို လိုက်ခွင့်ပြုမည်မဟုတ်ပေ။ ရည်မှန်းချက်ကြီးသော ချင်ယွိကျိုးက သူမဘဝတက်လမ်းကို ရအောင်ကြိုးစားရာမှာ ဘယ်သူရဲ့နှောင့်ယှက်မှုကိုမှ သည်းမခံပေ။ ဒါကြောင့် ကိုယ်ဝန်နှင့် ပင်ပန်းနေတာတောင် သူမက လင်ယောက်ျားနှင့်အတူ company ကို ရအောင်သွားခြင်းဖြစ်သည်။ ခုတော့ သူမတစ်ကိုယ်တည်း ပင်ပန်းစွာဖြင့် ပထမထပ်က သူမအိပ်ခန်းမှာ အိပ်မောကျသွားခဲ့သည်။ အလုပ်မပြတ်သောကြောင့် ရှုချိန်က company မှာပဲအိပ်သည်ဆိုတော့ တတိယထပ်ကို ဒီည သူမ သွားလို့မရပေ။

မနက်နိုးလာတော့ ရှုနင်က သူ့ခြေသလုံးတွေက အစ်ကိုကြီး၏ပေါင်ကြားထဲ ရောက်လျက်ရှိနေသည်ကို သိရတော့ သူမျက်နှာက ( 囧 ) ဖြစ်သွားတော့သည်။

======================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now