Chapter (39) -အကိုႀကီးရဲ႕ဟာက မေသးဘူး မဟုတ္လား ^ o ^ (Z+U)

23.2K 3.6K 52
                                    

Chapter (39) –အကိုႀကီးရဲ႕ဟာက မေသးဘူး မဟုတ္လား ^ o ^ (Z+U)

တကယ္ႀကီး ကၽြန္ေတာ္နဲ႔ chess ကစားမွာလား..။ အဖိုး အစ္ကိုႀကီးနဲ႔ကစားၿပီး သူ႔ကို ျမန္ျမန္ေသေအာင္သာ လုပ္ေပးပါဗ်ာ..။

႐ႈနင္က အျပင္ပိုင္းမွာ တကယ္ေအးေဆးတည္ၿငိမ္ေယာင္ ေဆာင္ထားေပမယ့္ ႏွလံုးသားထဲမွာ ခါးသီးလို႔ေနသည္။ တခါက အစ္ကိုႀကီးေရွ႕မွာ မ႐ႈမလွ႐ံႈးၿပီးကတည္းက သူ႔သေဘာနဲ႔သူ စစ္တုရင္ခံုနား ဘယ္ေတာ့မွမကပ္ေတာ့ေပ။ အဖိုးက ဘာေၾကာင့္ ႐ႈဟိန္နဲ႔ႏိႈင္းယွဥ္ၿပီး သူ႔ကိုပါ စစ္တုရင္ကစားႏိုင္မယ္လို႔ ထင္ရတာလဲ..။

႐ႈေကာင္းက ႐ႈနင္၏ခံစားခ်က္ကို ရိပ္မိသြားၿပီး ေမးလိုက္သည္။

"ငါ့ေျမးေလးက ဘာေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ေနရတာလဲ.. မင္းတို႔ႏွစ္ေယာက္ အတူတူကစားခ်င္တာလား.."

"အဖိုး.. အဖုိးက ျမင္းတစ္ေကာင္၊ အေျမႇာက္တစ္လက္နဲ႔ ရထားတစ္စင္းတည္းေပးတာ သားက ဘာလုပ္လို႔ရမွာလဲ.."

"ဒါဆို ပြန္းတစ္ေကာင္ ထပ္ေပးမယ္ကြာ.."

"........."

႐ႈေကာင္းက ခ်စ္ျမတ္ႏိုးစြာ ႐ႈနင္၏လက္ေလးကို ဆြဲယူကာ ေမးလိုက္ျပန္သည္။

"ဒါဆို အဖိုးကိုေျပာ.. ငါ့ေျမးေက်နပ္ေအာင္ အဖုိးလုပ္ေပးမယ္.."

"အဖိုးရဲ့ဦးေႏွာက္ကိုေပး.." (→_→)

႐ႈေကာင္း : "........."

႐ႈဟိန္ : "........."

အိမ္ေတာ္ထိန္းေဟာင္း ဆြန္းလင္းက ထိုစကားကိုၾကားေတာ့ ေယာင္ယမ္းၿပီး အပင္ကိုတိေပးေနရာမွ 'ခရက္ခ္' ဆိုၿပီး အကိုင္းတစ္ကိုင္းကို ညႇပ္ခ်မိသြားေတာ့သည္။ (o(╯□╰)o)

စကားဝိုင္းက တိတ္ဆိတ္သြားသျဖင့္ ဆြန္းလင္းက ဝင္ထိန္းလိုက္သည္။

"တ႐ုတ္စစ္တုရင္က ခက္လြန္းရင္ US-Army Chess ကစားပါလား.."

႐ႈဟိန္က ဝင္ေျပာလိုက္သည္။

"Gomoku က ပိုလြယ္မယ္.."

"........." ငါ IQ နိမ့္တာကိုမ်ား ဝိုင္းေျပာေနၾကတာလားဟမ္.. ဒါဆိုလည္း တိရိစာၦန္ Chess ပဲ ကစားၾကတာေပါ့။ ကေလးဆန္စြာပဲ ႐ႈနင္က ဇြတ္ေရြးလိုက္သည္။

"တ႐ုတ္ Chess ပဲကစားၾကစို႔.."

႐ႈေကာင္းက ေပ်ာ္ရႊင္စြာျဖင့္ တ႐ုတ္စစ္တုရင္ကို ခင္းက်င္းလိုက္သည္။ ႐ႈဟိန္က ဖယ္မေပးဘဲ ေျခေထာက္ခ်ဲကားလိုက္ကာ ေျပာလိုက္သည္။

"ဒီမွာလာထိုင္.."

သူက ႐ႈနင္၏လက္ကိုဆြဲကာ တစ္ခံုတည္းမွာ အတူထိုင္လိုက္ၾကသည္။ ကံေကာင္းလို႔ အဖိုးတို႔ေရွ႕မွာ သူ႔ကို ေပါင္ေပၚမထိုင္ခိုင္းလိုက္တာဟု ေတြးေနသည္။ အဖိုးႏွင့္ အိမ္ေတာ္ထိန္းေဟာင္းႀကီး ရွိေနေသာေၾကာင့္ ႐ႈဟိန္ကိုမ်က္ႏွာသာေပးဖို႔ ႐ႈနင္က မ႐ုန္းေတာ့ဘဲ အစ္ကိုႀကီးေျခေထာက္ၾကား ဝင္ထိုင္လိုက္သည္။ ရင္းႏွီးေႏြးေထြးေသာ မိသားစုပံုစံေၾကာင့္ အဖိုးက ေပ်ာ္သြားသည္။

႐ႈေကာင္းက ႐ႈနင္ႀကိဳက္တတ္ေသာမုန္႔ႏွင့္ ေဖ်ာ္ရည္ကို ျပင္ေပးဖို႔ေျပာေတာ့ အိမ္ေတာ္ထိန္းေဟာင္းႀကီးဆြန္းလင္းက တက္ၾကြေပ်ာ္ရႊင္စြာ ေအာက္ကိုဆင္းသြားေတာ့သည္။

အရည္အခ်င္း ကြာျခားမႈေၾကာင့္ အဖိုးကို ႏိုင္ေအာင္ကစားဖို႔ဆိုတာ တကယ္မလြယ္ေပ။ ၃ပြဲဆက္တိုက္ ႐ႈနင္႐ံႈးေနေပမယ့္ အေလွ်ာ့မေပးဘဲ အဖိုးႏွင့္ဆက္ကစားေနသည္။ ႐ႈဟိန္က ႐ႈနင္ အကြက္တစ္ကြက္ေရႊ႕ေတာ့မည္အျပဳ တိတ္တိတ္ကေလး ေပါင္ကိုဆုပ္ကိုင္ကာ ဟန္႔တားဟန္ျပဳလိုက္သည္။ ထိုအခါ ႐ႈနင္က လက္ထဲကရထားကိုခ်ၿပီး အေျမႇာက္ကိုေျပာင္းကာ ေရႊ႕လိုက္သည္။

႐ႈေကာင္းက ေျမးႏွစ္ေယာက္ တိတ္တဆိတ္ပူးေပါင္းကာ သူႏွင့္ကစားတာသိေပမယ့္ မသိဟန္ေဆာင္ကာ လႊတ္ထားလိုက္သည္။ ထိုတစ္ပြဲတြင္ ႐ႈနင္ကုိအႏိုင္ေပးလိုက္ေသာေၾကာင့္ ႐ႈနင္ကအရမ္းကို ေပ်ာ္ရႊင္တက္ၾကြသြားေတာ့သည္။

႐ႈဟိန္က အဖိုးကို႐ံႈးၿပီး အဖိုးက သူ႔ဆီမွာ႐ံႈးသြားခဲ့သည္။ သူတို႔လိမ္ကစားတာေၾကာင့္ ႏိုင္တယ္ဆိုေပမယ့္ ကေလးေလးရဲ႕စိတ္ထဲ ေပ်ာ္႐ႊင္လို႔ေနသည္။

႐ႈေကာင္းက သူ႔ေျမးႏွစ္ေယာက္ ေပါင္းကစားတာသိေပမယ့္ မျမင္ေယာင္ေဆာင္ေပးသလို သူတို႔က မုန္႔စားလိုက္၊ ေဖ်ာ္ရည္ေသာက္လိုက္၊ ႐ႈနင္ကို စေနာက္လိုက္ျဖင့္ မိသားစုေျမးအဖိုးတစ္သိုက္က ၾကည္ႏူးဖြယ္အခ်ိန္ေလးကို ကုန္လြန္ျဖတ္သန္းေနၾကသည္။

ခ်င္ယြိက်ိဳးက မနက္ခင္းပိုင္းမွာ အစ္မလတ္ေၾကာင့္ အရမ္းကိုပူေဆြးခဲ့ရေပမယ့္ ညေနပိုင္းတြင္ မိသားစုအတြက္ ႀကိဳးစားပမ္းစား အလုပ္လုပ္ေပးေနခဲ့သည္။

႐ႈခ်ိန္ အလုပ္ကျပန္လာေတာ့ ဖခင္ႀကီးဆီကို သြားႏႈတ္ဆက္သည္။ ႐ႈေကာင္းက စစ္တုရင္ရုပ္ေလးမ်ားကို အဝတ္ႏွင့္သုတ္ရင္း ေႏြရာသီမွာ စိုက္ပ်ိဳးမည့္အပင္အေၾကာင္း ဆြန္းလင္းႏွင့္တိုင္ပင္ေနၾကသည္။ ႐ႈခ်ိန္က သူ႔အေဖ ခုလို ေအးေဆးေပ်ာ္ရႊင္ေနဟန္ကုိၾကည့္ကာ ျပံဳးၿပီးေျပာလုိက္သည္။

"အေဖ.. ကၽြန္ေတာ္ ျပန္လာပါၿပီ"

"မင္းမိန္းမရဲ႕ အျပဳအမူ၊ သြားလာတဲ့ေနရာကို ေသခ်ာစစ္ေဆးၿပီးသြားၿပီ"

႐ႈေကာင္းက ေခါင္းမေမာ့ဘဲ စစ္တုရင္ရုပ္ေလးေတြကို သုတ္ရင္းေျပာလိုက္ေတာ့ ဆြန္းလင္းက သခင္ေလးကို ထိုင္ဖို႔ဖိတ္ေခၚကာ လက္ဖက္ရည္တစ္ခြက္ကမ္းေပးၿပီး ေျပာလိုက္သည္။

"ကိုယ္ရံေတာ္ေတြက မစၥရႈေနာက္ကို လိုက္စံုစမ္းေတာ့ သူမရဲ႕အစ္မက သူမက္ို ဘဏ္တိုက္လိုသေဘာထားခ်င္ေနတယ္လို႔ ေျပာပါတယ္"

"သူမကို မွီခိုခ်င္ၾကတာလား.."

႐ႈခ်ိန္က လက္ဖက္ရည္ေသာက္ရင္း တည္ၿငိမ္စြာေမးလိုက္သည္။

"ဟုတ္ပါတယ္.. အစ္မလတ္က မစၥရႈကို လိုအပ္ခ်ိန္တိုင္း ေငြေတာင္းဖို႔ၾကံေနတာပါ ၊ သခင္ႀကီးက ဒီကိစၥကို ေျဖရွင္းလိုက္ၿပီျဖစ္လို႔ သခင္ေလးက စိတ္မပူပါနဲ႔ေတာ့"

ဆြန္းလင္းက အသံသြင္းေဘာပင္ကို ကမ္းေပးကာေျပာလိုက္သည္။

"ဒီဟာက ကိုယ္ရံေတာ္ေတြယူလာခဲ့တဲ့ အသံသြင္းထားတဲ့ဟာပဲ.. သူမတို႔ေျပာဆိုတာအကုန္ အသံဖမ္းထားပါတယ္.. သခင္ေလး နားေထာင္ၾကည့္လိုက္ပါ"

"မလိုေတာ့ဘူး.. အေဖ.. ေအာက္ထပ္ကိုညစာဆင္းစားၾကစို႔.. ယြိက်ိဳးက အေဖႀကိဳက္တဲ့ ငါးဟင္းခ်က္ထားတယ္ "

"ငါ လုပ္စရာေလးရွိေသးတယ္.. မင္းအရင္ဆင္းႏွင့္.."

"ဟုတ္ကဲ့.."

႐ႈခ်ိန္ဆင္းသြြားေတာ့ ဆြန္းလင္းက အသံသြင္းထားတာကို ဖ်က္လိုက္သည္။ ႐ႈေကာင္းက ေရေႏြးကိုတစ္ငံုေသာက္ကာ ဆြန္းလင္းကိုေျပာလိုက္သည္။

"ငါတို႔အတူရွိေနတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီ.. မင္းျဖစ္ခ်င္တာေျပာေလ"

"ကၽြန္ေတာ္ နားမလည္ဘူး.."

"ဆြန္းလင္း.. မင္းဒီအသံဖမ္းထားတာကို ေသခ်ာနားေထာင္ၿပီးၿပီလား.. ဒီထဲက စကားေျပာေတြက အရမ္းကို ျပည့္စံုေကာင္းမြန္လြန္းၿပီး ေသခ်ာျပင္ဆင္ရိုက္ကူးထားတဲ့ TV drama series ကို ၾကည့္ေနရသလိုပဲ.. စိတ္ခံစားခ်က္ ေပါက္ကြဲထြက္လာၿပီး ခုလို အေျခအတင္ ေျပာဆိုၾကတဲ့သူေတြက ဒီလိုမ်ိဳး ေကာင္းမြန္ၿပီး ဟာကြက္မရွိတဲ့ စကားကိုေျပာႏိုင္ပါ့မလား.. 'ငါကေလးေမြးၿပီးသြားရင္ နင့္ကို ငါနဲ႔အတူ ဆြဲခ်သြားမယ္' လို႔ ေျပာတဲ့စကားက လံုးဝကို စင္းလံုးေခ်ာျဖစ္လြန္းတယ္.. ဒါက အႀကီးမားဆံုးဟာကြက္ပဲ.."

ဆြန္းလင္းက ေခါင္းညိတ္ကာ ေျပာလိုက္သည္။

"Recording ကို ယူသြားဖို႔ေျပာခ်ိန္ သခင္ေလးက ကၽြန္ေတာ့္ကို လံုးဝသံသယရွိပံုမရဘူး.."

"ဒါေပါ့.. ငါငယ္ငယ္တုန္းက အရမ္းကိုအလုပ္မ်ားေတာ့ ငါ့အိမ္ေတာ္ထိန္းႀကီးက ငါ့အေမလိုပဲ.. လိုအပ္သမွ် အားလံုးလုပ္ေပးခဲ့တယ္.."

"သခင္ေလးငယ္ငယ္က ကၽြန္ေတာ့္ကို အရမ္းကပ္တယ္.. ညဆို သရဲေၾကာက္လို႔ အျပင္မထြက္ရဲဘူး သခင္ေလး ႐ႈနင္နဲ႔ တကယ္တူတယ္.."

"အေဖနဲ႔သားက အက်င့္စရိုက္တူၾကတာပါပဲကြာ..."

တျခားတစ္ဖက္တြင္ ႐ႈနင္က မ်က္လံုးေလးမွိတ္ကာ ေၾကာင္ကေလးက အရသာခံေနသလို စေတာ္ဘယ္ရီကိတ္ကို အရသာခံကာ စားေနသည္။ ႐ႈနင္၏ခံတြင္းထဲတြင္ ႏူးညံ့ေမႊးပ်ံ႕ေသာ ကိတ္အရသာက ေပ်ာ္ဝင္ကာ တစ္ကိုယ္လံုးကို ေက်နပ္ႏွစ္သိမ့္မႈျဖင့္ လႊမ္းျခံဳလို႔ေနသည္။ ဒီကိတ္မုန္႔က လက္ေထာက္ကိုေတာင္မဝယ္ခိုင္းဘဲ အစ္ကိုႀကီးကိုယ္တိုင္ ငါ့ကိုဝယ္ေပးခဲ့တဲ့ကိတ္ပဲ၊ ဒါေၾကာင့္ ေသခ်ာတန္ဖိုးထားစားရမယ္ ၊ေတာ္တယ္ လူငယ္ေလး... ဒါေၾကာင့္ ဦးေလးႀကီးက လူငယ္ေလးကို ေနာင္မွာလဲ အေျခခံေကာင္းဖို႔ ေကာင္းေကာင္းပ်ိဳးေထာင္ေပးရမယ္ကြ..ဟား...ဟား...

တကယ္ေတာ့ ႐ႈဟိန္က ႐ႈနင္မေျပာရင္ေတာင္ လက္ေထာက္ကိုမခိုင္းဘဲ လမ္းတကာကို ကားျဖင့္သြားကာ သူ႔အႀကိဳက္အရသာ မေတြ႕မခ်င္း ရွာဝယ္ေပးမွာပင္။ ေနာင္မွာ သူ႔ညီေလးအတြက္ အေကာင္းဆံုးကိတ္ဆိုင္ႀကီးကိုဖြင့္ဖို႔လဲ သူစီမံထားေလၿပီ။ ေကာင္းလိုက္တာ... ငါ့ညီေလးက ေၾကာင္ေလးလို ငါ့လက္ေမာင္းထဲမွီေနၿပီး ကိတ္ကို ေပ်ာ္ေပ်ာ္ႀကီးစားေနတဲ့အျပင္ သူ႔ဗိုက္ေပ်ာ့ေပ်ာ့ေလးကိုလဲ ပြတ္ခြင့္ျပဳထားတယ္... ဒါေၾကာင့္ သူ႔အဝတ္ေတြက နည္းနည္း ဖရိုဖရဲျဖစ္သြားလို႔ေနသည္။

"အကိုႀကီး... ဒီကိတ္က ေသးလြန္းတယ္.. ကၽြန္ေတာ္ အလုတ္နည္းနည္းပဲ စားရေသးတယ္ ကုန္သြားၿပီ..."

"တစ္ေန႔ကို အစား 3 နပ္စားဖို႔ အေရးႀကီးတယ္.. ကိတ္ေၾကာင့္ ညစာလြတ္လို႔မျဖစ္ဘူးေလ.."

"......" ဘယ္သူက ဓေလ့ေဟာင္းႀကီးအတိုင္း သူ႔ကို ပ်ိဳးေထာင္ခဲ့တာပါလိမ့္... ( ̄へ ̄)

"ပါးစပ္အက်င့္ပ်က္တာ ခြင့္မျပဳဘူးေနာ္.."

အာ... Σ( ° △°|||)︴

႐ႈနင္က စိတ္ပ်က္လက္ပ်က္ျဖင့္ အစ္ကိုႀကီးကိုၾကည့္လိုက္သည္။ သူထပ္ေျပာလည္း ဘာမွမထူးတာသိလို႔ မ်က္ႏွာကမည္းေနသည္။

ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္သလဲ။ စားခ်င္တာမစားရလို႔ စိတ္ေကာက္ေနတဲ့ပံုစံေလး...။ ႐ႈဟိန္က ေပ်ာ္ရႊင္စြာေတြးကာ ခရင္မ္ေပေနေသာႏႈတ္ခမ္းေလးကို လက္မႏွင့္အသာသုတ္ေပးလိုက္စဥ္ သူ႔ကိုယ္က ဆတ္ခနဲျဖစ္သြားသည္။

ႏႈတ္ခမ္းေလးက ႏူးညံ့့လိုက္တာ....

လက္မနဲ႔ ႏႈတ္ခမ္းေလး ထိလိုက္စဥ္ခဏ ႐ႈဟိန္၏ရင္ထဲ ျမည္ဟီးသြားခဲ့သည္။ သူကေငးေမာေနမိစဥ္ ႐ႈနင္က တစ္သွ်ဴးကိုယူကာ ႏႈတ္ခမ္းကိုသုတ္လိုက္ၿပီး အစ္ကိုႀကီးလက္ကိုပါသုတ္ေပးရင္း ရင္ထဲတထိတ္ထိတ္ျဖစ္ေနသည္။

"အစ္ကိုႀကီး... ညစာစားခ်ိန္ေရာက္ၿပီ.. သြားၾကစို႔..."

".........."

႐ႈဟိန္ သတိဝင္လာေတာ့ သူ႔လက္ကခရင္မ္က ႐ႈနင္သုတ္လို႔ကုန္ေလၿပီ။ ႐ႈဟိန္က ထိုခရင္မ္ကို အျမန္မျမည္းလိုက္ရလို႔ ေနာင္တရသြားခဲ့သည္။

"သြားၾကစို႔.."

ညစာစားပြဲတြင္ ခ်င္ယြိက်ိဳး၏ အသားအေရက ခါတိုင္းထက္ ပိုေဖ်ာ့ေတာ့ေနေပမယ့္ ဟင္းလ်ာမ်ားကိုခူးခတ္ကာ ဟန္မပ်က္ထည့္ေပးေနသည္။ ႐ႈေကာင္းက သားႀကီး၊ ေျမးႀကီးႏွင့္ အလုပ္အေၾကာင္းေျပာေနသည္။ ႐ႈနင္က ေအးေဆးစြာ စားေသာက္ေနသည္။

ခ်င္ယြိက်ိဳးက ႐ႈေကာင္းႏွင့္ ႐ႈခ်ိန္တို႔ကို မသိမသာ အကဲခတ္ေနသည္။ သူတို႔ 2 ေယာက္က ငါေျပာလိုက္တဲ့စကားထဲက ႐ႈနင္နဲ႔ ဗိုက္ထဲက ကေလးအေၾကာင္းကို ေသခ်ာေပါက္ၾကားမွာပဲ။ သူတို႔က အေတြ႕အၾကံဳရင့္တဲ့သူဆိုေတာ့ မသိသလိုေနေပမယ့္ ငါ့အေပၚကို အျမင္ေကာင္းလာမွာပါဟု သူမဘာသာ ႏွစ္သိမ့္ကာ စိတ္သက္သာရာရသြားခဲ့သည္။ ေန႔ခင္းက သူမေယာက်ာ္းမိသားစုကို ကာကြယ္ဖို႔ အစ္မႏွင့္ အတိုက္အခံလုပ္ခဲ့သည့္ကိစၥက သူတို႔ရင္ထဲမွာ အထိုက္အေလ်ာက္ေတာ့ေရာက္သြားမွာ ေသခ်ာသည္။ သူမေကာင္းေကာင္းလုပ္ကိုင္ေပးလို႔ မထူးျခားရင္ လွည့္ကြက္နည္းနည္းသံုးလိုက္ရေတာ့မွာပဲ...။ ဒီလုိလမ္းကို ရွင္တို႔ဘာသာ ေရြးခဲ့တာပဲဟု ခ်င္ယြိက်ိဳးေတြးေနသည္။

ညစာစားခ်ိန္ၿပီးေတာ့ တရုတ္တိုင္းရင္းေဆးခ်ိန္ ေရာက္လာေလၿပီ။ ႐ႈနင္က ခပ္ေႏြးေႏြးတိုင္းရင္းေဆးထုပ္ကိုကိုင္ကာ ေမာ့ေသာက္မည္အျပဳ ေႏြးေထြးေသာလက္ေခ်ာင္းက သူ႔ႏွာေခါင္းကိုလာပိတ္ကာ ေျပာလုိက္သည္။

"တစ္ခါထဲၿမိဳခ်လိုက္"

ဒါက ဘာအေျခအေနႀကီးလဲ ? (⊙ o ⊙)

အား... ငါက ကေလးမွမဟုတ္တာ ၊ ငါ့ႏွာေခါင္းကို ပိတ္ထားစရာမလိုပါဘူး။ မေက်နပ္ဘူး...

႐ႈဟိန္က ႐ႈနင္ေသခ်ာေသာက္မေသာက္ စိုက္ၾကည့္ကာ တိုက္ေနပံုက အဆိပ္တုိက္ေနသလိုခံစားရသျဖင့္ ႐ႈနင္၏ရင္ထဲ ခါးသီးလာစဥ္ သူ႔ပါးစပ္ထဲခ်ိဳၿမိန္သြားသျဖင့္ ႐ႈနင္၏မ်က္လံုးျပဴးသြားသည္။ အစ္ကိုႀကီးက ေဆးေသာက္ၿပီးခ်ိန္မွာ သူ႔ကို ခ်ိဳခ်ဥ္တစ္ခဲ ပါးစပ္ထဲထည့္ေပးလိုက္ျခင္းျဖစ္ေသာေၾကာင့္ အေစာကခါးသီးေသာစိတ္မ်ား ေနလာႏွင္းလို လြင့္ျပယ္သြားေတာ့သည္။

ႏွစ္ေယာက္သား ဆိုဖာေပၚတြင္ပူးကပ္ထိုင္မိစဥ္ ႐ႈနင္က ဖုန္းထုတ္ၿပီးေဆာ့မည္အျပဳ ႐ႈဟိန္ကဆြဲယူကာ ေျပာလိုက္သည္။

"ဖုန္းအရမ္းမသံုးနဲ႔.. တေန႔တာ ျပန္သံုးသပ္တာလုပ္ေတာ့.."

တကယ္ႀကီးလား !

႐ႈနင္က ခ်က္ခ်င္းေျပာလိုက္သည္။

"အစ္ကိုႀကီး...ကၽြန္ေတာ့္ကို အေဖာ္လုပ္ေပး.."

ဒီကေလးက သူ႔ကို စကားတစ္ခ်ိဳ႕ေျပာလိုက္သည္ႏွင့္ ႐ႈဟိန္၏ႏွလံုးသားက ေတာင့္မခံႏိုင္ေတာ့ေပ။

"မင္းနဲ႔ ဘယ္လိုအေဖာ္လုပ္ေပးရမလဲ.. အစ္ကိုႀကီးမသိဘူးေလ.."

႐ႈနင္က ႐ႈဟိန္ ေထြးေပြ႕ၿပီးေျပာလိုက္သည့္ စကားေၾကာင့္ အရမ္းေပ်ာ္သြားၿပီး အစ္ကိုႀကီး၏လက္ကို ဆြဲယူလိုက္သည္။

"အစ္ကို စစ္တုရင္ကစားရေအာင္.. ေနာက္ထပ္ အဖိုးနဲ႔ကစားရင္ ႏိုင္ခ်င္တယ္"

"ခုကတည္းက အ႐ံႈးေပးလိုက္ေတာ့.."

"......" ဘာ....ေသစမ္း...။ ေကာင္းၿပီေလ။

"ငါက မူလတန္းကတည္းက ႏိုင္ငံေတာ္စစ္တုရင္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တယ္"

"ကၽြန္ေတာ္က တရုတ္စစ္တုရင္ကစားဖို႔ေျပာတာ"

"ငါလည္း တရုတ္စစ္တုရင္အေၾကာင္းေျပာေနတာ"

"အဖိုးက ဘာေၾကာင့္ အစ္ကိုႀကီးနဲ႔ အၿမဲတမ္း စစ္တုရင္ကစားရတာလဲ.."

"ဒါက ငါ့ရဲ့စဥ္းစားႏိုင္စြမ္းကို ေလက်င့္ေပးေနတာ.. အဖိုးက စိတ္အာ႐ံုစူးစိုက္တဲ့ေနရာမွာ အရမ္းအားေကာင္းတယ္.."

႐ႈနင္၏မ်က္ႏွာက စိတ္ဓာတ္က်မႈေၾကာင့္ မည္းေမွာင္လို႔ေနသည္။ ႐ႈဟိန္က သူ႔ေခါင္းေလးကိုပြတ္ေပးကာ ေျပာလိုက္သည္။

"မင္းက မင္းျဖစ္ေန႐ံုနဲ႔ကိုရၿပီး ဘာမွေျပာင္းလဲဖို႔မလိုပါဘူး.."

မင္း႐ူးေနလား ဟင္..။ ဒါက ငါ့ကို ခ်ီးက်ဴးေနတယ္ဆိုေပမယ့္ ငါအသံုးမက်တာ ေပၚေနလို႔ တကယ္စိတ္မေပ်ာ္ဘူး။ ႐ႈနင္က စိတ္ပ်က္လက္ပ်က္ အေတြးပ်ံ႕ေနစဥ္ ႐ႈဟိန္က သူ႔ေခါင္းကိုပြတ္ကာ ေျပာလိုက္သည္။

"မင္းက ေတာ္တဲ့ကေလးတစ္ေယာက္ပါ.."

႐ႈဟိန္က တစ္ဖက္သားကို စိတ္သက္သာရာရေအာင္ ဘယ္လိုႏွစ္သိမ့္ရမည္ကို မသိေပ။ ဒါေၾကာင့္ ႐ႈနင္ကိုဖက္ကာ ေက်ာေလးကိုပြတ္ေပးေတာ့ ႐ႈနင္၏ကိုယ္ေလးက ေတာင့္ေနတာ သတိျပဳမိေတာ့ ေမးလိုက္သည္။

"ဘာျဖစ္လုိ႔လဲ.."

"အစ္ကိုႀကီး..ကၽြန္ေတာ္က အိမ္ေမြးတိရိစာၦန္မဟုတ္ဘူး.."

"လိမၼာပါကြာ.."

"........."

သူဘာေၾကာင့္ အလိုမက် ျဖစ္ေနေသးတာလဲ..။

႐ႈဟိန္က ေခါင္းငံု႔ကာ ႐ႈနင္၏နဖူးေပၚ ပုစဥ္းေလးနားလိုက္သလို ျဖတ္ခနဲညင္သာစြာနမ္းလိုက္သည္။ သူနမ္းလိုက္တိုင္း ကေလးေလးက စိတ္လႈပ္ရွားကာ ေပ်ာ္ရႊင္သြားတတ္သည္။ ႐ႈနင္က ထိတ္လန္႔အံ့အားသင့္ကာ ေၾကာင္သြားသည္။ ႐ႈဟိန္က မ်က္ႏွာေသးေသးေလးကို ပင့္မကာ ေမးလိုက္သည္။

"ခုလိုနမ္းရင္ေရာ.. ရလား.."

"အင္း.."

"ငါ မင္းကို Gomoku ကစားနည္းသင္ေပးမယ္.. ဒါဆို အဖိုးကို 100% ႏိုင္ဖို႔ အခြင့္အေရးရွိတယ္.."

သူတို႔ တစ္နာရီၾကာေအာင္ Gomoku ကစားၿပီးေနာက္ ႐ႈနင္က ႏွစ္ပြဲႏိုင္လာခဲ့သည္။ ႐ႈနင္၏ဘဝတြင္ အႏိုင္ရသည္ဆိုတာ တစ္ခါမွမႀကံဳဖူးေသာေၾကာင့္ အရမ္းကိုေပ်ာ္ကာ ယံုၾကည္မႈလည္း ျမင့္တက္လာခဲ့သည္။ ႐ႈဟိန္လည္း လံုးဝၿပီးျပည့္စံုေသာလူ မဟုတ္ပါလား။ သူလည္း အားနည္းခ်က္ရွိတဲ့ နတ္ဘုရားႀကီးေပါ့.. ဟီး.. ဟီး.. ဟီး..

႐ႈဟိန္က စစ္တုရင္ဗန္းကိုသိမ္းကာ ေတာက္ပစြာၾကည့္ကာ ေျပာလိုက္သည္။

"ေရအတူခ်ိဳးရေအာင္.."

"မ.. မသင့္ေတာ္ဘူး ထင္တာပဲ.."

အရင္တစ္ေခါက္က အစ္ကိုႀကီးကိုေရခ်ိဳးေပးၿပီး သူ ေျခကုန္လက္ပမ္းက်သြားခဲ့တာ မွတ္မိေနေပမယ့္ အစ္ကိုႀကီးရဲ့ထိုေနရာက ဖြံ႕ထြားေနၿပီလားဆိုတာ ႐ႈနင္သိခ်င္လာမိသည္။ သူက ေသးမယ္လုိ႔ေမွ်ာ္လင့္ထားေပမယ့္ အရမ္းႀကီးထြားေနမည္လို႔ေတာ့ မထင္ေပ။ ႐ႈနင္၏ႏွလံုးသားေလးက အစ္ကိုႀကီး သူ႔ကို ေကာင္းေကာင္းဆက္ဆံေပးလို႔ ၾကည္ႏူးေနသည္။ (_(:зゝ∠)_)

႐ႈနင္က သူ႔အိပ္ခန္းျပန္ကာ ညအိပ္ဝတ္စံုလဲၿပီး အစ္ကိုႀကီးအခန္းဆီ ေလးလံစြာလာခဲ့သည္။ ဒီလိုလုပ္ဖို႔ မင္းကို ဘယ္သူက ေျပာခဲ့တာလဲ။ အေျခအေနေတြက ပိုနက္႐ိႈင္းလာခဲ့ေလၿပီ။

စပ္စုစိတ္က ေၾကာင္ကို ေသတြင္းပို႔လိုက္သလိုပဲ။ ႐ႈနင္လည္း ႐ႈဟိန္၏အရြယ္အစား ဘယ္ေလာက္ထြားသလဲဆိုတာ သိခ်င္လို႔ ေနာက္ဆံုး ေရခ်ိဳးခန္းထဲ ေရာက္လာခဲ့ေတာ့သည္။ ႐ႈဟိန္က အေျဖာင့္ဆိုေတာ့... သူက လိင္စိတ္ခံယူခ်က္နဲ႔ပတ္သက္ၿပီး ဘာမွေတြးမိမည္မဟုတ္ေပ။ ဒါဆို အဆင္ေျပမွာပါ..။

ဒါဆို ႐ႈဟိန္က အရင္ဘဝက လက္ထပ္ခဲ့သလားလို႔ေမးရင္ ေထာင္ထဲမွာေနခဲ့သည့္သူက ဘယ္လိုသိႏိုင္မွာလဲ..။ (→_→)

႐ႈဟိန္က သူ၏အိပ္ခန္းက်ယ္ႀကီးထဲမွာ မရွိသျဖင့္ ေရခ်ိဳးခန္းထဲဝင္လာေတာ့ ေရခ်ိဳးဇလံုထဲ ေရျဖည္ကာ ဆပ္ျပာျမႇဳပ္၊ ေရေမႊးထည့္ကာ ေသခ်ာေရာစပ္ေပးေနတာ တကယ္ပဲ သူ႔ညီလိုသေဘာထားလို႔ လုပ္ေပးေနတာမဟုတ္လား။ ဒါေပမယ့္ လက္ရွိျပင္ဆင္ထားပံုနဲ႔ ဝိုင္တစ္ပုလင္းေလာက္သာပါရင္ လံုးဝျပည့္စံုသြားၿပီ..။

"ေရအဆင္သင့္ျဖစ္ၿပီ.. အဝတ္ခၽြတ္ေတာ့.. အေအးပတ္လိမ့္မယ္ ျမန္ျမန္လုပ္.."

အိုး... သူက အရင္ဘဝကလို မာနႀကီး၊ ေမာက္မာ၊ ေသြးေအးၿပီး ဘယ္သူ႔ကိုမွ အနားကပ္မခံတဲ့ပံုစံနဲ႔ လံုးဝကိုမတူပါလား..။ ေသခ်ာတယ္.. ဒါ အစ္ကုိအတုႀကီးပဲ..။

႐ႈဟိန္က လွည့္ၾကည့္လိုက္ေတာ့ စိတ္လႈပ္ရွားတုန္လႈပ္ေနသည့္ ညီေလးကိုေတြ႕ၿပီး စိတ္ပူလာသည္။

"မင္း ပင္ပန္းေနလို႔လား.. အစ္ကိုႀကီး မင္းကို အဝတ္ခၽြတ္ေပးမယ္ေလ.."

======================

Chapter (39) –အကိုကြီးရဲ့ဟာက မသေးဘူး မဟုတ်လား ^ o ^ (Z+U)

တကယ်ကြီး ကျွန်တော်နဲ့ chess ကစားမှာလား..။ အဖိုး အစ်ကိုကြီးနဲ့ကစားပြီး သူ့ကို မြန်မြန်သေအောင်သာ လုပ်ပေးပါဗျာ..။

ရှုနင်က အပြင်ပိုင်းမှာ တကယ်အေးဆေးတည်ငြိမ်ယောင် ဆောင်ထားပေမယ့် နှလုံးသားထဲမှာ ခါးသီးလို့နေသည်။ တခါက အစ်ကိုကြီးရှေ့မှာ မရှုမလှရှုံးပြီးကတည်းက သူ့သဘောနဲ့သူ စစ်တုရင်ခုံနား ဘယ်တော့မှမကပ်တော့ပေ။ အဖိုးက ဘာကြောင့် ရှုဟိန်နဲ့နှိုင်းယှဉ်ပြီး သူ့ကိုပါ စစ်တုရင်ကစားနိုင်မယ်လို့ ထင်ရတာလဲ..။

ရှုကောင်းက ရှုနင်၏ခံစားချက်ကို ရိပ်မိသွားပြီး မေးလိုက်သည်။

"ငါ့မြေးလေးက ဘာကြောင့် မပျော်မရွှင်ဖြစ်နေရတာလဲ.. မင်းတို့နှစ်ယောက် အတူတူကစားချင်တာလား.."

"အဖိုး.. အဖိုးက မြင်းတစ်ကောင်၊ အမြှောက်တစ်လက်နဲ့ ရထားတစ်စင်းတည်းပေးတာ သားက ဘာလုပ်လို့ရမှာလဲ.."

"ဒါဆို ပွန်းတစ်ကောင် ထပ်ပေးမယ်ကွာ.."

"........."

ရှုကောင်းက ချစ်မြတ်နိုးစွာ ရှုနင်၏လက်လေးကို ဆွဲယူကာ မေးလိုက်ပြန်သည်။

"ဒါဆို အဖိုးကိုပြော.. ငါ့မြေးကျေနပ်အောင် အဖိုးလုပ်ပေးမယ်.."

"အဖိုးရဲ့ဦးနှောက်ကိုပေး.." (→_→)

ရှုကောင်း : "........."

ရှုဟိန် : "........."

အိမ်တော်ထိန်းဟောင်း ဆွန်းလင်းက ထိုစကားကိုကြားတော့ ယောင်ယမ်းပြီး အပင်ကိုတိပေးနေရာမှ 'ခရက်ခ်' ဆိုပြီး အကိုင်းတစ်ကိုင်းကို ညှပ်ချမိသွားတော့သည်။ (o(╯□╰)o)

စကားဝိုင်းက တိတ်ဆိတ်သွားသဖြင့် ဆွန်းလင်းက ဝင်ထိန်းလိုက်သည်။

"တရုတ်စစ်တုရင်က ခက်လွန်းရင် US-Army Chess ကစားပါလား.."

ရှုဟိန်က ဝင်ပြောလိုက်သည်။

"Gomoku က ပိုလွယ်မယ်.."

"........." ငါ IQ နိမ့်တာကိုများ ဝိုင်းပြောနေကြတာလားဟမ်.. ဒါဆိုလည်း တိရိစ္ဆာန် Chess ပဲ ကစားကြတာပေါ့။ ကလေးဆန်စွာပဲ ရှုနင်က ဇွတ်ရွေးလိုက်သည်။

"တရုတ် Chess ပဲကစားကြစို့.."

ရှုကောင်းက ပျော်ရွှင်စွာဖြင့် တရုတ်စစ်တုရင်ကို ခင်းကျင်းလိုက်သည်။ ရှုဟိန်က ဖယ်မပေးဘဲ ခြေထောက်ချဲကားလိုက်ကာ ပြောလိုက်သည်။

"ဒီမှာလာထိုင်.."

သူက ရှုနင်၏လက်ကိုဆွဲကာ တစ်ခုံတည်းမှာ အတူထိုင်လိုက်ကြသည်။ ကံကောင်းလို့ အဖိုးတို့ရှေ့မှာ သူ့ကို ပေါင်ပေါ်မထိုင်ခိုင်းလိုက်တာဟု တွေးနေသည်။ အဖိုးနှင့် အိမ်တော်ထိန်းဟောင်းကြီး ရှိနေသောကြောင့် ရှုဟိန်ကိုမျက်နှာသာပေးဖို့ ရှုနင်က မရုန်းတော့ဘဲ အစ်ကိုကြီးခြေထောက်ကြား ဝင်ထိုင်လိုက်သည်။ ရင်းနှီးနွေးထွေးသော မိသားစုပုံစံကြောင့် အဖိုးက ပျော်သွားသည်။

ရှုကောင်းက ရှုနင်ကြိုက်တတ်သောမုန့်နှင့် ဖျော်ရည်ကို ပြင်ပေးဖို့ပြောတော့ အိမ်တော်ထိန်းဟောင်းကြီးဆွန်းလင်းက တက်ကြွပျော်ရွှင်စွာ အောက်ကိုဆင်းသွားတော့သည်။

အရည်အချင်း ကွာခြားမှုကြောင့် အဖိုးကို နိုင်အောင်ကစားဖို့ဆိုတာ တကယ်မလွယ်ပေ။ ၃ပွဲဆက်တိုက် ရှုနင်ရှုံးနေပေမယ့် အလျှော့မပေးဘဲ အဖိုးနှင့်ဆက်ကစားနေသည်။ ရှုဟိန်က ရှုနင် အကွက်တစ်ကွက်ရွှေ့တော့မည်အပြု တိတ်တိတ်ကလေး ပေါင်ကိုဆုပ်ကိုင်ကာ ဟန့်တားဟန်ပြုလိုက်သည်။ ထိုအခါ ရှုနင်က လက်ထဲကရထားကိုချပြီး အမြှောက်ကိုပြောင်းကာ ရွှေ့လိုက်သည်။

ရှုကောင်းက မြေးနှစ်ယောက် တိတ်တဆိတ်ပူးပေါင်းကာ သူနှင့်ကစားတာသိပေမယ့် မသိဟန်ဆောင်ကာ လွှတ်ထားလိုက်သည်။ ထိုတစ်ပွဲတွင် ရှုနင်ကိုအနိုင်ပေးလိုက်သောကြောင့် ရှုနင်ကအရမ်းကို ပျော်ရွှင်တက်ကြွသွားတော့သည်။

ရှုဟိန်က အဖိုးကိုရှုံးပြီး အဖိုးက သူ့ဆီမှာရှုံးသွားခဲ့သည်။ သူတို့လိမ်ကစားတာကြောင့် နိုင်တယ်ဆိုပေမယ့် ကလေးလေးရဲ့စိတ်ထဲ ပျော်ရွှင်လို့နေသည်။

ရှုကောင်းက သူ့မြေးနှစ်ယောက် ပေါင်းကစားတာသိပေမယ့် မမြင်ယောင်ဆောင်ပေးသလို သူတို့က မုန့်စားလိုက်၊ ဖျော်ရည်သောက်လိုက်၊ ရှုနင်ကို စနောက်လိုက်ဖြင့် မိသားစုမြေးအဖိုးတစ်သိုက်က ကြည်နူးဖွယ်အချိန်လေးကို ကုန်လွန်ဖြတ်သန်းနေကြသည်။

ချင်ယွိကျိုးက မနက်ခင်းပိုင်းမှာ အစ်မလတ်ကြောင့် အရမ်းကိုပူဆွေးခဲ့ရပေမယ့် ညနေပိုင်းတွင် မိသားစုအတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးနေခဲ့သည်။

ရှုချိန် အလုပ်ကပြန်လာတော့ ဖခင်ကြီးဆီကို သွားနှုတ်ဆက်သည်။ ရှုကောင်းက စစ်တုရင်ရုပ်လေးများကို အဝတ်နှင့်သုတ်ရင်း နွေရာသီမှာ စိုက်ပျိုးမည့်အပင်အကြောင်း ဆွန်းလင်းနှင့်တိုင်ပင်နေကြသည်။ ရှုချိန်က သူ့အဖေ ခုလို အေးဆေးပျော်ရွှင်နေဟန်ကိုကြည့်ကာ ပြုံးပြီးပြောလိုက်သည်။

"အဖေ.. ကျွန်တော် ပြန်လာပါပြီ"

"မင်းမိန်းမရဲ့ အပြုအမူ၊ သွားလာတဲ့နေရာကို သေချာစစ်ဆေးပြီးသွားပြီ"

ရှုကောင်းက ခေါင်းမမော့ဘဲ စစ်တုရင်ရုပ်လေးတွေကို သုတ်ရင်းပြောလိုက်တော့ ဆွန်းလင်းက သခင်လေးကို ထိုင်ဖို့ဖိတ်ခေါ်ကာ လက်ဖက်ရည်တစ်ခွက်ကမ်းပေးပြီး ပြောလိုက်သည်။

"ကိုယ်ရံတော်တွေက မစ္စရှုနောက်ကို လိုက်စုံစမ်းတော့ သူမရဲ့အစ်မက သူမကို ဘဏ်တိုက်လိုသဘောထားချင်နေတယ်လို့ ပြောပါတယ်"

"သူမကို မှီခိုချင်ကြတာလား.."

ရှုချိန်က လက်ဖက်ရည်သောက်ရင်း တည်ငြိမ်စွာမေးလိုက်သည်။

"ဟုတ်ပါတယ်.. အစ်မလတ်က မစ္စရှုကို လိုအပ်ချိန်တိုင်း ငွေတောင်းဖို့ကြံနေတာပါ ၊ သခင်ကြီးက ဒီကိစ္စကို ဖြေရှင်းလိုက်ပြီဖြစ်လို့ သခင်လေးက စိတ်မပူပါနဲ့တော့"

ဆွန်းလင်းက အသံသွင်းဘောပင်ကို ကမ်းပေးကာပြောလိုက်သည်။

"ဒီဟာက ကိုယ်ရံတော်တွေယူလာခဲ့တဲ့ အသံသွင်းထားတဲ့ဟာပဲ.. သူမတို့ပြောဆိုတာအကုန် အသံဖမ်းထားပါတယ်.. သခင်လေး နားထောင်ကြည့်လိုက်ပါ"

"မလိုတော့ဘူး.. အဖေ.. အောက်ထပ်ကိုညစာဆင်းစားကြစို့.. ယွိကျိုးက အဖေကြိုက်တဲ့ ငါးဟင်းချက်ထားတယ် "

"ငါ လုပ်စရာလေးရှိသေးတယ်.. မင်းအရင်ဆင်းနှင့်.."

"ဟုတ်ကဲ့.."

ရှုချိန်ဆင်းသွားတော့ ဆွန်းလင်းက အသံသွင်းထားတာကို ဖျက်လိုက်သည်။ ရှုကောင်းက ရေနွေးကိုတစ်ငုံသောက်ကာ ဆွန်းလင်းကိုပြောလိုက်သည်။

"ငါတို့အတူရှိနေတာ နှစ်ပေါင်းများစွာကြာပြီ.. မင်းဖြစ်ချင်တာပြောလေ"

"ကျွန်တော် နားမလည်ဘူး.."

"ဆွန်းလင်း.. မင်းဒီအသံဖမ်းထားတာကို သေချာနားထောင်ပြီးပြီလား.. ဒီထဲက စကားပြောတွေက အရမ်းကို ပြည့်စုံကောင်းမွန်လွန်းပြီး သေချာပြင်ဆင်ရိုက်ကူးထားတဲ့ TV drama series ကို ကြည့်နေရသလိုပဲ.. စိတ်ခံစားချက် ပေါက်ကွဲထွက်လာပြီး ခုလို အခြေအတင် ပြောဆိုကြတဲ့သူတွေက ဒီလိုမျိုး ကောင်းမွန်ပြီး ဟာကွက်မရှိတဲ့ စကားကိုပြောနိုင်ပါ့မလား.. 'ငါကလေးမွေးပြီးသွားရင် နင့်ကို ငါနဲ့အတူ ဆွဲချသွားမယ်' လို့ ပြောတဲ့စကားက လုံးဝကို စင်းလုံးချောဖြစ်လွန်းတယ်.. ဒါက အကြီးမားဆုံးဟာကွက်ပဲ.."

ဆွန်းလင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"Recording ကို ယူသွားဖို့ပြောချိန် သခင်လေးက ကျွန်တော့်ကို လုံးဝသံသယရှိပုံမရဘူး.."

"ဒါပေါ့.. ငါငယ်ငယ်တုန်းက အရမ်းကိုအလုပ်များတော့ ငါ့အိမ်တော်ထိန်းကြီးက ငါ့အမေလိုပဲ.. လိုအပ်သမျှ အားလုံးလုပ်ပေးခဲ့တယ်.."

"သခင်လေးငယ်ငယ်က ကျွန်တော့်ကို အရမ်းကပ်တယ်.. ညဆို သရဲကြောက်လို့ အပြင်မထွက်ရဲဘူး သခင်လေး ရှုနင်နဲ့ တကယ်တူတယ်.."

"အဖေနဲ့သားက အကျင့်စရိုက်တူကြတာပါပဲကွာ..."

တခြားတစ်ဖက်တွင် ရှုနင်က မျက်လုံးလေးမှိတ်ကာ ကြောင်ကလေးက အရသာခံနေသလို စတော်ဘယ်ရီကိတ်ကို အရသာခံကာ စားနေသည်။ ရှုနင်၏ခံတွင်းထဲတွင် နူးညံ့မွှေးပျံ့သော ကိတ်အရသာက ပျော်ဝင်ကာ တစ်ကိုယ်လုံးကို ကျေနပ်နှစ်သိမ့်မှုဖြင့် လွှမ်းခြုံလို့နေသည်။ ဒီကိတ်မုန့်က လက်ထောက်ကိုတောင်မဝယ်ခိုင်းဘဲ အစ်ကိုကြီးကိုယ်တိုင် ငါ့ကိုဝယ်ပေးခဲ့တဲ့ကိတ်ပဲ၊ ဒါကြောင့် သေချာတန်ဖိုးထားစားရမယ် ၊တော်တယ် လူငယ်လေး... ဒါကြောင့် ဦးလေးကြီးက လူငယ်လေးကို နောင်မှာလဲ အခြေခံကောင်းဖို့ ကောင်းကောင်းပျိုးထောင်ပေးရမယ်ကွ..ဟား...ဟား...

တကယ်တော့ ရှုဟိန်က ရှုနင်မပြောရင်တောင် လက်ထောက်ကိုမခိုင်းဘဲ လမ်းတကာကို ကားဖြင့်သွားကာ သူ့အကြိုက်အရသာ မတွေ့မချင်း ရှာဝယ်ပေးမှာပင်။ နောင်မှာ သူ့ညီလေးအတွက် အကောင်းဆုံးကိတ်ဆိုင်ကြီးကိုဖွင့်ဖို့လဲ သူစီမံထားလေပြီ။ ကောင်းလိုက်တာ... ငါ့ညီလေးက ကြောင်လေးလို ငါ့လက်မောင်းထဲမှီနေပြီး ကိတ်ကို ပျော်ပျော်ကြီးစားနေတဲ့အပြင် သူ့ဗိုက်ပျော့ပျော့လေးကိုလဲ ပွတ်ခွင့်ပြုထားတယ်... ဒါကြောင့် သူ့အဝတ်တွေက နည်းနည်း ဖရိုဖရဲဖြစ်သွားလို့နေသည်။

"အကိုကြီး... ဒီကိတ်က သေးလွန်းတယ်.. ကျွန်တော် အလုတ်နည်းနည်းပဲ စားရသေးတယ် ကုန်သွားပြီ..."

"တစ်နေ့ကို အစား 3 နပ်စားဖို့ အရေးကြီးတယ်.. ကိတ်ကြောင့် ညစာလွတ်လို့မဖြစ်ဘူးလေ.."

"......" ဘယ်သူက ဓလေ့ဟောင်းကြီးအတိုင်း သူ့ကို ပျိုးထောင်ခဲ့တာပါလိမ့်... ( ̄へ ̄)

"ပါးစပ်အကျင့်ပျက်တာ ခွင့်မပြုဘူးနော်.."

အာ... Σ( ° △°|||)︴

ရှုနင်က စိတ်ပျက်လက်ပျက်ဖြင့် အစ်ကိုကြီးကိုကြည့်လိုက်သည်။ သူထပ်ပြောလည်း ဘာမှမထူးတာသိလို့ မျက်နှာကမည်းနေသည်။

ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ။ စားချင်တာမစားရလို့ စိတ်ကောက်နေတဲ့ပုံစံလေး...။ ရှုဟိန်က ပျော်ရွှင်စွာတွေးကာ ခရင်မ်ပေနေသောနှုတ်ခမ်းလေးကို လက်မနှင့်အသာသုတ်ပေးလိုက်စဉ် သူ့ကိုယ်က ဆတ်ခနဲဖြစ်သွားသည်။

နှုတ်ခမ်းလေးက နူးညံ့လိုက်တာ....

လက်မနဲ့ နှုတ်ခမ်းလေး ထိလိုက်စဉ်ခဏ ရှုဟိန်၏ရင်ထဲ မြည်ဟီးသွားခဲ့သည်။ သူကငေးမောနေမိစဉ် ရှုနင်က တစ်သျှူးကိုယူကာ နှုတ်ခမ်းကိုသုတ်လိုက်ပြီး အစ်ကိုကြီးလက်ကိုပါသုတ်ပေးရင်း ရင်ထဲတထိတ်ထိတ်ဖြစ်နေသည်။

"အစ်ကိုကြီး... ညစာစားချိန်ရောက်ပြီ.. သွားကြစို့..."

".........."

ရှုဟိန် သတိဝင်လာတော့ သူ့လက်ကခရင်မ်က ရှုနင်သုတ်လို့ကုန်လေပြီ။ ရှုဟိန်က ထိုခရင်မ်ကို အမြန်မမြည်းလိုက်ရလို့ နောင်တရသွားခဲ့သည်။

"သွားကြစို့.."

ညစာစားပွဲတွင် ချင်ယွိကျိုး၏ အသားအရေက ခါတိုင်းထက် ပိုဖျော့တော့နေပေမယ့် ဟင်းလျာများကိုခူးခတ်ကာ ဟန်မပျက်ထည့်ပေးနေသည်။ ရှုကောင်းက သားကြီး၊ မြေးကြီးနှင့် အလုပ်အကြောင်းပြောနေသည်။ ရှုနင်က အေးဆေးစွာ စားသောက်နေသည်။

ချင်ယွိကျိုးက ရှုကောင်းနှင့် ရှုချိန်တို့ကို မသိမသာ အကဲခတ်နေသည်။ သူတို့ 2 ယောက်က ငါပြောလိုက်တဲ့စကားထဲက ရှုနင်နဲ့ ဗိုက်ထဲက ကလေးအကြောင်းကို သေချာပေါက်ကြားမှာပဲ။ သူတို့က အတွေ့အကြုံရင့်တဲ့သူဆိုတော့ မသိသလိုနေပေမယ့် ငါ့အပေါ်ကို အမြင်ကောင်းလာမှာပါဟု သူမဘာသာ နှစ်သိမ့်ကာ စိတ်သက်သာရာရသွားခဲ့သည်။ နေ့ခင်းက သူမယောကျာ်းမိသားစုကို ကာကွယ်ဖို့ အစ်မနှင့် အတိုက်အခံလုပ်ခဲ့သည့်ကိစ္စက သူတို့ရင်ထဲမှာ အထိုက်အလျောက်တော့ရောက်သွားမှာ သေချာသည်။ သူမကောင်းကောင်းလုပ်ကိုင်ပေးလို့ မထူးခြားရင် လှည့်ကွက်နည်းနည်းသုံးလိုက်ရတော့မှာပဲ...။ ဒီလိုလမ်းကို ရှင်တို့ဘာသာ ရွေးခဲ့တာပဲဟု ချင်ယွိကျိုးတွေးနေသည်။

ညစာစားချိန်ပြီးတော့ တရုတ်တိုင်းရင်းဆေးချိန် ရောက်လာလေပြီ။ ရှုနင်က ခပ်နွေးနွေးတိုင်းရင်းဆေးထုပ်ကိုကိုင်ကာ မော့သောက်မည်အပြု နွေးထွေးသောလက်ချောင်းက သူ့နှာခေါင်းကိုလာပိတ်ကာ ပြောလိုက်သည်။

"တစ်ခါထဲမြိုချလိုက်"

ဒါက ဘာအခြေအနေကြီးလဲ ? (⊙ o ⊙)

အား... ငါက ကလေးမှမဟုတ်တာ ၊ ငါ့နှာခေါင်းကို ပိတ်ထားစရာမလိုပါဘူး။ မကျေနပ်ဘူး...

ရှုဟိန်က ရှုနင်သေချာသောက်မသောက် စိုက်ကြည့်ကာ တိုက်နေပုံက အဆိပ်တိုက်နေသလိုခံစားရသဖြင့် ရှုနင်၏ရင်ထဲ ခါးသီးလာစဉ် သူ့ပါးစပ်ထဲချိုမြိန်သွားသဖြင့် ရှုနင်၏မျက်လုံးပြူးသွားသည်။ အစ်ကိုကြီးက ဆေးသောက်ပြီးချိန်မှာ သူ့ကို ချိုချဉ်တစ်ခဲ ပါးစပ်ထဲထည့်ပေးလိုက်ခြင်းဖြစ်သောကြောင့် အစောကခါးသီးသောစိတ်များ နေလာနှင်းလို လွင့်ပြယ်သွားတော့သည်။

နှစ်ယောက်သား ဆိုဖာပေါ်တွင်ပူးကပ်ထိုင်မိစဉ် ရှုနင်က ဖုန်းထုတ်ပြီးဆော့မည်အပြု ရှုဟိန်ကဆွဲယူကာ ပြောလိုက်သည်။

"ဖုန်းအရမ်းမသုံးနဲ့.. တနေ့တာ ပြန်သုံးသပ်တာလုပ်တော့.."

တကယ်ကြီးလား !

ရှုနင်က ချက်ချင်းပြောလိုက်သည်။

"အစ်ကိုကြီး...ကျွန်တော့်ကို အဖော်လုပ်ပေး.."

ဒီကလေးက သူ့ကို စကားတစ်ချို့ပြောလိုက်သည်နှင့် ရှုဟိန်၏နှလုံးသားက တောင့်မခံနိုင်တော့ပေ။

"မင်းနဲ့ ဘယ်လိုအဖော်လုပ်ပေးရမလဲ.. အစ်ကိုကြီးမသိဘူးလေ.."

ရှုနင်က ရှုဟိန် ထွေးပွေ့ပြီးပြောလိုက်သည့် စကားကြောင့် အရမ်းပျော်သွားပြီး အစ်ကိုကြီး၏လက်ကို ဆွဲယူလိုက်သည်။

"အစ်ကို စစ်တုရင်ကစားရအောင်.. နောက်ထပ် အဖိုးနဲ့ကစားရင် နိုင်ချင်တယ်"

"ခုကတည်းက အရှုံးပေးလိုက်တော့.."

"......" ဘာ....သေစမ်း...။ ကောင်းပြီလေ။

"ငါက မူလတန်းကတည်းက နိုင်ငံတော်စစ်တုရင်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တယ်"

"ကျွန်တော်က တရုတ်စစ်တုရင်ကစားဖို့ပြောတာ"

"ငါလည်း တရုတ်စစ်တုရင်အကြောင်းပြောနေတာ"

"အဖိုးက ဘာကြောင့် အစ်ကိုကြီးနဲ့ အမြဲတမ်း စစ်တုရင်ကစားရတာလဲ.."

"ဒါက ငါ့ရဲ့စဉ်းစားနိုင်စွမ်းကို လေကျင့်ပေးနေတာ.. အဖိုးက စိတ်အာရုံစူးစိုက်တဲ့နေရာမှာ အရမ်းအားကောင်းတယ်.."

ရှုနင်၏မျက်နှာက စိတ်ဓာတ်ကျမှုကြောင့် မည်းမှောင်လို့နေသည်။ ရှုဟိန်က သူ့ခေါင်းလေးကိုပွတ်ပေးကာ ပြောလိုက်သည်။

"မင်းက မင်းဖြစ်နေရုံနဲ့ကိုရပြီး ဘာမှပြောင်းလဲဖို့မလိုပါဘူး.."

မင်းရူးနေလား ဟင်..။ ဒါက ငါ့ကို ချီးကျူးနေတယ်ဆိုပေမယ့် ငါအသုံးမကျတာ ပေါ်နေလို့ တကယ်စိတ်မပျော်ဘူး။ ရှုနင်က စိတ်ပျက်လက်ပျက် အတွေးပျံ့နေစဉ် ရှုဟိန်က သူ့ခေါင်းကိုပွတ်ကာ ပြောလိုက်သည်။

"မင်းက တော်တဲ့ကလေးတစ်ယောက်ပါ.."

ရှုဟိန်က တစ်ဖက်သားကို စိတ်သက်သာရာရအောင် ဘယ်လိုနှစ်သိမ့်ရမည်ကို မသိပေ။ ဒါကြောင့် ရှုနင်ကိုဖက်ကာ ကျောလေးကိုပွတ်ပေးတော့ ရှုနင်၏ကိုယ်လေးက တောင့်နေတာ သတိပြုမိတော့ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ.."

"အစ်ကိုကြီး..ကျွန်တော်က အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘူး.."

"လိမ္မာပါကွာ.."

"........."

သူဘာကြောင့် အလိုမကျ ဖြစ်နေသေးတာလဲ..။

ရှုဟိန်က ခေါင်းငုံ့ကာ ရှုနင်၏နဖူးပေါ် ပုစဉ်းလေးနားလိုက်သလို ဖြတ်ခနဲညင်သာစွာနမ်းလိုက်သည်။ သူနမ်းလိုက်တိုင်း ကလေးလေးက စိတ်လှုပ်ရှားကာ ပျော်ရွှင်သွားတတ်သည်။ ရှုနင်က ထိတ်လန့်အံ့အားသင့်ကာ ကြောင်သွားသည်။ ရှုဟိန်က မျက်နှာသေးသေးလေးကို ပင့်မကာ မေးလိုက်သည်။

"ခုလိုနမ်းရင်ရော.. ရလား.."

"အင်း.."

"ငါ မင်းကို Gomoku ကစားနည်းသင်ပေးမယ်.. ဒါဆို အဖိုးကို 100% နိုင်ဖို့ အခွင့်အရေးရှိတယ်.."

သူတို့ တစ်နာရီကြာအောင် Gomoku ကစားပြီးနောက် ရှုနင်က နှစ်ပွဲနိုင်လာခဲ့သည်။ ရှုနင်၏ဘဝတွင် အနိုင်ရသည်ဆိုတာ တစ်ခါမှမကြုံဖူးသောကြောင့် အရမ်းကိုပျော်ကာ ယုံကြည်မှုလည်း မြင့်တက်လာခဲ့သည်။ ရှုဟိန်လည်း လုံးဝပြီးပြည့်စုံသောလူ မဟုတ်ပါလား။ သူလည်း အားနည်းချက်ရှိတဲ့ နတ်ဘုရားကြီးပေါ့.. ဟီး.. ဟီး.. ဟီး..

ရှုဟိန်က စစ်တုရင်ဗန်းကိုသိမ်းကာ တောက်ပစွာကြည့်ကာ ပြောလိုက်သည်။

"ရေအတူချိုးရအောင်.."

"မ.. မသင့်တော်ဘူး ထင်တာပဲ.."

အရင်တစ်ခေါက်က အစ်ကိုကြီးကိုရေချိုးပေးပြီး သူ ခြေကုန်လက်ပမ်းကျသွားခဲ့တာ မှတ်မိနေပေမယ့် အစ်ကိုကြီးရဲ့ထိုနေရာက ဖွံ့ထွားနေပြီလားဆိုတာ ရှုနင်သိချင်လာမိသည်။ သူက သေးမယ်လို့မျှော်လင့်ထားပေမယ့် အရမ်းကြီးထွားနေမည်လို့တော့ မထင်ပေ။ ရှုနင်၏နှလုံးသားလေးက အစ်ကိုကြီး သူ့ကို ကောင်းကောင်းဆက်ဆံပေးလို့ ကြည်နူးနေသည်။ (_(:зゝ∠)_)

ရှုနင်က သူ့အိပ်ခန်းပြန်ကာ ညအိပ်ဝတ်စုံလဲပြီး အစ်ကိုကြီးအခန်းဆီ လေးလံစွာလာခဲ့သည်။ ဒီလိုလုပ်ဖို့ မင်းကို ဘယ်သူက ပြောခဲ့တာလဲ။ အခြေအနေတွေက ပိုနက်ရှိုင်းလာခဲ့လေပြီ။

စပ်စုစိတ်က ကြောင်ကို သေတွင်းပို့လိုက်သလိုပဲ။ ရှုနင်လည်း ရှုဟိန်၏အရွယ်အစား ဘယ်လောက်ထွားသလဲဆိုတာ သိချင်လို့ နောက်ဆုံး ရေချိုးခန်းထဲ ရောက်လာခဲ့တော့သည်။ ရှုဟိန်က အဖြောင့်ဆိုတော့... သူက လိင်စိတ်ခံယူချက်နဲ့ပတ်သက်ပြီး ဘာမှတွေးမိမည်မဟုတ်ပေ။ ဒါဆို အဆင်ပြေမှာပါ..။

ဒါဆို ရှုဟိန်က အရင်ဘဝက လက်ထပ်ခဲ့သလားလို့မေးရင် ထောင်ထဲမှာနေခဲ့သည့်သူက ဘယ်လိုသိနိုင်မှာလဲ..။ (→_→)

ရှုဟိန်က သူ၏အိပ်ခန်းကျယ်ကြီးထဲမှာ မရှိသဖြင့် ရေချိုးခန်းထဲဝင်လာတော့ ရေချိုးဇလုံထဲ ရေဖြည်ကာ ဆပ်ပြာမြှုပ်၊ ရေမွှေးထည့်ကာ သေချာရောစပ်ပေးနေတာ တကယ်ပဲ သူ့ညီလိုသဘောထားလို့ လုပ်ပေးနေတာမဟုတ်လား။ ဒါပေမယ့် လက်ရှိပြင်ဆင်ထားပုံနဲ့ ဝိုင်တစ်ပုလင်းလောက်သာပါရင် လုံးဝပြည့်စုံသွားပြီ..။

"ရေအဆင်သင့်ဖြစ်ပြီ.. အဝတ်ချွတ်တော့.. အအေးပတ်လိမ့်မယ် မြန်မြန်လုပ်.."

အိုး... သူက အရင်ဘဝကလို မာနကြီး၊ မောက်မာ၊ သွေးအေးပြီး ဘယ်သူ့ကိုမှ အနားကပ်မခံတဲ့ပုံစံနဲ့ လုံးဝကိုမတူပါလား..။ သေချာတယ်.. ဒါ အစ်ကိုအတုကြီးပဲ..။

ရှုဟိန်က လှည့်ကြည့်လိုက်တော့ စိတ်လှုပ်ရှားတုန်လှုပ်နေသည့် ညီလေးကိုတွေ့ပြီး စိတ်ပူလာသည်။

"မင်း ပင်ပန်းနေလို့လား.. အစ်ကိုကြီး မင်းကို အဝတ်ချွတ်ပေးမယ်လေ.."

======================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now